[Zawgyi]
Zhang Yi Xing noona ဆီက Hun မူးေနလို႔
noona အိမ္ျပန္လိုက္ပို႔ေပးေနတယ္ေနာ္ ဆိုတဲ့
သတိေပးျခင္းမမည္တဲ့ ph call တစ္ခုကို
လက္ခံလိုက္ၿပီးတဲ့ေနာက္မွာ က်ေနာ္ အိမ္ေရွ႕မွာ
ထြက္ေစာင့္ေနျဖစ္တယ္.....
တျခားလူရဲ႕ လက္ထဲကေန သူ က်ေနာ့္
ရင္ခြင္ထဲ ျပန္ေရာက္လာမယ့္အေရးပဲ
ညတစ္နာရီေက်ာ္ ျဖစ္ေနလည္း
ဘာမႈစရာလိုသလဲေလ......
ဒီေလာက္ေတာ့လည္း ရင္အနာခံရမည္ေပါ့......
"Luhan ေရ.....Luhan"
"လာၿပီ.....noona"
ရင္းရင္းႏွီးႏွီး မေခၚမေျပာခ်င္ဘူးဆိုေပမဲ့
သူက အခု ေလာေလာဆယ္မွာ ကိုယ့္ခ်စ္သူကို
အေဖာ္ျပဳ ေစာင့္ေရွာက္ေပးထားတဲ့ လူမို႔......
"ရပါၿပီ Noona....က်ေနာ္ပဲ တြဲပို႔လိုက္ပါ့မယ္"
"Luhan တစ္ေယာက္ထဲ ႏိုင္ပါ့မလား......
Hun လဲၿပိဳ သြားပါ့ဦးမယ္"
တျခားသူက ခင္ဗ်ားကို က်ေနာ့္ထက္ ပိုၿပီး
စိတ္ပူျပေနတာေတြ တကယ္
သေဘာမက်ေပးႏိုင္ဘူး.....ဘာလို႔ဆို
က်ေနာ္က ခင္ဗ်ား အျပစ္တင္ခဲ့ဖူးသလို
ကေလးဆန္စြာနဲ႔ မိုက္႐ူးရဲဆန္ဆန္
သဝန္တိုတတ္တဲ့ လူမို႔.......
"က်ေနာ္ ႏိုင္ပါတယ္......Yi Xing noona"
"ေအာ္.....အင္း အင္း
အာ့ဆို Noona ျပန္ၿပီေနာ္.....
Hun ကို ဂ႐ုစိုက္လိုက္ပါဦး"
ကိုယ့္ခ်စ္သူကို ကိုယ္ ဂ႐ုစိုက္ေပးဖို႔ေတာင္မွ
တပါးသူဆီက အထက္စီးဆန္ဆန္
စကားတစ္ခြန္းေၾကာင့္နဲ႔ ခံျပင္းလာရျပန္တယ္.....
လူႀကီး.....ခင္ဗ်ား တကယ့္ကို မေကာင္းဘူးဗ်ာ
မႏိုင္မနင္း ကိုယ္လံုးႀကီးကို အိပ္ခန္းထိ
တြဲပို႔ရင္း ေမြ႕ရာထက္ အသာခ်ေပးဖို႔ လုပ္ေပမယ့္
မႏိုင္မနင္းနဲ႔မို႔ ဝုန္းခနဲ လဲၿပိဳသြားတယ္......
တြဲထားတဲ့လူက က်ေနာ္ ဆိုေပမဲ့ အရွိန္နဲ႔
လဲက်သြားေလသူက က်ေနာ့္ကို ခါးကေန
ဆြဲဖက္လိုက္ေတာ့ ေမွာက္ရက္ကေလး
သူ႔ရင္ဘက္ေပၚ ၿပိဳက်ေလတယ္.....
"Luhan...."
"Luhan မဟုတ္ဘူး....Xiao Lu"
Luhan လို႔ ေခၚရင္ မႀကိဳက္ဘူး ေျပာထားရဲ႕သားနဲ႔....
အသံမာမာနဲ႔ Luhan လို႔ ေခၚလိုက္ရင္ကို
မ်က္ရည္ဝဲတတ္တဲ့ က်ေနာ့္ အားနည္းခ်က္ကို
သူ သိေနလို႔.....
ရန္ျဖစ္တိုင္း စကားၾကမ္းေတြထက္ Luhan ဆိုတဲ့
အေခၚအေဝၚနာမ္စားတစ္ခုနဲ႔တင္
ပူေလာင္လာတတ္တာ......
ကိုယ့္နာမည္ အျပည့္အစံုကို ကိုယ့္ခ်စ္သူက
ေခၚတာကို ဝမ္းနည္းလြန္းအားႀကီးလို႔ ဆိုၿပီး
ဒီေလာက္ထိ လိုက္ပူေဆြးတတ္တဲ့ လူမ်ိဳးေရာ
ရွိၾကေသးလား..... က်ေနာ့္ လိုမ်ိဳးေလ
"omm.....ကေလး"
သူ႔ ရင္ဘက္ေပၚ အသာ ေခါင္းေမွးတင္ရင္း
နားေထာင္ျဖစ္ေတာ့ ခ်စ္ရသူရဲ႕
ရင္ခုန္သံစည္းခ်က္ေတြက ပိုၿပီး ျမန္ဆန္လာတယ္.....
ကေလးလို႔ ေခၚလိုက္တိုင္း သူ ရင္ခုန္လာတတ္တာ......
က်ေနာ့္လူႀကီးက ဘယ္လိုေတာင္ ခ်စ္ဖို႔
ေကာင္းလိုက္သလဲ ဆိုတာ.....
