Lay's AutoBiography 而立24 (Mya...

By KylinAeri614

21.9K 2.9K 195

This is the Myanmar Translation of EXO Lay's AutoBiography 而立24 . I take out from the Original Book of Lay an... More

A/N
Preface #1
Preface #2
Beginning of Spring #1
Spring Showers #1
Spring Showers #2
Second Edition Author's Note
Awakening of insects #1
Awakening of Insects #2
Spring Equinox #1
Spring Equinox #2

Beginning of Spring #2

1.4K 259 13
By KylinAeri614

Family

ကျွန်တော်က yeye(grandpa) နဲ့ waipo(grandma) တို့နဲ့ ကြီးပြင်းလာတာပါ...
ပြောရရင် နည်းနည်းတော့ ရှုပ်တယ်...
ကျွန်တော့် waigong(grandpa) နဲ့ waipo(grandma) လို့ရေးရမှာ...

[Chinese မှာ အဘိုးအဘွားတွေကို ခေါ်နည်းမတူဘူးလေ..
yeye နဲ့ nainai ကျတော့ အဖေဘက်က အဘိုးနဲ့ အဘွား
waigong နဲ့ waipo က အမေဘက်က အဘိုးနဲ့ အဘွား
အပေါ်မှာ yeye လို့ဘဲ သုံးထားခဲ့လို့ ပြန်ရှင်းပြထားတာ
အမေဘက်က အဘိုးအဘွားတွေနဲ့ တူတူ နေရတာလို့ ပြောချင်တာ ]

ကျွန်တော့် အမေက တစ်ဦးတည်းသော သမီးလေ...
သူပြောတယ်

"ဒီနှစ်တွေ မှာ မင်း yeye ရဲ့ အကြီးမားဆုံး နောင်တက သမီးတစ်ယောက်တည်း ယူထားတာပဲ..
သူအဲ့လို တော့ မပြောပါဘူး...
ဒါမယ့် အမေ့ကို သားတစ်ယောက်လို ပြုစု ပျိုးထောင်ခဲ့တာ..
ယောက်ျားလေးလို ပညာတွေသင်ခိုင်းခဲ့တာ...
စိတ်ရှုပ် စရာ ကောင်းလောက်အောင် အစစ အရာရာ ချုပ်ချယ် ကန့်သတ်ထားတာ...
အမေထင်တယ်.. သူ့ မြေးက သူ့ကို yeye လို့ခေါ်စေချင်မယ်ဆိုတာ...အမေ့ကို သမီးတစ်ယောက်လို့တောင် ထင်ပုံမရဘူး....
ဒါမယ့် မင်းမွေးပြီးတော့ ငါ မင်း အဖိုးကို ပြောခဲ့တယ်....
အဖေ့မြေး က အဖေ့ကို yeye လို့ပဲခေါ်ခိုင်းမယ်...
အဲ့လို မခေါ်ရဘူးဆိုတာ သိပေမယ့်
အစဉ်အလာအရ waigong လို့ခေါ်မယ့် အစား yeye လို့ဘဲ ခေါ်ခိုင်းမယ်..."

[ရှုပ်သွားပီလားဟင်... ရေးရင်းရှူပ်တယ်
မလည်မှာစိုးလို့ ပြန်ရှင်းမယ်နော်...လည်ရင်တော့ ကျော်သွားပေါ့ :)
lay အဖိုး က lay အမေကို သားလို သဘောထားတာလေ..
အမှန်ဆို lay က သူ့ အမေရဲ့ အဖေ (သူ့အမေဘက်က အဖိုး)ကို waigong လို့ခေါ်ရမှာ..မခေါ်ဘဲ yeye လို့ခေါ်နေတာ..yeye ဆိုတာ အဖေဘက်ကအဖိုးကို ဘဲခေါ်တာလေ...သူ့အဖိုးက သူ့အမေကို သားလိုသဘောထားလို့ သားရဲ့ မြေးက ခေါ်သလို yeyeလို့ခေါ်တယ်လို့ပြောတာ :) ]

