Unicode
အခန်း - (၆၇) : တစ္ဆေသတို့သမီး (၃)
ချန်ကျစ်ချူးသည် ခေါင်းမဲ့သတို့သားကို အတော်ကြာအောင် ကြောင်ကြည့်နေမိ၏။ သူ၏အမူအရာက သိသာလွန်းနေ၍ထင့်၊ သတို့သားမှာ သူ့လည်ပင်းပြတ်သူ ပြန်ကိုင်မိရင်း လက်ပင် သွေးစွန်းသွားရသည်။ သတို့သား၏ ညို့ဓာတ်ပြင်းသော လေသံထဲတွင် ဝမ်းနည်းစိတ်တို့ ရောယှက်နေပြီး..
“တောင်းပန်ပါတယ်.. ကိုယ် မင်းကို ကြောက်အောင်လုပ်မိပြီလား..? တကယ်မရည်ရွယ်ပါဘူး..”
“………”
ချန်ကျစ်ချူးလည်း သတိပြန်ကပ်သွားပြီး သူ၏အရှေ့မှ အမျိုးသားအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူ တကယ်ကို ကြောက်ပါသည်။ သို့သော် ယခုလောလောဆယ် ‘Winter Branch’ ကို ပိုကြောက်သည်။ ပုံမှန်အားဖြင့် ဘာမှန်းမသိသည့်အရာက ပိုပြီးကြောက်စရာကောင်းသည် မဟုတ်ပါလား။
ထို့အပြင် သတို့သားအပေါ် ကြောက်စိတ်ထက် သိချင်စိတ်က ပိုများနေသည်။
သတို့သားရဲ့အသံက ဘယ်ကထွက်လာတာလဲ..? နားမလည်နိုင်တော့ဘူး…
“မင်း…” ချန်ကျစ်ချူးက မျက်နှာလွှားဇာပဝါကို လှန်ပြီး ထိုအမျိုးသားအား စိုက်ကြည့်ကာ.. : “ခုနက ခေါင်းပျောက်သွားတယ်လို့ ပြောခဲ့တယ်နော်..?”
“အင်း..”
သတို့သားက ပြန်ဖြေသည်။ မညီမညာ ဖြတ်တောက်ခံထားရသည့် လည်ပင်းပေါ်မှ အသားစများဟာ လှုပ်ယမ်းနေပြီး နောက်ထပ် စကားတစ်ခွန်း ဆက်ပြောလာသည်။ : “ပျောက်သွားတာ ကြာပြီဆိုတော့ ဘယ်နားရောက်သွားလဲမသိဘူး..”
သူက တစ်ခဏတုံ့ဆိုင်းနေပြီးနောက် ဆင်ခြေသေးသေးလေး ထပ်ပေးသည်။ : “မင်းတွေ့တဲ့အတိုင်းပဲ.. လောလောဆယ် ကိုယ့်မှာ ခေါင်းမရှိဘူးဆိုတော့လေ မှတ်ဉာဏ်က သိပ်ကောင်းမှာမဟုတ်ဘူး.. ဒါပေမဲ့ မင်းအပေါ်ထားတဲ့ ခံစားချက်တွေကိုတော့ ဘယ်တော့မှမမေ့ဘူး.. ကိုယ် မင်းကို တကယ်ကြိုက်တာပါ ကျစ်ချူး…”
တော်သင့်ပြီ.. အဲ့ခံစားချက်တွေ မလိုချင်ပါဘူးနော်…
ချန်ကျစ်ချူးက မျက်နှာသေဖြင့် ခပ်မြန်မြန် စကားဖြတ်ပြောလိုက်သည်။ : “ခေါင်းဘယ်မှာရှိလဲ မသိဘူးပေါ့..?”
“မသိဘူး..”
သတို့သားက အနည်းငယ် ဝမ်းနည်းနေဟန်ဖြင့်.. : “ဒီပုံစံနဲ့ အဆင်မပြေရင် တစ်ယောက်ယောက်ရဲ့ ခေါင်းကို သွားဖြုတ်လိုက်မယ်လေ.. ဘယ်လိုမျက်နှာမျိုး ကြိုက်လဲဟင်..?”
“မလုပ်… မလုပ်ပါနဲ့..”
ချန်ကျစ်ချူးမှာ ခေါင်းကျိန်းသွားသဖြင့် ကပျာကယာ လက်ယမ်းပြလိုက်သည်။ ထိုသို့သော ကြောက်မက်ဖွယ်စကားမျိုးကို ထမင်းစားရေသောက်သလို ပြောနေသော သတို့သားကိုကြည့်ပြီး ထိုအမျိုးသားဟာ တကယ့်မကောင်းဆိုးဝါးဝိညာဉ်မှန်း နားလည်သွားရသည်။
[ ပြဿနာတစ်ခုကို ကြုံနေရပြီ။ ]
[ သင့်ရဲ့သတို့သားက ဦးခေါင်းပျောက်နေတယ်။ ဦးခေါင်းမရှိဘဲနဲ့ မင်္ဂလာအခမ်းအနားမှာ ဘယ်လိုလုပ် နမ်းလို့ရမှာလဲ..? ]
[ အဲတာကြောင့် မင်္ဂလာပွဲမစတင်မီ သတို့သားရဲ့ ဦးခေါင်းကို ကူရှာပေးရပါမယ်။ ]
[ အသက်ဝင်လာသော အပိုဆောင်းတာဝန် : Item တစ်ခု ရှာဖွေရန် ]
[ တာဝန်အချက်အလက် : သတို့သားရဲ့ ဦးခေါင်းအစစ်ကို ရှာပါ။ ]
[ တာဝန်အတွက် ဆုလာဘ် : ? ]
အပိုဆောင်းတာဝန်တစ်ခု ပေါ်ထွက်လာသည်နှင့် ချန်ကျစ်ချူးလည်း စိတ်ပေါ့ပါးသွားသည်။ ဤတာဝန်အရ အနည်းဆုံးတော့ သတို့သား၏ဦးခေါင်း ရှိနေသေးတာ သေချာသွားချေပြီ။ Instance ထဲမှ သဲလွန်စများကို ဖော်ထုတ်ပြီး ထိုဦးခေါင်းပြတ်ကို လိုက်ရှာနိုင်လိမ့်မည်။
သို့သော် တစ်ခုတည်းသော ပြဿနာကား မသေခင်က အဖြစ်အပျက်များကို သတို့သား မှတ်မိပါဦးမလား သိပ်မသေချာခြင်းပင်။ ဦးခေါင်းပျောက်သည့် နေရာကိုပင် မေ့လျော့နေသဖြင့် တခြားကိစ္စအားလုံး မေ့လျော့သွားလျှင်ပင် မထူးဆန်းပါချေ။
ချန်ကျစ်ချူး၏ရင်ထဲ ပူပန်မှုအပြည့်ဖြင့်။ မည်သို့ဆိုစေ တာဝန်ညွှန်ကြားချက်ကို လိုက်နာပြီး ဦးခေါင်းကို လိုက်ရှာပေးရလိမ့်မည်။ သို့နှင့် သတို့သားကို ပြောလိုက်သည်။
“ငါတွေးမိတာရှိတယ်.. မင်္ဂလာပွဲမစခင် မင်းရဲ့ဦးခေါင်းကို ကူရှာပေးချင်တယ်..”
ချန်ကျစ်ချူးက တစ်ခဏတုံ့ဆိုင်းနေပြီးနောက် ဆက်ပြောသည်။ : “ဘာလို့လဲဆိုတော့ မင်းကို ကောင်းကောင်းမသိဘူးလို့ ခံစားနေရလို့လေ.. မင်းရဲ့နာမည်ကိုလည်း မသိရသေးဘူး.. ပြီးတော့ ငါတို့အရင်က တွေ့ခဲ့ဖူးလား..? ဘာလို့ ငါ့ကို ကြိုက်တာလဲ..?”
“ကိုယ့်ရဲ့ခေါင်းကို ကူရှာပေးပြီး ကိုယ့်အကြောင်းကို ပိုသိချင်တာလား..?”
အင်္ကျီကို သေသေသပ်သပ်ဖြစ်အောင် ပြန်ပြင်နေသော သတို့သား၏လက်က ရပ်တန့်သွားပြီး သူ၏လေသံထဲတွင် အံ့ဩရိပ်တို့ ရောစွက်နေ၏။ ခန္ဓာကိုယ်ပေါ်မှ သွေးကွက်များသည် တဖြည်းဖြည်း မှိန်ဖျော့လာပြီး အနောက်တိုင်းဝတ်စုံက နဂိုအတိုင်း ပုံကျသေသပ်သွားသည်။ သွေးအားလုံး သူ၏ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားလေသလား မပြောတတ်အောင်ပင်။
“မင်းသိချင်သမျှ ကိုယ်ပြောပြပါ့မယ်.. ဒါပေမဲ့ တချို့ကိစ္စတွေပဲ မှတ်မိတော့တယ်..”
“ကိုယ်မှတ်မိတာသာမှန်ရင် ကိုယ်တို့ တစ်ကြိမ်တွေ့ဖူးတယ်.. ဒါပေမဲ့ မင်းက မမှတ်မိဘူးဆိုတော့ မင်းက ကိုယ့်ကိုမသိဘဲ ကိုယ်ကပဲ မင်းကိုသိနေတာ ဖြစ်နိုင်တယ်..”
“ကိုယ့်ရဲ့နာမည်နဲ့ မင်းကို ဘာလို့ကြိုက်တာလဲဆိုတာတော့ မမှတ်မိတော့ဘူး.. ဒါပေမဲ့ ကိုယ့်ရဲ့မှတ်ဉာဏ်ထဲမှာ မင်းကို ချစ်တဲ့ ခံစားချက်တွေနဲ့ပဲ ပြည့်နှက်နေတယ်..”
