နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]

By xiaochong17

75.4K 5.4K 308

ဒီ​လောက်နှစ်​တွေအကြာကြီးကြာခဲ့တာ​​တောင် ကိုယ် အခုချိန်ထိ မင်းတစ်​ယောက်တည်းကိုပဲ သ​​​ဘောကျ​နေခဲ့တာပါ ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43.1
Chapter 43.2
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85 ( Ending )
Special Chapter 2
Extra 1
Extra 2
Extra 3
Extra ( From book )
Extra 4 ( The Last )
Translator ' Note

Special Chapter

711 51 3
By xiaochong17

T/N ; ဒီ chapter ​လေးက 'ကျူးယိ'​လောင်ရှစ် Weibo ​ပေါ်မှာ တင်​ပေးခဲ့တဲ့ စာပိုဒ်​လေးပါ ၊ ​နောက်​တော့ 偷偷藏不住 - Hidden Love Novel ရဲ့ Side Extra အဖြစ် ထည့်​ပေးလိုက်ပါတယ် ၊ Hidden Love ရဲ့ Extra ဆို​ပေမယ့် 难哄 - Frist Frost အ​ကြောင်းကို ​ရေးထားတာမလို့ ကိုယ် ဘာသာပြန် လိုက်ရခြင်းပါ )

--------

ဘာဆိုဘာမှနားမလည်​သေး​သော စန်းကျစ်လေး / ဖြောင့်တန်းလွန်း​သည့်အမျိုးသား စန်းရန်၏ အသုံးမဝင်လှ​သောနည်းလမ်းများထဲကတစ်ခု / စန်းမိသားစုမှ ​မောင်နှမနှစ်​ယောက်၏ မျိုးရိုးဗီဇအရ​ပေါ်လာ​သော ဥာဏ်နီဥာဏ်နက်များ

--《 Hidden love 》 နှင့် 《 First Frost 》 တို့ပူး​ပေါင်းထားသည့် ပြဇာတ်ငယ်။

ရက်သတ္တပတ်၏ပိတ်ရက်တစ်ခုတွင် စန်းရန်သည် မိဘနှစ်ပါး၏အတင်းကာ​ရော​ပြောဆို​​နေမှု​ကြောင့် စန်းကျစ်ကို ​ခေါ်ပြီး အပြင်ထွက်လည်ပတ်​ပေးရသည်။

ဤကဲ့သို့​သောကိစ္စမျိုးများဖြစ်လာသည့် ပုံမှန်အချိန်တိုင်းတွင် သူ ​သေချာ​ပေါက် စန်းကျစ်အား ​ခွေးတစ်​ကောင်လိုဆွဲ​ခေါ်၍ ပတ်ဝန်းကျင်တစ်ပတ် လမ်းပတ်​လျှောက်​ပေးကာ ချိုချဥ်နည်းနည်းပါးပါးဝယ်​ကျွေးပြီး အိမ်ပြန်​ခေါ်လာသည်ပင်။ သို့​သော် သည်တစ်ကြိမ်တွင်​တော့ သူ တစ်စုံတစ်​ယောက်အား မထင်မှတ်ထားစွာဖြင့် ​တွေ့လိုက်ရသည်။

​ကောင်မ​လေးက ဆံပင်အားလုံးကို သိမ်း၍စည်း​နှောင်ထားရာ ​ချော​မွေ့​နေသည့်နဖူးပြင် ၊ နူးညံ့သိမ့်​မွေ့သည့်အမူအရာနှင့် ကြည်လင်လွန်းသည့်မျက်နှာ​လေးက လှစ်ဟ​​နေသည်။ ရိုးရိုးတီရှပ်တစ်ထည်နှင့် ဂျင်း​ဘောင်းဘီကိုဝတ်ပြီး စာအုပ်ဆိုင်၏အပြင်ဘက်၌ မတ်တပ်ရပ်​နေကာ အပြင်ဘက်တွင်ဖြန့်ခင်းထား​​သောစာအုပ်များအား ငုံ့ကြည့်​နေ၏။