အဲ့ဒါ ကျွန်တော့် အမေပါ! သူက အဲ့လို စိတ်ဓာတ်ပိုင်ရှင်မျိုး
ငယ်ငယ်တုန်းကဆိုလည်း တော်တော် ကလန် ကဆန်လုပ်တာတဲ့ ....
ကျွန်တော့် yeye ရော waipo ရောက ဆရာ ဆရာမတွေဖြစ်လို့ နေမှာပါ...
သူတို့က အရမ်း ရှေးရိုးစွဲတယ်...
ကျွန်တော့် အမေကို စောင့်ရှောက်တာလည်း အရမ်းစည်းကမ်းကြီးတယ်...
ကျွန်တော့် waipo က အရမ်း ကြင်နာတတ်တာ...
စိတ်ကောင်းရှိတဲ့ သူတွေထဲမှာ waipo ပါတယ်...
သူ့ အသံက အရမ်းကျယ်တယ်...စကားလည်း အရမ်းပြောတတ်တယ်..
စကားတစ်ခွန်း နှစ်ခွန်းထဲ နဲ့ မျက်ရည်ကျသွားအောင် ပြောနိုင်တယ်....
yeye ကျတော့ ဆရာ ဖြစ်ရုံတင်မကဘူး...
ဆရာတွေရဲ့ ဆရာ ပါ
အရမ်း တက်ကြွပြီး ရိုးသားတယ်...
သူ့ကို ပြုံးပြီး တွေ့ရခဲတယ်...
မျက်နှာ က အမြဲ တည်တည်နေတာ...
တစ်ခါတစ်လေ ကျွန်တော် သူ့ကို နည်းနည်းကြောက်ရတယ်...

အဲ့လို ကျွန်တော့် မိသားစုက စိတ်လေးတွေ နည်းနည်းကွဲနေတော့ တစ်ခြား မိသားစုတွေနဲ့ မတူဘူး...
တစ်ယောက်အကြောင်း တစ်ယောက် နားလည် ဖို့ နည်းနည်းခက်ခဲတယ်..
waipo က အမြဲပြောတယ်..မင်း အမေထက်စာရင် မင်းက အရမ်း လိမ္မာတဲ့ ကလေးပဲတဲ့...
ကျွန်တော့် mama ကလည်း ပြောတယ်..
ကျွန်တော့်နဲ့ သူ့ကြားမှာ သူ နဲ့ သူ့မိဘတွေလို
generation gap မရှိစေချင်ဘူးတဲ့...
သူ့မိဘတွေနဲ့ သူနဲ့ အဆင်မပြေရတဲ့ အကြောင်းက generation gap ကြောင့်လို့ ပြောပါတယ်..
ကျွန်တော့် mama က လေဆင် နှာမောင်းလိုပဲ...ကျွန်တော့် အဖိုး အဖွားတွေနဲ့ တစ်ချက် ရန်ဖြစ်ပြီးရင် လည်း ပြန်ပျောက်သွားတာပဲ...

[Generation gap ဆိုတာ မိဘနဲ့ သားသမီးကြား အသက် အရမ်း ကွာတာကို ပြောတာပါ...
အသက်ကြီးမှ ကလေး ရတာမျိုးပေါ့ ]

yeye နဲ့ waipo က ကျွန်တော့်ကို အရမ်းချစ်တာ..
ရှေးလူကြီးတွေအတိုင်းပဲ စားပြီးပြီလား နွေးနွေးထွေးထွေး နေရဲ့လား ဆိုပြီး ခဏခဏ မေးတယ်..
ဒါမယ့် တခြားကလေးတွေလိုပဲ ကျွန်တော်လည်း  ကျွန်တော့်အမေကို အမြဲ အနားမှာ နေစေချင်တာပေါ့...
သူက Super Woman လိုပဲလို့ အမြဲတွေးတယ်...
သူအနားမှာ ရှိနေရင် ကျွန်တော် ဘာလုပ်လုပ် ဘယ်လောက် ပြဿ နာရှာရှာ အမြဲ ဖြေရှင်းပေးတယ်...ကျွန်တော့်ဘက်မှာ အမြဲ ရပ်တည်ပေးတယ်...

yeye က အဲ့လို မဟုတ်ဘူး...ကျွန်တော် ငယ်ငယ်လေးထဲက သိတယ်...
တကယ်လို့ ကျွန်တော် ရန်ဖြစ်ခဲ့မယ်ဆိုရင် သူ့ကို ပေးသိလို့မရဘူး..

