🖤Until the End of Time 🖤

By suekhatpann

340K 12.7K 563

ငါကကတိပေးရတာကိုမကြိုက်ဘူး တာရာ ကတိပေးပြီး မဖြစ်မနေတည်ရတာမျိုးကို မုန်းတယ် ဒါပေမဲ့မင်းကိုငါ့အသက်ထက်ဆုံးတိုင်တဲ... More

Part- 1 🔞
Part-2
Part-3
Part-4
Part-5 🔞
Part-6 🔞
Part-7
Part-8
Part-9
Part-10
Part-11 🔞
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21 🔞
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part- 34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64 🔞
Part-65 🔞
Part-66
Part-67
Part-68
Part-69 🔞
Part-70 🔞
Part-71
Part-72
Part-73
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88

Part-74

1.2K 65 8
By suekhatpann

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၇၄)

"တာရာ့အနားကို ဘာလို့ရောက်လာကြတာလဲ.. သူ့တူမမှန်းသိနေလို့ တမင်ချည်းကပ်နေတာများလား"

မှိုင်းတစ်ယောက်အတော်လေးစိတ်လှုပ်ရှားနေပုံရသည်။ ဧည့်ခန်းထဲတွင် ဟိုလျှောက်၊ဒီလျှောက်နှင့် ယောက်ယက်ခတ်ဖြစ်နေတော့သည်။ ကောင်းမာန်လည်းမနေသာတော့ဘဲ

"မှိုင်း.. စိတ်အေးအေးထားပါဦးကွာ"

"ဘာကိုစိတ်အေးအေးထားရမလဲ ဒေါ်တိမ်ရွှေစင်ဆိုတဲ့မိန်းမက ရည်ရွယ်ချက်ရှိရှိနဲ့တာရာ့အနားကို ချည်းကပ်နေတာကွ... ဘယ်အချိန်ကတည်းက တာရာ့အနားရှိနေမှန်းမသိဘူး တောက်.. ဒါကိုငါကဘယ်လိုလုပ်စိတ်အေးအေးထားနိုင်မလဲ"

"ငါနားလည်ပါတယ် ဒါပေမဲ့အကောင်းဘက်ကတွေးကြည့်ရအောင် မိုးတိမ်တို့ဘက်ကတာရာ့အကြောင်းသေချာမသိလောက်သေးပါဘူး သူတို့သာသိနေရင် ဒီအတိုင်းထားမှာမဟုတ်ဘူး တစ်ခုခုလုပ်မှာပဲ"

ကောင်းမာန်စကားကြောင့် မှိုင်းတစ်ချက်ငြိမ်သွားသည်။ သို့သော်ချက်ချင်းပင် ခေါင်းခါလိုက်ရင်း

"တာရာငယ်ငယ်ကဓာတ်ပုံကို ဒေါ်တိမ်​ရွှေစင်တွေ့သွားခဲ့တယ် ဘယ်လိုပဲဖြစ်ဖြစ် ရိပ်မိသွားမှာပဲ သာမာန်လူတောင် ဆက်စပ်ပြီးတွေးကြည့်နိုင်တဲ့ကိစ္စကို တိမ်အိမ်တော်က မသိနိုင်စရာအကြောင်းမရှိဘူး တိမ်အိမ်တော်က ဒီလောက်မအပါဘူး"

ထူပူနေသည့်မှိုင်းကိုကြည့်ပြီး ကောင်းမာန်ဘယ်လိုဖျောင်းဖျရမှန်းပင်မသိတော့ပါ။ မှိုင်းပြောတာလည်းမှန်သည်။ ဒီလောက်ဆိုရင် ဟိုဘက်ကတာရာ၏ဘဝမှန်ကို ရိပ်စားမိလောက်ပြီ။ အခြေအနေက တကယ်မကောင်းတော့ပါ။ သို့သော်မှိုင်းကိုလည်း အရမ်းကြီးစိတ်ပူနေတာမျိုး မဖြစ်စေလိုသဖြင့်

"ဟုတ်ပါတယ်. ဒီကိစ္စက စိုးရိမ်စရာကောင်းတယ်ဆိုတာ ငါသိတယ် ငါကမင်းကိုခေါင်းအေးအေးနဲ့ပြဿနာကို စဉ်းစားစေချင်တာပါ မင်းဒီလိုစိတ်လှုပ်ရှားနေရင် အမှားတွေပဲ ဆုံးဖြတ်မိလိမ့်မယ်"

"ငါမသိတော့ဘူးကောင်းမာန် ငါ့ခေါင်းထဲအခုအတွေးဝင်လာတာက တာရာ့ကိုဒီနေရာကနေ အမြန်ဆုံးခေါ်ထုတ်သွားဖို့ပဲ"

"ဘာရယ်..."

"မိုးတိမ်တို့ဘာမှမလှုပ်ရှားလာခင် ငါအရင်လှုပ်ရှားမှဖြစ်မယ် ဟုတ်တယ် ငါသူ့ကိုဒီနေရာကနေ အမြန်ဆုံးခေါ်ထုတ်သွားရမယ်"

မှိုင်းစကားကြောင့် ကောင်းမာန်တအံ့တဩဖြစ်သွားပြီး

"ဒီကနေခေါ်ထုတ်သွားမယ်ဟုတ်လား ဘယ်ကိုလဲ"

"ဘယ်ကိုပဲဖြစ်ဖြစ်အဆင်ပြေတယ် အဓိကရန်ကုန်မှာမရှိတော့ဖို့ပဲ"

"နေပါဦး.. မင်္ဂလာပွဲကျဘယ်လိုလုပ်မလဲ"

မှိုင်းတစ်ချက်တွေဝေသွားပြီးမှ

"ဘယ်တတ်နိုင်မလဲ ဖျက်လိုက်ရုံပဲပေါ့..."

"ဘာ"

"လက်မှတ်ပဲအရင်ထိုးထားမယ် လုံခြုံတဲ့နေရာရောက်မှ မင်္ဂလာပွဲကိုပြန်လုပ်လို့ရတယ်"

"မဟုတ်သေးပါဘူးမှိုင်းရာ.. မင်္ဂလာပွဲဖျက်မယ်ဆိုတာက..."

"ငါ့မှာရွေးချယ်စရာမရှိဘူးကောင်းမာန် ဒီမှာတစ်ရက်ထပ်နေလေလေ ငါနဲ့တာရာဝေးဖို့တစ်ရက်ပိုအချိန်ရလေပဲ ဒါကြောင့် ငါအချိန်ဆွဲလို့မရဘူး မြန်နိုင်သမျှမြန်အောင် ဒီနေရာကနေ ထွက်သွားရမယ်"

မှိုင်းကပကတိဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် ပြတ်သားစွာဆိုလိုက်သည်။ စိုးရိမ်ပူပင်နေသောမှိုင်းကိုကြည့်ပြီး ကောင်းမာန်ပင်သနားသွားသည်။ ဘယ်လိုကိစ္စမဆို သွေးအေးအေးနှင့်တည်တည်ငြိမ်ငြိမ် လုပ်တတ်သည့်မှိုင်း ဒီလောက်ပျာယာခတ်နေပုံရလျှင် ရင်ထဲ၌သောကမီးတွေဘယ်လောက်ထိ လောင်မြှိုက်နေမည်ဖြစ်သည့်အကြောင်း သူမှန်းဆနိုင်ပါသည်။ ထို့ကြောင့် ဘာမှမပြောရက်တော့ဘဲ

"တာရာကို ဘယ်လိုလုပ်မလဲ သူကဒီမင်္ဂလာပွဲကို အများကြီးမျှော်လင့်ထားတာ အခုလိုဖြစ်သွားမှန်းသိရင် အရမ်းစိတ်ထိခိုက်သွားမှာပဲ..."

"ငါသူ့ကိုနားလည်အောင်ရှင်းပြလိုက်မယ် သူငါ့စကားကိုလက်ခံပေးမှာပါ"

ကောင်းမာန်သက်ပြင်းသာချလိုက်သည်။ မှိုင်းလည်း ဧည့်ခန်းထဲကိုပင် ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း ရှေ့ဆက်လုပ်ရမည့်ကိစ္စရပ်တွေကို အလေးအနက်စဉ်းစားနေတော့၏။

"ဟင် အကုန်blockပစ်ရမယ်ဟုတ်လား"

"ဟုတ်တယ်.. သူနဲ့ဆက်သွယ်လို့ရသမျှ contactတွေအကုန်လုံး ဖျက်ပစ်ရမယ်"

အမိန့်ဆန်ဆန်သူဆိုလိုက်တုန်းက တာရာကမျက်နှာမကောင်းစွာပင်

"ဘာဖြစ်လို့အာ့လိုလုပ်ရမလဲဟင်"

"အဲ့ဒီ့မိန်းမက ကိုယ့်ရန်သူအဖွဲ့ထဲကမိန်းမ ကိုယ့်ကိုဒုက္ခပေးဖို့အတွက် မင်းဆီကိုတမင်ချည်းကပ်ခဲ့တာပဲ တာရာ"

"ဟုတ်လို့လားမှိုင်းရယ် အန်တီတိမ်ရွှေစင်က စိတ်ထားနူးညံ့ပြီး သဘောကောင်းပါတယ်"

အသွေးအသားက စကားပြောသည်လား။ တာရာက သူ့စကားကိုတောင် လက်မခံချင်ပါ။ မျက်လုံးလေးပေကလပ်ပေကလပ်နှင့် ကာပြောရှာသည်။ မှိုင်းလည်း သူမကြောက်သွားစေရန် ခြိမ်းခြောက်လိုက်ရသည်။

"သဘောကောင်းတယ်မလုပ်နဲ့ သူကကိုယ်တို့နှစ်ယောက်ကို ဝေးအောင်လုပ်မဲ့သူနော်"

"ဟင်... တကယ်"

"ဟုတ်တယ်.. အခန့်မသင့်ရင် ကိုယ်တို့တစ်သက်လုံးဝေးသွားနိုင်တယ်"

ထိုစကားကြားတော့မှ မျက်နှာပျက်ပြီး ဒေါ်တိမ်ရွှေစင်၏contactတွေအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ တွေးကြည့်လျှင် တာရာဟာတကယ်သနားစရာကောင်းပါသည်။ ဘာအကြောင်းရင်းမှန်းသေချာမသိသော်လည်း "ဝေးမည်"ဆိုသောစကားလုံးနှင့် ခြိမ်းခြောက်လိုက်ရုံနှင့် နေစရာမရှိတော့အောင် ကြောက်လန့်သွားရှာ၏။ ထိုမျှအထိ သူနှင့်ဝေးရမည်ကိုကြောက်နေသည့်ကောင်မလေးကို ဆက်တိုက်လိမ်နေရသည့်အတွက် မှိုင်းစိတ်မကောင်းဖြစ်ရပါသည်။ သို့သော် မတတ်နိုင်ပါ။ မင်္ဂလာပွဲဖျက်ရမည့်ကိစ္စအတွက်ကိုလည်း သူမရင်ထဲအကြောက်တရားရိုက်သွင်းပြီး သူလိမ်ရပါဦးမည်။

ထိုအခိုက်၌..

