ဖြူစင်သော ချစ်ခြင်းဖြင့်

By noraesfictionworld

25.7K 822 27

လူ့ဘောင်လူ့လောကကြီးက ဒီလိုပါပဲ... အချစ်ကို ယောကျာ်းမိန်းမ ဆိုတဲ့နာမ်စားတွေနဲ့ဘောင်ခတ်ပစ်လိုက်ကြတယ်... အချစ်ကတ... More

ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၁)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၂)
ဖြူ စင်သောချစ်ခြင်းဖြင့်-အပိုင်း(၃)
ဖြူ စင်သောချစ်ခြင်းဖြင့်- အပိုင်း(၄)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၆)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၇)
ဖြူ စင်သောချစ်ခြင်းဖြင့် -အပိုင်း(၈)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၉)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၁၁)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၁ဝ)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၁၂)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၁၃)ဇာတ်သိမ်းပိုင်း

ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၅)

1.2K 54 2
By noraesfictionworld

ဒီနေ့နဲ့ဆို ရှင်လင်းညို ရန်ကုန်ရောက်တာ နှစ်ရက်မြောက်သည့်နေ့ဖြစ်သည်။တိုက်ခန်းကနေ အဝေးကြီးဘယ်မွမရောက်သေး။ဟိန်းသူ၏ တိုက်ခန်းသည်အကျယ်ကြီးဖြစ်ပြီး ရေချိုးခန်းအိမ်သာတွဲရက် အိပ်ခန်းနှစ်ခန်း၊မီးဖိုချောင်အကျယ်ကြီးပါ၏။တိုက်ခန်းအောက်ထပ်မွာ ထမင်းဆိုင်ရှိတာမို့ သူငယ်ချင်းနှစ်ယောက်ထမင်းဟင်းချက်ဖို့မပူရပေ။အခုလည်း ထမင်းစားဖို့ ရေချိုးနေတဲ့ဟိန်းသူကိုစောင့်ရင်း TVကြည့်နေလိုက်သည်။အတည်တက်တော့မကြည့်ဖြစ် ဟိုပြောင်းဒီပြောင်းလုပ်နေခြင်းသာ ဖြစ်သည်။ရှင်လင်းညို TVကြည့်နေတုန်း တံခါးဘဲလ်သံကြားလိုက်ရ၏။

"အညို...တံခါးဖွင့်လိုက်ဦး"

ဟိန်းသူစကားတောင်မဆုံးလိုက်ပဲ ရှင်လင်းညိုကတံခါးထဖွင့်လိုက်သည်။ထမင်းချိုင့်တွေနဲ့ ရောက်လာတဲ့ ဟိန်းသူညီမတစ်ဝမ်းကြဲ ဖူးသစ်ဝေကိုတွေ့လိုက်ရ၏။

"ဪ...ညီမ ဝင်ခဲ့လေ"

ဖူးသစ်ဝေကိုတံခါးဖွင့်ပေးပြီး TVထိုင်ကြည့်ျမဲ ကြည့်နေလိုက်သည်။သူမကတော့ မီးဖိုချောင်ထဲဝင်ပြီး လုပ်စရာရှိတာလုပ်နေသည်။ခဏလောက်ကြာတော့
ရှင်လင်းညို နဲ့မျက်စောင်းထိုး ထိုင်ခုံမှာလာထိုင်သည်။အနက်ရောင် Hoodie ဝတ်ထားပြီး ဂျင်းဘောင်းဘီအရှည်ဝတ်ထားသော ဖူးသစ်ဝေက တစ်မျိုးမတူအောင်လိုက်ဖက်ပြီးချစ်စရာ ကောင်းနေသည်။သို့သော် ရှင်လင်းညိုအတွက်တော့ အနက်ရောင် Hoodie ကိုမြင်ပြီး ထက်ဦးညီကိုသြားသတိရစေသည်။

"ထမင်းချိုင့်လာပို့တာလား ညီမလေး"

ဘေးနားထိုင်ပြီး စကားတစ်ခွန်းမွမပြောလို့မကောင်း၍ ရှင်လင်းညိုကစကားစလိုက်သည်။

"ဟုတ်တယ် ကိုကြီး...အန်တီမျိုးက ကိုကြီးတို့နှစ်ယောက်အတွက်ထမင်းပို့ခိုင်းလိုက်လို့လေ"

ရှင်လင်းညိုက ခေါင်းညိတ်၊ပြုံးပြပြီး TVကိုသာဆက်ကြည့်နေလိုက်သည်။ဟိန်းသူလည်း အဝတ်အစားလဲပြီး အခန်းထဲကထွက်လာသည်။

"မိသစ်ရောက်နေတာကိုး...အလုပ်တွေထားပြီးထမင်းလာပို့တာလား"

"ဟုတ်တယ်...အန်တီမျိုးကကိုကြီးတို့စားရအောင်ကိုယ်တိုင်ချက်ပေးလိုက်လို့ အလုပ်ကနေလာပြီးပို့ပေးတာ"

ဟိန်းသူကမီးဖိုချောင်ထဲ ဝင်သွားပြီး ချက်ထားတဲ့ဟင်းတွေကိုစပ်စုသည်။

"အညို လာဟ...ဗိုက်ဆာနေပြီစားရအောင်"

ရှင်လင်းညိုလည်း TVကိုပိတ်ပြီး မီးဖိုချောင်ထဲဝင်လာလိုက်သည်။အစောကြီးကတည်းက ဟိန်းသူကို စောင့်ရင်း ဗိုက်တာနေတာမို့ ထမင်းကသူ့အလိုလို ဝင်မှန်းမသိဝင်သွားသည်။

"ကိုကြီး...ဒါငါးသလောက်ချက်လေး...ညီမလေး ချက်ထားတာ...စားကြည့်ပါဦး"

"ဟဲ့ မိသစ် နင်ကငါ့က်မကျွေးဘူး..."

ဟိန်းသူက ဖူးသစ်ဝေကို မျက်စောင်းထိုးပြီး လှမ်းစလိုက်သည်။

"ကိုကြီးကယူစားနေတာပဲလေ...ဘယ်မွာကျွေးစရာလိုလို့လဲ"

မောင်နှမအရင်းမဟုတ်သော်လည်း အရင်းလိုပင် ဟိန်းသူကသူ့ညီမကိုချစ်သည်။စတာလေးတစ်ခုကတော့ ခြွင်းချက်ပင်။ရှင်လင်းညိုက သူတို့ကိုကြည့်ပြီး အစ်မနှင့်ညီမကိုသတိရလာသည်။ရောက်တာ နှစ်ရက်ရှိပြီဖြစ်သော်လည်း အခုထိဖုန်းမဆက်
ရသေး။ရှင်လင်းညိုက ပန်းကန်ဆေးပြီး အခန်းထဲဝင်လာခဲ့သည်။ခရီးဆောင်အိတ်ထဲက ပိတ်ထားတဲ့ဖုန်းလေးကိုဖွင့်လိုက်သည်။လွတ်သွားခဲ့ဲတဲ့ဖုန်းနံပါတ်တွေအများကြီးဝင်လာသည်။
ရှင်လင်းညိုက ယဉ်ကျေးဝေဖုန်းနံပါတ်ကို နှိပ်လိုက်သည်။

"ဟဲလို...အညိုလား အညို..."

ယဉ်ကျေးဝေက စိုးရိမ်တဲ့အသံနဲ့ဖုန်းကိုထူးလိုက်သည်။ရှင်လင်းညိုက ဘာစကားမွမပြောနိုင်ဘဲ မျက်ရည်တွေဝဲလာသည်။တစ်ဖက်က ယဉ်ကျေးဝေအသံတွေကလည်း တုန်နေသည်။

"အင်းအစ်မ..."

"နေနိုင်လိုက်တာ အညိုရယ်...ဖုန်းလေးတစ်ချက်တောင်မဆက်ဘူးနော်...အန်တီမျိုးဆီ အမေဖုန်းဆက်လို့သာ နင်ရန်ကုန်ရောက်နေပြီဆိုတာသိရတာ..."

"တောင်းပန်ပါတယ်...အမေရောအဖေရော ပြီးတော့ပုံပုံရော"

"အဖေရောအမေရော အကုန်စိတ်မကောင်းဖြစ်နေကြတယ်...နင်ကသိပ်လုပ်ရက်တာပဲအညို"

ယဉ်ကျေးဝေကပြောရင်းငိုသည်။ရှင်လင်းညိုလည်း မနည်းမျက်ရည်ထိန်းနေရသည်။

"ငါပုံပုံနဲ့ဖုန်းပြောချင်တယ်"

"အင်း ငါ့ဘေးမှာပုံပုံရှိတယ်...ပေးလိုက်မယ်"

"ပုံပုံ...ဟဲလို...ပုံံပုံ"

တစ်ဖက်မှဘာစကားမှပြန်မကြား...။

"ကိုကို့ကိုစိတ်ဆိုးနေတာလားပုံ...ကိုကိုဘယ်လိုတောင်းပန်ရမလဲပြောပါဦး ကိုကိုပြန်လာတဲ့အခါက် ပုံပုံကြိုက်တာအကုန်ဝယ်ကျွေးမယ်လေ...ကိုကို့ကိုစကားလေးပြန်ပြောပါဦးပုံရယ်...ဖုန်းကိုနားမှာကပ်ပြီး ငိုနေပြန်ပြီလား...ကိုကို တကယ်မှားသွားပါတယ်ပုံပုံရယ်နော်..."

"ကိုကိုနေကောင်းလား..."

ရှင်လင်းညို မနည်းထိန်းထားတဲ့ မျက်ရည်တွေကပါးပြင်တလျှောက်စီးလာသည်။ယောကျာ်းလေးတစ်ယောက်ဖြစ်ပြီး ငိုရကောင်းလားဟု အပြစ်တင်ရင်လည်းတင်ကြပါစေတော့...။

"ကိုကို့ကို ပုံပုံသိပ်လွမ်းတာပဲ..."

"ကိုကို သိပ်မကြာစေရပါဘူးပုံပုံရယ်"

ရှင်လင်းညို ဖုန်းပြောပြီး တစ်နာရီလောက်ကြာအောင် ကုတင်ကိုမှီပြီး အကြာကြီးငေးငိုင်ထိုင်နေမိသည်။ပြီးတော့ ပုံပုံကိုပေးမိလိုက်တဲ့ သိပ်မကြာစေဘူးဆိုတဲ့ကတိအကြောင်းတွေးရင်း အတွေးကမ္ဘာထဲမှာ
ချာချာလည်သွားရပြန်တယ်...။

*******************************

ယဉ်ကျေးဝေတို့ခြံလေးထဲသို့ ကားတစ်စင်းတလိမ့်လိမ့်ဝင်ရောက်လာခဲ့သည်။ယဉ်ကျေးဝေက သူ့ဧည့်သည်ထင်ပြီးထွက်အကြည့် ကားလေးကနေခြည်တို့အိမ်ကိုဆက်မောင်းသြားတာကိုတွေ့လိုက်ရသည်။ယဉ်ကျေးဝေဆက်ကြည့်နေတော့ ကားပေါ်ကလူတစ်ယောက်ဆင်းလာတာကိုတွေ့လိုက်ရသည်။တဆက်တည်းမွာပဲ ထိုလူဟာ ဟိုဘက်လမ်းကဆရာဝန်ဖြစ်ကြောင်းကိုပါ သိလိုက်ရ၏။နေခြည်တစ်ယောက်လည်း ပုံမှန်ထက်ပိုပြီး ယောက်ယက်ခတ်နေတာကိုတွေ့လိုက်ရတာကြောင့် ယဉ်ကျေးဝေက သူတို့အိမ်ဘက်ကိုပြေးသွားလိုက်သည်။
နေခြည်တို့ နှစ်ယောက်လုံး အိမ်ပေါ်ကိုအမြန်တက်သြားတာတွေ့တော့ ယဉ်ကျေးဝေကပါ စိုးရိမ်တကြီးလိုက်တက်သွားမိသည်။ပြီးတော့ မမျှော်လင့်ထားတာကိုပါ တွေ့လိုက်ရ၏။
ထက်ဦးညီတစ်ယောက် ကြမ်းပြင်ပေါ်မှာမေ့လဲနေတာကိုတွေ့လိုက်ရသည်။နေခြည်လည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ပြီး ဆရာဝန်ကိုပဲလှမ်းပင့်လိုက်ပုံရ၏။ထက်ဦးညီကို သူ့ကုတင်ပေါ်ကိုရွှေ့တော့ ယဉ်ကျေးဝေကပါကူပြီးရွှေ့ပေးလိုက်၏။ဆရာဝန်က
ထက်ဦးညီကို စမ်းသပ်နေတုန်း တုန်တုန်ရီရီနဲ့ငိုနေတဲ့ နေခြည့်လက်ကလေးကို ယဉ်ကျေးဝေက ဆုပ်ကိုင်ထားလိုက်သည်။

"စိတ်ဖိစီးမှုများပြီး ရှော့ခ်ရသြားတာပါ...
ဆရာဆေးထိုးပေးခဲ့မယ်...ခဏနေ သတိပြန်လည်လာမွာ...ဆေးလည်းပေးခဲ့မယ်...ဆေးလိပ်ပတ်လည်အောင်တိုက်ပေးသမီး"

နေခြည်က ယဉ်ကျေးဝေကိုခဏနေပေးဖို့တောင်းဆိုလိုက်ပြီး ဆရာ့အိတ်ကိုဆွဲပြီးအောက်ထိလိုက်ပို့ပေးလိုက်သည်။ယဉ်ကျေးဝေက အနီးအနားကခုံတစ်ခုံကိုယူပြီး ကုတင်နားမှာထိုင်လိုက်သည်။ထက်ဦးညီရဲ့မျက်နှာလေးကိုသေချာစိုက်ကြည့်လိုက်သည်။အတော်ငိုထားတဲ့မျက်နှာလေးမှန်း တမ်းကြည့်လိုက်ရုံနဲ့သိလိုက်၏။ရင်ထဲမှာလည်း တော်တော်နင့်နင့်သီးသီးခံစားလိုက်ရသည်။တစ်ဖက်ကမောင်ဖြစ်သူ...တစ်ဖက်ကအချစ်ဆုံးသူငယ်ချင်းရဲ့မောင်။
ရှေ့ဆက်ဖို့လည်း မတိုက်တွန်းချင် နောက်ဆုတ်ဖို့လည်းမပြောရက်ပေ။ယဉ်ကျေးဝေရဲ့မျက်ရည်တွေတလိမ့်လိမ့်စီးဆင်းလာခဲ့သည်။ခဏနေတော့ နေခြည်က အခန်းထဲဝင်လာသည်။နေခြည်ထိုင်ဖို့ ယဉ်ကျေးဝေကနေရာကထပြီးဖယ်ပေးလိုက်သည်။နေခြည်ကသူ့မောင်ကိုစိုက်ကြည့်ပြီး မျက်ရည်တွေကျလာသည်။ပြီးတော့...

"ဘာတွေဖြစ်နေလဲမသိတော့ပါဘူး ကျေးဝေရယ်...သူငါ့ကိုဘာမှဖွင့်မပြောဘူးဟာ...တစ်ယောက်ထဲဘာကိုကျိတ်ပြီး ခံစားနေမှန်းငါတကယ်မသိဘူး"ဟုပြောသည်။အလုံးစုံသိနေတဲ့ ယဉ်ကျေးဝေအတွက် မလုံသလိုဖြစ်ပြီး တစ်နေရာကိုငေးနေမိသည်။

"နင်ငါတို့ကိုလှမ်းခေါ်လိုက်တာတော့မဟုတ်ဘူး"လို့
ယဉ်ကျေးဝေကပြောတော့...
"ငါလည်း ဘာလုပ်လို့ဘာလုပ်ရမှန်းမသိတာနဲ့ တစ်ခါက ဆရာ့ဆေးခန်းသွားတုန်းကမှတ်ထားတဲ့ဆရာ့ဖုန်းနံပါတ်ကိုပဲဆက်မိလိုက်တာဟ" ဟုပြန်ဖြေသည်။သူတို့စကားပြောနေတုန်း ထက်ဦးညီ ခန္ဓာကိုယ်လေးလှုပ်လာပြီး မျက်လုံးလည်းဖြည်းဖြည်းချင်းပွင့်လာခဲ့သည်။နေခြည်ကသူ့မောင်လက်ကလေးဖွဖွလေးဆုပ်ကိုင်လိုက်၏။သူ့မောင်ဖြစ်သူရဲ့ နှုတ်ကထွက်လာမယ့် အသံလေးကို တိုးတိတ်စွာနားစွင့့်၏။

"မကြီး..."
ထက်ဦးညီရဲ့နှုတ်ခမ်းလေးတွေက ဖြူ လျော့ပြီးခြောက်သွေ့နေသည်။ယဉ်ကျေးဝေကိုမြင်တော့ အားယူပြီး အတင်းပြုံးပြသည်။ယဉ်ကျေးဝေကပြန်ပြုံးပြလိုက်ပေမယ့် ရင်ထဲမွာတော့အသက်ရှူ ဖို့တောင် ခက်နေပြီဖြစ်သည်။

"ငါသြားတော့မယ်...နင်လိုရင်လှမ်းခေါ်လိုက်နော်
ငါ ညက် ဒီမှာလာအိပ်ပေးရင်အိပ်ပေးမယ်နော်"

နေခြည်က ထိုင်နေရာကထလာပြီး ယဉ်ကျေးဝေကိုဖက်ထားလိုက်သည်။

"ကျေးဇူးတင်ပါတယ်ကျေးဝေရယ်...နင်ကလွဲပြီးငါ့မှာဘယ်သူမှမရှိပါဘူး"

ယဉ်ကျေးဝေ လှေခါးကနေ ဆင်းလာတော့ သူ့ခြေထောက်ကိုတောင် အနိုင်နိုင်။ယိုင်တိယိုင်နဲ့ ခြေလှမ်းတွေနဲ့ အသက်ရှူ ဖို့တောင်ခက်တဲ့ ခံစားချက်တွေ။
သူငယ်ချင်းကို သစ္စာဖောက်မိသလိုလည်းခံစားနေရသည်။အခန်းထဲကိုရောက်တော့ တံခါးကိုလော့ခ်ချလိုက်၏။ ခေါင်းအုံးပေါ်မှောက်ချလိုက်ပြီး
စိတ်ရှိသလောက်အော်ငိုလိုက်သည်။ပြီးတော့နံရံကိုမှီပြီး တစ်ခုခုကို နက်နက်နဲနဲ အကြာကြီးစဉ်းစားနေမိသည်။တစ်ခုခုကိုလည်း နက်နက်နဲနဲ ဆုံးဖြတ်လိုက်သည်။

ဟိန်းသူနဲ့ဘောလုံးပွဲကြည့်နေတုန်း အခန်းထဲကဖုန်းသံ ကြား၍ထလာခဲ့သည်။အမှန်တကယ် ဘောလုံးပွဲလည်းစိတ်မဝင်စား...။စိတ်ပြေလက်ပျောက်ထိုင်ကြည့်နေခြင်းသာဖြစ်သည်။ဖုန်းနံပါတ်ကြားတော့ အစ်မဖုန်းဖြစ်နေသည်။

"အင်းအစ္မ..."

"......"

"ဟဲလို အစ်မ"
တစ်ဖက်မှဘာသံမှမကြားရ...။ရှင်လင်းညိုက ဖုန်းချဖို့လုပ်လိုက်တော့မှ...

"ညီညီ...မေ့လဲသွားတယ်"

ရှင်လင်းညို လက်ထဲကဖုန်းကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိ၏။ဘာစကားမွ ဆက်မပြောနိုင်လောက်အောင် ဖြစ်သွားသည်။

"ညီနဲ့စကားပြောချင်တယ်"

ထက်လင်းညိုတစ်ယောက် ဖုန်းကိုကိုင်ပြီး ဝရန်တာမွာဟိုလျှောက်သည်လျှောက် ဂနာမငြိမ်ဖြစ်နေသည်။အစ်မ ဖုန်းပြန်အဆက်ကိုမျှော်နေသော သူ့ကိုဟိန်းသူကမြင်သွားသည်။

"အညို ပြဲကောင်းနေပြီဟ...လာလေ"

"အေးအေး...ငါအစ်မနဲ့ဖုန်းခဏပြောဦးမယ်"
သိပ်မကြာလိုက်...ယဉ်ကျေးဝေဆီကဖုန်းပြန်လာသည်။ယဉ်ကျေးဝေကလည်း နေခြည့်ကိုအောက်မွာ နားခိုင်းလိုက်ပြီး သူကတလှည့်စောင့်ပေးပါ့မယ်ဟု ပထုတ်၍ ဖုန်းဆက်လိုက်တာဖြစ်သည်။

"ဟဲလို..."
အသံဖျော့တော့တော့လေးကို ကြားလိုက်တော့ ရင်ထဲမွာ နွေးထွေးသွားသလိုလို ဝမ်းနည်းသွားသလိုလိုဖြစ်ပြီး မျက်ရည်တွေဝဲလာသည်။

"ညီ.....သက်သာ..ရဲ့လား"

ရင်ထဲကစို့တက်လာသမွ်ကို အားတင်းပြီးတစ်လုံးချင်းပြောလိုက်သည်။

"အစ်ကိုနေကောင်းရဲ့လား"

"အစ်ကိုနေကောင်းပါတယ်...ကျန်းမာရေးဂရုစိုက်ပါညီ...ဆန်ပြုတ်ပဲသောက်၊ထမင်းလုံးဝမစားနဲ့ တစ်ခုခုစားချင်တာရှိရင်ပဲဖြစ်ဖြစ် လုပ်ချင်တာရှိရင်ပဲဖြစ်ဖြစ် အစ်မနေခြည်လည်းရှိတယ်အစ်မကျေးဝေလည်းရှိတယ် လုပ်ခိုင်းလိုက်"

"အစ်ကို့ကိုတွေ့ချင်တာကိုရောလား"

ထက်ဦးညီက ရင်ထဲခံစားရသမွ်ကိုပြောလိုက်မိသည်။ရှင်လင်းညိုဘာမှပြန်မပြောနိုင်။လက်တစ်ဖက်ကို သွားနှင့်ကိုက်ထားလိုက်သည်။အတားအဆီးမရှိစီးဆင်းလာတဲ့ မျက်ရည်တွေကိုတားဆီးဖို့ပေါ့။မနေနိုင်တဲ့အဆုံး ဖုန်းကိုချလိုက်သည်။
တစ်ခုခုများရှိရင် အခုနေ အရာအားလုံးအဆင်ပြေစေမယ့် နည်းလမ်းများရှိရင် အကုန်လုပ်ပစ်လိုက်ချင်သည်။ရှင်လင်းညို ကအခန်းထဲကိုပြေးဝင်ပြီး သူ့ပစ္စည်းတွေအကုန်လုံးကို တစ်ခုချင်းစီကောက်သိမ်းပြီး
အိတ်ထဲထည့်လိုက်သည်။ပြီးတော့ အိတ်ကိုဆွဲပြီး အခန်းပြင်ထွက်ဖို့ လုပ်လိုက်ပြီးမှ ခြေထောက်တွေကို မထိန်းနိုင်တော့ဘဲ ပစ်လဲကျသွားသည်။လက်ထဲမွာ တင်းကြပ်စြာ ကိုင်ထားခဲ့တဲ့ အိတ်ကလေးလည်းလွတ်ထွက်သြားတော့၏။တစ်ကိုယ်လုံး နံရံကိုမွီ
ပြီး အကြာကြီးထိုင်နေမိသည်။ပြန်ရင်ပိုကောင်းမလား မကောင်းမလား အချိန်အကြာကြီးယူပြီး စဉ်းစားနေတာတောင်အဖြေကထွက်မလာ...။
ခဏနေတော့ ဟိန်းသူက အခန်းထဲဝင်လာသည်။
သူ့ရဲ့ဖရိုဖရဲအခြေအနေကိုမြင်ပြီး စိတ်ပူသွားသည်။

"ဘာဖြစ်လို့လဲ အညို ပြန်မလို့လုပ်နေတာလား"

"မပြန်ပါဘူး..."

ရှင်လင်းညိုက ထိုင်နေရာကထပြီး အိတ်ကိုသူ့နေရာသူပြန်ထားလိုက်သည်။

"မင်းဘာဖြစ်နေတာလဲအညို...ငါ့ကိုပြောပြလေကွာ...အစ်မကျေးဝေနဲ့ရန်ဖြစ်တာလား"

"ငါအဆင်ပြေပါတယ်...မင်း ဘောလုံးပွဲသွားကြည့်လေကွာ...ငါခဏလောက်နားချင်တယ်"

"အေးပါ မင်းဘာဖြစ်လည်းမသိပေမယ့် အေးအေးဆေးဆေးအိပ်လိုက်"

ဟိန်းသူထွက်သြားတော့ ရှင်လင်းညိုက သူ့အခန်းပြတင်းပေါက်ကနေလှမ်းမြင်နေရတဲ့ လရောင်ကို အကြာကြီးငေးကြည့်နေမိသည်။

"ဒါကြီးကသာ အိပ်မက်ဆိုးကြီးသာဆို မင်းကိုလွတ်မြောက်စေချင်ပြီညီ"

Continue Reading

You'll Also Like

3.6M 288K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
44.6K 1.5K 12
a dragon dreamer who has travelled back in time is given the chance to regress by the gods. in which Helaena Targaryen is a dreamer. A dreamer was so...
1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...