ပတ်ဝန်းကျင်အခြေအနေမှာ တစ်ခုခုမူမမှန်တော့မှန်း စန်းကျစ် ခံစားမိလိုက်သည်နှင့် သူတို့နှစ်ဦးကို ဝေ့ဝဲ၍အကဲခတ်လိုက်ကာ အလိုက်တသိဖြင့် နှစ်ကိုယ်တည်းအတွက်နေရာပေးရန် မီးဖိုချောင်ထဲမှထွက်လာပေးလိုက်သည်။
ထွက်လာသည့်အချိန်တွင် တံခါးကိုပါ စေ့ထားပေးခဲ့၏။
ဝိန်းရိဖန်က အကြည့်လွှဲပစ်လိုက်ပြီး စဥ်းနှီတုံးပေါ်တင်ထားသည့် အသားပြားကို လှီးဖြတ်နေ၏။ ဆံပင်များကို သိမ်းကျုံးစည်းနှောင်ထားခြင်းဖြစ်ရာ သူမ၏နားရွက်ဖျားများနှင့် လည်ဂုတ်တို့က အတိုင်းသားလှစ်ဟထားပြီး မျက်နှာထက်တွင်ရှိနေကျဖြစ်သော နွေးထွေးသည့်အပြုံးများက လက်ရှိအချိန်တွင်တော့ မည်သည့်ခံစားချက်မှမရှိတော့သည့်အသွင်အပြင်မျိုးအဖြစ် ပြောင်းလဲထားနှင့်ပြီပေ။
စန်းရန်က သူမ၏ဘေးနားသို့လျှောက်သွားပြီး စက္ကန့်ပိုင်းကြာကြာတိတ်ဆိတ်နေပါသေးသည်။ ထို့နောက်တွင်မှ ကိုးရိုးကားယားဖြစ်နေသည့်အခြေအနေအတွက် စကားစဆိုလိုက်၏။
"ဝိန်းရွှမ်းကျန့် ၊ ကိုယ် နောက်မီးလင်းနေတယ်လို့ထင်နေတာတောင်မှ အဲ့အပြင်စာကို စားဖြစ်အောင်စားလိုက်သေးတာလား"
"...."
တစ်ဖက်ရန်သူ၏အချက်ကျကျတိုက်ကွက်က ချက်ကောင်းကိုတည့်တည့်ကြီးထိလျက်။
ဝိန်းရိဖန်၏လှုပ်ရှားမှုများ တုံ့ခနဲရပ်သွားခဲ့သည်။ သူ့စကားတစ်ခွန်းကြောင့် လက်ချော်မလိုပင်ဖြစ်သွားခဲ့ပြီး ထိုမကြည်မသာဖြစ်နေသည့်စိတ်သေးသေးလေးမှာလည်း လွင့်စင်သွားခဲ့သည်။ မျက်လွှာကိုချထားပြီး စူပုတ်နေသည့်မျက်နှာထားမျိုးကို အတင်းလုပ်ယူကာ ခပ်တည်တည်ဖြင့် ;
"ဝယ်တောင် ဝယ်ထားပြီးပြီလေ"
စကားလုံး၏ရှုပ်ထွေးပုံက သည်လိုပင်။
မစားဘဲ ပစ်လိုက်လျှင် အလကားဖြစ်သွားမည့်အကြောင်းကို ဆိုလိုခြင်း။
သူမအား တစ်ခဏကြာကြာစိုက်ကြည့်ပြီးနောက် စန်းရန်က သည်အကြောင်းနှင့်ပတ်သတ်၍ မမေးမမြန်းတော့ဘဲ အခြားတစ်ခုကိုသတိရသွားခဲ့ကာ အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းကိုထုတ်လာပြီး အရှေ့တွင်ဝေ့ရမ်းပြ၏။
"ဘာလို့ ကိုယ့်မက်ဆေ့တွေကို စာမပြန်တာလဲ"
စကားတစ်ခွန်းအပြီးတွင် သူ့ဘက်မှ တစ်ထစ်အလျော့ပေးသည့်အလား ထပ်၍ဆိုလာ၏။
"မမြင်လို့လား"
"မြင်သားပဲ"
ဝိန်းရိဖန်က ရေပိုက်ကိုဖွင့်ပြီး အသီးအရွက်များကိုဆေးကြောရင်း မတွန့်မဆွန့်ဘဲပြန်ဖြေလာသည်။
"မပြန်ချင်လို့ မပြန်တာ"
"...."
စန်းရန်က အင်္ကျီလက်ကိုပင့်တင်ပြီး ဝိန်းရိဖန်၏လက်အား အသီးအရွက်ဇလုံထဲမှဆွဲထုတ်လိုက်၏။ သည့်ထက်အပြင် ပြောစရာစကားမဲ့အောင်လုပ်နေသည့်လူက လက်ရေစိုကြီးဖြင့် သူမ၏မျက်နှာအား ဖြစ်ညှစ်လိုက်၏။
"ရပါတယ်လေ"
ဝိန်းရိဖန် မျက်စောင်းထိုးကြည့်လိုက်ကာ ရေစိုနေသည့်လက်နှစ်ဖက်အား သူ့အင်္ကျီနှင့် အကြမ်းပတမ်းသုတ်ပစ်လိုက်သည်။
သူမ၏လုပ်ရပ်ကြောင့် စန်းရန်က ;
"ဝိန်းရွှမ်းကျန့် ၊ မင်း အခုတော့ အရမ်းတွေဒေါသကြီးတတ်နေပြီပေါ့"
"...."
အဲ့ဒါက! နင့်ဘက်က! အရင်ဆုံး! ငါအိပ်နေတာကို! လာဆူညံနေတာ! မဟုတ်ဘူးလား! ! !
ဝိန်းရိဖန်၏စိတ်အခြေအနေမှာ ထူးဆန်းလွန်းစွာဖြင့် ရှုပ်ထွေးမွန်းကြပ်လာရသည်။ သူ့ကိုလျစ်လျူရှူထားပြီး တစ်ဖက်သို့လှည့်ကာ အိုးတစ်လုံးယူ၍ ရေဖြည့်လိုက်သည်။ သူနှင့် စည်းခြားထားလိုက်သည့်အလား ရေဖြည့်နေရင်းဖြင့်လည်း ခြေလှမ်းသုံးလေးလှမ်း ခြားပစ်လိုက်သေး၏။
စန်းရန်က ရေပိုက်ကိုပိတ်ပြီး တစ်သျှူးဖြင့် လက်သုတ်၍ ;
"ဝိန်းရွှမ်းကျန့်"
ဝိန်းရိဖန်က လျှပ်စစ်မီးဖိုပေါ်သို့ အိုးတင်လိုက်ပြီး ခလုတ်ဖွင့်လိုက်သည်။
သူက ဝါကျတစ်ကြောင်းကိုသုံးခြမ်းခွဲပြီး ယခုပြဿနာ၏အဓိကအချက်ကို ဖော်ပြလာခဲ့သည်။
"မင်း"
"စစ်အေးတိုက်ပွဲခင်းနေတယ်"
"ကိုယ့်ကို"
ထိုစကားကြောင့် ဝိန်းရိဖန် သူ့အား ချက်ချင်းလှမ်းကြည့်လိုက်သည်။ သူမ အသေအချာတွေးကြည့်လိုက်ရာ အမှန်တကယ်လည်း စစ်အေးတိုက်ပွဲခင်းထားသည့်အခြေအနေမျိုး ဖြစ်နေသောကြောင့် အကျိုးအကြောင်းသင့်သည့် တောင်းဆိုချက်တစ်ခုကို ပြုလိုက်၏။
"ဒါဆိုလည်း နင် ငါ့ကို စကားလာပြောမနေနဲ့လေ"
စန်းရန်က မျက်ခုံးအသာအသာပင့်၍ ;
"အဲ့လိုလုပ်လို့ ရလို့လား"
သူမအား စစ်အေးတိုက်ပွဲခင်းသည်ဟု ထပ်၍စွပ်စွဲနေမည်စိုးသောကြောင့် ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်သည်။
ဝိန်းရိဖန်က ခေါက်ဆွဲခြောက်ထုပ်ကိုဖြည်ပြီး ပမာဏဘယ်လောက်များများ ထည့်ရမည့်အကြောင်း စဥ်းစားနေသည့်အခိုက်တွင် စန်းရန်က သူမအား အနောက်ဘက်မှနေ၍ ရုတ်တရက်ပွေ့ဖက်လာခဲ့၏။ ခေါင်းတစ်လုံးစာအရပ်မြင့်သည့်သူက ခန္ဓာကိုယ်ကိုအနည်းငယ်ကိုင်းထားပြီး သူမ၏ပုခုံးပေါ် မေးတင်ထားသည်။
နှစ်ယောက်သား၏ခန္ဓာကိုယ်မှာ တသားတည်းကပ်၍။
သူမ၏ခန္ဓာကိုယ်အား မှီစရာတစ်ခုသဖွယ် သဘောထားနေကာ သူ့ခွန်အားများအားလုံးကို လျော့ချပစ်ပြီး ပူးကပ်၍မှီလာလေသည်။
ဝိန်းရိဖန် ချက်ချင်းလှည့်ကြည့်လိုက်လျှင်။
"ဘာလို့လဲ....ကိုယ် တစ်ချက်လေးပဲ နမ်းမှာကို...."
စန်းရန်၏မျက်ခုံးနှင့်မျက်ဝန်းက မည်းနက်နေပြီး အောက်နှုတ်ခမ်းကို လျော့လျော့လေးကွေးထားရင်း နှေးနှေးကွေးကွေးဖြင့် ;
"မနေ့ညတုန်းက ကိုယ် မင်းကို အများကြီးနမ်းခဲ့တုန်းကတောင် မင်း စိတ်ဆိုးသွားတာမျိုးမမြင်ရဘဲနဲ့"
"...."
ဒီနှစ်ခုက အခြေအနေချင်းတူလို့လား? ? ?
တမူထူးခြားစွာကို ချွဲပြနေသည့်လူကြောင့် ဝိန်းရိဖန် သူ့မျက်နှာအား မနေနိုင်အောင်ညှစ်ပစ်လိုက်တော့သည်။
မှော်ပညာဖြင့်လှည့်စားလိုက်သည့်အလား သူမ၏လှုပ်ရှားမှုလေးတစ်ခုပြုလာသည်နှင့် စန်းရန်၏ပါးချိုင့်လည်း ပို၍ထင်သာလာခဲ့ကာ မျက်နှာအမူအရာကအစ နူးညံ့သွားခဲ့၏။ သူက ရယ်ချင်နေသည့်စိတ်ကို အောင့်အည်းထားပြီး တောင်းပန်တိုးလျှိုးနေသည့်အသံမျိုးလေးဖြင့် ;
"အင်းပါ....ကိုယ် မှားသွားပါတယ်"
ဝိန်းရိဖန်က သူ့အား မျက်တောင်မခတ်တမ်းလှမ်းကြည့်နေလိုက်သည်။
စန်းရန်က သူမ၏မျက်ဝန်းများကို လှမ်းကြည့်လာ၍ ;
"စိတ်မဆိုးနဲ့တော့နော်"
စက္ကန့်ပိုင်းတစ်ခုစာ အေးခဲသွားပြီးသည်အထိ သူမ၏အမူအရာက လုံးဝမလျော့သွားသေးသည်ကို မြင်လိုက်ရသည့်အခါ စန်းရန်က စနောက်လိုသည့်အသံမျိုးဖြစ်သွားခဲ့တော့၏။
"မင်းဆိုတဲ့ကောင်မလေးက ဘာလို့ ဒီလောက်ထိချော့ရခက်တာလဲ"
"...."
"မင်း ကိုယ့်ကို မသနားဘူးလား ၊ နာရီပိုင်းလေးတောင် မအိပ်သေးရတာကို ဟိုခွေးကောင်သွမ့်ကျားရွှီက ကိုယ့်ကို တကျီကျီနဲ့ဖုန်းခေါ်ပြီး လူသွားကြိုခိုင်းတာ ၊ ဟိုမလောက်လေးမလောက်စား 'ရှောင်ကွေ'ကို သွားကြိုပြီး ပြန်လာတဲ့အချိန်ကျတော့...."
စန်းရန်က နှေးနှေးကွေးကွေးဖြင့် ;
"ကိုယ့်မိန်းမလေးက ကိုယ့်ကို စစ်အေးတိုက်ပွဲခင်းပြီး ပစ်ထားတယ်"
ဝိန်းရိဖန် မနေနိုင်အောင် ဝင်ပြောမိလိုက်၏။
"ငါ ဘယ်လောက်ကြာကြာမှတောင် စစ်အေးတိုက်ပွဲမခင်းရသေးဘူး"
စန်းရန် ;
"ဒါပေမယ့် ကိုယ်က အရမ်းနာကျင်ခံစားသွားရတာ...."
