"ကျွန်မ ရှင့်ကိုတစ်ခုလောက်မေးလို့ရမလားဟင်"
သူကရွှင်ပြသောမျက်နှာလေးဖြင့်ကြည့်လာ၏။မျက်လုံးလေးများကိုတစ်ချက်ကစားလိုက်သေး၏။
သဘောက 'မေး'ဆိုသည့်ပုံစံဖြင့်။
"ရှင် တစ်ကယ်ပဲစိတ်ညှို့တတ်သလား"
သူကအံ့ဩဟန်လေးပြ၏။
"ဪ..ဆွေးရယ်..တို့ကိုတကယ်ပဲညှို့တတ်တယ်ထင်နေတာလား"
"ရှင်ညှို့တတ်တယ်မဟုတ်ဘူးလား"
သူက ဟက်ခနဲရယ်၏။
"မင်းမလည်းလူကဲခတ်မတတ်လိုက်ပုံများ..တို့ပြောတာကိုတကယ်ထင်နေခဲ့တာလား"
"တကယ်မဟုတ်ဘူးလား"
"ဘယ်လိုတကယ်ဟုတ်ပါ့မလဲ..တို့ကလျှောက်ပြောခဲ့တာ"
"ဘာရှင့်"
"အို..လန့်လိုက်တာ.."
ဆွေးအော်လိုက်တာနည်းနည်းတော့ ကျယ်သွားသည်ထင်၏။သူ့ကိုယ်လေးကိုအနည်းငယ်နောက်ဆုတ်သွား၏။
"ကျွန်မကိုညာပြောခဲ့တာပေါ့လေ"
"ညာပြောတယ်တော့ဘယ်ဟုတ်မလဲ.…တို့က မင်းဆီကအတန်းရှင်းလေးလိုချင်မိရုံလေးကို..မင်းဆီကစိတ်ဝင်စားမှုခံချင်ခဲ့မိရုံလေးပါ"
"ဪ..ကျွန်မကတော့ တကယ်ထင်နေခဲ့တာ"
"အဲ့လောက်မထင်မကြီးစမ်းပါနဲ့ကောင်မလေးရဲ့..တို့ကကျန်တာဘာမှမတတ်ဘူးသိရဲ့လား..ချစ်ပဲချစ်တတ်တာ"
"မယုံပါဘူး...ရှင် ကျွန်မကိုညှို့ထားတာမလား"
ဆွေးသူ့ကိုစလိုက်ခြင်းသာဖြစ်၏။သူလည်း စတာကိုသဘောက်ပေါက်တယ်ထင်၏။သူပါလိုက်ရယ်နေသည်။
" ရှင့်မျက်လုံးတွေကိုကျွန်မရင်မဆိုင်ရဲသေးဘူးသိရဲ့လား...ရှင့်မျက်လုံးတွေမှာဆွဲငင်အားပါနေတယ်..ကြာကြာကြည့်မိရင် ကျွန်မအတွက်မလွယ်လောက်ဘူး"
"ဘယ်လိုမလွယ်မှာလဲ"
ရုတ်တရက်တိုးကပ်လာတဲ့ မျက်နှာနဲ့အတူ သူ့လက်တစ်ဖက်က ဆွေးရဲ့မေးဖျားကိုကိုင်ထား၏။သူ့မျက်လုံးများက ညှို့နေသယောင်ရှိကာ ရီဝေဝေဖြစ်နေသည်။
"မင်းဆီကအတန်းရှင်းရချင်ရုံသက်သက်နဲ့လျှောက်ပြောခဲ့တာကိုယုံနေခဲ့တာလား...တို့ဘယ်လိုလုပ်ရမလဲ..အခုမှတကယ်ညှို့တတ်ချင်သွားတာ...ဒါမှ မင်းအခြားသူတွေကိုလုံးဝမမြင်ဘဲ တို့မှတို့ဖြစ်နေအောင်လုပ်ပစ်လိုက်မှာ...မင်းမျက်လုံးထဲမှာ တို့ကလွဲပြီးဘယ်မိန်းမ၊ဘယ်ယောက်ျားကိုမှ မမြင်တော့ဘူးလေ..ဘယ်လောက်ကောင်းမလဲ"
"အခုလည်း ရှင်ကလွဲပြီး ဘယ်မိန်းမ၊ဘယ်ယောက်ျားကိုမှ မမြင်တာ ရှင်မသိဘူးလား"
"ဒါဆိုခုနတုန်းက ဘာလို့ဟိုကောင်လေးကိုအရေးတယူစကားပြောနေသေးလဲ"
"ကျွန်မကဒီအတိုင်းပဲ ပြောလိုက်တာပါ..အရေးတယူပြောမိတာမဟုတ်ပါဘူး..ပြီးတော့ သူကရှင့်ဧည့်သည်လေ...ကျွန်မနဲ့ကသိတောင်သိတာမဟုတ်ဘူး"
သူ့ဆီကသက်ပြင်းချသံကိုကြားလိုက်ရသည်။
"ဆွေး..တို့မင်းအပေါ်မှာသဝန်တိုလွန်းရင် စိတ်ပျက်သွားမှာလား..အဲ့လိုမျိုးတို့ကြောက်မိတယ်ကွယ်"
"ဟင့်အင်..စိတ်မပျက်ပါဘူးရှင်ရဲ့..ကျွန်မကသဘောကျနေမှာ..ရှင့်လိုမိန်းမတစ်ယောက်ဆီက သဝန်တိုခံရတာပဲဟာ ကျွန်မအနေနဲ့ ဘာများမနှစ်သက်စရာရှိမှာလဲ...ကျွန်မကဂုဏ်တောင်ယူရဦးမှာ"
"ဒါဆိုရင် ခုနကကောင်လေးနဲ့မပတ်သတ်နဲ့ကွယ်..တို့သဝန်တိုတယ်..ပြီးတော့ အဲ့ဒီကောင်လေးမျက်လုံးတွေကိုတို့မကြိုက်ဘူး..တစ်ချိန်လုံးမင်းဆီမှာပဲ တဝဲလည်လည်လုပ်နေတာမုန်းစရာပဲ..မင်းကိုတို့အပိုင်ကောင်မလေးမှန်းသိအောင်တော့ပြောထားမှရတော့မယ်ထင်တယ်"
ဒီမိန်းမကိုချစ်လွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ။
သူ့အပြောတွေကိုသဘောကျလွန်းလို့ရူးေတာ့မှာပဲ။နှလုံးသားထဲမှာသာေသာ့ခတ်ပြီးသိမ်းထားလိုက်ချင်မိရဲ့။
"ရှင်လည်း ဟိုလူနဲ့မပတ်သက်နဲ့ ..ကျွန်မလည်းသဝန်တိုတတ်တယ် သိရဲ့လား"
"တို့ကိုတော့ သဝန်တိုမနေပါနဲ့ကောင်မလေးရဲ့..တို့ကသူ့ကိုစိတ်မဝင်စားလို့ဘဲ မင်းကိုရည်းစားတော်ခဲ့တာလေ..မဟုတ်ဘူးလား..ဒီမိန်းမရဲ့စိတ်တွေကို အပိုင်စားရထားတာ..ဟောဒီက ဆွေးဆိုတဲ့
