Don't Far Away ✅

By _KimAlice_

98.3K 9.4K 363

Main Cast - Kim Taehyung X OC Genre - Paranormal , Romance ( မူရင်းစာရေးဆရာကြီးဒေဝတာ​၏ "လူခြောက်" စာအုပ်မှ ဇ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 19
Part 20
FINAL

Part 18

3.4K 424 25
By _KimAlice_

                 *Zaw Gyi*

Oppa ေပ်ာက္သြားတာ တစ္ပတ္ပင္ျပည့္ခဲ့ေလၿပီ။
Yoon သည္ Oppa ေပ်ာက္သြားကတည္းက တစ္ပတ္လံုးလံုး တစ္ရက္မွ အိပ္ေကာင္းစားေကာင္းမရွိခဲ့ပါ။
ေန႔တိုင္း အိမ္မွာသာ ငိုေနမိလ်က္ ဘုရားေရွ႕ Oppa အႏၲရာယ္ကင္းပါေစ ဟု ဆုေတာင္းေပးရံုကလြဲ၍ Oppa အတြက္ ဘာမွမလုပ္ေပးႏိုင္ခဲ့သည့္ ကိုယ့္ကိုယ္ကို Yoon အရမ္းမုန္းမိသည္။

မိုးရာသီေတာင္ ကုန္စျပဳလို႔ ေဆာင္းဦးရာသီ စတင္ေနၿပီဆိုသည္ကို ျခံအျပင္ဘက္၌ က်ေနေသာ ႏွင္းစက္ႏွင္းပြင့္ကေလးမ်ားက သက္ေသျပေနေလသည္။
Yoon ေလ ႏွင္းက်တာကို Oppa နဲ႔အတူတူ ၾကည့္ဖူးခ်င္ခဲ့တာ။

မနက္အေစာႀကီး ျခံထဲသို႔ Yoon တစ္ေယာက္တည္း စိတ္ေျပလက္ေပ်ာက္ ထြက္လာခဲ့သည္။ မနက္ေစာေစာစီးစီး ပိန္းပိတ္ေအာင္ က်ေနသည့္ ျမဴႏွင္းတို႔က အခ်မ္းဓာတ္ကိုေတာ့ ေပးစြမ္းသည္။ သို႔ေသာ္ ပတ္ဝန္းက်င္က ဘယ္ေလာက္ပဲ ေအးခ်မ္းေနပါေစ၊ Yoon ၏စိတ္တို႔က မေအးခ်မ္းႏိုင္ေပ။

ေလာကႀကီးက မတရားလိုက္တာ။
Oppa နဲ႔ Yoon ဟာ ဘာအျပစ္ေတြမ်ား ရွိခဲ့လို႔ ဒီလို ႀကီးမားတဲ့ အျပစ္ဒဏ္ႀကီးကို ခံစားေနရပါလိမ့္။

Yoon ေန႔တိုင္းလိုလို ဆုေတာင္းေနသည္မွာ Oppa နဲ႔ Yoon ရဲ႕သစၥာတရား မွန္ကန္ပါက ျပန္ဆံုရပါေစ ဟူ၍...။

" Yoon..."

ုျခံထဲ၌ တစ္ေယာက္တည္း ကိုယ့္အေတြးႏွင့္ကိုယ္ ျဖစ္ေနစဥ္ အေနာက္ဘက္ဆီမွ Yoon နာမည္ေခၚသံ ယဲ့ယဲ့ေလးကို ၾကားလိုက္ရေလသည္။
မနက္ေလးနာရီေလာက္ ျခံထဲ၌ တစ္ေယာက္တည္းရွိေနခ်ိန္ မထင္မွတ္ထားဘဲ ကိုယ့္နာမည္ေခၚသံကို ၾကားလိုက္ရသည္မို႔ Yoon အနည္းငယ္ေတာ့ ေၾကာင္သြားမိသည္။
အေနာက္ကို လွည့္ၾကည့္ေတာ့ ဘယ္သူမွမရွိ။
Yoon ကိုယ့္ဟာကိုယ္ စိတ္နဲ႔လူနဲ႔မကပ္ဘဲ နားၾကားမွားတာ ျဖစ္ပါလိမ့္မည္။

" Yoon..."

ဒုတိယအႀကိမ္။ ေသေသခ်ာခ်ာကို ၾကားလိုက္ရသည္မို႔ နားၾကားမွားေနသည္မွာ မျဖစ္ႏိုင္ေတာ့။
ဘာလို႔ Oppa အသံနဲ႔ ဒီေလာက္တူေနရတာလဲ။

မဟုတ္မွလြဲေရာ Oppa မ်ား...။
မျဖစ္ႏိုင္တာ။
သို႔ေပမယ့္....
ျဖစ္ပါေစ ဟု အံႀကိတ္ဆုေတာင္းကာ အသံလာရာ ျခံထဲရွိပန္းရံုဘက္ဆီသို႔ Yoon ၏ေျခေထာက္တို႔က ဦးတည္သြားေနေလၿပီ။

Yoon တို႔အျဖစ္ကို မၾကည့္ရက္လို႔ ကံၾကမၼာက မ်က္ႏွာသာ ေပးခဲ့သည္လား။

ႏွင္းစက္မ်ားၾကားထဲက တျဖည္းျဖည္းနဲ႔ တိုးထြက္လာသည့္ Yoon ခ်စ္ရေသာသူ။

" Op...Oppa..."

