အိမ်ပြန်ရောက်လာသည့်အချိန်တွင်တော့ ၁၁နာရီထိုးလုပြီဖြစ်သည်။
ဝိန်းရိဖန်မှာ မနက်ဖြန် အလုပ်သွားရဦးမည်ဖြစ်သည့်အတွက် စန်းရန်က ဧည့်ခန်းထဲ၌အချိန်ဆွဲပြီးမနေခိုင်းဘဲ စောစောသွားအိပ်ရန် ပြောဆိုနေပါတော့သည်။ ဝိန်းရိဖန်သည်လည်း သူ့အား စောစောအိပ်ရန် တဖန်ပြန်ပြောပြီးနောက်တွင် အိပ်ခန်းထဲသို့ကိုယ်စီဝင်လာကြတော့၏။
အိပ်ရာမဝင်မီ ကိုယ်လက်ဆေးကြောသန့်စင်လိုက်၏။
ဝိန်းရိဖန်က အိပ်ရာထဲဝင်ပြီးသည်နှင့် ခေါင်းအုံးကိုဖက်ထားလိုက်ကာ အချိန်ကိုက်ဆိုသလို အိပ်ရာခေါင်းရင်း၌တင်ထားသည့်ဖုန်းမှာ အသံတစ်ချက်တုန်ခါသွားခဲ့သည်။
ဖုန်းလှမ်းယူပြီး မျက်နှာပြင်ကိုဖွင့်ကြည့်လိုက်သည်။
စန်းရန်ထံမှ မက်ဆေ့။
စန်းရန် ; [ (/ဓါတ်ပုံ) ]
စန်းရန် ; [ ကြည့်ပြီးရင်အိပ်တော့ ]
သူ ပို့လာသည့်ဓါတ်ပုံမှာ နှစ်ယောက်သား ချားရဟတ်ပေါ်၌ရိုက်ထားသည့်ပုံဖြစ်သည်။
ဓါတ်ပုံထဲရှိ သူမဟာ နှုတ်ခမ်းစွန်းလေးများကွေးရုံသက်သက် ရေးရေးလေးပြုံးထားသည်။ ဘေးနားမှ စန်းရန်သည် ပေါ့ပေါ့ပါးပါးအမူအရာမျိုးဖြင့် ပြုံးရုံတမယ် နှုတ်ခမ်းကွေးထားပါသည့်တိုင် အရမ်းမိုက်နေသည့်ပုံစံမျိုးပေါ်နေဆဲပါပင်။ သူတို့နှစ်ဦး၏ စိတ်နေသဘောထားအရ ဖြစ်တည်လာသည့်အမူအကျင့်တို့မှာ လုံးဝ ထပ်တူမကျ မလိုက်ဖက်ပါသည့်တိုင် ပုံမှန်မျိုးမဟုတ်စွာဖြင့် စည်းချက်ဝါးချက်ညီညီ ပလဲပနှံသင့်နေသည်။
ဝိန်းရိဖန်က ဓါတ်ပုံက အချိန်ကြာကြာစိုက်ကြည့်နေပြီးနောက်တွင်တော့ သိမ်းယူလိုက်ပြီး Lock Screen ပေါ်၌ Wallpaper အဖြစ်တင်ထားလိုက်သည်။ သူမ၏ဖုန်းကိုချ ၊ ပက်လက်အိပ်လိုက်ကာ မည်းမှောင်နေသည့်လေထုကြီးကိုကြည့်ရင်း နှုတ်ခမ်းပါးအား ရုတ်တရက် ထိတွေ့ကြည့်လိုက်၏။
ချားရဟတ်ပေါ်မှ အနမ်းဟာ နောက်တစ်ကြိမ် ပြန်ပြီးမြင်ယောင်လာမိတော့သည်။
ငြင်ငြင်သာသာ အထိအတွေ့လေးတစ်ခုဖြစ်ပါသည့်တိုင် စန်းရန်၏အသက်ရှူငွေ့များအား ယခုအချိန်ထိ ခံစားမိနေဆဲပင်။
ဝိန်းရိဖန်၏မျက်နှာတစ်လျှောက် တဖန်ပူနွေးလာရပြန်ကာ အေးစိမ့်နေသည့်ရာသီဥတုကြီးထဲ ဤအခန်းထဲနေရသည်မှာ အနည်းငယ်ပူအိုက်လာသယောင်ယောင်။ အတွေးများထဲတွင် စန်းရန်တစ်ယောက်တည်းဖြင့်ပြည့်နေတော့ကာ ကိုယ့်ကိုယ်ကိုယ်လှောင်ရယ်မိရင်း စိတ်ထဲ၌လည်း ဤသို့ဤနှယ်တွေးလိုက်မိသေး၏။
တစ်နေ့မှာ သည်လိုလူတစ်ယောက်ကတော့ မင်းဘဝထဲမှာ ပေါ်လာပါလိမ့်မယ်....
