အမျိုးသားနေ့အားလပ်ရက်ရှည်ကာလထဲတွင် စန်းကျစ်သည်လည်း ပိတ်ရက်ရသဖြင့် ကျောင်းမှအိမ်ပြန်လာခဲ့သည်။ ကျောင်းပြန်သွားရမည့်နေ့ မတိုင်ခင်တစ်ရက်အလိုတွင်တော့ လီဖင်က အခြားသူများထံ ဖုန်းဆက်ပြီး အချိန်ရလျှင် ညစာစားရင်း စကားစမြည်ပြောကြဖို့ရာ ခေါ်ထားသည်။
ဝိန်းရိဖန်ရော စန်းရန်ကပါ နှစ်ယောက်လုံး ပိတ်ရက်ရထားသဖြင့် ထိုနေ့၏နေ့လည်ခင်း၌ပင် စန်းမိသားစုအိမ်သို့ ရောက်လာခဲ့ကြသည်။
အားလုံး လူစုံတက်စုံဖြစ်ပြီး သွမ့်ကျားရွှီသာလျှင် အလုပ်ဆင်းနေရ၍ ညနေစာစားချိန်မှ ပြန်လာနိုင်မည်ဖြစ်သည်။ မိသားစုဝင်များက စကားစမြည်ပြောနေကြရင်း ညစာစားခါနီးအချိန်တွင်တော့ စန်းရုံနှင့်လီဖင်က မိတ်ဆွေဟောင်းကြီးများ၏ ရုတ်တရက်ဖုန်းခေါ်လာမှုကြောင့် အပြင်ထွက်ညစာစားဖြစ်သွားခဲ့သည်။
မည်သည့်စိတ်မချခြင်းမျိုးမှမဖြစ်ပါဘဲ သူတို့လေးယောက်အား ချန်ထားပစ်ခဲ့လေ၏။
အိမ်ထဲတွင် မည်သည့်ဟင်းရွက်သားငါးမှမရှိ ၊ အပြင်ထွက်မည်ဆိုသော်လည်း မည်သည့်စားသောက်ဆိုင်သို့သွားရမည်မှန်းမသိ ၊ နောက်ဆုံးတွင် ဝိန်းရိဖန်နှင့်စန်းကျစ်တို့ ဆွေးနွေးပြီးသည့်အခါ ဟင်းရွက်သားငါးအချို့ဝယ်ပြီး ဟော့ပေါ့ချက်စားရန် ဆုံးဖြတ်လိုက်သည်။
အဆောက်အဦး၏တံခါးပေါက်ဝကြီးမှ ထွက်လာသည့်အခါ သွမ့်ကျားရွှီ၏ကားက တိုက်တိုက်ဆိုင်ဆိုင် ရောက်ချလာခဲ့သည်။
သုံးယောက်သားက ကားပေါ်တက်သွားခဲ့၏။
နှစ်နှောင်းပိုင်းကတည်းက သွမ့်ကျားရွှီသည် ယီဟယ်မြို့မှ နန်းဝူမြို့သို့ပြန်လာပြီး ဤမြို့ထဲတွင် ဂိမ်းနှင့်ပတ်သတ်သည့်လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ထားခဲ့သည်။
သွမ့်ကျားရွှီသည် အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ထားပြီး မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းများကို ခပ်လျော့လျော့လေးမှေးထားကာ တစ်နေ့လုံး အလုပ်လုပ်လာပါသည့်တိုင် မောပန်းနေသည့်ပုံမျိုးမရှိ။ သူ့အသံတို့ကအစ ကြည်လင်နေဆဲဖြစ်ပြီး ဖြေးဖြေးချင်းနှင့်ညင်ညင်သာသာလေးသာ စကားဆို၏။
"ဘာစားချင်ကြတာလဲ"
စန်းရန်က သခင်ကြီးတစ်ယောက်လို ကားအနောက်ခုံ၌ မှီထိုင်နေပြီး ပျင်းတိပျင်းရွဲဖြင့် ;
"ဘေးရပ်ကွက်က စူပါမားကတ်ကိုမောင်း"
စန်းကျစ်က အရှေ့ဘက်ခုံ၌ထိုင်နေခြင်းဖြစ်ကာ လုံခြုံရေးခါးပတ်ကို မပတ်ရသေး။ ဤစကားကိုကြားလိုက်သည့်အခါ စန်းကျစ်က စန်းရန်ကို လှည့်ကြည့်လာပြီး မကျေမနပ်ဖြစ်မှုကို သည်းညည်းခံထားကာ သွမ့်ကျားရွှီဘက်လှည့်၍ ဆိုလိုက်သည်။
"ကောကော ကားခကို စတွက်လို့ရပြီ ၊ ဒီအချိန်ကြီးဆိုတော့ နှစ်ဆတောင်း"
သွမ့်ကျားရွှီက ခပ်ဖွဖွလေးရယ်လိုက်ပြီး စန်းကျစ်အား လုံခြုံရေးခါးပတ်ပတ်ပေးလိုက်သည်။
ခြင်္သေ့မလေး စန်းကျစ်က ခပ်ကျယ်ကျယ်ဖြင့် ;
"သူ့ဆီကနေဆို ယွမ် ၁၀၀၀ ယူ"
"ရတယ်"
စန်းရန်က အေးအေးလူလူဖြင့် ;
"မင်း နောက်လမုန့်ဖိုးထဲက နုတ်မှာ"
"...."
ဝိန်းရိဖန်က စန်းရန်၏ဘေး၌ ငြိမ်ငြိမ်လေးသာထိုင်နေပြီး မောင်နှမနှစ်ယောက်ကြား ဝင်ပါမည့်စိတ်မျိုးအလျင်းမရှိ ၊ အလကားစီးရဖို့သာ အရေးကြီး၏။
အရှေ့တွင်ထိုင်နေသည့် သွမ့်ကျားရွှီကမူ စန်းကျစ်၏ခေါင်းကို ခပ်ဖွဖွလေးပွတ်လိုက်ပြီး မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းများကိုလည်း မသိမသာလေးမှေးလိုက်၍ ;
"ဘာမှမဖြစ်ဘူး ၊ နုတ်ချင်လည်း နုတ်ပါစေ ၊ ကိုယ် ပြန်ပေးမယ်"
စန်းကျစ်က ထိုအခါတွင်မှ စိတ်လျော့သွားပြီး ;
"အို့"
ကားတစ်စင်းမှာ စတင်ထွက်ခွာလာခဲ့၏။
စန်းကျစ်တစ်ယောက်မှာ ယွမ် ၁၀၀၀ စီးဆင်းသွားမှုအကြောင်းကို တစ်ခဏကြာကြာတွေးကြည့်နေပြီးနောက်တွင် တစ်စုံတစ်ရာမူမမှန်မှန်း ရှာတွေ့သွားခဲ့သည်။
"ဒါဆိုရင် ကောကောက အလကားသပ်သပ်ရှုံးသွားမှာပေါ့"
"...."
သေချာတွက်ကြည့်လျှင်.....
သွမ့်ကျားရွှီက စန်းရန်အား ယွမ် ၁၀၀၀ အလကားပေးလိုက်သလိုပင်။
"ကိုကို....ကားခ ပေးစရာမလိုတော့ဘူး"
စန်းရန်က အသံကိုဆွဲငင်ပြီး စ၍စကားဆိုလာတော့၏။
"သိပ်မသင့်တော်ဘူးထင်တယ်နော်"
စန်းကျစ် ;
"သင့်တော်ပြီးသား ၊ ကိုကိုတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဒီလောက်ထိကောင်းတာ ၊ ပိုက်ဆံယူတာကမှ ပိုမသင့်တော်တာ"
"ညီအစ်ကိုအရင်းကြီးတွေက စာရင်းကိုသေချာရှင်းရတယ်တဲ့ ၊ မဟုတ်ရင် ပေါင်းသင်းဆက်ဆံရေးခံစားချက်တွေကို ထိခိုက်လာမှာ"
စန်းရန်က လက်ကိုင်ဖုန်းကိုကစားနေရင်း အလုပ်ကြီးအကိုင်ကြီးလုပ်နေသည့်ဟန်ပန်ဖြင့် ;
"ငါက မိသားစုဝင်နှစ်ယောက်ကိုပါ ခေါ်လာသေးတယ်ဆိုတော့ ၊ ညီအစ်ကို.....ဒါဆို ယွမ် ၃၀၀၀ ပေးရမှာလား"
"...."
စန်းကျစ်က ကိုယ့်ခြေထောက်ပေါ်ကိုယ် ကျောက်ခဲပစ်ချထားသည့်ခံစားချက်မျိုးပင် ခံစားလာရကာ တံတွေးမြိုချလိုက်၏။
"ညီမလေးကို ထည့်မတွက်နဲ့လေ ၊ ညီမလေးက ကိုယ့်ကောင်လေးရဲ့ကားကို စီးနေတာ ၊ ပိုက်ဆံပေးစရာမလိုဘူး"
သွမ့်ကျားရွှီက ရယ်နေရင်းဖြင့် ;
"ကောကော....ငါလည်း မင်းရဲ့မိသားစုဝင်ပဲလေ ၊ ငါ့ကိုကျ ထည့်မတွက်ဘူးလား"
ဘယ်နှကြိမ်ပင် နားထောင်ခဲ့ပြီးပါစေ ယောက်ျားရင့်မာကြီးတစ်ယောက်က သူ့အား 'ကောကော' ဟု ခေါ်လာတိုင်း စန်းရန်အတွက် လူ့လောကငရဲထဲရောက်သွားသလိုမျိုးပင်။ ခနဲ့တဲ့တဲ့ဖြင့် အေးတိအေးစက်ရယ်လိုက်ပြီး ;
"သွမ့်ကျားရွှီ ၊ မင်း ဦးနှောက်ထဲမှာပြဿနာရှိနေတာလား"
ဝိန်းရိဖန်ကလည်း စိတ်ဝင်တစားဖြစ်လာခဲ့ကာ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး စန်းရန်၏ မပျော်မရွှင်ဖြစ်နေသည့်အမူအရာအား လှမ်းကြည့်နေလိုက်၏။ ခံစားမိနေရသည်မှာလည်း စန်းရန်တစ်ယောက် သူ့ငယ်ချစ်ကလေးနှင့် ပရောပရည်လုပ်နေသည့်ခံစားချက်ပင်။
စန်းရန် စိတ်မကြည်သည်ကို မြင်လိုက်သည်နှင့် စန်းကျ်က ကျေနပ်ပြီးပျော်ရွှင်လာခဲ့တော့သည်။
"ကိုကို ၊ လူကို လာပြီးမတိုက်ခိုက်နဲ့"
"...."
သူတို့ တစ်ယောက်ပြီးတစ်ယောက် လုပ်ပြနေကြသည်မှာ မသိလျှင် မခွဲနိုင်မခွာရက်ဖြစ်နေသည့်အတိုင်း။
ဝိန်းရိဖန်၏စိတ်ထဲ သူမကသာ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည်နှင့်ပတ်သတ်ပြီး အနည်းငယ်မကျေမနပ်ဖြစ်လာရတော့၏။ သည့်ထက်အပြင် သူမ၏ ယခင်အချစ်ပြိုင်ဘက်ဟောင်းကြီးက စန်းရန်အား ထိုကဲ့သို့သောနာမ်စားမျိုးကိုပင် ခေါ်နေလေသည်။ ချိတုံချတုံဖြစ်ရသော်ငြား သူမအနေဖြင့် ပြိုင်ပွဲတွင်ရှုံးနိမ့်သွားလို့မဖြစ် ၊ ထို့ကြောင့် မတတ်နိုင်သည့်အဆုံးတွင် စန်းရန်၏အနားသို့ တိုးကပ်သွားခဲ့သည်။
သူမ၏လှုပ်ရှားမှုကို မြင်သည့် စန်းရန်ကလည်း ခန္ဓာကိုယ်ကိုကိုင်းပြီး မျက်ဝန်းများဖြင့်မေးနေသည်မှာ 'ဘာဖြစ်လို့လဲ' ဟူ၍။
ဝိန်းရိဖန်က သူ့နားရွက်နားထိ တိုးကပ်သွားပြီး ခပ်တိုးတိုးလေး စကားဆိုလိုက်သည်။
"ကောကော"
"...."
စကားသံလေးက တိုးဖျလှသည့်အပြင် သူ့နားရွက်နားသို့ ကပ်ပြောနေခြင်းကြောင့်လည်း အသက်ရှူငွေ့လေးများဖြင့်ပါ ထိတွေ့သွားခဲ့သေးသည်။
စန်းရန်၏အမူအရာမှာ သေချာမကြားလိုက်ရသည့်အလား ၊ မျက်တောင်များက လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားရ၏။ သူမအား တည့်တည့်စိုက်ကြည့်လာပြီး လည်စလုတ်က အထက်မှအောက်ဖြည်းဖြည်းချင်းရွေ့သွားခဲ့ကာ ခန့်မှန်းကြည့်၍မရနိုင်သောတုံ့ပြန်လာပုံမျိုးဖြင့်။
"အမ်"
နှစ်ယောက်သားမှာ အကြည့်ချင်းဆုံလျက်သား။
စန်းရန်၏အမူအရာကြောင့် ဝိန်းရိဖန်က စကားဝိုင်းထဲ လူရာဝင်သွားသလိုလိုပင် ခံစားလိုက်ရ၏။ သူ့တုံ့ပြန်လာမှုမှာ မည်သည့်အဓိပ္ပါယ်ဖြစ်မည့်အကြောင်း ပုံဖော်ကြည့်၍မရသော်ငြား သွမ့်ကျားရွှီကို တုံ့ပြန်လိုက်ပုံထက်တော့သာသည်ပင်။ သူမ စကားထပ်မဆိုတော့ဘဲ နေရာ၌ ခပ်မတ်မတ်ပြန်ထိုင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် စန်းရန်က သူမ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလာပြီး မျက်ခုံးပင့်ပြ၍ ;
"နောက်တစ်ခါ ထပ်ခေါ်ကြည့်"
အသံကြားသွားသည့် စန်းကျစ်က အနောက်ဘက်သို့လှည့်ကြည့်လာ၏။
"ဘာ"
သွမ့်ကျားရွှီကလည်း တစ်ချိိန်တည်းဆိုသလို စန်းကျစ်ဘက်သို့ လှည့်ကြည့်လာသည်။
စန်းရန်မှ အဖတ်မလုပ်ဘဲ မကြားချင်ယောင်ဆောင်နေသည့်အခါ စန်းကျစ် မျက်စောင်းထိုးလာပြီး သွမ့်ကျားရွှီဘက်လှည့်၍ ရုတ်တရက်စကားဆိုလိုက်သည်။
"သွမ့်ကျားရွှီ ၊ ညီမလေးရဲ့အစ်ကိုက ကောကောကို စကားပြောနေတယ်လေ"
စကားလုံး၏ ရှုပ်ထွေးသွားရပုံက သည်လိုပင်။
နင်(သွမ့်ကျားရွှီ)က သူ့(စန်းရန်)ကို 'ကောကော'လို့ တစ်ခါထပ်ပြီးခေါ်လိုက်.....
"...."
သွမ့်ကျားရွှီမှာ စန်းကျစ်ဘက်သို့ နောက်တစ်ကြိမ်ထပ်၍လှည့်ကြည့်လာ၏။
စန်းရန် လုပ်ပြထားသည့်လုပ်ရပ်ကို မကျေမနပ်ဖြစ်နေသေးသည့် စန်းကျစ်မှာ လက်စားချေပြီး စိတ်မကြည်မလ်ဖြစ်သွားအောင်လုပ်ချင်နေဆဲ။ သွမ့်ကျားရွှီက ထိုအခြေအနေကိုရိပ်မိသဖြင့် ရယ်ချင်သလိုဖြစ်နေပါသည့်တိုင် စန်းကျစ်၏သဘောအတိုင်း အလိုက်သင့်ပူးပေါင်းပေးလိုက်၏။
"ကောကော....ဘာပြောမလို့လဲ"
ကြည်နူးဖွယ်အခြေအနေလေးမှာ ထိုစကားလုံးကြီးကြောင့် ပျောက်ချင်းမလှပျောက်သွားရလေတော့သည်။
စန်းရန်က မျက်ခုံးများတွန့်ချိုးပစ်ကာ မျက်တောင်ပင့်ကြည့်လိုက်ပြီး တစ်စက္ကန့်မျှမစောင့်နိုင်တော့ဘဲ ဝိန်းရိဖန်အား ကားထဲမှ ဆွဲထုတ်ပြီး ထွက်သွားချင်လှပြီပင်။ ထိုင်ခုံနောက်သို့ ပြန်မှီထိုင်လိုက်ရင်း ဝိန်းရိဖန်၏လက်အား တင်းသထက်တင်းအောင် ဆုတ်ကိုင်ပစ်လိုက်၍ ;
"ဘာမှမဟုတ်ဘူး"
ဤတစ်ကြိမ်တွင် စန်းရန်က ခါးခါးသီးသီးတုံ့ပြန်လာခြင်းမဟုတ်သောကြောင့် စန်းကျစ် ထပ်မကြည့်တော့ဘဲ အရှေ့ပြန်လှည့်သွားခဲ့၏။
ထိုအခါ စန်းရန်က ပေါ့ပေါ့ပါးပါးဖြင့်စကားဆိုလိုက်၏။
"ထောင်မကျအောင် ဘယ်လိုနည်းနဲ့ လူသတ်ရမလဲဆိုတာ စဥ်းစားနေတာ"
"...."
