စန်းရန် အိမ်မှထွက်သွားပြီးနောက်တွင်တော့ ဝိန်းရိဖန်လည်း ပန်းကန်ခွက်ယောက်များကိုသိမ်းဆည်းပြီး ရေချိုးရန် အိပ်ခန်းထဲ ဝင်လာခဲ့တော့သည်။ အဝတ်အစားများချွတ်နေရင်း မနေ့ညက ချန်ကျွင့်ဝိန်ပြောသည့်စကားများကို တဖန်ပြန်ကြားယောင်လာမိ၏။ သူမ ရှင်းရှင်းလင်းလင်းကို ကြားခဲ့သည်မှာ အတည်ပြုစရာပင်မလို ၊ သေချာပေါက်အမှန််တကယ်ပင်။
ချန်ကျွင့်ဝိန်က ထိုစကားများကို ပြန်လည်ပြောပြနေသည်မှာလည်း အမှန်တကယ်ပေ။
ဝိန်းရိဖန်၏နှလုံးသားထဲ မသိမသာလေး ရှုပ်ထွေးလာရတော့၏။
စန်းရန်ပြောခဲ့ဖူးသည့် ထိုစကားတစ်ခွန်းက သူမနှင့်သက်ဆိုင်မှုရှိမရှိဆိုသည်မှာလည်းမသေချာ။
သို့သည်တိုင် သက်ဆိုင်မှုမရှိရန်သာ မျှော်လင့်နေမိတော့၏။
ထိုစကားတစ်ခွန်းဟာ စန်းရန်အရက်မူးနေသည့်အချိန်တွင် သူငယ်ချင်းများနှင့် စကားအဖြစ်ပြောလိုက်ခြင်းမျိုးသာဖြစ်ရန် မျှော်လင့်မိသလို ၊ ဤမျှထိရှည်ကြာခဲ့သည့်နှစ်များအတွင်း စန်းရန်ဟာ မည်သည့်အတွက်ကြောင့်နှင့်မျှဖြင့် ခြေလှမ်းများတွန့်ဆုတ်သွားခြင်း ၊ မည်သည့်အရာအတွက်ကြောင့်နှင့်မျှ ခလုတ်မထိဆူးမငြိဘဲ ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းလာခြင်းမျိုးသာ ဖြစ်စေရန် မျှော်လင့်ထားမိပါတော့သည်။
သည့်အထက်အပြင် သူမကြောင့်ဖြင့်လည်း အနှောင့်အယှက်တစ်စုံတစ်ရာ မရှိစေချင်ခဲ့ပေ၏။
တိုတောင်းလှသည့်အနားယူရက်လေးမှာ မျက်စိတစ်မှိတ်စာအတွင်း အမြန်ကုန်ဆုံးသွားခဲ့သည်။
ရှေ့လျှောက်ရက်များအတွင်းတွင် မုချန်ယွင်၏သတိပေးစကားကြောင့် ဝိန်းရိဖန်သည် ဌာနမှ ထွက်လာသည့်အခါတိုင်း အပြင်ဘက်သို့စစ်ဆေးကြည့်ဖြစ်ခဲ့သည်။ လုံခြုံရေးဝန်ထမ်းများကို မေးကြည့်မိသော်လည်း ဤအချိန်များအတွင်း သူမအား လာရှာသည့်သူမျိုးရှိပုံမရပေ။
ပုံမှန်မဟုတ်သည့် မသင့်လျော်သောကိစ္စမျိုးများမရှိသည့်အတွက် ဝိန်းရိဖန်လည်း စိတ်သက်သာရာရသွားခဲ့သည်။
မိုးဖွဲလေးများသာရွာတော့သည့် ရာသီဥတုနှင့်အတူ နွေဦးရာသီထဲ တဖြည်းဖြည်းဝင်လာခဲ့သည်။ နန်းဝူမြို့၏အပူချိန်ဒီဂရီမှာ သိသိသာသာတိုးမြင့်လာသည်နှင့်အမျှ ဆောင်းရာသီ၏အအေးဓါတ်များ လွင့်ပျယ်ပျောက်ကွယ်သွားကာ လမ်းတစ်လျှောက်ရှိ ကိုင်းခက်သစ်ပင်တို့တွင်လည်း ရွက်နုများဝေဆာလာခဲ့သည်။
ဝိန်းရိဖန်သည် အခုလေးတင် တည်းဖြတ်ခန်းထဲမှထွက်လာပြီး ရုံးခန်းထဲဝင်ကာ ကွန်ပြူတာကိုဖွင့်လျှင်ဖွင့်လိုက်ချင်းပင် စုထျန်းက စကားပြောရန်အနားသို့ရောက်လာခဲ့သည်။
"အေ့ ၊ ငါကြားလာတာ ခွေးပေါက်လေးက အလုပ်ထွက်စာတင်ထားတယ်တဲ့"
ဝိန်းရိဖန်က စကားပြောနေရာဘက်သို့ လှည့်ကြည့်လိုက်သည်။
စုထျန်းက ဆက်၍ ;
"ငါ သာ့ကျွမ့်ဆီကနေ ကြားရသလောက်ကတော့ ဒီအလုပ်ကို ဆက်ကိုမလုပ်တော့တာတဲ့ ၊ သူ သတင်းထောက်အလုပ်ကို အစတည်းက ဝါသနာမပါဘူး ၊ သရုပ်ဆောင်ဘက်ကို ပိုအားသာတယ်လို့ပြောတယ် ၊ ပြီးတော့ ရုပ်ရှင်အင်တာတိမ်းမန့်တစ်ခုက သူ့ကို စာချုပ်ချုပ်ဖို့ကမ်းလှမ်းထားတာမလို့ အလုပ်ထွက်မှာနဲ့ကွက်တိပဲတဲ့"
ဝိန်းရိဖန်က အသံတစ်ချက်ပြုရင်း ;
"ကောင်းပါတယ် ၊ ကိုယ်သဘောကျတဲ့အလုပ်ကို လုပ်နိုင်တာပေါ့"
"တကယ်ပဲမိုက်လိုက်တာ ၊ သရုပ်ဆောင်အလုပ်က ပိုက်ဆံအများကြီးဝင်တယ်မလား"
စုထျန်းက ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်၍ ;
"နင်ပြောကြည့် နောက်ဆိုရင် သူ နာမည်ကြီးလာတော့မှာမလား ၊ ငါတို့ သူ့ဆီကနေ လက်မှတ်တောင်းထားကြရင်ရော ၊ ပြောမရရင် နောက်ဆို ပြန်ရောင်းစားလို့ရရင်ရမှာ"
ဝိန်းရိဖန်က ရယ်နေရင်း ;
"ရတယ်လေ"
အချိန်ကိုက်ဆိုသလို ဖုန်းတုန်ခါသံမြည်လာခဲ့သည်။
ဝိန်းရိဖန်က အကြည့်လွှဲရင်း ဖုန်းကိုကောက်ယူဖွင့်ကြည့်လိုက်လျှင် စာပို့လာသူမှာ စန်းရန်။
စန်းရန် ; [ ဘယ်အချိန် အလုပ်ဆင်းမှာလဲ ]
ဝိန်းရိဖန် ; [ သိပ်မကြာခင် ]
ဝိန်းရိဖန်၏အမူအရာကို လှမ်းကြည့်နေသည့်စုထျန်းက မနေနိုင်အောင်မေးလာခဲ့သည်။
"ငါ ဘယ်အချိန်ကျမှ နင့်ရဲ့ဒီဘဲဘုရင်ကြီးနဲ့တွေ့ရမှာလဲ"
ဝိန်းရိဖန် ပြုံးပြရင်း စကားဆိုလိုက်သည်။
"နောက်တစ်ခေါက်ပေါ့"
စုထျန်းက သက်ပြင်းချလိုက်ရင်း အနည်းငယ်အားကျသည့်ဟန်ဖြင့်လည်း ;
"အင်းပါ ၊ နင် သတင်းထောက်အလုပ်လုပ်နေရင်း ဘယ်လိုလုပ်ပြီးတော့ ဒီလိုချိုချိုရိုရိုလေးရည်းစားထားနေနိုင်လဲဆိုတာ ပြောပြပါလား ၊ ငါ့အခြေအနေကတော့ ရည်းစားကောင်လေးတောင် ပြောင်းပစ်ရတော့မလိုလိုပဲ ၊ မသိရင် ငါ့ကို ဆက်ဆံနေတဲ့ပုံက ပင်ကွင်းစားတာခံရတော့မယ့်နေ့ကို စောင့်နေရတဲ့တီကောင်လိုလိုနဲ့"
ဝိန်းရိဖန် ;
"အဲ့လောက်ထိတောင် အခြေအနေပြင်းထန်နေပြီလား"
စုထျန်း :
"ဟုတ်ပါတယ်ဆို"
မျက်လွှာချ၍ကြည့်မိလိုက်သည့်အခါ စန်းရန်၏ အသံမက်ဆေ့နှစ်ခုက တိုက်ရိုက်အသံဖွင့်မြည်လာခဲ့၏။
"ဒါဆို ခဏနေကျရင် 'Overtime'ကိုဝင်လာခဲ့ဦး"
"ကိုယ် အရက်သောက်ထားတာမလို့ ကားမောင်းဖို့အဆင်မပြေဘူး"
ဝိန်းရိဖန်က မျက်တောင်တစ်ဖျက်ခတ်ရင်း စာပြန်လိုက်သည်။
"ကောင်းပြီ"
အခြားတစ်ဖက်တွင်။
စန်းရန်၏အပြုအမူကိုလိုက်ကြည့်နေသည့် စုဟောက်အန်းခမျာ ဆွံ့အသွားလျက်ဖြင့် ;
"မင်း ဒီစကားတွေကို ဘယ်လိုတွေးပြီးတော့များပြောထွက်လာတာလဲ ၊ ဒီအတိုင်း 'ငါ သူငယ်ချင်းတွေနဲ့ဆုံနေတယ် မင်း လာခဲ့ဦးမလား' လို့တန်းမေးလိုက်ရင် ရပြီမဟုတ်ဘူးလား!"
စန်းရန်က မျက်လုံးပင့်ကြည့်ကာ အရက်ခွက်အား အသာခေါက်ပြ၍ ;
"ငါ မသောက်ထားလို့လား"
"မင်းစိတ်ထဲမှာ ဘာတွေတွေးနေမှန်း ဘယ်သူမှမသိဘူးများထင်နေလား!"
စုဟောက်အန်း သည်းညည်းမခံနိုင်တော့ဘဲ ;
"မနက်မိုးလင်းကနေ မိုးချုပ်တဲ့ထိ ကောင်မလေးအကြောင်းကို သေလောက်အောင်ပြော ၊ ဖက်တီး မင်္ဂလာဆောင်မှာ ဝိန်းရိဖန်ကို ခေါ်လာတဲ့အချိန်ကစပြီး မင်းပါးစပ်ထဲမှာ တခြားပြောစရာစကားမရှိတော့တာလား"
စန်းရန်က စကားမဆိုဘဲ အရက်တစ်ငုံထပ်မော့လိုက်သည်။
စုဟောက်အန်းက စန်းရန်၏လက်ကောက်ဝတ်ပေါ်ရှိ အနီရောင်လက်ပတ်ကို လက်ထိုးညွှန်ပြရင်း ;
"ပြီးတော့ မင်းရဲ့ဒီလက်ပတ်....."
"မှန်ပါ့"
စန်းရန်က စုဟောက်အန်း၏စကားကို ဖြတ်ပြောပြီး ဆိုဖာနောက်သို့ မှီချလိုက်၍ ;
"စုံတွဲတွေဝတ်တဲ့ဟာ ၊ မင်းရဲ့မရီး ပေးထားတာ"
"...."
"မတတ်နိုင်ဘူးလေ ၊ ကောင်မလေးက ငါနဲ့ ဒီဟာ ဆင်တူဝတ်ရတာကို သဘောကျနေတော့လည်း....."