အဲ့သည်လူက မင်းကို ဘယ်လိုခံစားမိစေမှာလဲဆိုတော့......
လက်စသတ်တော့ အသက်ပြည့်ပြီးအရွယ်တစ်ခုရောက်ပြီးရင့်ကျက်နေတဲ့လူတစ်ယောက်ကလည်း ပုံပြင်ယုံတမ်းစကားတွေကို ယုံကြည်သွားနိုင်သေးတယ်လို့ပေါ့.....
------
ဤအချိန်ကာလများအတွင်း ဌာနရှိအလုပ်များမှာ ထပ်၍များပြားလာပါသေးသည်။
နှစ်ပတ်တိတိအလုပ်ဆင်းပြီးနောက်တွင်မှ ဝိန်းရိဖန်တစ်ယောက် အားလပ်ရက်ရခဲ့သည်။ ထိုနေ့က သာမန်ရုံးတက်ရုံးဆင်းနေ့တစ်နေ့ဖြစ်နေသဖြင့် စန်းရန်က အလုပ်သွားရပြီး ၊ အလုပ်နားရက်ရထားသည့်သူမကသာ လုပ်စရာအလုပ်မရှိ ၊ တစ်နေ့လုံး အိမ်ထဲ၌သာ နေနေလေသည်။
ဝိန်းရိဖန်က အစားပင်မစားတော့ဘဲ တစ်ခဏနေလျှင် အိပ်လိုက် ၊ အိပ်ပြီးလျှင် ဖုန်းကစားလိုက် ၊ ဖုန်းကစားပြီးလျှင် ပြန်အိပ်လိုက်ဖြင့် တစ်နေ့လုံး အိပ်ရာထဲမှမထချေ။ စန်းရန် အလုပ်ဆင်းခါနီး အချိန်မှသာ အိပ်ရာထဲမှကုန်းရုန်းထပြီး မီးဖိုချောင်ဝင်၍ ညစာပြင်လိုက်၏။
ရေခဲသေတ္တာထဲတွင် လတ်လတ်ဆတ်ဆတ်သားငါးသီးနှံများကမနည်း။ အိပ်ရာထဲမှထလာပြီးနောက်တွင်တော့ ဝိန်းရိဖန်က ပျင်းရိမနေတော့ဘဲ ဟင်းသုံးခွက်နှင့်စွပ်ပြုတ်တစ်မျိုးကို အေးအေးလူလူချက်ပြုတ်နေလိုက်၏။
နောက်ဆုံးဟင်းတစ်ခွက်ကို ချက်ပြုတ်ပြီး စားပွဲပေါ်တင်လိုက်သည့်အချိန်တွင်တော့ အချိန်ကိုက်ဆိုသလို တံခါးဖွင့်သံအား ကြားလိုက်ရ၏။
စန်းရန်က ကားသော့ကိုဘေးဘက်၌ချိတ်နေရင်း သူမရှိသည့်ဘက်သို့ လှမ်းကြည့်လိုက်၏။ ချက်ချင်းဆိုသလိုအကြည့်များက အောက်လျော့လာပြီး ထမင်းစားပွဲဆီသို့ ထပ်၍လှမ်းကြည့်လာခဲ့သည်။ မျက်ခုံးများ ခပ်ရေးရေးပင့်မြှောက်ပြလာရင်း အိမ်နေရင်းဖိနပ်အပါးကိုလဲစီးကာ အရှေ့သို့လျှောက်လာခဲ့၏။
နှစ်ဦးသားက အရင်ကတည်းက ယခုလိုအတိုင်းပင်ဖြစ်သည်။
အိမ်ခန်းမျှနေကြသည့် အရင်အချိန်များတုန်းကအတိုင်း အားလပ်သည့်သူကသာချက်ပြုတ်ပြီး မည်သူ့အလှည့်ဟူ၍ မသတ်မှတ်ထားပေ။ ဝိန်းရိဖန်သည် ယခင်က တစ်ယောက်တည်းနေထိုင်သည့်သူမျိုးဖြစ်သည့်အတွက် တစ်ကိုယ်တည်းစာ ချက်ပြုတ်ရမည်ကိုပျင်းရိပါသော်ငြား တစ်စုံတစ်ယောက်က သူမနှင့်အတူ အဖော်ပြုစားပေးမည်ဆိုလျှင်တော့ အားတက်တရောချက်ပြုတ်မည်ပင်။
