•~ ENDLESS ~•

By bambi_kiddo

68.1K 5.5K 615

လူႀကီး....အခ်စ္ဆိုတာ ဘယ္လိုမ်ိဳးလဲ ရယူျခင္းတို႔ ေပးဆပ္ျခင္းတို႔ လူေတြ အမ်ိဳးမ်ိဳး ျငင္းခုန္ေနၾကခ်ိန္မွာ က်ေနာ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Final

Part 16

2.6K 305 70
By bambi_kiddo

[Zawgyi]

အထက္တန္း ပထမႏွစ္ကို စၿပီး
တက္ျဖစ္ထဲက က်ေနာ္
အလုပ္ေတြ ပိုရွဳပ္လာရတယ္.......

အတန္းေခါင္းေဆာင္အျပင္
တျခားတာဝန္ေတြပါ ပိေနသလို......

ပိုပိုခက္လာတဲ့ စာေတြၾကားမွာ
စိတ္ေရာ လူပါ ပင္ပန္းေနတာ.......

ေက်ာင္းဖြင့္ခါစမို႔ အသားမက်ေသးတဲ့
အေျခအေနမွာ အတန္းသားအားလံုးအတြက္
ႀကိဳးစားေပးေနရတယ္ေလ.......

"Luhan......ဆရာ့ကို ဒီ ဘရိတ္ဓားေတြ
ပန္းခ်ီခန္းထဲ ယူသြားေပး
ေက်ာင္းသားေတြေခၚၿပီး ေနာက္က လိုက္ခဲ့မယ္"

"ဟုတ္....."

သစ္သားတံုးေတြကို ဓားနဲ႔ျခစ္ၿပီး
လူ႐ုပ္ေတြ လုပ္ရတဲ့ သင္ခန္းစာဟာလည္း
တကယ္ ခက္ခဲတယ္.......

ထုတဲ့ဟာေတြေရာ ေစာက္ေတြေရာ
အသုံးျပဳလုပ္ရတာမို႔ အႏၲရာယ္လည္း မ်ားတယ္.......

လက္ေတြကိုပါ ျခစ္မိၿပီး
ပြန္းပဲ့ကုန္တာ......

က်ေနာ္က ပန္းခ်ီပညာကိုလည္း
အေတာ္အတန္ စိတ္ဝင္စားတဲ့လူမို႔
စိတ္ပါလက္ပါ လိုက္နားေထာင္ျဖစ္တယ္.......

ဆရာက ရွင္းျပၿပီး ေျပာလိုက္
က်ေနာ္တို႔က လက္ေတြ႕လိုက္လုပ္ၾကည့္လိုက္.......

စာသင္ေနတဲ့ အခ်ိန္ဆို က်ေနာ္
က်ိတ္မွိတ္ၿပီး အဲ့လူႀကီးကို
ေမ့ထားျဖစ္တယ္......

သတိမရခ်င္ဘူး.......လြမ္းလိုက္ၿပီဆိုတာနဲ႔
သူနဲ႔ ပက္သက္တဲ့ အေတြးဆိုးေတြက
ေခါင္းထဲကို ႐ိုင္းစိုင္းစြာနဲ႔ ဝင္လာၾကေတာ့မွာ......

တခါတေလေတာ့ အေတြးေတြထဲလည္း
သူ႔ကို စိုးမိုးမေနေစပဲ ေနသင့္တယ္ေလ......

"ဆရာ.....ေက်ာင္းအုပ္ႀကီး ေခၚေနတယ္"

"ဟုတ္လား.....အခုလား
ေအး ေအး......လာခဲ့မယ္"

"ဆရာ ခု ျပန္လာခဲ့မယ္ေနာ္......
လုပ္စရာရွိတာ ဆက္လုပ္ထား"

Luhan ဒီေန႔ ဆြဲရမယ့္ပုံက
Julius Ceaser ရဲ႕ ပုံ......

ပုံက ႐ုပ္လံုးေတာင္ သိပ္မေပၚေသး......

ဟူး...... အၾကာႀကီး လက္ေညာင္းရဦးမွာ

ဆရာ ထြက္သြားတာနဲ႔ အခန္းထဲက
ေကာင္မေလးေတြက ပြစိပြစိနဲ႔
စကားေျပာေနၾကတယ္.......

စိတ္ရွဳပ္ေနလို႔ နားမေထာင္ခ်င္တာေတာင္
ေဘးနားက ႏွစ္ေယာက္ ေျပာေနတာက
အတိုင္းသားကို ၾကားေနရတယ္......

"Ming.....နင္ သိလား
ငါ ေႂကြေနတဲ့ ဘဲႀကီးေလ
ခု lady တစ္ေယာက္နဲ႔ တြဲသြားလို႔"

"ဟို ခန္႔ေခ်ာ ဦးေလးႀကီးလား"

"နင္ကလည္း ဦးေလးႀကီးေတာ့
မဟုတ္ပါဘူးဟယ္......"

"ေအးပါ ေအးပါ......ဒါနဲ႔ ဘယ္သူနဲ႔
တြဲသြားတာလဲဟ"

"သူ႔ မန္ေနဂ်ာ မမနဲ႔တဲ့......"

"အယ္......ဇာတ္လမ္းေတြ"

Oh Sehun ေရ...... ခင္ဗ်ားနဲ႔ တူေနတဲ့
ဇာတ္လမ္းေတြလည္း ရွိေသးတာပဲလား

ကုမၸဏီ သူေဌးကိုကိုနဲ႔ မန္ေနဂ်ာမမရဲ႕
ဖူးစာေတြက အဲ့ေလာက္ေတာင္ မ်ားရသလား......

အဟင္း.......ေမာတယ္ လူႀကီးရယ္

"ေနဦး......အဲ့ ဘဲႀကီးရဲ႕ company
နာမည္က ဘာ??"

"အာ......Oh Group"

Oh group?? Oh group??

Oh group ဆိုတာက Oh Sehun ပိုင္တဲ့
ကုမၸဏီတစ္ခုက လြဲလို႔ က်ေနာ္
သိသလာက္ ထပ္မရွိေတာ့......

