အပိုင်း (၁၄၀) မီးပုံးပွဲတော်
ဆိပ်ကမ်းမြို့၌ မီးပုံးပွဲတော်ကို ဆင်နွှဲရန် လိုက်ပါမည့်သူများသည် ပိုင်မိန်နှင့် ပိုင်လီတို့မိသားစုသာ ဖြစ်နေပြန်သည်။ မီးပုံးပွဲတော်ကို သွားမယ်လို့ စတွေးတုန်းက ပိုင်လီက ပိုင်မိသားစုဝင်တွေနဲ့ရော အတူတူသွားလည်ဖို့ စိတ်ကူးခဲ့တာပေမယ့် အခု အကုန်လုံးက အားမနေတာကတော့ စိတ်မကောင်းစရာပါပဲ။
ဒီတော့ သူတို့တွေချည်း ထွက်လာခဲ့ကျပြီး ဒီတစ်ခေါက် ဆိပ်ကမ်းမြို့သို့ သွားရာလမ်းသည် နာရီတချို့လောက် ပိုမြန်နေခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ဒီတစ်ခါ သူတို့လာဖို့ သုံးခဲ့တဲ့လှည်းက ကျွဲလှည်းမဟုတ်ဘဲ မြင်းလှည်းဖြစ်နေလို့ပါပဲ။
ပိုင်လီက သူ့အိမ်ကကလေးတွေ စိတ်တိုင်းကျ လုပ်ပေးတဲ့နေရာမှာ အရမ်းကိုမြန်ဆန်တယ်။ မြင်းလှည်းဝယ်မယ်လို့ သိထားတဲ့ရှောင်ဟန်တောင်မှ သူ့ခင်ပွန်းက ဘယ်ချိန်ထဲက မြင်းလှည်းကို မှာထားလိုက်မှန်း မသိခဲ့ဘူးလေ။
တကယ်တော့ ဒီခေတ်မှာ မြင်းဝယ်ဖို့က မရိုးရှင်းပါဘူး။ ဒါပေမယ့် ပိုင်လီကတော့ အဆက်သွယ်တချို့ကို သေချာပေါက်အသုံးချခဲဲဲဲ့ပြီး မြင်းလှည်းတစ်စီးကိုရအောင်ဝယ်ခဲ့ကာ အဲတာက မီးပုံးပွဲတော်ရက်မတိုင်ခင်မှာ ရောက်လာတော့ အိမ်ရှိလူတိုင်းက အံသြသွားခဲ့ကျရသည်ပင်။
ပိုင်လီ ကံကောင်းသွားတာက အိမ်မှာ ပြဿနာတချို့ရှိနေတဲ့အတွက် ပိုင်အမေက စကားတချို့သာပြောခဲ့ပြီး သိပ်မဆူခဲ့တာပါပဲ။ ပိုင်အဖေနဲ့ ပိုင်အိမ်ကယောင်္ကျားတွေကတော့ မြင်းကိုကြည့်ပြီး သဘောကျနေခဲ့တယ်လေ။
လမ်းတွင် ပိုင်လီက လှည်းကို သူကိုယ်တိုင်မောင်းခဲ့သည်။ သူတို့က ရှင်းလုနဲ့ကျူးလင်ကို ခေါ်လာပေမယ့် ဖုပင်းနဲ့ကျားယန်ကိုတော့ ထားခဲ့ပါတယ်။
ကျားယန်ကို ပိုင်အိမ်မှာ အလုပ်တွေကူဖို့ထားခဲ့တာဖြစ်ပြီး ဖုပင်းကိုတော့ သူတို့ရဲ့ဆောက်လက်စအိမ်တော်ကို ကြီးကြပ်ရန်ထားခဲ့တာပင်။
အချိန်တချို့ ကြာသွားပြီဖြစ်တဲ့အတွက် အစေခံတွေကလည်း သူတို့ရဲ့နေထိုင်မှုပုံစံနဲ့ အသားကျလာတာသဘာဝပါပဲ။ ရှင်းလုနဲ့ကျူးလင်ရဲ့အလုပ်က ပိုင်လီပြောခဲ့သလို အသေးလေးတွေကိုပဲ ဂရုစိုက်ဖို့ဖြစ်ပြီး ဖုပင်းကတော့ သစ်သီးခြံနဲ့ အိမ်အသစ်ဆောက်ခြင်းကြားမှာ ကူးသန်းနေခဲ့ပါတယ်။
ပိုင်လီက ဒီကတုံးလေးရဲ့ အလုပ်ကြိုးစားတာကို မြင်ပေမယ့် သိပ်တော့ စိတ်ချသေးတာမဟုတ်လို့ ပိုင်စန်းနဲ့ပိုင်ကျန်းကို ထိုကောင်လေးကို စောင့်ကြည့်နေဖို့ မှာခဲ့ပြီးသားပါပဲ။
ကျားယန်ကတော့ ပိုင်လီပြောပြီးနောက်မှာ အတော်လေး ငြိမ်သက်သွားခဲ့ပေမယ့် အဲတာက စည်းမျဥ်းတွေကို သိသွားလို့ပဲလား ဒါမှမဟုတ် ပိုင်အိမ်မှာရောက်နေလို့လားဆိုတာကို ဘယ်သူမှမသိနိုင်ဘူးလေ။
ပိုင်လီက သူတို့လှည်းကို ဆိပ်ကမ်းမြို့ရဲ့အလည်က ငါးထပ်ရှိတဲ့ တည်းခိုခန်းရှေ့မှာ ရပ်လိုက်တော့ ပိုင်မိန်က ရထားလုံးပြတင်းပေါက်မှတဆင့် အပြင်ကိုလှမ်းကြည့်ရင်း ပြောလာခဲ့လေသည်။
"ဒုတိယအစ်ကို ညီမလေးတို့ နေရာမှားလာတာလား ဒါက အရင်က တည်းနေကျနေရာလည်းမဟုတ်ဘူး"
ပိုင်မိန်ပြောတာကြားတော့ ရှောင်ဟန်နဲ့အသေးလေးတွေကလည်းအပြင်ကိုခိုးကြည့်လိုက်ကျ၏။အဲတာကမြင့်မားပြီးလှပသည့်တည်းခိုအိမ်ကြီးဖြစ်နေတာမြင်တဲ့အခါ ရှောင်ဟန်ကရုတ်တရက်ရေရွတ်လာခဲ့ပေသည်။
"ဒါက...အရမ်းစျေးကြီးမှာပဲ"