အလွန်ကိုမှ ငြိမ်သက်​နေပါသည့်တိုင် မျက်စိအာရုံဖမ်းစားနိုင်လွန်း​အောင်လည်း ထင်​ပေါ်​နေ​လေသည်။

သုံးစက္ကန့်နီးပါး ​ငေးကြည့်​နေပြီး​နောက်တွင် စန်းရန်က ​တွေး​တွေးဆဆဖြစ်လာရင်း အရုပ်ဖြင့်ကစား​နေသည့် စန်းကျစ်အား လှမ်းကြည့်လိုက်သည်။ သူ ခါးကိုကိုင်းချလိုက်ကာ ညင်သာသည့်အသံမျိုးဖြစ်​အောင် အတင်းလုပ်​ပြောလိုက်၍ ;

"ကျစ်ကျစ်"

"?"

စန်းကျစ်အတွက် ဤအမည်နာမ​ ခေါ်ဆိုခံရခြင်းမှာ သတိ​ပေး​ခေါင်း​လောင်းသံမြည်သည်နှင့် အတူတူပင်။ စန်းကျစ် ချက်ချင်း​ခေါင်း​မော့ကြည့်လိုက်ပြီး သတိကြီးကြီးထား၍ ;

"ကိုကို....ညီမ​လေးမှာ ပိုက်ဆံမရှိဘူး"

"...."

စန်းရန်က ​ဒေါသထွက်ထွက်ဖြင့်ရယ်လိုက်ပြီး ;

"ဘယ်သူက မင်း ပိုက်ဆံကို လိုချင်​နေလို့လဲ"

စန်းကျစ်က ဘာမှပြန်မ​ပြော​တော့ဘဲ ​အသံတိတ်ဖြင့်​နောက်သို့ ​ခြေတစ်လှမ်းဆုတ်လိုက်သည်။

"ကိုကို့ကို တစ်ခုကူညီ​ပေး"

စန်းရန်က အညင်သာဆုံးစကားဆို​နေရင်း ဝိန်းရိဖန် ရှိသည့်အရပ်သို့ စိတ်ရှည်လက်ရှည်ဖြင့်လက်ညှိုးထိုးပြ၍ ;

"ဟိုနားမှာရပ်​နေတဲ့ မမကို​တွေ့တယ်မလား ၊ အပြင်ဘက်မှာ စာအုပ်ဖတ်​နေတဲ့တစ်​ယောက်​လေ"

စန်းကျီက လက်ညှိုးထိုးပြသည့်အတိုင်း လိုက်ကြည့်ပြီး 'အင်း' ဟု ပြန်​ဖြေလာ၏။

စန်းရန်က ဆက်ပြီး

"ညီမ​လေးက အဲ့နားကိုသွားပြီး မမ ကို​ပြောလိုက် ၊ ညီမ​လေးရဲ့ကိုကို ကို ရှာမ​တွေ့​တော့လို့ဆိုပြီး..."

သူ့စကားမဆုံးခင် စန်းကျီစ်၏မျက်နှာက တဖြည်းဖြည်းနှင့်နီရဲလာသည့်အပြင် အမူအရာကလည်း လန့်ပြီးရှက်​သွေးဖြာသလိုမျိုး ဖြစ်လာသည်ကို စန်းရန် သတိထားမိသဖြင့် ;

"မင်းက ဘာလို့မျက်နှာ​တွေနီလာတာလဲ"

စန်းကျစ်က မျက်နှာကို ဖြတ်ခနဲအုပ်ပစ်လိုက်​သော်ငြား လက်​ချောင်းများကြားထဲမှ ဝိန်းရိဖန်ကို ခိုးကြည့်​နေဆဲ။ မျက်ဝန်းဝိုင်းဝိုင်း​လေးများက တလက်လက်​တောက်ပလာကာ ကသိက​အောက်နိုင်စွာဖြင့် စကားဆိုလာ၏။

"အဲ့မမက အရမ်းလှတာပဲ ၊ ညီမ​လေး..ညီမ​လေး သွားရမှာရှက်တယ်"

"...."