ကောင်မလေးပဲဆိုတာမှတ်ထားပေး"
ဟော ပြောတတ်လိုက်ပုံများ။လူကိုရင်မခုန်ခုန်အောင်လုပ်နေလိုက်တာ။သူ့အပြောတွေမှာ ရင်မခုန်ရင် ဘယ်သူ့အပြောမှာရင်ခုန်ရပါ့မလား။ဆွေးလေ အဲ့ဒီ ရှင်ဆိုတဲ့မိန်းမကိုချစ်လိုက်တာ။
"ကျွန်မရှင့်ကို သိပ်ချစ်တယ်ရှင်ရယ်..ကျွန်မကို ဘယ်တော့မှ မထားခဲ့ပါနဲ့နော်"
"ကျွန်မလေ ရှင့်ကိုသိပ်ချစ်တာပဲ...ရှင်ကိုမချစ်ရဘဲ မနေနိုင်တော့ဘူး...ကျွန်မကိုတော့ ဘယ်လိုအကြောင်းပြချက်နဲ့မှ မရက်စက်ပါနဲ့နော်"
ဘဝမှာတစ်ယောက်ယောက်ကိုခခယယတောင်းဆိုရလိမ့်မယ်လို့တွေးတောင်မကြည့်ဖူးခဲ့တာပါ။အခုတော့ ကိုယ်မဟုတ်တဲ့အတိုင်း သူ့ဆီက နှလုံးသားတစ်စုံကိုခခယယတောင်းဆိုနေရပြီ။လူသားတွေဟာ အချစ်နဲ့တွေ့လာရင် ဒဏ်မခံနိုင်ဘူးဆိုတဲ့စကားက သိပ်မှန်နေခဲ့တာပဲ။
"ဆွေးရယ်...ကလေးရယ်..တို့ကလေ မင်းကိုချစ်လွန်းလို့ ခခယယ ချဉ်းကပ်ခဲ့ရသူပါ..ဘယ်လိုအကြောင်းပြချက်နဲ့များ မင်းကိုခွဲသွားရက်ပါ့မလဲ"
သူကဆွေးရဲ့ပါးလေးတစ်ဖက်အားသူ့လက်ကလေးဖြင့်ပွတ်သပ်ပေးရင်းဆို၏။
"ဒါနဲ့လေ မင်းကဒီလိုလေးလည်းချွဲတတ်သေးတာပဲလား..ချစ်ဖို့ကောင်းလိုက်တာ"
ဟုတ်ပါ့ရဲ့။ချွဲမိသွားတာပဲ။အခုမှသတိဝင်မိတော့လည်း ဘာမှမတတ်နိုင်တော့။သူ့အပေါ်မှာချွဲမိသလိုဖြစ်သွားတာကိုလည်း ရှက်မိသလိုလိုခံစားရသည်။
"ကျွန်မကို ဘယ်တုန်းကချစ်မိသွားတာလဲ"
"စတွေ့ကတည်းက"
ဒီတစ်ခါအံ့ဩရသူက ဆွေးရယ်ပါ။သူက ကိုယ့်အရင်ချစ်ခဲ့တာပဲ။သူ့ကို စတွေ့တုန်းက ချစ်မိသလားမချစ်မိလားသေးချာတော့မပြောတတ်ပါ။ဒါပေမဲ့ သူ့ကိုချစ်မိပြီဆိုတာသေချာသိလိုက်ရတာကတော့ အချိန်နည်းနည်းကြာမှပါ။
"ရှင်တကယ်ပြောနေတာလား"
"အဟုတ်ပေါ့ရှင်..ညာစရာလား..တို့ကလူကြီးဖြစ်နေပြီကိုလေ"
ဆွေး သူ့ရင်ခွင်ထဲကိုတိုးဝင်ပစ်ချင်စိတ်ကိုမနည်းထိန်းလိုက်ရသည်။သူ့ရှေ့မှာ ကလေးဆန်မိသွားမှာကိုလည်းမလိုချင်မိပါ။သူစိတ်ပျက်သွားမှာကိုကြောက်မိသည်။ဘာကိုမှတွေးမပူတတ်ခဲ့တဲ့ကိုယ်ဟာ သူနဲ့မတော်တဆဝေးရရင်ဆိုတဲ့အတွေးနဲ့ ဘယ်လိုအမှားသေးသေး၊ကြီးကြီး
ကိုမှ မကျူးလွန်ဝံ့ဖြစ်နေတော့၏။
"တို့ပေးခဲ့တဲ့ လက်ကိုင်ပဝါအပြာလေးကိုမှတ်မိလား"
"ကျွန်မသိမ်းထားတယ်လေ"
"အင်း..တို့ အဲ့ဒီပဝါလေးကို မင်းလက်ထဲထည့်ပေးလိုက်ကတည်းက တို့နှလုံးသားကိုပါ တစ်ပါတည်းထည့်ပေးလိုက်တာ မင်းမသိဘူးမလား...တို့က လက်ကိုင်ပဝါလေးတင်ပေးခဲ့တာ မဟုတ်ဘူးနော်...တို့နှလုံးသားကိုပါ ပေးပစ်ခဲ့တာ"
"ကျွန်မ မယူရင် ရှင်ဘယ်လိုလုပ်မလဲ"
"ပဝါလေးကိုလား တို့နှလုံးသားကိုလား"
"နှစ်ခုလုံးပဲ"
"ဘယ်လိုလုပ်ရပါ့မလဲ..တို့နှလုံးသားလေးကွက်လပ်ဖြစ်နေမှာပေါ့"
သူ့စကားတော်တော်ပြောတတ်တာပါပဲလား။သူ့အရင်ရည်းစားကိုလည်း ဒီလိုတွေပြောခဲ့မှာပါလားဆိုပြီး အတွေးဝင်မိတော့ ရင်ထဲနှမြောသသစွာ။ကိုယ်လည်း လောကကြီးမှာ မရှိတော့တဲ့လူတစ်ယောက်ကိုလိုက်ပြီးေတာ့ပြိုင်မနေသင့်မှန်းသိပေမဲ့ ကိုယ်ချစ်ရတဲ့သူမို့ သဝန်တိုစိတ်လေးတော့ဖြစ်မိတာပါပဲ။ဖြစ်နိုင်ရင် ကိုယ်သာစောစောမွေးဖွားခွင့်ရခဲ့ပြီး သူနဲ့သာစောစောတွေ့ခွင့်ရခဲ့ရင် ကောင်းမှာပဲဆိုပြီးတွေးမိတဲ့အထိပါပဲ။
"တို့မှာလေ မင်းကိုမတွေ့မိခင်ရက်ပိုင်းလေး
အထိကိုတို့စိတ်တွေအဆင်မပြေသေးဘူးကွယ်..ဆယ်စုနှစ်ကျော်အထိ တို့စိတ်တွေ လေလွင့်နေခဲ့တာ..အမှောင်ထဲမှာ လမ်းလျှောက်နေရသလိုပဲ...ဘာမှလည်းလုပ်ချင်စိတ်မရှိသလို ဘာကိုမှလည်းမက်မောမှုရှိမနေခဲ့ဘူး...."
