ချယ်ရှင့်ဒယ်၏နောက်ဆက်တွဲလုပ်ရပ်များနှင့်ပတ်သတ်၍ ဝိန်းရိဖန် များများစားစားအာရုံမစိုက်ပါတော့ပေ။ ချယ်ရှင့်ဒယ်၏လုပ်ရပ်များဟာ ပြင်းထန်လွန်းသည့်အဆင့်မျိုးမဟုတ်သဖြင့် ကြီးလေးသည့်ပုဒ်မတစ်ခုခုတပ်၍မရမည်မှန်း သူမ နားလည်ပြီးဖြစ်သည်။
ဖုကျွမ့်ကိုတော့ မိသားစုအတွင်းရေးပြဿနာတစ်ခုဟုသာ သိထားစေပြီး အိတ်ကိုဆွဲလုသည့်ကိစ္စမှာလည်း သည်အတိုင်းဆွဲလားရမ်းလားလုပ်မိခြင်းဟုသာ ထင်မြင်စေခဲ့သည်။ ထို့အပြင် သူမ၏အိတ်ထဲ၌လည်း ထိုအချိန်တုန်းက တန်ဖိုးကြီးပစ္စည်းများမပါသဖြင့် လုယက်မှုဟုခေါင်းစဥ်တပ်၍မရခဲ့၏။
ရဲအကြောင်းကြားသည့်အချိန်တွင်လည်း ထိုလူက ထွက်မပြေးဘဲ ကိစ္စအဝဝ၌ပူးပေါင်းထွက်ဆိုခဲ့သေးသည်။ အဆုံးသတ်တွင် လဝက်ကျော်ကျော်လောက်သာ ထိန်းသိမ်းခံလိုက်ရပြီး ဒဏ်ငွေဆောင်ရုံဖြင့် ပြန်လွှတ်လာခဲ့သည်။
ဝိန်းရိဖန်သည်လည်း မည်သည့်အဆုံးသတ်မျိုးဖြစ်ပါစေ သူမ ဂရုမစိုက်ပါချေ။ သူမဘက်မှ ချယ်ရှင့်ဒယ်အား သူပြုသမျှကိစ္စတိုင်းအတွက် ပြင်းထန်သည်ဖြစ်စေ လျော့ပေါ့သည်ဖြစ်စေ ပြန်ပေးဆပ်ခိုင်းမည်ဆိုသည့်အချက်ကို သိရှိသွားစေချင်ရုံသာဖြစ်သည်။ သည့်ထက်အပြင် သူမအတွက်တော့ ဤမိသားစုအတွင်းရေးပြဿနာများက လုံးဝကိုလျစ်လျူရှူထားပြီးသား ကိစ္စများပင်ဖြစ်ကာ သူမနှင့်စန်းရန်အား အနှောင့်အယှက်လာပေးနေမည်ကိုသာ စိတ်ပူနေခြင်းဖြစ်၏။
ဤစိတ်ပူစရာအကြောင်းပြချက်သာမရှိလျှင် ထိုလူတစ်စုအား သူမ အရေးပင်လုပ်နေမည်မဟုတ်တော့ချေ။
မျက်တောင်တစ်မှိတ်စာအတွင်း နွေရာသီကာလကြီးသည် လအကူးအပြောင်းနှင့်အတူ ပြီးဆုံးခါနီးအချိန်သို့ရောက်လာခဲ့သည်။ မခံမရပ်နိုင်အောင်ပူပြင်းလွန်းသည့်ရာသီဥတုကြီးမှာ တရွေ့ရွေ့ဖြင့်ကုန်လွန်လာပြီး ဆောင်းဦးရာသီသို့ရောက်လာသည်နှင့်အတူ နန်းဝူမြို့၏အပူချိန်မှာလည်း ကျဆင်းလာခဲ့သည်။
ယီဟယ်မြို့မှပြန်လာပြီးနောက်ပိုင်းတွင် စန်းရန်သည် ချန်ဖေးထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သည်။
တစ်ဖက်လူမှာမူ စန်းရန်က ယီဟဲသို့သွားပြီး ပြန်လာသည့်အကြောင်း ၊ သွမ့်ကျားရွှီ အထိုးခံရပြီးသည့်အကြောင်းကို ကြားထားပုံရကာ ချန်ဖေးသည် အကြိမ်တိုင်း၌ အကြောင်းပြချက်မျိုးစုံပေးပြီး ရှောင်ပြေးနေတော့၏။ သည်နေရာ၌ ပြဿနာရှိသည်ဖြစ်စေ ဟိုနေရာ၌ ပြဿနာပေါ်လာသည်ဖြစ်စေ ၊ အဆုံးအစွန် သေရေးရှင်ရေးပင်ဖြစ်နေပါစေ စန်းရန်ရှေ့မှောက် လုံးဝထွက်လာမည်မဟုတ်။
စန်းရန်သည်လည်း ချန်ဖေးတစ်ယောက်က မည်သည့်အရာကိုတွေးပြီးကြောက်နေမှန်း နားမလည်ချေ ၊ စိတ်မရှည်တော့သည့်အဆုံးတွင် ;
"ဒီနေ့မှမလာရင် နောက်လုံးဝမလာခဲ့နဲ့"
တစ်ခဏအကြာ၌။
ချန်ဖေးက မက်ဆေ့ဖြင့်သာ စာပြန်လာခဲ့သည်။
[ ငါ့မိန်းမလည်း ဒီနေ့အားနေတာ ]
ချန်ဖေး ; [ သူ့ကိုပါ ခေါ်လာခဲ့မယ်နော် ]
ဤမက်ဆေ့ကြောင့် စန်းရန်က ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး လက်ထဲမှ စီးကရက်အား ဖိချေ၍မီးသတ်လိုက်၏။ ခန္ဓာကိုယ်ကိုခပ်မတ်မတ်ပြန်ထိုင်ကာ ပျင်းတိပျင်းရွဲအသံဖြင့် ;
"မင်းမိန်းမကို မင်းမျက်နှာကြီး စုတ်ပျက်ဖူးယောင်နေတဲ့ပုံစံမျိုးပြချင်ရင် ခေါ်လာလိုက်"
နောက်တွင် တစ်ဖက်သို့လှည့်ပြီး 'Overtime' ဘားထဲ ဝင်လာခဲ့သည်။
လမ်းသရဲလမ်းမကြီးသည် ရုံးပိတ်ရက်များတွင် ပို၍စည်ကားကာ ဘားတိုင်း၌လည်း ဆူညံနေလျက်သား။
စန်းရန်က ဘားခုံရှိသည့်ဘက်သို့သွားရင်း တစ်ခွက်လောက်သောက်မည်အပြုတွင် မြင်နေကျပုံရိပ်တစ်ခုအား ရုတ်တရက်လှမ်းမြင်လိုက်ရ၏။ သူ့နှုတ်ခမ်းစွန်းအကွေးရာလေးမှာ ရုတ်ချည်းဖြောင့်တန်းသွားခဲ့သလို ခြေလှမ်းများက စက္ကန့်တစ်ဝက်စာလေးပင်မရပ်ဘဲ ထိုနေရာသို့လျှောက်သွားလိုက်သည်။
ဖွင့်ထားသည့်နောက်ခံတီးလုံးများမှာ နားစည်အတွင်း ဆူညံနေသည့်အချိန်။
ချယ်ရှင့်ဒယ်က ဘားခုံ၌ထိုင်နေပြီး ဘေးနားရှိ မရင်းနှီးသည့်အမျိုးသမီးတစ်ဦးနှင့်စကားပြောနေ၏။ ထိုလူ၏မျက်နှာမှာ အရက်ရှိန်ကြောင့် နီရဲနေလေပြီး အသံကျယ်ကျယ်အော်ဟစ်၍ ;
"ဟိုအပျက်မက ငါ့ကို ထပ်ပြီး အသေသတ်ဖို့ကြိုးစားသေးတာ! အိပ်မက်မက်နေလိုက်စမ်း!"
အမျိုးသမီး၏အမူအရာမှာ နေရာမှထွက်သွားသည့်အလား ရွံရှာသလိုပြုမူနေ၏။
သို့သော် ချယ်ရှင့်ဒယ်က ထိုအမျိုးသမီးကိုဆွဲခေါ်ထားပြီး ဆက်၍ ;
"မင်းမေကြီးတော် ငါက ဘာမှတောင်မလုပ်ရသေးဘဲနဲ့ ၊ ပိုက်ဆံကလည်း တစ်ပြားမှမရ ၊ ငါ့အစ်မ ဆဲတာပဲခံလိုက်ရတယ် ၊ စောင့်နေစမ်းပါ ၊ အပျက်မ....ငါ နင့်ကိုရှာတွေ့လို့ကတော့...."
အမျိုးသမီးမှာ ဒေါသထွက်ပြီး ရုန်းကန်လာတော့၏။
"ရူးနေတာလား! ရှင် လက်ကိုလွှတ်မှာလား မလွှတ်ဘူးလား!"
နောက်တစ်စက္ကန့်။
စန်းရန်က ချယ်ရှင့်ဒယ်၏ အင်္ကျီအနောက်ကော်လံအား တိုက်ရိုက်ဆောင့်ဆွဲကာ မည်သည်ကိုမှလည်းမကြည့် ၊ စကားတစ်ခွန်းမဆိုဘဲ ခပ်တည်တည်အမူအရာမျိုးဖြင့် ထိုလူအား ဆွဲထုတ်လာခဲ့သည်။ သူ့လက်ပေါ်မှ အပြာရောင်သွေးကြောမျှင်များဟာ ကြည့်လိုက်လျှင် စိတ်အေးလက်အေးပြုမူနေသည့်သဘောမျိုးပင်။
ချယ်ရှင့်ဒယ်က အော်ဟစ်လာ၏။
"မင်းမေ.....ဘယ်ကကောင်လဲဟ!"
အနောက်ဘက်မှ ဟယ့်မင်ပေါ်၏အသံအား နားစွန်နားဖျားကြားလိုက်ရသေး၏။
"ဒီလူက ကျွန်တော်တို့ဘားမှာ လာနှောင့်ယှက်နေတာ သုံးလေးကြိမ်ရှိနေပါပြီ ၊ တောင်းပန်ပါတယ်နော် အစ်မ....အနှောင့်အယှက်ဖြစ်သွားရင်....."
လှုပ်လှုပ်ရှားရှားဖြစ်သွားသည့်အခြေအနေကို သတိထားမိကြသည့်လုံခြုံရေးဝန်ထမ်းများက အနားသို့ရောက်လာကြ၏။
"ရန်ကော ၊ ကျွန်တော်တို့ ဖြေရှင်းလိုက်ရမလား"
စန်းရန် ;
"မင်းတို့ လုပ်စရာရှိတာသာ လုပ်နေ"
အရက်အလွန်အကျွံသောက်ထားခြင်းကြောင့်လားမသိ ချယ်ရှင့်ဒယ်၏ခြေလက်များက အားမရှိသည့်အလားပျော့ခွေနေကာ လက်မှလွတ်ထွက်အောင်ပင် မရုန်းနိုင်ချေ။ ကော်လံတစ်လျှောက် ဆွဲဆောင့်ခံထားရသဖြင့် ပြောထွက်လာသည့်စကားများကလည်း မပီမသ။
စန်းရန်က ထိုလူအား ဘားအနောက်ဘက်လမ်းကြားဆီသို့ ဆွဲခေါ်လာခဲ့ကာ နံရံနှင့်ခပ်ပြင်းပြင်းဆောင့်ရိုက်ပစ်လိုက်သည်။
ချယ်ရှင့်ဒယ်၏ကျောဘက်တစ်ခုလုံးက နံရံနှင့်အရိုက်ခံလိုက်ရချေပြီး နာကျင်မှုကြောင့် ငြီးတွားနေသေးကာ တစ်ခဏအကြာမှမျက်လုံးပွင့်လာခဲ့၏။
စန်းရန်က လျှောကျနေသည့်ထိုလူ၏အရှေ့တွင် ထိုင်ချပြီး အမှောင်ထုထဲမှ သူ့မျက်နှာမှာမသဲကွဲပါချေ။
"ထွက်လာပြီလား"
ချယ်ရှင့်ဒယ်၏အသံမှာ ဝူးတူးဝါးတားဖြင့် ;
"မင်းဖြစ်နေပြန်တာလား...."
"ကျွန်တော်က ခင်ဗျားကို လာမရှာဘဲနေပေးနေတာတောင်"
စန်းရန်က လက်တစ်ဖက်ကိုဆန့်ထုတ်ကာ ထိုလူ၏ဆံပင်ကိုဆောင့်ဆွဲပြီး မြေကြီးနှင့်ခပ်ပြင်းပြင်းရိုက်ချပစ်၏။ သူ တစ်ချက်ပြုံးလိုက်သည်နှင့်အတူ အချိန်အကြာကြီး ကိန်းအောင်းထားခဲ့ရသည့်ရက်စက်ကြမ်းကြုတ်လိုသည့်စိတ်များကလည်း လက်ရှိအချိန်၌ လုံးလုံးလျားလျား အထိန်းချုပ်မဲ့နေခဲ့ပြီပင်။
"ခင်ဗျားက ကျွန်တော်ရှိတဲ့နေရာကို လာရဲသေးတယ်ပေါ့"
"...."