ခင္ဗ်ားလား?? ခင္ဗ်ားပဲလား လူႀကီးရယ္......

အာ့ဆို Sohee ဆိုတဲ့ ေကာင္မေလးကေရာ
အဲ့ live ကို tv မွာ ၾကည့္လိုက္ရတယ္ေပါ့......

သူကေရာ ကိုယ္ခ်စ္ရတဲ့လူကို
ေနာက္တစ္ေယာက္နဲ႔အတူ
ေတြ႕လိုက္ရလို႔ ရင္နာသလား.......

က်ေနာ့္လိုေရာ အ႐ူးတပိုင္း
ျဖစ္ခဲ့ေသးလား.......

ဒါမဲ့ Sohee ကသူ႔ကို က်ေနာ့္ေလာက္
ခ်စ္တဲ့ လူမဟုတ္ေတာ့ က်ေနာ့္ေလာက္
ခံစားရမွာ မဟုတ္......

ဘာေတြ ဘယ္လိုပဲ ေျပာင္းလဲသြားပါေစ
ကမ႓ာေပၚမွာ ဘယ္သူမွ က်ေနာ့္ထက္
ပိုၿပီး Oh Sehun ကို မခ်စ္ႏိုင္......
ဒါကေတာ့ ဘယ္ေတာ့မွ မေျပာင္းလဲ......

ဒါမဲ့ ရီခ်င္စရာေတာ့ ေကာင္းေနသည္......
ကိုယ့္ခ်စ္သူက မိန္းကေလးေတြ ၾကားမွာ
ဒီလိုမ်ိဳး ေက်ာ္ၾကားေနတာကို
သိလိုက္ရေတာ့.......အဟက္
အနည္းငယ္ ဂုဏ္ဆာခ်င္စရာ ေကာင္းသည္

"အစက rumor ထြက္႐ုံပဲဟာ မေသခ်ာေသးဘူး
ဒီေန႔က်မွ သတင္းစာထဲ ပါလာတာဟ......"

ဘာ!!!! သတင္းစာထဲ??

Oh Sehun ဆိုတဲ့ လူက သူ
ခ်စ္သူရပါၿပီဆိုတဲ့အေၾကာင္း
တစ္တိုင္းျပည္လံုးကို ေၾကညာလိုက္ၿပီလား.......

"Sohee......ငါ့ကို အဲ့သတင္းစာ ခဏျပ"

ေနာက္လွည့္ၿပီး က်ေနာ္ ေတာင္းလိုက္ေတာ့
Sohee က ေၾကာင္ၿပီး ၾကည့္ေနသည္......

"နင္ေျပာေနတဲ့ အေၾကာင္းေလ ငါၾကည့္ခ်င္လို႔
သတင္းစာ ပါလား........"

"ဪ ေအး......သတင္းစာလား
သတင္းစာေတာ့ မပါဘူး ဓါတ္ပုံေတာ့ ရွိတယ္
ၾကည့္မွာလား......."

"အင္း...... ခဏျပ"

Sohee က သူ႔ဖုန္းထဲက ပုံတစ္ပုံကို
ထုတ္ျပသည္......
က်ေနာ့္ရဲ႕ ခ်စ္သူက သတင္းစာထဲမွာ
သူမိန္းကေလးရသြားၿပီ ျဖစ္ေႀကာင္း
ေၾကညာထားတဲ့ပုံ.....

သူတို႔ႏွစ္ေယာက္တြဲပုံက သတင္းစာရဲ႕
ေရွ႕မ်က္ႏွာဖံုးမွာ သိပ္ကို
ခန္႔ညားလိုက္ဖက္လြန္းေနသည္......အဟင္း

"Sohee ေရာ့.....ေက်းဇူးပဲ"

"အမ္..... အင္း အင္း
Luhan နင္ အဆင္ေျပရဲ႕လား"

"ဟမ္.....ဘာျဖစ္လို႔လဲ"

"နင့္ မ်က္လံုးေတြ နီေန......"

"အာ......ဖုန္ဝင္သြားတာေနမယ္
ဘာမွ မျဖစ္ဘူး......"

မ်က္ရည္ေတြ မက်မိေအာင္ အၿမဲ
ႀကိဳးစားထိန္းခ်ဴပ္ခဲ့တဲ့ အက်ိဳးရလဒ္က
ငိုခ်င္လာတဲ့အခ်ိန္တိုင္း မ်က္ရည္ မက်ေတာ့ပဲ
မ်က္လံုးေတြပဲ ရဲတက္လာခဲ့တာ.......

ထင္ေတာ့ ထင္သား.......
ခုနထဲက မ်က္ခမ္းေတြ စပ္ေနပါတယ္လို႔

ရင္ေတြ တကယ္ နာတယ္.......

ကိုယ္က တရားဝင္ ခ်စ္သူ မဟုတ္တဲ့လူ
ျဖစ္ေနတာေၾကာင့္ က်ေနာ့္ခ်စ္သူ
ရည္းစားရသြားပါတယ္ ဆိုၿပီးေတာင္
ေအာ္ဟစ္ ငိုေႂကြးခြင့္မရွိ...... အဟက္

သူကိုလည္း မေကာင္းတဲ့ လူရယ္လို႔
အျပစ္တင္လို႔မရ...... အမ်ားအျမင္မွာ
သူက လူပ်ိဳလူလြတ္......

ၿပီးေတာ့ သူက တခ်ိန္မွာ က်ေနာ္တို႔
ေကာင္းစားဖို႔ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ
ဒီကိစၥက္ို လုပ္ေပးေနရတာမို႔
က်ေနာ့္မွာ အျပစ္တင္ခြင့္လည္း မရွိ......

ကိုယ့္ကို ယုံၾကည္ေပးပါဆိုတဲ့
စကားတစ္ခြန္းေအာက္မွာ ၿပိဳလဲမိတဲ့
က်ေနာ္က သူ႔ကို သံသယျဖစ္ခြင့္မရွိ.......