"ငါ အဲ့လောက်ထိလည်း သွေးမအေးပြရသေးဘူးနော်"
"အမ်....ကိုယ်ကတော့ အေးစိမ့်သွားရတာလေ"
စန်းရန်က ဝိန်းရိဖန်က အားထည့်၍တိုးဖက်လိုက်ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအား သူ့ရင်ခွင်ထဲမြှုပ်ထားလိုက်သည်။ သူမ၏လည်ပင်းသားများကို တစ်တိတိဖြင့်ကိုက်၍လည်း ဒေါသပြေသွားမည့်နည်းလမ်းမျိုးစုံကိုသုံးနေ၏။
"ကိုယ့်ကို နွေးသွားအောင်လုပ်ပေးပါဦး"
"အေးနေရင်လည်း အနွေးထည်သွားဝတ်"
ဝိန်းရိဖန် ယားကျိကျိဖြစ်လာပြီး ဒေါသများကလည်း သူ့စကားလုံးနှင့်စနောက်မှုများကြောင့် ပျောက်ကွယ်ပြေလျော့သွားကာ ရယ်ချင်သလိုလိုဖြစ်လာရသည်။
"လူကဖြင့် ဒီလောက်တောင်ကြီးနေပြီကို နေ့တိုင်းနေ့တိုင်း နင့်ကိုယ်နင် ယောက်ျားရင့်မာကြီးလို့ ပြောပြောနေပြီးတော့ ဘာလို့ ငါ့ကို လာချွဲနေတာလဲ"
စကားပြောနေရင်း မီးဖိုချောင်တံခါးရှိရာဘက်သို့လည်း ဘေးတိုက်အနေအထားဖြင့် လှမ်းကြည့်မိ၏။
မီးဖိုချောင်တံခါးမှာ မှန်တံခါးမျိုးဖြစ်ပြီး ဤနေရာမှလှမ်းကြည့်လျှင် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်ထိုင်၍ ဖုန်းကစားနေသည့် စန်းကျစ်ကို လှမ်းမြင်နေရသည်။ အမြင်ခံလိုက်ရမည်ကိုစိုးရိမ်သောကြောင့် ဝိန်းရိဖန်၏စိတ်ထဲတွင် အခြားသောခံစားချက်တစ်ခုက အစားဝင်လာပြီး လက်ကိုမြှောက်၍ စန်းရန်၏မျက်နှာအား တွန်းထုတ်လိုက်သည်။
"သတိထားလေ"
စန်းရန် ;
"ဘာလို့လဲ"
"ကျစ်ကျစ် အပြင်ဘက်မှာရှိတယ်လေ ၊ ကောင်မလေး နေရခက်နေမှာပေါ့"
စန်းရန်က အရှက်မရှိ ၊ ဘယ်သူမှမမြင်နိုင်သလိုမျိုး ပြုမူနေသည့်အတွက် ဝိန်းရိဖန် စိတ်ရှည်ရှည်ဖြင့် သတိပေးလိုက်၏။
"ပြီးတော့ နင်က အစ်ကိုတစ်ယောက်လုပ်နေပြီး ညီမလေးရှေ့မှာ လေးစားအောင်မနေပြတော့ဘူးလား"
"လေးစားအောင် ဟုတ်လား ၊ သူ့မျက်လုံးထဲမှာ ကိုယ့်ကို အစတည်းက အဲ့လိုမျိုးမြင်မနေဘူး"
"...."
စန်းရန်က ဧည့်ခန်းဆီသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး အေးအေးလူလူဖြင့်. ;
"ပြီးတော့ အဲ့ဒီ'ရှောင်ကွေ'က ဟိုကောင်သွမ့်ကျားရွှီလို ရည်းစားမျိုးရထားမှတော့ လေကြီးလှိုင်းကြီးတွေကို ကြုံရလောက်ပြီးတဲ့လူလို့ သတ်မှတ်လို့ရနေပြီ"
ဝိန်းရိဖန်က ဆိုလိုရင်းကို သိပ်နားမလည်ချေ။
"အာ"
ဤသို့ဤနှယ်စကားဆိုလိုက်သော်ငြား စန်းရန်က ခပ်မတ်မတ်ပြန်ရပ်ပြီး သူမ၏ဘေး၌ ရပ်ကာ ခေါင်းသဲ့သဲ့စောင်းကြည့်လိုက်သည်။
"အဲ့ဒီလူယုတ်မာကောင်က ကိုယ့်ထက်ပိုပြီး ထိန်းထိန်းသိမ်းသိမ်းနေပေးမယ့်ကောင်လို့များ ထင်နေလား"
စန်းရန်၏စကားကြောင့် ဝိန်းရိဖန်၏စိတ်ထဲတွင် သွမ့်ကျားရွှီက ဘယ်လိုဘယ်ပုံလူမျိုးဖြစ်ကြောင်း သိချင်လာမိတော့သည်။ ဘယ်လိုပင်ဖြစ်စေ သူမ၏ရှုထောင့်မှကြည့်လျှင် စန်းရန်၏ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိလွန်းမှုနှင့် မထီမဲ့မြင်ပြုမှုတို့က မည်သူမှလိုက်မမှီသည့် အဆင့်မျိုးရောက်နေပြီပင်။
ခေါက်ဆွဲကျက်သည့်အခါတွင်တော့ သုံးယောက်သားက စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်ကြလျက်။
မှတ်စုတိုနှင့်ပတ်သတ်ပြီး ဝိန်းရိဖန် အထင်လွှဲနေမည်ကို စိုးရိမ်သည့်စန်းကျစ်က ရှားရှားပါးပါး စန်းရန်ဘက်မှလိုက်ပေး၍ သတိကြီးကြီးထားကာ ရှင်းပြလာခဲ့သည်။
"ရိဖန်ကျဲ....ခုဏတုန်းက ထမင်းဘူးကလေ ညီမလေးရဲ့ကောင်လေးပို့လိုက်တာ ၊ သူက ကိုကို့ကို အိပ်ရာနှိုးပြီး ညီမလေးကို လာကြိုစေချင်တဲ့ရည်ရွယ်ချက်နဲ့လုပ်လိုက်တာပါ ၊ အခြားသူ မဟုတ်ဘူးနော်"
ဝိန်းရိဖန်က ပြုံးလိုက်၍ ;
"မမ သိတယ် ၊ ခုဏတုန်းက ညီမလေးရဲ့အစ်ကိုကို စ,နေတာ"
စန်းကျစ်က ထိုအခါတွင်မှ သက်ပြင်းချလိုက်ပြီး အကြည့်များမှာတော့ အရှေ့တွင်မြင်နေရသည့်နှစ်ယောက်အား ဆက်၍ကြည့်နေဆဲ။ ကြည့်ရသည်မှာ ဤမြင်ကွင်းမျိုးကို ကျင့်သားမရသေးသည့်ဟန်ပင်။ စန်းကျစ်က ဘယ်လိုမှလိုက်ဖက်သည်ဟု မခံစားရတော့သည့်အဆုံးတွင်တော့ မနေနိုင်အောင် စကားဆိုလိုက်မိသည်။
"ရိဖန်ကျဲ ၊ မမ ညီမလေးရဲ့ကိုကိုနဲ့ အိမ်ခန်းအတူမျှနေတာ ကြာပြီမလား"
ဝိန်းရိဖန် ; "အမ်"
"ဒီအတိုင်း....."
စန်းကျစ်က ရေရွတ်သလို တရွတ်ရွတ်ဖြင့် မတိုးမကျယ်ဆိုလိုက်၏။
"မမရဲ့လက်တွဲဖော်ရွေးတဲ့စံနှုန်းက နိမ့်သွားလို့...."
"...."
စန်းရန် ချက်ချင်းလှည့်ကြည့်လာပြီး အေးစက်စက်အသံဖြင့် ;
"ဘာပြောလိုက်တာ"
ဤသည်မှာ ဝိန်းရိဖန်ကောင်လေး၏မကောင်းကြောင်းကို အတင်းပြောနေခြင်းနှင့်တူသဖြင့် စန်းကျ စ်က တစ်ခဏအောင့်အည်းလိုက်ကာ သည်အကြောင်းကို ထပ်၍မဆို။ ခေါင်းငုံ့ကာ ခေါက်ဆွဲတစ်ငုံစားလိုက်ပြီး ဝိန်းရိဖန်ကိုလည်း တစ်ချက်လှမ်းကြည့်ရင်း အခြားတစ်မျိုးပြောင်း၍ဆိုသည်။
"ရိဖန်ကျဲ ၊ မမက အရမ်းလှနေရဲ့သားနဲ့ကို...."
စောင်းမြောင်းပြောဆိုနေသော်ငြား ဆိုလိုရင်းအဓိပ္ပါယ်မှာ သိသိသာသာ။
စန်းရန်တစ်ယောက် နောက်ကျောကိုဓါးဖြင့်ထိုးမည့်ရန်သူအား အိမ်ထဲခေါ်လာမိသည့်အဖြစ်။ ထိုင်ခုံကို ကျောမှီထိုင်လိုက်ပြီး စန်းကျစ်အား တည့်တိုးစိုက်ကြည့်လိုက်၏။
"ရှောင်ကွေ....မင်း ငါ့ကို ဘာအကူအညီတောင်းထားလဲ မှတ်မိလား"
စန်းရန်အား မိဘတွေရှေ့တွင် သွမ့်ကျားရွှီ၏ကောင်းကြောင်းများ ပြောပြပေးရန် အကူအညီတောင်းထားသည့် စန်းကျစ် ;
"...."
စက္ကန့်ပိုင်းကြာသွားပြီးသည့်အခါ။
စန်းကျစ်က မပြောချင်ပြောချင်ဖြင့် ထပ်ပေါင်း၍ စကားဆိုလိုက်ရ၏။
"ညီမလေးရဲ့ကိုကိုကလည်း အရမ်းချောတာပါနော်"
---------
ထို့နောက်တွင် ဝိန်းရိဖန်က ဌာနသို့သွား၍ အက,လေ့ကျင့်ရန် စီစဥ်ထား၏။ စန်းရန်က ခဏလေးသာအိပ်ထားရသေးသည့်ကိစ္စကိုလည်းတွေးမိပြီး အတင်းကာရော သွားအိပ်ခိုင်းခဲ့ကာ ထိုအကြောင်းပြချက်ဖြင့် သူမက အိမ်ပြင်ထွက်လာရင်း စန်းကျစ်ကိုပါ လမ်းကြုံအိမ်ပြန်ပို့ပေးခဲ့သည်။
နှစ်လနီးပါးဆိုသည့်အချိန်အတွင်းတွင် ဝိန်းရိဖန်သည် ဌာန၏အစည်းအဝေးခန်းမထဲ၌ အားလပ်သည့်အချိန်တိုင်း အက,လေ့ကျင့်ခဲ့၏။ ပြင်ဆင်ထားသည်မှာလည်း အရင်က သူမ အကျွမ်းကျင်ဆုံးဖြစ်ခဲ့သည့် ဘဲလေးအက, "The Nutcracker"။
နှစ်တွေကြာလာခဲ့သည့်အတွက် ခန္ဓာကိုယ်ပျော့ပျောင်းမှုများကတော့ အရင်ကနှင့် မယှဥ်သာပါတော့ပေ။ လေ့ကျင့်နေသည့်ကာလတစ်လျှောက်လုံးတွင် ပင်ပန်းကိုက်ခဲခဲ့ပါသော်လည်း ဝိန်းရိဖန်အနေဖြင့် ထိုစဥ်အခါက လေ့ကျင့်ရေးဆင်းခဲ့ဖူးသည့်ခံစားချက်မျိုးကို ပြန်လည်ခံစားမိခဲ့ရသည်။
ထိုအချိန်တုန်းက ရှိခဲ့ဖူးသည့်စိတ်သောကများ လက်မခံနိုင်ခြင်းများကလည်း တဖြေးဖြေးနှင့် မှေးမှိန်နှင့်ခဲ့ပြီပင်။
စန်းရန် မြင်သွားပြီးလျှင် ဖြစ်တည်လာမည့်အမူအရာမျိုးကို မြင်ယောင်ကြည့်မိရင်း ဝိန်းရိဖန်တစ်ယောက် ပျော်ရွှင်လာမိပြီး အဆုံးအစမဲ့သောကြိုးစားချင်စိတ်တို့ ဖြစ်လာခဲ့သည်။
နောက်တစ်နေ့ နေ့လည်ခင်းမှာ နှစ်ပတ်လည်အခမ်းအနားအတွက် အစမ်းလေ့ကျင့်ချိန်ဖြစ်ပြီး အခမ်းအနား အမှန်တကယ် စတင်မည့်အချိန်မှာ ည ၇ နာရီဖြစ်သည်။
ည ၇နာရီထိုးခါနီးတွင်တော့ ဝိန်းရိဖန်သည် စန်းရန်ထံမှ သူ့ဘက်၌ ရုတ်တရက်ကိစ္စပေါ်လာသဖြင့် အနည်းငယ်နောက်ကျနိုင်မည့်အကြောင်း ပေးပို့လာသည့်မက်ဆေ့တစ်စောင် လက်ခံရရှိလိုက်သည်။ မက်ဆေ့ကို စိုက်ကြည့်နေမိရင်း သူမအနေဖြင့် စန်းရန် လာလိမ့်မည်ဟု အရင်ကတည်းက အသေအချာကြီးတထစ်ချမှတ်ယူထားခြင်းမဟုတ်ရပါသော်ငြား အချိန်အကြာကြီး လေ့ကျင့်ထားခဲ့သည့်အတွက် ယခုလိုမက်ဆေ့မျိုး လက်ခံရရှိလိုက်သည့်အခါ စိတ်ထဲအားလျော့သွားရသည်မှာအမှန်ပင်။
အဘယ်ကြောင့်ဆိုသော် သူမ၏ ပွဲစဥ် နံပါတ်မှာ အတော်လေးအရှေ့ရောက်နေသောကြောင့်။
သို့သော် ဤခံစားချက်မှာ အချိန်ကြာကြာရှိမနေလိုက်ရပြန် ၊ မြင်တွေ့သွားရလျှင်ကို အဆင်ပြေသည့်အတွက် ဝိန်းရိဖန်က စုထျန်းအား ဗွီဒီယိုရိုက်ထားပေးရန် အကူအညီတောင်းခံထား၏။ ထို့အပြင် ဝိန်းရိဖန်က ဖုကျွမ့်၏လုပ်ငန်းသုံးကဒ်ကို စန်းရန်ထံသို့ ပို့ပေးလိုက်၍
[ တကယ်လို့ ငါ ခဏနေကျ နင့်ကို စာမပြန်ဖြစ်ခဲ့ရင် နင် သာ့ကျွမ့်ကို လှမ်းခေါ်ပြီး အပေါ်တက်လာခဲ့လိုက်နော် ]
စန်းရန် ; [ ဟုတ်ပြီ ]
နှစ်ပတ်လည်အခမ်းအနား၏ပတ်ဝန်းကျင်တစ်ခွင်မှာ ဖျော်ဖြေမှုမျိုးစုံတို့ကြောင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။ ဝိန်းရိဖန်က လက်ကိုင်ဖုန်းကိုကြည့်ပြီး တပြုံးပြုံး။ သူမ အလှည့်ရောက်ခါနီးသည့်တိုင် စန်းရန် ထွက်လာသည့်အရိပ်အယောင်မျိုးကို မတွေ့ရသေး။
ဝိန်းရိဖန်လည်း ထပ်စောင့်၍မရတော့သဖြင့် ဖုကျွမ့်ကို မှာထားခဲ့ပြီးနောက်တွင် စတိတ်စင်၏အနောက်ဘက်သို့ ထွက်လာခဲ့လိုက်တော့သည်။
---------
အစပိုင်းတွင် အရာအားလုံးက ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန်ပြီးဆုံးသွားပါသော်လည်း စန်းရန် ကုမ္ပဏီမှထွက်လာခါနီးတွင်မှ လက်ရှိပရောဂျက်နှင့်ပတ်သတ်သည့် ယာယီပြဿနာပေါ်လာခဲ့ကာ အချိန်ပိုဆင်းလိုက်ရသည်။ အလုပ်ကို အလောတလျင်အဆုံးသတ်ပြီးသည်နှင့် ကုမ္ပဏီထဲမှထွက်လာပြီး ဝိန်းရိဖန် ပို့ထားပေးသည့်လိပ်စာအတိုင်း ကားဖြင့်ထွက်လာခဲ့သည်။
အဆောက်အဦးအောက်သို့ရောက်သည့်အခါ စန်းရန်က ဝိန်းရိဖန်ထံ မက်ဆေ့ပို့လိုက်၏။
စာမပြန်ပါပေ။
စန်းရန်က ဖုကျွမ့်၏ Wechat အကောင့်ကို Add လိုက်၏။ သိပ်မကြာလိုက်ပါဘဲ ဖုကျွမ့်၏ပုံရိပ်က စန်းရန်အရှေ့သို့ ရောက်လာခဲ့ကာ စန်းရန်ကို လှမ်းမြင်လိုက်သည်နှင့် အလျင်အမြန်ဆွဲခေါ်လိုက်ပြီး
"ကော....မြန်မြန်လေး! ရိဖန်ကျဲ ဖျော်ဖြေတော့မှာ! ၊ ကျွန်တော် အရမ်းကြည့်ချင်နေခဲ့တာနော်! အစ်ကို့ကြောင့် လွဲသွားရလိမ့်မယ်!"