"ေျပာ"
"မနက္က ကိုယ့္ကို ဘာလို႔ စိတ္ဆိုးရေအာင္ လုပ္တာလဲ...."
"Xiao Lu က ဘာလုပ္မိလို႔....."
"ကေလး Xing ေရွ႕မွာ အဲ့လို အဝတ္အစားမ်ိဳး
ဝတ္ၿပီး ထြက္မလာသင့္ဘူးေလကြာ....."
"Lu က အေပၚဆံုးက အက်ႌပဲ ထုတ္ဝတ္လိုက္တဲ့
ဥစၥာ.....သတိမွ မထားမိပဲရယ္"
"Xiao Lu....စကားကို အ့ဲလို ေပါ့ပ်က္ပ်က္ မေျပာနဲ႔
မင္း ဘာစိတ္ကူးနဲ႔ ဝတ္ခဲ့လဲ မင္း အသိဆံုးပဲ"
စိတ္တိုလာတာမို႔ သူ႔ ရင္ဘက္ေပၚက
ထမယ္လုပ္ေပမယ့္ လက္ႏွစ္ဖက္လံုးကို
ဆြဲကိုင္ထားတာေၾကာင့္ အရွိန္နဲ႔ပဲ
သူ႔ေပၚ ျပန္ျပဳတ္က်သြားရတယ္.....
"မသြားနဲ႔....ကိုယ္ ေမးတာကို ေျဖ"
စိတ္ထဲ ရွိတဲ့ အတိုင္း ေျဖလိုက္ရင္လည္း
ခင္ဗ်ား ေက်နပ္မွာမွ မဟုတ္တာပဲ.....လူႀကီးရာ
က်ေနာ့္ကို မေစာင့္ပဲ Yi Xing noona ဆီကို
အရင္ထြက္သြားခဲ့လို႔ ဆိုတဲ့ အေျဖကို ၾကားရင္......
ခင္ဗ်ားက ဧည့္သည္ကို တစ္ေယာက္ထဲ
ေစာင့္ခိုင္းထားလို႔ ျဖစ္မလားကြ ဆိုတဲ့
အေၾကာင္းျပခ်က္နဲ႔ က်ေနာ့္ကိုပဲ
ျပန္ၿပီး အျပစ္တင္ဦးမယ္......
က်ေနာ္ နာေနတာမို႔ ထဖို႔ မလြယ္မွန္း သိရဲ႕သားနဲ႔
ထားခဲ့တာက်တာေရာလို႔ ျပန္ေခ်ပျပန္ရင္လည္း
ကိုယ့္အိမ္ကို ေရာက္လာတဲ့လူကို
ထြက္မေတြ႕ရင္ ႐ိုင္းရက်မွာေပါ့လို႔ ခင္ဗ်ားက
ျပန္တံု႔ျပန္လိမ့္ဦးမယ္.....
အဟက္.....ခင္ဗ်ား ျပန္ေျပာမယ့္ စကားေတြကို
အလြတ္ရေနေလာက္တဲ့အထိ
ခင္ဗ်ားကို ျမတ္ႏိုးမိေနေတာ့တာ......
ဒါေပမဲ့ တျခားအေၾကာင္းအရာေတြထက္
Xiao Lu က ပိုအေရးမႀကီးဘူးလားဆိုတဲ့
ေမးခြန္းရဲ႕ အေျဖကိုေတာ့ က်ေနာ္
သိပ္မေသခ်ာဘူး....လူႀကီး
"အင္း....Lu မွားတယ္ပဲ ထားေတာ့
Xiao Lu ေတာင္းပန္ပါတယ္"
"မွားတယ္ပဲ ထားေတာ့ မဟုတ္ဘူး.....
မွားကို မွားတာ.....ကေလး"
"omm....Xiao Lu မွားတယ္
အာ့ေၾကာင့္ ေတာင္းပန္တယ္လို႔"
"ok.....မွားမွန္း သိရင္ punishment"
"ဘာလုပ္ေပးရမွာလဲ....."
"အျပင္ ထြက္အိပ္ေပး.....
ကိုယ္တို႔ ဒီည တစ္ေယာက္စီ အိပ္ၾကရေအာင္"
"ဟင္ !!!! "
"ဒါ ကိုယ့္ရဲ႕ punishment ပဲေလ..... ကေလး
ဒီည ကိုယ္နဲ႔ အိပ္ခြင့္ မရွိဘူး"
"မ်က္ရည္ မဝဲလာနဲ႔....ဒါ ငိုစရာ ကိစၥ မဟုတ္ဘူး
Good night.....baby"
နဖူးေပၚ ခပ္ဖြဖြ အနမ္း တစ္ခ်က္ ေႁခြရင္း
သူက စကားတို႔ကို ေအးေဆးစြာ ေျပာလာခဲ့တယ္.....
က်ေနာ္ ခင္ဗ်ားကို ဘယ္လို
နားလည္ေပးရပါ့မလဲ....လူႀကီး
အိပ္ရာဝင္ အနမ္းတစ္ခု ဖန္တီးခ်င္လို႔ မ်က္ႏွာကို
သူ႔ ႏႈတ္ခမ္းနား ေရႊ႕လိုက္ေပမယ့္......
"No kiss baby.....ကိုယ္တို႔ မနက္က်မွ နမ္းၾကရေအာင္"
ရင္ထဲ နာေစတဲ့ စကားတစ္ခြန္းေျပာၿပီး သူက
ကိုယ့္ကို ေက်ာေပးလို႔ ဟိုဖက္ေတာင္ လွည့္အိပ္ေနေလရဲ႕......