စန်းရန်က မေးဖျားကိုခပ်မော့မော့ပင့်ပြီး လှောင်ထေ့ထေ့အမူအရာမျိုးဖြင့် စကားဆက်ဆိုလိုက်သည်။
"သူ့ကို မပျော်အောင်လုပ်လို့တော့ ဘယ်ဖြစ်မလဲ.....ဟုတ်တယ်မလား"
စုဟောက်အန်းက စိတ်ပျက်သွားသည့်အလား အရေးမလုပ်တော့ပေ။
သိပ်ပင်မကြာလိုက်ဘဲ စန်းရန်က Wechat ထဲမှ ပြန်စာအား လက်ခံရရှိသည်နှင့်တပြိုင်နက် မတ်တပ်ထရပ်လိုက်သည်။ ဘေးနားမှ အပေါ်ထပ်ကုတ်အင်္ကျီကို လှမ်းယူပြီး သာမန်ကာလျှံကာပြုံးပြလိုက်၏။
"သွားပြီနော် ၊ အားနာပေမယ့် ကောင်မလေးက လာကြိုနေပြီမလို့"
စုဟောက်အန်းက တစ်သျှူးဖြင့်ကောက်ပေါက်လေပြီး ;
"ထွက်သွားစမ်း! လုံးဝ ပြန်မလာခဲ့နဲ့!"
-------
ဌာနမှထွက်လာသည်နှင့် ဝိန်းရိဖန်သည် လမ်းသရဲလမ်းမကြီးဆီသို့ တိုက်ရိုက်လျှောက်လာခဲ့လိုက်၏။ 'Overtime' အဝင်ဝသို့ရောက်ရောက်ချင်းပင် စန်းရန်ထံသို့ မက်ဆေ့ပို့လိုက်ကာ တစ်ဖက်မှပြန်စာကိုမစောင့်တော့ဘဲ အထဲဝင်လာခဲ့လိုက်သည်။
ဝိန်းရိဖန်က ဘားခုံနေရာထိလျှောက်လာပြီး စောင့်နေ၏။
ယမကာအဖျော်ဆရာ 'ဟယ့်မင်ပေါ်'က သူမအား မှတ်မိနေပြီဖြစ်သည့်အတွက် သူမ ဝင်လာကတည်းက ရေတစ်ခွက်ငှဲ့ပေးလာခဲ့သည်။
"အစ်မ အပေါ်တက်ပြီး ရန်ကောဆီတိုက်ရိုက်သွားမလား"
ဝိန်းရိဖန်က ပြုံးပြရင်း ကျေးဇူးတင်လိုက်၏။ သူမ တွေးကြည့်လိုက်ရင်း စန်းရန်အား တကူးတကဆင်းလာခေါ်ခိုင်းစရာမလိုဘဲ ယခုလိုအပေါ်လိုက်သွားလည်း အဆင်ပြေသည့်အတွက် လှေကားရှိရာဘက်သို့လှမ်းကြည့်လိုက်၏။
"ဒါဆို အစ်မ တက်သွားလိုက်တော့...."
စကားမဆုံးလိုက်ခင် သူမ၏လက်ကောက်ဝတ်အား တစ်စုံတစ်ယောက်က ရုတ်တရက်ဖမ်းဆွဲလာခဲ့သည်။
ဝိန်းရိဖန် အသံတိတ်သွားခဲ့သည်။ အနောက်ဘက်ရှိလူမှာ သူမ လုံးဝမရင်းနှီးသည့်အငွေ့အသက်မျိုးဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်းခံစားမိလိုက်သည့်အတွက် လက်ကို အလိုလိုလွှဲရမ်းပစ်ပြီး တစ်ချိန်တည်းဆိုသလို ဘေးတိုက်စောင်းကြည့်လိုက်သည်။ မထင်မှတ်ထားစွာဖြင့် တွေ့လိုက်ရသည်မှာ အရက်မူးနေသည့် 'ချယ်ရှင့်ဒယ်' ၏မျက်နှာပင်။
သူမ၏အသက်ရှူသံများ ရပ်တန့်သွားခဲ့တော့၏။
ချယ်ရှင့်ဒယ်မှာ သူမ၏လက်ကို နောက်တစ်ကြိမ်လှမ်းဆွဲလာလေပြီး အသိစိတ်ကပ်နေပုံလည်းမရချေ။
"အေ့....တကယ်ပဲ ရွှမ်းကျန့်ပါလား ၊ ငါ လူမမှားပါဘူးလို့...."
ယောက်ျားနှင့်မိန်းကလေးခွန်အား မညီမျှခြင်းကြောင့် ဝိန်းရိဖန်မှာ ရုန်းထွက်ပစ်နေပါသော်လည်း ထိုလူ၏ခွန်အားကို မလွန်ဆန်နိုင်။ မျက်လုံးကိုမှိတ်ချ ၊ နောက်တစ်ကြိမ်ပြန်ဖွင့်ပြီး ခွန်အားကိုအလဟဿမဖြုန်းပစ်တော့ဘဲ ထိုလူအား စူးစိုက်ကြည့်လိုက်တော့၏။
"ရှင် ဘာဖြစ်ချင်နေတာလဲ"
"ဘာကို ဘာဖြစ်ချင်ရမှာလဲ ၊ ငါက မင်းရဲ့ဦးလေးလေ ၊ အရင်တစ်ခေါက် ဦးလေးကိုတွေ့တုန်းက ဘာလို့မမြင်ချင်ယောင်ဆောင်လိုက်တာလဲ"
ချယ်ရှင့်ဒယ်က စုတ်တစ်ချက်သပ်လိုက်ပြီး ;
"ဒီကလေးမလေးက စာနာတတ်တဲ့စိတ်မျိုး မရှိလိုက်တာ ၊ ဒီလောက်အကြာကြီးမတွေ့ဖြစ်ခဲ့တာကို ဦးလေးက...."
နောက်တစ်စက္ကန့်တွင်။
ချယ်ရှင့်ဒယ်၏လက်မောင်းမှာ ရုတ်တရက်ပေါ်လာသည့် စန်းရန်၏ဆွဲဆောင့်ခြင်းကို ခံလိုက်ရတော့သည်။
တရိပ်ရိပ်ဝဲတက်လာသည့် အင်အားမဲ့ထိတ်လန့်နေသည့်ခံစားချက်တို့ဟာလည်း လွှင့်စင်ပျောက်ကွယ်သွားပါတော့၏။
စန်းရန်သည် ဝိန်းရိဖန်အား သူ့ရင်ခွင်ထဲဆွဲထည့်လိုက်ပုံမှာ လူတစ်ယောက်လုံးအား သူ့အငွေ့အသက်များဖြင့် လွှမ်းခြုံပေးလိုက်သည့်သဖွယ်။ သူ့ရင်ခွင်ထဲရောက်သွားပြီး စိတ်လျော့နိုင်သည့်အခါတွင်မှ သူမ၏ခန္ဓာကိုယ်ဟာ ထိန်းမရတော့အောင်တုန်ယင်နေနှင့်ပြီဖြစ်ကြောင်း သတိထားလိုက်မိတော့၏။
ဤနေရာတွင် ချယ်ရှင့်ဒယ်နှင့်တွေ့လိမ့်ဟူ၍ သူမ လုံးဝမတွေးထားမိခဲ့ပါပေ။
အတွင်းစိတ်ထဲမှ ထိုးထွက်လာသည့်ရွံရှာသည့်စိတ်များကို ဖိနှိပ်ရင်း ကိုယ့်ကိုကိုယ်စိတ်ငြိမ်အောင်ပြုလုပ်လိုက်သည်။
ဝိန်းရိဖန် ခေါင်းမော့ကြည့်လိုက်လျှင် စန်းရန်၏ရန်လိုနေသည့်မျက်ခုံးများကို မြင်လိုက်ရကာ သူမ၏နှုတ်ခမ်းတို့လှုပ်ရှားသွားခဲ့သော်ငြား ပြောစရာစကားတို့မဲ့လျက်သား။
စန်းရန်၏နှုတ်ခမ်းပါးတို့မှာတော့ ခပ်တင်းတင်းဖြစ်နေပြီး သူ့လက်ချောင်းများက သူမ၏လက်ကောက်ဝတ်အား အသာအယာပွတ်သပ်ကြည့်လာ၏။
"အဆင်ပြေလား"
ဝိန်းရိဖန်က 'အင်း' ဟုသာခပ်တိုးတိုးဖြေလိုက်သည်။
ထိုအခါတွင်မှ စန်းရန်က စိတ်အနည်းငယ်သက်သာရာရသွားခဲ့ပုံရကာ တစ်ဖက်သို့လှည့်ပြီး ချယ်ရှင့်ဒယ်အား ခေါင်းအစ ခြေအဆုံးကြည့်လိုက်သည်။ သူ့မျက်နှာပေါ်ရှိအမူအရာတို့မှာ လက်ရှိအချိန်တွင် ထိန်းချုပ်ဖိနှိပ်ထားခြင်းမရှိ ၊ ရေခဲစများရောနှောနေသည့်အလား စကားသံတို့က ခပ်ပြတ်ပြတ်ဖြင့် ;
"ခင်ဗျားက ဘယ်သူလဲ"
စန်းရန် ရုတ်တရက်ပြုမူလိုက်ခြင်းကြောင့် ချယ်ရှင့်ဒယ်က နောက်သို့သုံးလေးလှမ်းမျှဆုတ်သွားခဲ့ရ၏။ ထိုလူက သူ့ဟန်ချက်ကိုငြိမ်အောင်ထိန်းနေရင်း အရက်မူးမူးဖြင့် ဝိန်းရိဖန်အား လက်ညှိုးထိုးကာ လျှာလေးအာလေးဖြင့် စကားဆိုလာသည်။
"ငါ....ငါက ဘယ်သူလဲဟုတ်လား....ငါက သူ့ဦးလေး!"
ဤစကားတစ်ခွန်းကြောင့် စန်းရန်က ဝိန်းရိဖန်အား နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည်မှာ သူမအား ဟုတ်မဟုတ် အတည်ပြုမေးမြန်းချင်နေသည့်သဘောပင်။
ဝိန်းရိဖန်က နှုတ်ခမ်းကိုတင်းတင်းစေ့ထား၍ ;
"မဟုတ်ဘူး"
"ဟေး!...ရွှမ်းကျန့်!...ဘာမဟုတ်ဘူးလဲ....ဘာကို မဟုတ်တာလဲ!"
ချယ်ရှင့်ဒယ်က အရှေ့သို့တဖန် ပြန်တိုးလာခဲ့ပြီး ;
"ဒီလိုစကားမျိုးကိုတောင် ပြောထွက်နေပြီလား ၊ မသိတတ်လိုက်တာ ၊ ဒီဦးလေးကပဲ အရင်က မင်းကို ကျွေးထားဆင်ထားပေးခဲ့တာလေ ၊ မမှတ်မိတော့ဘူးလား"
ဝိန်းရိဖန် ခေါင်းမော့မိလာခဲ့ပြီး သူမ၏မျက်ဝန်းများထဲမှ ရွံရှာနေမှုများကိုတော့ ဖုံးဖိထား၍မရပါတော့ချေ။ သူမ၏လက်ရှိဘဝထဲ၌ အရေးမပါ၊အရာမဝင်တော့သည့် ဤလူနှင့်ပတ်သတ်ပြီး များများစားစားလည်းမတွေးချင်တော့သလို တုံ့ပြန်ဆက်ဆံခြင်းမျိုးပင် မပြုလုပ်တော့ချင်။
"ကျွန်မ ရှင့်ကိုမသိဘူး"
ဝိန်းရိဖန်၏စကားလုံးတို့က အာခံသည့်သဘောသက်ရောက်သွားသည်ဟု ထင်လိုက်ခြင်းကြောင့်လားမသိ ၊ ချယ်ရှင့်ဒယ်က စိတ်မကြည်တော့ဘဲ သူမအား ဆွဲလားရမ်းလားလုပ်ရန် ထပ်၍ရှေ့တိုးလာခဲ့သည်။
ထိုလူ၏ဦးတည်ချက်ကို သတိထားမိလိုက်သည့် စန်းရန်က ဝိန်းရိဖန်အား သူ့ခန္ဓာကိုယ်အနောက်သို့ ချက်ချင်းဆွဲပို့၍ကာကွယ်လိုက်ကာ ချယ်ရှင့်ဒယ်၏လက်မောင်းကို ဖမ်းဆွဲပြီး ညစ်ပတ်ပေရေနေသည့်အရာတစ်ခုကိုကြည့်လိုက်သည့်အလား အပေါ်စီးမှနေ၍ ငုံ့ကြည့်လိုက်၏။ သူ့လက်ချောင်းများဖြင့် ဆုတ်ကိုင်ထားသည့်ခွန်အားက တစ်စစနှင့်ပြင်းထန်လာသည်မှာ တစ်ဖက်ရှိချယ်ရှင့်ဒယ်တစ်ယောက် နာကျင်ပြီးညည်းညူသံမထွက်လာမချင်းပေ။
စန်းရန် ;
"လူလိုပြောနေတာကို နားမလည်ဘူးလား"
"မင်း ရူးနေတာလား! ငါနဲ့ ငါ့တူမနဲ့စကားပြောနေတာလေ မင်းသောက်ကြောင်းပါလား!"
