ထက်ဦးညီလျှောက်လာခဲ့တဲ့ ခြေလှမ်းတွေရပ်တန့့်သွားသည်။
သူ့ရှေ့မှာရပ်နေသည့်သူက ရှင်လင်းညိုမှရှင်လင်းညိုအစစ်...
အိပ်မက်များဖြစ်နေမလားဟူသည့်အထင်နှင့် ကိုယ့်ပါးကိုဆွဲဆိတ်ကြည့်လိုက်သည်။
"အ!!"
နီရဲသွားသည့် သူ့ပါးလေးသူပြန်ပွတ်လိုက်၏။ရှင်လင်းညိုက သူ့ကိုကြည့်ပြီး ပြုံးမိနေသည်။
ရှင်လင်းညိုက ခြံတံခါးနားကိုတစ်လှမ်းချင်းတိုးလာသည်။
ပြီးတော့ သူ့အိတ်ထဲကသော့အပိုနှင့်ခြံတံခါးကိုဖွင့်လိုက်ပြီး အထဲဝင်လာခဲ့သည်။
ထက်ဦးညီက နေရာကမလှုပ်မယှက် ကြည့်နေမိ၏။
မကြာခင်မှာပဲ ထက်ဦးညီရှေ့ကို ရှင်လင်းညိုရောက်လာခဲ့သည်။
သူက အကြာကြီး ထက်ဦးညီကိုစိုက်ကြည့်နေပြီးမှ
"နေကောင်းသွားပြီလား"
ထက်ဦးညီရဲ့နှဖူးလေးပေါ်ကို လက်တင်ပြီးစမ်းလိုက်သည်။
ထက်ဦးညီက ဘာမွမပြောဘဲလှည့်ထွက်သွားသည်။
သူက ထက်ဦးညီရဲ့ခြေလှမ်းတွေကို အထုတ်တွေဆွဲရင်း အမွီပြေးလိုက်၏။
"ညီ...ညီ...ကိုယ်ပြောတာနားထောင်ပါဦးကြာ"
ထက်ဦးညီကလှည့်မကြည့်။သူက ထက်ဦးညီရဲ့လက်ကိုဆွဲပြီး သူ့ရင်ဘတ်အနားထိရောက်အောင်ဆွဲချလိုက်၏။
ရှင်လင်းညိုက လက်တစ်ဖက်ကအထုတ်တွေကို ပစ်ချလိုက်ပြီး ထက်ဦးညီရဲ့ခါးကိုဆွဲဖက်လိုက်သည်။
"မျက်နှာလေးချောင်ကျသွားတယ်..."
ထက်ဦးညီက ဆွဲခံထားရတဲ့လက်ကိုရုန်းလိုက်ပြီး ရှင်လင်းညို၏ ပုခုံးကိုသိုင်းဖက်ထားလိုက်သည်။
သူ့အရပ်နဲ့ အများကြီးကွာတာမို့ ခြေဖျားလေးထောက်ပြီး အတင်းဖက်ထား၏။
ရှင်လင်းညိုကလည်း တင်းကြပ်စြာ ပြန်ဖက်ထားလိုက်သည်။
နှစ်ယောက်လုံးရဲ့မျက်ရည်တွေ အတားအစီးမရှိစီးဆင်းလာသည်။
"အစ်ကို့ကို ခဏလောက်လွှတ်ပါဦး မျက်နှာေလးသေချာကြည့်ရအောင်"
ထက်ဦးညီကခေါင်းကိုအတင်းရမ်းသည်။ပြီးတော့
"အစ်ကိုထပ်ပြီး ထွက်ပြေးသွားမှာ"
"ညီ့နားကတကယ်ဘယ်မွမသြားတော့ပါဘူး"လို့ ရှင်လင်းညို ကပြောမှလွှတ်ပေးသည်။ရှင်လင်းညိုက သူ့ပါးနှစ်ဖက်ကို လက်နဲ့တယုတယကိုင်ပြီးကြည့်သည်။
"တကယ်မျက်နှာလေးချောင်ကျသွားတယ်ကြာ"
"အဲ့ဒါဘယ်သူ့ကြောင့်လဲ"
"အစ်ကို့ကြောင့်ပါ"
ရှင်လင်းညိုက ပြောပြောဆိုဆို ထက်ဦးညီရဲ့နှဖူးလေးကို တယုတယနမ်းလိုက်သည်။ထက်ဦးညီအံ့သြပြီး မျက်နှာချက်ချင်းနီမြန်းလာသည်။
"အဟမ်း အဟမ်း"
ချောင်းဟန့်သံကြားလို့ ကြည့်လိုက်တော့ ယဉ်ကျေးဝေဖြစ်နေသည်။ထက်ဦးညီက အိမ်ထဲကိုလှည့်ဝင်ပြီးပြေးသွားတာ အရိပ်အယောင်တောင်မမြင်ရတော့။ရှင်လင်းညိုက အစ်မဖြစ်သူကို မျက်စောင်းလေးအသာထိုးလိုက်သည်။
"အစ်မကတကယ့်အရှုပ်ပဲ"
"အံမယ် အခုတော့ရှုပ်ပြီပေါ့"
"နေကောင်းရဲ့လား"
ရှင်လင်းညိုက ယဉ်ကျေးဝေကိုမေးပြီး ဖက်ထားလိုက်သည်။
"နင်ဆုံးဖြတ်တာမှန်တယ်"
သူ့ ရင်ခွင်ထဲကခွာလိုက်ပြီး ယဉ်ကျေးဝေကပြောသည်။
"ဒါဆို နင်ကငါ့ဘက်ကပေါ့"
"နင်မထွက်သြားသရွေ့ပေါ့ ဒီတစ်ခါထပ်ထွက်သွားရင် နင့်ကိုသတ်ပစ်မယ်နော်"
"ငါတကယ်မထွက်သြားတော့ပါဘူးဟာ ငါလေ...
