အနောက်ဘက်ခုံတွင်ထိုင်နေသည့် ဖုကျွမ့်က အရှေ့ဘက်သို့ခေါင်းပြူထွက်လာပြီး အံ့သြတကြီးဖြင့် ;
"အဲ့လောက်တောင် တိုက်ဆိုင်ရလား ၊ အရင်ကတည်းက အဲ့လူက လူကောင်းတော့မဖြစ်နိုင်ဘူးလို့ခံစားမိခဲ့တာ ၊ လူပါသတ်ထားတာတဲ့လား ၊ ကျွန်တော်တောင် သူ့ကို လက်နဲ့ထိထားမိခဲ့သေးတယ် ၊ ကျွန်တော် တကယ်ကြီး ဦးရေပြားတစ်ခုလုံး ရှိန်းခနဲဖြစ်နေပြီ"
ဝိန်းရိဖန်အတွက်လည်း ဤသတင်းဟာ အံ့သြတုန်လှုပ်သွားရသည့်သတင်းတစ်ခု။ သို့သော် အသေအချာပြန်တွေးကြည့်လိုက်သည့်အခါ ချယ်ရှင့်ဒယ်၏စရိုက်အရ ဤလုပ်ရပ်မျိုးက ထိုလူ လုပ်ရက်နိုင်သည့်ကိစ္စမျိုးပင်ဖြစ်သည်။
"အသေးစိတ်အခြေအနေကတော့ အခုထိရှင်းရှင်းလင်းလင်းမဖြစ်သေးဘူး ၊ အခုလက်ရှိမှာ တရားခံကိုလည်း ဖမ်းမမိသေးဘူး ၊ ကြည့်ရတာ သတင်းရပြီးတော့ ထွက်ပြေးနှင့်ပြီထင်တယ် ၊ ဒါပေမယ့် သူ့ဘေးနားကလူတွေကတော့ မေးမြန်းစစ်ဆေးဖို့အတွက် ထိန်းသိမ်းခံထားရပြီးပြီ ၊ အလောင်းရှိတဲ့နေရာကို ချယ်ရှင့်ဒယ်ရဲ့အစ်မက ဝန်ခံတာ"
ဝိန်းရိဖန်က တစ်ချက်တွေးတောကြည့်လိုက်၏။
"ဘယ်သူက ရဲတိုင်တာလဲ ၊ ဘယ်လို သက်သေမှတ်တမ်းမျိုးလဲ"
ချန်ဝေ့ဟွာ ရှင်းပြသည့်အခြေအနေကို အစအဆုံးနားထောင်ပြီးသည့်အခါ ဝိန်းရိဖန်စိတ်ထဲ ဖြေးဖြေးချင်းသဘောပေါက်လာခဲ့သည်။
ရဲစခန်းသို့ သွားရောက်တိုင်တန်းသည့်အမျိုးသမီးမှာ 'ကျိန့်လင်' ၊ ချယ်ယန့်ချင်၏ချွေးမ ၊ ဝိန်းမင်၏ဇနီး ဖြစ်သည်။ လွန်ခဲ့သောရက်သတ္တပတ်ခန့် ညတစ်ညတွင် ကျိန့်လင်အား အရက်မူးနေသည့်ချယ်ရှင့်ဒယ်က ကိုယ်ထိလက်ရောက်ထိပါးမှုမျိုးပြုခဲ့ပြီး မိသားစုအတွင်း ပြဿနာအကြီးအကျယ်တက်ခဲ့ကြ၏။ ဘေးပတ်ဝန်းကျင်အိမ်နီးချင်းများလည်း မသိသူမရှိအောင် အုတ်အော်သောင်းနင်းဖြစ်ခဲ့သည့်အခြေအနေပင်။
ချယ်ယန့်ချင် ငိုကြွေးပြီးတောင်းပန်နေမှုကြောင့်သာ ကျိန့်လင်သည် ကိစ္စအား ရဲစခန်းသို့တိုင်ကြားတော့မည့်အရေးကို အခေါက်ခေါက်အခါခါစဥ်းစားပြီးမှ လက်မလျော့ချင်ဘဲ လက်လျော့ပေးလိုက်ရ၏။ သို့သော် လင်မယားနှစ်ယောက်မှာမူ ထိုနေ့ညကတည်းက အိမ်ပေါ်မှဆင်းလာခဲ့ပြီး မိသားစုနှင့်အဆက်အသွယ်ဖြတ်လိုက်သည့်အလား လုံးဝ အိမ်ပြန်မလာတော့၏။
ထို့ကြောင့်လည်း ချယ်ယန့်ချင်က ဝိန်းမင်ထံ အကြိမ်ကြိမ်ဆက်သွယ်ပြီး သားအမိဆက်ဆံရေးကို ပြန်အဆင်ပြေချင်ခဲ့သည်။
ဖုန်းခေါ်ဆိုမှုတစ်ခုအပြီးတွင် ဝိန်းမင်ဘက်မှ ဖုန်းအဆက်အသွယ်အား သေချာမချမိလိုက်သည့်အချိန်။ တစ်ဖက်မှ ချယ်ယန့်ချင်က အဆင်ပြေမှုများစွာကြောင့် ချယ်ရှင့်ဒယ်နှင့် စကားများရန်ဖြစ်ကြကာ ထိုအချိန်တုန်းကကိစ္စအား လက်လွတ်စပယ်ပြောထွက်လာခဲ့တော့သည်။
ချယ်ယန့်ချင်ပြောသည်မှာ ချယ်ရှင့်ဒယ်ဆိုသည့်ခွေးက -ျီးစားချင်သည့်စိတ်ကို မဖျောက်နိုင်ကြောင်း ၊ အရင်က ဘေးအိမ်မှမိန်းကလေးအား အဓမ္မပြုကျင့်ပြီးသတ်ပစ်ခဲ့ကြောင်း ၊ နောက်တွင် ချယ်ယန့်ချင်က သူ၏အညစ်အကြေးများကို လိုက်ရှင်းပေးနေရကြောင်း ၊ လက်ရှိတွင်လည်း ကျေးဇူးမသိတတ်သည့်အပြင် သူမ၏ချွေးမကိုပါ ထိပါးလာသည့်အကြောင်း။
ထိုအချိန် ကျိန့်လင်က အမှုမဲ့အမှတ်မဲ့ ဖုန်းကိုင်မိပြီး ထိုစကားများကို တိုက်ရိုက်အသံသွင်းထားခဲ့ခြင်းဖြစ်သည်။ ဝိန်းမင်ကို မေးမြန်းကြည့်သည့်အခါ သူသည်လည်း ထိုမိန်းကလေး၏မိသားစုကို သိခဲ့ဖူးပြီး အကယ်၍သူသာ အမှတ်အမှားလျှင် ထိုမိန်းကလေး နှစ်တော်တော်ကြာပျောက်ဆုံးနေသည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း ပြောပြလာခဲ့သည်။
ထိုစကားများကြောင့် ပြဿနာမှာ ပို၍ယုတ္တိဆန်လာခဲ့သည်။
ကျိန့်လင်သည် ဝိန်းမိသားစုအိမ်မှ ထွက်လာပြီဖြစ်သော်လည်း ချယ်ရှင့်ဒယ်၏ ကိုယ်ထိလက်ရောက်စော်ကားခံရခြင်းကို မကျေအေးနိုင်ပါသေးချေ။ အကြိမ်ကြိမ်ထပ်စဥ်းစားပြီးသည့်အခါ ရဲစခန်းသို့ အကြောင်းကြားရန် ဆုံးဖြတ်လိုက်၏။
ဝိန်းရိဖန်က ငြိမ်သက်ပြီး လက်တော့ပ်ဖြင့် ဆက်၍စာစီနေခဲ့၏။
ဝိန်းလျန်ရှန်၏ဘေးအိမ်တွင် နေခဲ့ဖူးသည့် 'ကော်'မိသားစုမှမိန်းကလေးအား ဝိန်းရိဖန်လည်း ရင်းနှီးသင့်သလောက်ရင်းနှီးခဲ့ဖူးသည်ပေ။ ထိုမိန်းကလေး၏အမည်မှာ 'ကော်လင်' ဖြစ်ပြီး အရပ်မြင့်မြင့်၊ရုပ်ရည်လည်းလှပကာ အကျင့်စရိုက်မှာ တစ်မျိုးဖြစ်နေသော်ငြား စိတ်ထားကောင်းသည့်မိန်းကလေးပင်။
တစ်ခါက ဝိန်းရိဖန် ဘတ်စ်ကားစီးသည့်အခိုက်တွင် သွားလာရေးငွေပေးချေသည့်ကဒ် ကျန်ခဲ့ဖူးသည်။ ထိုအခါတုန်းက ကော်လင် မြင်သွားပြီး စကားတစ်ခွန်းမဆိုဘဲ သူမအတွက် ငွေပေးချေပေးခဲ့သည်။
ထိုမတိုင်ခင်အချိန်တုန်း နှစ်ဦးသားစလုံး စကားတစ်ခွန်းမပြောခဲ့ဖူးသလို ထိုနောက်ပိုင်းတွင်လည်း ထပ်၍ အဆက်အဆံမရှိခဲ့ပါပေ။
ဝိန်းရိဖန်သည် အရေးပေါ်အလုပ်ခရီးကြောင့် အိမ်သို့မပြန်ဖြစ်ခဲ့ဘဲ ဌာနထဲ၌ ဟိုးအရင်ကတည်းက ပြင်ထားခဲ့သည့်သာမန်ခရီးဆောင်အိတ်လေးကိုသာ ယူလာဖြစ်ခဲ့သည်။ ခရီးလမ်းတစ်လျှောက် အားလပ်သွားသည့်အချိန်လေးအတွင်း စန်းရန်ထံသို့ မက်ဆေ့ပို့ကာ ပေယွီသို့အလုပ်ကိစ္စဖြင့်ခရီးသွားခဲ့ကြောင်း ရှင်းပြလိုက်သည်။
ချန်ဝေ့ဟွာက တောင်အနောက်ဘက်ရှိ သေဆုံးသူအလောင်းရှာတွေ့သည့်နေရာဆီသို့ တိုက်ရိုက်မောင်းနှင်လာခဲ့သည်။
လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာနေရာအား တားမြစ်ထားပြီးဖြစ်ကာ ရဲအရာရှိများလည်း စောင့်ကြပ်နေကြပြီဖြစ်၏။
ချန်ဝေ့ဟွာက ကားပေါ်မှဆင်းပြီး ရဲအရာရှိများနှင့်ပြောဆိုကြည့်လိုက်၏။ သို့သော်ငြား အမူအရာများကိုအကဲခတ်ပုံအရ ခွင့်ပြုချက်အတွက်အဆင်ပြေပုံမရပေ။ သုံးယောက်သားက ဘေးပတ်ဝန်းကျင်မှအခြေအနေများကို အကြမ်းဖျင်းဓါတ်ပုံရိုက်ယူပြီးနောက် အနီးဆုံးရဲစခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။
သွားရာလမ်းတွင် ဖုကျွမ့်က အလွန်တရာကိုမုန်းတီးနေသည့်အမူအရာတို့ဖြင့် ;
"အဲ့တော့ ချယ်ရှင့်ဒယ်ရဲ့အစ်မက အဲ့ဒီလူကို ကူညီပြီးအလောင်းဖျောက်ပေးခဲ့တာပေါ့ ၊ အဲ့ဒီချွေးမကြောင့်သာမဟုတ်ရင် ဒီမိန်းကလေးက လူမသိသူမသိနဲ့ ဘယ်လောက်ကြာကြာတောင်များ...."
ချန်ဝေ့ဟွာက သက်ပြင်းချလိုက်၏။
"ဒီလောကကြီးထဲမှာ စရိုက်အမျိုးစုံနဲ့ လူအမျိုးမျိုးရှိတယ်"
ဝိန်းရိဖန်၏စိတ်အခြေအနေမှာလည်း သိပ်မကောင်းပါပေ။
ပေယွီမြို့မှာ မြို့ငယ်သာသာလေးဖြစ်သည့်အတွက် လိုအပ်သည့်ပစ္စည်းအများစုမှာ ပြတ်လတ်နေသည်ချည်း။ အရင်တစ်ခေါက် ဥမင်လိုဏ်ခေါင်းပြိုကျသည့်မတော်တဆမှုမှလွဲ မည်သည့်အကြီးစားအမှုမျိုးမှမရှိ။ ဤအမှုတွင်လည်း ရဲအရာရှိအများစုမှာ နန်းဝူမှစေလွှတ်ပေးသည့်ရဲအင်အားများပင် ဖြစ်၏။
တစ်နေ့တာလုံးကုန်သွားသည်အထိ မည်သည့်သတင်းထူးမှ မေးမရခဲ့၏။
တိုက်ဆိုင်မှုတစ်ခုမှာတော့ ဝိန်းရိဖန်သည် သူမအား စောင့်ရှောက်ပေးခဲ့ဖူးသည့်အမျိုးသမီးရဲအရာရှိနှင့် ပြန်လည်တွေ့ဆုံဖြစ်ခဲ့ခြင်းပါပင်။
နှစ်တစ်ချို့ကြာလာသည့်တိုင် အမျိုးသမီးရဲအရာရှိ၏အသွင်အပြင်မှာ နားထင်စပ်နား၌ ဆံပင်ဖြူများပေါက်လာသည်ကလွဲ များများစားစားပြောင်းလဲသွားခြင်းမရှိ။ ဝိန်းရိဖန်ကိုမြင်လိုက်သည့်အခိုက်တွင် အမျိုးသမီးရဲအရာရှိက သူမအားချက်ချင်းမှတ်မိသွားသော်ငြား နာမည်ကိုတော့ မေ့နေလေ၏။
ဝိန်းရိဖန်က ပြုံးပြီးနှုတ်ဆက်လိုက်၏။
"အန်တီချန် ၊ သမီး ရိဖန်ပါ"
အန်တီချန်က နဂိုကတည်းက နွေးနွေးထွေးထွေးဖြင့်ပြုံးနေတတ်သူဖြစ်သည့်အလျောက် ;
"မတွေ့ဖြစ်တာ ဘယ်နှနှစ်တောင်ရှိခဲ့ပြီတုန်း ၊ အခု သတင်းထောက်လုပ်နေတာလား"
"ဟုတ် ၊ သမီး အလုပ်ကိစ္စနဲ့ခရီးထွက်လာခဲ့တာ ၊ နန်းဝူသတင်းဌာနမှာ သတင်းထောက်လုပ်နေပါတယ် ၊ အန်တီရော နေကောင်းကျန်းမာတယ်မလား"
"ကောင်းပါ့ ကောင်းပါ့ ၊ ချန်ရှီလည်း အဆင်ပြေနေတယ် ၊ သူ့ကောင်လေးနဲ့အခြေချဖို့စီစဥ်ပြီး မကြာခင်လည်း လက်ထပ်ကြတော့မှာ ၊ သမီးတို့နှစ်ယောက်က အဲ့တုန်းက အရမ်းခင်ခဲ့ကြတာလေ ၊ သမီး ထွက်သွားပြီးတော့ သူ သမီးကိုလွမ်းကျန်နေခဲ့တာ ၊ နေ့တိုင်းနေ့တိုင်း သမီးအကြောင်းကိုပြောဖြစ်ကြသေးတယ်"
"သူ wechat ထဲမှာတင်ထားတာကို တွေ့ပါတယ် ၊ သူ မင်္ဂလာဆောင်တဲ့နေ့ကျရင် သမီး ထပ်လာခဲ့ပါဦးမယ်"
"ဟုတ်ပါပြီ ၊ အဲ့အချိန်ကျရင် သေချာပေါက်ကို လာရမယ်နော်"
အန်တီချန်က သူမ၏ခေါင်းကို ဖွဖွလေးပွတ်သပ်ရင်း ;
"ကလေးမလေး....တကယ်ပဲကောင်းလိုက်တာ ၊ အန်တီဖြင့် အဲ့အချိန်တွေတုန်းက သမီး ပြန်ရုန်းမထွက်လာနိုင်တော့မှာကို စိုးရိမ်နေခဲ့တာ ၊ အခုတော့ အစွမ်းထက်တဲ့သတင်းထောက်မကြီးတောင် ဖြစ်နေပြီ"
ဝိန်းရိဖန် ကြောင်အမ်းသွားရရင်း မျက်လုံးများလည်း နွေးတက်လာရတော့၏။
"အန်တီ စိတ်ချပါ ၊ အဲ့အချိန်တုန်းက ကိစ္စတွေက သမီးအပေါ် ဘယ်လိုအနှောင့်အယှက်မျိုးမှ မပေးနိုင်တော့ပါဘူး"
အန်တီချန်က ပြုံးလိုက်၍ ;
"ဒီလိုဆိုရင်တော့ အကောင်းဆုံးပါပဲ ၊ အကောင်းဆုံးတွေပဲ ဖြစ်ရမယ်လေ"
--------
ရဲစခန်းပြန်ထွက်လာချိန်တွင်တော့ အတော်လေးနောက်ကျနေပြီဖြစ်သည်။
သုံးဦးသားက အနီးအနားတွင်ရှိမည့်တည်းခိုခန်းတစ်ခုရှာ၍ အနားယူပြီး နောက်တစ်နေ့၌ ကော်လင်၏မိသားစုဝင်များဆီသို့သွားရန် စီစဥ်ထားကြသည်။ ကားပေါ်သို့ရောက်သည့်အခါ ဖုကျွမ့်က စိတ်ဝင်တစားဖြင့်မေးလာခဲ့သည်။
"ရိဖန်ကျဲ ၊ အစ်မနဲ့ ခုဏက အမျိုးသမီးရဲအရာရှိနဲ့ရင်းနှီးကြတာလား"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြ၍ ;
"အစ်မ အရင်တုန်းက ဒီမြို့မှာ နှစ်နှစ်နေဖူးတယ်လေ"
ဖုကျွမ့်က အသံတစ်ချက်ပြုပြီးနောက် ဆက်မမေးတော့၏။
တည်းခိုခန်းထဲသို့ရောက်လျှင်ရောက်ချင်း ဝိန်းရိဖန်က အိပ်ရာပေါ်ပစ်လှဲချလိုက်ကာ ရေချိုးဖို့ရာ အလျင်လိုမနေချေ။ အိတ်ထဲမှ လက်ကိုင်ဖုန်းကိုထုတ်ကြည့်လိုက်လျှင် စန်းရန် ပို့ထားသည့်မက်ဆေ့တစ်စောင်အား တွေ့လိုက်ရသည်။
[ အလုပ်ပြီးရင် ကိုယ့်ဆီဖုန်းဆက် ]
ဝိန်းရိဖန်က ချက်ချင်း ဖုန်းခေါ်ဆိုလိုက်၏။
တစ်ဖက်လူသည်လည်း ချက်ချင်းဖြေဆိုလာ၏။
စန်းရန်၏အသံမှာ ဖုန်း၏အခြားတစ်ဖက်မှ ပဲ့တင်ထွက်လာပြီး ခါတိုင်းအချိန်များထက် ဆွဲဆွဲငင်ငင်နိုင်လှ၏။
"ဟိုတယ်ကိုရောက်ပြီလား'
ဝိန်းရိဖန် ;
"အင်း....တည်းခိုခန်းတစ်ခုမှာ"
"အိပ်ချင်နေပြီလား"
"ရပါသေးတယ်"
ဝိန်းရိဖန်က ခေါင်းအုံးကို ဖက်ထားလိုက်ပြီး ခပ်တိုးတိုးဖြင့်သာစကားဆိုလာ၏။
"စန်းရန်"
"အမ်"
"ချယ်ရှင့်ဒယ်က ဒီဘက်မှာပြဿနာတက်ထားတယ် ၊ အခု လူသတ်မှုနဲ့ ဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေတာ ၊ ငါ အတွေးများတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ နင့်ကို လာရှာမှာကို ငါ စိတ်ပူတယ် ၊ နင် အခုတလောအပြင်ထွက်ရင် ပိုပြီးသတိထားနော်"
ဤစကားကိုကြားပြီးနောက် စန်းရန်က သုံးလေးစက္ကန့်ငြိမ်နေခဲ့ပြီးမှ ;
"မင်း ပေယွီကို အလုပ်ခရီးထွက်သွားတာ ဒီကိစ္စကြောင့်လား"
"အင်း"
"ဟုတ်ပါပြီ ကိုယ် သိပြီ ၊ ကိုယ့်လို ယောက်ျားရင့်မာကြီးက ဘာဖြစ်နိုင်မှာမလို့ နေ့တိုင်းနေ့တိုင်း လိုက်တွေးပြီးစိုးရိမ်နေရတာလဲ"
စန်းရန်က ရယ်ချင်သလိုလိုပင်ဖြစ်လာရ၍ ;
"ဝိန်းရွှမ်းကျန့် မင်းကိုယ်မင်း ပိုပြီးဂရုစိုက်သင့်တာမဟုတ်ဘူးလား ၊ အသံသွင်းဖောင်တိန်ထဲကစကားတွေကို များများနားထောင်ပေး"
စန်းရန် သဘောတူပေးပြီးမှ ဝိန်းရိဖန်လည်း စိတ်သက်သာရာရသွားခဲ့၏။
"နင်တစ်ယောက်လုံးရှိနေတာကို ငါက ဘာလို့ အသံသွင်းထားတဲ့ဟာကို နားထောင်နေရမှာလဲ"
စန်းရန် ;
"တိုက်ရိုက်ကြီးပြောရမှာက နည်းနည်းရှက်စရာကောင်းတယ်လို့ မထင်ဘူးလား"
ဝိန်းရိဖန် မနေနိုင်အောင် ရယ်မိလိုက်သော်လည်း အတင်းကာရော တောင်းဆိုမနေတော့၏။
အသံသွင်းဖောင်တိန်ထဲမှစကားများအတွက်မှာတော့ သူမ နားထောင်လွန်း၍ အလွတ်ပင်ရွတ်ပြ၍ ရနေလေပြီ။
"စန်းရန် ၊ ဒီနေ့လေ ငါ အရင်တုန်းက ရင်းနှီးခဲ့ဖူးတဲ့ အမျိုးသမီးရဲအရာရှိတစ်ဦးနဲ့ ပြန်တွေ့ခဲ့တယ် ၊ ဟိုအရင် အဲ့ဒီကိစ္စတုန်းက ငါ ရဲတိုင်ပြီးတော့ ဘကြီးတို့အိမ်ကနေထွက်လာတဲ့အချိန် အဲ့ဒီအမျိုးသမီးရဲအရာရှိက ငါ့ကို ခေါ်ထားပေးခဲ့တာ"
စန်းရန်က ငြိမ်သက်၍နားထောင်နေခဲ့၏။
"အင်း"
"ငါလည်း အန်တီနဲ့ပြန်တွေ့ဖြစ်လိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့တော့ တော်တော်လေးပျော်သွားတယ် ၊ သူ့သမီး ချန်ရှီက အထက်တန်းကျောင်းတုန်းက ငါနဲ့တစ်တန်းထဲလေ ၊ သူလည်း ငါ့ကို အများကြီးစောင့်ရှောက်ပေးခဲ့တာ"
"ဟုတ်လား....ဒါဆိုအချိန်ရရင် ကိုယ်တို့နှစ်ယောက် သူတို့ဆီ သွားလည်ပြီးကျေးဇူးတင်ရအောင်လေ"
"အင်း.....ချန်ရှီ မင်္ဂလာဆောင်ကျရင် ငါတို့အတူတူသွားရအောင် ၊ သူ wechat ထဲမှာ ပို့စ်တင်ထားပုံအရတော့ သူ့ကောင်လေးက လက်ထပ်ခွင့်တောင်းပြီးပြီ ၊ မကြာခင်လက်ထပ်တော့မယ်ထင်တယ်"
ဤစကားတစ်ခွန်းတွင် စန်းရန်ဘက်မှ ရုတ်ချည်းတိတ်ဆိတ်သွားခဲ့တော့၏။
ဝိန်းရိဖန်က ဆက်ပြောနေဆဲဖြင့် ;
"ဒါပေမယ့် ရက်အတိအကျကိုမသိသေးတော့ နင် အားမအားဆိုတာကိုလည်း တစ်ချက်ကြည့်ရဦးမယ်"
စန်းရန်က အသံရှည်ဆွဲပြီး 'အို့' ဟု အသံပြုကာ ရုတ်တရက် ရယ်နေရင်း ;
"ဝိန်းရွှမ်းကျန့်"
ဝိန်းရိဖန် ;
"ဘာဖြစ်တာလဲ"
သူ့စကားသံမှာ စနောက်ပြီးကစားချင်နေသည့်အငွေ့အသက်များ ပါလာခဲ့၍ ;
"မင်း ကိုယ့်ကို သွယ်ဝိုက်ပြီးအရိပ်အခြေပြနေတာလား"
"...."
