MY VIP [Completed]

By Kwon_Ji_Howl

6.7K 377 287

#SKYDRAGON #GDRAGON #CL More

အပိုင်း (၁)
အပိုင်း(၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း (၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း (၁၂)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း(၂၂)
Final

အပိုင်း (၁၃)

113 14 1
By Kwon_Ji_Howl

"ခုချက်ချင်း သူ့ကို လာတွေ့ပါ" ဆိုသော Yang Boss ရဲ့  message ကို ရရချင်း သူ လုပ်လက်စ အလုပ်ကိုရပ်ပြီး အပေါ်ထပ်က Boss ရုံးခန်းဆီကို elevator နဲ့ တက်လာခဲ့သည်။

လူက Elevator ထဲ ရောက်နေပေမယ့် စိတ်က Boss ဆီရောက်နေသည်။

အကြောင်းမဲ့တော့ Papa က ရာဇသံ ပေးပြီး ချက်ချင်းလာခဲ့ဖို့ ခေါ်ခိုင်းမှာ မဟုတ် …

တစ်ခုခုတော့ ပြဿနာဖြစ်နေတာ သေချာသည်။

ပြဿနာမကြီးစေဖို့ပဲ သူဆုတောင်းသည်။

Elevator တံခါးပွင့်သွားတော့ သူလည်း Boss ရုံးခန်းရှိရာသို့ ခြေလှမ်းသွက်သွက်ဖြင့် သွားလိုက်သည်။

ရုံးခန်းတံခါးရှေ့ရောက်တော့ ခါးကိုမတ်မတ်ရပ် သက်ပျင်းရှည်တစ်ခုချပြီး အခန်းတံခါးကို ခေါက်လိုက်သည်။

~ဒေါက်~ဒေါက်~ဒေါက်~

သူတံခါးခေါက်လိုက်တော့ အထဲက Yang Bossရဲ့ အေးစက်စက် ခပ်မာမာ အသံကို ကြားရသည်။

"ဝင်ခဲ့…!!"

Boss ရဲ့ ခွင့်ပြုချက်ရပြီဆိုသည်နှင့် သူအခန်းတံခါးကို အသာဖွင့်ပြီး ဝင်ခဲ့သည်။

"Annyonghaseyo"

သူ Boss ကို ဂါဝရပြုပြီး နှုတ်ဆက်လိုက်တော့ Yang Boss က ထိုင်ဆိုသည့် သဘောမျိုးနဲ့ သူ့ရှေ့ခုံကို လက်ညိုးထိုးပြသည်။

သူလည်း ထိုခုံမှာ ဝင်ထိုင်လိုက်ပြီး

"Papa ဘာကိစ္စရှိလို့ ကျွန်တော့်ကို ခေါ်တာလဲ မသိ"

သူမေးလိုက်တော့ YHS က စားပွဲကို လက်နဲ့ခေါက်နေရင်း သူ့ကို ကြည့်ပြီး တည်တည်ငြိမ်ငြိမ်ပဲပြန်ပြောသည်။

"ကိစ္စ………ကိစ္စလား သိပ်ရှိတာပေါ့ ဒီမှာ ဒီစာအိတ်ကို ဖွင့်ကြည့်လိုက်"

သူ Boss ပစ်ပေးလိုက်တဲ့ စာအိတ်ကို ယူပြီးဖွင့်ကြည့်လိုက်တော့ ဓာတ်ပုံ 4 -5ပုံခန့် ထွက်လာသည်။

ပုံတွေကို တစ်ပုံပြီး တစ်ပုံ ကြည့်နေရင်း သူမျက်ခုံးနှစ်ဖက် တစ်ဖြေးဖြေးကျုံ့လာသည်။

"ဒီပုံတွေက ဘယ်လိုလုပ်ရောက်လာတာလဲ"