ငါ...ဟို..."
"သူ့ကိုမခွဲနိုင်ဘူးလို့ပြောမလို့မလား"
ရှင်လင်းညိုက ခေါင်းညိတ်ပြ၏။ယဉ်ကျေးဝေက သူ့ခြေထောက်ကိုအသာကန်လိုက်သည်။နှစ်ယောက်လုံး တပြိုင်တည်းအော်ရယ်လိုက်မိသည်။နှစ်ယောက်သား အိမ်ထဲဝင်လာတော့ သူတို့အမေက အခန်းထဲကထွက်လာသည်။ရှင်လင်းညိုကိုမြင်တော့ သူ့မျက်လုံးမှားနေသလားအထင်နှင့် မျက်လုံးကိုပွတ်ကြည့်သည်။ရှင်လင်းညိုက ပြေးပြီးဖက်လိုက်သည်။တစ်ပတ်လောက်ဝေးကွာနေသော်လည်း အနှစ်နှစ်အလလ မတွေ့ခဲ့ရသလို ဖက်ထားမိကြ၏။
"ကိုကို"
ပုံံပုံတစ်ယောက် အိပ်ချင်မူးတူးနဲ့အိပ်ပေါ်ကပြေးဆင်းလာရင်း လှေကားပေါ်ကချော်က်မလိုတောင် ဖြစ်လိုက်သေး၏။ရှင်လင်းညိုအမေက သူ့ပုခုံးကိုလှမ်းကုတ်လိုက်ရင်း ပြောသည်။
"အလုပ်ရနေပြီဆို အဲ့ဒါရောဘယ်လိုလုပ်ခဲ့လဲ"
"ထွက်ခဲ့လိုက်တာပေါ့..."
"ဟယ် မမျိုးတို့ကိုအားနာစရာကြီး"
"အမေတို့ကိုလွမ်းတာကို ဘယ်တတ်နိုင်မွာလဲ"
ယဉ်ကျေးဝေကမျက်စောင်းလှမ်းထိုးလိုက်သည်။
သူကတော့ သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်
ပြန်ပြီးပြုံးပြလိုက်၏။
"သွားချင်တော့လည်းမင်းပဲ ပြန်လာချင်တော့လည်းမင်းပဲ...နောက်ဘယ်မွမသြားရတော့ဘူး"
ဒေါ်အိအိမိုးက အမိန့်ထုတ်လိုက်တော့ ရှင်လင်းညိုကလက်ပိုက်ပြီး ခေါင်းညိတ်ပြသည်။ပြီးတော့ အထုတ်တွေဆွဲပြီး အိမ်ပေါ်တက်လာခဲ့သည်။
ကုတင်ပေါ်ကိုလှဲချလိုက်တော့ ရင်ထဲကဒဏ်ရာတွေ ပျောက်သွားမှန်းသတိထားမိလိုက်သည်။ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်းမသိ။ဖုန်းသံကြားမှ လန့်နိုးလာသည်။
"ဟဲလို..."
"ရောက်ပြီလား လူမိုက်ကောင်"
အသံကြားလိုက်တာနှင့် ဟိန်းသူမှန်းတန်းသိလိုက်သည်။
"ဟဲဟဲ...ရောက်ပြီ"
"ရယ်မနေနဲ့...လာချင်တော့လည်းမင်းပဲနော်...ရန်ကုန်လာပြီး ဒီကလူတွေကိုဒုက္ခပေးသွားတဲ့ကောင်"
ကိုယ့်အပြစ်နဲ့ကိုယ်မို့ ငြိမ်နေမိလိုက်သည်။
"အေး ငါမန္တလေးလာမှ မင်းနဲ့ငါတွေ့မယ်..."