ဝိန်းရိဖန်မှာ သူ့စကားအား ရုတ်တရက်နားမလည်ပါချေ။
"ဘာကိုလဲ"
"မင်းရဲ့မွေးနေ့က သိပ်မကြာခင်ရောက်တော့မှာမလား ၊ ဒီတစ်ခေါက်ဆုတောင်းကျရင် ကောင်းကောင်းလေးဆုတောင်းဖို့ မမေ့နဲ့"
စန်းရန်က သုံးလေးကြိမ်တိုင်တိုင်ရယ်နေလေပြီး ;
"စိတ်ချပါ ကိုယ်ကလေ.....ထုံးစံအတိုင်း မင်း ဆုတောင်းသမျှကို လိုက်ဖြည့်ဆည်းပေးနေဦးမှာ"
ဖုန်းချပြီးနောက်။
ဝိန်းရိဖန်က အိပ်ရာပေါ်လှဲအိပ်နေရင်း အရင်နှစ် မွေးနေ့ဆုတောင်းသည့်အချိန်တုန်းက စန်းရန် ပြောခဲ့ဖူးသည့်စကားများကို ပြန်တွေးကြည့်လိုက်သည်။
---'ဘာဆုတောင်းလိုက်တာလဲ'
---'မင်း မပြောပြဘဲနဲ့ ကိုယ်က ဘယ်လိုလုပ်ပြီးဆုတောင်းပြည့်အောင် လုပ်ပေးလို့ရမှာလဲ'
ထိုအချိန်တုန်းက သူမသည် အလုပ်နှင့်ပတ်သတ်သည့်ဆုတောင်းတစ်ခုဟုသာ အလျင်းသင့်သလို ပြန်ဖြေခဲ့သေးသည်။
စန်းရန်ပြန်ပြောလာခဲ့သည်မှာ
---'အို့....ကိုယ်ကို့ မင်းရဲ့ကောင်လေးဖြစ်လာပါစေလို့ ဆုတောင်းမယ်လို့ ကိုယ်ကထင်နေတာရော"
ဝိန်းရိဖန်က ခေါင်းကုတ်နေရင်း ဘယ်စကားတစ်ခွန်းကများ စန်းရန်အတွက် 'သွယ်ဝိုက်ပြီးအရိပ်အခြေ' ပြနေသည့်စကားမျိုးဖြစ်သွားကြောင်းကို စဥ်းစားကြည့်နေတော့၏။ တစ်ခဏကြာသည့်အခါ ချန်ရှီ လက်ထပ်တော့မည့်အကြောင်းအား ရုတ်ချည်း သတိရလိုက်တော့သည်။
လက်ထပ်မယ်....
ဤစကားလုံးကြောင့် ဝိန်းရိဖန် ကြောင်အမ်းသွားရသလို....
မျက်နှာတစ်ပြင်လုံးလည်း တမုတ်ချည်းနီမြန်းသွားရတော့၏။
------
နောက်တစ်နေ့တွင် သုံးဦးသားက ကော်လင်၏မိသားစုအိမ်သို့ ထွက်လာခဲ့ကြသည်။
သေဆုံးသူ၏မိသားစုဝင်များသည် လက်ရှိအချိန်တွင် ပြိုလဲခံစားနေကြရခြင်းကြောင့် မီဒီယာသတင်းထောက်များနှင့်တွေ့ဆုံရန် လုံးဝစိတ်မပါခဲ့ပါပေ။ အရင်အင်တာဗျူးများကဲ့သို့သာ ထင်ခဲ့သော်လည်း သူတို့၏ရည်ရွယ်ချက်ကိုရှင်းပြပြီးသည့်အခါတွင်တော့ ကော်လင်၏အဖေက တစ်ခဏတာငြိမ်သွားခဲ့ပြီး အိမ်ထဲပေးဝင်ခဲ့၏။
အင်တာဗျူးနေသည့်တစ်လျှောက်လုံး၌လည်း ကော်လင်၏အဖေက အကောင်းဆုံးပူးပေါင်းဖြေဆိုပေးခဲ့သည်။
သူ့မှတ်ဥာဏ်များအရ ကော်လင်၏အမှု ဖြစ်ပွားခဲ့သည့်နေ့ရက်အကြောင်းကို မှတ်မိသလောက် ပြောပြလာခဲ့၏။
ကော်လင်၏မိခင်မှာ ငယ်စဥ်ကတည်းက ဆုံးပါးခဲ့ပြီဖြစ်၍ အဖေဖြစ်သူနှင့်သာ ကြီးပြင်းခဲ့ရသည်။ ကော်လင်၏အဖေမှာ ယောက်ျားသားပီပီ ကြမ်းကြမ်းတမ်းတမ်းရှိပြီး ထိုအသက်အရွယ်သမီးပျိုလေးနှင့် အထိုက်အလျောက်ဖြစ်အောင်မနေတတ်ခဲ့သဖြင့် သားအဖနှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ အမြဲတစေ တင်းမာနေခဲ့ကြသည်။
ကော်လင်၏အဖေဖြစ်သူမှ ကော်လင်အား နောက်ဆုံးတစ်ကြိမ်တွေ့ဖြစ်ခဲ့သည်မှာ အိမ်ထဲ၌ဖြစ်၏။ ထိုနေ့က အကြောင်းတစ်ခုကြောင့် နှစ်ယောက်သားက ရန်ဖြစ်ပြီးစကားများခဲ့ကြရာ မျက်လုံးများနီရဲနေသည့်ကော်လင်က ဒေါသထွက်ထွက်ဖြင့်အော်ဟစ်ပြောဆိုခဲ့သည်။
"သမီး ဒီအိမ်ကို ဘယ်တော့မှပြန်မလာဘူး"
ထို့နောက် တံခါးကိုဆောင့်ပိတ်ပြီး ထွက်သွားခဲ့၏။
သည်စကားများကိုပြောပြနေရင်း ကော်လင်၏အဖေက ခေါင်းကိုငုံ့ထားကာ လက်တစ်ဖက်က မျက်လုံးများကိုဖုံးထားခဲ့ပြီး အရပ်မြင့်မြင့်နှင့်ခပ်သန်သန်လူကြီးတစ်ယောက်က လက်ရှိအချိန်တွင်တော့ အသက်ဆယ်နှစ်စာမျှ အိုစာသွားခဲ့သလိုပါပင်။
"သူ အဲ့စကားတွေပြောပြီးတဲ့နောက်မှာ တကယ်ကို လုံးဝပြန်မလာတော့ဘူးလို့ ကျွန်တော်မထင်ထားမိခဲ့ဘူး"
"...."
"ဒီနှစ်တွေထဲမှာ သူ ကျွန်တော့်ကိုစိတ်ဆိုးနေသေးလို့ အိမ်ပြန်မလာတာလို့ပဲ ထင်ထားခဲ့တာ"
ကော်လင်အဖေ၏အသံတို့မှာ တဖြည်းဖြည်းနှင့်ရှိုက်လာခဲ့၍ ;
"ဒီအတိုင်းသာဖြစ်နေခဲ့ရင် ဘယ်လောက်တောင်များကောင်းလိုက်မလဲ ၊ ကျွန်တော့်သမီးလေးကျမှ ဘာဖြစ်လို့များ ဒီလိုအဖြစ်မျိုးကြီးနဲ့ ကြုံရတာလဲ"
အခြားသူများအားလုံး စကားပြောမထွက်လာကြတော့၏။
ဤအချိန်ဤအခိုက်အတန့်တွင် မည်သည့်နှစ်သိမ့်စကားမျိုးမဆို လေးလံနေမည်မှာအမှန်ပင်။
"ကျွန်တော် ရဲတွေဆီကနေ ကြားထားပါတယ် ၊ ဟိုလူယုတ်မာကို မမိသေးဘူးဆို"
ကော်လင်၏အဖေသည် ဝိန်းရိဖန်၏လက်ကို ရုတ်တရက်လှမ်းကိုင်ပြီး တောင်းဆိုလိုသည့်ပုံစံမျိုးဖြင့် ;
"မင်းတို့ကို အကူအညီတောင်းပါတယ် ၊ အဲ့ဒီလူယုတ်မာရဲ့ဓါတ်ပုံကို တီဗွီထဲမှာထည့်လွှင့်ပေးပါ ၊ အားလုံး သတိထားမိကြအောင် လုပ်ပေးပါ ၊ ကျွန်တော့်ရဲ့သမီးလေး အေးအေးချမ်းချမ်းအနားယူနိုင်အောင် ကူညီပေးကြပါ"
ဝိန်းရိဖန်လည်း နှစ်သိမ့်ပေးရုံသာတတ်နိုင်ခဲ့၏။
"ကျွန်မတို့ဘက်က အမှန်တရားအတိုင်း ချပြပေးမှာပါ"
----------
ကော်လင်မိသားစုအိမ်မှ ထွက်လာကြသည့်အခါ သုံးယောက်စလုံး၏စိတ်အခြေအနေတို့သည်လည်း မကြည်လင်နိုင်ကြတော့၏။
အတော်ကြာသွားပြီးမှ ဖုကျွမ့်က စကားဆိုလာခဲ့သည်။
"အိုင်း....ခံစားရခက်လိုက်တာ"
"...."
"ကြည့်ရတာ ကော်လင်ရဲ့အဖေက ချယ်ရှင့်ဒယ်ရဲ့ဓါတ်ပုံကို သတင်းထဲပါလာအောင်လုပ်ချင်လို့ ကျွန်တော်တို့ရဲ့အင်တာဗျူးကို လက်ခံခဲ့တာထင်တယ် ၊ ဒါပေမယ့် သူ ဖြစ်ချင်သလိုမျိုး သတင်းထဲထည့်ပေးဖို့က အဆင်မပြေဘူးလေ ၊ အကုန်လုံး အုတ်အော်သောင်းနင်းဖြစ်ကုန်မှာ ၊ သူ့ကို တည့်ပြောပြလိုက်ဖို့ကလည်း အဆင်မပြေပြန်ဘူး"
ဝိန်းရိဖန်က ပြတင်းပေါက်အပြင်ဘက်ရှိ ဘတ်စ်ကားမှတ်တိုင်ကိုငေးကြည့်နေရင်း အနည်းငယ်စိတ်လွင့်နေခဲ့သည်။
ချန်ဝေ့ဟွာ ;
"ငါတို့ လုပ်သင့်လုပ်ထိုက်တာအားလုံး လုပ်ပေးရင်ကို ရပါပြီ"
ဝိန်းရိဖန်က သတိပြန်ကပ်သွားပြီး ဖြေးဖြေးချင်းစကားဆိုလိုက်သည်။
"အင်း....ဒီဘက်က ကိစ္စတွေနဲ့ပတ်သတ်ပြီး ဘာမှမှ,မကူညီပေးနိုင်တာ ၊ အစ်မတို့အနေနဲ့ တရားခံဖမ်းမိတဲ့အချိန်ထိစောင့်ပြီး အဲ့အချိန်ကျမှ အမှန်တရားအားလုံးကိုဖော်ထုတ်ပြီး ပြည်သူတွေကိုချပြပေးရမှာ"
အခုလို အခြားနည်းလမ်းတစ်ခုနဲ့ကူညီပေးလိုက်တာကလည်း ကောင်းကင်ဘုံပေါ်ရောက်နေမယ့်သေဆုံးသူ၏စိတ်ဝိဥာဥ်ကို အေးချမ်းရာရအောင် နှစ်သိမ့်ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်......
