SQUARE [Rated]

By Eri_Ivy

268K 18.5K 957

If you are falling in love Hope you will suffer ^အခ်စ္အားခံစားျခင္း^ Mature !!! ☑️Unicode [error မစစ်ဆေးရသေး] More

Intro
《1》
《2》
《3》
《4》
《5》
《6》
《7》
《8》
《9》
《10》
《11》
《12》
《13》
《14》
《15》
《16》
《17》
《18》
《19》
《20》
《21》
《22》
《23》
《24》
《25》
《26》
《28》
《29》
《30》
《31》
《32》
《33》
《34》
《35》
《36》
《37》
《38》
《39》Final!
Ending~
Extra
Bye Bye
Hello~
Preorder

《27》

4.5K 378 21
By Eri_Ivy

ကောင်ကင်ကြီးတွင်လမင်းကြီးသည် လင်းလက်သောကြယ်ပွင့်လေးများနှင့်ပျော်ပါးကာ ထိန်ထိန်သာနေ၏။

လရောင်တို့ ဖြာကျလျက်ရှိသော အခန်းထဲ၌ ခေါင်းအုံးအဖြူလေးကို တင်းနေအောင်ဖက်ကာ ကွေးကွေးလေးအိပ်ပျော်နေရှာသော လူသားတစ်ဦး။

ယခင်အချိန်များတုန်းက လှန်တင်ထားခဲ့သော ဆံနွယ်အညိုရောင်လေးသည် ယခုတွင်တော့ နဖူးပြင်၌တစ်စိုးတစ်စ ဖြာကျလို့နေ၏။

ယခင်က အနည်းငယ် ပြည့်ပြည့်ဖောင်းဖောင်းလေးရှိသော ပါးချိုင့်နက်နက်နှင့် ပါးပြင်
လေးသည် ယခုများတွင်တော့ ချောင်ကျလျက်။

တစ်ချိန်တစ်ခါက လွန်စွာမှတည်ငြိမ်၍ အငြိုးကြီးတက်လွန်းသောထိုလူသားသည် ယခုတွင်တော့ တစ်ယောက်သောသူမှလွဲ၍ ဘာမှမသိရှာသော ကလေးငယ်သာသာပင်။

ဘေးနားက ဆေးဘူးပေါင်းများစွာနှင့် ရေကယရးလေးတင်ထားသော စားပွဲလေးဘေးတွင် ဖီးနစ်ငှက်ပုံဆွဲကြိုးလေးအား ဝါကျင့်ကျင့် ဒိုင်ယာရီစာအုပ်လေးနဲ့အတူ ညှပ်တင်ထား၏။

ငြိမ်သက်နေသောအခန်းလေးအား တံခါးလေးအသာ ဟကြည့်ကာ သက်ပြင်းခပ်တိုးတိုးချကာ ထွက်သွားသော Yixing။

တစ်နှစ်ပြည့်ခဲ့ပြီ။

ပျောက်သွားသောသူသည်လဲ ရှာ၍မတွေ့ခဲ့သလို ကျန်ရှိနေခဲ့သောသူသည်လဲ ပုံမှန်စိတ်မဟုတ်ခဲ့တော့ချေ။

ဒဏ်ခတ်တာ တော်သင့်ပြီမဟုတ်ဘူးလား ဘုရားသခင်ဟုသာ အော်ဟစ်၍ အပြစ်တင်မိချင်ပါ၏။

ဝဋ်ရှိသမျှကြေပါစေ သားငယ်~

နေ့တာတိုပြီး ညတာရှည်လှသည့် ဆောင်းအခါသမယသည် မနက်ခင်းနေမင်းကြီးအား စောစီးစွာ တွေ့ရဖို့ လွန်စွာပင် ခဲယဉ်းလှ၏။

မနက်ခုနှစ်နာရီပင်ရှိသော်ငြား နေမင်းကြီးသည် ကိုယ်လုံးကိုယ်ဝါပင်မပြသေးပေ။

အလင်းရောင်များဖြန့်ကျက်ကာ တိုးဝှေ့နေသော်ငြား စူးရှခြင်းအလျှင်းကင်းမဲ့လျက်။

တစ်ဖြည်းဖြည်းနဲ့လှုပ်ရှားကာ ပွင့်အာလာသော မျက်ခွံမို့မို့သည် အားနည်းနေသယောင်။

ရင်ခွင်ထဲမှဖက်ထားသော ခေါင်းအုံးဖြူလေးအား ပို၍တိုးဖက်လိုက်၏။

"မောနင်းပါ ကလေး"