စန်းရန်က ကုတ်အင်္ကျီကိုချွတ်လိုက်ရင်း အလျင်းသင့်သလို သူမ၏ဆံပင်ကိုလည်း ဆွဲဖွသွားသေး၏။
ဝိန်းရိဖန်၏ဆံပင်တို့က စန်းရန်ကြောင့် ပွယောင်းခတ်ကုန်သော်လည်း အထူးတလည်ပြန်ပြင်နေခြင်းမရှိ။ သူမကိုယ်တိုင်အတွက် စွပ်ပြုတ်တစ်ပန်းကန် ခူးခပ်လိုက်ပြီး တစ်ငုံချင်းစီသောက်နေရင်းဖြင့် ;
"ဒီနေ့ ပင်ပန်းလာလား"
"ဒီလိုပါပဲ"
စန်းရန်က သူမ၏ဘေးနားတွင်ဝင်ထိုင်လိုက်၍ ;
"ဘာလို့လဲ"
"ဒါဆို ခဏနေကျရင် ငါတို့ ရုပ်ရှင်ကြည့်ရအောင် ၊ အိမ်မှာပဲလေ ၊ ငါ့သူငယ်ချင်းတစ်ယောက် ငါ့ကို သည်းထိတ်ရင်ဖိုကားတစ်ကားညွှန်းပေးထားတာ ၊ ကြည့်လို့ကောင်းမယ့်ပုံပဲ"
စန်းရန်က မျက်လုံးပင့်ကြည့်လာကာ ဝိန်းရိဖန်၏မျက်လုံးအောက်မှ အညိုရောင်အကွင်းရာများကိုစိုက်ကြည့်၍
"အိပ်ချင်နေတယ်ဆိုရင် စောစောနား"
အချိန်ကို တစ်ချက်ထပ်ကြည့်လိုက်ရင်း ;
"ဒီနေ့မကြည့်ရလည်း ဘာမှမဖြစ်ပါဘူး"
ဝိန်းရိဖန်က မော့ကြည့်လာခဲ့၏။
စန်းရန် ;
"ကိုယ်က ဘယ်နေ့ဖြစ်ဖြစ် မင်းကိုအဖော်လုပ်ပြီးကြည့်ပေးနိုင်တယ်"
"ငါ မအိပ်ချင်ပါဘူး ၊ တစ်နေ့လုံးအိပ်ထားတာ"
ဝိန်းရိဖန်က ခပ်နွေးနွေးစွပ်ပြုတ်ရည်အားကုန်အောင် သောက်လိုက်ပြီးနောက် စန်းရန်ဘက်သို့လှည့်၍ စကားဆို၏။
"ဒါဆို ခဏနေကြည့်မယ်မလား ၊ နောက်ရက်ကျမှ ငါ့သူငယ်ချင်းကို ထပ်ပြီးဇာတ်ကားတွေထပ်ညွှန်းခိုင်းလိုက်မယ်"
"အမ်"
ဝိန်းရိဖန် ;
"နောက်တစ်ခါ ထပ်ကြည့်ဖို့"
စန်းရန်က သူမအား တည့်တည့်စူးစိုက်ကြည့်လာပြီး ရုတ်တရက် အသံထွက်အောင်ရယ်လိုက်ပါတော့၏။ သူ့စကားသံတို့ထဲတွင် စနောက်လိုသည့်အငွေ့အသက်များပါဝင်လာပြီး ;
"ဝိန်းရွှမ်းကျန့် ၊ မင်းရဲ့အဓိကဦးတည်ချက်က ရုပ်ရှင်ကြည့်ဖို့လား ၊ ကိုယ်လား"
ဝိန်းရိဖန်က တဖန်ပြန်ကြည့်နေရင်း ;
"နင်"
"...."
စန်းရန်၏အမူအရာတို့မှာ မသိမသာလေးတုံ့ခနဲ ဖြစ်သွားခဲ့၏။
ခေါင်းငုံ့သွားပြီး ထမင်းဆက်စားနေသည့်ဝိန်းရိဖန်ထံမှ အသံတိုးတိုးလေးတစ်ခု ထပ်၍ထွက်လာခဲ့သည်။
"နင်နဲ့အတူတူ ကြည့်ချင်လို့"