“မိနစ်တိုင်း စက္ကန့်တိုင်း နာကျင်ရတယ်.. ဒီအတိုင်း မသေသွားချင်ဘူး.. မင်းနဲ့ ထပ်တွေ့ချင်တယ်.. မင်းကို ကိုယ့်ရဲ့အနားမှာ ရှိနေစေချင်တယ်.. ကိုယ်ရဲ့သတို့သမီးလေး ဖြစ်လာစေချင်တယ်..”
“နောက်တော့ မင်းက ဒီလက်စွပ်ကိုဝတ်ပြီး ကိုယ်နိုးထလာအောင်လို့ မင်္ဂလာဝတ်စုံကိုတောင် ဝတ်ဆင်ပေးခဲ့တယ်.. အဲတာကို ခံစားမိတာနဲ့ မင်းကို လိုက်ရှာဖို့ အုတ်ဂူထဲကနေ ချက်ချင်း တက်လာ….”
“နေဦး.. အုတ်ဂူ..?” ချန်ကျစ်ချူးက ထိုသဲလွန်စကို ချက်ချင်း ဖမ်းဆုပ်လိုက်သည်။
“မင်းရဲ့အုတ်ဂူနေရာကို မှတ်မိသေးလား..? ခေါင်းက အုတ်ဂူထဲမှာ ကျန်ခဲ့တာဖြစ်နိုင်တယ်..”
သတို့သား : “………..”
သတို့သား : “အုတ်ဂူနေရာကိုလည်း မမှတ်မိတော့ဘူး..”
သူ၏ပခုံးနှစ်ဖက်က တသိမ့်သိမ့် တုန်ယင်လာပြီး ခန္ဓာကိုယ်ကို တစ်ဖက်လှည့်သွားသည်။ ချန်ကျစ်ချူးနှင့် မျက်နှာချင်းဆိုင်ရန် ရှက်ရွံ့နေပုံပင်။ : “တောင်းပန်ပါတယ်…”
ချန်ကျစ်ချူး : “………”
လက်ရှိအခြေအနေကြောင့်သာ မဟုတ်လျှင် ဦးနှောက်မရှိသည့် ထိုအမျိုးသားကို အော်ဆဲပစ်လိုက်ချင်သည်။ သို့သော်…
အော်ဆဲလို့မရဘူးလေ။ အဲ့လူက တကယ်ကြီး ဦးနှောက်မှမရှိတာ…
ထိုအခိုက် ဝက်ဝံရုပ်လေးသည် ချန်ကျစ်ချူး၏ System သိုလှောင်အိတ်ထဲမှ ထွက်လာပြီး ကြမ်းပြင်ပေါ်သို့ ခုန်ဆင်းသွားသည်။ ပြီးနောက် ချန်ကျစ်ချူး၏ ဂါဝန်ပေါ် ကုတ်တက်ကာ ရင်ခွင်ထဲတွင် နေရာယူလိုက်သည်။
“ထင်းရှူးသီးလေး..?” ချန်ကျစ်ချူးက ဝက်ဝံရုပ်လေးကို မြင်သောအခါ အံ့ဩသွားဟန်ဖြင့်.. : “ဘယ်လိုလုပ် မင်းဘာသာ ထွက်လာတာလဲ..?”
“မာမီ.. ကျွန်တော် ကူညီပေးနိုင်တယ်..”
ဝက်ဝံရုပ်လေးက ကလေးသံဖြင့် ပြန်ဖြေသည်။ ဝိုင်းဝိုင်းစက်စက် ပုတီးစေ့မျက်လုံးလေးများက ဦးခေါင်းမဲ့လူကို မြင်သောအခါ အတန်ငယ် ကြောက်ရွံ့သွားပုံပေါ်၏။ သို့သော် အကြောက်တရားကို အံတုပြီး အသံငယ်လေးဖြင့် ပြောလာသည်။
“သူ့ရဲ့အနံ့ကို ခြေရာခံပြီး အုတ်ဂူကို ပြန်ရှာလို့ရတယ်..”
“ကျေးဇူးတင်ပါတယ် ထင်းရှူးသီးလေး..” ချန်ကျစ်ချူး၏ မျက်ဝန်းများ လင်းလက်သွားသည်။ : “သူ့ရဲ့ဦးခေါင်းကို ကူရှာပေးနိုင်ရင် အကူအညီအကြီးကြီးဖြစ်မှာ..”
“ဘာလို့ သူက မင်းကို ‘မာမီ’လို့ခေါ်နေတာလဲ..?”
သို့သော် သတို့သား၏အသံက ချန်ကျစ်ချူးလိုမဟုတ်ဘဲ အလွန်တရာ အေးစက်ပြီး အန္တရာယ်အငွေ့အသက်တို့ ထုတ်လွှင့်နေလေသည်။ မုန်တိုင်းတစ်ချက် ဖြတ်တိုက်သွားသလိုမျိုး အေးစက်စက် လက်တစ်ဖက်က ချန်ကျစ်ချူး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ အားပြင်းလွန်းသဖြင့် ချန်ကျစ်ချူးမှာ လက်ကျိုးတော့မလိုပင် ခံစားလိုက်ရသည်။
“ကျစ်ချူး.. ကိုယ့်ရဲ့နောက်ကွယ်မှာ တခြားယောက်ျားတစ်ယောက်ကို ရှာခဲ့တာလား..?”
ချန်ကျစ်ချူး၏မျက်နှာက ရုတ်ချည်းဆိုသလို ဖြူရော်သွား၏။ Instance မိတ်ဆက်မှ ‘သတို့သားရှေ့တွင် ‘Winter Branch’ အား မနမ်းရန်၊ နမ်းခဲ့လျှင် သတို့သား ရူးသွားနိုင်ကြောင်း’ သတိပေးချက်ကို ပြန်သတိရသွားသည်။ ထိုအချက်တစ်ချက်တည်းဖြင့် သတို့သားသည် မည်မျှပိုင်ဆိုင်လိုစိတ်ကြီးကြောင်း ဖော်ပြနေလေသည်။
ဝက်ဝံရုပ်လေး အမှတ်မထင်ပြောလိုက်သည့် စကားတစ်ခွန်းက သတို့သားကို ရန်စမိသွားမည်ဟု လုံးဝမမျှော်လင့်ထားပေ။ သူ တခြားတစ်ယောက်ကို ချစ်နေကြောင်း သတို့သားသိသွားလျှင် သူ့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်မှာ သေချာနေချေပြီ။
“မ.. မဟုတ်ပါဘူး..” ချန်ကျစ်ချူးက ကပျာကယာ ခေါင်းယမ်းရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့်.. : “အဲတာကလေ…”
“အဲတာက…?”
သတို့သား၏လေသံက အလွန်တရာ အေးစက်နေသည်။ ဦးခေါင်းမရှိသဖြင့် ဒေါသထွက်နေသည့် မျက်နှာကို မမြင်ရသော်လည်း ဝက်ဝံရုပ်လေးခမျာ စူးစူးရဲရဲ စိုက်ကြည့်ခံနေရသလို ခံစားနေရသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဝမ်းနည်းပက်လက် ထငိုတော့သည်။
“ဒယ်ဒီ.. ကျွန်တော်နဲ့ မာမီကို စိတ်မဆိုးပါနဲ့..”
“……….”
သတို့သားလည်း ကြောင်အမ်းသွားပြီး ချန်ကျစ်ချူးကို ကိုင်ထားသည့်လက်က သိသိသာသာ ပြေလျော့သွားသည်။
“ဒယ်ဒီ~~”
ဝက်ဝံရုပ်လေးက သတို့သား၏ခန္ဓာကိုယ်ပေါ် သတ္တိရှိရှိ တွယ်တက်သွားပြီး အင်္ကျီလက်ကိုဆွဲကာ အလိုလိုက်ခံထားရသော လေသံမျိုးဖြင့်.. : “ကျွန်တော်နဲ့ မာမီက ဒယ်ဒီ့ကို အရမ်းသဘောကျတာ.. အဲတာကြောင့် စိတ်မဆိုးပါနဲ့နော်..”
ချန်ကျစ်ချူး : “……….”
“ဒီကလေးက လိမ္မာသားပဲ..”
သတို့သားက ဝက်ဝံရုပ်လေးကို ခေါင်းပွတ်ပေးသည်။ အေးစက်စက် အငွေ့အသက်တို့ လုံးဝလွင့်ပြယ်သွားပြီး ရွှင်မြူးစွာ ပြောသည်။ : “လိမ္မာလိုက်တဲ့ကလေး.. မင်းရဲ့အရင်အဖေက ဘယ်သူပဲဖြစ်ဖြစ်.. ဒီနေ့ကစပြီး ငါ မင်းရဲ့အဖေ ဖြစ်ပေးမယ်.. မင်းနဲ့ကျစ်ချူးကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်..”
ချန်ကျစ်ချူး : “……….”
ထိုအခိုက် ချန်ကျစ်ချူးခမျာ ကြောက်ရမည်ကိုပင် မေ့သွား၏။ မျက်လုံးအကြည့်က အသာရွေ့လျားသွားပြီး သတို့သား၏ရင်ခွင်ထဲ လူးလိမ့်နေသော ဝက်ဝံရုပ်လေးကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။
ဘာလို့ တွေ့သမျှလူတိုင်းကို အဖေခေါ်နေတာလဲ..?