"မင်း မန္တလေးလာမှ တွေ့ရမှာပဲလေကွာ"
"ခွေးကောင်"
ပြီးတော့ တခစ်ခစ်နဲ့ရယ်နေသည်။ဟိန်းသူနှင့်သူကဒီအတိုင်းပဲ။ဘယ်တော့မှ စိတ်အကြာကြီးမဆိုးတတ်ကြသူတွေသာ။ဟိန်းသူနှင့် ဖုန်းပြောပြီး ရေမိုးချိုး၊မျက်နှာသစ်၍ အိမ်အောက်ဆင်းလာသည်။အိမ်အောက်ရောက်တော့အဖေဖြစ်သူနှင့်တည့်တိုးသည်။
သူက သတင်းစာဖတ်နေတဲ့ ဦးလင်းထက်နားကိုသွားပြီး ငုတ်တုတ်ထိုင်ချလိုက်သည်။
"အဖေ စိတ်ဆိုးနေတုန်းလားဟင်"
ဦးလင်းထက်က သတင်းစာဖတ်နေရာက ငုံ့ကြည့်လိုက်သည်။
"မဆိုးပါဘူးကြာ...မင်းပြန်လာတယ်ဆို တော်ပြီပေါ့ကွာ..."
ရှင်လင်းညိုရင်ထဲ အဆူခံရမည်ဟု ထင်ထားသော်လည်း လက်တွေ့မှာဖြစ်မလာတော့ စိတ်ထဲမကောင်းဖြစ်သွားသည်။ဦးလင်းထက်အနားကနေ အိမ်ရှေ့ထွက်လာမိသည်။အိမ်ရှေ့ရောက်တော့ ပိတောက်ပင်နားက စာအုပ်ဖတ်နေတဲ့ ထက်ဦးညီကိုမြင်ပြီး စိတ်ထဲပြန်ကြည်လင်သွားသည်။ထက်ဦးညီ အနားကို ပြေးသွားလိုက်ပြီး သူ့ပုခုံးပေါ်မှာ မှီပြီးနေလိုက်၏။ထက်ဦးညီက သူ့သွားလေးတွေပေါ်နေအောင်ရယ်သည်။
"တစ်ခြားသူတွေမြင်ရင် တစ်မျိုးထင်ကုန်ဦးမယ်"လို့ ထက်ဦးညီက ပြောတော့ ရှင်လင်းညိုက ခေါင်းထောင်ပြီး တမင်နှုတ်ခမ်းကိုစူကာပြန်ပြောလိုက်သည်။
"ထင်တော့ဘာဖြစ်လဲ...တစ်မျိုးပဲဟာ"
ရှင်လင်းညို က ပြန်ပြောလိုက်သော်လည်း ဆက်မအိပ်တော့ပေ။သူ့ဘောင်းဘီ အိတ်ထဲက ဆေးလိပ်ဗူးကိုနှိုက်ပြီး ဆေးလိပ်ထိုင်သောက်နေသည်။
ထက်ဦးညီက စာအုပ်ဖတ်နေသော်လည်း မျက်လုံးက ခဏခဏ ဆေးလိပ်သောက်တာကိုလှည့်ကြည့်၏။ဒါကိုမြင်နေတဲ့ ရှင်လင်းညိုက...
"ဘာလို့ခဏခဏကြည့်နေရတာလဲ ညီ...ဘာပြောချင်လို့လဲ ပြောလေ"
ထက်ဦးညီက ခေါင်းရမ်းပြလိုက်သည်။သို့သော်လည်း ရှင်လင်းညို ဆေးလိပ်သောက်တိုင်း မသိမသာ လှည့်လှည့်ပြီးကြည့်သည်။ရှင်လင်းညို က အသံထွက်အောင်အော်ရယ်လိုက်သည်။ပြီးတော့ လက်ထဲမှာကိုင်ထားတဲ့သောက်လက်စ ဆေးလိပ်ကို ချိုးချလိုက်သည်။ဒါတင်မကသေး ဗူးထဲကဆေးလိပ်တွေကိုပါ ချိုးပြီးလွှင့်ပစ်လိုက်၏။
ထက်ဦးညီက အံ့သြပြီးသူ့ကိုကြည့်နေမိသည်။ရှင်လင်းညိုက အသက်ပါပါပြုံးပြပြီး...
"ညီ မကြိုက်ရင်အစ်ကိုဘာမှမလုပ်ဘူး..."