သုံးဦးသားက ပေယွီမြို့၌ ရက်ပိုင်းခန့်နေခဲ့ကြသည်။
ချယ်ရှင့်ဒယ်၏အရင်မိတ်ဆွေဟောင်းများ လုပ်ဖော်ကိုင်ဖက်ဟောင်းများကိုလည်း အင်တာဗျူးခဲ့ပြီး နန်းဝူမြို့သို့ မပြန်ခင် ရဲစခန်းသို့လည်း အခေါက်ခေါက်အခါခါ အသွားအပြန်လုပ်ခဲ့ရပါသေးသည်။ နန်းဝူမြို့မှ လုပ်ဖော်ကိုင်ဖက်များ၏သတင်းပေးပို့မှုအရ လက်ရှိအချိန်ထိ ချယ်ရှင့်ဒယ်မှာ ထွက်ပြေးလွတ်မြောက်နေဆဲပင်။
ချယ်ယန့်ချင်သည်တော့ ပြစ်မှုကိုကူညီဖုံးကွယ်ပေးမှုဖြင့် ထိန်းသိမ်းခံထားရသည်။
ထိုလူ၏ပတ်ဝန်းကျင်မှ ဆွေမျိုးများအားလုံးလည်း စောင့်ကြည့်စစ်ဆေးမှုအတွက် ပူးပေါင်းပေးကြရသည်။
နန်းဝူသို့ပြန်ရောက်သည့်အခါ ဝိန်းရိဖန်သည်လည်း ရဲစခန်းမှ မေးမြန်းဖို့ရာအတွက် အခေါ်ရှိလာခဲ့သည်။ ထို့နောက်တွင် အမှု၏နောက်ဆက်တွဲများကို ဆက်လက်၍သတင်းယူနေခဲ့သည်မှာ အမျိုးသားနေ့အားလပ်ရက်ကြီး၌ပင် အနားယူမနိုင်ဘဲ အလုပ်ရှုပ်နေခဲ့သည်အထိ။
ထိုအလုပ်များနေသည့်ရက်များအတွင်း တစ်နေ့၌ ကျောက်ယွမ့်တုံထံမှ ဖုန်းခေါ်ဆိုမှုအား ဝိန်းရိဖန် လက်ခံရရှိခဲ့သည်။
အုတ်အော်သောင်းနင်းဖြစ်နေသည့်ကိစ္စကြီးကြောင့် ကျောက်ယွမ့်တုံက သူမအား အမေးအမြန်းပြုချင်ပုံရသော်လည်း အချိန်နှင့်အမျှအလုပ်များနေခဲ့သည့် သူမအတွက် ဖုန်းခေါ်ဆိုလာချိန်နှင့်လွှဲသွားရသလို သူမဘက်ကလည်း ပြန်မဆက်သွယ်ပေ။
ဤရက်တွေအတွင်း ဝိန်းရိဖန် အိမ်ပြန်ရသည့်အချိန်ပင် အလွန်နောက်ကျခဲ့သည်။
ရေချိုးပြီးသည်နှင့် မျက်လုံးမှိတ်အိပ်ကာ အိပ်ရာနိုးနေသည်နှင့် အိမ်မှထွက်လာသောကြောင့် စန်းရန်နှင့်အချိန်ဖြုန်းသည့်ကိစ္စမျိုးပင် သိပ်မရှိ။ စန်းရန်ကလည်း မည်သည့်မကျေနပ်ချက်မျိုးမှမဆိုသလို အတင်းကာရာ စကားပြောအချိန်ဖြုန်းခိုင်းခြင်းလည်းမရှိ ၊ သူမအား အိပ်ရေးဝဝ သွားအိပ်ခိုင်းနေသည်ချည်းသာ။
အမျိုးသားနေ့အားလပ်ရက်ရှည်ကြီးအပြီးတွင်တော့ ဝိန်းရိဖန် တရားဝင်ပိတ်ရက်တစ်ရက်ရကာ စန်းရန်၏အားလပ်ရက်က ထိုနေ့တွင်အပြီးဖြစ်နေသဖြင့် နှစ်ယောက်သားမှာ လှလှပပလေးလမ်းလွှဲသွားရ၏။
ထို့ကြောင့် အားလပ်ရက်တစ်ရက်လုံး ဝိန်းရိဖန်သည် အိမ်ထဲ၌သာ မိုးလင်းကနေမိုးချုပ် အိပ်နေခဲ့ပြီး စန်းရန် အလုပ်ဆင်း၍အိမ်ပြန်လာသည်ကိုပင် သတိမထားမိပါတော့၏။ အိပ်ရာနိုးလာပြီး အိပ်မှုန်စုံမွှားဖြင့်အပြင်ထွက်လာသည့်အခါတွင်မှ ဆိုဖာပေါ်ထိုင်၍ ရေသောက်နေသည့်စန်းရန်အား မြင်လိုက်ခြင်းဖြစ်၏။
သူမ၏အရိပ်အယောင်ကို ခံစားမိခြင်းကြောင့် စန်းရန်က မျက်လုံးပင့်ကြည့်လာသည်။
"နိုးပြီလား"
ဝိန်းရိဖန်က 'အင်း'ဟုအသံတစ်ချက်ပြုပြီး အနားသို့လျှောက်သွားကာ ကိုအာလာဝက်ဝံတစ်ကောင်အတိုင်း သူ့ခန္ဓာကိုယ်ပေါ်သို့ ကုတ်ကတ်၍တွယ်ကပ်နေလေ၏။ အိပ်ချင်စိတ်မှာမပျယ်သေးသဖြင့် စကားပြောသည်မှာလည်း ခပ်နှေးနှေး။
"နင် ဘယ်အချိန်တုန်းက ပြန်ရောက်တာလဲ"
"ခုဏလေးတင် ပြန်ရောက်တာ ၊ သိပ်မကြာသေးဘူး"
စန်းရန်က သူမအား ပြန်လည်ပွေ့ဖက်လိုက်ပြီး တစ်ဖက်ကလည်း ရေသောက်နေရင်း ;
"အိပ်တာ ဘယ်လောက်တောင်ကြာနေပြီလဲ"
"မသိတော့ဘူး ၊ အိပ်လိုက် နိုးလိုက်နဲ့ပဲ ၊ နင် ညစာစားပြီးပြီလား"
"အင်း....မင်း ညကျရင် ထပ်အိပ်နိုင်သေးလား"
ဤစကားကိုကြားသည့်အခါ ဝိန်းရိဖန်၏မျက်တောင်များ လှုပ်ခတ်သွားပြီး မော့ကြည့်လာခဲ့၏။
"ငါ့မှာ အားမရှိဘူး"
"...."
သူမ ဆိုလိုသည့်အဓိပ္ပါယ်ကို ချက်ချင်းနားလည်လိုက်သည့် စန်းရန်က တစ်ချက်ရယ်လိုက်ရင်းဖြင့် ;
"ကိုယ်က ဘာပြောနေလို့ မင်းက အားမရှိရတာလဲ"
"အို့....ဒါဆို ငါ အထင်လွဲသွားတာနေမှာ"
"ကိုယ့်ကို ဘယ်လိုလူစားမျိုးလို့များ ထင်နေတာလဲ"
စန်းရန်က သူမ၏မျက်နှာကို ဆွဲညှစ်လိုက်ပြီး မျက်တောင်မွှေးအောက်ဘက်မှ မျက်ကွင်းညိုညိုများကို လှမ်းကြည့်၍ ;
"ထားပါတော့ ၊ အိပ်ချင်နေသေးတယ်ဆိုရင် ရေအမြန်ချိုးပြီး ပြန်အိပ်တော့ ၊ ပိတ်ရက်က တစ်ရက်တည်းရတာမလား"
ဝိန်းရိဖန်က သူ့ခန္ဓာကိုယ်ပေါ်၌ တွယ်ကပ်နေဆဲဖြင့် ;
"အင်း"
နှစ်ယောက်သားက တစ်ခဏကြာကြာငြိမ်နေခဲ့ပြီးနောက်တွင် ဝိန်းရိဖန်က ရုတ်တရက် စကားဆိုလာခဲ့သည်။
"စန်းရန်"
"အမ်"
"နင်ပြောကြည့်ကြည့်....ချယ်ရှင့်ဒယ်က ဘယ်ကိုပြေးသွားလောက်မယ်လို့ထင်လဲ ၊ ဒီလောက်တောင် ကြာနေပြီလေ ၊ သူ့မှာ ပိုက်ဆံလည်းမရှိ ကူညီပေးမယ့်သူလည်းမရှိဘဲလို့ ဘာလို့ အခုထိ ဖမ်းမမိသေးတာလဲ"
"ဖမ်းမိမှာပါ"
ဘယ်လိုအကြောင်းအရင်းကြောင့်မှန်းမသိ စန်းရန်၏စိတ်ထဲ၌ မကောင်းသည့်အငွေ့အသက်မျိုးခံစားနေမိကာ စကားကိုထပ်ပေါင်းဆိုလိုက်၏။
"ဒီအတောအတွင်း ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်း အိမ်မပြန်လာနဲ့"
"အင်း"
"ကိုယ် လာကြိုမှာကိုစောင့်နေ"
ဤအမှုမှာ တရားခံကို ဖမ်းမမိသေးသည့်အပြင် ရဲစခန်းဘက်မှလည်း သတင်းအားလုံးကိုပိတ်ထားသဖြင့် အဘယ်လိုနည်းနှင့်မှ ရှေ့ဆက်သွား၍မရခဲ့ပေ။ ထို့ကြောင့် သတင်းတင်ဆက်ခြင်းကို ဆိုင်းငံ့ထားရပြီး အခြားသောသတင်းများကိုသာ အရင်ထုတ်လွှင့်နေခဲ့ရသည်။
နေ့စဥ်နှင့်အမျှ ချယ်ရှင့်ဒယ်လိုဆန်ကုန်မြေလေးလူတစ်ဦးကို အမြန်ဆုံးဖမ်းမိပြီး တရားခွင်ပေါ်တင်နိုင်ရေးအတွက် မျှော်လင့်ခဲ့ကြ၏။
စနေနေ့ ညနေခင်းတွင်။
အမျိုးသားနေ့အားလပ်ရက်တုန်းက ခွင့်ရက်တစ်ရက်ပိုပေးထားရသဖြင့် ယနေ့၌ စန်းရန်သည်လည်း အလုပ်ဆင်းနေရသည်။ ညနေခြောက်နာရီဝန်းကျင်သို့ရောက်သည့်အခါ ဝိန်းရိဖန်သည် ထုံးစံအတိုင်း စန်းရန်၏ Wechat ထဲမှတဆင့် အလုပ်ဆင်းမည့်အချိန်ကိုမေးမြန်းထားသော မက်ဆေ့တစ်စောင် လက်ခံရရှိခဲ့သည်။
ကျန်နေသေးသည့်အလုပ်များကို ချိန်ဆပြီးနောက် ဝိန်းရိဖန်က ခန့်မှန်းချေအချိန်အား ပြောပြလိုက်၏။
[ ၈နာရီခွဲ ]
စန်းရန် ; [ ဟုတ်ပြီ ]
အခြားတစ်ဖက်တွင်။
ပြောထားသည့်အချိန်လည်း သိပ်မလိုတော့သည့်အတွက် စန်းရန်က ကားသော့ကိုယူပြီး ကုမ္ပဏီထဲမှထွက်လာခဲ့သည်။ ထုံးစံအတိုင်း 'ရှန့်အန်း' ရပ်ကွက်ထဲသို့ ကားမောင်းလာပြီး နန်းဝူသတင်းဌာနအဆောက်အဦးနားတွင် ကားရပ်ရန် နေရာရှာနေလိုက်၏။
အဘယ်ကြောင့်မှန်းမသိ ယနေ့တွင် 'ရှန့်အန်း'ရပ်ကွက်ထဲ လူစည်ကားနေပြီး ကားပါကင်တစ်နေရာစာပင် ရှာမတွေ့သေးချေ။
စန်းရန်က ပတ်မောင်းနေရင်း လမ်းသရဲလမ်းမကြီးဘက်၌ သွားရပ်ရကောင်းနိုးနိုး စဥ်းစားနေသည့်အချိန် ၊ မနီးမဝေးရှိလမ်းကြားလေးတစ်ခုအား မျက်ဝန်းထောင့်မှတဆင့် လှမ်းမြင်လိုက်၏။ ကားပါကင်အတွက် နေရာရရန်မမျှော်လင့်ထားသော်ငြား ကားစက်နိုးထားဆဲဖြစ်သည့်အတွက် လမ်းအတွင်းမောင်းဝင်ရန် ပြင်လိုက်သည်။
အတွင်းထဲသို့ မောင်းမဝင်ရသေးခင် စန်းရန်သည် နံရံနားကပ်ပြီးရပ်နေသည့်ယောက်ျားတစ်ယောက်ကို ရုတ်တရက်သတိထားမိလိုက်သည်။
ထိုယောက်ျားက အရပ်လည်းမမြင့်သည့်အပြင် ခပ်ဝဝ။ ပူအိုက်နေဆဲဖြစ်သည့်ယခုလိုနေ့မျိုး၌ ဦးထုပ်ဆောင်းပြီး သူ့အသွင်အပြင်ကို ဖုံးနိုင်ရန်အတွက် Mask တပ်ထားသေးသည်။ သူ့ပုံစံမှာ တစ်စုံတစ်ယောက်ထံမှ ပုန်းအောင်းနေပုံလည်းရသလို တစ်စုံတစ်ယောက်ကို ရှာနေပုံလည်းရကာ အချိန်နှင့်အမျှ သတင်းဌာန၏တံခါးဝကြီးဆီသို့ လှမ်းကြည့်နေလေသည်။
စန်းရန်၏လက်ချောင်းထိပ်များက ကားစတီယာရင်အား တဒေါက်ဒေါက်ခေါက်လျက်။
လမ်းကြား၏အကျယ်အဝန်းမှာ ခပ်ကျဥ်းကျဥ်းဖြစ်သောကြောင့် ကားတစ်စင်းဝင်လာသည်ကို သတိထားမိသည့်ထိုလူသည် ဘေးနားသို့အလိုလိုကပ်ပြီး လမ်းဖယ်ပေးလာ၏။
ဤလှုပ်ရှားမှုတစ်ချက်တွင် စန်းရန်က ရင်းနှီးနေသည့်မျက်ခုံးတစ်စုံကို လှမ်းမြင်လိုက်ရသည်။
သူ့ဦးနှောက်ထဲမှအတွေးများနှင့် တဖြည်းဖြည်းတထပ်တည်းကျလာခဲ့ကာ....
ထိုလူမှာ ချယ်ရှင့်ဒယ်ပင်။
စန်းရန်၏မျက်ခုံးများ ကျဥ်းမြောင်းသွားခဲ့ကာ ဒေါသ တဟုန်ထိုးထွက်လာတော့၏။ ဘေးနားတွင်ချထားသည့်လက်ကိုင်ဖုန်းကိုကောက်ယူပြီး 110 ဆီသို့ အမြန်ဆက်သွယ်လိုက်သည်။ တစ်ဖက်သို့လှည့်ကြည့်နေရင်း အသံကိုလည်းနိမ့်ကာ နေရာအတိအကျကို ပြောပြပြီး ဖုန်းချလိုက်၏။ ကားတစ်စင်းက နေရာ၌အချိန်ကြာကြာမလှုပ်မယှက်ရပ်နေမှန်း သတိထားမိသွားသည့် ချယ်ရှင့်ဒယ်သည် တစ်စုံတစ်ရာမူမမှန်မှန်းရိပ်မိလာ၏။ အနားသို့ကပ်လာပြီး ကားအတွင်းသို့လှမ်းကြည့်ရာ စန်းရန်၏မျက်နှာကိုမြင်လိုက်သည်နှင့် ချက်ချင်းနောက်ဆုတ်သွားပြီး ထွက်ပြေးပါတော့သည်။
ထိုလူ ထွက်ပြေးပြီးလွတ်သွားမည်ကို စိုးရိမ်သည့်အတွက် စန်းရန်လည်း ကားပေါ်မှဆင်းလာကာ ချယ်ရှင့်ဒယ်ပြေးသွားသည့်ဘက်သို့ လိုက်၏။
စန်းရန်က ချယ်ရှင့်ဒယ်ထက် အရပ်ပိုမြင့်ခြင်းကြောင့် ကြာကြာပင်မပြေးလိုက်ရဘဲ ထိုလူ၏လက်မောင်းကို လှမ်းဖမ်းဆွဲနိုင်လိုက်သည်။ ရင်ဘတ်ဖြင့်အားစိုက်ပြီး ချယ်ရှင့်ဒယ်အား နံရံဖြင့်ဖိကပ်ထားလိုက်ကာ ဒေါသတကြီးဖြင့် ;
"ဒီနေရာကို ဘာလာလုပ်ချင်နေသေးတာလဲ"
"မင်းမေကို လာ-ိုးတာ! ခွေးမသားလေး!"
ချယ်ရှင့်ဒယ်၏မျက်နှာက ကွန်ကရစ်နံရံနှင့်ဖိကပ်ခံထားရကာ အားကုန်ရုန်းကန်နေ၏။
"မင်းမေ..ငါ့ကို လာမထိစမ်းနဲ့! မင်း ရူးနေတာလား!"
စန်းရန်၏ စိုးရိမ်စိတ်များက သိသိသာသာလျော့နည်းသွားခဲ့ကာ သူ ရောက်လာခဲ့သည့်အတွက်လည်း ကံကောင်းသွားကြောင်းတွေးနေမိ၏။ ချယ်ရှင့်ဒယ်ကိုစိုက်ကြည့်နေပြီး ထိုလူ၏ဆဲရေးနေသောစကားလုံးများအတွက် အထူးတလည်ဒေါသထွက်မတော့ပေ။
"ဝေ့"
ချယ်ရှင့်ဒယ်က ခက်ခက်ခဲခဲဖြင့်ခေါင်းလှည့်ကြည့်လာခဲ့၏။
"အကြာကြီးထွက်ပြေးနေရတာဆိုတော့ ပင်ပန်းနေလောက်ရောပေါ့ ၊ ဘာလို့များ ကိုယ့်ကိုကိုယ်ဒုက္ခပေးချင်နေရတာလဲ ၊ အေးအေးဆေးဆေးနဲ့ထောင်ထမင်းသွားစားတာကမှ ပိုကောင်းတယ်မထင်ဘူးလား"
ဤစကားကြောင့် ချယ်ရှင့်ဒယ်မှာ မျက်နှာပျက်လာရတော့သည်။
"မင်းပဲ ထောင်ထဲသွား! ငါကတော့ မင်းအမေရဲ့ထောင်ကိုပဲသွားမယ်!"
စန်းရန်က ထိုလူနှင့် ပေါက်ကရများ ယှဥ်ပြောနေရမည်ကို ပျင်းရိလွန်းသဖြင့် ထိုလူ၏လက်နှစ်ဖက်ကိုချုပ်ပြီး လမ်းကြားထဲမှ ဆွဲထုတ်လာတော့သည်။
ချယ်ရှင့်ဒယ်မှာ စန်းရန်၏ခွန်အားနှင့် လုံးဝမယှဥ်နိုင်မှန်း သိသွားသည့်အဆုံးတွင် စတင်ပြီးတောင်းပန်လာတော့၏။
"မင်းကိုတောင်းပန်ပါတယ် ၊ ငါလည်း ဘာမှမှမလုပ်ထားခဲ့တာ ၊ ငါ ဘာမှမလုပ်ထားဘူး ၊ ငါက မှားယွင်းပြီးစွပ်စွဲခံရတာပါ"
"ဒီစကားတွေကို...."
စန်းရန်က ပျင်းတိပျင်းရွဲဖြင့်
"ခင်ဗျား ရဲကိုပဲ သွားပြောပြလိုက်"
"...."
လမ်းကြားထဲမှ ဆွဲထုတ်ခံနေရပြီဖြစ်ကြောင်း မြင်လိုက်သည့်အချိန်တွင်တော့ ချယ်ရှင့်ဒယ်သည် ပို၍လောပြာလာခဲ့ပြီး ထွက်ပြေးလွတ်မြောက်ချင်သည့်စိတ်က သူ့ခွန်အားအလုံးစုံတို့ကို လှုံ့ဆော်လာတော့၏။ မျက်စိတစ်မှိတ်စာအချိန်အတွင်း ထိုလူက စန်းရန်၏လက်ကို အားဖြင့်ရမ်းခါထုတ်ပစ်လိုက်သည်။
စန်းရန် အနောက်သို့ သုံးလှမ်းမျှဆုတ်သွားခဲ့ပြီး သူ့အိတ်ကပ်ထဲမှပစ္စည်းတစ်ခုပြုတ်ကျလာကာ လိမ့်သွားသည့်အသံကိုပင် ကြားလိုက်ရ၏။ စန်းရန်က ထိုလူနှင့်မျက်နှာချင်းဆိုင်ဖြစ်သွားပြီး ရန်လိုပြီးကြမ်းကြုတ်နေသည့်မျက်လုံးများကိုတွေ့လိုက်ရ၏။
"မင်းမေငါ-ိုး!"
ချယ်ရှင့်ဒယ်က အိတ်ကပ်ထဲမှ ဓါးမြှောင်ကိုထုတ်ပြီး စန်းရန်ဘက်သို့ ပြေးဝင်လာခဲ့၏။ ငွေရောင်ဓါးသွားမှာ လမ်းမီးရောင်အောက်တွင် လက်ခနဲ။
"ဘယ်ကောင်ကမှ ခံရတဲ့ကောင်လဲဆိုတာ ငါကြည့်မယ်!"