တစ်ခါက ကျွန်တော် ကြိုးခုန် တမ်း ဆော့နေတုန်း ဘေးအိမ်က ဖက်တီးလေး တစ်ယောက်ကို မတော်တဆ တိုက်မိလိုက်တယ်...
အဲ့ဒါက အရမ်းကြီး မနာပါဘူး...ဒါမယ့် အဲ့ ဖက်တီးက ကျွန်တော် တမင်သက်သက် လုပ်တာလို့ ပြောတယ်..
ပြီးတော့ ကျွန်တော် လက်ထဲက ကြိုးကို ဆွဲယူပြီး မျက်နှာကို လှမ်းရိုက်လိုက်တယ်...
အဲ့ဒါနဲ့ ကျွန်တော်တို့ ရန်ဖြစ်ကြတာ ...

ကျွန်တော် နိုင်ခဲ့တယ်...တစ်ကိုယ်လုံး ညစ်ပတ်ပေရေပြီး ပြန်လာခဲ့ရပေမယ့် ကျွန်တော် ကျေနပ်တယ်..ပျော်နေတယ်..
ရလဒ်ကတော့ ကျွန်တော့် yeye က မြင်သွားပြီး အဲ့အကြောင်းကို ခေါ်သွားတယ်...
ရိုးရိုး မေးခွန်းလေးတွေ ဘာဖြစ်တာလဲ မေးပြီးပြီးချင်းပဲ ကျွန်တော့်ကို ဟိုဘက် အိမ်ကို ဆွဲခေါ်သွားတယ်...
သူကျွန်တော့်ကို မဆူဘူး...ဒါမယ့် ဟိုရောက်တော့ အိမ်နီးချင်းနဲ့ ဖက်တီးလေးကို ဦးညွတ်ပြီး တောင်းပန် နေတယ်....
ကျွန်တော် ကြောင်ကြောင်တောင်နဲ့ အံ့ဩသွားတယ်...
ကျွန်တော့်လည်ပင်း ကို ညှစ်သလိုလို အသက်ရှူတွေ ကျပ်လာပြီး ရင်ထဲ မကောင်းတော့ဘူး....
တော်တော် ခံစားရခက်တယ်...

yeye က ဆရာ တစ်ယောက်ပါ...
လေးစား စရာကောင်းတဲ့ ဆရာတစ်ယောက်ပါ...
ဒါမယ့် သူက ဘာလို့ တောင်းပန်ရတာလဲ....
ဦးတောင်ညွတ်လိုက်သေးတယ်..

ကျွန်တော် လည်း ဘာအမှားမှ မလုပ်ခဲ့ပါဘူး!

yeye ဘာလို့ အဲ့လို လုပ် ရလဲဆိုတာ တကယ်နားမလည်ခဲ့ဘူး..
အဲ့ဒါနဲ့ စိတ်ထဲက ကောက်ချက်ချခဲ့တယ်..
yeye က ကျွန်တော့်ကို မချစ်ဘူး ..
ကျွန်တော့်ကို သာ ချစ်တယ်ဆို ကျွန်တော် ဘယ်သူနဲ့ပဲ ရန်ဖြစ်ဖြစ်
ကျွန်တော် မှားမှား မှန်မှန် အမြဲတောင်း ပန်ရမယ့်သူက ကျွန်တော်ပဲလား? ကျွန်တော် သူ့ကို အရှက်ရစေရအောင် ဆိုးခဲ့လို့လား...

အဲ့နောက် ကျွန်တော်ဘယ်လို ခံစားနေရလဲ ဆိုတာ သိပြီး ကျွန်တော့်ကို ပြောခဲ့တယ်...