ညစာစားပြီးနောက်တွင် ဝိန်းရိဖန်က ဧည့်ခန်းထဲအရင်ထွက်လာပြီး ရီမုခလုတ်ကိုယူ ၊ ဖုကျွမ့် ညွှန်းထားပေးသည့်ဇာတ်လမ်းကို ရှာကြည့်လိုက်၏။ အင်တာနက်ချိတ်ထားသည့်တီဗွီအတွင်းရှိ ဆော့ဝဲလ်ပေါင်းများစွာ မွှေနှောက်ပြီးကာမှ ခက်ခက်ခဲခဲ ရှာတွေ့လိုက်ခြင်းဖြစ်ကာ ၊ သူမ ရှာတွေ့ပြီး သိပ်မကြာခင်ပင် စန်းရန်က စားပွဲရှင်းပြီးထွက်လာခဲ့သည်။
သူက ဝိန်းရိဖန်၏ဘေး၌ တိုက်ရိုက်ဝင်ထိုင်လိုက်၏။
ဝိန်းရိဖန်က ကော်ဖီစားပွဲပေါ်တင်ထားသည့်ရေခွက်ထဲမှရေတစ်ငုံလည်းသောက်ရင်း တစ်ဖက်ကလည်း ဇာတ်လမ်းကိုစဖွင့်လိုက်သည်။
ကြော်ငြာများလွှင့်နေသည်မှာ တစ်ခဏ။
ဝိန်းရိဖန်က ဘေးနားတွင်ချထားသည့်ဖုန်းအား လှမ်းယူဖွင့်ကြည့်လိုက်ရာ မဖတ်ရသေးသောမက်ဆေ့များစွာကို တွေ့လိုက်ရသဖြင့် အလျင်းသင့်သလိုဖတ်ကြည့်နေရင်း ကျိန့်ခယ်ကျား၏မက်ဆေ့ဘောက်ကို နှိပ်ကြည့်မိလိုက်သည်။
မက်ဆေ့ပေါင်းများစွာက တပြိုင်တည်းတက်လာခဲ့၏။
[ ငါတော့ စိတ်ပျက်တယ် ]
[ နင့်အဖေဘက်ကအမျိုးတွေက အရမ်းအရှက်မဲ့လွန်းတယ်နော် ]
[ သူတို့ ငါ့အိမ်ပေါ်တက်နေနေတာ တစ်ပတ်တောင်ရှိပြီ! အခုထိ မသွားသေးဘူး! ! ! ဘယ်အချိန်ထိနေဖို့များ စဥ်းစားနေကြတာလဲ? ]
[ ဘယ်လိုပဲ အမျိုးတော်ကြည့်ကြည့် နင်နဲ့က ပိုပြီးသွေးချင်းနီးတာမလား ၊ နင် အဲ့လူတွေကို မြန်မြန်လာခေါ်သွားပေးလို့မရဘူးလား? ]
[ နင့်ရဲ့အဲ့ဒီဒေါ်လေးဆိုတဲ့တစ်ယောက်ကလည်း မေမေ့ဆီကိုလာပြီး အမြဲတမ်းပိုက်ဆံတောင်းနေတယ် (smile emoji) ]
[ သူ့သား မင်္ဂလာခါနီး အိမ်ဝယ်ချင်တဲ့ကိစ္စက ငါတို့နဲ့ဘာဆိုင်လို့လဲ? ]
"...."
တစ်ဖက်လူထံမှ မက်ဆေ့များဟာ သစ်ရွက်များတဖြုတ်ဖြုတ်ကြွေနေသည့်အလား တစ်ခုပြီးတစ်ခု အဆက်မပြတ်ပေ။
ဝိန်းရိဖန် တစ်ခဏကြာကြာစိုက်ကြည့်နေမိပြီး နဂိုမူလရှိနေသည့်စိတ်ကြည်လင်မှုများက ရုတ်ချည်း ကွယ်ပျောက်သွားလေတော့၏။ ဤအချိန်တွင် စန်းရန်က သူမ၏အာရုံအား ဝင်နှောက်ယှက်လာ၏။
"ဘယ်သူနဲ့စကားတွေပြောနေတာလဲ"
သူမက ဖုန်းကိုပိတ်ပြီး ခေါင်းမော့ကြည့်လိုက်၏။
"ကိုယ်နဲ့အတူတူ ရုပ်ရှင်ကြည့်ချင်တယ်ဆိုရင်လည်း နည်းနည်းပါးပါး အာရုံစိုက်ပေးလို့...."
စန်းရန်က အေးအေးလူလူဖြင့်ဆက်၍ ;
"ရမလား?"