ဟုတ္တယ္၊ သူ မွ သူ အစစ္ပဲ။
Oppa အဝတ္အစားမ်ားမွာ ေပ်ာက္သြားခဲ့သည့္ေန႔က အတိုင္းပင္။ ေပါင္ဒါ အေမႊးနံ႔ေလးလည္း ယခင္ကလို သင္းမေနေတာ့ေပ။
Oppa ရယ္...ဘယ္လို ဒုကၡေတြကို ခံခဲ့ရတာလဲဟင္။ အဲဒီ လူယုတ္မာ မိသားစုကို Yoon ရင္ထဲမွ အႀကိမ္ႀကိမ္ က်ိန္ဆဲရင္းႏွင့္ပင္ Oppa ေရွ႕သို႔တိုးသြားမိသည္။

~

ေနာက္ဆံုးေတာ့ သူခ်စ္ရတဲ့ သူမ ဆီကို ျပန္လာႏိုင္ခဲ့ေလၿပီ။
သူမ နာမည္ေလးကို ေခၚလိုက္ေတာ့ လွည့္ၾကည့္လာတဲ့ အဲ့ဒီ မ်က္ႏွာေလး။
သူ အရမ္းေတြ႕ခ်င္ေနခဲ့တဲ့ မ်က္ႏွာေလး။

" Op...Oppa.."

Yoon သူ႔ကို ျမင္သြားၿပီထင္သည္။
Yoon ၏မ်က္ႏွာထက္ အံ့ၾသမႈ၊ လြမ္းဆြတ္မႈတို႔ႏွင့္ အတူ က်လာသည့္ မ်က္ရည္စေလးမ်ားကို ေတြ႕ေတာ့ သူလည္း ထပ္တူ မ်က္ရည္က်လာမိသည္။

ခ်က္ခ်င္းပင္ Yoon ဆီေျပးသြားကာ သူမ ခႏၶာကိုယ္ ေသးေသးေလးကို ရင္ခြင္ထဲ တင္းက်ပ္ေနေအာင္ ထည့္ထားလိုက္သည္။
လြမ္းေနခဲ့တာ...အဲ့ဒီ ကိုယ္အေႏြးဓာတ္ေလးကို။

Yoon ကို ဖက္လိုက္ေတာ့ သူ႔ႏွာေခါင္းနား ပူးကပ္ယွက္ႏြယ္လာသည့္ သူမရဲ႕ဆံႏြယ္စမ်ားၾကားက ရနံ႔သင္းသင္းေလး။

" ကိုယ္ အရမ္းလြမ္းေနခဲ့တာ.."

တစ္ေယာက္နဲ႔တစ္ေယာက္ တင္းက်ပ္စြာ မလႊတ္တမ္း ေပြ႕ဖက္ထားခဲ့ၿပီးေနာက္ ခႏၶာကိုယ္ႏွစ္ခုအား တစ္ခဏခြာၿပီး Yoon ပါးျပင္ႏွစ္ဖက္ကို သူ႔လက္ေလးျဖင့္ အုပ္ကိုင္၍ လြမ္းဆြတ္ခဲ့ရသည့္ မ်က္ႏွာေလးအား သူ စိုက္ၾကည့္လိုက္မိသည္။
မေတြ႕ရသည့္ အေတာအတြင္း Yoon မ်က္ႏွာေလး ေတာ္ေတာ္ေခ်ာင္က်သြားခဲ့သည္။ သူေပ်ာက္သြားၿပီးေနာက္ပိုင္း Yoon ညဘက္ေတြအိပ္မေပ်ာ္ခဲ့ဘူးဆိုတာ သူမရဲ႕ မည္းညိဳေနေသာ ေအာက္မ်က္ခမ္းသားတို႔က ေျပာျပေနသည္။
ကိုယ့္ကိုကိုယ္ ဘာလို႔ႏွိပ္စက္ရတာလဲ Yoon ရယ္။

" Op..Oppa ျပန္လာတယ္ေနာ္...Oppa ရယ္ Yoon ေလ Oppa ကို ဘယ္ေတာ့မွထပ္မေတြ႕ရေတာ့ ဘူးလို႔ ထင္ခဲ့မိတာ...Oppa ဘာမွမျဖစ္ဘူးမလားဟင္ "

သူ႔အား စိုးရိမ္တႀကီးနဲ႔ေမးေနတဲ့ Yoon ကို ျပံဳးျပလိုက္ၿပီး

" ကိုယ္ဘာမွမျဖစ္ပါဘူး Yoon ရယ္...Yoon က ကိုယ့္အတြက္ အခ်ိန္တိုင္း ဆုေတာင္းေပးေနေတာ့ ကိုယ္ အႏၲရာယ္ ကင္းတာေပါ့...ကိုယ့္ကို စိတ္မပူနဲ႔ေတာ့ေနာ္..."

" Oppa ဘယ္ေရာက္သြားတာလဲဟင္... Oppa ကို ဟိုလူယုတ္မာေတြ ခိုးသြားတာမလား၊ ဘာလို႔ အိပ္မက္မေပးတာလဲ Oppa ရယ္..Yoon တို႔ Oppa ကိုရွာလိုက္ရတာ နည္းမ်ိဳးစံုနဲ႔၊ အန္တီ့ခမ်ာလည္း ေန႔တိုင္းငိုေနရွာတာ.."

" ကိုယ္ ဘယ္လိုမွ ဆက္သြယ္လို႔မရလို႔ေပါ့ Yoon ရယ္...သူတို႔က ေအာက္လမ္းဆရာေခၚၿပီး ကိုယ့္ကို စီရင္ထားၾကတာ၊အခု ကိုယ့္အစြမ္းေတြ နိမ့္က်ကုန္ၿပီ၊ ဒါ့ေၾကာင့္ Yoon တို႔ကို ဆက္သြယ္လို႔မရေတာ့တာ..."

" Yoon အရမ္းစိတ္ပူခဲ့ရတာ Oppa ရယ္... ဘာမွမျဖစ္လို႔ ေတာ္ေသးတာေပါ့..အန္တီတို႔သာ သိရင္ အရမ္းဝမ္းသာမွာ.. အန္တီေရ..အန္ကယ္...
Seokjin Oppa..ေမေမေရာ အားလံုးလာထြက္ၾကည့္ၾကပါဦး.. Oppa ျပန္ေရာက္လာၿပီ...."