အသေးလေးတွေရဲ့တုန့်ပြန်မှုကတော့ သူတို့က မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လိုက်စပ်စုနေတာပါပဲ။ ဒီကောင်လေးတွေအကြောင်း ပြောရရင် လာတဲ့လမ်းမှာ သူတို့က မြင်းလှည်းက အပြင်ကို တိုက်ရိုက်မမြင်ရတဲ့အတွက် မကျေမနပ် အသံလေးတွေ ထွက်လာခဲ့ကျပြီး ပိုင်လီကတော့ ဒီမြင်းလှည်းက သူတို့လေးတွေ လိုချင်ခဲ့တာပဲ မဟုတ်ဘူးလားလို့ ပြန်ချေပလိုက်လို့သာ နှုတ်ခမ်းလေးတွေဆူပြီး ပြန်ငြိမ်ကျသွားခဲ့ကျတာဖြစ်သည်။
အခုတော့ ဒီ အနည်းငယ်စိတ်ကောက်နေတဲ့ ကောင်လေးတွေက တည်းခိုအိမ်ကြီးရဲ့ အလှဆင်ထားမှုတွေကိုကြည့်ပြီး စိတ်ဆိုးဖို့မေ့သွားကျပြီဖြစ်သဖြင့် ပိုင်လီက ပြုံးလိုက်၍ အံသြနေသည့် သူ့မိသားစုကို ပြောလိုက်တော့၏။
"ဒီညတော့ ဒီမှာတည်းကျမယ် အခန်းကကြိုငှားထားပြီးပြီမလို့ ဖျက်လို့မရတော့ဘူး"
ဒါကိုကြားတော့ အသေးလေးတွေနဲ့ပိုင်မိန်က ပျော်ရွှင်သွားကျပြီး လှည်းထဲကအမြန်ထွက်သွားကျပေမယ့်ရှောင်ဟန်ကတော့သူ့ခင်ပွန်းကိုသေချာလှမ်းကြည့်လိုက်မိပေသည်။
အခုနောက်ပိုင်း သူ့ခင်ပွန်းက အရမ်းလုပ်နိုင်စွမ်းရှိလာတယ်လို့ သူခံစားနေရသလိုပဲ။ သူ့ခင်ပွန်းက ဆိပ်ကမ်းမြို့က လူတချို့နဲ့သိလာလေ သူက အံသြစေတဲ့အရာတွေကို ဘယ်သူမှမသိအောင် လုပ်နိုင်လာလေပါပဲ။
ဥပမာ မြင်းလှည်းဝယ်တာမျိုးနဲ့ ဒီလိုအခန်းတွေကို ကြိုတင်မှာယူထားတာမျိုးပေါ့။
ပိုင်လီက သူ့ဇနီးလေးဆီက စူးစမ်းသလို အကြည့်ခံလိုက်ရတော့ အနည်းငယ်တော့ မလုံမလဲဖြစ်သွားမိတာ အမှန်ပါပင်။ သူက ဒီအခန်းတွေကို ကြိုမမှာထားလို့ မရဘူးလေ။ ဒီတည်းခိုအိမ်က ဆိပ်ကမ်းမြို့မှာ မြင်ကွင်းအကောင်းဆုံးနေရာပဲမလို့ ဒီနေ့ရောက်မှဆို ဘယ်လိုလုပ် အခန်းရနိုင်ပါတော့မလဲ။
ပြီးတော့ သူက လုပ်စရာလေးရှိလို့ ဒီတည်းခိုအိမ်ရဲ့အပေါ်ဆုံးတစ်ထပ်လုံးကို ခက်ခက်ခဲခဲနဲ့ ငှားရမ်းထားရတာကို။
ပိုင်လီက သူ့ဇနီးလေးက ဒီမှာတည်းဖို့ကို မကြိုက်ဘဲ တစ်ခုခုပြောလာမည်ကို စိုးရိမ်နေသော်လည်း တကယ်တမ်း ပြောမလာခဲ့၍ သူက စိတ်သက်သာရာရသွားခဲ့ပေသည်။ အဲဒီနောက်တော့ ပိုင်လီက သူတို့ကို အပေါ်ဆုံးထပ်ကို ခေါ်သွားခဲ့ပါတယ်။
ငါးထပ်ကိုတတ်ရတာက မလွယ်လို့ ပိုင်လီက အသေးလေးတွေချီခေါ်သွားခဲ့ပြီး အပေါ်ထပ်မှာ လူသူကင်းမဲ့နေတာတွေ့တော့ ပိုင်မိန်က...
"အယ်... ညီမလေးတို့ပဲရှိတာထင်တယ်"
အပေါ်မှာ တခြားလူတွေ မရှိဘူးဆိုပေမယ့် အလှဆင်ထားတာတွေက မီးပုံးပွဲတော် အငွေ့သက်တွေ အပြည့်ပါပဲ။ အခုက စောနေသေးတာတောင် အပေါ်ဆုံးထပ်မှာ အလှဆင်ခြင်းက ပြီးသွားပြီဖြစ်ပြီး ညရောက်တဲ့အခါ သူတို့က မီးပုံးတွေကို လိုက်ထွန်းလိုက်ရုံပဲ။
ပိုင်လီက အသေးလေးတွေကို အောက်ချပေးလိုက်တော့ ထိုကောသေးသေးလေးတွေက ချိတ်ထားတဲ့မီးပုံးတွေကို အပြေးလွှားသွားကြည့်နေကျပြီး ပိုင်မိန်နှင့်အတူ နေရာတိုင်းကို လိုက်စပ်စုနေကျတော့၏။ ရှင်းလုနဲ့ကျူးလင်ကတော့ သူမတို့ရဲ့သခင်လေးတွေ သွားတဲ့နောက်ကိုလိုက်နေကျပြီး မထိခိုက်အောင်စောင့်ကြည့်ပေးကျသည်။
ဒါကြောင့် အစက တိတ်ဆိတ်နေတဲ့အထပ်က အသက်ဝင်လာခဲ့ပါတယ်။
ရှောင်ဟန်က ပျော်ရွှင်နေတဲ့ သူတို့အိမ်က ကလေးတွေကိုကြည့်ပြီး စိတ်သက်သာရတယ်ဆိုပေမယ့် သူက ဒီလောက်ကြီးတဲ့အထပ်မှာ ဘယ်သူမှရှိမနေလို့ မနေနိုင်ဘဲ မေးလိုက်မိတော့သည်။
"ဒီအထပ်မှာ အခန်းတွေ အများကြီးရှိတာတောင် ကျွန်တော်တို့ပဲရှိတာလား"
ပိုင်လီက သူ့ဇနီးလေးကို ဝရံတာနဲ့ သိပ်မဝေးတဲ့စားပွဲဝိုင်းတစ်ုဆီ ခေါ်သွားလိုက်ပြီး အရင်ထိုင်ခိုင်းလိုက်၏။ ပြီးမှ သူက...
