အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်...

By Camichel_Miamo

231K 34.9K 1.2K

»This is not my own story »Just translate for fun »All credits go to the original author and translator »... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter - 42
Chapter - 43
Chapter - 44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57
Chapter-58
Chapter-59
Chapter-60
Chapter-61
Chapter-62
Chapter-63
Chapter-64
Chapter-65
Chapter-66
Chapter-67
Chapter-68
Chapter-70
Chapter-71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86

Chapter-69

1.8K 324 12
By Camichel_Miamo

Clickဖို့မမေ့ကြပါနဲ့ရှင့်

လက်တွေ့သို့ ပြန်ရောက်လာပြီး နဉ့်ကျီ ဖြည်းဖြည်းချင်း မျက်လုံးများ ဖွင့်လိုက်သည်။

ဤပြီးခဲ့သည့်ခရီးမတိုင်မီက သူမသည် ဤအရာများကို တာဝန်လုပ်ဆောင်နေခြင်းသက်သက်သာ ရှုမြင်ခဲ့သည်။ လုကုလေးမှာ သနားစရာကောင်းသလို ချစ်စရာကောင်းလှပြီး အတွေ့အကြုံတစ်ခုလုံးသည် အလွန်ကို အံ့ဩမင်သက်စရာကောင်းသည်။ 

ဤတစ်ခေါက် သူမ,ပြန်ရောက်လာပြီးနောက် သူမ၏ရင်ဘတ်ထဲတွင် စူးအောင့်နေသည့် နာကျင်မှုတစ်ခုရှိနေ၏။

အရင်တုန်းကတော့ လုကုလေးသည် သူ၏နတ်သမီးမမအား မှတ်မိနေစေရန် သူမ,ဆန္ဒရှိခဲ့သည်။ သို့သော် ယခုမူ သူ, မမှတ်မိရန်သာ သူမ,ဆန္ဒရှိတော့၏။ သို့မှသာ သူ သူမတို့ ပြန်တွေ့မည့်နေ့ရက်တို့အား လက်ချိုးရေနေရန် မလိုတော့မည်။

ညသည် တိတ်ဆိတ်လွန်းသည်။

နဉ့်ကျီ လှည့်ကာ မျက်လုံးများပိတ်ထားသည့် လုကုအား ကြည့်လိုက်သည်။ သူ၏ကောက်ကြောင်းသည် မီးမှိန်မှိန်အောက်တွင် ထင်ရှားနေပြီး သူ့တွင် ကလေးဆန်သည့် အသွင်အပြင်တစ်ခုမှ မရှိတော့။ နဖူးထက်ရှိ ဆံပင်တို့သည် နေရာတွင် ငြိမ်သက်စွာနားခိုနေသည်မှာ လုကုလေးကဲ့သို့ပင် လိမ္မာနာခံလေဟန်။

သူမ သူနှင့်နီးနီးသို့ လှိမ့်သွားလိမ့်သည်။ .

နဉ့်ကျီ ခိုးကြောင်ခိုးဝှက်ဖြင့် လက်ဆန့်ထုတ်ရင်း သူ၏ဆံပင်အား ပုတ်ပေးလိုက်သည်, ထို့နောက် နူးညံ့စွာဆိုသည် "အိပ်မက်လှလှမက်ပါစေ ရှောင်ကုကု"

နောက်တစ်ရက်တွင် ကြမ်းပြင်မှမျက်နှာကျက်ထိ ပြတင်းပေါက်မှတစ်ဆင့် နေသည် အခန်းတွင်း ဖြာလင်းလျက်ရှိသည်။ အပြာဖျော့ဖျော့လိုက်ကာများမှာ နူးညံ့သည့်လေပြေညင်းတွင် တလွင့်လွင့်။ 

နဉ့်ကျီ နိုးလာသည့်အချိန်တွင် လုကုသည့် မနက်ခင်းပြေးရန် သွားလေပြီ။ လုကု တစ်ရေးမှေးနေခြင်း သို့မဟုတ် အိပ်ပျော်နေခြင်းအား သူမ တစ်ခါတောင် မတွေ့ဖူး။ သူ၏ဇီဝဗေဒနာရီသည် အချက်ပေးနာရီထက်ပင် တိကျလေသည်။

သူမမှာ နောက်ဆုံး အိပ်ရာထဲကမထမီ ခဏမျှ ရုန်းကန်လိုက်ရသေးသည်။

ထိုအချိန်တွင်ပင် တစ်စုံတစ်ယောက် အခန်းတံခါးကို ခေါက်လာသည်။

နဉ့်ကျီ တံခါးဖွင့်ပေးလိုက်သည် "ဘာဖြစ်လို့လဲ အန်တီဟွား?"

