Soulmate[KrisYeol]

Galing kay SKY627

50.6K 5.2K 311

ဖူးစာရေးနတ်ကကျွန်တော့်ကိုပြောတယ် Cupidပစ်တဲ့မြှားချက်နဲ့ကျွန်တော့်ရဲ့ကံကြမ္မာအရ ကျွန်တော့်ရဲ့ဖူးစာဖက်(soulmate... Higit pa

Chapter 1:ကျွန်တော်နှင့်Annie
Chapter 2 :ဂျင်းထည့်ခံအနမ်းတပွင့်
Chapter 3 : Unlucky Day
Chapter 4:ဆေးထိုးသွားသောမေတ္တာတုံးလေး
Chapter 5:အကြံကောင်းတော့တစ်ချက်
Chapter 6:အကြံကောင်းတော့တစ်ချက်
Chapter 7:ကမ္ဘာစစ်
Chapter 8:ကမ္ဘာစစ်
Chapter 9:ငါ့ဖူးစာရှင်ဘယ်သူလဲ
Chapter 10: မဖြစ်နိုင်ဘူး၊မယုံကြည်နိုင်ဘူး
Intermission
Chapter 11:ကျွန်တော်နှင့်Daffine
Chapter 12:လူမစွမ်းနတ်မ
Chapter 13:ချစ်ခြင်းအစသဝန်တိုခြင်းက
Chapter 14
Chapter 15:အချစ်ကိုသိချိန်
Chapter 16:အချစ်နှင့်အလွဲ
Chapter 17:အချစ်ပြိုင်ပွဲ
Chapter 18:Kris VS Chanyeol
Chapter 19: အနိုင်ရသူအချစ်ယူ
Chapter 20:အချစ်နေ့စွဲများ
Chapter 21:အချစ်နေ့စွဲများ
Chapter 22:အချစ်နေ့စွဲများ
Chapter 24:Final

Chapter 23

1.7K 174 12
Galing kay SKY627

စားပွဲပေါ်တင်ထားတဲ့ အစားအသောက်တွေကအစုံအလင်။ ဆူရှီ ဒါကကျွန်တော့်အကြိုက်...တူနဲ့ညှပ်ကာ စားလိုက်သည်။ နောက်ထပ် ကိတ်မုန့် ရေခဲမုန့်တွေကလည်း အလျှံအပယ်...

ကိစ္စမရှိ ဗိုက်ကဆံ့သေးသည်...စားလို့ရသေးသည်။

တူနဲ့ညှပ်စားလိုက်.. ရေခဲမုန့်လေးတစ်ဇွန်းမြည်းလိုက်...အင်း....ကောင်းတယ်...

ဒီမုန့်လေးကလည်းမဆိုး....အ..အားးး....

လက်ဖမိုးဆီက နာကျင်မှု..သွားနဲ့ကိုက်တာဆိုတော့ ရုတ်တရက်ယောင်ပြီး ထအော်ခြင်း

တရားခံကတော့..Kris ကို့ဘာသာအေးအေးလူလူမုန့်စားနေတာကို ဘာကိစ္စခွေးစိတ်ပေါက်တာတုန်း။

"Yarrr Kris ငါ့ကိုဘာလို့ကိုက်တာလဲ"

"အူယားလို့ပါကွာ"

"အူယားတိုင်းကိုက်စရာလား နာတယ်"

ဒါတောင် လွှတ်မပေးသေးဘူး။ လက်ချောင်းတွေကို တတိတိနဲ့ကိုက်နေသေးတာ။ မနာပေမဲ့ လူကယားတယ် ရိုးတိုးရွတနဲ့...