"...."
စန်းရန်၏မျက်ခုံးများ လှုပ်သွားခဲ့ပြီး တစ်ခုခုပြောလိုက်ချင်သော်ငြား ပါးစပ်ထဲမှထွက်လာပါသည့်တစ်ခွန်းမှာ ;
"ဒါဆိုလည်း မင်း မြန်မြန်သွားလေ"
နှစ်ယောက်သားက ဓါတ်လှေကားထဲ၌။
ဖုကျွမ့်က အတော်လေးကိုစကားများပြီး စန်းရန်နှင့် စတွေ့သည့်အချိန်ကတည်းက တစ်ခွန်းမှမရပ်သေး။ အများစုမှာ ဝိန်းရိဖန်အား အဆက်မပြတ်ချီးကျူးနေသည့် စကားများပင် ဖြစ်သည်။
"ရိဖန်ကျဲက တကယ်ကြီးအရမ်းတော်တာပဲ ၊ အစ်မ လုပ်တတ်တာတွေ အများကြီးရှိတယ်ရော ၊ ပြီးတော့လည်း ဒီနေ့ပွဲအတွက် အစ်မ အချိန်တွေအကြာကြီးလေ့ကျင့်ထားခဲ့တာ ၊ နေ့တိုင်းလေ့ကျင့်တာနော် နေ့တိုင်း! ကျွန်တော်တို့တွေ အလုပ်ဆင်းလို့ အိမ်ပြန်ရင်တောင် အစ်မက အစည်းအဝေးခန်းထဲမှာ လေ့ကျင့်ဖို့နေခဲ့တာပါဆို"
"...."
"အိုင်း....တကယ်လို့ ကျွန်တော်သာ က,တတ်ရင်လေ.."
ဖုကျွမ့်က သက်ပြင်းချ၍ ;
"ကျွန်တော် သေချာပေါက် အစ်မနဲ့အတူက,မှာ ၊ အစ်ကို ပြောကြည့်ကြည့် ရိဖန်ကျဲ ဘယ်လောက်တောင်များ အဖော်မဲ့နေလိုက်မလဲ ၊ ဒါနဲ့လေ ကော.....ဘာလို့ အစ်မကို အဖော်လုပ်ပြီး မက,တာလဲ ၊ အစ်ကိုသာ ဘေးနားကနေ ပံ့ပိုးလိုက်ရင် ကြည့်လို့ကောင်းလိုက်မယ့်ဖြစ်ချင်း"
စန်းရန်အတွက် နားထောင်ကြည့်လေ တစ်စုံတစ်ရာမူမမှန်လေ။
သူ ထုတ်မေးလိုက်ချိန်ပင်မရတော့ဘဲ နှစ်ပတ်လည်အခမ်းအနားကျင်းပနေသည့် နေရာအဝင်ဝဆီသို့ ရောက်လာခဲ့ကြသည်။ မီးရောင်များကို မှိန်ချထားပြီး စတိတ်စင်ပေါ်မှ မီးတစ်ခုတည်းကိုသာ လင်းထိန်နေအောင်ထိန်းထားသည့်ပုံမှာ နောက်ထပ်ဖျော်ဖြေမှုတစ်ခု စတင်တော့မည့်အပြင်အဆင်မျိုး။
အစီအစဥ်တင်ဆက်သူကလည်း စကားပြောလျက်သားရှိနေသည့်အချိန်။
ဖုကျွမ့်က အခြားသူများကို အနှောင့်အယှက်ပေးမိမည်စိုး၍ ရုတ်တရက်ကြီး ငြိမ်ကျသွားခဲ့သည်။ စတိတ်စင်အောက်ဘက်တွင် စားပွဲဝိုင်းများစွာရှိပြီး အအေးနှင့်သရေစာများကို တည်ခင်းထားသည်။ စားပွဲနေရာက ဌာနအလိုက် စီစဥ်ပေးထားခြင်းဖြစ်ပြီး စန်းရန်က ဖုကျွမ့်ပေးသည့်နေရာ၌ ဝင်ထိုင်လိုက်သည့်အခါ ဝိန်းရိဖန်၏လက်ကိုင်အိတ်နှင့်ဖုန်းအား သူ့ဘေးနေရာ၌ တွေ့လိုက်ရ၏။
တစ်ချိန်တည်းဆိုသလို အစီအစဥ်တင်ဆက်သူ၏ တင်ဆက်ခြင်းကဏ္ဍပြီးဆုံးသွားခဲ့ပြီး စင်ပေါ်မှ ထွက်ခွာသွားသည့်အချိန် စန်းရန်က စတိတ်စင်ပေါ်သို့ လှမ်းကြည့်လိုက်ရာ စိတ်ဝိဥာဥ်တစ်ခုလုံး မှင်သက်သွားခဲ့ရသည်။
ဤအချိန် ဤအခိုက်အတန့်တွင် ဝိန်းရိဖန်က စင်ပေါ်၌ တစ်ကိုယ်တည်းမတ်တပ်ရပ်နေလျက်ရှိကာ အင်္ကျီလက်ပြတ်ဒီဇိုင်းမျိုးဖြစ်သည့် အဖြူရောင်ဘဲလေးအက,ဝတ်စုံထား၍ ညှပ်ရိုးတစ်လျှောက်နှင့် ငန်းမလေး၏လက်မောင်းသားတို့အား လှစ်ဟပြထားပြီး ဗလာကျင်းနေသည့်ကျောပြင်ထက်တွင် ချောမွေ့စွာတည်ရှိနေသည့် လိပ်ပြာရိုးတစ်စုံ။
မျက်နှာအသွင်အပြင်ထက်မှ ကျက်သရေရှိသည့်အလှတရားအပြင် ဖွေးနေသည့်အသားအရည်ပေါ်၌ အလင်းရောင်များ ကျရောက်နေသေး၏။
ရင်းနှီးလွန်းခဲ့သော "The Nutcracker" သီချင်းသံက သူ့နားအိမ်အတွင်း တိုးဝင်လာခဲ့သည်။
ခေါင်းလောင်းမြည်သလို တက်ကြွပေါ့ပါးသည့်အသံက စိတ်အာရုံကို မဖမ်းစားဘဲမနေနိုင်။ ဝိန်းရိဖန်က ပရိတ်သတ်များကို မျက်နှာမူထားပြီး ခြေဖျားထောက်ရပ်နေရင်း ခန္ဓာကိုယ်ကလည်း သီချင်းသံအလိုက် ပျော့ပျောင်းလွန်းစွာဖြင့် စည်းချက်အညီ ကခုန်နေ၏။
ခပ်မြင့်မြင့်မော့ထားသည့် လည်တိုင်တစ်လျှောက်မှာ ဝင့်ကြွားနေသည့်ငန်းမလေးတစ်ကောင်အလားဖြင့် စင်ပေါ်၌လှည့်ပတ်နေသေးသည်။
ဤမြင်ကွင်းသဏ္ဍာန်မျိုးကို တွေ့မြင်ခွင့်ရလိမ့်မည်ဟု လုံးဝ,မမျှော်လင့်ထားသည့် စန်းရန်မှာ စတိတ်စင်ကိုသာ ငေးကြည့်နေလေပြီး သူ့မြင်ကွင်းအာရုံအလုံးစုံအား ဝိန်းရိဖန်တစ်ယောက်တည်းကသာ လွှမ်းမိုးသွားခဲ့ရာ လုံးလုံးလျားလျား အကြည့်မလွဲနိုင်ပါတော့ချေ။ သူ့လည်စလုတ်မှာ အထက်မှအောက်သို့ လှုပ်ရှားသွားခဲ့ပြီး ဤမြင်ကွင်းဟာ သူ့မှတ်ဥာဏ်များထဲမှ ကောင်မလေးနှင့် တစ်ထပ်တည်းဖြစ်လာရတော့သည်။
အချိန်ကာလ ရက်သတ္တပတ် တစ်ပတ်တာကြာမြင့်သော နန်းဝူ အမှတ် (၁) အထက်တန်းကျောင်း၏ ကိုယ်ကာလလေ့ကျင့်ရေးသင်တန်းမှာ နှစ်စဥ်နှစ်တိုင်း ပထမ-စာသင်နှစ်ဝက် စာမေးပွဲအပြီးတွင် ပြုလုပ်လေ့ရှိသည်။
သင်တန်းနေရာမှာ မြို့တော်၏စိုက်ပျိုးရေးသုတေတနကွင်းထဲတွင်ဖြစ်သည်။
ထိုတစ်ကြိမ်၏ လေ့ကျင့်ရေးသင်တန်းဆင်းနှုတ်ဆက်ပွဲနေ့တွင် အက,ကျောင်းသူဆိုသည့်ဂုဏ်ပုဒ်အရ ဝိန်းရိဖန်သည် ဆရာဆရာမများ၏တိုက်တွန်းချက်ကြောင့် မဖြစ်မနေ အမှတ်တရဖျော်ဖြေပေးရသည်။
သင်တန်းဆင်းရက်မတိုင်မီ တစ်ရက်အလို ထိုနေ့ညတွင် နှုတ်ဆက်ပွဲပါတီဆိုသည့်လေထုကြောင့် နည်းပြဆရာများက ခါတိုင်းလို စည်းကမ်းမတင်းကြပ်ဘဲ အေးဆေးသက်သာစွာဖြင့် နေခဲ့ကြသည်။
စန်းရန်အနေဖြင့် ဤပါတီပွဲအပေါ် လုံးဝစိတ်မဝင်စားပါဘဲ ပျင်းရိလွန်းသောကြောင့် အချိန်ပြည့်အိပ်ချင်နေခဲ့သည်။ စိတ်ထဲ၌ ဤနှုတ်ဆက်ပွဲကြီး အမြန်ဆုံး အဆုံးသတ်လိုက်ဖို့ရာ စောင့်စားနေပြီး ထိုအခါမှသာ သူ အဆောင်ပြန်အိပ်နိုင်မည်။
ဤသို့တွေးထားခဲ့သည်မှာ ဝိန်းရိဖန် မပေါ်လာခင်အထိသာ.....
တန်းခွဲတူသူငယ်ချင်းဖြစ်နေသောကြောင့် ကျန်အတန်းဖော်များက ဂုဏ်ယူအားပေးကြသည့်အနေဖြင့် စန်းရန်၏ဘေးနားတွင်ထိုင်နေကြသည့်သူများမှာ သရဲတစ္ဆေလို အော်ဟစ်သူကအော် ၊ ဝံပုလွေလို အူသည့်သူက အူနှင့် တဟေးဟေးတဟားဟား တက်ကြွလာကြ၏။ ယောက်ျားလေးတစ်ယောက်မှာမူ မတ်တပ်ပင်ထရပ်ပြီး အကျယ်ကြီးအားပေးလိုက်သေး၏။
"ဝိန်းရိဖန်က တန်းခွဲ (၁၇) ရဲ့ နတ်သမီးကွ!"
ကောင်မလေးမှာတော့ မည်သည့်အသံကိုမှမကြားရသည့်အလား အတည်အငြိမ်မပျက်ရှိနေ၏။
သူမဟာ အက,စင်၏ အလယ်တည့်တည့်တွင်ရပ်နေပြီး အဖြူရောင်ဂါဝန်တစ်ထည်ကိုဝတ်ထားကာ အရောင်နုနုဆံပင်တို့ကို စည်းထားသဖြင့် နဖူးပြင်မှာ ပြောင်ရှင်းလျက်။ ပတ်ပတ်လည်တစ်ခွင် မှောင်မည်းနေပါသော်လည်း ကကွက်,များထဲ၌သာစီးမျောနေသည့်သူက စတိတ်စင်ကိုကြောက်လန့်ခြင်းမရှိသည့် အရုပ်မလေးလိုပင်။
ခန္ဓာကိုယ်ထက်မှ အလင်းရောင်များဖြာကျနေသည်နှင့်လည်း တူပါသေးသည်။
ထိုအချိန်အခါတုန်းက သူ ဘယ်လိုဘယ်ပုံခံစားနေမိခဲ့ကြောင်းကိုတော့ စန်းရန်လည်း သေသေချာချာမမှတ်မိပါတော့ပေ။
သို့သော် အသေအချာကို သိနေသည့်တစ်ခုတည်းသောအရာမှာတော့...