ချယ်ရှင့်ဒယ်က ဤဘားသို့ သုံးလေးကြိမ်လာဖူးထားကာ စန်းရန်ကိုလည်း မြင်ဖူးထားခဲ့သည်။ ယခုအချိန်၌ ပိုင်ရှင်သူဌေးက ပြဿနာကိုဝင်ဖြေရှင်းနေသည်ဟုသာ ထင်မှတ်လိုက်၍ ;
"သွားစမ်းပါ ၊ မိသားစုအတွင်းရေးကိစ္စတွေ မင်းသောက်လုပ်မပါဘူး! သောက်ရူးမလို့ လိုက်ပါနေတာလား!"
စန်းရန်က ချယ်ရှင့်ဒယ်၏ပေါက်ကရစကားများကို အရေးစိုက်နေရန်ပင် ပျင်းလွန်းလှ၏။
လှုပ်လှုပ်ရှားရှားအခြေအနေအား ဟယ့်မင်ပေါ်က သတိထားမိသွားခဲ့ပြီး ;
"ရန်ကော....ဘာဖြစ်တာလဲ"
"အရက်မူးပြီး ပြဿနာရှာနေတယ် ၊ လုံခြုံရေးကိုဝင်လာခိုင်းလိုက် ၊၊ပြီးရင် ဒီလူကို ဆွဲထုတ်သွား"
စန်းရန်က ချယ်ရှင့်ဒယ်အား လုံးဝလျစ်လျူရှူထား၍ ;
"တခြားဧည့်သည်တွေကို အနှောင့်အယှက်မဖြစ်စေနဲ့"
"ငါက ဘာလုပ်နေလို့ ငါ့ကိုလာပြီးမောင်းထုတ်နေတာလဲ"
ချယ်ရှင့်ဒယ်၏ခန္ဓာကိုယ်ပေါ်တွင် အရက်နံ့များမွှန်ထူနေပြီး စန်းရန်၏အပြုအမူကြောင့် မကျေမနပ်ဖြစ်ကာ စကားပြန်ဆိုလာခဲ့သည်။
"သူဌေးက လူကိုရိုက်ပြီး ဧည့်သည်ကိုပါ မောင်းထုတ်တယ်လား ၊ သူဌေးဆိုတိုင်း ထင်တိုင်းကျဲနေတာလား"
ချယ်ရှင့်ဒယ်၏ရည်ရွယ်ချက်ရှိရှိလုပ်လိုက်သည့်အပြုအမူကြောင့် ပတ်ဝန်းကျင်မှဧည့်သည်များသည် ဤနေရာဆီသို့ တဖြည်းဖြည်းနှင့်အာရုံစိုက်လာကြသည်။
"ဘာလဲ"
စန်းရန်မှာမူ အခြားသူများ၏အကြည့်တို့ကို လုံးဝဂရုမစိုက်ပါဘဲ အပြုံးမမြည်သောအပြုံးဖြင့် ;
"ခင်ဗျားတောင် ဒီလိုပြောနေပြီဆိုမှတော့ ကျွန်တော် လက်မပါသေးရင် ခင်ဗျားပြောလိုက်တဲ့စကားအပေါ် အားနာစရာတွေဖြစ်ကုန်တော့မှာပဲ"
"...."
ဝိန်းရိဖန်က စန်းရန်၏လက်အား စိတ်လှုပ်တရှားပြေးဆွဲထားလိုက်မိတော့၏။
စန်းရန်က သူမ၏လက်ကို ပြန်ဆုတ်ကိုင်ထားလိုက်ပြီး လက်ချောင်းလေးများကိုလည်း ခပ်ဖွဖွလေးပွတ်သပ်ပေးနေရင်း အကြည့်များမှာတော့ ချယ်ရှင့်ဒယ်ကိုသာ စိုက်ကြည့်နေဆဲ။
စန်းရန်၏စကားသံကိုနားထောင်ကြည့်ခြင်းအရ စနောက်နေခြင်းမဟုတ်မှန်းသိနေသည့် ချယ်ရှင့်ဒယ်မှာ သရဲဘောကြောင်တတ်သည့်အတွက်လည်း ထပ်၍ရန်မစရဲပါတော့ပေ။ ဝိန်းရိဖန်ထံသို့ နောက်တစ်ကြိမ်လှမ်းကြည့်လိုက်ပြီး သူတို့နှစ်ဦး၏ပူးပူးကပ်ကပ်ရှိနေသည့်အပြုအမူတို့ကြောင့် ချက်ချင်းနားလည်သွားခဲ့၏။
"ရွှမ်းကျန့် ၊ မင်းနဲ့ ဒီပိုင်ရှင်သူဌေးက ရည်းစားတွေလား"
ဝိန်းရိဖန် အသံတစ်ချက်မထွက်။
"အို့....သူဌေးလေး...."
ချယ်ရှင့်ဒယ်၏မျက်နှာပေးမှာ အလျင်အမြန်ပင်ပြောင်းသွားခဲ့၍ ;
"ဦးလေးက သူ့ရဲ့ဦးလေးပါ ၊ ဘာမကောင်းတဲ့ရည်ရွယ်ချက်မှမရှိဘူး ၊ ကိုယ့်လူတွေအချင်းချင်းပဲဟာ ၊ ဘာများ ကတောက်ကဆဖြစ်စရာလိုလို့လဲ ၊ ဦးလေးက ကိုယ့်တူမလေးကို မတွေ့ရတာအရမ်းကြာပြီမလို့ စိတ်လှုပ်ရှားပြီး..."
ချယ်ရှင့်ဒယ် စကားမဆုံးခင် အပြင်ဘက်ရှိလုံခြုံရေးအစောင့်နှစ်ဦးမှာ အထဲသို့ရောက်လာခဲ့ပြီး ထိုလူအား ဆွဲခေါ်သွားတော့သည်။ လုံခြုံရေးတစ်ဦးကလည်း သတိပေးလိုသည့်အသံဖြင့်စကားဆိုလိုက်၏။
"ပြဿနာမရှာနဲ့"
"ဘာလဲကွာ! ငါ ဘာပြဿနာရှာနေလို့လဲ! မင်းတို့ဘာလုပ်နေကြတာလဲ!"
စန်းရန်၏မျက်ခုံးများ တစ်ချက်လှုပ်ခတ်သွားရင်း ရုတ်တရက်ဆိုသည့်အချိန်လေးအတွင်း ချယ်ရှင့်ဒယ်၏မျက်နှာသည် တစ်စုံတစ်ရာရင်းနှီးခဲ့ဖူးသလို ခံစားမိလိုက်ရသည်။ သို့သော် ထိုအတွေးက တစ်ချက်ကလေးသာ ဖြတ်ခနဲပေါ်လာပြီး ချက်ချင်းပြန်ပျောက်သွားခဲ့သည်။ ထိုလူအား ဘယ်နေရာတွင်တွေ့ခဲ့ဖူးမှန်း သူ ပြန်စဥ်းစား၍မရချေ။
အစကကောင်းမွန်နေခဲ့သည့်စိတ်အခြေအနေမှာ ဤကိစ္စကြောင့်ဖြင့်ပျက်ပျယ်သွားခဲ့ကာ စန်းရန်က ဝိန်းရိဖန်အား လှမ်းကြည့်လိုက်၏။
"အိမ်ပြန်တော့မလား"
"အမ်"
ဝိန်းရိဖန်က အသိစိတ်ပြန်ကပ်သွားခဲ့ပြီး အတင်းကာရောဖိအားပေး ပြုံးပြလာခဲ့သည်။
"အင်း"
ယနေ့ညတွင် ဝိန်းရိဖန်ကို ခေါ်လိုက်မိသည့်ကိစ္စအား စန်းရန် နောင်တရချင်လာမိ၏။ တစ်ဖက်သို့လှည့်ပြီး ဟယ့်မင်ပေါ်အား စကားအချို့မှာပြီးနောက်တွင်တော့ ဝိန်းရိဖန်ကိုခေါ်၍ အပြင်ထွက်လာခဲ့လိုက်သည်။ သူက ခပ်တိုးဖျဖျအသံတို့ဖြင့် ;
"ခုဏတုန်းက ဆွဲခံရတဲ့ချိန် နာသွားသေးလား"
ဝိန်းရိဖန်က အမှန်တကယ်ကိုစိတ်နှင့်ကိုယ်နှင့် မကပ်ပါတော့ပေ။
"အမ်"
"ဟိုလူ....."
စန်းရန်က ဝိန်းရိဖန်၏လက်ကို ပွတ်သပ်ကြည့်ရင်း ;
"မင်းကိုဆွဲလိုက်တာ နာသွားလား"
ဝိန်းရိဖန်က ထိုအခါတွင်မှခေါင်းမော့ကြည့်၍ ပြုံးပြလာခဲ့၏။
"မနာပါဘူး"
စန်းရန်အနေဖြင့် ဝိန်းရိဖန်၏အမူအရာတို့ကို ရှင်းရှင်းလင်းလင်းခံစားနားလည်မိသည်ပင် ၊ ထိုလူနှင့်တွေ့လိုက်သည့်အချိန်ကတည်းက သူမ၏အခြေအနေမှာ သိပ်မူမမှန်တော့မှန်း သိသာလှသည်။ သူသည်လည်း မသေချာမရေရာဖြင့် ထပ်၍မေးလိုက်၏။
"အဲ့ဒီလူနဲ့ မင်း အသိတွေလား"
"...."
