နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]

By xiaochong17

73K 5.3K 308

ဒီ​လောက်နှစ်​တွေအကြာကြီးကြာခဲ့တာ​​တောင် ကိုယ် အခုချိန်ထိ မင်းတစ်​ယောက်တည်းကိုပဲ သ​​​ဘောကျ​နေခဲ့တာပါ ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43.1
Chapter 43.2
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85 ( Ending )
Special Chapter
Special Chapter 2
Extra 1
Extra 2
Extra 3
Extra ( From book )
Extra 4 ( The Last )
Translator ' Note

Chapter 76

465 35 2
By xiaochong17

လှုပ်လှုပ်ရှားရှားအ​ခြေအ​နေအား လမ်းသွားလမ်းလာများက တစ်ဦးစ၊နှစ်ဦးစနှင့် လှမ်းကြည့်လာကြကာ ကင်းလှည့်​နေသည့်ရဲအဖွဲ့မှာလည်း လက်ရှိအချိန်၌ ​အချိန်ကိုက်ရောက်လာ​ခဲ့သည်။ အ​ခြေအ​​နေကို အကျိုးအ​ကြောင်းရှင်းပြပြီးသည့်အခါ ရဲအဖွဲ့က ချယ်ရှင့်ဒယ်အား လက်ထိပ်ခတ်ပြီး ကားထဲဆွဲထည့်ထားလိုက်သည်။

ရဲအရာရှိများမှာ စန်းရန်အား ​ဆေးရုံသို့လိုက်ပို့​ပေးမည်ဟုဆိုလာပြီး နှုတ်ဖြင့်လည်း မှတ်တမ်းယူ​နေကြသည်။

စန်းရန်က ပူးပေါင်း​ပေးမည်ဖြစ်​ကြောင်း စကားဆိုလိုက်​သော်ငြား အရင်ဆုံး ထိုလူတစ်စုကို ​စောင့်ခိုင်းထား​သေး၏။ ကားရပ်ထားသည့်​နေရာဆီသို့ ပြန်လာပြီး ကား​သော့နှင့်လက်ကိုင်ဖုန်းကိုယူမည်အပြုတွင် လှည့်ပတ်ပြီးရှာ​သော်ငြား လက်ကိုင်ဖုန်းကိုမ​တွေ့။ အ​ရေးတကြီးလုပ်မ​နေ​တော့ဘဲ တစ်ဖက်သို့ပြန်လှည့်လာကာ ရဲကားနှင့်အတူ လိုက်လာခဲ့လိုက်သည်။

လမ်းတစ်​လျှောက်တွင် ရဲအရာရှိများက ဒဏ်ရာကို ​သွေးတိတ်​အောင် ကူညီ​ပေးရင်း ဖြစ်​ကြောင်းကုန်စင်ကို​လည်း မေးမြန်းလာခဲ့သည်။

စန်းရန်၏ဒဏ်ရာမှာ ​သွေးတစိမ့်စိမ့်ထွက်​နေဆဲဖြစ်ပြီး ဒဏ်ရာကိုလက်ဖြင့်အုပ်၍ ​မေးသမျှကိုလည်း တည်တည်ငြိမ်ငြိမ်ဖြင့်ပြန်​ဖြေ​ပေးခဲ့၏။

အချိန်အ​တော်ကြာသွားပြီး မြို့​ဆေးရုံနားသို့ ​ရောက်လာသည့်အချိန်တွင် ရဲအရာရှိကထပ်၍​မေးမြန်းလာခဲ့၏။

"လူကြီးမင်းနဲ့ ဝရမ်း​ပြေးတရားခံနဲ့က...."

တစ်ဖက်လူ၏စကားမဆုံး​သေးခင် စန်းရန်က စကားဖြတ်​ပြောလာခဲ့သည်။

"အခု ဘယ်နှနာရီရှိပြီလဲ"

ရဲအရာရှိ ;

"၈နာရီနဲ့ မိနစ် ၄၀ ပတ်ဝန်းကျင်ရှိပြီ ၊ ဘာဖြစ်လို့လဲ"

စန်းရန် ;

"စိတ်မရှိပါနဲ့ ၊ ကျွန်​တော့်ကို ဖုန်းခဏ​လောက်ငှား​ပေးလို့ရမလား"

ဤအချိန်သည်ကား 'ရှန့်အန်း'ရပ်ကွက်ထဲမှလမ်းများ စည်ကားပြီးပိတ်​နေသည့်အချိန်။

အချိန်နှင့်အမျှ ဝိန်းရိဖန်၏စိတ်အ​ခြေအ​နေက စိုးရိမ်သထက် စိုးရိမ်လာရကာ မျက်ရည်များကို လက်ခုံဖြင့်သုတ်ပြီး အသံသွင်း​ဖောင်တိန်နှင့်စန်းရန်၏လက်ကိုင်ဖုန်းကို အိတ်ထဲထည့်လိုက်ရင်း ခပ်ကျယ်ကျယ်လှမ်း​မေးလိုက်၏။

"ဦး​လေး ၊ ကားလမ်းက ဘယ်​လောက်ကြာ​ကြာပိတ်​နေနိုင်​သေးလဲ"

"ဒီတစ်လမ်း​ကျော်ပြီးရင် အဆင်​ပြေပြီ"

ဝိန်းရိဖန်က ​နောက်ထပ်​မေးမြန်းမည်အပြုတွင် သူမ၏လက်ကိုင်ဖုန်း ရုတ်တရက်မြည်လာခဲ့၏။ ​ခေါင်းငုံ့ပြီး အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ယူကြည့်လိုက်သည်။

​ခေါ်ဆိုလာသည်မှာ နန်းဝူမြို့ထဲမှ ဖုန်းနံပါတ်စိမ်းတစ်ခု။

ဝိန်းရိဖန် အသက်​အောင့်ထားမိရင်း စိတ်ထဲ၌လည်း ခန့်မှန်းချက်တစ်ခု​ပေါ်လာကာ ချက်ချင်း​ဖြေဆိုလိုက်သည်။

သူမ ထင်ထားသည့်အတိုင်း။

စန်းရန်၏အသံက အခြားတစ်ဖက်မှ​ပေါ်လာခဲ့၏။

"ဝိန်းရွှမ်းကျန့်"

သူ့အသံကိုကြားလိုက်ရသည်နှင့်တပြိုင်နက် ဝိန်းရိဖန်၏ တင်းမာလွန်း​နေခဲ့သည့်ခံစားချက်များမှာ ​နောက်ဆုံး၌ သက်သာရာရသွားခဲ့​တော့၏။ နှုတ်ခမ်းကို တင်းတင်း​စေ့ထားပြီး ငိုသံသဲ့သဲ့ဖြင့် အ​ခြေအ​နေကိုသာ တိုက်ရိုက်​မေးမြန်းလိုက်၏။

"နင် အဆင်​ပြေရဲ့လား ၊ ဘယ်နားမှာ ဒဏ်ရာရသွားတာလဲ"

အ​ခြေအ​နေမှာ အတိအကျနီးပါးသိ​နေပြီဖြစ်သည့်အတွက် စန်းရန်လည်း ဖုံးဖိထားမည့်အ​ကြောင်းပြချက်မျိုးရှာမ​နေ​တော့​ပေ။

"ဘာမှမဖြစ်ဘူး ၊ လက်မှာ အ​ရေပြားပွန်းသွားရုံပဲ"

ဝိန်းရိဖန်က စန်းရန်၏စကားကိုမယုံသဖြင့် ထပ်၍ ;

"ငါ ​သွေး​တွေအများကြီး​တွေ့ခဲ့တယ်"

"အဲ့ဒါက ချယ်ရှင့်ဒယ်ဆီကဟာ​တွေ ၊ ကိုယ်က ဘာလို့​သွေးထွက်ရမှာလဲ"

စန်းရန်မှာ ပျင်းတိပျင်းရွဲအသံဖြင့် စကားဆက်ဆိုလာခဲ့သည်။

"ဟုတ်ပါပြီ ၊ တကယ်ကို ဘာမှမဖြစ်တာပါ ၊ ဝိန်းရွှမ်းကျန့်  ဒီ​နေ့​တော့ ကိုယ့်ဘာသာကိုယ်အိမ်ပြန်လိုက်​နော် ၊ ကိုယ် ဒီမှာ မှတ်တမ်းယူဖို့အတွက်​ ဖြေ​ပေးစရာ​တွေရှိ​သေးတယ် ၊ မြန်မြန်​တော့ပြန်လာနိုင်မှာမဟုတ်ဘူး"

ဝိန်းရိဖန် ;

"ငါ နင့်ဆီ လာခဲ့မယ်"

ဤစကားကိုကြားသည့်အခါ စန်းရန်က သုံး​လေးစက္ကန့်ကြာကြာတိတ်သွားပြီး​နောက် ဖုံးကွယ်၍မရ​တော့မှန်း သိသွား၍အလား သက်ပြင်းချလိုက်၏။

"အင်းပါ ၊ ဒါဆို ကားငှားပြီး မြို့​ဆေးရုံရဲ့အ​ရေး​ပေါ်ကုသ​ဆောင်ကိုလာခဲ့"

ဝိန်းရိဖန် အ​ရေး​ပေါ်ကုသ​ဆောင်သို့​ရောက်သည့်အချိန်တွင် စန်းရန်ခန္ဓာကိုယ်​ပေါ်ရှိဒဏ်ရာမှာ ချုပ်ပြီးသွားပြီဖြစ်သည်။ လက်ရှိအချိန်တွင် ​ဆေးရုံထဲ၌ လူမများပါ​ပေ ၊ သူ့​ဘေးနားတွင် ရဲအရာရှိနှစ်ဦးရပ်​နေပြီး ​မေးမြန်း​နေပုံလည်းရသည်။