အဟင္း....... နာက်ည္းစရာ ေကာင္းတယ္

ေလာကႀကီးက ခင္ဗ်ားအေပၚ
သိပ္ကို တရားမွ်တလြန္းပါတယ္.....လူႀကီးေရ

အသက္ရွဴေတာင္ မဝေတာ့ထဲအထိ
မြန္းၾကပ္လို႔ လာတယ္......

တခုခုကို ႐ူး႐ူးမိုက္မိုက္ လုပ္ပစ္လိုက္ခ်င္တာမ်ိဴး.......

ရွဳပ္ေထြးေနတဲ့ စိတ္အစဥ္ကို ေျပေလ်ာ့လိုျငား
ဓားခ်က္ေတြေပၚ အာရံုပိုစိုက္မိေတာ့
သစ္သားထြင္းအ႐ုပ္ဟာ အက္ေၾကာင္းတစ္ခုနဲ႔
အက်ည္းတန္စ ျပဳလာတယ္.......

ဒီလိုေတာ့ မျဖစ္......အ႐ုပ္ ပ်က္စီးသြားမွာ

ဓားရဲ႕ တည္ေနရာကို အ႐ုပ္ကို ကိုင္ထားတဲ့
ဘယ္ဘက္ လက္ေကာက္ဝတ္ဆီကို
ေျပာင္းေပးလိုက္တယ္......

အရမ္း စိတ္ရွဳပ္ေနတာမို႔ နာက်င္မႈ
တစ္ခုနဲ႔ပဲ ျဖစ္ျဖစ္ က်ေနာ့္ကို
ေျဖေလွ်ာ့ခြင့္ ေပးပါ......

Innie ေရ..... ကိုယ့္ကိုကိုယ္ေတာ့
အသားနာေအာင္ မလုပ္ပါနဲ႔ဆိုတဲ့
မင္းရဲ႕ ေတာင္းဆိုခ်က္တစ္ခုကို
ခုေတာ့ ျငင္းဆန္ခြင့္ျပဳပါ......

အင္အားမစိုက္ထုတ္ခ်င္ေတာ့ေလာက္ေအာင္ကို
စိတ္အစံုက ပင္ပန္းေနၿပီမို႔ ခပ္သာသာ
ဓားခ်က္ေတြဟာ လက္ေကာက္ဝတ္ေပၚ
သိပ္ေတာ့ အရာမထင္.......

အခ်ိန္အနည္းငယ္ ၾကာလာေတာ့ လက္က
ေသြးစို႔စ ျပဳၿပီး နီရဲကာ နာက်င္လာတယ္.....

ဒါမဲ့ က်ေနာ္ မ်က္ရည္က်လို႔ မျဖစ္......

နာက်င္မႈကို နာက်င္မႈနဲ႔ ကုစားေနရခ်ိန္မွာ
ငိုေႂကြးျခင္းဆိုတဲ့ နာက်င္မႈကိုပါ
ထပ္မပါဝင္ေစခ်င္ေတာ့.......

ဒီေလာက္ထိေတာ့လည္း ကိုယ့္ကိုကိုယ္
မညႇင္းပန္း မႏွိပ္စက္သင့္ေတာ့ဘူး.......
က်ေနာ္ ပင္ပန္းလြန္းမက ပင္ပန္းေနၿပီေလ......

ေဖ်ာ့ေတာ့ေတာ့ ဓားခ်က္ရာေတြဟာ လက္ေပၚ
ခပ္စိတ္စိတ္ က်ေရာက္ၿပီးေနာက္မွာေတာ့
ေသြးစက္တခ်ိဳ႕ ၾကမ္းျပင္ေပၚကို
ခုန္ေပါက္ ဆင္းသြားၾကေလရဲ႕......

ရင္ထဲက နာက်င္မႈကို သက္သာေစဖို႔
ရည္ရြယ္တာမို႔ လက္က အနာေပၚကိုသာ
အာရံုစိုက္ထားေတာ့ ရင္ထဲ တဆစ္ဆစ္နဲ႔
နာက်င္လာတယ္......

ဓားသြားခၽြန္ျမျမက က်ေနာ့္ရဲ႕
စိတ္ထြက္ေပါက္ တစ္ခုပါလို႔
ကိုယ့္ကိုကိုယ္ မဝံ့မရဲ ဝန္ခံလိုက္ရတယ္......

Xiao Luhan ေရ.....
မင္း သိပ္ကို ႐ူးႏွမ္းလြန္းတယ္

"ဟင္ ဟင္.....Lu Luhan
နင္ ဘာ ဘာေတြ လုပ္ေနတာလဲ"

သူမကို ေက်ာေပးထိုင္ထားတဲ့ က်ေနာ့္ကို
ဘယ္လို ဘယ္လို ျမင္သြားလဲမသိ......
ဒါမွမဟုတ္ ၾကမ္းျပင္ေပၚ အိုင္ေနၿပီျဖစ္တဲ့
ေသြးကြက္ႀကီးက အေတာ္အတန္ပဲ
ႀကီးေနၿပီမို႔ မ်ားလား......

က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားတဲ့
လက္သီးဆုပ္ထဲက ဓားကို အတင္း ဝင္လုေနရင္း
ရပ္ဖို႔ကို ေအာ္ဟစ္ ေျပာဆိုေနတဲ့ သူမ......

ေရာ္..... ဒီလိုနဲ႔ သူပါ ထိခိုက္မိေတာ့မယ္

"Sohee...... ငါ့ကို မတားပါနဲ႔လား
ေက်းဇူးျပဳၿပီး.....ဟင္"

မတန္မဆ လက္ေကာက္ဝတ္ေပၚ လွီးျဖတ္ထားတဲ့
ဒဏ္ရာေတြဟာ သိပ္ကို နာက်င္လြန္းေနတာမို႔
က်ေနာ္ အသံေတြပါ ျပာခ်င္လာတယ္......

အင္မတန္မွ ေၾကကြဲေနတဲ့ မ်က္ဝန္းေတြနဲ႔
ဆို႔နင့္ေနတဲ့ က်ေနာ့္ပုံစံဟာ သိပ္ကို
သနားစရာေကာင္းသြားတယ္ ထင္တယ္......
Sohee ကပါ မ်က္ရည္ေတြ ရစ္ဝိုင္းလာတယ္......