ဩရှရှအသံသည် နိုးခါစမို့ ခက်အက်အက်ဖြစ်နေသော်ငြား ဆွဲဆောင်မှု့အလွန်ရှိလှ၏။

"မျက်တောင်တိုတိုစိပ်စိပ်လေး~
ပြီးတော့ ပန်းနုရောင်ပါးမို့မို့လေး~
ဟောဒီက အချိုမြိန်ဆုံးသော ချယ်ရီရောင် နှုတ်ခမ်းပါလေး~

ဟိဟိ ကိုယ့်ကလေးက အိပ်နေတာတောင် အတော်ချစ်ဖို့ကောင်းတာပဲကွာ"

တစ်ကယ်တော့ရင်ခွင်ထက်မှာ အဖြူရောင် ခေါင်းအုံးလေးသာ။

လှုပ်ခတ်နေသောမျက်တောင်လေး။

"ဟိတ်!! လူဆိုးလေး နိုးနေရက်သားနဲ့ မထဘူးဟုတ်လား"

*ခိခိ*

"ဟော လှောင်တယ်ပေါ့ ဟုတ်လား"

*ဟားဟား ယားတယ်လို့*

"ကြောက်ပြီလားပြော"

*ဟင့်အင်း!!! မလာနဲ့ မလာနဲ့ဆို!!! "

မျက်ဝန်းနီရဲရဲကြီးနဲ့ကိုယ့်ကိုမကြည့်ပါနဲ့ကလေးရာ။

"ကလေး...ကလေး ဟင့်အင်းမသွားရဘူး ပြန်လာခဲ့ပါ ပြန်လာခဲ့ပါဆို အား!!!!!!!"

အော်ဟစ်သံတွေကြောင့် Yixing အခန်းတံခါးကို သော့အပိုတစ်ချောင်းကိုင်ကာ ပြေးဖွင့်မိပါ၏။

"Channie..."

"အား!!!!"

နီညိုရောင်ကောဇောထက်၌ နားနှစ်ဖက်ပိတ်ကာ အသံကုန်အော်ဟစ်နေသော Chanyeol ။

"သားငယ် "

ပွေ့ဖက်ကာ ချုပ်ထားလိုက်မိပါ၏။

"မခေါ်သွားပါနဲ့နော် Hyunee ကို ကျွန်တော့်စီပြန်ပေးခဲ့ပါနော် မခေါ်သွားပါနဲ့လို့"

"သားရယ်"

ရင်ခွင်ထဲအား ဆွဲဖက်ကာ ကျောပြင်လေးအားအသာပွတ်သပ်ပေးလိုက်တော့ တစ်ရှုံ့ရှုံ့ဖြင့်ရှိုက်ငိုလေ၏။

လဲလျောင်းကာ အော်ဟစ်ခဲ့သည့် နံဘေးတွင်တော့ hyunee လေးဟုထင်မှတ်နေသော ခေါင်းအုံးဖြူဖြူလေးမှအပ မည်သည်မျှမရှိခဲ့ပါချေ။

"ဟင့် hyunee အင့်!"

"အင်းပါ သားငယ်ရယ် hyunee လေးက သားစီပြန်လာမှာပါ"

"သားမဆိုးတော့ဘူးလို့ပြောပေးနော်"

"အင်းပါ လေးငယ်ပြောပေးပါ့မယ်"

"သားအိပ်မက်ထဲကလို သွေးတွေထွက်အောင် မရိုက်တော့ဘူးနော်"

"အင်းပါ"

"သား....သားစီကို ညတိုင်းလာတယ်....မနက်ရောက်ရင် မျက်လုံးနီကြီးတွေနဲ့ကြည့်ပြီး သူထွက်ပြေးသွားတာ"

"သားငယ် ထမင်းစားရအောင်လေနော် လာ ထ"

"Hyunee ရော အတူစားမှာလား"

"စားမှာပေါ့သားရဲ့ "

"Hyunee လေးကို သားတွန်းလိုက်လို့လဲသွားတယ် ဦးဦးက ချီခဲ့ပေးပါနော်"

"အင်းပါ လေးငယ် ချီလာခဲ့ပေးမယ်နော် လာ အခုတော့ မျက်နှာသွားသစ်ရအောင်"

ကလေးငယ်လေးတစ်ယောက်လို Yixing ဆွဲခေါ်ရာ၌ ပါသွားခဲ့လေသည်။

"ဖီးနစ်ငှက်လေးရေ..."