ထိုညတွင် ပါတီပွဲ ပြီးဆုံးသွားဖို့သာ တစ်ချိန်လုံးစောင့်နေခဲ့သည့် သူဟာ ထိုအက,ကို နောက်တစ်ကြိမ် ထပ်၍ ကြည့်ချင်နေမိခဲ့ခြင်းပေ။
နောက်ပိုင်းတွင်။
ကိုယ်ကာလလေ့ကျင့်ရေးသင်တန်းအပြီး၌ ဝိန်းရိဖန်က ထိုဖျော်ဖြေမှုကြောင့် အတန်းတူများကြားတွင် ပို၍နာမည်ကြီးလာခဲ့သည်။ အတန်းတူကျောင်းသားများသာမက စီနီယာအတန်းကြီးကျောင်းသားများကပါ သူမထံမှ ဆက်သွယ်၍ရမည့်အရာများကိုတောင်းလာကြ၏။
အဘယ်ကြောင့်မှန်းမသိ....
စန်းရန်သည် အရင်ကာလများတုန်းက သည်ကောင်မလေးအပေါ် အာရုံစိုက်ခြင်း လုံးဝမရှိခဲ့ပါသည့်တိုင် နှုတ်ဆက်ပါတီပွဲပြီးနောက်တွင်တော့ သူကိုယ်တိုင်က ယခုလိုကိစ္စမျိုးနှင့် အကြိမ်တိုင်း တိုက်တိုက်ဆိုင်ဆိုင်ကြုံနေရမှန်း သူ သတိထားမိလိုက်တော့သည်။ သူဟာ နေရာ၌ထိုင်နေပြီး ဝိန်းရိဖန်တစ်ယောက် သူမထံ ချဥ်းကပ်လာသည့်တစ်ယောက်ချင်းစီတိုင်းကို စိတ်ရှည်သည်းခံပြီး ငြင်းထုတ်နေခဲ့ခြင်းကို သူ အေးတိအေးစက်မျက်ဝန်းများဖြင့် ကြည့်နေခဲ့ဖူးသည်။
ဝိန်းရိဖန်သည် လူတိုင်းအပေါ် တန်းတူညီတူသာ ဆက်ဆံတတ်သူ ၊ တစ်ဖက်လူက မည်သည့်အပြုအမူ ၊ မည်သို့သောအဆင့် နှင့် မည်ကဲ့သို့ ရုပ်ရည်မျိုးဖြစ်နေပါစေ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား တစ်ပုံစံတည်းသာ ဆက်ဆံသည်။ အလွန်တရာကိုမှစိတ်ရှည်သည်းခံပေးပြီး တစ်ဖက်လူ မျက်နှာမပျက်ရအောင် ပြောဆိုနေပါသော်လည်း ပြတ်ပြတ်သားသားငြင်းပစ်နေသည်မှာလည်း အမှန်ပါပေ။
သူမဟာ သူနှင့် တူသလိုလိုရှိပြီး ထပ်၍လည်း မတူသလိုလို။
သူမ၏အရိုးများထဲတွင် သူ့နည်းတူ မာနများရှိသော်လည်း သူကဲ့သို့ လူအတိုင်းအပေါ် မထီမဲ့မြင်ပြုတတ်သည့်အကျင့်မျိုး မရှိဘဲ ဝိန်းရိဖန်က အလွန်ကိုမှ သိမ်မွေ့သည့်သူမျိုးပင်။
တလက်လက်တောက်ပနေခြင်းမျိုးနှင့်တူသော်ငြား ထပ်၍လည်း မျက်စိစူးသည့်အလင်းရောင်မျိုး မဟုတ်၏။
တစ်နေ့သောနေ့လည်ခင်းတွင် စန်းရန်က အတန်းဖော်များနှင့် ဘတ်စကတ်ဘောကစားပြီးနောက် စာသင်ခန်းထဲသို့ပြန်လာကာ အခန်းသော့ကိုယူ၍ အဆောင်ပြန်ရေချိုးမည်ဖြစ်သည်။ အခန်းတံခါးဝသို့ရောက်လျှင်ရောက်ချင်းတွင် အခုလေးတင် ဝင်လာသည့် ဝိန်းရိဖန်အား ယောက်ျားလေးတစ်ယောက်က တံခါးဝ၌လှမ်းတားပြီးစကားပြောနေသည်ကို မြင်လိုက်ရသည်။
စန်းရန်က တစ်ခဏကြာကြာလှမ်းကြည့်နေပြီးနောက် အကြည့်လွှဲလိုက်ကာ သူ့ထိုင်နေရာဆီသို့ လျှောက်လာလိုက်သည်။ စားပွဲခုံအောက်ထဲ နှိုက်၍ အခန်းသော့ကိုရှာနေရင်း တစ်ချို့သောအကြောင်းပြချက်များကြောင့် ခပ်မြန်မြန်ထွက်သွားဖို့ရာ လောမနေဘဲ နေရာ၌ထိုင်နေသေး၏။
မိနစ်တစ်ဝက်စာကြာသွားပြီးချိန်၌ ဝိန်းရိဖန်လည်း စာသင်ခန်းထဲဝင်လာခဲ့သည်။ အက,ယူနီဖောင်းကို အနွေးထည်ထပ်ဝတ်ထားသည့်သူမက ထိုင်ခုံအောက်မှ ထမင်းစားကဒ်ကိုယူပြီး ချက်ချင်းပြန်ထွက်သွားတော့မည့်အချိန်။
ဤအခိုက်အတန့်တွင် စန်းရန်က သူမအား ရုတ်တရက်လှမ်းခေါ်လိုက်သည်။
"ဝေ့...ဂျူနီယာညီမလေး"
နှစ်ယောက်သားမှာ အတော်လေးကို နီးနီးကပ်ကပ်ရှိနေပြီး အလယ်တွင် လမ်းတစ်ခုစာလေးသာ ခြားသည်။
ဝိန်းရိဖန် လှည့်ကြည့်လိုက်ပြီး သူ၏အခေါ်အဝေါ်နှင့်ပတ်သတ်၍ စိတ်ထဲထည့်မနေတော့ပေ။
"ဘာလဲ"
စန်းရန် ;
"မင်းမှာ ရည်းစားရှိတာလား"
အဘယ်ကြောင့် မေးမှန်းမသိသော်လည်း ဝိန်းရိဖန် အမှန်တိုင်းသာဖြေလိုက်သည်။
"မရှိပါဘူး"
စန်းရန်က မျက်ခုံးပင့်ပြကာ ;
"ဒါဆို ဘာလို့ အားလုံးကိုငြင်းထုတ်ပစ်နေတာလဲ"
အမှန်တကယ်တွင်တော့ သည်အချင်းကိစ္စက စန်းရန်နှင့် လျားလျားမျှမသက်ဆိုင်။
သို့သော် သဘောကောင်းလွန်းသည့်ဝိနိးရိဖန်အတွက်တော့ သူမ မဖြေပေးနိုင်သည့်မေးခွန်းဟူ၍ မရှိ။ သူမအနေဖြင့် စောစောရည်းစားမထားချင်သေး၍ဟု ပြောပြချင်ပါသော်ငြား ထိုစကားတစ်ခွန်းက မရေရာမသေချာသည့်ဆိုလိုရင်းမျိုး သက်ရောက်နေသဖြင့် အသေအချာတွေးပြီး ရိုးရိုးရှင်းရှင်းပြောပြလိုက်သည်။
"သဘောကျရတဲ့သူ မတွေ့သေးလို့"
ကောင်မလေး၏အသံစမှာ ကြည်လင်ပြီး သိမ်မွေ့မှုလေးပါ သယ်ဆောင်လာသေးသည်။
သို့သည့်တိုင် ပြင်းထန်အားကောင်းလွန်းလှသည့်အတွက် စကားလုံးတစ်လုံးချင်းစီတိုင်းက သူ့နှလုံးသားကို ရိုက်ခတ်လာပါတော့သည်။
သဘောကျရတဲ့သူ.....
စာသင်ခန်းထဲတွင် သူတို့နှစ်ဦးကလွဲ၍ အခြားမည်သူမှမရှိသဖြင့် အတော်လေးကို တိတ်ဆိတ်နေ၏။ လေထုတစ်ခွင်မှာ ငယ်ရွယ်ခြင်းအငွေ့အသက်များ လွှမ်းခြုံထားပြီး နားအိမ်အတွင်းကြားနေရသည်မှာ ကစားကွင်းထဲ၌ ပြေးလွှားနေကြသည့်ကျောင်းသားကျောင်းသူတို့၏ဆူညံသံတို့အပြင် မည်သည့်နေရာမှ ပျံ့လွှင့်လာမှန်းမသိသော နှလုံးခုန်သံ။
ထိုအခိုက်အတန့်တွင်တော့ စန်းရန်က အရာအားလုံးကို နားလည်သဘောပေါက်သွားခဲ့ရ၏။
အရင်က တစ်ခါမှမတွေ့ခဲ့ဖူးသည့်အရာများဟာ အဘယ်ကြောင့် လက်ရှိအချိန်ကျမှ ဝိန်းရိဖန် ငြင်းလွှတ်နေသည့်မြင်ကွင်းမျိုးကို ခဏခဏကြုံနေရသနည်း။
သူ့မျက်လုံးထဲတွင် အခြားသောအတန်းဖော်များနှင့် မထူးမခြားနားမြင်ခဲ့ရသည့် ကောင်မလေးတစ်ယောက်က အဘယ်ကြောင့် ရုတ်တရက်ကြီး သူ့မြင်ကွင်းများထဲတွင် မကြာခဏ ပေါ်လာရသနည်း။
တိုက်ဆိုင်မှုလား.....
မဟုတ်လောက်ဘူးလို့ ထင်ပါတယ်..
တကယ်တော့ သူက.....
ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့တာတွေကို ဂရုစိုက်မိသွားခဲ့တာ.....
ဆယ်ကျော်သက်ကောင်လေးက ထိုင်ခုံကို ကျောမှီထိုင်လိုက်ပြီး သူမအား ခပ်ရေးရေးမော့ကြည့်လာခဲ့သည်။ သူ့ဆံပင်ဖျားက ချွေးများဖြင့် စိုစွတ်စေးကပ်နေဆဲဖြစ်ကာ မျက်ဝန်းများကတော့ ကြည်လင်တောက်ပနေ၏။ သူဟာ ခေါင်းကို သဲ့သဲ့လေးစောင်းပြီး ရုတ်တရက်အသံထွက်အောင်ရယ်လိုက်ရင်း စကားသံတို့ထဲမှ မထီမဲ့မြင်ပြုတတ်မှုများမှာတော့ မပြောင်းမလဲနှင့်။
"ဟုတ်လား"
ဤတစ်ကြိမ်တွင်တော့ တိကျသေချာလွန်းသည့်အငွေ့အသက်မျိုးများပင် ပါလာခဲ့သည်။
".....ဒါဆို မင်း တွေ့သင့်နေပြီ"
*****************
~~Zawgyi~~
ပတ္ဝန္းက်င္အေျခအေနမွာ တစ္ခုခုမူမမွန္ေတာ့မွန္း စန္းက်စ္ ခံစားမိလိုက္သည္ႏွင့္ သူတို႔ႏွစ္ဦးကို ေဝ့ဝဲ၍အကဲခတ္လိုက္ကာ အလိုက္တသိျဖင့္ ႏွစ္ကိုယ္တည္းအတြက္ေနရာေပးရန္ မီးဖိုေခ်ာင္ထဲမွထြက္လာေပးလိုက္သည္။
ထြက္လာသည့္အခ်ိန္တြင္ တံခါးကိုပါ ေစ့ထားေပးခဲ့၏။
ဝိန္းရိဖန္က အၾကည့္လႊဲပစ္လိုက္ၿပီး စဥ္းႏွီတုံးေပၚတင္ထားသည့္ အသားျပားကို လွီးျဖတ္ေန၏။ ဆံပင္မ်ားကို သိမ္းက်ဳံးစည္းႏွောင္ထားျခင္းျဖစ္ရာ သူမ၏နား႐ြက္ဖ်ားမ်ားႏွင့္ လည္ဂုတ္တို႔က အတိုင္းသားလွစ္ဟထားၿပီး မ်က္ႏွာထက္တြင္ရွိေနက်ျဖစ္ေသာ ႏြေးေထြးသည့္အၿပဳံးမ်ားက လက္ရွိအခ်ိန္တြင္ေတာ့ မည္သည့္ခံစားခ်က္မွမရွိေတာ့သည့္အသြင္အျပင္မ်ိဳးအျဖစ္ ေျပာင္းလဲထားႏွင့္ၿပီေပ။
စန္းရန္က သူမ၏ေဘးနားသို႔ေလွ်ာက္သြားၿပီး စကၠန့္ပိုင္းၾကာၾကာတိတ္ဆိတ္ေနပါေသးသည္။ ထို႔ေနာက္တြင္မွ ကိုးရိုးကားယားျဖစ္ေနသည့္အေျခအေနအတြက္ စကားစဆိုလိုက္၏။
"ဝိန္း႐ႊမ္းက်န့္ ၊ ကိုယ္ ေနာက္မီးလင္းေနတယ္လို႔ထင္ေနတာေတာင္မွ အဲ့အျပင္စာကို စားျဖစ္ေအာင္စားလိုက္ေသးတာလား"
"...."