"Ming...Ming......Jongin ကို သြားေခၚသြား"

"ဟင္.....ဘာ"

"Kim Jongin ကို သြားရွာၿပီး
ေခၚလာခဲ့လို႔...... ျမန္ျမန္သြား"

Ming ဆိုတဲ့ တစ္ေယာက္က ခုမွ
က်ေနာ့္ အေျခအေနအရပ္ရပ္ကို
နားလည္ သေဘာေပါက္ဟန္နဲ႔
အခန္းထဲကေန မ်က္ကလူးဆန္ျပာ
ေျပးထြက္သြားတယ္......

ဪ..... ေဘးလူေတြကပါ က်ေနာ္
တစ္ခုခု ျဖစ္ေနရင္ Innie ကို အသည္းအသန္
ေျပးရွာရေလာက္တဲ့အထိ က်ေနာ္ သူ႔အေပၚ
မွီခိုမႈေတြ သိပ္ႀကီးမားခဲ့ၿပီ ထင္တယ္

လက္ေကာက္ဝတ္ေသြးေၾကာမႀကီးကို
ထိထိမိမိ ျဖတ္မိသြားတဲ့ ဓားသြားထိပ္ေၾကာင့္
မေအာ္မိေပမဲ့ က်ေနာ္ မ်က္ႏွာ ရွံဳ႕မဲ့သြားရတယ္......

ေသြးေတြ ဒလေဟာ ပန္းထြက္လာတာမို႔
နာက်င္လာၿပီး အသားေတြပါ တုန္ရီလာတယ္.......

"Luhan......နင္ ေတာ္ေတာ့"

Sohee က က်ေနာ့္လက္ကို
ပုတ္ထုတ္လိုက္ၿပီး ၾကမ္းျပင္ေပၚ
ျပဳတ္က်သြားတဲ့ ဘရိတ္ဓားကို
ေၾကာက္လန္႔တၾကား ၾကည့္ေနတယ္......

ၾကမ္းျပင္ေပၚ အိုင္ေနတဲ့ ေသြးေတြရယ္......
လက္ေကာက္ဝတ္ကေန အဆက္မျပတ္
စီးက်ေနတဲ့ ေသြးေတြရယ္......

အင္းေပါ့......ဒါက မိန္းကေလးတစ္ေယာက္အတြက္
သိပ္ကို ေၾကာက္လန္႔စရာ ျမင္ကြင္းႀကီးေပါ့

ေကာ္ရစ္တာမွာ ေျပးလႊားလာေနတဲ့
ေျခသံေတြ တဝုန္းဝုန္း ၾကားေနရၿပီး
က်ေနာ္ အျမင္ အာ႐ုံေတြ ေဝဝါးလာတယ္.......

"Hannie......Hannie"

အေဝးႀကီးကေန Innie ရဲ႕ ေခၚသံကို
က်ေနာ္ ၾကားေနရတယ္......

Innie ေရ...... ျဖည္းျဖည္း လာပါကြယ္
ငါ ဒီမွာ ရွိေနသားပဲကို

"Han....Hannie"

အခန္းထဲကို အေမာတေကာ
ေျပးဝင္လာတဲ့ Innie ကို
က်ေနာ္ ယဲ့ယဲ့ေလး ျပံဳးျပႏိုင္လိုက္ေသးတယ္......

အခ်ိန္ခဏေလာက္ Innie က်ေနာ့္ကို
ေၾကာင္ေတာင္ေတာင္နဲ႔ ေငးၾကည့္ေနေသးတယ္......

ၿပီးမွ လက္ေကာက္ဝတ္ကို
ေသြးထြက္မလြန္ေအာင္လို႔ Innie က
သူ႔ coat အက်ႋီနဲ႔ ၾကပ္စည္းေနေလရဲ႕......

Innie ရယ္..... ေသြးေတြကျဖင့္
အမ်ားႀကီး ထြက္ၿပီးေနမွပဲကို

"Hannie လာ......
ေဆးရံု သြားမယ္"

"အင္း......"

Innie က်ေနာ့္ကို ေကာက္ေပြ႕ၿပီး
ေျခေထာက္ကေန မခ်ီလိုက္တယ္.......

ေမွးမွိတ္ခ်င္ေနတဲ့ မ်က္ဝန္းအစံုက
ခုမွ ခိုနားရာ ရင္ခြင္အစစ္ကို
ေတြ႕လိုက္ရတဲ့အလား ရီေဝလာတယ္......

က်ေနာ္ အိပ္ခ်င္ေနၿပီ......

ေျပးလႊားသြားေနတာမို႔ လႈပ္ခါေနတဲ့
ရင္ခြင္အစုံဟာ တည္ၿငိမ္မႈ ရွိမေနတာေတာင္
ၿငိမ္းခ်မ္းတယ္လို႔ ထင္ၿပီး လံုျခံဳတယ္လို႔
ခံစားေနရတာဟာ ဘာေၾကာင့္မ်ားလဲ......

မႈန္ဝါးေနတဲ့ မ်က္လံုးေတြနဲ႔ ရင္ခြင္ထဲကေန
က်ေနာ္ Innie ကို ေမာ့ၾကည့္ျဖစ္တယ္.......

ဟင္း......သူ က်ေနာ့္ေၾကာင့္နဲ႔
သိပ္ကို စိုးရိမ္ပူပန္ေနရျပန္ၿပီပဲ

႐ုတ္တရက္ ေဘးဘက္လွည့္ၾကည့္လိုက္ေတာ့
ပံုရပ္တစ္ခုကို ျဖတ္ခနဲ
ဝိုးတိုးဝါးတား ျမင္လိုက္ရတယ္.......

အဲ့ပုံရိပ္ဟာ Oh Sehun နဲ႔ ဘာလို႔
သိပ္ကို တူေနရတာလဲ......

မျမင္ခ်င္ေတာ့ဘူး.....
လြတ္ေျမာက္ခြင့္ေပးပါေတာ့......
က်ေနာ္ သိပ္ကို ပင္ပန္းေနၿပီေလ......