ဝိန်းရိဖန်သည် စန်းရန်အနားသို့ အမြန်​လျှောက်သွားလိုက်ပြီး သူ့လက်​​ပေါ်မှဒဏ်ရာအား လှမ်းကြည့်​လိုက်၏။

စန်းရန်က ​ခေါင်းလှည့်ကြည့်လာပြီး ;

"​ရောက်လာတာ မြန်သားပဲ"

ဝိန်းရိဖန်၏မျက်နှာထက်တွင် မည်သည့်အမူအရာမျိုးမှရှိမ​နေ ၊ သူမဘက်က ရဲအရာရှိနှစ်ဦးအား ဦးစွာနှုတ်ဆက်လိုက်၏။ ​နောက်တွင်​တော့ ရဲအရာရှိများဘက်က စကားဆိုလာခဲ့၏။

"ဒါဆို​ရင်​တော့ ဒီ​လောက်ပါပဲ ၊ တကယ်လို့ တစ်ခုခု​မေးမြန်းစရာများ​ရှိလာခဲ့ရင် ကျွန်​တော်တို့ဘက်က လူကြီးမင်းဆီ ထပ်ဆက်သွယ်လိုက်ပါမယ်"

စန်းရန်က သူတို့ဘက်သို့ လှမ်းကြည့်ရင်း ​ခေါင်းငြိမ့်ပြလိုက်၏။

"ပင်ပန်းသွားရပါပြီ"

ရဲအရာရှိနှစ်ဦး ထွက်သွားပြီး​နောက်တွင်။

ဝိန်းရိဖန်က စန်းရန်အား ​နောက်တစ်ကြိမ် စိုက်ကြည့်လာ​တော့၏။ သူ့မျက်နှာမှာ ပုံမှန်ထက် ဖြူ​ဖျော့​နေ၏ ၊ နဂိုကတည်းက ဖြူ​ဖျော့​ဖျော့နှုတ်ခမ်းပါးမှာ လက်ရှိအချိန်၌ ​သွေးလုံးဝမရှိသည့်အလား ၊ လူတစ်ကိုယ်လုံးကလည်း ​ရောဂါရှိ​သည့်လူမမာလိုလို။ သူမ မျက်လွှာကို​အောက်စိုက်ကြည့်ရင်း ​ဖြေး​ဖြေးချင်းစကားဆိုလာ၏။

"အ​ရေပြား ပွန်းသွားရုံ​လေး....."

"...."

"​နောက်​တော့ ​ခြောက်ချက် ချုပ်လိုက်ရတယ်"

စန်းရန်က မျက်လုံးပင့်၍လှမ်းကြည့်လာပြီး ပြန်ခံ​ပြောမည့်စကားတစ်ခွန်းမှမထွက်လာ​တော့ဘဲ သူမ အရင်က ​ပြောခဲ့ဖူးသည့်အတိုင်း စိတ်ဆိုးပြီး ဆူလာ​တော့မည့်စကားများကိုသာ ငြိမ်ပြီး​စောင့်​နေ​လေ​တော့သည်။ စန်းရန်က ထိုင်ခုံအ​နောက်သို့ မှီချလိုက်ပြီး လက်တစ်ဖက်ရှိ ထုံ​ဆေးအရှိန်မှာ မပျယ်​သေးသဖြင့် အခြားလက်တစ်ဖက်ဖြင့်သာ သူမ၏လက်ကို လှမ်းကိုင်လိုက်၏။

တစ်ခဏတာ တိတ်ဆိတ်​နေပြီး​နောက်။

သူမ၏​ ဒေါသများမ​ရောက်လာခင် စန်းရန်မြင်လိုက်ရသည်မှာ ဝိန်းရိဖန်၏မျက်ဝန်းများ နီရဲတက်လာပြီးငို​နေ​ခြင်းပင်။

"...."

စန်းရန် ​ကြောင်အမ်းသွားရ​တော့​၏။

"မဟုတ်ဘူး​လေ.....ကိုယ့်ကို ဆူမယ့်အစား ဘာလို့ ငို​နေရတာလဲ"

ဝိန်းရိဖန်က သူ့​​ဘေး၌ဝင်ထိုင်လိုက်ပြီး တုန်ယင်ချင်​နေသည့်အသံကိုထိန်းကာ မျက်ရည်ကိုသုတ်ရင်း စကားဆိုလိုက်၏။

"နင် သူ့ကို ဘာလုပ်ဖို့သွားဖမ်း​နေတာလဲ"

စန်းရန်က ရယ်မိသွားခဲ့၏။

"ကိုယ် ဒီလိုလုပ်လိုက်တာက မှားများမှား​နေလို့လား"

"နင် သူ့ကို​ မြင်လိုက်လို့ ရဲကိုအ​ကြောင်းကြား​ပေးပြီးရင် ​တော်ပြီ​ပေါ့ ၊ အခြားကိစ္စ​တွေက နင် လိုက်လုပ်စရာမှ မလိုတာ"

စန်းရန်က စိတ်ရှည်ရှည်ဖြင့် စကားဆိုလာခဲ့သည်။

"အဲ့လိုလုပ်လိုက်ရင် သူ ထွက်​ပြေးသွားမှာ​လေ"

"​ပြေး​တော့လည်း ​ပြေးတယ်​ပေါ့ ၊ ပြေးသွား​တော့လည်း ဘာဖြစ်လဲ"

ဝိန်းရိဖန်က အမှန်တကယ်​စိတ်ဆိုးလာခဲ့၏။

"သူ ထွက်​ပြေးသွားရင်​တောင် နင်နဲ့ဘာဆိုင်လို့လဲ ၊ နင်က ဘာကိစ္စနဲ့လိုက်ပြီး ဂရုစိုက်​နေရတာလဲ! အမှန်တရားဘက်​တော်သားကြီး ဖြစ်ချင်​နေတာလား!"

ဆိတ်ငြိမ်သွားခဲ့ပြီး​နောက် သူမဘက်မှ ​ပြောဆို​နေပါသည့်တိုင် စန်းရန်က စိတ်ဆိုးခြင်းအလျင်းမရှိဘဲ သူမအား ငုံ့ကြည့်လာခဲ့၏။

"ဘာ​တွေဖြစ်​နေတာလဲ"

"နင် ဒီလိုမျိုးဖြစ်​နေတာကို ငါ သ​ဘောမကျဘူး"

ဝိန်းရိဖန်က ​ခေါင်းငုံ့ထားပြီး အသက်ကိုရှိုက်ကာ ဆိုလာခဲ့၏။

"ဒီကိစ္စ​တွေကို နင် ဂရုမစိုက်ဘဲ​နေ​ပေးလို့မရဘူးလား ၊ နင့်ကို​ပြောပြမိခဲ့တာ​တွေအတွက် ငါ့ကိုနောင်တရချင်လာအောင် မလုပ်ပါနဲ့ ၊ နင် ဒီအတိုင်း​လေး ​နေ့တိုင်း ​ကောင်း​ကောင်းအလုပ်သွား ကောင်း​ကောင်းအလုပ်ဆင်း ပြီးရင် ​ဘေးကင်းကင်းနဲ့အိမ်ပြန်လာပြီး ငါနဲ့​တွေ့​နေရင်....."

ဝိန်းရိဖန်အတွက်​တော့ အမှန်တကယ်ကို ထိုကိစ္စအဝဝအား လျစ်လျူရှူထားခဲ့ပြီးပြီဖြစ်သည်။

သူမက ချယ်ရှင့်ဒယ်ကို မုန်းလျှင်​တောင်....

မုန်းလွန်း၍ ထိုလူအား တစ်သက်လုံး​ထောင်ထဲထည့်ပစ်ချင်လျှင်​တောင်.....

ထိုအရာအားလုံးသည် သူမအတွက်​တော့ စန်းရန်နှင့်ယှဥ်လျှင် တစ်စက်​လေးမျှအ​ရေးမကြီးပါ​တော့​ပေ။

"ကိုယ် ဘယ်နား​လေးမှာ ​ဘေးမကင်းဖြစ်​နေလို့လဲ"

စက္ကန့်ပိုင်းကြာပြီး​နောက်တွင် စန်းရန်က ရုတ်တရက်ပြုံး​နေ​လေပြီး ​ဖြေး​ဖြေးမှန်မှန်ဖြင့် ;

"အခု​တော့ ကိုယ့်​ရှေ့မှာတင် ငို​နေ​ပြီ​ပေါ့ ၊ အရင်တုန်းကလို ​ရှောင်ပြီး မငို​​တော့ဘူးလား"

ဝိန်းရိဖန်က တုတ်တုတ်မျှမလှုပ်လာဘဲ မူလအ​နေအထားအတိုင်း ငြိမ်​နေ​လေ၏။

"ဝိန်းရွှမ်းကျန့် ဘာလို့ မ​ပျော်မရွှင်ဖြစ်​နေရတာလဲ"

စန်းရန်က သူမ၏လက်​ချောင်းများအား အသာအယာဖြစ်ညှစ်လိုက်၍ ;

"ချယ်ရှင့်ဒယ်ကို ဖမ်းမိလိုက်ပြီ​လေ ၊ မင်းရဲ့​ဒေါ်​လေးလည်း သူ့လုပ်ရပ်အတွက်ပြန်​ပေးဆပ်ရ​တော့မှာ ၊ ဟိုမိန်းက​လေးလည်း ​စိတ်​အေးလက်​အေးထွက်သွားနိုင်​တော့မှာ​"

"...."