တစ္ဖက္ရန္သူ၏အခ်က္က်က်တိဳက္ကြက္က ခ်က္ေကာင္းကိုတည့္တည့္ႀကီးထိလ်က္။
ဝိန္းရိဖန္၏လႈပ္ရွားမႈမ်ား တုံ႕ခနဲရပ္သြားခဲ့သည္။ သူ႕စကားတစ္ခြန္းေၾကာင့္ လက္ေခ်ာ္မလိုပင္ျဖစ္သြားခဲ့ၿပီး ထိုမၾကည္မသာျဖစ္ေနသည့္စိတ္ေသးေသးေလးမွာလည္း လြင့္စင္သြားခဲ့သည္။ မ်က္လႊာကိုခ်ထားၿပီး စူပုတ္ေနသည့္မ်က္ႏွာထားမ်ိဳးကို အတင္းလုပ္ယူကာ ခပ္တည္တည္ျဖင့္ ;
"ဝယ္ေတာင္ ဝယ္ထားၿပီးၿပီေလ"
စကားလုံး၏ရႈပ္ေထြးပုံက သည္လိုပင္။
မစားဘဲ ပစ္လိုက္လွ်င္ အလကားျဖစ္သြားမည့္အေၾကာင္းကို ဆိုလိုျခင္း။
သူမအား တစ္ခဏၾကာၾကာစိုက္ၾကည့္ၿပီးေနာက္ စန္းရန္က သည္အေၾကာင္းႏွင့္ပတ္သတ္၍ မေမးမျမန္းေတာ့ဘဲ အျခားတစ္ခုကိုသတိရသြားခဲ့ကာ အိတ္ကပ္ထဲမွ လက္ကိုင္ဖုန္းကိုထုတ္လာၿပီး အေရွ႕တြင္ေဝ့ရမ္းျပ၏။
"ဘာလို႔ ကိုယ့္မက္ေဆ့ေတြကို စာမျပန္တာလဲ"
စကားတစ္ခြန္းအၿပီးတြင္ သူ႕ဘက္မွ တစ္ထစ္အေလ်ာ့ေပးသည့္အလား ထပ္၍ဆိုလာ၏။
"မျမင္လို႔လား"
"ျမင္သားပဲ"
ဝိန္းရိဖန္က ေရပိုက္ကိုဖြင့္ၿပီး အသီးအ႐ြက္မ်ားကိုေဆးေၾကာရင္း မတြန့္မဆြန့္ဘဲျပန္ေျဖလာသည္။
"မျပန္ခ်င္လို႔ မျပန္တာ"
"...."
စန္းရန္က အကၤ်ီလက္ကိုပင့္တင္ၿပီး ဝိန္းရိဖန္၏လက္အား အသီးအ႐ြက္ဇလုံထဲမွဆြဲထုတ္လိုက္၏။ သည့္ထက္အျပင္ ေျပာစရာစကားမဲ့ေအာင္လုပ္ေနသည့္လူက လက္ေရစိုႀကီးျဖင့္ သူမ၏မ်က္ႏွာအား ျဖစ္ညွစ္လိုက္၏။
"ရပါတယ္ေလ"
ဝိန္းရိဖန္ မ်က္ေစာင္းထိုးၾကည့္လိုက္ကာ ေရစိုေနသည့္လက္ႏွစ္ဖက္အား သူ႕အကၤ်ီႏွင့္ အၾကမ္းပတမ္းသုတ္ပစ္လိုက္သည္။
သူမ၏လုပ္ရပ္ေၾကာင့္ စန္းရန္က ;
"ဝိန္း႐ႊမ္းက်န့္ ၊ မင္း အခုေတာ့ အရမ္းေတြေဒါသႀကီးတတ္ေနၿပီေပါ့"
"...."
အဲ့ဒါက! နင့္ဘက္က! အရင္ဆုံး! ငါအိပ္ေနတာကို! လာဆူညံေနတာ! မဟုတ္ဘူးလား! ! !
ဝိန္းရိဖန္၏စိတ္အေျခအေနမွာ ထူးဆန္းလြန္းစြာျဖင့္ ရႈပ္ေထြးမြန္းၾကပ္လာရသည္။ သူ႕ကိုလ်စ္လ်ဴရႉထားၿပီး တစ္ဖက္သို႔လွည့္ကာ အိုးတစ္လုံးယူ၍ ေရျဖည့္လိုက္သည္။ သူႏွင့္ စည္းျခားထားလိုက္သည့္အလား ေရျဖည့္ေနရင္းျဖင့္လည္း ေျခလွမ္းသုံးေလးလွမ္း ျခားပစ္လိုက္ေသး၏။
စန္းရန္က ေရပိုက္ကိုပိတ္ၿပီး တစ္သ်ႉးျဖင့္ လက္သုတ္၍ ;
"ဝိန္း႐ႊမ္းက်န့္"
ဝိန္းရိဖန္က လွ်ပ္စစ္မီးဖိုေပၚသို႔ အိုးတင္လိုက္ၿပီး ခလုတ္ဖြင့္လိုက္သည္။
သူက ဝါက်တစ္ေၾကာင္းကိုသုံးျခမ္းခြဲၿပီး ယခုျပႆနာ၏အဓိကအခ်က္ကို ေဖာ္ျပလာခဲ့သည္။
"မင္း"
"စစ္ေအးတိုက္ပြဲခင္းေနတယ္"
"ကိုယ့္ကို"
ထိုစကားေၾကာင့္ ဝိန္းရိဖန္ သူ႕အား ခ်က္ခ်င္းလွမ္းၾကည့္လိုက္သည္။ သူမ အေသအခ်ာေတြးၾကည့္လိုက္ရာ အမွန္တကယ္လည္း စစ္ေအးတိုက္ပြဲခင္းထားသည့္အေျခအေနမ်ိဳး ျဖစ္ေနေသာေၾကာင့္ အက်ိဳးအေၾကာင္းသင့္သည့္ ေတာင္းဆိုခ်က္တစ္ခုကို ျပဳလိုက္၏။
"ဒါဆိုလည္း နင္ ငါ့ကို စကားလာေျပာမေနနဲ႕ေလ"
စန္းရန္က မ်က္ခုံးအသာအသာပင့္၍ ;
"အဲ့လိုလုပ္လို႔ ရလို႔လား"
သူမအား စစ္ေအးတိုက္ပြဲခင္းသည္ဟု ထပ္၍စြပ္စြဲေနမည္စိုးေသာေၾကာင့္ ဝိန္းရိဖန္ ေခါင္းၿငိမ့္ျပလိုက္သည္။
ဝိန္းရိဖန္က ေခါက္ဆြဲေျခာက္ထုပ္ကိုျဖည္ၿပီး ပမာဏဘယ္ေလာက္မ်ားမ်ား ထည့္ရမည့္အေၾကာင္း စဥ္းစားေနသည့္အခိုက္တြင္ စန္းရန္က သူမအား အေနာက္ဘက္မွေန၍ ႐ုတ္တရက္ေပြ႕ဖက္လာခဲ့၏။ ေခါင္းတစ္လုံးစာအရပ္ျမင့္သည့္သူက ခႏၶာကိုယ္ကိုအနည္းငယ္ကိုင္းထားၿပီး သူမ၏ပုခုံးေပၚ ေမးတင္ထားသည္။
ႏွစ္ေယာက္သား၏ခႏၶာကိုယ္မွာ တသားတည္းကပ္၍။
သူမ၏ခႏၶာကိုယ္အား မွီစရာတစ္ခုသဖြယ္ သေဘာထားေနကာ သူ႕ခြန္အားမ်ားအားလုံးကို ေလ်ာ့ခ်ပစ္ၿပီး ပူးကပ္၍မွီလာေလသည္။
ဝိန္းရိဖန္ ခ်က္ခ်င္းလွည့္ၾကည့္လိုက္လွ်င္။
"ဘာလို႔လဲ....ကိုယ္ တစ္ခ်က္ေလးပဲ နမ္းမွာကို...."
စန္းရန္၏မ်က္ခုံးႏွင့္မ်က္ဝန္းက မည္းနက္ေနၿပီး ေအာက္ႏႈတ္ခမ္းကို ေလ်ာ့ေလ်ာ့ေလးေကြးထားရင္း ႏွေးႏွေးေကြးေကြးျဖင့္ ;
"မေန႕ညတုန္းက ကိုယ္ မင္းကို အမ်ားႀကီးနမ္းခဲ့တုန္းကေတာင္ မင္း စိတ္ဆိုးသြားတာမ်ိဳးမျမင္ရဘဲနဲ႕"
"...."
ဒီႏွစ္ခုက အေျခအေနခ်င္းတူလို႔လား? ? ?
တမူထူးျခားစြာကို ခြၽဲျပေနသည့္လူေၾကာင့္ ဝိန္းရိဖန္ သူ႕မ်က္ႏွာအား မေနနိုင္ေအာင္ညွစ္ပစ္လိုက္ေတာ့သည္။
ေမွာ္ပညာျဖင့္လွည့္စားလိုက္သည့္အလား သူမ၏လႈပ္ရွားမႈေလးတစ္ခုျပဳလာသည္ႏွင့္ စန္းရန္၏ပါးခ်ိဳင့္လည္း ပို၍ထင္သာလာခဲ့ကာ မ်က္ႏွာအမူအရာကအစ ႏူးညံ့သြားခဲ့၏။ သူက ရယ္ခ်င္ေနသည့္စိတ္ကို ေအာင့္အည္းထားၿပီး ေတာင္းပန္တိုးလွ်ိုးေနသည့္အသံမ်ိဳးေလးျဖင့္ ;
"အင္းပါ....ကိုယ္ မွားသြားပါတယ္"
ဝိန္းရိဖန္က သူ႕အား မ်က္ေတာင္မခတ္တမ္းလွမ္းၾကည့္ေနလိုက္သည္။
စန္းရန္က သူမ၏မ်က္ဝန္းမ်ားကို လွမ္းၾကည့္လာ၍ ;
"စိတ္မဆိုးနဲ႕ေတာ့ေနာ္"
စကၠန့္ပိုင္းတစ္ခုစာ ေအးခဲသြားၿပီးသည္အထိ သူမ၏အမူအရာက လုံးဝမေလ်ာ့သြားေသးသည္ကို ျမင္လိုက္ရသည့္အခါ စန္းရန္က စေနာက္လိုသည့္အသံမ်ိဳးျဖစ္သြားခဲ့ေတာ့၏။
"မင္းဆိုတဲ့ေကာင္မေလးက ဘာလို႔ ဒီေလာက္ထိေခ်ာ့ရခက္တာလဲ"
"...."
"မင္း ကိုယ့္ကို မသနားဘူးလား ၊ နာရီပိုင္းေလးေတာင္ မအိပ္ေသးရတာကို ဟိုေခြးေကာင္သြမ့္က်ား႐ႊီက ကိုယ့္ကို တက်ီက်ီနဲ႕ဖုန္းေခၚၿပီး လူသြားႀကိဳခိုင္းတာ ၊ ဟိုမေလာက္ေလးမေလာက္စား 'ေရွာင္ေကြ'ကို သြားႀကိဳၿပီး ျပန္လာတဲ့အခ်ိန္က်ေတာ့...."
စန္းရန္က ႏွေးႏွေးေကြးေကြးျဖင့္ ;
"ကိုယ့္မိန္းမေလးက ကိုယ့္ကို စစ္ေအးတိုက္ပြဲခင္းၿပီး ပစ္ထားတယ္"
ဝိန္းရိဖန္ မေနနိုင္ေအာင္ ဝင္ေျပာမိလိုက္၏။
"ငါ ဘယ္ေလာက္ၾကာၾကာမွေတာင္ စစ္ေအးတိုက္ပြဲမခင္းရေသးဘူး"
စန္းရန္ ;
"ဒါေပမယ့္ ကိုယ္က အရမ္းနာက်င္ခံစားသြားရတာ...."
"ငါ အဲ့ေလာက္ထိလည္း ေသြးမေအးျပရေသးဘူးေနာ္"
"အမ္....ကိုယ္ကေတာ့ ေအးစိမ့္သြားရတာေလ"
စန္းရန္က ဝိန္းရိဖန္က အားထည့္၍တိုးဖက္လိုက္ၿပီး သူမ၏ခႏၶာကိုယ္တစ္ခုလုံးအား သူ႕ရင္ခြင္ထဲျမႇုပ္ထားလိုက္သည္။ သူမ၏လည္ပင္းသားမ်ားကို တစ္တိတိျဖင့္ကိုက္၍လည္း ေဒါသေျပသြားမည့္နည္းလမ္းမ်ိဳးစုံကိုသုံးေန၏။
"ကိုယ့္ကို ႏြေးသြားေအာင္လုပ္ေပးပါဦး"
"ေအးေနရင္လည္း အႏြေးထည္သြားဝတ္"
ဝိန္းရိဖန္ ယားက်ိက်ိျဖစ္လာၿပီး ေဒါသမ်ားကလည္း သူ႕စကားလုံးႏွင့္စေနာက္မႈမ်ားေၾကာင့္ ေပ်ာက္ကြယ္ေျပေလ်ာ့သြားကာ ရယ္ခ်င္သလိုလိုျဖစ္လာရသည္။
"လူကျဖင့္ ဒီေလာက္ေတာင္ႀကီးေနၿပီကို ေန႕တိုင္းေန႕တိုင္း နင့္ကိုယ္နင္ ေယာက္်ားရင့္မာႀကီးလို႔ ေျပာေျပာေနၿပီးေတာ့ ဘာလို႔ ငါ့ကို လာခြၽဲေနတာလဲ"
စကားေျပာေနရင္း မီးဖိုေခ်ာင္တံခါးရွိရာဘက္သို႔လည္း ေဘးတိုက္အေနအထားျဖင့္ လွမ္းၾကည့္မိ၏။
မီးဖိုေခ်ာင္တံခါးမွာ မွန္တံခါးမ်ိဳးျဖစ္ၿပီး ဤေနရာမွလွမ္းၾကည့္လွ်င္ ဧည့္ခန္းထဲရွိ ဆိုဖာေပၚထိုင္၍ ဖုန္းကစားေနသည့္ စန္းက်စ္ကို လွမ္းျမင္ေနရသည္။ အျမင္ခံလိုက္ရမည္ကိုစိုးရိမ္ေသာေၾကာင့္ ဝိန္းရိဖန္၏စိတ္ထဲတြင္ အျခားေသာခံစားခ်က္တစ္ခုက အစားဝင္လာၿပီး လက္ကိုျမႇောက္၍ စန္းရန္၏မ်က္ႏွာအား တြန္းထုတ္လိုက္သည္။
"သတိထားေလ"
စန္းရန္ ;
"ဘာလို႔လဲ"
"က်စ္က်စ္ အျပင္ဘက္မွာရွိတယ္ေလ ၊ ေကာင္မေလး ေနရခက္ေနမွာေပါ့"
စန္းရန္က အရွက္မရွိ ၊ ဘယ္သူမွမျမင္နိုင္သလိုမ်ိဳး ျပဳမူေနသည့္အတြက္ ဝိန္းရိဖန္ စိတ္ရွည္ရွည္ျဖင့္ သတိေပးလိုက္၏။
"ၿပီးေတာ့ နင္က အစ္ကိုတစ္ေယာက္လုပ္ေနၿပီး ညီမေလးေရွ႕မွာ ေလးစားေအာင္မေနျပေတာ့ဘူးလား"
"ေလးစားေအာင္ ဟုတ္လား ၊ သူ႕မ်က္လုံးထဲမွာ ကိုယ့္ကို အစတည္းက အဲ့လိုမ်ိဳးျမင္မေနဘူး"
"...."