"ရန်ဖြစ်တယ်ဆိုထဲက အမြဲ မှားတာပဲ...
ယဉ်ကျေးမှု ရှိတဲ့ သူဆိုတာ ကိစ္စတွေကို ဖြေရှင်းရင် အလိမ္မာ နည်းနဲ့ ဖြေရှင်းနိုင်ရမယ်....ငါက တခြားသူတွေရဲ့ yeye မဟုတ်ဘူး..မင်းရဲ့ yeye ပဲ...
တခြားကလေးတွေကို ဆုံးမလို့ မရဘူး..မင်းကိုပဲ ဆုံးမလို့ ရတယ်...
မင်းအမှား လုပ်ထားတဲ့ အတွက် မင်းကို အပြစ်တင်လို့ မရဘူး..
သေချာ မဆုံးမနိုင်တဲ့ ကိုယ့်ဘာသာ ကိုယ်ဘဲ အပြစ်တင်တယ်...."

ကျွန်တော် အဲ့ စကားတွေကို အချိန်တွေ တော်တော်ကြာတဲ့ အထိ မှတ်မိနေတယ်...
ဒါပေမယ့် အဓိပ္ပါယ်ကို တော့ သေချာနားမလည်ခဲ့ဘူး...
အဲ့ နေ့ မတိုင်ခင် ထိပေါ့...
ကျွန်တော် korea မှာ ရန်ဖြစ်ပြီး SM က ကျွန်တော့်ကို အိမ်ပြန်ပို့ လိုက်တဲ့ နေ့...
အဲ့တုန်းက ကျွန်တော် company ကို ဘယ်တော့မှ ပြန်မသွားရလောက်ဘူးတောင်ထင်နေတာ...
အဲ့နေ့က yeye ပြောတာမှန်တယ်ဆိုတာ နားလည်သွားတယ်...

[Lay ပြောတာ သူ trainee day တုန်းက ထင်တယ် ]

တခြား ဝေဝေဝါးဝါး ဖြစ်နေတဲ့ memories တွေ နဲ့ ယှဉ်ရင် ဒါတွေက သေချာ သတိရနေတာတွေ..
ကျွန်တော်က ချမ်းသာတဲ့ မိသားစုက မွေးလာတာ မဟုတ်ပါဘူး..
ဒါပေမယ့် ကျွန်တော့် မိသားစုက ကျွန်တော့်ကို အဆင့်အတန်း ရှိရှိ စောင့်ရှောက်ကြတယ်...ချစ်ကြတယ်...

အဲ့အချိန်ကို ပြန်တွေးမယ်ဆိုရင် korea မှာ training ဆင်းတုန်းက ကျွန်တော့် mama နဲ့ waipo ကြားက ကတောက်ကဆ ဖြစ်တာလေးတွေကို အရမ်း လွမ်းခဲ့ရတဲ့ အချိန်တွေကို လည်း သတိရတယ်..
ခုဆို ကျနော် ၂၄ နှစ်တောင်ပြည့်ပီ..
ကျွန်တော့်ကို mama မွေးခဲ့တုန်းက သူ့အသက်အတိုင်းပဲ...
အသက် ၂၄ နှစ်တုန်းက ကျွန်တော့်ကို မွေးခဲ့ပြီး အမေဖြစ်လာတာ ဘယ်လိုနေမလဲ ဆိုတာ အရမ်း သိချင်ခဲ့တယ်...
သူ စိတ်တော့ နည်းနည်း ရှုပ်မှာပဲ..
ခုတော့ ကျွန်တော် ကိုယ်ကိုယ်ကိုယ် အဖေလို့ စိတ်ကူးယဉ်မိလိုက်ရင်တော့ သေချာတယ်...
ကျွန်တော် ရူးသွားမှာပဲ...

~~~~~

1.11.15
#Kylin

Continue Reading

You'll Also Like

32.9K 4.4K 70
කිරුළ නොපලන් රජෙකුගෙ කතාව
38.3K 4.9K 46
නුඹෙන් මං... විඳිමි හැඟුමන්... මා හද නිවාලනා ! ❤️
ELORA By osi yr

Non-Fiction

17.1K 2.8K 47
මගදි වෙදදුරන් මුණ නොගැසුණු ගමනකදි තවත් පලුදු වුණ හදවතක් මට තිබේ ... . . . . "ප්‍රශ්නේ කියන්නෙ මේ පාර අපිට king ලා දෙන්නෙක්ම ඉන්න එක නේ ." "නෑ ප...
70.2K 11.5K 51
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...