---'အဲ့အချိန်ကစပြီး....သူ ငါ့ကို....တစ်ချိန်လုံး ထိပါးနှောင့်ယှက်နေခဲ့တာ"
ဝိန်းရိဖန် ပြောခဲ့ဖူးသည့်စကားတစ်ခွန်းချင်းစီတိုင်းကို ပြန်တွေးကြည့်ရင်း စန်းရန်က ချယ်ရှင့်ဒယ်၏ခေါင်းအား မြေကြီးပေါ် နောက်တစ်ကြိမ် ရိုက်ချပစ်လိုက်၏။
"ပြောစမ်းပါဦး"
"...."
"ခင်ဗျားက ဘယ်သူ့ကိုရှာပြီး ဘာလုပ်ချင်တာ"
"မင်း ရူးနေတာလား! ငါ....ငါ ဘာပြောမိလို့လဲ....ငါ!"
ချယ်ရှင့်ဒယ်က လက်တစ်ဖက်ဖြင့် မြေကြီးကိုထောက်ကာ အားပြုပြီး အခြားလက်တစ်ဖက်က စန်းရန်၏လက်ကိုဖယ်ထုတ်ရင်း ;
"မင်းမေကြီးတော် ငါက အရက်လာသောက်ရုံပဲ အရက်သောက်ရုံပဲ! ဘယ်သူ့ရှာပြီး ဘာလုပ်နေလို့လဲ!"
စန်းရန်က လက်လွှတ်ပေးလိုက်ပြီး ထိုလူအား မမှိန်မသွေစိုက်ကြည့်နေလိုက်သည်။
ချယ်ရှင့်ဒယ်က ထုံကျင်နေသည့်သူ့ခေါင်းကို ပွတ်၍ ;
"ဧည့်သည်တွေကို ဒီလိုပဲ ဆက်ဆံတတ်တာလား ငါ-ူးပဲ! မင်း စောင့်နေစမ်း! ဘာသောက်ကြောင်းနဲ့...."
ညစ်ပတ်ပေရေသည့်အရာကို ကြည့်နေသည့်အလား စန်းရန်က စကားတစ်ခွန်းမဆိုဘဲ မတ်တပ်ထရပ်လိုက်၏။
ချယ်ရှင့်ဒယ်က မတ်တပ်ရပ်သွားသည့်အတိုင်း မော့ကြည့်လာ၏။ ထိုလူ၏နဖူးထက်တွင် ဖုန်မှုန့်များအပြင် အရေပြားတစ်ချို့လည်းကွဲပြဲနေပြီပင်။ ထိုလူက ဝါထိန်နေသည့်သွားများဖြင့် ပြုံးဖြီးဖြီးရယ်ပြလာပြီး ;
"သြော်....ငါ နားလည်ပြီ ၊ ငါက မင်းရဲ့မိန်းမကိုထိခဲ့ဖူးလို့ မကျေမနပ်ဖြစ်နေတာမလား"
ဤစကားကြောင့် စန်းရန်၏မျက်ခွံများက အောက်သို့ ခပ်လျော့လျော့စိုက်ကြည့်လာ၏။
"ဒီလို လုပ်ဖို့လိုလို့လားကွာ ၊ ယောက်ျားအချင်းချင်းပဲဟာ ၊ မင်းလည်း နားလည်သင့်ပါတယ်"
ချယ်ရှင့်ဒယ်က ရယ်နေဆဲဖြင့် ;
"ပြီးတော့ မိန်းမဖြစ်ရုံတင်မဟုတ်ဘူး ၊ ရွှမ်းကျန့်က တကယ်လည်း အရမ်း...."
စကားမဆုံးခင် စန်းရန်က ထိုလူ၏ဗိုက်အား တစ်ချက်ဆောင့်ကန်ပစ်လိုက်၏။
ချယ်ရှင့်ဒယ်မှာ သတိလက်လွတ်ဖြစ်နေသည့်အနေအထားတွင် သူ့ခန္ဓာကိုယ်ကြီးက အနောက်တွင်ရှိနေသည့်နံရံနှင့် တသားတည်းဖြစ်အောင်ပြေးရိုက်ကာ ရိုက်ခတ်သွားသည့်အသံကျယ်ကြီးတစ်ခုပင် ထွက်လာခဲ့သည်။ ချက်ချင်းဆိုသလို မြေကြီးပေါ်သို့ လဲကျသွားကာ လက်နှစ်ဖက်ဖြင့်အားပြုထောက်ထားလိုက်ပြီး အော့အန်ချင်သလိုလိုဖြစ်နေတော့သည်။
စန်းရန်က ထိုလူအား မည်သည့်အမူအရာမျိုးမှမပါသည့် မျက်နှာထားဖြင့် စိုက်ကြည့်နေ၏။ သူ့အရှေ့ဆံပင်များက နဖူးပေါ်၌ ဟိုတစ်စဒီတစ်စလျှောကျနေလေသဖြင့် မျက်ဝန်းများထဲရှိအငွေ့အသက်များကိုတော့ မမြင်ရချေ။
"မင်းမေငါ-ိုးပဲ"
ချယ်ရှင့်ဒယ်၏အသံမှာ တုန်ယင်နေပြီး ဤအနီးအနားတွင် လူရိပ်လူခြေတစ်ဦးတစ်လေမှမရှိခြင်းကို သတိထားမိသည့်အတွက်ကြောင့်လည်း စန်းရန်အား ရန်စစေမည့်စကားမျိုးကို ထပ်၍မပြောရဲတော့၏။
"ငါ ရဲတိုင်မယ်"
စန်းရန် နောက်တစ်ကြိမ် ဆောင့်ကြောင့်ထိုင်လိုက်ကာ ထိုလူ၏ဆံပင်ကို ခပ်ကြမ်းကြမ်းဆွဲဆုတ်ပြီး အပေါ်သို့မတင်လိုက်သည်။
"ဘာကိစ္စနဲ့ရဲတိုင်မှာလဲ"
"...."
"ခင်ဗျားက အခု အရက်သောက်တာများပြီး မတ်တပ်မရပ်နိုင်တော့လို့ မြေကြီးပေါ်လဲကျသွားတာမဟုတ်ဘူးလား"
စန်းရန်က အောက်နှုတ်ခမ်းကို အသာအယာကွေးထားပြီး မနှေးမမြန်ဖြင့် ;
"ကျွန်တော်က ခင်ဗျား မရပ်နိုင်တော့လို့ ထူပေးချင်နေတာလေ ၊ ဘယ်လိုဖြစ်ပြီး ကျေးဇူးမတင်ဘဲ ရန်လိုနေရတာလဲ"
ပြောနေရင်း စန်းရန်ကမတ်တပ်ရပ်ကာ ထိုလူကိုပါ အလွယ်လေးမ,လာပြီး နံရံနှင့်နောက်တစ်ကြိမ်ရိုက်ချလိုက်၏။
ချယ်ရှင့်ဒယ်၏ခန္ဓာကိုယ်ကြီးမှာ ကွန်ကရစ်နံရံကြီးနှင့် ခပ်ပြင်းပြင်းထပ်ဆောင့်မိလိုက်သည့်အခါတိုင်း အတွင်းကလီစာများ ပြုတ်ကျလာမတတ် နာကျင်သွားခဲ့ရသည်။
စန်းရန်သည် ထိုလူအား တည့်တည့်စိုက်ကြည့်နေပြီး ခန္ဓာကိုယ်ထက်ရှိ ရန်လိုနေသည့်အငွေ့အသက်များကိုလည်း လုံးဝ ဖုံးဖိမထားချေ။ ချယ်ရှင့်ဒယ်၏ ဖြစ်ပျက်နေသည့်အမူအရာကိုကြည့်ပြီး သူ့အမူအရာမှာ ဘာမှပြောင်းလဲသွားခြင်းမရှိ ၊ မတိုးမကျယ် ပုံမှန်အသံဖြင့် ;
"ဘယ်လိုဖြစ်ပြီး မတ်တပ်မရပ်နိုင်ရပြန်တာလဲ"
"...."
"ချယ်ရှင့်ဒယ်...."
စန်းရန်က ထိုလူ၏နာမည်ကို ပြန်စဥ်းစားယူလိုက်ပြီး ပြောထွက်လာသည့်စကားလုံးတစ်ခုချင်းတိုင်းသည် အံကျိတ်ထားသည့်ကြားမှ လေတိုး၍ထွက်လာသလိုလို။
"ခင်ဗျားကို ထပ်ပြီးထူပေးရဦးမလား"
ချယ်ရှင့်ဒယ်မှာ စကားပင်မပြောနိုင်တော့ဘဲ လက်ရမ်းပြပြီး ဘေးသို့ကပ်သွားခဲ့သည်။
ဤအချိန်တွင် စန်းရန်၏လက်ကိုင်ဖုန်းမှမက်ဆေ့သံမြည်လာခဲ့ကာ သူ့မျက်တောင်များ အောက်သို့ရွေ့သွားရင်း အိတ်ကပ်ထဲမှဖုန်းကိုထုတ်ကြည့်လိုက်၏။
ဝိန်းရိဖန်ထံမှမက်ဆေ့ ဖြစ်သည်။
ဝိန်းရွှမ်းကျန့် ; [ နင် ဒီနေ့ည ဘယ်ချိန်အိမ်ပြန်လာမှာလဲ ]
ဝိန်းရွှမ်းကျန့် ; [ ငါ အိမ်ရောက်နေပြီ ၊ အင်တာဗျူးပြီးအပြန် လမ်းကြုံလို့ အလုပ်ကမိတ်ဆွေရဲ့ကားနဲ့ ပြန်လာတာ ]
စန်းရန်က သုံးလေးစက္ကန့်ကြာကြာ ကြည့်နေပြီးမှ စာပြန်လိုက်၏။
စန်းရန် ; [ ကိုယ် ဒီနေ့ညနောက်ကျမယ် ]
စန်းရန် ; [ အိပ်နှင့်တော့ ]
စာပြန်ပြီးနောက်တွင် စန်းရန်က လည်ပင်းကြောများကိုလျော့ရင်း ဖုန်းကစားနေလိုက်၏။ အခြားလုပ်ရှားမှုမျိုး ထပ်မလုပ်လာတော့ဘဲ နေရာ၌သာရပ်ပြီး ချယ်ရှင့်ဒယ်အား အထက်စီးဆန်ဆန်ငုံ့ကြည့်၍ ;
"ဒီတစ်ကြိမ်က ခင်ဗျား ကျွန်တော်နဲ့တွေ့တာ နောက်ဆုံးတစ်ကြိမ်ဖြစ်ပါစေလို့ တကယ်မျှော်လင့်တယ်နော်"
ချယ်ရှင့်ဒယ်၏ပုံစံမှာ အရိုက်ခံရမည်ကို ကြောက်လန့်နေပြီး အရှေ့တွင်မြင်နေရသည်မှာ သူ ရုန်းကန်ဖို့ရာမတတ်နိုင်စွမ်းတော့သည့် မကောင်းဆိုးဝါးယောက်ျားတစ်ဦးကို မြင်တွေ့နေရသည့်အလား လက်နှစ်ဖက်ကိုမြှောက်လာကာ သူ့ခေါင်းပေါ်၌ အကာအကွယ်ယူသည့်ပုံစံမျိုး အလိုလိုလုပ်ထားမိတော့၏။
"မဟုတ်ရင်တော့..."