"Krisတော်တော့ မုန့်စားမှာဖြင့်မစားဘဲနဲ့"

ကျွန်တော်တို့နှစ်ယောက်လုံး ကျောင်းသားတွေ့ဆုံပွဲကိုရောက်နေကြခြင်းဖြစ်သည်။

ဒီပွဲမှာကျောင်းပြီးတည်းကမတွေ့ရတဲ့ သူငယ်ချင်းတွေကိုတစုတစည်းထဲ ပြန်မြင်ရသည့်အပြင်
ဆရာ ဆရာမတွေကိုလည်း ပြန်လည်နှုတ်ဆက်ခွင့်ရသည်။

ဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်း တသိုက်
Sehun Kai Baekhyunတို့က...တွေ့သမျှသူငယ်ချင်းတွေ လိုက်နှုတ်ဆက်ကာ...ပျော်ပါးနေချိန်..

ကျွန်တော်ကတော့ ကျွေးမွေးတဲ့ မုန့်တွေငမ်းကာထိုင်စားနေပြီး..Krisကတော့ ကျွန်တော့်နားကပ်ကာ...လက်ကိုက်နေသည်။

"မင်းတို့နှစ်ယောက်လုံး ဒီတိုင်းပဲထိုင်နေတော့မှာလား ထပြီးလိုက်နှုတ်ဆက်လေကွာ"

Sehunရောက်လာပြီး ပြောတော့မှ သတိရသည်။ ဟုတ်တာပဲ....ပွဲထဲရောက်နေပြီး ထိုင်ချည်းပဲနေလို့မဖြစ်...

"ဟိုကောင် Kris မင်းလည်းလက်လွှတ်တော့ မင်းတို့နှစ်ယောက်က အမြဲတမ်းတွေ့နေရတာ...
သူငယ်ချင်းတွေက အခုမှတွေ့ရတာ လာ ထ.."

ဒီလိုနဲ့ ထိုင်ရာမှထကာ လိုက်နှုတ်ဆက်ရပါတော့သည်။ သူငယ်ချင်းတွေ အကုန်လုံးက အလုပ်အကိုင် ကိုယ်စီနဲ့.... တစ်ချို့ဆို အိမ်ထောင်ပြုပြီးသွားကြပြီ။

အိမ်ထောင်ကျပြီလား...ကလေးဘယ်နှစ်ယောက်ရပြီလဲ ဘာညာ...ထိုမေးခွန်းများမေးလျှင်တော့ Sehun Kaiနဲ့ Baekhyunတို့မှာ မျက်နှာလွှဲသူကလွှဲ သွားဖြီးပြသူကဖြီးနှင့် တိုင်ပတ်ကုန်ကြသည်။

သူတို့သည် အခုချိန်ထိFA လူပျိုကြီးများဖြစ်နေသောကြောင့်ပင်....

သနားစရာ သူငယ်ချင်းလေးများ...အိမ်ထောင်ပြုကြတော့ ရည်းစားထားကြတော့ဆိုလျှင်...အချစ်စစ်ကိုမတွေ့သေးဘူး...အပူမရှာချင်ဘူးနဲ့

ဟောကြည့် အခုလိုအချိန်ကျ မျက်နှာငယ်ရပြီမဟုတ်ပါလား.....

"ဟိုကောင်တွေသနားပါတယ်ကွာ မျက်နှာလေးတွေကိုငယ်လို့ အစတည်းက ငါတို့လိုလက်ထပ်လိုက်ရင်ပြီးရဲ့သားနဲ့.."

"အေးလေ နေ့ရွှေ့ရက်ရွှေ့ ဟိုအကြောင်းပြ သည်အကြောင်းပြနဲ့.."

ဟုတ်ပါသည်။ ကျွန်တော်နှင့်Kris နှစ်ယောက်လုံး ကျောင်းပြီးတည်းက လက်ထပ်လိုက်ခြင်းဖြစ်ပါသည်။

လက်မထပ်ခင်စပ်ကြား တစ်နှစ်လောက်လည်း ခွဲနေလိုက်ရပါသည်။

Krisအမေက သဘောတူသော်လည်း...
သဘောမတူနိုင်သည့် ကျွန်တော့် Papaကြီးကြောင့်ပင်....

ဒါပေမဲ့ နောက်ဆုံးတော့လည်း သဘောတူလိုက်ရတာပါပဲ...ကျွန်တော်တို့နှစ်ယောက်ကို ဘယ်သူမှ မခွဲနိုင်တာ....