"ပြီး​​တော့....ဒီတစ်ကြိမ်မှာ ကိုယ် မင်းကို ကာကွယ်​ပေးနိုင်ခဲ့တယ်လေ"

ဤစကားကိုကြားလိုက်သည့်အခါ ဝိန်းရိဖန်က ချက်ချင်း ​ခေါင်း​မော့ကြည့်လာခဲ့၏။

နှစ်​ယောက်သား၏ မျက်ဝန်းနှစ်စုံမှာ အချင်းချင်းဆုံဆည်း​သွားခဲ့ရသည်။

"တကယ်​တော့ ကိုယ် အရာအားလုံးကို အရမ်းစိတ်ထဲထည့်ထားခဲ့တာ ၊ စိတ်ထဲထည့်ထားတာမှ တစ်ဖက်ကမ်း​တောင် လွန်​ရင်လွန်နေလိမ့်မယ် ၊ အဲ့ဒီအချိန်တုန်းက မင်းကို မ​နှောင့်ယှက်​တော့ပါဘူးလို့ပြောခဲ့​ပြီး တကယ်လည်း မ​နှောင့်ယှက်​တော့တဲ့ကိစ္စကို​လေ...."

စန်းရန်၏လည်စလုတ်က အသာအယာ​ရွေ့သွားခဲ့ပြီး ;

"ကိုယ် ပြန်​တွေးကြည့်မိတယ် ၊ ကိုယ့်လိုယောက်ျားရင့်မာကြီးတစ်​ယောက်က ဒီ​လောက်ထိမျက်နှာသာရချင်​နေပြီး....သိက္ခာ​တွေထိန်း​နေပြီး ဘာလုပ်မှာလဲလို့"

ဝိန်းရိဖန်၏နှုတ်ခမ်းပါးတို့မှာ လှုပ်ခတ်လာခဲ့၏။ သူမ စကားမဆိုလိုက်ရ​သေးခင် စန်းရန်က ခပ်​ရေး​ရေး​လေးပြုံးလာပြီး ဆက်၍ စကားဆိုလာသည်။

"ဒီလို ဘာမှမဟုတ်တဲ့ကိစ္စ​လေး​ကြောင့်နဲ့ မင်းနဲ့ ဒီ​လောက်နှစ်​တွေအကြာကြီး ​​က​တောက်ကဆဖြစ်ပြီး​​ ​ဝေးနေခဲ့တာက​ရော ဘာလုပ်ဖို့လဲ"

အသက်ငယ်ရွယ်ပြီး စိတ်အားထက်သန်မှု စိတ်လိုက်မာန်ပါခြင်းတို့ အပြည့်ရှိ​နေခဲ့သည့်အချိန်တွင်.....

တစ်စုံတစ်​ယောက်ကို ချစ်မိ​သွားသည့်အခါ သူမအတွက်ဖြင့် နှလုံးသားတစ်ခုလုံး စိတ်အာရုံအလုံးစုံတို့ကို ​ပေးအပ်နိုင်သလို ၊ သူမအတွက်ဖြင့် အကြိမ်ကြိမ်လည်း ​ခေါင်းငုံ့​ပေးနိုင်ခဲ့ပါသည်။ သို့​သော်ငြား သူမ၏စကားလုံးတို့ကြောင့် အလွယ်တကူရှုံးနိမ့်သွားရသည့်အခါတွင်​တော့ ထိုအချိန်မှစ၍ သူမ၏ကမ္ဘာထဲသို့ ​ခြေလှမ်းစာမှဝင်​ရောက်ပါ​တော့မည်မဟုတ်ဘဲ ရိုးရိုးရှင်းရှင်း ချိုးဖျက်လိုက်မည်အထိ ပြတ်သားမိခဲ့သည်။

​မေ့မရနိုင်မှန်း သိ​နေပါရက်နှင့်.....

​မျှော်လင့်ချက်တို့မရှိပါသည့်တိုင် ကိုယ်ကိုယ်တိုင်က ​စောင့်​နေချင်​သေးမှန်း သိ​နေပါရက်နှင့်....

'မာန'ဆိုသည့်အရာ နှင့် အသက်တစ်​ရှိုက်စာရှူခွင့်​လေးအတွက်​ကြောင့်ဖြင့် ဘယ်​​သောအခါမှ 'လက်ဦးမှုယူပြီးစတင်မည့်'ဘက်တွင် မ​နေခဲ့ပါ​တော့​ချေ။

​နှေး​ကွေးပြီးရှည်ကြာလွန်းခဲ့သည့် နှစ်နှစ်တာကာလကြီးထဲတွင်....

သူကိုယ်တိုင်ဟာ နှိမ့်ချပြီး​တောင်းပန်တိုးလျှိုးရသည့်ဘက်တွင်ရှိ​နေခဲ့ရမှန်းကို​တော့ သူသာလျှင် အသိဆုံးဖြစ်ပါလိမ့်မည်။

သူမ၏ခံစားချက်များ ပုံမှန်မဟုတ်သည်ကိုလည်း သူ ဘယ်​တော့မှ သတိထားကြည့်ခွင့်မရခဲ့သလို.....

သူမ သိုဝှက်ဖုံးကွယ်ထားသည့် နာကျင်မှုများနှင့်​မျှော်လင့်ချက်မဲ့ခြင်းများကိုလည်း သူ ဘယ်​တော့မှ မဖမ်းဆုတ်​ပေးခွင့်မရခဲ့ပါ​ပေ။

ဘယ်​သောအခါကမှလည်း သူမအား ကယ်ထုတ်​ပေးခွင့်မရှိခဲ့​၏။

ဝိန်းရိဖန်က ဆို၏။

"အစကတည်းက ငါ့ပြဿနာ​တွေပါ"

"မင်းနဲ့ ဘယ်​နေရာများ သက်ဆိုင်​နေလို့လဲ"

စန်းရန်က လက်ကို​မြှောက်လာပြီး ဝိန်းရိဖန်၏မျက်လုံး​ထောင့်များကို ဖွဖွ​လေးပွတ်သပ်​ပေး၍ ;

"ချယ်ရှင့်ဒယ် ဆန်ကုန်​မြေ​​လေးကောင်ရဲ့ပြဿနာ​တွေ"

"...."

"ကိုယ့်အတွက် နည်းနည်း​လေးဖြစ်ဖြစ် ​မင်း ပျော်​ပေးလို့မရဘူးလား"

စန်းရန်က ပြုံးလာခဲ့ရင်းနှင့် ;

"ကိုယ် အဲ့ဒီဆန်ကုန်​မြေ​ကောင်ကို ဖမ်းနိုင်ခဲ့တယ်​လေ"

ကိုယ့်ကိုယ်တိုင် မင်းရဲ့အ​မှောင်ရိပ်​တွေကို ဖမ်းဆုတ်​ပေးခဲ့ပြီးပြီမလို့.....

ဒီ​အချိန်ကစပြီး.....

မင်းရဲ့ကမ္ဘာထဲမှာ အလင်း​ရောင်​တွေပဲရှိ​နေ​တော့မှာ.....

​ပြောစကားကို နားဝင်သွားပုံရသည့်သူက တစ်ခဏကြာကြာငြိမ်​နေခဲ့ပြီး​နောက်တွင် အကြည့်များကို ပြန်ရုတ်သိမ်းသွားခဲ့၏။ ဝိန်းရိဖန်သည် သူမ၏လက်တစ်စုံအား ​ငေးကြည့်​နေရင်း ​ခေါင်းငုံ့သွားခဲ့ရင်း အတားအဆီးမဲ့​နေသည့်အတိုင်း မျက်ရည်က ဆက်ပြီးကျ​နေ​လေသည်။

စန်းရန်က ဝိန်းရိဖန် ငို​နေသည်အား အနားသို့ကပ်ကြည့်လာပြီး မျက်​မှောင်ကျုံ့လိုက်၍ ;

"မဟုတ်​သေးပါဘူး​ ၊ ဒဏ်ရာချုပ်ထားရလို့ နာ​နေတဲ့သူက ကိုယ်​လေ ၊ မင်းက ဘာလို့ငို​နေတာလဲ"

သူ့စကားကိုကြားသည့်အခါ ဝိန်းရိဖန်က သူ့လက်​ပေါ်မှ ဒဏ်ရာကိုလှမ်းကြည့်လာပြီး ပို၍သည်းကြီးမည်းကြီးငိုပါ​လေ​တော့၏။

"...."

စန်းရန်သည် အစကတည်းက ချော့​မော့တတ်သည့်သူမျိုးမဟုတ်သည့်အပြင် သူ​ပြောလိုက်ကာမှ ပို,ငိုသွား​အောင် လုပ်မိသလိုဖြစ်​နေခြင်း​ကြောင့် ​ခေါင်းကိုက်လာ​လေပြီး သူမ၏မျက်ရည်ကို လှမ်းသုတ်​ပေးလိုက်ရင်း ;

"အင်းပါ အင်းပါ ဟုတ်ပါပြီကွာ....မနာ​တော့ဘူး ကိုယ်မနာ​တော့ဘူး"

ဝိန်းရိဖန်က ​တော်​တော်ကြာ​အောင် ရှိုက်ငို​​နေပြီးမှ ငြိမ်သွားခဲ့၏။

စန်းရန်ကလည်း သူမကိုသာ စိုက်ကြည့်​နေပြီး ​ချော့​နေသည့်အမူအရာမျိုးဖြင့် ညင်ညင်သာသာ​လေး စကားဆိုလာခဲ့သည်။

"မငိုနဲ့​တော့​နော်"

အ​ရေး​ပေါ်ကုသ​ဆောင်ထဲ၌ လူသူကင်းရှင်းပြီး တိတ်ဆိတ်​နေ၏။

ဝိန်းရိဖန်ကလည်း မျက်ရည်များကိုလက်ဖမိုးဖြင့်ပွတ်သုတ်ပြီး သည်အတိုင်းငြိမ်သက်​နေသည်။ ဤအချင်းအရာကို မြင်​​နေရသည့်စန်းရန်မှာ တစ်စုံတစ်ရာအား ရုတ်တရက်အမှတ်ရလိုက်၏။

"ဝိန်းရွှမ်းကျန့်....မင်း တစ်ခုခုဖြစ်​နေသလားလို့"

ဝိန်းရိဖန်က ခပ်တိုးတိုး​လေးတုံ့ပြန်လာ၏။

"အမ်"

"သတင်း​ရေးဖို့အတွက် ကိုယ့်ကို အင်တာဗျူးမလုပ်​တော့ဘူးလား ၊ ပြော​တော့ ဒီသတင်းကို လိုက်​နေတာဆို"

ဝိန်းရိဖန် သူ့အား စိုက်ကြည့်လိုက်၏။

"စိတ်မှမပါ​တာကို"

စန်းရန်က လက်တစ်ဖက်အား သူမ ထိုင်နေသည့်ခုံ၏ ​နောက်မှီတန်း​ပေါ်သို့ တင်လိုက်ကာ လက်​ချောင်းထိပ်များဖြင့် တစ်ချက်ချင်း​ခေါက်ရင်း စာရင်း​ဟောင်းရှင်းရန် စတင်ပြင်ဆင်​တော့သည်။

"ဘာလို့ စိတ်မပါ​​တော့တာလဲ ၊ ကိုယ့်အိမ် မီး​လောင်​တုန်းက​​တော့ မင်း ​ပျော်​ပျော်ကြီး အင်တာဗျူးပြီးသတင်း​ရေးခဲ့တာ မဟုတ်ဘူးလား"

"...."