သွမ့်ကျားရွှီ စူပါမားကတ်၏အပြင်ဘက်ကားပါကင်၌ ကားရပ်လိုက်သည်။ သူတို့နှစ်ယောက်သား ချစ်ကျွမ်းဝင်သည်မှာ အချိန်တစ်ခုစာကြာလာခဲ့ပြီဖြစ်သော်လည်း စန်းကျစ်သည် စန်းရန်တို့၏အရှေ့တွင်တော့ သွမ့်ကျားရွှီနှင့်တွဲသွားတွဲလာလုပ်ပြရန် စိတ်အဆင်မပြေပါသေးပေ။ ခံစားချက်မှာ လူကြီးများရှေ့၌ ရည်းစားနှင့်သာယာပြနေသလိုလို။
စူပါမားကတ်ထဲရောက်လာသည်နှင့် စန်းကျစ်က သွမ့်ကျားရွှီကိုဆွဲခေါ်ပြီး အခြားတစ်ဖက်သို့ ထွက်လာခဲ့လိုက်၏။
ဝိန်းရိဖန်က တံခါးဝနားမှ စျေးခြင်းလှည်းကိုတွန်းရင်း စန်းရန်ဆွဲခေါ်သည့်နောက်သို့ပါလာရ၏။ အခုလေးတင် ကားပေါ်တွင် ပြောခဲ့ကြသည့်စကားများကို ပြန်စဥ်းစားကြည့်မိနေပြီး ထပ်၍ မကျေမနပ်ဖြစ်လာရကာ စန်းရန်နှင့်စာရင်းရှင်းရန် ပြင်လေတော့၏။
"နင်ကလေ သွမ့်ကျားရွှီရှေ့မှာဆိုရင်...."
စန်းရန် လှည့်ကြည့်လာ၏။
ဝိန်းရိဖန်က ခပ်တည်တည်ဖြင့် ဘေးနားမှ ပစ္စည်းတစ်ချို့ကို လှမ်းယူကောက်ထည့်နေရင်း ;
"ပုံစံက တစ်မျိုးပဲနော်"
"...."
"ဒါပေမယ့်လည်း ကောင်းပါတယ်"
ဝိန်းရိဖန်က ယူထားသည့်ပစ္စည်းကို တဖန်ပြန်ထားလိုက်ပြီး ခပ်ရေးရေးလေးပြုံးကာ ညင်ညင်သာသာလေးစကားဆိုလိုက်သည်။
"သူ့ကျေးဇူးကြောင့်မလို့ နင့်ရဲ့မတူညီတဲ့ပုံစံတစ်မျိုးကို ငါ တွေ့ရတာ"
စန်းရန်က စျေးခြင်းလှည်းပေါ် တံတောင်ဆစ်ဖြင့်လက်ထောက်လိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းကာ ဝိန်းရိဖန်အား ငုံ့ကြည့်လာခဲ့၏။
"ဘယ်နားက မတူတာလဲ"
ဝိန်းရိဖန်လည်း ရေရေရာရာမပြောပြတတ်။
"ဝိန်းရွှမ်းကျန့် ၊ မင်းရဲ့ဒီအကျင့်ကလည်း အသစ်အဆန်းနော် ၊ လောင်ဇစ်နဲ့ အတူနေခဲ့တဲ့ ဒီလောက်အချိန်တွေအကြာကြီးမှာ မင်း သဝန်တိုလိုက်တိုင်း အဲ့ဒီညစ်ပတ်နေတဲ့ပေါက်ကရယောက်ျားရင့်မာကြီးတွေနဲ့ပဲ"
"...."
"ကိုယ့်ကို တမင်သက်သက်များ ပြဿနာလိုက်ရှာနေလားအေက်မေ့ရတယ်"
ဤစကားတစ်ခွန်းတွင် ဝိန်းရိဖန် ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြည့်လိုက်သည့်အခါ အမှန်တကယ်လည်း သည်လိုဖြစ်နေသည်ပင်။ ဘယ်အချိန်မျိုးမဆို သူ့ဘေးနား၌ ဆန့်ကျင်ဘက်လိင်တစ်ဦးရှိနေသည်ကိုလည်း သူမ မမြင်ဖူးခဲ့။ ထို့အပြင် သူမ၏လုပ်ရပ်ဟာ တမင်သက်သက်ပြဿနာရှာနေခြင်းမျိုးဟုလည်း ဝန်မခံချင်သဖြင့် ခပ်တည်တည်နှင့်စကားဆို၏။
"ဒါဆိုရင် နောက်တစ်ခါ သွမ့်ကျားရွှီက နင့်ကို 'ကောကော'လို့ခေါ်လာခဲ့ရင် နင် ဒီအတိုင်း အေးအေးဆေးဆေးသာနားထောင်နေလိုက်"
စန်းရန် ; "?"
ဝိန်းရိဖန်က ထပ်၍ ;
"မဟုတ်ရင် နင်တို့နှစ်ယောက်က အီစီကလီလုပ်နေကြသလိုပဲ"
"အီစီကလီလုပ်တယ်ဆိုတာ ဘယ်လိုဟာမျိုးကိုခေါ်မှန်းရော သိလို့လား"
စန်းရန်က အရှေ့သို့တိုးကပ်လာပြီး သူ့လက်တစ်ဖက်အား ဝိန်းရိဖန်၏ခေါင်းပေါ်တင်လိုက်ရင်း အသံထွက်အောင်ရယ်လိုက်မိ၏။
"ဒါမှမဟုတ်....ကိုယ်က မင်းကို အီစီကလီလုပ်ခံရတဲ့ခံစားချက်မျိုးမပေးမိလို့ ကိုယ့်ကို စိတ်ဆိုးတာလား"
ဝိန်းရိဖန် ခေါင်းမော့ကြည့်လိုက်၏။
"အဲ့လူယုတ်မာကောင်က ကိုယ့်ကို အဲ့လိုလိုက်ခေါ်နေတာကိုက တမင်ရွံစရာကောင်းအောင်လုပ်ပြနေတာ ၊ မင်း ကိုယ့်ကို ခေါ်တာမျိုးကမှ အီစီကလီလုပ်တယ်လို့ခေါ်တာ"
စန်းရန်က ဝိန်းရိဖန်၏ခေါင်းကို အားပြင်းပြင်းပွတ်လိုက်ပြီး စကားဆိုလာခဲ့သည်။
"ခုဏတုန်းက ကားပေါ်မှာ ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ"
ဝိန်းရိဖန် ;
"တိတိ"(မောင်လေး)
"အို့"
စန်းရန်က ဤအခေါ်အဝေါ်ကိုလည်း လက်သင့်ခံနိုင်လေပြီး ဖြည်းဖြည်းချင်းဖြင့် ;
"ကျယ်ကျဲက အသက်ငယ်ငယ်လေးတွေကို သဘောကျတာလား"
"...."
ပထမဆုံးအကြိမ်အဖြစ် သူ့ထံမှ ယခုလိုအခေါ်ခံလိုက်ရသည့်အခါ ဝိန်းရိဖန် ကြောင်အမ်းသွားရင်း မျက်နှာတစ်ခုလုံးပူထူလာရတော့သည်။ နှုတ်ခမ်းကိုစေ့ပြီး အရှေ့သို့ တစ်ကိုယ်တည်းလျှောက်ထွက်လာကာ စကားဆက်မဆိုတော့ဘဲ တည်ငြိမ်ချင်ယောင်ဆောင်နေလိုက်သည်။
စန်းရန်က သူမ၏အနောက်မှလိုက်လာကာ နောက်တစ်ကြိမ်ထပ်ခေါ်လိုက်၏။
"ကျယ်ကျဲ"
ဝိန်းရိဖန် အနောက်ပြန်လှည့်ကြည့်လိုက်၍ ;
"နင် ငါ့ကို အဲ့လိုလိုက်ခေါ်မနေနဲ့လေ"
"ဘာလို့လဲ"
စန်းရန်က မျက်ခုံးပင့်ပြကာ ပရောပရည်စကားသံမျိုးနှင့် ;
"ကိုယ့်ပုံစံက အသက်ငယ်တဲ့ပုံမျိုး မပေါက်သေးလို့လား"
"...."
အခြားတစ်ဖက်တွင်။
စန်းကျစ်က သွမ့်ကျားရွှီအား စူပါမားကတ်ထဲ စိတ်တိုင်းကျဆွဲခေါ်သွားရင်း မကျေမနပ်လည်းစကားဆိုနေ၏။
"ညီမလေးရဲ့အစ်ကို အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ ၊ မုန့်ဖိုးနဲ့တောင် လာပြီးခြိမ်းခြောက်နေလိုက်တာ ၊ ညီမလေးဘက်က အဲ့လောက်ပိုက်ဆံလေးကို စိတ်ထဲထည့်မနေပေမယ့် သူ အဲ့လိုလုပ်တာကတော့ တအားကလေးဆန်လွန်းတယ်"
သွယ့်ကျားရွှီက ရယ်နေရင်းဖြင့် ;
"သူ ယူသွားခဲ့တာတွေကို ကိုယ် နောက်ကျရင် ပြန်ပေးမယ်"
စန်းကျစ်က ချက်ချင်းမော့ကြည့်ပြီး အဓိကအချက်ကို ဖမ်းဆုတ်လိုက်၏။
"ကောကောက ဘာလို့ သူ့အစား ပေးနေတာလဲ"
"...."
"ခုဏတုန်းကတော့ ကောကောက ညီမလေးရဲ့အစ်ကိုကို ဒေါသထွက်အောင်လုပ်ပစ်နိုင်လို့ဆိုပြီး တော်တော်ကျေနပ်နေခဲ့တာနော်"
စန်းကျီက သုံးလေးစက္ကန့်ငြိမ်သွားပြီးနောက်တွင် ;
"ဒါပေမယ့် အခုချိန်မှာတော့ ညီမလေး တွေးကြည့်လေလေ ပုံမှန်မဟုတ်လေလေပဲ ၊ ကောကော နောက်ဆိုရင် ညီမလေးအစ်ကိုကို အဲ့လိုမျိုး လိုက်မစနဲ့ ၊ ကြည့်ရတာ ကောကောတို့နှစ်ယောက်က အတွဲတွေကျနေတာပဲ"
"...."
ကြားရသည်မှာ ကိုးရိုးကားယားနိုင်လွန်းလှကာ သွမ့်ကျားရွှီ ပြောစရာမဲ့သည့်အထိ ရယ်နေမိတော့၏။
"ဘယ်လို...."
စန်းကျစ်စိုက်ကြည့်နေသည့်ပုံမှာလည်း မသိလျှင် အချိန်မရွေး လူကိုအမှုန့်ကျိတ်တော့မည့်အလားပေ။
"ဘာပဲဖြစ်ဖြစ် နောက်ဆိုရင် ကောကော သတိထားနေ ၊ ညီမလေးက မနက်ဖြန်ဆို ကျောင်းပြန်သွားရတော့မှာဆိုတော့ ဒီဘက်ကအခြေအနေတွေကို မြင်နေရမှာမဟုတ်ဘူး ၊ မဟုတ်ရင်လည်း ကောကောဘက်က ညီမလေးအစ်ကိုနဲ့တွေ့တာကို လျော့"
သွမ့်ကျားရွှီက ဘေးတိုက်အနေအထားဖြင့်ခေါင်းစောင်းကြည့်နေလေ၏။
"ဟိုနေ့တုန်းက ချန်ဖေးကော ၊ ဟောက်အန်းကောတို့နဲ့ စကားပြောတဲ့အချိန်တွေမှာလည်း...."
စန်းကျစ်က မျက်လုံးရှေ့တွင်မြင်နေရသော တစ်ခွန်းဆိုတစ်ခွန်း အယုံသွင်းတတ်သည့်ယောက်ျားအား စူးစိုက်ကြည့်လိုက် စာရင်းဟောင်းများကိုပါ ထည့်၍တွက်လာတော့၏။
"ကောကောက မထိတထိစကားမျိုးတွေ ပြောတာပဲ"
သွမ့်ကျားရွှီက ဖြည်းဖြည်းချင်းနှင့်သာ စကားဆိုလိုက်တော့၏။
"စိတ်ချပါ....ကောကောက အသက်ငယ်ငယ်လေးတွေကိုပဲ သဘောကျတာ"
"...."
စကားပြောနေရင်း သွမ့်ကျားရွှီက စန်းကျစ်၏ပါးကိုဆွဲညှစ်ပြီး စကားသံတို့ထဲ၌ အပြစ်တင်လိုသည့်အငွေ့အသက်လေးတစ်ချို့ပါလာခဲ့၍ ;
"မျက်လုံးဖြူဝံပုလွေမလေး"
စန်းကျစ် မကြားချင်ယောင်ဆောင်ကာ သွမ့်ကျားရွှီအား ဆက်၍ဆွဲခေါ်လာခဲ့သည်။
"ညီမလေးအစ်ကိုပြောတာတော့ ဒီနေ့ည ဟော့ပေါ့စားမှာတဲ့ ၊ ဒါဆို အသီးအရွက်တွေရှိတဲ့ဘက်သွားကြည့်ရအောင် ၊ ဒါနဲ့ ကောကောက နောက်ဆို အချိန်ပိုဆင်းရတာမျိုးရှိရင်တောင် ညစာစားဖို့မမေ့နဲ့နော် ၊ အပြင်စာတွေချည်းလည်း ဝယ်မစားနဲ့ ၊ ကိုယ့်ဘာသာကိုယ်ချက်မစားချင်ရင် ညီမလေးရဲ့အိမ်မှာသွားစားလို့ရတယ်"
သွမ့်ကျားရွှီက 'အာ' ဆိုသည့်အသံတစ်ခုကို ဆွဲဆွဲငင်ငင်ပြုလိုက်ရင်း ;
"ဒါဆို မင်းရဲ့အစ်ကိုနဲ့ တွေ့နေရမှာပေါ့"
"...အမ်...."