"အရင်က ကိုယ်က အိမ်ကလူတွေရေ အကုန်လိုက်နိုင်မှာမှတ်လို့ ဒီတစ်ထပ်လုံးကို ငှားလိုက်မိတာ ငွေတစ်ဝက်ချေပြီးပြီဆိုတော့ အခုမှပြောင်းလို့မရတော့ဘူးလေ "
ဒါကိုကြားတော့ ရှောင်ဟန်က နားလည်သွားသော်လည်း သူက ကုန်သွားမည့်ငွေတွေကို နှမျောမိသဖြင့်...
"အာ.. အဲလိုကိုး အခုတော့ တစ်ထပ်လုံးမှာ ကျွန်တော်တို့ပဲရှိတာ အခန်းတွေလည်း အများကြီးမသုံးနိုင်တော့ဘူး နှမျောစရာပဲ "
ပိုင်လီက သူ့ဇနီးလေး ဆက်ပြီးနှမျောသည့် အကြောင်းတွေးနေရင် သူ့ကို ဘယ်လောက်ကုန်သွားလဲလို့ပါ မေးလာမည်စိုး၍ သူကပြောလိုလေသည်။
"ထားလိုက်ပါတော့ကွာ ကြည့်လေ ကလေးတွေပျော်နေတာပဲ အခုလို တစ်ထပ်လုံးကို ငှားထားလို့သာ သူတို့တွေ ဒီလိုမျိုး လွတ်လွတ်လပ်လပ် ကစားလို့ရတာ မဟုတ်ဘဲ တခြားသူတွေရောနဲ့ဆို သူတို့ဒီလောက်ပျော်ရမှာမဟုတ်ဘူး အဲတော့ အဲဒီအကြောင်းမတွေးနဲ့တော့ ပြန်ပြင်လို့လည်း ရမှမရတော့တာ"
ဒါသည် မှန်သော်လည်း ရှောင်ဟန်ကတော့ ဒီလိုမျိုးတစ်ထပ်လုံးငှားပြီးမှ သူတို့တွေချည်း လာရတဲ့အပေါ် စိတ်မသက်ဖြစ်နေပေသည်။
အဲဒီအချိန်မှာပဲ ပိုင်လီက ဝံရံတာဘက်ကို လျောက်သွားခဲ့၍...
"ရှောင်မိန် မင်းရဲ့တူလေးတွေကိုခေါ်လာပြီး ဒီကိုလာကြည့် စျေးဆိုင်တွေစပြင်နေကျပြီ"
ဒါကိုကြားတော့ သူတို့မိသားစုက ကလေးတွေက အပြေးရောက်လာကျ၏။ သူတို့က ငါးထပ်မြောက်ကနေ ကြည့်နေတာဖြစ်၍ အားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရပေသည်။
နေ့တစ်ဝက်ကို ကျော်ပြီးစပဲ ရှိနေသေးပေမယ့် လမ်းပေါ်မှာလူတွေက ညဘက်အတွက် စျေးဆိုင်တွေဖွင့်ဖို့စပြင်နေကျပြီး တချို့က မီးပုံးတွေချိတ်ဖို့ လုပ်ဆောင်နေခဲ့ကျလို့ အရမ်းကို စည်ကားအသက်ဝင်နေခဲ့ပါတယ်။
ပိုင်မိန်က ထိုမြင်ကွင်းကိုလှမ်းကြည့်ပြီး သူမအစ်ကိုလက်မောင်းကိုဖက်လျက် ချွဲလာတော့၏။
"အားးး ဒုတိယအစ်ကိုက အကောင်းပဲဆိုတာ ညီမလေးသိတယ်! ညဘက်ဆို ဒီကနေ မြင်ကွင်းက အရမ်းလှနေမှာပဲ! တကယ်ပဲ နေရာရွေးတဲ့နေရာမှာလည်း အစ်ကိုကအကောင်းဆုံးပဲ!!"
ဒါကိုကြားတော့ အသေးလေးများသည် သူတို့ကလည်း သူတို့ဒေါ်လေးငယ်လို သူတို့အဖေကို ချွဲသင့်ကြောင်း အတွေးဝင်လာခဲ့ကျလေသည်။ ဒါပေမယ့် သူတို့လေးတွေက လက်မောင်းကိုဖက်ဖို့မမှီတာကြောင့် ထုံးစံအတိုင်းပိုင်လီရဲ့ခြေထောက်ကိုပဲ ဖက်တွယ်လာခဲ့ကျပါတယ်။ ပြီးတော့ပျော်ရွှင်နေတဲ့အသံသေးလေးတွေနဲ့...
"ဟီးဟီး အဖေကအကောင်းဆုံး!! အဖေကကောင်းတယ်!"
"ဟုတ်တယ် ဟုတ်တယ် အဖေကအကောင်းဆုံးပဲ!"