ဝိန်းရိဖန်က သုံးလေးစက္ကန့်မျှတိတ်နေခဲ့ပြီးမှ အမှန်တိုင်းဆိုလာသည်။
"ငါ့ ဘကြီးအမျိုးသမီးရဲ့မောင် ၊ ငါနဲ့ ဘာမှမပတ်သတ်ဘူး ၊ ဦးလေးလို့တောင် သတ်မှတ်လို့မရတဲ့လူ"
စန်းရန် ;
"အဲ့လူက အမြဲတမ်းဒီပုံစံအတိုင်းလား"
ဝိန်းရိဖန် ;
"ဘာကိုလဲ"
စန်းရန် ;
"မင်းအပေါ် ဆက်ဆံတဲ့ပုံစံ"
ဝိန်းရိဖန်သည် တဖန် ခေါင်းပြန်ငုံ့သွားပြီး တည်ငြိမ်အောင်ပြုလုပ်လိုက်၏။
"ငါ သူနဲ့မရင်းနှီးဘူး ၊ သူကလည်း လူကောင်းတစ်ယောက်မဟုတ်ဘူး ၊ တကယ်လို့ နင် သူနဲ့ထပ်တွေ့ခဲ့ရင် သူ့ကိုအရေးစိုက်မနေနဲ့ ၊ သူစိမ်းလို့ပဲ သတ်မှတ်လိုက်ရင်ရပြီ"
ဤလူတစ်စုနှင့် ပြန်တွေ့ရလိမ့်ဦးမည်ဟု သူမ မတွေးထားခဲ့သလို သူမ၏မိသားစုအတွင်းရေးအစုတ်အပျက်ကိစ္စများက စန်းရန်ဆီသို့ပါ ထိပါးရောက်လာလိမ့်မည်ဟု တစ်စက်လေးမျှမထင်ထားမိပါပေ။
တိတ်ဆိတ်ငြိမ်သက်နေမှုကြားတွင် စန်းရန်က ရုတ်တရက်လှမ်းခေါ်လာခဲ့သည်။
"ဝိန်းရွှမ်းကျန့်"
ဝိန်းရိဖန် ;
"ဘာလဲ"
"မင်းမှာ ကိစ္စတစ်ခုခုရှိနေရင် ကိုယ့်ကို ပြောပြလို့ရတယ် ၊ ဘာပဲဖြစ်နေနေ အားလုံးပြောပြလို့ရတယ်"
သူမ၏အမူအရာနှင့်တုံ့ပြန်မှုတို့က သူ့စိတ်အခြေအနေကိုပါ ကူးစက်သွားကြောင်းသိလိုက်ရသည့်အခါ ဝိန်းရိဖန်က ပြန်နှစ်သိမ့်ပေးလိုသည့်အလား ပြုံးပြလိုက်၏။
"ကိစ္စက ကြီးကြီးမားမားမှမဟုတ်တာ"
နောက်တွင်တော့ အကြည့်လွှဲလိုက်ပြီး တည်ငြိမ်သည့်စကားသံတို့ဖြင့် ဆက်၍ ;
"ငါ့ဘာသာငါ ဖြေရှင်းနိုင်တဲ့ကိစ္စတွေမလို့ပါ"
နှစ်ယောက်သား အိမ်ပြန်ရောက်သည့်အချိန်။
ကားမောင်းပြီးပြန်လာရသည့်ခရီးချိန်အတွင်း ဝိန်းရိဖန်၏စိတ်သည်လည်း သက်သာရာရလာခဲ့သည်။ သူမ၏ပုံစံမှာ ထိုလူနှင့်လုံးဝမတွေ့ခဲ့သည့်အတိုင်း ပုံမှန်သာဖြစ်နေပြီး စန်းရန်နှင့်ပင် စကားတပြောပြော။ သို့သော် အခုလေးတင်ဖြစ်သွားခဲ့သည့်ကိစ္စကိုတော့ လုံးဝအစမဖော်ပါတော့ပေ။
ဝိန်းရိဖန်က စန်းရန်အတွက် ပျားရည်တစ်ခွက်ဖျော်ပေးပြီးနောက်တွင် ;
"နင် အမြဲတမ်း အရက်ချည်းသောက်မနေနဲ့ ၊ နင့်မှာကလေ ပြောစရာတွေကအများကြီး ၊ ဆေးလိပ်ကလည်းသောက် အရက်ကလည်းသောက် ၊ ပြီးတော့ ညလုံးပေါက်လည်းမအိပ်ဘဲနေသေးတယ် ၊ နင့် ဒီခန္ဓာကိုယ်က အနှေးနဲ့အမြန်ပျက်စီးတော့မှာ"
စန်းရန်က မျက်ခုံးပင့်လိုက်ကာ ဝိန်းရိဖန်ပြောကာမှ သူဟာ တေလေကြမ်းပိုးနီးနီးလို ဖြစ်သွားခဲ့ရ၏။
"ကိုယ် နှစ်ငုံစာပဲသောက်လာတာ"
"အဲ့လောက်လည်းမရဘူးပဲ"
ဝိန်းရိဖန်က ဆက်၍ စကားဆိုလာသေး၏။
"ပြီးတော့ နင် ရေခဲရေကိုလည်း အချိန်တိုင်းသောက်နေ"
စန်းရန်က ရယ်နေရင်း ;
"ကိုယ် ရေခဲရေသောက်တာ ဘာဖြစ်နေလို့လဲ"
ဝိန်းရိဖန် ;
"အစာအိမ်အတွက်မကောင်းဘူး"
ပုံမှန်ဆိုလျှင် သူ့အားလိုက်ပြောဆိုနေလျှင် စိတ်အရှုပ်တတ်ဆုံးလူက လက်ရှိအချိန်၌ ပြောဆိုဆုံးမမှုများအား လက်သင့်ခံနေချေတော့၏။
"အင်းပါ ၊ ကိုယ် သိပါပြီ"
"ဒါဆို နင် သောက်ပြီးရင်စောစောအိပ်"
ဝိန်းရိဖန်က အိပ်ချင်လွန်းနေပြီဖြစ်၍လည်း တစ်ချက်သန်းဝေလိုက်တော့၏။ သူမက စန်းရန်၏ဘေး၌ထိုင်ရင်း ရုတ်တရက် အနားသို့တိုးကပ်ပြီး စန်းရန်အား ဖက်ထားလိုက်သည်။
"ငါ သွားအိပ်တော့မယ်"
စန်းရန်က ဝိန်းရိဖန်အား ပြန်ပွေ့ဖက်ထားလိုက်ပြီး ;
"စိတ်အခြေအနေ မကောင်းသေးဘူးလား"
ဝိန်းရိဖန် ခေါင်းရမ်းပြလိုက်၏။
"အိပ်ချင်နေလို့"
"...."
သူမ၏ပုံစံက တစ်ချက်ကြည့်ရုံဖြင့် ပြောမပြချင်မှန်းသိသာနေသောကြောင့် စန်းရန်လည်း ထပ်၍မမေးပါတော့ချေ။ လက်ကိုမြှောက်လိုက်ကာ ဝိန်းရိဖန်၏ခေါင်းအား ဖွဖွလေး ပွတ်သပ်ပေးလိုက်၏။ မျက်လုံးချင်းဆုံသွားသည့်အခါတွင်တော့ သူဟာ သူမ၏နှုတ်ခမ်းအား တစ်ချက်နမ်းရှိုက်လိုက်၍ ;
"သွားအိပ်တော့"
ဝိန်းရိဖန် အိပ်ခန်းထဲဝင်သွားပြီးသည့်တိုင် စန်းရန်က ဧည့်ခန်းထဲ၌ တစ်ခဏကြာကြာထပ်ထိုင်နေသေးသည်။ ခေါင်းငုံ့ထားရင်း လက်ချောင်းထိပ်များက ဖန်ခွက်အားတတောက်တောက်ခေါက်ကာ တစ်စုံတစ်ရာကို တွေးကြည့်နေသည့်ဟန်။
အချိန်ကြာသွားပြီးနောက်တွင်တော့ စန်းရန်က မတ်တပ်ထရပ်ပြီး အိပ်ခန်းထဲဝင်လာခဲ့တော့သည်။
------
ညသန်းခေါင်အချိန်။
စန်းရန် အိပ်မက်မှ လန့်နိုးလာခဲ့ကာ မျက်နှာသွင်ပြင်က မည်းမှောင်နေပြီး နောက်ဆုံးတွင် ချယ်ရှင့်ဒယ်အား ဘယ်နေရာ၌တွေ့မြင်ခဲ့ဖူးမှန်း သတိရလာတော့သည်။
ယခုလက်ရှိအကြိမ်မတိုင်ခင် စန်းရန်အနေဖြင့် ထိုလူအား တစ်ခါသာတွေ့ဖူးခဲ့သည်။
---သူ ပေယွီမြို့သို့သွားပြီး ဝိန်းရိဖန်နှင့် နောက်ဆုံးတွေ့ဖြစ်ခဲ့သည့်အချိန်တုန်းကပင်။
ထိုနေ့က စန်းရန်သည် ဘတ်စ်ကားပေါ်မှဆင်းလာပြီး လာနေကျလမ်းငယ်လေးအတိုင်း လမ်းလျှောက်လာခဲ့သည်။ ရောက်မလာခင်တုန်းက ဝိန်းရိဖန်ထံသို့ မက်ဆေ့ပို့ပြီးအကြောင်းကြားထားခဲ့ပါသော်လည်း ဤတစ်ကြိမ်၌ သူမထံမှ ပြန်စာကို လက်ခံမရှိခဲ့ပါပေ။
ထို့ကြောင့် သူက ဝိန်းရိဖန်နေသည့်အဆောက်အဦးအောက်သို့သွားပြီး သူမအား စောင့်နေရန်သာ ဆုံးဖြတ်ထားခဲ့သည်။
သို့သော် ထိုနေရာသို့မရောက်ခင် လမ်းငယ်လေး၏ထောင့်တစ်နေရာတွင် ဝိန်းရိဖန်က ယောက်ျားတစ်ဦး၏ဆွဲလားရမ်းလားလုပ်ခြင်းခံနေရသည်ကို သူတွေ့လိုက်ရသည်။
ထိုယောက်ျား၏အသက်အရွယ်မှာ ဘယ်လိုပင်ကြည့်ကြည့် ဝိန်းရိဖန်ထက် အသက်တစ်ပြန်စာကြီးပုံရပြီး ခန္ဓာကိုယ်မှာ ခပ်ဝဝ ၊ သူမအား ဆွဲကိုင်ထားရင်း စကားများလည်းပြောနေသေးသည်။ သူ့မျက်နှာထက်ရှိ ရွံရှာဖွယ်ကောင်းသည့်အပြုံးကိုကြည့်လိုက်ရုံဖြင့် မကောင်းသည့်ရည်ရွယ်ချက်ရှိသည်မှာ အသေအချာ။
ထိုအချိန်တွင် စန်းရန်၏လမ်းတစ်လျှောက်လုံးရှိလာခဲ့သော စိတ်ကြည်လင်မှုများဟာ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်းအရှေ့သို့ပြေးသွားကာ ဝိန်းရိဖန်အားဆွဲခေါ်ပြီး သူ့ခန္ဓာကိုယ်အနောက်သို့ ပို့ထားလိုက်တော့သည်။ ဆယ်ကျော်သက်ကောင်လေးဟာ ထိန်းချုပ်မှုတို့ကင်းမဲ့သွားခဲ့ပြီး သူ့ကြမ်းတမ်းခက်ထန်နေမှုများက အရှေ့တွင်မြင်နေရသည့် ထိုလူကို သတ်ပစ်ချင်နေမှန်း သိသိသာသာ။
ယောက်ျားကြီးက အရပ်မမြင့် ၊ ခန္ဓာကိုယ်ကလည်း အားမသာသဖြင့် အချိန်ခဏလေးအတွင်း မြေကြီးပေါ်လဲကျသွားကာ ညည်းညူနေတော့၏။
စန်းရန်၏စိတ်ခံစားချက်များ ပိုမပြင်းထန်လာခင် ဝိန်းရိဖန်က သူ့အား ဆွဲခေါ်ပြီး အခြားဦးတည်ရာတစ်ဖက်သို့ အမြန်ပြေးထွက်လာခဲ့လိုက်သည်။ အနောက်ဘက်မှနေ၌ ဝိန်းရိဖန်၏လှစ်ဟနေသည့် လည်တိုင်ဖွေးဖွေးကိုငေးကြည့်ရင်း ချက်ချင်းမေးမြန်းလိုက်၏။
"အဲ့လူက ဘယ်သူလဲ"
ဝိန်းရိဖန်က နောက်ပြန်လှည့်မကြည့်လာဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေခဲ့သည်။
"ငါ မသိဘူး"
ထိုလူ၏မျက်နှာဟာ ယနေ့မြင်ခဲ့ရသည့်ချယ်ရှင့်ဒယ်၏မျက်နှာနှင့် တဖြည်းဖြည်းချင်းတစ်ထပ်တည်းနီးပါးကျလာတော့သည်ပေ။
*********************
~~Zawgyi~~