စန်းကျစ်မှာ ပြောထားသည့်စကားနှင့်ပတ်သတ်၍ အနည်းငယ်အပြစ်ရှိသလိုပင်ခံစားလာရရင်း ;
"ဒါဆိုလည်း ကောကောက သူနဲ့စကားမပြောဘဲနေရင် ရပြီလေ"
လူသုံးကုန်ပစ္စည်းတန်းကို ဖြတ်ပြီး အရှေ့တည့်တည့်သို့လျှောက်လာလျှင် နှစ်ယောက်သားက အသီးအရွက်တန်းသို့ရောက်လာခဲ့သည်။
အရှေ့တွင်ရပ်နေသည့် စန်းရန်နှင့် ဝိန်းရိဖန်ကို လှမ်းမြင်လိုက်သည့်အခါ စန်းကျစ်က သွမ့်ကျားရွှီကို ဆွဲခေါ်ပြီး အနားသို့လျှောက်သွားလိုက်၏။ စန်းရန်၏အနောက်ဘက်နားသို့ ရောက်လျှင်ရောက်ချင်း ရင်းနှီးနေသည့်အသံတစ်ခုက သူမအား လှမ်းခေါ်လာခဲ့သည်။
"စန်းကျစ်"
အသံကြားရာအတိုင်း လှည့်ကြည့်လိုက်ရာ မူလတန်းမှစ အထက်တန်းရောက်သည်အထိ အတန်းဖော်ဖြစ်ခဲ့ဖူးသော 'ဖုကျိန့်ချူး'၏မျက်နှာကို ရုတ်ချည်းမြင်လိုက်ရသည်။
အခြားသုံးယောက်လုံးလည်း လှည့်ကြည့်လာလျက်။
ဖုကျိန့်ချူးက ပြုံးပြနေရင်း ;
"တိုက်ဆိုင်လိုက်တာ ၊ ထပ်တွေ့ပြန်ပြီနော်"
သွမ့်ကျားရွှီ မျက်ခုံးများ မသိမသာပင့်လာ၏။
စန်းကျစ်၏အနောက်ဘက်တွင်ရပ်နေသော သွမ့်ကျားရွှီကို မြင်နေရသည့်အပြင် နှစ်ယောက်သားက လက်ချင်းတွဲထားသောကြောင့် ဖုကျိန့်ချူးမှာ ကြောင်အမ်းအမ်းဖြစ်သွားခဲ့ရ၏။
"ဒီတစ်ယောက်က မင်းရဲ့အစ်ကို မဟုတ်ဘူးမလား"
အလယ်တန်း ပထမနှစ်တုန်းက စန်းကျစ်သည် ဆရာတစ်ဦးကို စိတ်ဆိုးသွားအောင်လုပ်မိခြင်းကြောင့် သွမ့်ကျားရွှီအား တိတ်တိတ်လေးအကူအညီတောင်းပြီး အုပ်ထိန်းသူအဖြစ်ဟန်ဆောင်ကာ ဆရာနှင့်တွေ့ခိုင်းခဲ့ဖူးသည်။ ထိုအချိန်တုန်းက ဖုကျိန့်ချူးကလည်း အုပ်ထိန်းသူအခေါ်ခံထားရကာ ရုံးခန်းထဲ၌ သွမ့်ကျားရွှီအား သူမ၏အစ်ကိုအဖြစ် မြင်ခဲ့ဖူး၏။
လွန်ခဲ့သည့်ရက်အနည်းငယ်က အမျိုးသားနေ့ပိတ်ရက်ကြောင့် စန်းကျစ် အိမ်ပြန်လာသည့်အခါ၌ သွမ့်ကျားရွှီက နန်းဝူလေဆိပ်တွင်လာကြိုပေးခဲ့သေးရာ ထိုအချိန်တုန်းကလည်း လူတစ်ယောက်ကိုလာကြိုသည့် ဖုကျိန့်ချူးနှင့် အမှတ်မထင်တစ်ခါဆုံခဲ့သေး၏။
ထိုနေ့က နှစ်ယောက်သား၏ရင်းနှီးပူးကပ်နေသည့်အပြုအမူများကို ဖုကျိန့်ချူး သတိထားမိသွားကာ သူ့အတွက် လက်ခံပေးနိုင်ဖို့ရာ ခက်ခဲလွန်းခဲ့အလား နောက်တွင် Wechat မှတဆင့်လည်း ပါးပါးနပ်နပ်ဖြင့် သူမအား ပြန်တွေးကြည့်ရန် ဖြောင်းဖြလာခဲ့သေး၏။
စန်းကျစ်က အရေးမပါသည်ဟုပင်တွေးရင်း စန်းရန်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
"ဒီတစ်ယောက်ကမှ ငါ့အစ်ကို"
စန်းရန်က နေရာ၌သာရပ်နေပြီး အိတ်ကပ်ထဲ လက်ထည့်ထားကာ အထက်စီးဆန်ဆန်ဖြင့်ကြည့်နေလေသည်။
"အို့ အို့....ကောကော ကျယ်ကျဲတို့ မင်္ဂလာပါ ၊ စန်းကျစ် ငါအရင်ကပြောခဲ့တဲ့စကားတွေကို စိတ်ထဲမထည့်နဲ့နော် ၊ ငါ အထင်လွဲမိသွားတာပါ ၊ ငါ သွားနှင့်တော့မယ် ၊ ငါနဲ့ ငါ့ဦးလေးက ဝယ်စရာ..."
စကားမဆုံးလိုက်ခင် တစ်စုံတစ်ယောက်က အရှေ့တွင်ရှိသည့်ခြင်းလှည်းထဲသို့ နွားနို့ဘူးကို ရုတ်တရက် ပစ်ထည့်လာခဲ့ရာ အသံကျယ်ကြီးတစ်ချက်ထွက်လာခဲ့၏။
ထိုလှုပ်ရှားမှုကြောင့် အားလုံး၏အကြည့်များက ထိုနေရာသို့ ရောက်သွားခဲ့လေသည်။
ရောက်လာသည့်လူက အရပ်မြင့်မြင့် ခပ်ပိန်ပိန် ယောက်ျားတစ်ယောက် ၊ ခပ်မှောင်မှောင်အရောင်ရှပ်အင်္ကျီကိုဝတ်ထားပြီး အင်္ကျီလက်ကို တံတောင်ဆစ်ထိ ပင့်တင်ထားသည်။ အသားအရည်က သွေးမရှိသလိုဖြူစွတ်နေပြီး နဖူးထက်၌ ဆံပင်တစ်ချို့ကျနေကာ သူ့မျက်ခုံးများကို မသိမသာလေးဖုံးထားသည်။ မျက်လုံးထောင့်များက အနည်းငယ်မြင့်ပြီး စူးစူးရဲရဲနှင့်အေးစိမ့်စိမ့်နိုင်လှ၏။
ထိုယောက်ျား၏မျက်နှာထက်တွင် မည်သည့်အမူအရာမျိုးမှမရှိဘဲ သူတို့ဘက်သို့ တစ်ချက်ဝေ့ကြည့်သွားသည့်ပုံမှာ မသိလျှင် သက်မဲ့ပစ္စည်းများကိုကြည့်သွားခဲ့သည့်အလား။
အသွင်အပြင်မှာ အတော်လေးကြည့်ကောင်းပြီး စန်းရန်နှင့်သွမ့်ကျားရွှီတို့၏အရှိန်အဝါမျိုးနှင့်တော့ လုံးဝမတူညီပေ။
ကြည့်ရသည်မှာ မည်သူတစ်ဦးတစ်ယောက်ကမှ ကောက်မကိုင်ရဲသည့် ဘိန်းပန်းတစ်ပွင့်လိုပင်။
ဝိန်းရိဖန်ရော စန်းကျစ်ပါ သုံးလေးကြိမ်မက လှမ်းကြည့်နေလေ၏။
ဖုကျိန့်ချူးက ခြင်းလှည်းထဲပစ်ထည့်လာသည့် ပစ္စည်းကိုလှမ်းကြည့်၍ ;
"ဦးလေး....ဘယ်တုန်းကစပြီး နို့ချောကလက်ကို သောက်တတ်သွားတာလဲ"
ထိုယောက်ျားက အသံတစ်ချက်မထွက်ဘဲ အခြားတစ်ဖက်သို့လှည့်ထွက်သွားခဲ့သည်။
သည်အချိန်တွင် စန်းရန်က ခပ်ဖြေးဖြေးချင်းသာ စကားဆိုလိုက်၏။
"ဖုရှစ်ဇယ်..."
ဖုရှစ်ဇယ်က ခြေလှမ်းများရပ် ၊ စန်းရန် ရှိသည့်ဘက်သို့ လှမ်းကြည့်လာသော်ငြား စကားပြောလိုသည့်ရည်ရွယ်ချက် တစ်စက်လေးမှရှိပုံမရ။ ဘေးနားတွင်ရပ်နေသည့် ဖုကျိန့်ချူးက အေးစိမ့်စိမ့်အငွေ့အသက်များကို ခံစားလာရသဖြင့် အခြေအနေကိုဖြေလျော့ပေးဖို့ရာ ကြိုးစားတော့၏။
"ကော....ကျွန်တော့်ဦးလေးနဲ့ အသိတွေလား"
စန်းရန်က မေးဖျားကို မသိမသာပင့်လိုက်ပြီး စကားမဆို။
ထိုအခါ ဖုကျိန့်ချူးက ဖုရှစ်ဇယ်အား တစ်ခုခုပြောရန် မျက်လုံးဖြင့်အရိပ်အခြေပြလိုက်၏။
ဖုရှစ်ဇယ်က စန်းရန်အား အထက်မှအောက်သို့ တစ်ချက်ကြည့်လိုက်သော်လည်း စိတ်အခြေအနေကတော့ တစ်ချက်လေးမှမပြောင်း။ ခေါင်းငြိမ့်သည်ဟုမဆိုသာသော ခေါင်းငြိမ့်ခြင်းမျိုးကိုပြုလုပ်ပြီး အေးတိအေးစက်ဖြင့် တစ်ဖက်သို့လှည့်ထွက်သွားခဲ့သည်။
"...."
ဝိန်းရိဖန်အတွက်တော့ စန်းရန်အား ယခုလိုအကြည့်မျိုးဖြင့်ကြည့်သွားသည့်သူကို ပထမဆုံးမြင်ဖူးခြင်းပေ။ ထို့ကြောင့် ထူးဆန်းမိနေပြီး ဖုရှစ်ဇယ်အား ဆက်၍လှမ်းကြည့်နေမိလိုက်သည်။
ဖုကျိန့်ချူးက အားနာနာဖြင့်သာ ရှင်းပြနေတော့၏။
"ကျွန်တော့်ဦးလေးက အခုတလော လည်ချောင်းနာနေတာ ၊ ကော စိတ်မရှိနဲ့နော်"
နောက်တွင် အခြားသူများကိုပါ နှုတ်ဆက်ပြီး စျေးခြင်းလှည်းကိုဆွဲကာ ဖုရှစ်ဇယ်နောက်သို့ ပြေးလိုက်သွားခဲ့သည်။
စန်းကျစ် ;
"ကိုကို ၊ သူများက ကိုကို့ကိုမသိဘူးထင်တယ်နော်"
စန်းရန်က ပုံမှန်အတိုင်း 'အာ' ဟု အသံပြုလိုက်၏။
ဝိန်းရိဖန်က ဖုရှစ်ဇယ်၏နောက်ကျောကို လှမ်းကြည့်နေရင်းဖြင့် ;
"နင် သိလို့လား"
စန်းရန်က ဝိန်းရိဖန်ကို ကြည့်ရင်း ;
"အင်း ၊ အမှတ်(၁)ကျောင်းမှာကတည်းက ၊ ကိုယ်တို့ထက် တစ်တန်းငယ်တယ်"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြသော်ငြား အကြည့်များမဖယ်သေး။
ပတ်ဝန်းကျင်တစ်ခွင်မှာ ရုတ်ချည်း တိတ်ဆိတ်သွားသလိုလို။
တစ်ခဏကြာသည့်အခါ ဝိန်းရိဖန်က တစ်စုံတစ်ရာပုံမှန်မဟုတ်တော့ကြောင်း ခံစားမိလိုက်ပြီး စန်းရန်ဘက်သို့လှည့်ကြည့်လိုက်သည်။
တစ်ချိန်တည်းဆိုသလို စန်းရန်ကလည်း ခပ်တည်တည်ဖြင့်စကားဆိုလာခဲ့သည်။
"ကြည့်လို့ကောင်းလား"
"...."
ဤစကားတစ်ခွန်းမှာ သူမ၏အပြုအမူကို အထင်လွဲနေသည်မှာ သိသိသာသာ။
ဝိန်းရိဖန်က ရှင်းပြလုနီးနီးတွင်။
စန်းရန်က သူမ၏မေးဖျားကို ဆွဲပင့်ပြီး တစ်ခွန်းချင်းစီ စကားဆိုလာသည်မှာ ;
"မင်းရဲ့မျက်လုံးတွေ ရှည်ထွက်လာပြီး သူ့ဆီ ကပ်ပါသွားဦးမယ်"
"...."
ကားပေါ် ပြန်ရောက်လာသည့်အချိန်။
စကားစမြည်ပြောကြရင်း မသိလိုက်ပါဘဲနှင့် အခုလေးတင်ဖြစ်ခဲ့သည့်အကြောင်းအရာပေါ် ပြန်ရောက်လာခဲ့ကြသည်။ စန်းကျစ်က ထူးဆန်းသလိုဖြစ်နေသေးသည့်ကိစ္စတစ်ခုအား မနေနိုင်အောင် မေးမြန်းလာခဲ့သည်။
"ကိုကို ၊ ညီမလေးသူငယ်ချင်းက သွမ့်ကျားရွှီကို ညီမလေးရဲ့အစ်ကိုလို့ ထင်နေတဲ့ကိစ္စကိုလေ ၊ ကိုကိုက ဘာလို့ထူးဆန်းတယ်လို့မထင်မိတာလဲ"
"ဘယ်နားက ထူးဆန်းနေလို့လဲ ၊ ငါကိုယ်တိုင်တောင် အရင်ကတည်းက မင်း သွမ့်ကျားရွှီကိုပဲ အစ်ကိုအရင်းအဖြစ်မှတ်ထားလို့ ထင်နေတာ"
"...."
နှစ်များစွာကြာခဲ့ပြီးသည့်အတွက် စန်းကျစ်က ဝန်ခံရန်မစိုးရွံ့တော့ဘဲ ဝက်သေတစ်ကောင် ရေနွေးထဲထည့်ပြုတ်ခံရမည်ကို မကြောက်သကဲ့သို့ စကားဆိုလာခဲ့သည်။
"ညီမလေး အလယ်တန်းတုန်းက သွမ့်ကျားရွှီကို ကိုကိုအဖြစ်ဟန်ဆောင်ခိုင်းပြီး ဆရာနဲ့တွေ့ခိုင်းခဲ့ဖူးတယ်"
စန်းရန်က မျက်တောင်ပင့်ကြည့်လာ၍ ;
"ငါ သိသားပဲ"
စန်းကျစ် ; "?"
"မင်းရဲ့အဲ့ဒီအိုနေတဲ့ရည်းစားက ငါ့ဆီက ခွင့်ပြုချက်ရပြီးမှ သွားခဲ့တာပါ ၊ ဘာလဲ.....မင်း မသိဘူးလား"
စန်းရန်က ပွဲကြည့်ရမည့်အသွင်ဖြင့် တက်ကြွလာလေပြီး ;
"အို့ ၊ လက်စသတ်တော့ မင်းတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်လေးဖြစ်နေတာကိုး...."
"...."
စန်းကျစ်၏အမူအရာမှာ တင်းခနဲ။
စန်းရန်က ကျေနပ်နေသည့်အသံမျိုးဖြင့် ;
"ဟုတ်ပါပြီလေ ၊ ဒါဆိုလည်း ငါ ဘာမှမပြောခဲ့ဘူးလို့ သဘောထားလိုက်နော်"
စန်းကျစ်က သွမ့်ကျားရွှီဘက်သို့ လှည့်ကြည့်လိုက်ရာ ရယ်ချင်နေသည့်အမူအရာကြီးကို အောင့်အည်းနေသည့်ပုံကြောင့် ပို၍ဒေါသထွက်လာရတော့၏။
"ကောကောက ဘာရယ်နေတာလဲ"
"စဥ်းစားကြည့်နေတာ ၊ အဲ့အချိန်တုန်းက မင်း အရမ်းကိုမှဆိုးတာလေ ၊ အသက်ငယ်ငယ်လေးနဲ့ ကိုယ့်ကိုခြိမ်းခြောက်တာများ ဘာဖြစ်တယ်.....ကိုယ်သာ သဘောမတူရင် ကိုယ်နဲ့မင်းအစ်ကိုက နှစ်ယောက်ပေါင်းပြီး မင်းကိုရိုက်တယ်လို့ အန်တီနဲ့တိုင်မှာ ဟုတ်လား"
"...."