က်ေနာ့္ ခ်စ္ရသူက အသည္းမာႏိုင္လိုက္တာ......
"Good night.....လူႀကီး"
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~
ခင္ဗ်ားအျပင္ ခိုကိုးလို႔ ရတဲ့ ရင္ခြင္တစ္ခု ရွိေနတာမို႔
ခင္ဗ်ားကို အာခံေနတာ မဟုတ္ပါဘူး......
အဆံုးမဲ့ အခ်စ္ေတြရဲ႕ က်ရွံဳးမႈမွာ
တခါတေလေတာ့လည္း က်ေနာ္က
ျပန္ၿပီး အႏိုင္လိုခ်င္တာေပါ့.....
က်ေနာ္တို႔ႏွစ္ေယာက္ရဲ႕ ေမတၱာသက္ဝင္ခန္းမွာေတာ့
ေက်းဇူးျပဳၿပီး တရားမွ်တမႈဆိုတဲ့
ျပကြက္ေလး ပါေနေပးပါလား......
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~
Luhan ေက်ာင္းထဲ ဝင္လာထဲက
မ်က္ႏွာက မေကာင္း.....ပါးမို႔ေလးေတြ
နီေနတဲ့ အျပင္ ႏွာကလည္း တရွံဳ႕ရွံဳ႕ ျဖစ္ေနေသးတယ္.....
"Xiao Han.....ေနမေကာင္းဘူးလား"
"အင္း....နည္းနည္း"
"ဂ႐ုစိုက္ဦး.....စာေမးပြဲက တစ္ပါတ္ေက်ာ္ေက်ာ္ပဲ
လိုေတာ့တာေနာ္"
"Innie ေရာ....Soo"
"ခုနက ေရာက္လာေသးတယ္.....မင္း
မလာေသးလို႔ Library သြားလိုက္ဦးမယ္ ေျပာတယ္"
"Innie ဆီ ဖုန္းဆက္ေပး....ငါ့ဆီကို အခု လာပါလို႔"
"ဖုန္း မပါလာဘူးလား...."
"Battery မရွိလို႔...."
မနက္က က်ေနာ္ Soo ကို အေခၚခိုင္းေတာ့
ခ်က္ခ်င္း ေရာက္လာၿပီး ေနမေကာင္းဘူးဆိုတာ
သိသြားတဲ့ Innie က ေန႔လည္ ထမင္းစား
ခဏ ဆင္းေတာ့လည္း က်ေနာ့္ အခန္းကို
အေျပးအလႊား ေရာက္လာရွာတယ္......
"Hannie.....ေနလို႔ မေကာင္းဘူးလား"
နဖူးေပၚ လက္တင္ၿပီး အပူေငြ႕ စမ္းၾကည့္ရင္းနဲ႔
သူက တယုတယ ေမးလာျပန္တယ္.....
"ေခါင္မိုးထပ္ သြားရေအာင္ Innie.....
ငါ အိပ္ခ်င္တယ္"
"ကိုယ္က ေႏြးေနတာ.....
ေခါင္မိုးထပ္ေတာ့ မသြားပါနဲ႔လား
စတိုခန္းေတြထဲပဲ သြားမယ္ေလေနာ္....."
"အင္း.......ကုန္းပိုး
Hannie ကို ကုန္းပိုး ေခၚသြား ေပး"
"လာ....တက္"
ေက်ာင္းေဆာင္ေတြကို ေက်ာ္သြားၿပီး
စတိုခန္းေတြ ရွိတဲ့ဘက္ကို ကုန္းပိုးေခၚလာခဲ့ေပမဲ့
ေက်ာင္းသားေတြက ေထြထူးၿပီး
အ့ံၾသ မေနၾကေတာ့.....အင္းေလ.....Kim Jongin က
Xiao Luhan ကို ကုန္းပိုးၿပီး ေက်ာင္းထဲ
ေလွ်ာက္ေလွ်ာက္သြားေနတာ
တစ္ခါႏွစ္ခါမွ မဟုတ္ေတာ့ပဲ.......
ဒါေတာင္ လမ္းမွာ ေတြ႕ခဲ့တဲ့ ကာယဆရာမကို
မခ်ိသြားၿဖဲေလး ရီျပခဲ့ရေသးတယ္.....
"ေပါင္ေပၚမွာ အိပ္ခ်င္တယ္....Innie"
"ေအာက္မွာဆို ဖုန္ေတြ ေပကုန္မယ္ေလ.....ပခုံးေပၚမွာ အိပ္"
"ပခံုးေပၚမွာဆို အိပ္လို႔ သိပ္မေကာင္းလို႔....."
"ေပၚေပါင္မွာ ထိုင္ၿပီးေတာ့ အိပ္ေလ...."
က်ေနာ့္ကို ဖုန္ေပမွာ စိုးတဲ့ သူက ဖုန္ေတြ ၾကားထဲမွာ
ထိုင္ခ်ၿပီးေတာ့ သူ႔ေပါင္ေပၚ အထိုင္ခိုင္းလို႔
သူ႔ပခံုးေပၚ ေမွးစက္ေစခဲ့တယ္......
"ညက စာက်က္တာ ညဥ့္နက္သြားလို႔လား.....Hannie"
"စာက်က္ေနတာေၾကာင့္ မဟုတ္ဘူး.....လူႀကီးေၾကာင့္
သူ အိမ္ျပန္ေနာက္က်ေနလို႔"
"Aww....."
"ေရာ့....Hannie
လက္ကိုင္ပုဝါ ယူထား...."