ထက်ဦးညီက ဘာမွမပြောဘဲ စိုက်ကြည့်နေသည်။
"အစ်ကို ညီ့ကိုချစ်တယ်..."
ထက်ဦးညီရဲ့ အဖြူ ရောင်သမ်းနေတဲ့ မျက်နှာလေးက အပန်းရောင်အဖြစ်ပြောင်းလဲသွားသည်။
ပြီးတော့ မပြောမဆို ရှင်လင်းညိုရဲ့ပါးတစ်ဖက်ကို လှစ်ခနဲနမ်းလိုက်၏။နောက် ရှင်လင်းညိုအနားကပြေးထွက်သွားသည်။ရှင်လင်းညိုက သူ့ပါးသူ တအံ့တသြကိုင်ကြည့်လိုက်သည်။ထက်ဦးညီက သူ့အနားကနေအဝေးကြီးရောက်မှအော်ပြောသည်။
"အဲ့ဒါ ကျွန်တော့အဖြေပဲအစ်ကို"
ရှင်လင်းညိုက ထက်ဦးညီကိုကြည့်ပြီးပြုံးသည်။ထက်ဦးညီတစ်ယောက် လှည့်ကြည့်လှည့်ကြည့်နဲ့ပြေးနေရာက နေခြည်နဲ့ဝင်တိုက်သည်။ရှင်လင်းညိုက လက်ညှိုးထိုးပြလိုက်ပေမယ့်လည်း မမှီလိုက်။
"ညီညီ..ဘာတွေအော်နေတာလဲ...ပြီးတော့ဘာအဖြေလဲ"
"ဟာ...ဟို...စာအုပ်ထဲကဇာတ်ကောင်ကိုဘယ်လိာသဘောရလဲ လာမေးနေလို့ ပြန်ဖြေပေးတာမကြီး"
"ဒီကောင်လေးပြန်ရောက်နေပြီလား...မြန်လိုက်တာ အလုပ်လုပ်တာကလည်း..."
"မြန်တော့ဘာဖြစ်လဲမကြီးရဲ့...သူ့မိသားစုတွေကလွမ်းနေကြတာသနားပါတယ်"
နေခြည်ကထက်ဦးညီ ကို မျက်စောင်းထိုးကြည့်ပြီး လှမ်းစ၏။
"အဲ့လွမ်းတဲ့ထဲ နင်ပါသေးတယ်မလား"
"ဟာ လွမ်းစရာလားမကြီးကလည်း"
ရှက်ရမ်းရမ်းပြီး အိမ်ပေါ်ပြေးတက်သွားသည်။နေခြည်ကသူ့မောင်သူ ကြည့်ပြီး သဘောကျစွာရယ်လိုက်သည်။ပြီးတော့ အလုပ်သွားရန် ထွက်လာခဲ့၏။
ပိတောက်ပင်အောက်မွာ ထိုင်နေတဲ့ ရှင်လင်းညို အနားကိုတော့ ပုံပုံရောက်လာခဲ့သည်။ပုံပုံရောက်လာမှန်း မသိအောင်တောင် တွေးနေမိ၏။
"ကိုကို"
နားနားကပ်ပြီး အော်လိုက်မွ လန့်ပြီး လှည့်ကြည့်သည်။
"ပုံပုံရယ်...ကိုကို့နားတောင်ကန်းသွားပြီထင်တယ်"
"ပုံပုံလာတာကိုမမြင်ဘူးမလား"
"အမလေး ဒီကိုလာပါဦ ကိုကို့ရဲ့ ဆရာမလေးရဲ့"
"မလာပါဘူး ဘယ်မှာလဲလက်ဆောင်"
ရှင်လင်းညိုက သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်ရယ်ပြ၏။
"ကိုကိုလေ...ကိုကိုက..ဟို...ပုံံပုံ့ကိုလွမ်းလို့ မြန်မြန်ပြန်လာတာနဲ့ဘာမှ မပါလာဘူး"
"သိသားပဲ...ပုံပုံကစတာပါ မေမေက မနက်စာ လာစားဦးတဲ့"
ပုံပုံ့လက်ကိုတွဲရင်း အိမ်ကိုဝင်ခဲ့သော်လည်း မျက်လုံးက ထက်ဦးညီ အခန်းကိုသာ လှမ်းကြည့်နေမိသည်။ပြီးတော့ အခန်းလိုက်ကာလေး လှပ်ခနဲ ဖြစ်သြားတာကိုတွေ့လိုက်တော့ ရှင်လင်းညိုက တိတ်တဆိတ်ပြုံးလိုက်မိတော့၏။
အပိုင်း(၈)မျှော်