ဤစကားလုံးက ဟိုးအရင်က ဗိုလ်ကျပြီးအနိုင်ကျင့်ခဲ့သမျှကို ပြန်အမှတ်ရသွားစေကာ စန်းကျစ်တစ်ယောက် စိတ်မကြည်ပါတော့ဘဲ ဤလူအိုနှစ်ယောက်နှင့် တစ်စက်လေးမှ စကားမပြောချင်တော့ပေ။ ထို့ကြောင့် ဝိန်းရိဖန်ဘက်သို့ လှည့်လာလေ၏။
"ရိဖန်ကျဲ"
ဖုန်းကြည့်နေသည့်ဝိန်းရိဖန်မှာ ခေါင်းမော့လာခဲ့၏။
"အမ်....ဘာဖြစ်လို့လဲ"
စန်းရန်က သူတို့နှစ်ဦးကြား ဝင်ပြောလာခဲ့သည်။
"ယောင်းမလို့ခေါ်ရကောင်းမှန်း မသိသေးဘူးလား"
စန်းကျစ်က အာရုံမစိုက်ဘဲ အရေးမစိုက်သည့်ဟန်ဖြင့်ပင် နောက်တစ်ကြိမ်ထပ်ခေါ်လာခဲ့သည်။
"ရိဖန်ကျဲ ၊ ညီမလေးသူငယ်ချင်းရဲ့ဦးလေးက ချောတယ်လို့မထင်ဘူးလား"
ကားတစ်စင်းလုံး တိတ်ဆိတ်သွားခဲ့တော့သည့်အချိန်တွင်။
သွမ့်ကျားရွှီက စန်းကျစ်ကို တစ်ချက်လှမ်းကြည့်လာပြီး စန်းရန်သည်လည်း ဝိန်းရိဖန်ဘက်သို့လှည့်ကာ သူမ၏အဖြေအား အာရုံစူးစိုက်လာလေသည်။
စန်းကျစ် ;
"ဒီကားပေါ်က ယောက်ျားတွေကိုတောင် ရိုက်ချပစ်လို့ရတဲ့အထိလေ"
"ရှောင်ကွေ....မင်း မှားနေပြီ ၊ ငါ့ကိုများ ယှဥ်နိုင်မှာတဲ့လား"
စန်းရန်က ဝိန်းရိဖန်ကို စိုက်ကြည့်နေပြီး သူ့လက်ချောင်းထိပ်များက သူမ၏လက်ဖမိုးပေါ် တစ်တောက်တောက်ခေါက်ရင်း ခပ်ပြင်းပြင်းအသံမျိုးဖြင့် ;
"ယာဥ်မောင်းနေရာကကောင်ကို ရိုက်ချနိုင်တယ်ဆိုတာကမှ ဟုတ်ဦးမယ်"
"...."
စန်းကျစ်၏အမူအရာမှု မှုန်ကုတ်နေပြီး ဝိန်းရိဖန်၏အဖြေကိုသာ စောင့်နေလေ၏။
စူပါမားကတ်ထဲတွင် စန်းရန်ကို ရန်စမိသလိုဖြစ်ခဲ့ပါသော်ငြား ဖုရှစ်ဇယ်၏ရုပ်ရည်က အမှန်တကယ်ကို မခန့်ညားဘဲနေသည်မဟုတ်ချေ။ ဝိန်းရိဖန်က အလေးအနက်ထား၍တွေးကြည့်လိုက်ကာ စန်းကျစ်၏ ထို 'ရိုက်ချနိုင်'ဆိုသည့်စကားလုံးအား သမာသမတ်ကျကျပြန်ဖြေပေးလိုက်သည်။
"တကယ်ကို တော်တော်လေးချောတယ်"
သို့သော်ငြား သည်အဖြေက စန်းရန်၏လေထုဖိအားကို နိမ့်ချလိုက်သည့်အလား သူမ၏လက်ကိုဆုတ်ကိုင်ထားသည့်ခွန်အားမှာ သိသိသာသာကြီးတိုးလာခဲ့လေသည်။
အချိန်ကိုက်ဆိုသလို မီးနီသွားသဖြင့် ကားရပ်လိုက်သည်။
အရှေ့ဘက်သို့ပြန်လှည့်သွားသည့်စန်းကျစ်၏အကြည့်များက သွမ့်ကျားရွှီပေါ်ပြန်ရောက်သွားပြီး ခပ်ပြတ်ပြတ်ဖြင့် 'ဘာလဲ' ဆိုသည့်စကားတစ်ခွန်းဆိုကာ နှစ်ယောက်သားက အကြည့်ချင်းဆုံနေကြ၏။
ဝိန်းရိဖန်သည်လည်း အရှေ့ဘက်သို့အာရုံစိုက်နေဖို့ရာ ခွန်အားမကျန်တော့ဘဲ စန်းရန်၏ ခပ်တည်တည်အမူအရာကိုကြည့်ရင်း ဘယ်လိုဘယ်ပုံဖြင့်ချော့ရမည့်အကြောင်းကိုသာ တွေးမိလိုက်တော့၏။ သက်ပြင်းရေးရေးချပြီး အသံကိုနိမ့်၍ ကမ်းလှမ်းချက်တစ်ခုပြုလိုက်၏။
"ထားလိုက်ပါတော့....မောင်လေးတစ်ယောက်က တကယ်ကိုပဲ မရင့်ကျက်နိုင်သေးဘူး"
"?"
"ငါတို့နှစ်ယောက် မမနဲ့မောင်လေးလိုမျိုး မချစ်တော့ဘူးနော်"
ဝိန်းရိဖန်က အသာအယာလေး ပြုံးပြလိုက်၍ ;
"ဟုတ်ပြီလား....ကောကော"
တစ်ချိန်တည်းဆိုသလို အရှေ့ဘက်တွင်။
ယာဥ်မောင်းသည့်နေရာတွင်ထိုင်နေသော သွမ့်ကျားရွှီက စန်းကျစ်အား စိုက်ကြည့်နေရင်း အသံမထွက်ဘဲ ပါးစပ်အဖွင့်အပိတ်လုပ်ပြနေ၏။
စန်းကျစ်က နားမလည်သဖြင့် အရှေ့တိုးသွားကာ ခေါင်းချင်းဆိုင်လိုက်ရင်း ;
"ဘာလဲ"
သွမ့်ကျားရွှီက သူမ၏နားရွက်နားသို့ကပ်၍ ;
"ကောကော မျက်နှာသာရအောင်လုပ်ဖို့စီစဥ်ထားတယ်"
စန်းကျစ် ; "အမ်"
စက္ကန့်ပိုင်းမျှတိတ်ဆိတ်သွားပြီးသည့်အခါ။
ယောက်ျားလေး၏အသံက လေတိုးသံများအလားတိုးဖျသွားပြီး သူမအား ကလူ၏မြှူ၏လုပ်နေသည်ကို ခံစားမိလိုက်ရတော့၏။
"ပြန်ရောက်ရင် မင်းကို ကြည့်လို့ကောင်းတာတွေပြမလို့"
ကားတစ်စင်းက စန်းမိသားစုအိမ်သို့ မောင်းလာခဲ့သည်။
ဝိန်းရိဖန်က စန်းကျစ်၏ဆွဲခေါ်သွားမှုနှင့်အတူ တံခါးဝကြီးဆီသို့ အရင်ဆုံးပါသွားခဲ့ရ၏။ စန်းရန်က သွမ့်ကျားရွှီနှင့်အတူ ကားနောက်ဖုံးဆီသို့လျှောက်လာပြီး ဝယ်လာခဲ့သော အိတ်ကြီးအိတ်ငယ်အသွယ်သွယ်အား သယ်ရတော့၏။ လက်နှစ်ဖက်လုံးတွင် အထုတ်အပိုးများပြည့်နေခြင်းကြောင့် ခြေတံရှည်အားမြှောက်ပြီး ကားနောက်ဖုံးကို ကန်ချ၍ပိတ်လိုက်သည်။
"မင်း အဲ့ရှောင်ကွေကို မထိန်းတော့ဘူးလား"
သွမ့်ကျားရွှီက ပြုံးနေရင်းနှင့် ;
"ဘာဖြစ်လို့လဲ"
"သူ့ကို သတိထားပြီးနေခိုင်း ၊ မင်းကို မကျေနပ်ပြီးရန်ရှာချင်ရင်လည်း ကိုယ့်ဘာသာကိုယ် အစီအစဥ်ဆွဲလို့ပြောလိုက်"
စန်းရန်က တစ်ဖက်သို့လှည့်ကြည့်၍ ;
"ငါ့မိန်းမကို လိုက်ပြီးဆွဲမထည့်စေနဲ့"
"မင်းဘာသာမင်း သူ့ကိုတိုက်ရိုက်သွားပြောလိုက်လေကွာ ၊ ငါလည်း သူ့ကို မထိန်းနိုင်ဘူး ၊ ပုံမှန်ဆိုရင် သူကပဲ ငါ့ကိုထိန်းထားတာ"
"...."
စန်းရန်သည် အခုချိန်ထိ ဤချစ်ကျွမ်းဝင်သွားသည့်ကောင်၏အပြုအမူကြီးကို လက်သင့်မခံနိုင်သေးချေ။ စုတ်တစ်ချက်သပ်ပြီး နှစ်ယောက်သားက ဓါတ်လှေကားဆီသို့လျှောက်လာရင်း စကားတပြောပြောဖြင့်။
ဝိန်းရိဖန်နှင့်စန်းကျစ်သည်တော့ တက်သွားနှင့်ပြီပင်။
"မင်း လက်ထပ်တော့မယ့်ကိစ္စနဲ့ပတ်သတ်ပြီး အခုတလော စုဟောက်အန်းက ငါ့ဆီ ခဏခဏဖုန်းဆက်တယ် ၊ ငါရော ဘယ်တော့လက်ထပ်မှာလဲလို့ အကြိမ်တိုင်းမေးနေတာ ၊ ငါ့ထက်အရင်စောအောင် သူက လက်ထပ်မလို့ဆိုလားပဲ"
စန်းရန် ;
"အဲ့ကောင်ကလည်း သူ့ကိစ္စလည်းမပါဘဲနဲ့ ပြီးကိုမပြီးနိုင်ဘူး"
သွမ့်ကျားရွှီက မျက်ဝန်းများမှေးကျဥ်းကာ မိသားစုဝင်၏အထင်အမြင်အား လေးလေးစားစားမေးလာခဲ့သည်။
"မင်းအမြင်မှာရော ဘယ်အချိန်လောက်ဆိုရင် ကောင်းမလဲ"
စန်းရန် ;
"ငါ့အပူပါလို့လား"
သွမ့်ကျားရွှီ ;
"မင်းညီမရော တက္ကသိုလ်ဒုတိယနှစ်ဆို လက်ထပ်လို့ရပြီလား"
ဓါတ်လှေကားက အချိန်ကိုက်ရောက်ချလာပြီး 'တင်း'ဆိုသည့်အသံတစ်ခုမြည်သွားခဲ့၏။
မြေပြင်အနေအထားမှာ တင်းခနဲ။
စန်းရန်က သွမ့်ကျားရွှီအား တည့်တည့်စိုက်ကြည့်ပြီး ရုတ်တရက် လည်တိုင်ကြောကို တစ်ချက်လျော့ကာ လက်ထဲမှအထုတ်များကို ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။ ထို့နောက်တွင် စန်းရန်၏လက်တစ်ဖက်က သွမ့်ကျားရွှီ၏လည်တိုင်ကို ဆွဲကိုင်ပြီးဖိချကာ နေ့စဥ်နေ့တိုင်းလည်း ဤလူယုတ်မာကောင်ကြောင့် အသစ်အဆန်းမျိုးစုံကို ခံစားနေရတော့သည်။
"သောက်ဆရာကြီးနိုင်ချက်! ရည်းစားထားလိုက်တာနဲ့ပဲ မျိုးစိတ်တွေပါပြောင်းကုန်တာလား"
ဤခွန်အားကြောင့် သွမ့်ကျားရွှီ၏ခန္ဓာကိုယ်က အရှေ့သို့ယိုင်သွားခဲ့ကာ သုံးလေးချက်ခန့်ချောင်းဆိုးလိုက်ရသည်။ သူက စိတ်ရှည်ရှည်ဖြင့် ခေါင်းမော့လာခဲ့ကာ သူ့စကားနှင့်ပတ်သတ်ပြီးလည်း တစ်နေရာရာလွဲမှားနေသည်ဟုပင်မထင်။
"ဘာကို ဆိုလိုချင်တာလဲ"
"မင်း လူစိတ်ပေါက်တဲ့အချိန်က ဘယ်လိုပုံစံမျိုးဆိုတာ ငါ့ကို ပြန်လာပြစမ်းပါ ၊ ငါ လုံးဝကို စဥ်းစားကြည့်လို့မရတော့လို့"
"....."
"ကိုယ့်ဘာသာကိုယ် သတိထားနေ"
စန်းရန်က လက်လွှတ်ပေးလိုက်ပြီး ကြမ်းပြင်ပေါ်မှပစ္စည်းများကို ပြန်ကောက်ယူလိုက်၏။
"ငါ့အိမ်မှာ တိရိစ္ဆာန်ကောင်တွေကိုလက်မခံဘူး"
"...."
[ T/N ; ဖုရှစ်ဇယ်ကလည်း ဝတ္ထုသပ်သပ်တစ်ပုဒ်ရှိပါသေးတယ်။ When I meet the moon / Folding Moon ဆိုပြီးပါ။ Hidden Love , First Frost နဲ့လည်း shared universe ဖြစ်ပြီးတော့ အခုလို ချိုရိုငိုဝတ္ထုလေးပါပဲ။ မြန်မာဘာသာပြန်ကတော့ အရင်က ရှောင်ချုန်း ဘာသာပြန်သေးပေမယ့် ခု ရှိတော့ဘူး ဟီး ဟီး ]
********************
~~Zawgyi~~
အမ်ိဳးသားေန႕အားလပ္ရက္ရွည္ကာလထဲတြင္ စန္းက်စ္သည္လည္း ပိတ္ရက္ရသျဖင့္ ေက်ာင္းမွအိမ္ျပန္လာခဲ့သည္။ ေက်ာင္းျပန္သြားရမည့္ေန႕ မတိုင္ခင္တစ္ရက္အလိုတြင္ေတာ့ လီဖင္က အျခားသူမ်ားထံ ဖုန္းဆက္ၿပီး အခ်ိန္ရလွ်င္ ညစာစားရင္း စကားစျမည္ေျပာၾကဖို႔ရာ ေခၚထားသည္။
ဝိန္းရိဖန္ေရာ စန္းရန္ကပါ ႏွစ္ေယာက္လုံး ပိတ္ရက္ရထားသျဖင့္ ထိုေန႕၏ေန႕လည္ခင္း၌ပင္ စန္းမိသားစုအိမ္သို႔ ေရာက္လာခဲ့ၾကသည္။
အားလုံး လူစုံတက္စုံျဖစ္ၿပီး သြမ့္က်ား႐ႊီသာလွ်င္ အလုပ္ဆင္းေနရ၍ ညေနစာစားခ်ိန္မွ ျပန္လာနိုင္မည္ျဖစ္သည္။ မိသားစုဝင္မ်ားက စကားစျမည္ေျပာေနၾကရင္း ညစာစားခါနီးအခ်ိန္တြင္ေတာ့ စန္း႐ုံႏွင့္လီဖင္က မိတ္ေဆြေဟာင္းႀကီးမ်ား၏ ႐ုတ္တရက္ဖုန္းေခၚလာမႈေၾကာင့္ အျပင္ထြက္ညစာစားျဖစ္သြားခဲ့သည္။
မည္သည့္စိတ္မခ်ျခင္းမ်ိဳးမွမျဖစ္ပါဘဲ သူတို႔ေလးေယာက္အား ခ်န္ထားပစ္ခဲ့ေလ၏။
အိမ္ထဲတြင္ မည္သည့္ဟင္း႐ြက္သားငါးမွမရွိ ၊ အျပင္ထြက္မည္ဆိုေသာ္လည္း မည္သည့္စားေသာက္ဆိုင္သို႔သြားရမည္မွန္းမသိ ၊ ေနာက္ဆုံးတြင္ ဝိန္းရိဖန္ႏွင့္စန္းက်စ္တို႔ ေဆြးႏြေးၿပီးသည့္အခါ ဟင္း႐ြက္သားငါးအခ်ိဳ႕ဝယ္ၿပီး ေဟာ့ေပါ့ခ်က္စားရန္ ဆုံးျဖတ္လိုက္သည္။
အေဆာက္အဦး၏တံခါးေပါက္ဝႀကီးမွ ထြက္လာသည့္အခါ သြမ့္က်ား႐ႊီ၏ကားက တိုက္တိုက္ဆိုင္ဆိုင္ ေရာက္ခ်လာခဲ့သည္။
သုံးေယာက္သားက ကားေပၚတက္သြားခဲ့၏။
ႏွစ္ႏွောင္းပိုင္းကတည္းက သြမ့္က်ား႐ႊီသည္ ယီဟယ္ၿမိဳ႕မွ နန္းဝူၿမိဳ႕သို႔ျပန္လာၿပီး ဤၿမိဳ႕ထဲတြင္ ဂိမ္းႏွင့္ပတ္သတ္သည့္လုပ္ငန္းတစ္ခုကို စတင္တည္ေထာင္ထားခဲ့သည္။
သြမ့္က်ား႐ႊီသည္ အျဖဴေရာင္ရွပ္အကၤ်ီကိုဝတ္ထားၿပီး မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းမ်ားကို ခပ္ေလ်ာ့ေလ်ာ့ေလးေမွးထားကာ တစ္ေန႕လုံး အလုပ္လုပ္လာပါသည့္တိုင္ ေမာပန္းေနသည့္ပုံမ်ိဳးမရွိ။ သူ႕အသံတို႔ကအစ ၾကည္လင္ေနဆဲျဖစ္ၿပီး ေျဖးေျဖးခ်င္းႏွင့္ညင္ညင္သာသာေလးသာ စကားဆို၏။
"ဘာစားခ်င္ၾကတာလဲ"
စန္းရန္က သခင္ႀကီးတစ္ေယာက္လို ကားအေနာက္ခုံ၌ မွီထိုင္ေနၿပီး ပ်င္းတိပ်င္း႐ြဲျဖင့္ ;
"ေဘးရပ္ကြက္က စူပါမားကတ္ကိုေမာင္း"
စန္းက်စ္က အေရွ႕ဘက္ခုံ၌ထိုင္ေနျခင္းျဖစ္ကာ လုံၿခဳံေရးခါးပတ္ကို မပတ္ရေသး။ ဤစကားကိုၾကားလိုက္သည့္အခါ စန္းက်စ္က စန္းရန္ကို လွည့္ၾကည့္လာၿပီး မေက်မနပ္ျဖစ္မႈကို သည္းညည္းခံထားကာ သြမ့္က်ား႐ႊီဘက္လွည့္၍ ဆိုလိုက္သည္။
"ေကာေကာ ကားခကို စတြက္လို႔ရၿပီ ၊ ဒီအခ်ိန္ႀကီးဆိုေတာ့ ႏွစ္ဆေတာင္း"
သြမ့္က်ား႐ႊီက ခပ္ဖြဖြေလးရယ္လိုက္ၿပီး စန္းက်စ္အား လုံၿခဳံေရးခါးပတ္ပတ္ေပးလိုက္သည္။
ျခေသၤ့မေလး စန္းက်စ္က ခပ္က်ယ္က်ယ္ျဖင့္ ;
"သူ႕ဆီကေနဆို ယြမ္ ၁၀၀၀ ယူ"
"ရတယ္"
စန္းရန္က ေအးေအးလူလူျဖင့္ ;
"မင္း ေနာက္လမုန့္ဖိုးထဲက ႏုတ္မွာ"
"...."