Yoon က ေပ်ာ္ရႊင္စြာနဲ႔ပဲ တစ္အိမ္သားလံုးကို ျခံထဲဆင္းလာဖို႔ ေအာ္ေခၚေနေလရဲ႕။
Yoon အသံကိုၾကားေတာ့ အကုန္လံုးက ေျပးထြက္လာၾကၿပီး သူ႔ကို ျမင္ေတာ့ ေတာ္ေတာ့္ကို ဝမ္းသာသြားၾကပံုရသည္။

" ဟယ္...သားငယ္ ျပန္လာၿပီ...မေသေကာင္း မေပ်ာက္ေကာင္း..သားရယ္...သား ဘာမွမျဖစ္ဘူးေပါ့ေနာ္..အေမ ဝမ္းသာလိုက္တာကြယ္.."

" ငါ့သား အေဖတို႔ဆီျပန္လာမယ္ဆိုတာ အေဖသိတာေပါ့ကြာ.."

" သား Taehyung ေလး...ဘာမွမျဖစ္လို႔ေတာ္ေသးတာေပါ့ကြယ္.."

အန္တီ Eun Hwa မ်က္ႏွာမွာလည္း ဝမ္းသာေနေသာ ပံုရိပ္တို႔ႏွင့္။

ဘာစကားမွမေျပာဘဲ တစ္ခ်ိန္လံုး တိတ္ဆိတ္ေနသည့္ သူ၏အစ္ကိုေတာ္ဘက္ လွမ္းၾကည့္ေတာ့ မ်က္ရည္မ်ားဝိုင္းလ်က္ သူ႔ကို စိုက္ၾကည့္ေနေလသည္။

" Hyung....ညီ ေတာင္းပန္..."

သူ႔စကားပင္ မဆံုးလိုက္၊
Seokjin Hyung သည္ သူ႔ဆီသို႔ ေျခလွမ္းႀကဲႀကီးမ်ားႏွင့္ ေလွ်ာက္လာၿပီး သူ႔အား သိုင္းဖက္လာေလသည္။

" ဘာမွမျဖစ္ဘဲ ျပန္လာေပးလို႔ ေက်းဇူးတင္ပါတယ္ Taehyung..."

သူ၏ပုခံုးထက္က စိုစြတ္မႈေၾကာင့္ သူ၏ခ်စ္လွစြာေသာ အစ္ကို ငိုေနၿပီဆိုတာ သိလိုက္ေလၿပီ။

" Hyung ကလည္း မငိုပါနဲ႔ဗ်ာ...ညီ ဘာမွမျဖစ္ေတာ့ပါဘူး..."

Hyung က သူ႔ကို ဖက္ထားရာမွ ျပန္လႊတ္လိုက္ၿပီး ျပံဳးျပလာေလသည္။

" Oppa...လာေလ..အိမ္ထဲ ဝင္ၾကရေအာင္..အျပင္မွာ ေအးတယ္..."

Yoon ဆီက စကားသံကို ၾကားေတာ့ သူ ဘာမွျပန္မေျဖမိ။ သူျပန္ေရာက္လာၿပီဆိုေသာ အသိေၾကာင့္ အားလံုးရဲ႕မ်က္ႏွာေတြက ဝင္းပေနၾကေလသည္။ သူခ်စ္ရသည့္ ထိုလူေတြအား သူဘယ္လို အင္အားနဲ႔ အဲ့ဒီ အေၾကာင္းကို ေျပာထြက္ရက္ပါ့မလဲ။ သူအားလံုးကို ေနာက္ဆံုးနႈတ္ဆက္ဖို႔အတြက္ ျပန္ေရာက္လာတယ္ ဆိုတဲ့အေၾကာင္းကိုေပါ့။

" Oppa...ဘာေတြ စဥ္းစားေနတာလဲ...အိမ္ထဲ ဝင္မယ္ေလ..လာ.."

" Yoon..."

သူမက ျပံဳးၿပီးေမာ့ၾကည့္လာေလသည္။

" အားလံုးကို သား ေျပာစရာရွိတယ္..."

" ေျပာေလ သားရဲ႕..."

အားလံုးရဲ႕အၾကည့္တို႔က သူ႔ဆီမွာ။ သူေျပာလာမည့္ စကားကို ျပံဳးရင္း နားစြင့္ေနၾကေလသည္။ သူ ထိုစကားကို ေျပာၿပီးရင္လည္း အားလံုးကို ယခုကဲ့သို႔ပင္ ျပံဳးေနေစခ်င္သည္မွာ အမွန္ပင္။

" သား ျပန္သြားရေတာ့မယ္...အခု မျပန္ခင္ ေမေမတို႔ကို သားေတြ႕ခ်င္လို႔ အေရာက္ျပန္လာၿပီး လာနႈတ္ဆက္တာပါ..."

" ဘာ..." " ဘယ္လို.."

သူ႔စကားဆံုးေတာ့ အားလံုးဆီမွ စိုးရိမ္ထိတ္လန္႔ျခင္းမ်ားႏွင့္အတူ အံ့ၾသသြားေသာ အာေမဋိတ္သံတို႔က ဆက္တိုက္ ထြက္ေပၚလာေလသည္။ ေစာေစာက မ်က္ႏွာေပၚရွိ အျပံဳးေတြကေတာ့ ယုတ္ခ်ည္းဆိုသလို ေပ်ာက္ကြယ္သြားၾကေလၿပီ ျဖစ္သည္။

" သားငယ္... ဘာေတြေျပာေနတာလဲ...ေမေမ နားမလည္ေတာ့ဘူး..."

" Oppa ဘာေတြ ေျပာေနတာလဲဟင္..."

" အားလံုး ေသခ်ာနားေထာင္ပါ၊ အခု သား အရင္လို အစြမ္းေတြ မရွိေတာ့ဘူး...သားကို သူတို႔ ဘုန္းနိမ့္ေအာင္ စီရင္ထားၾကတယ္...ဒုကၡေတြလည္း ေပးၾကတယ္၊ သားလည္း ကိုယ့္ကိုကိုယ္ ကာကြယ္ဖို႔အတြက္ သူတို႔ကိုတံု႔ျပန္ခဲ့မိတယ္၊ ဒါ့ေၾကာင့္ သားမွာ အကုသိုလ္ေတြ ပြားခဲ့ရတယ္၊ အဲ့ဒီ အကုသိုလ္ေတြေၾကာင့္ သား ဒီဘဝနဲ႔ ဆက္ေနလို႔မရေတာ့ဘူး..."