စန္းရန္ အိမ္မွထြက္သြားၿပီးေနာက္တြင္ေတာ့ ဝိန္းရိဖန္လည္း ပန္းကန္ခြက္ေယာက္မ်ားကိုသိမ္းဆည္းၿပီး ေရခ်ိဳးရန္ အိပ္ခန္းထဲ ဝင္လာခဲ့ေတာ့သည္။ အဝတ္အစားမ်ားခြၽတ္ေနရင္း မေန႕ညက ခ်န္ကြၽင့္ဝိန္ေျပာသည့္စကားမ်ားကို တဖန္ျပန္ၾကားေယာင္လာမိ၏။ သူမ ရွင္းရွင္းလင္းလင္းကို ၾကားခဲ့သည္မွာ အတည္ျပဳစရာပင္မလို ၊ ေသခ်ာေပါက္အမွန္္တကယ္ပင္။
ခ်န္ကြၽင့္ဝိန္က ထိုစကားမ်ားကို ျပန္လည္ေျပာျပေနသည္မွာလည္း အမွန္တကယ္ေပ။
ဝိန္းရိဖန္၏ႏွလုံးသားထဲ မသိမသာေလး ရႈပ္ေထြးလာရေတာ့၏။
စန္းရန္ေျပာခဲ့ဖူးသည့္ ထိုစကားတစ္ခြန္းက သူမႏွင့္သက္ဆိုင္မႈရွိမရွိဆိုသည္မွာလည္းမေသခ်ာ။
သို႔သည္တိုင္ သက္ဆိုင္မႈမရွိရန္သာ ေမွ်ာ္လင့္ေနမိေတာ့၏။
ထိုစကားတစ္ခြန္းဟာ စန္းရန္အရက္မူးေနသည့္အခ်ိန္တြင္ သူငယ္ခ်င္းမ်ားႏွင့္ စကားအျဖစ္ေျပာလိုက္ျခင္းမ်ိဳးသာျဖစ္ရန္ ေမွ်ာ္လင့္မိသလို ၊ ဤမွ်ထိရွည္ၾကာခဲ့သည့္ႏွစ္မ်ားအတြင္း စန္းရန္ဟာ မည္သည့္အတြက္ေၾကာင့္ႏွင့္မွ်ျဖင့္ ေျခလွမ္းမ်ားတြန့္ဆုတ္သြားျခင္း ၊ မည္သည့္အရာအတြက္ေၾကာင့္ႏွင့္မွ် ခလုတ္မထိဆူးမၿငိဘဲ ဘဝကို ေကာင္းေကာင္းမြန္မြန္ျဖတ္သန္းလာျခင္းမ်ိဳးသာ ျဖစ္ေစရန္ ေမွ်ာ္လင့္ထားမိပါေတာ့သည္။
သည့္အထက္အျပင္ သူမေၾကာင့္ျဖင့္လည္း အႏွောင့္အယွက္တစ္စုံတစ္ရာ မရွိေစခ်င္ခဲ့ေပ၏။
တိုေတာင္းလွသည့္အနားယူရက္ေလးမွာ မ်က္စိတစ္မွိတ္စာအတြင္း အျမန္ကုန္ဆုံးသြားခဲ့သည္။
ေရွ႕ေလွ်ာက္ရက္မ်ားအတြင္းတြင္ မုခ်န္ယြင္၏သတိေပးစကားေၾကာင့္ ဝိန္းရိဖန္သည္ ဌာနမွ ထြက္လာသည့္အခါတိုင္း အျပင္ဘက္သို႔စစ္ေဆးၾကည့္ျဖစ္ခဲ့သည္။ လုံၿခဳံေရးဝန္ထမ္းမ်ားကို ေမးၾကည့္မိေသာ္လည္း ဤအခ်ိန္မ်ားအတြင္း သူမအား လာရွာသည့္သူမ်ိဳးရွိပုံမရေပ။
ပုံမွန္မဟုတ္သည့္ မသင့္ေလ်ာ္ေသာကိစၥမ်ိဳးမ်ားမရွိသည့္အတြက္ ဝိန္းရိဖန္လည္း စိတ္သက္သာရာရသြားခဲ့သည္။
မိုးဖြဲေလးမ်ားသာ႐ြာေတာ့သည့္ ရာသီဥတုႏွင့္အတူ ႏြေဦးရာသီထဲ တျဖည္းျဖည္းဝင္လာခဲ့သည္။ နန္းဝူၿမိဳ႕၏အပူခ်ိန္ဒီဂရီမွာ သိသိသာသာတိုးျမင့္လာသည္ႏွင့္အမွ် ေဆာင္းရာသီ၏အေအးဓါတ္မ်ား လြင့္ပ်ယ္ေပ်ာက္ကြယ္သြားကာ လမ္းတစ္ေလွ်ာက္ရွိ ကိုင္းခက္သစ္ပင္တို႔တြင္လည္း ႐ြက္ႏုမ်ားေဝဆာလာခဲ့သည္။
ဝိန္းရိဖန္သည္ အခုေလးတင္ တည္းျဖတ္ခန္းထဲမွထြက္လာၿပီး ႐ုံးခန္းထဲဝင္ကာ ကြန္ျပဴတာကိုဖြင့္လွ်င္ဖြင့္လိုက္ခ်င္းပင္ စုထ်န္းက စကားေျပာရန္အနားသို႔ေရာက္လာခဲ့သည္။
"ေအ့ ၊ ငါၾကားလာတာ ေခြးေပါက္ေလးက အလုပ္ထြက္စာတင္ထားတယ္တဲ့"
ဝိန္းရိဖန္က စကားေျပာေနရာဘက္သို႔ လွည့္ၾကည့္လိုက္သည္။
စုထ်န္းက ဆက္၍ ;
"ငါ သာ့ကြၽမ့္ဆီကေန ၾကားရသေလာက္ကေတာ့ ဒီအလုပ္ကို ဆက္ကိုမလုပ္ေတာ့တာတဲ့ ၊ သူ သတင္းေထာက္အလုပ္ကို အစတည္းက ဝါသနာမပါဘူး ၊ သ႐ုပ္ေဆာင္ဘက္ကို ပိုအားသာတယ္လို႔ေျပာတယ္ ၊ ၿပီးေတာ့ ႐ုပ္ရွင္အင္တာတိမ္းမန့္တစ္ခုက သူ႕ကို စာခ်ဳပ္ခ်ဳပ္ဖို႔ကမ္းလွမ္းထားတာမလို႔ အလုပ္ထြက္မွာနဲ႕ကြက္တိပဲတဲ့"
ဝိန္းရိဖန္က အသံတစ္ခ်က္ျပဳရင္း ;
"ေကာင္းပါတယ္ ၊ ကိုယ္သေဘာက်တဲ့အလုပ္ကို လုပ္နိုင္တာေပါ့"
"တကယ္ပဲမိုက္လိုက္တာ ၊ သ႐ုပ္ေဆာင္အလုပ္က ပိုက္ဆံအမ်ားႀကီးဝင္တယ္မလား"
စုထ်န္းက ပါးႏွစ္ဖက္ကို အုပ္ကိုင္လိုက္၍ ;
"နင္ေျပာၾကည့္ ေနာက္ဆိုရင္ သူ နာမည္ႀကီးလာေတာ့မွာမလား ၊ ငါတို႔ သူ႕ဆီကေန လက္မွတ္ေတာင္းထားၾကရင္ေရာ ၊ ေျပာမရရင္ ေနာက္ဆို ျပန္ေရာင္းစားလို႔ရရင္ရမွာ"
ဝိန္းရိဖန္က ရယ္ေနရင္း ;
"ရတယ္ေလ"
အခ်ိန္ကိုက္ဆိုသလို ဖုန္းတုန္ခါသံျမည္လာခဲ့သည္။
ဝိန္းရိဖန္က အၾကည့္လႊဲရင္း ဖုန္းကိုေကာက္ယူဖြင့္ၾကည့္လိုက္လွ်င္ စာပို႔လာသူမွာ စန္းရန္။
စန္းရန္ ; [ ဘယ္အခ်ိန္ အလုပ္ဆင္းမွာလဲ ]
ဝိန္းရိဖန္ ; [ သိပ္မၾကာခင္ ]
ဝိန္းရိဖန္၏အမူအရာကို လွမ္းၾကည့္ေနသည့္စုထ်န္းက မေနနိုင္ေအာင္ေမးလာခဲ့သည္။
"ငါ ဘယ္အခ်ိန္က်မွ နင့္ရဲ႕ဒီဘဲဘုရင္ႀကီးနဲ႕ေတြ႕ရမွာလဲ"
ဝိန္းရိဖန္ ၿပဳံးျပရင္း စကားဆိုလိုက္သည္။
"ေနာက္တစ္ေခါက္ေပါ့"
စုထ်န္းက သက္ျပင္းခ်လိဳက္ရင္း အနည္းငယ္အားက်သည့္ဟန္ျဖင့္လည္း ;
"အင္းပါ ၊ နင္ သတင္းေထာက္အလုပ္လုပ္ေနရင္း ဘယ္လိုလုပ္ၿပီးေတာ့ ဒီလိုခ်ိဳခ်ိဳရိုရိုေလးရည္းစားထားေနနိုင္လဲဆိုတာ ေျပာျပပါလား ၊ ငါ့အေျခအေနကေတာ့ ရည္းစားေကာင္ေလးေတာင္ ေျပာင္းပစ္ရေတာ့မလိုလိုပဲ ၊ မသိရင္ ငါ့ကို ဆက္ဆံေနတဲ့ပုံက ပင္ကြင္းစားတာခံရေတာ့မယ့္ေန႕ကို ေစာင့္ေနရတဲ့တီေကာင္လိုလိုနဲ႕"
ဝိန္းရိဖန္ ;
"အဲ့ေလာက္ထိေတာင္ အေျခအေနျပင္းထန္ေနၿပီလား"
စုထ်န္း :
"ဟုတ္ပါတယ္ဆို"
မ်က္လႊာခ်၍ၾကည့္မိလိုက္သည့္အခါ စန္းရန္၏ အသံမက္ေဆ့ႏွစ္ခုက တိုက္ရိုက္အသံဖြင့္ျမည္လာခဲ့၏။
"ဒါဆို ခဏေနက်ရင္ 'Overtime'ကိုဝင္လာခဲ့ဦး"
"ကိုယ္ အရက္ေသာက္ထားတာမလို႔ ကားေမာင္းဖို႔အဆင္မေျပဘူး"
ဝိန္းရိဖန္က မ်က္ေတာင္တစ္ဖ်က္ခတ္ရင္း စာျပန္လိုက္သည္။
"ေကာင္းၿပီ"
အျခားတစ္ဖက္တြင္။
စန္းရန္၏အျပဳအမူကိုလိုက္ၾကည့္ေနသည့္ စုေဟာက္အန္းခမ်ာ ဆြံ႕အသြားလ်က္ျဖင့္ ;
"မင္း ဒီစကားေတြကို ဘယ္လိုေတြးၿပီးေတာ့မ်ားေျပာထြက္လာတာလဲ ၊ ဒီအတိုင္း 'ငါ သူငယ္ခ်င္းေတြနဲ႕ဆုံေနတယ္ မင္း လာခဲ့ဦးမလား' လို႔တန္းေမးလိုက္ရင္ ရၿပီမဟုတ္ဘူးလား!"
စန္းရန္က မ်က္လုံးပင့္ၾကည့္ကာ အရက္ခြက္အား အသာေခါက္ျပ၍ ;
"ငါ မေသာက္ထားလို႔လား"
"မင္းစိတ္ထဲမွာ ဘာေတြေတြးေနမွန္း ဘယ္သူမွမသိဘူးမ်ားထင္ေနလား!"
စုေဟာက္အန္း သည္းညည္းမခံနိုင္ေတာ့ဘဲ ;
"မနက္မိုးလင္းကေန မိုးခ်ဳပ္တဲ့ထိ ေကာင္မေလးအေၾကာင္းကို ေသေလာက္ေအာင္ေျပာ ၊ ဖက္တီး မဂၤလာေဆာင္မွာ ဝိန္းရိဖန္ကို ေခၚလာတဲ့အခ်ိန္ကစၿပီး မင္းပါးစပ္ထဲမွာ တျခားေျပာစရာစကားမရွိေတာ့တာလား"
စန္းရန္က စကားမဆိုဘဲ အရက္တစ္ငုံထပ္ေမာ့လိုက္သည္။
စုေဟာက္အန္းက စန္းရန္၏လက္ေကာက္ဝတ္ေပၚရွိ အနီေရာင္လက္ပတ္ကို လက္ထိုးၫႊန္ျပရင္း ;
"ၿပီးေတာ့ မင္းရဲ႕ဒီလက္ပတ္....."
"မွန္ပါ့"
စန္းရန္က စုေဟာက္အန္း၏စကားကို ျဖတ္ေျပာၿပီး ဆိုဖာေနာက္သို႔ မွီခ်လိဳက္၍ ;
"စုံတြဲေတြဝတ္တဲ့ဟာ ၊ မင္းရဲ႕မရီး ေပးထားတာ"
"...."
"မတတ္နိုင္ဘူးေလ ၊ ေကာင္မေလးက ငါနဲ႕ ဒီဟာ ဆင္တူဝတ္ရတာကို သေဘာက်ေနေတာ့လည္း....."
စန္းရန္က ေမးဖ်ားကိုခပ္ေမာ့ေမာ့ပင့္ၿပီး ေလွာင္ေထ့ေထ့အမူအရာမ်ိဳးျဖင့္ စကားဆက္ဆိုလိုက္သည္။
"သူ႕ကို မေပ်ာ္ေအာင္လုပ္လို႔ေတာ့ ဘယ္ျဖစ္မလဲ.....ဟုတ္တယ္မလား"
စုေဟာက္အန္းက စိတ္ပ်က္သြားသည့္အလား အေရးမလုပ္ေတာ့ေပ။
သိပ္ပင္မၾကာလိုက္ဘဲ စန္းရန္က Wechat ထဲမွ ျပန္စာအား လက္ခံရရွိသည္ႏွင့္တၿပိဳင္နက္ မတ္တပ္ထရပ္လိုက္သည္။ ေဘးနားမွ အေပၚထပ္ကုတ္အကၤ်ီကို လွမ္းယူၿပီး သာမန္ကာလွ်ံကာၿပဳံးျပလိုက္၏။
"သြားၿပီေနာ္ ၊ အားနာေပမယ့္ ေကာင္မေလးက လာႀကိဳေနၿပီမလို႔"
စုေဟာက္အန္းက တစ္သ်ႉးျဖင့္ေကာက္ေပါက္ေလၿပီး ;
"ထြက္သြားစမ္း! လုံးဝ ျပန္မလာခဲ့နဲ႕!"