ဘာလို့ဆို ကျွန်တော်တို့က နတ်ဖက်တဲ့ဖူးစာလေ....

"ဆရာမXiu မင်္ဂလာပါ...ဆရာSuhoမင်္ဂလာပါ..
ဆရာChen မင်္ဂလာပါ..."

အမြဲတစေ သုံးယောက်ပူးတွဲတွေ့နေရတဲ့ ကျွန်တော်တို့ရဲ့ ဆရာသုံးယောက်....

"ငါ့တပည့်တွေတောင် ချောလာကြတာပဲ"

ဆရာChenက ဝမ်းသာအားရဆိုသည်။

"မင်းတို့တွေ အလုပ်အကိုင်အဆင်ပြေတယ်မလား"ဆရာSuho၏ အမေးစကားကို

"ဟုတ် ပြေပါတယ်" ကျွန်တော်တို့ငါးယောက်လုံး တညီတညွတ်တည်း ဖြေလိုက်သည်။

ဆရာမXiuကတော့

"Krisနဲ့Chanyeol အိမ်ထောင်ရေးအဆင်ပြေကြတယ်မလား"

"ဟုတ် ကျွန်တော်တို့က အဆင်ပြေပါတယ်...သာလည်းသာယာပါတယ်"

ချစ်တတ်လွန်းတဲ့Krisနဲ့ဂရုစိုက်တတ်လွန်းတဲ့ကျွန်တော်..
စတတ်လွန်းတဲ့Krisနဲ့စိတ်ဆိုးတတ်တဲ့ကျွန်တော်..
ချော့တတ်လွန်းတဲ့Krisနဲ့စိတ်ဆိုးပြေလွယ်တဲ့ကျွန်တော်...
နမ်းတတ်လွန်းတဲ့Krisနဲ့အကြင်နာပေးတတ်လွန်းတဲ့ကျွန်တော်..
အိမ်ထောင်ရေးက သာယာပါသည်။ တစ်ခါတလေ ရန်ဖြစ်တာကလွဲရင်ပေါ့...

"ဆရာတို့ရော ဘယ်တော့စားရမှာလဲ"

Baekhyunကတော့ ဆရာတို့တွေ့တိုင်းမေးသည့်စကား။ ဒီတစ်ခါလည်း အဖြေပြန်မရဘူးထင်ပါ့..ဆရာတို့က ဘာမှပြန်မဖြေဘူး။

"ဆရာမ Xiuကလည်း ဆရာChenနဲ့ဆရာ
Suho သနားပါတယ်.. မြန်မြန်အဖြေပြန်ပေးလိုက်ပါ"

"ဟဲ့ ငါကနှစ်ယောက်လုံးပေးရမှာလား"

ဆရာမ၏ ရှက်ရှက်နဲ့ဖြေသောစကားနောက်မှာတော့ ရယ်သံတွေကပ်ငြိပါလာသည်။

ဆရာတို့နှစ်ယောက်လုံးလူပျိုကြီးဖြစ်နေတဲ့ အကြောင်းရင်းမှာအဲ့ဒါပင်..သူမလျှော့ ငါမလျှော့ ပြိုင်လုရင်း ဘယ်သူနဲ့မှမရ။ အဲ့ဒီတော့ဆရာမXiuကလည်း အပျိုကြီးဖြစ်။

"Chan ဒါနဲ့လေ ငါမင်းအတွက်supriseလုပ်ထားတာ ရှိတယ် မင်းအရမ်းပျော်အောင်ငါလုပ်ပေးတာ

နောက်လဆို ငါတို့အိမ်ထောင်ကျတာ နှစ်နှစ်ပြည့်ပြီလေ..အဲ့တော့ခရီးသွားမလို့ကွသိလား ငါစီစဉ်ပြီးပြီ....