" သား ဘာေတြေျပာေနတာလဲ...ဟင့္အင္း ဟင့္အင္း..ေမေမ ခြင့္မျပဳႏိုင္ဘူး..သား ဘယ္မွမသြားရဘူး...သားကို ေမေမ မခြဲႏိုင္ဘူး သားရဲ႕...ေမေမ ေတာင္းပန္ပါတယ္..ေမ့ေမ့ကို ထားၿပီးထြက္မသြားပါနဲ႔ေနာ္... သားေနာ္ "

ေမေမက သူ႔အား ေတာင္းေတာင္းပန္ပန္ႏွင့္ ထြက္မသြားရန္ ေျပာေနေလသည္။

" ေမေမရယ္...သား ေျပာတာဆံုးေအာင္ နားေထာင္ပါဦး...သား အခု ဒီဘဝက ဝဋ္ကၽြတ္သြားတာ ေမေမရဲ႕...သားေလ..ေမေမတို႔နဲ႔ ဘဝခ်င္းတူေတာ့မွာ...သားတို႔ အထက္က လူႀကီးေတြက သားကိုေျပာတယ္...သားက ဒီဝိညာဥ္ဘဝ တစ္ေလွ်ာက္လံုးမွာ မေကာင္းတာလုပ္တာ မရွိခဲ့ဘူးတဲ့...အဲ့ဒါေၾကာင့္ေလ သားရဲ႕ ေနာက္ဘဝက လူသားအျဖစ္နဲ႔ ဆက္ရွင္သန္ရမယ္တဲ့..."

" ဒါေပမယ့္ သားရယ္...သားက အခုထြက္သြားၿပီး လူဘဝျဖစ္ရင္ ေမေမတို႔ကို မမွတ္မိေတာ့ဘူးဆို ဘယ္လိုလုပ္မလဲ..."

" အဲ့လို မျဖစ္ပါဘူး ေမေမရဲ႕...သားက ဘဝသာ ေျပာင္းသြားတာ..ေမေမရဲ႕ သားအျဖစ္နဲ႔ပဲ ရွိေနမွာ...
သား အခ်ိန္အတိုင္းအတာ တစ္ခုအထိ ၿပီးရင္ ေမေမတို႔ဆီ ေသခ်ာေပါက္ ျပန္လာခဲ့မယ္...အဲ့ေတာ့ သားတို႔အခန္း ဗီ႐ိုထဲမွာ ပစၥည္းေတြရွိတယ္...ေလးပံု,ပံုၿပီး တစ္ပံုကို အလွဴအတန္းလုပ္ေပးပါ..က်န္တဲ့ သံုးပံုကို ေဖေဖရယ္၊ေမေမရယ္၊ Yoon ရယ္ အားလံုး ခြဲယူလိုက္ၾကပါ..."

" အမယ္ေလး သားငယ္ရယ္....ေမေမတို႔မွာ ဒါေတြမလိုပါဘူး...အခု ေမေမတို႔ ခ်မ္းသာႂကြယ္ဝသမွ်ကလည္း ငါ့သား ေပးခဲ့တာခ်ည္းပါပဲ...သားေလးကိုသာ ေမေမ မခြဲႏိုင္တာပါကြယ္..."

" ဟုတ္ပါတယ္ Oppa ရယ္...Yoon လည္း အဲ့ဒီ ဥစၥာပစၥည္းေတြကို မက္လို႔ Oppa ကို ယူခဲ့တာ မဟုတ္ပါဘူး...Yoon တို႔ကို ထားမသြားပါနဲ႔ေနာ္ "

မ်က္ရည္မ်ား စီးက်ေနရာမွ အားယူကာ တစ္လံုးခ်င္း ေျပာေနေသာ Yoon မ်က္ႏွာေလးကို ၾကည့္ၿပီး ကိုယ္ကိုယ္တိုင္လည္း ငိုခ်င္စိတ္ကို ထိန္းကာ အကုန္လံုးကို ျပန္ႏွစ္သိမ့္မိသည္။

" အားလံုးပဲ...သားကို မ်က္ရည္ေတြနဲ ့မနႈတ္ဆက္ၾကပါနဲ႔လား...အျပံဳးေတြနဲ႔ ႏႈတ္ဆက္ေပးၾကပါေနာ္...သား ျပန္လာခဲ့မွာပါ.."

အားလံုးသည္ေတာ့ ရင္ထဲ ယူက်ံဳးမရျဖစ္ေနရတာကို ဇြတ္အတင္းထိန္းခ်ဳပ္လ်က္ သူ႔ဆႏၵျပည့္ဝေအာင္ မခ်ိဳျပံဳးကို ျပံဳးၾကရေလသည္။

သူဟာေတာ့ အကုန္လံုးနဲ႔ တျဖည္းျဖည္းခ်င္း ေဝးကြာသြားၿပီျဖစ္သည္။

" Oppa...Yoon ဆီျပန္လာခဲ့ေပးပါ..."

ေနာက္ဆံုးအႀကိမ္အျဖစ္ Yoon က သူ႔ဆီေျပးလာၿပီး သူမ လက္ေလးႏွင့္ တင္းက်ပ္စြာ ဖက္ထားကာ ေျပာလာေလသည္။

" စိတ္ခ်...Yoon..ကိုယ္ ေသခ်ာေပါက္ မင္းဆီ ျပန္လာခဲ့မယ္...ဒါ့ေၾကာင့္မို႔ ကိုယ့္ကိုဘဲ ေစာင့္ေနေပးပါ..."