"ဒု- သခင်လေး"

အထိတ်တလန့်အမူအရာနှင့် သူတို့ရှိရာကိုရောက်လာသူက လက်ထောက်ရန်။ မျက်နှာပေါ်၌လည်း ဒဏ်ရာဒဏ်ချက်တွေနှင့်မို့ မှိုင်းမျက်မှောင်ကျုံ့လိုက်ပြီး

"ဘာဖြစ်တာလဲ"

"မမလေး.. မမလေးတာရာကို"

လက်ထောက်ရန်က ထစ်ထစ်ငေါ့ငေါ့နှင့်ဆိုသည်။ တာရာက သူငယ်ချင်းအိမ်ကိုမင်္ဂလာဖိတ်စာသွားပို့ချင်၍ သူလက်ထောက်ရန်ကို သူမနှင့်ထည့်ပေးလိုက်သည်။ နီးနီးနားနားပဲသွားသလို လက်ထောက်ရန်လည်းပါသဖြင့် လွတ်ပေးလိုက်တာလည်းပါသည်။ သို့သော်အခုလက်ထောက်ရန်က ဒဏ်ရာဒဏ်ချက်တွေနှင့်ရောက်လာပြီး တာရာ့ကိုလည်းမတွေ့တော့ မှိုင်းမျက်နှာပျက်ကျသွားပြီး

"ဘာဖြစ်လာတာလဲ.. တာရာရောဘယ်မှာလဲ ငါ့ကိုအမြန်ပြောစမ်း"

"မမလေးတာရာကိုဖမ်းခေါ်သွားတယ် သခင်လေး"

"ဘာ"

မှိုင်းအသံကကျယ်လောင်စွာ ဟိန်းထွက်လာ၏။ မျက်နှာကလည်း ရုတ်ချည်းတင်းမာသွားရင်း

"မင်းဘာစကားပြောတာလဲရန် ငါ့ကိုပြန်ပြောစမ်း"

"ကျွန်တော်တို့ဖိတ်စာပို့ပြီးအပြန်မှာ ကားတစ်စီးက လမ်းမှာပိတ်ရပ်ခဲ့တယ် လူငါးယောက်လောက်ဆင်းလာပြီး မမလေးကိုအတင်းဖမ်းခေါ်သွားခဲ့တာပါ အင်အားမမျှလို့ ကျွန်တော်ဘာမှမလုပ်နိုင်ခဲ့ဘူး"

"တောက်.."

လက်ထောက်ရန်စကားအဆုံးမှာ မှိုင်းပြင်းထန်စွာတက်ခေါက်လိုက်တော့၏။ လက်ထောက်ရန်က မျက်နှာပျက်ပျက်နှင့်

"ကျွန်တော့်အမှားပါ.. ကျွန်တော်မမလေးကို မကာကွယ်ခဲ့နိုင်ဘူး ကျွန်တော့်ကိုအပြစ်ပေးပါခင်ဗျာ"

"တာရာ့ကိုဖမ်းခေါ်သွားတဲ့သူတွေက ဘယ်သူတွေလဲ မင်းသိလား"

လက်ထောက်ရန်၏တောင်းပန်စကားကို မှိုင်းစိတ်မဝင်စားပါ။ သူသိလိုသည်ကိုသာ အလောတကြီးမေးလိုက်သည်။

"မသိပါဘူး သခင်လေး မျက်နှာစိမ်းတွေပဲ"

"တောက်.. အသုံးကိုမကျဘူး"

လက်ထောက်ရန်က မျက်နှာငယ်လေးနှင့်

"ဒါကမမလေးကိုဖမ်းခေါ်သွားတုန်းက ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ကျန်ခဲ့တဲ့မမလေးဖုန်းပါ"

မှိုင်းတာရာ့ဖုန်းကိုယူလိုက်ပြီးနောက် ဒေါသတွေနှင့်ပေါက်ကွဲနေတော့၏။

"တောက်.. ဘယ်သူတောင်းစားက ဒီလိုအတင့်ရဲတာလဲ ငါ့မိန်းကလေးကို ဖမ်းခေါ်သွားရဲတယ် သိပ်သတ္တိရှိနေကြသလား တစ်ဆွေလုံးတစ်မျိုးလုံးကို မီးရိူ့သတ်ပစ်ဦးမယ် ခြေလက်တွေအကုန်ဖြတ်တောက်ပစ်ပြီး ခွေးစာကျွေးပစ်မယ်"

မှိုင်း၏ဒေါသတကြီးကြိမ်းဝါးစကားကြောင့် လက်ထောက်ရန်မျက်နှာမကောင်းသလို ကောင်းမာန်လည်းမနေသာတော့ဘဲ

"စိတ်ကိုခဏလျှော့ထားမှိုင်း.. ဒါဘယ်သူ့လက်ချက်လဲဆိုတာ ငါစုံစမ်းလိုက်ဦးမယ်"

"စုံစမ်းစရာမလိုဘူး ဒီနယ်မြေမှာငါ့ကိုထိပါးရဲတာ မိုးတိမ်ကလွဲပြီး ဘယ်သူရှိမလဲ"

မှိုင်းအံကြိတ်ဆိုလိုက်ရင်းမှ ကျန်ခဲ့သည့်တာရာ့ဖုန်းကိုကြည့်ပြီး တစ်စုံတစ်ရာကိုဖျပ်ခနဲ့သတိရသွားသည်။ ထို့ကြောင့် သူချက်ချင်းဖုန်းခေါ်လိုက်သည်က ဒေါ်တိမ်ရွှေစင်ထံသို့.....။
.................... ....................... ......................... .....

တာရာနှင်းမြူရုတ်တရက်သူမကိုအဆက်အသွယ်ဖြတ်လိုက်ခြင်းအတွက် ဒေါ်တိမ်ရွှေစင်စိတ်မကောင်းဖြစ်သွားရသည်။ မှိုင်းလက်ချက်ဆိုတာလည်း သူမသိလိုက်သည်။ သူမနှင့်တာရာအဆက်အသွယ်ရှိနေသည်ကို မှိုင်းသိသွားပြီ ထင်ပါရဲ့။

သို့သော် ဒီနေ့တာရာဖုန်းဆက်လာသဖြင့် ပျော်သွားမိရုံရှိသေးသည်။

"တာရာဘယ်မှာလဲ"

"ဟင်"

"တာရာကို ဖမ်းသွားတာခင်ဗျားတို့မဟုတ်လား သူ့ကိုဘယ်ခေါ်သွားလဲ ပြောစမ်းပါ"

မှိုင်း၏ဒေါသတကြီးအံကြိတ်သံကြားတော့မှ ဒေါ်တိမ်ရွှေစင် တအံ့တဩဖြစ်သွားပြီး

"နေပါဦး.. မင်းဘာတွေပြောနေတာလဲ"

"အပိုတွေပြောမနေနဲ့ တာရာ့ကိုလူတစ်စုဖမ်းခေါ်သွားတယ် အဲ့ဒီလူက ခင်ဗျားတို့လူဆိုတာ ကျုပ်ကောင်းကောင်းသိတယ် တာရာတစ်ခုခုဖြစ်လို့ကတော့ ခင်ဗျားတို့မလွယ်ဘူးမှတ်"

မှိုင်းစကားကြောင့် ဒေါ်တိမ်ရွှေစင်အထိတ်တလန့်ဖြစ်သွားရသည်။ တာရာ့ကို လူတစ်စုဖမ်းခေါ်သွားသည်ဆိုပါလား။ အစ်ကိုငယ်၏လက်ချက်မှန်း ဒေါ်တိမ်ရွှေစင်ချက်ချင်းရိပ်မိလိုက်၏။ ထို့ကြောင့် မှိုင်းကိုတောင် ဘာမှမပြောနိုင်တော့ဘဲ ဖုန်းချလိုက်ကာ အစ်ကိုငယ်ရှိရာကို ကပျာကယာထွက်သွားမိသည်။

"အစ်ကိုငယ်.. တာရာနှင်းမြူအဖမ်းခံရတဲ့ကိစ္စက အစ်ကိုငယ်လက်ချက်မဟုတ်လား"

ဒေါသသံနှင့်ဒေါ်တိမ်ရွှေစင်မေးလိုက်သည့်တိုင် မိုးတိမ်ကတော့ အေးစက်စက်ပင်ပြုံးလိုက်ရင်း

"ဟုတ်တယ်"

"အစ်ကိုငယ်ဘာလို့ဒီလိုလုပ်ရတာလဲ ပြောတော့တာရာနှင်းမြူကို ဒုက္ခမပေးဘူးဆို ဘာဖြစ်လို့ ကိုယ့်ကတိစကားကိုမတည်ရတာလဲ"

"မင်းရောမင်းကတိမင်းတည်လား.. တာရာနှင်းမြူနဲ့မပတ်သက်တော့ပါဘူးလို့ မင်းငါ့ကတိပေးထားပြီး သူနဲ့ဆက်သွယ်နေသေးတာ ငါမသိဘူးထင်နေလား"

ဒေါ်တိမ်ရွှေစင်မျက်နှာပျက်သွားသည်။ မိုးတိမ်မျက်နှာက ခက်ထန်တင်းမာနေရင်း

"မင်းတောင် ကတိမတည်ရင် ငါကရောငါ့စကားကိုစောင့်ထိန်းဖို့လိုသေးလား တိမ်ရွှေစင်"

"အစ်ကိုငယ်..."

"အခုငါ့ကိစ္စမှာ မင်းဝင်ပါဖို့မကြိုးစားနဲ့.."

မိုးတိမ်ပြတ်သားစွာဆိုလိုက်တော့ ဒေါ်တိမ်ရွှေစင်မျက်စိမျက်နှာပျက်ပျက်နှင့်

"တာရာ့ကို ဒုက္ခမပေးပါနဲ့အစ်ကိုငယ်ရာ ရွှေစင်တောင်းပန်ပါတယ်"

"မင်းနဲ့မဆိုင်ဘူး ထွက်သွားတော့.. ငါအလုပ်လုပ်စရာရှိသေးတယ်"

မိုးတိမ်ကခပ်မာမာပြောပြီး အလုပ်ဆက်လုပ်နေတော့ ဒေါ်တိမ်ရွှေစင်သက်ပြင်းချမိရင်း

"အစ်ကိုငယ်.. တာရာနှင်းမြူကလေ ရွှေစင်တို့ရဲ့ မိုးတိမ်ထက်နွယ်ဖြစ်မယ်လို့ ရွှေစင်ထင်တယ်"

"ဘာပြောတယ်"

"တာရာနှင်းမြူက မိုးတိမ်ထက်နွယ်ဖြစ်နိုင်တယ် ဒါကြောင့် အစ်ကိုငယ်ဘာကိုမှအလျင်စလိုမဆုံးဖြတ်လိုက်ပါနဲ့နော်"

သူမစကားကိုကြားလျှင် အစ်ကိုငယ်အံ့ဩသင့်သွားမည်ထင်ထားသော်လည်း တကယ်တမ်းကျ အစ်ကိုငယ်၏မျက်နှာကခက်ထန်တင်းမာသွားပြီး

"မင်းဘာအဓိပ္ပာယ်မရှိတဲ့စကားတွေပြောနေတာလဲ တိမ်ရွှေစင်"

"ရွှေစင်တကယ်ပြောနေတာပါ အစ်ကိုငယ် တာရာနှင်းမြူက..."