ပစ္စည်းများသိမ်းဆည်းပြီးသည့်အခါ ဝိန်းရိဖန်က စန်းရန်ထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။ သည်တစ်ကြိမ်တွင် တစ်ဖက်လူက အရင်ကလိုချက်ချင်း လက်ခံဖြေဆိုခြင်းမရှိ။
ဖုန်းဆက်သွယ်ပေးနေသည့်အသံကိုနားထောင်ရင်း ဝိန်းရိဖန်က စားပွဲဘက်သို့လှမ်းကြည့်လိုက်ရာ အသံသွင်းဖောင်တိန်က စားပွဲပေါ်ကျန်နေသေးကြောင်း မြင်လိုက်ရသည်။ သူမ အလိုလိုလှမ်းယူလိုက်သည့်အချိန် တစ်ဖက်လူကလည်း ဖုန်းလက်ခံဖြေလာ၏။
သူမ စကားပြောလုနီးနီးတွင် တစ်ဖက်မှ သူစိမ်းအမျိုးသမီးတစ်ဦး၏အသံထွက်လာခဲ့သည်။
"ဟယ်လို"
ဝိန်းရိဖန် ကြောင်အမ်းသွားရ၏။
"ဟယ်လို.....ကျေးဇူးပြု၍ ဘယ်သူလဲမသိဘူးရှင့်"
"အာ....ကျွန်မက အခုလေးတင် ဒီဖုန်းကိုကောက်ရထားတဲ့သူပါ ၊ ဖုန်းပိုင်ရှင်က ဘာတရားခံဆိုလား ဖမ်းတဲ့အချိန် ဓါးနဲ့ထိုးမိလို့ အခု ဆေးရုံကိုခေါ်သွားကြပြီ ၊ အစ်မက သူ့မိတ်ဆွေလားမသိဘူး ၊ ဖုန်းကိုရော အစ်မဆီ ယူလာပေးရမလား"
ဝိန်းရိဖန်မှာ တစ်ဖက်လူ၏စကားကို နားမလည်နိုင်သည့်အလား ကြောင်အမ်းသွားရတော့၏။
"ဘာဖြစ်တယ်"
"ကျွန်မလည်း အခြေအနေကိုအသေးစိတ်မသိဘူး ၊ ဒါပေမယ့် ဒီနေရာမှာတော့ သွေးတွေအများကြီးကျန်နေခဲ့တယ်"
သုံးလေးစက္ကန့်ကြာပြီးသွားသည့်အခါ ဝိန်းရိဖန်၏အသံတို့က တုန်ယင်စပြုလာတော့၏။
"ဒဏ်ရာရသွားတဲ့လူရဲ့နာမည်က စန်းရန်လား"
"ကျွန်မ မသိဘူး ၊ အရပ်မြင့်မြင့် ခန္ဓာကိုယ်ပိန်ပိန်နဲ့ ရုပ်လည်းတော်တော်လေးချောတယ်"
စကားအဆုံးတွင် ဝိန်းရိဖန်၏လက်ချောင်းထိပ်များက လက်ဖဝါးကိုထိုးလုမတတ် လက်သီးဆုတ်ထားမိပြီး အပြင်ဘက်သို့ပြေးထွက်လာခဲ့တော့သည်။
"အစ်မ အခု ဘယ်နားလေးမှာလဲ"
ဝိန်းရိဖန်က ထိုအမျိုးသမီး လမ်းညွှန်သည့်လမ်းကြားအတိုင်းဝင်လာခဲ့သည်နှင့်တပြိုင်နက် မြေကြီးပေါ်မှ သွေးကွက်ကြီးအား ချက်ချင်းမြင်လိုက်ရသည်။ သူမ၏တစ်ကိုယ်လုံးအေးစိမ့်လာခဲ့ကာ ပြေးလာခဲ့သည့်လမ်းတစ်လျှောက်လုံး မယုံကြည်ထားခဲ့သည့်အခြေအနေတစ်ရပ်က လက်ရှိအချိန်၌ မျက်ဝါးထင်ထင်မြင်လိုက်သည့်အတိုင်းပင်။ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားခဲ့ပြီး ထိုအမျိုးသမီး ကောက်ယူပေးထားသည့်စန်းရန်၏လက်ကိုင်ဖုန်းကို လှမ်းယူလိုက်၏။
မျက်နှာပြင်မှန်မှာ အစိတ်စိတ်ကွဲကြေနေနှင့်ပြီး ဖုန်းထောင့်၌ ဖုန်မှုန့်များကပ်နေ၏။ ဖွင့်ကြည့်လိုက်သည့်အခါ သူတို့နှစ်ဦး ချားရဟတ်ပေါ်၌ရိုက်ထားသည့်ဓါတ်ပုံမှာ မျက်နှာပြင်ထက်၌ နေရာယူလျက်သားနှင့်။
မေးခွန်းတစ်ချို့မေးမြန်းကြည့်ပြီးနောက်၌ ဝိန်းရိဖန်က ထိုအမျိုးသမီးအား ကျေးဇူးတင်စကားဆိုလိုက်၏။ ဘေးဘီသို့ဝေ့ဝဲကြည့်လိုက်သည့်အခါ လမ်းကြား၏အဝင်ဝနား၌ရပ်ထားသည့် စန်းရန်၏ကားကိုလည်း မြင်လိုက်ရသည်။ တက္ကစီတစ်စီးလှမ်းတားပြီး ကားထဲဝင်ကာ မြို့ဆေးရုံဆီသို့ ထွက်လာခဲ့သည်။
ဤအခိုက်အတန့်တွင် သူမ၏စိတ်ထဲ ကြောက်စရာကောင်းလွန်းသည့်အတွေးတစ်ခု ပြေးဝင်လာပါတော့၏။
သူမ မတွေးကြည့်ရဲသည့်အတွေးတစ်ခု။
ဝိန်းရိဖန်၏အဖေ ဆုံးပါးသွားခဲ့သည့်ထိုနေ့အကြောင်းပင်။
သို့သော် ထိုနေ့က သွားရာလမ်းတစ်လျှောက်တွင် သူမ၏ဘေး၌ အဖော်ပြုပေးသည့် စန်းရန် ပါလာခဲ့သည်။
ဤတစ်ကြိမ်တွင် သူမ တစ်ယောက်တည်း။
သူမ ကိုယ့်ကိုယ်ကိုယ် မခြောက်လန့်ချင်ပါပေ။
သူမ စန်းရန်၏ကတိစကားကိုလည်း ယုံကြည်သလို ကိုယ့်ကိုကိုယ် မခြောက်ခြားအောင်ထိန်းချုပ်ထားပါသည့်တိုင် လက်ချောင်းများက ထိန်းမရအောင်တုန်ယင်နေခဲ့သည်။
လက်သီးဆုတ်ထားခဲ့သည့်ခွန်အားမှာ တင်းသထက်တင်းလာပြီး မျက်ဝန်းများထဲ၌ အရည်ကြည်များဝေ့တက်လာကာ လက်ခုံပေါ်သို့ တစ်စက်ပြီးတစ်စက်ကျလာသည့်မျက်ရည်စက်များဟာ...
ရေခဲသဖွယ် အေးစိမ့်လျက်ရှိတော့၏။
ယခုလိုပူအိုက်နေသည့်ရာသီဥတုမျိုး၌ပင် ထိုမျက်ရည်စက်များ၏အေးစိမ့်မှုက အရေပြားထဲထိ ဖောက်ဝင်ပြီး အရိုးများထဲ စိမ့်ဝင်နေသည့်အတိုင်းပင်။
မြင်ကွင်းဟူသမျှ ဝေဝါးနေသည့်အချိန်။
ဝိန်းရိဖန်က လက်ထဲတွင်ဆုတ်ကိုင်ထားသည့် အသံသွင်းဖောင်တိန်နှင့်စန်းရန်၏လက်ကိုင်ဖုန်းကိုသာ စိုက်ကြည့်နေမိခဲ့သည်။ ဤအချိန်တွင် ဘယ်နေရာမှထိမိသွားခဲ့ခြင်းကြောင့်မှန်းမသိ အသံသွင်းဖောင်တိန်ထဲမှ အေးစက်စက်နှင့်အထက်စီးဆန်သည့်အမျိုးသားသံတစ်ခုဟာ တိတ်ဆိတ်နေသည့်ကားအတွင်း ပဲ့တင်ထွက်လာပါတော့သည်။
---'ဝိန်းရွှမ်းကျန့် အလုပ်မှာ အန္တရာယ်ကင်းဖို့ ဂရုစိုက်ပါ ၊ မင်းရဲ့ကောင်လေးက မင်း ဘေးကင်းကင်းနဲ့အိမ်ပြန်လာမှာကို စောင့်နေတယ်'
--------
ချယ်ရှင့်ဒယ်လက်ထဲမှ ဓါးကို လှမ်းမြင်လိုက်သည်နှင့် ထိုလူပြေးဝင်လာသည့်ရည်ရွယ်ချက်ကို စန်းရန် ချက်ချင်းသဘောပေါက်လိုက်သည်။ ချယ်ရှင့်ဒယ်သည် အပိုင်းပိုင်းခုတ်ဖြတ်ပစ်ချင်သည့်အလား ဓါးကို အကြမ်းပတမ်းလွှဲရမ်းပစ်လိုက်သည့်အခါ စန်းရန်၏လက်နှင့်ခါးနေရာမှာ အမှတ်မထင် လျှပ်ပြေး၍ခြစ်မိသွားခဲ့၏။
ထိုလူ၏လုပ်ရပ်ကြောင့် စန်းရန်၏နှုတ်ခမ်းပါးတို့မှာ တဖြောင့်တန်းတင်းသွားပြီး အလင်းတစ်ဝက် အမှောင်တစ်ခြမ်းထဲတွင်ဖြစ်၍ သူ၏အသွင်အပြင်ကိုတော့ မမြင်ရပါပေ။ ချယ်ရှင့်ဒယ်က နောက်တစ်ကြိမ်ဓါးဖြင့်ထိုးလာသည့်အခါတွင်တော့ စန်းရန်က ထိုလူ၏လက်ကို အမြန်ဖမ်းဆွဲပြီး အားဖြင့်လိမ်ပစ်လိုက်သည်။
အရိုးအက်သံမျိုးထွက်ပေါ်လာကာ ချယ်ရှင့်ဒယ်၏အော်သံမှာလည်း စူးခနဲ။ လက်ကိုဖမ်းချုပ်ထားသည့်ခွန်အားများလာခြင်းကြောင့် ထိုလူကိုင်ထားသည့်ဓါးမှာ မြေကြီးပေါ် ပြုတ်ကျသွားခဲ့သည်။
စန်းရန်၏လက်နှင့်ခါးပေါ်၌ သွေးများတစိမ့်စိမ့်ထွက်လာကာ အနီရင့်ရောင်များက အနက်ရောင်ကုတ်အင်္ကျီပေါ်၌ မမြင်သာ ၊ သို့သော် လက်ပေါ်မှ ဓါးဒဏ်ရာမှာ တော်တော်လေးနက်ပြီး သွေးစီးကြောင်းများက ကွေ့ကောက်ဆင်းလာသည့်မြွေတစ်ကောင်သဖွယ် စီးလာခဲ့ကာ လက်ကောက်ဝတ်ပေါ်ရှိ အနီရောင်ကြိုးလေးပေါ်ထိ စွန်းထင်းလာခဲ့၏။
ထိုမှသည် မြေကြီးပေါ်သို့ တစ်စက်ပြီးတစ်စက်။
"ခင်ဗျား ကံအရမ်းကောင်းသွားတယ်လို့ပဲ မှတ်ပါ"
စန်းရန်က ထိုလူ၏လက်နှစ်ဖက်ကိုချုပ်ပြီး နံရံနှင့်တစ်သားတည်းဖြစ်အောင် ဖိထားကာ ခပ်တိုးတိုးဆိုလာ၏။
"တကယ်လို့ အဲ့ဒီနှစ်တုန်းက သူ တကယ်ပဲတစ်ခုခုဖြစ်သွားခဲ့ရင် ဒီနေ့ရဲ့ဒီဓါးတစ်ချောင်းက မြေကြီးပေါ်ရောက်နေမှာမဟုတ်ဘူး"
အကယ်၍ အဲ့ဒီနေ့ကသာ ဝိန်းရိဖန်၏ဘကြီးတို့ နောက်ကျပြီးမှ အိမ်ပြန်ရောက်လာခဲ့လျှင်....
အကယ်၍ သူမသာ ကော်လင်လိုမျိုး အဆုံးသတ်သွားခဲ့လျှင်....
အကယ်၍ သူမသာ အလင်းရောင်ဟူ၍မရှိသော မှောင်မိုက်အေးစက်နေသည့်နေရာမျိုး၌ နှစ်တွေအကြာကြီး တစ်ယောက်တည်း ပိတ်လှောင်မိနေခဲ့လျှင်....
ဤကဲ့သို့သော အတွေးမျိုးဝင်လာသည့်အခါ စန်းရန်၏ခွန်အားများက အလိုလို တိုး၍ကြမ်းတမ်းလာတော့၏။ ချယ်ရှင့်ဒယ်၏ငြီးတွားသံတစ်ချက်ကြားလိုက်ရတိုင်း ဓါးဖြင့် အကြိမ်ပေါင်းတစ်ထောင်မက ထိုးပစ်ချင်သည့်စိတ်များမှာလည်း ထိန်းမရ ၊ သူ့မျက်ဝန်းများက မှောင်မိုက်နေပြီး လည်ပင်းတစ်လျှောက် အပြာရောင်သွေးကြောမျှင်များကလည်း ပေါက်ထွက်မတတ် ထိုးထောင်လာခဲ့ကာ သွေးဆာနေသည့်အတွေးမျိုးက သူ့စိတ်ထဲ ပေါ်လာတော့၏။
နောက်တစ်စက္ကန့်၌ ဝိန်းရိဖန်ပြောထားဖူးသည့်စကားတစ်ခွန်းကိုလည်း ထပ်၍ တွေးကြည့်မိလိုက်သည်။
---'နင် ဒဏ်ရာရလာလို့ရှိရင် ငါ နင့်ကို ဆေးထည့်ပေးမှာပါ ၊ ဒါပေမယ့် ငါ စိတ်လည်းဆိုးမှာ'
စန်းရန်က အသိစိတ်ပြန်ကပ်လာပြီးကာမှ ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုများကို ခံစားမိလိုက်၏။ မျက်လွှာကို အသာချပြီး ခန္ဓာကိုယ်ပေါ်ရှိသွေးများကိုငုံ့ကြည့်ရင်း ချယ်ရှင့်ဒယ်ကိုလည်း ဆွဲထုတ်လာခဲ့သည်။
"ခင်ဗျားက နေရာကောင်းကိုရွေးပြီး ထိုးတတ်သားပဲ"
"...."