စန်းရန်က အေးတိအေးစက်လည်းနိုင်သလို ပေါ့ပေါ့ပါးပါးလည်းရှိသည့်အသံမျိုးဖြင့် စကားဆိုလာခဲ့သည်။
"ခင်ဗျားထပ်ပြီး အရိုက်ခံရဦးမှာပဲ"
--------
စန်းရန် ခပ်ဝေးဝေးသို့ထွက်သွားပြီးသည်အထိ ချယ်ရှင့်ဒယ်က နေရာ၌သာ တစ်ခဏကြာကြာထိုင်နေခဲ့၏။ နောက်တွင်မှ ဖြေးဖြေးချင်းမတ်တပ်ရပ်ပြီး နံရံကိုမှီကာ အားယူနေလိုက်၏။ မှုန်ကုတ်နေသည့်အမူအရာ ပါးစပ်ကလည်းဆဲရေးနေပြီး လမ်းကြားအတိုင်းလျှောက်ထွက်လာကာ ကားတစ်စင်းငှား၍အိမ်ပြန်လာခဲ့သည်။
ကျောက်ယွမ့်တုံအိမ်မှထွက်လာပြီးနောက်ပိုင်းတွင် ဝိန်းလျန့်ရှန်တို့မိသားစုက နန်းဝူမြို့၏ဆင်ခြေဖုံးရပ်ကွက်တစ်ခု၌ အိမ်ခန်းခပ်သေးသေးတစ်ခု ငှားရမ်း၍နေခဲ့သည်။ နေရာထိုင်ခင်းမှာအဆင်ပြေပြီး လူနေလည်းထူထပ်ကာ အိမ်ခန်းအဆောက်အဦး၏လုံခြုံရေး အားနည်းချက်တစ်ခုတည်းသာရှိ၏။
အိမ်ရောက်သည့်အခါ ချယ်ယန့်ချင်က တံခါးလာဖွင့်ပေးသည့်သူဖြစ်ပြီး ချယ်ရှင့်ဒယ်မျက်နှာပေါ်မှ ဒဏ်ရာဗလပွကိုမြင်သည့်အခါတွင် ;
"ဘယ်လိုဖြစ်လာပြန်တာလဲ"
ချယ်ရှင့်ဒယ်မှာ ချက်ချင်းဆဲရေးလာတော့သည်။
"ရွှမ်းကျန့်ရှာထားတဲ့ ဟိုမသိတတ်တဲ့ကောင်ကြောင့်လေ! ကျွန်တော်က သူ့ဘားမှာ အရက်သောက်နေတုန်းကို မပြောမဆိုနဲ့ဆွဲခေါ်ပြီး ရိုက်တာ! ၊ မမ! ကျွန်တော့်ဘက်ကနေ ကူညီ...."
အိမ်ခန်းထဲရောက်နေသည့် ဝိန်းလျန့်ရှန်က ဆူညံသံများကြောင့် အော်ဟစ်လာ၏။
"မဆူကြစမ်းနဲ့!"
ချယ်ရှင့်ဒယ် ချက်ချင်း အသံတိတ်သွားခဲ့၏။
ချယ်ယန့်ချင်၏အမူအရာမှာလည်း အကျည်းတန်နေပြီဖြစ်ကာ ;
"ရှင့်ဒယ်! ငါ နင့်ကို ဘယ်နှကြိမ်တောင်ရှင်းပြခဲ့ပြီးပြီလဲ ၊ ကျေးဇူးပြုပြီး အပြင်မှာ ပြဿနာတွေထပ်မရှာလာပါနဲ့တော့ ၊ နင် အချုပ်ထဲကထွက်လာတာမှ ဘယ်နှရက်ရှိသေးလို့လဲ ၊ ဒီကိစ္စအတွက်ကြောင့်နဲ့ နင့်ခဲအိုနဲ့ငါလည်း အကြိမ်ကြိမ်စကားများရပြီးပြီ"
ချယ်ရှင့်ဒယ်က မကျေမနပ်ရေရွတ်လိုက်၏။
"ကျွန်တော်မှ ဒီအတိုင်းသည်းညည်းမခံထားနိုင်တာ"
"ဒါဆို ဒီလိုလုပ် ၊ သူတို့ဆီကို ထပ်ပြီးမသွားနဲ့တော့"
ချယ်ရှင့်ဒယ်၏လုပ်ရပ်များကြောင့် ချယ်ယန့်ချင် အတော်လေးပြဿနာများခဲ့ပြီးဖြစ်ကာ အိမ်တွင်း၌လည်း အဆင်ပြေပြေမရှိလှတော့သဖြင့် ;
"ရွှမ်းကျန့် အဲ့ကလေးမက မသိတတ်ဘူးလေ ၊ ကျေးဇူးကန်းချင်နေမှတော့ ငါတို့ဘက်က ဘာတတ်နိုင်ဦးမှာမလို့လဲ"
ချယ်ရှင့်ဒယ် တံတွေးထွေးလိုက်သည့်အခါ ချယ်ယန့်ချင်က ပို၍ဒေါသထွက်လာခဲ့သည်။
"သူများက အခုလက်ရှိ သတင်းဌာနမှာအလုပ်လုပ်နေပြီဆိုတော့ လုပ်နိုင်စွမ်းကရှိသင့်သလောက်ရှိနေပြီ ၊ ငါတို့လို သာမန်လူတွေက ဘယ်လိုလုပ်ပြီး ယှဥ်နိုင်တော့မှာလဲ"
"...."
လူနှစ်ယောက်က ဆိုဖာဆီသို့ ရောက်လာခဲ့ကြသည်။
ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင်ထိုင်ပြီး ရုပ်ရှင်ကြည့်နေသည့် အမျိုးသမီးချောချောတစ်ဦးကိုတွေ့လိုက်သည့်အခါတွင်တော့ ချယ်ရှင့်ဒယ်၏မျက်နှာမှာ တစ်မုတ်ချည်းပြောင်းလဲသွားပြီး ပြုံးဖြီးဖြီးရယ်လာခဲ့သည်။
" 'ရှောင်လင်' ပြန်ရောက်နေပြီလား"
'ကျိန့်လင်' ၏မျက်လုံးများထဲတွင် ရွံရှာစက်ဆုပ်မှုများ ဖြတ်ခနဲလက်သွားပြီး အသံတစ်ချက်မထွက်ဘဲ ငြိမ်နေ၏။
ဤအချိန်တွင် သန့်စင်ခန်းထဲမှ 'ဝိန်းမင်' ထွက်လာခဲ့၏။ အေးဆေးတည်ကြည်သည့်အမူအရာမျိုးဖြင့် အနားသို့လျှောက်လာကာ အမျိုးသမီး၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး ထိုအမျိုးသမီး၏ပုခုံးပေါ် လက်တင်ထား၍ ;
"ဦးလေး ဘာတွေထပ်ဖြစ်လာပြန်တာလဲ"
ကျိန့်လင်က စုတ်တစ်ချက်သပ်ရင်း ;
"ရှင့်ဝမ်းကွဲညီမကို ထပ်ပြီး ပြဿနာသွားရှာလာတာလေ"
"ဦးလေး"
ဝိန်းမင်၏တည်ကြည်သည့်အမူအရာမှာ ဤစကားကိုကြားပြီးသည့်အခါ ဆက်၍မတည်ကြည်နိုင်ပါတော့ချေ။
"ဒါမျိုးတွေ ထပ်မလုပ်ပါနဲ့တော့ဗျာ"
ချယ်ရှင့်ဒယ်က အကြည့်လွှဲလိုက်ရင်း ;
"ဘာကိစ္စကြောင့် တစ်ယောက်ပြီးတစ်ယောက် ငါ့ကိုပဲ အပြစ်လာတင်နေတာလဲ ၊ ငါက ဘာပြဿနာတွေရှာနေလို့လဲ! ငါ့မျက်နှာမှာ ဒဏ်ရာတွေတောင်ပါလာသေးတယ်ဟ!"
ကျိန့်လင်က စကားထပ်မဆိုတော့ဘဲ ဝိန်းမင်ကိုသာကြည့်၍ မျက်ဖြူလှန်ပြလိုက်တော့၏။
--------
အိမ်အပြန်လမ်းတွင် ချန်ဝေ့ဟွာက ကားခဏရပ်ပြီး လမ်းဘေးရှိသစ်သီးအရောင်းဆိုင်၌ ဖရဲသီးတစ်လုံးဝင်ဝယ်ဖြစ်ခြင်းကြောင့် ဝိန်းရိဖန်သည်လည်း တစ်လုံးဝယ်လာခဲ့သည်။ အိမ်ပြန်ရောက်သည့်အချိန် ဖရဲသီးအား ရေခဲသေတ္တာထဲထည့်ထားခဲ့ပြီး အိပ်ခန်းထဲဝင်ကာ ရေမိုးချိုးလိုက်၏။
ထို့နောက်တွင်တော့ ဝိန်းရိဖန်က မီးဖိုချောင်ထဲပြန်ဝင်လာပြီး ဖရဲသီးဖျော်ရည်ဖျော်ရန် စတင်ပြင်ဆင်တော့သည်။
ဖရဲသီးအား ရေခဲသေတ္တာထဲမှထုတ်ရုံရှိသေး ၊ တံခါးဝဆီမှအသံများ ကြားလိုက်ရ၏။
ဝိန်းရိဖန် လုပ်စရာရှိသည့်အရာကိုဆက်လုပ်နေပြီး သိပ်မကြာခင်အတွင်း စန်းရန်လည်း မီးဖိုချောင်ထဲရောက်လာကာ သူမ၏အပြုအမူတို့အား ရပ်ကြည့်နေ၏။
"ဘာလုပ်နေတာလဲ"
"ဖရဲသီးဖျော်ရည်ဖျော်မလို့ သောက်ဦးမလား"
စန်းရန်က မျက်ခုံးပင့်ပြလာ၏။
"သောက်မယ်"
"ဒါဆို တစ်ဝက်ပဲလှီးလိုက်ရင် လောက်မယ်လို့ထင်လား ၊ ဖရဲသီးက နည်းနည်းသေးနေသလားလို့"
ဝိန်းရိဖန်က ဓါးကိုင်ရင်း ဟန်ပြင်လိုက်၏။
"ဒါနဲ့ နင် ဒီနေ့ 'Overtime' ကို ဘာသွားလုပ်တာလဲ"
စန်းရန်က သူမ၏လက်ထဲမှ ဓါးကိုလှမ်းယူလိုက်၍ ;
"ချန်ဖေးနဲ့တွေ့တာ"
ဝိန်းရိဖန် ;
"သူ ဒီတစ်ခေါက်တော့ ထွက်လာပြီလား"
"အင်း"
ဝိန်းရိဖန်က သူ့အား ခေါင်းငဲ့ကြည့်လိုက်ရင်း ;
"နင် သူ့ကိုရိုက်ခဲ့သေးလား"
ဝိန်းရိဖန်၏ပထမဆုံးထင်မြင်ချက်ကြီးကြောင့် စန်းရန်မှာ ကြောင်တောင်တောင်ပင်ဖြစ်သွားရ၏။
"ကိုယ်က လူလိုက်ရိုက်နေတဲ့အရူးနဲ့တူလို့လား"
"စန်းရန်"
ဝိန်းရိဖန်က သူ့စကားနှင့်ပတ်သတ်၍ မည်သည့်မှတ်ချက်မျိုးမှမပြုဘဲ သူမ ဆိုလိုချင်သည့်စကားကိုသာစဥ်းစားပြီး ဆက်ပြောလာခဲ့သည်။
"ပြဿနာကို ခွန်အားသုံးပြီး မဖြေရှင်းရဘူး ၊ အခုခေတ်မှာ အရာရာတိုင်းကိုဖြေရှင်းပေးမယ့် ဥပဒေရှိတယ်"
ဤစကားကိုကြားသည့်အခါ စန်းရန်၏နှုတ်ခမ်းပါး ခပ်လျော့လျော့ဖြစ်သွားခဲ့၏။
"တကယ်လို့ အရမ်းမုန်းနေတဲ့လူဆိုရင်ရော"
တစ်စုံတစ်ရာကိုတွေးကြည့်နေသည့်အလား ဝိန်းရိဖန် သုံးလေးစက္ကန့်ကြာကြာ ငြိမ်သက်သွားခဲ့၏။
"ဒါလည်း အတူတူပဲ"
"...."
"နင် သူများတွေကိုမရိုက်နဲ့တော့ ၊ မကောင်းဘူး"
ဝိန်းရိဖန်က ဖရဲသီးခွဲနေသည့် စန်းရန်ကိုကြည့်ရင်း ဆက်၍ စကားဆိုလာခဲ့သည်။
"ချန်ဖေးနဲ့သွမ့်ကျားရွှီကလည်း အရမ်းလွန်တဲ့ကိစ္စမျိုးကိုလုပ်ထားတာမှမဟုတ်တာ ၊ ပြီးတော့ သူတို့က နင့်သူငယ်ချင်းတွေ...."