စန္းရန္က ဧည့္ခန္းဆီသို႔ ေခါင္းလွည့္ၾကည့္လိုက္ၿပီး ေအးေအးလူလူျဖင့္. ;
"ၿပီးေတာ့ အဲ့ဒီ'ေရွာင္ေကြ'က ဟိုေကာင္သြမ့္က်ား႐ႊီလို ရည္းစားမ်ိဳးရထားမွေတာ့ ေလႀကီးလွိုင္းႀကီးေတြကို ႀကဳံရေလာက္ၿပီးတဲ့လူလို႔ သတ္မွတ္လို႔ရေနၿပီ"
ဝိန္းရိဖန္က ဆိုလိုရင္းကို သိပ္နားမလည္ေခ်။
"အာ"
ဤသို႔ဤႏွယ္စကားဆိုလိုက္ေသာ္ျငား စန္းရန္က ခပ္မတ္မတ္ျပန္ရပ္ၿပီး သူမ၏ေဘး၌ ရပ္ကာ ေခါင္းသဲ့သဲ့ေစာင္းၾကည့္လိုက္သည္။
"အဲ့ဒီလူယုတ္မာေကာင္က ကိုယ့္ထက္ပိုၿပီး ထိန္းထိန္းသိမ္းသိမ္းေနေပးမယ့္ေကာင္လို႔မ်ား ထင္ေနလား"
စန္းရန္၏စကားေၾကာင့္ ဝိန္းရိဖန္၏စိတ္ထဲတြင္ သြမ့္က်ား႐ႊီက ဘယ္လိုဘယ္ပုံလူမ်ိဳးျဖစ္ေၾကာင္း သိခ်င္လာမိေတာ့သည္။ ဘယ္လိုပင္ျဖစ္ေစ သူမ၏ရႈေထာင့္မွၾကည့္လွ်င္ စန္းရန္၏ကိုယ့္ကိုကိုယ္ယုံၾကည္ခ်က္ရွိလြန္းမႈႏွင့္ မထီမဲ့ျမင္ျပဳမႈတို႔က မည္သူမွလိုက္မမွီသည့္ အဆင့္မ်ိဳးေရာက္ေနၿပီပင္။
ေခါက္ဆြဲက်က္သည့္အခါတြင္ေတာ့ သုံးေယာက္သားက စားပြဲဝိုင္းတြင္ မ်က္ႏွာခ်င္းဆိုင္ၾကလ်က္။
မွတ္စုတိုႏွင့္ပတ္သတ္ၿပီး ဝိန္းရိဖန္ အထင္လႊဲေနမည္ကို စိုးရိမ္သည့္စန္းက်စ္က ရွားရွားပါးပါး စန္းရန္ဘက္မွလိုက္ေပး၍ သတိႀကီးႀကီးထားကာ ရွင္းျပလာခဲ့သည္။
"ရိဖန္က်ဲ....ခုဏတုန္းက ထမင္းဘူးကေလ ညီမေလးရဲ႕ေကာင္ေလးပို႔လိုက္တာ ၊ သူက ကိုကို႔ကို အိပ္ရာႏွိုးၿပီး ညီမေလးကို လာႀကိဳေစခ်င္တဲ့ရည္႐ြယ္ခ်က္နဲ႕လုပ္လိုက္တာပါ ၊ အျခားသူ မဟုတ္ဘူးေနာ္"
ဝိန္းရိဖန္က ၿပဳံးလိုက္၍ ;
"မမ သိတယ္ ၊ ခုဏတုန္းက ညီမေလးရဲ႕အစ္ကိုကို စ,ေနတာ"
စန္းက်စ္က ထိုအခါတြင္မွ သက္ျပင္းခ်လိဳက္ၿပီး အၾကည့္မ်ားမွာေတာ့ အေရွ႕တြင္ျမင္ေနရသည့္ႏွစ္ေယာက္အား ဆက္၍ၾကည့္ေနဆဲ။ ၾကည့္ရသည္မွာ ဤျမင္ကြင္းမ်ိဳးကို က်င့္သားမရေသးသည့္ဟန္ပင္။ စန္းက်စ္က ဘယ္လိုမွလိုက္ဖက္သည္ဟု မခံစားရေတာ့သည့္အဆုံးတြင္ေတာ့ မေနနိုင္ေအာင္ စကားဆိုလိုက္မိသည္။
"ရိဖန္က်ဲ ၊ မမ ညီမေလးရဲ႕ကိုကိုနဲ႕ အိမ္ခန္းအတူမွ်ေနတာ ၾကာၿပီမလား"
ဝိန္းရိဖန္ ; "အမ္"
"ဒီအတိုင္း....."
စန္းက်စ္က ေရ႐ြတ္သလို တ႐ြတ္႐ြတ္ျဖင့္ မတိုးမက်ယ္ဆိုလိုက္၏။
"မမရဲ႕လက္တြဲေဖာ္ေ႐ြးတဲ့စံႏႈန္းက နိမ့္သြားလို႔...."
"...."
စန္းရန္ ခ်က္ခ်င္းလွည့္ၾကည့္လာၿပီး ေအးစက္စက္အသံျဖင့္ ;
"ဘာေျပာလိုက္တာ"
ဤသည္မွာ ဝိန္းရိဖန္ေကာင္ေလး၏မေကာင္းေၾကာင္းကို အတင္းေျပာေနျခင္းႏွင့္တူသျဖင့္ စန္းက် စ္က တစ္ခဏေအာင့္အည္းလိုက္ကာ သည္အေၾကာင္းကို ထပ္၍မဆို။ ေခါင္းငုံ႕ကာ ေခါက္ဆြဲတစ္ငုံစားလိုက္ၿပီး ဝိန္းရိဖန္ကိုလည္း တစ္ခ်က္လွမ္းၾကည့္ရင္း အျခားတစ္မ်ိဳးေျပာင္း၍ဆိုသည္။
"ရိဖန္က်ဲ ၊ မမက အရမ္းလွေနရဲ႕သားနဲ႕ကို...."
ေစာင္းေျမာင္းေျပာဆိုေနေသာ္ျငား ဆိုလိုရင်းအဓိပ္ပါယ်မှာ သိသိသာသာ။
စန္းရန္တစ္ေယာက္ ေနာက္ေက်ာကိုဓါးျဖင့္ထိုးမည့္ရန္သူအား အိမ္ထဲေခၚလာမိသည့္အျဖစ္။ ထိုင္ခုံကို ေက်ာမွီထိုင္လိုက္ၿပီး စန္းက်စ္အား တည့္တိုးစိုက္ၾကည့္လိုက္၏။
"ေရွာင္ေကြ....မင္း ငါ့ကို ဘာအကူအညီေတာင္းထားလဲ မွတ္မိလား"
စန္းရန္အား မိဘေတြေရွ႕တြင္ သြမ့္က်ား႐ႊီ၏ေကာင္းေၾကာင္းမ်ား ေျပာျပေပးရန္ အကူအညီေတာင္းထားသည့္ စန္းက်စ္ ;
"...."
စကၠန့္ပိုင္းၾကာသြားၿပီးသည့္အခါ။
စန္းက်စ္က မေျပာခ်င္ေျပာခ်င္ျဖင့္ ထပ္ေပါင္း၍ စကားဆိုလိုက္ရ၏။
"ညီမေလးရဲ႕ကိုကိုကလည္း အရမ္းေခ်ာတာပါေနာ္"
---------
ထို႔ေနာက္တြင္ ဝိန္းရိဖန္က ဌာနသို႔သြား၍ အက,ေလ့က်င့္ရန္ စီစဥ္ထား၏။ စန္းရန္က ခဏေလးသာအိပ္ထားရေသးသည့္ကိစၥကိုလည္းေတြးမိၿပီး အတင္းကာေရာ သြားအိပ္ခိုင္းခဲ့ကာ ထိုအေၾကာင္းျပခ်က္ျဖင့္ သူမက အိမ္ျပင္ထြက္လာရင္း စန္းက်စ္ကိုပါ လမ္းႀကဳံအိမ္ျပန္ပို႔ေပးခဲ့သည္။
ႏွစ္လနီးပါးဆိုသည့္အခ်ိန္အတြင္းတြင္ ဝိန္းရိဖန္သည္ ဌာန၏အစည္းအေဝးခန္းမထဲ၌ အားလပ္သည့္အခ်ိန္တိုင္း အက,ေလ့က်င့္ခဲ့၏။ ျပင္ဆင္ထားသည္မွာလည္း အရင္က သူမ အကြၽမ္းက်င္ဆုံးျဖစ္ခဲ့သည့္ ဘဲေလးအက, "The Nutcracker"။
ႏွစ္ေတြၾကာလာခဲ့သည့္အတြက္ ခႏၶာကိုယ္ေပ်ာ့ေပ်ာင္းမႈမ်ားကေတာ့ အရင္ကႏွင့္ မယွဥ္သာပါေတာ့ေပ။ ေလ့က်င့္ေနသည့္ကာလတစ္ေလွ်ာက္လုံးတြင္ ပင္ပန္းကိုက္ခဲခဲ့ပါေသာ္လည္း ဝိန္းရိဖန္အေနျဖင့္ ထိုစဥ္အခါက ေလ့က်င့္ေရးဆင္းခဲ့ဖူးသည့္ခံစားခ်က္မ်ိဳးကို ျပန္လည္ခံစားမိခဲ့ရသည္။
ထိုအခ်ိန္တုန္းက ရွိခဲ့ဖူးသည့္စိတ္ေသာကမ်ား လက္မခံနိုင္ျခင္းမ်ားကလည္း တေျဖးေျဖးႏွင့္ ေမွးမွိန္ႏွင့္ခဲ့ၿပီပင္။
စန္းရန္ ျမင္သြားၿပီးလွ်င္ ျဖစ္တည္လာမည့္အမူအရာမ်ိဳးကို ျမင္ေယာင္ၾကည့္မိရင္း ဝိန္းရိဖန္တစ္ေယာက္ ေပ်ာ္႐ႊင္လာမိၿပီး အဆုံးအစမဲ့ေသာႀကိဳးစားခ်င္စိတ္တို႔ ျဖစ္လာခဲ့သည္။
ေနာက္တစ္ေန႕ ေန႕လည္ခင္းမွာ ႏွစ္ပတ္လည္အခမ္းအနားအတြက္ အစမ္းေလ့က်င့္ခ်ိန္ျဖစ္ၿပီး အခမ္းအနား အမွန္တကယ္ စတင္မည့္အခ်ိန္မွာ ည ၇ နာရီျဖစ္သည္။
ည ၇နာရီထိုးခါနီးတွင်ေတာ့ ဝိန္းရိဖန္သည္ စန္းရန္ထံမွ သူ႕ဘက္၌ ႐ုတ္တရက္ကိစၥေပၚလာသျဖင့္ အနည္းငယ္ေနာက္က်နိဳင္မည့္အေၾကာင္း ေပးပို႔လာသည့္မက္ေဆ့တစ္ေစာင္ လက္ခံရရွိလိုက္သည္။ မက္ေဆ့ကို စိုက္ၾကည့္ေနမိရင္း သူမအေနျဖင့္ စန္းရန္ လာလိမ့္မည္ဟု အရင္ကတည္းက အေသအခ်ာႀကီးတထစ္ခ်မွတ္ယူထားျခင္းမဟုတ္ရပါေသာ္ျငား အခ်ိန္အၾကာႀကီး ေလ့က်င့္ထားခဲ့သည့္အတြက္ ယခုလိုမက္ေဆ့မ်ိဳး လက္ခံရရွိလိုက္သည့္အခါ စိတ္ထဲအားေလ်ာ့သြားရသည္မွာအမွန္ပင္။
အဘယ္ေၾကာင့္ဆိုေသာ္ သူမ၏ ပြဲစဥ္ နံပါတ္မွာ အေတာ္ေလးအေရွ႕ေရာက္ေနေသာေၾကာင့္။
သို႔ေသာ္ ဤခံစားခ်က္မွာ အခ်ိန္ၾကာၾကာရွိမေနလိုက္ရျပန္ ၊ ျမင္ေတြ႕သြားရလွ်င္ကို အဆင္ေျပသည့္အတြက္ ဝိန္းရိဖန္က စုထ်န္းအား ဗြီဒီယိုရိုက္ထားေပးရန္ အကူအညီေတာင္းခံထား၏။ ထို႔အျပင္ ဝိန္းရိဖန္က ဖုကြၽမ့္၏လုပ္ငန္းသုံးကဒ္ကို စန္းရန္ထံသို႔ ပို႔ေပးလိုက္၍
[ တကယ္လို႔ ငါ ခဏေနက် နင့္ကို စာမျပန္ျဖစ္ခဲ့ရင္ နင္ သာ့ကြၽမ့္ကို လွမ္းေခၚၿပီး အေပၚတက္လာခဲ့လိုက္ေနာ္ ]
စန္းရန္ ; [ ဟုတ္ၿပီ ]
ႏွစ္ပတ္လည္အခမ္းအနား၏ပတ္ဝန္းက်င္တစ္ခြင္မွာ ေဖ်ာ္ေျဖမႈမ်ိဳးစုံတို႔ေၾကာင့္ စည္ကားသိုက္ၿမိဳက္လ်က္ရွိသည္။ ဝိန္းရိဖန္က လက္ကိုင္ဖုန္းကိုၾကည့္ၿပီး တၿပဳံးၿပဳံး။ သူမ အလွည့္ေရာက္ခါနီးသည့္တိုင္ စန္းရန္ ထြက္လာသည့္အရိပ္အေယာင္မ်ိဳးကို မေတြ႕ရေသး။
ဝိန္းရိဖန္လည္း ထပ္ေစာင့္၍မရေတာ့သျဖင့္ ဖုကြၽမ့္ကို မွာထားခဲ့ၿပီးေနာက္တြင္ စတိတ္စင္၏အေနာက္ဘက္သို႔ ထြက္လာခဲ့လိုက္ေတာ့သည္။
---------
အစပိုင္းတြင္ အရာအားလုံးက ပုံမွန္အတိုင္း ေကာင္းေကာင္းမြန္မြန္ၿပီးဆုံးသြားပါေသာ္လည္း စန္းရန္ ကုမၸဏီမွထြက္လာခါနီးတြင္မွ လက္ရွိပေရာဂ်က္ႏွင့္ပတ္သတ္သည့္ ယာယီျပႆနာေပၚလာခဲ့ကာ အခ်ိန္ပိုဆင္းလိုက္ရသည္။ အလုပ္ကို အေလာတလ်င္အဆုံးသတ္ၿပီးသည္ႏွင့္ ကုမၸဏီထဲမွထြက္လာၿပီး ဝိန္းရိဖန္ ပို႔ထားေပးသည့္လိပ္စာအတိုင္း ကားျဖင့္ထြက္လာခဲ့သည္။
အေဆာက္အဦးေအာက္သို႔ေရာက္သည့္အခါ စန္းရန္က ဝိန္းရိဖန္ထံ မက္ေဆ့ပို႔လိုက္၏။
စာမျပန္ပါေပ။
စန္းရန္က ဖုကြၽမ့္၏ Wechat အေကာင့္ကို Add လိုက္၏။ သိပ္မၾကာလိုက္ပါဘဲ ဖုကြၽမ့္၏ပုံရိပ္က စန္းရန္အေရွ႕သို႔ ေရာက္လာခဲ့ကာ စန္းရန္ကို လွမ္းျမင္လိုက္သည္ႏွင့္ အလ်င္အျမန္ဆြဲေခၚလိုက္ၿပီး
"ေကာ....ျမန္ျမန္ေလး! ရိဖန္က်ဲ ေဖ်ာ္ေျဖေတာ့မွာ! ၊ ကြၽန္ေတာ္ အရမ္းၾကည့္ခ်င္ေနခဲ့တာေနာ္! အစ္ကို႔ေၾကာင့္ လြဲသြားရလိမ့္မယ္!"
