SQUARE [Rated]

By Eri_Ivy

268K 18.5K 957

If you are falling in love Hope you will suffer ^အခ်စ္အားခံစားျခင္း^ Mature !!! ☑️Unicode [error မစစ်ဆေးရသေး] More

Intro
《1》
《2》
《3》
《4》
《5》
《6》
《7》
《8》
《9》
《10》
《11》
《12》
《13》
《14》
《15》
《16》
《17》
《18》
《19》
《21》
《22》
《23》
《24》
《25》
《26》
《27》
《28》
《29》
《30》
《31》
《32》
《33》
《34》
《35》
《36》
《37》
《38》
《39》Final!
Ending~
Extra
Bye Bye
Hello~
Preorder

《20》

5.8K 487 20
By Eri_Ivy

^Hyunee လေးလာ ရင်းရင်း နဲ့ ရေခဲမုန့်သွားစားရအောင်^

^ရင်းရင်း Xingnee ရော^

^Hyunee လေးက Xingnee အတွက်ကောဝယ်ခဲ့ပေးနော် Xingnee က ဒီနားလေးကနေစောင့်နေပေးမယ်^

^ဟုတ်ကဲ့ Xingnee^

^လာ hyunee လေး လက်ကိုသေသေချာချာတွဲထားနော်^

^ဟုတ်!^

အာ့!!!

^ရင်းရင်း...hyunee နာ..နာရယ်^

မှောင်ကျသွားသောပတ်ဝန်းကျင်။

နောက်ဆုံးတွေ့လိုက်ရသည်က နီနီရဲရဲတွေကြားထဲက ရင်းရင်း။

အင့်..ကြောက်တယ် ရင်းရင်း ထားမသွားပါနဲ့ ရင်းရင်း အင့် ရင်းရင်း hyunee ကြောက်တယ်။

"Baekhyunee...Baekhyunee hyung ခေါ်နေတယ်လေ Baekhyunee"

မျက်ဝန်းထဲသို့ အလုအယက်ဝင်လာသော အလင်းရောင်တို့ကြောင့် မျက်တောင်အားခတ်လိုက်၏။

"ဘာလို့လဲဟင် ဘယ်နေရာအဆင်မပြေဖြစ်လို့လဲ hyung ကိုပြောလေ"

ကျောအားမှီစေလျက် ရေတစ်ခွက်အား ကမ်းလင့်သောသူ။

အပေါ်ပိုင်းဗလာဖြင့် ဖြစ်နေသည်မို့ လက်ရှိအခြေအနေအားပြန်လည်စဉ်းစားလိုက်ရ၏။

အားအင်များကိုအသုံးချသည့် ခရီးတစ်ခုအား နှင်ထားခဲ့သည်ပဲ။

ကိုယ်တွင်ကပ်မနေသော အင်္ကျီတို့အားညွှန်ပြမိပါ၏။

"ကိုယ် အင်္ကျီဝတ်မလို့ထလာတာ မင်းလေးက အိပ်မက်ဆိုးတွေမက်နေတယ်ထင်လို့ နှိုးလိုက်တာ ပြန်အိပ်ဦးလေ"

ခေါင်းရမ်းပြလေတော့

"တစ်ခုခုစားတော့မလား ကိုယ်ပြင်ပေးမယ်လေ"

ခေါင်းငြိမ့်ပြသည်လား ခေါင်းခါပြသည်လား ကျွန်တော်မသိတော့ပေ။

"ရေနွေးလေးနဲ့ စိမ်လိုက်လေ လန်းသွားအောင်လို့ "

သူသည် ဝတ်ပြီးသွားသော ရှပ်အင်္ကျီအား လက်ခေါက်တင်ကာပြောလေ၏။

"ပြီးရင် ဆင်းလာခဲ့နော် ကိုယ်အောက်မှာစောင့်နေမယ်"