စန်းရန်က ဖရဲသီးတစ်စိတ်ကို ဝိန်းရိဖန်၏ပါးစပ်ထဲထည့်လိုက်၏။
"သိပြီ"
ဝိန်းရိဖန်လည်း ကျန်နေသေးသည့်စကားများကို ဆက်မပြောလာတော့၏။ ကြည့်ရသည်မှာ စန်းရန်က ဤကိစ္စအား လွယ်လွယ်နှင့်အလျော့ပေးချင်ပုံမရဘဲ စကားသံ ပျင်းတိပျင်းရွဲဖြင့် ;
"ကိုယ် သတိထားပါ့မယ်"
ရဲအရာရှိများ၏သတိပေးစကားက အသုံးတည့်သွားခြင်းကြောင့်လားမသိ ၊ ချယ်ရှင့်ဒယ်နှင့်ချယ်ယန့်ချင်တို့အား အချိန်တစ်ခုစာအတွင်း ထပ်မတွေ့ဖြစ်ခဲ့၏။ စိတ်ထင်ယောင်ထင်မှားဖြစ်နေခြင်းလားလည်းမသိ ၊ စန်းရန်နှင့် အကျိုးသင့်အကြောင်းသင့်စကားပြောပြီးကတည်းက အခြေအနေအားလုံးမှာလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။
ဆယ်လပိုင်းထဲဝင်လာသည့်အခါ ဝိန်းရိဖန်သည် အိမ်ခန်းပိုင်ရှင်ထံမှ အကြောင်းကြားသည့်မက်ဆေ့တစ်ခုရလိုက်၏။
အဓိကဆိုလိုရင်းမှာ သမီးဖြစ်သူက မကြာခင်လက်ထပ်တော့မည်ဖြစ်သည့်အတွက် ဤအိမ်ခန်းအား မင်္ဂလာခန်းအဖြစ် ပြန်လည်ပြင်ဆင်ပြီးအသုံးပြုမည့်အကြောင်းဖြစ်သည်။ စာချုပ်ချုပ်ထားသည့်သတ်မှတ်ကာလအတိုင်း နောက်နှစ် ၃လပိုင်းအမီ ပြောင်းပေးရန် ဆိုထားခြင်းဖြစ်၏။
ဤမက်ဆေ့ကြောင့် ဝိန်းရိဖန်သည် သူမနှင့်စန်းရန် အိမ်ခန်းမျှ၍အတူတူနေလာခဲ့သည်မှာ နှစ်နှစ်နီးပါးပင်ရှိပြီဖြစ်ကြောင်း တွေးကြည့်မိလိုက်၏။ အတွေးများကိုပြန်ရုတ်သိမ်းရင်း ချက်ချင်းစာပြန်လိုက်၏။
[ ကောင်းပါပြီ ]
ဘေးနားရှိ စုထျန်းက စကားပြောရန် အနားသို့ရောက်လာ၍ ;
"ရိဖန်"
ဝိန်းရိဖန် မျက်လုံးပင့်ကြည့်လိုက်၏။
"အမ်"
"ငါ ရုတ်တရက်တွေးမိတာလေးရှိလို့ ၊ နင် အရင်တုန်းက ယောက်ျားလေးတစ်ယောက်နဲ့ အိမ်ခန်းအတူတူမျှနေတယ်လို့ ပြောဖူးတယ်လေ ၊ အဲ့ဒါ အခု စန်းဘဲဘုရင်ကြီးနဲ့တွဲနေတဲ့အချိန် သူက ဘာမှမပြောဘူးလား"
ဝိန်းရိဖန်က ကြောင်အမ်းနေရင်း တိုက်ရိုက်ဝန်ခံလာလေသည်။
"သူက ငါ့အိမ်ခန်းဖော်ပဲလေ"
"...."
တစ်ခဏတာကြာသွားပြီးသည့်အခါ။
စုထျန်းက တိုးတိုးသာသာဆဲရေးလာ၍ ;
"ငါလခွမ်း နင် အဲ့လိုအိမ်ခန်းဖော်မျိုး ဘယ်က သွားရှာလာတာလဲ ၊ ငါလည်း တစ်ယောက်လောက်ရှာချင်တယ်လေ"
ဝိန်းရိဖန် သဘောတကျရယ်လိုက်ရင်း ;
"နင့်လင်းစွင်ကြားသွားမှာကို မကြောက်ဘူးလား"
"သူကဖြင့် ကျင့်သားရနေပြီ ၊ အေ့ ဒါဆို နင်တို့နှစ်ယောက်က living together လို့သတ်မှတ်လို့ရပြီလား"
ဝိန်းရိဖန် ;
"မရလောက်သေးဘူး"
စုထျန်း ;
"ဘာလို့ မရရမှာလဲ! နင်တို့နှစ်ယောက် တစ်ခန်းထဲအိပ်တာ မဟုတ်ဘူးလား"
"အင်း ၊ ငါတို့နှစ်ယောက်က သပ်သပ်စီအခန်းခွဲအိပ်တာ"
"...."
စုထျန်းမှာ ဆွံ့အနေရင်း မယုံကြည်နိုင်သလိုပင် ဖြစ်နေ၏။
"ငါ မှတ်မိတာတော့ နင်နဲ့သူ တွဲနေတဲ့ကာလကလည်း မနည်းတော့သလားလို့ ၊ အခုထိ ပလေတိုအဆင့်ပဲရှိသေးတာလား?"
[ ပလေတိုအဆင့် - မအိပ်ရသေးခင် ]
ဝိန်းရိဖန်က ကွေ့ဝိုက်ပြီးဖြေလိုက်၏။
"ဒီအတိုင်း တစ်ခန်းထဲတူတူမနေရုံပါ"
စုထျန်း ;
"ဘာလို့လဲ"
ဝိန်းရိဖန် ;
"တရားမဝင်သေးလို့လေ"
"...."
ဆိုလိုရင်းကို သဘောပေါက်သွားသည့်အခါတွင်တော့ စုထျန်းက သဘောတကျရယ်မိပါတော့၏။ တစ်ကိုယ်တည်း တော်တော်ကြာအောင် ရယ်နေမိပြီးမှ ;
"ဒါဆို နင်တို့က ဘယ်အချိန်ကျမှ တရားဝင်ပြီလို့ သတ်မှတ်မှာလဲ ၊ နင် သူ့မိဘတွေနဲ့ရော တွေ့ပြီးပြီလား"
"မ...."
ဝိန်းရိဖန်က အလိုလိုဖြေခါနီးတွင်မှ တစ်စုံတစ်ရာကို သတိရပြီး စကားပြောင်း၍ဆိုလိုက်၏။
"သူ့မေမေကိုတော့ ငါ တွေ့ဖူးတယ်"
"အာ"
ဝိန်းရိဖန် မရှင်းပြလိုက်ရခင် စားပွဲပေါ်တင်ထားသည့် လက်ကိုင်ဖုန်းက ရုတ်တရက်မြည်လာခဲ့၏။ ခေါ်ဆိုသူမှာ 'ချန်ဝေ့ဟွာ' ။ စုထျန်းအား ခဏလေးစောင့်ရန်ပြောပြီး ဖုန်းလက်ခံဖြေဆိုလိုက်၏။
ချန်ဝေ့ဟွာ၏အသံမှာ တစ်ဖက်မှချက်ချင်းထွက်ပေါ်လာခဲ့သည်။
"အခု ဌာနထဲမှာလား"
ဝိန်းရိဖန် ;
"ဟုတ်ပါတယ်"
ချန်ဝေ့ဟွာ ;
"သာ့ကျွမ့်ရောရှိလား"
ဝိန်းရိဖန်က ဘေးဘက်သို့လှမ်းကြည့်လိုက်၍ ;
"ဘေးနားမှာ စာမူရိုက်နေတယ်"
ချန်ဝေ့ဟွာ ;
"ဟုတ်ပြီ အောက်ဆင်းလာခဲ့ ၊ သာ့ကျွမ့်ကိုရော ခေါ်လာ ၊ ဆရာတို့ ပေယွီကို အလုပ်ခရီးထွက်ရမယ်"
ဤအခြေအနေမျိုးက တစ်ကြိမ်နှစ်ကြိမ်လည်းမကတော့သဖြင့် နှစ်ယောက်သားက ပစ္စည်းများအသင့်ပြင်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။
ဝိန်းရိဖန်က ထုံးစံအတိုင်း အရှေ့ခုံ၌ဝင်ထိုင်လိုက်ပြီး အခြေအနေကိုမေးမြန်းလိုက်၏။
"လောင်ရှစ် ၊ ပေယွီမှာ ဘယ်လိုအရေးပေါ်ကိစ္စမျိုးဖြစ်လို့လဲ"
ချန်ဝေ့ဟွာက ကားစက်နှိုးလိုက်ရင်း တစ်ပြိုင်နက်တည်းစကားဆိုလာသည်။
"သတင်းက အခုလေးတင်ရတာ ၊ သတင်းအသေးစိတ်ကိုတော့ ရဲစခန်းကဖုံးထားတာမလို့ မသိရသေးဘူး ၊ ပေယွီမှာ လွန်ခဲ့တဲ့လေးနှစ်က တက္ကသိုလ်ကျောင်းသူပျောက်ဆုံးသွားတဲ့ကိစ္စတစ်ခုရှိခဲ့တယ် ၊ အဲ့ဒါကို လွန်ခဲ့တဲ့ရက်ပိုင်းကမှ အမျိုးသမီးတစ်ယောက်က သက်သေမှတ်တမ်းနဲ့အတူ ရဲစခန်းမှာ အမှုဖွင့်ပြီး ပြန်တိုင်တန်းခဲ့လို့"
ဝိန်းရိဖန်က လက်တော့ကိုဖွင့် ၊ နားထောင်နေရင်း စာစီလိုက်၏။
"တက္ကသိုလ်ကျောင်းသူက အဲ့အချိန်တုန်းက အဓမ္မကျင့်အသတ်ခံထားရပြီး အလောင်းကို ပေယွီအနောက်ဘက်တောင်ရဲ့ဆင်ခြေဖုံးရပ်ကွက်ထဲမှာ တွေ့တယ်တဲ့ ၊ အခု အမှုဖြေရှင်းရေးအဖွဲ့ဖွဲ့လိုက်ပြီး တရားခံကိုလည်း ဝရမ်းထုတ်လိုက်ပြီ"
စကားဆိုနေရင်း ချန်ဝေ့ဟွာက ရုတ်တရက်တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် ;
"ဒါနဲ့ ရိဖန် ၊ ဒီတရားခံကို မင်းလည်း သိနေပြီးသား"
ဝိန်းရိဖန်က ကြောင်အမ်း၍လှည့်ကြည့်မိလိုက်သည်။
"အမ်"
"အရင်က မင်းကို အမြဲတမ်းလာနှောင့်ယှက်နေတဲ့လူ"
ချန်ဝေ့ဟွာက သူမဘက်သို့ တစ်ချက်လှမ်းကြည့်လာခဲ့၏။
"ချယ်ရှင့်ဒယ်"
*******************
~~Zawgyi~~
ခ်ယ္ရွင့္ဒယ္၏ေနာက္ဆက္တြဲလုပ္ရပ္မ်ားႏွင့္ပတ္သတ္၍ ဝိန္းရိဖန္ မ်ားမ်ားစားစားအာ႐ုံမစိုက္ပါေတာ့ေပ။ ခ်ယ္ရွင့္ဒယ္၏လုပ္ရပ္မ်ားဟာ ျပင္းထန္လြန္းသည့္အဆင့္မ်ိဳးမဟုတ္သျဖင့္ ႀကီးေလးသည့္ပုဒ္မတစ္ခုခုတပ္၍မရမည္မွန္း သူမ နားလည္ၿပီးျဖစ္သည္။
ဖုကြၽမ့္ကိုေတာ့ မိသားစုအတြင္းေရးျပႆနာတစ္ခုဟုသာ သိထားေစၿပီး အိတ္ကိုဆြဲလုသည့္ကိစၥမွာလည္း သည္အတိုင္းဆြဲလားရမ္းလားလုပ္မိျခင္းဟုသာ ထင္ျမင္ေစခဲ့သည္။ ထို႔အျပင္ သူမ၏အိတ္ထဲ၌လည္း ထိုအခ်ိန္တုန္းက တန္ဖိုးႀကီးပစၥည္းမ်ားမပါသျဖင့္ လုယက္မႈဟုေခါင္းစဥ္တပ္၍မရခဲ့၏။