သူ Boss ကို မျက်လုံးပင့်ပြီး ကြည့်ရင်းမေးလိုက်တော့ Boss က တစ်ချက်ပြုံးလိုက်ရင်း

"ဒါတွေမေးမနေနဲ့တော့ Ji yong မင်းဂျပန်မှာ ရှုပ်ခဲ့တဲ့ ကိစ္စ ခု တစ်ကမ္ဘာလုံးကို ပုံတွေအကုန်ပျံ့ကုန်ပြီ "

"ကျွန်တော်မရှုပ်ခဲ့ဘူး ဒါတွေက…………"

သူခေတ္တစကားရပ်သွားပြီး ခဏလောက်နေမှပြန် ပြန်ဆက်ပြောသည်။

"ကျွန်တော်နဲ့သူ့ကိစ္စက ပြတ်သွားပြီ ပြန်ဆက်စရာ အကြောင်းမရှိတော့ဘူး ဒါတမင်သက်သက်…Huuu"

သူစကားကို ဆက်မပြောတော့ပဲ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

"ကျွန်တော်ဘာလုပ်ရမလဲ PAPA "

"ခုကိစ္စက Fan တွေကြားမှာလဲ ပွက်လောရိုက်ကုန်ပြီ မီဒီယာတွေကလည်း ဂယက်ထနေပြီ"

သူ့ဘက်က ဘာမှပြန်မပြောတော့ပဲ နှုတ်ဆိတ်နေသည်။

သူဘာမှပြန်မပြောတော့ Yang Boss အသံက ပို ကျယ်လောင်လာသည်။

" Ji Yong အောက်မှာ သတင်းထောက်တွေ ရောက်နေတယ် ငါဘာပြဿနာ ဘာအရှုပ်ထုပ်မှ မရှင်းချင်ဘူး မင်းသေချာကြည့်လုပ်လိုက်"

သူ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဒီပြဿနာကို ဘယ်လိုရှင်းရမလဲဆိုတာ ခေါင်းတစ်ခုလုံး ပေါက်ကွဲ ထွက်မတတ် စဉ်းစားနေမိသည်။

Yang Boss က သွားလို့ရပြီဟု ပြောတော့မှ သတိဝင်လာပြီး Boss ကို နှုတ်ဆက်ကာ ထိုနေရာမှ ထွက်လာခဲ့သည်။

"Ji Yong…"

တံခါးဝရောက်တော့ နောက်ကနေ Boss ရဲ့ ခေါ်သံ ကြားလိုက်သောကြောင့် လှမ်းလက်စ ခြေလှမ်းတွေ တုံ့ကနဲ့ ရပ်သွားသည်။

ဖြစ်နိုင်ရင် ဒီမွန်းကြပ်ဖွယ်ရာတွေ ပြည့်နှက်နေတဲ့ Yang Boss အခန်းထဲကနေ အမြန်ဆုံး ထွက်သွားချင်မိသည်။

စိတ်ညစ်စရာတွေ ပလူပျံနေတဲ့ အချိန်မှာ ထပ်ပြီး ဖိအားတွေ မပေးပါနဲ့တော့လား Yang Hyun Suk Hyong…

ရုတ်တရက် သူ့ပုခုံးကို လာထိသော Papa လက်ကြောင့် သူနောက်ကိုလှည့်ကြည့်လိုက်သည်။

"Ji Yong …မင်း စိတ်ကို အေးအေးထားပါ မင်း ဒီလိုလူစားမျိုးမဟုတ်ဘူးဆိုတာ Hyong ယုံတယ် ဒီတော့ မင်းလည်း အရွယ်ရောက်နေပြီပဲ ဖြေရှင်းနိုင်မှာပါ"

Yang boss စကားကြောင့် သူအနည်းငယ်တော့ စိတ်သက်သာရာရသွားသည်။

Boss ကို ပြုံးပြလိုက်ရင်း အခန်းပြင်ဘက်သို့ လေးလံသော ခြေလှမ်းများနှင့် ထွက်လာမိသည်။