ေျပာၿပီးၿပီးခ်င္း သူမ ႏွဖူးျပင္ထက္ သူ႔နႈတ္ခမ္းကို ဖြဖြေလး ဖိကပ္လိုက္ကာ အေႏြးေထြးဆံုး အနမ္းတစ္ခုကို ႏႈတ္ဆက္လက္ေဆာင္အျဖစ္ ေပးမိသည္။

" အရမ္းခ်စ္တယ္...ကေလး.."

သူ႔ခႏၶာကိုယ္မွာ အျဖဴေရာင္ မီးခိုးေငြ႕မ်ားအျဖစ္ ေျပာင္းလဲကာ ျမဴေတြႏွင့္ေရာေထြးၿပီး တျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္သြားေတာ့သည္။

ေနာက္ဆံုးစကားအျဖစ္ အရမ္းခ်စ္တယ္ ကေလး ဟု တိုးညႇင္းစြာ ေျပာသြားခဲ့ေသာ သူ႔ကို Yoon သည္လည္း ရင္ႏွင့္နင့္ေအာင္ အရမ္းကို ခ်စ္ခဲ့ရပါသည္......။

To be continued......

( 22.5.18 )
#Kim_Alice
______________________________
*Unicode*

Oppa ပျောက်သွားတာ တစ်ပတ်ပင်ပြည့်ခဲ့လေပြီ။
Yoon သည် Oppa ပျောက်သွားကတည်းက တစ်ပတ်လုံးလုံး တစ်ရက်မှ အိပ်ကောင်းစားကောင်းမရှိခဲ့ပါ။
နေ့တိုင်း အိမ်မှာသာ ငိုနေမိလျက် ဘုရားရှေ့ Oppa အန္တရာယ်ကင်းပါစေ ဟု ဆုတောင်းပေးရုံကလွဲ၍ Oppa အတွက် ဘာမှမလုပ်ပေးနိုင်ခဲ့သည့် ကိုယ့်ကိုယ်ကို Yoon အရမ်းမုန်းမိသည်။

မိုးရာသီတောင် ကုန်စပြုလို့ ဆောင်းဦးရာသီ စတင်နေပြီဆိုသည်ကို ခြံအပြင်ဘက်၌ ကျနေသော နှင်းစက်နှင်းပွင့်ကလေးများက သက်သေပြနေလေသည်။
Yoon လေ နှင်းကျတာကို Oppa နဲ့အတူတူ ကြည့်ဖူးချင်ခဲ့တာ။

မနက်အစောကြီး ခြံထဲသို့ Yoon တစ်ယောက်တည်း စိတ်ပြေလက်ပျောက် ထွက်လာခဲ့သည်။ မနက်စောစောစီးစီး ပိန်းပိတ်အောင် ကျနေသည့် မြူနှင်းတို့က အချမ်းဓာတ်ကိုတော့ ပေးစွမ်းသည်။ သို့သော် ပတ်ဝန်းကျင်က ဘယ်လောက်ပဲ အေးချမ်းနေပါစေ၊ Yoon ၏စိတ်တို့က မအေးချမ်းနိုင်ပေ။

လောကကြီးက မတရားလိုက်တာ။
Oppa နဲ့ Yoon ဟာ ဘာအပြစ်တွေများ ရှိခဲ့လို့ ဒီလို ကြီးမားတဲ့ အပြစ်ဒဏ်ကြီးကို ခံစားနေရပါလိမ့်။

Yoon နေ့တိုင်းလိုလို ဆုတောင်းနေသည်မှာ Oppa နဲ့ Yoon ရဲ့သစ္စာတရား မှန်ကန်ပါက ပြန်ဆုံရပါစေ ဟူ၍...။

" Yoon..."

ုခြံထဲ၌ တစ်ယောက်တည်း ကိုယ့်အတွေးနှင့်ကိုယ် ဖြစ်နေစဉ် အနောက်ဘက်ဆီမှ Yoon နာမည်ခေါ်သံ ယဲ့ယဲ့လေးကို ကြားလိုက်ရလေသည်။
မနက်လေးနာရီလောက် ခြံထဲ၌ တစ်ယောက်တည်းရှိနေချိန် မထင်မှတ်ထားဘဲ ကိုယ့်နာမည်ခေါ်သံကို ကြားလိုက်ရသည်မို့ Yoon အနည်းငယ်တော့ ကြောင်သွားမိသည်။
အနောက်ကို လှည့်ကြည့်တော့ ဘယ်သူမှမရှိ။
Yoon ကိုယ့်ဟာကိုယ် စိတ်နဲ့လူနဲ့မကပ်ဘဲ နားကြားမှားတာ ဖြစ်ပါလိမ့်မည်။

" Yoon..."

ဒုတိယအကြိမ်။ သေသေချာချာကို ကြားလိုက်ရသည်မို့ နားကြားမှားနေသည်မှာ မဖြစ်နိုင်တော့။
ဘာလို့ Oppa အသံနဲ့ ဒီလောက်တူနေရတာလဲ။

မဟုတ်မှလွဲရော Oppa များ...။
မဖြစ်နိုင်တာ။
သို့ပေမယ့်....
ဖြစ်ပါစေ ဟု အံကြိတ်ဆုတောင်းကာ အသံလာရာ ခြံထဲရှိပန်းရုံဘက်ဆီသို့ Yoon ၏ခြေထောက်တို့က ဦးတည်သွားနေလေပြီ။

Yoon တို့အဖြစ်ကို မကြည့်ရက်လို့ ကံကြမ္မာက မျက်နှာသာ ပေးခဲ့သည်လား။

နှင်းစက်များကြားထဲက တဖြည်းဖြည်းနဲ့ တိုးထွက်လာသည့် Yoon ချစ်ရသောသူ။

" Op...Oppa..."