ေဘာင္းဘီ အိတ္ကပ္ထဲ အသာ လက္ႏႈိက္ရင္း
လက္ေနာက္ျပန္နဲ႔ ပခံုးေပၚ ေခါင္းအပ္ထားတဲ့
သူ႔ဆီ လက္ကိုင္ပုဝါေလး ထိုးေပးမိတယ္.....
ကိုယ္က ဒီ့ထက္ ပိုၿပီး ဂ႐ုစိုက္ေပးခ်င္မိတာပါ......Hannie
"အဟင္း.....အေတာ္ပဲ
ႏွာရည္ေတြ က်ေနတာ"
"ဂ႐ုစိုက္ဦး.....ႏွာေစးေနရင္ စာက်က္ရတာ
အေႏွာင့္အယွက္ ျဖစ္တယ္"
"ညက အခန္းအျပင္မွာ အိပ္လိုက္ရလို႔...."
"ဘာ!!! ဘာလို႔လဲ.....
ဘယ္သူက အိပ္ခိုင္းတာလဲ"
"အိမ္မွာ ဘယ္သူရွိတာမို႔လို႔ Innie ရယ္....."
"ဘာလို႔လဲ.....ဘာလို႔ အိပ္ခိုင္းရတာလဲ"
"Punishment တဲ့.....အဟက္
ငါ အမွား လုပ္လိုက္မိလို႔ေလ"
"Hannie က ဘာလုပ္မိလို႔....."
"ထားပါ.....ျပန္ေျပာရရင္ အရွည္ႀကီးပဲ"
မေျပာျပလို႔ ဆိုၿပီး စိတ္မကြက္ပါနဲ႔.....Innie
ငါ့ေၾကာင့္နဲ႔ ႀကိမ္ဖန္မ်ားစြာ နာက်င္ေနရတဲ့
မင္းရဲ႕ ႏွလံုးသားကို တခါတေလေတာ့လည္း
ငါ ငဲ့ညႇာေပးခ်င္မိလို႔ပါ.....
"ဘယ္လို လုပ္ရပ္ပဲ လုပ္ခဲ့ လုပ္ခဲ့ေပါ့......
အခန္းအျပင္မွာ အိပ္ခိုင္းတဲ့အထိက"
"ေအးေလေနာ္.....ငါ အျပင္မွာ ေအးေနမွာ
သူ စိတ္မပူဘူး ငါ့ စာေမးပြဲ အတြက္လည္း
သူ ေခါင္းထဲ မရွိဘူး.....ငါ ေနမေကာင္း ျ
ဖစ္သြားမွာလည္း သူ မစိုးရိမ္ဘူး"
"Hannie ထပ္ၿပီး မငိုနဲ႔ေတာ့ေနာ္...."
"ခု ေလာေလာဆယ္ ငိုေနတဲ့လူက
ခင္ဗ်ား မဟုတ္ဘူးလား.....
အသံက ငိုသံ ပါႀကီးနဲ႔....."
"အာ.....မဟုတ္ပါဘူး
ကိုယ္က....ဒီတိုင္း"
"ငါ့အတြက္ ဒီေလာက္ႀကီး ဝမ္းမနည္းပါနဲ႔လား....Innie
ငါလည္း စိတ္ထဲ ေနလို႔ မေကာင္းဘူး
သူက မင္းလိုမွ မဟုတ္ပဲေလ....ေနာ္"
"အင္းပါ....ကိုယ္ ဘာမွ မျဖစ္ပါဘူး
အိပ္လိုက္ေတာ့ Hannie....အိပ္ေပ်ာ္ေအာင္အိပ္"
"မင္း ပခံုးေပၚ အိပ္ရတာပဲ ငါ အိပ္ေပ်ာ္မွာပါ"
မ်က္လံုးေတြ မွိတ္ခ်လိုက္တာနဲ႔ သူ႔
လက္ဖဝါးေႏြးေႏြးက ဆံႏြယ္ေတြေပၚ
အလိုက္သင့္ ေနရာယူၿပီး ပြတ္သပ္ေပးလာခဲ့တယ္.....
သူ႔ရဲ႕ ကိုယ္သင္းနံ သင္းသင္းေလးကို
ရွဴ႐ွိဳက္ေနရင္းနဲ႔ကို စိတ္ေတြ ေလးလံလာတယ္......
ငိုေနေသးတာလား.....Innie
ငါ့အတြက္ေၾကာင့္နဲ႔ မ်က္ရည္မက်ပါနဲ႔လို႔
တားျမစ္ခ်င္ေပမဲ့ အ့ဲလို ေျပာပိုင္ခြင့္ေတာင္
ငါ့ဆီမွာ ရွိေသးရဲ႕လား ငါ မေသခ်ာေတာ့ဘူး......
မင္းကို ဒီ့ထက္ပိုၿပီး မနာက်င္ေစခ်င္ေတာ့တာက
ငါ့ စိတ္ရင္းအမွန္ပါ.....ဒါမဲ့ ဘယ္လိုလုပ္ရပါ့မလဲ
ငါက မင္းကို ခုထိ လိုအပ္ေနေသးတာ.....
အရင္တုန္းကလည္း လိုအပ္ခဲ့သလို
အခုခ်ိန္ထိလည္း လိုအပ္ေနဆဲပါ......
မင္းေနရာမွာ လူႀကီးကို အစားထိုးလိုက္တယ္
ဆိုၿပီး ထင္ေယာင္ထင္မွား မျဖစ္ပါနဲ႔.....Innie
ငါ့ဘဝထဲမွာ Kim Jongin ဆိုတဲ့
လူတစ္ေယာက္အတြက္က အစထဲက
ေနရာ သီးသန္႔ ရွိခဲ့ၿပီးသားပါ.....