"တိတ်စမ်း.. မိုးတိမ်ထက်နွယ်က သေသွားတာကြာပြီး မင်းစိတ်ကူးယဉ်နေတာတွေရပ်လိုက်တော့"

"ရွှေစင်စိတ်ကူးယဉ်နေတာမဟုတ်ဘူး ရွှေစင်တာရာငယ်ငယ်တုန်းကပုံကိုတွေ့ခဲ့ရတယ် ထက်နွယ်နဲ့ တစ်ပုံစံတည်းသိလား ဘယ်လောက်အံ့ဩဖို့ကောင်းလဲ"

သူမဝမ်းသာအားရပြောပြနေပါသော်လည်း

"တော်စမ်း..."

မိုးတိမ်က ဒေါသတကြီး အော်ဟစ်လိုက်သဖြင့် ဒေါ်တိမ်ရွှေစင်ပင် လန့်ဖျပ်ကာ ငြိမ်ကျသွားသည်။

"မင်းက တူမရူးနေမှန်းသိလို့ မှိုင်းဆိုတဲ့အကောင်က တာရာနှင်းမြူနဲ့မြူဆွယ်ဖြားယောင်းနေတာကွ ဒါကိုမင်းနားမလည်သေးဘူးလား"

မိုးတိမ်အတွက်တော့ တာရာနှင်းမြူနှင့်ဒေါ်တိမ်ရွှေစင်တွေ့ဆုံခဲ့တာတွေအားလုံးက မှိုင်း၏အကွက်ကျကျစီစဉ်မှုတွေဟုသာ ယုံကြည်ထားသည်။ ထို့ကြောင့် ဒေါ်တိမ်ရွှေစင်၏ပြောစကားတွေကို နားမထောင်တော့ဘဲ

"အရှေ့မှာဘယ်သူရှိလဲ သူ့ကိုငါ့ရှေ့ကနေခေါ်ထုတ်သွားကြစမ်း"

"အစ်ကိုငယ် ရွှေစင်တောင်းပန်ပါတယ် တာရာနှင်းမြူကိုဘာမှမလုပ်ပါနဲ့နော်"

မိုးတိမ်၏တပည့်တွေက ဒေါ်တိမ်ရွှေစင်ကို ဆွဲခေါ်ထုတ်သွားကြသဖြင့် ဒေါ်တိမ်ရွှေစင်မှာ အော်ဟစ်တောင်းပန်ရင်းပင် ပါသွားရှာသည်။ မိုးတိမ်ကတော့ သူ့ညီမကို မှိုင်းတို့ပူးပေါင်းပြီး ဖြားယောင်နေသည်ဟုတွေးပြီး ဒေါသတွေလိမ့်ထွက်နေတော့၏။ ခဏအကြာတွင်တော့ သူ့တပည့်ဖုန်းဆက်လာသည်။

"ဆရာ.. တာရာနှင်းမြူကိုစီစဉ်ထားတဲ့နေရာကို ခေါ်သွားပြီးပါပြီ"

"ကောင်းပြီ လောလောဆယ်သူ့ကိုဘာမှထိခိုက်တာမျိုးမဖြစ်စေနဲ့ ငါမှိုင်းနဲ့အပေးအယူလုပ်စရာရှိသေးတယ်"

"ဟုတ်ကဲ့ပါဆရာ"

ဖုန်းချပြီးသည်နှင့် မိုးတိမ်အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။

မင်းဘဝကိုဖျက်ဆီးမဲ့ ကစားပွဲစပြီ မှိုင်း......။
............................... ........................ ......................

"တောက်..."

ဖုန်းချပြီးသည်နှင့် မှိုင်းဒေါသတကြီး တက်ခေါက်လိုက်တော့ ကောင်းမာန်က

"ဘာတဲ့လဲ မှိုင်း"

"တာရာ့ကိုအသက်ရှင်လျက်ပြန်လိုချင်ရင် မနက်ဖြန်ည(၉)နာရီတိတိမှာ သူတောင်းဆိုထားတဲ့ ပစ္စည်းနဲ့ အလဲအလှယ်လုပ်ရမယ်တဲ့"

"ဘာပစ္စည်းလဲ"

"ငါငပလီဘက်ကယူလာတဲ့ အဆိပ်ဘူးတွေနဲ့"

မှိုင်းမျက်နှာပျက်ပျက်နှင့်ဆိုလိုက်သည်။ ကောင်းမာန်မျက်နှာမကောင်းဖြစ်သွားပြီး

"ပစ္စည်းက သခင်ကြီးဗို့စ်ဆီမှာမဟုတ်လား.. ဂိုဏ်းရဲ့အရေးအကြီးဆုံးပစ္စည်းအနေနဲ့သိမ်းထားတယ် သူထုတ်ပေးမှာမဟုတ်ဘူး အထူးသဖြင့် သူမကြည်ဖြူတဲ့ တာရာနှင်းမြူအတွက် ဂိုဏ်းအတွက်နစ်နာဆုံးရူံးမှုအများကြီးရှိနိုင်တဲ့ ဒီပစ္စည်းတွေကို ရင်းလိုက်မှာမဟုတ်တာ သေချာတယ်"

"ငါသိတယ် ဒါပေမဲ့ မနက်ဖြန်ည(၉)နာရီတိတိမှာ ပစ္စည်းနဲ့အတူရောက်မလာနိုင်ခဲ့ရင် တာရာ့အလောင်းကိုလာကောက်ဖို့ပြောသွားတယ် မင်းသိပါတယ် မိုးတိမ်က ခြိမ်းခြောက်ရုံသက်သက်ပဲ လုပ်တတ်တဲ့ကောင်မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် ငါဦလေးဆီကဒီပစ္စည်းကိုရအောင်တောင်းရမယ် ဒူးထောက်ရပါစေ ငါလုပ်မယ်"

မှိုင်းက ဆံပင်တွေထိုးဖွရင်းနှင့်ဆောက်တည်ရာမဲ့စွာဆိုသည်။ ကောင်းမာန်လည်းအတော်စိတ်မသက်မသာဖြစ်သွားရသည်။ မိုးတိမ်တောင်းဆိုသည့်ပစ္စည်းက ဂိုဏ်းအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာသိထားတော့ သက်ပြင်းသာချမိသည်။ သခင်ကြီးဗို့စ်က တာရာနှင်းမြူအတွက် ထုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါ။ ထို့ကြောင့်သူကတာရာ့အတွက် စိတ်ပူသွားမိသည်။

သို့သော် ဝင်လာသည့်အတွေးတစ်ခုကြောင့် ကောင်းမာန်ကတစ်ချက်ဝမ်းသာသွားပြီး

"မင်းတစ်ခုကိုတော့ စိတ်အေးလို့ရပြီ"

"ဘာကိုလဲ..."

"မိုးတိမ်က တာရာနှင်းမြူက သူ့တူမဆိုတာ မသိသေးဘူးဆိုတာသေချာတယ် ဒါကြောင့် တာရာအသက်နဲ့ မင်းကိုခြိမ်းခြောက်လာတာပဲ"

ကောင်းမာန်ပြောတော့မှ သူဒါကိုတွေးမိသည်။ ဟုတ်သည်.. မိုးတိမ်သာ တာရာ့နောက်ကြောင်းကိုသိပါက ဒီလိုအသက်အန္တရာယ်နှင့် ခြိမ်းခြောက်လာမည်မဟုတ်ပါ။ သို့သော်တစ်ဖက်ကလည်း တွေးပူစရာက

"မသိသေးတာဝမ်းသာစရာဆိုပေမဲ့ တစ်ဖက်ကပြန်တွေးကြည့်ရင်တော့ အခြေအနေမကောင်းဘူးကောင်းမာန်"

"မင်းပြောချင်တာက..."

"သူ့တူမမှန်းမသိလို့ တကယ်သတ်ပစ်နိုင်တယ် အထူးသဖြင့် တာရာနှင်းမြူကို ငါ့ဇနီးလောင်းအနေနဲ့ပဲ သိထားတော့ သူပိုပြီးလုပ်နိုင်ခြေရှိတယ် မိုးတိမ်အတွက်က ငါချစ်တဲ့သူက သူ့ပစ်မှတ်သားကောင်ပဲ"

ဒီအခြေအနေကပိုကြောက်စရာကောင်းသည်ဟု ဆိုရမည်လား။ ကောင်းမာန်တွေးရင်း စိတ်မောစွာပင် သက်ပြင်းချမိသည်။

မှိုင်းကချက်ချင်း မီးခိုရောင်အိမ်တော်ကို ထွက်သွားသည်။ တာရာ့အတွက် ဦးလေးဖြစ်သူထံမှ အသနားခံသည်။ သို့သော် သူတို့တွေးထင်ထားသည်ထက်ပင် သခင်ကြီးဗို့စ်က ခါးခါးသီးသီးကိုငြင်းပယ်သည်။

"ဒီပစ္စည်းက ဂိုဏ်းအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာ မင်းနားမလည်ဘူးလာ မှိုင်း"

"ကျွန်တော်သိပါတယ် ဒါကတာရာ့အသက်နဲ့သက်ဆိုင်နေပါတယ် ဒါကြောင့်ဦးလေးဆီကနေ ကျွန်တော်အခုလို တောင်းဆိုနေရတာပါ"

"မဖြစ်နိုင်ဘူး.. တာရာနှင်းမြူဆိုတာ ငါတို့ဂိုဏ်းနဲ့သက်ဆိုင်တဲ့အရေးကြီးပုဂ္ဂိုလ်လည်းမဟုတ်ဘူး အရေးကြီးပုဂ္ဂိုလ်ဆိုရင်တောင် ဒီပစ္စည်းကို ပြိုင်ဘက်ဂိုဏ်းကိုပေးဖို့အတွက် လွယ်လွယ်ဆုံးဖြတ်လို့မရဘူး ဘာမဟုတ်တဲ့ဒီကောင်မလေးအတွက်နဲ့ ငါဒီပစ္စည်းတွေထုတ်ပေးမယ်လို့ မင်းဘယ်လိုဦးနှောက်နဲ့တွေးလိုက်တာလဲ.. ဒုသခင်လေးမှိုင်းက မိန်းမတစ်ယောက်အတွက်နဲ့ ဒီလောက်တောင်ဉာဏ်နည်းနေပြီလား"