ရဲအေၾကာင္းၾကားသည့္အခ်ိန္တြင္လည္း ထိုလူက ထြက္မေျပးဘဲ ကိစၥအဝဝ၌ပူးေပါင္းထြက္ဆိုခဲ့ေသးသည္။ အဆုံးသတ္တြင္ လဝက္ေက်ာ္ေက်ာ္ေလာက္သာ ထိန္းသိမ္းခံလိုက္ရၿပီး ဒဏ္ေငြေဆာင္႐ုံျဖင့္ ျပန္လႊတ္လာခဲ့သည္။
ဝိန္းရိဖန္သည္လည္း မည္သည့္အဆုံးသတ္မ်ိဳးျဖစ္ပါေစ သူမ ဂ႐ုမစိုက္ပါေခ်။ သူမဘက္မွ ခ်ယ္ရွင့္ဒယ္အား သူျပဳသမွ်ကိစၥတိုင္းအတြက္ ျပင္းထန္သည္ျဖစ္ေစ ေလ်ာ့ေပါ့သည္ျဖစ္ေစ ျပန္ေပးဆပ္ခိုင္းမည္ဆိုသည့္အခ်က္ကို သိရွိသြားေစခ်င္႐ုံသာျဖစ္သည္။ သည့္ထက္အျပင္ သူမအတြက္ေတာ့ ဤမိသားစုအတြင္းေရးျပႆနာမ်ားက လုံးဝကိုလ်စ္လ်ဴရႉထားၿပီးသား ကိစၥမ်ားပင္ျဖစ္ကာ သူမႏွင့္စန္းရန္အား အႏွောင့္အယွက္လာေပးေနမည္ကိုသာ စိတ္ပူေနျခင္းျဖစ္၏။
ဤစိတ္ပူစရာအေၾကာင္းျပခ်က္သာမရွိလွ်င္ ထိုလူတစ္စုအား သူမ အေရးပင္လုပ္ေနမည္မဟုတ္ေတာ့ေခ်။
မ်က္ေတာင္တစ္မွိတ္စာအတြင္း ႏြေရာသီကာလႀကီးသည္ လအကူးအေျပာင္းႏွင့္အတူ ၿပီးဆုံးခါနီးအခ်ိန္သို႔ေရာက္လာခဲ့သည္။ မခံမရပ္နိုင္ေအာင္ပူျပင္းလြန္းသည့္ရာသီဥတုႀကီးမွာ တေ႐ြ႕ေ႐ြ႕ျဖင့္ကုန္လြန္လာၿပီး ေဆာင္းဦးရာသီသို႔ေရာက္လာသည္ႏွင့္အတူ နန္းဝူၿမိဳ႕၏အပူခ်ိန္မွာလည္း က်ဆင္းလာခဲ့သည္။
ယီဟယ္ၿမိဳ႕မွျပန္လာၿပီးေနာက္ပိုင္းတြင္ စန္းရန္သည္ ခ်န္ေဖးထံ အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့သည္။
တစ္ဖက္လူမွာမူ စန္းရန္က ယီဟဲသို႔သြားၿပီး ျပန္လာသည့္အေၾကာင္း ၊ သြမ့္က်ား႐ႊီ အထိုးခံရၿပီးသည့္အေၾကာင္းကို ၾကားထားပုံရကာ ခ်န္ေဖးသည္ အႀကိမ္တိုင္း၌ အေၾကာင္းျပခ်က္မ်ိဳးစုံေပးၿပီး ေရွာင္ေျပးေနေတာ့၏။ သည္ေနရာ၌ ျပႆနာရွိသည္ျဖစ္ေစ ဟိုေနရာ၌ ျပႆနာေပၚလာသည္ျဖစ္ေစ ၊ အဆုံးအစြန္ ေသေရးရွင္ေရးပင္ျဖစ္ေနပါေစ စန္းရန္ေရွ႕ေမွာက္ လုံးဝထြက္လာမည္မဟုတ္။
စန္းရန္သည္လည္း ခ်န္ေဖးတစ္ေယာက္က မည္သည့္အရာကိုေတြးၿပီးေၾကာက္ေနမွန္း နားမလည္ေခ် ၊ စိတ္မရွည္ေတာ့သည့္အဆုံးတြင္ ;
"ဒီေန႕မွမလာရင္ ေနာက္လုံးဝမလာခဲ့နဲ႕"
တစ္ခဏအၾကာ၌။
ခ်န္ေဖးက မက္ေဆ့ျဖင့္သာ စာျပန္လာခဲ့သည္။
[ ငါ့မိန္းမလည္း ဒီေန႕အားေနတာ ]
ခ်န္ေဖး ; [ သူ႕ကိုပါ ေခၚလာခဲ့မယ္ေနာ္ ]
ဤမက္ေဆ့ေၾကာင့္ စန္းရန္က ခနဲ႕တဲ့တဲ့ရယ္လိုက္ၿပီး လက္ထဲမွ စီးကရက္အား ဖိေခ်၍မီးသတ္လိုက္၏။ ခႏၶာကိုယ္ကိုခပ္မတ္မတ္ျပန္ထိုင္ကာ ပ်င္းတိပ်င္း႐ြဲအသံျဖင့္ ;
"မင္းမိန္းမကို မင္းမ်က္ႏွာႀကီး စုတ္ပ်က္ဖူးေယာင္ေနတဲ့ပုံစံမ်ိဳးျပခ်င္ရင္ ေခၚလာလိုက္"
ေနာက္တြင္ တစ္ဖက္သို႔လွည့္ၿပီး 'Overtime' ဘားထဲ ဝင္လာခဲ့သည္။
လမ္းသရဲလမ္းမႀကီးသည္ ႐ုံးပိတ္ရက္မ်ားတြင္ ပို၍စည္ကားကာ ဘားတိုင္း၌လည္း ဆူညံေနလ်က္သား။
စန္းရန္က ဘားခုံရွိသည့္ဘက္သို႔သြားရင္း တစ္ခြက္ေလာက္ေသာက္မည္အျပဳတြင္ ျမင္ေနက်ပဳံရိပ္တစ္ခုအား ႐ုတ္တရက္လွမ္းျမင္လိုက္ရ၏။ သူ႕ႏႈတ္ခမ္းစြန္းအေကြးရာေလးမွာ ႐ုတ္ခ်ည္းေျဖာင့္တန္းသြားခဲ့သလို ေျခလွမ္းမ်ားက စကၠန့္တစ္ဝက္စာေလးပင္မရပ္ဘဲ ထိုေနရာသို႔ေလွ်ာက္သြားလိုက္သည္။
ဖြင့္ထားသည့္ေနာက္ခံတီးလုံးမ်ားမွာ နားစည္အတြင္း ဆူညံေနသည့္အခ်ိန္။
ခ်ယ္ရွင့္ဒယ္က ဘားခုံ၌ထိုင္ေနၿပီး ေဘးနားရွိ မရင္းႏွီးသည့္အမ်ိဳးသမီးတစ္ဦးႏွင့္စကားေျပာေန၏။ ထိုလူ၏မ်က္ႏွာမွာ အရက္ရွိန္ေၾကာင့္ နီရဲေနေလၿပီး အသံက်ယ္က်ယ္ေအာ္ဟစ္၍ ;
"ဟိုအပ်က္မက ငါ့ကို ထပ္ၿပီး အေသသတ္ဖို႔ႀကိဳးစားေသးတာ! အိပ္မက္မက္ေနလိုက္စမ္း!"
အမ်ိဳးသမီး၏အမူအရာမွာ ေနရာမွထြက္သြားသည့္အလား ႐ြံရွာသလိုျပဳမူေန၏။
သို႔ေသာ္ ခ်ယ္ရွင့္ဒယ္က ထိုအမ်ိဳးသမီးကိုဆြဲေခၚထားၿပီး ဆက္၍ ;
"မင္းေမႀကီးေတာ္ ငါက ဘာမွေတာင္မလုပ္ရေသးဘဲနဲ႕ ၊ ပိုက္ဆံကလည္း တစ္ျပားမွမရ ၊ ငါ့အစ္မ ဆဲတာပဲခံလိုက္ရတယ္ ၊ ေစာင့္ေနစမ္းပါ ၊ အပ်က္မ....ငါ နင့္ကိုရွာေတြ႕လို႔ကေတာ့...."
အမ်ိဳးသမီးမွာ ေဒါသထြက္ၿပီး ႐ုန္းကန္လာေတာ့၏။
"႐ူးေနတာလား! ရွင္ လက္ကိုလႊတ္မွာလား မလႊတ္ဘူးလား!"
ေနာက္တစ္စကၠန့္။
စန္းရန္က ခ်ယ္ရွင့္ဒယ္၏ အကၤ်ီအေနာက္ေကာ္လံအား တိုက္ရိုက္ေဆာင့္ဆြဲကာ မည္သည္ကိုမွလည္းမၾကည့္ ၊ စကားတစ္ခြန္းမဆိုဘဲ ခပ္တည္တည္အမူအရာမ်ိဳးျဖင့္ ထိုလူအား ဆြဲထုတ္လာခဲ့သည္။ သူ႕လက္ေပၚမွ အျပာေရာင္ေသြးေၾကာမွ်င္မ်ားဟာ ၾကည့္လိုက္လွ်င္ စိတ္ေအးလက္ေအးျပဳမူေနသည့္သေဘာမ်ိဳးပင္။
ခ်ယ္ရွင့္ဒယ္က ေအာ္ဟစ္လာ၏။
"မင္းေမ.....ဘယ္ကေကာင္လဲဟ!"
အေနာက္ဘက္မွ ဟယ့္မင္ေပၚ၏အသံအား နားစြန္နားဖ်ားၾကားလိုက္ရေသး၏။
"ဒီလူက ကြၽန္ေတာ္တို႔ဘားမွာ လာႏွောင့္ယွက္ေနတာ သုံးေလးႀကိမ္ရွိေနပါၿပီ ၊ ေတာင္းပန္ပါတယ္ေနာ္ အစ္မ....အႏွောင့္အယွက္ျဖစ္သြားရင္....."
လႈပ္လႈပ္ရွားရွားျဖစ္သြားသည့္အေျခအေနကို သတိထားမိၾကသည့္လုံၿခဳံေရးဝန္ထမ္းမ်ားက အနားသို႔ေရာက္လာၾက၏။
"ရန္ေကာ ၊ ကြၽန္ေတာ္တို႔ ေျဖရွင္းလိုက္ရမလား"
စန္းရန္ ;
"မင္းတို႔ လုပ္စရာရွိတာသာ လုပ္ေန"
အရက္အလြန္အကြၽံေသာက္ထားျခင္းေၾကာင့္လားမသိ ခ်ယ္ရွင့္ဒယ္၏ေျခလက္မ်ားက အားမရွိသည့္အလားေပ်ာ့ေခြေနကာ လက္မွလြတ္ထြက္ေအာင္ပင္ မ႐ုန္းနိုင္ေခ်။ ေကာ္လံတစ္ေလွ်ာက္ ဆြဲေဆာင့္ခံထားရသျဖင့္ ေျပာထြက္လာသည့္စကားမ်ားကလည္း မပီမသ။
စန္းရန္က ထိုလူအား ဘားအေနာက္ဘက္လမ္းၾကားဆီသို႔ ဆြဲေခၚလာခဲ့ကာ နံရံႏွင့္ခပ္ျပင္းျပင္းေဆာင့္ရိုက္ပစ္လိုက္သည္။
ခ်ယ္ရွင့္ဒယ္၏ေက်ာဘက္တစ္ခုလုံးက နံရံႏွင့္အရိုက္ခံလိုက္ရေခ်ၿပီး နာက်င္မႈေၾကာင့္ ၿငီးတြားေနေသးကာ တစ္ခဏအၾကာမွမ်က္လုံးပြင့္လာခဲ့၏။
စန္းရန္က ေလွ်ာက်ေနသည့္ထိုလူ၏အေရွ႕တြင္ ထိုင္ခ်ၿပီး အေမွာင္ထုထဲမွ သူ႕မ်က္ႏွာမွာမသဲကြဲပါေခ်။
"ထြက္လာၿပီလား"
ခ်ယ္ရွင့္ဒယ္၏အသံမွာ ဝူးတူးဝါးတားျဖင့္ ;
"မင္းျဖစ္ေနျပန္တာလား...."
"ကြၽန္ေတာ္က ခင္ဗ်ားကို လာမရွာဘဲေနေပးေနတာေတာင္"
စန္းရန္က လက္တစ္ဖက္ကိုဆန့္ထုတ္ကာ ထိုလူ၏ဆံပင္ကိုေဆာင့္ဆြဲၿပီး ေျမႀကီးႏွင့္ခပ္ျပင္းျပင္းရိုက္ခ်ပစ္၏။ သူ တစ္ခ်က္ၿပဳံးလိုက္သည္ႏွင့္အတူ အခ်ိန္အၾကာႀကီး ကိန္းေအာင္းထားခဲ့ရသည့္ရက္စက္ၾကမ္းၾကဳတ္လိုသည့္စိတ္မ်ားကလည္း လက္ရွိအခ်ိန္၌ လုံးလုံးလ်ားလ်ား အထိန္းခ်ဳပ္မဲ့ေနခဲ့ၿပီပင္။
"ခင္ဗ်ားက ကြၽန္ေတာ္ရွိတဲ့ေနရာကို လာရဲေသးတယ္ေပါ့"
"...."
---'အဲ့အခ်ိန္ကစၿပီး....သူ ငါ့ကို....တစ္ခ်ိန္လုံး ထိပါးႏွောင့္ယွက္ေနခဲ့တာ"
ဝိန္းရိဖန္ ေျပာခဲ့ဖူးသည့္စကားတစ္ခြန္းခ်င္းစီတိုင္းကို ျပန္ေတြးၾကည့္ရင္း စန္းရန္က ခ်ယ္ရွင့္ဒယ္၏ေခါင္းအား ေျမႀကီးေပၚ ေနာက္တစ္ႀကိမ္ ရိုက္ခ်ပစ္လိုက္၏။
"ေျပာစမ္းပါဦး"
"...."