ခရီးကဘယ်သွားမှာလဲ သိရင်အရမ်းအံဩသွားမှာ သိလား မင်းကြိုက်တဲ့ ဂျပန်ကိုလေ

အဲ့ဒါမင်းကိုsupriseလုပ်မလို့"

ဂျပန်ခရီးစဉ်..ပျော်လိုက်တာသွားရတော့မယ်
မင်းကိုကျေးဇူးတင်လိုက်တာKrisရယ် ချစ်တာအဲ့ဒါတွေကြောင့်မို့..

"မင်းဟာက supriseလို့လည်းပြောသေး ဘာလို့ငါ့ကိုလာပြောနေတာလဲ"

"ဟီးး ဟုတ်သားပဲ ပြောချင်တာမနေနိုင်လွန်းလို့ပာကွာ ဘာဖြစ်ဖြစ်သဘောကျတယ်မလား"

"အင်း သဘောကျတယ် ဂျပန်ကငါအသွားချင်ဆုံးလေ Kris ပျော်လိုက်တာ မင်းကိုလည်းကျေးဇူးတင်တယ် ငါ့ရဲ့ထာဝရဂျပန်လေး"

"ဟုတ်လား ကျေးဇူးတင်ရင် အာဘွားပေး"

နှုတ်ခမ်းကြီးကိုထော်ပြီး ပါးကိုထိုးပေးနေတာ အတင်း..

"အဲ့တော့ ငါကဘယ်ကိုနမ်းရမှာလဲ ဟောဒီနှုတ်ခမ်းလား ဒီပါးကြီးလား"

"နှစ်ခုလုံးပေး စိတ်မဆိုးဘူး"

"သေလိုက်လေ ရွမနေနဲ့ ပွဲခင်းကြီးထဲမှာကို"

Kris ကျွန်တော့်မျက်စောင်းကိုလည်း မကြောက်တော့ဘူးထင်သည်။
ဟီး ဟီး ဟီးနဲ့သာ စွတ်တွေရယ်နေပါတော့သည်။ လှလည်းမလှဘဲနဲ့ သွားဖုံးတွေပေါ်နေပြီး..

❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

Kris's POV

Chanနဲ့လက်ထပ်ပွဲကျင်းပနေချိန်ဟာ..ဘဝမှာအဓိပ္ပါယ်ရှိဆုံးအချိန်ဖြစ်တယ်...

Chanရဲ့လက်ကိုထာဝရဆုပ်ကိုင်ခွင့်ဟာ..ဘဝမှာအလိုချင်ဆုံးဖြစ်သလို...

Chanပါးချိုင့်တွေထဲ အမြဲတမ်းခိုဝင်နေဖို့ဟာ..ဘဝမှာအတောင့်တဆုံးဖြစ်တယ်...

ဘဝမှာကျေးဇူးအတင်ဆုံးက အမေပြီးရင်Annieဖြစ်တယ်..

ဘဝရဲ့နောက်ဆုံးပန်းတိုင်က Chanရင်ခွင်ထဲခေါင်းချဖိုပဲ...

သူ့နှုတ်ခမ်းတွေနဲ့သူ့အပြုံးတွေကဘဝရဲ့အားအင်တွေဆိုရင်...

ဘာစည်းစိမ်ဥစ္စာနဲ့မှမလဲနိုင်တာChanရဲ့ပျော်ရွှင်မှုပါပဲ....
Chanပျော်ရွှင်မှုတွေ ကျွန်တော်ဖြစ်နေလို့လည်း..ဘုရားသခင်ကိုကျေးဇူးတင်တယ်...

အလွန်ကောင်းတဲ့ နှစ်ချို့ဝိုင်ကိုသောက်ရင်း
ကျွန်တော့်ဦးနှောက်ထဲရောက်လာတဲ့ အကြောင်းတွေ....
သူဟာကျွန်တော့်ဘေးမှာထိုင်နေပါလျက် သူ့ကိုလွမ်းနေတယ် ဖြစ်နိုင်ရင်မင်းခန္ဓာကိုယ်နဲ့ငါ့ခန္ဓာကိုယ် ကော်နဲ့သာကပ်ထားချင်တယ်
ဒါမှငါတို့တွေ တစ်စက္ကန့်တောင်ခွဲမနေရမှာလေ...