ဖုန်းတုန်ခါသံမှာ ရပ်မသွားသေး။
ဝိန်းရိဖန်က စိတ်ခံစားချက်များကိုထိန်းပြီး လက်ထဲမှဖုန်းကိုင်ဆုတ်ကိုင်ထားပစ်လိုက်၏။
"သိပါပြီ ၊ ငါ ဖုန်းကို မကြည့်တော့ဘူး"
စန်းရန်က ရေးရေးလေးပြုံးပြ၍ ;
"ဘာဖြစ်လို့ ရုတ်တရက် ဒီမျက်နှာအမူအရာမျိုး ဖြစ်သွားရတာလဲ"
"မဖြစ်ပါဘူး"
ဝိန်းရိဖန်က ပြန်ပြုံးပြလိုက်ရင်း ;
"ရုပ်ရှင်ကြည့်မယ်လေ"
သူမဘက်မှ ဘာမှထုတ်မပြောလာချင်မှန်း နားလည်မိလိုက်သဖြင့် စန်းရန်က လှမ်းကြည့်နေရုံကလွဲ ထပ်မမေးတော့၏။
ဇာတ်လမ်းမှာ စတင်နေပြီ။
စန်းရန်က ရေခဲသေတ္တာထဲမှ သစ်သီးအား ထသွားယူသည့်တစ်ခဏတွင် ဝိန်းရိဖန်သည် နောက်ထပ်တစ်ကြိမ်ဖုန်းဖွင့်ကြည့်လိုက်၏။
ကျိန့်ခယ်ကျားပို့ထားသည့်မက်ဆေ့များမှာ စာတန်းရှည်ကြီးနီးပါးပင်ရှိပြီး အားလုံးမှာ စိတ်ပျက်သည့်အကြောင်းပြောထားသည့်စကားများသာဖြစ်သည်။ အဆိုးမြင်ဝါဒီစာလုံးများအပြီး အောက်ဆုံးတွင် ဝါကျတစ်ကြောင်းက ထင်သာမြင်သာဖြင့်ရှိနေ၏။
[ မေမေက ငါကနေတဆင့် နင့်ကိုမေးခိုင်းလိုက်တယ် ၊ ဒီနှစ် နှစ်သစ်ကူးကို အိမ်ပြန်လာမှာလားတဲ့ ]
ဝိန်းရိဖန်က အပေါ်ဘက်မှစာများကို ဆွဲမကြည့်။
ကျိန့်ခယ်ကျားအား Wechat add ပြီးနောက်တွင် တစ်ဖက်လူက ဘာမှများများစားစားမဆိုလာသဖြင့် ဝိန်းရိဖန်လည်း အနှောက်အယှက်ကင်းကင်းနေနေရကာ အကောင့်ဖျက်ပစ်ဖို့ရာ မေ့သွားခဲ့မိသည်။ လက်ရှိအချိန်တွင် စာပြန်ဖို့ကို စဥ်းပင်မစဥ်းစားဘဲ တစ်ဖက်လူအား Blacklist ထဲချက်ချင်းထည့်ပစ်လိုက်သည်။
စန်းရန်က အခုလေးတင်ရေဆေးလာသည့်ပန်းသီးတစ်လုံးအား သူမ၏လက်ထဲသို့ထည့်ပေးလာခဲ့ရင်း ဘာကိုတွေးထားမိထားမှန်းမသိ စကားတစ်ခွန်းအားလျှပ်တပြက်မေးလာခဲ့သည်။
"မင်း ဘယ်နေ့ကျရင် ပိတ်ရက်ရမှာလဲ"
ဝိန်းရိဖန် ; "အမ်"
စန်းရန် ; "နှစ်သစ်ကူးအတွက်"
ဝိန်းရိဖန် ;
"နှစ်သစ်ကူးပြီး တစ်ရက်နေ့ကနေ သုံးရက်နေ့အထိ ၊ တကယ်လို့ အရေးပေါ်ကိစ္စမျိုးရှိလာရင်တော့ အချိန်ပိုဆင်းရမှာ"
"အိမ်ပြန်မှာလား"
ဝိန်းရိဖန် တစ်ခဏတိတိ တိတ်သွားခဲ့ပြီးမှ ;
"မပြန်ဖြစ်လောက်ဘူး ထင်တာပဲ"
"အို့...ဒါဆို ကိုယ်တွက်ကြည့်လိုက်ဦးမယ်"
"ဘာတွက်ကြည့်မှာလဲ"
"ဘာတွက်ကြည့်မှာလဲဆိုတော့...."
စန်းရန်က ခေါင်းစောင်းကာ အသာအယာလှမ်းကြည့်လာခဲ့၍ ;
"ဘယ်အချိန် မင်းဆီပြန်လာရမလဲဆိုတာ"
ဤစကားတစ်ခွန်းက ဝိန်းရိဖန်အား အရင်နှစ် နှစ်သစ်ကူးအချိန်တွင် စန်းရန်က သူ့ဆွေမျိုးများ အိမ်သို့အလည်လာသည့်အကြောင်းပြချက်ဖြင့် နှစ်သစ်ကူးကာလတစ်ခုလုံး အိမ်ပြန်မအိပ်သည့်ကိစ္စကို ပြန်အမှတ်ရစေမိလိုက်သည်။ သူမ၏နှုတ်ခမ်းပါးက လှုပ်ခတ်သွားသော်လည်း ပြောစရာစကားကိုရှာမတွေ့ ၊ အတော်လေးကြာသွားပြီးခါမှ ;