-------
ဌာနမွထြက္လာသည္ႏွင့္ ဝိန္းရိဖန္သည္ လမ္းသရဲလမ္းမႀကီးဆီသို႔ တိုက္ရိုက္ေလွ်ာက္လာခဲ့လိုက္၏။ 'Overtime' အဝင္ဝသို႔ေရာက္ေရာက္ခ်င္းပင္ စန္းရန္ထံသို႔ မက္ေဆ့ပို႔လိုက္ကာ တစ္ဖက္မွျပန္စာကိုမေစာင့္ေတာ့ဘဲ အထဲဝင္လာခဲ့လိုက္သည္။
ဝိန္းရိဖန္က ဘားခုံေနရာထိေလွ်ာက္လာၿပီး ေစာင့္ေန၏။
ယမကာအေဖ်ာ္ဆရာ 'ဟယ့္မင္ေပၚ'က သူမအား မွတ္မိေနၿပီျဖစ္သည့္အတြက္ သူမ ဝင္လာကတည္းက ေရတစ္ခြက္ငွဲ႕ေပးလာခဲ့သည္။
"အစ္မ အေပၚတက္ၿပီး ရန္ေကာဆီတိုက္ရိုက္သြားမလား"
ဝိန္းရိဖန္က ၿပဳံးျပရင္း ေက်းဇူးတင္လိုက္၏။ သူမ ေတြးၾကည့္လိုက္ရင္း စန္းရန္အား တကူးတကဆင္းလာေခၚခိုင္းစရာမလိုဘဲ ယခုလိုအေပၚလိုက္သြားလည္း အဆင္ေျပသည့္အတြက္ ေလွကားရွိရာဘက္သို႔လွမ္းၾကည့္လိုက္၏။
"ဒါဆို အစ္မ တက္သြားလိုက္ေတာ့...."
စကားမဆုံးလိုက္ခင္ သူမ၏လက္ေကာက္ဝတ္အား တစ္စုံတစ္ေယာက္က ႐ုတ္တရက္ဖမ္းဆြဲလာခဲ့သည္။
ဝိန္းရိဖန္ အသံတိတ္သြားခဲ့သည္။ အေနာက္ဘက္ရွိလူမွာ သူမ လုံးဝမရင္းႏွီးသည့္အေငြ႕အသက္မ်ိဳးျဖစ္ေနေၾကာင္း ရွင္းရွင္းလင္းလင္းခံစားမိလိုက္သည့္အတြက္ လက္ကို အလိုလိုလႊဲရမ္းပစ္ၿပီး တစ္ခ်ိန္တည္းဆိုသလို ေဘးတိုက္ေစာင္းၾကည့္လိုက္သည္။ မထင္မွတ္ထားစြာျဖင့္ ေတြ႕လိုက္ရသည္မွာ အရက္မူးေနသည့္ 'ခ်ယ္ရွင့္ဒယ္' ၏မ်က္ႏွာပင္။
သူမ၏အသက္ရႉသံမ်ား ရပ္တန့္သြားခဲ့ေတာ့၏။
ခ်ယ္ရွင့္ဒယ္မွာ သူမ၏လက္ကို ေနာက္တစ္ႀကိမ္လွမ္းဆြဲလာေလၿပီး အသိစိတ္ကပ္ေနပုံလည္းမရေခ်။
"ေအ့....တကယ္ပဲ ႐ႊမ္းက်န့္ပါလား ၊ ငါ လူမမွားပါဘူးလို႔...."
ေယာက္်ားႏွင့္မိန္းကေလးခြန္အား မညီမွ်ျခင္းေၾကာင့္ ဝိန္းရိဖန္မွာ ႐ုန္းထြက္ပစ္ေနပါေသာ္လည္း ထိုလူ၏ခြန္အားကို မလြန္ဆန္နိုင္။ မ်က္လုံးကိုမွိတ္ခ် ၊ ေနာက္တစ္ႀကိမ္ျပန္ဖြင့္ၿပီး ခြန္အားကိုအလဟႆမျဖဳန္းပစ္ေတာ့ဘဲ ထိုလူအား စူးစိုက္ၾကည့္လိုက္ေတာ့၏။
"ရွင္ ဘာျဖစ္ခ်င္ေနတာလဲ"
"ဘာကို ဘာျဖစ္ခ်င္ရမွာလဲ ၊ ငါက မင္းရဲ႕ဦးေလးေလ ၊ အရင္တစ္ေခါက္ ဦးေလးကိုေတြ႕တုန္းက ဘာလို႔မျမင္ခ်င္ေယာင္ေဆာင္လိုက္တာလဲ"
ခ်ယ္ရွင့္ဒယ္က စုတ္တစ္ခ်က္သပ္လိုက္ၿပီး ;
"ဒီကေလးမေလးက စာနာတတ္တဲ့စိတ္မ်ိဳး မရွိလိုက္တာ ၊ ဒီေလာက္အၾကာႀကီးမေတြ႕ျဖစ္ခဲ့တာကို ဦးေလးက...."
ေနာက္တစ္စကၠန့္တြင္။
ခ်ယ္ရွင့္ဒယ္၏လက္ေမာင္းမွာ ႐ုတ္တရက္ေပၚလာသည့္ စန္းရန္၏ဆြဲေဆာင့္ျခင္းကို ခံလိုက္ရေတာ့သည္။
တရိပ္ရိပ္ဝဲတက္လာသည့္ အင္အားမဲ့ထိတ္လန့္ေနသည့္ခံစားခ်က္တို႔ဟာလည္း လႊင့္စင္ေပ်ာက္ကြယ္သြားပါေတာ့၏။
စန္းရန္သည္ ဝိန္းရိဖန္အား သူ႕ရင္ခြင္ထဲဆြဲထည့္လိုက္ပုံမွာ လူတစ္ေယာက္လုံးအား သူ႕အေငြ႕အသက္မ်ားျဖင့္ လႊမ္းၿခဳံေပးလိုက္သည့္သဖြယ္။ သူ႕ရင္ခြင္ထဲေရာက္သြားၿပီး စိတ္ေလ်ာ့နိုင္သည့္အခါတြင္မွ သူမ၏ခႏၶာကိုယ္ဟာ ထိန္းမရေတာ့ေအာင္တုန္ယင္ေနႏွင့္ၿပီျဖစ္ေၾကာင္း သတိထားလိုက္မိေတာ့၏။
ဤေနရာတြင္ ခ်ယ္ရွင့္ဒယ္ႏွင့္ေတြ႕လိမ့္ဟူ၍ သူမ လုံးဝမေတြးထားမိခဲ့ပါေပ။
အတြင္းစိတ္ထဲမွ ထိုးထြက္လာသည့္႐ြံရွာသည့္စိတ္မ်ားကို ဖိႏွိပ္ရင္း ကိုယ့္ကိုကိုယ္စိတ္ၿငိမ္ေအာင္ျပဳလုပ္လိုက္သည္။
ဝိန္းရိဖန္ ေခါင္းေမာ့ၾကည့္လိုက္လွ်င္ စန္းရန္၏ရန္လိုေနသည့္မ်က္ခုံးမ်ားကို ျမင္လိုက္ရကာ သူမ၏ႏႈတ္ခမ္းတို႔လႈပ္ရွားသြားခဲ့ေသာ္ျငား ေျပာစရာစကားတို႔မဲ့လ်က္သား။
စန္းရန္၏ႏႈတ္ခမ္းပါးတို႔မွာေတာ့ ခပ္တင္းတင္းျဖစ္ေနၿပီး သူ႕လက္ေခ်ာင္းမ်ားက သူမ၏လက္ေကာက္ဝတ္အား အသာအယာပြတ္သပ္ၾကည့္လာ၏။
"အဆင္ေျပလား"
ဝိန္းရိဖန္က 'အင္း' ဟုသာခပ္တိုးတိုးေျဖလိုက္သည္။
ထိုအခါတြင္မွ စန္းရန္က စိတ္အနည္းငယ္သက္သာရာရသြားခဲ့ပုံရကာ တစ္ဖက္သို႔လွည့္ၿပီး ခ်ယ္ရွင့္ဒယ္အား ေခါင္းအစ ေျခအဆုံးၾကည့္လိုက္သည္။ သူ႕မ်က္ႏွာေပၚရွိအမူအရာတို႔မွာ လက္ရွိအခ်ိန္တြင္ ထိန္းခ်ဳပ္ဖိႏွိပ္ထားျခင္းမရွိ ၊ ေရခဲစမ်ားေရာႏွောေနသည့္အလား စကားသံတို႔က ခပ္ျပတ္ျပတ္ျဖင့္ ;
"ခင္ဗ်ားက ဘယ္သူလဲ"
စန္းရန္ ႐ုတ္တရက္ျပဳမူလိုက္ျခင္းေၾကာင့္ ခ်ယ္ရွင့္ဒယ္က ေနာက္သို႔သုံးေလးလွမ္းမွ်ဆုတ္သြားခဲ့ရ၏။ ထိုလူက သူ႕ဟန္ခ်က္ကိုၿငိမ္ေအာင္ထိန္းေနရင္း အရက္မူးမူးျဖင့္ ဝိန္းရိဖန္အား လက္ညွိုးထိုးကာ လွ်ာေလးအာေလးျဖင့္ စကားဆိုလာသည္။
"ငါ....ငါက ဘယ္သူလဲဟုတ္လား....ငါက သူ႕ဦးေလး!"
ဤစကားတစ္ခြန္းေၾကာင့္ စန္းရန္က ဝိန္းရိဖန္အား ေနာက္တစ္ႀကိမ္ျပန္ၾကည့္လိုက္သည္မွာ သူမအား ဟုတ္မဟုတ္ အတည္ျပဳေမးျမန္းခ်င္ေနသည့္သေဘာပင္။
ဝိန္းရိဖန္က ႏႈတ္ခမ္းကိုတင္းတင္းေစ့ထား၍ ;
"မဟုတ္ဘူး"
"ေဟး!...႐ႊမ္းက်န့္!...ဘာမဟုတ္ဘူးလဲ....ဘာကို မဟုတ္တာလဲ!"
ခ်ယ္ရွင့္ဒယ္က အေရွ႕သို႔တဖန္ ျပန္တိုးလာခဲ့ၿပီး ;
"ဒီလိုစကားမ်ိဳးကိုေတာင္ ေျပာထြက္ေနၿပီလား ၊ မသိတတ္လိုက္တာ ၊ ဒီဦးေလးကပဲ အရင္က မင္းကို ေကြၽးထားဆင္ထားေပးခဲ့တာေလ ၊ မမွတ္မိေတာ့ဘူးလား"
ဝိန္းရိဖန္ ေခါင္းေမာ့မိလာခဲ့ၿပီး သူမ၏မ်က္ဝန္းမ်ားထဲမွ ႐ြံရွာေနမႈမ်ားကိုေတာ့ ဖုံးဖိထား၍မရပါေတာ့ေခ်။ သူမ၏လက္ရွိဘဝထဲ၌ အေရးမပါ၊အရာမဝင္ေတာ့သည့္ ဤလူႏွင့္ပတ္သတ္ၿပီး မ်ားမ်ားစားစားလည္းမေတြးခ်င္ေတာ့သလို တုံ႕ျပန္ဆက္ဆံျခင္းမ်ိဳးပင္ မျပဳလုပ္ေတာ့ခ်င္။
"ကြၽန္မ ရွင့္ကိုမသိဘူး"
ဝိန္းရိဖန္၏စကားလုံးတို႔က အာခံသည့္သေဘာသက္ေရာက္သြားသည္ဟု ထင္လိုက္ျခင္းေၾကာင့္လားမသိ ၊ ခ်ယ္ရွင့္ဒယ္က စိတ္မၾကည္ေတာ့ဘဲ သူမအား ဆြဲလားရမ္းလားလုပ္ရန္ ထပ္၍ေရွ႕တိုးလာခဲ့သည္။
ထိုလူ၏ဦးတည္ခ်က္ကို သတိထားမိလိုက္သည့္ စန္းရန္က ဝိန္းရိဖန္အား သူ႕ခႏၶာကိုယ္အေနာက္သို႔ ခ်က္ခ်င္းဆြဲပို႔၍ကာကြယ္လိုက္ကာ ခ်ယ္ရွင့္ဒယ္၏လက္ေမာင္းကို ဖမ္းဆြဲၿပီး ညစ္ပတ္ေပေရေနသည့္အရာတစ္ခုကိုၾကည့္လိုက္သည့္အလား အေပၚစီးမွေန၍ ငုံ႕ၾကည့္လိုက္၏။ သူ႕လက္ေခ်ာင္းမ်ားျဖင့္ ဆုတ္ကိုင္ထားသည့္ခြန္အားက တစ္စစႏွင့္ျပင္းထန္လာသည္မွာ တစ္ဖက္ရွိခ်ယ္ရွင့္ဒယ္တစ္ေယာက္ နာက်င္ၿပီးညည္းၫူသံမထြက္လာမခ်င္းေပ။
စန္းရန္ ;
"လူလိုေျပာေနတာကို နားမလည္ဘူးလား"
"မင္း ႐ူးေနတာလား! ငါနဲ႕ ငါ့တူမနဲ႕စကားေျပာေနတာေလ မင္းေသာက္ေၾကာင္းပါလား!"
