ဤစကားတစ်ခွန်းအဆုံးတွင်။
ပတ်ဝန်းကျင်မြင်ကွင်းတစ်ခုလုံး အောင့်သက်သက်နိုင်သည့်အခြေအနေမျိုးဖြစ်သွားခဲ့သည်။
စုထျန်းသည်လည်း တစ်ခုခုလွဲမှားသွားကြောင်း သတိထားမိလိုက်သည်နှင့်တပြိုင်နက် သူမ၏စကားမှားသွားမှန်း ရိပ်မိသွား၏။ ကသိကအောက်နိုင်နေသည့်ကြားမှ စကားလုံးကို ခပ်ရှက်ရှက်ဖြင့်သာ ပြောင်းပြောလိုက်ရတော့သည်။
"အာ....ဒီတစ်ယောက်က နင့်ရဲ့ချစ်သူကောင်လေးလား"
ဝိန်းရိဖန်လည်း စန်းရန်အား အလိုလိုလှမ်းကြည့်မိလိုက်သည်။
လက်ရှိအချိန်တွင် စန်းရန်က သူမအား လှမ်းကြည့်နေခြင်းဖြစ်ကာ အထက်စီးဆန်လွန်းနေသည့်အကြည့်နှင့်အမူအရာတို့ကြောင့် သူ့အတွေးများကို မခန့်မှန်းနိုင်ပါချေ။
စန်းရန် ကြားသွားခြင်းရှိမရှိကိုလည်း မသိသဖြင့် ချော်လဲရောထိုင်သာလုပ်လိုက်တော့၏။
"အင်း ဟုတ်တယ် ၊ ငါ့ကောင်လေး စန်းရန်"
စကားအဆုံးတွင် ဝိန်းရိဖန်က စန်းရန်ဘက်သို့ ထပ်လှည့်လိုက်၍ ;
"ဒီတစ်ယောက်က ငါ့အလုပ်ကမိတ်ဆွေ ၊ စုထျန်း"
စန်းရန်၏ 'အင်း' ဆိုသည့်အသံတစ်ခု။
ထိုအခါ စုထျန်း၏မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် အမျိုးသားက စကားဆိုလာခဲ့သည်။
"ရှောင်ထျန်း....မင်းရဲ့မိတ်ဆွေလား"
စုထျန်းက ခေါင်းငြိမ့်ပြ၍ ;
"ငါ့ရဲ့လုပ်ဖော်ကိုင်ဖက် ဝိန်းရိဖန်တဲ့"
ထိုအမျိုးသားမှာ ယဥ်ကျေးပျူငှာစွာဖြင့် စတင်ဖိတ်ခေါ်လာခဲ့သည်။
"ကျွန်တော်တို့ဆုံမိကြပြီဆိုမှတော့ တစ်ဝိုင်းတည်းထိုင်ကြမလား"
ဝိန်းရိဖန်က ဤကိစ္စနှင့်ပတ်သတ်ပြီး မဆုံးဖြတ်ချင်သဖြင့် စန်းရန်ထံ လှမ်းကြည့်ကာ မျက်လုံးဖြင့် အမေးအမြန်းပြုလိုက်သည်။
စန်းရန်က သူမအား အဓိပ္ပါယ်ပါပါဖြင့် သုံးလေးစက္ကန့်ကြာအောင်စိုက်ကြည့်နေပြီးမှ ထိုအမျိုးသားဘက်သို့လှည့်သွားပြီး ခေါင်းငြိမ့်ပြ၏။
"အင်း....ကျွန်တော် စားပွဲထိုးကို စားပွဲဝိုင်းအကြီးနဲ့လဲပေးဖို့ပြောလိုက်မယ်"
နေရာထိုင်ခင်း၌ အသင့်ထိုင်ကြပြီးနောက်တွင်တော့ စုထျန်းမှာ ဝိန်းရိဖန်အား တောင်းပန်လိုသည့်အကြည့်မျိုးဖြင့်လှမ်းကြည့်လာသည်။ ဝိန်းရိဖန်က စုထျန်း၏ဆိုလိုရင်းကိုနားလည်ကာ ဘာမှမဖြစ်သည့်အကြောင်း အသာအယာခေါင်းရမ်းပြ၏။
စုထျန်း၏အမူအရာက ထိုအခါတွင်မှ သက်သာရာရသွားပြီး လေးဦးသားက အချင်းချင်းမိတ်ဆက်ပေးရင်း စကားစမြည်ဆိုကြသည်။
စုထျန်းခေါ်လာသည့်အမျိုးသားမှာ သူမ၏ချစ်သူကောင်လေး 'လင်းစွင်' ဖြစ်သည်။ စုထျန်း၏ပြောပြထားပုံအရ ဤအမျိုးသားက စုထျန်း တစ်လပြည့်အောင်မတွဲရသေးသော ရည်းစားအသစ်ဆိုသည့်လူမှန်း ဝိန်းရိဖန် ခန့်မှန်းမိသည်။
ယောက်ျားသားနှစ်ဦးမှာ သူတစ်လှည့် ငါတစ်လှည့်ဖြင့် စကားစ,မပြတ်နိုင်။
စကားပြောနေစဥ်အတွင်း စန်းရန်က ရေနွေးတစ်ခွက်ကိုငှဲ့ပြီး ဝိန်းရိဖန်၏အရှေ့သို့ ချပေးလာခဲ့သည်။ သူမ ကောက်ယူပြီးတစ်ငုံစာသောက်ရုံပင်ရှိသေး ဘေးနားတွင်ချထားသည့်ဖုန်းမက်ဆေ့သံမြည်လာခဲ့ရာ အားနေသည့်လက်တစ်ဖက်ဖြင့် ဖုန်းဖွင့်ကြည့်လိုက်သည်။
စုထျန်းထံမှ မက်ဆေ့။
စုထျန်း ; [ ငါလခွမ်း! ငါ စဥ်းစားလို့ရသွားခဲ့ပြီ! ]
စုထျန်း ; [ နင့်ကောင်လေးက လမ်းသရဲလမ်းမကြီးရဲ့ ဟိုအဓိကခေါင်းကြီးသင်္ကေတမလား ? ? ? ]
ဝိန်းရိဖန်မှာ ရေသီးလုနီးနီး။
သူမ၏လှုပ်ရှားမှုကြောင့် စန်းရန်က လှည့်ကြည့်လာခဲ့ကာ လက်တစ်ဖက်ဖြင့် သူမ၏ကျောပြင်အား အသာအယာပုတ်ပေးလာခဲ့သည်။ သူ့မျက်နှာအနေအထားက ပြောင်းသွားခြင်းမရှိ ၊ စကားသံတို့ကလည်း ဖွဖွလေးဖြစ်၍ ;
"ဖြည်းဖြည်းသောက်"
နောက်တွင် အကြည့်လွှဲသွားပြီး လင်းစွင်နှင့်ဆက်၍ စကားပြောနေ၏။
ကျောကို ပုတ်ပေးနေသည့်လက်တစ်ဖက်မှာတော့ အဆက်မပြတ်ပါပေ။
ဝိန်းရိဖန် နှုတ်ခမ်းကိုကွေး၍ပြုံးပြပြီး တစ်ဆက်တည်း ခေါင်းပါငြိမ့်ပြလိုက်၏။ မျက်လုံးပင့်ကြည့်လိုက်သည့်အခါ စုထျန်း၏အပြုံးကြီးနှင့် တည့်တည့်တိုးလေပြီး နောက်တွင် လက်ကိုင်ဖုန်းကို တဖန်ပြန်ငုံ့ကြည့်လိုက်သည်။
စုထျန်း ; [ ငါ အရင်တုန်းက 'Overtime' ဘားကို သွားတဲ့အချိန် သူ့ကို ခဏခဏတွေ့ဖူးတယ် ]
စုထျန်း ; [ ဟား ဟား ဟား ဟား ရယ်ရလွန်းလို့သေတော့မယ် ၊ နင်ကိုယ်တိုင် ဘဲဘုရင်ကြီးလို့တင်စားထားတာကို ငါ မထူးဆန်းတော့ဘူး ]