ဝိန်းရိဖန်က သူ့ဒဏ်ရာအား ထပ်၍လှမ်းကြည့်လိုက်၏။

"အ​ခြေ​အ​​နေချင်းမှ မတူတာ"

စန်းရန်က တစ်ကိုယ်တည်းရယ်​နေလိုက်၍ ;

"ဟုတ်ပါပြီကွာ အိမ်ပြန်ကြစို့"

နှစ်​ယောက်သားက အ​ရေး​ပေါ်ခန်းထဲမှထွက်လာခဲ့ကြသည်။ စန်းရန်က အ​ရှေ့မှဦး​ဆောင်၍​လျှောက်သွားကာ အ​နောက်မှလိုက်လာသည့်ဝိန်းရိဖန်က စန်းရန်၏ဒဏ်ရာကို ​စဥ်းစားမိ​နေရင်း ​မ​နေနိုင်​အောင် စကားဆိုလိုက်သည်။

"စန်းရန်"

"အမ်"

"နင် ဘာဖြစ်လို့ ဒီ​လောက်ထိကံဆိုးရတာလဲဟင်"

ဝိန်းရိဖန် သက်ပြင်းချလိုက်ပြီးမှ စကားဆိုလာခဲ့သည်။

"ဒီဘဝမှာ ငါနဲ့ လာဆုံရတဲ့အထိ​လေ"

စန်းရန်က ​ခေါင်းလှည့်ကြည့်လာခဲ့၏။

"ဘယ်လိုကံဆိုး​နေလို့လဲ"

"တစ်ချိန်လုံး မ​​​ကောင်းတဲ့ကိစ္စမျိုး​တွေပဲ ​တွေ့​နေရလို့​...."

ဝိန်းရိဖန်က စကားဆို​နေရင်း ထပ်၍လည်း ​တွေးကြည့်မိလိုက်၏။

"နင် အရင်ဘဝတုန်းက ငါ့အ​ပေါ်မှာ အပြစ်ဖွဲ့စရာကိစ္စမျိုး​တွေ လုပ်ခဲ့လို့ထင်တယ်....ဥပမာ...."

"ဥပမာ....ဘယ်လိုမျိုးလဲ"

"ဥပမာ.....အရင်ဘဝတုန်းက ငါက အသက် ၇၀၊၈၀ ​လောက်ထိ အပျိုကြီးဖြစ်ခဲ့ပြီး အဲ့ချိန်ကျမှ ငါ့ကိုယူမယ့် အဘိုးကြီးတစ်​ယောက်​ပေါ်လာတာကို ၊ နောက်ဆုံးကျ​တော့ မင်္ဂလာဦးညမှာ အဲ့ဒီအဘိုးကြီးက နင်နဲ့ခိုးရာလိုက်​ပြေးသွားတာမျိုး​လေ ၊ အဲ့ဒါ​ကြောင့်မလို့ အခုဘဝမှာ ငါက နင့်ဆီ​​ အရောက်လာပြီး စိတ်ဆင်းရဲ၊မ​ပျော်ရ​အောင် လာလုပ်တာ​နေမှာ"

စန်းရန် သုံး​​လေးစက္ကန့်​ကြောင်အမ်း​နေပြီး​နောက်၌ မ​နေနိုင်​အောင်ရယ်မိ​လေ​တော့၏။

"မင်းက ဥပ​မာ​ပေး​နေတာလား ၊ ကိုယ့်ကို သွယ်ဝိုက်ပြီးအရိပ်အ​ခြေပြ​နေတာလား"

ဝိန်းရိဖန်က ဖြည်းဖြည်းချင်း​ခေါင်း​​မော့လာ၏။

"အာ"

စန်းရန်က ထိုစကားအား ဥပမာအဖြစ်သာ မှတ်ယူလိုက်၍ ;

"ဟုတ်ပါပြီ ၊ ဒါဆို ကိုယ့်ဘက်က အ​ကြွေးပြန်​ပေးရမှာ​ပေါ့ ၊ မင်း ဒီဘဝမှာ ကိုယ့်ကို ​ကောင်း​ကောင်းဆက်ဆံ​ပေး​​နော်"

"ဘာအ​ကြွေးလဲ"

"​မင်း​အ​ပေါ်ကို ​ပြန်​ပေးစရာ ယောက်ျားတစ်​ယောက် အ​ကြွေးတင်​နေတာမဟုတ်ဘူးလား"

"...."

"ဒီဘဝမှာ မင်းအတွက် ကိုယ်ဆိုတဲ့ ဒီလူကို ပြန်​ပေးမယ်​လေ...."

စန်းရန်က မျက်လုံးပင့်ကြည့်လာပြီး သူမ၏လက်ဖဝါးကိုလည်း သူ့လက်​ချောင်းဖြင့်ထိ​တွေ့၍ ပွတ်သပ်လာသည်မှာ ကလိထိုး​စနောက်​နေသည့်အတိုင်းပင်။

"မရဘူးလား"

သူ့စကားသံမှာ ​ခွင့်ပြုချက်​တောင်းမေးမြန်း​နေခြင်းထက် အသိ​ပေးခြင်းနှင့်ပင် ပို၍တူ​နေခဲ့သည်။

ဝိန်းရိဖန်သည် ​ခေါင်းသဲ့သဲ့​လေး​စောင်းလိုက်ပြီး သူ၏ မာနကြီးပြီးမထီမဲ့မြင်ပြုတတ်​သောအသွင်အပြင်အား အ​သေအချာစိုက်ကြည့်​နေမိကာ အခု​လေးတင်ရှိ​နေခဲ့သည့် စိတ်​သောကများဟာ လွင့်စင်​ပျောက်ပျယ်သွားခဲ့သည်။ သူ၏လက်​​ချောင်းများကိုလည်း ခပ်တင်းတင်းဆုတ်ကိုင်ပစ်လိုက်ပြီး နှုတ်ခမ်းပါးကို​​ကွေး၍ ပြုံးပြလိုက်၏။

"ရတာ​တော့ရပါတယ်"

စန်းရန်ကလည်း လှမ်းကြည့်​နေဆဲနှင့် ;

"အင်း"

"ဒါ​​ပေမယ့် နင် ငါ့ကို ​အ​ကြွေးတင်​နေတာက အဘိုးကြီးတစ်​ယောက်​လေ"

"...."

စက္ကန့်ပိုင်းကြာကြာတိတ်​နေပြီး​နောက်။

စန်းရန်က အကြည့်များကိုပြန်သိမ်းသွားခဲ့ကာ ​အေး​အေးလူလူဖြင့်စကားဆိုလိုက်သည်။

"ဒါဆိုလည်း အ​ကြွေးကို အရင်ဆုံးမှတ်ထား​ပေး"

"အမ်"

​ဆေးရုံ​ကော်ရစ်တာတစ်​လျှောက်လုံးမှာ တိတ်ဆိတ်ငြိမ်းချမ်းပြီး မီးများလည်း လင်းလင်းထိန်​နေ၏။

​ယောက်ျား​လေး၏လက်​မောင်း​နေရာတွင် ပတ်တီးစည်းထားသည့်ဒဏ်ရာတစ်ခုရှိ​နေပြီး အနက်​ရောင်ရှပ်အင်္ကျီမှာ အနည်းငယ်ဖုန်​ပေပြီးညစ်​ထေး​နေပါသည့်တိုင် အရှက်ရစရာ​ကောင်းသည့်ပုံစံမျိုး လုံးဝမ​ပေါက်ပါ​ပေ။ အရပ်မြင့်ပြီး ခန္ဓာကိုယ်ထက်၌လည်း ကြွက်သားများက အပိုအလိုမရှိကျစ်လစ်​နေကာ စူးရှသည့် မျက်ခုံးနှင့်မျက်လုံးတစ်စုံဟာလည်း သူမ၏ အ​ရှေ့​ရောက်လာတိုင်း မသိမသာ​လေး နူးညံ့​နွေး​ထွေးသွားရသ​ယောင်​ယောင်​ပေ။

"​နောက်ထပ်နှစ်ငါးဆယ်ကြာပြီးရင် ကိုယ် မင်းကို ပြန်​ပေးမယ်"

******************

~~Zawgyi~~

လႈပ္လႈပ္ရွားရွားအေျခအေနအား လမ္းသြားလမ္းလာမ်ားက တစ္ဦးစ၊ႏွစ္ဦးစႏွင့္ လွမ္းၾကည့္လာၾကကာ ကင္းလွည့္ေနသည့္ရဲအဖြဲ႕မွာလည္း လက္ရွိအခ်ိန္၌ အခ်ိန္ကိုက္ေရာက္လာခဲ့သည္။ အေျခအေနကို အက်ိဳးအေၾကာင္းရွင္းျပၿပီးသည့္အခါ ရဲအဖြဲ႕က ခ်ယ္ရွင့္ဒယ္အား လက္ထိပ္ခတ္ၿပီး ကားထဲဆြဲထည့္ထားလိုက္သည္။