ဦးလေးကာ သူ့ကိုပစ်ပစ်နှစ်နှစ်ဝေဖန်တော့သည်။ မှိုင်းမနာနိုင်ပါ။ သူ့အတွက် တာရာ့ကိုကယ်နိုင်ဖို့က ပိုအရေးကြီးသည်မို့ ဦးလေးရှေ့၌အောက်ကျို့ကာ တောင်းပန်ရသည်။

"တာရာနှင်းမြူက ကျွန်တော့်ဘဝအတွက် အရေးအကြီးဆုံးမိန်းကလေးပါ ကျွန်တော်သူ့ကိုကယ်ပေးမှဖြစ်မယ်ဦးလေး.. ဒါကလက်သင့်ခံစရာမရှိပေမဲ့ ကျေးဇူးပြု၍ ကျွန်တော့်ကိုကူညီပါဗျာ ဒီပစ္စည်းတွေက တစ်နည်းနည်းနဲ့ ပြန်ရအောင် ကျွန်တော်ပြန်ကြိုးစားပေးမှာပါ"

မှိုင်းခခယယကိုတောင်းဆိုနေသည်ကိုမြင်တော့ သခင်ကြီးဗို့စ်အတော်အံ့ဩသင့်ရသည်။ မှိုင်းဒီလိုအောက်ကျို့တောင်းပန်သည်ကို သူတစ်ခါမှမမြင်ဖူးခဲ့ပါ။ သူ့တူဟာ သွေးအေးရက်စက်ပြီး မာနအင်မတန်ကြီးလွန်းလှသူမဟုတ်လား။ အခုတော့ ကြည့်စမ်း.. မိန်းမတစ်ယောက်အတွက်နှင့် အောက်ကျို့ခံပြီး သူ့ကိုတောင်းပန်နေတာများ....။

ပို၍အံ့ဩစရာကောင်းသည်က မှိုင်းကသူ့ရှေ့၌ ဒူးထောက်လိုက်ခြင်းပင်။

"ကျွန်တော်တောင်းပန်ပါတယ်ဦးလေး ကျွန်တော့်ကိုကူညီပေးပါ"

"တောက်.. မှိုင်းမင်းကွာ... မိန်းမတစ်ယောက်အတွက်နဲ့များ"

သခင်ကြီးဗို့စ် တူဖြစ်သူကိုကြည့်ပြီး ရင်နာစွာပင် ဆိုလိုက်သည်။ သူသေချာပျိုးထောင်ခဲ့သည့်မှိုင်းက အချစ်အတွက်နှင့် ဒီလောက်တောင် ဖြစ်သွားခဲ့သည်လား။ မချင့်မရဲစိတ်နှင့် သခင်ကြီးဗို့စ် အံကြိတ်လိုက်ပြီး

"မဖြစ်နိုင်ဘူးမှိုင်း.. မင်းဘာပဲပြောပြော ငါမလုပ်ပေးနိုင်ဘူး"

မည်သို့ပင်ဖြစ်စေ ဤပစ္စည်းကာ ဂိုဏ်းအတွက် အင်မတန်အရေးကြီးသည်ဖြစ်၍ သခင်ကြီးဗို့စ်ပြတ်သားစွာပင် ငြင်းဆန်လိုက်သည်။ မှိုင်းကလည်း ခေါင်းမာလှပါသည်။

"ဦးလေး.. သဘောမတူမချင်း ကျွန်တော်မထဘူး"

ဟုဒူးထောက်လျက်ဆိုလာတော့ သခင်ကြီးဗို့စ် မှိုင်းကိုစိတ်ပျက်စွာပင်ကြည့်မိ၏။

"မင်းသဘောပဲ.."

သူကလည်းသွေးအေးအေးနှင့်ပင် ကျောခိုင်းလိုက်သည်။ သို့သော် မှိုင်းကတစ်ညလုံး သူ့အခန်းရှေ့၌ ဒူးထောက်နေခဲ့သည်။ နောက်မနက်ရောက်သည်အထိ မလှုပ်မယှက်ရှိနေသည်ကိုမြင်တွေ့ရသည့်အခါတွင်တော့ သခင်ကြီးဗို့စ်၏မာကြောလှသော နှလုံးသားဟာ ခံနိုင်ရည်မရှိတော့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မှိုင်းဆိုတာက သားတစ်ယောက်လို သူကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့သူမဟုတ်လား။

"ကျွတ်စ်.. ငါ့တူရာ မင်းဒီလောက်တောင် အချစ်ရူးနေပြီလား"

မချင့်မရဲစိတ်နှင့်ရေရွတ်လိုက်သည့်တိုင် တူဖြစ်သူကိုလည်း အပြစ်မမြင်ရက်ပါ။ အချစ်ဟာ ဘယ်လောက်တောင် စိတ်ကိုနူးညံ့စွာဖြိုခွဲစေနိုင်မှန်း တစ်ကြိမ်တစ်ခါတုန်းက သူကောင်းကောင်းနားလည်ခဲ့ဖူးသည်မဟုတ်လား။ ထို့ကြောင့် သူကမှိုင်း၏ခံစားချက်ကို သိမြင်ခံစားပေးနိုင်ပါသည်။ မှိုင်းဘယ်လိုနာကျင်နေမည်ကိုလည်း သဘောပေါက်ပါသည်။ ဆက်ပြီး၍လည်း ဥပေက္ခာမပြုရက်တော့ဘဲ

"ထတော့.. ငါတူ."

မှိုင်းကမလှုပ်မယှက်ငြိမ်နေမြဲ။ သခင်ကြီးဗို့စ် သက်ပြင်းချလိုက်ပြီး

"မင်းကိုငါကူညီပေးမယ်"

"ဦးလေးတကယ်ပြောတာလား"

"ငါကမင်းကိုလိမ်ပါ့မလား ထတော့ အခုသွားအနားယူလိုက်ဦး ညနေကျရင် မင်းပစ္စည်းအလဲအလှယ်သွားလုပ်ရဦးမယ်မဟုတ်လား"

"ကျေးဇူးတင်ပါတယ် ဦးလေးရာ"

မှိုင်းဝမ်းသာအားရဖြစ်သွားရှာသည်။ မှိုင်းကိုကြည့်ပြီး သူလည်းစိတ်ပျော်ရပါသည်။ သူ့ထံမှကတိစကားရသည်နှင့်မှိုင်းက စိတ်လက်ပေါ့ပါးစွာထွက်သွားတော့၏။

"သခင်ကြီး.. ပစ္စည်းတွေကိုပေးလို့ဖြစ်ပါ့မလား"

သူလူယုံတော်က စိုးရိမ်စွာဆိုလာတော့ သခင်ကြီးဗို့စ် ခေါင်းတညိတ်ညိတ်လိုက်ရင်း

"မှိုင်းက ပြန်ယူပေးမယ်လို့ပြောတာပဲ ငါတို့သူ့ကို ယုံကြည်ကြတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် တာရာနှင်းမြူက ဒုသခင်လေးရဲ့ဘဝဖြစ်နေတော့ ကာကွယ်ပေးရမှာပဲ"

"တာရာနှင်းမြူကို ကာကွယ်ပေးစရာမလိုတော့ဘူး သခင်ကြီးဗို့စ်"

သို့သော်.. သူ့စကားအဆုံးမှာပင် အခန်းထဲသို့ဝင်လာသူက ဒေးဗစ်။ ပြီးတော့ ဟန်နာ။

"ဟန်နာတို့ ဒီကောင်မလေးကို ကာကွယ်ပေးစရာအကြောင်းမရှိဘူး သခင်ကြီး"

သခင်ကြီးဗို့စ် ဟန်နာကိုခပ်စူးစူးကြည့်လိုက်တော့ ဟန်နာက အောင်မြင်ဝံ့ကြွားသည့်အပြုံးနှင့်ဆိုလာသည်က

"တာရာနှင်းမြူက.. တိမ်အိမ်တော်ရဲ့မျိုးဆက် မိုးတိမ်ထက်နွယ်ဆိုတဲ့ ကလေးမပဲ သခင်ကြီး"

..................................................... ..........................

ဆူးခတ်ပန်း

Zawgyi

🖤Until the End of Time🖤
(အသက္ထက္ဆုံးတိုင္.....)

အပိုင္း(၇၄)

"တာရာ့အနားကို ဘာလို႔ေရာက္လာၾကတာလဲ.. သူ႔တူမမွန္းသိေနလို႔ တမင္ခ်ည္းကပ္ေနတာမ်ားလား"

မႈိင္းတစ္ေယာက္အေတာ္ေလးစိတ္လႈပ္ရွားေနပုံရသည္။ ဧည့္ခန္းထဲတြင္ ဟိုေလွ်ာက္၊ဒီေလွ်ာက္ႏွင့္ ေယာက္ယက္ခတ္ျဖစ္ေနေတာ့သည္။ ေကာင္းမာန္လည္းမေနသာေတာ့ဘဲ

"မႈိင္း.. စိတ္ေအးေအးထားပါဦးကြာ"

"ဘာကိုစိတ္ေအးေအးထားရမလဲ ေဒၚတိမ္ေ႐ႊစင္ဆိုတဲ့မိန္းမက ရည္႐ြယ္ခ်က္ရွိရွိနဲ႔တာရာ့အနားကို ခ်ည္းကပ္ေနတာကြ... ဘယ္အခ်ိန္ကတည္းက တာရာ့အနားရွိေနမွန္းမသိဘူး ေတာက္.. ဒါကိုငါကဘယ္လိုလုပ္စိတ္ေအးေအးထားႏိုင္မလဲ"

"ငါနားလည္ပါတယ္ ဒါေပမဲ့အေကာင္းဘက္ကေတြးၾကည့္ရေအာင္ မိုးတိမ္တို႔ဘက္ကတာရာ့အေၾကာင္းေသခ်ာမသိေလာက္ေသးပါဘူး သူတို႔သာသိေနရင္ ဒီအတိုင္းထားမွာမဟုတ္ဘူး တစ္ခုခုလုပ္မွာပဲ"

ေကာင္းမာန္စကားေၾကာင့္ မႈိင္းတစ္ခ်က္ၿငိမ္သြားသည္။ သို႔ေသာ္ခ်က္ခ်င္းပင္ ေခါင္းခါလိုက္ရင္း

"တာရာငယ္ငယ္ကဓာတ္ပုံကို ေဒၚတိမ္​ေ႐ႊစင္ေတြ႕သြားခဲ့တယ္ ဘယ္လိုပဲျဖစ္ျဖစ္ ရိပ္မိသြားမွာပဲ သာမာန္လူေတာင္ ဆက္စပ္ၿပီးေတြးၾကည့္ႏိုင္တဲ့ကိစၥကို တိမ္အိမ္ေတာ္က မသိႏိုင္စရာအေၾကာင္းမရွိဘူး တိမ္အိမ္ေတာ္က ဒီေလာက္မအပါဘူး"