YG building ကနေ ထွက်လိုက်တယ်ဆိုရင်ပဲ သတင်းသမားတွေက စီးလို့ကြိုနေသည်။

"G-Dragon shii…Nana komatsu နဲ့ ပြန်Date နေတယ်ဆိုတာဟုတ်ပါသလား"

"နှစ်ဦးစလုံးရဲ့  Relationship အခြေအနေကို ပြောပြလ်ု့ရမလား"

"တရားဝင်ပြတ်စဲပြီ ဆိုပြီး လုပ်ကြံဖန်တီးကြေညာထားတာလား …အစကတည်းက မပြတ်စဲသေးတာလား GD shii ကျေးဇူးပြုပြီးဖြေပေးပါ GD shii"

တစ်ယောက်တစ်ပေါက် အော်ဟစ်နေသော သတင်းထောက်များ ကြားမှ တိုးထွက်ရန် ခက်ခဲနေသောသူ့အား မန်နေဂျာ နဲ့ staff အချို့က လာကူညီပြီး အခြေအနေကို ထိန်းသိမ်းပေးသည်။
မန်နေဂျာအကူအညီဖြင့် သူကားထဲသို့ လျှောလျှောလျှူလျှူရောက်သွားသည်။

ကားထဲရောက်ပြီးမှ ရုတ်တရက် ကားတံခါးဖွင့်ကာ ပြန်ဆင်းလာသောသူ့ကို အထူးအဆန်းလိုကြည့်သည်။

သတင်းထောက်တွေက သူ့နားဝိုင်းအုံလာပြီး စောစောက မေးခွန်းတွေသာ အပ်ကြောင်းထပ် စိတ်ပျက်ဖွယ် ဆက်တိုက်မေးနေကြသည်။

"ကျွန်တော်နဲ့…NaNa Komatsu က ဘယ်လိုကိစ္စ ဘယ်လိုပက်သက်မှုမှ မရှိတော့ပါဘူး…အရင်တုန်းက ပြောခဲ့သလိုပဲ ကျွန်တော်နဲ့သူနဲ့က ရည်းစားအဖြစ်က တရားဝင်ပြတ်စဲထားတာပါ …ဒါပါပဲ"

သူပြောပြီးပြီးခြင်း ကားထဲသို့ ပြန်ဝင်လိုက်ပြီး ကားမှန်ကို ချပစ်လိုက်သည်။ ပြီးတော့ Driver ကို အိမ်သို့ အမြန်ရောက်အောင်မောင်းခိုင်းလိုက်သည်။

🚗🚗🚗
___________________________________

ဒီနေ့တစ်နေကုန် အိမ်ထဲက အိမ်ပြင်မထွက် သင်တန်းလည်း မသွား တစ်နေကုန်အခန်းအောင်းနေသော Chae ကို Mizy စိတ်ပူနေမိသည်။

သို့နှင့် အပေါ်ထပ်က Chae အခန်းဆီသို့ Minzy တက်သွားလိုက်သည်။

-ဒေါက်_ဒေါက်-

"သမီး Chae Lin တံခါးဖွင့်ပါဦး"

Mizy တံခါးခေါက်လိုက်တော့ Chae က အထဲကနေတံခါးဖွင့်ပေးသည်။

Chae မျက်လုံးလေးတွေ မို့အစ်ပြီး နီရဲနေသည်။

Minzy က Chae မျက်နှာကို သေချာစိုက်ကြည့်ပြီး

"ChaeLin  ငိုထားတာလား ဘာဖြစ်လို့လဲ"😳

Mizy ပြောတော့ Chae က သွားပေါ်အောင် ရယ်လိုက်ပြီး

"ah…မငိုပါဘူး သမီးက ဘာလို့ငိုရမှာလဲ ညက ဖုန်းသုံးတာများပြီး အိပ်ရေးပျက်သွားလို့" :')