ဝိန္းရိဖန္က စန္းရန္၏ေဘး၌ ၿငိမ္ၿငိမ္ေလးသာထိုင္ေနၿပီး ေမာင္ႏွမႏွစ္ေယာက္ၾကား ဝင္ပါမည့္စိတ္မ်ိဳးအလ်င္းမရွိ ၊ အလကားစီးရဖို႔သာ အေရးႀကီး၏။
အေရွ႕တြင္ထိုင္ေနသည့္ သြမ့္က်ား႐ႊီကမူ စန္းက်စ္၏ေခါင္းကို ခပ္ဖြဖြေလးပြတ္လိုက္ၿပီး မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းမ်ားကိုလည္း မသိမသာေလးေမွးလိုက္၍ ;
"ဘာမွမျဖစ္ဘူး ၊ ႏုတ္ခ်င္လည္း ႏုတ္ပါေစ ၊ ကိုယ္ ျပန္ေပးမယ္"
စန္းက်စ္က ထိုအခါတြင္မွ စိတ္ေလ်ာ့သြားၿပီး ;
"အို႔"
ကားတစ္စင္းမွာ စတင္ထြက္ခြာလာခဲ့၏။
စန္းက်စ္တစ္ေယာက္မွာ ယြမ္ ၁၀၀၀ စီးဆင္းသြားမႈအေၾကာင္းကို တစ္ခဏၾကာၾကာေတြးၾကည့္ေနၿပီးေနာက္တြင္ တစ္စုံတစ္ရာမူမမွန္မွန္း ရွာေတြ႕သြားခဲ့သည္။
"ဒါဆိုရင္ ေကာေကာက အလကားသပ္သပ္ရႈံးသြားမွာေပါ့"
"...."
ေသခ်ာတြက္ၾကည့္လွ်င္.....
သြမ့္က်ား႐ႊီက စန္းရန္အား ယြမ္ ၁၀၀၀ အလကားေပးလိုက္သလိုပင္။
"ကိုကို....ကားခ ေပးစရာမလိုေတာ့ဘူး"
စန္းရန္က အသံကိုဆြဲငင္ၿပီး စ၍စကားဆိုလာေတာ့၏။
"သိပ္မသင့္ေတာ္ဘူးထင္တယ္ေနာ္"
စန္းက်စ္ ;
"သင့္ေတာ္ၿပီးသား ၊ ကိုကိုတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးက ဒီေလာက္ထိေကာင္းတာ ၊ ပိုက္ဆံယူတာကမွ ပိုမသင့္ေတာ္တာ"
"ညီအစ္ကိုအရင္းႀကီးေတြက စာရင္းကိုေသခ်ာရွင္းရတယ္တဲ့ ၊ မဟုတ္ရင္ ေပါင္းသင္းဆက္ဆံေရးခံစားခ်က္ေတြကို ထိခိုက္လာမွာ"
စန္းရန္က လက္ကိုင္ဖုန္းကိုကစားေနရင္း အလုပ္ႀကီးအကိုင္ႀကီးလုပ္ေနသည့္ဟန္ပန္ျဖင့္ ;
"ငါက မိသားစုဝင္ႏွစ္ေယာက္ကိုပါ ေခၚလာေသးတယ္ဆိုေတာ့ ၊ ညီအစ္ကို.....ဒါဆို ယြမ္ ၃၀၀၀ ေပးရမွာလား"
"...."
စန္းက်စ္က ကိုယ့္ေျခေထာက္ေပၚကိုယ္ ေက်ာက္ခဲပစ္ခ်ထားသည့္ခံစားခ်က္မ်ိဳးပင္ ခံစားလာရကာ တံေတြးၿမိဳခ်လိဳက္၏။
"ညီမေလးကို ထည့္မတြက္နဲ႕ေလ ၊ ညီမေလးက ကိုယ့္ေကာင္ေလးရဲ႕ကားကို စီးေနတာ ၊ ပိုက္ဆံေပးစရာမလိုဘူး"
သြမ့္က်ား႐ႊီက ရယ္ေနရင္းျဖင့္ ;
"ေကာေကာ....ငါလည္း မင္းရဲ႕မိသားစုဝင္ပဲေလ ၊ ငါ့ကိုက် ထည့္မတြက္ဘူးလား"
ဘယ္ႏွႀကိမ္ပင္ နားေထာင္ခဲ့ၿပီးပါေစ ေယာက္်ားရင့္မာႀကီးတစ္ေယာက္က သူ႕အား 'ေကာေကာ' ဟု ေခၚလာတိုင္း စန္းရန္အတြက္ လူ႕ေလာကငရဲထဲေရာက္သြားသလိုမ်ိဳးပင္။ ခနဲ႕တဲ့တဲ့ျဖင့္ ေအးတိေအးစက္ရယ္လိုက္ၿပီး ;
"သြမ့္က်ား႐ႊီ ၊ မင္း ဦးႏွောက္ထဲမွာျပႆနာရွိေနတာလား"
ဝိန္းရိဖန္ကလည္း စိတ္ဝင္တစားျဖစ္လာခဲ့ကာ ႏႈတ္ခမ္းကိုတင္းတင္းေစ့ၿပီး စန္းရန္၏ မေပ်ာ္မ႐ႊင္ျဖစ္ေနသည့္အမူအရာအား လွမ္းၾကည့္ေနလိုက္၏။ ခံစားမိေနရသည္မွာလည္း စန္းရန္တစ္ေယာက္ သူ႕ငယ္ခ်စ္ကေလးႏွင့္ ပေရာပရည္လုပ္ေနသည့္ခံစားခ်က္ပင္။
စန္းရန္ စိတ္မၾကည္သည္ကို ျမင္လိုက္သည္ႏွင့္ စန္းက်္က ေက်နပ္ၿပီးေပ်ာ္႐ႊင္လာခဲ့ေတာ့သည္။
"ကိုကို ၊ လူကို လာၿပီးမတိုက္ခိုက္နဲ႕"
"...."
သူတို႔ တစ္ေယာက္ၿပီးတစ္ေယာက္ လုပ္ျပေနၾကသည္မွာ မသိလွ်င္ မခြဲနိုင္မခြာရက္ျဖစ္ေနသည့္အတိုင္း။
ဝိန္းရိဖန္၏စိတ္ထဲ သူမကသာ တစ္ခ်ိန္လုံးတိတ္ဆိတ္ေနခဲ့သည္ႏွင့္ပတ္သတ္ၿပီး အနည္းငယ္မေက်မနပ္ျဖစ္လာရေတာ့၏။ သည့္ထက္အျပင္ သူမ၏ ယခင္အခ်စ္ၿပိဳင္ဘက္ေဟာင္းႀကီးက စန္းရန္အား ထိုကဲ့သို႔ေသာနာမ္စားမ်ိဳးကိုပင္ ေခၚေနေလသည္။ ခ်ိတုံခ်တဳံျဖစ္ရေသာ္ျငား သူမအေနျဖင့္ ၿပိဳင္ပြဲတြင္ရႈံးနိမ့္သြားလို႔မျဖစ္ ၊ ထို႔ေၾကာင့္ မတတ္နိုင္သည့္အဆုံးတြင္ စန္းရန္၏အနားသို႔ တိုးကပ္သြားခဲ့သည္။
သူမ၏လႈပ္ရွားမႈကို ျမင္သည့္ စန္းရန္ကလည္း ခႏၶာကိုယ္ကိုကိုင္းၿပီး မ်က္ဝန္းမ်ားျဖင့္ေမးေနသည္မွာ 'ဘာျဖစ္လို႔လဲ' ဟူ၍။
ဝိန္းရိဖန္က သူ႕နား႐ြက္နားထိ တိုးကပ္သြားၿပီး ခပ္တိုးတိုးေလး စကားဆိုလိုက္သည္။
"ေကာေကာ"
"...."
စကားသံေလးက တိုးဖ်လွသည့္အျပင္ သူ႕နား႐ြက္နားသို႔ ကပ္ေျပာေနျခင္းေၾကာင့္လည္း အသက္ရႉေငြ႕ေလးမ်ားျဖင့္ပါ ထိေတြ႕သြားခဲ့ေသးသည္။
စန္းရန္၏အမူအရာမွာ ေသခ်ာမၾကားလိုက္ရသည့္အလား ၊ မ်က္ေတာင္မ်ားက လႈပ္လႈပ္ခတ္ခတ္ျဖစ္သြားရ၏။ သူမအား တည့္တည့္စိုက္ၾကည့္လာၿပီး လည္စလုတ္က အထက္မွေအာက္ျဖည္းျဖည္းခ်င္းေ႐ြ႕သြားခဲ့ကာ ခန့္မွန္းၾကည့္၍မရနိုင္ေသာတုံ႕ျပန္လာပုံမ်ိဳးျဖင့္။
"အမ္"
ႏွစ္ေယာက္သားမွာ အၾကည့္ခ်င္းဆုံလ်က္သား။
စန္းရန္၏အမူအရာေၾကာင့္ ဝိန္းရိဖန္က စကားဝိုင္းထဲ လူရာဝင္သြားသလိုလိုပင္ ခံစားလိုက္ရ၏။ သူ႕တုံ႕ျပန္လာမႈမွာ မည်သည့်အဓိပ္ပါယ်ဖြစ်မည့်အေၾကာင္း ပုံေဖာ္ၾကည့္၍မရေသာ္ျငား သြမ့္က်ား႐ႊီကို တုံ႕ျပန္လိုက္ပုံထက္ေတာ့သာသည္ပင္။ သူမ စကားထပ္မဆိုေတာ့ဘဲ ေနရာ၌ ခပ္မတ္မတ္ျပန္ထိုင္လိုက္သည္။
သို႔ေသာ္ ေနာက္တစ္စကၠန့္တြင္ စန္းရန္က သူမ၏လက္ေကာက္ဝတ္ကို လွမ္းဆြဲလာၿပီး မ်က္ခုံးပင့္ျပ၍ ;
"ေနာက္တစ္ခါ ထပ္ေခၚၾကည့္"
အသံၾကားသြားသည့္ စန္းက်စ္က အေနာက္ဘက္သို႔လွည့္ၾကည့္လာ၏။
"ဘာ"
သြမ့္က်ား႐ႊီကလည္း တစ္ခ်ိိန္တည္းဆိုသလို စန္းက်စ္ဘက္သို႔ လွည့္ၾကည့္လာသည္။
စန္းရန္မွ အဖတ္မလုပ္ဘဲ မၾကားခ်င္ေယာင္ေဆာင္ေနသည့္အခါ စန္းက်စ္ မ်က္ေစာင္းထိုးလာၿပီး သြမ့္က်ား႐ႊီဘက္လွည့္၍ ႐ုတ္တရက္စကားဆိုလိုက္သည္။
"သြမ့္က်ား႐ႊီ ၊ ညီမေလးရဲ႕အစ္ကိုက ေကာေကာကို စကားေျပာေနတယ္ေလ"
စကားလုံး၏ ရႈပ္ေထြးသြားရပုံက သည္လိုပင္။
နင္(သြမ့္က်ား႐ႊီ)က သူ႕(စန္းရန္)ကို 'ေကာေကာ'လို႔ တစ္ခါထပ္ၿပီးေခၚလိုက္.....
"...."
သြမ့္က်ား႐ႊီမွာ စန္းက်စ္ဘက္သို႔ ေနာက္တစ္ႀကိမ္ထပ္၍လွည့္ၾကည့္လာ၏။
စန္းရန္ လုပ္ျပထားသည့္လုပ္ရပ္ကို မေက်မနပ္ျဖစ္ေနေသးသည့္ စန္းက်စ္မွာ လက္စားေခ်ၿပီး စိတ္မၾကည္မလ္ျဖစ္သြားေအာင္လုပ္ခ်င္ေနဆဲ။ သြမ့္က်ား႐ႊီက ထိုအေျခအေနကိုရိပ္မိသျဖင့္ ရယ္ခ်င္သလိုျဖစ္ေနပါသည့္တိုင္ စန္းက်စ္၏သေဘာအတိုင္း အလိုက္သင့္ပူးေပါင္းေပးလိုက္၏။
"ေကာေကာ....ဘာေျပာမလို႔လဲ"
ၾကည္ႏူးဖြယ္အေျခအေနေလးမွာ ထိုစကားလုံးႀကီးေၾကာင့္ ေပ်ာက္ခ်င္းမလွေပ်ာက္သြားရေလေတာ့သည္။
စန္းရန္က မ်က္ခုံးမ်ားတြန့္ခ်ိဳးပစ္ကာ မ်က္ေတာင္ပင့္ၾကည့္လိုက္ၿပီး တစ္စကၠန့္မွ်မေစာင့္နိုင္ေတာ့ဘဲ ဝိန္းရိဖန္အား ကားထဲမွ ဆြဲထုတ္ၿပီး ထြက္သြားခ်င္လွၿပီပင္။ ထိုင္ခုံေနာက္သို႔ ျပန္မွီထိုင္လိုက္ရင္း ဝိန္းရိဖန္၏လက္အား တင္းသထက္တင္းေအာင္ ဆုတ္ကိုင္ပစ္လိုက္၍ ;
"ဘာမွမဟုတ္ဘူး"
ဤတစ္ႀကိမ္တြင္ စန္းရန္က ခါးခါးသီးသီးတုံ႕ျပန္လာျခင္းမဟုတ္ေသာေၾကာင့္ စန္းက်စ္ ထပ္မၾကည့္ေတာ့ဘဲ အေရွ႕ျပန္လွည့္သြားခဲ့၏။
ထိုအခါ စန္းရန္က ေပါ့ေပါ့ပါးပါးျဖင့္စကားဆိုလိုက္၏။
"ေထာင္မက်ေအာင္ ဘယ္လိုနည္းနဲ႕ လူသတ္ရမလဲဆိုတာ စဥ္းစားေနတာ"
"...."