ထူပူေနသည့္မႈိင္းကိုၾကည့္ၿပီး ေကာင္းမာန္ဘယ္လိုေဖ်ာင္းဖ်ရမွန္းပင္မသိေတာ့ပါ။ မႈိင္းေျပာတာလည္းမွန္သည္။ ဒီေလာက္ဆိုရင္ ဟိုဘက္ကတာရာ၏ဘဝမွန္ကို ရိပ္စားမိေလာက္ၿပီ။ အေျခအေနက တကယ္မေကာင္းေတာ့ပါ။ သို႔ေသာ္မႈိင္းကိုလည္း အရမ္းႀကီးစိတ္ပူေနတာမ်ိဳး မျဖစ္ေစလိုသျဖင့္

"ဟုတ္ပါတယ္. ဒီကိစၥက စိုးရိမ္စရာေကာင္းတယ္ဆိုတာ ငါသိတယ္ ငါကမင္းကိုေခါင္းေအးေအးနဲ႔ျပႆနာကို စဥ္းစားေစခ်င္တာပါ မင္းဒီလိုစိတ္လႈပ္ရွားေနရင္ အမွားေတြပဲ ဆုံးျဖတ္မိလိမ့္မယ္"

"ငါမသိေတာ့ဘူးေကာင္းမာန္ ငါ့ေခါင္းထဲအခုအေတြးဝင္လာတာက တာရာ့ကိုဒီေနရာကေန အျမန္ဆုံးေခၚထုတ္သြားဖို႔ပဲ"

"ဘာရယ္..."

"မိုးတိမ္တို႔ဘာမွမလႈပ္ရွားလာခင္ ငါအရင္လႈပ္ရွားမွျဖစ္မယ္ ဟုတ္တယ္ ငါသူ႔ကိုဒီေနရာကေန အျမန္ဆုံးေခၚထုတ္သြားရမယ္"

မႈိင္းစကားေၾကာင့္ ေကာင္းမာန္တအံ့တဩျဖစ္သြားၿပီး

"ဒီကေနေခၚထုတ္သြားမယ္ဟုတ္လား ဘယ္ကိုလဲ"

"ဘယ္ကိုပဲျဖစ္ျဖစ္အဆင္ေျပတယ္ အဓိကရန္ကုန္မွာမရွိေတာ့ဖို႔ပဲ"

"ေနပါဦး.. မဂၤလာပြဲက်ဘယ္လိုလုပ္မလဲ"

မႈိင္းတစ္ခ်က္ေတြေဝသြားၿပီးမွ

"ဘယ္တတ္ႏိုင္မလဲ ဖ်က္လိုက္႐ုံပဲေပါ့..."

"ဘာ"

"လက္မွတ္ပဲအရင္ထိုးထားမယ္ လုံၿခဳံတဲ့ေနရာေရာက္မွ မဂၤလာပြဲကိုျပန္လုပ္လို႔ရတယ္"

"မဟုတ္ေသးပါဘူးမႈိင္းရာ.. မဂၤလာပြဲဖ်က္မယ္ဆိုတာက..."

"ငါ့မွာေ႐ြးခ်ယ္စရာမရွိဘူးေကာင္းမာန္ ဒီမွာတစ္ရက္ထပ္ေနေလေလ ငါနဲ႔တာရာေဝးဖို႔တစ္ရက္ပိုအခ်ိန္ရေလပဲ ဒါေၾကာင့္ ငါအခ်ိန္ဆြဲလို႔မရဘူး ျမန္ႏိုင္သမွ်ျမန္ေအာင္ ဒီေနရာကေန ထြက္သြားရမယ္"

မႈိင္းကပကတိဆုံးျဖတ္ခ်က္ခ်ၿပီးဟန္ျဖင့္ ျပတ္သားစြာဆိုလိုက္သည္။ စိုးရိမ္ပူပင္ေနေသာမႈိင္းကိုၾကည့္ၿပီး ေကာင္းမာန္ပင္သနားသြားသည္။ ဘယ္လိုကိစၥမဆို ေသြးေအးေအးႏွင့္တည္တည္ၿငိမ္ၿငိမ္ လုပ္တတ္သည့္မႈိင္း ဒီေလာက္ပ်ာယာခတ္ေနပုံရလွ်င္ ရင္ထဲ၌ေသာကမီးေတြဘယ္ေလာက္ထိ ေလာင္ျမႇိဳက္ေနမည္ျဖစ္သည့္အေၾကာင္း သူမွန္းဆႏိုင္ပါသည္။ ထို႔ေၾကာင့္ ဘာမွမေျပာရက္ေတာ့ဘဲ

"တာရာကို ဘယ္လိုလုပ္မလဲ သူကဒီမဂၤလာပြဲကို အမ်ားႀကီးေမွ်ာ္လင့္ထားတာ အခုလိုျဖစ္သြားမွန္းသိရင္ အရမ္းစိတ္ထိခိုက္သြားမွာပဲ..."

"ငါသူ႔ကိုနားလည္ေအာင္ရွင္းျပလိုက္မယ္ သူငါ့စကားကိုလက္ခံေပးမွာပါ"

ေကာင္းမာန္သက္ျပင္းသာခ်လိုက္သည္။ မႈိင္းလည္း ဧည့္ခန္းထဲကိုပင္ ေခါက္တုန္႔ေခါက္ျပန္ေလွ်ာက္ရင္း ေရွ႕ဆက္လုပ္ရမည့္ကိစၥရပ္ေတြကို အေလးအနက္စဥ္းစားေနေတာ့၏။

"ဟင္ အကုန္blockပစ္ရမယ္ဟုတ္လား"

"ဟုတ္တယ္.. သူနဲ႔ဆက္သြယ္လို႔ရသမွ် contactေတြအကုန္လုံး ဖ်က္ပစ္ရမယ္"

အမိန္႔ဆန္ဆန္သူဆိုလိုက္တုန္းက တာရာကမ်က္ႏွာမေကာင္းစြာပင္

"ဘာျဖစ္လို႔အာ့လိုလုပ္ရမလဲဟင္"

"အဲ့ဒီ့မိန္းမက ကိုယ့္ရန္သူအဖြဲ႕ထဲကမိန္းမ ကိုယ့္ကိုဒုကၡေပးဖို႔အတြက္ မင္းဆီကိုတမင္ခ်ည္းကပ္ခဲ့တာပဲ တာရာ"

"ဟုတ္လို႔လားမႈိင္းရယ္ အန္တီတိမ္ေ႐ႊစင္က စိတ္ထားႏူးညံ့ၿပီး သေဘာေကာင္းပါတယ္"

အေသြးအသားက စကားေျပာသည္လား။ တာရာက သူ႔စကားကိုေတာင္ လက္မခံခ်င္ပါ။ မ်က္လုံးေလးေပကလပ္ေပကလပ္ႏွင့္ ကာေျပာရွာသည္။ မႈိင္းလည္း သူမေၾကာက္သြားေစရန္ ၿခိမ္းေျခာက္လိုက္ရသည္။

"သေဘာေကာင္းတယ္မလုပ္နဲ႔ သူကကိုယ္တို႔ႏွစ္ေယာက္ကို ေဝးေအာင္လုပ္မဲ့သူေနာ္"

"ဟင္... တကယ္"

"ဟုတ္တယ္.. အခန္႔မသင့္ရင္ ကိုယ္တို႔တစ္သက္လုံးေဝးသြားႏိုင္တယ္"

ထိုစကားၾကားေတာ့မွ မ်က္ႏွာပ်က္ၿပီး ေဒၚတိမ္ေ႐ႊစင္၏contactေတြအားလုံးကို ဖ်က္ဆီးပစ္လိုက္သည္။ ေတြးၾကည့္လွ်င္ တာရာဟာတကယ္သနားစရာေကာင္းပါသည္။ ဘာအေၾကာင္းရင္းမွန္းေသခ်ာမသိေသာ္လည္း "ေဝးမည္"ဆိုေသာစကားလုံးႏွင့္ ၿခိမ္းေျခာက္လိုက္႐ုံႏွင့္ ေနစရာမရွိေတာ့ေအာင္ ေၾကာက္လန္႔သြားရွာ၏။ ထိုမွ်အထိ သူႏွင့္ေဝးရမည္ကိုေၾကာက္ေနသည့္ေကာင္မေလးကို ဆက္တိုက္လိမ္ေနရသည့္အတြက္ မႈိင္းစိတ္မေကာင္းျဖစ္ရပါသည္။ သို႔ေသာ္ မတတ္ႏိုင္ပါ။ မဂၤလာပြဲဖ်က္ရမည့္ကိစၥအတြက္ကိုလည္း သူမရင္ထဲအေၾကာက္တရား႐ိုက္သြင္းၿပီး သူလိမ္ရပါဦးမည္။

ထိုအခိုက္၌..

"ဒု- သခင္ေလး"

အထိတ္တလန္႔အမူအရာႏွင့္ သူတို႔ရွိရာကိုေရာက္လာသူက လက္ေထာက္ရန္။ မ်က္ႏွာေပၚ၌လည္း ဒဏ္ရာဒဏ္ခ်က္ေတြႏွင့္မို႔ မႈိင္းမ်က္ေမွာင္က်ဳံ႕လိုက္ၿပီး

"ဘာျဖစ္တာလဲ"

"မမေလး.. မမေလးတာရာကို"

လက္ေထာက္ရန္က ထစ္ထစ္ေငါ့ေငါ့ႏွင့္ဆိုသည္။ တာရာက သူငယ္ခ်င္းအိမ္ကိုမဂၤလာဖိတ္စာသြားပို႔ခ်င္၍ သူလက္ေထာက္ရန္ကို သူမႏွင့္ထည့္ေပးလိုက္သည္။ နီးနီးနားနားပဲသြားသလို လက္ေထာက္ရန္လည္းပါသျဖင့္ လြတ္ေပးလိုက္တာလည္းပါသည္။ သို႔ေသာ္အခုလက္ေထာက္ရန္က ဒဏ္ရာဒဏ္ခ်က္ေတြႏွင့္ေရာက္လာၿပီး တာရာ့ကိုလည္းမေတြ႕ေတာ့ မႈိင္းမ်က္ႏွာပ်က္က်သြားၿပီး

"ဘာျဖစ္လာတာလဲ.. တာရာေရာဘယ္မွာလဲ ငါ့ကိုအျမန္ေျပာစမ္း"

"မမေလးတာရာကိုဖမ္းေခၚသြားတယ္ သခင္ေလး"

"ဘာ"

မႈိင္းအသံကက်ယ္ေလာင္စြာ ဟိန္းထြက္လာ၏။ မ်က္ႏွာကလည္း ႐ုတ္ခ်ည္းတင္းမာသြားရင္း

"မင္းဘာစကားေျပာတာလဲရန္ ငါ့ကိုျပန္ေျပာစမ္း"

"ကြၽန္ေတာ္တို႔ဖိတ္စာပို႔ၿပီးအျပန္မွာ ကားတစ္စီးက လမ္းမွာပိတ္ရပ္ခဲ့တယ္ လူငါးေယာက္ေလာက္ဆင္းလာၿပီး မမေလးကိုအတင္းဖမ္းေခၚသြားခဲ့တာပါ အင္အားမမွ်လို႔ ကြၽန္ေတာ္ဘာမွမလုပ္ႏိုင္ခဲ့ဘူး"

"ေတာက္.."