"ငါ့မှာ ပွဲတော်ကိုဖြတ်သန်းချင်တာတွေဘာတွေ မရှိပါဘူး ၊ နင် မိသားစုတွေနဲ့ပဲ အတူတူနေနေလို့ရတယ်"
"ဆွေမျိုးတွေဆီ ပတ်ပြီးလည်ရမှာ ပင်ပန်းလွန်းလို့"
စန်းရန်က ပြုံးလိုက်ရင်း စကားဆက်ဆိုလာခဲ့သည်။
"မင်းအမြင်မှာ ကိုယ်ကရော ပွဲတော်လုပ်ပြီးဖြတ်သန်းနေရမှာကို ကြိုက်တဲ့သူနဲ့တူလို့လား"
ဝိန်းရိဖန်က ဘာစကားမျိုးဆိုရမည်မှန်း မသိတော့သဖြင့် ပန်းသီးတစ်ကိုက်,ကိုက်လိုက်ပြီး ဇာတ်လမ်းသာ ဆက်ကြည့်နေလိုက်၏။
စိတ်အာရုံမှာတော့ ဇာတ်လမ်းပေါ်၌ လုံးဝမရှိပါပေ။
ကျိန့်ခယ်ကျားပို့လာသည့် မက်ဆေ့များကို တွေးကြည့်နေသည့်အချိန် စန်းရန်က ထပ်၍ သူမ၏စိတ်အခြေအနေကို ခံစားမိပုံရသည့်အရိပ်အခြေမျိုးတို့ ကြုံကြိုက်သွားရသည့်အခါ ဝိန်းရိဖန်အနေဖြင့် သူမ၏လက်ရှိစိတ်ခံစားချက်ကို ဖော်ပြနိုင်စွမ်းပင် မတတ်နိုင်ပါတော့၏။
ထိုမကောင်းသည့်စိတ်ခံစားချက်နေရာတွင် တစ်ခုခုက အစားထိုးဝင်ရောက်လာသလိုမျိုးပင်။
ဆိုးရွာသည်လည်းမဆိုနိုင်။
အနည်းငယ် ပိတ်လှောင်မွန်းကြပ်သွားသလိုမျိုး ခံစားလိုက်ရရုံ။
တစ်စိတ်တစ်ပိုင်းမှာ အိမ်တွင်းရေး ထိုအစုတ်အပြတ်ကိစ္စများကြောင့်.....
အများဆုံးမှာတော့ စန်းရန်ကြောင့် ၊ သူ့ဘက်မှ သူမအပေါ် ဆက်ဆံပေးနေသည့်ပုံစံကြောင့်ပင်။
နှစ်သစ်ကူးတွင်အိမ်မပြန်တော့မည့်အကြောင်းကိုသိသွားသော်ငြား စန်းရန်က အကြောင်းပြချက်ကိုမသိရှိထားနိုင်သလို မေးမြန်းခြင်းလည်းမပြု။ သူ မေးလိုက်သည့်မေးခွန်းတစ်ခုက သူမအတွက်အခက်အခဲဖြစ်စေမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်နိုင်ပြီး ၊ ထို့ကြောင့်လည်း တခြားနည်းလမ်းဖြင့် သူမအား အဖော်လာလုပ်ပေးမည်ဟု တိုက်ရိုက်ဆိုလိုက်ခြင်းပင်။
သို့သော်လည်း သူမကိုယ်တိုင်သည်က ထိုကိစ္စများအားပြောပြဖို့ရာ အမြဲတမ်းရှောင်ဖယ်နေမည့်သူ။
ယခုလိုအခြေအနေမျိုးနှင့်ကြုံလာတိုင်း တုံ့ပြန်လိုက်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ရှောင်ပြေးခြင်းပင်ဖြစ်ပြီး လုံးဝလုံးဝ ထုတ်ဟလာမည်မျိုးမဟုတ်။
သူ့ဘက်မှ သိချင်နေသည့်တိုင် သူမဘက်က မပြောပြချင်။
ထိုအခါ သူ့ဘက်မှ မသိချင်သလိုမျိုးသာ ဟန်ဆောင်နေလေတော့၏။
ဝိန်းရိဖန်က စိတ်ကိုပြင်ဆင် ၊ ဆုံးဖြတ်ချက်ချပြီးနောက်တွင်တော့ ရုတ်တရက်လှမ်းခေါ်လိုက်သည်။
"စန်းရန်"
စန်းရန်၏အကြည့်များက တီဗွီပေါ်၌ရောက်နေပြီး အလျင်းသင့်သလိုပြန်ဖြေလာ၏။
"ဟမ်"
"ခုဏတုန်းက ငါ့ကို မက်ဆေ့ပို့လာတာ ကျိန့်ခယ်ကျား"
ဝိန်းရိဖန်သည်လည်း တီဗွီကိုသာကြည့်နေခြင်းဖြစ်ပြီး ပုံမှန်သာစကားဆိုနေ၏။
"သူပြောတာ....ငါ့အမေက ငါ့ကို ဒီနှစ်,နှစ်သစ်ကူးအိမ်ပြန်လာမှာလားလို့ မေးခိုင်းလိုက်လို့တဲ့"
"...."