ရဲအရာရွိမ်ားမွာ စန္းရန္အား ေဆး႐ုံသို႔လိုက္ပို႔ေပးမည္ဟုဆိုလာၿပီး ႏႈတ္ျဖင့္လည္း မွတ္တမ္းယူေနၾကသည္။

စန္းရန္က ပူးေပါင္းေပးမည္ျဖစ္ေၾကာင္း စကားဆိုလိုက္ေသာ္ျငား အရင္ဆုံး ထိုလူတစ္စုကို ေစာင့္ခိုင္းထားေသး၏။ ကားရပ္ထားသည့္ေနရာဆီသို႔ ျပန္လာၿပီး ကားေသာ့ႏွင့္လက္ကိုင္ဖုန္းကိုယူမည္အျပဳတြင္ လွည့္ပတ္ၿပီးရွာေသာ္ျငား လက္ကိုင္ဖုန္းကိုမေတြ႕။ အေရးတႀကီးလုပ္မေနေတာ့ဘဲ တစ္ဖက္သို႔ျပန္လွည့္လာကာ ရဲကားႏွင့္အတူ လိုက္လာခဲ့လိုက္သည္။

လမ္းတစ္ေလွ်ာက္တြင္ ရဲအရာရွိမ်ားက ဒဏ္ရာကို ေသြးတိတ္ေအာင္ ကူညီေပးရင္း ျဖစ္ေၾကာင္းကုန္စင္ကိုလည္း ေမးျမန္းလာခဲ့သည္။

စန္းရန္၏ဒဏ္ရာမွာ ေသြးတစိမ့္စိမ့္ထြက္ေနဆဲျဖစ္ၿပီး ဒဏ္ရာကိုလက္ျဖင့္အုပ္၍ ေမးသမွ်ကိုလည္း တည္တည္ၿငိမ္ၿငိမ္ျဖင့္ျပန္ေျဖေပးခဲ့၏။

အခ်ိန္အေတာ္ၾကာသြားၿပီး ၿမိဳ႕ေဆး႐ုံနားသို႔ ေရာက္လာသည့္အခ်ိန္တြင္ ရဲအရာရွိကထပ္၍ေမးျမန္းလာခဲ့၏။

"လူႀကီးမင္းနဲ႕ ဝရမ္းေျပးတရားခံနဲ႕က...."

တစ္ဖက္လူ၏စကားမဆုံးေသးခင္ စန္းရန္က စကားျဖတ္ေျပာလာခဲ့သည္။

"အခု ဘယ္ႏွနာရီရွိၿပီလဲ"

ရဲအရာရွိ ;

"၈နာရီနဲ႕ မိနစ္ ၄၀ ပတ္ဝန္းက်င္ရွိၿပီ ၊ ဘာျဖစ္လို႔လဲ"

စန္းရန္ ;

"စိတ္မရွိပါနဲ႕ ၊ ကြၽန္ေတာ့္ကို ဖုန္းခဏေလာက္ငွားေပးလို႔ရမလား"

ဤအခ်ိန္သည္ကား 'ရွန့္အန္း'ရပ္ကြက္ထဲမွလမ္းမ်ား စည္ကားၿပီးပိတ္ေနသည့္အခ်ိန္။

အခ်ိန္ႏွင့္အမွ် ဝိန္းရိဖန္၏စိတ္အေျခအေနက စိုးရိမ္သထက္ စိုးရိမ္လာရကာ မ်က္ရည္မ်ားကို လက္ခုံျဖင့္သုတ္ၿပီး အသံသြင္းေဖာင္တိန္ႏွင့္စန္းရန္၏လက္ကိုင္ဖုန္းကို အိတ္ထဲထည့္လိုက္ရင္း ခပ္က်ယ္က်ယ္လွမ္းေမးလိုက္၏။

"ဦးေလး ၊ ကားလမ္းက ဘယ္ေလာက္ၾကာၾကာပိတ္ေနနိုင္ေသးလဲ"

"ဒီတစ္လမ္းေက်ာ္ၿပီးရင္ အဆင္ေျပၿပီ"

ဝိန္းရိဖန္က ေနာက္ထပ္ေမးျမန္းမည္အျပဳတြင္ သူမ၏လက္ကိုင္ဖုန္း ႐ုတ္တရက္ျမည္လာခဲ့၏။ ေခါင္းငုံ႕ၿပီး အိတ္ကပ္ထဲမွ ဖုန္းကိုထုတ္ယူၾကည့္လိုက္သည္။

ေခၚဆိုလာသည္မွာ နန္းဝူၿမိဳ႕ထဲမွ ဖုန္းနံပါတ္စိမ္းတစ္ခု။

ဝိန္းရိဖန္ အသက္ေအာင့္ထားမိရင္း စိတ္ထဲ၌လည္း ခန့္မွန္းခ်က္တစ္ခုေပၚလာကာ ခ်က္ခ်င္းေျဖဆိုလိုက္သည္။

သူမ ထင္ထားသည့္အတိုင္း။

စန္းရန္၏အသံက အျခားတစ္ဖက္မွေပၚလာခဲ့၏။

"ဝိန္း႐ႊမ္းက်န့္"

သူ႕အသံကိုၾကားလိုက္ရသည္ႏွင့္တၿပိဳင္နက္ ဝိန္းရိဖန္၏ တင္းမာလြန္းေနခဲ့သည့္ခံစားခ်က္မ်ားမွာ ေနာက္ဆုံး၌ သက္သာရာရသြားခဲ့ေတာ့၏။ ႏႈတ္ခမ္းကို တင္းတင္းေစ့ထားၿပီး ငိုသံသဲ့သဲ့ျဖင့္ အေျခအေနကိုသာ တိုက္ရိုက္ေမးျမန္းလိုက္၏။

"နင္ အဆင္ေျပရဲ႕လား ၊ ဘယ္နားမွာ ဒဏ္ရာရသြားတာလဲ"

အေျခအေနမွာ အတိအက်နီးပါးသိေနၿပီျဖစ္သည့္အတြက္ စန္းရန္လည္း ဖုံးဖိထားမည့္အေၾကာင္းျပခ်က္မ်ိဳးရွာမေနေတာ့ေပ။

"ဘာမွမျဖစ္ဘူး ၊ လက္မွာ အေရျပားပြန္းသြား႐ုံပဲ"

ဝိန္းရိဖန္က စန္းရန္၏စကားကိုမယုံသျဖင့္ ထပ္၍ ;

"ငါ ေသြးေတြအမ်ားႀကီးေတြ႕ခဲ့တယ္"

"အဲ့ဒါက ခ်ယ္ရွင့္ဒယ္ဆီကဟာေတြ ၊ ကိုယ္က ဘာလို႔ေသြးထြက္ရမွာလဲ"

စန္းရန္မွာ ပ်င္းတိပ်င္း႐ြဲအသံျဖင့္ စကားဆက္ဆိုလာခဲ့သည္။

"ဟုတ္ပါၿပီ ၊ တကယ္ကို ဘာမွမျဖစ္တာပါ ၊ ဝိန္း႐ႊမ္းက်န့္ ဒီေန႕ေတာ့ ကိုယ့္ဘာသာကိုယ္အိမ္ျပန္လိုက္ေနာ္ ၊ ကိုယ္ ဒီမွာ မွတ္တမ္းယူဖို႔အတြက္ ေျဖေပးစရာေတြရွိေသးတယ္ ၊ ျမန္ျမန္ေတာ့ျပန္လာနိုင္မွာမဟုတ္ဘူး"

ဝိန္းရိဖန္ ;

"ငါ နင့္ဆီ လာခဲ့မယ္"

ဤစကားကိုၾကားသည့္အခါ စန္းရန္က သုံးေလးစကၠန့္ၾကာၾကာတိတ္သြားၿပီးေနာက္ ဖုံးကြယ္၍မရေတာ့မွန္း သိသြား၍အလား သက္ျပင္းခ်လိဳက္၏။

"အင္းပါ ၊ ဒါဆို ကားငွားၿပီး ၿမိဳ႕ေဆး႐ုံရဲ႕အေရးေပၚကုသေဆာင္ကိုလာခဲ့"

ဝိန္းရိဖန္ အေရးေပၚကုသေဆာင္သို႔ေရာက္သည့္အခ်ိန္တြင္ စန္းရန္ခႏၶာကိုယ္ေပၚရွိဒဏ္ရာမွာ ခ်ဳပ္ၿပီးသြားၿပီျဖစ္သည္။ လက္ရွိအခ်ိန္တြင္ ေဆး႐ုံထဲ၌ လူမမ်ားပါေပ ၊ သူ႕ေဘးနားတြင္ ရဲအရာရွိႏွစ္ဦးရပ္ေနၿပီး ေမးျမန္းေနပုံလည္းရသည္။

ဝိန္းရိဖန္သည္ စန္းရန္အနားသို႔ အျမန္ေလွ်ာက္သြားလိုက္ၿပီး သူ႕လက္ေပၚမွဒဏ္ရာအား လွမ္းၾကည့္လိုက္၏။

စန္းရန္က ေခါင္းလွည့္ၾကည့္လာၿပီး ;

"ေရာက္လာတာ ျမန္သားပဲ"

ဝိန္းရိဖန္၏မ်က္ႏွာထက္တြင္ မည္သည့္အမူအရာမ်ိဳးမွရွိမေန ၊ သူမဘက္က ရဲအရာရွိႏွစ္ဦးအား ဦးစြာႏႈတ္ဆက္လိုက္၏။ ေနာက္တြင္ေတာ့ ရဲအရာရွိမ်ားဘက္က စကားဆိုလာခဲ့၏။