"...."
စန္းရန္၏မ်က္ခုံးမ်ား လႈပ္သြားခဲ့ၿပီး တစ္ခုခုေျပာလိုက္ခ်င္ေသာ္ျငား ပါးစပ္ထဲမွထြက္လာပါသည့္တစ္ခြန္းမွာ ;
"ဒါဆိုလည္း မင္း ျမန္ျမန္သြားေလ"
ႏွစ္ေယာက္သားက ဓါတ္ေလွကားထဲ၌။
ဖုကြၽမ့္က အေတာ္ေလးကိုစကားမ်ားၿပီး စန္းရန္ႏွင့္ စေတြ႕သည့္အခ်ိန္ကတည္းက တစ္ခြန္းမွမရပ္ေသး။ အမ်ားစုမွာ ဝိန္းရိဖန္အား အဆက္မျပတ္ခ်ီးက်ဴးေနသည့္ စကားမ်ားပင္ ျဖစ္သည္။
"ရိဖန္က်ဲက တကယ္ႀကီးအရမ္းေတာ္တာပဲ ၊ အစ္မ လုပ္တတ္တာေတြ အမ်ားႀကီးရွိတယ္ေရာ ၊ ၿပီးေတာ့လည္း ဒီေန႕ပြဲအတြက္ အစ္မ အခ်ိန္ေတြအၾကာႀကီးေလ့က်င့္ထားခဲ့တာ ၊ ေန႕တိုင္းေလ့က်င့္တာေနာ္ ေန႕တိုင္း! ကြၽန္ေတာ္တို႔ေတြ အလုပ္ဆင္းလို႔ အိမ္ျပန္ရင္ေတာင္ အစ္မက အစည္းအေဝးခန္းထဲမွာ ေလ့က်င့္ဖို႔ေနခဲ့တာပါဆို"
"...."
"အိုင္း....တကယ္လို႔ ကြၽန္ေတာ္သာ က,တတ္ရင္ေလ.."
ဖုကြၽမ့္က သက္ျပင္းခ်၍ ;
"ကြၽန္ေတာ္ ေသခ်ာေပါက္ အစ္မနဲ႕အတူက,မွာ ၊ အစ္ကို ေျပာၾကည့္ၾကည့္ ရိဖန္က်ဲ ဘယ္ေလာက္ေတာင္မ်ား အေဖာ္မဲ့ေနလိုက္မလဲ ၊ ဒါနဲ႕ေလ ေကာ.....ဘာလို႔ အစ္မကို အေဖာ္လုပ္ၿပီး မက,တာလဲ ၊ အစ္ကိုသာ ေဘးနားကေန ပံ့ပိုးလိုက္ရင္ ၾကည့္လို႔ေကာင္းလိုက္မယ့္ျဖစ္ခ်င္း"
စန္းရန္အတြက္ နားေထာင္ၾကည့္ေလ တစ္စုံတစ္ရာမူမမွန္ေလ။
သူ ထုတ္ေမးလိုက္ခ်ိန္ပင္မရေတာ့ဘဲ ႏွစ္ပတ္လည္အခမ္းအနားက်င္းပေနသည့္ ေနရာအဝင္ဝဆီသို႔ ေရာက္လာခဲ့ၾကသည္။ မီးေရာင္မ်ားကို မွိန္ခ်ထားၿပီး စတိတ္စင္ေပၚမွ မီးတစ္ခုတည္းကိုသာ လင္းထိန္ေနေအာင္ထိန္းထားသည့္ပုံမွာ ေနာက္ထပ္ေဖ်ာ္ေျဖမႈတစ္ခု စတင္ေတာ့မည့္အျပင္အဆင္မ်ိဳး။
အစီအစဥ္တင္ဆက္သူကလည္း စကားေျပာလ်က္သားရွိေနသည့္အခ်ိန္။
ဖုကြၽမ့္က အျခားသူမ်ားကို အႏွောင့္အယွက္ေပးမိမည္စိုး၍ ႐ုတ္တရက္ႀကီး ၿငိမ္က်သြားခဲ့သည္။ စတိတ္စင္ေအာက္ဘက္တြင္ စားပြဲဝိုင္းမ်ားစြာရွိၿပီး အေအးႏွင့္သေရစာမ်ားကို တည္ခင္းထားသည္။ စားပြဲေနရာက ဌာနအလိုက္ စီစဥ္ေပးထားျခင္းျဖစ္ၿပီး စန္းရန္က ဖုကြၽမ့္ေပးသည့္ေနရာ၌ ဝင္ထိုင္လိုက္သည့္အခါ ဝိန္းရိဖန္၏လက္ကိုင္အိတ္ႏွင့္ဖုန္းအား သူ႕ေဘးေနရာ၌ ေတြ႕လိုက္ရ၏။
တစ္ခ်ိန္တည္းဆိုသလို အစီအစဥ္တင္ဆက္သူ၏ တင္ဆက္ျခင္းက႑ၿပီးဆုံးသြားခဲ့ၿပီး စင္ေပၚမွ ထြက္ခြာသြားသည့္အခ်ိန္ စန္းရန္က စတိတ္စင္ေပၚသို႔ လွမ္းၾကည့္လိုက္ရာ စိတ္ဝိဥာဥ္တစ္ခုလုံး မွင္သက္သြားခဲ့ရသည္။
ဤအခ်ိန္ ဤအခိုက္အတန့္တြင္ ဝိန္းရိဖန္က စင္ေပၚ၌ တစ္ကိုယ္တည္းမတ္တပ္ရပ္ေနလ်က္ရွိကာ အကၤ်ီလက္ျပတ္ဒီဇိုင္းမ်ိဳးျဖစ္သည့္ အျဖဴေရာင္ဘဲေလးအက,ဝတ္စုံထား၍ ညွပ္ရိုးတစ္ေလွ်ာက္ႏွင့္ ငန္းမေလး၏လက္ေမာင္းသားတို႔အား လွစ္ဟျပထားၿပီး ဗလာက်င္းေနသည့္ေက်ာျပင္ထက္တြင္ ေခ်ာေမြ႕စြာတည္ရွိေနသည့္ လိပ္ျပာရိုးတစ္စုံ။
မ်က္ႏွာအသြင္အျပင္ထက္မွ က်က္သေရရွိသည့္အလွတရားအျပင္ ေဖြးေနသည့္အသားအရည္ေပၚ၌ အလင္းေရာင္မ်ား က်ေရာက္ေနေသး၏။
ရင္းႏွီးလြန္းခဲ့ေသာ "The Nutcracker" သီခ်င္းသံက သူ႕နားအိမ္အတြင္း တိုးဝင္လာခဲ့သည္။
ေခါင္းေလာင္းျမည္သလို တက္ႂကြေပါ့ပါးသည့္အသံက စိတ္အာ႐ုံကို မဖမ္းစားဘဲမေနနိုင္။ ဝိန္းရိဖန္က ပရိတ္သတ္မ်ားကို မ်က္ႏွာမူထားၿပီး ေျခဖ်ားေထာက္ရပ္ေနရင္း ခႏၶာကိုယ္ကလည္း သီခ်င္းသံအလိုက္ ေပ်ာ့ေပ်ာင္းလြန္းစြာျဖင့္ စည္းခ်က္အညီ ကခုန္ေန၏။
ခပ္ျမင့္ျမင့္ေမာ့ထားသည့္ လည္တိုင္တစ္ေလွ်ာက္မွာ ဝင့္ႂကြားေနသည့္ငန္းမေလးတစ္ေကာင္အလားျဖင့္ စင္ေပၚ၌လွည့္ပတ္ေနေသးသည္။
ဤျမင္ကြင္းသ႑ာန္မ်ိဳးကို ေတြ႕ျမင္ခြင့္ရလိမ့္မည္ဟု လုံးဝ,မေမွ်ာ္လင့္ထားသည့္ စန္းရန္မွာ စတိတ္စင္ကိုသာ ေငးၾကည့္ေနေလၿပီး သူ႕ျမင္ကြင္းအာ႐ုံအလုံးစုံအား ဝိန္းရိဖန္တစ္ေယာက္တည္းကသာ လႊမ္းမိုးသြားခဲ့ရာ လုံးလုံးလ်ားလ်ား အၾကည့္မလြဲနိုင္ပါေတာ့ေခ်။ သူ႕လည္စလုတ္မွာ အထက္မွေအာက္သို႔ လႈပ္ရွားသြားခဲ့ၿပီး ဤျမင္ကြင္းဟာ သူ႕မွတ္ဥာဏ္မ်ားထဲမွ ေကာင္မေလးႏွင့္ တစ္ထပ္တည္းျဖစ္လာရေတာ့သည္။
အခ်ိန္ကာလ ရက္သတၱပတ္ တစ္ပတ္တာၾကာျမင့္ေသာ နန္းဝူ အမွတ္ (၁) အထက္တန္းေက်ာင္း၏ ကိုယ္ကာလေလ့က်င့္ေရးသင္တန္းမွာ ႏွစ္စဥ္ႏွစ္တိုင္း ပထမ-စာသင္ႏွစ္ဝက္ စာေမးပြဲအၿပီးတြင္ ျပဳလုပ္ေလ့ရွိသည္။
သင္တန္းေနရာမွာ ၿမိဳ႕ေတာ္၏စိုက္ပ်ိဳးေရးသုေတတနကြင္းထဲတြင္ျဖစ္သည္။
ထိုတစ္ႀကိမ္၏ ေလ့က်င့္ေရးသင္တန္းဆင္းႏႈတ္ဆက္ပြဲေန႕တြင္ အက,ေက်ာင္းသူဆိုသည့္ဂုဏ္ပုဒ္အရ ဝိန္းရိဖန္သည္ ဆရာဆရာမမ်ား၏တိုက္တြန္းခ်က္ေၾကာင့္ မျဖစ္မေန အမွတ္တရေဖ်ာ္ေျဖေပးရသည္။
သင္တန္းဆင္းရက္မတိုင္မီ တစ္ရက္အလို ထိုေန႕ညတြင္ ႏႈတ္ဆက္ပြဲပါတီဆိုသည့္ေလထုေၾကာင့္ နည္းျပဆရာမ်ားက ခါတိုင္းလို စည္းကမ္းမတင္းၾကပ္ဘဲ ေအးေဆးသက္သာစြာျဖင့္ ေနခဲ့ၾကသည္။
စန္းရန္အေနျဖင့္ ဤပါတီပြဲအေပၚ လုံးဝစိတ္မဝင္စားပါဘဲ ပ်င္းရိလြန္းေသာေၾကာင့္ အခ်ိန္ျပည့္အိပ္ခ်င္ေနခဲ့သည္။ စိတ္ထဲ၌ ဤႏႈတ္ဆက္ပြဲႀကီး အျမန္ဆုံး အဆုံးသတ္လိုက္ဖို႔ရာ ေစာင့္စားေနၿပီး ထိုအခါမွသာ သူ အေဆာင္ျပန္အိပ္နိုင္မည္။
ဤသို႔ေတြးထားခဲ့သည္မွာ ဝိန္းရိဖန္ မေပၚလာခင္အထိသာ.....
တန္းခြဲတူသူငယ္ခ်င္းျဖစ္ေနေသာေၾကာင့္ က်န္အတန္းေဖာ္မ်ားက ဂုဏ္ယူအားေပးၾကသည့္အေနျဖင့္ စန္းရန္၏ေဘးနားတြင္ထိုင္ေနၾကသည့္သူမ်ားမွာ သရဲတစ္ေဆလို ေအာ္ဟစ္သူကေအာ္ ၊ ဝံပုေလြလို အူသည့္သူက အူႏွင့္ တေဟးေဟးတဟားဟား တက္ႂကြလာၾက၏။ ေယာက္်ားေလးတစ္ေယာက္မွာမူ မတ္တပ္ပင္ထရပ္ၿပီး အက်ယ္ႀကီးအားေပးလိုက္ေသး၏။
"ဝိန္းရိဖန္က တန္းခြဲ (၁၇) ရဲ႕ နတ္သမီးကြ!"