"ဒီလောက်ပူနေတဲ့ရာသီဥတုကြီးမှာ လက်ပေါ်ကဒဏ်ရာကို မင်းမေကြီးတော် ငါက ဘယ်လိုဖုံးထားလို့ရတော့မှာလဲ"
ချယ်ရှင့်ဒယ်က လုံးဝမရုန်းနိုင်တော့ဘဲ ဆွဲခေါ်ထုတ်လာသည့်အတိုင်း ပါလာခဲ့သည်။ နာကျင်လွန်းသောကြောင့်လည်း စကားကို ပီပီသသမပြောနိုင်ဘဲ ထပ်၍လည်း တောင်းပန်လာသေး၏။
"သာ့ကော....တောင်းပန်ပါတယ်....ငါ ထောင်ထဲမဝင်ချင်ဘူး"
"ခင်ဗျားက ထောင်ထဲမဝင်ချင်ဘူးဟုတ်လား"
စန်းရန်က ခနဲ့တဲ့တဲ့သာရယ်လိုက်၏။
"ဟိုမိန်းကလေးလည်း မသေချင်ခဲ့ဘူး"
********************
~~Zawgyi~~
အေနာက္ဘက္ခုံတြင္ထိုင္ေနသည့္ ဖုကြၽမ့္က အေရွ႕ဘက္သို႔ေခါင္းျပဴထြက္လာၿပီး အံ့ၾသတႀကီးျဖင့္ ;
"အဲ့ေလာက္ေတာင္ တိုက္ဆိုင္ရလား ၊ အရင္ကတည္းက အဲ့လူက လူေကာင္းေတာ့မျဖစ္နိုင္ဘူးလို႔ခံစားမိခဲ့တာ ၊ လူပါသတ္ထားတာတဲ့လား ၊ ကြၽန္ေတာ္ေတာင္ သူ႕ကို လက္နဲ႕ထိထားမိခဲ့ေသးတယ္ ၊ ကြၽန္ေတာ္ တကယ္ႀကီး ဦးေရျပားတစ္ခုလုံး ရွိန္းခနဲျဖစ္ေနၿပီ"
ဝိန္းရိဖန္အတြက္လည္း ဤသတင္းဟာ အံ့ၾသတုန္လႈပ္သြားရသည့္သတင္းတစ္ခု။ သို႔ေသာ္ အေသအခ်ာျပန္ေတြးၾကည့္လိုက္သည့္အခါ ခ်ယ္ရွင့္ဒယ္၏စရိုက္အရ ဤလုပ္ရပ္မ်ိဳးက ထိုလူ လုပ္ရက္နိုင္သည့္ကိစၥမ်ိဳးပင္ျဖစ္သည္။
"အေသးစိတ္အေျခအေနကေတာ့ အခုထိရွင္းရွင္းလင္းလင္းမျဖစ္ေသးဘူး ၊ အခုလက္ရွိမွာ တရားခံကိုလည္း ဖမ္းမမိေသးဘူး ၊ ၾကည့္ရတာ သတင္းရၿပီးေတာ့ ထြက္ေျပးႏွင့္ၿပီထင္တယ္ ၊ ဒါေပမယ့္ သူ႕ေဘးနားကလူေတြကေတာ့ ေမးျမန္းစစ္ေဆးဖို႔အတြက္ ထိန္းသိမ္းခံထားရၿပီးၿပီ ၊ အေလာင္းရွိတဲ့ေနရာကို ခ်ယ္ရွင့္ဒယ္ရဲ႕အစ္မက ဝန္ခံတာ"
ဝိန္းရိဖန္က တစ္ခ်က္ေတြးေတာၾကည့္လိုက္၏။
"ဘယ္သူက ရဲတိုင္တာလဲ ၊ ဘယ္လို သက္ေသမွတ္တမ္းမ်ိဳးလဲ"
ခ်န္ေဝ့ဟြာ ရွင္းျပသည့္အေျခအေနကို အစအဆုံးနားေထာင္ၿပီးသည့္အခါ ဝိန္းရိဖန္စိတ္ထဲ ေျဖးေျဖးခ်င္းသေဘာေပါက္လာခဲ့သည္။
ရဲစခန္းသို႔ သြားေရာက္တိုင္တန္းသည့္အမ်ိဳးသမီးမွာ 'က်ိန့္လင္' ၊ ခ်ယ္ယန့္ခ်င္၏ေခြၽးမ ၊ ဝိန္းမင္၏ဇနီး ျဖစ္သည္။ လြန္ခဲ့ေသာရက္သတၱပတ္ခန့္ ညတစ္ညတြင္ က်ိန့္လင္အား အရက္မူးေနသည့္ခ်ယ္ရွင့္ဒယ္က ကိုယ္ထိလက္ေရာက္ထိပါးမႈမ်ိဳးျပဳခဲ့ၿပီး မိသားစုအတြင္း ျပႆနာအႀကီးအက်ယ္တက္ခဲ့ၾက၏။ ေဘးပတ္ဝန္းက်င္အိမ္နီးခ်င္းမ်ားလည္း မသိသူမရွိေအာင္ အုတ္ေအာ္ေသာင္းနင္းျဖစ္ခဲ့သည့္အေျခအေနပင္။
ခ်ယ္ယန့္ခ်င္ ငိုေႂကြးၿပီးေတာင္းပန္ေနမႈေၾကာင့္သာ က်ိန့္လင္သည္ ကိစၥအား ရဲစခန္းသို႔တိုင္ၾကားေတာ့မည့္အေရးကို အေခါက္ေခါက္အခါခါစဥ္းစားၿပီးမွ လက္မေလ်ာ့ခ်င္ဘဲ လက္ေလ်ာ့ေပးလိုက္ရ၏။ သို႔ေသာ္ လင္မယားႏွစ္ေယာက္မွာမူ ထိုေန႕ညကတည္းက အိမ္ေပၚမွဆင္းလာခဲ့ၿပီး မိသားစုႏွင့္အဆက္အသြယ္ျဖတ္လိုက္သည့္အလား လုံးဝ အိမ္ျပန္မလာေတာ့၏။
ထို႔ေၾကာင့္လည္း ခ်ယ္ယန့္ခ်င္က ဝိန္းမင္ထံ အႀကိမ္ႀကိမ္ဆက္သြယ္ၿပီး သားအမိဆက္ဆံေရးကို ျပန္အဆင္ေျပခ်င္ခဲ့သည္။
ဖုန္းေခၚဆိုမႈတစ္ခုအၿပီးတြင္ ဝိန္းမင္ဘက္မွ ဖုန္းအဆက္အသြယ္အား ေသခ်ာမခ်မိလိုက္သည့္အခ်ိန္။ တစ္ဖက္မွ ခ်ယ္ယန့္ခ်င္က အဆင္ေျပမႈမ်ားစြာေၾကာင့္ ခ်ယ္ရွင့္ဒယ္ႏွင့္ စကားမ်ားရန္ျဖစ္ၾကကာ ထိုအခ်ိန္တုန္းကကိစၥအား လက္လြတ္စပယ္ေျပာထြက္လာခဲ့ေတာ့သည္။
ခ်ယ္ယန့္ခ်င္ေျပာသည္မွာ ခ်ယ္ရွင့္ဒယ္ဆိုသည့္ေခြးက -ျီးစားချင်သည့်စိတ်ကို မေဖ်ာက္နိုင္ေၾကာင္း ၊ အရင္က ေဘးအိမ္မွမိန္းကေလးအား အဓမၼျပဳက်င့္ၿပီးသတ္ပစ္ခဲ့ေၾကာင္း ၊ ေနာက္တြင္ ခ်ယ္ယန့္ခ်င္က သူ၏အညစ္အေၾကးမ်ားကို လိုက္ရွင္းေပးေနရေၾကာင္း ၊ လက္ရွိတြင္လည္း ေက်းဇူးမသိတတ္သည့္အျပင္ သူမ၏ေခြၽးမကိုပါ ထိပါးလာသည့္အေၾကာင္း။
ထိုအခ်ိန္ က်ိန့္လင္က အမႈမဲ့အမွတ္မဲ့ ဖုန္းကိုင္မိၿပီး ထိုစကားမ်ားကို တိုက္ရိုက္အသံသြင္းထားခဲ့ျခင္းျဖစ္သည္။ ဝိန္းမင္ကို ေမးျမန္းၾကည့္သည့္အခါ သူသည္လည္း ထိုမိန္းကေလး၏မိသားစုကို သိခဲ့ဖူးၿပီး အကယ္၍သူသာ အမွတ္အမွားလွ်င္ ထိုမိန္းကေလး ႏွစ္ေတာ္ေတာ္ၾကာေပ်ာက္ဆုံးေနသည္မွာလည္း အမွန္ပင္ျဖစ္ေၾကာင္း ေျပာျပလာခဲ့သည္။
ထိုစကားမ်ားေၾကာင့္ ျပႆနာမွာ ပို၍ယုတၱိဆန္လာခဲ့သည္။
က်ိန့္လင္သည္ ဝိန္းမိသားစုအိမ္မွ ထြက္လာၿပီျဖစ္ေသာ္လည္း ခ်ယ္ရွင့္ဒယ္၏ ကိုယ္ထိလက္ေရာက္ေစာ္ကားခံရျခင္းကို မေက်ေအးနိုင္ပါေသးေခ်။ အႀကိမ္ႀကိမ္ထပ္စဥ္းစားၿပီးသည့္အခါ ရဲစခန္းသို႔ အေၾကာင္းၾကားရန္ ဆုံးျဖတ္လိုက္၏။
ဝိန္းရိဖန္က ၿငိမ္သက္ၿပီး လက္ေတာ့ပ္ျဖင့္ ဆက္၍စာစီေနခဲ့၏။
ဝိန္းလ်န္ရွန္၏ေဘးအိမ္တြင္ ေနခဲ့ဖူးသည့္ 'ေကာ္'မိသားစုမွမိန္းကေလးအား ဝိန္းရိဖန္လည္း ရင္းႏွီးသင့္သေလာက္ရင္းႏွီးခဲ့ဖူးသည္ေပ။ ထိုမိန္းကေလး၏အမည္မွာ 'ေကာ္လင္' ျဖစ္ၿပီး အရပ္ျမင့္ျမင့္၊႐ုပ္ရည္လည္းလွပကာ အက်င့္စရိုက္မွာ တစ္မ်ိဳးျဖစ္ေနေသာ္ျငား စိတ္ထားေကာင္းသည့္မိန္းကေလးပင္။
တစ္ခါက ဝိန္းရိဖန္ ဘတ္စ္ကားစီးသည့္အခိုက္တြင္ သြားလာေရးေငြေပးေခ်သည့္ကဒ္ က်န္ခဲ့ဖူးသည္။ ထိုအခါတုန္းက ေကာ္လင္ ျမင္သြားၿပီး စကားတစ္ခြန္းမဆိုဘဲ သူမအတြက္ ေငြေပးေခ်ေပးခဲ့သည္။
ထိုမတိုင္ခင္အခ်ိန္တုန္း ႏွစ္ဦးသားစလုံး စကားတစ္ခြန္းမေျပာခဲ့ဖူးသလို ထိုေနာက္ပိုင္းတြင္လည္း ထပ္၍ အဆက္အဆံမရွိခဲ့ပါေပ။
ဝိန္းရိဖန္သည္ အေရးေပၚအလုပ္ခရီးေၾကာင့္ အိမ္သို႔မျပန္ျဖစ္ခဲ့ဘဲ ဌာနထဲ၌ ဟိုးအရင္ကတည္းက ျပင္ထားခဲ့သည့္သာမန္ခရီးေဆာင္အိတ္ေလးကိုသာ ယူလာျဖစ္ခဲ့သည္။ ခရီးလမ္းတစ္ေလွ်ာက္ အားလပ္သြားသည့္အခ်ိန္ေလးအတြင္း စန္းရန္ထံသို႔ မက္ေဆ့ပို႔ကာ ေပယြီသို႔အလုပ္ကိစၥျဖင့္ခရီးသြားခဲ့ေၾကာင္း ရွင္းျပလိုက္သည္။
ခ်န္ေဝ့ဟြာက ေတာင္အေနာက္ဘက္ရွိ ေသဆုံးသူအေလာင္းရွာေတြ႕သည့္ေနရာဆီသို႔ တိုက္ရိုက္ေမာင္းႏွင္လာခဲ့သည္။
လက္ရွိအခ်ိန္တြင္ အခင္းျဖစ္ပြားရာေနရာအား တားျမစ္ထားၿပီးျဖစ္ကာ ရဲအရာရွိမ်ားလည္း ေစာင့္ၾကပ္ေနၾကၿပီျဖစ္၏။
ခ်န္ေဝ့ဟြာက ကားေပၚမွဆင္းၿပီး ရဲအရာရွိမ်ားႏွင့္ေျပာဆိုၾကည့္လိုက္၏။ သို႔ေသာ္ျငား အမူအရာမ်ားကိုအကဲခတ္ပုံအရ ခြင့္ျပဳခ်က္အတြက္အဆင္ေျပပုံမရေပ။ သုံးေယာက္သားက ေဘးပတ္ဝန္းက်င္မွအေျခအေနမ်ားကို အၾကမ္းဖ်င္းဓါတ္ပုံရိုက္ယူၿပီးေနာက္ အနီးဆုံးရဲစခန္းဆီသို႔ ထြက္လာခဲ့လိုက္သည္။
သြားရာလမ္းတြင္ ဖုကြၽမ့္က အလြန္တရာကိုမုန္းတီးေနသည့္အမူအရာတို႔ျဖင့္ ;
"အဲ့ေတာ့ ခ်ယ္ရွင့္ဒယ္ရဲ႕အစ္မက အဲ့ဒီလူကို ကူညီၿပီးအေလာင္းေဖ်ာက္ေပးခဲ့တာေပါ့ ၊ အဲ့ဒီေခြၽးမေၾကာင့္သာမဟုတ္ရင္ ဒီမိန္းကေလးက လူမသိသူမသိနဲ႕ ဘယ္ေလာက္ၾကာၾကာေတာင္မ်ား...."
ခ်န္ေဝ့ဟြာက သက္ျပင္းခ်လိဳက္၏။
"ဒီေလာကႀကီးထဲမွာ စရိုက္အမ်ိဳးစုံနဲ႕ လူအမ်ိဳးမ်ိဳးရွိတယ္"
ဝိန္းရိဖန္၏စိတ္အေျခအေနမွာလည္း သိပ္မေကာင္းပါေပ။
ေပယြီၿမိဳ႕မွာ ၿမိဳ႕ငယ္သာသာေလးျဖစ္သည့္အတြက္ လိုအပ္သည့္ပစၥည္းအမ်ားစုမွာ ျပတ္လတ္ေနသည္ခ်ည္း။ အရင္တစ္ေခါက္ ဥမင္လိုဏ္ေခါင္းၿပိဳက်သည့္မေတာ္တဆမႈမွလြဲ မည္သည့္အႀကီးစားအမႈမ်ိဳးမွမရွိ။ ဤအမႈတြင္လည္း ရဲအရာရွိအမ်ားစုမွာ နန္းဝူမွေစလႊတ္ေပးသည့္ရဲအင္အားမ်ားပင္ ျဖစ္၏။
တစ္ေန႕တာလုံးကုန္သြားသည္အထိ မည္သည့္သတင္းထူးမွ ေမးမရခဲ့၏။
တိုက္ဆိုင္မႈတစ္ခုမွာေတာ့ ဝိန္းရိဖန္သည္ သူမအား ေစာင့္ေရွာက္ေပးခဲ့ဖူးသည့္အမ်ိဳးသမီးရဲအရာရွိႏွင့္ ျပန္လည္ေတြ႕ဆုံျဖစ္ခဲ့ျခင္းပါပင္။
ႏွစ္တစ္ခ်ိဳ႕ၾကာလာသည့္တိုင္ အမ်ိဳးသမီးရဲအရာရွိ၏အသြင္အျပင္မွာ နားထင္စပ္နား၌ ဆံပင္ျဖဴမ်ားေပါက္လာသည္ကလြဲ မ်ားမ်ားစားစားေျပာင္းလဲသြားျခင္းမရွိ။ ဝိန္းရိဖန္ကိုျမင္လိုက္သည့္အခိုက္တြင္ အမ်ိဳးသမီးရဲအရာရွိက သူမအားခ်က္ခ်င္းမွတ္မိသြားေသာ္ျငား နာမည္ကိုေတာ့ ေမ့ေနေလ၏။
ဝိန္းရိဖန္က ၿပဳံးၿပီးႏႈတ္ဆက္လိုက္၏။
"အန္တီခ်န္ ၊ သမီး ရိဖန္ပါ"
အန္တီခ်န္က နဂိုကတည္းက ႏြေးႏြေးေထြးေထြးျဖင့္ၿပဳံးေနတတ္သူျဖစ္သည့္အေလ်ာက္ ;
"မေတြ႕ျဖစ္တာ ဘယ္ႏွႏွစ္ေတာင္ရွိခဲ့ၿပီတုန္း ၊ အခု သတင္းေထာက္လုပ္ေနတာလား"
"ဟုတ္ ၊ သမီး အလုပ္ကိစၥနဲ႕ခရီးထြက္လာခဲ့တာ ၊ နန္းဝူသတင္းဌာနမွာ သတင္းေထာက္လုပ္ေနပါတယ္ ၊ အန္တီေရာ ေနေကာင္းက်န္းမာတယ္မလား"
"ေကာင္းပါ့ ေကာင္းပါ့ ၊ ခ်န္ရွီလည္း အဆင္ေျပေနတယ္ ၊ သူ႕ေကာင္ေလးနဲ႕အေျခခ်ဖိဳ႕စီစဥ္ၿပီး မၾကာခင္လည္း လက္ထပ္ၾကေတာ့မွာ ၊ သမီးတို႔ႏွစ္ေယာက္က အဲ့တုန္းက အရမ္းခင္ခဲ့ၾကတာေလ ၊ သမီး ထြက္သြားၿပီးေတာ့ သူ သမီးကိုလြမ္းက်န္ေနခဲ့တာ ၊ ေန႕တိုင္းေန႕တိုင္း သမီးအေၾကာင္းကိုေျပာျဖစ္ၾကေသးတယ္"
"သူ wechat ထဲမွာတင္ထားတာကို ေတြ႕ပါတယ္ ၊ သူ မဂၤလာေဆာင္တဲ့ေန႕က်ရင္ သမီး ထပ္လာခဲ့ပါဦးမယ္"
"ဟုတ္ပါၿပီ ၊ အဲ့အခ်ိန္က်ရင္ ေသခ်ာေပါက္ကို လာရမယ္ေနာ္"
အန္တီခ်န္က သူမ၏ေခါင္းကို ဖြဖြေလးပြတ္သပ္ရင္း ;
"ကေလးမေလး....တကယ္ပဲေကာင္းလိုက္တာ ၊ အန္တီျဖင့္ အဲ့အခ်ိန္ေတြတုန္းက သမီး ျပန္႐ုန္းမထြက္လာနိုင္ေတာ့မွာကို စိုးရိမ္ေနခဲ့တာ ၊ အခုေတာ့ အစြမ္းထက္တဲ့သတင္းေထာက္မႀကီးေတာင္ ျဖစ္ေနၿပီ"
ဝိန္းရိဖန္ ေၾကာင္အမ္းသြားရရင္း မ်က္လုံးမ်ားလည္း ႏြေးတက္လာရေတာ့၏။
"အန္တီ စိတ္ခ်ပါ ၊ အဲ့အခ်ိန္တုန္းက ကိစၥေတြက သမီးအေပၚ ဘယ္လိုအႏွောင့္အယွက္မ်ိဳးမွ မေပးနိုင္ေတာ့ပါဘူး"
အန္တီခ်န္က ၿပဳံးလိုက္၍ ;
"ဒီလိုဆိုရင္ေတာ့ အေကာင္းဆုံးပါပဲ ၊ အေကာင္းဆုံးေတြပဲ ျဖစ္ရမယ္ေလ"
--------
ရဲစခန္းျပန္ထြက္လာခ်ိန္တြင္ေတာ့ အေတာ္ေလးေနာက္က်ေနၿပီျဖစ္သည္။
သုံးဦးသားက အနီးအနားတြင္ရွိမည့္တည္းခိုခန္းတစ္ခုရွာ၍ အနားယူၿပီး ေနာက္တစ္ေန႕၌ ေကာ္လင္၏မိသားစုဝင္မ်ားဆီသို႔သြားရန္ စီစဥ္ထားၾကသည္။ ကားေပၚသို႔ေရာက္သည့္အခါ ဖုကြၽမ့္က စိတ္ဝင္တစားျဖင့္ေမးလာခဲ့သည္။
"ရိဖန္က်ဲ ၊ အစ္မနဲ႕ ခုဏက အမ်ိဳးသမီးရဲအရာရွိနဲ႕ရင္းႏွီးၾကတာလား"
ဝိန္းရိဖန္ ေခါင္းၿငိမ့္ျပ၍ ;
"အစ္မ အရင္တုန္းက ဒီၿမိဳ႕မွာ ႏွစ္ႏွစ္ေနဖူးတယ္ေလ"
ဖုကြၽမ့္က အသံတစ္ခ်က္ျပဳၿပီးေနာက္ ဆက္မေမးေတာ့၏။
တည္းခိုခန္းထဲသို႔ေရာက္လွ်င္ေရာက္ခ်င္း ဝိန္းရိဖန္က အိပ္ရာေပၚပစ္လွဲခ်လိဳက္ကာ ေရခ်ိဳးဖို႔ရာ အလ်င္လိုမေနေခ်။ အိတ္ထဲမွ လက္ကိုင္ဖုန္းကိုထုတ္ၾကည့္လိုက္လွ်င္ စန္းရန္ ပို႔ထားသည့္မက္ေဆ့တစ္ေစာင္အား ေတြ႕လိုက္ရသည္။
[ အလုပ္ၿပီးရင္ ကိုယ့္ဆီဖုန္းဆက္ ]
ဝိန္းရိဖန္က ခ်က္ခ်င္း ဖုန္းေခၚဆိုလိုက္၏။
တစ္ဖက္လူသည္လည္း ခ်က္ခ်င္းေျဖဆိုလာ၏။
စန္းရန္၏အသံမွာ ဖုန္း၏အျခားတစ္ဖက္မွ ပဲ့တင္ထြက္လာၿပီး ခါတိုင္းအခ်ိန္မ်ားထက္ ဆြဲဆြဲငင္ငင္နိုင္လွ၏။
"ဟိုတယ္ကိုေရာက္ၿပီလား'
ဝိန္းရိဖန္ ;
"အင္း....တည္းခိုခန္းတစ္ခုမွာ"
"အိပ္ခ်င္ေနၿပီလား"
"ရပါေသးတယ္"
ဝိန္းရိဖန္က ေခါင္းအုံးကို ဖက္ထားလိုက္ၿပီး ခပ္တိုးတိုးျဖင့္သာစကားဆိုလာ၏။
"စန္းရန္"
"အမ္"
"ခ်ယ္ရွင့္ဒယ္က ဒီဘက္မွာျပႆနာတက္ထားတယ္ ၊ အခု လူသတ္မႈနဲ႕ ဝရမ္းထုတ္ခံထားရလို႔ ထြက္ေျပးတိမ္းေရွာင္ေနတာ ၊ ငါ အေတြးမ်ားတာလည္း ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ သူ နင့္ကို လာရွာမွာကို ငါ စိတ္ပူတယ္ ၊ နင္ အခုတေလာအျပင္ထြက္ရင္ ပိုၿပီးသတိထားေနာ္"
ဤစကားကိုၾကားၿပီးေနာက္ စန္းရန္က သုံးေလးစကၠန့္ၿငိမ္ေနခဲ့ၿပီးမွ ;
"မင္း ေပယြီကို အလုပ္ခရီးထြက္သြားတာ ဒီကိစၥေၾကာင့္လား"
"အင္း"
"ဟုတ္ပါၿပီ ကိုယ္ သိၿပီ ၊ ကိုယ့္လို ေယာက္်ားရင့္မာႀကီးက ဘာျဖစ္နိုင္မွာမလို႔ ေန႕တိုင္းေန႕တိုင္း လိုက္ေတြးၿပီးစိုးရိမ္ေနရတာလဲ"
စန္းရန္က ရယ္ခ်င္သလိုလိုပင္ျဖစ္လာရ၍ ;
"ဝိန္း႐ႊမ္းက်န့္ မင္းကိုယ္မင္း ပိုၿပီးဂ႐ုစိုက္သင့္တာမဟုတ္ဘူးလား ၊ အသံသြင္းေဖာင္တိန္ထဲကစကားေတြကို မ်ားမ်ားနားေထာင္ေပး"
စန္းရန္ သေဘာတူေပးၿပီးမွ ဝိန္းရိဖန္လည္း စိတ္သက္သာရာရသြားခဲ့၏။
"နင္တစ္ေယာက္လုံးရွိေနတာကို ငါက ဘာလို႔ အသံသြင္းထားတဲ့ဟာကို နားေထာင္ေနရမွာလဲ"
စန္းရန္ ;
"တိုက္ရိုက္ႀကီးေျပာရမွာက နည္းနည္းရွက္စရာေကာင္းတယ္လို႔ မထင္ဘူးလား"
ဝိန္းရိဖန္ မေနနိုင္ေအာင္ ရယ္မိလိုက္ေသာ္လည္း အတင္းကာေရာ ေတာင္းဆိုမေနေတာ့၏။
အသံသြင္းေဖာင္တိန္ထဲမွစကားမ်ားအတြက္မွာေတာ့ သူမ နားေထာင္လြန္း၍ အလြတ္ပင္႐ြတ္ျပ၍ ရေနေလၿပီ။
"စန္းရန္ ၊ ဒီေန႕ေလ ငါ အရင္တုန္းက ရင္းႏွီးခဲ့ဖူးတဲ့ အမ်ိဳးသမီးရဲအရာရွိတစ္ဦးနဲ႕ ျပန္ေတြ႕ခဲ့တယ္ ၊ ဟိုအရင္ အဲ့ဒီကိစၥတုန္းက ငါ ရဲတိုင္ၿပီးေတာ့ ဘႀကီးတို႔အိမ္ကေနထြက္လာတဲ့အခ်ိန္ အဲ့ဒီအမ်ိဳးသမီးရဲအရာရွိက ငါ့ကို ေခၚထားေပးခဲ့တာ"
စန္းရန္က ၿငိမ္သက္၍နားေထာင္ေနခဲ့၏။
"အင္း"
"ငါလည္း အန္တီနဲ႕ျပန္ေတြ႕ျဖစ္လိမ့္မယ္လို႔ ထင္ေတာင္မထင္ထားခဲ့ေတာ့ ေတာ္ေတာ္ေလးေပ်ာ္သြားတယ္ ၊ သူ႕သမီး ခ်န္ရွီက အထက္တန္းေက်ာင္းတုန္းက ငါနဲ႕တစ္တန္းထဲေလ ၊ သူလည္း ငါ့ကို အမ်ားႀကီးေစာင့္ေရွာက္ေပးခဲ့တာ"
"ဟုတ္လား....ဒါဆိုအခ်ိန္ရရင္ ကိုယ္တို႔ႏွစ္ေယာက္ သူတို႔ဆီ သြားလည္ၿပီးေက်းဇူးတင္ရေအာင္ေလ"
"အင္း.....ခ်န္ရွီ မဂၤလာေဆာင္က်ရင္ ငါတို႔အတူတူသြားရေအာင္ ၊ သူ wechat ထဲမွာ ပို႔စ္တင္ထားပုံအရေတာ့ သူ႕ေကာင္ေလးက လက္ထပ္ခြင့္ေတာင္းၿပီးၿပီ ၊ မၾကာခင္လက္ထပ္ေတာ့မယ္ထင္တယ္"
ဤစကားတစ္ခြန္းတြင္ စန္းရန္ဘက္မွ ႐ုတ္ခ်ည္းတိတ္ဆိတ္သြားခဲ့ေတာ့၏။
ဝိန္းရိဖန္က ဆက္ေျပာေနဆဲျဖင့္ ;
"ဒါေပမယ့္ ရက္အတိအက်ကိဳမသိေသးေတာ့ နင္ အားမအားဆိုတာကိုလည္း တစ္ခ်က္ၾကည့္ရဦးမယ္"
စန္းရန္က အသံရွည္ဆြဲၿပီး 'အို႔' ဟု အသံျပဳကာ ႐ုတ္တရက္ ရယ္ေနရင္း ;
"ဝိန္း႐ႊမ္းက်န့္"
ဝိန္းရိဖန္ ;
"ဘာျဖစ္တာလဲ"
သူ႕စကားသံမွာ စေနာက္ၿပီးကစားခ်င္ေနသည့္အေငြ႕အသက္မ်ား ပါလာခဲ့၍ ;
"မင္း ကိုယ့္ကို သြယ္ဝိုက္ၿပီးအရိပ္အေျချပေနတာလား"
"...."