စုထျန်း ; [ ဝူး ဝူး ဝူး တကယ်ကြီးကိုအမိုက်စား ၊ ငါ နောက်ဆုံးတော့ နင့်ဘက်က ဘာဖြစ်လို့လိုက်ပိုးပမ်းရလဲဆိုတာကို နားလည်သွားပြီ ]
စုထျန်း ; [ ဒီလောက်ထိ မိုက်ပြီး ဂရုစိုက်တတ်တာ ၊ နင် ရေသီးသွားတာကိုမြင်တော့ ဖြေးဖြေးသောက်ဆိုပြီးသာ ပြောလာပေမယ့် သူ့လက်တစ်ဖက်က အခုထိ နင့်ကျောကိုပုတ်ပေးနေတုန်း! ! ! ]
စုထျန်းက အဘယ်ကြောင့် ရုတ်တရက်ကြီး စန်းရန်၏ fangirl ဖြစ်သွားမှန်း ဝိန်းရိဖန် နားမလည်တော့ချေ။
ဤအခိုက်အတန့်တွင်တော့ စန်းရန်က လမ်းသရဲလမ်းမကြီးထဲတွင် အမှန်တကယ်ကိုနာမည်ကြီးဖြစ်ကြောင်း သူမ လက်ခံလိုက်ရတော့သည်။
ယခုလိုမျိုးအား ဘယ်လိုနည်းလမ်းဖြင့်နာမည်ကြီးလာသည်ဟု ဖော်ပြရမည်မှန်းပင် မသိ။
ဝိန်းရိဖန် ရေတစ်ငုံထပ်သောက်လိုက်၏။
ချက်ချင်းဆိုသလို စုထျန်းက မက်ဆေ့ထပ်ပို့လာသေး၏။
[ ဒါနဲ့..နင် သူ့ကို ဒီလိုနာမည်ပေးထားမှန်း သူ သိထားလား ]
ဝိန်းရိဖန် ; [ သူ မသိဘူး ၊ ဒါပေမယ့် ခုဏတုန်းက ကြားလိုက်မကြားလိုက်တော့ ငါလည်း မသေချာဘူး ]
စုထျန်း ; [ သေချာပေါက် ကြားသွားတာပေါ့ဟ qwq ]
ဝိန်းရိဖန် စာမပြန်ရသေးခင် စန်းရန်က ရုတ်တရက်ဆိုသလို စုထျန်းဘက်သို့လှည့်လာပြီး ယဥ်ယဥ်ကျေးကျေးပြုံးပြ၍ ;
"စုထျန်း....ကျွန်တော် ရိဖန်ဆီကနေ အစ်မရဲ့အကြောင်းကို မကြာခဏကြားဖူးပါတယ် ၊ ကုမ္ပဏီမှာ အစ်မက သူ့ကို အမြဲတမ်းစောင့်ရှောက်ပေးတယ်တဲ့ ၊ ကျေးဇူးတင်ပါတယ်"
စုထျန်းက လက်ကိုင်ဖုန်းကို ချက်ချင်းအောက်ချလိုက်ပြီး အားနာသည့်အလား လက်ဝေ့ရမ်းပြလာခဲ့သည်။
"မဟုတ်တာ မဟုတ်တာ ၊ ရိဖန်က သဘောလည်းကောင်းပြီးသိမ်မွေ့တဲ့သူ ၊ ကျွန်မကသာ စောင့်ရှောက်ပေးခံနေရတာပါ"
စုထျန်းက ဆက်၍ ;
"ရိဖန်ဆီကနေလည်း အစ်ကို့ရဲ့အကြောင်းတွေကို အများကြီးကြားဖူးထားပါတယ်"
စန်းရန်က မျက်ခုံးပင့်လာကာ အထူးတလည်ကိုစိတ်ဝင်စားသွားခဲ့၏။
"အို့ ၊ သူက ကျွန်တော့်အကြောင်း ဘာတွေများပြောထားတာလဲ"
"အများဆုံးပြောတာတော့ အစ်ကိုက ရုပ်ချောတဲ့အကြောင်း....ရုပ်ချောလွန်းလို့ ဘဲ...."
စုထျန်းခမျာ ဖွဖွလေးချောင်းဆိုးလိုက်မိပြီး စကားလုံးများကို ချက်ချင်းပြန်မျိုချလိုက်၍ ;
"သူတွေ့ဖူးသမျှထဲမှာ ရုပ်အချောဆုံးယောက်ျားလေးတဲ့ ၊ ပြီးတော့ အစ်ကိုကသဘောလည်းကောင်းတဲ့အပြင် သူ့ကိုလည်း ဂရုစိုက်တယ်တဲ့"
"ဟုတ်လား"
စန်းရန်က ဝိန်းရိဖန်ဘက်သို့ လှည့်ကြည့်လာကာ တစ်ချက်ပြုံးပြလိုက်၏။ ထိုအပြုံးများထဲတွင် ဖုံးဖိထား၍မရတော့သည့် မထီမဲ့မြင်ပြုခြင်းများက တစိမ့်စိမ့်ထွက်ကျလျက်သား။
"ကျွန်တော့်ကိုလည်း သူ အမြဲတမ်းအဲ့လိုပြောနေကျ"
ဝိန်းရိဖန် ; "...."
ထမင်းစားပြီးနောက်တွင် လေးဦးသားက တစ်ခဏကြာကြာ စကားစမြည်ပြောပြီးသည်နှင့် ပြန်လာခဲ့ကြသည်။
အိမ်ပြန်လမ်းတစ်လျှောက်တွင် ဝိန်းရိဖန်၏စိတ်အခြေအနေမှာ အတော်လေးသက်သောင့်သက်သာမရှိလှ ၊ အဘယ်ကြောင့်ဆိုသော် 'ဘဲဘုရင်ကြီး' ဆိုသည့်စကားလုံးကို စန်းရန် ကြားမကြား မသေချာခြင်းကြောင့်ဖြစ်သည်။ သူမအနေဖြင့် စကားဦးချီ၍လည်း မပြောရဲသဖြင့် တစ်ခဏကြာကြာငြိမ်နေခဲ့ကာ စန်းရန်က ပုံမှန်အတိုင်းသာရှိနေခဲ့သည်ကိုမြင်ပြီးမှ စိတ်လျော့ချလိုက်နိုင်သည်။
အိမ်ပြန်ရောက်သည့်အခါ။
ဝိန်းရိဖန်က အိမ်နေရင်းဖိနပ် လဲစီးနေရင်း အလျင်းသင့်သလိုစကားဆိုလိုက်၏။
"ငါ့အမြင်မှာလေ နင်က ယောက်ျားလေးတွေနဲ့ပေါင်းသင်းတဲ့နေရာမှာ အရမ်းတော်တယ်သိလား ၊ အထက်တန်းကျောင်းတုန်းကဆိုလည်း အတူတူပဲ ၊ အခုလည်း နင် လင်းစွင်နဲ့ပထမဆုံးတွေ့ဖူးတာတောင်မှ သူနဲ့ စကားတွေအများကြီးပြောနိုင်သေးတယ်"
စန်းရန်က 'အင်း' ဟု ပျင်းတိပျင်းရွဲဖြင့် ပြန်ဖြေလာ၏။
"လင်းစွင်ဆိုတဲ့လူကလည်း ကြည့်ရတာ နွေးနွေးထွေးထွေးနဲ့ အတော်လေးရည်မွန်မယ့်ပုံပါပဲ"
ဝိန်းရိဖန်က ဆိုဖာထက်တွင်ထိုင်ပြီး ဆက်၍ ;
"စုထျန်းက အဲ့လို ရင့်ကျက်ပြီးတည်ငြိမ်တဲ့ပုံစံမျိုးကို သဘောကျတာထင်တယ်"
"အို့.....အရမ်းကို အသစ်အဆန်းဖြစ်ရပါတယ်"
ဝိန်းရိဖန် ကြောင်အမ်းသွားရ၏။
"ဘာဖြစ်တယ်"
စန်းရန်က ရေတစ်ခွက်ငှဲ့ပြီး သူမ၏လက်ထဲထည့်ပေးလာ၏။ နောက်တွင် ဝိန်းရိဖန်ဘက်သို့လှည့်ကာ တည့်တည့်စိုက်ကြည့်လာ၍ ;
"သာမန်လူတွေ လက်တွဲဖော်ရွေးချယ်ဖို့သတ်မှတ်ထားတဲ့စံနှုန်းက အနည်းဆုံးတော့ 'လူ'တစ်ယောက်ဖြစ်ရင်ရပြီဆိုတဲ့စံနှုန်း"
"...."