ဒါသည် ကြည်နူးစရာ ကောင်းသည်ဆိုသော်လည်း ဤသို့တွယ်ကပ်နေသည့်ပုံက အနည်းငယ်ရယ်ချင်စရာလည်း ကောင်းနေခဲ့သည်။ ပိုင်လီက သူ့လက်မောင်းကို ဆွဲထားတဲ့ ပိုင်မိန်ကိုလည်း ဖယ်ထုတ်နေပြီး သူ့ခြေထောက်တွေကိုလည်း တစ်လှည့်စီခါထုတ်နေပေမယ့် ဒီကပ်တွယ်တတ်တဲ့ ကောင်လေးတွေကတော့ သူ့ကို အလွှတ်မပေးချင်ကျဘူးပဲ။
"ကောင်းပြီ ကောင်းပြီ မင်းတို့ အခုလွှတ်လို့ရပြီလေ မင်းတို့ဘာသာ သွားကစားကျတော့လေ"
သို့သော် ထိုကလေးများကတော့ စကားနားမထောင်ခဲ့ကျသဖြင့် ပိုင်လီတစ်ယောက် ကူကယ်ရာမဲ့နေခဲ့လေသည်။
ရှောင်ဟန်က ဒီလိုမျိုး ကို့ရို့ကားယားနဲ့ သူ့ခင်ပွန်းကိုကြည့်ပြီး အနည်းငယ်လောက် ရယ်မောခဲ့ပါတယ်။ သူစိတ်ထဲမှာပဲ ထင်နေတာလားမသိပေမယ့် သူ့ခင်ပွန်းက တစ်ခါတစ်ခါကျ ချစ်ဖို့ကောင်းသလိုပါပဲ။
နောက်တော့ သူတို့က နေ့လယ်စာစားခဲ့ကျပြီးနောက် ချောင်အိမ်ကို အလည်သွားခဲ့ကျပေသည်။
ဒီမှာ ကလေးတွေရဲ့ မီးပုံးပွဲတော်ချိန်းဆိုမှုက အောင်မြင်သွားခဲ့ပြီး ချောင်ချင်းချင်းက ပိုင်မိန်နဲ့အသေးလေးတွေကို သူမဝယ်ယူထားတဲ့ မီးပုံးလေးတွေကိုကြည့်ဖို့ အတင်းဆွဲခေါ်သွားခဲ့ပါတယ်။
အဲဒီအချိန်မှာ လူကြီးတွေက အေးအေးဆေးဆေးစကားပြောနေခဲ့ကျပြီး ကလေးတွေကို ကစားဖို့အချိန်ပေးထားခဲ့ကျကာ ပိုင်လီတို့က ညနေခင်းတစ်ခုလုံးကို ချောင်အိမ်မှာ နေဖြစ်ခဲ့ကျလေသည်။ ညဘက်ရောက်တဲ့အချိန်မှာတော့ မိသားစုနှစ်ခုက အတူတူ အပြင်ကိုထွက်လာခဲ့ကျပါတယ်။
သူတို့အရင်ဆုံး စည်ကားနေတဲ့ လမ်းတစ်လျောက်ကို လည်ပတ်ခဲ့ကျပြီး ပိုင်လီက ကလေးတွေလက်ညိုးထိုးသမျှကို ဝယ်ပေးနေလို့ ရှင်းလုနဲ့ကျူးလင်ရဲ့လက်ထဲမှာ ပုံစံစုံတဲ့ မီးပုံးလေးတွေနဲ့ မျိုးစုံတဲ့စားစရာတွေပြည့်နေခဲ့လေသည်။
ဒါတွေကိုကြည့်ပြီး ရှောင်ဟန်ကတော့ သူ့ခင်ပွန်းတားဖို့အတွက် ဆွဲတောင်ထားခဲ့ရပါတယ်။ အခုတော့သူ သေချာသိသွားတာက သူ့ခင်ပွန်းက သူတို့အိမ်က ကလေးတွေ လိုချင်သမျှ ဖြည့်ဆည်းပေးရတဲ့အရသာကို စွဲလမ်းလွန်းနေတယ်ဆိုတာပဲ။
ရှောင်ဟန်က ပိုင်လီကို အလွန်ကျူးဝယ်ပေးနေတာကိုတားဖို့ ဆွဲထားတာဖြစ်သော်လည်း လူများ၏ အမြင်တွင်မူ သူတို့သည် ပူးကပ်နေသည့် လူငယ်စုံတွဲနှင့်တူနေခဲ့ပြီး ချောင်ရန်နှင်းဟုန်ရင်းကလည်း ဒီရင်းနှီးလှတဲ့ လူငယ်စုံတွဲကြည့်ကာ ရယ်မောနေခဲ့ကျလေသည်။
အဲဒီမှာ ရှောင်ဟန်ရဲ့ဒုက္ခတွေက မသေးခဲ့ပါဘူး။ ပိုင်မိန်နဲ့အသေးလေးတွေက ပိုင်လီက အလိုလိုက်မှန်းသိတော့ တစ်ခုခုကိုတွေ့တာနဲ့ ပူဆာခဲ့ကျပြီး ပိုင်လီကလည်း အရမ်းကို ဝယ်ပေးချင်နေခဲ့သဖြင့် သူက ဘယ်သူတွေကို ထိန်းလို့ထိန်းရမှန်းမသိ ဖြစ်နေခဲ့ပေသည်။
ရှောင်ဟန်က ပိုင်လီကို ထိန်းတဲ့အခါ ကလေးတွေကပူဆာဖို့ အစပြုလာလိမ့်မယ်။ ရှောင်ဟန် ကလေးတွေကို ဝယ်တာများနေလို့ ထပ်မဝယ်တော့ဖို့ တားတဲ့အခါကျရင်လည်း ပိုင်လီက တစ်ခုခုကိုတွေ့တာနဲ့ ကလေးတွေကို လိုချင်လားလို့မေးလာလိမ့်မယ်။
ရှောင်ဟန်က တကယ်စိတ်တိုလွန်းလို သူတို့ကို ပိုင်အမေလို ဆူလိုက်ချင်တာပဲ သိတော့တယ်။
.............................................