အန်တီဟွား ပြန်ဖြေသည် "မဒမ်က အောက်ထပ်ကိုဆင်းလာဖို့ ပြောခိုင်းလိုက်လို့ပါ"

နဉ့်ကျီ ကြောင်သွားသည် "ဘာကိစ္စလဲပြောသေးလား?"

အန်တီဟွား : "ပထမသခင်လေးငှားထားတဲ့ ပါရဂူ ရောက်နေပါပြီ ၊ မဒမ်က မမလေးကို ဒုတိယသခင်လေးနဲ့အတူ ဆေးရုံသွားဖို့ အဖော်ပြုပေးစေချင်တာပါ" 

လုကုအတွက် ဆရာဝန်ရှာနေသည်ဟု လုရှန်းယွမ် ပြောထားသည်ကို သူမ,အမှတ်ရသည်။

ကလေးဘဝတုန်းက လုရှန်းယွမ်၏ လုကုအပေါ်ကြံစည်သည့် မတော်တဆအနည်းငယ်ကြောင့် နဉ့်ကျီသည် လုရှန်းယွမ်၏ ညီလေးအပေါ် ဂရုစိုက်မှုဟူသည်ကို အတော်သံသယဝင်လေသည်။

သူကလေးဘဝတုန်းက လုပ်ခဲ့သည်များသည် လုကုအား မနာလိုပြီး လူကြီးများထံမှ နှစ်သက်မှုကို လိုချင်သောကြောင့် သို့မဟုတ် ထိုမတော်တဆများမှာ သူသည် လုကုအား သဘောမကျသောကြောင့် စနောက်ခြင်းသက်သက်သာဟူသော ဖြစ်နိုင်ခြေ ရှိသည်။ သို့သော် သူသည် ညီငယ်လေးအား ဂရုစိုက်သည့် အစ်ကိုကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာပြန်သည်။

မည်သို့ပင်ဆိုစေကာမူ နဉ့်ကျီကတော့ လုရှန်းယွမ်သည် အစ်ကိုကောင်းတစ်ယောက် ဖြစ်မလာဟူသော ဖြစ်နိုင်ခြေကိုသာ ပိုယုံသည်။ ထိုအစား သူသည် သူ့ပတ်ဝန်းကျင်ရှိလူများအား လှည့်စားရန် ရှိုးလုပ်နေခြင်းသာ။

"အိုခေ ကျွန်မဆင်းလာခဲ့မယ်" နဉ့်ကျီလည်း လုကုအခြေအနေအား သိချင်သည်။ 

နဉ့်ကျီ အဝါနုနုဝတ်စုံကို ပြောင်းဝတ်လိုက်သည်။ ယခု သူမ၏အသားအရောင်သည် ပိုဖြူလာပြီး ဤကဲ့သို့ sweet colorလေးသည် သူမနှင့်ကြည့်ကောင်းနေသည်။ 

သူမ အောက်ထပ်သို့ဆင်းလာချိန်တွင် အမေလု ၊ လုရှန်းယွမ်နှင့် လန်ထန်းထန်းတို့ရှိနေသည်ကို တွေ့လိုက်ရသည်။ အဖေလုကတော့ ရုံးသွားလောက်ပေပြီ။

အမေလုကြည့်ရသည်မှာ ယနေ့ အတော်ရွှင်လန်းနေပုံရသည် သူမ နဉ့်ကျီအား ပြောလာသည် "ရောက်လာပြီလား ၊ မနက်စာစားပြီးရင် ရှောင်ကုနဲ့ ဆေးရုံကို အတူတူသွားကြရအောင် ၊ ဆရာဝန်က သူ့ကို အဲ့ဒီမှာ စောင့်နေတယ်"