မ်က္ဝန္းအစုံကို က်ေနာ္ မွိတ္ခ်လိုက္တယ္......

အိပ္စက္ခြင့္ ေပးပါ......
က်ေနာ္ ၿငိမ္းခ်မ္းပါရေစ.......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

ခင္ဗ်ားရဲ႕ ၿပီးျပည့္စုံလြန္းေသာအခ်စ္ေတြမွာ
က်ေနာ့္ရဲ႕ မ်က္ရည္ေတြ နာက်င္မႈေတြ
အႏိုင္ယူခံရမႈေတြပါ ေပ်ာ္ဝင္ေနေလရဲ႕......

ခင္ဗ်ားရဲ႕ အခ်စ္ေတြဟာ သိပ္ကို
လူသားဆန္လြန္းေနၿပီး
ခမ္းနားႀကီးက်ယ္ လွပါတယ္......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

To bE coNtiNueD.......

[Unicode]

အထက်တန်း ပထမနှစ်ကို စပြီး
တက်ဖြစ်ထဲက ကျနော်
အလုပ်တွေ ပိုရှုပ်လာရတယ်.......

အတန်းခေါင်းဆောင်အပြင်
တခြားတာဝန်တွေပါ ပိနေသလို......

ပိုပိုခက်လာတဲ့ စာတွေကြားမှာ
စိတ်ရော လူပါ ပင်ပန်းနေတာ.......

ကျောင်းဖွင့်ခါစမို့ အသားမကျသေးတဲ့
အခြေအနေမှာ အတန်းသားအားလုံးအတွက်
ကြိုးစားပေးနေရတယ်လေ.......

"Luhan......ဆရာ့ကို ဒီ ဘရိတ်ဓားတွေ
ပန်းချီခန်းထဲ ယူသွားပေး
ကျောင်းသားတွေခေါ်ပြီး နောက်က လိုက်ခဲ့မယ်"

"ဟုတ်....."

သစ်သားတုံးတွေကို ဓားနဲ့ခြစ်ပြီး
လူရုပ်တွေ လုပ်ရတဲ့ သင်ခန်းစာဟာလည်း
တကယ် ခက်ခဲတယ်.......

ထုတဲ့ဟာတွေရော စောက်တွေရော
အသုံးပြုလုပ်ရတာမို့ အန္တရာယ်လည်း များတယ်.......

လက်တွေကိုပါ ခြစ်မိပြီး
ပွန်းပဲ့ကုန်တာ......

ကျနော်က ပန်းချီပညာကိုလည်း
အတော်အတန် စိတ်ဝင်စားတဲ့လူမို့
စိတ်ပါလက်ပါ လိုက်နားထောင်ဖြစ်တယ်.......

ဆရာက ရှင်းပြပြီး ပြောလိုက်
ကျနော်တို့က လက်တွေ့လိုက်လုပ်ကြည့်လိုက်.......

စာသင်နေတဲ့ အချိန်ဆို ကျနော်
ကျိတ်မှိတ်ပြီး အဲ့လူကြီးကို
မေ့ထားဖြစ်တယ်......

သတိမရချင်ဘူး.......လွမ်းလိုက်ပြီဆိုတာနဲ့
သူနဲ့ ပက်သက်တဲ့ အတွေးဆိုးတွေက
ခေါင်းထဲကို ရိုင်းစိုင်းစွာနဲ့ ဝင်လာကြတော့မှာ......

တခါတလေတော့ အတွေးတွေထဲလည်း
သူ့ကို စိုးမိုးမနေစေပဲ နေသင့်တယ်လေ......

"ဆရာ.....ကျောင်းအုပ်ကြီး ခေါ်နေတယ်"

"ဟုတ်လား.....အခုလား
အေး အေး......လာခဲ့မယ်"

"ဆရာ ခု ပြန်လာခဲ့မယ်နော်......
လုပ်စရာရှိတာ ဆက်လုပ်ထား"

Luhan ဒီနေ့ ဆွဲရမယ့်ပုံက
Julius Ceaser ရဲ့ ပုံ......

ပုံက ရုပ်လုံးတောင် သိပ်မပေါ်သေး......

ဟူး...... အကြာကြီး လက်ညောင်းရဦးမှာ

ဆရာ ထွက်သွားတာနဲ့ အခန်းထဲက
ကောင်မလေးတွေက ပွစိပွစိနဲ့
စကားပြောနေကြတယ်.......

စိတ်ရှုပ်နေလို့ နားမထောင်ချင်တာတောင်
ဘေးနားက နှစ်ယောက် ပြောနေတာက
အတိုင်းသားကို ကြားနေရတယ်......

"Ming.....နင် သိလား
ငါ ကြွေနေတဲ့ ဘဲကြီးလေ
ခု lady တစ်ယောက်နဲ့ တွဲသွားလို့"

"ဟို ခန့်ချော ဦးလေးကြီးလား"

"နင်ကလည်း ဦးလေးကြီးတော့
မဟုတ်ပါဘူးဟယ်......"

"အေးပါ အေးပါ......ဒါနဲ့ ဘယ်သူနဲ့
တွဲသွားတာလဲဟ"

"သူ့ မန်နေဂျာ မမနဲ့တဲ့......"

"အယ်......ဇာတ်လမ်းတွေ"

Oh Sehun ရေ...... ခင်ဗျားနဲ့ တူနေတဲ့
ဇာတ်လမ်းတွေလည်း ရှိသေးတာပဲလား

ကုမ္ပဏီ သူဌေးကိုကိုနဲ့ မန်နေဂျာမမရဲ့
ဖူးစာတွေက အဲ့လောက်တောင် များရသလား......

အဟင်း.......မောတယ် လူကြီးရယ်

"နေဦး......အဲ့ ဘဲကြီးရဲ့ company
နာမည်က ဘာ??"

"အာ......Oh Group"

Oh group?? Oh group??

Oh group ဆိုတာက Oh Sehun ပိုင်တဲ့
ကုမ္ပဏီတစ်ခုက လွဲလို့ ကျနော်
သိသလာက် ထပ်မရှိတော့......