ခ်ယ္ရွင့္ဒယ္က ဤဘားသို႔ သုံးေလးႀကိမ္လာဖူးထားကာ စန္းရန္ကိုလည္း ျမင္ဖူးထားခဲ့သည္။ ယခုအခ်ိန္၌ ပိုင္ရွင္သူေဌးက ျပႆနာကိုဝင္ေျဖရွင္းေနသည္ဟုသာ ထင္မွတ္လိုက္၍ ;
"သြားစမ္းပါ ၊ မိသားစုအတြင္းေရးကိစၥေတြ မင္းေသာက္လုပ္မပါဘူး! ေသာက္႐ူးမလို႔ လိုက္ပါေနတာလား!"
စန္းရန္က ခ်ယ္ရွင့္ဒယ္၏ေပါက္ကရစကားမ်ားကို အေရးစိုက္ေနရန္ပင္ ပ်င္းလြန္းလွ၏။
လႈပ္လႈပ္ရွားရွားအေျခအေနအား ဟယ့္မင္ေပၚက သတိထားမိသြားခဲ့ၿပီး ;
"ရန္ေကာ....ဘာျဖစ္တာလဲ"
"အရက္မူးၿပီး ျပႆနာရွာေနတယ္ ၊ လုံၿခဳံေရးကိုဝင္လာခိုင္းလိုက္ ၊၊ၿပီးရင္ ဒီလူကို ဆြဲထုတ္သြား"
စန္းရန္က ခ်ယ္ရွင့္ဒယ္အား လုံးဝလ်စ္လ်ဴရႉထား၍ ;
"တျခားဧည့္သည္ေတြကို အႏွောင့္အယွက္မျဖစ္ေစနဲ႕"
"ငါက ဘာလုပ္ေနလို႔ ငါ့ကိုလာၿပီးေမာင္းထုတ္ေနတာလဲ"
ခ်ယ္ရွင့္ဒယ္၏ခႏၶာကိုယ္ေပၚတြင္ အရက္နံ႕မ်ားမႊန္ထူေနၿပီး စန္းရန္၏အျပဳအမူေၾကာင့္ မေက်မနပ္ျဖစ္ကာ စကားျပန္ဆိုလာခဲ့သည္။
"သူေဌးက လူကိုရိုက္ၿပီး ဧည့္သည္ကိုပါ ေမာင္းထုတ္တယ္လား ၊ သူေဌးဆိုတိုင္း ထင္တိုင္းက်ဲေနတာလား"
ခ်ယ္ရွင့္ဒယ္၏ရည္႐ြယ္ခ်က္ရွိရွိလုပ္လိုက္သည့္အျပဳအမူေၾကာင့္ ပတ္ဝန္းက်င္မွဧည့္သည္မ်ားသည္ ဤေနရာဆီသို႔ တျဖည္းျဖည္းႏွင့္အာ႐ုံစိုက္လာၾကသည္။
"ဘာလဲ"
စန္းရန္မွာမူ အျခားသူမ်ား၏အၾကည့္တို႔ကို လုံးဝဂ႐ုမစိုက္ပါဘဲ အၿပဳံးမျမည္ေသာအၿပဳံးျဖင့္ ;
"ခင္ဗ်ားေတာင္ ဒီလိုေျပာေနၿပီဆိုမွေတာ့ ကြၽန္ေတာ္ လက္မပါေသးရင္ ခင္ဗ်ားေျပာလိုက္တဲ့စကားအေပၚ အားနာစရာေတြျဖစ္ကုန္ေတာ့မွာပဲ"
"...."
ဝိန္းရိဖန္က စန္းရန္၏လက္အား စိတ္လႈပ္တရွားေျပးဆြဲထားလိုက္မိေတာ့၏။
စန္းရန္က သူမ၏လက္ကို ျပန္ဆုတ္ကိုင္ထားလိုက္ၿပီး လက္ေခ်ာင္းေလးမ်ားကိုလည္း ခပ္ဖြဖြေလးပြတ္သပ္ေပးေနရင္း အၾကည့္မ်ားမွာေတာ့ ခ်ယ္ရွင့္ဒယ္ကိုသာ စိုက္ၾကည့္ေနဆဲ။
စန္းရန္၏စကားသံကိုနားေထာင္ၾကည့္ျခင္းအရ စေနာက္ေနျခင္းမဟုတ္မွန္းသိေနသည့္ ခ်ယ္ရွင့္ဒယ္မွာ သရဲေဘာေၾကာင္တတ္သည့္အတြက္လည္း ထပ္၍ရန္မစရဲပါေတာ့ေပ။ ဝိန္းရိဖန္ထံသို႔ ေနာက္တစ္ႀကိမ္လွမ္းၾကည့္လိုက္ၿပီး သူတို႔ႏွစ္ဦး၏ပူးပူးကပ္ကပ္ရွိေနသည့္အျပဳအမူတို႔ေၾကာင့္ ခ်က္ခ်င္းနားလည္သြားခဲ့၏။
"႐ႊမ္းက်န့္ ၊ မင္းနဲ႕ ဒီပိုင္ရွင္သူေဌးက ရည္းစားေတြလား"
ဝိန္းရိဖန္ အသံတစ္ခ်က္မထြက္။
"အို႔....သူေဌးေလး...."
ခ်ယ္ရွင့္ဒယ္၏မ်က္ႏွာေပးမွာ အလ်င္အျမန္ပင္ေျပာင္းသြားခဲ့၍ ;
"ဦးေလးက သူ႕ရဲ႕ဦးေလးပါ ၊ ဘာမေကာင္းတဲ့ရည္႐ြယ္ခ်က္မွမရွိဘူး ၊ ကိုယ့္လူေတြအခ်င္းခ်င္းပဲဟာ ၊ ဘာမ်ား ကေတာက္ကဆျဖစ္စရာလိုလို႔လဲ ၊ ဦးေလးက ကိုယ့္တူမေလးကို မေတြ႕ရတာအရမ္းၾကာၿပီမလို႔ စိတ္လႈပ္ရွားၿပီး..."
ခ်ယ္ရွင့္ဒယ္ စကားမဆုံးခင္ အျပင္ဘက္ရွိလုံၿခဳံေရးအေစာင့္ႏွစ္ဦးမွာ အထဲသို႔ေရာက္လာခဲ့ၿပီး ထိုလူအား ဆြဲေခၚသြားေတာ့သည္။ လုံၿခဳံေရးတစ္ဦးကလည္း သတိေပးလိုသည့္အသံျဖင့္စကားဆိုလိုက္၏။
"ျပႆနာမရွာနဲ႕"
"ဘာလဲကြာ! ငါ ဘာျပႆနာရွာေနလို႔လဲ! မင္းတို႔ဘာလုပ္ေနၾကတာလဲ!"
စန္းရန္၏မ်က္ခုံးမ်ား တစ္ခ်က္လႈပ္ခတ္သြားရင္း ႐ုတ္တရက္ဆိုသည့္အခ်ိန္ေလးအတြင္း ခ်ယ္ရွင့္ဒယ္၏မ်က္ႏွာသည္ တစ္စုံတစ္ရာရင္းႏွီးခဲ့ဖူးသလို ခံစားမိလိုက္ရသည္။ သို႔ေသာ္ ထိုအေတြးက တစ္ခ်က္ကေလးသာ ျဖတ္ခနဲေပၚလာၿပီး ခ်က္ခ်င္းျပန္ေပ်ာက္သြားခဲ့သည္။ ထိုလူအား ဘယ္ေနရာတြင္ေတြ႕ခဲ့ဖူးမွန္း သူ ျပန္စဥ္းစား၍မရေခ်။
အစကေကာင္းမြန္ေနခဲ့သည့္စိတ္အေျခအေနမွာ ဤကိစၥေၾကာင့္ျဖင့္ပ်က္ပ်ယ္သြားခဲ့ကာ စန္းရန္က ဝိန္းရိဖန္အား လွမ္းၾကည့္လိုက္၏။
"အိမ္ျပန္ေတာ့မလား"
"အမ္"
ဝိန္းရိဖန္က အသိစိတ္ျပန္ကပ္သြားခဲ့ၿပီး အတင္းကာေရာဖိအားေပး ၿပဳံးျပလာခဲ့သည္။
"အင္း"
ယေန႕ညတြင္ ဝိန္းရိဖန္ကို ေခၚလိုက္မိသည့္ကိစၥအား စန္းရန္ ေနာင္တရခ်င္လာမိ၏။ တစ္ဖက္သို႔လွည့္ၿပီး ဟယ့္မင္ေပၚအား စကားအခ်ိဳ႕မွာၿပီးေနာက္တြင္ေတာ့ ဝိန္းရိဖန္ကိုေခၚ၍ အျပင္ထြက္လာခဲ့လိုက္သည္။ သူက ခပ္တိုးဖ်ဖ်အသံတို႔ျဖင့္ ;
"ခုဏတုန္းက ဆြဲခံရတဲ့ခ်ိန္ နာသြားေသးလား"
ဝိန္းရိဖန္က အမွန္တကယ္ကိုစိတ္ႏွင့္ကိုယ္ႏွင့္ မကပ္ပါေတာ့ေပ။
"အမ္"
"ဟိုလူ....."
စန္းရန္က ဝိန္းရိဖန္၏လက္ကို ပြတ္သပ္ၾကည့္ရင္း ;
"မင္းကိုဆြဲလိုက္တာ နာသြားလား"
ဝိန္းရိဖန္က ထိုအခါတြင္မွေခါင္းေမာ့ၾကည့္၍ ၿပဳံးျပလာခဲ့၏။
"မနာပါဘူး"
စန္းရန္အေနျဖင့္ ဝိန္းရိဖန္၏အမူအရာတို႔ကို ရွင္းရွင္းလင္းလင္းခံစားနားလည္မိသည္ပင္ ၊ ထိုလူႏွင့္ေတြ႕လိုက္သည့္အခ်ိန္ကတည္းက သူမ၏အေျခအေနမွာ သိပ္မူမမွန္ေတာ့မွန္း သိသာလွသည္။ သူသည္လည္း မေသခ်ာမေရရာျဖင့္ ထပ္၍ေမးလိုက္၏။
"အဲ့ဒီလူနဲ႕ မင္း အသိေတြလား"
"...."