[ သူ့ရဲ့ မျက်နှာလိုမျက်နှာရပုံစံကို တွေ့လား..? ]
ငွေဒင်္ဂါးလေး၏အသံက ချန်ကျစ်ချူး၏ နားရွက်နားတွင် ခပ်တိုးတိုးလေး ပေါ်ထွက်လာသည်။ သူ့အပေါ်မှ တက်နင်းသွားသော ဝက်ဝံရုပ်လေးကို အခဲမကျေသေးဟန်။
[ အဲ့ကောင်က အသက်မရှိတဲ့ ဝက်ဝံရုပ်တစ်ရုပ်ပဲလေ.. အဆင့်နိမ့်ကျိန်စာသင့် Item ဆိုတော့ လူတိုင်းကို ပိုင်ရှင် လုပ်နိုင်တယ်.. ]
[ ဒါပေမဲ့ ငါက မတူဘူးနော်.. သစ္စာရှိတယ်.. ငါ့ကို အသုံးပြုမယ်ဆိုရင် ဒီနေ့ကစပြီး မင်းက ငါ့ရဲ့တစ်ဦးတည်းသော သခင်ဖြစ်စေရမယ်လို့ ကျိန်ဆိုတယ်.. မင်းကို ဘယ်တော့မှ ထိခိုက်အောင်မလုပ်ဘူး.. ]
တကယ်တော့ သူက ထင်းရှူးသီးလေးကို နားမလည်တာမဟုတ်ပါဘူး။ အဲ့ကောင်က အရမ်းပါးနပ်တယ်။ ရူးတော့မလိုဖြစ်နေတဲ့ သတို့သားကိုမြင်တော့ သူ့ကိုယ်သူ ကာကွယ်ဖို့ ‘ဒယ်ဒီ’ ခေါ်လိုက်တာ။ ဒါက နည်းဗျူဟာသပ်သပ်ပါပဲ..!
ချန်ကျစ်ချူးက ငွေဒင်္ဂါး၏စကားကို မကြားဟန်ပြုကာ တစ်ယောက်တည်း ဆက်တွေးနေသည်။ တကယ်တော့ ဝက်ဝံရုပ်လေးက သူနှင့်ပိုင်ရိကို စုံတွဲဖြစ်အောင် ပြောလိုက်သည့်အတွက် သူ၏စိတ်ထဲ နည်းနည်းလေး ပျော်မြူးသွားသည်။ သို့သော် ပိုင်ရိနှင့်သူ့ကို အခေါ်အဝေါ်လဲပေးလျှင် ပိုကောင်းလိမ့်မည်။
[ …….. ]
ငွေဒင်္ဂါးလေးက ဘာမှထပ်မပြောတော့ချေ။ သတို့သား စိတ်မဆိုးတော့တာကို မြင်တော့ ချန်ကျစ်ချူးလည်း စိတ်သက်သာရာရသွားသည်။ သို့သော် ထိုအခိုက် ‘Winter Branch’ ထံမှ စာဝင်လာသည်။
[ မင်းရဲ့အဆောင်ကို ရောက်တော့မယ်.. ]
[ မင်းရဲ့အခန်းနံပါတ်က ဘယ်လောက်လဲ..? မင်းရဲ့တည်နေရာကို ရှာမတွေ့ဘူး.. စာတစ်စောင်လောက် ထပ်ပို့ပေးပါလား.. ]
‘Winter Branch’ လည်း လာနေပြီ…
ထိုမက်ဆေ့ချ်ကို ဖတ်ပြီးနောက် ချန်ကျစ်ချူးမှာ ရင်တုန်သွားရသည်။ ‘Winter Branch’ နှင့် သတို့သား မျက်နှာချင်းဆိုင်တွေ့လျှင် အကျိုးဆက်ကို မခန့်မှန်းနိုင်သော်လည်း အခြေအနေကောင်းမှာမဟုတ်မှန်း သေချာနေသည်။
သူတို့တိုက်ခိုက်ကြလျှင် နှစ်ယောက်လုံး ဒဏ်ရာရသွားတာက အကောင်းဆုံးရလဒ် ဖြစ်လာပေမည်။ သို့သော် တစ်ယောက်ယောက် အသတ်ခံရလျှင် အရာအားလုံး အဆုံးသတ်သွားလိမ့်မည်။ ယခုလောလောဆယ် သတို့သားကို မနမ်းရသေးသလို ‘Winter Branch’ ကိုလည်း သတို့သား၏ရှေ့တွင် နမ်းမရပေ။ ထို့ကြောင့် သူတို့နှစ်ဦးလုံး သေလို့မဖြစ်ပေ။ သူက ကံဆိုးတတ်သူဖြစ်ရကား….
ချန်ကျစ်ချူးမှာ တုန်ယင်သွားရ၏။ ‘Winter Branch’ကို စာမပြန်ချင်သဖြင့် သတို့သားဘက်လှည့်ကာ ပြောလိုက်သည်။ : “အပြင်ထွက်ပြီး မင်းရဲ့ဦးခေါင်းကို ရှာကြရအောင်..”
“ဟုတ်ပါပြီ.. ကျေးဇူးပါ ကျစ်ချူး..”
သတို့သားက ယဉ်ယဉ်ကျေးကျေး ပြန်ပြောပြီး ဝက်ဝံရုပ်လေးကို ချန်ကျစ်ချူးထံ ကမ်းပေးသည်။ ပြီးနောက် ချန်ကျစ်ချူး၏ လက်ကို ဆွဲကိုင်ကာ စင်္ကြံလမ်းသို့ ဦးဆောင်ခေါ်သွားရင်း တောင်းပန်လိုသည့် လေသံဖြင့် ပြောလာသည်။
“ခုနက လုပ်ရပ်အတွက် တောင်းပန်ပါတယ်.. မင်းကို ထိခိုက်စေချင်လို့ မဟုတ်ပါဘူး.. မင်းမှာ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက် ရှိနေပြီး သူ့အတွက် ကလေးပါမွေးထားပေးတယ်လို့ အတွေးဝင်သွားတော့ ကိုယ်လေ……”
ချန်ကျစ်ချူး : “………….”
ချန်ကျစ်ချူး : “…….. နေပါဦး.. ဘာကိုပြောနေတာလဲ..?”
ချန်ကျစ်ချူး : “ကလေးမွေးတယ်..? ငါက ကလေးမွေးတယ်..?”
သတို့သားက ခြေလှမ်းရပ်သွားသည်။ ထို့နောက် ဝက်ဝံရုပ်အား လက်ညှိုးညွှန်ကာ.. : “… သူက မင်းမွေးထားတာ မဟုတ်ဘူးလား..?”
ရူးနေတာလား..? ယောက်ျားတစ်ယောက်က ဘယ်လိုလုပ် ကလေးမွေးမှာလဲ..? ပြီးတော့ ကလေးမွေးရင် ဘယ်သူက ဝက်ဝံရုပ်ထွက်လာလို့လဲ..?
ချန်ကျစ်ချူးမှာ မိုးကြိုးပစ်ခံလိုက်ရသလို ရှော့ရသွားလေသည်။ သတို့သားလည်း ထိုအမူအရာကိုမြင်တော့ နားလည်မှုလွဲနေမှန်း သဘောပေါက်သွားသည်။ သူက ပခုံးကျုံ့သွားပြီး အသံငယ်လေးဖြင့်..
“လက်စသတ်တော့ မင်းမွေးထားတာ မဟုတ်ဘူးကိုး.. ကလေးက သူ့အဖေနဲ့တူတာလို့ ထင်နေတာ..”
“အဲတာဆို… ကိုယ်တို့နှစ်ယောက်ရဲ့ကလေးလေး မွေးပေးမလား..?”
“ငါ… ကလေး… မမွေးနိုင်ဘူး..!”
ချန်ကျစ်ချူးခမျာ မျက်နှာပျက်သွားပြီး ထအော်မိလုမတတ် ဖြစ်သွားသည်။ သို့သော် သတို့သားကို ရန်စမိမှာစိုး၍ ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ရင်း အံကြိတ်သည်းခံကာ ပြန်ပြောသည်။
“သာမန်ကိစ္စလေးတွေကိုပါ မေ့သွားတာလား.. ယောက်ျားတွေက ကလေးမမွေးနိုင်ဘူးလေ..”
“……….”
သတို့သားက ဘာမှမပြောပေ။ သို့သော် စိတ်ဓာတ်ကျသွားဟန်ဖြင့် သူ၏ပခုံးက မသိမသာ ပြေလျော့သွားသည်။ ထိုအပြုအမူကြောင့် ချန်ကျစ်ချူးမှာ ရူးသွပ်လုမတတ် ဒေါသထွက်လာရ၏။
“ကိုယ်တို့ ကလေးမမွေးနိုင်လည်း ကိစ္စမရှိပါဘူး.. ထင်းရှူးသီးလေး ရှိနေတာပဲလေ..”
သတို့သားက ချန်ကျစ်ချူးကို ပခုံးပုတ်ပေးပြီး အသံငယ်လေးဖြင့် ထိုသို့ပြောလေသည်။ ချန်ကျစ်ချူးမှာ သွေးအန်လုမတတ် ဖြစ်သွားရသည်။ သို့သော် ‘Winter Branch’ လာနေပြီဖြစ်ကြောင်း သတိရလိုက်သဖြင့် သတို့သားကို အောက်ထပ်သို့ ကပျာကယာ ဆွဲခေါ်လာလိုက်သည်။
ချန်ကျစ်ချူးသည် သတို့သမီးဝတ်စုံကြီးဖြင့် အမျိုးသားဆောင်ထဲ ပြေးနေရတော့သည်။ လမ်းတစ်လျှောက်တွင် လူအများကြီးနှင့် ဝင်တိုးမိသည်။ အစကတော့ သူ၏စိတ်ထဲ နေရခက်နေသေးသည်။ ဂါဝန်ကြီးဝတ်ထားရသဖြင့် အရှက်ကွဲမှာစိုးပြီး ကြောက်လန့်နေသည်ထက် ဦးခေါင်းမဲ့သတို့သားကြောင့် လူအများထိတ်လန့်သွားမှာကို ပိုပြီးစိုးရိမ်နေမိသည်။
သို့သော် ထူးဆန်းစွာဖြင့် သူတို့ကို မည်သူမျှမမြင်ချေ။ လေကဲ့သို့ ကျော်သွားကြလေသည်။
အဆောင်ထဲတွင် လူအများ သွားလာလှုပ်ရှားနေပြီး ဆူညံသံများ ကြားနေရသော်လည်း ကမ္ဘာခြားနေသကဲ့သို့ သူနှင့် သတို့သားက ဤကမ္ဘာကြီးမှ ကွဲထွက်နေလေသည်။
“သူတို့တွေ ကိုယ်တို့နှစ်ယောက်ကို မမြင်ရဘူး.. အနှောင့်အယှက်ပေးမှာ စိုးလို့လေ..”