လက္ေထာက္ရန္စကားအဆုံးမွာ မႈိင္းျပင္းထန္စြာတက္ေခါက္လိုက္ေတာ့၏။ လက္ေထာက္ရန္က မ်က္ႏွာပ်က္ပ်က္ႏွင့္

"ကြၽန္ေတာ့္အမွားပါ.. ကြၽန္ေတာ္မမေလးကို မကာကြယ္ခဲ့ႏိုင္ဘူး ကြၽန္ေတာ့္ကိုအျပစ္ေပးပါခင္ဗ်ာ"

"တာရာ့ကိုဖမ္းေခၚသြားတဲ့သူေတြက ဘယ္သူေတြလဲ မင္းသိလား"

လက္ေထာက္ရန္၏ေတာင္းပန္စကားကို မႈိင္းစိတ္မဝင္စားပါ။ သူသိလိုသည္ကိုသာ အေလာတႀကီးေမးလိုက္သည္။

"မသိပါဘူး သခင္ေလး မ်က္ႏွာစိမ္းေတြပဲ"

"ေတာက္.. အသုံးကိုမက်ဘူး"

လက္ေထာက္ရန္က မ်က္ႏွာငယ္ေလးႏွင့္

"ဒါကမမေလးကိုဖမ္းေခၚသြားတုန္းက ႐ုန္းရင္းဆန္ခတ္ျဖစ္ရင္း က်န္ခဲ့တဲ့မမေလးဖုန္းပါ"

မႈိင္းတာရာ့ဖုန္းကိုယူလိုက္ၿပီးေနာက္ ေဒါသေတြႏွင့္ေပါက္ကြဲေနေတာ့၏။

"ေတာက္.. ဘယ္သူေတာင္းစားက ဒီလိုအတင့္ရဲတာလဲ ငါ့မိန္းကေလးကို ဖမ္းေခၚသြားရဲတယ္ သိပ္သတၱိရွိေနၾကသလား တစ္ေဆြလုံးတစ္မ်ိဳးလုံးကို မီး႐ိူ႔သတ္ပစ္ဦးမယ္ ေျခလက္ေတြအကုန္ျဖတ္ေတာက္ပစ္ၿပီး ေခြးစာေကြၽးပစ္မယ္"

မႈိင္း၏ေဒါသတႀကီးႀကိမ္းဝါးစကားေၾကာင့္ လက္ေထာက္ရန္မ်က္ႏွာမေကာင္းသလို ေကာင္းမာန္လည္းမေနသာေတာ့ဘဲ

"စိတ္ကိုခဏေလွ်ာ့ထားမႈိင္း.. ဒါဘယ္သူ႔လက္ခ်က္လဲဆိုတာ ငါစုံစမ္းလိုက္ဦးမယ္"

"စုံစမ္းစရာမလိုဘူး ဒီနယ္ေျမမွာငါ့ကိုထိပါးရဲတာ မိုးတိမ္ကလြဲၿပီး ဘယ္သူရွိမလဲ"

မႈိင္းအံႀကိတ္ဆိုလိုက္ရင္းမွ က်န္ခဲ့သည့္တာရာ့ဖုန္းကိုၾကည့္ၿပီး တစ္စုံတစ္ရာကိုဖ်ပ္ခနဲ႔သတိရသြားသည္။ ထို႔ေၾကာင့္ သူခ်က္ခ်င္းဖုန္းေခၚလိုက္သည္က ေဒၚတိမ္ေ႐ႊစင္ထံသို႔.....။
.................... ....................... ......................... .....

တာရာႏွင္းျမဴ႐ုတ္တရက္သူမကိုအဆက္အသြယ္ျဖတ္လိုက္ျခင္းအတြက္ ေဒၚတိမ္ေ႐ႊစင္စိတ္မေကာင္းျဖစ္သြားရသည္။ မႈိင္းလက္ခ်က္ဆိုတာလည္း သူမသိလိုက္သည္။ သူမႏွင့္တာရာအဆက္အသြယ္ရွိေနသည္ကို မႈိင္းသိသြားၿပီ ထင္ပါရဲ႕။

သို႔ေသာ္ ဒီေန႔တာရာဖုန္းဆက္လာသျဖင့္ ေပ်ာ္သြားမိ႐ုံရွိေသးသည္။

"တာရာဘယ္မွာလဲ"

"ဟင္"

"တာရာကို ဖမ္းသြားတာခင္ဗ်ားတို႔မဟုတ္လား သူ႔ကိုဘယ္ေခၚသြားလဲ ေျပာစမ္းပါ"

မႈိင္း၏ေဒါသတႀကီးအံႀကိတ္သံၾကားေတာ့မွ ေဒၚတိမ္ေ႐ႊစင္ တအံ့တဩျဖစ္သြားၿပီး

"ေနပါဦး.. မင္းဘာေတြေျပာေနတာလဲ"

"အပိုေတြေျပာမေနနဲ႔ တာရာ့ကိုလူတစ္စုဖမ္းေခၚသြားတယ္ အဲ့ဒီလူက ခင္ဗ်ားတို႔လူဆိုတာ က်ဳပ္ေကာင္းေကာင္းသိတယ္ တာရာတစ္ခုခုျဖစ္လို႔ကေတာ့ ခင္ဗ်ားတို႔မလြယ္ဘူးမွတ္"

မႈိင္းစကားေၾကာင့္ ေဒၚတိမ္ေ႐ႊစင္အထိတ္တလန္႔ျဖစ္သြားရသည္။ တာရာ့ကို လူတစ္စုဖမ္းေခၚသြားသည္ဆိုပါလား။ အစ္ကိုငယ္၏လက္ခ်က္မွန္း ေဒၚတိမ္ေ႐ႊစင္ခ်က္ခ်င္းရိပ္မိလိုက္၏။ ထို႔ေၾကာင့္ မႈိင္းကိုေတာင္ ဘာမွမေျပာႏိုင္ေတာ့ဘဲ ဖုန္းခ်လိုက္ကာ အစ္ကိုငယ္ရွိရာကို ကပ်ာကယာထြက္သြားမိသည္။

"အစ္ကိုငယ္.. တာရာႏွင္းျမဴအဖမ္းခံရတဲ့ကိစၥက အစ္ကိုငယ္လက္ခ်က္မဟုတ္လား"

ေဒါသသံႏွင့္ေဒၚတိမ္ေ႐ႊစင္ေမးလိုက္သည့္တိုင္ မိုးတိမ္ကေတာ့ ေအးစက္စက္ပင္ၿပဳံးလိုက္ရင္း

"ဟုတ္တယ္"

"အစ္ကိုငယ္ဘာလို႔ဒီလိုလုပ္ရတာလဲ ေျပာေတာ့တာရာႏွင္းျမဴကို ဒုကၡမေပးဘူးဆို ဘာျဖစ္လို႔ ကိုယ့္ကတိစကားကိုမတည္ရတာလဲ"

"မင္းေရာမင္းကတိမင္းတည္လား.. တာရာႏွင္းျမဴနဲ႔မပတ္သက္ေတာ့ပါဘူးလို႔ မင္းငါ့ကတိေပးထားၿပီး သူနဲ႔ဆက္သြယ္ေနေသးတာ ငါမသိဘူးထင္ေနလား"

ေဒၚတိမ္ေ႐ႊစင္မ်က္ႏွာပ်က္သြားသည္။ မိုးတိမ္မ်က္ႏွာက ခက္ထန္တင္းမာေနရင္း

"မင္းေတာင္ ကတိမတည္ရင္ ငါကေရာငါ့စကားကိုေစာင့္ထိန္းဖို႔လိုေသးလား တိမ္ေ႐ႊစင္"

"အစ္ကိုငယ္..."

"အခုငါ့ကိစၥမွာ မင္းဝင္ပါဖို႔မႀကိဳးစားနဲ႔.."

မိုးတိမ္ျပတ္သားစြာဆိုလိုက္ေတာ့ ေဒၚတိမ္ေ႐ႊစင္မ်က္စိမ်က္ႏွာပ်က္ပ်က္ႏွင့္

"တာရာ့ကို ဒုကၡမေပးပါနဲ႔အစ္ကိုငယ္ရာ ေ႐ႊစင္ေတာင္းပန္ပါတယ္"

"မင္းနဲ႔မဆိုင္ဘူး ထြက္သြားေတာ့.. ငါအလုပ္လုပ္စရာရွိေသးတယ္"

မိုးတိမ္ကခပ္မာမာေျပာၿပီး အလုပ္ဆက္လုပ္ေနေတာ့ ေဒၚတိမ္ေ႐ႊစင္သက္ျပင္းခ်မိရင္း

"အစ္ကိုငယ္.. တာရာႏွင္းျမဴကေလ ေ႐ႊစင္တို႔ရဲ႕ မိုးတိမ္ထက္ႏြယ္ျဖစ္မယ္လို႔ ေ႐ႊစင္ထင္တယ္"

"ဘာေျပာတယ္"

"တာရာႏွင္းျမဴက မိုးတိမ္ထက္ႏြယ္ျဖစ္ႏိုင္တယ္ ဒါေၾကာင့္ အစ္ကိုငယ္ဘာကိုမွအလ်င္စလိုမဆုံးျဖတ္လိုက္ပါနဲ႔ေနာ္"

သူမစကားကိုၾကားလွ်င္ အစ္ကိုငယ္အံ့ဩသင့္သြားမည္ထင္ထားေသာ္လည္း တကယ္တမ္းက် အစ္ကိုငယ္၏မ်က္ႏွာကခက္ထန္တင္းမာသြားၿပီး

"မင္းဘာအဓိပၸာယ္မရွိတဲ့စကားေတြေျပာေနတာလဲ တိမ္ေ႐ႊစင္"

"ေ႐ႊစင္တကယ္ေျပာေနတာပါ အစ္ကိုငယ္ တာရာႏွင္းျမဴက..."