စန်းရန် ;

"မင်းက ရှက်ရ​​ကောင်းမှန်းလည်း သိ​သေးတယ်​ပေါ့"

စန်းကျစ် မကြားချင်​ယောင်​ဆောင်ကာ ခပ်ရဲရဲမျက်နှာ​လေးဖြင့် ;

"ကိုကို..​..နောက်ကျရင် ညီမ​လေးလည်း အဲ့​လောက်ထိလှတဲ့သူမျိုးကို ရှာမှာ"

"အသက်ကဖြင့်ငယ်ငယ်​လေးရှိ​သေးတာကို ..."

သည်'​ရှောင်​ကွေ'၏အကူအညီကို လိုအပ်​နေ​သေးသည့်အတွက် စန်းရန်က ကျန်​နေ​သေးသည့် 'အိပ်မက်မက်' ဆို​သောစကားလုံးအား ပြန်မြိုချလိုက်ပြီး အလိုက်အထိုက်ဖြင့်​ချော့​မော့လာခဲ့သည်။

"ဒါ​ပေါ့ ဒါ​ပေါ့....မင်း ကြီးလာလို့ရှိရင်လည်း အဲ့​လောက်ထိ လှတဲ့သူမျိုးကိုရှာ"

စန်းကျစ်က ထိုအခါတွင်မှစိတ်​လျော့သွားပြီး စန်းရန်က ဆက်၍ ;

"မင်း သူ့ကို သွား​မေးကြည့်လိုက် ၊ မမရဲ့ဖုန်းကို ခဏငှားပြီး ညီမ​လေးရဲ့ကိုကိုဆီ ဖုန်းဆက်လို့ရလားလို့ ၊ ကိစ္စ​အောင်မြင်လာရင် ကိုကို ​ရေခဲမုန့်ဝယ်​ကျွေးမယ်"

"အို့"

စန်းကျစ်က အရိုးသားဆုံးဝန်ခံလာ၏။

"ဒါ​ပေမယ့် ညီမ​လေးမှ ကိုကို့ဖုန်းနံပါတ်ကို မမှတ်မိတာ"

"မင်း ​အောက်ထပ်က မုန့်ဆိုင်ပိုင်ရှင်​တွေရဲ့ ဖုန်းနံပါတ်အားလုံးကိုကျ​​တော့ မှတ်မိပြီး ငါ့ဟာကျ​တော့ မမှတ်မိဘူးလား"

စန်းကျစ်က အရုပ်ဖြင့်ဆက်ကစားနေရင်း ;

"ပြီး​တော့ အဲ့မမဆီမှာ ဖုန်း ရှိချင်မှလည်း ရှိမှာ​လေ"

"မရှိဘူးလို့​ပြောခဲ့ရင်..."

စန်းရန်က သက်ပြင်းတစ်ချက်ရှိုက်ကာ စိတ်ရှည်နိုင်စွမ်းမှာ ကုန်လုနီးနီး။

"မင်း သူ့ကို​ပြောလိုက်....ညီမ​လေး ​တစ်​ယောက်တည်းကြောက်လို့ ကိုကို့ ကိုရှာဖို့ မမပါ အ​ဖော်လိုက်ခဲ့​ပေးလို့....ကြားလား"

စန်းကျစ်မှာ တုတ်တုတ်မျှမလှုပ်။

စန်းရန်က ဆက်ကာ ;

"ပြန်​ရောက်ရင် ဆာကူရာမ​လေးရဲ့ DVD ​ခွေဝယ်​ပေးမယ် ၊ ပြီး​တော့ တစ်လစာ ​ရေခဲမုန့်"