ချန်ကျစ်ချူး၏အတွေးကို သတိပြုမိသွားဟန်ဖြင့် သတို့သားက ရှင်းပြပေးသည်။ သူ၏အသံထဲတွင် အပြုံးရိပ်တစ်စွန်းတစ်စ ပါဝင်နေပြီး.. : “ကိုယ်တို့က သရဲတွေနဲ့ပဲသက်ဆိုင်တဲ့ တခြားကမ္ဘာမှာရှိနေပြီး သက်ရှိကမ္ဘာကြီးနဲ့ တစ်ချိန်တည်း တစ်နေရာတည်းမှာ အတူရှိနေတာလို့ သဘောထားလိုက်..”
“သက်ရှိတွေက ကိုယ်တို့ကို မမြင်နိုင်ဘူး.. သရဲတွေပဲ ကိုယ်တို့ကို မြင်ရလိမ့်မယ်..” သူက ဆက်ပြောသည်။ “ဒါနဲ့ အထူးဧည့်သည်တွေ ဖိတ်ထားသေးတယ်.. သူတို့က မင်္ဂလာပွဲတက်ပြီး ကိုယ်တို့ လက်ထပ်တာကို မြင်ရဖို့ စောင့်နေကြတယ်..”
သရဲတွေပဲ မြင်နိုင်တယ်..?
ထိုစကားကိုကြားသည်နှင့် ချန်ကျစ်ချူး၏ရင်ထဲ ဒိန်းခနဲဖြစ်သွား၏။ ဘာကြောင့်ရယ်မသိ စိတ်လှုပ်ရှားလာပြီး ဘေးပတ်ဝန်းကျင်ကို ဟိုကြည့်သည်ကြည့် လိုက်ကြည့်မိသည်။
သရဲများသာ သူ့ကို မြင်နိုင်သဖြင့် ‘လူသား’ တစ်ယောက်ယောက် သူ့အနားကပ်လာခဲ့သည်ရှိသော် ထို‘လူသား’က ‘Winter Branch’ သာ ဖြစ်ပေလိမ့်မည်။
ချန်ကျစ်ချူးက သွားလာလှုပ်ရှားနေသော ကောင်လေးများကို အကဲခတ်လိုက်သည်။ သို့သော် အားလုံးက သူတို့နှစ်ဦးကို မမြင်သကဲ့သို့ ထူးထူးဆန်းဆန်း တုံ့ပြန်လာခြင်း မရှိပေ။ အဆောင်အပြင်သို့ ရောက်လာသည်အထိ ‘Winter Branch’ ဖြစ်နိုင်ခြေရှိသူကို ရှာမတွေ့ခဲ့ပေ။
‘Winter Branch’ မရောက်သေးတာများလား..?
ချန်ကျစ်ချူးသည် ဖုန်းပေါ် လက်တင်လိုက်ရင်း နေမထိထိုင်မသာ ဖြစ်လာသည်။ သို့သော် အဆောင်အပြင်သို့ ရောက်သည်နှင့် ဖုန်းက မနားတမ်း တုန်ခါလာသည်။ ပြီးနောက် မက်ဆေ့ချ်များ ဆက်တိုက်ဝင်လာခဲ့သည်။
[ မင်းဘေးကကောင်က ဘယ်သူလဲ..? ]
[ အဲ့ကောင် ဘယ်သူလဲ..? ]
[ ဘယ်သူလဲ..? ]
[ မင်းက ဘာလို့ သတို့သမီးဝတ်စုံဝတ်ပြီး သူ့နောက်လိုက်သွားတာလဲ..? မင်းတို့က ဘယ်လိုပတ်သက်နေတာလဲ..? ]
[ မင်း သူနဲ့ လက်ထပ်မလို့လား..? သူ့ကို ကြိုက်တာလား..? ]
[ ငါ့ကို ဒီလိုပုံစံနဲ့တွေ့စေချင်တာလား..? ]
[ မင်း တခြားတစ်ယောက်နဲ့ လက်ထပ်တာကို မြင်စေချင်တာလား..? ]
[ ကျစ်ချူး.. မင်း ကိုယ့်ကို အဲ့လိုလုပ်လို့မရဘူးလေ.. ]
[ အဲ့လိုလုပ်လို့မရဘူး.. ]
[ မလုပ်ရဘူး.. မလုပ်ရဘူး.. မလုပ်ရဘူး.. ]
‘Winter Branch’ ရောက်နေပြီ.. သူ့ကို စောင့်ကြည့်နေတယ်..!
ရူးသွပ်ရှုပ်ထွေးနေသော နံပါတ်များ၊ စာလုံးများကို ကြည့်ပြီး ချန်ကျစ်ချူး၏တစ်ကိုယ်လုံး အေးစက်လာသည်။ ကပျာကယာ ခေါင်းမော့ပြီး ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်သော်လည်း အားလုံးက သူတို့၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် ပျော်မွေ့နေပြီး သူတို့နှစ်ဦးကို မြင်ပုံမရချေ။
သူ ‘Winter Branch’ ကို လုံးဝရှာမတွေ့ခဲ့ပေ။
သွေးမပေသည့် လက်တစ်ဖက်သည် ချန်ကျစ်ချူး၏လက်ကို အုပ်မိုးပြီး ဖုန်းကို လုယူသွားသည်။
သတို့သားက ဖုန်းကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး ကျန်လက်တစ်ဖက်က ချန်ကျစ်ချူး၏ ပါးပြင်ကို အသာပွတ်သပ်၍ မေးရိုးကို ထိန်းကိုင်ကာ ခေါင်းမော့စေသည်။ သူ၏အသံက နူးညံ့တည်ငြိမ်သော်လည်း ကြောက်မက်ဖွယ် အငွေ့အသက်တို့ ထုတ်လွှတ်နေလေသည်။
“ကျစ်ချူး.. ဘယ်သူ စာပို့နေတာလဲ..?”
“ကိုယ်လည်း ကြည့်လို့ရလား..?”
***
ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (Part 67)
ဘာလို့ ဒီလိုအိပ်မက်မျိုးမက်ရတာလဲ…
ကျစ်ချူးက တခြားတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်မှာမဟုတ်……
( အိပ်မက်ကို ပြန်မစဉ်းစားရဲတော့ဘူး… )
…………………………………..
Zawgyi
အခန္း - (၆၇) : တေစၦသတို႔သမီး (၃)
ခ်န္က်စ္ခ်ဴးသည္ ေခါင္းမဲ့သတို႔သားကို အေတာ္ၾကာေအာင္ ေၾကာင္ၾကည့္ေနမိ၏။ သူ၏အမူအရာက သိသာလြန္းေန၍ထင့္၊ သတို႔သားမွာ သူ႔လည္ပင္းျပတ္သူ ျပန္ကိုင္မိရင္း လက္ပင္ ေသြးစြန္းသြားရသည္။ သတို႔သား၏ ညိဳ႕ဓာတ္ျပင္းေသာ ေလသံထဲတြင္ ဝမ္းနည္းစိတ္တို႔ ေရာယွက္ေနၿပီး..
“ေတာင္းပန္ပါတယ္.. ကိုယ္ မင္းကို ေၾကာက္ေအာင္လုပ္မိၿပီလား..? တကယ္မရည္႐ြယ္ပါဘူး..”
“………”
ခ်န္က်စ္ခ်ဴးလည္း သတိျပန္ကပ္သြားၿပီး သူ၏အေရွ႕မွ အမ်ိဳးသားအား စိတ္ရႈပ္ေထြးစြာ ၾကည့္လိုက္သည္။ သူ တကယ္ကို ေၾကာက္ပါသည္။ သို႔ေသာ္ ယခုေလာေလာဆယ္ ‘Winter Branch’ ကို ပိုေၾကာက္သည္။ ပုံမွန္အားျဖင့္ ဘာမွန္းမသိသည့္အရာက ပိုၿပီးေၾကာက္စရာေကာင္းသည္ မဟုတ္ပါလား။
ထို႔အျပင္ သတို႔သားအေပၚ ေၾကာက္စိတ္ထက္ သိခ်င္စိတ္က ပိုမ်ားေနသည္။
သတို႔သားရဲ႕အသံက ဘယ္ကထြက္လာတာလဲ..? နားမလည္ႏိုင္ေတာ့ဘူး…
“မင္း…” ခ်န္က်စ္ခ်ဴးက မ်က္ႏွာလႊားဇာပဝါကို လွန္ၿပီး ထိုအမ်ိဳးသားအား စိုက္ၾကည့္ကာ.. : “ခုနက ေခါင္းေပ်ာက္သြားတယ္လို႔ ေျပာခဲ့တယ္ေနာ္..?”
“အင္း..”
