Lay's AutoBiography 而立24 (Mya...

By KylinAeri614

21.9K 2.9K 195

This is the Myanmar Translation of EXO Lay's AutoBiography 而立24 . I take out from the Original Book of Lay an... More

A/N
Preface #1
Preface #2
Beginning of Spring #1
Beginning of Spring #2
Spring Showers #2
Second Edition Author's Note
Awakening of insects #1
Awakening of Insects #2
Spring Equinox #1
Spring Equinox #2

Spring Showers #1

1.4K 248 4
By KylinAeri614

18th to 20th day of the second month

အရင်တုန်းက မကြိုက်ဘဲ အခု ကြိုက်တဲ့ အရာတွေ

ကျွန်တော်နဲ့ သက်တူ ရွယ်တူ တွေအကုန်လုံးကို ကြည့်လိုက်ရင် သူတို့တွေ အကုန်လုံးလည် စာ အပြင် တခြား အရာတွေကို သင်ယူခဲ့ကြရတာပဲ...
မိဘတိုင်းက စိုးရိမ်ကြတယ်...
သူတို့ သားသမီးတွေ က သူများ ကလေးတွေကြားထဲမှာ အတော်ဆုံး မဖြစ်မှာကို....
အဲ့ဒါကြောင့် သူတို့တွေ က သားသမီးတွေကို အတန်းပေါင်းစုံ ကိုပို့ပြီး ဟိုဟို ဒီဒီ အကုန်သင်ခိုင်းတယ်..
တချိုကလေးတွေကတော့ မွေးထဲက talent ပါလာလို့ အဆင်ပြေပေမယ့် ...
တခြားသူတွေ အတွက်ကတော့ အဲ့လို အကုန်လိုက်တက်ခိုင်းတာက တော်တော် မိုက်မဲ တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ...

ကျွန်တော် papaက သီချင်း ဆိုတာ အရမ်းတော်ပါတယ်..
ရိုးရာ သီချင်းတွေ ဆိုရင် အရမ်း နားထောင်ကောင်းတာ..
ကျွန်တော့် papa နဲ့ သီချင်းဆိုဖို့ အတွက်ပဲ အိမ်ထိလာကြတဲ့ လူတွေတောင် ရှိတယ်...
ကျွန်တော့် mamaဆိုရင်တော့ သူက Micheal Jackson နဲ့ Madonna တို့ရဲ့ fan ကြီး..
မိဘ နှစ်ယောက်လုံးက အဲ့လို အခြေ အနေတွေက ကျွန်တော့်ဘဝကံ ကြမ္မာကို ဒီလို ဖြစ်လာစေခဲ့တာ ထင်ပါတယ်...
အရင်တုန်းကတော့ တကယ့်ကို အိမ်မက်ဆိုးကြီးပဲ...
အနုပညာ သင်တန်း သီချင်း သင်တန်း အကသင်တန်း piano သင်တန်း အရပ်ရှည်အောင် အကြောလျှော့ သင်တန်း
အကုန်တက်ရတယ်...ငြင်းဆိုခွင့်လည်း မရှိခဲ့ဘူး
အဲ့ တုန်းက ကျွန်တော့်ကိုလုံးဝ နှိပ်စက်နေတယ် လို့ပဲ ထင်ခဲ့တယ်..
ကျွန်တော့် မိဘတွေ ရဲ့ အသေအချာ ပူးပေါင်းကြံစည်မှု ပဲ!!
Micheal Jackson ကြောင့်ပဲ ကျွန်တော့် ဘဝ ဒီလို ဖြစ်နေတာဆိုပြီး တွေးခဲ့တယ်!