သြမ့္က်ား႐ႊီ စူပါမားကတ္၏အျပင္ဘက္ကားပါကင္၌ ကားရပ္လိုက္သည္။ သူတို႔ႏွစ္ေယာက္သား ခ်စ္ကြၽမ္းဝင္သည္မွာ အခ်ိန္တစ္ခုစာၾကာလာခဲ့ၿပီျဖစ္ေသာ္လည္း စန္းက်စ္သည္ စန္းရန္တို႔၏အေရွ႕တြင္ေတာ့ သြမ့္က်ား႐ႊီႏွင့္တြဲသြားတြဲလာလုပ္ျပရန္ စိတ္အဆင္မေျပပါေသးေပ။ ခံစားခ်က္မွာ လူႀကီးမ်ားေရွ႕၌ ရည္းစားႏွင့္သာယာျပေနသလိုလို။
စူပါမားကတ္ထဲေရာက္လာသည္ႏွင့္ စန္းက်စ္က သြမ့္က်ား႐ႊီကိုဆြဲေခၚၿပီး အျခားတစ္ဖက္သို႔ ထြက္လာခဲ့လိုက္၏။
ဝိန္းရိဖန္က တံခါးဝနားမွ ေစ်းျခင္းလွည္းကိုတြန္းရင္း စန္းရန္ဆြဲေခၚသည့္ေနာက္သို႔ပါလာရ၏။ အခုေလးတင္ ကားေပၚတြင္ ေျပာခဲ့ၾကသည့္စကားမ်ားကို ျပန္စဥ္းစားၾကည့္မိေနၿပီး ထပ္၍ မေက်မနပ္ျဖစ္လာရကာ စန္းရန္ႏွင့္စာရင္းရွင္းရန္ ျပင္ေလေတာ့၏။
"နင္ကေလ သြမ့္က်ား႐ႊီေရွ႕မွာဆိုရင္...."
စန္းရန္ လွည့္ၾကည့္လာ၏။
ဝိန္းရိဖန္က ခပ္တည္တည္ျဖင့္ ေဘးနားမွ ပစၥည္းတစ္ခ်ိဳ႕ကို လွမ္းယူေကာက္ထည့္ေနရင္း ;
"ပုံစံက တစ္မ်ိဳးပဲေနာ္"
"...."
"ဒါေပမယ့္လည္း ေကာင္းပါတယ္"
ဝိန္းရိဖန္က ယူထားသည့္ပစၥည္းကို တဖန္ျပန္ထားလိုက္ၿပီး ခပ္ေရးေရးေလးၿပဳံးကာ ညင္ညင္သာသာေလးစကားဆိုလိုက္သည္။
"သူ႕ေက်းဇူးေၾကာင့္မလို႔ နင့္ရဲ႕မတူညီတဲ့ပုံစံတစ္မ်ိဳးကို ငါ ေတြ႕ရတာ"
စန္းရန္က ေစ်းျခင္းလွည္းေပၚ တံေတာင္ဆစ္ျဖင့္လက္ေထာက္လိုက္ၿပီး ခႏၶာကိုယ္ကို အနည္းငယ္ကိုင္းကာ ဝိန္းရိဖန္အား ငုံ႕ၾကည့္လာခဲ့၏။
"ဘယ္နားက မတူတာလဲ"
ဝိန္းရိဖန္လည္း ေရေရရာရာမေျပာျပတတ္။
"ဝိန္း႐ႊမ္းက်န့္ ၊ မင္းရဲ႕ဒီအက်င့္ကလည္း အသစ္အဆန္းေနာ္ ၊ ေလာင္ဇစ္နဲ႕ အတူေနခဲ့တဲ့ ဒီေလာက္အခ်ိန္ေတြအၾကာႀကီးမွာ မင္း သဝန္တိုလိုက္တိုင္း အဲ့ဒီညစ္ပတ္ေနတဲ့ေပါက္ကရေယာက္်ားရင့္မာႀကီးေတြနဲ႕ပဲ"
"...."
"ကိုယ့္ကို တမင္သက္သက္မ်ား ျပႆနာလိုက္ရွာေနလားေအက္ေမ့ရတယ္"
ဤစကားတစ္ခြန္းတြင္ ဝိန္းရိဖန္ ကိုယ့္ကိုကိုယ္ျပန္သုံးသပ္ၾကည့္လိုက္သည့္အခါ အမွန္တကယ္လည္း သည္လိုျဖစ္ေနသည္ပင္။ ဘယ္အခ်ိန္မ်ိဳးမဆို သူ႕ေဘးနား၌ ဆန့္က်င္ဘက္လိင္တစ္ဦးရွိေနသည္ကိုလည္း သူမ မျမင္ဖူးခဲ့။ ထို႔အျပင္ သူမ၏လုပ္ရပ္ဟာ တမင္သက္သက္ျပႆနာရွာေနျခင္းမ်ိဳးဟုလည္း ဝန္မခံခ်င္သျဖင့္ ခပ္တည္တည္ႏွင့္စကားဆို၏။
"ဒါဆိုရင္ ေနာက္တစ္ခါ သြမ့္က်ား႐ႊီက နင့္ကို 'ေကာေကာ'လို႔ေခၚလာခဲ့ရင္ နင္ ဒီအတိုင္း ေအးေအးေဆးေဆးသာနားေထာင္ေနလိုက္"
စန္းရန္ ; "?"
ဝိန္းရိဖန္က ထပ္၍ ;
"မဟုတ္ရင္ နင္တို႔ႏွစ္ေယာက္က အီစီကလီလုပ္ေနၾကသလိုပဲ"
"အီစီကလီလုပ္တယ္ဆိုတာ ဘယ္လိုဟာမ်ိဳးကိုေခၚမွန္းေရာ သိလို႔လား"
စန္းရန္က အေရွ႕သို႔တိုးကပ္လာၿပီး သူ႕လက္တစ္ဖက္အား ဝိန္းရိဖန္၏ေခါင္းေပၚတင္လိုက္ရင္း အသံထြက္ေအာင္ရယ္လိုက္မိ၏။
"ဒါမွမဟုတ္....ကိုယ္က မင္းကို အီစီကလီလုပ္ခံရတဲ့ခံစားခ်က္မ်ိဳးမေပးမိလို႔ ကိုယ့္ကို စိတ္ဆိုးတာလား"
ဝိန္းရိဖန္ ေခါင္းေမာ့ၾကည့္လိုက္၏။
"အဲ့လူယုတ္မာေကာင္က ကိုယ့္ကို အဲ့လိုလိုက္ေခၚေနတာကိုက တမင္႐ြံစရာေကာင္းေအာင္လုပ္ျပေနတာ ၊ မင္း ကိုယ့္ကို ေခၚတာမ်ိဳးကမွ အီစီကလီလုပ္တယ္လို႔ေခၚတာ"
စန္းရန္က ဝိန္းရိဖန္၏ေခါင္းကို အားျပင္းျပင္းပြတ္လိုက္ၿပီး စကားဆိုလာခဲ့သည္။
"ခုဏတုန္းက ကားေပၚမွာ ကိုယ့္ကို ဘယ္လိုေခၚလိုက္တာလဲ"
ဝိန္းရိဖန္ ;
"တိတိ"(ေမာင္ေလး)
"အို႔"
စန္းရန္က ဤအေခၚအေဝၚကိုလည္း လက္သင့္ခံနိုင္ေလၿပီး ျဖည္းျဖည္းခ်င္းျဖင့္ ;
"က်ယ္က်ဲက အသက္ငယ္ငယ္ေလးေတြကို သေဘာက်တာလား"
"...."
ပထမဆုံးအႀကိမ္အျဖစ္ သူ႕ထံမွ ယခုလိုအေခၚခံလိုက္ရသည့္အခါ ဝိန္းရိဖန္ ေၾကာင္အမ္းသြားရင္း မ်က္ႏွာတစ္ခုလုံးပူထူလာရေတာ့သည္။ ႏႈတ္ခမ္းကိုေစ့ၿပီး အေရွ႕သို႔ တစ္ကိုယ္တည္းေလွ်ာက္ထြက္လာကာ စကားဆက္မဆိုေတာ့ဘဲ တည္ၿငိမ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္။
စန္းရန္က သူမ၏အေနာက္မွလိုက္လာကာ ေနာက္တစ္ႀကိမ္ထပ္ေခၚလိုက္၏။
"က်ယ္က်ဲ"
ဝိန္းရိဖန္ အေနာက္ျပန္လွည့္ၾကည့္လိုက္၍ ;
"နင္ ငါ့ကို အဲ့လိုလိုက္ေခၚမေနနဲ႕ေလ"
"ဘာလို႔လဲ"
စန္းရန္က မ်က္ခုံးပင့္ျပကာ ပေရာပရည္စကားသံမ်ိဳးႏွင့္ ;
"ကိုယ့္ပုံစံက အသက္ငယ္တဲ့ပုံမ်ိဳး မေပါက္ေသးလို႔လား"
"...."
အျခားတစ္ဖက္တြင္။
စန္းက်စ္က သြမ့္က်ား႐ႊီအား စူပါမားကတ္ထဲ စိတ္တိုင္းက်ဆြဲေခၚသြားရင္း မေက်မနပ္လည္းစကားဆိုေန၏။
"ညီမေလးရဲ႕အစ္ကို အရမ္းစိတ္ရႈပ္ဖို႔ေကာင္းတာပဲ ၊ မုန့္ဖိုးနဲ႕ေတာင္ လာၿပီးၿခိမ္းေျခာက္ေနလိုက္တာ ၊ ညီမေလးဘက္က အဲ့ေလာက္ပိုက္ဆံေလးကို စိတ္ထဲထည့္မေနေပမယ့္ သူ အဲ့လိုလုပ္တာကေတာ့ တအားကေလးဆန္လြန္းတယ္"
သြယ့္က်ား႐ႊီက ရယ္ေနရင္းျဖင့္ ;
"သူ ယူသြားခဲ့တာေတြကို ကိုယ္ ေနာက္က်ရင္ ျပန္ေပးမယ္"
စန္းက်စ္က ခ်က္ခ်င္းေမာ့ၾကည့္ၿပီး အဓိကအခ်က္ကို ဖမ္းဆုတ္လိုက္၏။
"ေကာေကာက ဘာလို႔ သူ႕အစား ေပးေနတာလဲ"
"...."
"ခုဏတုန္းကေတာ့ ေကာေကာက ညီမေလးရဲ႕အစ္ကိုကို ေဒါသထြက္ေအာင္လုပ္ပစ္နိုင္လို႔ဆိုၿပီး ေတာ္ေတာ္ေက်နပ္ေနခဲ့တာေနာ္"
စန္းက်ီက သုံးေလးစကၠန့္ၿငိမ္သြားၿပီးေနာက္တြင္ ;
"ဒါေပမယ့္ အခုခ်ိန္မွာေတာ့ ညီမေလး ေတြးၾကည့္ေလေလ ပုံမွန္မဟုတ္ေလေလပဲ ၊ ေကာေကာ ေနာက္ဆိုရင္ ညီမေလးအစ္ကိုကို အဲ့လိုမ်ိဳး လိုက္မစနဲ႕ ၊ ၾကည့္ရတာ ေကာေကာတို႔ႏွစ္ေယာက္က အတြဲေတြက်ေနတာပဲ"
"...."
ၾကားရသည္မွာ ကိုးရိုးကားယားနိုင္လြန္းလွကာ သြမ့္က်ား႐ႊီ ေျပာစရာမဲ့သည့္အထိ ရယ္ေနမိေတာ့၏။
"ဘယ္လို...."
စန္းက်စ္စိုက္ၾကည့္ေနသည့္ပုံမွာလည္း မသိလွ်င္ အခ်ိန္မေ႐ြး လူကိုအမႈန့္က်ိတ္ေတာ့မည့္အလားေပ။
"ဘာပဲျဖစ္ျဖစ္ ေနာက္ဆိုရင္ ေကာေကာ သတိထားေန ၊ ညီမေလးက မနက္ျဖန္ဆို ေက်ာင္းျပန္သြားရေတာ့မွာဆိုေတာ့ ဒီဘက္ကအေျခအေနေတြကို ျမင္ေနရမွာမဟုတ္ဘူး ၊ မဟုတ္ရင္လည္း ေကာေကာဘက္က ညီမေလးအစ္ကိုနဲ႕ေတြ႕တာကို ေလ်ာ့"
သြမ့္က်ား႐ႊီက ေဘးတိုက္အေနအထားျဖင့္ေခါင္းေစာင္းၾကည့္ေနေလ၏။
"ဟိုေန႕တုန္းက ခ်န္ေဖးေကာ ၊ ေဟာက္အန္းေကာတို႔နဲ႕ စကားေျပာတဲ့အခ်ိန္ေတြမွာလည္း...."
စန္းက်စ္က မ်က္လုံးေရွ႕တြင္ျမင္ေနရေသာ တစ္ခြန္းဆိုတစ္ခြန္း အယုံသြင္းတတ္သည့္ေယာက္်ားအား စူးစိုက္ၾကည့္လိုက္ စာရင္းေဟာင္းမ်ားကိုပါ ထည့္၍တြက္လာေတာ့၏။
"ေကာေကာက မထိတထိစကားမ်ိဳးေတြ ေျပာတာပဲ"
သြမ့္က်ား႐ႊီက ျဖည္းျဖည္းခ်င္းႏွင့္သာ စကားဆိုလိုက္ေတာ့၏။
"စိတ္ခ်ပါ....ေကာေကာက အသက္ငယ္ငယ္ေလးေတြကိုပဲ သေဘာက်တာ"
"...."
စကားေျပာေနရင္း သြမ့္က်ား႐ႊီက စန္းက်စ္၏ပါးကိုဆြဲညွစ္ၿပီး စကားသံတို႔ထဲ၌ အျပစ္တင္လိုသည့္အေငြ႕အသက္ေလးတစ္ခ်ိဳ႕ပါလာခဲ့၍ ;
"မ်က္လုံးျဖဴဝံပုေလြမေလး"
စန္းက်စ္ မၾကားခ်င္ေယာင္ေဆာင္ကာ သြမ့္က်ား႐ႊီအား ဆက္၍ဆြဲေခၚလာခဲ့သည္။
"ညီမေလးအစ္ကိုေျပာတာေတာ့ ဒီေန႕ည ေဟာ့ေပါ့စားမွာတဲ့ ၊ ဒါဆို အသီးအ႐ြက္ေတြရွိတဲ့ဘက္သြားၾကည့္ရေအာင္ ၊ ဒါနဲ႕ ေကာေကာက ေနာက္ဆို အခ်ိန္ပိုဆင္းရတာမ်ိဳးရွိရင္ေတာင္ ညစာစားဖို႔မေမ့နဲ႕ေနာ္ ၊ အျပင္စာေတြခ်ည္းလည္း ဝယ္မစားနဲ႕ ၊ ကိုယ့္ဘာသာကိုယ္ခ်က္မစားခ်င္ရင္ ညီမေလးရဲ႕အိမ္မွာသြားစားလို႔ရတယ္"
သြမ့္က်ား႐ႊီက 'အာ' ဆိုသည့္အသံတစ္ခုကို ဆြဲဆြဲငင္ငင္ျပဳလိုက္ရင္း ;
"ဒါဆို မင္းရဲ႕အစ္ကိုနဲ႕ ေတြ႕ေနရမွာေပါ့"
"...အမ္...."