သတို႔သားက ျပန္ေျဖသည္။ မညီမညာ ျဖတ္ေတာက္ခံထားရသည့္ လည္ပင္းေပၚမွ အသားစမ်ားဟာ လႈပ္ယမ္းေနၿပီး ေနာက္ထပ္ စကားတစ္ခြန္း ဆက္ေျပာလာသည္။ : “ေပ်ာက္သြားတာ ၾကာၿပီဆိုေတာ့ ဘယ္နားေရာက္သြားလဲမသိဘူး..”
သူက တစ္ခဏတုံ႔ဆိုင္းေနၿပီးေနာက္ ဆင္ေျခေသးေသးေလး ထပ္ေပးသည္။ : “မင္းေတြ႕တဲ့အတိုင္းပဲ.. ေလာေလာဆယ္ ကိုယ့္မွာ ေခါင္းမရွိဘူးဆိုေတာ့ေလ မွတ္ဉာဏ္က သိပ္ေကာင္းမွာမဟုတ္ဘူး.. ဒါေပမဲ့ မင္းအေပၚထားတဲ့ ခံစားခ်က္ေတြကိုေတာ့ ဘယ္ေတာ့မွမေမ့ဘူး.. ကိုယ္ မင္းကို တကယ္ႀကိဳက္တာပါ က်စ္ခ်ဴး…”
ေတာ္သင့္ၿပီ.. အဲ့ခံစားခ်က္ေတြ မလိုခ်င္ပါဘူးေနာ္…
ခ်န္က်စ္ခ်ဴးက မ်က္ႏွာေသျဖင့္ ခပ္ျမန္ျမန္ စကားျဖတ္ေျပာလိုက္သည္။ : “ေခါင္းဘယ္မွာရွိလဲ မသိဘူးေပါ့..?”
“မသိဘူး..”
သတို႔သားက အနည္းငယ္ ဝမ္းနည္းေနဟန္ျဖင့္.. : “ဒီပုံစံနဲ႔ အဆင္မေျပရင္ တစ္ေယာက္ေယာက္ရဲ႕ ေခါင္းကို သြားျဖဳတ္လိုက္မယ္ေလ.. ဘယ္လိုမ်က္ႏွာမ်ိဳး ႀကိဳက္လဲဟင္..?”
“မလုပ္… မလုပ္ပါနဲ႔..”
ခ်န္က်စ္ခ်ဴးမွာ ေခါင္းက်ိန္းသြားသျဖင့္ ကပ်ာကယာ လက္ယမ္းျပလိုက္သည္။ ထိုသို႔ေသာ ေၾကာက္မက္ဖြယ္စကားမ်ိဳးကို ထမင္းစားေရေသာက္သလို ေျပာေနေသာ သတို႔သားကိုၾကည့္ၿပီး ထိုအမ်ိဳးသားဟာ တကယ့္မေကာင္းဆိုးဝါးဝိညာဥ္မွန္း နားလည္သြားရသည္။
[ ျပႆနာတစ္ခုကို ႀကဳံေနရၿပီ။ ]
[ သင့္ရဲ႕သတို႔သားက ဦးေခါင္းေပ်ာက္ေနတယ္။ ဦးေခါင္းမရွိဘဲနဲ႔ မဂၤလာအခမ္းအနားမွာ ဘယ္လိုလုပ္ နမ္းလို႔ရမွာလဲ..? ]
[ အဲတာေၾကာင့္ မဂၤလာပြဲမစတင္မီ သတို႔သားရဲ႕ ဦးေခါင္းကို ကူရွာေပးရပါမယ္။ ]
[ အသက္ဝင္လာေသာ အပိုေဆာင္းတာဝန္ : Item တစ္ခု ရွာေဖြရန္ ]
[ တာဝန္အခ်က္အလက္ : သတို႔သားရဲ႕ ဦးေခါင္းအစစ္ကို ရွာပါ။ ]
[ တာဝန္အတြက္ ဆုလာဘ္ : ? ]
အပိုေဆာင္းတာဝန္တစ္ခု ေပၚထြက္လာသည္ႏွင့္ ခ်န္က်စ္ခ်ဴးလည္း စိတ္ေပါ့ပါးသြားသည္။ ဤတာဝန္အရ အနည္းဆုံးေတာ့ သတို႔သား၏ဦးေခါင္း ရွိေနေသးတာ ေသခ်ာသြားေခ်ၿပီ။ Instance ထဲမွ သဲလြန္စမ်ားကို ေဖာ္ထုတ္ၿပီး ထိုဦးေခါင္းျပတ္ကို လိုက္ရွာႏိုင္လိမ့္မည္။
သို႔ေသာ္ တစ္ခုတည္းေသာ ျပႆနာကား မေသခင္က အျဖစ္အပ်က္မ်ားကို သတို႔သား မွတ္မိပါဦးမလား သိပ္မေသခ်ာျခင္းပင္။ ဦးေခါင္းေပ်ာက္သည့္ ေနရာကိုပင္ ေမ့ေလ်ာ့ေနသျဖင့္ တျခားကိစၥအားလုံး ေမ့ေလ်ာ့သြားလွ်င္ပင္ မထူးဆန္းပါေခ်။
ခ်န္က်စ္ခ်ဴး၏ရင္ထဲ ပူပန္မႈအျပည့္ျဖင့္။ မည္သို႔ဆိုေစ တာဝန္ၫႊန္ၾကားခ်က္ကို လိုက္နာၿပီး ဦးေခါင္းကို လိုက္ရွာေပးရလိမ့္မည္။ သို႔ႏွင့္ သတို႔သားကို ေျပာလိုက္သည္။
“ငါေတြးမိတာရွိတယ္.. မဂၤလာပြဲမစခင္ မင္းရဲ႕ဦးေခါင္းကို ကူရွာေပးခ်င္တယ္..”
ခ်န္က်စ္ခ်ဴးက တစ္ခဏတုံ႔ဆိုင္းေနၿပီးေနာက္ ဆက္ေျပာသည္။ : “ဘာလို႔လဲဆိုေတာ့ မင္းကို ေကာင္းေကာင္းမသိဘူးလို႔ ခံစားေနရလို႔ေလ.. မင္းရဲ႕နာမည္ကိုလည္း မသိရေသးဘူး.. ၿပီးေတာ့ ငါတို႔အရင္က ေတြ႕ခဲ့ဖူးလား..? ဘာလို႔ ငါ့ကို ႀကိဳက္တာလဲ..?”
“ကိုယ့္ရဲ႕ေခါင္းကို ကူရွာေပးၿပီး ကိုယ့္အေၾကာင္းကို ပိုသိခ်င္တာလား..?”
အက်ႌကို ေသေသသပ္သပ္ျဖစ္ေအာင္ ျပန္ျပင္ေနေသာ သတို႔သား၏လက္က ရပ္တန႔္သြားၿပီး သူ၏ေလသံထဲတြင္ အံ့ဩရိပ္တို႔ ေရာစြက္ေန၏။ ခႏၶာကိုယ္ေပၚမွ ေသြးကြက္မ်ားသည္ တျဖည္းျဖည္း မွိန္ေဖ်ာ့လာၿပီး အေနာက္တိုင္းဝတ္စုံက နဂိုအတိုင္း ပုံက်ေသသပ္သြားသည္။ ေသြးအားလုံး သူ၏ခႏၶာကိုယ္ထဲ ျပန္ေရာက္သြားေလသလား မေျပာတတ္ေအာင္ပင္။
“မင္းသိခ်င္သမွ် ကိုယ္ေျပာျပပါ့မယ္.. ဒါေပမဲ့ တခ်ိဳ႕ကိစၥေတြပဲ မွတ္မိေတာ့တယ္..”
“ကိုယ္မွတ္မိတာသာမွန္ရင္ ကိုယ္တို႔ တစ္ႀကိမ္ေတြ႕ဖူးတယ္.. ဒါေပမဲ့ မင္းက မမွတ္မိဘူးဆိုေတာ့ မင္းက ကိုယ့္ကိုမသိဘဲ ကိုယ္ကပဲ မင္းကိုသိေနတာ ျဖစ္ႏိုင္တယ္..”
“ကိုယ့္ရဲ႕နာမည္နဲ႔ မင္းကို ဘာလို႔ႀကိဳက္တာလဲဆိုတာေတာ့ မမွတ္မိေတာ့ဘူး.. ဒါေပမဲ့ ကိုယ့္ရဲ႕မွတ္ဉာဏ္ထဲမွာ မင္းကို ခ်စ္တဲ့ ခံစားခ်က္ေတြနဲ႔ပဲ ျပည့္ႏွက္ေနတယ္..”
“မိနစ္တိုင္း စကၠန႔္တိုင္း နာက်င္ရတယ္.. ဒီအတိုင္း မေသသြားခ်င္ဘူး.. မင္းနဲ႔ ထပ္ေတြ႕ခ်င္တယ္.. မင္းကို ကိုယ့္ရဲ႕အနားမွာ ရွိေနေစခ်င္တယ္.. ကိုယ္ရဲ႕သတို႔သမီးေလး ျဖစ္လာေစခ်င္တယ္..”
“ေနာက္ေတာ့ မင္းက ဒီလက္စြပ္ကိုဝတ္ၿပီး ကိုယ္ႏိုးထလာေအာင္လို႔ မဂၤလာဝတ္စုံကိုေတာင္ ဝတ္ဆင္ေပးခဲ့တယ္.. အဲတာကို ခံစားမိတာနဲ႔ မင္းကို လိုက္ရွာဖို႔ အုတ္ဂူထဲကေန ခ်က္ခ်င္း တက္လာ….”