သူမ ဆက်ပြောသည် "ရှောင်ကုက ဆေးရုံကို သိပ်သဘောမကျတာမို့ သူ့ကို အဲ့ဒီအကြောင်းပြောပေးဖို့ လိုလိမ့်မယ်" သူ စကားနားထောင်သည့် တစ်ဦးတည်းသောသူမှာ နဉ့်ကျီပင်။

နဉ့်ကျီ ခေါင်းငြိမ့်လိုက်သည်။

သူမ လင်ထန်းထန်းအား မတော်တဆ ဖြတ်ခနဲကြည့်မိလိုက်ရင်း အံ့ဩစွာပင် သူမ၏နှုတ်ခမ်းအထက်တွင် ဝက်ခြံဖုတစ်ခုနှင့် မျက်လုံးများအောက်တွင် အနက်ရောင်အဝိုင်းများကို တွေ့လိုက်ရလေသည်။ ကြည့်ရသည်မှာ ကောင်းကောင်းအနားမယူထားရသည့်ပုံပင်။

လင်ထန်းထန်း ရောင်ဝါ ၁၀၀ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သည့်အချိန်ကနှင့်ယှဉ်လျှင် ၂၀ရာခိုင်နှုန်း ဆုံးရှုံးသွားပြီးနောက် သူမ၏ပုံစံမှာ ဖိုသီဖတ်သီဖြစ်နေရှာသည်။

လင်ထန်းထန်းတစ်ယောက် သူမ၏နဂိုပုံစံသို့သာ ပြန်ရောက်သွားလျှင် ရူးသွားလောက်သည်ဟုတောင် နဉ့်ကျီ ထင်သည်။ လာမည်နေ့ရက်များအတွက်တော့ အတော်လေး စိတ်ဝင်စားစရာပင်။

လင်ထန်းထန်း လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ထိတ်လန့်ဗျာများနေခဲ့လေသည်။ သူမ ဆွဲသီးအား ပြင်ရန်ယူသွားခဲ့ပြီး ကျောက်စိမ်းပေါ်ရှိ အက်ကွဲကြောင်းအား ဖြည့်ပြီးပြင်ထားရာ အက်ကွဲဖူးသည့် အရာမျိုးကျန်မနေတော့ချေ။ 

သို့သော်လည်း ကျောက်စိမ်းအား ပြုပြင်ထားပြီးလျှင်တောင် နဉ့်ကျီထံမှ ရောင်ဝါကို ပြန်မယူနိုင်ကြောင်း သူမ သဘောပေါက်လိုက်ရသည်။ 

သူမ၏ရှေ့ရှိ ပိုပိုကောင်းမွန်လာသော အသားအရေ ပိုမိုအချိုးညီလာသော သွင်ပြင်လက္ခဏာတို့နှင့် နဉ့်ကျီအားကြည့်ရင်း လင်ထန်းထန်း အလွန်ကို ဒေါသထွက်ကာ တစ်ချိန်တည်းမှာပင် မသက်မသာ ခံစားရသည်။

သူမ၏ကျောက်စိမ်းတွင် အဘယ်ကြောင့် အက်ရာပေါ်လာရပြီး ထိုအက်ရာသည် အဘယ်ကြောင့် နဉ့်ကျီထံ ရောင်ဝါတို့ ပြန်ရောက်သွားချိန်တွင် ပေါ်လာရသနည်း သူမ ထိုရောင်ဝါအား အဘယ်ကြောင့် ပြန်ယူမရသနည်း?