အိပ်ရေးပျက်တာနဲ့ ငိုထားတဲ့ပုံက တခြားဆီ…ကျွန်မသိတာပေါ့ ကျွန်မကသူ့အမေပါ …ဒါပေမယ့် သူ့မှာ ကျွန်မကို မပြောပြချင်တဲ့ အကြောင်းအရာတစ်ခုခုရှိမှာသေချာသည်…သူမပြောပြချင်တဲ့အကြောင်းအရာကို ကျွန်မလည်း အတင်းမမေးချင်………

"Omma …Chae အိပ်လိုက်ဦးမယ်နော် ပင်ပန်းနေလို့"

"aww aa"

Mizy လည်း Chae ကို ဘာမှ ထပ်မမေးတော့ပဲ အခန်းရှေ့မှထွက်လာလိုက်သည်။

Mizy ထွက်သွားတော့ Chae အခန်းတံခါးပိတ် လော့ချလိုက်သည်။

ပြီးတော့ ကုတင်ပေါ် လှဲချလိုက်ပြီး ခေါင်းအုံးပေါ် မျက်နှာအပ်ကာ ထပ်ငိုနေလိုက်သည်။

သူ့ကြောင့် အသည်းကွဲတယ်ဆိုတာ Chae အတွက်တော့ ရိုးနေပြီ ဆိုပေမယ့်…

အရင်တုန်းက ကွဲခဲ့တဲ့အသည်းက မျှော်လင့်ချက်မရှိပဲ ကွဲခဲ့တာမို့ အနည်းငယ်ဖြေသာသေးသည်။

ခုတစ်ခါက သူ့အပေါ်မှာ မျှော်လင့်ချက်တွေ အများကြီးထားပြီး တစ်ယောက်ထဲ ယဉ်ခဲ့တဲ့ စိတ်ကူးအိပ်မက်တွေနဲ့ နှလုံးသားတစ်ခုလုံးကို ဓားနဲ့ထိုးခံလိုက်ရသလိုမျိုး…

အသက်ရှုလိုက်တိုင်း လက်ဝဲဘက်ရင်အုံက တစ်ဆစ်ဆစ်နာနေလို့ အသက်ရှုဖို့တောင် ဝန်လေးနေမိသည်။

ဖြစ်နိုင်ရင် ခုချိန်မှာ Chae သေသွားချင်မိသည်။

Chae သေပါရစေတော့…
💔

~Bang ya Bang ya Bang~

Ph မြည်သံကြောင့် သူမ ငိုတာရပ်လိုက်ပြီး ခေါင်းရင်းမှာ ထားတာတဲ့ Ph ကို ရှာနေမိသည်။

မျက်လုံးအိမ်တစ်ခုလုံး မျက်ရည်စတွေ ကာဆီးနေသောကြောင့် အမြင်က ဝိုးတဝါး…

ထို့ကြောင့် Phone ကို တော်တော်နှင့် ရှာမရ …

ခဏလောက်နေမှ ရှာတွေ့သည်။

" hello…Chae လား…ငါပါ Bom"

"omm…ပြောလေ" :')

"နင်သိပြီးပြီလား ဟိုသတင်း…GDလေ …"

"omm ငါသိပြီးပါပြီ" 😔

Bom စကားမဆုံးခင်မှာပင် chae စကားဖြတ်ပြောလိုက်သည်။

ဒီအကြောင်းတွေကို သူ့နားနဲ့ ထပ်မကြားချင်တော့။

Fb ကိုလည်း Log out ထားသည်။ တစ်နေကုန်လည်း OffLine လုပ်ထားသည်။

ဒီသတင်းတွေ တစ်ချိန်လုံးတက်နေတာကို မြင်နေရရင် Chae ရင်ဘတ်တစ်ခုလုံးပေါက်ကွဲသွားနိုင်သည်။

"Chae…ya…နင်ငိုနေတာလား နင့်အသံက.."