“ေနဦး.. အုတ္ဂူ..?” ခ်န္က်စ္ခ်ဴးက ထိုသဲလြန္စကို ခ်က္ခ်င္း ဖမ္းဆုပ္လိုက္သည္။
“မင္းရဲ႕အုတ္ဂူေနရာကို မွတ္မိေသးလား..? ေခါင္းက အုတ္ဂူထဲမွာ က်န္ခဲ့တာျဖစ္ႏိုင္တယ္..”
သတို႔သား : “………..”
သတို႔သား : “အုတ္ဂူေနရာကိုလည္း မမွတ္မိေတာ့ဘူး..”
သူ၏ပခုံးႏွစ္ဖက္က တသိမ့္သိမ့္ တုန္ယင္လာၿပီး ခႏၶာကိုယ္ကို တစ္ဖက္လွည့္သြားသည္။ ခ်န္က်စ္ခ်ဴးႏွင့္ မ်က္ႏွာခ်င္းဆိုင္ရန္ ရွက္႐ြံ႕ေနပုံပင္။ : “ေတာင္းပန္ပါတယ္…”
ခ်န္က်စ္ခ်ဴး : “………”
လက္ရွိအေျခအေနေၾကာင့္သာ မဟုတ္လွ်င္ ဦးေႏွာက္မရွိသည့္ ထိုအမ်ိဳးသားကို ေအာ္ဆဲပစ္လိုက္ခ်င္သည္။ သို႔ေသာ္…
ေအာ္ဆဲလို႔မရဘူးေလ။ အဲ့လူက တကယ္ႀကီး ဦးေႏွာက္မွမရွိတာ…
ထိုအခိုက္ ဝက္ဝံ႐ုပ္ေလးသည္ ခ်န္က်စ္ခ်ဴး၏ System သိုေလွာင္အိတ္ထဲမွ ထြက္လာၿပီး ၾကမ္းျပင္ေပၚသို႔ ခုန္ဆင္းသြားသည္။ ၿပီးေနာက္ ခ်န္က်စ္ခ်ဴး၏ ဂါဝန္ေပၚ ကုတ္တက္ကာ ရင္ခြင္ထဲတြင္ ေနရာယူလိုက္သည္။
“ထင္းရႉးသီးေလး..?” ခ်န္က်စ္ခ်ဴးက ဝက္ဝံ႐ုပ္ေလးကို ျမင္ေသာအခါ အံ့ဩသြားဟန္ျဖင့္.. : “ဘယ္လိုလုပ္ မင္းဘာသာ ထြက္လာတာလဲ..?”
“မာမီ.. ကြၽန္ေတာ္ ကူညီေပးႏိုင္တယ္..”
ဝက္ဝံ႐ုပ္ေလးက ကေလးသံျဖင့္ ျပန္ေျဖသည္။ ဝိုင္းဝိုင္းစက္စက္ ပုတီးေစ့မ်က္လုံးေလးမ်ားက ဦးေခါင္းမဲ့လူကို ျမင္ေသာအခါ အတန္ငယ္ ေၾကာက္႐ြံ႕သြားပုံေပၚ၏။ သို႔ေသာ္ အေၾကာက္တရားကို အံတုၿပီး အသံငယ္ေလးျဖင့္ ေျပာလာသည္။
“သူ႔ရဲ႕အနံ႔ကို ေျခရာခံၿပီး အုတ္ဂူကို ျပန္ရွာလို႔ရတယ္..”
“ေက်းဇူးတင္ပါတယ္ ထင္းရႉးသီးေလး..” ခ်န္က်စ္ခ်ဴး၏ မ်က္ဝန္းမ်ား လင္းလက္သြားသည္။ : “သူ႔ရဲ႕ဦးေခါင္းကို ကူရွာေပးႏိုင္ရင္ အကူအညီအႀကီးႀကီးျဖစ္မွာ..”
“ဘာလို႔ သူက မင္းကို ‘မာမီ’လို႔ေခၚေနတာလဲ..?”
သို႔ေသာ္ သတို႔သား၏အသံက ခ်န္က်စ္ခ်ဴးလိုမဟုတ္ဘဲ အလြန္တရာ ေအးစက္ၿပီး အႏၲရာယ္အေငြ႕အသက္တို႔ ထုတ္လႊင့္ေနေလသည္။ မုန္တိုင္းတစ္ခ်က္ ျဖတ္တိုက္သြားသလိုမ်ိဳး ေအးစက္စက္ လက္တစ္ဖက္က ခ်န္က်စ္ခ်ဴး၏ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္သည္။ အားျပင္းလြန္းသျဖင့္ ခ်န္က်စ္ခ်ဴးမွာ လက္က်ိဳးေတာ့မလိုပင္ ခံစားလိုက္ရသည္။
“က်စ္ခ်ဴး.. ကိုယ့္ရဲ႕ေနာက္ကြယ္မွာ တျခားေယာက္်ားတစ္ေယာက္ကို ရွာခဲ့တာလား..?”
ခ်န္က်စ္ခ်ဴး၏မ်က္ႏွာက ႐ုတ္ခ်ည္းဆိုသလို ျဖဴေရာ္သြား၏။ Instance မိတ္ဆက္မွ ‘သတို႔သားေရွ႕တြင္ ‘Winter Branch’ အား မနမ္းရန္၊ နမ္းခဲ့လွ်င္ သတို႔သား ႐ူးသြားႏိုင္ေၾကာင္း’ သတိေပးခ်က္ကို ျပန္သတိရသြားသည္။ ထိုအခ်က္တစ္ခ်က္တည္းျဖင့္ သတို႔သားသည္ မည္မွ်ပိုင္ဆိုင္လိုစိတ္ႀကီးေၾကာင္း ေဖာ္ျပေနေလသည္။
ဝက္ဝံ႐ုပ္ေလး အမွတ္မထင္ေျပာလိုက္သည့္ စကားတစ္ခြန္းက သတို႔သားကို ရန္စမိသြားမည္ဟု လုံးဝမေမွ်ာ္လင့္ထားေပ။ သူ တျခားတစ္ေယာက္ကို ခ်စ္ေနေၾကာင္း သတို႔သားသိသြားလွ်င္ သူ႔ကို အပိုင္းပိုင္းဆုတ္ၿဖဲပစ္မွာ ေသခ်ာေနေခ်ၿပီ။
“မ.. မဟုတ္ပါဘူး..” ခ်န္က်စ္ခ်ဴးက ကပ်ာကယာ ေခါင္းယမ္းရင္း အထစ္ထစ္အေငါ့ေငါ့ျဖင့္.. : “အဲတာကေလ…”
“အဲတာက…?”
သတို႔သား၏ေလသံက အလြန္တရာ ေအးစက္ေနသည္။ ဦးေခါင္းမရွိသျဖင့္ ေဒါသထြက္ေနသည့္ မ်က္ႏွာကို မျမင္ရေသာ္လည္း ဝက္ဝံ႐ုပ္ေလးခမ်ာ စူးစူးရဲရဲ စိုက္ၾကည့္ခံေနရသလို ခံစားေနရသျဖင့္ တစ္ကိုယ္လုံး တုန္ယင္သြားၿပီး ဝမ္းနည္းပက္လက္ ထငိုေတာ့သည္။
“ဒယ္ဒီ.. ကြၽန္ေတာ္နဲ႔ မာမီကို စိတ္မဆိုးပါနဲ႔..”
“……….”
သတို႔သားလည္း ေၾကာင္အမ္းသြားၿပီး ခ်န္က်စ္ခ်ဴးကို ကိုင္ထားသည့္လက္က သိသိသာသာ ေျပေလ်ာ့သြားသည္။
“ဒယ္ဒီ~~”
ဝက္ဝံ႐ုပ္ေလးက သတို႔သား၏ခႏၶာကိုယ္ေပၚ သတၱိရွိရွိ တြယ္တက္သြားၿပီး အက်ႌလက္ကိုဆြဲကာ အလိုလိုက္ခံထားရေသာ ေလသံမ်ိဳးျဖင့္.. : “ကြၽန္ေတာ္နဲ႔ မာမီက ဒယ္ဒီ့ကို အရမ္းသေဘာက်တာ.. အဲတာေၾကာင့္ စိတ္မဆိုးပါနဲ႔ေနာ္..”
ခ်န္က်စ္ခ်ဴး : “……….”
“ဒီကေလးက လိမၼာသားပဲ..”
သတို႔သားက ဝက္ဝံ႐ုပ္ေလးကို ေခါင္းပြတ္ေပးသည္။ ေအးစက္စက္ အေငြ႕အသက္တို႔ လုံးဝလြင့္ျပယ္သြားၿပီး ႐ႊင္ျမဴးစြာ ေျပာသည္။ : “လိမၼာလိုက္တဲ့ကေလး.. မင္းရဲ႕အရင္အေဖက ဘယ္သူပဲျဖစ္ျဖစ္.. ဒီေန႔ကစၿပီး ငါ မင္းရဲ႕အေဖ ျဖစ္ေပးမယ္.. မင္းနဲ႔က်စ္ခ်ဴးကို ေကာင္းေကာင္း ဂ႐ုစိုက္ေပးပါ့မယ္..”
ခ်န္က်စ္ခ်ဴး : “……….”
ထိုအခိုက္ ခ်န္က်စ္ခ်ဴးခမ်ာ ေၾကာက္ရမည္ကိုပင္ ေမ့သြား၏။ မ်က္လုံးအၾကည့္က အသာေ႐ြ႕လ်ားသြားၿပီး သတို႔သား၏ရင္ခြင္ထဲ လူးလိမ့္ေနေသာ ဝက္ဝံ႐ုပ္ေလးကို မယုံၾကည္ႏိုင္စြာ ေငးၾကည့္ေနမိသည္။
ဘာလို႔ ေတြ႕သမွ်လူတိုင္းကို အေဖေခၚေနတာလဲ..?