ကျန်နေသေးသည့်စကားများထွက်မကျလာခင် သူဆိုလိုချင်သည်နှင့်အဓိပ္ပါယ်အား ဝိန်းရိဖန် နားလည်နေနှင့်ပြီပေ။
"ကိုယ့်ကောင်မလေးကကျတော့ တမူထူးခြားစွာနဲ့ကို...."
စန်းရန်က အပြုံးမမြည်သောအပြုံးဖြင့် ;
"သူများနဲ့မတူတဲ့ ဘဲတစ်ကောင်ကို ရွေးထားတာလေ"
"...."
ဝိန်းရိဖန်၏ဦးရေပြားတစ်ခုလုံး ထုံထိုင်းနေသည့်အလား မကြားချင်ယောင်ဆောင်နေကာ ရေခွက်ကိုပြန်လှမ်းပေးလိုက်၏။
"သောက်ဦးမလား"
စန်းရန်က ပြုံးနေရင်းဖြင့် ;
"မသောက်ဘူး"
ဝိန်းရိဖန် 'အို့' ဟုအသံတစ်ချင်ပြုပြီး ကိုယ့်ဘာသာကိုယ်ဆက်သောက်နေလိုက်၏။
"ကိုယ် ရှင်းရှင်းလင်းလင်း မသိသေးတာကလေ...."
စန်းရန်က ဆိုဖာနောက်သို့ ကျောမှီထိုင်လိုက်ပြီး နှစ်ယောက်တည်းသာရှိတော့သည့်နေရာသို့ရောက်သည့်အခါတွင်တော့ စတင်ပြီး စာရင်းရှင်းဖို့ရာ ပြင်နေပါတော့သည်။
"ကိုယ့်ရဲ့အရည်အချင်းတွေက အစတည်းကကို ဒီလောက်ကြီးထိမြင့်လွန်းနေခဲ့လို့ ဘဲဘုရင်ကြီးအဆင့်ထိ ရောက်နေပြီပဲထား...."
"...."
"ဒါနဲ့များ တစ်ယောက်ယောက်က ပြောဖူးထားသလားလို့...."
စန်းရန်၏လက်ချောင်းထိပ်များက သူမ၏လက်ချောင်းများကို လှမ်းချိတ်လာပြီး ထိုမှတဆင့် လက်ကောက်ဝတ်ပေါ်သို့ တဖြည်းဖြည်းတက်လာကာ စိန်ခေါ်နေသည့်စကားသံတို့ဖြင့် ;
"ကိုယ့်ရဲ့ဝန်ဆောင်မှုတွေက သတ်မှတ်ထားတဲ့စံနှုန်းကိုမမီသေးဘူးဆိုပြီး...."
ဝိန်းရိဖန်က မနေနိုင်အောင် ပြန်ပြောလာခဲ့၏။
"နင် ခုဏတုန်းကကျတော့ ဘာလို့မပြောဘဲငြိမ်နေတာလဲ"
စန်းရန်က မျက်ခုံးကိုပင့် ၊ အသံအနေအထားကိုနိမ့်လိုက်၍ ;
"ဒီစကားတွေက ပြောထွက်လာဖို့ခက်တယ်လေ"
"...."
ဝိန်းရိဖန်၏အမြင်တွင် စန်းရန်၏ပုံစံမှာ ပြောထွက်ရခက်နေသည့်အခြေအနေမျိုး လုံးဝ လုံးဝ လုံးဝ မဟုတ်။
ပြောင်းပြန်အနေဖြင့် ထိုလူမှာ နေရာမျိုးစုံ သရုပ်ဆောင်ကွက်မျိုးစုံကို အမြန်ဆုံးပြောင်းနိုင်သည့်လူပင်။
"ဒါကတော့....နင် အပြင်ထွက်ပြီးပစ္စည်းတစ်ခုခုဝယ်ပြီပဲထား ၊ ပစ္စည်းတစ်ခုအပေါ် စိတ်ကျေနပ်မှုအပြည့်ရှိနေပြီးရင်တောင်.."
ဝိန်းရိဖန်က ဖန်ခွက်ကိုချလိုက်ပြီး တည်ငြိမ်ချင်ယောင်ဆောင်၍ ;
"မဖြစ်မနေ လျော့စျေးပေးဖို့ စျေးဆစ်ကြသေးတာပဲဟာ"
နှစ်ဦးသား၏မျက်ဝန်းနှစ်စုံမှာ အကြည့်ချင်းဆုံလျက်သားနှင့်။
စန်းရန်က သူမ၏စကားနှင့်ပတ်သတ်ပြီး မှတ်ချက်ပြုမလာပါပေ။
သူ့အမူအရာကိုကြည့်နေရင်း ဝိန်းရိဖန်က အနားသို့ကပ်လိုက်ကာ သူ့အား ဖွဖွလေးနမ်းလိုက်၏။ ဘာကြောင့်မှန်းမသိ ရယ်ချင်နေသောကြောင့် ချက်ချင်းရပ်လိုက်ပြီး တစ်ကိုယ်တည်းရယ်နေလေတော့သည်။
စန်းရန် ;
"ဘာရယ်တာလဲ"
"ငါ အဲ့အချိန်တုန်းက နင့်ကို ဘယ်လိုစကားမျိုးနဲ့ပုံဖော်ပြရမယ်မှန်း စဥ်းစားမရခဲ့လို့ ၊ 'ခေါင်းကြီးသင်္ကေတ'လို့ ပြောလိုက်ရင် စုထျန်းက နင်မှန်း တန်းသိသွားမှာကိုကြောက်လို့ အဓိပ္ပါယ်ချင်းဆင်တဲ့စကားလုံးကို မနည်းစဥ်းစားပြီးပြောခဲ့ရတာ"
စန်းရန်က သူမ၏လက်ချောင်းများကို ဖြစ်ညှစ်ပစ်လိုက်၏။
"ငါတို့နှစ်ယောက် တွဲလိုက်ပြီဖြစ်တဲ့အကြောင်း စုထျန်းကို ပြောပြတဲ့အချိန်"
ဝိန်းရိဖန်က ထပ်၍ရယ်လိုက်ရင်း ;
"သူက ငါ့ကိုပါ ဘဲမိဖုရားခေါင်ကြီးလို့ ခေါ်တာ"
ဤစကားကိုကြားသည့်အခါ စန်းရန်၏မျက်ခုံးများလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့သည်။
အကြောင်းစုံရှင်းပြပြီးသည့်နောက် ဝိန်းရိဖန်က ဆက်၍အနမ်းခြွေရင်း ဝိုးတိုးဝါးတားဖြင့်စကားဆိုလိုက်၏။
"ငါလည်း နင့်ဘက်ကပါပဲနော်"
"...."
--------
ရှေ့လျှောက်ရက်များတွင်။
ဝိန်းရိဖန်က ရဲစခန်းသို့ နောက်တစ်ကြိမ်ထပ်သွားရပြီး ဤတစ်ကြိမ်တွင် စန်းရန်ပါ အဖော်လိုက်လာခဲ့ကာ တိုက်တိုက်ဆိုင်ဆိုင် ချယ်ယန့်ချင်နှင့် ဆုံလေသည်။ ချယ်ယန့်ချင်သည် ဝိန်းရိဖန်နှင့် အကြိမ်ကြိမ်မျက်လုံးချင်းဆုံနေပါသည့်တိုင် သူမနှင့်ပြေလည်ရာပြေလည်ကြောင်း စကားစဆိုလာခြင်း တစ်ကြိမ်မှမရှိ။ ဝိန်းရိဖန်၏ဘေးတွင်ပါလာသည့် စန်းရန်ကို သတိထားမိပြီးနောက်တွင်တော့ မည်သည့်အရာကိုတွေးမိသွားမှန်းမသိ ၊ အကြည့်များက စန်းရန်ရှိသည့်ဘက်သို့ မကြာခဏရောက်လာ၍ ;
"ကောင်လေး....မင်းက ရွှမ်းကျန့်ရဲ့ရည်းစားလား"
စန်းရန်က မျက်လုံးပင် ပင့်မကြည့်ဘဲ လျစ်လျူရှုနေသည့်အမူအရာကို ကွက်ကွက်ကွင်းကွင်းလုပ်ပြနေလေ၏။
ချယ်ယန့်ချင်က မဆီမဆိုင်ဖြင့် ထပ်၍ စကားဆိုလာသည်။
"ငါကြည့်ရတာတော့ မင်းရဲ့အခြေအနေက တော်တော်လေးကောင်းမယ့်ပုံပါပဲ ၊ ဘာလို့ ငါ့တူမလိုလူမျိုးကို ရှာကြိုက်နေတာလဲ"
စန်းရန်မှာ နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း ခနဲ့တဲ့တဲ့လှောင်ရယ်ကာ လျစ်လျူရှုထားဆဲပင်။
ချယ်ယန့်ချင်က သုံးလေးခွန်းဆက်ပြောနေသေးသော်လည်း မည်သည့်တုံ့ပြန်မှုမျိုးကိုမှပြန်မရသဖြင့် ဒေါသထွက်လာကာ ဝိန်းရိဖန်ဘက်သို့လှည့်လာခဲ့သည်။
"ရွှမ်းကျန့် ၊ နင် ဘယ်လိုလူမျိုးကို ရှာထားတာလဲ ၊ မိဘသွန်သင်ဆုံးမမှု မရှိဘူးလား"
ဝိန်းရိဖန် ;
"သူ့မိဘတွေသွန်သင်ဆုံးမထားလို့ သိတတ်တာလည်း လွန်မှလွန် ၊ ရှင့်ကိစ္စမဟုတ်တာလေးတစ်ခုပဲ"
ချယ်ယန့်ချင် ;
"လူကြီး စကားပြောနေတာကို မကြားသလိုလုပ်နေတာက ဆုံးမသွန်သင်မှုကောင်းတဲ့ပုံစံလား"
ဝိန်းရိဖန် ;
"လေးစားခံချင်ရင် ရှင့်ပုံစံကို ရှင်အရင်ပြန်ကြည့်လိုက်လေ ၊ သံရည်ကြိုစက်နဲ့ ပုံသွင်းပေးရင်တောင် ကယ်လို့မရတော့တဲ့အနေအထားနဲ့"
"...."