ထိုအခါတွင်မှ စန်းကျစ်က လှုပ်လှုပ်ရှားရှားဖြစ်လာပြီး မယုံသင်္ကာဖြင့်

"ကိုကို မညာဘူးမလား"

"မင်းကိုညာရင်​ မင်း ပြန်တိုင်​ပြောမှာလေ..မဟုတ်လို့လား"

"ဟုတ်သားပဲ"

စန်းကျစ်က တစ်ခဏ​တွေးလိုက်ပြီး​နောက် ထိုအရပ်ဘက်သို့ လက်ညှိုးထိုးပြ၏။

"ဒါဆို ညီမ​လေးသွားမယ် ၊ ကိုကိုက ဒီသစ်ပင်ရဲ့အ​နောက်မှာရပ်​နေ ၊ မ​တွေ့​သွားစေနဲ့​နော် ၊ ညီမ​လေး အဲ့မမကို ကိုကို့အတွက်ချက်ချင်း​ခေါ်လာ​ပေးမယ် ၊ ကိုကို​ပြောထားတာ​တွေ ဝယ်​ပေးဖို့ မ​မေ့နဲ့​နော်"

"စိတ်ချ"

ထို့​နောက် စန်းကျစ်က ဝိန်းရိဖန်ရှိသည့်ဘက်သို့ ခုန်​ပေါက်၍​ပြေးလာခဲ့သည်။ အခု​လေးတင် စန်းရန် မှာထားသည့်စကားများကို တိတ်တိတ်​လေးပြန်စ​ဥ်းစားရင်း တစ်ဖက်ကလည်း ရွတ်ကြည့်​နေ၏။

"မမ....ညီမ​လေး​​လေ ညီမ​လေးရဲ့ကိုကို ကို ရှာမ​တွေ့​တော့လို့.."

သုံးကြိမ်သုံးခါတိတိရွတ်ပြီးသည့်အခါ ဝိန်းရိဖန်၏​ရှေ့​မှောက်​ရောက်ချလာခဲ့သည်။

စန်းကျစ်က ​အော်​ခေါ်လိုက်၏။

"မမ"

ဝိန်းရိဖန် ​ခေါင်း​ထောင်လာကာ ​ခန္ဓာကိုယ်ကိုကိုင်းလိုက်၍ ;

"ဘာဖြစ်လို့လဲ"

"ညီမ​​လေး ရှာမ​တွေ့​တော့.."

ဝိန်းရိဖန်၏မျက်နှာအား အနီးကပ်​တွေ့လိုက်ရသည့်အခါ စန်းကျစ်တစ်​ယောက် ​ပြောရမည့်စကားလုံးများအား ရုတ်ချည်း​မေ့သွားခဲ့ကာ ​ခေါင်းကုတ်လိုက်မိရင်း ​နောက်တစ်ကြိမ် ထပ်​ခေါ်လာပြန်သည်။

"မမ"

"အမ်"

"မမ ​ရေခဲမုန့်စားချင်လား"

ဝိန်းရိဖန်က ​သေ​သေချာချာမကြားလိုက်သဖြင့် ;

"ဘာဖြစ်တယ်"

စန်းကျစ်က ကိုယ်တိုင်ယူလာခဲ့​သော အိတ်ကပ်ထဲမှ ယွမ် ၁၀ ကိုထုတ်ကာ အလွန်ကိုမှအားတက်တ​ရောဖြင့် ဆိုလိုက်သည်။

"ညီမ​လေးက မမကို ​ရေခဲမုန့်ဝယ်​ကျွေးချင်လို့"

သစ်ပင်အ​နောက်တွင်ရပ်ပြီး ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်းမြင်​နေရသည့် စန်းရန် ;

"...."