[ သူ႔ရဲ႕ မ်က္ႏွာလိုမ်က္ႏွာရပုံစံကို ေတြ႕လား..? ]
ေငြဒဂၤါးေလး၏အသံက ခ်န္က်စ္ခ်ဴး၏ နား႐ြက္နားတြင္ ခပ္တိုးတိုးေလး ေပၚထြက္လာသည္။ သူ႔အေပၚမွ တက္နင္းသြားေသာ ဝက္ဝံ႐ုပ္ေလးကို အခဲမေက်ေသးဟန္။
[ အဲ့ေကာင္က အသက္မရွိတဲ့ ဝက္ဝံ႐ုပ္တစ္႐ုပ္ပဲေလ.. အဆင့္နိမ့္က်ိန္စာသင့္ Item ဆိုေတာ့ လူတိုင္းကို ပိုင္ရွင္ လုပ္ႏိုင္တယ္.. ]
[ ဒါေပမဲ့ ငါက မတူဘူးေနာ္.. သစၥာရွိတယ္.. ငါ့ကို အသုံးျပဳမယ္ဆိုရင္ ဒီေန႔ကစၿပီး မင္းက ငါ့ရဲ႕တစ္ဦးတည္းေသာ သခင္ျဖစ္ေစရမယ္လို႔ က်ိန္ဆိုတယ္.. မင္းကို ဘယ္ေတာ့မွ ထိခိုက္ေအာင္မလုပ္ဘူး.. ]
တကယ္ေတာ့ သူက ထင္းရႉးသီးေလးကို နားမလည္တာမဟုတ္ပါဘူး။ အဲ့ေကာင္က အရမ္းပါးနပ္တယ္။ ႐ူးေတာ့မလိုျဖစ္ေနတဲ့ သတို႔သားကိုျမင္ေတာ့ သူ႔ကိုယ္သူ ကာကြယ္ဖို႔ ‘ဒယ္ဒီ’ ေခၚလိုက္တာ။ ဒါက နည္းဗ်ဴဟာသပ္သပ္ပါပဲ..!
ခ်န္က်စ္ခ်ဴးက ေငြဒဂၤါး၏စကားကို မၾကားဟန္ျပဳကာ တစ္ေယာက္တည္း ဆက္ေတြးေနသည္။ တကယ္ေတာ့ ဝက္ဝံ႐ုပ္ေလးက သူႏွင့္ပိုင္ရိကို စုံတြဲျဖစ္ေအာင္ ေျပာလိုက္သည့္အတြက္ သူ၏စိတ္ထဲ နည္းနည္းေလး ေပ်ာ္ျမဴးသြားသည္။ သို႔ေသာ္ ပိုင္ရိႏွင့္သူ႔ကို အေခၚအေဝၚလဲေပးလွ်င္ ပိုေကာင္းလိမ့္မည္။
[ …….. ]
ေငြဒဂၤါးေလးက ဘာမွထပ္မေျပာေတာ့ေခ်။ သတို႔သား စိတ္မဆိုးေတာ့တာကို ျမင္ေတာ့ ခ်န္က်စ္ခ်ဴးလည္း စိတ္သက္သာရာရသြားသည္။ သို႔ေသာ္ ထိုအခိုက္ ‘Winter Branch’ ထံမွ စာဝင္လာသည္။
[ မင္းရဲ႕အေဆာင္ကို ေရာက္ေတာ့မယ္.. ]
[ မင္းရဲ႕အခန္းနံပါတ္က ဘယ္ေလာက္လဲ..? မင္းရဲ႕တည္ေနရာကို ရွာမေတြ႕ဘူး.. စာတစ္ေစာင္ေလာက္ ထပ္ပို႔ေပးပါလား.. ]
‘Winter Branch’ လည္း လာေနၿပီ…
ထိုမက္ေဆ့ခ်္ကို ဖတ္ၿပီးေနာက္ ခ်န္က်စ္ခ်ဴးမွာ ရင္တုန္သြားရသည္။ ‘Winter Branch’ ႏွင့္ သတို႔သား မ်က္ႏွာခ်င္းဆိုင္ေတြ႕လွ်င္ အက်ိဳးဆက္ကို မခန႔္မွန္းႏိုင္ေသာ္လည္း အေျခအေနေကာင္းမွာမဟုတ္မွန္း ေသခ်ာေနသည္။
သူတို႔တိုက္ခိုက္ၾကလွ်င္ ႏွစ္ေယာက္လုံး ဒဏ္ရာရသြားတာက အေကာင္းဆုံးရလဒ္ ျဖစ္လာေပမည္။ သို႔ေသာ္ တစ္ေယာက္ေယာက္ အသတ္ခံရလွ်င္ အရာအားလုံး အဆုံးသတ္သြားလိမ့္မည္။ ယခုေလာေလာဆယ္ သတို႔သားကို မနမ္းရေသးသလို ‘Winter Branch’ ကိုလည္း သတို႔သား၏ေရွ႕တြင္ နမ္းမရေပ။ ထို႔ေၾကာင့္ သူတို႔ႏွစ္ဦးလုံး ေသလို႔မျဖစ္ေပ။ သူက ကံဆိုးတတ္သူျဖစ္ရကား….
ခ်န္က်စ္ခ်ဴးမွာ တုန္ယင္သြားရ၏။ ‘Winter Branch’ကို စာမျပန္ခ်င္သျဖင့္ သတို႔သားဘက္လွည့္ကာ ေျပာလိုက္သည္။ : “အျပင္ထြက္ၿပီး မင္းရဲ႕ဦးေခါင္းကို ရွာၾကရေအာင္..”
“ဟုတ္ပါၿပီ.. ေက်းဇူးပါ က်စ္ခ်ဴး..”
သတို႔သားက ယဥ္ယဥ္ေက်းေက်း ျပန္ေျပာၿပီး ဝက္ဝံ႐ုပ္ေလးကို ခ်န္က်စ္ခ်ဴးထံ ကမ္းေပးသည္။ ၿပီးေနာက္ ခ်န္က်စ္ခ်ဴး၏ လက္ကို ဆြဲကိုင္ကာ စႀကႍလမ္းသို႔ ဦးေဆာင္ေခၚသြားရင္း ေတာင္းပန္လိုသည့္ ေလသံျဖင့္ ေျပာလာသည္။
“ခုနက လုပ္ရပ္အတြက္ ေတာင္းပန္ပါတယ္.. မင္းကို ထိခိုက္ေစခ်င္လို႔ မဟုတ္ပါဘူး.. မင္းမွာ ကိုယ္မဟုတ္တဲ့ တျခားလူတစ္ေယာက္ ရွိေနၿပီး သူ႔အတြက္ ကေလးပါေမြးထားေပးတယ္လို႔ အေတြးဝင္သြားေတာ့ ကိုယ္ေလ……”
ခ်န္က်စ္ခ်ဴး : “………….”
ခ်န္က်စ္ခ်ဴး : “…….. ေနပါဦး.. ဘာကိုေျပာေနတာလဲ..?”
ခ်န္က်စ္ခ်ဴး : “ကေလးေမြးတယ္..? ငါက ကေလးေမြးတယ္..?”
သတို႔သားက ေျခလွမ္းရပ္သြားသည္။ ထို႔ေနာက္ ဝက္ဝံ႐ုပ္အား လက္ညႇိဳးၫႊန္ကာ.. : “… သူက မင္းေမြးထားတာ မဟုတ္ဘူးလား..?”
႐ူးေနတာလား..? ေယာက္်ားတစ္ေယာက္က ဘယ္လိုလုပ္ ကေလးေမြးမွာလဲ..? ၿပီးေတာ့ ကေလးေမြးရင္ ဘယ္သူက ဝက္ဝံ႐ုပ္ထြက္လာလို႔လဲ..?
ခ်န္က်စ္ခ်ဴးမွာ မိုးႀကိဳးပစ္ခံလိုက္ရသလို ေရွာ့ရသြားေလသည္။ သတို႔သားလည္း ထိုအမူအရာကိုျမင္ေတာ့ နားလည္မႈလြဲေနမွန္း သေဘာေပါက္သြားသည္။ သူက ပခုံးက်ဳံ႕သြားၿပီး အသံငယ္ေလးျဖင့္..
“လက္စသတ္ေတာ့ မင္းေမြးထားတာ မဟုတ္ဘူးကိုး.. ကေလးက သူ႔အေဖနဲ႔တူတာလို႔ ထင္ေနတာ..”
“အဲတာဆို… ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ကေလးေလး ေမြးေပးမလား..?”
“ငါ… ကေလး… မေမြးႏိုင္ဘူး..!”
ခ်န္က်စ္ခ်ဴးခမ်ာ မ်က္ႏွာပ်က္သြားၿပီး ထေအာ္မိလုမတတ္ ျဖစ္သြားသည္။ သို႔ေသာ္ သတို႔သားကို ရန္စမိမွာစိုး၍ ကိုယ့္ကိုယ္ကို ျပန္ထိန္းလိုက္ရင္း အံႀကိတ္သည္းခံကာ ျပန္ေျပာသည္။
“သာမန္ကိစၥေလးေတြကိုပါ ေမ့သြားတာလား.. ေယာက္်ားေတြက ကေလးမေမြးႏိုင္ဘူးေလ..”
“……….”
သတို႔သားက ဘာမွမေျပာေပ။ သို႔ေသာ္ စိတ္ဓာတ္က်သြားဟန္ျဖင့္ သူ၏ပခုံးက မသိမသာ ေျပေလ်ာ့သြားသည္။ ထိုအျပဳအမူေၾကာင့္ ခ်န္က်စ္ခ်ဴးမွာ ႐ူးသြပ္လုမတတ္ ေဒါသထြက္လာရ၏။
“ကိုယ္တို႔ ကေလးမေမြးႏိုင္လည္း ကိစၥမရွိပါဘူး.. ထင္းရႉးသီးေလး ရွိေနတာပဲေလ..”