ငါက မင္းကို ျမတ္ႏိုးမိတာပါ....Innie ရယ္
~•~•~•~•~•~•~•~•~•~•~•~•~•~•
ေပးဆပ္ျခင္းတို႔ မည္သည္က အခ်စ္ဟု
ဆိုျပန္လွ်င္လည္း အခ်စ္ေပါ့.......အခ်စ္ပဲေပါ့
အနာက်င္ခံရၿပီး အခ်စ္ေတြ အမ်ားႀကီး
ေပးခ်င္မိတာကေတာ့ အတၱပါ......
ျမတ္ႏိုးစြာ ခ်စ္ခဲ့မိေလျခင္းရဲ႕ ေနာက္ဆက္တြဲ
အက်ိဳးဆက္ေတြမွာေတာ့ ျဖဴစင္ျခင္းေတြသာ
ထာဝစဥ္ တည္ရွိေနပါရေစ......
~•~•~•~•~•~•~•~•~•~•~•~•~•~•~•
To be continued.......
[Unicode]
Zhang Yi Xing noona ဆီက Hun မူးနေလို့
noona အိမ်ပြန်လိုက်ပို့ပေးနေတယ်နော် ဆိုတဲ့
သတိပေးခြင်းမမည်တဲ့ ph call တစ်ခုကို
လက်ခံလိုက်ပြီးတဲ့နောက်မှာ ကျနော် အိမ်ရှေ့မှာ
ထွက်စောင့်နေဖြစ်တယ်.....
တခြားလူရဲ့ လက်ထဲကနေ သူ ကျနော့်
ရင်ခွင်ထဲ ပြန်ရောက်လာမယ့်အရေးပဲ
ညတစ်နာရီကျော် ဖြစ်နေလည်း
ဘာမှုစရာလိုသလဲလေ......
ဒီလောက်တော့လည်း ရင်အနာခံရမည်ပေါ့......
"Luhan ရေ.....Luhan"
"လာပြီ.....noona"
ရင်းရင်းနှီးနှီး မခေါ်မပြောချင်ဘူးဆိုပေမဲ့
သူက အခု လောလောဆယ်မှာ ကိုယ့်ချစ်သူကို
အဖော်ပြု စောင့်ရှောက်ပေးထားတဲ့ လူမို့......
"ရပါပြီ Noona....ကျနော်ပဲ တွဲပို့လိုက်ပါ့မယ်"
"Luhan တစ်ယောက်ထဲ နိုင်ပါ့မလား......
Hun လဲပြို သွားပါ့ဦးမယ်"
တခြားသူက ခင်ဗျားကို ကျနော့်ထက် ပိုပြီး
စိတ်ပူပြနေတာတွေ တကယ်
သဘောမကျပေးနိုင်ဘူး.....ဘာလို့ဆို
ကျနော်က ခင်ဗျား အပြစ်တင်ခဲ့ဖူးသလို
ကလေးဆန်စွာနဲ့ မိုက်ရူးရဲဆန်ဆန်
သဝန်တိုတတ်တဲ့ လူမို့.......
"ကျနော် နိုင်ပါတယ်......Yi Xing noona"
"အော်.....အင်း အင်း
အာ့ဆို Noona ပြန်ပြီနော်.....
Hun ကို ဂရုစိုက်လိုက်ပါဦး"
ကိုယ့်ချစ်သူကို ကိုယ် ဂရုစိုက်ပေးဖို့တောင်မှ
တပါးသူဆီက အထက်စီးဆန်ဆန်
စကားတစ်ခွန်းကြောင့်နဲ့ ခံပြင်းလာရပြန်တယ်.....
လူကြီး.....ခင်ဗျား တကယ့်ကို မကောင်းဘူးဗျာ
မနိုင်မနင်း ကိုယ်လုံးကြီးကို အိပ်ခန်းထိ
တွဲပို့ရင်း မွေ့ရာထက် အသာချပေးဖို့ လုပ်ပေမယ့်
မနိုင်မနင်းနဲ့မို့ ဝုန်းခနဲ လဲပြိုသွားတယ်......
တွဲထားတဲ့လူက ကျနော် ဆိုပေမဲ့ အရှိန်နဲ့
လဲကျသွားလေသူက ကျနော့်ကို ခါးကနေ
ဆွဲဖက်လိုက်တော့ မှောက်ရက်ကလေး
သူ့ရင်ဘက်ပေါ် ပြိုကျလေတယ်.....
"Luhan...."
"Luhan မဟုတ်ဘူး....Xiao Lu"
Luhan လို့ ခေါ်ရင် မကြိုက်ဘူး ပြောထားရဲ့သားနဲ့....
အသံမာမာနဲ့ Luhan လို့ ခေါ်လိုက်ရင်ကို
မျက်ရည်ဝဲတတ်တဲ့ ကျနော့် အားနည်းချက်ကို
သူ သိနေလို့.....
ရန်ဖြစ်တိုင်း စကားကြမ်းတွေထက် Luhan ဆိုတဲ့
အခေါ်အဝေါ်နာမ်စားတစ်ခုနဲ့တင်
ပူလောင်လာတတ်တာ......
ကိုယ့်နာမည် အပြည့်အစုံကို ကိုယ့်ချစ်သူက
ခေါ်တာကို ဝမ်းနည်းလွန်းအားကြီးလို့ ဆိုပြီး
ဒီလောက်ထိ လိုက်ပူဆွေးတတ်တဲ့ လူမျိုးရော
ရှိကြသေးလား..... ကျနော့် လိုမျိုးလေ
"omm.....ကလေး"
သူ့ ရင်ဘက်ပေါ် အသာ ခေါင်းမှေးတင်ရင်း
နားထောင်ဖြစ်တော့ ချစ်ရသူရဲ့
ရင်ခုန်သံစည်းချက်တွေက ပိုပြီး မြန်ဆန်လာတယ်.....