(AN/ ပိုင်လီတို့ကို paid gpမှာ အပြီးထိဖတ်လို့ရပါပြီ။ gpစျေးလေးလည်း ထပ်လျော့ဖြစ်ပါတယ်။ ဇာတ်သိမ်းထိ 4500 ပါရှင့်။
gpဝင်ချင်တဲ့သူတွေက fb မှာဆို "ဒီအမျိုးသမီးမှာ ဒေါသတွေမရှိတော့ပါ" ဆိုတဲ့အကောင့်ကိုလာနိုင်ပြီး tele မှာဆိုရင် username @PS12001100 ကိုလာရှာနိုင်ပါတယ်ရှင်။💖 )
###
အပိုင္း (၁၄၀) မီးပုံးပြဲေတာ္
ဆိပ္ကမ္းၿမိဳ႕၌ မီးပုံးပြဲေတာ္ကို ဆင္ႏႊဲရန္ လိုက္ပါမည့္သူမ်ားသည္ ပိုင္မိန္ႏွင့္ ပိုင္လီတို႔မိသားစုသာ ျဖစ္ေနျပန္သည္။ မီးပုံးပြဲေတာ္ကို သြားမယ္လို႔ စေတြးတုန္းက ပိုင္လီက ပိုင္မိသားစုဝင္ေတြနဲ႕ေရာ အတူတူသြားလည္ဖို႔ စိတ္ကူးခဲ့တာေပမယ့္ အခု အကုန္လုံးက အားမေနတာကေတာ့ စိတ္မေကာင္းစရာပါပဲ။
ဒီေတာ့ သူတို႔ေတြခ်ည္း ထြက္လာခဲ့က်ၿပီး ဒီတစ္ေခါက္ ဆိပ္ကမ္းၿမိဳ႕သို႔ သြားရာလမ္းသည္ နာရီတခ်ိဳ႕ေလာက္ ပိုျမန္ေနခဲ့သည္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီတစ္ခါ သူတို႔လာဖို႔ သုံးခဲ့တဲ့လွည္းက ကြၽဲလွည္းမဟုတ္ဘဲ ျမင္းလွည္းျဖစ္ေနလို႔ပါပဲ။
ပိုင္လီက သူ႕အိမ္ကကေလးေတြ စိတ္တိုင္းက် လုပ္ေပးတဲ့ေနရာမွာ အရမ္းကိုျမန္ဆန္တယ္။ ျမင္းလွည္းဝယ္မယ္လို႔ သိထားတဲ့ေရွာင္ဟန္ေတာင္မွ သူ႕ခင္ပြန္းက ဘယ္ခ်ိန္ထဲက ျမင္းလွည္းကို မွာထားလိုက္မွန္း မသိခဲ့ဘူးေလ။
တကယ္ေတာ့ ဒီေခတ္မွာ ျမင္းဝယ္ဖို႔က မရိုးရွင္းပါဘူး။ ဒါေပမယ့္ ပိုင္လီကေတာ့ အဆက္သြယ္တခ်ိဳ႕ကို ေသခ်ာေပါက္အသုံးခ်ခဲဲဲဲ့ၿပီး ျမင္းလွည္းတစ္စီးကိုရေအာင္ဝယ္ခဲ့ကာ အဲတာက မီးပုံးပြဲေတာ္ရက္မတိုင္ခင္မွာ ေရာက္လာေတာ့ အိမ္ရွိလူတိုင္းက အံၾသသြားခဲ့က်ရသည္ပင္။
ပိုင္လီ ကံေကာင္းသြားတာက အိမ္မွာ ျပႆနာတခ်ိဳ႕ရွိေနတဲ့အတြက္ ပိုင္အေမက စကားတခ်ိဳ႕သာေျပာခဲ့ၿပီး သိပ္မဆူခဲ့တာပါပဲ။ ပိုင္အေဖနဲ႕ ပိုင္အိမ္ကေယာကၤ်ားေတြကေတာ့ ျမင္းကိုၾကည့္ၿပီး သေဘာက်ေနခဲ့တယ္ေလ။
လမ္းတြင္ ပိုင္လီက လွည္းကို သူကိုယ္တိုင္ေမာင္းခဲ့သည္။ သူတို႔က ရွင္းလုနဲ႕က်ဴးလင္ကို ေခၚလာေပမယ့္ ဖုပင္းနဲ႕က်ားယန္ကိုေတာ့ ထားခဲ့ပါတယ္။
က်ားယန္ကို ပိုင္အိမ္မွာ အလုပ္ေတြကူဖို႔ထားခဲ့တာျဖစ္ၿပီး ဖုပင္းကိုေတာ့ သူတို႔ရဲ႕ေဆာက္လက္စအိမ္ေတာ္ကို ႀကီးၾကပ္ရန္ထားခဲ့တာပင္။
အခ်ိန္တခ်ိဳ႕ ၾကာသြားၿပီျဖစ္တဲ့အတြက္ အေစခံေတြကလည္း သူတို႔ရဲ႕ေနထိုင္မႈပုံစံနဲ႕ အသားက်လာတာသဘာဝပါပဲ။ ရွင္းလုနဲ႕က်ဴးလင္ရဲ႕အလုပ္က ပိုင္လီေျပာခဲ့သလို အေသးေလးေတြကိုပဲ ဂ႐ုစိုက္ဖို႔ျဖစ္ၿပီး ဖုပင္းကေတာ့ သစ္သီးၿခံနဲ႕ အိမ္အသစ္ေဆာက္ျခင္းၾကားမွာ ကူးသန္းေနခဲ့ပါတယ္။
ပိုင္လီက ဒီကတုံးေလးရဲ႕ အလုပ္ႀကိဳးစားတာကို ျမင္ေပမယ့္ သိပ္ေတာ့ စိတ္ခ်ေသးတာမဟုတ္လို႔ ပိုင္စန္းနဲ႕ပိုင္က်န္းကို ထိုေကာင္ေလးကို ေစာင့္ၾကည့္ေနဖို႔ မွာခဲ့ၿပီးသားပါပဲ။
က်ားယန္ကေတာ့ ပိုင္လီေျပာၿပီးေနာက္မွာ အေတာ္ေလး ၿငိမ္သက္သြားခဲ့ေပမယ့္ အဲတာက စည္းမ်ဥ္းေတြကို သိသြားလို႔ပဲလား ဒါမွမဟုတ္ ပိုင္အိမ္မွာေရာက္ေနလို႔လားဆိုတာကို ဘယ္သူမွမသိနိုင္ဘူးေလ။
ပိုင္လီက သူတို႔လွည္းကို ဆိပ္ကမ္းၿမိဳ႕ရဲ႕အလည္က ငါးထပ္ရွိတဲ့ တည္းခိုခန္းေရွ႕မွာ ရပ္လိုက္ေတာ့ ပိုင္မိန္က ရထားလုံးျပတင္းေပါက္မွတဆင့္ အျပင္ကိုလွမ္းၾကည့္ရင္း ေျပာလာခဲ့ေလသည္။
"ဒုတိယအစ္ကို ညီမေလးတို႔ ေနရာမွားလာတာလား ဒါက အရင္က တည္းေနက်ေနရာလည္းမဟုတ္ဘူး"
ပိုင္မိန္ေျပာတာၾကားေတာ့ ေရွာင္ဟန္နဲ႕အေသးေလးေတြကလည္းအျပင္ကိုခိုးၾကည့္လိုက္က်၏။အဲတာကျမင့္မားၿပီးလွပသည့္တည္းခိုအိမ္ႀကီးျဖစ္ေနတာျမင္တဲ့အခါ ေရွာင္ဟန္က႐ုတ္တရက္ေရ႐ြတ္လာခဲ့ေပသည္။