ဝိန္းရိဖန္က သုံးေလးစကၠန့္မွ်တိတ္ေနခဲ့ၿပီးမွ အမွန္တိုင္းဆိုလာသည္။
"ငါ့ ဘႀကီးအမ်ိဳးသမီးရဲ႕ေမာင္ ၊ ငါနဲ႕ ဘာမွမပတ္သတ္ဘူး ၊ ဦးေလးလို႔ေတာင္ သတ္မွတ္လို႔မရတဲ့လူ"
စန္းရန္ ;
"အဲ့လူက အၿမဲတမ္းဒီပုံစံအတိုင္းလား"
ဝိန္းရိဖန္ ;
"ဘာကိုလဲ"
စန္းရန္ ;
"မင္းအေပၚ ဆက္ဆံတဲ့ပုံစံ"
ဝိန္းရိဖန္သည္ တဖန္ ေခါင္းျပန္ငုံ႕သြားၿပီး တည္ၿငိမ္ေအာင္ျပဳလုပ္လိုက္၏။
"ငါ သူနဲ႕မရင္းႏွီးဘူး ၊ သူကလည္း လူေကာင္းတစ္ေယာက္မဟုတ္ဘူး ၊ တကယ္လို႔ နင္ သူနဲ႕ထပ္ေတြ႕ခဲ့ရင္ သူ႕ကိုအေရးစိုက္မေနနဲ႕ ၊ သူစိမ္းလို႔ပဲ သတ္မွတ္လိုက္ရင္ရၿပီ"
ဤလူတစ္စုႏွင့္ ျပန္ေတြ႕ရလိမ့္ဦးမည္ဟု သူမ မေတြးထားခဲ့သလို သူမ၏မိသားစုအတြင္းေရးအစုတ္အပ်က္ကိစၥမ်ားက စန္းရန္ဆီသို႔ပါ ထိပါးေရာက္လာလိမ့္မည္ဟု တစ္စက္ေလးမွ်မထင္ထားမိပါေပ။
တိတ္ဆိတ္ၿငိမ္သက္ေနမႈၾကားတြင္ စန္းရန္က ႐ုတ္တရက္လွမ္းေခၚလာခဲ့သည္။
"ဝိန္း႐ႊမ္းက်န့္"
ဝိန္းရိဖန္ ;
"ဘာလဲ"
"မင္းမွာ ကိစၥတစ္ခုခုရွိေနရင္ ကိုယ့္ကို ေျပာျပလို႔ရတယ္ ၊ ဘာပဲျဖစ္ေနေန အားလုံးေျပာျပလို႔ရတယ္"
သူမ၏အမူအရာႏွင့္တုံ႕ျပန္မႈတို႔က သူ႕စိတ္အေျခအေနကိုပါ ကူးစက္သြားေၾကာင္းသိလိုက္ရသည့္အခါ ဝိန္းရိဖန္က ျပန္ႏွစ္သိမ့္ေပးလိုသည့္အလား ၿပဳံးျပလိုက္၏။
"ကိစၥက ႀကီးႀကီးမားမားမွမဟုတ္တာ"
ေနာက္တြင္ေတာ့ အၾကည့္လႊဲလိုက္ၿပီး တည္ၿငိမ္သည့္စကားသံတို႔ျဖင့္ ဆက္၍ ;
"ငါ့ဘာသာငါ ေျဖရွင္းနိုင္တဲ့ကိစၥေတြမလို႔ပါ"
ႏွစ္ေယာက္သား အိမ္ျပန္ေရာက္သည့္အခ်ိန္။
ကားေမာင္းၿပီးျပန္လာရသည့္ခရီးခ်ိန္အတြင္း ဝိန္းရိဖန္၏စိတ္သည္လည္း သက္သာရာရလာခဲ့သည္။ သူမ၏ပုံစံမွာ ထိုလူႏွင့္လုံးဝမေတြ႕ခဲ့သည့္အတိုင္း ပုံမွန္သာျဖစ္ေနၿပီး စန္းရန္ႏွင့္ပင္ စကားတေျပာေျပာ။ သို႔ေသာ္ အခုေလးတင္ျဖစ္သြားခဲ့သည့္ကိစၥကိုေတာ့ လုံးဝအစမေဖာ္ပါေတာ့ေပ။
ဝိန္းရိဖန္က စန္းရန္အတြက္ ပ်ားရည္တစ္ခြက္ေဖ်ာ္ေပးၿပီးေနာက္တြင္ ;
"နင္ အၿမဲတမ္း အရက္ခ်ည္းေသာက္မေနနဲ႕ ၊ နင့္မွာကေလ ေျပာစရာေတြကအမ်ားႀကီး ၊ ေဆးလိပ္ကလည္းေသာက္ အရက္ကလည္းေသာက္ ၊ ၿပီးေတာ့ ညလုံးေပါက္လည္းမအိပ္ဘဲေနေသးတယ္ ၊ နင့္ ဒီခႏၶာကိုယ္က အႏွေးနဲ႕အျမန္ပ်က္စီးေတာ့မွာ"
စန္းရန္က မ်က္ခုံးပင့္လိုက္ကာ ဝိန္းရိဖန္ေျပာကာမွ သူဟာ ေတေလၾကမ္းပိုးနီးနီးလို ျဖစ္သြားခဲ့ရ၏။
"ကိုယ္ ႏွစ္ငုံစာပဲေသာက္လာတာ"
"အဲ့ေလာက္လည္းမရဘူးပဲ"
ဝိန္းရိဖန္က ဆက္၍ စကားဆိုလာေသး၏။
"ၿပီးေတာ့ နင္ ေရခဲေရကိုလည္း အခ်ိန္တိုင္းေသာက္ေန"
စန္းရန္က ရယ္ေနရင္း ;
"ကိုယ္ ေရခဲေရေသာက္တာ ဘာျဖစ္ေနလို႔လဲ"
ဝိန္းရိဖန္ ;
"အစာအိမ္အတြက္မေကာင္းဘူး"
ပုံမွန္ဆိုလွ်င္ သူ႕အားလိုက္ေျပာဆိုေနလွ်င္ စိတ္အရႈပ္တတ္ဆုံးလူက လက္ရွိအခ်ိန္၌ ေျပာဆိုဆုံးမမႈမ်ားအား လက္သင့္ခံေနေခ်ေတာ့၏။
"အင္းပါ ၊ ကိုယ္ သိပါၿပီ"
"ဒါဆို နင္ ေသာက္ၿပီးရင္ေစာေစာအိပ္"
ဝိန္းရိဖန္က အိပ္ခ်င္လြန္းေနၿပီျဖစ္၍လည္း တစ္ခ်က္သန္းေဝလိုက္ေတာ့၏။ သူမက စန္းရန္၏ေဘး၌ထိုင္ရင္း ႐ုတ္တရက္ အနားသို႔တိုးကပ္ၿပီး စန္းရန္အား ဖက္ထားလိုက္သည္။
"ငါ သြားအိပ္ေတာ့မယ္"
စန္းရန္က ဝိန္းရိဖန္အား ျပန္ေပြ႕ဖက္ထားလိုက္ၿပီး ;
"စိတ္အေျခအေန မေကာင္းေသးဘူးလား"
ဝိန္းရိဖန္ ေခါင္းရမ္းျပလိုက္၏။
"အိပ္ခ်င္ေနလို႔"
"...."
သူမ၏ပုံစံက တစ္ခ်က္ၾကည့္႐ုံျဖင့္ ေျပာမျပခ်င္မွန္းသိသာေနေသာေၾကာင့္ စန္းရန္လည္း ထပ္၍မေမးပါေတာ့ေခ်။ လက္ကိုျမႇောက္လိုက္ကာ ဝိန္းရိဖန္၏ေခါင္းအား ဖြဖြေလး ပြတ္သပ္ေပးလိုက္၏။ မ်က္လုံးခ်င္းဆုံသြားသည့္အခါတြင္ေတာ့ သူဟာ သူမ၏ႏႈတ္ခမ္းအား တစ္ခ်က္နမ္းရွိုက္လိုက္၍ ;
"သြားအိပ္ေတာ့"
ဝိန္းရိဖန္ အိပ္ခန္းထဲဝင္သြားၿပီးသည့္တိုင္ စန္းရန္က ဧည့္ခန္းထဲ၌ တစ္ခဏၾကာၾကာထပ္ထိုင္ေနေသးသည္။ ေခါင္းငုံ႕ထားရင္း လက္ေခ်ာင္းထိပ္မ်ားက ဖန္ခြက္အားတေတာက္ေတာက္ေခါက္ကာ တစ္စုံတစ္ရာကို ေတြးၾကည့္ေနသည့္ဟန္။
အခ်ိန္ၾကာသြားၿပီးေနာက္တြင္ေတာ့ စန္းရန္က မတ္တပ္ထရပ္ၿပီး အိပ္ခန္းထဲဝင္လာခဲ့ေတာ့သည္။
------
ညသန္းေခါင္အခ်ိန္။
စန္းရန္ အိပ္မက္မွ လန့္နိုးလာခဲ့ကာ မ်က္ႏွာသြင္ျပင္က မည္းေမွာင္ေနၿပီး ေနာက္ဆုံးတြင္ ခ်ယ္ရွင့္ဒယ္အား ဘယ္ေနရာ၌ေတြ႕ျမင္ခဲ့ဖူးမွန္း သတိရလာေတာ့သည္။
ယခုလက္ရွိအႀကိမ္မတိုင္ခင္ စန္းရန္အေနျဖင့္ ထိုလူအား တစ္ခါသာေတြ႕ဖူးခဲ့သည္။
---သူ ေပယြီၿမိဳ႕သို႔သြားၿပီး ဝိန္းရိဖန္ႏွင့္ ေနာက္ဆုံးေတြ႕ျဖစ္ခဲ့သည့္အခ်ိန္တုန္းကပင္။
ထိုေန႕က စန္းရန္သည္ ဘတ္စ္ကားေပၚမွဆင္းလာၿပီး လာေနက်လမ္းငယ္ေလးအတိုင္း လမ္းေလွ်ာက္လာခဲ့သည္။ ေရာက္မလာခင္တုန္းက ဝိန္းရိဖန္ထံသို႔ မက္ေဆ့ပို႔ၿပီးအေၾကာင္းၾကားထားခဲ့ပါေသာ္လည္း ဤတစ္ႀကိမ္၌ သူမထံမွ ျပန္စာကို လက္ခံမရွိခဲ့ပါေပ။
ထို႔ေၾကာင့္ သူက ဝိန္းရိဖန္ေနသည့္အေဆာက္အဦးေအာက္သို႔သြားၿပီး သူမအား ေစာင့္ေနရန္သာ ဆုံးျဖတ္ထားခဲ့သည္။
သို႔ေသာ္ ထိုေနရာသို႔မေရာက္ခင္ လမ္းငယ္ေလး၏ေထာင့္တစ္ေနရာတြင္ ဝိန္းရိဖန္က ေယာက္်ားတစ္ဦး၏ဆြဲလားရမ္းလားလုပ္ျခင္းခံေနရသည္ကို သူေတြ႕လိုက္ရသည္။
ထိုေယာက္်ား၏အသက္အ႐ြယ္မွာ ဘယ္လိုပင္ၾကည့္ၾကည့္ ဝိန္းရိဖန္ထက္ အသက္တစ္ျပန္စာႀကီးပုံရၿပီး ခႏၶာကိုယ္မွာ ခပ္ဝဝ ၊ သူမအား ဆြဲကိုင္ထားရင္း စကားမ်ားလည္းေျပာေနေသးသည္။ သူ႕မ်က္ႏွာထက္ရွိ ႐ြံရွာဖြယ္ေကာင္းသည့္အၿပဳံးကိုၾကည့္လိုက္႐ုံျဖင့္ မေကာင္းသည့္ရည္႐ြယ္ခ်က္ရွိသည္မွာ အေသအခ်ာ။
ထိုအခ်ိန္တြင္ စန္းရန္၏လမ္းတစ္ေလွ်ာက္လုံးရွိလာခဲ့ေသာ စိတ္ၾကည္လင္မႈမ်ားဟာ ႐ုတ္ခ်ည္းေပ်ာက္ကြယ္သြားခဲ့ၿပီး ခ်က္ခ်င္းအေရွ႕သို႔ေျပးသြားကာ ဝိန္းရိဖန္အားဆြဲေခၚၿပီး သူ႕ခႏၶာကိုယ္အေနာက္သို႔ ပို႔ထားလိုက္ေတာ့သည္။ ဆယ္ေက်ာ္သက္ေကာင္ေလးဟာ ထိန္းခ်ဳပ္မႈတို႔ကင္းမဲ့သြားခဲ့ၿပီး သူ႕ၾကမ္းတမ္းခက္ထန္ေနမႈမ်ားက အေရွ႕တြင္ျမင္ေနရသည့္ ထိုလူကို သတ္ပစ္ခ်င္ေနမွန္း သိသိသာသာ။
ေယာက္်ားႀကီးက အရပ္မျမင့္ ၊ ခႏၶာကိုယ္ကလည္း အားမသာသျဖင့္ အခ်ိန္ခဏေလးအတြင္း ေျမႀကီးေပၚလဲက်သြားကာ ညည္းၫူေနေတာ့၏။
စန္းရန္၏စိတ္ခံစားခ်က္မ်ား ပိုမျပင္းထန္လာခင္ ဝိန္းရိဖန္က သူ႕အား ဆြဲေခၚၿပီး အျခားဦးတည္ရာတစ္ဖက္သို႔ အျမန္ေျပးထြက္လာခဲ့လိုက္သည္။ အေနာက္ဘက္မွေန၌ ဝိန္းရိဖန္၏လွစ္ဟေနသည့္ လည္တိုင္ေဖြးေဖြးကိုေငးၾကည့္ရင္း ခ်က္ခ်င္းေမးျမန္းလိုက္၏။
"အဲ့လူက ဘယ္သူလဲ"
ဝိန္းရိဖန္က ေနာက္ျပန္လွည့္မၾကည့္လာဘဲ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ျပန္ေျဖခဲ့သည္။
"ငါ မသိဘူး"
ထိုလူ၏မ်က္ႏွာဟာ ယေန႕ျမင္ခဲ့ရသည့္ခ်ယ္ရွင့္ဒယ္၏မ်က္ႏွာႏွင့္ တျဖည္းျဖည္းခ်င္းတစ္ထပ္တည္းနီးပါးက်လာေတာ့သည္ေပ။
*********************