"ဒါဆိုရင္ေတာ့ ဒီေလာက္ပါပဲ ၊ တကယ္လို႔ တစ္ခုခုေမးျမန္းစရာမ်ားရွိလာခဲ့ရင္ ကြၽန္ေတာ္တို႔ဘက္က လူႀကီးမင္းဆီ ထပ္ဆက္သြယ္လိုက္ပါမယ္"

စန္းရန္က သူတို႔ဘက္သို႔ လွမ္းၾကည့္ရင္း ေခါင္းၿငိမ့္ျပလိုက္၏။

"ပင္ပန္းသြားရပါၿပီ"

ရဲအရာရွိႏွစ္ဦး ထြက္သြားၿပီးေနာက္တြင္။

ဝိန္းရိဖန္က စန္းရန္အား ေနာက္တစ္ႀကိမ္ စိုက္ၾကည့္လာေတာ့၏။ သူ႕မ်က္ႏွာမွာ ပုံမွန္ထက္ ျဖဴေဖ်ာ့ေန၏ ၊ နဂိုကတည္းက ျဖဴေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းပါးမွာ လက္ရွိအခ်ိန္၌ ေသြးလုံးဝမရွိသည့္အလား ၊ လူတစ္ကိုယ္လုံးကလည္း ေရာဂါရွိသည့္လူမမာလိုလို။ သူမ မ်က္လႊာကိုေအာက္စိုက္ၾကည့္ရင္း ေျဖးေျဖးခ်င္းစကားဆိုလာ၏။

"အေရျပား ပြန္းသြား႐ုံေလး....."

"...."

"ေနာက္ေတာ့ ေျခာက္ခ်က္ ခ်ဳပ္လိုက္ရတယ္"

စန္းရန္က မ်က္လုံးပင့္၍လွမ္းၾကည့္လာၿပီး ျပန္ခံေျပာမည့္စကားတစ္ခြန္းမွမထြက္လာေတာ့ဘဲ သူမ အရင္က ေျပာခဲ့ဖူးသည့္အတိုင္း စိတ္ဆိုးၿပီး ဆူလာေတာ့မည့္စကားမ်ားကိုသာ ၿငိမ္ၿပီးေစာင့္ေနေလေတာ့သည္။ စန္းရန္က ထိုင္ခုံအေနာက္သို႔ မွီခ်လိဳက္ၿပီး လက္တစ္ဖက္ရွိ ထုံေဆးအရွိန္မွာ မပ်ယ္ေသးသျဖင့္ အျခားလက္တစ္ဖက္ျဖင့္သာ သူမ၏လက္ကို လွမ္းကိုင္လိုက္၏။

တစ္ခဏတာ တိတ္ဆိတ္ေနၿပီးေနာက္။

သူမ၏ ေဒါသမ်ားမေရာက္လာခင္ စန္းရန္ျမင္လိုက္ရသည္မွာ ဝိန္းရိဖန္၏မ်က္ဝန္းမ်ား နီရဲတက္လာၿပီးငိုေနျခင္းပင္။

"...."

စန္းရန္ ေၾကာင္အမ္းသြားရေတာ့၏။

"မဟုတ္ဘူးေလ.....ကိုယ့္ကို ဆူမယ့္အစား ဘာလို႔ ငိုေနရတာလဲ"

ဝိန္းရိဖန္က သူ႕ေဘး၌ဝင္ထိုင္လိုက္ၿပီး တုန္ယင္ခ်င္ေနသည့္အသံကိုထိန္းကာ မ်က္ရည္ကိုသုတ္ရင္း စကားဆိုလိုက္၏။

"နင္ သူ႕ကို ဘာလုပ္ဖို႔သြားဖမ္းေနတာလဲ"

စန္းရန္က ရယ္မိသြားခဲ့၏။

"ကိုယ္ ဒီလိုလုပ္လိုက္တာက မွားမ်ားမွားေနလို႔လား"

"နင္ သူ႕ကို ျမင္လိုက္လို႔ ရဲကိုအေၾကာင္းၾကားေပးၿပီးရင္ ေတာ္ၿပီေပါ့ ၊ အျခားကိစၥေတြက နင္ လိုက္လုပ္စရာမွ မလိုတာ"

စန္းရန္က စိတ္ရွည္ရွည္ျဖင့္ စကားဆိုလာခဲ့သည္။

"အဲ့လိုလုပ္လိုက္ရင္ သူ ထြက္ေျပးသြားမွာေလ"

"ေျပးေတာ့လည္း ေျပးတယ္ေပါ့ ၊ ေျပးသြားေတာ့လည္း ဘာျဖစ္လဲ"

ဝိန္းရိဖန္က အမွန္တကယ္စိတ္ဆိုးလာခဲ့၏။

"သူ ထြက္ေျပးသြားရင္ေတာင္ နင္နဲ႕ဘာဆိုင္လို႔လဲ ၊ နင္က ဘာကိစၥနဲ႕လိုက္ၿပီး ဂ႐ုစိုက္ေနရတာလဲ! အမွန္တရားဘက္ေတာ္သားႀကီး ျဖစ္ခ်င္ေနတာလား!"

ဆိတ္ၿငိမ္သြားခဲ့ၿပီးေနာက္ သူမဘက္မွ ေျပာဆိုေနပါသည့္တိုင္ စန္းရန္က စိတ္ဆိုးျခင္းအလ်င္းမရွိဘဲ သူမအား ငုံ႕ၾကည့္လာခဲ့၏။

"ဘာေတြျဖစ္ေနတာလဲ"

"နင္ ဒီလိုမ်ိဳးျဖစ္ေနတာကို ငါ သေဘာမက်ဘဴး"

ဝိန္းရိဖန္က ေခါင္းငုံ႕ထားၿပီး အသက္ကိုရွိုက္ကာ ဆိုလာခဲ့၏။

"ဒီကိစၥေတြကို နင္ ဂ႐ုမစိုက္ဘဲေနေပးလို႔မရဘူးလား ၊ နင့္ကိုေျပာျပမိခဲ့တာေတြအတြက္ ငါ့ကိုေနာင္တရခ်င္လာေအာင္ မလုပ္ပါနဲ႕ ၊ နင္ ဒီအတိုင္းေလး ေန႕တိုင္း ေကာင္းေကာင္းအလုပ္သြား ေကာင္းေကာင္းအလုပ္ဆင္း ၿပီးရင္ ေဘးကင္းကင္းနဲ႕အိမ္ျပန္လာၿပီး ငါနဲ႕ေတြ႕ေနရင္....."

ဝိန္းရိဖန္အတြက္ေတာ့ အမွန္တကယ္ကို ထိုကိစၥအဝဝအား လ်စ္လ်ဴရႉထားခဲ့ၿပီးၿပီျဖစ္သည္။

သူမက ခ်ယ္ရွင့္ဒယ္ကို မုန္းလွ်င္ေတာင္....

မုန္းလြန္း၍ ထိုလူအား တစ္သက္လုံးေထာင္ထဲထည့္ပစ္ခ်င္လွ်င္ေတာင္.....

ထိုအရာအားလုံးသည္ သူမအတြက္ေတာ့ စန္းရန္ႏွင့္ယွဥ္လွ်င္ တစ္စက္ေလးမွ်အေရးမႀကီးပါေတာ့ေပ။

"ကိုယ္ ဘယ္နားေလးမွာ ေဘးမကင္းျဖစ္ေနလို႔လဲ"

စကၠန့္ပိုင္းၾကာၿပီးေနာက္တြင္ စန္းရန္က ႐ုတ္တရက္ၿပဳံးေနေလၿပီး ေျဖးေျဖးမွန္မွန္ျဖင့္ ;

"အခုေတာ့ ကိုယ့္ေရွ႕မွာတင္ ငိုေနၿပီေပါ့ ၊ အရင္တုန္းကလို ေရွာင္ၿပီး မငိုေတာ့ဘူးလား"

ဝိန္းရိဖန္က တုတ္တုတ္မွ်မလႈပ္လာဘဲ မူလအေနအထားအတိုင္း ၿငိမ္ေနေလ၏။

"ဝိန္း႐ႊမ္းက်န့္ ဘာလို႔ မေပ်ာ္မ႐ႊင္ျဖစ္ေနရတာလဲ"

စန္းရန္က သူမ၏လက္ေခ်ာင္းမ်ားအား အသာအယာျဖစ္ညွစ္လိုက္၍ ;

"ခ်ယ္ရွင့္ဒယ္ကို ဖမ္းမိလိုက္ၿပီေလ ၊ မင္းရဲ႕ေဒၚေလးလည္း သူ႕လုပ္ရပ္အတြက္ျပန္ေပးဆပ္ရေတာ့မွာ ၊ ဟိုမိန္းကေလးလည္း စိတ္ေအးလက္ေအးထြက္သြားနိုင္ေတာ့မွာ"

"...."

"ၿပီးေတာ့....ဒီတစ္ႀကိမ္မွာ ကိုယ္ မင္းကို ကာကြယ္ေပးနိုင္ခဲ့တယ္ေလ"

ဤစကားကိုၾကားလိုက္သည့္အခါ ဝိန္းရိဖန္က ခ်က္ခ်င္း ေခါင္းေမာ့ၾကည့္လာခဲ့၏။

ႏွစ္ေယာက္သား၏ မ်က္ဝန္းႏွစ္စုံမွာ အခ်င္းခ်င္းဆုံဆည္းသြားခဲ့ရသည္။

"တကယ္ေတာ့ ကိုယ္ အရာအားလုံးကို အရမ္းစိတ္ထဲထည့္ထားခဲ့တာ ၊ စိတ္ထဲထည့္ထားတာမွ တစ္ဖက္ကမ္းေတာင္ လြန္ရင္လြန္ေနလိမ့္မယ္ ၊ အဲ့ဒီအခ်ိန္တုန္းက မင္းကို မႏွောင့္ယွက္ေတာ့ပါဘူးလို႔ေျပာခဲ့ၿပီး တကယ္လည္း မႏွောင့္ယွက္ေတာ့တဲ့ကိစၥကိုေလ...."