"ဒါက...အရမ္းေစ်းႀကီးမွာပဲ"
အေသးေလးေတြရဲ႕တုန့္ျပန္မႈကေတာ့ သူတို႔က မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕ လိုက္စပ္စုေနတာပါပဲ။ ဒီေကာင္ေလးေတြအေၾကာင္း ေျပာရရင္ လာတဲ့လမ္းမွာ သူတို႔က ျမင္းလွည္းက အျပင္ကို တိုက္ရိုက္မျမင္ရတဲ့အတြက္ မေက်မနပ္ အသံေလးေတြ ထြက္လာခဲ့က်ၿပီး ပိုင္လီကေတာ့ ဒီျမင္းလွည္းက သူတို႔ေလးေတြ လိုခ်င္ခဲ့တာပဲ မဟုတ္ဘူးလားလို႔ ျပန္ေခ်ပလိုက္လို႔သာ ႏႈတ္ခမ္းေလးေတြဆူၿပီး ျပန္ၿငိမ္က်သြားခဲ့က်တာျဖစ္သည္။
အခုေတာ့ ဒီ အနည္းငယ္စိတ္ေကာက္ေနတဲ့ ေကာင္ေလးေတြက တည္းခိုအိမ္ႀကီးရဲ႕ အလွဆင္ထားမႈေတြကိုၾကည့္ၿပီး စိတ္ဆိုးဖို႔ေမ့သြားက်ၿပီျဖစ္သျဖင့္ ပိုင္လီက ၿပဳံးလိုက္၍ အံၾသေနသည့္ သူ႕မိသားစုကို ေျပာလိုက္ေတာ့၏။
"ဒီညေတာ့ ဒီမွာတည္းက်မယ္ အခန္းကႀကိဳငွားထားၿပီးၿပီမလို႔ ဖ်က္လို႔မရေတာ့ဘူး"
ဒါကိုၾကားေတာ့ အေသးေလးေတြနဲ႕ပိုင္မိန္က ေပ်ာ္႐ႊင္သြားက်ၿပီး လွည္းထဲကအျမန္ထြက္သြားက်ေပမယ့္ေရွာင္ဟန္ကေတာ့သူ႕ခင္ပြန္းကိုေသခ်ာလွမ္းၾကည့္လိုက္မိေပသည္။
အခုေနာက္ပိုင္း သူ႕ခင္ပြန္းက အရမ္းလုပ္နိုင္စြမ္းရွိလာတယ္လို႔ သူခံစားေနရသလိုပဲ။ သူ႕ခင္ပြန္းက ဆိပ္ကမ္းၿမိဳ႕က လူတခ်ိဳ႕နဲ႕သိလာေလ သူက အံၾသေစတဲ့အရာေတြကို ဘယ္သူမွမသိေအာင္ လုပ္နိုင္လာေလပါပဲ။
ဥပမာ ျမင္းလွည္းဝယ္တာမ်ိဳးနဲ႕ ဒီလိုအခန္းေတြကို ႀကိဳတင္မွာယူထားတာမ်ိဳးေပါ့။
ပိုင္လီက သူ႕ဇနီးေလးဆီက စူးစမ္းသလို အၾကည့္ခံလိုက္ရေတာ့ အနည္းငယ္ေတာ့ မလုံမလဲျဖစ္သြားမိတာ အမွန္ပါပင္။ သူက ဒီအခန္းေတြကို ႀကိဳမမွာထားလို႔ မရဘူးေလ။ ဒီတည္းခိုအိမ္က ဆိပ္ကမ္းၿမိဳ႕မွာ ျမင္ကြင္းအေကာင္းဆုံးေနရာပဲမလို႔ ဒီေန႕ေရာက္မွဆို ဘယ္လိုလုပ္ အခန္းရနိုင္ပါေတာ့မလဲ။
ၿပီးေတာ့ သူက လုပ္စရာေလးရွိလို႔ ဒီတည္းခိုအိမ္ရဲ႕အေပၚဆုံးတစ္ထပ္လုံးကို ခက္ခက္ခဲခဲနဲ႕ ငွားရမ္းထားရတာကို။
ပိုင္လီက သူ႕ဇနီးေလးက ဒီမွာတည္းဖို႔ကို မႀကိဳက္ဘဲ တစ္ခုခုေျပာလာမည္ကို စိုးရိမ္ေနေသာ္လည္း တကယ္တမ္း ေျပာမလာခဲ့၍ သူက စိတ္သက္သာရာရသြားခဲ့ေပသည္။ အဲဒီေနာက္ေတာ့ ပိုင္လီက သူတို႔ကို အေပၚဆုံးထပ္ကို ေခၚသြားခဲ့ပါတယ္။
ငါးထပ္ကိုတတ္ရတာက မလြယ္လို႔ ပိုင္လီက အေသးေလးေတြခ်ီေခၚသြားခဲ့ၿပီး အေပၚထပ္မွာ လူသူကင္းမဲ့ေနတာေတြ႕ေတာ့ ပိုင္မိန္က...
"အယ္... ညီမေလးတို႔ပဲရွိတာထင္တယ္"
အေပၚမွာ တျခားလူေတြ မရွိဘူးဆိုေပမယ့္ အလွဆင္ထားတာေတြက မီးပုံးပြဲေတာ္ အေငြ႕သက္ေတြ အျပည့္ပါပဲ။ အခုက ေစာေနေသးတာေတာင္ အေပၚဆုံးထပ္မွာ အလွဆင္ျခင္းက ၿပီးသြားၿပီျဖစ္ၿပီး ညေရာက္တဲ့အခါ သူတို႔က မီးပုံးေတြကို လိုက္ထြန္းလိုက္႐ုံပဲ။
ပိုင္လီက အေသးေလးေတြကို ေအာက္ခ်ေပးလိုက္ေတာ့ ထိုေကာေသးေသးေလးေတြက ခ်ိတ္ထားတဲ့မီးပုံးေတြကို အေျပးလႊားသြားၾကည့္ေနက်ၿပီး ပိုင္မိန္ႏွင့္အတူ ေနရာတိုင္းကို လိုက္စပ္စုေနက်ေတာ့၏။ ရွင္းလုနဲ႕က်ဴးလင္ကေတာ့ သူမတို႔ရဲ႕သခင္ေလးေတြ သြားတဲ့ေနာက္ကိုလိုက္ေနက်ၿပီး မထိခိုက္ေအာင္ေစာင့္ၾကည့္ေပးက်သည္။
ဒါေၾကာင့္ အစက တိတ္ဆိတ္ေနတဲ့အထပ္က အသက္ဝင္လာခဲ့ပါတယ္။
ေရွာင္ဟန္က ေပ်ာ္႐ႊင္ေနတဲ့ သူတို႔အိမ္က ကေလးေတြကိုၾကည့္ၿပီး စိတ္သက္သာရတယ္ဆိုေပမယ့္ သူက ဒီေလာက္ႀကီးတဲ့အထပ္မွာ ဘယ္သူမွရွိမေနလို႔ မေနနိုင္ဘဲ ေမးလိုက္မိေတာ့သည္။
"ဒီအထပ္မွာ အခန္းေတြ အမ်ားႀကီးရွိတာေတာင္ ကြၽန္ေတာ္တို႔ပဲရွိတာလား"
ပိုင္လီက သူ႕ဇနီးေလးကို ဝရံတာနဲ႕ သိပ်မဝေးတဲ့စားပွဲဝိုင်းတစ်ုဆီ ေခၚသြားလိုက္ၿပီး အရင္ထိုင္ခိုင္းလိုက္၏။ ၿပီးမွ သူက...