ဝိန္းရိဖန္မွာ သူ႕စကားအား ႐ုတ္တရက္နားမလည္ပါေခ်။
"ဘာကိုလဲ"
"မင္းရဲ႕ေမြးေန႕က သိပ္မၾကာခင္ေရာက္ေတာ့မွာမလား ၊ ဒီတစ္ေခါက္ဆုေတာင္းက်ရင္ ေကာင္းေကာင္းေလးဆုေတာင္းဖို႔ မေမ့နဲ႕"
စန္းရန္က သုံးေလးႀကိမ္တိုင္တိုင္ရယ္ေနေလၿပီး ;
"စိတ္ခ်ပါ ကိုယ္ကေလ.....ထုံးစံအတိုင္း မင္း ဆုေတာင္းသမွ်ကို လိုက္ျဖည့္ဆည္းေပးေနဦးမွာ"
ဖုန္းခ်ၿပီးေနာက္။
ဝိန္းရိဖန္က အိပ္ရာေပၚလွဲအိပ္ေနရင္း အရင္ႏွစ္ ေမြးေန႕ဆုေတာင္းသည့္အခ်ိန္တုန္းက စန္းရန္ ေျပာခဲ့ဖူးသည့္စကားမ်ားကို ျပန္ေတြးၾကည့္လိုက္သည္။
---'ဘာဆုေတာင္းလိုက္တာလဲ'
---'မင္း မေျပာျပဘဲနဲ႕ ကိုယ္က ဘယ္လိုလုပ္ၿပီးဆုေတာင္းျပည့္ေအာင္ လုပ္ေပးလို႔ရမွာလဲ'
ထိုအခ်ိန္တုန္းက သူမသည္ အလုပ္ႏွင့္ပတ္သတ္သည့္ဆုေတာင္းတစ္ခုဟုသာ အလ်င္းသင့္သလို ျပန္ေျဖခဲ့ေသးသည္။
စန္းရန္ျပန္ေျပာလာခဲ့သည္မွာ
---'အို႔....ကိုယ္ကို႔ မင္းရဲ႕ေကာင္ေလးျဖစ္လာပါေစလို႔ ဆုေတာင္းမယ္လို႔ ကိုယ္ကထင္ေနတာေရာ"
ဝိန္းရိဖန္က ေခါင္းကုတ္ေနရင္း ဘယ္စကားတစ္ခြန္းကမ်ား စန္းရန္အတြက္ 'သြယ္ဝိုက္ၿပီးအရိပ္အေျခ' ျပေနသည့္စကားမ်ိဳးျဖစ္သြားေၾကာင္းကို စဥ္းစားၾကည့္ေနေတာ့၏။ တစ္ခဏၾကာသည့္အခါ ခ်န္ရွီ လက္ထပ္ေတာ့မည့္အေၾကာင္းအား ႐ုတ္ခ်ည္း သတိရလိုက္ေတာ့သည္။
လက္ထပ္မယ္....
ဤစကားလုံးေၾကာင့္ ဝိန္းရိဖန္ ေၾကာင္အမ္းသြားရသလို....
မ်က္ႏွာတစ္ျပင္လုံးလည္း တမုတ္ခ်ည္းနီျမန္းသြားရေတာ့၏။
------
ေနာက္တစ္ေန႕တြင္ သုံးဦးသားက ေကာ္လင္၏မိသားစုအိမ္သို႔ ထြက္လာခဲ့ၾကသည္။
ေသဆုံးသူ၏မိသားစုဝင္မ်ားသည္ လက္ရွိအခ်ိန္တြင္ ၿပိဳလဲခံစားေနၾကရျခင္းေၾကာင့္ မီဒီယာသတင္းေထာက္မ်ားႏွင့္ေတြ႕ဆုံရန္ လုံးဝစိတ္မပါခဲ့ပါေပ။ အရင္အင္တာဗ်ဴးမ်ားကဲ့သို႔သာ ထင္ခဲ့ေသာ္လည္း သူတို႔၏ရည္႐ြယ္ခ်က္ကိုရွင္းျပၿပီးသည့္အခါတြင္ေတာ့ ေကာ္လင္၏အေဖက တစ္ခဏတာၿငိမ္သြားခဲ့ၿပီး အိမ္ထဲေပးဝင္ခဲ့၏။
အင္တာဗ်ဴးေနသည့္တစ္ေလွ်ာက္လုံး၌လည္း ေကာ္လင္၏အေဖက အေကာင္းဆုံးပူးေပါင္းေျဖဆိုေပးခဲ့သည္။
သူ႕မွတ္ဥာဏ္မ်ားအရ ေကာ္လင္၏အမႈ ျဖစ္ပြားခဲ့သည့္ေန႕ရက္အေၾကာင္းကို မွတ္မိသေလာက္ ေျပာျပလာခဲ့၏။
ေကာ္လင္၏မိခင္မွာ ငယ္စဥ္ကတည္းက ဆုံးပါးခဲ့ၿပီျဖစ္၍ အေဖျဖစ္သူႏွင့္သာ ႀကီးျပင္းခဲ့ရသည္။ ေကာ္လင္၏အေဖမွာ ေယာက္်ားသားပီပီ ၾကမ္းၾကမ္းတမ္းတမ္းရွိၿပီး ထိုအသက္အ႐ြယ္သမီးပ်ိဳေလးႏွင့္ အထိုက္အေလ်ာက္ျဖစ္ေအာင္မေနတတ္ခဲ့သျဖင့္ သားအဖႏွစ္ေယာက္ၾကားရွိ ဆက္ဆံေရးမွာ အၿမဲတေစ တင္းမာေနခဲ့ၾကသည္။
ေကာ္လင္၏အေဖျဖစ္သူမွ ေကာ္လင္အား ေနာက္ဆုံးတစ္ႀကိမ္ေတြ႕ျဖစ္ခဲ့သည္မွာ အိမ္ထဲ၌ျဖစ္၏။ ထိုေန႕က အေၾကာင္းတစ္ခုေၾကာင့္ ႏွစ္ေယာက္သားက ရန္ျဖစ္ၿပီးစကားမ်ားခဲ့ၾကရာ မ်က္လုံးမ်ားနီရဲေနသည့္ေကာ္လင္က ေဒါသထြက္ထြက္ျဖင့္ေအာ္ဟစ္ေျပာဆိုခဲ့သည္။
"သမီး ဒီအိမ္ကို ဘယ္ေတာ့မွျပန္မလာဘူး"
ထို႔ေနာက္ တံခါးကိုေဆာင့္ပိတ္ၿပီး ထြက္သြားခဲ့၏။
သည္စကားမ်ားကိုေျပာျပေနရင္း ေကာ္လင္၏အေဖက ေခါင္းကိုငုံ႕ထားကာ လက္တစ္ဖက္က မ်က္လုံးမ်ားကိုဖုံးထားခဲ့ၿပီး အရပ္ျမင့္ျမင့္ႏွင့္ခပ္သန္သန္လူႀကီးတစ္ေယာက္က လက္ရွိအခ်ိန္တြင္ေတာ့ အသက္ဆယ္ႏွစ္စာမွ် အိုစာသြားခဲ့သလိုပါပင္။
"သူ အဲ့စကားေတြေျပာၿပီးတဲ့ေနာက္မွာ တကယ္ကို လုံးဝျပန္မလာေတာ့ဘူးလို႔ ကြၽန္ေတာ္မထင္ထားမိခဲ့ဘူး"
"...."
"ဒီႏွစ္ေတြထဲမွာ သူ ကြၽန္ေတာ့္ကိုစိတ္ဆိုးေနေသးလို႔ အိမ္ျပန္မလာတာလို႔ပဲ ထင္ထားခဲ့တာ"
ေကာ္လင္အေဖ၏အသံတို႔မွာ တျဖည္းျဖည္းႏွင့္ရွိုက္လာခဲ့၍ ;
"ဒီအတိုင္းသာျဖစ္ေနခဲ့ရင္ ဘယ္ေလာက္ေတာင္မ်ားေကာင္းလိုက္မလဲ ၊ ကြၽန္ေတာ့္သမီးေလးက်မွ ဘာျဖစ္လို႔မ်ား ဒီလိုအျဖစ္မ်ိဳးႀကီးနဲ႕ ႀကဳံရတာလဲ"
အျခားသူမ်ားအားလုံး စကားေျပာမထြက္လာၾကေတာ့၏။
ဤအခ်ိန္ဤအခိုက္အတန့္တြင္ မည္သည့္ႏွစ္သိမ့္စကားမ်ိဳးမဆို ေလးလံေနမည္မွာအမွန္ပင္။
"ကြၽန္ေတာ္ ရဲေတြဆီကေန ၾကားထားပါတယ္ ၊ ဟိုလူယုတ္မာကို မမိေသးဘူးဆို"
ေကာ္လင္၏အေဖသည္ ဝိန္းရိဖန္၏လက္ကို ႐ုတ္တရက္လွမ္းကိုင္ၿပီး ေတာင္းဆိုလိုသည့္ပုံစံမ်ိဳးျဖင့္ ;
"မင္းတို႔ကို အကူအညီေတာင္းပါတယ္ ၊ အဲ့ဒီလူယုတ္မာရဲ႕ဓါတ္ပုံကို တီဗြီထဲမွာထည့္လႊင့္ေပးပါ ၊ အားလုံး သတိထားမိၾကေအာင္ လုပ္ေပးပါ ၊ ကြၽန္ေတာ့္ရဲ႕သမီးေလး ေအးေအးခ်မ္းခ်မ္းအနားယူနိုင္ေအာင္ ကူညီေပးၾကပါ"
ဝိန္းရိဖန္လည္း ႏွစ္သိမ့္ေပး႐ုံသာတတ္နိုင္ခဲ့၏။
"ကြၽန္မတို႔ဘက္က အမွန္တရားအတိုင္း ခ်ျပေပးမွာပါ"
----------
ေကာ္လင္မိသားစုအိမ္မွ ထြက္လာၾကသည့္အခါ သုံးေယာက္စလုံး၏စိတ္အေျခအေနတို႔သည္လည္း မၾကည္လင္နိုင္ၾကေတာ့၏။
အေတာ္ၾကာသြားၿပီးမွ ဖုကြၽမ့္က စကားဆိုလာခဲ့သည္။
"အိုင္း....ခံစားရခက္လိုက္တာ"
"...."
"ၾကည့္ရတာ ေကာ္လင္ရဲ႕အေဖက ခ်ယ္ရွင့္ဒယ္ရဲ႕ဓါတ္ပုံကို သတင္းထဲပါလာေအာင္လုပ္ခ်င္လို႔ ကြၽန္ေတာ္တို႔ရဲ႕အင္တာဗ်ဴးကို လက္ခံခဲ့တာထင္တယ္ ၊ ဒါေပမယ့္ သူ ျဖစ္ခ်င္သလိုမ်ိဳး သတင္းထဲထည့္ေပးဖို႔က အဆင္မေျပဘူးေလ ၊ အကုန္လုံး အုတ္ေအာ္ေသာင္းနင္းျဖစ္ကုန္မွာ ၊ သူ႕ကို တည့္ေျပာျပလိုက္ဖို႔ကလည္း အဆင္မေျပျပန္ဘူး"
ဝိန္းရိဖန္က ျပတင္းေပါက္အျပင္ဘက္ရွိ ဘတ္စ္ကားမွတ္တိုင္ကိုေငးၾကည့္ေနရင္း အနည္းငယ္စိတ္လြင့္ေနခဲ့သည္။
ခ်န္ေဝ့ဟြာ ;
"ငါတို႔ လုပ္သင့္လုပ္ထိုက္တာအားလုံး လုပ္ေပးရင္ကို ရပါၿပီ"
ဝိန္းရိဖန္က သတိျပန္ကပ္သြားၿပီး ေျဖးေျဖးခ်င္းစကားဆိုလိုက္သည္။
"အင္း....ဒီဘက္က ကိစၥေတြနဲ႕ပတ္သတ္ၿပီး ဘာမွမွ,မကူညီေပးနိုင္တာ ၊ အစ္မတို႔အေနနဲ႕ တရားခံဖမ္းမိတဲ့အခ်ိန္ထိေစာင့္ၿပီး အဲ့အခ်ိန္က်မွ အမွန္တရားအားလုံးကိုေဖာ္ထုတ္ၿပီး ျပည္သူေတြကိုခ်ျပေပးရမွာ"
အခုလို အျခားနည္းလမ္းတစ္ခုနဲ႕ကူညီေပးလိုက္တာကလည္း ေကာင္းကင္ဘုံေပၚေရာက္ေနမယ့္ေသဆုံးသူ၏စိတ္ဝိဥာဥ္ကို ေအးခ်မ္းရာရေအာင္ ႏွစ္သိမ့္ေပးနိုင္ပါေစလို႔ ေမွ်ာ္လင့္ပါတယ္......