(ပြီးဆုံး )

*****************

~~Zawgyi~~

T/N ; ဒီ chapter ေလးက 'က်ဴးယိ'ေလာင္ရွစ္ Weibo ေပၚမွာ တင္ေပးခဲ့တဲ့ စာပိုဒ္ေလးပါ ၊ ေနာက္ေတာ့  - Hidden Love Novel ရဲ႕ Side Extra အျဖစ္ ထည့္ေပးလိုက္ပါတယ္ ၊ Hidden Love ရဲ႕ Extra ဆိုေပမယ့္  - Frist Frost အေၾကာင္းကို ေရးထားတာမလို႔ ကိုယ္ ဘာသာျပန္ လိုက္ရျခင္းပါ )

--------

ဘာဆိုဘာမွနားမလည္ေသးေသာ စန္းက်စ္ေလး / ေျဖာင့္တန္းလြန္းသည့္အမ်ိဳးသား စန္းရန္၏ အသုံးမဝင္လွေသာနည္းလမ္းမ်ားထဲကတစ္ခု / စန္းမိသားစုမွ ေမာင္ႏွမႏွစ္ေယာက္၏ မ်ိဳးရိုးဗီဇအရေပၚလာေသာ ဥာဏ္နီဥာဏ္နက္မ်ား

-- Hidden love  ႏွင့္  First Frost  တို႔ပူးေပါင္းထားသည့္ ျပဇာတ္ငယ္။

ရက္သတၱပတ္၏ပိတ္ရက္တစ္ခုတြင္ စန္းရန္သည္ မိဘႏွစ္ပါး၏အတင္းကာေရာေျပာဆိုေနမႈေၾကာင့္ စန္းက်စ္ကို ေခၚၿပီး အျပင္ထြက္လည္ပတ္ေပးရသည္။

ဤကဲ့သို႔ေသာကိစၥမ်ိဳးမ်ားျဖစ္လာသည့္ ပုံမွန္အခ်ိန္တိုင္းတြင္ သူ ေသခ်ာေပါက္ စန္းက်စ္အား ေခြးတစ္ေကာင္လိုဆြဲေခၚ၍ ပတ္ဝန္းက်င္တစ္ပတ္ လမ္းပတ္ေလွ်ာက္ေပးကာ ခ်ိဳခ်ဥ္နည္းနည္းပါးပါးဝယ္ေကြၽးၿပီး အိမ္ျပန္ေခၚလာသည္ပင္။ သို႔ေသာ္ သည္တစ္ႀကိမ္တြင္ေတာ့ သူ တစ္စုံတစ္ေယာက္အား မထင္မွတ္ထားစြာျဖင့္ ေတြ႕လိုက္ရသည္။

ေကာင္မေလးက ဆံပင္အားလုံးကို သိမ္း၍စည္းႏွောင္ထားရာ ေခ်ာေမြ႕ေနသည့္နဖူးျပင္ ၊ ႏူးညံ့သိမ့္ေမြ႕သည့္အမူအရာႏွင့္ ၾကည္လင္လြန္းသည့္မ်က္ႏွာေလးက လွစ္ဟေနသည္။ ရိုးရိုးတီရွပ္တစ္ထည္ႏွင့္ ဂ်င္းေဘာင္းဘီကိုဝတ္ၿပီး စာအုပ္ဆိုင္၏အျပင္ဘက္၌ မတ္တပ္ရပ္ေနကာ အျပင္ဘက္တြင္ျဖန့္ခင္းထားေသာစာအုပ္မ်ားအား ငုံ႕ၾကည့္ေန၏။

အလြန္ကိုမွ ၿငိမ္သက္ေနပါသည့္တိုင္ မ်က္စိအာ႐ုံဖမ္းစားနိုင္လြန္းေအာင္လည္း ထင္ေပၚေနေလသည္။

သုံးစကၠန့္နီးပါး ေငးၾကည့္ေနၿပီးေနာက္တြင္ စန္းရန္က ေတြးေတြးဆဆျဖစ္လာရင္း အ႐ုပ္ျဖင့္ကစားေနသည့္ စန္းက်စ္အား လွမ္းၾကည့္လိုက္သည္။ သူ ခါးကိုကိုင္းခ်လိဳက္ကာ ညင္သာသည့္အသံမ်ိဳးျဖစ္ေအာင္ အတင္းလုပ္ေျပာလိုက္၍ ;

"က်စ္က်စ္"

"?"