ထွက်သွားသောသူ့အားကြည့်ကာ ရေချိုးခန်းထဲသို့ဝင်ခဲ့၏။

ရေငွေ့ရိုက်နေသောမှန်တွင်ပေါ်နေသော ကိုယ့်ပုံအားကြည့်ကာပြုံးမိပါ၏။

အနီရောင်ဆေးစက်တွေကို မြတ်နိုးတယ်။

ခါးထက်က တက်တူးသည်လဲ ထင်းနေ၏။

ကျေနပ်သောအပြုံးတို့အားဖန်တီးကာ ရေနွေးကန်ထဲသို့ နာရီအတော်ကြာအောင်စိမ်နေမိ၏။

မုန်လာဥနီအား ပါးပါးလှီးကာ salad ပေါ်တွင်တင်လိုက်၏။

ထို့အတူ မီးအပူပေးထားသောအသားပေါ်သို့ အဖြူရောင်ဝိုင်တို့အားလောင်းချလိုက်လျှင်ပင် ကျယ်လောင်သောအသံနှင့်အတူ ဆွဲဆောင်မှု့ရှိသော အနံလေးထွက်လာ၏။

ကြော်ထားသောအာလူးချောင်းများအား ဆီစစ်ကာ အပေါ်မှ ဆားနှင့် ငရုပ်ကောင်းတို့အား နှံ့အောင်ဖြူးလိုက်၏။

သခွားသီးအား ယူမည်ဟု လက်က ကိုင်လိုက်ပြီးမှ ပြန်ချလိုက်၏။

သူလေးမှ သခွားသီးမစားတာ။

ငယ်ငယ်တုန်းက သခွားသီးအား ထမင်းပန်းကန်ထဲ ထည့်ပေးစဉ်က အသည်းယားဖို့ကောင်းစွာ ငိုသွားခဲ့သည်ကို မျက်လုံးထဲတွင် ပြန်မြင်ယောင်လာသည်။

ကလေးဆိုးလေး~

အသုံးမလိုဘူးဆိုသောခေါင်းစဉ်အောက်အား သွင်း၍ သခွားသီးအား အမှိုက်ပုံးထဲ ထည့်လိုက်သည်။

အရွက်ကလေးအုပ်ကာဖြင့် အပြီးသတ်လိုက်သော ဟင်းပွဲ။

သူလေးအားရှိနေစေဖို့ရာ porterhouse steak လေး၊ french fries ရယ် salad ရယ် ပြီးတော့ အနီရောင် နှစ်ချို့ ဝိုင်လေး။

ပြည့်စုံသည်ဟု ကိုယ့်စိတ်ထဲတွင် အမှတ်အပြည့်ပေးလိုက်၏။

သူလေးလဲ ကြိုက်ကောင်းပါရဲ့။

ကိုယ့်အတွေးနဲ့ကိုယ်သာ တွေးရင်း ပြုံးနေမိတော့သည်။

□□□□□□□□□□□

"မင်္ဂလာပါ Zang Yixing shi"

"ဟုတ်ကဲ့မင်္ဂလာပါ ခင်ဗျာ့"

လက်ကမ်း၍နှုတ်ဆက်လာလေသော အသားဖြူဖြူနှင့်အမျိုးသားတစ်ဦး။

"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က ရှေ့နေ Kim Jun myeon ပါ"

"ဟုတ်ကဲ့ ထိုင်ပါခင်ဗျ အေးဆေးဆွေးနေတာပေါ့"

"အခုအမှု့က ဖခင်အရင်းဖြစ်သူက သားကို ပြန်ပြီး အုပ်ထိန်းခွင့်ပြန်တောင်းတဲ့ကိစ္စနော်"

"ဟုတ်ပါတယ် မွေးစား မိဘ တွေဆီကနေ ပြန်ပြီး အုပ်ထိန်းခွင့်တောင်းရင် တရားခံနဲ့ တရားလို ဘယ်ဘက်က အားသာမှု့ရှိမလဲ ရှေ့နေ Kim "

"သေချာပေါက် တရားလိုဖြစ်တဲ့ ဖခင်အရင်းဘက်ကပေါ့ ဒါပေမယ့် အခြေအနေအရပ်ရပ်ရှိသေးတယ်"

"ဘယ်လိုအခြေအနေ အရပ်ရပ်လဲ ရှေ့နေKim shi"

"စွန့်ပစ်ခဲ့ပြီး အခုအချိန်မှ အုပ်ထိန်းခွင့်ပြန်တောင်းတဲ့အခါ စွန့်ပစ်ခဲ့တဲ့အချိန်တုန်းက ကိစ္စတွေကအစ ပြန်လိုက်ရပါတယ်။ စွန့်ပစ်မှု့က လုံလောက်တဲ့အထောက်အထား အကြောင်းပြချက်ပြနိုင်ရင်တော့ တစ်ဆင့်အောင်မြင်တာပေါ့"