ရဲစခန်းမှထွက်လာပြီးသည့်အခါ။
စန်းရန်က သူမ၏ဆွေမျိုးများနှင့် ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည့်အတွက်ကြောင့် ဝိန်းရိဖန်၏စိတ်ထဲ အနည်းငယ်နေရထိုင်ရခက်နေလေသည်။
"ငါ့ဆွေမျိုးက တော်တော်လေးထူးဆန်းတယ်မလား ၊ နင်တောင် ဒီလိုမျိုးတွေ တွေ့ဖူးချင်မှတွေ့ဖူးမှာ...."
"ကိုယ့်ကို ကာကွယ်ပေးရမှန်း သိသေးတယ်ပေါ့"
ဝိန်းရိဖန် ယခုလိုမျိုး တစ်ခွန်းမကျန်ခံပြောတတ်သည့်ပုံစံအား စန်းရန်အနေဖြင့် ပထမဆုံးတွေ့ဖူးခြင်းဖြစ်ရာ သူမ၏ဆံပင်များကို အားပြင်းပြင်းဆွဲဖွပြီး ပြုံးလိုက်၏။
"ဝိန်းရွှမ်းကျန့် ၊ လက်စသတ်တော့ မင်းက စွာတတ်သေးတာပဲ"
ထိုအခါတွင်မှ ဝိန်းရိဖန်တစ်ယောက် ကသိကအောက်နိုင်ပါလေတော့၏။
စန်းရန်က ဆက်၍ ;
"တော်တယ်"
ဝိန်းရိဖန် ကြောင်အမ်းသွားရတော့သည့်အချိန်တွင်။
"ဒီလောကကြီးထဲမှာ အကျင့်စာရိတ္တမကောင်းတဲ့လူတွေ အများကြီးမှအများကြီး ၊ အဲ့လိုလူမျိုးတွေက မင်းကို လာပြီးအနိုင်ကျင့်မှာကို ဘယ်တော့မှမခံရဘူး ၊ အဲ့လူမျိုးတွေ ခေါင်းပေါ်တက်လာမှာကိုလည်း ငြိမ်မခံနဲ့"
စန်းရန်က ခန္ဓာကိုယ်ကိုင်းပြီး သူမနှင့်အကြည့်ချင်းဆုံလိုက်ကာ အလေးအနက်ဖြင့် ;
"သူတို့လိုလူမျိုးတွေနဲ့ တွေ့တဲ့အခါကျရင် ကိုယ့်ကို ကာကွယ်ပေးသလိုမျိုး မင်းကိုယ်မင်းကာကွယ်ရမယ်....သဘောပေါက်လား"
"...."
ဝိန်းရိဖန် ပြန်လှမ်းကြည့်နေရင်း ;
"အင်း"
"ဘယ်လိုကိစ္စမျိုးနဲ့ပဲ တွေ့လာပါစေ...."
စန်းရန်က လုပ်နေကျအတိုင်း သူမ၏မျက်နှာအား ဆွဲညှစ်ကာ သူ့စကားသံတို့က အေးတိအေးစက်ဖြစ်နေပါသော်လည်း နှစ်သိမ့်ပြီးအားပေးနေသည့်အငွေ့အသက်တို့ ပါဝင်နေခဲ့သည်။
"ဖြေရှင်းနိုင်ရင်တော့ ထားလိုက် ၊ မဖြေရှင်းနိုင်တော့ဘူးဆိုရင် ကိုယ့်ကိုလာရှာဖို့မမေ့ရဘူး"
ဝိန်းရိဖန်က မျက်တောင်မခတ်တမ်း စန်းရန်အား စိုက်ကြည့်နေလိုက်၏။
စန်းရန်က စကားတစ်ခွန်းထပ်မဆိုတော့ဘဲ ဝိန်းရိဖန်အား စိုက်ကြည့်နေသည်မှာ သူမထံမှအဖြေကိုစောင့်နေသည့်ဟန်။
ရဲစခန်း၏အပြင်တွင် ဖြတ်သွားဖြတ်လာလူများက မရေမတွက်အောင်ရှိနေသည့်အချိန်။
ဝိန်းရိဖန် ရုတ်တရယ် ရယ်မောလိုက်သည်မှာ မျက်ဝန်းလေးများပါကွေးသွားသည်အထိ။
"သိပါပြီ"
အဖြေစကားကြောင့် စန်းရန်သည်လည်း အောက်နှုတ်ခမ်းပါးအား ပါးချိုင့်ရာလေးပေါ်လာသည်အထိ ကွေးညွှတ်၍ပြုံးလိုက်၏။ လက်တစ်ဖက်က ဝိန်းရိဖန်၏မျက်နှာဘေးရှိ လျှောကျနေသည့်ဆံပင်များကို သပ်တင်ပေးရင်း ကျန်နေသေးသည့်စကားလုံးကို ရေရွတ်လာခဲ့သည်။
"မှတ်ထားရမှာက.....မင်းဆီမှာ မင်းကို ထောက်ပံ့ပေးနေမယ့် ကိုယ်တစ်ယောက်လုံးရှိတယ်"
******************
~~Zawgyi~~
ဤစကားတစ္ခြန္းအဆုံးတြင္။
ပတ္ဝန္းက်င္ျမင္ကြင္းတစ္ခုလုံး ေအာင့္သက္သက္နိုင္သည့္အေျခအေနမ်ိဳးျဖစ္သြားခဲ့သည္။
စုထ်န္းသည္လည္း တစ္ခုခုလြဲမွားသြားေၾကာင္း သတိထားမိလိုက္သည္ႏွင့္တၿပိဳင္နက္ သူမ၏စကားမွားသြားမွန္း ရိပ္မိသြား၏။ ကသိကေအာက္နိုင္ေနသည့္ၾကားမွ စကားလုံးကို ခပ္ရွက္ရွက္ျဖင့္သာ ေျပာင္းေျပာလိုက္ရေတာ့သည္။
"အာ....ဒီတစ္ေယာက္က နင့္ရဲ႕ခ်စ္သူေကာင္ေလးလား"
ဝိန္းရိဖန္လည္း စန္းရန္အား အလိုလိုလွမ္းၾကည့္မိလိုက္သည္။
လက္ရွိအခ်ိန္တြင္ စန္းရန္က သူမအား လွမ္းၾကည့္ေနျခင္းျဖစ္ကာ အထက္စီးဆန္လြန္းေနသည့္အၾကည့္ႏွင့္အမူအရာတို႔ေၾကာင့္ သူ႕အေတြးမ်ားကို မခန့္မွန္းနိုင္ပါေခ်။
စန္းရန္ ၾကားသြားျခင္းရွိမရွိကိုလည္း မသိသျဖင့္ ေခ်ာ္လဲေရာထိုင္သာလုပ္လိုက္ေတာ့၏။
"အင္း ဟုတ္တယ္ ၊ ငါ့ေကာင္ေလး စန္းရန္"
စကားအဆုံးတြင္ ဝိန္းရိဖန္က စန္းရန္ဘက္သို႔ ထပ္လွည့္လိုက္၍ ;
"ဒီတစ္ေယာက္က ငါ့အလုပ္ကမိတ္ေဆြ ၊ စုထ်န္း"
စန္းရန္၏ 'အင္း' ဆိုသည့္အသံတစ္ခု။