Bom က သူမကို စိတ်ပူပြီးမေးတော့ Chae အားတင်းပြီး ရယ်လိုက်သည်။

"ဟဟ..ငါအရင်တုန်းကလည်း သူDating new ထွက်တိုင်း ငိုနေကြပဲကို အထူးအဆန်းလုပ်လို့ ကမစုတ်"😂 😔

Chaeက ရယ်ရင်းပြောတော့ Bom က ဖုန်းထဲကနေ လှမ်းဆူသည်။

"အရူးမ…နင့်အကြောင်း ငါမသိဘူးများထင်နေလား ဟန်ဆောင်ပြီး ရယ်မနေနဲ့ …ကမစုတ်လေး မခံစားနိုင်ရင်လည်း ငါ့ကိုရင်ဖွင့်ပြီး အားရပါးရငိုပစ်လိုက်စမ်းပါဟာ…ဒါမှ နင်ခံစားရတာ သက်သာမှာ"

Chae ဘက်က ဘာသံမှ ထပ်မကြားရဘဲ တိတ်ဆိတ်နေတော့ Bom က ဆက်ပြောသည်။

"ငါလေ နင်ဒီလို ခံစားနေရတာကို မြင်ရင် G-Dragonကိုတောင် ဒေါသထွက်မိတယ် …Chae ya…ငါနင့်ဆီ လာခဲ့ရမလား…နင်အဆင်ပြေရဲ့လား"

"ဟင့်အင်း ရပါတယ် ငါတစ်ယောက်ထဲနေချင်လို့ ခဏလောက် အိပ်လိုက်ရင် သက်သာသွားမှာပါ ငါအိပ်တော့မယ် ဒါပဲနော် "

"aww aa 5ting ချစ် …ဒီသတင်းက တကယ်မဟုတ်လောက်ပါဘူး GD လည်း မဟုတ်ဘူးလို့ ငြင်းထားတာပဲ"

"omm ပါ သူမဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပေါ့ ငါယုံပါတယ်"

"ပုံတွေကလည်း လုပ်ကြံထားတာနေမှာပါ အိပ်လိုက်နော် နိုးရင် ငါ့ဖုန်းဆက်လိုက် ဟန် မြစ်ဘေး စိတ်ပြေလက်ပျောက်သွားထိုင်နေရအောင်"

"omm "

Chae ဖုန်းချလိုက်ပြီး call log ထဲက အထွက် message box ကို မှားနှိပ်မိပြီး ဝင်မိသွားသည်။

သူ message မပို့တာ 2ရက်တောင်ရှိပြီ… Chae က သူ့အတွက် ခဏတာ ကစားခဲ့တဲ့ အရုပ်လေးတစ်ရုပ်ပဲလား…

Oppa ရယ် ဘာကြောင့်များ Chae အပေါ်မှာ ရက်စက်နိုင်ခဲ့ရတာလဲ …Chae ကို ဘာကြောင့် မျှော်လင့်ချက်တွေပေးပြီး ရင်ခုန်စေခဲ့တာလဲဟင်

ပါးပြင်ပေါ် လိမ့်ဆင်းလာတဲ့ မျက်ရည်စက်ကို လက်ဖမိုးနဲ့ အသာသုတ်လိုက်ပြီး  မျက်လုံးကို ဇွတ်မှိတ်ကာ အိပ်ပျော်အောင် အိပ်ပစ်လိုက်သည်။

နိုးလာလျှင် အိပ်မက်ဖြစ်နေဖို့သာ Chae ဆုတောင်းရင်း……………🙏😔

_______________________________________

next ep ဧည့်သည်သရုပ်ဆောင်မင်းသမီး အသစ်ပါမယ်…ပြီးတော့ သေရွာပြန် မင်းသမီးလည်း ခဏပြန်ပါမယ်…

Next ep မှာ ပျော်ဖို့ကောင်းမှာပါ xD

ဒါပါဖဲ😝😝😝

Continue Reading

You'll Also Like

3.7M 237K 98
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.7M 17.3K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...
11.5M 297K 23
Alexander Vintalli is one of the most ruthless mafias of America. His name is feared all over America. The way people fear him and the way he has his...
10.8M 249K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...