"ခင္ဗ်ားက ဘယ္သူ႕ကိုရွာၿပီး ဘာလုပ္ခ်င္တာ"
"မင္း ႐ူးေနတာလား! ငါ....ငါ ဘာေျပာမိလို႔လဲ....ငါ!"
ခ်ယ္ရွင့္ဒယ္က လက္တစ္ဖက္ျဖင့္ ေျမႀကီးကိုေထာက္ကာ အားျပဳၿပီး အျခားလက္တစ္ဖက္က စန္းရန္၏လက္ကိုဖယ္ထုတ္ရင္း ;
"မင္းေမႀကီးေတာ္ ငါက အရက္လာေသာက္႐ုံပဲ အရက္ေသာက္႐ုံပဲ! ဘယ္သူ႕ရွာၿပီး ဘာလုပ္ေနလို႔လဲ!"
စန္းရန္က လက္လႊတ္ေပးလိုက္ၿပီး ထိုလူအား မမွိန္မေသြစိုက္ၾကည့္ေနလိုက္သည္။
ခ်ယ္ရွင့္ဒယ္က ထုံက်င္ေနသည့္သူ႕ေခါင္းကို ပြတ္၍ ;
"ဧည့္သည္ေတြကို ဒီလိုပဲ ဆက္ဆံတတ္တာလား ငါ-ူးပဲ! မင္း ေစာင့္ေနစမ္း! ဘာေသာက္ေၾကာင္းနဲ႕...."
ညစ္ပတ္ေပေရသည့္အရာကို ၾကည့္ေနသည့္အလား စန္းရန္က စကားတစ္ခြန္းမဆိုဘဲ မတ္တပ္ထရပ္လိုက္၏။
ခ်ယ္ရွင့္ဒယ္က မတ္တပ္ရပ္သြားသည့္အတိုင္း ေမာ့ၾကည့္လာ၏။ ထိုလူ၏နဖူးထက္တြင္ ဖုန္မႈန့္မ်ားအျပင္ အေရျပားတစ္ခ်ိဳ႕လည္းကြဲၿပဲေနၿပီပင္။ ထိုလူက ဝါထိန္ေနသည့္သြားမ်ားျဖင့္ ၿပဳံးၿဖီးၿဖီးရယ္ျပလာၿပီး ;
"ေၾသာ္....ငါ နားလည္ၿပီ ၊ ငါက မင္းရဲ႕မိန္းမကိုထိခဲ့ဖူးလို႔ မေက်မနပ္ျဖစ္ေနတာမလား"
ဤစကားေၾကာင့္ စန္းရန္၏မ်က္ခြံမ်ားက ေအာက္သို႔ ခပ္ေလ်ာ့ေလ်ာ့စိုက္ၾကည့္လာ၏။
"ဒီလို လုပ္ဖို႔လိုလို႔လားကြာ ၊ ေယာက္်ားအခ်င္းခ်င္းပဲဟာ ၊ မင္းလည္း နားလည္သင့္ပါတယ္"
ခ်ယ္ရွင့္ဒယ္က ရယ္ေနဆဲျဖင့္ ;
"ၿပီးေတာ့ မိန္းမျဖစ္႐ုံတင္မဟုတ္ဘူး ၊ ႐ႊမ္းက်န့္က တကယ္လည္း အရမ္း...."
စကားမဆုံးခင္ စန္းရန္က ထိုလူ၏ဗိုက္အား တစ္ခ်က္ေဆာင့္ကန္ပစ္လိုက္၏။
ခ်ယ္ရွင့္ဒယ္မွာ သတိလက္လြတ္ျဖစ္ေနသည့္အေနအထားတြင္ သူ႕ခႏၶာကိုယ္ႀကီးက အေနာက္တြင္ရွိေနသည့္နံရံႏွင့္ တသားတည္းျဖစ္ေအာင္ေျပးရိုက္ကာ ရိုက္ခတ္သြားသည့္အသံက်ယ္ႀကီးတစ္ခုပင္ ထြက္လာခဲ့သည္။ ခ်က္ခ်င္းဆိုသလို ေျမႀကီးေပၚသို႔ လဲက်သြားကာ လက္ႏွစ္ဖက္ျဖင့္အားျပဳေထာက္ထားလိုက္ၿပီး ေအာ့အန္ခ်င္သလိုလိုျဖစ္ေနေတာ့သည္။
စန္းရန္က ထိုလူအား မည္သည့္အမူအရာမ်ိဳးမွမပါသည့္ မ်က္ႏွာထားျဖင့္ စိုက္ၾကည့္ေန၏။ သူ႕အေရွ႕ဆံပင္မ်ားက နဖူးေပၚ၌ ဟိုတစ္စဒီတစ္စေလွ်ာက်ေနေလသျဖင့္ မ်က္ဝန္းမ်ားထဲရွိအေငြ႕အသက္မ်ားကိုေတာ့ မျမင္ရေခ်။
"မင္းေမငါ-ိုးပဲ"
ခ်ယ္ရွင့္ဒယ္၏အသံမွာ တုန္ယင္ေနၿပီး ဤအနီးအနားတြင္ လူရိပ္လူေျခတစ္ဦးတစ္ေလမွမရွိျခင္းကို သတိထားမိသည့္အတြက္ေၾကာင့္လည္း စန္းရန္အား ရန္စေစမည့္စကားမ်ိဳးကို ထပ္၍မေျပာရဲေတာ့၏။
"ငါ ရဲတိုင္မယ္"
စန္းရန္ ေနာက္တစ္ႀကိမ္ ေဆာင့္ေၾကာင့္ထိုင္လိုက္ကာ ထိုလူ၏ဆံပင္ကို ခပ္ၾကမ္းၾကမ္းဆြဲဆုတ္ၿပီး အေပၚသို႔မတင္လိုက္သည္။
"ဘာကိစၥနဲ႕ရဲတိုင္မွာလဲ"
"...."
"ခင္ဗ်ားက အခု အရက္ေသာက္တာမ်ားၿပီး မတ္တပ္မရပ္နိုင္ေတာ့လို႔ ေျမႀကီးေပၚလဲက်သြားတာမဟုတ္ဘူးလား"
စန္းရန္က ေအာက္ႏႈတ္ခမ္းကို အသာအယာေကြးထားၿပီး မႏွေးမျမန္ျဖင့္ ;
"ကြၽန္ေတာ္က ခင္ဗ်ား မရပ္နိုင္ေတာ့လို႔ ထူေပးခ်င္ေနတာေလ ၊ ဘယ္လိုျဖစ္ၿပီး ေက်းဇူးမတင္ဘဲ ရန္လိုေနရတာလဲ"
ေျပာေနရင္း စန္းရန္ကမတ္တပ္ရပ္ကာ ထိုလူကိုပါ အလြယ္ေလးမ,လာၿပီး နံရံႏွင့္ေနာက္တစ္ႀကိမ္ရိုက္ခ်လိဳက္၏။
ခ်ယ္ရွင့္ဒယ္၏ခႏၶာကိုယ္ႀကီးမွာ ကြန္ကရစ္နံရံႀကီးႏွင့္ ခပ္ျပင္းျပင္းထပ္ေဆာင့္မိလိုက္သည့္အခါတိုင္း အတြင္းကလီစာမ်ား ျပဳတ္က်လာမတတ္ နာက်င္သြားခဲ့ရသည္။
စန္းရန္သည္ ထိုလူအား တည့္တည့္စိုက္ၾကည့္ေနၿပီး ခႏၶာကိုယ္ထက္ရွိ ရန္လိုေနသည့္အေငြ႕အသက္မ်ားကိုလည္း လုံးဝ ဖုံးဖိမထားေခ်။ ခ်ယ္ရွင့္ဒယ္၏ ျဖစ္ပ်က္ေနသည့္အမူအရာကိုၾကည့္ၿပီး သူ႕အမူအရာမွာ ဘာမွေျပာင္းလဲသြားျခင္းမရွိ ၊ မတိုးမက်ယ္ ပုံမွန္အသံျဖင့္ ;
"ဘယ္လိုျဖစ္ၿပီး မတ္တပ္မရပ္နိုင္ရျပန္တာလဲ"
"...."
"ခ်ယ္ရွင့္ဒယ္...."
စန္းရန္က ထိုလူ၏နာမည္ကို ျပန္စဥ္းစားယူလိုက္ၿပီး ေျပာထြက္လာသည့္စကားလုံးတစ္ခုခ်င္းတိုင္းသည္ အံက်ိတ္ထားသည့္ၾကားမွ ေလတိုး၍ထြက္လာသလိုလို။
"ခင္ဗ်ားကို ထပ္ၿပီးထူေပးရဦးမလား"
ခ်ယ္ရွင့္ဒယ္မွာ စကားပင္မေျပာနိုင္ေတာ့ဘဲ လက္ရမ္းျပၿပီး ေဘးသို႔ကပ္သြားခဲ့သည္။
ဤအခ်ိန္တြင္ စန္းရန္၏လက္ကိုင္ဖုန္းမွမက္ေဆ့သံျမည္လာခဲ့ကာ သူ႕မ်က္ေတာင္မ်ား ေအာက္သို႔ေ႐ြ႕သြားရင္း အိတ္ကပ္ထဲမွဖုန္းကိုထုတ္ၾကည့္လိုက္၏။
ဝိန္းရိဖန္ထံမွမက္ေဆ့ ျဖစ္သည္။
ဝိန္း႐ႊမ္းက်န့္ ; [ နင္ ဒီေန႕ည ဘယ္ခ်ိန္အိမ္ျပန္လာမွာလဲ ]
ဝိန္း႐ႊမ္းက်န့္ ; [ ငါ အိမ္ေရာက္ေနၿပီ ၊ အင္တာဗ်ဴးၿပီးအျပန္ လမ္းႀကဳံလို႔ အလုပ္ကမိတ္ေဆြရဲ႕ကားနဲ႕ ျပန္လာတာ ]
စန္းရန္က သုံးေလးစကၠန့္ၾကာၾကာ ၾကည့္ေနၿပီးမွ စာျပန္လိုက္၏။
စန္းရန္ ; [ ကိုယ္ ဒီေန႕ညေနာက္က်မယ္ ]
စန္းရန္ ; [ အိပ္ႏွင့္ေတာ့ ]
စာျပန္ၿပီးေနာက္တြင္ စန္းရန္က လည္ပင္းေၾကာမ်ားကိုေလ်ာ့ရင္း ဖုန္းကစားေနလိုက္၏။ အျခားလုပ္ရွားမႈမ်ိဳး ထပ္မလုပ္လာေတာ့ဘဲ ေနရာ၌သာရပ္ၿပီး ခ်ယ္ရွင့္ဒယ္အား အထက္စီးဆန္ဆန္ငုံ႕ၾကည့္၍ ;
"ဒီတစ္ႀကိမ္က ခင္ဗ်ား ကြၽန္ေတာ္နဲ႕ေတြ႕တာ ေနာက္ဆုံးတစ္ႀကိမ္ျဖစ္ပါေစလို႔ တကယ္ေမွ်ာ္လင့္တယ္ေနာ္"
ခ်ယ္ရွင့္ဒယ္၏ပုံစံမွာ အရိုက္ခံရမည္ကို ေၾကာက္လန့္ေနၿပီး အေရွ႕တြင္ျမင္ေနရသည္မွာ သူ ႐ုန္းကန္ဖို႔ရာမတတ္နိုင္စြမ္းေတာ့သည့္ မေကာင္းဆိုးဝါးေယာက္်ားတစ္ဦးကို ျမင္ေတြ႕ေနရသည့္အလား လက္ႏွစ္ဖက္ကိုျမႇောက္လာကာ သူ႕ေခါင္းေပၚ၌ အကာအကြယ္ယူသည့္ပုံစံမ်ိဳး အလိုလိုလုပ္ထားမိေတာ့၏။
"မဟုတ္ရင္ေတာ့..."
စန္းရန္က ေအးတိေအးစက္လည္းနိုင္သလို ေပါ့ေပါ့ပါးပါးလည္းရွိသည့္အသံမ်ိဳးျဖင့္ စကားဆိုလာခဲ့သည္။
"ခင္ဗ်ားထပ္ၿပီး အရိုက္ခံရဦးမွာပဲ"
--------
စန္းရန္ ခပ္ေဝးေဝးသို႔ထြက္သြားၿပီးသည္အထိ ခ်ယ္ရွင့္ဒယ္က ေနရာ၌သာ တစ္ခဏၾကာၾကာထိုင္ေနခဲ့၏။ ေနာက္တြင္မွ ေျဖးေျဖးခ်င္းမတ္တပ္ရပ္ၿပီး နံရံကိုမွီကာ အားယူေနလိုက္၏။ မႈန္ကုတ္ေနသည့္အမူအရာ ပါးစပ္ကလည္းဆဲေရးေနၿပီး လမ္းၾကားအတိုင္းေလွ်ာက္ထြက္လာကာ ကားတစ္စင္းငွား၍အိမ္ျပန္လာခဲ့သည္။
ေက်ာက္ယြမ့္တုံအိမ္မွထြက္လာၿပီးေနာက္ပိုင္းတြင္ ဝိန္းလ်န့္ရွန္တို႔မိသားစုက နန္းဝူၿမိဳ႕၏ဆင္ေျခဖုံးရပ္ကြက္တစ္ခု၌ အိမ္ခန္းခပ္ေသးေသးတစ္ခု ငွားရမ္း၍ေနခဲ့သည္။ ေနရာထိုင္ခင္းမွာအဆင္ေျပၿပီး လူေနလည္းထူထပ္ကာ အိမ္ခန္းအေဆာက္အဦး၏လုံၿခဳံေရး အားနည္းခ်က္တစ္ခုတည္းသာရွိ၏။
အိမ္ေရာက္သည့္အခါ ခ်ယ္ယန့္ခ်င္က တံခါးလာဖြင့္ေပးသည့္သူျဖစ္ၿပီး ခ်ယ္ရွင့္ဒယ္မ်က္ႏွာေပၚမွ ဒဏ္ရာဗလပြကိုျမင္သည့္အခါတြင္ ;
"ဘယ္လိုျဖစ္လာျပန္တာလဲ"
ခ်ယ္ရွင့္ဒယ္မွာ ခ်က္ခ်င္းဆဲေရးလာေတာ့သည္။
"႐ႊမ္းက်န့္ရွာထားတဲ့ ဟိုမသိတတ္တဲ့ေကာင္ေၾကာင့္ေလ! ကြၽန္ေတာ္က သူ႕ဘားမွာ အရက္ေသာက္ေနတုန္းကို မေျပာမဆိုနဲ႕ဆြဲေခၚၿပီး ရိုက္တာ! ၊ မမ! ကြၽန္ေတာ့္ဘက္ကေန ကူညီ...."
အိမ္ခန္းထဲေရာက္ေနသည့္ ဝိန္းလ်န့္ရွန္က ဆူညံသံမ်ားေၾကာင့္ ေအာ္ဟစ္လာ၏။
"မဆူၾကစမ္းနဲ႕!"
ခ်ယ္ရွင့္ဒယ္ ခ်က္ခ်င္း အသံတိတ္သြားခဲ့၏။
ခ်ယ္ယန့္ခ်င္၏အမူအရာမွာလည္း အက်ည္းတန္ေနၿပီျဖစ္ကာ ;
"ရွင့္ဒယ္! ငါ နင့္ကို ဘယ္ႏွႀကိမ္ေတာင္ရွင္းျပခဲ့ၿပီးၿပီလဲ ၊ ေက်းဇူးျပဳၿပီး အျပင္မွာ ျပႆနာေတြထပ္မရွာလာပါနဲ႕ေတာ့ ၊ နင္ အခ်ဳပ္ထဲကထြက္လာတာမွ ဘယ္ႏွရက္ရွိေသးလို႔လဲ ၊ ဒီကိစၥအတြက္ေၾကာင့္နဲ႕ နင့္ခဲအိုနဲ႕ငါလည္း အႀကိမ္ႀကိမ္စကားမ်ားရၿပီးၿပီ"
ခ်ယ္ရွင့္ဒယ္က မေက်မနပ္ေရ႐ြတ္လိုက္၏။
"ကြၽန္ေတာ္မွ ဒီအတိုင္းသည္းညည္းမခံထားနိုင္တာ"
"ဒါဆို ဒီလိုလုပ္ ၊ သူတို႔ဆီကို ထပ္ၿပီးမသြားနဲ႕ေတာ့"
ခ်ယ္ရွင့္ဒယ္၏လုပ္ရပ္မ်ားေၾကာင့္ ခ်ယ္ယန့္ခ်င္ အေတာ္ေလးျပႆနာမ်ားခဲ့ၿပီးျဖစ္ကာ အိမ္တြင္း၌လည္း အဆင္ေျပေျပမရွိလွေတာ့သျဖင့္ ;
"႐ႊမ္းက်န့္ အဲ့ကေလးမက မသိတတ္ဘူးေလ ၊ ေက်းဇူးကန္းခ်င္ေနမွေတာ့ ငါတို႔ဘက္က ဘာတတ္နိုင္ဦးမွာမလို႔လဲ"
ခ်ယ္ရွင့္ဒယ္ တံေတြးေထြးလိုက္သည့္အခါ ခ်ယ္ယန့္ခ်င္က ပို၍ေဒါသထြက္လာခဲ့သည္။
"သူမ်ားက အခုလက္ရွိ သတင္းဌာနမွာအလုပ္လုပ္ေနၿပီဆိုေတာ့ လုပ္နိုင္စြမ္းကရွိသင့္သေလာက္ရွိေနၿပီ ၊ ငါတို႔လို သာမန္လူေတြက ဘယ္လိုလုပ္ၿပီး ယွဥ္နိုင္ေတာ့မွာလဲ"
"...."
လူႏွစ္ေယာက္က ဆိုဖာဆီသို႔ ေရာက္လာခဲ့ၾကသည္။
ဧည့္ခန္းထဲရွိ ဆိုဖာေပၚတြင္ထိုင္ၿပီး ႐ုပ္ရွင္ၾကည့္ေနသည့္ အမ်ိဳးသမီးေခ်ာေခ်ာတစ္ဦးကိုေတြ႕လိုက္သည့္အခါတြင္ေတာ့ ခ်ယ္ရွင့္ဒယ္၏မ်က္ႏွာမွာ တစ္မုတ္ခ်ည္းေျပာင္းလဲသြားၿပီး ၿပဳံးၿဖီးၿဖီးရယ္လာခဲ့သည္။
" 'ေရွာင္လင္' ျပန္ေရာက္ေနၿပီလား"
'က်ိန့္လင္' ၏မ်က္လုံးမ်ားထဲတြင္ ႐ြံရွာစက္ဆုပ္မႈမ်ား ျဖတ္ခနဲလက္သြားၿပီး အသံတစ္ခ်က္မထြက္ဘဲ ၿငိမ္ေန၏။
ဤအခ်ိန္တြင္ သန့္စင္ခန္းထဲမွ 'ဝိန္းမင္' ထြက္လာခဲ့၏။ ေအးေဆးတည္ၾကည္သည့္အမူအရာမ်ိဳးျဖင့္ အနားသို႔ေလွ်ာက္လာကာ အမ်ိဳးသမီး၏ေဘးတြင္ ဝင္ထိုင္လိုက္ၿပီး ထိုအမ်ိဳးသမီး၏ပုခုံးေပၚ လက္တင္ထား၍ ;
"ဦးေလး ဘာေတြထပ္ျဖစ္လာျပန္တာလဲ"
က်ိန့္လင္က စုတ္တစ္ခ်က္သပ္ရင္း ;
"ရွင့္ဝမ္းကြဲညီမကို ထပ္ၿပီး ျပႆနာသြားရွာလာတာေလ"
"ဦးေလး"
ဝိန္းမင္၏တည္ၾကည္သည့္အမူအရာမွာ ဤစကားကိုၾကားၿပီးသည့္အခါ ဆက္၍မတည္ၾကည္နိုင္ပါေတာ့ေခ်။
"ဒါမ်ိဳးေတြ ထပ္မလုပ္ပါနဲ႕ေတာ့ဗ်ာ"
ခ်ယ္ရွင့္ဒယ္က အၾကည့္လႊဲလိုက္ရင္း ;
"ဘာကိစၥေၾကာင့္ တစ္ေယာက္ၿပီးတစ္ေယာက္ ငါ့ကိုပဲ အျပစ္လာတင္ေနတာလဲ ၊ ငါက ဘာျပႆနာေတြရွာေနလို႔လဲ! ငါ့မ်က္ႏွာမွာ ဒဏ္ရာေတြေတာင္ပါလာေသးတယ္ဟ!"
က်ိန့္လင္က စကားထပ္မဆိုေတာ့ဘဲ ဝိန္းမင္ကိုသာၾကည့္၍ မ်က္ျဖဴလွန္ျပလိုက္ေတာ့၏။
--------
အိမ္အျပန္လမ္းတြင္ ခ်န္ေဝ့ဟြာက ကားခဏရပ္ၿပီး လမ္းေဘးရွိသစ္သီးအေရာင္းဆိုင္၌ ဖရဲသီးတစ္လုံးဝင္ဝယ္ျဖစ္ျခင္းေၾကာင့္ ဝိန္းရိဖန္သည္လည္း တစ္လုံးဝယ္လာခဲ့သည္။ အိမ္ျပန္ေရာက္သည့္အခ်ိန္ ဖရဲသီးအား ေရခဲေသတၱာထဲထည့္ထားခဲ့ၿပီး အိပ္ခန္းထဲဝင္ကာ ေရမိုးခ်ိဳးလိုက္၏။
ထို႔ေနာက္တြင္ေတာ့ ဝိန္းရိဖန္က မီးဖိုေခ်ာင္ထဲျပန္ဝင္လာၿပီး ဖရဲသီးေဖ်ာ္ရည္ေဖ်ာ္ရန္ စတင္ျပင္ဆင္ေတာ့သည္။
ဖရဲသီးအား ေရခဲေသတၱာထဲမွထုတ္႐ုံရွိေသး ၊ တံခါးဝဆီမွအသံမ်ား ၾကားလိုက္ရ၏။
ဝိန္းရိဖန္ လုပ္စရာရွိသည့္အရာကိုဆက္လုပ္ေနၿပီး သိပ္မၾကာခင္အတြင္း စန္းရန္လည္း မီးဖိုေခ်ာင္ထဲေရာက္လာကာ သူမ၏အျပဳအမူတို႔အား ရပ္ၾကည့္ေန၏။
"ဘာလုပ္ေနတာလဲ"
"ဖရဲသီးေဖ်ာ္ရည္ေဖ်ာ္မလို႔ ေသာက္ဦးမလား"
စန္းရန္က မ်က္ခုံးပင့္ျပလာ၏။
"ေသာက္မယ္"
"ဒါဆို တစ္ဝက္ပဲလွီးလိုက္ရင္ ေလာက္မယ္လို႔ထင္လား ၊ ဖရဲသီးက နည္းနည္းေသးေနသလားလို႔"
ဝိန္းရိဖန္က ဓါးကိုင္ရင္း ဟန္ျပင္လိုက္၏။
"ဒါနဲ႕ နင္ ဒီေန႕ 'Overtime' ကို ဘာသြားလုပ္တာလဲ"
စန္းရန္က သူမ၏လက္ထဲမွ ဓါးကိုလွမ္းယူလိုက္၍ ;
"ခ်န္ေဖးနဲ႕ေတြ႕တာ"
ဝိန္းရိဖန္ ;
"သူ ဒီတစ္ေခါက္ေတာ့ ထြက္လာၿပီလား"
"အင္း"
ဝိန္းရိဖန္က သူ႕အား ေခါင္းငဲ့ၾကည့္လိုက္ရင္း ;
"နင္ သူ႕ကိုရိုက္ခဲ့ေသးလား"
ဝိန္းရိဖန္၏ပထမဆုံးထင္ျမင္ခ်က္ႀကီးေၾကာင့္ စန္းရန္မွာ ေၾကာင္ေတာင္ေတာင္ပင္ျဖစ္သြားရ၏။
"ကိုယ္က လူလိုက္ရိုက္ေနတဲ့အ႐ူးနဲ႕တူလို႔လား"
"စန္းရန္"
ဝိန္းရိဖန္က သူ႕စကားႏွင့္ပတ္သတ္၍ မည္သည့္မွတ္ခ်က္မ်ိဳးမွမျပဳဘဲ သူမ ဆိုလိုခ်င္သည့္စကားကိုသာစဥ္းစားၿပီး ဆက္ေျပာလာခဲ့သည္။
"ျပႆနာကို ခြန္အားသုံးၿပီး မေျဖရွင္းရဘူး ၊ အခုေခတ္မွာ အရာရာတိုင္းကိုေျဖရွင္းေပးမယ့္ ဥပေဒရွိတယ္"
ဤစကားကိုၾကားသည့္အခါ စန္းရန္၏ႏႈတ္ခမ္းပါး ခပ္ေလ်ာ့ေလ်ာ့ျဖစ္သြားခဲ့၏။
"တကယ္လို႔ အရမ္းမုန္းေနတဲ့လူဆိုရင္ေရာ"
တစ္စုံတစ္ရာကိုေတြးၾကည့္ေနသည့္အလား ဝိန္းရိဖန္ သုံးေလးစကၠန့္ၾကာၾကာ ၿငိမ္သက္သြားခဲ့၏။
"ဒါလည္း အတူတူပဲ"
"...."
"နင္ သူမ်ားေတြကိုမရိုက္နဲ႕ေတာ့ ၊ မေကာင္းဘူး"
ဝိန္းရိဖန္က ဖရဲသီးခြဲေနသည့္ စန္းရန္ကိုၾကည့္ရင္း ဆက္၍ စကားဆိုလာခဲ့သည္။
"ခ်န္ေဖးနဲ႕သြမ့္က်ား႐ႊီကလည္း အရမ္းလြန္တဲ့ကိစၥမ်ိဳးကိုလုပ္ထားတာမွမဟုတ္တာ ၊ ၿပီးေတာ့ သူတို႔က နင့္သူငယ္ခ်င္းေတြ...."
စန္းရန္က ဖရဲသီးတစ္စိတ္ကို ဝိန္းရိဖန္၏ပါးစပ္ထဲထည့္လိုက္၏။
"သိၿပီ"
ဝိန္းရိဖန္လည္း က်န္ေနေသးသည့္စကားမ်ားကို ဆက္မေျပာလာေတာ့၏။ ၾကည့္ရသည္မွာ စန္းရန္က ဤကိစၥအား လြယ္လြယ္ႏွင့္အေလ်ာ့ေပးခ်င္ပုံမရဘဲ စကားသံ ပ်င္းတိပ်င္း႐ြဲျဖင့္ ;
"ကိုယ္ သတိထားပါ့မယ္"
ရဲအရာရွိမ်ား၏သတိေပးစကားက အသုံးတည့္သြားျခင္းေၾကာင့္လားမသိ ၊ ခ်ယ္ရွင့္ဒယ္ႏွင့္ခ်ယ္ယန့္ခ်င္တို႔အား အခ်ိန္တစ္ခုစာအတြင္း ထပ္မေတြ႕ျဖစ္ခဲ့၏။ စိတ္ထင္ေယာင္ထင္မွားျဖစ္ေနျခင္းလားလည္းမသိ ၊ စန္းရန္ႏွင့္ အက်ိဳးသင့္အေၾကာင္းသင့္စကားေျပာၿပီးကတည္းက အေျခအေနအားလုံးမွာလည္း ပုံမွန္အတိုင္းျပန္ျဖစ္သြားခဲ့သည္။
ဆယ္လပိုင္းထဲဝင္လာသည့္အခါ ဝိန္းရိဖန္သည္ အိမ္ခန္းပိုင္ရွင္ထံမွ အေၾကာင္းၾကားသည့္မက္ေဆ့တစ္ခုရလိုက္၏။
အဓိကဆိုလိုရင္းမွာ သမီးျဖစ္သူက မၾကာခင္လက္ထပ္ေတာ့မည္ျဖစ္သည့္အတြက္ ဤအိမ္ခန္းအား မဂၤလာခန္းအျဖစ္ ျပန္လည္ျပင္ဆင္ၿပီးအသုံးျပဳမည့္အေၾကာင္းျဖစ္သည္။ စာခ်ဳပ္ခ်ဳပ္ထားသည့္သတ္မွတ္ကာလအတိုင္း ေနာက္ႏွစ္ ၃လပိုင္းအမီ ေျပာင္းေပးရန္ ဆိုထားျခင္းျဖစ္၏။
ဤမက္ေဆ့ေၾကာင့္ ဝိန္းရိဖန္သည္ သူမႏွင့္စန္းရန္ အိမ္ခန္းမွ်၍အတူတူေနလာခဲ့သည္မွာ ႏွစ္ႏွစ္နီးပါးပင္ရွိၿပီျဖစ္ေၾကာင္း ေတြးၾကည့္မိလိုက္၏။ အေတြးမ်ားကိုျပန္႐ုတ္သိမ္းရင္း ခ်က္ခ်င္းစာျပန္လိုက္၏။
[ ေကာင္းပါၿပီ ]
ေဘးနားရွိ စုထ်န္းက စကားေျပာရန္ အနားသို႔ေရာက္လာ၍ ;
"ရိဖန္"
ဝိန္းရိဖန္ မ်က္လုံးပင့္ၾကည့္လိုက္၏။
"အမ္"
"ငါ ႐ုတ္တရက္ေတြးမိတာေလးရွိလို႔ ၊ နင္ အရင္တုန္းက ေယာက္်ားေလးတစ္ေယာက္နဲ႕ အိမ္ခန္းအတူတူမွ်ေနတယ္လို႔ ေျပာဖူးတယ္ေလ ၊ အဲ့ဒါ အခု စန္းဘဲဘုရင္ႀကီးနဲ႕တြဲေနတဲ့အခ်ိန္ သူက ဘာမွမေျပာဘူးလား"
ဝိန္းရိဖန္က ေၾကာင္အမ္းေနရင္း တိုက္ရိုက္ဝန္ခံလာေလသည္။
"သူက ငါ့အိမ္ခန္းေဖာ္ပဲေလ"
"...."
တစ္ခဏတာၾကာသြားၿပီးသည့္အခါ။
စုထ်န္းက တိုးတိုးသာသာဆဲေရးလာ၍ ;
"ငါလခြမ္း နင္ အဲ့လိုအိမ္ခန္းေဖာ္မ်ိဳး ဘယ္က သြားရွာလာတာလဲ ၊ ငါလည္း တစ္ေယာက္ေလာက္ရွာခ်င္တယ္ေလ"
ဝိန္းရိဖန္ သေဘာတက်ရယ္လိုက္ရင္း ;
"နင့္လင္းစြင္ၾကားသြားမွာကို မေၾကာက္ဘူးလား"
"သူကျဖင့္ က်င့္သားရေနၿပီ ၊ ေအ့ ဒါဆို နင္တို႔ႏွစ္ေယာက္က living together လို႔သတ္မွတ္လို႔ရၿပီလား"
ဝိန္းရိဖန္ ;
"မရေလာက္ေသးဘူး"
စုထ်န္း ;
"ဘာလို႔ မရရမွာလဲ! နင္တို႔ႏွစ္ေယာက္ တစ္ခန္းထဲအိပ္တာ မဟုတ္ဘူးလား"
"အင္း ၊ ငါတို႔ႏွစ္ေယာက္က သပ္သပ္စီအခန္းခြဲအိပ္တာ"
"...."
စုထ်န္းမွာ ဆြံ႕အေနရင္း မယုံၾကည္နိုင္သလိုပင္ ျဖစ္ေန၏။
"ငါ မွတ္မိတာေတာ့ နင္နဲ႕သူ တြဲေနတဲ့ကာလကလည္း မနည္းေတာ့သလားလို႔ ၊ အခုထိ ပေလတိုအဆင့္ပဲရွိေသးတာလား?"
[ ပေလတိုအဆင့္ - မအိပ္ရေသးခင္ ]
ဝိန္းရိဖန္က ေကြ႕ဝိုက္ၿပီးေျဖလိုက္၏။
"ဒီအတိုင္း တစ္ခန္းထဲတူတူမေန႐ုံပါ"
စုထ်န္း ;
"ဘာလို႔လဲ"
ဝိန္းရိဖန္ ;
"တရားမဝင္ေသးလို႔ေလ"
"...."
ဆိုလိုရင္းကို သေဘာေပါက္သြားသည့္အခါတြင္ေတာ့ စုထ်န္းက သေဘာတက်ရယ္မိပါေတာ့၏။ တစ္ကိုယ္တည္း ေတာ္ေတာ္ၾကာေအာင္ ရယ္ေနမိၿပီးမွ ;
"ဒါဆို နင္တို႔က ဘယ္အခ်ိန္က်မွ တရားဝင္ၿပီလို႔ သတ္မွတ္မွာလဲ ၊ နင္ သူ႕မိဘေတြနဲ႕ေရာ ေတြ႕ၿပီးၿပီလား"
"မ...."
ဝိန္းရိဖန္က အလိုလိုေျဖခါနီးတြင္မွ တစ္စုံတစ္ရာကို သတိရၿပီး စကားေျပာင္း၍ဆိုလိုက္၏။
"သူ႕ေမေမကိုေတာ့ ငါ ေတြ႕ဖူးတယ္"
"အာ"
ဝိန္းရိဖန္ မရွင္းျပလိုက္ရခင္ စားပြဲေပၚတင္ထားသည့္ လက္ကိုင္ဖုန္းက ႐ုတ္တရက္ျမည္လာခဲ့၏။ ေခၚဆိုသူမွာ 'ခ်န္ေဝ့ဟြာ' ။ စုထ်န္းအား ခဏေလးေစာင့္ရန္ေျပာၿပီး ဖုန္းလက္ခံေျဖဆိုလိုက္၏။
ခ်န္ေဝ့ဟြာ၏အသံမွာ တစ္ဖက္မွခ်က္ခ်င္းထြက္ေပၚလာခဲ့သည္။
"အခု ဌာနထဲမွာလား"
ဝိန္းရိဖန္ ;
"ဟုတ္ပါတယ္"
ခ်န္ေဝ့ဟြာ ;
"သာ့ကြၽမ့္ေရာရွိလား"
ဝိန္းရိဖန္က ေဘးဘက္သို႔လွမ္းၾကည့္လိုက္၍ ;
"ေဘးနားမွာ စာမူရိုက္ေနတယ္"
ခ်န္ေဝ့ဟြာ ;
"ဟုတ္ၿပီ ေအာက္ဆင္းလာခဲ့ ၊ သာ့ကြၽမ့္ကိုေရာ ေခၚလာ ၊ ဆရာတို႔ ေပယြီကို အလုပ္ခရီးထြက္ရမယ္"
ဤအေျခအေနမ်ိဳးက တစ္ႀကိမ္ႏွစ္ႀကိမ္လည္းမကေတာ့သျဖင့္ ႏွစ္ေယာက္သားက ပစၥည္းမ်ားအသင့္ျပင္ကာ ေအာက္ထပ္သို႔ဆင္းလာခဲ့သည္။
ဝိန္းရိဖန္က ထုံးစံအတိုင္း အေရွ႕ခုံ၌ဝင္ထိုင္လိုက္ၿပီး အေျခအေနကိုေမးျမန္းလိုက္၏။
"ေလာင္ရွစ္ ၊ ေပယြီမွာ ဘယ္လိုအေရးေပၚကိစၥမ်ိဳးျဖစ္လို႔လဲ"
ခ်န္ေဝ့ဟြာက ကားစက္ႏွိုးလိုက္ရင္း တစ္ၿပိဳင္နက္တည္းစကားဆိုလာသည္။
"သတင္းက အခုေလးတင္ရတာ ၊ သတင္းအေသးစိတ္ကိုေတာ့ ရဲစခန္းကဖုံးထားတာမလို႔ မသိရေသးဘူး ၊ ေပယြီမွာ လြန္ခဲ့တဲ့ေလးႏွစ္က တကၠသိုလ္ေက်ာင္းသူေပ်ာက္ဆုံးသြားတဲ့ကိစၥတစ္ခုရွိခဲ့တယ္ ၊ အဲ့ဒါကို လြန္ခဲ့တဲ့ရက္ပိုင္းကမွ အမ်ိဳးသမီးတစ္ေယာက္က သက္ေသမွတ္တမ္းနဲ႕အတူ ရဲစခန္းမွာ အမႈဖြင့္ၿပီး ျပန္တိုင္တန္းခဲ့လို႔"
ဝိန္းရိဖန္က လက္ေတာ့ကိုဖြင့္ ၊ နားေထာင္ေနရင္း စာစီလိုက္၏။
"တကၠသိုလ္ေက်ာင္းသူက အဲ့အခ်ိန္တုန္းက အဓမၼက်င့္အသတ္ခံထားရၿပီး အေလာင္းကို ေပယြီအေနာက္ဘက္ေတာင္ရဲ႕ဆင္ေျခဖုံးရပ္ကြက္ထဲမွာ ေတြ႕တယ္တဲ့ ၊ အခု အမႈေျဖရွင္းေရးအဖြဲ႕ဖြဲ႕လိုက္ၿပီး တရားခံကိုလည္း ဝရမ္းထုတ္လိုက္ၿပီ"
စကားဆိုေနရင္း ခ်န္ေဝ့ဟြာက ႐ုတ္တရက္တစ္ခုခုကို အမွတ္ရသြားဟန္ျဖင့္ ;
"ဒါနဲ႕ ရိဖန္ ၊ ဒီတရားခံကို မင္းလည္း သိေနၿပီးသား"
ဝိန္းရိဖန္က ေၾကာင္အမ္း၍လွည့္ၾကည့္မိလိုက္သည္။
"အမ္"
"အရင္က မင္းကို အၿမဲတမ္းလာႏွောင့္ယွက္ေနတဲ့လူ"
ခ်န္ေဝ့ဟြာက သူမဘက္သို႔ တစ္ခ်က္လွမ္းၾကည့္လာခဲ့၏။
"ခ်ယ္ရွင့္ဒယ္"
*******************