"တိတ္စမ္း.. မိုးတိမ္ထက္ႏြယ္က ေသသြားတာၾကာၿပီး မင္းစိတ္ကူးယဥ္ေနတာေတြရပ္လိုက္ေတာ့"

"ေ႐ႊစင္စိတ္ကူးယဥ္ေနတာမဟုတ္ဘူး ေ႐ႊစင္တာရာငယ္ငယ္တုန္းကပုံကိုေတြ႕ခဲ့ရတယ္ ထက္ႏြယ္နဲ႔ တစ္ပုံစံတည္းသိလား ဘယ္ေလာက္အံ့ဩဖို႔ေကာင္းလဲ"

သူမဝမ္းသာအားရေျပာျပေနပါေသာ္လည္း

"ေတာ္စမ္း..."

မိုးတိမ္က ေဒါသတႀကီး ေအာ္ဟစ္လိုက္သျဖင့္ ေဒၚတိမ္ေ႐ႊစင္ပင္ လန္႔ဖ်ပ္ကာ ၿငိမ္က်သြားသည္။

"မင္းက တူမ႐ူးေနမွန္းသိလို႔ မႈိင္းဆိုတဲ့အေကာင္က တာရာႏွင္းျမဴနဲ႔ျမဴဆြယ္ျဖားေယာင္းေနတာကြ ဒါကိုမင္းနားမလည္ေသးဘူးလား"

မိုးတိမ္အတြက္ေတာ့ တာရာႏွင္းျမဴႏွင့္ေဒၚတိမ္ေ႐ႊစင္ေတြ႕ဆုံခဲ့တာေတြအားလုံးက မႈိင္း၏အကြက္က်က်စီစဥ္မႈေတြဟုသာ ယုံၾကည္ထားသည္။ ထို႔ေၾကာင့္ ေဒၚတိမ္ေ႐ႊစင္၏ေျပာစကားေတြကို နားမေထာင္ေတာ့ဘဲ

"အေရွ႕မွာဘယ္သူရွိလဲ သူ႔ကိုငါ့ေရွ႕ကေနေခၚထုတ္သြားၾကစမ္း"

"အစ္ကိုငယ္ ေ႐ႊစင္ေတာင္းပန္ပါတယ္ တာရာႏွင္းျမဴကိုဘာမွမလုပ္ပါနဲ႔ေနာ္"

မိုးတိမ္၏တပည့္ေတြက ေဒၚတိမ္ေ႐ႊစင္ကို ဆြဲေခၚထုတ္သြားၾကသျဖင့္ ေဒၚတိမ္ေ႐ႊစင္မွာ ေအာ္ဟစ္ေတာင္းပန္ရင္းပင္ ပါသြားရွာသည္။ မိုးတိမ္ကေတာ့ သူ႔ညီမကို မႈိင္းတို႔ပူးေပါင္းၿပီး ျဖားေယာင္ေနသည္ဟုေတြးၿပီး ေဒါသေတြလိမ့္ထြက္ေနေတာ့၏။ ခဏအၾကာတြင္ေတာ့ သူ႔တပည့္ဖုန္းဆက္လာသည္။

"ဆရာ.. တာရာႏွင္းျမဴကိုစီစဥ္ထားတဲ့ေနရာကို ေခၚသြားၿပီးပါၿပီ"

"ေကာင္းၿပီ ေလာေလာဆယ္သူ႔ကိုဘာမွထိခိုက္တာမ်ိဳးမျဖစ္ေစနဲ႔ ငါမႈိင္းနဲ႔အေပးအယူလုပ္စရာရွိေသးတယ္"

"ဟုတ္ကဲ့ပါဆရာ"

ဖုန္းခ်ၿပီးသည္ႏွင့္ မိုးတိမ္အဓိပၸာယ္ပါပါၿပဳံးလိုက္သည္။

မင္းဘဝကိုဖ်က္ဆီးမဲ့ ကစားပြဲစၿပီ မႈိင္း......။
............................... ........................ ......................

"ေတာက္..."

ဖုန္းခ်ၿပီးသည္ႏွင့္ မႈိင္းေဒါသတႀကီး တက္ေခါက္လိုက္ေတာ့ ေကာင္းမာန္က

"ဘာတဲ့လဲ မႈိင္း"

"တာရာ့ကိုအသက္ရွင္လ်က္ျပန္လိုခ်င္ရင္ မနက္ျဖန္ည(၉)နာရီတိတိမွာ သူေတာင္းဆိုထားတဲ့ ပစၥည္းနဲ႔ အလဲအလွယ္လုပ္ရမယ္တဲ့"

"ဘာပစၥည္းလဲ"

"ငါငပလီဘက္ကယူလာတဲ့ အဆိပ္ဘူးေတြနဲ႔"

မႈိင္းမ်က္ႏွာပ်က္ပ်က္ႏွင့္ဆိုလိုက္သည္။ ေကာင္းမာန္မ်က္ႏွာမေကာင္းျဖစ္သြားၿပီး

"ပစၥည္းက သခင္ႀကီးဗို႔စ္ဆီမွာမဟုတ္လား.. ဂိုဏ္းရဲ႕အေရးအႀကီးဆုံးပစၥည္းအေနနဲ႔သိမ္းထားတယ္ သူထုတ္ေပးမွာမဟုတ္ဘူး အထူးသျဖင့္ သူမၾကည္ျဖဴတဲ့ တာရာႏွင္းျမဴအတြက္ ဂိုဏ္းအတြက္နစ္နာဆုံး႐ူံးမႈအမ်ားႀကီးရွိႏိုင္တဲ့ ဒီပစၥည္းေတြကို ရင္းလိုက္မွာမဟုတ္တာ ေသခ်ာတယ္"

"ငါသိတယ္ ဒါေပမဲ့ မနက္ျဖန္ည(၉)နာရီတိတိမွာ ပစၥည္းနဲ႔အတူေရာက္မလာႏိုင္ခဲ့ရင္ တာရာ့အေလာင္းကိုလာေကာက္ဖို႔ေျပာသြားတယ္ မင္းသိပါတယ္ မိုးတိမ္က ၿခိမ္းေျခာက္႐ုံသက္သက္ပဲ လုပ္တတ္တဲ့ေကာင္မဟုတ္ဘူး ဘာပဲျဖစ္ျဖစ္ ငါဦေလးဆီကဒီပစၥည္းကိုရေအာင္ေတာင္းရမယ္ ဒူးေထာက္ရပါေစ ငါလုပ္မယ္"

မႈိင္းက ဆံပင္ေတြထိုးဖြရင္းႏွင့္ေဆာက္တည္ရာမဲ့စြာဆိုသည္။ ေကာင္းမာန္လည္းအေတာ္စိတ္မသက္မသာျဖစ္သြားရသည္။ မိုးတိမ္ေတာင္းဆိုသည့္ပစၥည္းက ဂိုဏ္းအတြက္ဘယ္ေလာက္အေရးႀကီးလဲဆိုတာသိထားေတာ့ သက္ျပင္းသာခ်မိသည္။ သခင္ႀကီးဗို႔စ္က တာရာႏွင္းျမဴအတြက္ ထုတ္ေပးဖို႔ဆိုတာ မျဖစ္ႏိုင္ပါ။ ထို႔ေၾကာင့္သူကတာရာ့အတြက္ စိတ္ပူသြားမိသည္။

သို႔ေသာ္ ဝင္လာသည့္အေတြးတစ္ခုေၾကာင့္ ေကာင္းမာန္ကတစ္ခ်က္ဝမ္းသာသြားၿပီး

"မင္းတစ္ခုကိုေတာ့ စိတ္ေအးလို႔ရၿပီ"

"ဘာကိုလဲ..."

"မိုးတိမ္က တာရာႏွင္းျမဴက သူ႔တူမဆိုတာ မသိေသးဘူးဆိုတာေသခ်ာတယ္ ဒါေၾကာင့္ တာရာအသက္နဲ႔ မင္းကိုၿခိမ္းေျခာက္လာတာပဲ"

ေကာင္းမာန္ေျပာေတာ့မွ သူဒါကိုေတြးမိသည္။ ဟုတ္သည္.. မိုးတိမ္သာ တာရာ့ေနာက္ေၾကာင္းကိုသိပါက ဒီလိုအသက္အႏၲရာယ္ႏွင့္ ၿခိမ္းေျခာက္လာမည္မဟုတ္ပါ။ သို႔ေသာ္တစ္ဖက္ကလည္း ေတြးပူစရာက

"မသိေသးတာဝမ္းသာစရာဆိုေပမဲ့ တစ္ဖက္ကျပန္ေတြးၾကည့္ရင္ေတာ့ အေျခအေနမေကာင္းဘူးေကာင္းမာန္"

"မင္းေျပာခ်င္တာက..."

"သူ႔တူမမွန္းမသိလို႔ တကယ္သတ္ပစ္ႏိုင္တယ္ အထူးသျဖင့္ တာရာႏွင္းျမဴကို ငါ့ဇနီးေလာင္းအေနနဲ႔ပဲ သိထားေတာ့ သူပိုၿပီးလုပ္ႏိုင္ေျခရွိတယ္ မိုးတိမ္အတြက္က ငါခ်စ္တဲ့သူက သူ႔ပစ္မွတ္သားေကာင္ပဲ"

ဒီအေျခအေနကပိုေၾကာက္စရာေကာင္းသည္ဟု ဆိုရမည္လား။ ေကာင္းမာန္ေတြးရင္း စိတ္ေမာစြာပင္ သက္ျပင္းခ်မိသည္။

မႈိင္းကခ်က္ခ်င္း မီးခိုေရာင္အိမ္ေတာ္ကို ထြက္သြားသည္။ တာရာ့အတြက္ ဦးေလးျဖစ္သူထံမွ အသနားခံသည္။ သို႔ေသာ္ သူတို႔ေတြးထင္ထားသည္ထက္ပင္ သခင္ႀကီးဗို႔စ္က ခါးခါးသီးသီးကိုျငင္းပယ္သည္။

"ဒီပစၥည္းက ဂိုဏ္းအတြက္ဘယ္ေလာက္အေရးႀကီးလဲဆိုတာ မင္းနားမလည္ဘူးလာ မႈိင္း"

"ကြၽန္ေတာ္သိပါတယ္ ဒါကတာရာ့အသက္နဲ႔သက္ဆိုင္ေနပါတယ္ ဒါေၾကာင့္ဦးေလးဆီကေန ကြၽန္ေတာ္အခုလို ေတာင္းဆိုေနရတာပါ"

"မျဖစ္ႏိုင္ဘူး.. တာရာႏွင္းျမဴဆိုတာ ငါတို႔ဂိုဏ္းနဲ႔သက္ဆိုင္တဲ့အေရးႀကီးပုဂၢိဳလ္လည္းမဟုတ္ဘူး အေရးႀကီးပုဂၢိဳလ္ဆိုရင္ေတာင္ ဒီပစၥည္းကို ၿပိဳင္ဘက္ဂိုဏ္းကိုေပးဖို႔အတြက္ လြယ္လြယ္ဆုံးျဖတ္လို႔မရဘူး ဘာမဟုတ္တဲ့ဒီေကာင္မေလးအတြက္နဲ႔ ငါဒီပစၥည္းေတြထုတ္ေပးမယ္လို႔ မင္းဘယ္လိုဦးေႏွာက္နဲ႔ေတြးလိုက္တာလဲ.. ဒုသခင္ေလးမႈိင္းက မိန္းမတစ္ေယာက္အတြက္နဲ႔ ဒီေလာက္ေတာင္ဉာဏ္နည္းေနၿပီလား"