အိပ်ခန်းထောင့်တွင် ဒူးလေးကျုံ့ပြီးထိုင်ကာ ဆွဲကြိုးလေးအား ရင်ဘတ်နားတွင် လက်ဖြင့်စုပ်ကိုင်လျက်။

"Hyunee ကလေ ငါ့အနားမှာရှိနေခဲ့တာ"

"ငါသိတာပေါ့ သူရဲ့နွေးထွေးမှု့တွေကို ငါခံစားနေရတာ"

"ဖီးနစ်ငှက်လေးရေ....ငါ့ဆုတောင်းတွေကိုဖြည့်ပေးပါလားကွာ"

"ငါ သူ့ကိုအရမ်းလွမ်းနေတာ...."

"မင်းခေါ်ခဲ့ပေးလို့မရဘူးလားကွာ ဟင်"

"ငါ ဝမ်းနည်းပြီး အထီးကျန်ဆန်တဲ့ အချိန်တိုင်း ငါ့ဘေးမှာအမြဲရှိနေပေးတဲ့မင်းက ငါ့ကို ကူညီပေးလို့မရဘူးလားဟင်"

လက်တွင်ဆုပ်ကိုင်ထားသော ဆွဲကြိုးလေး၏ နောက်ကျောတွင် BBH ဟူသော ထွင်းစာလေးအား အကြင်သူမမြင်ခဲ့ပါချေ။

□□□□□□□□□□□□□□

နှစ်ဟောင်းကုန်လို့ နှစ်သစ်တို့ကူးပြောင်းစပြုလေပြီ။

ဆောင်းရာသီမှ နွေဦးသို့ကူးပြောင်းချိန်တွင် လောကဝန်းကျင်၌ ပန်းသွေးကြွယ်သော ချယ်ရီတို့က တင့်တယ်စွာ နေရာယူထားလျက်။

အအေးဓာတ်ခံကျန်ရှိနေသည်မို့ လမ်းမထက် သွားလာလှုပ်ရှားနေသော လူအချို့၏ ခန္ဓာပေါ်တွင် အအေးဒဏ်ကာကွယ်သည့် အကာကွယ်များဖြင့် အပြည့်ပင်။

ရေနွေးငွေ့လွှတ်ထားသော အခန်းလေးသည်တော့ ငြိမ်သက်လျှက်ပင်။

မျက်နှာချင်းဆိုင်ရှိထောင့်ကျကျအခန်းလေးမှာတော့ ပိုင်ရှင်ပျောက်ရှသွားသည်မှာ ၂ နှစ်ပင် ပြည့်ခဲ့လေသည်။

အခန်းတွင်းအနွေးဓာတ်ရှိသော်ငြား အပေါ်ထပ်အနွေးထည်ပါးပါးအားဝတ်ဆင်ထားကာ ဝရံတာဘက်သို့ငေးကြည့်နေသော လူသားလေး။

၂ နှစ်အတောအတွင်း ပြင်ပလေနှင့် ထိတွေ့ခြင်းမရှိခဲ့လေသော ထိုလူသားသည် ပင်ကိုယ်ထက်ပင် အသားအရည်များ ဖွေးစွတ်လာကာ ခန္ဓာကိုယ်မှာပိန်ချုံးသွားသည့်ဟန်။

ခပ်တင်းတင်းစေ့ထားသော နှုတ်ခမ်းဖူးဖူးသည် အနည်းငယ်ခြောက်ကပ်လျက်။

ထိုနှုတ်ခမ်းမှ စကားများ မခြွေခဲ့သည်မှာ တစ်နှစ်နီးပါးပင်။

လူတစ်ယောက်က ၂ နှစ်ဆိုသော အချိန်ကာလအတွင်းမှာ အတော်ပင်ပြောင်းလဲစေနိုင်ခဲ့လေသည်။

Continue Reading

You'll Also Like

830K 24.5K 49
When college student Lily Evans pulls a prank on Dr. Vincenzo Genesis, America's most successful, richest, and youngest doctor, she has no idea what'...
1.7K 220 7
ကိုယ်က ‌အနာဂတ်ခေါင်းဆောင်ဆိုပေမယ့် မင်းက ကိုယ့်အနာဂတ်ကို ဦးဆောင်ပေးမဲ့ အရှင်ဘုရင်လေး။
19.7K 253 29
The Tokyo Kingdom. Filled with the filth of Orcs, Demon, and monsters. Taimanin and UFS were against them and the so call vampire Black Edwin, but UF...
620K 14K 41
In wich a one night stand turns out to be a lot more than that.