"ပြင်းရှရှဝိုင်ထက် ပိုပြီးယစ်မူးဖို့ကောင်းတာဘာလဲသိလားChan"

ဝိုင်ခွက်လေးကိုကိုင်ထားရင်း ကျွန်တော့်အမေးကို မသိပါဘူးဆိုတဲ့ မျက်လုံးနဲ့ကြည့်တယ်။

"မင်းရဲ့ဆံပင်တွေလေ..."

"ငါသုံးတဲ့shampooက ကောင်းလို့ဖြစ်မယ်"

ကျွန်တော့်စကားကိုပြုံးစစနဲ့ဖြေနေတဲ့ Chan..

"အတည်ဟ မင်းရဲ့ကိုယ်သင်းနံ့ရောပဲ..စွဲဆောင်မှာ တအားရှိတယ်"

ပြောပြောဆိုဆို သူ့ဆံပင်တွေကြားထဲ မျက်နှာတစ်ခုလုံးအပ်လိုက်တယ်။ ငါ့ရဲ့တပ်မက်မှုတွေက အဲ့ဒီမှာစတယ်...

"မင်းရောပဲ Kris ကိုယ်သင်းနံ့ကောင်းတယ်"

"ငါ့ကိုချစ်လားChan"

"အေး ချစ်တယ်"

မဖြေခင်ထဲက ရုန်းကြွနေတဲ့စိတ်တို့က
သူ့စကားရဲ့အဆုံးမှာ ဆူပွက်တယ်...သူဟာအသံနဲ့တင် လူကိုသတ်နိုင်တယ်...

"မင်းကွာ ငါ့ကိုသိပ်ပြုစားတယ်"

ကားနေတဲ့နားရွက်လေးကတောင် ငါ့ကိုရင်တုန်စေတယ်ကွာ...မသိတော့ဘူး ဒီအချိန်မှာစိတ်တစ်ခုလုံး ဟင်းလင်းပွင့်သွားတယ်....ကျွန်တော်သိတာ တစ်ခုတည်းပဲ Chanကိုသိပ်ချစ်တယ်...

သူလည်းကျွန်တော့်လို့ပဲထင်ရဲ့...ရင်တွေခုန်နေမှန်း လည်ပင်းနားကသွေးကြောကသက်သေပြုတယ်...ဆံပင်ပေါ်ကိုအုပ်ကိုင်ထားတဲ့ လက်ချောင်းတွေက သူ့နောက်ကျောက အင်္ကျီထဲကို အသီးသီးလျှိုဝင်သွားကြတယ်...ထိုခုန်နေတဲ့သွေးကြောတစ်ဝိုက် အမှတ်အသားတွေကို ပေးလိုက်တယ်...

အာဒံပန်းသီးကို ခပ်ဖွဖွခဲတော့ ထွက်လာတဲ့ညည်းသံသဲ့သဲ့လေး...ပြောပါတယ်..Chanကအသံနဲ့တင် သေအောင်သတ်နိုင်ပါတယ်လို့...

ထိန်းချုပ်မရတဲ့စိတ်တို့နဲ့အတူ နှုတ်ခမ်းတို့က တရွေ့ရွေ့လှုပ်ရှားသလို အနောက်ကလက်တွေကလည်း လှုပ်ရှားတယ်..ကျွန်တော်သူ့အပေါ်လုံးလုံးကို ရောက်နေပါပြီ...

နှာခေါင်းချင်းထိ နှုတ်ခမ်းချင်းအနမ်းပြင်းပြင်းတို့ကို ပေးနေတဲ့အချိန်မှာ လက်တို့ကလည်း သူ့အင်္ကျီကို ချွတ်နေကြပါတယ်....သူ့ရဲ့လက်ကလည်း ကျွန်တော့်နောက်ကျောပေါ် ရောက်နေပြီး...ခြေထောက်တွေကလည်း နောက်ကျောပေါ်ခွထားကြတယ်...