ဟုတ်တယ်၊ သူ မှ သူ အစစ်ပဲ။
Oppa အဝတ်အစားများမှာ ပျောက်သွားခဲ့သည့်နေ့က အတိုင်းပင်။ ပေါင်ဒါ အမွှေးနံ့လေးလည်း ယခင်ကလို သင်းမနေတော့ပေ။
Oppa ရယ်...ဘယ်လို ဒုက္ခတွေကို ခံခဲ့ရတာလဲဟင်။ အဲဒီ လူယုတ်မာ မိသားစုကို Yoon ရင်ထဲမှ အကြိမ်ကြိမ် ကျိန်ဆဲရင်းနှင့်ပင် Oppa ရှေ့သို့တိုးသွားမိသည်။

~

နောက်ဆုံးတော့ သူချစ်ရတဲ့ သူမ ဆီကို ပြန်လာနိုင်ခဲ့လေပြီ။
သူမ နာမည်လေးကို ခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့ အဲ့ဒီ မျက်နှာလေး။
သူ အရမ်းတွေ့ချင်နေခဲ့တဲ့ မျက်နှာလေး။

" Op...Oppa.."

Yoon သူ့ကို မြင်သွားပြီထင်သည်။
Yoon ၏မျက်နှာထက် အံ့သြမှု၊ လွမ်းဆွတ်မှုတို့နှင့် အတူ ကျလာသည့် မျက်ရည်စလေးများကို တွေ့တော့ သူလည်း ထပ်တူ မျက်ရည်ကျလာမိသည်။

ချက်ချင်းပင် Yoon ဆီပြေးသွားကာ သူမ ခန္ဓာကိုယ် သေးသေးလေးကို ရင်ခွင်ထဲ တင်းကျပ်နေအောင် ထည့်ထားလိုက်သည်။
လွမ်းနေခဲ့တာ...အဲ့ဒီ ကိုယ်အနွေးဓာတ်လေးကို။

Yoon ကို ဖက်လိုက်တော့ သူ့နှာခေါင်းနား ပူးကပ်ယှက်နွယ်လာသည့် သူမရဲ့ဆံနွယ်စများကြားက ရနံ့သင်းသင်းလေး။

" ကိုယ် အရမ်းလွမ်းနေခဲ့တာ.."

တစ်ယောက်နဲ့တစ်ယောက် တင်းကျပ်စွာ မလွှတ်တမ်း ပွေ့ဖက်ထားခဲ့ပြီးနောက် ခန္ဓာကိုယ်နှစ်ခုအား တစ်ခဏခွာပြီး Yoon ပါးပြင်နှစ်ဖက်ကို သူ့လက်လေးဖြင့် အုပ်ကိုင်၍ လွမ်းဆွတ်ခဲ့ရသည့် မျက်နှာလေးအား သူ စိုက်ကြည့်လိုက်မိသည်။
မတွေ့ရသည့် အတောအတွင်း Yoon မျက်နှာလေး တော်တော်ချောင်ကျသွားခဲ့သည်။ သူပျောက်သွားပြီးနောက်ပိုင်း Yoon ညဘက်တွေအိပ်မပျော်ခဲ့ဘူးဆိုတာ သူမရဲ့ မည်းညိုနေသော အောက်မျက်ခမ်းသားတို့က ပြောပြနေသည်။
ကိုယ့်ကိုကိုယ် ဘာလို့နှိပ်စက်ရတာလဲ Yoon ရယ်။

" Op..Oppa ပြန်လာတယ်နော်...Oppa ရယ် Yoon လေ Oppa ကို ဘယ်တော့မှထပ်မတွေ့ရတော့ ဘူးလို့ ထင်ခဲ့မိတာ...Oppa ဘာမှမဖြစ်ဘူးမလားဟင် "

သူ့အား စိုးရိမ်တကြီးနဲ့မေးနေတဲ့ Yoon ကို ပြုံးပြလိုက်ပြီး

" ကိုယ်ဘာမှမဖြစ်ပါဘူး Yoon ရယ်...Yoon က ကိုယ့်အတွက် အချိန်တိုင်း ဆုတောင်းပေးနေတော့ ကိုယ် အန္တရာယ် ကင်းတာပေါ့...ကိုယ့်ကို စိတ်မပူနဲ့တော့နော်..."

" Oppa ဘယ်ရောက်သွားတာလဲဟင်... Oppa ကို ဟိုလူယုတ်မာတွေ ခိုးသွားတာမလား၊ ဘာလို့ အိပ်မက်မပေးတာလဲ Oppa ရယ်..Yoon တို့ Oppa ကိုရှာလိုက်ရတာ နည်းမျိုးစုံနဲ့၊ အန်တီ့ခမျာလည်း နေ့တိုင်းငိုနေရှာတာ.."

" ကိုယ် ဘယ်လိုမှ ဆက်သွယ်လို့မရလို့ပေါ့ Yoon ရယ်...သူတို့က အောက်လမ်းဆရာခေါ်ပြီး ကိုယ့်ကို စီရင်ထားကြတာ၊အခု ကိုယ့်အစွမ်းတွေ နိမ့်ကျကုန်ပြီ၊ ဒါ့ကြောင့် Yoon တို့ကို ဆက်သွယ်လို့မရတော့တာ..."

" Yoon အရမ်းစိတ်ပူခဲ့ရတာ Oppa ရယ်... ဘာမှမဖြစ်လို့ တော်သေးတာပေါ့..အန်တီတို့သာ သိရင် အရမ်းဝမ်းသာမှာ.. အန်တီရေ..အန်ကယ်...
Seokjin Oppa..မေမေရော အားလုံးလာထွက်ကြည့်ကြပါဦး.. Oppa ပြန်ရောက်လာပြီ...."

Yoon က ပျော်ရွှင်စွာနဲ့ပဲ တစ်အိမ်သားလုံးကို ခြံထဲဆင်းလာဖို့ အော်ခေါ်နေလေရဲ့။
Yoon အသံကိုကြားတော့ အကုန်လုံးက ပြေးထွက်လာကြပြီး သူ့ကို မြင်တော့ တော်တော့်ကို ဝမ်းသာသွားကြပုံရသည်။

" ဟယ်...သားငယ် ပြန်လာပြီ...မသေကောင်း မပျောက်ကောင်း..သားရယ်...သား ဘာမှမဖြစ်ဘူးပေါ့နော်..အမေ ဝမ်းသာလိုက်တာကွယ်.."