ေကာင္မေလးမွာေတာ့ မည္သည့္အသံကိုမွမၾကားရသည့္အလား အတည္အၿငိမ္မပ်က္ရွိေန၏။
သူမဟာ အက,စင္၏ အလယ္တည့္တည့္တြင္ရပ္ေနၿပီး အျဖဴေရာင္ဂါဝန္တစ္ထည္ကိုဝတ္ထားကာ အေရာင္ႏုႏုဆံပင္တို႔ကို စည္းထားသျဖင့္ နဖူးျပင္မွာ ေျပာင္ရွင္းလ်က္။ ပတ္ပတ္လည္တစ္ခြင္ ေမွာင္မည္းေနပါေသာ္လည္း ကကြက္,မ်ားထဲ၌သာစီးေမ်ာေနသည့္သူက စတိတ္စင္ကိုေၾကာက္လန့္ျခင္းမရွိသည့္ အ႐ုပ္မေလးလိုပင္။
ခႏၶာကိုယ္ထက္မွ အလင္းေရာင္မ်ားျဖာက်ေနသည္ႏွင့္လည္း တူပါေသးသည္။
ထိုအခ်ိန္အခါတုန္းက သူ ဘယ္လိုဘယ္ပုံခံစားေနမိခဲ့ေၾကာင္းကိုေတာ့ စန္းရန္လည္း ေသေသခ်ာခ်ာမမွတ္မိပါေတာ့ေပ။
သို႔ေသာ္ အေသအခ်ာကို သိေနသည့္တစ္ခုတည္းေသာအရာမွာေတာ့...
ထိုညတြင္ ပါတီပြဲ ၿပီးဆုံးသြားဖို႔သာ တစ္ခ်ိန္လုံးေစာင့္ေနခဲ့သည့္ သူဟာ ထိုအက,ကို ေနာက္တစ္ႀကိမ္ ထပ္၍ ၾကည့္ခ်င္ေနမိခဲ့ျခင္းေပ။
ေနာက္ပိုင္းတြင္။
ကိုယ္ကာလေလ့က်င့္ေရးသင္တန္းအၿပီး၌ ဝိန္းရိဖန္က ထိုေဖ်ာ္ေျဖမႈေၾကာင့္ အတန္းတူမ်ားၾကားတြင္ ပို၍နာမည္ႀကီးလာခဲ့သည္။ အတန္းတူေက်ာင္းသားမ်ားသာမက စီနီယာအတန္းႀကီးေက်ာင္းသားမ်ားကပါ သူမထံမွ ဆက္သြယ္၍ရမည့္အရာမ်ားကိုေတာင္းလာၾက၏။
အဘယ္ေၾကာင့္မွန္းမသိ....
စန္းရန္သည္ အရင္ကာလမ်ားတုန္းက သည္ေကာင္မေလးအေပၚ အာ႐ုံစိုက္ျခင္း လုံးဝမရွိခဲ့ပါသည့္တိုင္ ႏႈတ္ဆက္ပါတီပြဲၿပီးေနာက္တြင္ေတာ့ သူကိုယ္တိုင္က ယခုလိုကိစၥမ်ိဳးႏွင့္ အႀကိမ္တိုင္း တိုက္တိုက္ဆိုင္ဆိုင္ႀကဳံေနရမွန္း သူ သတိထားမိလိုက္ေတာ့သည္။ သူဟာ ေနရာ၌ထိုင္ေနၿပီး ဝိန္းရိဖန္တစ္ေယာက္ သူမထံ ခ်ဥ္းကပ္လာသည့္တစ္ေယာက္ခ်င္းစီတိုင္းကို စိတ္ရွည္သည္းခံၿပီး ျငင္းထုတ္ေနခဲ့ျခင္းကို သူ ေအးတိေအးစက္မ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနခဲ့ဖူးသည္။
ဝိန္းရိဖန္သည္ လူတိုင္းအေပၚ တန္းတူညီတူသာ ဆက္ဆံတတ္သူ ၊ တစ္ဖက္လူက မည္သည့္အျပဳအမူ ၊ မည္သို႔ေသာအဆင့္ ႏွင့္ မည္ကဲ့သို႔ ႐ုပ္ရည္မ်ိဳးျဖစ္ေနပါေစ တစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းအား တစ္ပုံစံတည္းသာ ဆက္ဆံသည္။ အလြန္တရာကိုမွစိတ္ရွည္သည္းခံေပးၿပီး တစ္ဖက္လူ မ်က္ႏွာမပ်က္ရေအာင္ ေျပာဆိုေနပါေသာ္လည္း ျပတ္ျပတ္သားသားျငင္းပစ္ေနသည္မွာလည္း အမွန္ပါေပ။
သူမဟာ သူႏွင့္ တူသလိုလိုရွိၿပီး ထပ္၍လည္း မတူသလိုလို။
သူမ၏အရိုးမ်ားထဲတြင္ သူ႕နည္းတူ မာနမ်ားရွိေသာ္လည္း သူကဲ့သို႔ လူအတိုင္းအေပၚ မထီမဲ့ျမင္ျပဳတတ္သည့္အက်င့္မ်ိဳး မရွိဘဲ ဝိန္းရိဖန္က အလြန္ကိုမွ သိမ္ေမြ႕သည့္သူမ်ိဳးပင္။
တလက္လက္ေတာက္ပေနျခင္းမ်ိဳးႏွင့္တူေသာ္ျငား ထပ္၍လည္း မ်က္စိစူးသည့္အလင္းေရာင္မ်ိဳး မဟုတ္၏။
တစ္ေန႕ေသာေန႕လည္ခင္းတြင္ စန္းရန္က အတန္းေဖာ္မ်ားႏွင့္ ဘတ္စကတ္ေဘာကစားၿပီးေနာက္ စာသင္ခန္းထဲသို႔ျပန္လာကာ အခန္းေသာ့ကိုယူ၍ အေဆာင္ျပန္ေရခ်ိဳးမည္ျဖစ္သည္။ အခန္းတံခါးဝသို႔ေရာက္လွ်င္ေရာက္ခ်င္းတြင္ အခုေလးတင္ ဝင္လာသည့္ ဝိန္းရိဖန္အား ေယာက္်ားေလးတစ္ေယာက္က တံခါးဝ၌လွမ္းတားၿပီးစကားေျပာေနသည္ကို ျမင္လိုက္ရသည္။
စန္းရန္က တစ္ခဏၾကာၾကာလွမ္းၾကည့္ေနၿပီးေနာက္ အၾကည့္လႊဲလိုက္ကာ သူ႕ထိုင္ေနရာဆီသို႔ ေလွ်ာက္လာလိုက္သည္။ စားပြဲခုံေအာက္ထဲ ႏွိုက္၍ အခန္းေသာ့ကိုရွာေနရင္း တစ္ခ်ိဳ႕ေသာအေၾကာင္းျပခ်က္မ်ားေၾကာင့္ ခပ္ျမန္ျမန္ထြက္သြားဖို႔ရာ ေလာမေနဘဲ ေနရာ၌ထိုင္ေနေသး၏။
မိနစ္တစ္ဝက္စာၾကာသြားၿပီးခ်ိန္၌ ဝိန္းရိဖန္လည္း စာသင္ခန္းထဲဝင္လာခဲ့သည္။ အက,ယူနီေဖာင္းကို အႏြေးထည္ထပ္ဝတ္ထားသည့္သူမက ထိုင္ခုံေအာက္မွ ထမင္းစားကဒ္ကိုယူၿပီး ခ်က္ခ်င္းျပန္ထြက္သြားေတာ့မည့္အခ်ိန္။
ဤအခိုက္အတန့္တြင္ စန္းရန္က သူမအား ႐ုတ္တရက္လွမ္းေခၚလိုက္သည္။
"ေဝ့...ဂ်ဴနီယာညီမေလး"
ႏွစ္ေယာက္သားမွာ အေတာ္ေလးကို နီးနီးကပ္ကပ္ရွိေနၿပီး အလယ္တြင္ လမ္းတစ္ခုစာေလးသာ ျခားသည္။
ဝိန္းရိဖန္ လွည့္ၾကည့္လိုက္ၿပီး သူ၏အေခၚအေဝၚႏွင့္ပတ္သတ္၍ စိတ္ထဲထည့္မေနေတာ့ေပ။
"ဘာလဲ"
စန္းရန္ ;
"မင္းမွာ ရည္းစားရွိတာလား"
အဘယ္ေၾကာင့္ ေမးမွန္းမသိေသာ္လည္း ဝိန္းရိဖန္ အမွန္တိုင္းသာေျဖလိုက္သည္။
"မရွိပါဘူး"
စန္းရန္က မ်က္ခုံးပင့္ျပကာ ;
"ဒါဆို ဘာလို႔ အားလုံးကိုျငင္းထုတ္ပစ္ေနတာလဲ"
အမွန္တကယ္တြင္ေတာ့ သည္အခ်င္းကိစၥက စန္းရန္ႏွင့္ လ်ားလ်ားမွ်မသက္ဆိုင္။
သို႔ေသာ္ သေဘာေကာင္းလြန္းသည့္ဝိနိးရိဖန္အတြက္ေတာ့ သူမ မေျဖေပးနိုင္သည့္ေမးခြန္းဟူ၍ မရွိ။ သူမအေနျဖင့္ ေစာေစာရည္းစားမထားခ်င္ေသး၍ဟု ေျပာျပခ်င္ပါေသာ္ျငား ထိုစကားတစ္ခြန္းက မေရရာမေသခ်ာသည့္ဆိုလိုရင္းမ်ိဳး သက္ေရာက္ေနသျဖင့္ အေသအခ်ာေတြးၿပီး ရိုးရိုးရွင္းရွင္းေျပာျပလိုက္သည္။
"သေဘာက်ရတဲ့သူ မေတြ႕ေသးလို႔"
ေကာင္မေလး၏အသံစမွာ ၾကည္လင္ၿပီး သိမ္ေမြ႕မႈေလးပါ သယ္ေဆာင္လာေသးသည္။
သို႔သည့္တိုင္ ျပင္းထန္အားေကာင္းလြန္းလွသည့္အတြက္ စကားလုံးတစ္လုံးခ်င္းစီတိုင္းက သူ႕ႏွလုံးသားကို ရိုက္ခတ္လာပါေတာ့သည္။
သေဘာက်ရတဲ့သူ.....
စာသင္ခန္းထဲတြင္ သူတို႔ႏွစ္ဦးကလြဲ၍ အျခားမည္သူမွမရွိသျဖင့္ အေတာ္ေလးကို တိတ္ဆိတ္ေန၏။ ေလထုတစ္ခြင္မွာ ငယ္႐ြယ္ျခင္းအေငြ႕အသက္မ်ား လႊမ္းၿခဳံထားၿပီး နားအိမ္အတြင္းၾကားေနရသည္မွာ ကစားကြင္းထဲ၌ ေျပးလႊားေနၾကသည့္ေက်ာင္းသားေက်ာင္းသူတို႔၏ဆူညံသံတို႔အျပင္ မည္သည့္ေနရာမွ ပ်ံ့လႊင့္လာမွန္းမသိေသာ ႏွလုံးခုန္သံ။
ထိုအခိုက္အတန့္တြင္ေတာ့ စန္းရန္က အရာအားလုံးကို နားလည္သေဘာေပါက္သြားခဲ့ရ၏။
အရင္က တစ္ခါမွမေတြ႕ခဲ့ဖူးသည့္အရာမ်ားဟာ အဘယ္ေၾကာင့္ လက္ရွိအခ်ိန္က်မွ ဝိန္းရိဖန္ ျငင္းလႊတ္ေနသည့္ျမင္ကြင္းမ်ိဳးကို ခဏခဏႀကဳံေနရသနည္း။
သူ႕မ်က္လုံးထဲတြင္ အျခားေသာအတန္းေဖာ္မ်ားႏွင့္ မထူးမျခားနားျမင္ခဲ့ရသည့္ ေကာင္မေလးတစ္ေယာက္က အဘယ္ေၾကာင့္ ႐ုတ္တရက္ႀကီး သူ႕ျမင္ကြင္းမ်ားထဲတြင္ မၾကာခဏ ေပၚလာရသနည္း။
တိုက္ဆိုင္မႈလား.....
မဟုတ္ေလာက္ဘူးလို႔ ထင္ပါတယ္..
တကယ္ေတာ့ သူက.....
ဘယ္တုန္းကမွ ဂ႐ုမစိုက္ခဲ့တာေတြကို ဂ႐ုစိုက္မိသြားခဲ့တာ.....
ဆယ္ေက်ာ္သက္ေကာင္ေလးက ထိုင္ခုံကို ေက်ာမွီထိုင္လိုက္ၿပီး သူမအား ခပ္ေရးေရးေမာ့ၾကည့္လာခဲ့သည္။ သူ႕ဆံပင္ဖ်ားက ေခြၽးမ်ားျဖင့္ စိုစြတ္ေစးကပ္ေနဆဲျဖစ္ကာ မ်က္ဝန္းမ်ားကေတာ့ ၾကည္လင္ေတာက္ပေန၏။ သူဟာ ေခါင္းကို သဲ့သဲ့ေလးေစာင္းၿပီး ႐ုတ္တရက္အသံထြက္ေအာင္ရယ္လိုက္ရင္း စကားသံတို႔ထဲမွ မထီမဲ့ျမင္ျပဳတတ္မႈမ်ားမွာေတာ့ မေျပာင္းမလဲႏွင့္။
"ဟုတ္လား"
ဤတစ္ႀကိမ္တြင္ေတာ့ တိက်ေသခ်ာလြန္းသည့္အေငြ႕အသက္မ်ိဳးမ်ားပင္ ပါလာခဲ့သည္။
".....ဒါဆို မင္း ေတြ႕သင့္ေနၿပီ"
*****************