အနမ်းတို့ရဲ့နောက်က ညည်းသံတွေ..အထိအတွေ့တွေ တိုင်းကြောင့် ရုန်းကြွလာတဲ့ခန္ဓာကိုယ်ထဲက cellတွေ...မျက်လုံးဝိုင်းတွေနဲ့ပါးဖောင်းဖောင်းလေးတွေ...

အချိုးကျကျစ်လစ်တဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက ပြည့်စုံလွန်းတယ့် ယောကျာ်းတစ်ယောက်ခန္ဓာကိုယ်..

ကျွန်တော့်စိတ်တွေ အဆုံးစွန်ထိရောက်ပြီထင်ရဲ့..

ခန္ဓာကိုယ်နှစ်ခုလုံး ပူးကပ်ချိန်မှာ အောက်ပိုင်းကရတဲ့ပူနွေးတဲ့အထိအတွေ့...
ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်တွေနှစ်ခုလုံး ပူးကပ်သွားသလိုတောင်ထင်ရတယ်။

အောက်ပိုင်းတစ်ခုလုံးရဲ့ ခပ်ပြင်းပြင်းလှုပ်ရှားမှုနဲ့အတူ... ကျွန်တော်သည် သူ့ခန္ဓာထဲရောက်သွားတယ်...

သာယာမှု ဟုတ်တယ် အဲ့အချိန်မှာရတဲ့အဆုံးစွန်သော သာယာမှုတွေကို သူ့ရဲ့အသံလေးတွေကထောက်ပံ့ပေးတယ်...မရပ်တန့်နိုင်သေးတဲ့
လှုပ်ရှားမှုတွေနဲ့အတူ သူ့တစ်ကိုယ်လုံးကျွန်တော့်နှုတ်ခမ်းနဲ့ ပွတ်သပ်နမ်းရှုတ်မှုများ....

လျှာဖျားတို့နဲ့ဆော့ကစားချိန် စုပ်ယူချိန်မှာ သူ့ရဲ့လက်သည်းတို့က ကျွန်တော့်ကျောကိုလာခြစ်တယ်....

ကျွန်တော့်ကျောမှာ အစင်းရာတွေထင်သလိုပဲ
သူ့တစ်ကိုယ်လုံးလည်း ပွစာကျဲနေတဲ့အနီကွတ်တွေနဲ့...

ဒါတွေဟာ အချစ်ကိုတစ်နည်းနည်းနဲ့ကိုယ်စားပြုနေတဲ့ အမှတ်အသားတွေပဲလေ....

သူ့နှုတ်ခမ်းသားကိုစုပ်ယူရင်း ကျွန်တော့်ရဲ့တပ်မက်ခြင်းတွေကို အဆုံးသတ်တယ်...
နွမ်းလျစွာရင်ခွင်ထဲသူကအိပ်ပျော်သွားသလို

သူ့ဆံပင်တွေကြားမျက်နှာဝှက်ရင်းကျွန်တော်လည်းအိပ်ပျော်တယ်...

ညဟာအိမ်မက်လှတွေနဲ့ချိုမြိန်ယစ်မူးခြင်းတွေနဲ့ ပြည့်စုံတယ်....

❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

15K 1.5K 22
ကျုပ် ရွက်ရှိန်းကို သဘောကျရတဲ့အကြောင်းရင်းကတော့ ရွက်ရှိန်းက ရွက်ရှိန်းဖြစ်နေလို့ပါပဲ..
3.6K 695 9
එක් වැසිබර දවසක BTSලාගේ ජීවිතේ සදහටම වෙනස් උනා.. අවුරුදු 5කට පස්සේ ජීසෝ ජන්ග්කුක් මුණ ගැහෙනවා අහම්බෙන්.. ඒත් ඒක අහම්බයක් නෙමෙයි ඒක දෛවය.. මේ දෙන්නට...
3M 263K 48
!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အ...
2.8K 196 7
Medical Return Burmese Translation Webtoon Doctor Kim JinHyun lost everything in his life. But his life is helped by the maid of heaven who was saved...