စန္းက်စ္အတြက္ ဤအမည္နာမ ေခၚဆိုခံရျခင္းမွာ သတိေပးေခါင္းေလာင္းသံျမည္သည္ႏွင့္ အတူတူပင္။ စန္းက်စ္ ခ်က္ခ်င္းေခါင္းေမာ့ၾကည့္လိုက္ၿပီး သတိႀကီးႀကီးထား၍ ;

"ကိုကို....ညီမေလးမွာ ပိုက္ဆံမရွိဘူး"

"...."

စန္းရန္က ေဒါသထြက္ထြက္ျဖင့္ရယ္လိုက္ၿပီး ;

"ဘယ္သူက မင္း ပိုက္ဆံကို လိုခ်င္ေနလို႔လဲ"

စန္းက်စ္က ဘာမွျပန္မေျပာေတာ့ဘဲ အသံတိတ္ျဖင့္ေနာက္သို႔ ေျခတစ္လွမ္းဆုတ္လိုက္သည္။

"ကိုကို႔ကို တစ္ခုကူညီေပး"

စန္းရန္က အညင္သာဆုံးစကားဆိုေနရင္း ဝိန္းရိဖန္ ရွိသည့္အရပ္သို႔ စိတ္ရွည္လက္ရွည္ျဖင့္လက္ညွိုးထိုးျပ၍ ;

"ဟိုနားမွာရပ္ေနတဲ့ မမကိုေတြ႕တယ္မလား ၊ အျပင္ဘက္မွာ စာအုပ္ဖတ္ေနတဲ့တစ္ေယာက္ေလ"

စန္းက်ီက လက္ညွိုးထိုးျပသည့္အတိုင္း လိုက္ၾကည့္ၿပီး 'အင္း' ဟု ျပန္ေျဖလာ၏။

စန္းရန္က ဆက္ၿပီး

"ညီမေလးက အဲ့နားကိုသြားၿပီး မမ ကိုေျပာလိုက္ ၊ ညီမေလးရဲ႕ကိုကို ကို ရွာမေတြ႕ေတာ့လို႔ဆိုၿပီး..."

သူ႕စကားမဆုံးခင္ စန္းက်ီစ္၏မ်က္ႏွာက တျဖည္းျဖည္းႏွင့္နီရဲလာသည့္အျပင္ အမူအရာကလည္း လန့္ၿပီးရွက္ေသြးျဖာသလိုမ်ိဳး ျဖစ္လာသည္ကို စန္းရန္ သတိထားမိသျဖင့္ ;

"မင္းက ဘာလို႔မ်က္ႏွာေတြနီလာတာလဲ"

စန္းက်စ္က မ်က္ႏွာကို ျဖတ္ခနဲအုပ္ပစ္လိုက္ေသာ္ျငား လက္ေခ်ာင္းမ်ားၾကားထဲမွ ဝိန္းရိဖန္ကို ခိုးၾကည့္ေနဆဲ။ မ်က္ဝန္းဝိုင္းဝိုင္းေလးမ်ားက တလက္လက္ေတာက္ပလာကာ ကသိကေအာက္နိုင္စြာျဖင့္ စကားဆိုလာ၏။

"အဲ့မမက အရမ္းလွတာပဲ ၊ ညီမေလး..ညီမေလး သြားရမွာရွက္တယ္"

"...."

စန္းရန္ ;

"မင္းက ရွက္ရေကာင္းမွန္းလည္း သိေသးတယ္ေပါ့"

စန္းက်စ္ မၾကားခ်င္ေယာင္ေဆာင္ကာ ခပ္ရဲရဲမ်က္ႏွာေလးျဖင့္ ;

"ကိုကို....ေနာက္က်ရင္ ညီမေလးလည္း အဲ့ေလာက္ထိလွတဲ့သူမ်ိဳးကို ရွာမွာ"

"အသက္ကျဖင့္ငယ္ငယ္ေလးရွိေသးတာကို ..."