စန္းက်စ္မွာ ေျပာထားသည့္စကားႏွင့္ပတ္သတ္၍ အနည္းငယ္အျပစ္ရွိသလိုပင္ခံစားလာရရင္း ;
"ဒါဆိုလည္း ေကာေကာက သူနဲ႕စကားမေျပာဘဲေနရင္ ရၿပီေလ"
လူသုံးကုန္ပစၥည္းတန္းကို ျဖတ္ၿပီး အေရွ႕တည့္တည့္သို႔ေလွ်ာက္လာလွ်င္ ႏွစ္ေယာက္သားက အသီးအ႐ြက္တန္းသို႔ေရာက္လာခဲ့သည္။
အေရွ႕တြင္ရပ္ေနသည့္ စန္းရန္ႏွင့္ ဝိန္းရိဖန္ကို လွမ္းျမင္လိုက္သည့္အခါ စန္းက်စ္က သြမ့္က်ား႐ႊီကို ဆြဲေခၚၿပီး အနားသို႔ေလွ်ာက္သြားလိုက္၏။ စန္းရန္၏အေနာက္ဘက္နားသို႔ ေရာက္လွ်င္ေရာက္ခ်င္း ရင္းႏွီးေနသည့္အသံတစ္ခုက သူမအား လွမ္းေခၚလာခဲ့သည္။
"စန္းက်စ္"
အသံၾကားရာအတိုင္း လွည့္ၾကည့္လိုက္ရာ မူလတန္းမွစ အထက္တန္းေရာက္သည္အထိ အတန္းေဖာ္ျဖစ္ခဲ့ဖူးေသာ 'ဖုက်ိန့္ခ်ဴး'၏မ်က္ႏွာကို ႐ုတ္ခ်ည္းျမင္လိုက္ရသည္။
အျခားသုံးေယာက္လုံးလည္း လွည့္ၾကည့္လာလ်က္။
ဖုက်ိန့္ခ်ဴးက ၿပဳံးျပေနရင္း ;
"တိုက္ဆိုင္လိုက္တာ ၊ ထပ္ေတြ႕ျပန္ၿပီေနာ္"
သြမ့္က်ား႐ႊီ မ်က္ခုံးမ်ား မသိမသာပင့္လာ၏။
စန္းက်စ္၏အေနာက္ဘက္တြင္ရပ္ေနေသာ သြမ့္က်ား႐ႊီကို ျမင္ေနရသည့္အျပင္ ႏွစ္ေယာက္သားက လက္ခ်င္းတြဲထားေသာေၾကာင့္ ဖုက်ိန့္ခ်ဴးမွာ ေၾကာင္အမ္းအမ္းျဖစ္သြားခဲ့ရ၏။
"ဒီတစ္ေယာက္က မင္းရဲ႕အစ္ကို မဟုတ္ဘူးမလား"
အလယ္တန္း ပထမႏွစ္တုန္းက စန္းက်စ္သည္ ဆရာတစ္ဦးကို စိတ္ဆိုးသြားေအာင္လုပ္မိျခင္းေၾကာင့္ သြမ့္က်ား႐ႊီအား တိတ္တိတ္ေလးအကူအညီေတာင္းၿပီး အုပ္ထိန္းသူအျဖစ္ဟန္ေဆာင္ကာ ဆရာႏွင့္ေတြ႕ခိုင္းခဲ့ဖူးသည္။ ထိုအခ်ိန္တုန္းက ဖုက်ိန့္ခ်ဴးကလည္း အုပ္ထိန္းသူအေခၚခံထားရကာ ႐ုံးခန္းထဲ၌ သြမ့္က်ား႐ႊီအား သူမ၏အစ္ကိုအျဖစ္ ျမင္ခဲ့ဖူး၏။
လြန္ခဲ့သည့္ရက္အနည္းငယ္က အမ်ိဳးသားေန႕ပိတ္ရက္ေၾကာင့္ စန္းက်စ္ အိမ္ျပန္လာသည့္အခါ၌ သြမ့္က်ား႐ႊီက နန္းဝူေလဆိပ္တြင္လာႀကိဳေပးခဲ့ေသးရာ ထိုအခ်ိန္တုန္းကလည္း လူတစ္ေယာက္ကိုလာႀကိဳသည့္ ဖုက်ိန့္ခ်ဴးႏွင့္ အမွတ္မထင္တစ္ခါဆုံခဲ့ေသး၏။
ထိုေန႕က ႏွစ္ေယာက္သား၏ရင္းႏွီးပူးကပ္ေနသည့္အျပဳအမူမ်ားကို ဖုက်ိန့္ခ်ဴး သတိထားမိသြားကာ သူ႕အတြက္ လက္ခံေပးနိုင္ဖို႔ရာ ခက္ခဲလြန္းခဲ့အလား ေနာက္တြင္ Wechat မွတဆင့္လည္း ပါးပါးနပ္နပ္ျဖင့္ သူမအား ျပန္ေတြးၾကည့္ရန္ ေျဖာင္းျဖလာခဲ့ေသး၏။
စန္းက်စ္က အေရးမပါသည္ဟုပင္ေတြးရင္း စန္းရန္ဘက္သို႔ လက္ညွိုးထိုးျပလိုက္သည္။
"ဒီတစ္ေယာက္ကမွ ငါ့အစ္ကို"
စန္းရန္က ေနရာ၌သာရပ္ေနၿပီး အိတ္ကပ္ထဲ လက္ထည့္ထားကာ အထက္စီးဆန္ဆန္ျဖင့္ၾကည့္ေနေလသည္။
"အို႔ အို႔....ေကာေကာ က်ယ္က်ဲတို႔ မဂၤလာပါ ၊ စန္းက်စ္ ငါအရင္ကေျပာခဲ့တဲ့စကားေတြကို စိတ္ထဲမထည့္နဲ႕ေနာ္ ၊ ငါ အထင္လြဲမိသြားတာပါ ၊ ငါ သြားႏွင့္ေတာ့မယ္ ၊ ငါနဲ႕ ငါ့ဦးေလးက ဝယ္စရာ..."
စကားမဆုံးလိုက္ခင္ တစ္စုံတစ္ေယာက္က အေရွ႕တြင္ရွိသည့္ျခင္းလွည္းထဲသို႔ ႏြားနို႔ဘူးကို ႐ုတ္တရက္ ပစ္ထည့္လာခဲ့ရာ အသံက်ယ္ႀကီးတစ္ခ်က္ထြက္လာခဲ့၏။
ထိုလႈပ္ရွားမႈေၾကာင့္ အားလုံး၏အၾကည့္မ်ားက ထိုေနရာသို႔ ေရာက္သြားခဲ့ေလသည္။
ေရာက္လာသည့္လူက အရပ္ျမင့္ျမင့္ ခပ္ပိန္ပိန္ ေယာက္်ားတစ္ေယာက္ ၊ ခပ္ေမွာင္ေမွာင္အေရာင္ရွပ္အကၤ်ီကိုဝတ္ထားၿပီး အကၤ်ီလက္ကို တံေတာင္ဆစ္ထိ ပင့္တင္ထားသည္။ အသားအရည္က ေသြးမရွိသလိုျဖဴစြတ္ေနၿပီး နဖူးထက္၌ ဆံပင္တစ္ခ်ိဳ႕က်ေနကာ သူ႕မ်က္ခုံးမ်ားကို မသိမသာေလးဖုံးထားသည္။ မ်က္လုံးေထာင့္မ်ားက အနည္းငယ္ျမင့္ၿပီး စူးစူးရဲရဲႏွင့္ေအးစိမ့္စိမ့္နိုင္လွ၏။
ထိုေယာက္်ား၏မ်က္ႏွာထက္တြင္ မည္သည့္အမူအရာမ်ိဳးမွမရွိဘဲ သူတို႔ဘက္သို႔ တစ္ခ်က္ေဝ့ၾကည့္သြားသည့္ပုံမွာ မသိလွ်င္ သက္မဲ့ပစၥည္းမ်ားကိုၾကည့္သြားခဲ့သည့္အလား။
အသြင္အျပင္မွာ အေတာ္ေလးၾကည့္ေကာင္းၿပီး စန္းရန္ႏွင့္သြမ့္က်ား႐ႊီတို႔၏အရွိန္အဝါမ်ိဳးႏွင့္ေတာ့ လုံးဝမတူညီေပ။
ၾကည့္ရသည္မွာ မည္သူတစ္ဦးတစ္ေယာက္ကမွ ေကာက္မကိုင္ရဲသည့္ ဘိန္းပန္းတစ္ပြင့္လိုပင္။
ဝိန္းရိဖန္ေရာ စန္းက်စ္ပါ သုံးေလးႀကိမ္မက လွမ္းၾကည့္ေနေလ၏။
ဖုက်ိန့္ခ်ဴးက ျခင္းလွည္းထဲပစ္ထည့္လာသည့္ ပစၥည္းကိုလွမ္းၾကည့္၍ ;
"ဦးေလး....ဘယ္တုန္းကစၿပီး နို႔ေခ်ာကလက္ကို ေသာက္တတ္သြားတာလဲ"
ထိုေယာက္်ားက အသံတစ္ခ်က္မထြက္ဘဲ အျခားတစ္ဖက္သို႔လွည့္ထြက္သြားခဲ့သည္။
သည္အခ်ိန္တြင္ စန္းရန္က ခပ္ေျဖးေျဖးခ်င္းသာ စကားဆိုလိုက္၏။
"ဖုရွစ္ဇယ္..."
ဖုရွစ္ဇယ္က ေျခလွမ္းမ်ားရပ္ ၊ စန္းရန္ ရွိသည့္ဘက္သို႔ လွမ္းၾကည့္လာေသာ္ျငား စကားေျပာလိုသည့္ရည္႐ြယ္ခ်က္ တစ္စက္ေလးမွရွိပုံမရ။ ေဘးနားတြင္ရပ္ေနသည့္ ဖုက်ိန့္ခ်ဴးက ေအးစိမ့္စိမ့္အေငြ႕အသက္မ်ားကို ခံစားလာရသျဖင့္ အေျခအေနကိုေျဖေလ်ာ့ေပးဖို႔ရာ ႀကိဳးစားေတာ့၏။
"ေကာ....ကြၽန္ေတာ့္ဦးေလးနဲ႕ အသိေတြလား"
စန္းရန္က ေမးဖ်ားကို မသိမသာပင့္လိုက္ၿပီး စကားမဆို။
ထိုအခါ ဖုက်ိန့္ခ်ဴးက ဖုရွစ္ဇယ္အား တစ္ခုခုေျပာရန္ မ်က္လုံးျဖင့္အရိပ္အေျချပလိုက္၏။
ဖုရွစ္ဇယ္က စန္းရန္အား အထက္မွေအာက္သို႔ တစ္ခ်က္ၾကည့္လိုက္ေသာ္လည္း စိတ္အေျခအေနကေတာ့ တစ္ခ်က္ေလးမွမေျပာင္း။ ေခါင္းၿငိမ့္သည္ဟုမဆိုသာေသာ ေခါင္းၿငိမ့္ျခင္းမ်ိဳးကိုျပဳလုပ္ၿပီး ေအးတိေအးစက္ျဖင့္ တစ္ဖက္သို႔လွည့္ထြက္သြားခဲ့သည္။
"...."
ဝိန္းရိဖန္အတြက္ေတာ့ စန္းရန္အား ယခုလိုအၾကည့္မ်ိဳးျဖင့္ၾကည့္သြားသည့္သူကို ပထမဆုံးျမင္ဖူးျခင္းေပ။ ထို႔ေၾကာင့္ ထူးဆန္းမိေနၿပီး ဖုရွစ္ဇယ္အား ဆက္၍လွမ္းၾကည့္ေနမိလိုက္သည္။
ဖုက်ိန့္ခ်ဴးက အားနာနာျဖင့္သာ ရွင္းျပေနေတာ့၏။
"ကြၽန္ေတာ့္ဦးေလးက အခုတေလာ လည္ေခ်ာင္းနာေနတာ ၊ ေကာ စိတ္မရွိနဲ႕ေနာ္"
ေနာက္တြင္ အျခားသူမ်ားကိုပါ ႏႈတ္ဆက္ၿပီး ေစ်းျခင္းလွည္းကိုဆြဲကာ ဖုရွစ္ဇယ္ေနာက္သို႔ ေျပးလိုက္သြားခဲ့သည္။
စန္းက်စ္ ;
"ကိုကို ၊ သူမ်ားက ကိုကို႔ကိုမသိဘူးထင္တယ္ေနာ္"
စန္းရန္က ပုံမွန္အတိုင္း 'အာ' ဟု အသံျပဳလိုက္၏။
ဝိန္းရိဖန္က ဖုရွစ္ဇယ္၏ေနာက္ေက်ာကို လွမ္းၾကည့္ေနရင္းျဖင့္ ;
"နင္ သိလို႔လား"
စန္းရန္က ဝိန္းရိဖန္ကို ၾကည့္ရင္း ;
"အင္း ၊ အမွတ္(၁)ေက်ာင္းမွာကတည္းက ၊ ကိုယ္တို႔ထက္ တစ္တန္းငယ္တယ္"
ဝိန္းရိဖန္က ေခါင္းၿငိမ့္ျပေသာ္ျငား အၾကည့္မ်ားမဖယ္ေသး။
ပတ္ဝန္းက်င္တစ္ခြင္မွာ ႐ုတ္ခ်ည္း တိတ္ဆိတ္သြားသလိုလို။
တစ္ခဏၾကာသည့္အခါ ဝိန္းရိဖန္က တစ္စုံတစ္ရာပုံမွန္မဟုတ္ေတာ့ေၾကာင္း ခံစားမိလိုက္ၿပီး စန္းရန္ဘက္သို႔လွည့္ၾကည့္လိုက္သည္။
တစ္ခ်ိန္တည္းဆိုသလို စန္းရန္ကလည္း ခပ္တည္တည္ျဖင့္စကားဆိုလာခဲ့သည္။
"ၾကည့္လို႔ေကာင္းလား"
"...."
ဤစကားတစ္ခြန္းမွာ သူမ၏အျပဳအမူကို အထင္လြဲေနသည္မွာ သိသိသာသာ။
ဝိန္းရိဖန္က ရွင္းျပလုနီးနီးတြင္။
စန္းရန္က သူမ၏ေမးဖ်ားကို ဆြဲပင့္ၿပီး တစ္ခြန္းခ်င္းစီ စကားဆိုလာသည္မွာ ;
"မင္းရဲ႕မ်က္လုံးေတြ ရွည္ထြက္လာၿပီး သူ႕ဆီ ကပ္ပါသြားဦးမယ္"
"...."
ကားေပၚ ျပန္ေရာက္လာသည့္အခ်ိန္။
စကားစျမည္ေျပာၾကရင္း မသိလိုက္ပါဘဲႏွင့္ အခုေလးတင္ျဖစ္ခဲ့သည့္အေၾကာင္းအရာေပၚ ျပန္ေရာက္လာခဲ့ၾကသည္။ စန္းက်စ္က ထူးဆန္းသလိုျဖစ္ေနေသးသည့္ကိစၥတစ္ခုအား မေနနိုင္ေအာင္ ေမးျမန္းလာခဲ့သည္။
"ကိုကို ၊ ညီမေလးသူငယ္ခ်င္းက သြမ့္က်ား႐ႊီကို ညီမေလးရဲ႕အစ္ကိုလို႔ ထင္ေနတဲ့ကိစၥကိုေလ ၊ ကိုကိုက ဘာလို႔ထူးဆန္းတယ္လို႔မထင္မိတာလဲ"
"ဘယ္နားက ထူးဆန္းေနလို႔လဲ ၊ ငါကိုယ္တိုင္ေတာင္ အရင္ကတည္းက မင္း သြမ့္က်ား႐ႊီကိုပဲ အစ္ကိုအရင္းအျဖစ္မွတ္ထားလို႔ ထင္ေနတာ"
"...."
ႏွစ္မ်ားစြာၾကာခဲ့ၿပီးသည့္အတြက္ စန္းက်စ္က ဝန္ခံရန္မစိုး႐ြံ႕ေတာ့ဘဲ ဝက္ေသတစ္ေကာင္ ေရႏြေးထဲထည့္ျပဳတ္ခံရမည္ကို မေၾကာက္သကဲ့သို႔ စကားဆိုလာခဲ့သည္။
"ညီမေလး အလယ္တန္းတုန္းက သြမ့္က်ား႐ႊီကို ကိုကိုအျဖစ္ဟန္ေဆာင္ခိုင္းၿပီး ဆရာနဲ႕ေတြ႕ခိုင္းခဲ့ဖူးတယ္"
စန္းရန္က မ်က္ေတာင္ပင့္ၾကည့္လာ၍ ;
"ငါ သိသားပဲ"
စန္းက်စ္ ; "?"
"မင္းရဲ႕အဲ့ဒီအိုေနတဲ့ရည္းစားက ငါ့ဆီက ခြင့္ျပဳခ်က္ရၿပီးမွ သြားခဲ့တာပါ ၊ ဘာလဲ.....မင္း မသိဘူးလား"
စန္းရန္က ပြဲၾကည့္ရမည့္အသြင္ျဖင့္ တက္ႂကြလာေလၿပီး ;
"အို႔ ၊ လက္စသတ္ေတာ့ မင္းတို႔ႏွစ္ေယာက္ၾကားက လွ်ို႔ဝွက္ခ်က္ေလးျဖစ္ေနတာကိုး...."