"အရင္က ကိုယ္က အိမ္ကလူေတြေရ အကုန္လိုက္နိုင္မွာမွတ္လို႔ ဒီတစ္ထပ္လုံးကို ငွားလိုက္မိတာ ေငြတစ္ဝက္ေခ်ၿပီးၿပီဆိုေတာ့ အခုမွေျပာင္းလို႔မရေတာ့ဘူးေလ "
ဒါကိုၾကားေတာ့ ေရွာင္ဟန္က နားလည္သြားေသာ္လည္း သူက ကုန္သြားမည့္ေငြေတြကို ႏွေမ်ာမိသျဖင့္...
"အာ.. အဲလိုကိုး အခုေတာ့ တစ္ထပ္လုံးမွာ ကြၽန္ေတာ္တို႔ပဲရွိတာ အခန္းေတြလည္း အမ်ားႀကီးမသုံးနိုင္ေတာ့ဘူး ႏွေမ်ာစရာပဲ "
ပိုင္လီက သူ႕ဇနီးေလး ဆက္ၿပီးႏွေမ်ာသည့္ အေၾကာင္းေတြးေနရင္ သူ႕ကို ဘယ္ေလာက္ကုန္သြားလဲလို႔ပါ ေမးလာမည္စိုး၍ သူကေျပာလိုေလသည္။
"ထားလိုက္ပါေတာ့ကြာ ၾကည့္ေလ ကေလးေတြေပ်ာ္ေနတာပဲ အခုလို တစ္ထပ္လုံးကို ငွားထားလို႔သာ သူတို႔ေတြ ဒီလိုမ်ိဳး လြတ္လြတ္လပ္လပ္ ကစားလို႔ရတာ မဟုတ္ဘဲ တျခားသူေတြေရာနဲ႕ဆို သူတို႔ဒီေလာက္ေပ်ာ္ရမွာမဟုတ္ဘူး အဲေတာ့ အဲဒီအေၾကာင္းမေတြးနဲ႕ေတာ့ ျပန္ျပင္လို႔လည္း ရမွမရေတာ့တာ"
ဒါသည္ မွန္ေသာ္လည္း ေရွာင္ဟန္ကေတာ့ ဒီလိုမ်ိဳးတစ္ထပ္လုံးငွားၿပီးမွ သူတို႔ေတြခ်ည္း လာရတဲ့အေပၚ စိတ္မသက္ျဖစ္ေနေပသည္။
အဲဒီအခ်ိန္မွာပဲ ပိုင္လီက ဝံရံတာဘက္ကို ေလ်ာက္သြားခဲ့၍...
"ေရွာင္မိန္ မင္းရဲ႕တူေလးေတြကိုေခၚလာၿပီး ဒီကိုလာၾကည့္ ေစ်းဆိုင္ေတြစျပင္ေနက်ၿပီ"
ဒါကိုၾကားေတာ့ သူတို႔မိသားစုက ကေလးေတြက အေျပးေရာက္လာက်၏။ သူတို႔က ငါးထပ္ေျမာက္ကေန ၾကည့္ေနတာျဖစ္၍ အားလုံးကို ရွင္းရွင္းလင္းလင္းျမင္ေနရေပသည္။
ေန႕တစ္ဝက္ကို ေက်ာ္ၿပီးစပဲ ရွိေနေသးေပမယ့္ လမ္းေပၚမွာလူေတြက ညဘက္အတြက္ ေစ်းဆိုင္ေတြဖြင့္ဖို႔စျပင္ေနက်ၿပီး တခ်ိဳ႕က မီးပုံးေတြခ်ိတ္ဖို႔ လုပ္ေဆာင္ေနခဲ့က်လိဳ႕ အရမ္းကို စည္ကားအသက္ဝင္ေနခဲ့ပါတယ္။
ပိုင္မိန္က ထိုျမင္ကြင္းကိုလွမ္းၾကည့္ၿပီး သူမအစ္ကိုလက္ေမာင္းကိုဖက္လ်က္ ခြၽဲလာေတာ့၏။
"အားးး ဒုတိယအစ္ကိုက အေကာင္းပဲဆိုတာ ညီမေလးသိတယ္! ညဘက္ဆို ဒီကေန ျမင္ကြင္းက အရမ္းလွေနမွာပဲ! တကယ္ပဲ ေနရာေ႐ြးတဲ့ေနရာမွာလည္း အစ္ကိုကအေကာင္းဆုံးပဲ!!"
ဒါကိုၾကားေတာ့ အေသးေလးမ်ားသည္ သူတို႔ကလည္း သူတို႔ေဒၚေလးငယ္လို သူတို႔အေဖကို ခြၽဲသင့္ေၾကာင္း အေတြးဝင္လာခဲ့က်ေလသည္။ ဒါေပမယ့္ သူတို႔ေလးေတြက လက္ေမာင္းကိုဖက္ဖို႔မမွီတာေၾကာင့္ ထုံးစံအတိုင္းပိုင္လီရဲ႕ေျခေထာက္ကိုပဲ ဖက္တြယ္လာခဲ့က်ပါတယ္။ ၿပီးေတာ့ေပ်ာ္႐ႊင္ေနတဲ့အသံေသးေလးေတြနဲ႕...
"ဟီးဟီး အေဖကအေကာင္းဆုံး!! အေဖကေကာင္းတယ္!"
"ဟုတ္တယ္ ဟုတ္တယ္ အေဖကအေကာင္းဆုံးပဲ!"