ကလေးလို့ ခေါ်လိုက်တိုင်း သူ ရင်ခုန်လာတတ်တာ......
ကျနော့်လူကြီးက ဘယ်လိုတောင် ချစ်ဖို့
ကောင်းလိုက်သလဲ ဆိုတာ.....
"ပြော"
"မနက်က ကိုယ့်ကို ဘာလို့ စိတ်ဆိုးရအောင် လုပ်တာလဲ...."
"Xiao Lu က ဘာလုပ်မိလို့....."
"ကလေး Xing ရှေ့မှာ အဲ့လို အဝတ်အစားမျိုး
ဝတ်ပြီး ထွက်မလာသင့်ဘူးလေကွာ....."
"Lu က အပေါ်ဆုံးက အကျႌပဲ ထုတ်ဝတ်လိုက်တဲ့
ဥစ္စာ.....သတိမှ မထားမိပဲရယ်"
"Xiao Lu....စကားကို အဲ့လို ပေါ့ပျက်ပျက် မပြောနဲ့
မင်း ဘာစိတ်ကူးနဲ့ ဝတ်ခဲ့လဲ မင်း အသိဆုံးပဲ"
စိတ်တိုလာတာမို့ သူ့ ရင်ဘက်ပေါ်က
ထမယ်လုပ်ပေမယ့် လက်နှစ်ဖက်လုံးကို
ဆွဲကိုင်ထားတာကြောင့် အရှိန်နဲ့ပဲ
သူ့ပေါ် ပြန်ပြုတ်ကျသွားရတယ်.....
"မသွားနဲ့....ကိုယ် မေးတာကို ဖြေ"
စိတ်ထဲ ရှိတဲ့ အတိုင်း ဖြေလိုက်ရင်လည်း
ခင်ဗျား ကျေနပ်မှာမှ မဟုတ်တာပဲ.....လူကြီးရာ
ကျနော့်ကို မစောင့်ပဲ Yi Xing noona ဆီကို
အရင်ထွက်သွားခဲ့လို့ ဆိုတဲ့ အဖြေကို ကြားရင်......
ခင်ဗျားက ဧည့်သည်ကို တစ်ယောက်ထဲ
စောင့်ခိုင်းထားလို့ ဖြစ်မလားကွ ဆိုတဲ့
အကြောင်းပြချက်နဲ့ ကျနော့်ကိုပဲ
ပြန်ပြီး အပြစ်တင်ဦးမယ်......
ကျနော် နာနေတာမို့ ထဖို့ မလွယ်မှန်း သိရဲ့သားနဲ့
ထားခဲ့တာကျတာရောလို့ ပြန်ချေပပြန်ရင်လည်း
ကိုယ့်အိမ်ကို ရောက်လာတဲ့လူကို
ထွက်မတွေ့ရင် ရိုင်းရကျမှာပေါ့လို့ ခင်ဗျားက
ပြန်တုံ့ပြန်လိမ့်ဦးမယ်.....
အဟက်.....ခင်ဗျား ပြန်ပြောမယ့် စကားတွေကို
အလွတ်ရနေလောက်တဲ့အထိ
ခင်ဗျားကို မြတ်နိုးမိနေတော့တာ......
ဒါပေမဲ့ တခြားအကြောင်းအရာတွေထက်
Xiao Lu က ပိုအရေးမကြီးဘူးလားဆိုတဲ့
မေးခွန်းရဲ့ အဖြေကိုတော့ ကျနော်
သိပ်မသေချာဘူး....လူကြီး
"အင်း....Lu မှားတယ်ပဲ ထားတော့
Xiao Lu တောင်းပန်ပါတယ်"
"မှားတယ်ပဲ ထားတော့ မဟုတ်ဘူး.....
မှားကို မှားတာ.....ကလေး"
"omm....Xiao Lu မှားတယ်
အာ့ကြောင့် တောင်းပန်တယ်လို့"
"ok.....မှားမှန်း သိရင် punishment"
"ဘာလုပ်ပေးရမှာလဲ....."
"အပြင် ထွက်အိပ်ပေး.....
ကိုယ်တို့ ဒီည တစ်ယောက်စီ အိပ်ကြရအောင်"
"ဟင် !!!! "
"ဒါ ကိုယ့်ရဲ့ punishment ပဲလေ..... ကလေး
ဒီည ကိုယ်နဲ့ အိပ်ခွင့် မရှိဘူး"
"မျက်ရည် မဝဲလာနဲ့....ဒါ ငိုစရာ ကိစ္စ မဟုတ်ဘူး
Good night.....baby"
နဖူးပေါ် ခပ်ဖွဖွ အနမ်း တစ်ချက် ခြွေရင်း
သူက စကားတို့ကို အေးဆေးစွာ ပြောလာခဲ့တယ်.....
ကျနော် ခင်ဗျားကို ဘယ်လို
နားလည်ပေးရပါ့မလဲ....လူကြီး
အိပ်ရာဝင် အနမ်းတစ်ခု ဖန်တီးချင်လို့ မျက်နှာကို
သူ့ နှုတ်ခမ်းနား ရွှေ့လိုက်ပေမယ့်......
"No kiss baby.....ကိုယ်တို့ မနက်ကျမှ နမ်းကြရအောင်"
ရင်ထဲ နာစေတဲ့ စကားတစ်ခွန်းပြောပြီး သူက
ကိုယ့်ကို ကျောပေးလို့ ဟိုဖက်တောင် လှည့်အိပ်နေလေရဲ့......