"...."
စန္းက်စ္၏အမူအရာမွာ တင္းခနဲ။
စန္းရန္က ေက်နပ္ေနသည့္အသံမ်ိဳးျဖင့္ ;
"ဟုတ္ပါၿပီေလ ၊ ဒါဆိုလည္း ငါ ဘာမွမေျပာခဲ့ဘူးလို႔ သေဘာထားလိုက္ေနာ္"
စန္းက်စ္က သြမ့္က်ား႐ႊီဘက္သို႔ လွည့္ၾကည့္လိုက္ရာ ရယ္ခ်င္ေနသည့္အမူအရာႀကီးကို ေအာင့္အည္းေနသည့္ပုံေၾကာင့္ ပို၍ေဒါသထြက္လာရေတာ့၏။
"ေကာေကာက ဘာရယ္ေနတာလဲ"
"စဥ္းစားၾကည့္ေနတာ ၊ အဲ့အခ်ိန္တုန္းက မင္း အရမ္းကိုမွဆိုးတာေလ ၊ အသက္ငယ္ငယ္ေလးနဲ႕ ကိုယ့္ကိုၿခိမ္းေျခာက္တာမ်ား ဘာျဖစ္တယ္.....ကိုယ္သာ သေဘာမတူရင္ ကိုယ္နဲ႕မင္းအစ္ကိုက ႏွစ္ေယာက္ေပါင္းၿပီး မင္းကိုရိုက္တယ္လို႔ အန္တီနဲ႕တိုင္မွာ ဟုတ္လား"
"...."
ဤစကားလုံးက ဟိုးအရင္က ဗိုလ္က်ၿပီးအနိုင္က်င့္ခဲ့သမွ်ကို ျပန္အမွတ္ရသြားေစကာ စန္းက်စ္တစ္ေယာက္ စိတ္မၾကည္ပါေတာ့ဘဲ ဤလူအိုႏွစ္ေယာက္ႏွင့္ တစ္စက္ေလးမွ စကားမေျပာခ်င္ေတာ့ေပ။ ထို႔ေၾကာင့္ ဝိန္းရိဖန္ဘက္သို႔ လွည့္လာေလ၏။
"ရိဖန္က်ဲ"
ဖုန္းၾကည့္ေနသည့္ဝိန္းရိဖန္မွာ ေခါင္းေမာ့လာခဲ့၏။
"အမ္....ဘာျဖစ္လို႔လဲ"
စန္းရန္က သူတို႔ႏွစ္ဦးၾကား ဝင္ေျပာလာခဲ့သည္။
"ေယာင္းမလို႔ေခၚရေကာင္းမွန္း မသိေသးဘူးလား"
စန္းက်စ္က အာ႐ုံမစိုက္ဘဲ အေရးမစိုက္သည့္ဟန္ျဖင့္ပင္ ေနာက္တစ္ႀကိမ္ထပ္ေခၚလာခဲ့သည္။
"ရိဖန္က်ဲ ၊ ညီမေလးသူငယ္ခ်င္းရဲ႕ဦးေလးက ေခ်ာတယ္လို႔မထင္ဘူးလား"
ကားတစ္စင္းလုံး တိတ္ဆိတ္သြားခဲ့ေတာ့သည့္အခ်ိန္တြင္။
သြမ့္က်ား႐ႊီက စန္းက်စ္ကို တစ္ခ်က္လွမ္းၾကည့္လာၿပီး စန္းရန္သည္လည္း ဝိန္းရိဖန္ဘက္သို႔လွည့္ကာ သူမ၏အေျဖအား အာ႐ုံစူးစိုက္လာေလသည္။
စန္းက်စ္ ;
"ဒီကားေပၚက ေယာက္်ားေတြကိုေတာင္ ရိုက္ခ်ပစ္လို႔ရတဲ့အထိေလ"
"ေရွာင္ေကြ....မင္း မွားေနၿပီ ၊ ငါ့ကိုမ်ား ယွဥ္နိုင္မွာတဲ့လား"
စန္းရန္က ဝိန္းရိဖန္ကို စိုက္ၾကည့္ေနၿပီး သူ႕လက္ေခ်ာင္းထိပ္မ်ားက သူမ၏လက္ဖမိုးေပၚ တစ္ေတာက္ေတာက္ေခါက္ရင္း ခပ္ျပင္းျပင္းအသံမ်ိဳးျဖင့္ ;
"ယာဥ္ေမာင္းေနရာကေကာင္ကို ရိုက္ခ်နိဳင္တယ္ဆိုတာကမွ ဟုတ္ဦးမယ္"
"...."
စန္းက်စ္၏အမူအရာမႈ မႈန္ကုတ္ေနၿပီး ဝိန္းရိဖန္၏အေျဖကိုသာ ေစာင့္ေနေလ၏။
စူပါမားကတ္ထဲတြင္ စန္းရန္ကို ရန္စမိသလိုျဖစ္ခဲ့ပါေသာ္ျငား ဖုရွစ္ဇယ္၏႐ုပ္ရည္က အမွန္တကယ္ကို မခန့္ညားဘဲေနသည္မဟုတ္ေခ်။ ဝိန္းရိဖန္က အေလးအနက္ထား၍ေတြးၾကည့္လိုက္ကာ စန္းက်စ္၏ ထို 'ရိုက္ခ်နိဳင္'ဆိုသည့္စကားလုံးအား သမာသမတ္က်က်ျပန္ေျဖေပးလိုက္သည္။
"တကယ္ကို ေတာ္ေတာ္ေလးေခ်ာတယ္"
သို႔ေသာ္ျငား သည္အေျဖက စန္းရန္၏ေလထုဖိအားကို နိမ့္ခ်လိဳက္သည့္အလား သူမ၏လက္ကိုဆုတ္ကိုင္ထားသည့္ခြန္အားမွာ သိသိသာသာႀကီးတိုးလာခဲ့ေလသည္။
အခ်ိန္ကိုက္ဆိုသလို မီးနီသြားသျဖင့္ ကားရပ္လိုက္သည္။
အေရွ႕ဘက္သို႔ျပန္လွည့္သြားသည့္စန္းက်စ္၏အၾကည့္မ်ားက သြမ့္က်ား႐ႊီေပၚျပန္ေရာက္သြားၿပီး ခပ္ျပတ္ျပတ္ျဖင့္ 'ဘာလဲ' ဆိုသည့္စကားတစ္ခြန္းဆိုကာ ႏွစ္ေယာက္သားက အၾကည့္ခ်င္းဆုံေနၾက၏။
ဝိန္းရိဖန္သည္လည္း အေရွ႕ဘက္သို႔အာ႐ုံစိုက္ေနဖို႔ရာ ခြန္အားမက်န္ေတာ့ဘဲ စန္းရန္၏ ခပ္တည္တည္အမူအရာကိုၾကည့္ရင္း ဘယ္လိုဘယ္ပုံျဖင့္ေခ်ာ့ရမည့္အေၾကာင္းကိုသာ ေတြးမိလိုက္ေတာ့၏။ သက္ျပင္းေရးေရးခ်ၿပီး အသံကိုနိမ့္၍ ကမ္းလွမ္းခ်က္တစ္ခုျပဳလိုက္၏။
"ထားလိုက္ပါေတာ့....ေမာင္ေလးတစ္ေယာက္က တကယ္ကိုပဲ မရင့္က်က္နိုင္ေသးဘူး"
"?"
"ငါတို႔ႏွစ္ေယာက္ မမနဲ႕ေမာင္ေလးလိုမ်ိဳး မခ်စ္ေတာ့ဘူးေနာ္"
ဝိန္းရိဖန္က အသာအယာေလး ၿပဳံးျပလိုက္၍ ;
"ဟုတ္ၿပီလား....ေကာေကာ"
တစ္ခ်ိန္တည္းဆိုသလို အေရွ႕ဘက္တြင္။
ယာဥ္ေမာင္းသည့္ေနရာတြင္ထိုင္ေနေသာ သြမ့္က်ား႐ႊီက စန္းက်စ္အား စိုက္ၾကည့္ေနရင္း အသံမထြက္ဘဲ ပါးစပ္အဖြင့္အပိတ္လုပ္ျပေန၏။
စန္းက်စ္က နားမလည္သျဖင့္ အေရွ႕တိုးသြားကာ ေခါင္းခ်င္းဆိုင္လိုက္ရင္း ;
"ဘာလဲ"
သြမ့္က်ား႐ႊီက သူမ၏နား႐ြက္နားသို႔ကပ္၍ ;
"ေကာေကာ မ်က္ႏွာသာရေအာင္လုပ္ဖို႔စီစဥ္ထားတယ္"
စန္းက်စ္ ; "အမ္"
စကၠန့္ပိုင္းမွ်တိတ္ဆိတ္သြားၿပီးသည့္အခါ။
ေယာက္်ားေလး၏အသံက ေလတိုးသံမ်ားအလားတိုးဖ်သြားၿပီး သူမအား ကလူ၏ျမႇူ၏လုပ္ေနသည္ကို ခံစားမိလိုက္ရေတာ့၏။
"ျပန္ေရာက္ရင္ မင္းကို ၾကည့္လို႔ေကာင္းတာေတြျပမလို႔"
ကားတစ္စင္းက စန္းမိသားစုအိမ္သို႔ ေမာင္းလာခဲ့သည္။
ဝိန္းရိဖန္က စန္းက်စ္၏ဆြဲေခၚသြားမႈႏွင့္အတူ တံခါးဝႀကီးဆီသို႔ အရင္ဆုံးပါသြားခဲ့ရ၏။ စန္းရန္က သြမ့္က်ား႐ႊီႏွင့္အတူ ကားေနာက္ဖုံးဆီသို႔ေလွ်ာက္လာၿပီး ဝယ္လာခဲ့ေသာ အိတ္ႀကီးအိတ္ငယ္အသြယ္သြယ္အား သယ္ရေတာ့၏။ လက္ႏွစ္ဖက္လုံးတြင္ အထုတ္အပိုးမ်ားျပည့္ေနျခင္းေၾကာင့္ ေျခတံရွည္အားျမႇောက္ၿပီး ကားေနာက္ဖုံးကို ကန္ခ်၍ပိတ္လိုက္သည္။
"မင္း အဲ့ေရွာင္ေကြကို မထိန္းေတာ့ဘူးလား"
သြမ့္က်ား႐ႊီက ၿပဳံးေနရင္းႏွင့္ ;
"ဘာျဖစ္လို႔လဲ"
"သူ႕ကို သတိထားၿပီးေနခိုင္း ၊ မင္းကို မေက်နပ္ၿပီးရန္ရွာခ်င္ရင္လည္း ကိုယ့္ဘာသာကိုယ္ အစီအစဥ္ဆြဲလို႔ေျပာလိုက္"
စန္းရန္က တစ္ဖက္သို႔လွည့္ၾကည့္၍ ;
"ငါ့မိန္းမကို လိုက္ၿပီးဆြဲမထည့္ေစနဲ႕"
"မင္းဘာသာမင္း သူ႕ကိုတိုက္ရိုက္သြားေျပာလိုက္ေလကြာ ၊ ငါလည္း သူ႕ကို မထိန္းနိုင္ဘူး ၊ ပုံမွန္ဆိုရင္ သူကပဲ ငါ့ကိုထိန္းထားတာ"
"...."
စန္းရန္သည္ အခုခ်ိန္ထိ ဤခ်စ္ကြၽမ္းဝင္သြားသည့္ေကာင္၏အျပဳအမူႀကီးကို လက္သင့္မခံနိုင္ေသးေခ်။ စုတ္တစ္ခ်က္သပ္ၿပီး ႏွစ္ေယာက္သားက ဓါတ္ေလွကားဆီသို႔ေလွ်ာက္လာရင္း စကားတေျပာေျပာျဖင့္။
ဝိန္းရိဖန္ႏွင့္စန္းက်စ္သည္ေတာ့ တက္သြားႏွင့္ၿပီပင္။
"မင္း လက္ထပ္ေတာ့မယ့္ကိစၥနဲ႕ပတ္သတ္ၿပီး အခုတေလာ စုေဟာက္အန္းက ငါ့ဆီ ခဏခဏဖုန္းဆက္တယ္ ၊ ငါေရာ ဘယ္ေတာ့လက္ထပ္မွာလဲလို႔ အႀကိမ္တိုင္းေမးေနတာ ၊ ငါ့ထက္အရင္ေစာေအာင္ သူက လက္ထပ္မလို႔ဆိုလားပဲ"
စန္းရန္ ;
"အဲ့ေကာင္ကလည္း သူ႕ကိစၥလည္းမပါဘဲနဲ႕ ၿပီးကိုမၿပီးနိုင္ဘူး"
သြမ့္က်ား႐ႊီက မ်က္ဝန္းမ်ားေမွးက်ဥ္းကာ မိသားစုဝင္၏အထင္အျမင္အား ေလးေလးစားစားေမးလာခဲ့သည္။
"မင္းအျမင္မွာေရာ ဘယ္အခ်ိန္ေလာက္ဆိုရင္ ေကာင္းမလဲ"
စန္းရန္ ;
"ငါ့အပူပါလို႔လား"
သြမ့္က်ား႐ႊီ ;
"မင္းညီမေရာ တကၠသိုလ္ဒုတိယႏွစ္ဆို လက္ထပ္လို႔ရၿပီလား"
ဓါတ္ေလွကားက အခ်ိန္ကိုက္ေရာက္ခ်လာၿပီး 'တင္း'ဆိုသည့္အသံတစ္ခုျမည္သြားခဲ့၏။
ေျမျပင္အေနအထားမွာ တင္းခနဲ။
စန္းရန္က သြမ့္က်ား႐ႊီအား တည့္တည့္စိုက္ၾကည့္ၿပီး ႐ုတ္တရက္ လည္တိုင္ေၾကာကို တစ္ခ်က္ေလ်ာ့ကာ လက္ထဲမွအထုတ္မ်ားကို ၾကမ္းျပင္ေပၚပစ္ခ်လိဳက္သည္။ ထို႔ေနာက္တြင္ စန္းရန္၏လက္တစ္ဖက္က သြမ့္က်ား႐ႊီ၏လည္တိုင္ကို ဆြဲကိုင္ၿပီးဖိခ်ကာ ေန႕စဥ္ေန႕တိုင္းလည္း ဤလူယုတ္မာေကာင္ေၾကာင့္ အသစ္အဆန္းမ်ိဳးစုံကို ခံစားေနရေတာ့သည္။
"ေသာက္ဆရာႀကီးနိုင္ခ်က္! ရည္းစားထားလိုက္တာနဲ႕ပဲ မ်ိဳးစိတ္ေတြပါေျပာင္းကုန္တာလား"
ဤခြန္အားေၾကာင့္ သြမ့္က်ား႐ႊီ၏ခႏၶာကိုယ္က အေရွ႕သို႔ယိုင္သြားခဲ့ကာ သုံးေလးခ်က္ခန့္ေခ်ာင္းဆိုးလိုက္ရသည္။ သူက စိတ္ရွည္ရွည္ျဖင့္ ေခါင္းေမာ့လာခဲ့ကာ သူ႕စကားႏွင့္ပတ္သတ္ၿပီးလည္း တစ္ေနရာရာလြဲမွားေနသည္ဟုပင္မထင္။
"ဘာကို ဆိုလိုခ်င္တာလဲ"
"မင္း လူစိတ္ေပါက္တဲ့အခ်ိန္က ဘယ္လိုပုံစံမ်ိဳးဆိုတာ ငါ့ကို ျပန္လာျပစမ္းပါ ၊ ငါ လုံးဝကို စဥ္းစားၾကည့္လို႔မရေတာ့လို႔"
"....."
"ကိုယ့္ဘာသာကိုယ္ သတိထားေန"
စန္းရန္က လက္လႊတ္ေပးလိုက္ၿပီး ၾကမ္းျပင္ေပၚမွပစၥည္းမ်ားကို ျပန္ေကာက္ယူလိုက္၏။
"ငါ့အိမ္မွာ တိရိစ္ဆာန္ေကာင္ေတြကိုလက္မခံဘူး"
"...."
********************