#This is not my own story



-------



Clickဖို႔မေမ့ၾကပါနဲ႔ရွင့္

လက္ေတြ႕သို႔ ျပန္ေရာက္လာၿပီး နဥ့္က်ီ ျဖည္းျဖည္းခ်င္း မ်က္လုံးမ်ား ဖြင့္လိုက္သည္။

ဤၿပီးခဲ့သည့္ခရီးမတိုင္မီက သူမသည္ ဤအရာမ်ားကို တာဝန္လုပ္ေဆာင္ေနျခင္းသက္သက္သာ ရႈျမင္ခဲ့သည္။ လုကုေလးမွာ သနားစရာေကာင္းသလို ခ်စ္စရာေကာင္းလွၿပီး အေတြ႕အႀကဳံတစ္ခုလုံးသည္ အလြန္ကို အံ့ဩမင္သက္စရာေကာင္းသည္။ 

ဤတစ္ေခါက္ သူမ,ျပန္ေရာက္လာၿပီးေနာက္ သူမ၏ရင္ဘတ္ထဲတြင္ စူးေအာင့္ေနသည့္ နာက်င္မႈတစ္ခုရွိေန၏။

အရင္တုန္းကေတာ့ လုကုေလးသည္ သူ၏နတ္သမီးမမအား မွတ္မိေနေစရန္ သူမ,ဆႏၵရွိခဲ့သည္။ သို႔ေသာ္ ယခုမူ သူ, မမွတ္မိရန္သာ သူမ,ဆႏၵရွိေတာ့၏။ သို႔မွသာ သူ သူမတို႔ ျပန္ေတြ႕မည့္ေန႔ရက္တို႔အား လက္ခ်ိဳးေရေနရန္ မလိုေတာ့မည္။

ညသည္ တိတ္ဆိတ္လြန္းသည္။

နဥ့္က်ီ လွည့္ကာ မ်က္လုံးမ်ားပိတ္ထားသည့္ လုကုအား ၾကည့္လိုက္သည္။ သူ၏ေကာက္ေၾကာင္းသည္ မီးမွိန္မွိန္ေအာက္တြင္ ထင္ရွားေနၿပီး သူ႔တြင္ ကေလးဆန္သည့္ အသြင္အျပင္တစ္ခုမွ မရွိေတာ့။ နဖူးထက္ရွိ ဆံပင္တို႔သည္ ေနရာတြင္ ၿငိမ္သက္စြာနားခိုေနသည္မွာ လုကုေလးကဲ့သို႔ပင္ လိမၼာနာခံေလဟန္။

သူမ သူႏွင့္နီးနီးသို႔ လွိမ့္သြားလိမ့္သည္။ .

နဥ့္က်ီ ခိုးေၾကာင္ခိုးဝွက္ျဖင့္ လက္ဆန႔္ထုတ္ရင္း သူ၏ဆံပင္အား ပုတ္ေပးလိုက္သည္, ထို႔ေနာက္ ႏူးညံ့စြာဆိုသည္ "အိပ္မက္လွလွမက္ပါေစ ေရွာင္ကုကု"

ေနာက္တစ္ရက္တြင္ ၾကမ္းျပင္မွမ်က္ႏွာက်က္ထိ ျပတင္းေပါက္မွတစ္ဆင့္ ေနသည္ အခန္းတြင္း ျဖာလင္းလ်က္ရွိသည္။ အျပာေဖ်ာ့ေဖ်ာ့လိုက္ကာမ်ားမွာ ႏူးညံ့သည့္ေလေျပညင္းတြင္ တလြင့္လြင့္။ 

နဥ့္က်ီ ႏိုးလာသည့္အခ်ိန္တြင္ လုကုသည့္ မနက္ခင္းေျပးရန္ သြားေလၿပီ။ လုကု တစ္ေရးေမွးေနျခင္း သို႔မဟုတ္ အိပ္ေပ်ာ္ေနျခင္းအား သူမ တစ္ခါေတာင္ မေတြ႕ဖူး။ သူ၏ဇီဝေဗဒနာရီသည္ အခ်က္ေပးနာရီထက္ပင္ တိက်ေလသည္။

သူမမွာ ေနာက္ဆုံး အိပ္ရာထဲကမထမီ ခဏမွ် ႐ုန္းကန္လိုက္ရေသးသည္။

ထိုအခ်ိန္တြင္ပင္ တစ္စုံတစ္ေယာက္ အခန္းတံခါးကို ေခါက္လာသည္။

နဥ့္က်ီ တံခါးဖြင့္ေပးလိုက္သည္ "ဘာျဖစ္လို႔လဲ အန္တီဟြား?"