"ခိုင်လုံတဲ့အကြောင်းအရင်း မရှိခဲ့ဘူးဆိုရင်ရော"

"သေချာပေါက် တရားခံဘက်က အားသာသွားမှာပါ"

"ပြီးတော့ ကာယကံရှင်ရဲ့ စိတ်ဆန္ဒသဘောက အရေးကြီးတာမို့ ကာယကံရှင်ကလဲ ပိုပြီးအရေးကြီးပါတယ်"

"ကာယကံရှင်ဘက်က ငြင်းဆန်ခဲ့ရင်ရော"

"တရားလိုဘက်က အမှု့ရှုံးနိုင်ချေရှိပါတယ် သေချာတဲ့အထောက်ထားအားလုံးကို တရားခံဘက်က ကိုင်ထားနိုင်ရင်ပေါ့"

"တစ်ခုရှိတာက ဖြောင့်ချက်ပေးမယ့် ကာယကံရှင်က တရားဥပဒေက သတ်မှတ်ထားတဲ့ အသက်အရွယ်ရှိနေဖို့တော့ အရေးကြီးပါတယ် အဲ့ဒါမှ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်က အကျုံးဝင်မှာပါ"

"အကယ်၍ ဆင့်ခေါ်စာရခဲ့ရင် တရားခံဘက်ကရှေ့နေအဖြစ် ရှေ့နေ Kim ကို ကျွန်တော်ငှားချင်ပါတယ်"

"ဟုတ်ကဲ့ ကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစား ဆောင်ရွက်ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် ရှေ့နေ Kim"

"ဒါနဲ့ ကလေးကဘယ်အရွယ်လဲမသိဘူး"

"ကလေးက ၂၀ ပါ"

" သားဖြစ်သူထင်တယ်အမှု့ကလေ"

Yixing ပါးချိုင့်လေးပေါ်အောင်ပြုံးလိုက်မိ၏။

"ကျွန်တော်က လူပျိုပါ"

"အာ စိတ်မရှိပါနဲ့နော်"

"ရပါတယ်ဗျာ ဒါနဲ့ရှေ့နေ Kim ရော ခရီးဦးကြိုပြုမယ့် အိမ်သူသက်ထားရှိနေပြီလား"

"စေ့စေ့စပ်စပ် နဲ့ အမြဲစကားများနေလို့ ယူမယ့်သူမရှိပါဘူးဗျာ ဟားဟား"

"ဒါဆိုလဲ သောက်ဖော်သောက်ဖက် မိတ်ဆွေတွေလုပ်ကြတာပေါ့ဗျာ ကျွန်တော် ရှေ့နေ Kim နဲ့ဆွေးနွေးရတာကို ကြိုက်တယ်"

"ဟုတ်ကဲ့ကျွန်တော် လက်ခံပါတယ်"

"ကော်ဖီတွေ အေးကုန်ပြီ သုံးဆောင်လိုက်ပါဦး ရှေ့နေကြီး"

"ဟုတ်ကဲ့"

□□□□□□□□□□□

"လေးငယ်"

"......"

"ဟုတ်တယ် ခဏနားဖို့ထွက်လာတာ"

"........"

"နှစ်ရက် သုံးရက်လောက်ပါပဲ"

"........."

"အမှု့ကိစ္စတွေ ဘာတွေ Baekhyunee ကိုအသိမပေးချင်ဘူး"

"........."

"လေးငယ် ကောင်းသလို စီစဉ်လိုက်ပါ"

"........."

"သူလာတောင်းလဲ ကျွန်တော်ပြန်မထည့်ပေးနိုင်ဘူးဆိုတာ သိမှာပါ"

".........."

"အဆုံးထိ သွားကြတာပေါ့ လေးငယ်"

"........"

"အေးဆေး နားပါ​လေးငယ် "

ဖုန်းကိုကြည့်ကာ သက်ပြင်းမောချလိုက်သော Chanyeol။

ဘေးဘီကို ကြည့်ကာ ထိုနေရာမှထွက်ခွာသွား၏။

သို့သော် နံရံနောက်က ကောင်လေးကိုတော့မမြင်လိုက်ပါချေ။

Continue Reading

You'll Also Like

2.3K 102 39
This is a mix of an diary and a story. It is about me seeing my crush, and how stupid I act around him. If you can relate, or just want to laugh then...
626K 14.1K 41
In wich a one night stand turns out to be a lot more than that.
2.3M 117K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
1.1M 46.5K 52
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...