ကျနော့် ချစ်ရသူက အသည်းမာနိုင်လိုက်တာ......
"Good night.....လူကြီး"
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~
ခင်ဗျားအပြင် ခိုကိုးလို့ ရတဲ့ ရင်ခွင်တစ်ခု ရှိနေတာမို့
ခင်ဗျားကို အာခံနေတာ မဟုတ်ပါဘူး......
အဆုံးမဲ့ အချစ်တွေရဲ့ ကျရှုံးမှုမှာ
တခါတလေတော့လည်း ကျနော်က
ပြန်ပြီး အနိုင်လိုချင်တာပေါ့.....
ကျနော်တို့နှစ်ယောက်ရဲ့ မေတ္တာသက်ဝင်ခန်းမှာတော့
ကျေးဇူးပြုပြီး တရားမျှတမှုဆိုတဲ့
ပြကွက်လေး ပါနေပေးပါလား......
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~
Luhan ကျောင်းထဲ ဝင်လာထဲက
မျက်နှာက မကောင်း.....ပါးမို့လေးတွေ
နီနေတဲ့ အပြင် နှာကလည်း တရှုံ့ရှုံ့ ဖြစ်နေသေးတယ်.....
"Xiao Han.....နေမကောင်းဘူးလား"
"အင်း....နည်းနည်း"
"ဂရုစိုက်ဦး.....စာမေးပွဲက တစ်ပါတ်ကျော်ကျော်ပဲ
လိုတော့တာနော်"
"Innie ရော....Soo"
"ခုနက ရောက်လာသေးတယ်.....မင်း
မလာသေးလို့ Library သွားလိုက်ဦးမယ် ပြောတယ်"
"Innie ဆီ ဖုန်းဆက်ပေး....ငါ့ဆီကို အခု လာပါလို့"
"ဖုန်း မပါလာဘူးလား...."
"Battery မရှိလို့...."
မနက်က ကျနော် Soo ကို အခေါ်ခိုင်းတော့
ချက်ချင်း ရောက်လာပြီး နေမကောင်းဘူးဆိုတာ
သိသွားတဲ့ Innie က နေ့လည် ထမင်းစား
ခဏ ဆင်းတော့လည်း ကျနော့် အခန်းကို
အပြေးအလွှား ရောက်လာရှာတယ်......
"Hannie.....နေလို့ မကောင်းဘူးလား"
နဖူးပေါ် လက်တင်ပြီး အပူငွေ့ စမ်းကြည့်ရင်းနဲ့
သူက တယုတယ မေးလာပြန်တယ်.....
"ခေါင်မိုးထပ် သွားရအောင် Innie.....
ငါ အိပ်ချင်တယ်"
"ကိုယ်က နွေးနေတာ.....
ခေါင်မိုးထပ်တော့ မသွားပါနဲ့လား
စတိုခန်းတွေထဲပဲ သွားမယ်လေနော်....."
"အင်း.......ကုန်းပိုး
Hannie ကို ကုန်းပိုး ခေါ်သွား ပေး"
"လာ....တက်"
ကျောင်းဆောင်တွေကို ကျော်သွားပြီး
စတိုခန်းတွေ ရှိတဲ့ဘက်ကို ကုန်းပိုးခေါ်လာခဲ့ပေမဲ့
ကျောင်းသားတွေက ထွေထူးပြီး
အ့ံသြ မနေကြတော့.....အင်းလေ.....Kim Jongin က
Xiao Luhan ကို ကုန်းပိုးပြီး ကျောင်းထဲ
လျှောက်လျှောက်သွားနေတာ
တစ်ခါနှစ်ခါမှ မဟုတ်တော့ပဲ.......
ဒါတောင် လမ်းမှာ တွေ့ခဲ့တဲ့ ကာယဆရာမကို
မချိသွားဖြဲလေး ရီပြခဲ့ရသေးတယ်.....
"ပေါင်ပေါ်မှာ အိပ်ချင်တယ်....Innie"
"အောက်မှာဆို ဖုန်တွေ ပေကုန်မယ်လေ.....ပခုံးပေါ်မှာ အိပ်"
"ပခုံးပေါ်မှာဆို အိပ်လို့ သိပ်မကောင်းလို့....."
"ပေါ်ပေါင်မှာ ထိုင်ပြီးတော့ အိပ်လေ...."
ကျနော့်ကို ဖုန်ပေမှာ စိုးတဲ့ သူက ဖုန်တွေ ကြားထဲမှာ
ထိုင်ချပြီးတော့ သူ့ပေါင်ပေါ် အထိုင်ခိုင်းလို့
သူ့ပခုံးပေါ် မှေးစက်စေခဲ့တယ်......
"ညက စာကျက်တာ ညဉ့်နက်သွားလို့လား.....Hannie"
"စာကျက်နေတာကြောင့် မဟုတ်ဘူး.....လူကြီးကြောင့်
သူ အိမ်ပြန်နောက်ကျနေလို့"
"Aww....."
"ရော့....Hannie
လက်ကိုင်ပုဝါ ယူထား...."
ဘောင်းဘီ အိတ်ကပ်ထဲ အသာ လက်နှိုက်ရင်း
လက်နောက်ပြန်နဲ့ ပခုံးပေါ် ခေါင်းအပ်ထားတဲ့
သူ့ဆီ လက်ကိုင်ပုဝါလေး ထိုးပေးမိတယ်.....
ကိုယ်က ဒီ့ထက် ပိုပြီး ဂရုစိုက်ပေးချင်မိတာပါ......Hannie
"အဟင်း.....အတော်ပဲ
နှာရည်တွေ ကျနေတာ"
"ဂရုစိုက်ဦး.....နှာစေးနေရင် စာကျက်ရတာ
အနှောင့်အယှက် ဖြစ်တယ်"
"ညက အခန်းအပြင်မှာ အိပ်လိုက်ရလို့...."
"ဘာ!!! ဘာလို့လဲ.....
ဘယ်သူက အိပ်ခိုင်းတာလဲ"
"အိမ်မှာ ဘယ်သူရှိတာမို့လို့ Innie ရယ်....."
"ဘာလို့လဲ.....ဘာလို့ အိပ်ခိုင်းရတာလဲ"
"Punishment တဲ့.....အဟက်
ငါ အမှား လုပ်လိုက်မိလို့လေ"
"Hannie က ဘာလုပ်မိလို့....."
"ထားပါ.....ပြန်ပြောရရင် အရှည်ကြီးပဲ"
မပြောပြလို့ ဆိုပြီး စိတ်မကွက်ပါနဲ့.....Innie
ငါ့ကြောင့်နဲ့ ကြိမ်ဖန်များစွာ နာကျင်နေရတဲ့
မင်းရဲ့ နှလုံးသားကို တခါတလေတော့လည်း
ငါ ငဲ့ညှာပေးချင်မိလို့ပါ.....
"ဘယ်လို လုပ်ရပ်ပဲ လုပ်ခဲ့ လုပ်ခဲ့ပေါ့......
အခန်းအပြင်မှာ အိပ်ခိုင်းတဲ့အထိက"
"အေးလေနော်.....ငါ အပြင်မှာ အေးနေမှာ
သူ စိတ်မပူဘူး ငါ့ စာမေးပွဲ အတွက်လည်း
သူ ခေါင်းထဲ မရှိဘူး.....ငါ နေမကောင်း ြ
ဖစ်သွားမှာလည်း သူ မစိုးရိမ်ဘူး"
"Hannie ထပ်ပြီး မငိုနဲ့တော့နော်...."
"ခု လောလောဆယ် ငိုနေတဲ့လူက
ခင်ဗျား မဟုတ်ဘူးလား.....
အသံက ငိုသံ ပါကြီးနဲ့....."
"အာ.....မဟုတ်ပါဘူး
ကိုယ်က....ဒီတိုင်း"
"ငါ့အတွက် ဒီလောက်ကြီး ဝမ်းမနည်းပါနဲ့လား....Innie
ငါလည်း စိတ်ထဲ နေလို့ မကောင်းဘူး
သူက မင်းလိုမှ မဟုတ်ပဲလေ....နော်"
"အင်းပါ....ကိုယ် ဘာမှ မဖြစ်ပါဘူး
အိပ်လိုက်တော့ Hannie....အိပ်ပျော်အောင်အိပ်"
"မင်း ပခုံးပေါ် အိပ်ရတာပဲ ငါ အိပ်ပျော်မှာပါ"
မျက်လုံးတွေ မှိတ်ချလိုက်တာနဲ့ သူ့
လက်ဖဝါးနွေးနွေးက ဆံနွယ်တွေပေါ်
အလိုက်သင့် နေရာယူပြီး ပွတ်သပ်ပေးလာခဲ့တယ်.....
သူ့ရဲ့ ကိုယ်သင်းနံ သင်းသင်းလေးကို
ရှူရှိုက်နေရင်းနဲ့ကို စိတ်တွေ လေးလံလာတယ်......
ငိုနေသေးတာလား.....Innie
ငါ့အတွက်ကြောင့်နဲ့ မျက်ရည်မကျပါနဲ့လို့
တားမြစ်ချင်ပေမဲ့ အဲ့လို ပြောပိုင်ခွင့်တောင်
ငါ့ဆီမှာ ရှိသေးရဲ့လား ငါ မသေချာတော့ဘူး......
မင်းကို ဒီ့ထက်ပိုပြီး မနာကျင်စေချင်တော့တာက
ငါ့ စိတ်ရင်းအမှန်ပါ.....ဒါမဲ့ ဘယ်လိုလုပ်ရပါ့မလဲ
ငါက မင်းကို ခုထိ လိုအပ်နေသေးတာ.....
အရင်တုန်းကလည်း လိုအပ်ခဲ့သလို
အခုချိန်ထိလည်း လိုအပ်နေဆဲပါ......
မင်းနေရာမှာ လူကြီးကို အစားထိုးလိုက်တယ်
ဆိုပြီး ထင်ယောင်ထင်မှား မဖြစ်ပါနဲ့.....Innie
ငါ့ဘဝထဲမှာ Kim Jongin ဆိုတဲ့
လူတစ်ယောက်အတွက်က အစထဲက
နေရာ သီးသန့် ရှိခဲ့ပြီးသားပါ.....
ငါက မင်းကို မြတ်နိုးမိတာပါ....Innie ရယ်
~•~•~•~•~•~•~•~•~•~•~•~•~•~•
ပေးဆပ်ခြင်းတို့ မည်သည်က အချစ်ဟု
ဆိုပြန်လျှင်လည်း အချစ်ပေါ့.......အချစ်ပဲပေါ့
အနာကျင်ခံရပြီး အချစ်တွေ အများကြီး
ပေးချင်မိတာကတော့ အတ္တပါ......
မြတ်နိုးစွာ ချစ်ခဲ့မိလေခြင်းရဲ့ နောက်ဆက်တွဲ
အကျိုးဆက်တွေမှာတော့ ဖြူစင်ခြင်းတွေသာ
ထာဝစဉ် တည်ရှိနေပါရစေ......
~•~•~•~•~•~•~•~•~•~•~•~•~•~•~•
To be continued.......