" ငါ့သား အဖေတို့ဆီပြန်လာမယ်ဆိုတာ အဖေသိတာပေါ့ကွာ.."

" သား Taehyung လေး...ဘာမှမဖြစ်လို့တော်သေးတာပေါ့ကွယ်.."

အန်တီ Eun Hwa မျက်နှာမှာလည်း ဝမ်းသာနေသော ပုံရိပ်တို့နှင့်။

ဘာစကားမှမပြောဘဲ တစ်ချိန်လုံး တိတ်ဆိတ်နေသည့် သူ၏အစ်ကိုတော်ဘက် လှမ်းကြည့်တော့ မျက်ရည်များဝိုင်းလျက် သူ့ကို စိုက်ကြည့်နေလေသည်။

" Hyung....ညီ တောင်းပန်..."

သူ့စကားပင် မဆုံးလိုက်၊
Seokjin Hyung သည် သူ့ဆီသို့ ခြေလှမ်းကြဲကြီးများနှင့် လျှောက်လာပြီး သူ့အား သိုင်းဖက်လာလေသည်။

" ဘာမှမဖြစ်ဘဲ ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ် Taehyung..."

သူ၏ပုခုံးထက်က စိုစွတ်မှုကြောင့် သူ၏ချစ်လှစွာသော အစ်ကို ငိုနေပြီဆိုတာ သိလိုက်လေပြီ။

" Hyung ကလည်း မငိုပါနဲ့ဗျာ...ညီ ဘာမှမဖြစ်တော့ပါဘူး..."

Hyung က သူ့ကို ဖက်ထားရာမှ ပြန်လွှတ်လိုက်ပြီး ပြုံးပြလာလေသည်။

" Oppa...လာလေ..အိမ်ထဲ ဝင်ကြရအောင်..အပြင်မှာ အေးတယ်..."

Yoon ဆီက စကားသံကို ကြားတော့ သူ ဘာမှပြန်မဖြေမိ။ သူပြန်ရောက်လာပြီဆိုသော အသိကြောင့် အားလုံးရဲ့မျက်နှာတွေက ဝင်းပနေကြလေသည်။ သူချစ်ရသည့် ထိုလူတွေအား သူဘယ်လို အင်အားနဲ့ အဲ့ဒီ အကြောင်းကို ပြောထွက်ရက်ပါ့မလဲ။ သူအားလုံးကို နောက်ဆုံးနှုတ်ဆက်ဖို့အတွက် ပြန်ရောက်လာတယ် ဆိုတဲ့အကြောင်းကိုပေါ့။

" Oppa...ဘာတွေ စဉ်းစားနေတာလဲ...အိမ်ထဲ ဝင်မယ်လေ..လာ.."

" Yoon..."

သူမက ပြုံးပြီးမော့ကြည့်လာလေသည်။

" အားလုံးကို သား ပြောစရာရှိတယ်..."

" ပြောလေ သားရဲ့..."

အားလုံးရဲ့အကြည့်တို့က သူ့ဆီမှာ။ သူပြောလာမည့် စကားကို ပြုံးရင်း နားစွင့်နေကြလေသည်။ သူ ထိုစကားကို ပြောပြီးရင်လည်း အားလုံးကို ယခုကဲ့သို့ပင် ပြုံးနေစေချင်သည်မှာ အမှန်ပင်။

" သား ပြန်သွားရတော့မယ်...အခု မပြန်ခင် မေမေတို့ကို သားတွေ့ချင်လို့ အရောက်ပြန်လာပြီး လာနှုတ်ဆက်တာပါ..."

" ဘာ..." " ဘယ်လို.."

သူ့စကားဆုံးတော့ အားလုံးဆီမှ စိုးရိမ်ထိတ်လန့်ခြင်းများနှင့်အတူ အံ့သြသွားသော အာမေဋိတ်သံတို့က ဆက်တိုက် ထွက်ပေါ်လာလေသည်။ စောစောက မျက်နှာပေါ်ရှိ အပြုံးတွေကတော့ ယုတ်ချည်းဆိုသလို ပျောက်ကွယ်သွားကြလေပြီ ဖြစ်သည်။

" သားငယ်... ဘာတွေပြောနေတာလဲ...မေမေ နားမလည်တော့ဘူး..."

" Oppa ဘာတွေ ပြောနေတာလဲဟင်..."

" အားလုံး သေချာနားထောင်ပါ၊ အခု သား အရင်လို အစွမ်းတွေ မရှိတော့ဘူး...သားကို သူတို့ ဘုန်းနိမ့်အောင် စီရင်ထားကြတယ်...ဒုက္ခတွေလည်း ပေးကြတယ်၊ သားလည်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် သူတို့ကိုတုံ့ပြန်ခဲ့မိတယ်၊ ဒါ့ကြောင့် သားမှာ အကုသိုလ်တွေ ပွားခဲ့ရတယ်၊ အဲ့ဒီ အကုသိုလ်တွေကြောင့် သား ဒီဘဝနဲ့ ဆက်နေလို့မရတော့ဘူး..."

" သား ဘာတွေပြောနေတာလဲ...ဟင့်အင်း ဟင့်အင်း..မေမေ ခွင့်မပြုနိုင်ဘူး..သား ဘယ်မှမသွားရဘူး...သားကို မေမေ မခွဲနိုင်ဘူး သားရဲ့...မေမေ တောင်းပန်ပါတယ်..မေ့မေ့ကို ထားပြီးထွက်မသွားပါနဲ့နော်... သားနော် "

မေမေက သူ့အား တောင်းတောင်းပန်ပန်နှင့် ထွက်မသွားရန် ပြောနေလေသည်။

" မေမေရယ်...သား ပြောတာဆုံးအောင် နားထောင်ပါဦး...သား အခု ဒီဘဝက ဝဋ်ကျွတ်သွားတာ မေမေရဲ့...သားလေ..မေမေတို့နဲ့ ဘဝချင်းတူတော့မှာ...သားတို့ အထက်က လူကြီးတွေက သားကိုပြောတယ်...သားက ဒီဝိညာဉ်ဘဝ တစ်လျှောက်လုံးမှာ မကောင်းတာလုပ်တာ မရှိခဲ့ဘူးတဲ့...အဲ့ဒါကြောင့်လေ သားရဲ့ နောက်ဘဝက လူသားအဖြစ်နဲ့ ဆက်ရှင်သန်ရမယ်တဲ့..."