ဦးေလးကာ သူ႔ကိုပစ္ပစ္ႏွစ္ႏွစ္ေဝဖန္ေတာ့သည္။ မႈိင္းမနာႏိုင္ပါ။ သူ႔အတြက္ တာရာ့ကိုကယ္ႏိုင္ဖို႔က ပိုအေရးႀကီးသည္မို႔ ဦးေလးေရွ႕၌ေအာက္က်ိဳ႕ကာ ေတာင္းပန္ရသည္။

"တာရာႏွင္းျမဴက ကြၽန္ေတာ့္ဘဝအတြက္ အေရးအႀကီးဆုံးမိန္းကေလးပါ ကြၽန္ေတာ္သူ႔ကိုကယ္ေပးမွျဖစ္မယ္ဦးေလး.. ဒါကလက္သင့္ခံစရာမရွိေပမဲ့ ေက်းဇူးျပဳ၍ ကြၽန္ေတာ့္ကိုကူညီပါဗ်ာ ဒီပစၥည္းေတြက တစ္နည္းနည္းနဲ႔ ျပန္ရေအာင္ ကြၽန္ေတာ္ျပန္ႀကိဳးစားေပးမွာပါ"

မႈိင္းခခယယကိုေတာင္းဆိုေနသည္ကိုျမင္ေတာ့ သခင္ႀကီးဗို႔စ္အေတာ္အံ့ဩသင့္ရသည္။ မႈိင္းဒီလိုေအာက္က်ိဳ႕ေတာင္းပန္သည္ကို သူတစ္ခါမွမျမင္ဖူးခဲ့ပါ။ သူ႔တူဟာ ေသြးေအးရက္စက္ၿပီး မာနအင္မတန္ႀကီးလြန္းလွသူမဟုတ္လား။ အခုေတာ့ ၾကည့္စမ္း.. မိန္းမတစ္ေယာက္အတြက္ႏွင့္ ေအာက္က်ိဳ႕ခံၿပီး သူ႔ကိုေတာင္းပန္ေနတာမ်ား....။

ပို၍အံ့ဩစရာေကာင္းသည္က မႈိင္းကသူ႔ေရွ႕၌ ဒူးေထာက္လိုက္ျခင္းပင္။

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ဦးေလး ကြၽန္ေတာ့္ကိုကူညီေပးပါ"

"ေတာက္.. မႈိင္းမင္းကြာ... မိန္းမတစ္ေယာက္အတြက္နဲ႔မ်ား"

သခင္ႀကီးဗို႔စ္ တူျဖစ္သူကိုၾကည့္ၿပီး ရင္နာစြာပင္ ဆိုလိုက္သည္။ သူေသခ်ာပ်ိဳးေထာင္ခဲ့သည့္မႈိင္းက အခ်စ္အတြက္ႏွင့္ ဒီေလာက္ေတာင္ ျဖစ္သြားခဲ့သည္လား။ မခ်င့္မရဲစိတ္ႏွင့္ သခင္ႀကီးဗို႔စ္ အံႀကိတ္လိုက္ၿပီး

"မျဖစ္ႏိုင္ဘူးမႈိင္း.. မင္းဘာပဲေျပာေျပာ ငါမလုပ္ေပးႏိုင္ဘူး"

မည္သို႔ပင္ျဖစ္ေစ ဤပစၥည္းကာ ဂိုဏ္းအတြက္ အင္မတန္အေရးႀကီးသည္ျဖစ္၍ သခင္ႀကီးဗို႔စ္ျပတ္သားစြာပင္ ျငင္းဆန္လိုက္သည္။ မႈိင္းကလည္း ေခါင္းမာလွပါသည္။

"ဦးေလး.. သေဘာမတူမခ်င္း ကြၽန္ေတာ္မထဘူး"

ဟုဒူးေထာက္လ်က္ဆိုလာေတာ့ သခင္ႀကီးဗို႔စ္ မႈိင္းကိုစိတ္ပ်က္စြာပင္ၾကည့္မိ၏။

"မင္းသေဘာပဲ.."

သူကလည္းေသြးေအးေအးႏွင့္ပင္ ေက်ာခိုင္းလိုက္သည္။ သို႔ေသာ္ မႈိင္းကတစ္ညလုံး သူ႔အခန္းေရွ႕၌ ဒူးေထာက္ေနခဲ့သည္။ ေနာက္မနက္ေရာက္သည္အထိ မလႈပ္မယွက္ရွိေနသည္ကိုျမင္ေတြ႕ရသည့္အခါတြင္ေတာ့ သခင္ႀကီးဗို႔စ္၏မာေၾကာလွေသာ ႏွလုံးသားဟာ ခံႏိုင္ရည္မရွိေတာ့ပါ။ ဘယ္လိုပဲျဖစ္ျဖစ္ မႈိင္းဆိုတာက သားတစ္ေယာက္လို သူကိုယ္တိုင္ျပဳစုပ်ိဳးေထာင္ခဲ့သူမဟုတ္လား။

"ကြၽတ္စ္.. ငါ့တူရာ မင္းဒီေလာက္ေတာင္ အခ်စ္႐ူးေနၿပီလား"

မခ်င့္မရဲစိတ္ႏွင့္ေရ႐ြတ္လိုက္သည့္တိုင္ တူျဖစ္သူကိုလည္း အျပစ္မျမင္ရက္ပါ။ အခ်စ္ဟာ ဘယ္ေလာက္ေတာင္ စိတ္ကိုႏူးညံ့စြာၿဖိဳခြဲေစႏိုင္မွန္း တစ္ႀကိမ္တစ္ခါတုန္းက သူေကာင္းေကာင္းနားလည္ခဲ့ဖူးသည္မဟုတ္လား။ ထို႔ေၾကာင့္ သူကမႈိင္း၏ခံစားခ်က္ကို သိျမင္ခံစားေပးႏိုင္ပါသည္။ မႈိင္းဘယ္လိုနာက်င္ေနမည္ကိုလည္း သေဘာေပါက္ပါသည္။ ဆက္ၿပီး၍လည္း ဥေပကၡာမျပဳရက္ေတာ့ဘဲ

"ထေတာ့.. ငါတူ."

မႈိင္းကမလႈပ္မယွက္ၿငိမ္ေနၿမဲ။ သခင္ႀကီးဗို႔စ္ သက္ျပင္းခ်လိုက္ၿပီး

"မင္းကိုငါကူညီေပးမယ္"

"ဦးေလးတကယ္ေျပာတာလား"

"ငါကမင္းကိုလိမ္ပါ့မလား ထေတာ့ အခုသြားအနားယူလိုက္ဦး ညေနက်ရင္ မင္းပစၥည္းအလဲအလွယ္သြားလုပ္ရဦးမယ္မဟုတ္လား"

"ေက်းဇူးတင္ပါတယ္ ဦးေလးရာ"

မႈိင္းဝမ္းသာအားရျဖစ္သြားရွာသည္။ မႈိင္းကိုၾကည့္ၿပီး သူလည္းစိတ္ေပ်ာ္ရပါသည္။ သူ႔ထံမွကတိစကားရသည္ႏွင့္မႈိင္းက စိတ္လက္ေပါ့ပါးစြာထြက္သြားေတာ့၏။

"သခင္ႀကီး.. ပစၥည္းေတြကိုေပးလို႔ျဖစ္ပါ့မလား"

သူလူယုံေတာ္က စိုးရိမ္စြာဆိုလာေတာ့ သခင္ႀကီးဗို႔စ္ ေခါင္းတညိတ္ညိတ္လိုက္ရင္း

"မႈိင္းက ျပန္ယူေပးမယ္လို႔ေျပာတာပဲ ငါတို႔သူ႔ကို ယုံၾကည္ၾကတာေပါ့ ဘယ္လိုပဲျဖစ္ျဖစ္ တာရာႏွင္းျမဴက ဒုသခင္ေလးရဲ႕ဘဝျဖစ္ေနေတာ့ ကာကြယ္ေပးရမွာပဲ"

"တာရာႏွင္းျမဴကို ကာကြယ္ေပးစရာမလိုေတာ့ဘူး သခင္ႀကီးဗို႔စ္"

သို႔ေသာ္.. သူ႔စကားအဆုံးမွာပင္ အခန္းထဲသို႔ဝင္လာသူက ေဒးဗစ္။ ၿပီးေတာ့ ဟန္နာ။

"ဟန္နာတို႔ ဒီေကာင္မေလးကို ကာကြယ္ေပးစရာအေၾကာင္းမရွိဘူး သခင္ႀကီး"

သခင္ႀကီးဗို႔စ္ ဟန္နာကိုခပ္စူးစူးၾကည့္လိုက္ေတာ့ ဟန္နာက ေအာင္ျမင္ဝံ့ႂကြားသည့္အၿပဳံးႏွင့္ဆိုလာသည္က

"တာရာႏွင္းျမဴက.. တိမ္အိမ္ေတာ္ရဲ႕မ်ိဳးဆက္ မိုးတိမ္ထက္ႏြယ္ဆိုတဲ့ ကေလးမပဲ သခင္ႀကီး"

..................................................... ..........................

ဆူးခတ္ပန္း

Continue Reading

You'll Also Like

54K 1.6K 13
ငါ မုန်းတယ်..မင်း...မပြုံးနဲ့...။ ~ နင်.. အပြုံးကို ငါ ..မုန်းတယ်..။ ~ အငြိုးအတေးနဲ့ အနိုင်ကျင့်တာမျိုး မလုပ်မိစေနဲ့....ရူးသွားလိမ့်မယ် ....ဆိုတဲ့ မ...
45.1K 1K 48
အချစ်ကြောင့် ရည်မှန်းချက်ဆိုတာ မထားပဲ ချစ်တတ်သူအနားနေနိုင်ဖို့ ကျောင်းဆရာအဖြစ် နေခဲ့သူ "မာန်မာန " ရင့်ကျက်ပြီး မိသားစုအတွက် ကြိုးစားနေထိုင်သော ကျောင်...
3.2K 114 3
လူမဟုတ် နတ်မဟုတ် ဘီလူးတစ်ကောင် ပြန်လာပြီ မယ်သီတာ ဘယ်ကိုပြေး ပန်းကလေးတစ်ပွင့် ကြွေရမည်🌹 (၁၂နှစ်တာလောက် မရဏတွင်း၀ဖြစ်တဲ့ သုန္နကမြို့ကနေ ရင်နင့်စရာအဖြ...
43.6K 1.2K 20
(Unicode+Zawgyi) You're weird I like you