အန္တီဟြား ျပန္ေျဖသည္ "မဒမ္က ေအာက္ထပ္ကိုဆင္းလာဖို႔ ေျပာခိုင္းလိုက္လို႔ပါ"

နဥ့္က်ီ ေၾကာင္သြားသည္ "ဘာကိစၥလဲေျပာေသးလား?"

အန္တီဟြား : "ပထမသခင္ေလးငွားထားတဲ့ ပါရဂူ ေရာက္ေနပါၿပီ ၊ မဒမ္က မမေလးကို ဒုတိယသခင္ေလးနဲ႔အတူ ေဆး႐ုံသြားဖို႔ အေဖာ္ျပဳေပးေစခ်င္တာပါ" 

လုကုအတြက္ ဆရာဝန္ရွာေနသည္ဟု လုရွန္းယြမ္ ေျပာထားသည္ကို သူမ,အမွတ္ရသည္။

ကေလးဘဝတုန္းက လုရွန္းယြမ္၏ လုကုအေပၚႀကံစည္သည့္ မေတာ္တဆအနည္းငယ္ေၾကာင့္ နဥ့္က်ီသည္ လုရွန္းယြမ္၏ ညီေလးအေပၚ ဂ႐ုစိုက္မႈဟူသည္ကို အေတာ္သံသယဝင္ေလသည္။

သူကေလးဘဝတုန္းက လုပ္ခဲ့သည္မ်ားသည္ လုကုအား မနာလိုၿပီး လူႀကီးမ်ားထံမွ ႏွစ္သက္မႈကို လိုခ်င္ေသာေၾကာင့္ သို႔မဟုတ္ ထိုမေတာ္တဆမ်ားမွာ သူသည္ လုကုအား သေဘာမက်ေသာေၾကာင့္ စေနာက္ျခင္းသက္သက္သာဟူေသာ ျဖစ္ႏိုင္ေျခ ရွိသည္။ သို႔ေသာ္ သူသည္ ညီငယ္ေလးအား ဂ႐ုစိုက္သည့္ အစ္ကိုေကာင္းတစ္ေယာက္အျဖစ္ ႀကီးျပင္းလာျပန္သည္။

မည္သို႔ပင္ဆိုေစကာမူ နဥ့္က်ီကေတာ့ လုရွန္းယြမ္သည္ အစ္ကိုေကာင္းတစ္ေယာက္ ျဖစ္မလာဟူေသာ ျဖစ္ႏိုင္ေျခကိုသာ ပိုယုံသည္။ ထိုအစား သူသည္ သူ႔ပတ္ဝန္းက်င္ရွိလူမ်ားအား လွည့္စားရန္ ရႈိးလုပ္ေနျခင္းသာ။

"အိုေခ ကြၽန္မဆင္းလာခဲ့မယ္" နဥ့္က်ီလည္း လုကုအေျခအေနအား သိခ်င္သည္။ 

နဥ့္က်ီ အဝါႏုႏုဝတ္စုံကို ေျပာင္းဝတ္လိုက္သည္။ ယခု သူမ၏အသားအေရာင္သည္ ပိုျဖဴလာၿပီး ဤကဲ့သို႔ sweet colorေလးသည္ သူမႏွင့္ၾကည့္ေကာင္းေနသည္။ 

သူမ ေအာက္ထပ္သို႔ဆင္းလာခ်ိန္တြင္ အေမလု ၊ လုရွန္းယြမ္ႏွင့္ လန္ထန္းထန္းတို႔ရွိေနသည္ကို ေတြ႕လိုက္ရသည္။ အေဖလုကေတာ့ ႐ုံးသြားေလာက္ေပၿပီ။

အေမလုၾကည့္ရသည္မွာ ယေန႔ အေတာ္႐ႊင္လန္းေနပုံရသည္ သူမ နဥ့္က်ီအား ေျပာလာသည္ "ေရာက္လာၿပီလား ၊ မနက္စာစားၿပီးရင္ ေရွာင္ကုနဲ႔ ေဆး႐ုံကို အတူတူသြားၾကရေအာင္ ၊ ဆရာဝန္က သူ႔ကို အဲ့ဒီမွာ ေစာင့္ေနတယ္"