" ဒါပေမယ့် သားရယ်...သားက အခုထွက်သွားပြီး လူဘဝဖြစ်ရင် မေမေတို့ကို မမှတ်မိတော့ဘူးဆို ဘယ်လိုလုပ်မလဲ..."

" အဲ့လို မဖြစ်ပါဘူး မေမေရဲ့...သားက ဘဝသာ ပြောင်းသွားတာ..မေမေရဲ့ သားအဖြစ်နဲ့ပဲ ရှိနေမှာ...
သား အချိန်အတိုင်းအတာ တစ်ခုအထိ ပြီးရင် မေမေတို့ဆီ သေချာပေါက် ပြန်လာခဲ့မယ်...အဲ့တော့ သားတို့အခန်း ဗီရိုထဲမှာ ပစ္စည်းတွေရှိတယ်...လေးပုံ,ပုံပြီး တစ်ပုံကို အလှူအတန်းလုပ်ပေးပါ..ကျန်တဲ့ သုံးပုံကို ဖေဖေရယ်၊မေမေရယ်၊ Yoon ရယ် အားလုံး ခွဲယူလိုက်ကြပါ..."

" အမယ်လေး သားငယ်ရယ်....မေမေတို့မှာ ဒါတွေမလိုပါဘူး...အခု မေမေတို့ ချမ်းသာကြွယ်ဝသမျှကလည်း ငါ့သား ပေးခဲ့တာချည်းပါပဲ...သားလေးကိုသာ မေမေ မခွဲနိုင်တာပါကွယ်..."

" ဟုတ်ပါတယ် Oppa ရယ်...Yoon လည်း အဲ့ဒီ ဥစ္စာပစ္စည်းတွေကို မက်လို့ Oppa ကို ယူခဲ့တာ မဟုတ်ပါဘူး...Yoon တို့ကို ထားမသွားပါနဲ့နော် "

မျက်ရည်များ စီးကျနေရာမှ အားယူကာ တစ်လုံးချင်း ပြောနေသော Yoon မျက်နှာလေးကို ကြည့်ပြီး ကိုယ်ကိုယ်တိုင်လည်း ငိုချင်စိတ်ကို ထိန်းကာ အကုန်လုံးကို ပြန်နှစ်သိမ့်မိသည်။

" အားလုံးပဲ...သားကို မျက်ရည်တွေနဲ့ မနှုတ်ဆက်ကြပါနဲ့လား...အပြုံးတွေနဲ့ နှုတ်ဆက်ပေးကြပါနော်...သား ပြန်လာခဲ့မှာပါ.."

အားလုံးသည်တော့ ရင်ထဲ ယူကျုံးမရဖြစ်နေရတာကို ဇွတ်အတင်းထိန်းချုပ်လျက် သူ့ဆန္ဒပြည့်ဝအောင် မချိုပြုံးကို ပြုံးကြရလေသည်။

သူဟာတော့ အကုန်လုံးနဲ့ တဖြည်းဖြည်းချင်း ဝေးကွာသွားပြီဖြစ်သည်။

" Oppa...Yoon ဆီပြန်လာခဲ့ပေးပါ..."

နောက်ဆုံးအကြိမ်အဖြစ် Yoon က သူ့ဆီပြေးလာပြီး သူမ လက်လေးနှင့် တင်းကျပ်စွာ ဖက်ထားကာ ပြောလာလေသည်။

" စိတ်ချ...Yoon..ကိုယ် သေချာပေါက် မင်းဆီ ပြန်လာခဲ့မယ်...ဒါ့ကြောင့်မို့ ကိုယ့်ကိုဘဲ စောင့်နေပေးပါ..."

ပြောပြီးပြီးချင်း သူမ နှဖူးပြင်ထက် သူ့နှုတ်ခမ်းကို ဖွဖွလေး ဖိကပ်လိုက်ကာ အနွေးထွေးဆုံး အနမ်းတစ်ခုကို နှုတ်ဆက်လက်ဆောင်အဖြစ် ပေးမိသည်။

" အရမ်းချစ်တယ်...ကလေး.."

သူ့ခန္ဓာကိုယ်မှာ အဖြူရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲကာ မြူတွေနှင့်ရောထွေးပြီး တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

နောက်ဆုံးစကားအဖြစ် အရမ်းချစ်တယ် ကလေး ဟု တိုးညှင်းစွာ ပြောသွားခဲ့သော သူ့ကို Yoon သည်လည်း ရင်နှင့်နင့်အောင် အရမ်းကို ချစ်ခဲ့ရပါသည်......။

To be continued......

( 22.5.18 )
#Kim_Alice

Continue Reading

You'll Also Like

24.5K 3K 24
Main Cast - Kim Seokjin X OC Genre - Mystery , Drama { Zaw Gyi + Unicode } -Written in Burmese-
39.7K 3K 49
အရာရာကို ဦးနှောက်သုံးပြီးတွက်ချက်တတ်တဲ့ စီးပွားရေးသမား မင်းမဟာ။ ဝမ်းကွဲညီမတစ်ဦးရဲ့ကျန်းမာရေးအတွက် ဆွေမျိုးအချို့ရှိရာ ကျေးလက်တောရွာလေးကိုလိုက်ပို့တ...
46.3K 3.5K 15
BTS Fanfic starring: Jungkook, SUGA, Mirae (OC), BTS Genre: Romance, High School [Unicode] သက်ဆုံထိ မင်းကိုသာ Badboy လေး Jungkook တစ်ယောက် ရိုးရိုး...