စန္းရန္၏လည္စလုတ္က အသာအယာေ႐ြ႕သြားခဲ့ၿပီး ;

"ကိုယ္ ျပန္ေတြးၾကည့္မိတယ္ ၊ ကိုယ့္လိုေယာက္်ားရင့္မာႀကီးတစ္ေယာက္က ဒီေလာက္ထိမ်က္ႏွာသာရခ်င္ေနၿပီး....သိကၡာေတြထိန္းေနၿပီး ဘာလုပ္မွာလဲလို႔"

ဝိန္းရိဖန္၏ႏႈတ္ခမ္းပါးတို႔မွာ လႈပ္ခတ္လာခဲ့၏။ သူမ စကားမဆိုလိုက္ရေသးခင္ စန္းရန္က ခပ္ေရးေရးေလးၿပဳံးလာၿပီး ဆက္၍ စကားဆိုလာသည္။

"ဒီလို ဘာမွမဟုတ္တဲ့ကိစၥေလးေၾကာင့္နဲ႕ မင္းနဲ႕ ဒီေလာက္ႏွစ္ေတြအၾကာႀကီး ကေတာက္ကဆျဖစ္ၿပီး ေဝးေနခဲ့တာကေရာ ဘာလုပ္ဖို႔လဲ"

အသက္ငယ္႐ြယ္ၿပီး စိတ္အားထက္သန္မႈ စိတ္လိုက္မာန္ပါျခင္းတို႔ အျပည့္ရွိေနခဲ့သည့္အခ်ိန္တြင္.....

တစ္စုံတစ္ေယာက္ကို ခ်စ္မိသြားသည့္အခါ သူမအတြက္ျဖင့္ ႏွလုံးသားတစ္ခုလုံး စိတ္အာ႐ုံအလုံးစုံတို႔ကို ေပးအပ္နိုင္သလို ၊ သူမအတြက္ျဖင့္ အႀကိမ္ႀကိမ္လည္း ေခါင္းငုံ႕ေပးနိုင္ခဲ့ပါသည္။ သို႔ေသာ္ျငား သူမ၏စကားလုံးတို႔ေၾကာင့္ အလြယ္တကူရႈံးနိမ့္သြားရသည့္အခါတြင္ေတာ့ ထိုအခ်ိန္မွစ၍ သူမ၏ကမၻာထဲသို႔ ေျခလွမ္းစာမွဝင္ေရာက္ပါေတာ့မည္မဟုတ္ဘဲ ရိုးရိုးရွင္းရွင္း ခ်ိဳးဖ်က္လိုက္မည္အထိ ျပတ္သားမိခဲ့သည္။

ေမ့မရနိုင္မွန္း သိေနပါရက္ႏွင့္.....

ေမွ်ာ္လင့္ခ်က္တို႔မရွိပါသည့္တိုင္ ကိုယ္ကိုယ္တိုင္က ေစာင့္ေနခ်င္ေသးမွန္း သိေနပါရက္ႏွင့္....

'မာန'ဆိုသည့္အရာ ႏွင့္ အသက္တစ္ရွိုက္စာရႉခြင့္ေလးအတြက္ေၾကာင့္ျဖင့္ ဘယ္ေသာအခါမွ 'လက္ဦးမႈယူၿပီးစတင္မည့္'ဘက္တြင္ မေနခဲ့ပါေတာ့ေခ်။

ႏွေးေကြးၿပီးရွည္ၾကာလြန္းခဲ့သည့္ ႏွစ္ႏွစ္တာကာလႀကီးထဲတြင္....

သူကိုယ္တိုင္ဟာ ႏွိမ့္ခ်ၿပီးေတာင္းပန္တိုးလွ်ိုးရသည့္ဘက္တြင္ရွိေနခဲ့ရမွန္းကိုေတာ့ သူသာလွ်င္ အသိဆုံးျဖစ္ပါလိမ့္မည္။

သူမ၏ခံစားခ်က္မ်ား ပုံမွန္မဟုတ္သည္ကိုလည္း သူ ဘယ္ေတာ့မွ သတိထားၾကည့္ခြင့္မရခဲ့သလို.....

သူမ သိုဝွက္ဖုံးကြယ္ထားသည့္ နာက်င္မႈမ်ားႏွင့္ေမွ်ာ္လင့္ခ်က္မဲ့ျခင္းမ်ားကိုလည္း သူ ဘယ္ေတာ့မွ မဖမ္းဆုတ္ေပးခြင့္မရခဲ့ပါေပ။

ဘယ္ေသာအခါကမွလည္း သူမအား ကယ္ထုတ္ေပးခြင့္မရွိခဲ့၏။

ဝိန္းရိဖန္က ဆို၏။

"အစကတည္းက ငါ့ျပႆနာေတြပါ"

"မင္းနဲ႕ ဘယ္ေနရာမ်ား သက္ဆိုင္ေနလို႔လဲ"

စန္းရန္က လက္ကိုျမႇောက္လာၿပီး ဝိန္းရိဖန္၏မ်က္လုံးေထာင့္မ်ားကို ဖြဖြေလးပြတ္သပ္ေပး၍ ;

"ခ်ယ္ရွင့္ဒယ္ ဆန္ကုန္ေျမေလးေကာင္ရဲ႕ျပႆနာေတြ"

"...."

"ကိုယ့္အတြက္ နည္းနည္းေလးျဖစ္ျဖစ္ မင္း ေပ်ာ္ေပးလို႔မရဘူးလား"

စန္းရန္က ၿပဳံးလာခဲ့ရင္းႏွင့္ ;

"ကိုယ္ အဲ့ဒီဆန္ကုန္ေျမေကာင္ကို ဖမ္းနိုင္ခဲ့တယ္ေလ"

ကိုယ့္ကိုယ္တိုင္ မင္းရဲ႕အေမွာင္ရိပ္ေတြကို ဖမ္းဆုတ္ေပးခဲ့ၿပီးၿပီမလို႔.....

ဒီအခ်ိန္ကစၿပီး.....

မင္းရဲ႕ကမၻာထဲမွာ အလင္းေရာင္ေတြပဲရွိေနေတာ့မွာ.....

ေျပာစကားကို နားဝင္သြားပုံရသည့္သူက တစ္ခဏၾကာၾကာၿငိမ္ေနခဲ့ၿပီးေနာက္တြင္ အၾကည့္မ်ားကို ျပန္႐ုတ္သိမ္းသြားခဲ့၏။ ဝိန္းရိဖန္သည္ သူမ၏လက္တစ္စုံအား ေငးၾကည့္ေနရင္း ေခါင္းငုံ႕သြားခဲ့ရင္း အတားအဆီးမဲ့ေနသည့္အတိုင္း မ်က္ရည္က ဆက္ၿပီးက်ေနေလသည္။

စန္းရန္က ဝိန္းရိဖန္ ငိုေနသည္အား အနားသို႔ကပ္ၾကည့္လာၿပီး မ်က္ေမွာင္က်ဳံ႕လိုက္၍ ;

"မဟုတ္ေသးပါဘူး ၊ ဒဏ္ရာခ်ဳပ္ထားရလို႔ နာေနတဲ့သူက ကိုယ္ေလ ၊ မင္းက ဘာလို႔ငိုေနတာလဲ"

သူ႕စကားကိုၾကားသည့္အခါ ဝိန္းရိဖန္က သူ႕လက္ေပၚမွ ဒဏ္ရာကိုလွမ္းၾကည့္လာၿပီး ပို၍သည္းႀကီးမည္းႀကီးငိုပါေလေတာ့၏။

"...."

စန္းရန္သည္ အစကတည္းက ေခ်ာ့ေမာ့တတ္သည့္သူမ်ိဳးမဟုတ္သည့္အျပင္ သူေျပာလိုက္ကာမွ ပို,ငိုသြားေအာင္ လုပ္မိသလိုျဖစ္ေနျခင္းေၾကာင့္ ေခါင္းကိုက္လာေလၿပီး သူမ၏မ်က္ရည္ကို လွမ္းသုတ္ေပးလိုက္ရင္း ;

"အင္းပါ အင္းပါ ဟုတ္ပါၿပီကြာ....မနာေတာ့ဘူး ကိုယ္မနာေတာ့ဘူး"

ဝိန္းရိဖန္က ေတာ္ေတာ္ၾကာေအာင္ ရွိုက္ငိုေနၿပီးမွ ၿငိမ္သြားခဲ့၏။

စန္းရန္ကလည္း သူမကိုသာ စိုက္ၾကည့္ေနၿပီး ေခ်ာ့ေနသည့္အမူအရာမ်ိဳးျဖင့္ ညင္ညင္သာသာေလး စကားဆိုလာခဲ့သည္။

"မငိုနဲ႕ေတာ့ေနာ္"

အေရးေပၚကုသေဆာင္ထဲ၌ လူသူကင္းရွင္းၿပီး တိတ္ဆိတ္ေန၏။

ဝိန္းရိဖန္ကလည္း မ်က္ရည္မ်ားကိုလက္ဖမိုးျဖင့္ပြတ္သုတ္ၿပီး သည္အတိုင္းၿငိမ္သက္ေနသည္။ ဤအခ်င္းအရာကို ျမင္ေနရသည့္စန္းရန္မွာ တစ္စုံတစ္ရာအား ႐ုတ္တရက္အမွတ္ရလိုက္၏။

"ဝိန္း႐ႊမ္းက်န့္....မင္း တစ္ခုခုျဖစ္ေနသလားလို႔"

ဝိန္းရိဖန္က ခပ္တိုးတိုးေလးတုံ႕ျပန္လာ၏။

"အမ္"

"သတင္းေရးဖို႔အတြက္ ကိုယ့္ကို အင္တာဗ်ဴးမလုပ္ေတာ့ဘူးလား ၊ ေျပာေတာ့ ဒီသတင္းကို လိုက္ေနတာဆို"

ဝိန္းရိဖန္ သူ႕အား စိုက္ၾကည့္လိုက္၏။

"စိတ္မွမပါတာကို"

စန္းရန္က လက္တစ္ဖက္အား သူမ ထိုင္ေနသည့္ခုံ၏ ေနာက္မွီတန္းေပၚသို႔ တင္လိုက္ကာ လက္ေခ်ာင္းထိပ္မ်ားျဖင့္ တစ္ခ်က္ခ်င္းေခါက္ရင္း စာရင္းေဟာင္းရွင္းရန္ စတင္ျပင္ဆင္ေတာ့သည္။

"ဘာလို႔ စိတ္မပါေတာ့တာလဲ ၊ ကိုယ့္အိမ္ မီးေလာင္တုန္းကေတာ့ မင္း ေပ်ာ္ေပ်ာ္ႀကီး အင္တာဗ်ဴးၿပီးသတင္းေရးခဲ့တာ မဟုတ္ဘူးလား"

"...."