သုံးဦးသားက ေပယြီၿမိဳ႕၌ ရက္ပိုင္းခန့္ေနခဲ့ၾကသည္။
ခ်ယ္ရွင့္ဒယ္၏အရင္မိတ္ေဆြေဟာင္းမ်ား လုပ္ေဖာ္ကိုင္ဖက္ေဟာင္းမ်ားကိုလည္း အင္တာဗ်ဴးခဲ့ၿပီး နန္းဝူၿမိဳ႕သို႔ မျပန္ခင္ ရဲစခန္းသို႔လည္း အေခါက္ေခါက္အခါခါ အသြားအျပန္လုပ္ခဲ့ရပါေသးသည္။ နန္းဝူၿမိဳ႕မွ လုပ္ေဖာ္ကိုင္ဖက္မ်ား၏သတင္းေပးပို႔မႈအရ လက္ရွိအခ်ိန္ထိ ခ်ယ္ရွင့္ဒယ္မွာ ထြက္ေျပးလြတ္ေျမာက္ေနဆဲပင္။
ခ်ယ္ယန့္ခ်င္သည္ေတာ့ ျပစ္မႈကိုကူညီဖုံးကြယ္ေပးမႈျဖင့္ ထိန္းသိမ္းခံထားရသည္။
ထိုလူ၏ပတ္ဝန္းက်င္မွ ေဆြမ်ိဳးမ်ားအားလုံးလည္း ေစာင့္ၾကည့္စစ္ေဆးမႈအတြက္ ပူးေပါင္းေပးၾကရသည္။
နန္းဝူသို႔ျပန္ေရာက္သည့္အခါ ဝိန္းရိဖန္သည္လည္း ရဲစခန္းမွ ေမးျမန္းဖို႔ရာအတြက္ အေခၚရွိလာခဲ့သည္။ ထို႔ေနာက္တြင္ အမႈ၏ေနာက္ဆက္တြဲမ်ားကို ဆက္လက္၍သတင္းယူေနခဲ့သည္မွာ အမ်ိဳးသားေန႕အားလပ္ရက္ႀကီး၌ပင္ အနားယူမနိုင္ဘဲ အလုပ္ရႈပ္ေနခဲ့သည္အထိ။
ထိုအလုပ္မ်ားေနသည့္ရက္မ်ားအတြင္း တစ္ေန႕၌ ေက်ာက္ယြမ့္တုံထံမွ ဖုန္းေခၚဆိုမႈအား ဝိန္းရိဖန္ လက္ခံရရွိခဲ့သည္။
အုတ္ေအာ္ေသာင္းနင္းျဖစ္ေနသည့္ကိစၥႀကီးေၾကာင့္ ေက်ာက္ယြမ့္တုံက သူမအား အေမးအျမန္းျပဳခ်င္ပုံရေသာ္လည္း အခ်ိန္ႏွင့္အမွ်အလုပ္မ်ားေနခဲ့သည့္ သူမအတြက္ ဖုန္းေခၚဆိုလာခ်ိန္ႏွင့္လႊဲသြားရသလို သူမဘက္ကလည္း ျပန္မဆက္သြယ္ေပ။
ဤရက္ေတြအတြင္း ဝိန္းရိဖန္ အိမ္ျပန္ရသည့္အခ်ိန္ပင္ အလြန္ေနာက္က်ခဲ့သည္။
ေရခ်ိဳးၿပီးသည္ႏွင့္ မ်က္လုံးမွိတ္အိပ္ကာ အိပ္ရာနိုးေနသည္ႏွင့္ အိမ္မွထြက္လာေသာေၾကာင့္ စန္းရန္ႏွင့္အခ်ိန္ျဖဳန္းသည့္ကိစၥမ်ိဳးပင္ သိပ္မရွိ။ စန္းရန္ကလည္း မည္သည့္မေက်နပ္ခ်က္မ်ိဳးမွမဆိုသလို အတင္းကာရာ စကားေျပာအခ်ိန္ျဖဳန္းခိုင္းျခင္းလည္းမရွိ ၊ သူမအား အိပ္ေရးဝဝ သြားအိပ္ခိုင္းေနသည္ခ်ည္းသာ။
အမ်ိဳးသားေန႕အားလပ္ရက္ရွည္ႀကီးအၿပီးတြင္ေတာ့ ဝိန္းရိဖန္ တရားဝင္ပိတ္ရက္တစ္ရက္ရကာ စန္းရန္၏အားလပ္ရက္က ထိုေန႕တြင္အၿပီးျဖစ္ေနသျဖင့္ ႏွစ္ေယာက္သားမွာ လွလွပပေလးလမ္းလႊဲသြားရ၏။
ထို႔ေၾကာင့္ အားလပ္ရက္တစ္ရက္လုံး ဝိန္းရိဖန္သည္ အိမ္ထဲ၌သာ မိုးလင္းကေနမိုးခ်ဳပ္ အိပ္ေနခဲ့ၿပီး စန္းရန္ အလုပ္ဆင္း၍အိမ္ျပန္လာသည္ကိုပင္ သတိမထားမိပါေတာ့၏။ အိပ္ရာနိုးလာၿပီး အိပ္မႈန္စုံမႊားျဖင့္အျပင္ထြက္လာသည့္အခါတြင္မွ ဆိုဖာေပၚထိုင္၍ ေရေသာက္ေနသည့္စန္းရန္အား ျမင္လိုက္ျခင္းျဖစ္၏။
သူမ၏အရိပ္အေယာင္ကို ခံစားမိျခင္းေၾကာင့္ စန္းရန္က မ်က္လုံးပင့္ၾကည့္လာသည္။
"နိုးၿပီလား"
ဝိန္းရိဖန္က 'အင္း'ဟုအသံတစ္ခ်က္ျပဳၿပီး အနားသို႔ေလွ်ာက္သြားကာ ကိုအာလာဝက္ဝံတစ္ေကာင္အတိုင္း သူ႕ခႏၶာကိုယ္ေပၚသို႔ ကုတ္ကတ္၍တြယ္ကပ္ေနေလ၏။ အိပ္ခ်င္စိတ္မွာမပ်ယ္ေသးသျဖင့္ စကားေျပာသည္မွာလည္း ခပ္ႏွေးႏွေး။
"နင္ ဘယ္အခ်ိန္တုန္းက ျပန္ေရာက္တာလဲ"
"ခုဏေလးတင္ ျပန္ေရာက္တာ ၊ သိပ္မၾကာေသးဘူး"
စန္းရန္က သူမအား ျပန္လည္ေပြ႕ဖက္လိုက္ၿပီး တစ္ဖက္ကလည္း ေရေသာက္ေနရင္း ;
"အိပ္တာ ဘယ္ေလာက္ေတာင္ၾကာေနၿပီလဲ"
"မသိေတာ့ဘူး ၊ အိပ္လိုက္ နိုးလိုက္နဲ႕ပဲ ၊ နင္ ညစာစားၿပီးၿပီလား"
"အင္း....မင္း ညက်ရင္ ထပ္အိပ္နိုင္ေသးလား"
ဤစကားကိုၾကားသည့္အခါ ဝိန္းရိဖန္၏မ်က္ေတာင္မ်ား လႈပ္ခတ္သြားၿပီး ေမာ့ၾကည့္လာခဲ့၏။
"ငါ့မွာ အားမရွိဘူး"
"...."
သူမ ဆိုလိုသည့်အဓိပ္ပါယ်ကို ခ်က္ခ်င္းနားလည္လိုက္သည့္ စန္းရန္က တစ္ခ်က္ရယ္လိုက္ရင္းျဖင့္ ;
"ကိုယ္က ဘာေျပာေနလို႔ မင္းက အားမရွိရတာလဲ"
"အို႔....ဒါဆို ငါ အထင္လြဲသြားတာေနမွာ"
"ကိုယ့္ကို ဘယ္လိုလူစားမ်ိဳးလို႔မ်ား ထင္ေနတာလဲ"
စန္းရန္က သူမ၏မ်က္ႏွာကို ဆြဲညွစ္လိုက္ၿပီး မ်က္ေတာင္ေမႊးေအာက္ဘက္မွ မ်က္ကြင္းညိုညိုမ်ားကို လွမ္းၾကည့္၍ ;
"ထားပါေတာ့ ၊ အိပ္ခ်င္ေနေသးတယ္ဆိုရင္ ေရအျမန္ခ်ိဳးၿပီး ျပန္အိပ္ေတာ့ ၊ ပိတ္ရက္က တစ္ရက္တည္းရတာမလား"
ဝိန္းရိဖန္က သူ႕ခႏၶာကိုယ္ေပၚ၌ တြယ္ကပ္ေနဆဲျဖင့္ ;
"အင္း"
ႏွစ္ေယာက္သားက တစ္ခဏၾကာၾကာၿငိမ္ေနခဲ့ၿပီးေနာက္တြင္ ဝိန္းရိဖန္က ႐ုတ္တရက္ စကားဆိုလာခဲ့သည္။
"စန္းရန္"
"အမ္"
"နင္ေျပာၾကည့္ၾကည့္....ခ်ယ္ရွင့္ဒယ္က ဘယ္ကိုေျပးသြားေလာက္မယ္လို႔ထင္လဲ ၊ ဒီေလာက္ေတာင္ ၾကာေနၿပီေလ ၊ သူ႕မွာ ပိုက္ဆံလည္းမရွိ ကူညီေပးမယ့္သူလည္းမရွိဘဲလို႔ ဘာလို႔ အခုထိ ဖမ္းမမိေသးတာလဲ"
"ဖမ္းမိမွာပါ"
ဘယ္လိုအေၾကာင္းအရင္းေၾကာင့္မွန္းမသိ စန္းရန္၏စိတ္ထဲ၌ မေကာင္းသည့္အေငြ႕အသက္မ်ိဳးခံစားေနမိကာ စကားကိုထပ္ေပါင္းဆိုလိုက္၏။
"ဒီအေတာအတြင္း ကိုယ့္ဘာသာကိုယ္တစ္ေယာက္တည္း အိမ္မျပန္လာနဲ႕"
"အင္း"
"ကိုယ္ လာႀကိဳမွာကိုေစာင့္ေန"
ဤအမႈမွာ တရားခံကို ဖမ္းမမိေသးသည့္အျပင္ ရဲစခန္းဘက္မွလည္း သတင္းအားလုံးကိုပိတ္ထားသျဖင့္ အဘယ္လိုနည္းႏွင့္မွ ေရွ႕ဆက္သြား၍မရခဲ့ေပ။ ထို႔ေၾကာင့္ သတင္းတင္ဆက္ျခင္းကို ဆိုင္းငံ့ထားရၿပီး အျခားေသာသတင္းမ်ားကိုသာ အရင္ထုတ္လႊင့္ေနခဲ့ရသည္။
ေန႕စဥ္ႏွင့္အမွ် ခ်ယ္ရွင့္ဒယ္လိုဆန္ကုန္ေျမေလးလူတစ္ဦးကို အျမန္ဆုံးဖမ္းမိၿပီး တရားခြင္ေပၚတင္နိုင္ေရးအတြက္ ေမွ်ာ္လင့္ခဲ့ၾက၏။
စေနေန႕ ညေနခင္းတြင္။
အမ်ိဳးသားေန႕အားလပ္ရက္တုန္းက ခြင့္ရက္တစ္ရက္ပိုေပးထားရသျဖင့္ ယေန႕၌ စန္းရန္သည္လည္း အလုပ္ဆင္းေနရသည္။ ညေနေျခာက္နာရီဝန္းက်င္သို႔ေရာက္သည့္အခါ ဝိန္းရိဖန္သည္ ထုံးစံအတိုင္း စန္းရန္၏ Wechat ထဲမွတဆင့္ အလုပ္ဆင္းမည့္အခ်ိန္ကိုေမးျမန္းထားေသာ မက္ေဆ့တစ္ေစာင္ လက္ခံရရွိခဲ့သည္။
က်န္ေနေသးသည့္အလုပ္မ်ားကို ခ်ိန္ဆၿပီးေနာက္ ဝိန္းရိဖန္က ခန့္မွန္းေခ်အခ်ိန္အား ေျပာျပလိုက္၏။
[ ၈နာရီခြဲ ]
စန္းရန္ ; [ ဟုတ္ၿပီ ]
အျခားတစ္ဖက္တြင္။
ေျပာထားသည့္အခ်ိန္လည္း သိပ္မလိုေတာ့သည့္အတြက္ စန္းရန္က ကားေသာ့ကိုယူၿပီး ကုမၸဏီထဲမွထြက္လာခဲ့သည္။ ထုံးစံအတိုင္း 'ရွန့္အန္း' ရပ္ကြက္ထဲသို႔ ကားေမာင္းလာၿပီး နန္းဝူသတင္းဌာနအေဆာက္အဦးနားတြင္ ကားရပ္ရန္ ေနရာရွာေနလိုက္၏။
အဘယ္ေၾကာင့္မွန္းမသိ ယေန႕တြင္ 'ရွန့္အန္း'ရပ္ကြက္ထဲ လူစည္ကားေနၿပီး ကားပါကင္တစ္ေနရာစာပင္ ရွာမေတြ႕ေသးေခ်။
စန္းရန္က ပတ္ေမာင္းေနရင္း လမ္းသရဲလမ္းမႀကီးဘက္၌ သြားရပ္ရေကာင္းနိုးနိုး စဥ္းစားေနသည့္အခ်ိန္ ၊ မနီးမေဝးရွိလမ္းၾကားေလးတစ္ခုအား မ်က္ဝန္းေထာင့္မွတဆင့္ လွမ္းျမင္လိုက္၏။ ကားပါကင္အတြက္ ေနရာရရန္မေမွ်ာ္လင့္ထားေသာ္ျငား ကားစက္နိုးထားဆဲျဖစ္သည့္အတြက္ လမ္းအတြင္းေမာင္းဝင္ရန္ ျပင္လိုက္သည္။
အတြင္းထဲသို႔ ေမာင္းမဝင္ရေသးခင္ စန္းရန္သည္ နံရံနားကပ္ၿပီးရပ္ေနသည့္ေယာက္်ားတစ္ေယာက္ကို ႐ုတ္တရက္သတိထားမိလိုက္သည္။
ထိုေယာက္်ားက အရပ္လည္းမျမင့္သည့္အျပင္ ခပ္ဝဝ။ ပူအိုက္ေနဆဲျဖစ္သည့္ယခုလိုေန႕မ်ိဳး၌ ဦးထုပ္ေဆာင္းၿပီး သူ႕အသြင္အျပင္ကို ဖုံးနိုင္ရန္အတြက္ Mask တပ္ထားေသးသည္။ သူ႕ပုံစံမွာ တစ္စုံတစ္ေယာက္ထံမွ ပုန္းေအာင္းေနပုံလည္းရသလို တစ္စုံတစ္ေယာက္ကို ရွာေနပုံလည္းရကာ အခ်ိန္ႏွင့္အမွ် သတင္းဌာန၏တံခါးဝႀကီးဆီသို႔ လွမ္းၾကည့္ေနေလသည္။
စန္းရန္၏လက္ေခ်ာင္းထိပ္မ်ားက ကားစတီယာရင္အား တေဒါက္ေဒါက္ေခါက္လ်က္။
လမ္းၾကား၏အက်ယ္အဝန္းမွာ ခပ္က်ဥ္းက်ဥ္းျဖစ္ေသာေၾကာင့္ ကားတစ္စင္းဝင္လာသည္ကို သတိထားမိသည့္ထိုလူသည္ ေဘးနားသို႔အလိုလိုကပ္ၿပီး လမ္းဖယ္ေပးလာ၏။
ဤလႈပ္ရွားမႈတစ္ခ်က္တြင္ စန္းရန္က ရင္းႏွီးေနသည့္မ်က္ခုံးတစ္စုံကို လွမ္းျမင္လိုက္ရသည္။
သူ႕ဦးႏွောက္ထဲမွအေတြးမ်ားႏွင့္ တျဖည္းျဖည္းတထပ္တည္းက်လာခဲ့ကာ....
ထိုလူမွာ ခ်ယ္ရွင့္ဒယ္ပင္။
စန္းရန္၏မ်က္ခုံးမ်ား က်ဥ္းေျမာင္းသြားခဲ့ကာ ေဒါသ တဟုန္ထိုးထြက္လာေတာ့၏။ ေဘးနားတြင္ခ်ထားသည့္လက္ကိုင္ဖုန္းကိုေကာက္ယူၿပီး 110 ဆီသို႔ အျမန္ဆက္သြယ္လိုက္သည္။ တစ္ဖက္သို႔လွည့္ၾကည့္ေနရင္း အသံကိုလည္းနိမ့္ကာ ေနရာအတိအက်ကိဳ ေျပာျပၿပီး ဖုန္းခ်လိဳက္၏။ ကားတစ္စင္းက ေနရာ၌အခ်ိန္ၾကာၾကာမလႈပ္မယွက္ရပ္ေနမွန္း သတိထားမိသြားသည့္ ခ်ယ္ရွင့္ဒယ္သည္ တစ္စုံတစ္ရာမူမမွန္မွန္းရိပ္မိလာ၏။ အနားသို႔ကပ္လာၿပီး ကားအတြင္းသို႔လွမ္းၾကည့္ရာ စန္းရန္၏မ်က္ႏွာကိုျမင္လိုက္သည္ႏွင့္ ခ်က္ခ်င္းေနာက္ဆုတ္သြားၿပီး ထြက္ေျပးပါေတာ့သည္။
ထိုလူ ထြက္ေျပးၿပီးလြတ္သြားမည္ကို စိုးရိမ္သည့္အတြက္ စန္းရန္လည္း ကားေပၚမွဆင္းလာကာ ခ်ယ္ရွင့္ဒယ္ေျပးသြားသည့္ဘက္သို႔ လိုက္၏။
စန္းရန္က ခ်ယ္ရွင့္ဒယ္ထက္ အရပ္ပိုျမင့္ျခင္းေၾကာင့္ ၾကာၾကာပင္မေျပးလိုက္ရဘဲ ထိုလူ၏လက္ေမာင္းကို လွမ္းဖမ္းဆြဲနိုင္လိုက္သည္။ ရင္ဘတ္ျဖင့္အားစိုက္ၿပီး ခ်ယ္ရွင့္ဒယ္အား နံရံျဖင့္ဖိကပ္ထားလိုက္ကာ ေဒါသတႀကီးျဖင့္ ;
"ဒီေနရာကို ဘာလာလုပ္ခ်င္ေနေသးတာလဲ"
"မင္းေမကို လာ-ိုးတာ! ေခြးမသားေလး!"
ခ်ယ္ရွင့္ဒယ္၏မ်က္ႏွာက ကြန္ကရစ္နံရံႏွင့္ဖိကပ္ခံထားရကာ အားကုန္႐ုန္းကန္ေန၏။
"မင္းေမ..ငါ့ကို လာမထိစမ္းနဲ႕! မင္း ႐ူးေနတာလား!"
စန္းရန္၏ စိုးရိမ္စိတ္မ်ားက သိသိသာသာေလ်ာ့နည္းသြားခဲ့ကာ သူ ေရာက္လာခဲ့သည့္အတြက္လည္း ကံေကာင္းသြားေၾကာင္းေတြးေနမိ၏။ ခ်ယ္ရွင့္ဒယ္ကိုစိုက္ၾကည့္ေနၿပီး ထိုလူ၏ဆဲေရးေနေသာစကားလုံးမ်ားအတြက္ အထူးတလည္ေဒါသထြက္မေတာ့ေပ။
"ေဝ့"
ခ်ယ္ရွင့္ဒယ္က ခက္ခက္ခဲခဲျဖင့္ေခါင္းလွည့္ၾကည့္လာခဲ့၏။
"အၾကာႀကီးထြက္ေျပးေနရတာဆိုေတာ့ ပင္ပန္းေနေလာက္ေရာေပါ့ ၊ ဘာလို႔မ်ား ကိုယ့္ကိုကိုယ္ဒုကၡေပးခ်င္ေနရတာလဲ ၊ ေအးေအးေဆးေဆးနဲ႕ေထာင္ထမင္းသြားစားတာကမွ ပိုေကာင္းတယ္မထင္ဘူးလား"
ဤစကားေၾကာင့္ ခ်ယ္ရွင့္ဒယ္မွာ မ်က္ႏွာပ်က္လာရေတာ့သည္။
"မင္းပဲ ေထာင္ထဲသြား! ငါကေတာ့ မင္းအေမရဲ႕ေထာင္ကိုပဲသြားမယ္!"
စန္းရန္က ထိုလူႏွင့္ ေပါက္ကရမ်ား ယွဥ္ေျပာေနရမည္ကို ပ်င္းရိလြန္းသျဖင့္ ထိုလူ၏လက္ႏွစ္ဖက္ကိုခ်ဳပ္ၿပီး လမ္းၾကားထဲမွ ဆြဲထုတ္လာေတာ့သည္။
ခ်ယ္ရွင့္ဒယ္မွာ စန္းရန္၏ခြန္အားႏွင့္ လုံးဝမယွဥ္နိုင္မွန္း သိသြားသည့္အဆုံးတြင္ စတင္ၿပီးေတာင္းပန္လာေတာ့၏။
"မင္းကိုေတာင္းပန္ပါတယ္ ၊ ငါလည္း ဘာမွမွမလုပ္ထားခဲ့တာ ၊ ငါ ဘာမွမလုပ္ထားဘူး ၊ ငါက မွားယြင္းၿပီးစြပ္စြဲခံရတာပါ"
"ဒီစကားေတြကို...."
စန္းရန္က ပ်င္းတိပ်င္း႐ြဲျဖင့္
"ခင္ဗ်ား ရဲကိုပဲ သြားေျပာျပလိုက္"
"...."