သည္'ေရွာင္ေကြ'၏အကူအညီကို လိုအပ္ေနေသးသည့္အတြက္ စန္းရန္က က်န္ေနေသးသည့္ 'အိပ္မက္မက္' ဆိုေသာစကားလုံးအား ျပန္ၿမိဳခ်လိဳက္ၿပီး အလိုက္အထိုက္ျဖင့္ေခ်ာ့ေမာ့လာခဲ့သည္။

"ဒါေပါ့ ဒါေပါ့....မင္း ႀကီးလာလို႔ရွိရင္လည္း အဲ့ေလာက္ထိ လွတဲ့သူမ်ိဳးကိုရွာ"

စန္းက်စ္က ထိုအခါတြင္မွစိတ္ေလ်ာ့သြားၿပီး စန္းရန္က ဆက္၍ ;

"မင္း သူ႕ကို သြားေမးၾကည့္လိုက္ ၊ မမရဲ႕ဖုန္းကို ခဏငွားၿပီး ညီမေလးရဲ႕ကိုကိုဆီ ဖုန္းဆက္လို႔ရလားလို႔ ၊ ကိစၥေအာင္ျမင္လာရင္ ကိုကို ေရခဲမုန့္ဝယ္ေကြၽးမယ္"

"အို႔"

စန္းက်စ္က အရိုးသားဆုံးဝန္ခံလာ၏။

"ဒါေပမယ့္ ညီမေလးမွ ကိုကို႔ဖုန္းနံပါတ္ကို မမွတ္မိတာ"

"မင္း ေအာက္ထပ္က မုန့္ဆိုင္ပိုင္ရွင္ေတြရဲ႕ ဖုန္းနံပါတ္အားလုံးကိုက်ေတာ့ မွတ္မိၿပီး ငါ့ဟာက်ေတာ့ မမွတ္မိဘူးလား"

စန္းက်စ္က အ႐ုပ္ျဖင့္ဆက္ကစားေနရင္း ;

"ၿပီးေတာ့ အဲ့မမဆီမွာ ဖုန္း ရွိခ်င္မွလည္း ရွိမွာေလ"

"မရွိဘူးလို႔ေျပာခဲ့ရင္..."

စန္းရန္က သက္ျပင္းတစ္ခ်က္ရွိုက္ကာ စိတ္ရွည္နိုင္စြမ္းမွာ ကုန္လုနီးနီး။

"မင္း သူ႕ကိုေျပာလိုက္....ညီမေလး တစ္ေယာက္တည္းေၾကာက္လို႔ ကိုကို႔ ကိုရွာဖို႔ မမပါ အေဖာ္လိုက္ခဲ့ေပးလို႔....ၾကားလား"

စန္းက်စ္မွာ တုတ္တုတ္မွ်မလႈပ္။

စန္းရန္က ဆက္ကာ ;

"ျပန္ေရာက္ရင္ ဆာကူရာမေလးရဲ႕ DVD ေခြဝယ္ေပးမယ္ ၊ ၿပီးေတာ့ တစ္လစာ ေရခဲမုန့္"

ထိုအခါတြင္မွ စန္းက်စ္က လႈပ္လႈပ္ရွားရွားျဖစ္လာၿပီး မယုံသကၤာျဖင့္

"ကိုကို မညာဘူးမလား"

"မင္းကိုညာရင္ မင္း ျပန္တိုင္ေျပာမွာေလ..မဟုတ္လို႔လား"

"ဟုတ္သားပဲ"