ခင်ဗျားလား?? ခင်ဗျားပဲလား လူကြီးရယ်......

အာ့ဆို Sohee ဆိုတဲ့ ကောင်မလေးကရော
အဲ့ live ကို tv မှာ ကြည့်လိုက်ရတယ်ပေါ့......

သူကရော ကိုယ်ချစ်ရတဲ့လူကို
နောက်တစ်ယောက်နဲ့အတူ
တွေ့လိုက်ရလို့ ရင်နာသလား.......

ကျနော့်လိုရော အရူးတပိုင်း
ဖြစ်ခဲ့သေးလား.......

ဒါမဲ့ Sohee ကသူ့ကို ကျနော့်လောက်
ချစ်တဲ့ လူမဟုတ်တော့ ကျနော့်လောက်
ခံစားရမှာ မဟုတ်......

ဘာတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ
ကမ႓ာပေါ်မှာ ဘယ်သူမှ ကျနော့်ထက်
ပိုပြီး Oh Sehun ကို မချစ်နိုင်......
ဒါကတော့ ဘယ်တော့မှ မပြောင်းလဲ......

ဒါမဲ့ ရီချင်စရာတော့ ကောင်းနေသည်......
ကိုယ့်ချစ်သူက မိန်းကလေးတွေ ကြားမှာ
ဒီလိုမျိုး ကျော်ကြားနေတာကို
သိလိုက်ရတော့.......အဟက်
အနည်းငယ် ဂုဏ်ဆာချင်စရာ ကောင်းသည်

"အစက rumor ထွက်ရုံပဲဟာ မသေချာသေးဘူး
ဒီနေ့ကျမှ သတင်းစာထဲ ပါလာတာဟ......"

ဘာ!!!! သတင်းစာထဲ??

Oh Sehun ဆိုတဲ့ လူက သူ
ချစ်သူရပါပြီဆိုတဲ့အကြောင်း
တစ်တိုင်းပြည်လုံးကို ကြေညာလိုက်ပြီလား.......

"Sohee......ငါ့ကို အဲ့သတင်းစာ ခဏပြ"

နောက်လှည့်ပြီး ကျနော် တောင်းလိုက်တော့
Sohee က ကြောင်ပြီး ကြည့်နေသည်......

"နင်ပြောနေတဲ့ အကြောင်းလေ ငါကြည့်ချင်လို့
သတင်းစာ ပါလား........"

"ဪ အေး......သတင်းစာလား
သတင်းစာတော့ မပါဘူး ဓါတ်ပုံတော့ ရှိတယ်
ကြည့်မှာလား......."

"အင်း...... ခဏပြ"

Sohee က သူ့ဖုန်းထဲက ပုံတစ်ပုံကို
ထုတ်ပြသည်......
ကျနော့်ရဲ့ ချစ်သူက သတင်းစာထဲမှာ
သူမိန်းကလေးရသွားပြီ ဖြစ်ကြောင်း
ကြေညာထားတဲ့ပုံ.....

သူတို့နှစ်ယောက်တွဲပုံက သတင်းစာရဲ့
ရှေ့မျက်နှာဖုံးမှာ သိပ်ကို
ခန့်ညားလိုက်ဖက်လွန်းနေသည်......အဟင်း

"Sohee ရော့.....ကျေးဇူးပဲ"

"အမ်..... အင်း အင်း
Luhan နင် အဆင်ပြေရဲ့လား"

"ဟမ်.....ဘာဖြစ်လို့လဲ"

"နင့် မျက်လုံးတွေ နီနေ......"

"အာ......ဖုန်ဝင်သွားတာနေမယ်
ဘာမှ မဖြစ်ဘူး......"

မျက်ရည်တွေ မကျမိအောင် အမြဲ
ကြိုးစားထိန်းချူပ်ခဲ့တဲ့ အကျိုးရလဒ်က
ငိုချင်လာတဲ့အချိန်တိုင်း မျက်ရည် မကျတော့ပဲ
မျက်လုံးတွေပဲ ရဲတက်လာခဲ့တာ.......

ထင်တော့ ထင်သား.......
ခုနထဲက မျက်ခမ်းတွေ စပ်နေပါတယ်လို့

ရင်တွေ တကယ် နာတယ်.......

ကိုယ်က တရားဝင် ချစ်သူ မဟုတ်တဲ့လူ
ဖြစ်နေတာကြောင့် ကျနော့်ချစ်သူ
ရည်းစားရသွားပါတယ် ဆိုပြီးတောင်
အော်ဟစ် ငိုကြွေးခွင့်မရှိ...... အဟက်

သူကိုလည်း မကောင်းတဲ့ လူရယ်လို့
အပြစ်တင်လို့မရ...... အများအမြင်မှာ
သူက လူပျိုလူလွတ်......

ပြီးတော့ သူက တချိန်မှာ ကျနော်တို့
ကောင်းစားဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ဒီကိစ္စက်ို လုပ်ပေးနေရတာမို့
ကျနော့်မှာ အပြစ်တင်ခွင့်လည်း မရှိ......

ကိုယ့်ကို ယုံကြည်ပေးပါဆိုတဲ့
စကားတစ်ခွန်းအောက်မှာ ပြိုလဲမိတဲ့
ကျနော်က သူ့ကို သံသယဖြစ်ခွင့်မရှိ.......

အဟင်း....... နာကျည်းစရာ ကောင်းတယ်

လောကကြီးက ခင်ဗျားအပေါ်
သိပ်ကို တရားမျှတလွန်းပါတယ်.....လူကြီးရေ

အသက်ရှူတောင် မဝတော့ထဲအထိ
မွန်းကြပ်လို့ လာတယ်......

တခုခုကို ရူးရူးမိုက်မိုက် လုပ်ပစ်လိုက်ချင်တာမျိူး.......

ရှုပ်ထွေးနေတဲ့ စိတ်အစဉ်ကို ပြေလျော့လိုငြား
ဓားချက်တွေပေါ် အာရုံပိုစိုက်မိတော့
သစ်သားထွင်းအရုပ်ဟာ အက်ကြောင်းတစ်ခုနဲ့
အကျည်းတန်စ ပြုလာတယ်.......