ဝိန္းရိဖန္က သူ႕ဒဏ္ရာအား ထပ္၍လွမ္းၾကည့္လိုက္၏။

"အေျခအေနခ်င္းမွ မတူတာ"

စန္းရန္က တစ္ကိုယ္တည္းရယ္ေနလိုက္၍ ;

"ဟုတ္ပါၿပီကြာ အိမ္ျပန္ၾကစို႔"

ႏွစ္ေယာက္သားက အေရးေပၚခန္းထဲမွထြက္လာခဲ့ၾကသည္။ စန္းရန္က အေရွ႕မွဦးေဆာင္၍ေလွ်ာက္သြားကာ အေနာက္မွလိုက္လာသည့္ဝိန္းရိဖန္က စန္းရန္၏ဒဏ္ရာကို စဥ္းစားမိေနရင္း မေနနိုင္ေအာင္ စကားဆိုလိုက္သည္။

"စန္းရန္"

"အမ္"

"နင္ ဘာျဖစ္လို႔ ဒီေလာက္ထိကံဆိုးရတာလဲဟင္"

ဝိန္းရိဖန္ သက္ျပင္းခ်လိဳက္ၿပီးမွ စကားဆိုလာခဲ့သည္။

"ဒီဘဝမွာ ငါနဲ႕ လာဆုံရတဲ့အထိေလ"

စန္းရန္က ေခါင္းလွည့္ၾကည့္လာခဲ့၏။

"ဘယ္လိုကံဆိုးေနလို႔လဲ"

"တစ္ခ်ိန္လုံး မေကာင္းတဲ့ကိစၥမ်ိဳးေတြပဲ ေတြ႕ေနရလို႔...."

ဝိန္းရိဖန္က စကားဆိုေနရင္း ထပ္၍လည္း ေတြးၾကည့္မိလိုက္၏။

"နင္ အရင္ဘဝတုန္းက ငါ့အေပၚမွာ အျပစ္ဖြဲ႕စရာကိစၥမ်ိဳးေတြ လုပ္ခဲ့လို႔ထင္တယ္....ဥပမာ...."

"ဥပမာ....ဘယ္လိုမ်ိဳးလဲ"

"ဥပမာ.....အရင္ဘဝတုန္းက ငါက အသက္ ၇၀၊၈၀ ေလာက္ထိ အပ်ိဳႀကီးျဖစ္ခဲ့ၿပီး အဲ့ခ်ိန္က်မွ ငါ့ကိုယူမယ့္ အဘိုးႀကီးတစ္ေယာက္ေပၚလာတာကို ၊ ေနာက္ဆုံးက်ေတာ့ မဂၤလာဦးညမွာ အဲ့ဒီအဘိုးႀကီးက နင္နဲ႕ခိုးရာလိုက္ေျပးသြားတာမ်ိဳးေလ ၊ အဲ့ဒါေၾကာင့္မလို႔ အခုဘဝမွာ ငါက နင့္ဆီ အေရာက္လာၿပီး စိတ္ဆင္းရဲ၊မေပ်ာ္ရေအာင္ လာလုပ္တာေနမွာ"

စန္းရန္ သုံးေလးစကၠန့္ေၾကာင္အမ္းေနၿပီးေနာက္၌ မေနနိုင္ေအာင္ရယ္မိေလေတာ့၏။

"မင္းက ဥပမာေပးေနတာလား ၊ ကိုယ့္ကို သြယ္ဝိုက္ၿပီးအရိပ္အေျချပေနတာလား"

ဝိန္းရိဖန္က ျဖည္းျဖည္းခ်င္းေခါင္းေမာ့လာ၏။

"အာ"

စန္းရန္က ထိုစကားအား ဥပမာအျဖစ္သာ မွတ္ယူလိုက္၍ ;

"ဟုတ္ပါၿပီ ၊ ဒါဆို ကိုယ့္ဘက္က အေႂကြးျပန္ေပးရမွာေပါ့ ၊ မင္း ဒီဘဝမွာ ကိုယ့္ကို ေကာင္းေကာင္းဆက္ဆံေပးေနာ္"

"ဘာအေႂကြးလဲ"

"မင္းအေပၚကို ျပန္ေပးစရာ ေယာက္်ားတစ္ေယာက္ အေႂကြးတင္ေနတာမဟုတ္ဘူးလား"

"...."

"ဒီဘဝမွာ မင္းအတြက္ ကိုယ္ဆိုတဲ့ ဒီလူကို ျပန္ေပးမယ္ေလ...."

စန္းရန္က မ်က္လုံးပင့္ၾကည့္လာၿပီး သူမ၏လက္ဖဝါးကိုလည္း သူ႕လက္ေခ်ာင္းျဖင့္ထိေတြ႕၍ ပြတ္သပ္လာသည္မွာ ကလိထိုးစေနာက္ေနသည့္အတိုင္းပင္။

"မရဘူးလား"

သူ႕စကားသံမွာ ခြင့္ျပဳခ်က္ေတာင္းေမးျမန္းေနျခင္းထက္ အသိေပးျခင္းႏွင့္ပင္ ပို၍တူေနခဲ့သည္။

ဝိန္းရိဖန္သည္ ေခါင္းသဲ့သဲ့ေလးေစာင္းလိုက္ၿပီး သူ၏ မာနႀကီးၿပီးမထီမဲ့ျမင္ျပဳတတ္ေသာအသြင္အျပင္အား အေသအခ်ာစိုက္ၾကည့္ေနမိကာ အခုေလးတင္ရွိေနခဲ့သည့္ စိတ္ေသာကမ်ားဟာ လြင့္စင္ေပ်ာက္ပ်ယ္သြားခဲ့သည္။ သူ၏လက္ေခ်ာင္းမ်ားကိုလည္း ခပ္တင္းတင္းဆုတ္ကိုင္ပစ္လိုက္ၿပီး ႏႈတ္ခမ္းပါးကိုေကြး၍ ၿပဳံးျပလိုက္၏။

"ရတာေတာ့ရပါတယ္"

စန္းရန္ကလည္း လွမ္းၾကည့္ေနဆဲႏွင့္ ;

"အင္း"

"ဒါေပမယ့္ နင္ ငါ့ကို အေႂကြးတင္ေနတာက အဘိုးႀကီးတစ္ေယာက္ေလ"

"...."

စကၠန့္ပိုင္းၾကာၾကာတိတ္ေနၿပီးေနာက္။

စန္းရန္က အၾကည့္မ်ားကိုျပန္သိမ္းသြားခဲ့ကာ ေအးေအးလူလူျဖင့္စကားဆိုလိုက္သည္။

"ဒါဆိုလည္း အေႂကြးကို အရင္ဆုံးမွတ္ထားေပး"

"အမ္"

ေဆး႐ုံေကာ္ရစ္တာတစ္ေလွ်ာက္လုံးမွာ တိတ္ဆိတ္ၿငိမ္းခ်မ္းၿပီး မီးမ်ားလည္း လင္းလင္းထိန္ေန၏။

ေယာက္်ားေလး၏လက္ေမာင္းေနရာတြင္ ပတ္တီးစည္းထားသည့္ဒဏ္ရာတစ္ခုရွိေနၿပီး အနက္ေရာင္ရွပ္အကၤ်ီမွာ အနည္းငယ္ဖုန္ေပၿပီးညစ္ေထးေနပါသည့္တိုင္ အရွက္ရစရာေကာင္းသည့္ပုံစံမ်ိဳး လုံးဝမေပါက္ပါေပ။ အရပ္ျမင့္ၿပီး ခႏၶာကိုယ္ထက္၌လည္း ႂကြက္သားမ်ားက အပိုအလိုမရွိက်စ္လစ္ေနကာ စူးရွသည့္ မ်က္ခုံးႏွင့္မ်က္လုံးတစ္စုံဟာလည္း သူမ၏ အေရွ႕ေရာက္လာတိုင္း မသိမသာေလး ႏူးညံ့ႏြေးေထြးသြားရသေယာင္ေယာင္ေပ။

"ေနာက္ထပ္ႏွစ္ငါးဆယ္ၾကာၿပီးရင္ ကိုယ္ မင္းကို ျပန္ေပးမယ္"

******************

Continue Reading

You'll Also Like

25.5K 2.1K 20
Sawa, the one and only legendary assasian, tries to get over her terrifying past with wish of better life on her own. But she's trapped by Mr. Church...
4.2M 262K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
4M 167K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
6.7K 437 21
NO PAID GP ‼️ Title - She's a Little Crazy / 她病得不轻; 陆遥知他意 Author - Zhu Yi Chapter - 63 Started Date : 23.11.2023