သတို႔သားက ခ်န္က်စ္ခ်ဴးကို ပခုံးပုတ္ေပးၿပီး အသံငယ္ေလးျဖင့္ ထိုသို႔ေျပာေလသည္။ ခ်န္က်စ္ခ်ဴးမွာ ေသြးအန္လုမတတ္ ျဖစ္သြားရသည္။ သို႔ေသာ္ ‘Winter Branch’ လာေနၿပီျဖစ္ေၾကာင္း သတိရလိုက္သျဖင့္ သတို႔သားကို ေအာက္ထပ္သို႔ ကပ်ာကယာ ဆြဲေခၚလာလိုက္သည္။
ခ်န္က်စ္ခ်ဴးသည္ သတို႔သမီးဝတ္စုံႀကီးျဖင့္ အမ်ိဳးသားေဆာင္ထဲ ေျပးေနရေတာ့သည္။ လမ္းတစ္ေလွ်ာက္တြင္ လူအမ်ားႀကီးႏွင့္ ဝင္တိုးမိသည္။ အစကေတာ့ သူ၏စိတ္ထဲ ေနရခက္ေနေသးသည္။ ဂါဝန္ႀကီးဝတ္ထားရသျဖင့္ အရွက္ကြဲမွာစိုးၿပီး ေၾကာက္လန႔္ေနသည္ထက္ ဦးေခါင္းမဲ့သတို႔သားေၾကာင့္ လူအမ်ားထိတ္လန႔္သြားမွာကို ပိုၿပီးစိုးရိမ္ေနမိသည္။
သို႔ေသာ္ ထူးဆန္းစြာျဖင့္ သူတို႔ကို မည္သူမွ်မျမင္ေခ်။ ေလကဲ့သို႔ ေက်ာ္သြားၾကေလသည္။
အေဆာင္ထဲတြင္ လူအမ်ား သြားလာလႈပ္ရွားေနၿပီး ဆူညံသံမ်ား ၾကားေနရေသာ္လည္း ကမာၻျခားေနသကဲ့သို႔ သူႏွင့္ သတို႔သားက ဤကမာၻႀကီးမွ ကြဲထြက္ေနေလသည္။
“သူတို႔ေတြ ကိုယ္တို႔ႏွစ္ေယာက္ကို မျမင္ရဘူး.. အေႏွာင့္အယွက္ေပးမွာ စိုးလို႔ေလ..”
ခ်န္က်စ္ခ်ဴး၏အေတြးကို သတိျပဳမိသြားဟန္ျဖင့္ သတို႔သားက ရွင္းျပေပးသည္။ သူ၏အသံထဲတြင္ အၿပဳံးရိပ္တစ္စြန္းတစ္စ ပါဝင္ေနၿပီး.. : “ကိုယ္တို႔က သရဲေတြနဲ႔ပဲသက္ဆိုင္တဲ့ တျခားကမာၻမွာရွိေနၿပီး သက္ရွိကမာၻႀကီးနဲ႔ တစ္ခ်ိန္တည္း တစ္ေနရာတည္းမွာ အတူရွိေနတာလို႔ သေဘာထားလိုက္..”
“သက္ရွိေတြက ကိုယ္တို႔ကို မျမင္ႏိုင္ဘူး.. သရဲေတြပဲ ကိုယ္တို႔ကို ျမင္ရလိမ့္မယ္..” သူက ဆက္ေျပာသည္။ “ဒါနဲ႔ အထူးဧည့္သည္ေတြ ဖိတ္ထားေသးတယ္.. သူတို႔က မဂၤလာပြဲတက္ၿပီး ကိုယ္တို႔ လက္ထပ္တာကို ျမင္ရဖို႔ ေစာင့္ေနၾကတယ္..”
သရဲေတြပဲ ျမင္ႏိုင္တယ္..?
ထိုစကားကိုၾကားသည္ႏွင့္ ခ်န္က်စ္ခ်ဴး၏ရင္ထဲ ဒိန္းခနဲျဖစ္သြား၏။ ဘာေၾကာင့္ရယ္မသိ စိတ္လႈပ္ရွားလာၿပီး ေဘးပတ္ဝန္းက်င္ကို ဟိုၾကည့္သည္ၾကည့္ လိုက္ၾကည့္မိသည္။
သရဲမ်ားသာ သူ႔ကို ျမင္ႏိုင္သျဖင့္ ‘လူသား’ တစ္ေယာက္ေယာက္ သူ႔အနားကပ္လာခဲ့သည္ရွိေသာ္ ထို‘လူသား’က ‘Winter Branch’ သာ ျဖစ္ေပလိမ့္မည္။
ခ်န္က်စ္ခ်ဴးက သြားလာလႈပ္ရွားေနေသာ ေကာင္ေလးမ်ားကို အကဲခတ္လိုက္သည္။ သို႔ေသာ္ အားလုံးက သူတို႔ႏွစ္ဦးကို မျမင္သကဲ့သို႔ ထူးထူးဆန္းဆန္း တုံ႔ျပန္လာျခင္း မရွိေပ။ အေဆာင္အျပင္သို႔ ေရာက္လာသည္အထိ ‘Winter Branch’ ျဖစ္ႏိုင္ေျခရွိသူကို ရွာမေတြ႕ခဲ့ေပ။
‘Winter Branch’ မေရာက္ေသးတာမ်ားလား..?
ခ်န္က်စ္ခ်ဴးသည္ ဖုန္းေပၚ လက္တင္လိုက္ရင္း ေနမထိထိုင္မသာ ျဖစ္လာသည္။ သို႔ေသာ္ အေဆာင္အျပင္သို႔ ေရာက္သည္ႏွင့္ ဖုန္းက မနားတမ္း တုန္ခါလာသည္။ ၿပီးေနာက္ မက္ေဆ့ခ်္မ်ား ဆက္တိုက္ဝင္လာခဲ့သည္။
[ မင္းေဘးကေကာင္က ဘယ္သူလဲ..? ]
[ အဲ့ေကာင္ ဘယ္သူလဲ..? ]
[ ဘယ္သူလဲ..? ]
[ မင္းက ဘာလို႔ သတို႔သမီးဝတ္စုံဝတ္ၿပီး သူ႔ေနာက္လိုက္သြားတာလဲ..? မင္းတို႔က ဘယ္လိုပတ္သက္ေနတာလဲ..? ]
[ မင္း သူနဲ႔ လက္ထပ္မလို႔လား..? သူ႔ကို ႀကိဳက္တာလား..? ]
[ ငါ့ကို ဒီလိုပုံစံနဲ႔ေတြ႕ေစခ်င္တာလား..? ]
[ မင္း တျခားတစ္ေယာက္နဲ႔ လက္ထပ္တာကို ျမင္ေစခ်င္တာလား..? ]
[ က်စ္ခ်ဴး.. မင္း ကိုယ့္ကို အဲ့လိုလုပ္လို႔မရဘူးေလ.. ]
[ အဲ့လိုလုပ္လို႔မရဘူး.. ]
[ မလုပ္ရဘူး.. မလုပ္ရဘူး.. မလုပ္ရဘူး.. ]
‘Winter Branch’ ေရာက္ေနၿပီ.. သူ႔ကို ေစာင့္ၾကည့္ေနတယ္..!
႐ူးသြပ္ရႈပ္ေထြးေနေသာ နံပါတ္မ်ား၊ စာလုံးမ်ားကို ၾကည့္ၿပီး ခ်န္က်စ္ခ်ဴး၏တစ္ကိုယ္လုံး ေအးစက္လာသည္။ ကပ်ာကယာ ေခါင္းေမာ့ၿပီး ေဘးပတ္ဝန္းက်င္ကို လိုက္ၾကည့္ေသာ္လည္း အားလုံးက သူတို႔၏ ကိုယ္ပိုင္ကမာၻထဲတြင္ ေပ်ာ္ေမြ႕ေနၿပီး သူတို႔ႏွစ္ဦးကို ျမင္ပုံမရေခ်။
သူ ‘Winter Branch’ ကို လုံးဝရွာမေတြ႕ခဲ့ေပ။
ေသြးမေပသည့္ လက္တစ္ဖက္သည္ ခ်န္က်စ္ခ်ဴး၏လက္ကို အုပ္မိုးၿပီး ဖုန္းကို လုယူသြားသည္။
သတို႔သားက ဖုန္းကို လက္တစ္ဖက္ျဖင့္ကိုင္ၿပီး က်န္လက္တစ္ဖက္က ခ်န္က်စ္ခ်ဴး၏ ပါးျပင္ကို အသာပြတ္သပ္၍ ေမး႐ိုးကို ထိန္းကိုင္ကာ ေခါင္းေမာ့ေစသည္။ သူ၏အသံက ႏူးညံ့တည္ၿငိမ္ေသာ္လည္း ေၾကာက္မက္ဖြယ္ အေငြ႕အသက္တို႔ ထုတ္လႊတ္ေနေလသည္။
“က်စ္ခ်ဴး.. ဘယ္သူ စာပို႔ေနတာလဲ..?”
“ကိုယ္လည္း ၾကည့္လို႔ရလား..?”
***
ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (Part 67)
ဘာလို႔ ဒီလိုအိပ္မက္မ်ိဳးမက္ရတာလဲ…
က်စ္ခ်ဴးက တျခားတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ၿပီး လက္ထပ္မွာမဟုတ္……
( အိပ္မက္ကို ျပန္မစဥ္းစားရဲေတာ့ဘူး… )
…………………………………..