ထိုအခါ စုထ်န္း၏မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေနသည့္ အမ်ိဳးသားက စကားဆိုလာခဲ့သည္။
"ေရွာင္ထ်န္း....မင္းရဲ႕မိတ္ေဆြလား"
စုထ်န္းက ေခါင္းၿငိမ့္ျပ၍ ;
"ငါ့ရဲ႕လုပ္ေဖာ္ကိုင္ဖက္ ဝိန္းရိဖန္တဲ့"
ထိုအမ်ိဳးသားမွာ ယဥ္ေက်းပ်ဴငွာစြာျဖင့္ စတင္ဖိတ္ေခၚလာခဲ့သည္။
"ကြၽန္ေတာ္တို႔ဆုံမိၾကၿပီဆိုမွေတာ့ တစ္ဝိုင္းတည္းထိုင္ၾကမလား"
ဝိန္းရိဖန္က ဤကိစၥႏွင့္ပတ္သတ္ၿပီး မဆုံးျဖတ္ခ်င္သျဖင့္ စန္းရန္ထံ လွမ္းၾကည့္ကာ မ်က္လုံးျဖင့္ အေမးအျမန္းျပဳလိုက္သည္။
စန္းရန္က သူမအား အဓိပ္ပါယ်ပါပါဖြင့် သုံးေလးစကၠန့္ၾကာေအာင္စိုက္ၾကည့္ေနၿပီးမွ ထိုအမ်ိဳးသားဘက္သို႔လွည့္သြားၿပီး ေခါင္းၿငိမ့္ျပ၏။
"အင္း....ကြၽန္ေတာ္ စားပြဲထိုးကို စားပြဲဝိုင္းအႀကီးနဲ႕လဲေပးဖို႔ေျပာလိုက္မယ္"
ေနရာထိုင္ခင္း၌ အသင့္ထိုင္ၾကၿပီးေနာက္တြင္ေတာ့ စုထ်န္းမွာ ဝိန္းရိဖန္အား ေတာင္းပန္လိုသည့္အၾကည့္မ်ိဳးျဖင့္လွမ္းၾကည့္လာသည္။ ဝိန္းရိဖန္က စုထ်န္း၏ဆိုလိုရင္းကိုနားလည္ကာ ဘာမွမျဖစ္သည့္အေၾကာင္း အသာအယာေခါင္းရမ္းျပ၏။
စုထ်န္း၏အမူအရာက ထိုအခါတြင္မွ သက္သာရာရသြားၿပီး ေလးဦးသားက အခ်င္းခ်င္းမိတ္ဆက္ေပးရင္း စကားစျမည္ဆိုၾကသည္။
စုထ်န္းေခၚလာသည့္အမ်ိဳးသားမွာ သူမ၏ခ်စ္သူေကာင္ေလး 'လင္းစြင္' ျဖစ္သည္။ စုထ်န္း၏ေျပာျပထားပုံအရ ဤအမ်ိဳးသားက စုထ်န္း တစ္လျပည့္ေအာင္မတြဲရေသးေသာ ရည္းစားအသစ္ဆိုသည့္လူမွန္း ဝိန္းရိဖန္ ခန့္မွန္းမိသည္။
ေယာက္်ားသားႏွစ္ဦးမွာ သူတစ္လွည့္ ငါတစ္လွည့္ျဖင့္ စကားစ,မျပတ္နိုင္။
စကားေျပာေနစဥ္အတြင္း စန္းရန္က ေရႏြေးတစ္ခြက္ကိုငွဲ႕ၿပီး ဝိန္းရိဖန္၏အေရွ႕သို႔ ခ်ေပးလာခဲ့သည္။ သူမ ေကာက္ယူၿပီးတစ္ငုံစာေသာက္႐ုံပင္ရွိေသး ေဘးနားတြင္ခ်ထားသည့္ဖုန္းမက္ေဆ့သံျမည္လာခဲ့ရာ အားေနသည့္လက္တစ္ဖက္ျဖင့္ ဖုန္းဖြင့္ၾကည့္လိုက္သည္။
စုထ်န္းထံမွ မက္ေဆ့။
စုထ်န္း ; [ ငါလခြမ္း! ငါ စဥ္းစားလို႔ရသြားခဲ့ၿပီ! ]
စုထ်န္း ; [ နင့္ေကာင္ေလးက လမ္းသရဲလမ္းမႀကီးရဲ႕ ဟိုအဓိကေခါင္းႀကီးသေကၤတမလား ? ? ? ]
ဝိန္းရိဖန္မွာ ေရသီးလုနီးနီး။
သူမ၏လႈပ္ရွားမႈေၾကာင့္ စန္းရန္က လွည့္ၾကည့္လာခဲ့ကာ လက္တစ္ဖက္ျဖင့္ သူမ၏ေက်ာျပင္အား အသာအယာပုတ္ေပးလာခဲ့သည္။ သူ႕မ်က္ႏွာအေနအထားက ေျပာင္းသြားျခင္းမရွိ ၊ စကားသံတို႔ကလည္း ဖြဖြေလးျဖစ္၍ ;
"ျဖည္းျဖည္းေသာက္"
ေနာက္တြင္ အၾကည့္လႊဲသြားၿပီး လင္းစြင္ႏွင့္ဆက္၍ စကားေျပာေန၏။
ေက်ာကို ပုတ္ေပးေနသည့္လက္တစ္ဖက္မွာေတာ့ အဆက္မျပတ္ပါေပ။
ဝိန္းရိဖန္ ႏႈတ္ခမ္းကိုေကြး၍ၿပဳံးျပၿပီး တစ္ဆက္တည္း ေခါင္းပါၿငိမ့္ျပလိုက္၏။ မ်က္လုံးပင့္ၾကည့္လိုက္သည့္အခါ စုထ်န္း၏အၿပဳံးႀကီးႏွင့္ တည့္တည့္တိုးေလၿပီး ေနာက္တြင္ လက္ကိုင္ဖုန္းကို တဖန္ျပန္ငုံ႕ၾကည့္လိုက္သည္။
စုထ်န္း ; [ ငါ အရင္တုန္းက 'Overtime' ဘားကို သြားတဲ့အခ်ိန္ သူ႕ကို ခဏခဏေတြ႕ဖူးတယ္ ]
စုထ်န္း ; [ ဟား ဟား ဟား ဟား ရယ္ရလြန္းလို႔ေသေတာ့မယ္ ၊ နင္ကိုယ္တိုင္ ဘဲဘုရင္ႀကီးလို႔တင္စားထားတာကို ငါ မထူးဆန္းေတာ့ဘူး ]
စုထ်န္း ; [ ဝူး ဝူး ဝူး တကယ္ႀကီးကိုအမိုက္စား ၊ ငါ ေနာက္ဆုံးေတာ့ နင့္ဘက္က ဘာျဖစ္လို႔လိုက္ပိုးပမ္းရလဲဆိုတာကို နားလည္သြားၿပီ ]
စုထ်န္း ; [ ဒီေလာက္ထိ မိုက္ၿပီး ဂ႐ုစိုက္တတ္တာ ၊ နင္ ေရသီးသြားတာကိုျမင္ေတာ့ ေျဖးေျဖးေသာက္ဆိုၿပီးသာ ေျပာလာေပမယ့္ သူ႕လက္တစ္ဖက္က အခုထိ နင့္ေက်ာကိုပုတ္ေပးေနတုန္း! ! ! ]
စုထ်န္းက အဘယ္ေၾကာင့္ ႐ုတ္တရက္ႀကီး စန္းရန္၏ fangirl ျဖစ္သြားမွန္း ဝိန္းရိဖန္ နားမလည္ေတာ့ေခ်။
ဤအခိုက္အတန့္တြင္ေတာ့ စန္းရန္က လမ္းသရဲလမ္းမႀကီးထဲတြင္ အမွန္တကယ္ကိုနာမည္ႀကီးျဖစ္ေၾကာင္း သူမ လက္ခံလိုက္ရေတာ့သည္။
ယခုလိုမ်ိဳးအား ဘယ္လိုနည္းလမ္းျဖင့္နာမည္ႀကီးလာသည္ဟု ေဖာ္ျပရမည္မွန္းပင္ မသိ။