"ဒါပေမယ့် ငါနဲ့ ငါ့ပထွေးရဲ့ဆက်ဆံရေးက အရမ်းအဆင်ပြေနေတာမျိုး မဟုတ်ဘူး"
ဝိန်းရိဖန်က တစ်ခဏမျှရပ်လိုက်ပြီးမှ ဆက်၍ ;
"ငါ့ဖေဖေ ဆုံးပြီးသိပ်မကြာခင်မှာပဲ ငါ့အမေ နောက်အိမ်ထောင်ပြုသွားတာလေ"
စန်းရန်က သူမအား ချက်ချင်းလှည့်ကြည့်လာပြီး သူ့မျက်နှာပေါ်မှ စနောက်နေခြင်းများဟာလည်း လွင့်ပျယ်ပျောက်ကွယ်သွားခဲ့၏။
"ဘယ်အချိန်တုန်းကကိစ္စလဲ"
ဝိန်းရိဖန်က စက္ကန့်ပိုင်းကြာအောင် တိတ်ဆိတ်နေခဲ့သေးသည်။
"အထက်တန်းပထမနှစ်ရဲ့ နောက်စာသင်နှစ်ဝက်"
"...."
"ဟုတ်တယ်...."
ဝိန်းရိဖန်၏စကားသံတို့မှာ ပြောထွက်ရခက်နေသည့်အလား
"ငါ အတန်းတက်နေရင်း တစ်ဝက်တစ်ပျက်....ဆရာမက အပြင်ထွက်လာဖို့ ခေါ်လိုက်တဲ့အချိန်တုန်းက..."
အတိတ်မှ မှတ်ဥာဏ်များဟာ ရုတ်ချည်းပြန်ပေါ်လာခဲ့ပြီး ဒုတိယနှစ် စာသင်နှစ်ဝက်၏ တစ်နေ့သောနေ့လည်ခင်းအချိန်ဆီသို့။
ထိုနေ့ဟာ အလွန်ကိုမှအေးစိမ့်နေသည့်ဆောင်းရာသီကြီးထဲမှ နေ့တစ်နေ့မှန်း ဝိန်းရိဖန် မှတ်မိနေပါသေးသည်။
စာသင်ခန်းထဲရှိပြတင်းပေါက်များကို အလုံပိတ်ထားပြီး လေဝင်လေထွက်မရှိပါသည့်တိုင် နေရာတိုင်းက လေအေးများ တစိမ့်စိမ့်တိုးဝင်နေခဲ့သည်။ သူမ၏လက်ချောင်းများဟာ အေးခဲလွန်းနေခဲ့သဖြင့် ရေးမိထားသည့်စာလုံးများပင် အရင်ကနှင့်မတူ။
သင်္ချာဆရာ၏ချဲ့ကားလွန်းသည့်စကားများကို နားထောင်ရင်း အနည်းငယ်အိပ်ငိုက်လာတော့၏။
ဤအချိန်တွင် အတန်းပိုင်ဆရာမ'ကျန်ဝိန်ဟုန်'က ရုတ်တရက် တံခါးရှေ့တွင်ပေါ်လာခဲ့သည်။ လက်ထဲတွင်ဖုန်းကိုကိုင်ထားရင်း အမူအရာတို့က လောလောပြာပြာဖြင့် စာသင်ချိန်အား အနှောက်အယှက်ပြုလာခဲ့၏။
"တောင်းပန်ပါတယ်နော် ၊ ချန်လောင်ရှစ်"
သင်္ချာဆရာ ;
"ဘာဖြစ်လို့လဲ"
"ကိစ္စလေးရှိလို့ပါ"
ကျန်ဝိန်ဟုန်က ဝိန်းရိဖန်အား လှမ်းကြည့်လာ၍ ;
"ရိဖန် ၊ သမီး ခဏထွက်လာခဲ့ဦး"
ဘာကြောင့်မှန်းမသိ ကျန်ဝိန်ဟုန်၏ပုံစံကိုကြည့်ရင်း ဝိန်းရိဖန်၏စိတ်ထဲ မကောင်းသည့်ခံစားချက်များ ဖြစ်တည်လာမိတော့သည်။ ကိစ္စကြီးကြီးမားမားမဖြစ်လာခင် အထက်ကောင်းကင်နတ်မင်းကြီးက သနားစာနာမှုကိုပြသည့်အနေဖြင့် ခံစားရမှုဒဏ် အနည်းငယ်ပေါ့လျော့သွားအောင်လုပ်ပေးနေသလိုပါပင်။
သို့သည်တိုင် သူမက သေးသေးမွှားမွှားကိစ္စလေးအဖြစ်သာ ထင်မှတ်ထားပြီး အများဆုံး စည်းကမ်းထိန်းသိမ်းဖို့ရာသင်ခန်းစာပေးခံရ ၊ အုပ်ထိန်းသူခေါ်ခံရလောက်သည်အထိသာ မျှော်လင့်ထား၏။ နောက်ဆက်တွဲမှာတော့ ထိုအသက်အရွယ်လေးတွင် ကြုံတွေ့ရလေ့ရှိသည့် 'ကိစ္စကြီးများ' ဟူ၍။
ဘေးပတ်ပတ်လည်မှအတန်းဖော်များက သူမအား ချက်ချင်းဝိုင်းကြည့်လာခဲ့ကြသည်။
စာရေးခုံပေါ်၌ လှဲနေသည့်စန်းရန်သည်ပင် ခပ်မတ်မတ်လေး ဖြစ်လာခဲ့၏။
ဝိန်းရိဖန် ချက်ချင်းနိုးသွားခဲ့ပြီး ကြောင်အမ်းအမ်းဖြင့် လက်ထဲမှဘောပင်ကိုချလိုက်ကာ ကျန်ဝိန်ဟုန်ဆီသို့ လျှောက်လာသည်။
ကျန်ဝိန်ဟုန်က သူမအား ဘေးတစ်ဖက်သို့ဆွဲခေါ်ပြီး စကားဆိုလာခဲ့၏။
သူမ ထိတ်လန့်သွားမည်ကိုစိုးရိမ်သည့်အလား ကျန်ဝိန်ဟုန်၏အသံမှာ ပုံမှန်ထက်ပင် ငြင်သာနေခဲ့ပြီး သနားစာနာသည့်အရိပ်အယောင်များမှာ စကားလုံးတို့ထဲ၌ သိသိသာသာ။
"သမီးရဲ့ပစ္စည်းတွေကို သိမ်းလာခဲ့နော် ၊ သမီးမေမေက အခုလေးပဲ လောင်ရှစ်ဆီဖုန်းဆက်လာတယ် ၊ အခုချက်ချင်း သမီးကို လာကြိုမယ်တဲ့"
"...."