ဆွေးသူဘာဆက်ပြောမလဲဆိုတာကို နားစွင့်မိရင်း သူ့မျက်ခုံးနှစ်ခုကြား ခပ်လျောလျောက မှဲ့နက်ကလေးဆီအကြည့်ရောက်သွားမိသည်။
"ဒါပေမဲ့လေ တို့မင်းကိုအမှတ်မထင်တွေ့မိတဲ့အချိန်က တို့ဘဝမှာ အလင်းတန်းလေးတစ်ခုကိုမြင်လိုက်ရသလိုပဲ...တစ်ချိန်တည်းမှာပဲ အဲ့ဒီအလင်းတန်းလေးကို ချစ်မိသွားခဲ့တယ်...ထပ်ပြီး အပိုင်လိုချင်မိပြန်တယ်...တို့ရဲ့ ဘာကိုမှ မက်မောမှုမရှိတော့တဲ့ဘဝထဲမှာ မင်းကိုတော့ ပထမဆုံးမက်မောမိပြန်တယ်ကွယ်..အဲ့ဒီအချိန်ကတည်းကမင်းကိုတို့အပိုင်လေးဖြစ်လာရင်ကောင်းမှာပဲဆိုပြီးတွေးမိခဲ့တာ"
"စိတ်ချပါ ရှင်ရဲ့...အခုလည်း ကျွန်မကရှင့်အပိုင်ကလေးပဲလေ...မဟုတ်ဘူးလား"
သူ့က ဆွေးရဲ့ခေါင်းပေါ်ကဆံပင်လေးများကိုသူ့လက်များဖွင့်ထိုးဖွလိုက်၏။
"ရှင်သာ ကျွန်မကိုစွန့်ပစ်မသွားနဲ့...ကျွန်မကရှင့်ရဲ့အပိုင်လေးတစ်သက်လုံးဖြစ်နေမှာ"
"ဘာလို့ ဒီစွန့်ပစ်မဲ့အကြောင်းပဲပြောနေရသလဲ..တို့က မင်းကိုအဲ့လိုလုပ်သွားမယ်လို့ထင်နေတာလား"
သူစိတ်ဆိုးသွားတာများလာဆိုးပြီးစိုးရိမ်စိတ်လေးနဲ့ သူ့မျက်နှာကိုအကဲခတ်ကြည့်တော့ ထူးခြားပြီးပြောင်းလဲသွားတာမတွေ့ရပါ။ထိုအခါမှ စိတ်သက်သာရာရတော့၏။
"ကျွန်မကိုလေ စွန့်ပစ်မသွားဖို့ ကျွန်မကတော့တဖွဖွမှာနေမိမှာပဲ...ရှင်သာစွန့်ပစ်မသွားနဲ့ပေါ့..တကယ်လို့မှ ကျွန်မမှာထားတဲ့ကြားကနေ ကျွန်မကိုစွန့်ပစ်သွားရင်တော့ ကျွန်မကနေခဲ့မှာနော်..အဲ့ဒီအချိန်ကျရင်တော့လုံးဝဆွဲမထားဘူး..ပြီးတော့ ကျွန်မရှင့်ကိုလည်းနောက်ထပ်ပြီးဘယ်တော့မှမတွေ့တော့ဘူး"
သူ့မျက်လုံးတွေခပ်ဆွေးဆွေးဖြစ်သွားတာကိုသတိထားလိုက်မိသည်။
"ဆွေး...တို့ကလေ မင်းရဲ့ အဲ့ဒီစိတ်ကလေးကိုကြောက်တာ...မင်းကမာနရှိတဲ့မိန်းကလေးဆိုတာ တို့စတွေ့ကတည်းကသတိထားမိခဲ့တယ်...အဲ့ဒီစိတ်ကလေးက တို့အပေါ်မှာထားတဲ့မင်းရဲ့စိတ်တွေကိုအနိုင်ယူသွားမှာသိပ်ကြောက်မိတာပဲ.."
"ကျွန်မ ရှင့်အပေါ်တော့ မာနမထားနိုင်ဘူးထင်ပါတယ်ရှင်ရယ်.."
"တို့ဘက်က မင်းခွင့်မလွှတ်နိုင်တဲ့အပြစ်တစ်ခုခုလုပ်မိရင် မင်းကတို့ကို ထားခဲ့မှာပဲမလား"
"အဲ့တော့ ရှင့်ဘက်က ဘာအပြစ်မှ မကျူးလွန်မိစေနဲ့ပေါ့ရှင်ရဲ့"
"ရည်ရွယ်ချက်ရှိရှိတော့တို့ဘက်ကဘာမှကျူးလွန်မှာမဟုတ်တာတော့ သိထားပေးနော်..စိုးရိမ်မိတာက မရည်ရွယ်ဘဲဖြစ်သွားမဲ့ အပြစ်လေးများရှိလာမှာကိုပါ...အဲ့လိုလေးတွေဖြစ်လာခဲ့ရင် မင်းစိတ်ကွက်သွားမှာ သိပ်ကြောက်မိတာပဲ"
"ကျွန်မကကိစ္စသေးသေးလေးတွေကိုအပြစ်ဖွဲ့လောက်တဲ့အထိတော့ သဘောထားမသေးသေးပါဘူးနော်"
"အင်းပါ တို့သိပါရဲ့"
သူက တက်ကြွဟန်လေးဖြင့်ပြောလာပြန်သည်။အချိန်ခဏအတွင်းမှာပဲ စိတ်အမျိုးမျိုး အမူအရာအမျိုးမျိုးလုပ်နိုင်တဲ့မိန်းမပဲ။တကယ်လည်းတတ်နိုင်လွန်းရဲ့။
"ဘယ်လိုကြည့်ကြည့် မေတ္တာသက်ဝင်ချင်ကောင်းလိုက်ပုံများ ရှင်ရယ်..ကျွန်မဖြင့်သိပ်ချစ်မိတာပဲ"
"မင်းရဲ့ ရှင်ရယ်ဆိုတဲ့အပြောလေးကိုသဘောကျလိုက်တာ..."
"ရှင်သဘောကျရင် ကျွန်မခဏခဏပြောနေမှာပေါ့..ရှင်နားငြီးတယ်လို့တော့ မတွေးရဘူးနော်"
"မတွေးပါဘူး...မင်းသာပြောလိုက်စမ်းပါ..တို့က အကြိမ်ကြိမ်ရင်ခုန်နေမိမှာ"
သူ့မျက်လုံးတွေနဲ့ဆုံမိပြန်သည်။စူးစူးရှရှနဲ့ခပ်ညိုညိုမျက်ဝန်းတွေက ကိုယ်ရဲ့ကမ္ဘာေမြကိုကိုယ်စားပြုေနပြန်သည်။အခုရင်တွေခုန်နေတယ်ဆိုတာ သူသိနိုင်ပါ့မလား။သူ့ရှေ့မှာမို့ ဟန်ဆောင်ပြီးထိန်းနေရတာရောသူသိနိုင်ပါ့မလား။သူကတော့ဖြင့် ဘာမှသိလိမ့်မည်မဟုတ်။လူကိုရွန်းရွန်းစားစားနဲ့ဘယ်လိုရင်ခုန်အောင်လုပ်ရမလဲဆိုတာပဲ သူသိလိမ့်မည်။
"ရှင့်မျက်လုံးတွေက ထူးဆန်းတယ်နော်..အညိုရောင်လေး"
"အင်း...ဟုတ်တယ်..မင်းသဘောမကျဘူးလား"
"သဘောကျပါတယ်...စတွေ့ကတည်းကရှင့်ရဲ့မျက်ဝန်းညိုညိုလေးတွေကိုသဘောကျခဲ့ရတာ"
"တို့ကတော့မင်းကိုစတွေ့ကတည်းကချစ်ခဲ့ရတာပါနော်...အဲ့ဒီတုန်းက တို့မှာလေ တစ်နေ့တစ်နေ့မင်းဆီကိုဘယ်လိုချဉ်းကပ်ရမလဲဆိုတာကိုပဲ ခေါင်းထဲမှာအမြဲတွေးနေခဲ့ရတာ..."
ကိုယ်လည်းအမှန်အတိုင်းဝန်ခံရရင် စတွေ့ကတည်းကသူ့ကိုအမြဲတွေ့ဖို့မျှော်နေမိခဲ့တာပါ။ဒါကို သူသိအောင်တော့ မပြောတော့ဘူး။
"ကျွန်မကို ရှင့်အကြောင်းတွေပြောမပြချင်ဘူးလား"
သူဟာခပ်တွေတွေလေးဖြစ်သွားပြန်သည်။ကိုယ်တိုင် သိပြီးသားအကြောင်းအရာအချို့ရှိနေပေမဲ့ သူ့နှုတ်ကပြောလာတဲ့စကားလေးများကိုလိုချင်မိသေးသည်။
"တို့အကြောင်းကို ဘာသိထားသေးလဲ ကလေး"
"ကျွန်မသိပ်မသိပါဘူး...မမပြောပြတဲ့အကြောင်းအရာအချို့ကိုပဲသိထားတာပါ..မမကလည်း အပေါ်ယံလောက်သာပြောပြထားတာပါ"
"နေပြောတဲ့အထဲမှာ တို့ရဲ့အရင်ရည်းစားအကြောင်းပါမှာပေါ့နော်"
ဆွေးခေါင်းညိတ်ပြလိုက်၏။
"တို့ကိုတော့စိတ်ခုမနေပါဘူးနော်"
"ဟင့်အင်...စိတ်တော့မခုပါဘူး..ဒါက ကျွန်မနဲ့ဘာမှမသက်ဆိုင်ခင်တုန်းကအကြောင်းတွေလေ..ပြီးတော့ ကျွန်မနဲ့ရှင်နဲ့သိမှမသိသေးဘဲ..ဒါပေမဲ့ ကျွန်မသဝန်တိုမိတယ်..ဒါက မဖြစ်သင့်ဘူးဆိုတာလည်းသိနေရက်နဲ့ပေါ့"
"အခုအချိန်မှာ တို့ရင်ထဲမှာမင်းတစ်ယောက်ပဲရှိတာလေဆွေးရဲ့.."
သူဟာ ကိုယ့်နှဖူးပေါ်ကိုဖျာကျနေတဲ့ ဆံပင်များကို လေဖြင့်တစ်ချက်မှုတ်လိုက်၏။
"ဘာကိုမှစိတ် စိတ်မချဖြစ်မနေစမ်းပါနဲ့ အချစ်ရဲ့..နော်"
အချစ်တဲ့။သူဟာ အခေါ်အဝေါ်အဆန်းတွေလည်းသုံးတတ်သေးပြန်၏။ဒီလူမှာလည်းအကြိမ်ကြိမ်ရင်ခုန်ရပြန်တာ သူသိနိုင်ပါ့မလား။
"အချစ်"
"အချစ်လို့ မခေါ်စမ်းပါနဲ့ ရှင်ရယ်...ကျွန်မ မနေတတ်ဘူးသိရဲ့လား"
သူ့ရဲ့'အချစ်'ဆိုတဲ့ခေါ်သံမှာ ရင်ခုန်ရလွန်းနေတာတော့ သူသိနိုင်ပါ့မလား။ခဏ ခဏသာ ခေါ်နေရင် နှလုံးခုန်ရပ်ကာ တစ်ခုခုဖြစ်သွားနိုင်သည်။
"ဟုတ်ပါပြီ ဒါဆိုလည်းမခေါ်တော့ပါဘူး
ဒါနဲ့ သူနဲ့တို့အကြောင်းကိုတော့ နောက်မှပြောပြမယ်ကွယ်..နော်..ရတယ်မလား"
"အွန်း.."
"ဪ..ဒါနဲ့ ဆွေးနဲ့ တို့ချစ်သူတွေဖြစ်နေပြီဆိုတာ နေ့ကိုပြောပြလိုက်ရမလား"
"ဘာလို့လဲ..ဘာလို့ပြောပြမှာလဲ ရှင်ရဲ့"
မမသိသွားမှာကို ရှက်ပါသည်။မမက ကြားထဲမှာ အတန်တန်တားထားရက်နဲ့ကို ဆွေးရှေ့တိုးပစ်မိသည်မလား။မမသိရင် ဆူမှာသေချာသည်။
"ဘာလို့လဲ နေ့ကိုကြောက်လို့လား..တို့ပြောပေးပါ့မယ်"
"မဟုတ်ဘူးရှင်ရဲ့...မမသိသွားရင် ရှက်လို့"
"ဪ...ဪ ဟုတ်ပါပြီ..ဒါဆိုလည်းမပြောသေးပါဘူး"
"ဟုတ်"
"ဆွေး.."
သူဟာ ဆွဲငင်သံပါနေသောအသံဖြင့်ခေါ်၏။
"ရှင်"
"ချစ်သူတွေဖြစ်သွားပြီဆိုတော့လေ..
ဟိုလေ..ဟို.."
"ဘာလဲ ရှင်ရဲ့..ဘာပြောမှာလဲ"
"နမ်းလို့ရမလားလို့..အဲ့ဒါ"
'အင်း'ဟုထွက်ခါနီးမှ အသိကပ်မိသည်။ဒီနေ့မှ ချစ်သူဖြစ်တာမဟုတ်လား။ခွင့်ပြုလိုက်ရင် နည်းနည်းတော့ အကဲပိုရာကျနေလိမ့်မည်။
"မရပါဘူးနော်"
"ဟော..ဘာလို့လဲ"
"ကျွန်မကမိန်းကလေးလေ"
"တို့ကကျရော ယောက်ျားကြီးမလို့လား"
"ဒါတော့ဘယ်သိမှာရှင်ရဲ့...ဒါပဲနော် ကျွန်မ ရေးချိုးတော့မလို့"
သူ့ကိုစနောက်ကာ တစ်ယောက်တည်းထားခဲ့လိုက်သည်။သူကတော့ သဘောကျလျက်ရယ်မောရင်းကျန်နေခဲ့သည်။
23.4.2023
/Updateနည်းနည်းကြာသွားတယ်ရှင့်
"ကြၽန္မ ႐ွင့္ကိုတစ္ခုေလာက္ေမးလို႔ရမလားဟင္"
သူက႐ႊင္ျပေသာမ်က္ႏွာေလးျဖင့္ၾကည့္လာ၏။မ်က္လုံးေလးမ်ားကိုတစ္ခ်က္ကစားလိုက္ေသး၏။
သေဘာက 'ေမး'ဆိုသည့္ပုံစံျဖင့္။
"႐ွင္ တစ္ကယ္ပဲစိတ္ညိႇဳ႕တတ္သလား"
သူကအံ့ဩဟန္ေလးျပ၏။
"ဪ..ေဆြးရယ္..တို႔ကိုတကယ္ပဲညိႇဳ႕တတ္တယ္ထင္ေနတာလား"
"႐ွင္ညိႇဳ႕တတ္တယ္မဟုတ္ဘူးလား"
သူက ဟက္ခနဲရယ္၏။
"မင္းမလည္းလူကဲခတ္မတတ္လိုက္ပုံမ်ား..တို႔ေျပာတာကိုတကယ္ထင္ေနခဲ့တာလား"
"တကယ္မဟုတ္ဘူးလား"
"ဘယ္လိုတကယ္ဟုတ္ပါ့မလဲ..တို႔ကေလွ်ာက္ေျပာခဲ့တာ"
"ဘာ႐ွင့္"
"အို..လန္႔လိုက္တာ.."
ေဆြးေအာ္လိုက္တာနည္းနည္းေတာ့ က်ယ္သြားသည္ထင္၏။သူ႕ကိုယ္ေလးကိုအနည္းငယ္ေနာက္ဆုတ္သြား၏။
"ကြၽန္မကိုညာေျပာခဲ့တာေပါ့ေလ"
"ညာေျပာတယ္ေတာ့ဘယ္ဟုတ္မလဲ.…တို႔က မင္းဆီကအတန္း႐ွင္းေလးလိုခ်င္မိ႐ုံေလးကို..မင္းဆီကစိတ္ဝင္စားမႈခံခ်င္ခဲ့မိ႐ုံေလးပါ"
"ဪ..ကြၽန္မကေတာ့ တကယ္ထင္ေနခဲ့တာ"
"အဲ့ေလာက္မထင္မႀကီးစမ္းပါနဲ႔ေကာင္မေလးရဲ႕..တို႔ကက်န္တာဘာမွမတတ္ဘူးသိရဲ႕လား..ခ်စ္ပဲခ်စ္တတ္တာ"
"မယုံပါဘူး...႐ွင္ ကြၽန္မကိုညိႇဳ႕ထားတာမလား"
ေဆြးသူ႕ကိုစလိုက္ျခင္းသာျဖစ္၏။သူလည္း စတာကိုသေဘာက္ေပါက္တယ္ထင္၏။သူပါလိုက္ရယ္ေနသည္။
" ႐ွင့္မ်က္လုံးေတြကိုကြၽန္မရင္မဆိုင္ရဲေသးဘူးသိရဲ႕လား...႐ွင့္မ်က္လုံးေတြမွာဆြဲငင္အားပါေနတယ္..ၾကာၾကာၾကည့္မိရင္ ကြၽန္မအတြက္မလြယ္ေလာက္ဘူး"
"ဘယ္လိုမလြယ္မွာလဲ"
႐ုတ္တရက္တိုးကပ္လာတဲ့ မ်က္ႏွာနဲ႔အတူ သူ႕လက္တစ္ဖက္က ေဆြးရဲ႕ေမးဖ်ားကိုကိုင္ထား၏။သူ႕မ်က္လုံးမ်ားက ညိႇဳ႕ေနသေယာင္႐ွိကာ ရီေဝေဝျဖစ္ေနသည္။
"မင္းဆီကအတန္း႐ွင္းရခ်င္႐ုံသက္သက္နဲ႔ေလွ်ာက္ေျပာခဲ့တာကိုယုံေနခဲ့တာလား...တို႔ဘယ္လိုလုပ္ရမလဲ..အခုမွတကယ္ညိႇဳ႕တတ္ခ်င္သြားတာ...ဒါမွ မင္းအျခားသူေတြကိုလုံးဝမျမင္ဘဲ တို႔မွတို႔ျဖစ္ေနေအာင္လုပ္ပစ္လိုက္မွာ...မင္းမ်က္လုံးထဲမွာ တို႔ကလြဲၿပီးဘယ္မိန္းမ၊ဘယ္ေယာက်္ားကိုမွ မျမင္ေတာ့ဘူးေလ..ဘယ္ေလာက္ေကာင္းမလဲ"
"အခုလည္း ႐ွင္ကလြဲၿပီး ဘယ္မိန္းမ၊ဘယ္ေယာက်္ားကိုမွ မျမင္တာ ႐ွင္မသိဘူးလား"
"ဒါဆိုခုနတုန္းက ဘာလို႔ဟိုေကာင္ေလးကိုအေရးတယူစကားေျပာေနေသးလဲ"
"ကြၽန္မကဒီအတိုင္းပဲ ေျပာလိုက္တာပါ..အေရးတယူေျပာမိတာမဟုတ္ပါဘူး..ၿပီးေတာ့ သူက႐ွင့္ဧည့္သည္ေလ...ကြၽန္မနဲ႔ကသိေတာင္သိတာမဟုတ္ဘူး"
သူ႕ဆီကသက္ျပင္းခ်သံကိုၾကားလိုက္ရသည္။
"ေဆြး..တို႔မင္းအေပၚမွာသဝန္တိုလြန္းရင္ စိတ္ပ်က္သြားမွာလား..အဲ့လိုမ်ိဳးတို႔ေၾကာက္မိတယ္ကြယ္"
"ဟင့္အင္..စိတ္မပ်က္ပါဘူး႐ွင္ရဲ႕..ကြၽန္မကသေဘာက်ေနမွာ..႐ွင့္လိုမိန္းမတစ္ေယာက္ဆီက သဝန္တိုခံရတာပဲဟာ ကြၽန္မအေနနဲ႔ ဘာမ်ားမႏွစ္သက္စရာ႐ွိမွာလဲ...ကြၽန္မကဂုဏ္ေတာင္ယူရဦးမွာ"
"ဒါဆိုရင္ ခုနကေကာင္ေလးနဲ႔မပတ္သတ္နဲ႔ကြယ္..တို႔သဝန္တိုတယ္..ၿပီးေတာ့ အဲ့ဒီေကာင္ေလးမ်က္လုံးေတြကိုတို႔မႀကိဳက္ဘူး..တစ္ခ်ိန္လုံးမင္းဆီမွာပဲ တဝဲလည္လည္လုပ္ေနတာမုန္းစရာပဲ..မင္းကိုတို႔အပိုင္ေကာင္မေလးမွန္းသိေအာင္ေတာ့ေျပာထားမွရေတာ့မယ္ထင္တယ္"
ဒီမိန္းမကိုခ်စ္လြန္းလို႔ဘယ္လိုလုပ္ရပါ့မလဲ။
သူ႕အေျပာေတြကိုသေဘာက်လြန္းလို႔႐ူးေတာ့မွာပဲ။ႏွလုံးသားထဲမွာသာေသာ့ခတ္ၿပီးသိမ္းထားလိုက္ခ်င္မိရဲ႕။
"႐ွင္လည္း ဟိုလူနဲ႔မပတ္သက္နဲ႔ ..ကြၽန္မလည္းသဝန္တိုတတ္တယ္ သိရဲ႕လား"
"တို႔ကိုေတာ့ သဝန္တိုမေနပါနဲ႔ေကာင္မေလးရဲ႕..တို႔ကသူ႕ကိုစိတ္မဝင္စားလို႔ဘဲ မင္းကိုရည္းစားေတာ္ခဲ့တာေလ..မဟုတ္ဘူးလား..ဒီမိန္းမရဲ႕စိတ္ေတြကို အပိုင္စားရထားတာ..ေဟာဒီက ေဆြးဆိုတဲ့
ေကာင္မေလးပဲဆိုတာမွတ္ထားေပး"
ေဟာ ေျပာတတ္လိုက္ပုံမ်ား။လူကိုရင္မခုန္ခုန္ေအာင္လုပ္ေနလိုက္တာ။သူ႕အေျပာေတြမွာ ရင္မခုန္ရင္ ဘယ္သူ႕အေျပာမွာရင္ခုန္ရပါ့မလား။ေဆြးေလ အဲ့ဒီ ႐ွင္ဆိုတဲ့မိန္းမကိုခ်စ္လိုက္တာ။
"ကြၽန္မ႐ွင့္ကို သိပ္ခ်စ္တယ္႐ွင္ရယ္..ကြၽန္မကို ဘယ္ေတာ့မွ မထားခဲ့ပါနဲ႔ေနာ္"
"ကြၽန္မေလ ႐ွင့္ကိုသိပ္ခ်စ္တာပဲ...႐ွင္ကိုမခ်စ္ရဘဲ မေနႏိုင္ေတာ့ဘူး...ကြၽန္မကိုေတာ့ ဘယ္လိုအေၾကာင္းျပခ်က္နဲ႔မွ မရက္စက္ပါနဲ႔ေနာ္"
ဘဝမွာတစ္ေယာက္ေယာက္ကိုခခယယေတာင္းဆိုရလိမ့္မယ္လို႔ေတြးေတာင္မၾကည့္ဖူးခဲ့တာပါ။အခုေတာ့ ကိုယ္မဟုတ္တဲ့အတိုင္း သူ႕ဆီက ႏွလုံးသားတစ္စုံကိုခခယယေတာင္းဆိုေနရၿပီ။လူသားေတြဟာ အခ်စ္နဲ႔ေတြ႕လာရင္ ဒဏ္မခံႏိုင္ဘူးဆိုတဲ့စကားက သိပ္မွန္ေနခဲ့တာပဲ။
"ေဆြးရယ္...ကေလးရယ္..တို႔ကေလ မင္းကိုခ်စ္လြန္းလို႔ ခခယယ ခ်ဥ္းကပ္ခဲ့ရသူပါ..ဘယ္လိုအေၾကာင္းျပခ်က္နဲ႔မ်ား မင္းကိုခြဲသြားရက္ပါ့မလဲ"
သူကေဆြးရဲ႕ပါးေလးတစ္ဖက္အားသူ႕လက္ကေလးျဖင့္ပြတ္သပ္ေပးရင္းဆို၏။
"ဒါနဲ႔ေလ မင္းကဒီလိုေလးလည္းခြၽဲတတ္ေသးတာပဲလား..ခ်စ္ဖို႔ေကာင္းလိုက္တာ"
ဟုတ္ပါ့ရဲ႕။ခြၽဲမိသြားတာပဲ။အခုမွသတိဝင္မိေတာ့လည္း ဘာမွမတတ္ႏိုင္ေတာ့။သူ႕အေပၚမွာခြၽဲမိသလိုျဖစ္သြားတာကိုလည္း ႐ွက္မိသလိုလိုခံစားရသည္။
"ကြၽန္မကို ဘယ္တုန္းကခ်စ္မိသြားတာလဲ"
"စေတြ႕ကတည္းက"
ဒီတစ္ခါအံ့ဩရသူက ေဆြးရယ္ပါ။သူက ကိုယ့္အရင္ခ်စ္ခဲ့တာပဲ။သူ႕ကို စေတြ႕တုန္းက ခ်စ္မိသလားမခ်စ္မိလားေသးခ်ာေတာ့မေျပာတတ္ပါ။ဒါေပမဲ့ သူ႕ကိုခ်စ္မိၿပီဆိုတာေသခ်ာသိလိုက္ရတာကေတာ့ အခ်ိန္နည္းနည္းၾကာမွပါ။
"႐ွင္တကယ္ေျပာေနတာလား"
"အဟုတ္ေပါ့႐ွင္..ညာစရာလား..တို႔ကလူႀကီးျဖစ္ေနၿပီကိုေလ"
ေဆြး သူ႕ရင္ခြင္ထဲကိုတိုးဝင္ပစ္ခ်င္စိတ္ကိုမနည္းထိန္းလိုက္ရသည္။သူ႕ေ႐ွ႕မွာ ကေလးဆန္မိသြားမွာကိုလည္းမလိုခ်င္မိပါ။သူစိတ္ပ်က္သြားမွာကိုေၾကာက္မိသည္။ဘာကိုမွေတြးမပူတတ္ခဲ့တဲ့ကိုယ္ဟာ သူနဲ႔မေတာ္တဆေဝးရရင္ဆိုတဲ့အေတြးနဲ႔ ဘယ္လိုအမွားေသးေသး၊ႀကီးႀကီး
ကိုမွ မက်ဴးလြန္ဝံ့ျဖစ္ေနေတာ့၏။
"တို႔ေပးခဲ့တဲ့ လက္ကိုင္ပဝါအျပာေလးကိုမွတ္မိလား"
"ကြၽန္မသိမ္းထားတယ္ေလ"
"အင္း..တို႔ အဲ့ဒီပဝါေလးကို မင္းလက္ထဲထည့္ေပးလိုက္ကတည္းက တို႔ႏွလုံးသားကိုပါ တစ္ပါတည္းထည့္ေပးလိုက္တာ မင္းမသိဘူးမလား...တို႔က လက္ကိုင္ပဝါေလးတင္ေပးခဲ့တာ မဟုတ္ဘူးေနာ္...တို႔ႏွလုံးသားကိုပါ ေပးပစ္ခဲ့တာ"
"ကြၽန္မ မယူရင္ ႐ွင္ဘယ္လိုလုပ္မလဲ"
"ပဝါေလးကိုလား တို႔ႏွလုံးသားကိုလား"
"ႏွစ္ခုလုံးပဲ"
"ဘယ္လိုလုပ္ရပါ့မလဲ..တို႔ႏွလုံးသားေလးကြက္လပ္ျဖစ္ေနမွာေပါ့"
သူ႕စကားေတာ္ေတာ္ေျပာတတ္တာပါပဲလား။သူ႕အရင္ရည္းစားကိုလည္း ဒီလိုေတြေျပာခဲ့မွာပါလားဆိုၿပီး အေတြးဝင္မိေတာ့ ရင္ထဲႏွေျမာသသစြာ။ကိုယ္လည္း ေလာကႀကီးမွာ မ႐ွိေတာ့တဲ့လူတစ္ေယာက္ကိုလိုက္ၿပီးေတာ့ၿပိဳင္မေနသင့္မွန္းသိေပမဲ့ ကိုယ္ခ်စ္ရတဲ့သူမို႔ သဝန္တိုစိတ္ေလးေတာ့ျဖစ္မိတာပါပဲ။ျဖစ္ႏိုင္ရင္ ကိုယ္သာေစာေစာေမြးဖြားခြင့္ရခဲ့ၿပီး သူနဲ႔သာေစာေစာေတြ႕ခြင့္ရခဲ့ရင္ ေကာင္းမွာပဲဆိုၿပီးေတြးမိတဲ့အထိပါပဲ။
"တို႔မွာေလ မင္းကိုမေတြ႕မိခင္ရက္ပိုင္းေလး
အထိကိုတို႔စိတ္ေတြအဆင္မေျပေသးဘူးကြယ္..ဆယ္စုႏွစ္ေက်ာ္အထိ တို႔စိတ္ေတြ ေလလြင့္ေနခဲ့တာ..အေမွာင္ထဲမွာ လမ္းေလွ်ာက္ေနရသလိုပဲ...ဘာမွလည္းလုပ္ခ်င္စိတ္မ႐ွိသလို ဘာကိုမွလည္းမက္ေမာမႈ႐ွိမေနခဲ့ဘူး...."
ေဆြးသူဘာဆက္ေျပာမလဲဆိုတာကို နားစြင့္မိရင္း သူ႕မ်က္ခုံးႏွစ္ခုၾကား ခပ္ေလ်ာေလ်ာက မွဲ႔နက္ကေလးဆီအၾကည့္ေရာက္သြားမိသည္။
"ဒါေပမဲ့ေလ တို႔မင္းကိုအမွတ္မထင္ေတြ႕မိတဲ့အခ်ိန္က တို႔ဘဝမွာ အလင္းတန္းေလးတစ္ခုကိုျမင္လိုက္ရသလိုပဲ...တစ္ခ်ိန္တည္းမွာပဲ အဲ့ဒီအလင္းတန္းေလးကို ခ်စ္မိသြားခဲ့တယ္...ထပ္ၿပီး အပိုင္လိုခ်င္မိျပန္တယ္...တို႔ရဲ႕ ဘာကိုမွ မက္ေမာမႈမ႐ွိေတာ့တဲ့ဘဝထဲမွာ မင္းကိုေတာ့ ပထမဆုံးမက္ေမာမိျပန္တယ္ကြယ္..အဲ့ဒီအခ်ိန္ကတည္းကမင္းကိုတို႔အပိုင္ေလးျဖစ္လာရင္ေကာင္းမွာပဲဆိုၿပီးေတြးမိခဲ့တာ"
"စိတ္ခ်ပါ ႐ွင္ရဲ႕...အခုလည္း ကြၽန္မက႐ွင့္အပိုင္ကေလးပဲေလ...မဟုတ္ဘူးလား"
သူ႕က ေဆြးရဲ႕ေခါင္းေပၚကဆံပင္ေလးမ်ားကိုသူ႕လက္မ်ားဖြင့္ထိုးဖြလိုက္၏။
"႐ွင္သာ ကြၽန္မကိုစြန္႔ပစ္မသြားနဲ႔...ကြၽန္မက႐ွင့္ရဲ႕အပိုင္ေလးတစ္သက္လုံးျဖစ္ေနမွာ"
"ဘာလို႔ ဒီစြန္႔ပစ္မဲ့အေၾကာင္းပဲေျပာေနရသလဲ..တို႔က မင္းကိုအဲ့လိုလုပ္သြားမယ္လို႔ထင္ေနတာလား"
သူစိတ္ဆိုးသြားတာမ်ားလာဆိုးၿပီးစိုးရိမ္စိတ္ေလးနဲ႔ သူ႕မ်က္ႏွာကိုအကဲခတ္ၾကည့္ေတာ့ ထူးျခားၿပီးေျပာင္းလဲသြားတာမေတြ႕ရပါ။ထိုအခါမွ စိတ္သက္သာရာရေတာ့၏။
"ကြၽန္မကိုေလ စြန္႔ပစ္မသြားဖို႔ ကြၽန္မကေတာ့တဖြဖြမွာေနမိမွာပဲ...႐ွင္သာစြန္႔ပစ္မသြားနဲ႔ေပါ့..တကယ္လို႔မွ ကြၽန္မမွာထားတဲ့ၾကားကေန ကြၽန္မကိုစြန္႔ပစ္သြားရင္ေတာ့ ကြၽန္မကေနခဲ့မွာေနာ္..အဲ့ဒီအခ်ိန္က်ရင္ေတာ့လုံးဝဆြဲမထားဘူး..ၿပီးေတာ့ ကြၽန္မ႐ွင့္ကိုလည္းေနာက္ထပ္ၿပီးဘယ္ေတာ့မွမေတြ႕ေတာ့ဘူး"
သူ႕မ်က္လုံးေတြခပ္ေဆြးေဆြးျဖစ္သြားတာကိုသတိထားလိုက္မိသည္။
"ေဆြး...တို႔ကေလ မင္းရဲ႕ အဲ့ဒီစိတ္ကေလးကိုေၾကာက္တာ...မင္းကမာန႐ွိတဲ့မိန္းကေလးဆိုတာ တို႔စေတြ႕ကတည္းကသတိထားမိခဲ့တယ္...အဲ့ဒီစိတ္ကေလးက တို႔အေပၚမွာထားတဲ့မင္းရဲ႕စိတ္ေတြကိုအႏိုင္ယူသြားမွာသိပ္ေၾကာက္မိတာပဲ.."
"ကြၽန္မ ႐ွင့္အေပၚေတာ့ မာနမထားႏိုင္ဘူးထင္ပါတယ္႐ွင္ရယ္.."
"တို႔ဘက္က မင္းခြင့္မလႊတ္ႏိုင္တဲ့အျပစ္တစ္ခုခုလုပ္မိရင္ မင္းကတို႔ကို ထားခဲ့မွာပဲမလား"
"အဲ့ေတာ့ ႐ွင့္ဘက္က ဘာအျပစ္မွ မက်ဴးလြန္မိေစနဲ႔ေပါ့႐ွင္ရဲ႕"
"ရည္႐ြယ္ခ်က္႐ွိ႐ွိေတာ့တို႔ဘက္ကဘာမွက်ဴးလြန္မွာမဟုတ္တာေတာ့ သိထားေပးေနာ္..စိုးရိမ္မိတာက မရည္႐ြယ္ဘဲျဖစ္သြားမဲ့ အျပစ္ေလးမ်ား႐ွိလာမွာကိုပါ...အဲ့လိုေလးေတြျဖစ္လာခဲ့ရင္ မင္းစိတ္ကြက္သြားမွာ သိပ္ေၾကာက္မိတာပဲ"
"ကြၽန္မကကိစၥေသးေသးေလးေတြကိုအျပစ္ဖြဲ႕ေလာက္တဲ့အထိေတာ့ သေဘာထားမေသးေသးပါဘူးေနာ္"
"အင္းပါ တို႔သိပါရဲ႕"
သူက တက္ႂကြဟန္ေလးျဖင့္ေျပာလာျပန္သည္။အခ်ိန္ခဏအတြင္းမွာပဲ စိတ္အမ်ိဳးမ်ိဳး အမူအရာအမ်ိဳးမ်ိဳးလုပ္ႏိုင္တဲ့မိန္းမပဲ။တကယ္လည္းတတ္ႏိုင္လြန္းရဲ႕။
"ဘယ္လိုၾကည့္ၾကည့္ ေမတၱာသက္ဝင္ခ်င္ေကာင္းလိုက္ပုံမ်ား ႐ွင္ရယ္..ကြၽန္မျဖင့္သိပ္ခ်စ္မိတာပဲ"
"မင္းရဲ႕ ႐ွင္ရယ္ဆိုတဲ့အေျပာေလးကိုသေဘာက်လိုက္တာ..."
"႐ွင္သေဘာက်ရင္ ကြၽန္မခဏခဏေျပာေနမွာေပါ့..႐ွင္နားၿငီးတယ္လို႔ေတာ့ မေတြးရဘူးေနာ္"
"မေတြးပါဘူး...မင္းသာေျပာလိုက္စမ္းပါ..တို႔က အႀကိမ္ႀကိမ္ရင္ခုန္ေနမိမွာ"
သူ႕မ်က္လုံးေတြနဲ႔ဆုံမိျပန္သည္။စူးစူး႐ွ႐ွနဲ႔ခပ္ညိဳညိဳမ်က္ဝန္းေတြက ကိုယ္ရဲ႕ကမ႓ာေျမကိုကိုယ္စားျပဳေနျပန္သည္။အခုရင္ေတြခုန္ေနတယ္ဆိုတာ သူသိႏိုင္ပါ့မလား။သူ႕ေ႐ွ႕မွာမို႔ ဟန္ေဆာင္ၿပီးထိန္းေနရတာေရာသူသိႏိုင္ပါ့မလား။သူကေတာ့ျဖင့္ ဘာမွသိလိမ့္မည္မဟုတ္။လူကို႐ြန္း႐ြန္းစားစားနဲ႔ဘယ္လိုရင္ခုန္ေအာင္လုပ္ရမလဲဆိုတာပဲ သူသိလိမ့္မည္။
"႐ွင့္မ်က္လုံးေတြက ထူးဆန္းတယ္ေနာ္..အညိဳေရာင္ေလး"
"အင္း...ဟုတ္တယ္..မင္းသေဘာမက်ဘူးလား"
"သေဘာက်ပါတယ္...စေတြ႕ကတည္းက႐ွင့္ရဲ႕မ်က္ဝန္းညိဳညိဳေလးေတြကိုသေဘာက်ခဲ့ရတာ"
"တို႔ကေတာ့မင္းကိုစေတြ႕ကတည္းကခ်စ္ခဲ့ရတာပါေနာ္...အဲ့ဒီတုန္းက တို႔မွာေလ တစ္ေန႔တစ္ေန႔မင္းဆီကိုဘယ္လိုခ်ဥ္းကပ္ရမလဲဆိုတာကိုပဲ ေခါင္းထဲမွာအၿမဲေတြးေနခဲ့ရတာ..."
ကိုယ္လည္းအမွန္အတိုင္းဝန္ခံရရင္ စေတြ႕ကတည္းကသူ႕ကိုအၿမဲေတြ႕ဖို႔ေမွ်ာ္ေနမိခဲ့တာပါ။ဒါကို သူသိေအာင္ေတာ့ မေျပာေတာ့ဘူး။
"ကြၽန္မကို ႐ွင့္အေၾကာင္းေတြေျပာမျပခ်င္ဘူးလား"
သူဟာခပ္ေတြေတြေလးျဖစ္သြားျပန္သည္။ကိုယ္တိုင္ သိၿပီးသားအေၾကာင္းအရာအခ်ိဳ႕႐ွိေနေပမဲ့ သူ႕ႏႈတ္ကေျပာလာတဲ့စကားေလးမ်ားကိုလိုခ်င္မိေသးသည္။
"တို႔အေၾကာင္းကို ဘာသိထားေသးလဲ ကေလး"
"ကြၽန္မသိပ္မသိပါဘူး...မမေျပာျပတဲ့အေၾကာင္းအရာအခ်ိဳ႕ကိုပဲသိထားတာပါ..မမကလည္း အေပၚယံေလာက္သာေျပာျပထားတာပါ"
"ေနေျပာတဲ့အထဲမွာ တို႔ရဲ႕အရင္ရည္းစားအေၾကာင္းပါမွာေပါ့ေနာ္"
ေဆြးေခါင္းညိတ္ျပလိုက္၏။
"တို႔ကိုေတာ့စိတ္ခုမေနပါဘူးေနာ္"
"ဟင့္အင္...စိတ္ေတာ့မခုပါဘူး..ဒါက ကြၽန္မနဲ႔ဘာမွမသက္ဆိုင္ခင္တုန္းကအေၾကာင္းေတြေလ..ၿပီးေတာ့ ကြၽန္မနဲ႔႐ွင္နဲ႔သိမွမသိေသးဘဲ..ဒါေပမဲ့ ကြၽန္မသဝန္တိုမိတယ္..ဒါက မျဖစ္သင့္ဘူးဆိုတာလည္းသိေနရက္နဲ႔ေပါ့"
"အခုအခ်ိန္မွာ တို႔ရင္ထဲမွာမင္းတစ္ေယာက္ပဲ႐ွိတာေလေဆြးရဲ႕.."
သူဟာ ကိုယ့္ႏွဖူးေပၚကိုဖ်ာက်ေနတဲ့ ဆံပင္မ်ားကို ေလျဖင့္တစ္ခ်က္မႈတ္လိုက္၏။
"ဘာကိုမွစိတ္ စိတ္မခ်ျဖစ္မေနစမ္းပါနဲ႔ အခ်စ္ရဲ႕..ေနာ္"
အခ်စ္တဲ့။သူဟာ အေခၚအေဝၚအဆန္းေတြလည္းသုံးတတ္ေသးျပန္၏။ဒီလူမွာလည္းအႀကိမ္ႀကိမ္ရင္ခုန္ရျပန္တာ သူသိႏိုင္ပါ့မလား။
"အခ်စ္"
"အခ်စ္လို႔ မေခၚစမ္းပါနဲ႔ ႐ွင္ရယ္...ကြၽန္မ မေနတတ္ဘူးသိရဲ႕လား"
သူ႕ရဲ႕'အခ်စ္'ဆိုတဲ့ေခၚသံမွာ ရင္ခုန္ရလြန္းေနတာေတာ့ သူသိႏိုင္ပါ့မလား။ခဏ ခဏသာ ေခၚေနရင္ ႏွလုံးခုန္ရပ္ကာ တစ္ခုခုျဖစ္သြားႏိုင္သည္။
"ဟုတ္ပါၿပီ ဒါဆိုလည္းမေခၚေတာ့ပါဘူး
ဒါနဲ႔ သူနဲ႔တို႔အေၾကာင္းကိုေတာ့ ေနာက္မွေျပာျပမယ္ကြယ္..ေနာ္..ရတယ္မလား"
"အြန္း.."
"ဪ..ဒါနဲ႔ ေဆြးနဲ႔ တို႔ခ်စ္သူေတြျဖစ္ေနၿပီဆိုတာ ေန႔ကိုေျပာျပလိုက္ရမလား"
"ဘာလို႔လဲ..ဘာလို႔ေျပာျပမွာလဲ ႐ွင္ရဲ႕"
မမသိသြားမွာကို ႐ွက္ပါသည္။မမက ၾကားထဲမွာ အတန္တန္တားထားရက္နဲ႔ကို ေဆြးေ႐ွ႕တိုးပစ္မိသည္မလား။မမသိရင္ ဆူမွာေသခ်ာသည္။
"ဘာလို႔လဲ ေန႔ကိုေၾကာက္လို႔လား..တို႔ေျပာေပးပါ့မယ္"
"မဟုတ္ဘူး႐ွင္ရဲ႕...မမသိသြားရင္ ႐ွက္လို႔"
"ဪ...ဪ ဟုတ္ပါၿပီ..ဒါဆိုလည္းမေျပာေသးပါဘူး"
"ဟုတ္"
"ေဆြး.."
သူဟာ ဆြဲငင္သံပါေနေသာအသံျဖင့္ေခၚ၏။
"႐ွင္"
"ခ်စ္သူေတြျဖစ္သြားၿပီဆိုေတာ့ေလ..
ဟိုေလ..ဟို.."
"ဘာလဲ ႐ွင္ရဲ႕..ဘာေျပာမွာလဲ"
"နမ္းလို႔ရမလားလို႔..အဲ့ဒါ"
'အင္း'ဟုထြက္ခါနီးမွ အသိကပ္မိသည္။ဒီေန႔မွ ခ်စ္သူျဖစ္တာမဟုတ္လား။ခြင့္ျပဳလိုက္ရင္ နည္းနည္းေတာ့ အကဲပိုရာက်ေနလိမ့္မည္။
"မရပါဘူးေနာ္"
"ေဟာ..ဘာလို႔လဲ"
"ကြၽန္မကမိန္းကေလးေလ"
"တို႔ကက်ေရာ ေယာက်္ားႀကီးမလို႔လား"
"ဒါေတာ့ဘယ္သိမွာ႐ွင္ရဲ႕...ဒါပဲေနာ္ ကြၽန္မ ေရးခ်ိဳးေတာ့မလို႔"
သူ႕ကိုစေနာက္ကာ တစ္ေယာက္တည္းထားခဲ့လိုက္သည္။သူကေတာ့ သေဘာက်လ်က္ရယ္ေမာရင္းက်န္ေနခဲ့သည္။
23.4.2023
/Updateနည္းနည္းၾကာသြားတယ္႐ွင့္