ဒီလိုတော့ မဖြစ်......အရုပ် ပျက်စီးသွားမှာ

ဓားရဲ့ တည်နေရာကို အရုပ်ကို ကိုင်ထားတဲ့
ဘယ်ဘက် လက်ကောက်ဝတ်ဆီကို
ပြောင်းပေးလိုက်တယ်......

အရမ်း စိတ်ရှုပ်နေတာမို့ နာကျင်မှု
တစ်ခုနဲ့ပဲ ဖြစ်ဖြစ် ကျနော့်ကို
ဖြေလျှော့ခွင့် ပေးပါ......

Innie ရေ..... ကိုယ့်ကိုကိုယ်တော့
အသားနာအောင် မလုပ်ပါနဲ့ဆိုတဲ့
မင်းရဲ့ တောင်းဆိုချက်တစ်ခုကို
ခုတော့ ငြင်းဆန်ခွင့်ပြုပါ......

အင်အားမစိုက်ထုတ်ချင်တော့လောက်အောင်ကို
စိတ်အစုံက ပင်ပန်းနေပြီမို့ ခပ်သာသာ
ဓားချက်တွေဟာ လက်ကောက်ဝတ်ပေါ်
သိပ်တော့ အရာမထင်.......

အချိန်အနည်းငယ် ကြာလာတော့ လက်က
သွေးစို့စ ပြုပြီး နီရဲကာ နာကျင်လာတယ်.....

ဒါမဲ့ ကျနော် မျက်ရည်ကျလို့ မဖြစ်......

နာကျင်မှုကို နာကျင်မှုနဲ့ ကုစားနေရချိန်မှာ
ငိုကြွေးခြင်းဆိုတဲ့ နာကျင်မှုကိုပါ
ထပ်မပါဝင်စေချင်တော့.......

ဒီလောက်ထိတော့လည်း ကိုယ့်ကိုကိုယ်
မညှင်းပန်း မနှိပ်စက်သင့်တော့ဘူး.......
ကျနော် ပင်ပန်းလွန်းမက ပင်ပန်းနေပြီလေ......

ဖျော့တော့တော့ ဓားချက်ရာတွေဟာ လက်ပေါ်
ခပ်စိတ်စိတ် ကျရောက်ပြီးနောက်မှာတော့
သွေးစက်တချို့ ကြမ်းပြင်ပေါ်ကို
ခုန်ပေါက် ဆင်းသွားကြလေရဲ့......

ရင်ထဲက နာကျင်မှုကို သက်သာစေဖို့
ရည်ရွယ်တာမို့ လက်က အနာပေါ်ကိုသာ
အာရုံစိုက်ထားတော့ ရင်ထဲ တဆစ်ဆစ်နဲ့
နာကျင်လာတယ်......

ဓားသွားချွန်မြမြက ကျနော့်ရဲ့
စိတ်ထွက်ပေါက် တစ်ခုပါလို့
ကိုယ့်ကိုကိုယ် မဝံ့မရဲ ဝန်ခံလိုက်ရတယ်......

Xiao Luhan ရေ.....
မင်း သိပ်ကို ရူးနှမ်းလွန်းတယ်

"ဟင် ဟင်.....Lu Luhan
နင် ဘာ ဘာတွေ လုပ်နေတာလဲ"

သူမကို ကျောပေးထိုင်ထားတဲ့ ကျနော့်ကို
ဘယ်လို ဘယ်လို မြင်သွားလဲမသိ......
ဒါမှမဟုတ် ကြမ်းပြင်ပေါ် အိုင်နေပြီဖြစ်တဲ့
သွေးကွက်ကြီးက အတော်အတန်ပဲ
ကြီးနေပြီမို့ များလား......

ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့
လက်သီးဆုပ်ထဲက ဓားကို အတင်း ဝင်လုနေရင်း
ရပ်ဖို့ကို အော်ဟစ် ပြောဆိုနေတဲ့ သူမ......

ရော်..... ဒီလိုနဲ့ သူပါ ထိခိုက်မိတော့မယ်

"Sohee...... ငါ့ကို မတားပါနဲ့လား
ကျေးဇူးပြုပြီး.....ဟင်"

မတန်မဆ လက်ကောက်ဝတ်ပေါ် လှီးဖြတ်ထားတဲ့
ဒဏ်ရာတွေဟာ သိပ်ကို နာကျင်လွန်းနေတာမို့
ကျနော် အသံတွေပါ ပြာချင်လာတယ်......

အင်မတန်မှ ကြေကွဲနေတဲ့ မျက်ဝန်းတွေနဲ့
ဆို့နင့်နေတဲ့ ကျနော့်ပုံစံဟာ သိပ်ကို
သနားစရာကောင်းသွားတယ် ထင်တယ်......
Sohee ကပါ မျက်ရည်တွေ ရစ်ဝိုင်းလာတယ်......

"Ming...Ming......Jongin ကို သွားခေါ်သွား"

"ဟင်.....ဘာ"

"Kim Jongin ကို သွားရှာပြီး
ခေါ်လာခဲ့လို့...... မြန်မြန်သွား"

Ming ဆိုတဲ့ တစ်ယောက်က ခုမှ
ကျနော့် အခြေအနေအရပ်ရပ်ကို
နားလည် သဘောပေါက်ဟန်နဲ့
အခန်းထဲကနေ မျက်ကလူးဆန်ပြာ
ပြေးထွက်သွားတယ်......

ဪ..... ဘေးလူတွေကပါ ကျနော်
တစ်ခုခု ဖြစ်နေရင် Innie ကို အသည်းအသန်
ပြေးရှာရလောက်တဲ့အထိ ကျနော် သူ့အပေါ်
မှီခိုမှုတွေ သိပ်ကြီးမားခဲ့ပြီ ထင်တယ်

လက်ကောက်ဝတ်သွေးကြောမကြီးကို
ထိထိမိမိ ဖြတ်မိသွားတဲ့ ဓားသွားထိပ်ကြောင့်
မအော်မိပေမဲ့ ကျနော် မျက်နှာ ရှုံ့မဲ့သွားရတယ်......