ဒါသည္ ၾကည္ႏူးစရာ ေကာင္းသည္ဆိုေသာ္လည္း ဤသို႔တြယ္ကပ္ေနသည့္ပုံက အနည္းငယ္ရယ္ခ်င္စရာလည္း ေကာင္းေနခဲ့သည္။ ပိုင္လီက သူ႕လက္ေမာင္းကို ဆြဲထားတဲ့ ပိုင္မိန္ကိုလည္း ဖယ္ထုတ္ေနၿပီး သူ႕ေျခေထာက္ေတြကိုလည္း တစ္လွည့္စီခါထုတ္ေနေပမယ့္ ဒီကပ္တြယ္တတ္တဲ့ ေကာင္ေလးေတြကေတာ့ သူ႕ကို အလႊတ္မေပးခ်င္က်ဘဴးပဲ။
"ေကာင္းၿပီ ေကာင္းၿပီ မင္းတို႔ အခုလႊတ္လို႔ရၿပီေလ မင္းတို႔ဘာသာ သြားကစားက်ေတာ့ေလ"
သို႔ေသာ္ ထိုကေလးမ်ားကေတာ့ စကားနားမေထာင္ခဲ့က်သျဖင့္ ပိုင္လီတစ္ေယာက္ ကူကယ္ရာမဲ့ေနခဲ့ေလသည္။
ေရွာင္ဟန္က ဒီလိုမ်ိဳး ကို႔ရို႔ကားယားနဲ႕ သူ႕ခင္ပြန္းကိုၾကည့္ၿပီး အနည္းငယ္ေလာက္ ရယ္ေမာခဲ့ပါတယ္။ သူစိတ္ထဲမွာပဲ ထင္ေနတာလားမသိေပမယ့္ သူ႕ခင္ပြန္းက တစ္ခါတစ္ခါက် ခ်စ္ဖို႔ေကာင္းသလိုပါပဲ။
ေနာက္ေတာ့ သူတို႔က ေန႕လယ္စာစားခဲ့က်ၿပီးေနာက္ ေခ်ာင္အိမ္ကို အလည္သြားခဲ့က်ေပသည္။
ဒီမွာ ကေလးေတြရဲ႕ မီးပုံးပြဲေတာ္ခ်ိန္းဆိုမႈက ေအာင္ျမင္သြားခဲ့ၿပီး ေခ်ာင္ခ်င္းခ်င္းက ပိုင္မိန္နဲ႕အေသးေလးေတြကို သူမဝယ္ယူထားတဲ့ မီးပုံးေလးေတြကိုၾကည့္ဖို႔ အတင္းဆြဲေခၚသြားခဲ့ပါတယ္။
အဲဒီအခ်ိန္မွာ လူႀကီးေတြက ေအးေအးေဆးေဆးစကားေျပာေနခဲ့က်ၿပီး ကေလးေတြကို ကစားဖို႔အခ်ိန္ေပးထားခဲ့က်ကာ ပိုင္လီတို႔က ညေနခင္းတစ္ခုလုံးကို ေခ်ာင္အိမ္မွာ ေနျဖစ္ခဲ့က်ေလသည္။ ညဘက္ေရာက္တဲ့အခ်ိန္မွာေတာ့ မိသားစုႏွစ္ခုက အတူတူ အျပင္ကိုထြက္လာခဲ့က်ပါတယ္။
သူတို႔အရင္ဆုံး စည္ကားေနတဲ့ လမ္းတစ္ေလ်ာက္ကို လည္ပတ္ခဲ့က်ၿပီး ပိုင္လီက ကေလးေတြလက္ညိုးထိုးသမွ်ကို ဝယ္ေပးေနလို႔ ရွင္းလုနဲ႕က်ဴးလင္ရဲ႕လက္ထဲမွာ ပုံစံစုံတဲ့ မီးပုံးေလးေတြနဲ႕ မ်ိဳးစုံတဲ့စားစရာေတြျပည့္ေနခဲ့ေလသည္။
ဒါေတြကိုၾကည့္ၿပီး ေရွာင္ဟန္ကေတာ့ သူ႕ခင္ပြန္းတားဖို႔အတြက္ ဆြဲေတာင္ထားခဲ့ရပါတယ္။ အခုေတာ့သူ ေသခ်ာသိသြားတာက သူ႕ခင္ပြန္းက သူတို႔အိမ္က ကေလးေတြ လိုခ်င္သမွ် ျဖည့္ဆည္းေပးရတဲ့အရသာကို စြဲလမ္းလြန္းေနတယ္ဆိုတာပဲ။
ေရွာင္ဟန္က ပိုင္လီကို အလြန္က်ဴးဝယ္ေပးေနတာကိုတားဖို႔ ဆြဲထားတာျဖစ္ေသာ္လည္း လူမ်ား၏ အျမင္တြင္မူ သူတို႔သည္ ပူးကပ္ေနသည့္ လူငယ္စုံတြဲႏွင့္တူေနခဲ့ၿပီး ေခ်ာင္ရန္ႏွင္းဟုန္ရင္းကလည္း ဒီရင္းႏွီးလွတဲ့ လူငယ္စုံတြဲၾကည့္ကာ ရယ္ေမာေနခဲ့က်ေလသည္။
အဲဒီမွာ ေရွာင္ဟန္ရဲ႕ဒုကၡေတြက မေသးခဲ့ပါဘူး။ ပိုင္မိန္နဲ႕အေသးေလးေတြက ပိုင္လီက အလိုလိုက္မွန္းသိေတာ့ တစ္ခုခုကိုေတြ႕တာနဲ႕ ပူဆာခဲ့က်ၿပီး ပိုင္လီကလည္း အရမ္းကို ဝယ္ေပးခ်င္ေနခဲ့သျဖင့္ သူက ဘယ္သူေတြကို ထိန္းလို႔ထိန္းရမွန္းမသိ ျဖစ္ေနခဲ့ေပသည္။
ေရွာင္ဟန္က ပိုင္လီကို ထိန္းတဲ့အခါ ကေလးေတြကပူဆာဖို႔ အစျပဳလာလိမ့္မယ္။ ေရွာင္ဟန္ ကေလးေတြကို ဝယ္တာမ်ားေနလို႔ ထပ္မဝယ္ေတာ့ဖို႔ တားတဲ့အခါက်ရင္လည္း ပိုင္လီက တစ္ခုခုကိုေတြ႕တာနဲ႕ ကေလးေတြကို လိုခ်င္လားလို႔ေမးလာလိမ့္မယ္။
ေရွာင္ဟန္က တကယ္စိတ္တိုလြန္းလို သူတို႔ကို ပိုင္အေမလို ဆူလိုက္ခ်င္တာပဲ သိေတာ့တယ္။
.............................................
(AN/ ပိုင္လီတို႔ကို paid gpမွာ အၿပီးထိဖတ္လို႔ရပါၿပီ။ gpေစ်းေလးလည္း ထပ္ေလ်ာ့ျဖစ္ပါတယ္။ ဇာတ္သိမ္းထိ 4500 ပါရွင့္။
gpဝင္ခ်င္တဲ့သူေတြက fb မွာဆို "ဒီအမ်ိဳးသမီးမွာ ေဒါသေတြမရွိေတာ့ပါ" ဆိုတဲ့အေကာင့္ကိုလာနိုင္ၿပီး tele မွာဆိုရင္ username @PS12001100 ကိုလာရွာနိုင္ပါတယ္ရွင္။ )