ဝိန္းရိဖန္ ေရတစ္ငုံထပ္ေသာက္လိုက္၏။
ခ်က္ခ်င္းဆိုသလို စုထ်န္းက မက္ေဆ့ထပ္ပို႔လာေသး၏။
[ ဒါနဲ႕..နင္ သူ႕ကို ဒီလိုနာမည္ေပးထားမွန္း သူ သိထားလား ]
ဝိန္းရိဖန္ ; [ သူ မသိဘူး ၊ ဒါေပမယ့္ ခုဏတုန္းက ၾကားလိုက္မၾကားလိုက္ေတာ့ ငါလည္း မေသခ်ာဘူး ]
စုထ်န္း ; [ ေသခ်ာေပါက္ ၾကားသြားတာေပါ့ဟ qwq ]
ဝိန္းရိဖန္ စာမျပန္ရေသးခင္ စန္းရန္က ႐ုတ္တရက္ဆိုသလို စုထ်န္းဘက္သို႔လွည့္လာၿပီး ယဥ္ယဥ္ေက်းေက်းၿပဳံးျပ၍ ;
"စုထ်န္း....ကြၽန္ေတာ္ ရိဖန္ဆီကေန အစ္မရဲ႕အေၾကာင္းကို မၾကာခဏၾကားဖူးပါတယ္ ၊ ကုမၸဏီမွာ အစ္မက သူ႕ကို အၿမဲတမ္းေစာင့္ေရွာက္ေပးတယ္တဲ့ ၊ ေက်းဇူးတင္ပါတယ္"
စုထ်န္းက လက္ကိုင္ဖုန္းကို ခ်က္ခ်င္းေအာက္ခ်လိဳက္ၿပီး အားနာသည့္အလား လက္ေဝ့ရမ္းျပလာခဲ့သည္။
"မဟုတ္တာ မဟုတ္တာ ၊ ရိဖန္က သေဘာလည္းေကာင္းၿပီးသိမ္ေမြ႕တဲ့သူ ၊ ကြၽန္မကသာ ေစာင့္ေရွာက္ေပးခံေနရတာပါ"
စုထ်န္းက ဆက္၍ ;
"ရိဖန္ဆီကေနလည္း အစ္ကို႔ရဲ႕အေၾကာင္းေတြကို အမ်ားႀကီးၾကားဖူးထားပါတယ္"
စန္းရန္က မ်က္ခုံးပင့္လာကာ အထူးတလည္ကိုစိတ္ဝင္စားသြားခဲ့၏။
"အို႔ ၊ သူက ကြၽန္ေတာ့္အေၾကာင္း ဘာေတြမ်ားေျပာထားတာလဲ"
"အမ်ားဆုံးေျပာတာေတာ့ အစ္ကိုက ႐ုပ္ေခ်ာတဲ့အေၾကာင္း....႐ုပ္ေခ်ာလြန္းလို႔ ဘဲ...."
စုထ်န္းခမ်ာ ဖြဖြေလးေခ်ာင္းဆိုးလိုက္မိၿပီး စကားလုံးမ်ားကို ခ်က္ခ်င္းျပန္မ်ိဳခ်လိဳက္၍ ;
"သူေတြ႕ဖူးသမွ်ထဲမွာ ႐ုပ္အေခ်ာဆုံးေယာက္်ားေလးတဲ့ ၊ ၿပီးေတာ့ အစ္ကိုကသေဘာလည္းေကာင္းတဲ့အျပင္ သူ႕ကိုလည္း ဂ႐ုစိုက္တယ္တဲ့"
"ဟုတ္လား"
စန္းရန္က ဝိန္းရိဖန္ဘက္သို႔ လွည့္ၾကည့္လာကာ တစ္ခ်က္ၿပဳံးျပလိုက္၏။ ထိုအၿပဳံးမ်ားထဲတြင္ ဖုံးဖိထား၍မရေတာ့သည့္ မထီမဲ့ျမင္ျပဳျခင္းမ်ားက တစိမ့္စိမ့္ထြက္က်လ်က္သား။
"ကြၽန္ေတာ့္ကိုလည္း သူ အၿမဲတမ္းအဲ့လိုေျပာေနက်"
ဝိန္းရိဖန္ ; "...."
ထမင္းစားၿပီးေနာက္တြင္ ေလးဦးသားက တစ္ခဏၾကာၾကာ စကားစျမည္ေျပာၿပီးသည္ႏွင့္ ျပန္လာခဲ့ၾကသည္။
အိမ္ျပန္လမ္းတစ္ေလွ်ာက္တြင္ ဝိန္းရိဖန္၏စိတ္အေျခအေနမွာ အေတာ္ေလးသက္ေသာင့္သက္သာမရွိလွ ၊ အဘယ္ေၾကာင့္ဆိုေသာ္ 'ဘဲဘုရင္ႀကီး' ဆိုသည့္စကားလုံးကို စန္းရန္ ၾကားမၾကား မေသခ်ာျခင္းေၾကာင့္ျဖစ္သည္။ သူမအေနျဖင့္ စကားဦးခ်ီ၍လည္း မေျပာရဲသျဖင့္ တစ္ခဏၾကာၾကာၿငိမ္ေနခဲ့ကာ စန္းရန္က ပုံမွန္အတိုင္းသာရွိေနခဲ့သည္ကိုျမင္ၿပီးမွ စိတ္ေလ်ာ့ခ်လိဳက္နိုင္သည္။
အိမ္ျပန္ေရာက္သည့္အခါ။
ဝိန္းရိဖန္က အိမ္ေနရင္းဖိနပ္ လဲစီးေနရင္း အလ်င္းသင့္သလိုစကားဆိုလိုက္၏။
"ငါ့အျမင္မွာေလ နင္က ေယာက္်ားေလးေတြနဲ႕ေပါင္းသင္းတဲ့ေနရာမွာ အရမ္းေတာ္တယ္သိလား ၊ အထက္တန္းေက်ာင္းတုန္းကဆိုလည္း အတူတူပဲ ၊ အခုလည္း နင္ လင္းစြင္နဲ႕ပထမဆုံးေတြ႕ဖူးတာေတာင္မွ သူနဲ႕ စကားေတြအမ်ားႀကီးေျပာနိုင္ေသးတယ္"
စန္းရန္က 'အင္း' ဟု ပ်င္းတိပ်င္း႐ြဲျဖင့္ ျပန္ေျဖလာ၏။
"လင္းစြင္ဆိုတဲ့လူကလည္း ၾကည့္ရတာ ႏြေးႏြေးေထြးေထြးနဲ႕ အေတာ္ေလးရည္မြန္မယ့္ပုံပါပဲ"
ဝိန္းရိဖန္က ဆိုဖာထက္တြင္ထိုင္ၿပီး ဆက္၍ ;
"စုထ်န္းက အဲ့လို ရင့္က်က္ၿပီးတည္ၿငိမ္တဲ့ပုံစံမ်ိဳးကို သေဘာက်တာထင္တယ္"
"အို႔.....အရမ္းကို အသစ္အဆန္းျဖစ္ရပါတယ္"
ဝိန္းရိဖန္ ေၾကာင္အမ္းသြားရ၏။
"ဘာျဖစ္တယ္"
စန္းရန္က ေရတစ္ခြက္ငွဲ႕ၿပီး သူမ၏လက္ထဲထည့္ေပးလာ၏။ ေနာက္တြင္ ဝိန္းရိဖန္ဘက္သို႔လွည့္ကာ တည့္တည့္စိုက္ၾကည့္လာ၍ ;
"သာမန္လူေတြ လက္တြဲေဖာ္ေ႐ြးခ်ယ္ဖို႔သတ္မွတ္ထားတဲ့စံႏႈန္းက အနည္းဆုံးေတာ့ 'လူ'တစ္ေယာက္ျဖစ္ရင္ရၿပီဆိုတဲ့စံႏႈန္း"
"...."
က်န္ေနေသးသည့္စကားမ်ားထြက္မက်လာခင္ သူဆိုလိုချင်သည်နှင့်အဓိပ္ပါယ်အား ဝိန္းရိဖန္ နားလည္ေနႏွင့္ၿပီေပ။
"ကိုယ့္ေကာင္မေလးကက်ေတာ့ တမူထူးျခားစြာနဲ႕ကို...."
စန္းရန္က အၿပဳံးမျမည္ေသာအၿပဳံးျဖင့္ ;
"သူမ်ားနဲ႕မတူတဲ့ ဘဲတစ္ေကာင္ကို ေ႐ြးထားတာေလ"
"...."
ဝိန္းရိဖန္၏ဦးေရျပားတစ္ခုလုံး ထုံထိုင္းေနသည့္အလား မၾကားခ်င္ေယာင္ေဆာင္ေနကာ ေရခြက္ကိုျပန္လွမ္းေပးလိုက္၏။
"ေသာက္ဦးမလား"
စန္းရန္က ၿပဳံးေနရင္းျဖင့္ ;
"မေသာက္ဘူး"
ဝိန္းရိဖန္ 'အို႔' ဟုအသံတစ္ခ်င္ျပဳၿပီး ကိုယ့္ဘာသာကိုယ္ဆက္ေသာက္ေနလိုက္၏။
"ကိုယ္ ရွင္းရွင္းလင္းလင္း မသိေသးတာကေလ...."
စန္းရန္က ဆိုဖာေနာက္သို႔ ေက်ာမွီထိုင္လိုက္ၿပီး ႏွစ္ေယာက္တည္းသာရွိေတာ့သည့္ေနရာသို႔ေရာက္သည့္အခါတြင္ေတာ့ စတင္ၿပီး စာရင္းရွင္းဖို႔ရာ ျပင္ေနပါေတာ့သည္။
"ကိုယ့္ရဲ႕အရည္အခ်င္းေတြက အစတည္းကကို ဒီေလာက္ႀကီးထိျမင့္လြန္းေနခဲ့လို႔ ဘဲဘုရင္ႀကီးအဆင့္ထိ ေရာက္ေနၿပီပဲထား...."
"...."
"ဒါနဲ႕မ်ား တစ္ေယာက္ေယာက္က ေျပာဖူးထားသလားလို႔...."
စန္းရန္၏လက္ေခ်ာင္းထိပ္မ်ားက သူမ၏လက္ေခ်ာင္းမ်ားကို လွမ္းခ်ိတ္လာၿပီး ထိုမွတဆင့္ လက္ေကာက္ဝတ္ေပၚသို႔ တျဖည္းျဖည္းတက္လာကာ စိန္ေခၚေနသည့္စကားသံတို႔ျဖင့္ ;
"ကိုယ့္ရဲ႕ဝန္ေဆာင္မႈေတြက သတ္မွတ္ထားတဲ့စံႏႈန္းကိုမမီေသးဘူးဆိုၿပီး...."
ဝိန္းရိဖန္က မေနနိုင္ေအာင္ ျပန္ေျပာလာခဲ့၏။
"နင္ ခုဏတုန္းကက်ေတာ့ ဘာလို႔မေျပာဘဲၿငိမ္ေနတာလဲ"
စန္းရန္က မ်က္ခုံးကိုပင့္ ၊ အသံအေနအထားကိုနိမ့္လိုက္၍ ;
"ဒီစကားေတြက ေျပာထြက္လာဖို႔ခက္တယ္ေလ"
"...."
ဝိန္းရိဖန္၏အျမင္တြင္ စန္းရန္၏ပုံစံမွာ ေျပာထြက္ရခက္ေနသည့္အေျခအေနမ်ိဳး လုံးဝ လုံးဝ လုံးဝ မဟုတ္။
ေျပာင္းျပန္အေနျဖင့္ ထိုလူမွာ ေနရာမ်ိဳးစုံ သ႐ုပ္ေဆာင္ကြက္မ်ိဳးစုံကို အျမန္ဆုံးေျပာင္းနိုင္သည့္လူပင္။
"ဒါကေတာ့....နင္ အျပင္ထြက္ၿပီးပစၥည္းတစ္ခုခုဝယ္ၿပီပဲထား ၊ ပစၥည္းတစ္ခုအေပၚ စိတ္ေက်နပ္မႈအျပည့္ရွိေနၿပီးရင္ေတာင္.."
ဝိန္းရိဖန္က ဖန္ခြက္ကိုခ်လိဳက္ၿပီး တည္ၿငိမ္ခ်င္ေယာင္ေဆာင္၍ ;
"မျဖစ္မေန ေလ်ာ့ေစ်းေပးဖို႔ ေစ်းဆစ္ၾကေသးတာပဲဟာ"
ႏွစ္ဦးသား၏မ်က္ဝန္းႏွစ္စုံမွာ အၾကည့္ခ်င္းဆုံလ်က္သားႏွင့္။
စန္းရန္က သူမ၏စကားႏွင့္ပတ္သတ္ၿပီး မွတ္ခ်က္ျပဳမလာပါေပ။
သူ႕အမူအရာကိုၾကည့္ေနရင္း ဝိန္းရိဖန္က အနားသို႔ကပ္လိုက္ကာ သူ႕အား ဖြဖြေလးနမ္းလိုက္၏။ ဘာေၾကာင့္မွန္းမသိ ရယ္ခ်င္ေနေသာေၾကာင့္ ခ်က္ခ်င္းရပ္လိုက္ၿပီး တစ္ကိုယ္တည္းရယ္ေနေလေတာ့သည္။
စန္းရန္ ;
"ဘာရယ္တာလဲ"
"ငါ အဲ့အခ်ိန္တုန္းက နင့္ကို ဘယ္လိုစကားမ်ိဳးနဲ႕ပုံေဖာ္ျပရမယ္မွန္း စဥ္းစားမရခဲ့လို႔ ၊ 'ေခါင္းႀကီးသေကၤတ'လို႔ ေျပာလိုက္ရင္ စုထ်န္းက နင္မွန္း တန္းသိသြားမွာကိုေၾကာက္လို႔ အဓိပ္ပါယ်ချင်းဆင်တဲ့စကားလုံးကို မနည္းစဥ္းစားၿပီးေျပာခဲ့ရတာ"
စန္းရန္က သူမ၏လက္ေခ်ာင္းမ်ားကို ျဖစ္ညွစ္ပစ္လိုက္၏။
"ငါတို႔ႏွစ္ေယာက္ တြဲလိုက္ၿပီျဖစ္တဲ့အေၾကာင္း စုထ်န္းကို ေျပာျပတဲ့အခ်ိန္"
ဝိန္းရိဖန္က ထပ္၍ရယ္လိုက္ရင္း ;
"သူက ငါ့ကိုပါ ဘဲမိဖုရားေခါင္ႀကီးလို႔ ေခၚတာ"
ဤစကားကိုၾကားသည့္အခါ စန္းရန္၏မ်က္ခုံးမ်ားလႈပ္လႈပ္ခတ္ခတ္ျဖစ္သြားခဲ့သည္။
အေၾကာင္းစုံရွင္းျပၿပီးသည့္ေနာက္ ဝိန္းရိဖန္က ဆက္၍အနမ္းေႁခြရင္း ဝိုးတိုးဝါးတားျဖင့္စကားဆိုလိုက္၏။
"ငါလည္း နင့္ဘက္ကပါပဲေနာ္"
"...."
--------
ေရွ႕ေလွ်ာက္ရက္မ်ားတြင္။
ဝိန္းရိဖန္က ရဲစခန္းသို႔ ေနာက္တစ္ႀကိမ္ထပ္သြားရၿပီး ဤတစ္ႀကိမ္တြင္ စန္းရန္ပါ အေဖာ္လိုက္လာခဲ့ကာ တိုက္တိုက္ဆိုင္ဆိုင္ ခ်ယ္ယန့္ခ်င္ႏွင့္ ဆုံေလသည္။ ခ်ယ္ယန့္ခ်င္သည္ ဝိန္းရိဖန္ႏွင့္ အႀကိမ္ႀကိမ္မ်က္လုံးခ်င္းဆုံေနပါသည့္တိုင္ သူမႏွင့္ေျပလည္ရာေျပလည္ေၾကာင္း စကားစဆိုလာျခင္း တစ္ႀကိမ္မွမရွိ။ ဝိန္းရိဖန္၏ေဘးတြင္ပါလာသည့္ စန္းရန္ကို သတိထားမိၿပီးေနာက္တြင္ေတာ့ မည္သည့္အရာကိုေတြးမိသြားမွန္းမသိ ၊ အၾကည့္မ်ားက စန္းရန္ရွိသည့္ဘက္သို႔ မၾကာခဏေရာက္လာ၍ ;
"ေကာင္ေလး....မင္းက ႐ႊမ္းက်န့္ရဲ႕ရည္းစားလား"
စန္းရန္က မ်က္လုံးပင္ ပင့္မၾကည့္ဘဲ လ်စ္လ်ဴရႈေနသည့္အမူအရာကို ကြက္ကြက္ကြင္းကြင္းလုပ္ျပေနေလ၏။
ခ်ယ္ယန့္ခ်င္က မဆီမဆိုင္ျဖင့္ ထပ္၍ စကားဆိုလာသည္။
"ငါၾကည့္ရတာေတာ့ မင္းရဲ႕အေျခအေနက ေတာ္ေတာ္ေလးေကာင္းမယ့္ပုံပါပဲ ၊ ဘာလို႔ ငါ့တူမလိုလူမ်ိဳးကို ရွာႀကိဳက္ေနတာလဲ"
စန္းရန္မွာ ႏႈတ္ခမ္းကိုတင္းတင္းေစ့ထားရင္း ခနဲ႕တဲ့တဲ့ေလွာင္ရယ္ကာ လ်စ္လ်ဴရႈထားဆဲပင္။
ခ်ယ္ယန့္ခ်င္က သုံးေလးခြန္းဆက္ေျပာေနေသးေသာ္လည္း မည္သည့္တုံ႕ျပန္မႈမ်ိဳးကိုမွျပန္မရသျဖင့္ ေဒါသထြက္လာကာ ဝိန္းရိဖန္ဘက္သို႔လွည့္လာခဲ့သည္။
"႐ႊမ္းက်န့္ ၊ နင္ ဘယ္လိုလူမ်ိဳးကို ရွာထားတာလဲ ၊ မိဘသြန္သင္ဆုံးမမႈ မရွိဘူးလား"
ဝိန္းရိဖန္ ;
"သူ႕မိဘေတြသြန္သင္ဆုံးမထားလို႔ သိတတ္တာလည္း လြန္မွလြန္ ၊ ရွင့္ကိစၥမဟုတ္တာေလးတစ္ခုပဲ"
ခ်ယ္ယန့္ခ်င္ ;
"လူႀကီး စကားေျပာေနတာကို မၾကားသလိုလုပ္ေနတာက ဆုံးမသြန္သင္မႈေကာင္းတဲ့ပုံစံလား"
ဝိန္းရိဖန္ ;
"ေလးစားခံခ်င္ရင္ ရွင့္ပုံစံကို ရွင္အရင္ျပန္ၾကည့္လိုက္ေလ ၊ သံရည္ႀကိဳစက္နဲ႕ ပုံသြင္းေပးရင္ေတာင္ ကယ္လို႔မရေတာ့တဲ့အေနအထားနဲ႕"
"...."
ရဲစခန္းမွထြက္လာၿပီးသည့္အခါ။
စန္းရန္က သူမ၏ေဆြမ်ိဳးမ်ားႏွင့္ ပထမဆုံးအႀကိမ္ေတြ႕ဖူးျခင္းျဖစ္သည့္အတြက္ေၾကာင့္ ဝိန္းရိဖန္၏စိတ္ထဲ အနည္းငယ္ေနရထိုင္ရခက္ေနေလသည္။
"ငါ့ေဆြမ်ိဳးက ေတာ္ေတာ္ေလးထူးဆန္းတယ္မလား ၊ နင္ေတာင္ ဒီလိုမ်ိဳးေတြ ေတြ႕ဖူးခ်င္မွေတြ႕ဖူးမွာ...."
"ကိုယ့္ကို ကာကြယ္ေပးရမွန္း သိေသးတယ္ေပါ့"
ဝိန္းရိဖန္ ယခုလိုမ်ိဳး တစ္ခြန္းမက်န္ခံေျပာတတ္သည့္ပုံစံအား စန္းရန္အေနျဖင့္ ပထမဆုံးေတြ႕ဖူးျခင္းျဖစ္ရာ သူမ၏ဆံပင္မ်ားကို အားျပင္းျပင္းဆြဲဖြၿပီး ၿပဳံးလိုက္၏။
"ဝိန္း႐ႊမ္းက်န့္ ၊ လက္စသတ္ေတာ့ မင္းက စြာတတ္ေသးတာပဲ"
ထိုအခါတြင္မွ ဝိန္းရိဖန္တစ္ေယာက္ ကသိကေအာက္နိုင္ပါေလေတာ့၏။
စန္းရန္က ဆက္၍ ;
"ေတာ္တယ္"
ဝိန္းရိဖန္ ေၾကာင္အမ္းသြားရေတာ့သည့္အခ်ိန္တြင္။
"ဒီေလာကႀကီးထဲမွာ အက်င့္စာရိတၱမေကာင္းတဲ့လူေတြ အမ်ားႀကီးမွအမ်ားႀကီး ၊ အဲ့လိုလူမ်ိဳးေတြက မင္းကို လာၿပီးအနိုင္က်င့္မွာကို ဘယ္ေတာ့မွမခံရဘူး ၊ အဲ့လူမ်ိဳးေတြ ေခါင္းေပၚတက္လာမွာကိုလည္း ၿငိမ္မခံနဲ႕"
စန္းရန္က ခႏၶာကိုယ္ကိုင္းၿပီး သူမႏွင့္အၾကည့္ခ်င္းဆုံလိုက္ကာ အေလးအနက္ျဖင့္ ;
"သူတို႔လိုလူမ်ိဳးေတြနဲ႕ ေတြ႕တဲ့အခါက်ရင္ ကိုယ့္ကို ကာကြယ္ေပးသလိုမ်ိဳး မင္းကိုယ္မင္းကာကြယ္ရမယ္....သေဘာေပါက္လား"
"...."
ဝိန္းရိဖန္ ျပန္လွမ္းၾကည့္ေနရင္း ;
"အင္း"
"ဘယ္လိုကိစၥမ်ိဳးနဲ႕ပဲ ေတြ႕လာပါေစ...."
စန္းရန္က လုပ္ေနက်အတိုင္း သူမ၏မ်က္ႏွာအား ဆြဲညွစ္ကာ သူ႕စကားသံတို႔က ေအးတိေအးစက္ျဖစ္ေနပါေသာ္လည္း ႏွစ္သိမ့္ၿပီးအားေပးေနသည့္အေငြ႕အသက္တို႔ ပါဝင္ေနခဲ့သည္။
"ေျဖရွင္းနိုင္ရင္ေတာ့ ထားလိုက္ ၊ မေျဖရွင္းနိုင္ေတာ့ဘူးဆိုရင္ ကိုယ့္ကိုလာရွာဖို႔မေမ့ရဘူး"
ဝိန္းရိဖန္က မ်က္ေတာင္မခတ္တမ္း စန္းရန္အား စိုက္ၾကည့္ေနလိုက္၏။
စန္းရန္က စကားတစ္ခြန္းထပ္မဆိုေတာ့ဘဲ ဝိန္းရိဖန္အား စိုက္ၾကည့္ေနသည္မွာ သူမထံမွအေျဖကိုေစာင့္ေနသည့္ဟန္။
ရဲစခန္း၏အျပင္တြင္ ျဖတ္သြားျဖတ္လာလူမ်ားက မေရမတြက္ေအာင္ရွိေနသည့္အခ်ိန္။
ဝိန္းရိဖန္ ႐ုတ္တရယ္ ရယ္ေမာလိုက္သည္မွာ မ်က္ဝန္းေလးမ်ားပါေကြးသြားသည္အထိ။
"သိပါၿပီ"
အေျဖစကားေၾကာင့္ စန္းရန္သည္လည္း ေအာက္ႏႈတ္ခမ္းပါးအား ပါးခ်ိဳင့္ရာေလးေပၚလာသည္အထိ ေကြးၫႊတ္၍ၿပဳံးလိုက္၏။ လက္တစ္ဖက္က ဝိန္းရိဖန္၏မ်က္ႏွာေဘးရွိ ေလွ်ာက်ေနသည့္ဆံပင္မ်ားကို သပ္တင္ေပးရင္း က်န္ေနေသးသည့္စကားလုံးကို ေရ႐ြတ္လာခဲ့သည္။
"မွတ္ထားရမွာက.....မင္းဆီမွာ မင္းကို ေထာက္ပံ့ေပးေနမယ့္ ကိုယ္တစ္ေယာက္လုံးရွိတယ္"
******************