Lay's AutoBiography 而立24 (Mya...

By KylinAeri614

21.9K 2.9K 195

This is the Myanmar Translation of EXO Lay's AutoBiography 而立24 . I take out from the Original Book of Lay an... More

A/N
Preface #1
Preface #2
Beginning of Spring #1
Beginning of Spring #2
Spring Showers #1
Spring Showers #2
Awakening of insects #1
Awakening of Insects #2
Spring Equinox #1
Spring Equinox #2

Second Edition Author's Note

321 72 11
By KylinAeri614

ဒီဟာလေးအကြောင်းပြန် ပြောပြချင်လို့

而立24 လို့အမည်ရတဲ့ အဲ့စာအုပ်က
2015 တုန်းကထွက်ရှိခဲ့တဲ့ Zhang YiXing ကိုယ်တိုင်ရေးထားတဲ့ သူ့ရဲ့ အတ္ထုပတ္တိ ပါ

မြန်မာလိုပြန်ရင်တော့ ၂၄ နှစ်အရွယ်တွက် မားမားမတ်မတ်ရပ်တည်ခြင်းလို့ အဓိပ္ပာယ်ရတယ်။

၂၄ နှစ်မှာ ဒီနေရာကိုရောက်ရှိနေရခြင်းရဲ့အကြောင်းအရင်းတွေ
သူ့ ငယ်ဘဝ ကလေးဘဝတုန်းက ဘယ်လိုမိသားစုမှာကြီးပြင်းခဲ့ရလဲ
ပြီးတော့ EXO's Lay ဆိုတာဖြစ်မလာခင် SM မှာဘယ်လိုဖြတ်သန်းခဲ့ရလဲ ဆိုတာတွေကိုဖတ်ပြီး
Zhang Yi Xing ဆိုတဲ့လူသားကိုပိုနားလည်ပြီး မြတ်နိုးလေးစားလာရပါလိမ့်မယ်။

မမိတ်ဆက်ခင် ဒီစာအုပ်ရဲ့ကိုယ့်အပေါ်သက်ရောက်မှုကိုပြောပြချင်တယ်။
ဒီစာအုပ်လေးက ကိုယ့်ဘဝအတွက် အရမ်းကြီးမားတဲ့သက်ရောက်မှုဖြစ်ခဲ့တယ်။
ကိုယ်ဒီစာအုပ်ကို စတွေ့ပြီး ဖတ်ခဲ့တဲ့ အချိန်က လွန်ခဲ့တဲ့ ၃ နှစ်။ ၂၀၁၅ လောက်တုန်းကပါ။
အဲ့တုန်းက ကိုယ့်အသက် ၁၇ နှစ်။
ဆယ်တန်းအောင်ခါစ ကလေးသာသာအရွယ်။
အဲ့အချိန်ဟာ ကိုယ့်ဘဝရဲ့ အပြောင်းအလဲကြီးကြီးမားမားနဲ့ကြုံတွေ့ခဲ့ရတဲ့အချိန်ပါ။
သူရေးထားတဲ့ ဒီစာအုပ်ကို အခါခါဖတ်ရင်း စိတ်ဓာတ်ခွန်အားတွေအများကြီးရခဲ့တယ်။
စိတ်ဓာတ်တွေကုန်းကောက်လို့မရအောင် ကျဆင်းအားငယ်နေတဲ့အဲ့အချိန်မှာ ဒီစာအုပ်လေးကိုတွေ့ပြီး ဖတ်ခဲ့ရခြင်းဟာ
အများကြီးအကျိုးဖြစ်ခဲ့တယ်။
လျှောက်ရမယ့် လမ်းအတွက်လဲ တကယ်ကိုအားဖြစ်စေခဲ့တာ။

အဲ့အတွက် ဖတ်ပြီး ဒီစာအုပ်လေးကို ပြန်မျှဝေချင်တဲ့စိတ်နဲ့ မြန်မာလို ဘာသာပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။
အသက် ၁၇ နှစ်အရွယ်တုန်းက တရုတ်လိုရော english လိုရောဖတ်ပြီး မြန်မာလို ဘာသာပြန်ခဲ့တာ အပိုင်း ၁၀ ပိုင်း ၊ ခေါင်းစဉ်ကြီး ၅ ခုပဲပြီးခဲ့တယ်။
အဲ့နောက်ပိုင်း ဘယ်လိုမှအချိန်မပေးနိုင်တော့လို့ ပြန် unpublish ထားခဲ့ပါတယ်။

ဒီနှစ်မှာစာပြန်ရေးဖြစ်တော့ ဒါလေးကိုပြီးတဲ့အထိ ဘာသာပြန်ဖို့ ပြန်ဆုံးဖြတ်ခဲ့တယ်။
၁၇ နှစ်တုန်းကရေးခဲ့တာလေးတွေကိုပြန်တင်နေတာ အခု ၆ ပိုင်းရှိပြီ။ ကျန်နေတဲ့ ၄ ပိုင်းကိုပြင်ဆင်ပြီးပြန်တင်ပေးပြီးတာနဲ့ အဆုံးထိ ပြီးတဲ့အထိ ဖြည်းဖြည်းချင်းဘာသာပြန်သွားမှာပါ။

ပြောချင်တာကတော့ Pa Zhang ကိုယ်တိုင်ရေးခဲ့တဲ့ ဒီစာအုပ်လေးက ကိုယ့်ဘဝအတွက်အရမ်းကိုအရေးပါခဲ့တယ်။ အဆိုးရွားဆုံးအခြေအနေမှာ ပြန်ထဖို့ တွဲလက်ဖြစ်ခဲ့တယ်။
ဖတ်သူတိုင်း စိတ်ဓာတ်ခွန်အားတွေရပြီး ဘဝအတွက် နည်းနည်းလေးဖြစ်ဖြစ် အထောက်အကူဖြစ်မှာအမှန်ပါပဲ။
နောက်တစ်ချက်က Zhang Yi Xing ဟာ ဘယ်လို idol မျိုးလဲဆိုတာ။ စိတ်ဓာတ်ပြည့်ဝလှပလွန်းတဲ့ Pa Zhang ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ မိသားစု အသိုင်းအဝိုင်းအကြောင်း၊ ငယ်ငယ်ထဲက ပါခဲ့တဲ့ ပါရမီတွေလေ့ကျင့်မှုတွေကြောင့် ဒီနေ့မှာ ဘယ်လိုပြည့်ဝတဲ့ idol ဖြစ်နေတယ်ဆိုတာလေးတွေ။
နောက်ဆုံးကတော့ သူများနိုင်ငံမှာ လာကြိုးစားရတဲ့ လူမျိုးခြား တစ်ဦးရဲ့ ခက်ခဲပင်ပန်းမှုတွေ၊ အဲ့ဒါတွေကြားထဲက ရုန်းထခဲ့ပုံတွေ၊ EXO ရဲ့ တဦးတည်းသော Chinese member အဖြစ်ခံစားချက်တချို့တွေ။

အဲ့ဒါလေးတွေဖတ်ရရင် ဘဝအတွက် ခွန်အားတွေအများကြီးရမှာဖြစ်သလို
Zhang YiXingဆိုတဲ့လူသားကိုပိုပြီးလေးစားမြတ်နိုးလာမှာအမှန်ပါပဲ။

ခဏခဏ မထုတ်ပြောဖြစ်ရင်သာနေမယ်။
Pa Zhangက ကိုယ်သိပ်ကိုလေးစားရတဲ့လူတဦးပါ။
လူတစ်ယောက်ရဲ့ အောင်မြင်မှုကိုပဲလူတွေကမြင်ကြတယ်။
အဲ့နောက်က ခက်ခဲပင်ပန်းရတာတွေကို စာနာပေးကြတဲ့လူတွေကတော့ တကယ်ရှားတယ်တဲ့။
သူ့အကြောင်းတွေ သူ့စိတ်ဓာတ်တွေကိုသိလာရလေလေ Pa Zhang ကိုလေးစားချစ်ခင်လာရလေလေပါပဲ။

အခုသူ့မွေးနေ့အမှီ ဒီစာအုပ်လေးကို ပြန် publish ပြီး ပြန်မိတ်ဆက်ပေးလိုက်ပါတယ်။

Happy Birthday Pa 🎂
ချစ်ရသူတွေနဲ့အတူတူ နှစ်တွေအကြာကြီးထိ အောင်မြင်မှုတနင့်တပိုးတွေနဲ့ ပျော်ရွှင်နေနိုင်ပါစေ။

#7thOct2018

Continue Reading

You'll Also Like

7.8M 408K 99
Non fiction BL මට පෙන්නන්න බැරි දේවල් තමයි වැඩියෙන්ම ඕනේ.
53.7K 6.7K 49
නුඹෙන් මං... විඳිමි හැඟුමන්... මා හද නිවාලනා ! ❤️
149K 17.7K 35
දුරස් වන්නට හිතන හැම විට තවත් ලන්වෙනවා... මතක නැතිකර ගන්න සිතුවිට සිතේ රජ වෙනවා....❤️😓❤️
6 1 1
විස්වාස කරනවද.. ආත්ම සහකරුවෝ🤍