ဝိန်းရိဖန်က ကြောင်အမ်းနေရင်း ;
"ဘာလို့လဲ"
"သမီးဖေဖေ..."
ကျန်ဝိန်ဟုန်က ပြောထွက်ဖို့ရာ ခက်ခဲလွန်းနေသည့်ဟန်ဖြင့် ;
"အခြေအနေ သိပ်မကောင်းဘူး"
ထိုအခိုက်အတန့်တွင် ဝိန်းရိဖန် ခံစားနေမိခဲ့သည်မှာ အိပ်မက်မက်နေသည်ဟူ၍ပင်။
ထိုစကားများအတွက် ကြိုတင်အသိပေးထားခြင်းမရှိသည့် ဦးနှောက်တစ်ခုလုံးဟာလည်း ဗလာကျင်းလျက်။ စိတ်ကူးယဥ်မှုတစ်ခုဟုသာ ထင်နေမိပြီး ထူးဆန်းလွန်းသည့်စကားလုံးများကို ကြားလိုက်မိရုံသက်သက်။ သို့သည့်တိုင် သူမထပ်၍လည်း အတည်ပြုမမေးမြန်းရဲတော့သလို ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေပြီဖြစ်ကြောင်းကိုတော့ ရှင်းရှင်းလင်းလင်းခံစားမိနေခဲ့သည်။
ဝိန်းရိဖန်သည် မည်သည့်အမူအရာမျိုးမှရှိမနေသောမျက်နှာဖြင့် အတန်းထဲပြန်ဝင်လာခဲ့သည်။
သူမ၏နေရာ၌ မတ်တပ်ရပ် ၊ စာသင်ခုံထဲမှ ကျောင်းလွယ်အိတ်ကို ဆွဲထုတ်လိုက်ကာ....
အသံတစ်ချက်မြည်သွားပြီး....
အတွင်းထဲမှ ပစ္စည်းများသည် သူမ ဆွဲထုတ်လိုက်သည့်အရှိန်ကြောင့် ကြမ်းပြင်ပေါ်ပြုတ်ကျကုန်ပါတော့သည်။
သင်္ချာဆရာက စကားပြောနေသည်ကိုရပ်ကာ မျက်မှောင်ကျုံ့လျက်ဖြင့် ;
"ဘာဖြစ်တာလဲ"
ဝိန်းရိဖန် အသိစိတ်ကပ်သွားသည့်အလား ရုတ်ချည်းလှည့်ကြည့်မိလိုက်၏။
"ဘာမှမဖြစ်ပါဘူး ၊ တောင်းပန်ပါတယ် လောင်ရှစ်"
စကားဆိုပြီးသည်နှင့် ဝိန်းရိဖန်က ကြမ်းပြင်ပေါ်ကျသွားသည့်ပစ္စည်းများကို ဖြေးဖြေးချင်းကောက်ယူလိုက်ကာ ဘေးနားတွင်ထိုင်ကြသည့်အတန်းဖော်များကလည်း ကူကောက်ပေးလာကြသဖြင့် ကျေးဇူးတင်စကားကိုခပ်တိုးတိုးလေးပြောလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
လွယ်အိတ်လွယ်ပြီး ထွက်လာခါနီးတွင်။
သူမ စန်းရန်ရှိသည့်ဘက်သို့ အလိုလိုလှမ်းကြည့်မိလိုက်သည်။
သူက နေရာ၌သာထိုင်နေဆဲဖြစ်ပြီး သူ့အမူအရာမှာ တမျိုးတမည်မရှင်းမလင်းