ကျွန်တော့် mama ဝင်လာပြီး အဲ့ဒါကို တွေ့သွားတဲ့ အချိန်မှာတော့ သူ အရမ်း စိတ်ဆိုးသွားခဲ့တယ်။
သူ ဆူ ဖို့ကိုတောင် သတိမရတော့ဘူး ထင်ပါတယ်။
ကျွန်တော့်ဆီကိုတည့်တည့် လျှောက်လာပြီး collar ကနေ ကိုင်ပြီး piano ဘေးကို ဆွဲခေါ်သွားတယ်။
ပြီးတော့ အရမ်း ရိုက်ပါတော့တယ်။
နောက် ကျွန်တော့်ကို အိမ် တံခါးဆီကို ဆွဲခေါ်သွားပြီး တံခါးကိုဖွင့်
အိမ် အပြင်ကို တွန်းထုတ်လိုက်တယ်။
တံခါးကိုလည်း bang ခနဲမြည်အောင် ဆောင့်ပိတ်လိုက်တယ်။
ကျွန်တော် အပြင်ကို အထုတ်ခံလိုက်ရတုန်းက ကျွန်တော် ခြေဗလာ နဲ့ပဲ။..ဖိနပ်မပါဘူး။
ကျွန်တော် မှတ်မိတာ အဲ့အချိန်တုန်းက နေဝင်ချိန်လေး။
တံခါးဘေးမှာ ကြောက်လန့်တုန်လှုပ်စွာနဲ့ အ ကြာကြီး ထိုင်နေမိတယ်။
နေရောင်ခြည် ဝါဝါတွေက corridor ပေါ်မှာ ဖြာကျနေတယ်။
အိမ်ပြတင်းပေါက် ပေါ်မှာလည်း ရောင်ပြန်ဟပ်နေတယ်။
ခုချိန်ထိတောင် အဲ့ မြင်ကွင်းကို မှတ်မိသေးတယ်။
အကုန်လုံးက လိမ္မော်ရောင်တွေ ဖုံးလွှမ်းနေတယ်။
ကျွန်တော် အသိစိတ် ပြန်ဝင်လာတဲ့ အချိန်မှာတော့ တော်တော်လေး ဗိုက်ဆာ နေပြီ။
အဲ့ဒါကြောင့် တံခါးကို ရှိသမျှ အားနဲ့ အစွမ်းကုန် ထု လိုက်တယ်။
Mama များ ကြားမလားလို့ပေါ့။
ကျွန်တော် ရှိသမျှ အားနဲ့ အစွမ်းကုန်ခြစ်အော်ပြီး ငိုလိုက်တယ်။
ကျွန်တော့်ကို အရေးမစိုက်ပါဘူး။
မြေကြီးပေါ်ကို ခြေဗလာနဲ့ ဆောင့်ဆောင့်အောင့်အောင့် ထုလိုက်တယ်။
ခြေဖဝါးမှာရှိတဲ့ အားတွေ အကုန်သုံးပြီး တဖုန်းဖုန်းထုနေမိတယ်။
Mama များ တံခါး ဖွင့်ပေးမလားလို့။
ဒါပေမယ့် ကျွန်တော့်ကို လျစ်လျူရှု ထားဆဲပါပဲ။
ကျွန်တော့်မှာ ရှိသမျှ အားတွေနဲ့ corridor တစ်လျှောက် တဖုန်းဖုန်း ပြေးနေခဲ့တယ်။
Mama က အဆုံးထိ လျစ်လျူ ရှု ထားခဲ့ပါတယ်။
အဲ့အချိန်တုန်းက ကျွန်တော့် ခြေဖဝါးတွေ အရမ်းနာနေခဲ့တယ်။
နှလုံးတွေလည်း တဒုတ်ဒုတ်ခုန်နေတယ်။
" mama အဲ့လောက်တော့ အသည်းမ မာ နိုင်ပါဘူး "လို့ ကျွန်တော် ထင်ခဲ့တယ်။
အဲ့ဒါကြောင့် ကျွန်တော် လက်မလျှော့ဘဲ ဆက်လုပ်နေခဲ့တယ်။
ကျွန်တော့် ခြေဖဝါးတွေ ပိုနာ လာလေလေ မြေကြီးပေါ် ပို ဆောင့် မိလေလေပဲ ။
အဲ့တုန်းက mama က ကျွန်တော့်ကို ထပ်မလို ချင်တော့ ဘူးလို့တောင် ထင်ခဲ့တယ်။
တစ်ခါတစ်လေ ကျတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။
လူတွေ အတွက် အရမ်း အရေးကြီးတဲ့ အရာတွေ
အဲ့အရာတွေ လူတွေရှေ့မှာ ပထမဆုံး ပေါ်တဲ့ အချိန်ကျ လူတွေက ငြင်းပယ်တတ်ကြတယ်။
ကျွန်တော့် အတွက် piano ရဲ့ ပထမဆုံးနဲ့ ခုချိန်ထိ စွဲကျန်နေခဲ့တဲ့ အစွဲက blade ဓားခြစ်ရာတွေနဲ့ နာနေတဲ့ ခြေဖဝါး ၂ ဖက်ပါပဲ။
အဲ့အချိန်တုန်းက လေ့ကျင့်ဖို့ဆိုတာကြီးကနေ ထွက်ပြေးသွားချင်တယ်။ အိမ်မက်ထဲမှာတောင် ထည့်မမက် ချင်ရဲ့ ကိစ္စပါ။
အဲ့ အရာကပဲ ကျွန်တော့် ခြေဖဝါး ၂ ဖက်ကို ၁ ပတ်တိတိ နာစေခဲ့ပြီး ခုထိ အမာရွတ် ကျန်နေခဲ့တယ်။
အဲ့ အဖြစ်အပျက်တွေက ကျွန်တော့် ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတာပေါ့။
~ Awakening of Insects ends ~
谢谢你
我爱你
28.12.15
Kylin