စန္းက်စ္က တစ္ခဏေတြးလိုက္ၿပီးေနာက္ ထိုအရပ္ဘက္သို႔ လက္ညွိုးထိုးျပ၏။

"ဒါဆို ညီမေလးသြားမယ္ ၊ ကိုကိုက ဒီသစ္ပင္ရဲ႕အေနာက္မွာရပ္ေန ၊ မေတြ႕သြားေစနဲ႕ေနာ္ ၊ ညီမေလး အဲ့မမကို ကိုကို႔အတြက္ခ်က္ခ်င္းေခၚလာေပးမယ္ ၊ ကိုကိုေျပာထားတာေတြ ဝယ္ေပးဖို႔ မေမ့နဲ႕ေနာ္"

"စိတ္ခ်"

ထို႔ေနာက္ စန္းက်စ္က ဝိန္းရိဖန္ရွိသည့္ဘက္သို႔ ခုန္ေပါက္၍ေျပးလာခဲ့သည္။ အခုေလးတင္ စန္းရန္ မွာထားသည့္စကားမ်ားကို တိတ္တိတ္ေလးျပန္စဥ္းစားရင္း တစ္ဖက္ကလည္း ႐ြတ္ၾကည့္ေန၏။

"မမ....ညီမေလးေလ ညီမေလးရဲ႕ကိုကို ကို ရွာမေတြ႕ေတာ့လို႔.."

သုံးႀကိမ္သုံးခါတိတိ႐ြတ္ၿပီးသည့္အခါ ဝိန္းရိဖန္၏ေရွ႕ေမွာက္ေရာက္ခ်လာခဲ့သည္။

စန္းက်စ္က ေအာ္ေခၚလိုက္၏။

"မမ"

ဝိန္းရိဖန္ ေခါင္းေထာင္လာကာ ခႏၶာကိုယ္ကိုကိုင္းလိုက္၍ ;

"ဘာျဖစ္လို႔လဲ"

"ညီမေလး ရွာမေတြ႕ေတာ့.."

ဝိန္းရိဖန္၏မ်က္ႏွာအား အနီးကပ္ေတြ႕လိုက္ရသည့္အခါ စန္းက်စ္တစ္ေယာက္ ေျပာရမည့္စကားလုံးမ်ားအား ႐ုတ္ခ်ည္းေမ့သြားခဲ့ကာ ေခါင္းကုတ္လိုက္မိရင္း ေနာက္တစ္ႀကိမ္ ထပ္ေခၚလာျပန္သည္။

"မမ"

"အမ္"

"မမ ေရခဲမုန့္စားခ်င္လား"

ဝိန္းရိဖန္က ေသေသခ်ာခ်ာမၾကားလိုက္သျဖင့္ ;

"ဘာျဖစ္တယ္"

စန္းက်စ္က ကိုယ္တိုင္ယူလာခဲ့ေသာ အိတ္ကပ္ထဲမွ ယြမ္ ၁၀ ကိုထုတ္ကာ အလြန္ကိုမွအားတက္တေရာျဖင့္ ဆိုလိုက္သည္။

"ညီမေလးက မမကို ေရခဲမုန့္ဝယ္ေကြၽးခ်င္လို႔"

သစ္ပင္အေနာက္တြင္ရပ္ၿပီး ကြက္ကြက္ကြင္းကြင္း ရွင္းရွင္းလင္းလင္းျမင္ေနရသည့္ စန္းရန္ ;

"...."

(ၿပီးဆုံး )

*****************

Continue Reading

You'll Also Like

7.3K 495 24
NO PAID GP ‼️ Title - She's a Little Crazy / 她病得不轻; 陆遥知他意 Author - Zhu Yi Chapter - 63 Started Date : 23.11.2023
1.4M 34.9K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
4.6M 291K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
112K 7.3K 67
#credit to original Author အရင်ဘဝကလျို့ဝှက်အေဂျင့်တစ်ယောက်ဖြစ်တဲ့ကောင်မလေးဟာရှေးခတ်ဆီကိုTimetravelဖြစ်ပြီးမိထွေးသတ်လို့ လောလောလတ်လတ် သေထားတဲ့ချင်လင်ဆ...