ကျွန်တော့် mama နဲ့ အတူတူ Micheal Jackson ရဲ့ အကတွေကို အမြဲ ကြည့်ခဲ့ရတယ်..
အရမ်းပူတဲ့ ညနေခင်းတွေဆို ကျွန်တော့် mama နဲ့ ကျွန်တော် အိပ်နေရင်းက နိုးလာပြီး Lion King လို cartoon တွေ တူတူကြည့်ကြတယ်..
ပြီးတော့ mama က စားပွဲခုံပေါ်က CD ကို ဆွဲယူပြီး
"သား...ဒါကြည့်ရအောင်" ဆိုပြီး ဖွင့်လိုက်တယ်..
အဲ့မှာ ကျွန်တော် မြင်ရတာက အမည်းရောင် ဝမ်းဆက်နဲ့ အံ့ဩစရာကောင်းတဲ့ လူကြီးတစ်ယောက်
အဖြူရောင် ခြေအိတ်နဲ့ လက်အိတ်ကို ဝတ်ထားတယ်..
ဦးထုပ် အမည်းကြီးလည်း ဆောင်းထားတယ်..
Stage စင်ပေါ်မှာ သူက အံ့ဩစရာကောင်းလောက်အောင် စက်ရုပ်လို ကပြတယ်..သူ့ ခန္ဓာကိုယ်က လုံးဝ မယိမ်းမယိုင်ဘဲ ခပ်ဆန်းဆန်း ကနေတယ်...
သူလမ်းလျှောက်တဲ့ ပုံစံကတောင် တခြားသူတွေ လျှောက်တဲ့ ပုံနဲ့ ကွဲပြားနေတာ..
အဲ့ အရွယ်တုန်းက ကျွန်တော် ဘယ်ဟာကောင်းတယ် ဆိုးတယ်ဆိုတာ သေချာ မသိသေးပါဘူး
ဒါမယ့် ကျွန်တော် သိတာ တစ်ခုကတော့ အဲ့ လူကြီးက တော်တော် အံ့ဩဖို့ကောင်းပီး အရမ်းတော်တယ်ဆိုတာပဲ...
ကျွန်တော် သူ့ကကွက်တွေကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေမိတယ်...

Micheal Jackson concert က မြင်လိုက်ရတဲ့ အဲ့ မြင်ကွင်းကို ကျွန်တော် ခုထိ သတိရသေးတယ်..
စစဖွင့်ချင်း သူက stage စင်အောက်က ဖြည်းဖြည်း ချင်းတက်လာတယ်...
စင်ရဲ့ အလယ်ကို ရောက်တဲ့ အထိ သူ က တစ်ချက်မှ မလှုပ်ဘူး..
သူစ ကက ချင်းပဲ အောက်က ပရိသတ်တွေက သူ့တို့လက်တွေကို မြှောက်ပြီး အော်ဟစ် အားပေးကြတယ်..လက်ခုပ်တီးကြတယ်..
ပွဲပြီးခါနီးကျတော့ ပရိသတ်တွေအကုန် အော်ဟစ်ရင်းနဲ့ ပဲ ပွဲရုံထဲက ပြန်ထွက်သွားကြတယ်..

စင်ပေါ်က သူကတော့ ပြီးတာနဲ့ ကြွက်သားလေး တစ်ခု တောင် မလှုပ်ဘဲ ငြိမ်ရပ်နေတယ်....
ဒါမယ့် သူ့ပုံကို ကြည့်ပီး ကျွန်တော်တို့ ခံစားရတယ်..
သူက သူ့ ပရိသတ်တွေ အကုန်လုံးကို ခံစားချက်တစ်မျိုးမျိုးကို ပေးနေသလို.....
ကျွန်တော့်လို ကလေးလေးတောင်မှ အဲ့ အချိန်တုန်းက သူ့ရဲ့ အံ့ဩဖို့ကောင်းတဲ့ စွမ်းရည်တွေကို ကြည့်ပီး ရင်တွေခုန်လောက်အောင် အံ့ဩခဲ့ရတယ်...

~~~~~~

Lay က MJ အက တွေကို ကြည့်ခဲ့ရလို့ထင်တယ်..
သူကတာ အရမ်းတော်တာ....

2.11.15
#Kylin

Continue Reading

You'll Also Like

95.1K 14.9K 86
පොතක පිටු අතර හමු උන ඒක දිග කතාවක්
1.1M 54.6K 74
ငယ်ငယ်တည်းကမတော်တဆမူတခုကြောင့်ကွဲကွာခဲ့ရတဲ့ အမြွှာညီအကိုနှစ်ယောက်ပြန်တွေ့ချိန်မှာကြေကွဲစရာအဖြစ် အပျက်တွေနဲ့အကိုဖြစ်သူရဲ့ကလဲ့စားချေမူတွေကိုရေးသား ထားပ...
40.3K 6.5K 15
මගේ හිතේ ඉඩ දැන් නුඹ අතින් හැඩවෙන සිතුවමකි !
679K 112K 99
Non fiction BL මට පෙන්නන්න බැරි දේවල් තමයි වැඩියෙන්ම ඕනේ.