သွေးတွေ ဒလဟော ပန်းထွက်လာတာမို့
နာကျင်လာပြီး အသားတွေပါ တုန်ရီလာတယ်.......

"Luhan......နင် တော်တော့"

Sohee က ကျနော့်လက်ကို
ပုတ်ထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်
ပြုတ်ကျသွားတဲ့ ဘရိတ်ဓားကို
ကြောက်လန့်တကြား ကြည့်နေတယ်......

ကြမ်းပြင်ပေါ် အိုင်နေတဲ့ သွေးတွေရယ်......
လက်ကောက်ဝတ်ကနေ အဆက်မပြတ်
စီးကျနေတဲ့ သွေးတွေရယ်......

အင်းပေါ့......ဒါက မိန်းကလေးတစ်ယောက်အတွက်
သိပ်ကို ကြောက်လန့်စရာ မြင်ကွင်းကြီးပေါ့

ကော်ရစ်တာမှာ ပြေးလွှားလာနေတဲ့
ခြေသံတွေ တဝုန်းဝုန်း ကြားနေရပြီး
ကျနော် အမြင် အာရုံတွေ ဝေဝါးလာတယ်.......

"Hannie......Hannie"

အဝေးကြီးကနေ Innie ရဲ့ ခေါ်သံကို
ကျနော် ကြားနေရတယ်......

Innie ရေ...... ဖြည်းဖြည်း လာပါကွယ်
ငါ ဒီမှာ ရှိနေသားပဲကို

"Han....Hannie"

အခန်းထဲကို အမောတကော
ပြေးဝင်လာတဲ့ Innie ကို
ကျနော် ယဲ့ယဲ့လေး ပြုံးပြနိုင်လိုက်သေးတယ်......

အချိန်ခဏလောက် Innie ကျနော့်ကို
ကြောင်တောင်တောင်နဲ့ ငေးကြည့်နေသေးတယ်......

ပြီးမှ လက်ကောက်ဝတ်ကို
သွေးထွက်မလွန်အောင်လို့ Innie က
သူ့ coat အကျႋီနဲ့ ကြပ်စည်းနေလေရဲ့......

Innie ရယ်..... သွေးတွေကဖြင့်
အများကြီး ထွက်ပြီးနေမှပဲကို

"Hannie လာ......
ဆေးရုံ သွားမယ်"

"အင်း......"

Innie ကျနော့်ကို ကောက်ပွေ့ပြီး
ခြေထောက်ကနေ မချီလိုက်တယ်.......

မှေးမှိတ်ချင်နေတဲ့ မျက်ဝန်းအစုံက
ခုမှ ခိုနားရာ ရင်ခွင်အစစ်ကို
တွေ့လိုက်ရတဲ့အလား ရီဝေလာတယ်......

ကျနော် အိပ်ချင်နေပြီ......

ပြေးလွှားသွားနေတာမို့ လှုပ်ခါနေတဲ့
ရင်ခွင်အစုံဟာ တည်ငြိမ်မှု ရှိမနေတာတောင်
ငြိမ်းချမ်းတယ်လို့ ထင်ပြီး လုံခြုံတယ်လို့
ခံစားနေရတာဟာ ဘာကြောင့်များလဲ......

မှုန်ဝါးနေတဲ့ မျက်လုံးတွေနဲ့ ရင်ခွင်ထဲကနေ
ကျနော် Innie ကို မော့ကြည့်ဖြစ်တယ်.......

ဟင်း......သူ ကျနော့်ကြောင့်နဲ့
သိပ်ကို စိုးရိမ်ပူပန်နေရပြန်ပြီပဲ

ရုတ်တရက် ဘေးဘက်လှည့်ကြည့်လိုက်တော့
ပုံရပ်တစ်ခုကို ဖြတ်ခနဲ
ဝိုးတိုးဝါးတား မြင်လိုက်ရတယ်.......

အဲ့ပုံရိပ်ဟာ Oh Sehun နဲ့ ဘာလို့
သိပ်ကို တူနေရတာလဲ......

မမြင်ချင်တော့ဘူး.....
လွတ်မြောက်ခွင့်ပေးပါတော့......
ကျနော် သိပ်ကို ပင်ပန်းနေပြီလေ......

မျက်ဝန်းအစုံကို ကျနော် မှိတ်ချလိုက်တယ်......

အိပ်စက်ခွင့် ပေးပါ......
ကျနော် ငြိမ်းချမ်းပါရစေ.......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

ခင်ဗျားရဲ့ ပြီးပြည့်စုံလွန်းသောအချစ်တွေမှာ
ကျနော့်ရဲ့ မျက်ရည်တွေ နာကျင်မှုတွေ
အနိုင်ယူခံရမှုတွေပါ ပျော်ဝင်နေလေရဲ့......

ခင်ဗျားရဲ့ အချစ်တွေဟာ သိပ်ကို
လူသားဆန်လွန်းနေပြီး
ခမ်းနားကြီးကျယ် လှပါတယ်......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

To bE coNtiNueD........

Continue Reading

You'll Also Like

726K 63.3K 47
(Unicode +Zawgyi) ♥Fanfic တစ်ခုမျှသာ၊ မည်သူကိုမှ ထိခိုက်လိုစိတ်မရှိ♥ လွဲမှားနေသော ချစ်ခြင်းများနှင့်အတူ ကျွန်တော်တို့သည်.... Start: 20/8/2019 End: 2...
927K 111K 64
F ယူနီဗာစီတီ ရဲ႕ စြဲ​ေဆာင္​မႈ အ႐ွိဆံုး ​ေယာက်ာ္​း ႏွစ္​​ေယာက္​.... ၀မ္​ကြမ္​းနင္​ နဲ႔ က်န္​းလင္​ရိ ထိုလူငယ္​ ႏွစ္​ဦးမွာ မည္​သည္​့ကိစၥတြင္​မဆို သူႏို...
57.6K 7.8K 31
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
566K 35.1K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...