သူမ ဆက္ေျပာသည္ "ေရွာင္ကုက ေဆး႐ုံကို သိပ္သေဘာမက်တာမို႔ သူ႔ကို အဲ့ဒီအေၾကာင္းေျပာေပးဖို႔ လိုလိမ့္မယ္" သူ စကားနားေထာင္သည့္ တစ္ဦးတည္းေသာသူမွာ နဥ့္က်ီပင္။

နဥ့္က်ီ ေခါင္းၿငိမ့္လိုက္သည္။

သူမ လင္ထန္းထန္းအား မေတာ္တဆ ျဖတ္ခနဲၾကည့္မိလိုက္ရင္း အံ့ဩစြာပင္ သူမ၏ႏႈတ္ခမ္းအထက္တြင္ ဝက္ၿခံဖုတစ္ခုႏွင့္ မ်က္လုံးမ်ားေအာက္တြင္ အနက္ေရာင္အဝိုင္းမ်ားကို ေတြ႕လိုက္ရေလသည္။ ၾကည့္ရသည္မွာ ေကာင္းေကာင္းအနားမယူထားရသည့္ပုံပင္။

လင္ထန္းထန္း ေရာင္ဝါ ၁၀၀ရာခိုင္ႏႈန္း ပိုင္ဆိုင္ခဲ့သည့္အခ်ိန္ကႏွင့္ယွဥ္လွ်င္ ၂၀ရာခိုင္ႏႈန္း ဆုံးရႈံးသြားၿပီးေနာက္ သူမ၏ပုံစံမွာ ဖိုသီဖတ္သီျဖစ္ေနရွာသည္။

လင္ထန္းထန္းတစ္ေယာက္ သူမ၏နဂိုပုံစံသို႔သာ ျပန္ေရာက္သြားလွ်င္ ႐ူးသြားေလာက္သည္ဟုေတာင္ နဥ့္က်ီ ထင္သည္။ လာမည္ေန႔ရက္မ်ားအတြက္ေတာ့ အေတာ္ေလး စိတ္ဝင္စားစရာပင္။

လင္ထန္းထန္း လြန္ခဲ့သည့္ရက္အနည္းငယ္တြင္ ထိတ္လန႔္ဗ်ာမ်ားေနခဲ့ေလသည္။ သူမ ဆြဲသီးအား ျပင္ရန္ယူသြားခဲ့ၿပီး ေက်ာက္စိမ္းေပၚရွိ အက္ကြဲေၾကာင္းအား ျဖည့္ၿပီးျပင္ထားရာ အက္ကြဲဖူးသည့္ အရာမ်ိဳးက်န္မေနေတာ့ေခ်။ 

သို႔ေသာ္လည္း ေက်ာက္စိမ္းအား ျပဳျပင္ထားၿပီးလွ်င္ေတာင္ နဥ့္က်ီထံမွ ေရာင္ဝါကို ျပန္မယူႏိုင္ေၾကာင္း သူမ သေဘာေပါက္လိုက္ရသည္။ 

သူမ၏ေရွ႕ရွိ ပိုပိုေကာင္းမြန္လာေသာ အသားအေရ ပိုမိုအခ်ိဳးညီလာေသာ သြင္ျပင္လကၡဏာတို႔ႏွင့္ နဥ့္က်ီအားၾကည့္ရင္း လင္ထန္းထန္း အလြန္ကို ေဒါသထြက္ကာ တစ္ခ်ိန္တည္းမွာပင္ မသက္မသာ ခံစားရသည္။

သူမ၏ေက်ာက္စိမ္းတြင္ အဘယ္ေၾကာင့္ အက္ရာေပၚလာရၿပီး ထိုအက္ရာသည္ အဘယ္ေၾကာင့္ နဥ့္က်ီထံ ေရာင္ဝါတို႔ ျပန္ေရာက္သြားခ်ိန္တြင္ ေပၚလာရသနည္း သူမ ထိုေရာင္ဝါအား အဘယ္ေၾကာင့္ ျပန္ယူမရသနည္း?

#This is not my own story

Continue Reading

You'll Also Like

4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
415K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
231K 34.9K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
256K 24.9K 188
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...