လမ္းၾကားထဲမွ ဆြဲထုတ္ခံေနရၿပီျဖစ္ေၾကာင္း ျမင္လိုက္သည့္အခ်ိန္တြင္ေတာ့ ခ်ယ္ရွင့္ဒယ္သည္ ပို၍ေလာျပာလာခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္ခ်င္သည့္စိတ္က သူ႕ခြန္အားအလုံးစုံတို႔ကို လႈံ႕ေဆာ္လာေတာ့၏။ မ်က္စိတစ္မွိတ္စာအခ်ိန္အတြင္း ထိုလူက စန္းရန္၏လက္ကို အားျဖင့္ရမ္းခါထုတ္ပစ္လိုက္သည္။
စန္းရန္ အေနာက္သို႔ သုံးလွမ္းမွ်ဆုတ္သြားခဲ့ၿပီး သူ႕အိတ္ကပ္ထဲမွပစၥည္းတစ္ခုျပဳတ္က်လာကာ လိမ့္သြားသည့္အသံကိုပင္ ၾကားလိုက္ရ၏။ စန္းရန္က ထိုလူႏွင့္မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားၿပီး ရန္လိုၿပီးၾကမ္းၾကဳတ္ေနသည့္မ်က္လုံးမ်ားကိုေတြ႕လိုက္ရ၏။
"မင္းေမငါ-ိုး!"
ခ်ယ္ရွင့္ဒယ္က အိတ္ကပ္ထဲမွ ဓါးျမႇောင္ကိုထုတ္ၿပီး စန္းရန္ဘက္သို႔ ေျပးဝင္လာခဲ့၏။ ေငြေရာင္ဓါးသြားမွာ လမ္းမီးေရာင္ေအာက္တြင္ လက္ခနဲ။
"ဘယ္ေကာင္ကမွ ခံရတဲ့ေကာင္လဲဆိုတာ ငါၾကည့္မယ္!"
ပစၥည္းမ်ားသိမ္းဆည္းၿပီးသည့္အခါ ဝိန္းရိဖန္က စန္းရန္ထံသို႔ ဖုန္းေခၚဆိုလိုက္သည္။ သည္တစ္ႀကိမ္တြင္ တစ္ဖက္လူက အရင္ကလိုခ်က္ခ်င္း လက္ခံေျဖဆိုျခင္းမရွိ။
ဖုန္းဆက္သြယ္ေပးေနသည့္အသံကိုနားေထာင္ရင္း ဝိန္းရိဖန္က စားပြဲဘက္သို႔လွမ္းၾကည့္လိုက္ရာ အသံသြင္းေဖာင္တိန္က စားပြဲေပၚက်န္ေနေသးေၾကာင္း ျမင္လိုက္ရသည္။ သူမ အလိုလိုလွမ္းယူလိုက္သည့္အခ်ိန္ တစ္ဖက္လူကလည္း ဖုန္းလက္ခံေျဖလာ၏။
သူမ စကားေျပာလုနီးနီးတြင္ တစ္ဖက္မွ သူစိမ္းအမ်ိဳးသမီးတစ္ဦး၏အသံထြက္လာခဲ့သည္။
"ဟယ္လို"
ဝိန္းရိဖန္ ေၾကာင္အမ္းသြားရ၏။
"ဟယ္လို.....ေက်းဇူးျပဳ၍ ဘယ္သူလဲမသိဘူးရွင့္"
"အာ....ကြၽန္မက အခုေလးတင္ ဒီဖုန္းကိုေကာက္ရထားတဲ့သူပါ ၊ ဖုန္းပိုင္ရွင္က ဘာတရားခံဆိုလား ဖမ္းတဲ့အခ်ိန္ ဓါးနဲ႕ထိုးမိလို႔ အခု ေဆး႐ုံကိုေခၚသြားၾကၿပီ ၊ အစ္မက သူ႕မိတ္ေဆြလားမသိဘူး ၊ ဖုန္းကိုေရာ အစ္မဆီ ယူလာေပးရမလား"
ဝိန္းရိဖန္မွာ တစ္ဖက္လူ၏စကားကို နားမလည္နိုင္သည့္အလား ေၾကာင္အမ္းသြားရေတာ့၏။
"ဘာျဖစ္တယ္"
"ကြၽန္မလည္း အေျခအေနကိုအေသးစိတ္မသိဘူး ၊ ဒါေပမယ့္ ဒီေနရာမွာေတာ့ ေသြးေတြအမ်ားႀကီးက်န္ေနခဲ့တယ္"
သုံးေလးစကၠန့္ၾကာၿပီးသြားသည့္အခါ ဝိန္းရိဖန္၏အသံတို႔က တုန္ယင္စျပဳလာေတာ့၏။
"ဒဏ္ရာရသြားတဲ့လူရဲ႕နာမည္က စန္းရန္လား"
"ကြၽန္မ မသိဘူး ၊ အရပ္ျမင့္ျမင့္ ခႏၶာကိုယ္ပိန္ပိန္နဲ႕ ႐ုပ္လည္းေတာ္ေတာ္ေလးေခ်ာတယ္"
စကားအဆုံးတြင္ ဝိန္းရိဖန္၏လက္ေခ်ာင္းထိပ္မ်ားက လက္ဖဝါးကိုထိုးလုမတတ္ လက္သီးဆုတ္ထားမိၿပီး အျပင္ဘက္သို႔ေျပးထြက္လာခဲ့ေတာ့သည္။
"အစ္မ အခု ဘယ္နားေလးမွာလဲ"
ဝိန္းရိဖန္က ထိုအမ်ိဳးသမီး လမ္းၫႊန္သည့္လမ္းၾကားအတိုင္းဝင္လာခဲ့သည္ႏွင့္တၿပိဳင္နက္ ေျမႀကီးေပၚမွ ေသြးကြက္ႀကီးအား ခ်က္ခ်င္းျမင္လိုက္ရသည္။ သူမ၏တစ္ကိုယ္လုံးေအးစိမ့္လာခဲ့ကာ ေျပးလာခဲ့သည့္လမ္းတစ္ေလွ်ာက္လုံး မယုံၾကည္ထားခဲ့သည့္အေျခအေနတစ္ရပ္က လက္ရွိအခ်ိန္၌ မ်က္ဝါးထင္ထင္ျမင္လိုက္သည့္အတိုင္းပင္။ ဦးႏွောက္တစ္ခုလုံး ဗလာက်င္းသြားခဲ့ၿပီး ထိုအမ်ိဳးသမီး ေကာက္ယူေပးထားသည့္စန္းရန္၏လက္ကိုင္ဖုန္းကို လွမ္းယူလိုက္၏။
မ်က္ႏွာျပင္မွန္မွာ အစိတ္စိတ္ကြဲေၾကေနႏွင့္ၿပီး ဖုန္းေထာင့္၌ ဖုန္မႈန့္မ်ားကပ္ေန၏။ ဖြင့္ၾကည့္လိုက္သည့္အခါ သူတို႔ႏွစ္ဦး ခ်ားရဟတ္ေပၚ၌ရိုက္ထားသည့္ဓါတ္ပုံမွာ မ်က္ႏွာျပင္ထက္၌ ေနရာယူလ်က္သားႏွင့္။
ေမးခြန္းတစ္ခ်ိဳ႕ေမးျမန္းၾကည့္ၿပီးေနာက္၌ ဝိန္းရိဖန္က ထိုအမ်ိဳးသမီးအား ေက်းဇူးတင္စကားဆိုလိုက္၏။ ေဘးဘီသို႔ေဝ့ဝဲၾကည့္လိုက္သည့္အခါ လမ္းၾကား၏အဝင္ဝနား၌ရပ္ထားသည့္ စန္းရန္၏ကားကိုလည္း ျမင္လိုက္ရသည္။ တကၠစီတစ္စီးလွမ္းတားၿပီး ကားထဲဝင္ကာ ၿမိဳ႕ေဆး႐ုံဆီသို႔ ထြက္လာခဲ့သည္။
ဤအခိုက္အတန့္တြင္ သူမ၏စိတ္ထဲ ေၾကာက္စရာေကာင္းလြန္းသည့္အေတြးတစ္ခု ေျပးဝင္လာပါေတာ့၏။
သူမ မေတြးၾကည့္ရဲသည့္အေတြးတစ္ခု။
ဝိန္းရိဖန္၏အေဖ ဆုံးပါးသြားခဲ့သည့္ထိုေန႕အေၾကာင္းပင္။
သို႔ေသာ္ ထိုေန႕က သြားရာလမ္းတစ္ေလွ်ာက္တြင္ သူမ၏ေဘး၌ အေဖာ္ျပဳေပးသည့္ စန္းရန္ ပါလာခဲ့သည္။
ဤတစ္ႀကိမ္တြင္ သူမ တစ္ေယာက္တည္း။
သူမ ကိုယ့္ကိုယ္ကိုယ္ မေျခာက္လန့္ခ်င္ပါေပ။
သူမ စန္းရန္၏ကတိစကားကိုလည္း ယုံၾကည္သလို ကိုယ့္ကိုကိုယ္ မေျခာက္ျခားေအာင္ထိန္းခ်ဳပ္ထားပါသည့္တိုင္ လက္ေခ်ာင္းမ်ားက ထိန္းမရေအာင္တုန္ယင္ေနခဲ့သည္။
လက္သီးဆုတ္ထားခဲ့သည့္ခြန္အားမွာ တင္းသထက္တင္းလာၿပီး မ်က္ဝန္းမ်ားထဲ၌ အရည္ၾကည္မ်ားေဝ့တက္လာကာ လက္ခုံေပၚသို႔ တစ္စက္ၿပီးတစ္စက္က်လာသည့္မ်က္ရည္စက္မ်ားဟာ...
ေရခဲသဖြယ္ ေအးစိမ့္လ်က္ရွိေတာ့၏။
ယခုလိုပူအိုက္ေနသည့္ရာသီဥတုမ်ိဳး၌ပင္ ထိုမ်က္ရည္စက္မ်ား၏ေအးစိမ့္မႈက အေရျပားထဲထိ ေဖာက္ဝင္ၿပီး အရိုးမ်ားထဲ စိမ့္ဝင္ေနသည့္အတိုင္းပင္။
ျမင္ကြင္းဟူသမွ် ေဝဝါးေနသည့္အခ်ိန္။
ဝိန္းရိဖန္က လက္ထဲတြင္ဆုတ္ကိုင္ထားသည့္ အသံသြင္းေဖာင္တိန္ႏွင့္စန္းရန္၏လက္ကိုင္ဖုန္းကိုသာ စိုက္ၾကည့္ေနမိခဲ့သည္။ ဤအခ်ိန္တြင္ ဘယ္ေနရာမွထိမိသြားခဲ့ျခင္းေၾကာင့္မွန္းမသိ အသံသြင္းေဖာင္တိန္ထဲမွ ေအးစက္စက္ႏွင့္အထက္စီးဆန္သည့္အမ်ိဳးသားသံတစ္ခုဟာ တိတ္ဆိတ္ေနသည့္ကားအတြင္း ပဲ့တင္ထြက္လာပါေတာ့သည္။
---'ဝိန္း႐ႊမ္းက်န့္ အလုပ္မွာ အႏၱရာယ္ကင္းဖို႔ ဂ႐ုစိုက္ပါ ၊ မင္းရဲ႕ေကာင္ေလးက မင္း ေဘးကင္းကင္းနဲ႕အိမ္ျပန္လာမွာကို ေစာင့္ေနတယ္'
--------
ခ်ယ္ရွင့္ဒယ္လက္ထဲမွ ဓါးကို လွမ္းျမင္လိုက္သည္ႏွင့္ ထိုလူေျပးဝင္လာသည့္ရည္႐ြယ္ခ်က္ကို စန္းရန္ ခ်က္ခ်င္းသေဘာေပါက္လိုက္သည္။ ခ်ယ္ရွင့္ဒယ္သည္ အပိုင္းပိုင္းခုတ္ျဖတ္ပစ္ခ်င္သည့္အလား ဓါးကို အၾကမ္းပတမ္းလႊဲရမ္းပစ္လိုက္သည့္အခါ စန္းရန္၏လက္ႏွင့္ခါးေနရာမွာ အမွတ္မထင္ လွ်ပ္ေျပး၍ျခစ္မိသြားခဲ့၏။
ထိုလူ၏လုပ္ရပ္ေၾကာင့္ စန္းရန္၏ႏႈတ္ခမ္းပါးတို႔မွာ တေျဖာင့္တန္းတင္းသြားၿပီး အလင္းတစ္ဝက္ အေမွာင္တစ္ျခမ္းထဲတြင္ျဖစ္၍ သူ၏အသြင္အျပင္ကိုေတာ့ မျမင္ရပါေပ။ ခ်ယ္ရွင့္ဒယ္က ေနာက္တစ္ႀကိမ္ဓါးျဖင့္ထိုးလာသည့္အခါတြင္ေတာ့ စန္းရန္က ထိုလူ၏လက္ကို အျမန္ဖမ္းဆြဲၿပီး အားျဖင့္လိမ္ပစ္လိုက္သည္။
အရိုးအက္သံမ်ိဳးထြက္ေပၚလာကာ ခ်ယ္ရွင့္ဒယ္၏ေအာ္သံမွာလည္း စူးခနဲ။ လက္ကိုဖမ္းခ်ဳပ္ထားသည့္ခြန္အားမ်ားလာျခင္းေၾကာင့္ ထိုလူကိုင္ထားသည့္ဓါးမွာ ေျမႀကီးေပၚ ျပဳတ္က်သြားခဲ့သည္။
စန္းရန္၏လက္ႏွင့္ခါးေပၚ၌ ေသြးမ်ားတစိမ့္စိမ့္ထြက္လာကာ အနီရင့္ေရာင္မ်ားက အနက္ေရာင္ကုတ္အကၤ်ီေပၚ၌ မျမင္သာ ၊ သို႔ေသာ္ လက္ေပၚမွ ဓါးဒဏ္ရာမွာ ေတာ္ေတာ္ေလးနက္ၿပီး ေသြးစီးေၾကာင္းမ်ားက ေကြ႕ေကာက္ဆင္းလာသည့္ေႁမြတစ္ေကာင္သဖြယ္ စီးလာခဲ့ကာ လက္ေကာက္ဝတ္ေပၚရွိ အနီေရာင္ႀကိဳးေလးေပၚထိ စြန္းထင္းလာခဲ့၏။
ထိုမွသည္ ေျမႀကီးေပၚသို႔ တစ္စက္ၿပီးတစ္စက္။
"ခင္ဗ်ား ကံအရမ္းေကာင္းသြားတယ္လို႔ပဲ မွတ္ပါ"
စန္းရန္က ထိုလူ၏လက္ႏွစ္ဖက္ကိုခ်ဳပ္ၿပီး နံရံႏွင့္တစ္သားတည္းျဖစ္ေအာင္ ဖိထားကာ ခပ္တိုးတိုးဆိုလာ၏။
"တကယ္လို႔ အဲ့ဒီႏွစ္တုန္းက သူ တကယ္ပဲတစ္ခုခုျဖစ္သြားခဲ့ရင္ ဒီေန႕ရဲ႕ဒီဓါးတစ္ေခ်ာင္းက ေျမႀကီးေပၚေရာက္ေနမွာမဟုတ္ဘူး"
အကယ္၍ အဲ့ဒီေန႕ကသာ ဝိန္းရိဖန္၏ဘႀကီးတို႔ ေနာက္က်ၿပီးမွ အိမ္ျပန္ေရာက္လာခဲ့လွ်င္....
အကယ္၍ သူမသာ ေကာ္လင္လိုမ်ိဳး အဆုံးသတ္သြားခဲ့လွ်င္....
အကယ္၍ သူမသာ အလင္းေရာင္ဟူ၍မရွိေသာ ေမွာင္မိုက္ေအးစက္ေနသည့္ေနရာမ်ိဳး၌ ႏွစ္ေတြအၾကာႀကီး တစ္ေယာက္တည္း ပိတ္ေလွာင္မိေနခဲ့လွ်င္....
ဤကဲ့သို႔ေသာ အေတြးမ်ိဳးဝင္လာသည့္အခါ စန္းရန္၏ခြန္အားမ်ားက အလိုလို တိုး၍ၾကမ္းတမ္းလာေတာ့၏။ ခ်ယ္ရွင့္ဒယ္၏ၿငီးတြားသံတစ္ခ်က္ၾကားလိုက္ရတိုင္း ဓါးျဖင့္ အႀကိမ္ေပါင္းတစ္ေထာင္မက ထိုးပစ္ခ်င္သည့္စိတ္မ်ားမွာလည္း ထိန္းမရ ၊ သူ႕မ်က္ဝန္းမ်ားက ေမွာင္မိုက္ေနၿပီး လည္ပင္းတစ္ေလွ်ာက္ အျပာေရာင္ေသြးေၾကာမွ်င္မ်ားကလည္း ေပါက္ထြက္မတတ္ ထိုးေထာင္လာခဲ့ကာ ေသြးဆာေနသည့္အေတြးမ်ိဳးက သူ႕စိတ္ထဲ ေပၚလာေတာ့၏။
ေနာက္တစ္စကၠန့္၌ ဝိန္းရိဖန္ေျပာထားဖူးသည့္စကားတစ္ခြန္းကိုလည္း ထပ္၍ ေတြးၾကည့္မိလိုက္သည္။
---'နင္ ဒဏ္ရာရလာလို႔ရွိရင္ ငါ နင့္ကို ေဆးထည့္ေပးမွာပါ ၊ ဒါေပမယ့္ ငါ စိတ္လည္းဆိုးမွာ'
စန္းရန္က အသိစိတ္ျပန္ကပ္လာၿပီးကာမွ ခႏၶာကိုယ္ေပၚရွိ နာက်င္မႈမ်ားကို ခံစားမိလိုက္၏။ မ်က္လႊာကို အသာခ်ၿပီး ခႏၶာကိုယ္ေပၚရွိေသြးမ်ားကိုငုံ႕ၾကည့္ရင္း ခ်ယ္ရွင့္ဒယ္ကိုလည္း ဆြဲထုတ္လာခဲ့သည္။
"ခင္ဗ်ားက ေနရာေကာင္းကိုေ႐ြးၿပီး ထိုးတတ္သားပဲ"
"...."
"ဒီေလာက္ပူေနတဲ့ရာသီဥတုႀကီးမွာ လက္ေပၚကဒဏ္ရာကို မင္းေမႀကီးေတာ္ ငါက ဘယ္လိုဖုံးထားလို႔ရေတာ့မွာလဲ"
ခ်ယ္ရွင့္ဒယ္က လုံးဝမ႐ုန္းနိုင္ေတာ့ဘဲ ဆြဲေခၚထုတ္လာသည့္အတိုင္း ပါလာခဲ့သည္။ နာက်င္လြန္းေသာေၾကာင့္လည္း စကားကို ပီပီသသမေျပာနိုင္ဘဲ ထပ္၍လည္း ေတာင္းပန္လာေသး၏။
"သာ့ေကာ....ေတာင္းပန္ပါတယ္....ငါ ေထာင္ထဲမဝင္ခ်င္ဘူး"
"ခင္ဗ်ားက ေထာင္ထဲမဝင္ခ်င္ဘူးဟုတ္လား"
စန္းရန္က ခနဲ႕တဲ့တဲ့သာရယ္လိုက္၏။
"ဟိုမိန္းကေလးလည္း မေသခ်င္ခဲ့ဘူး"
********************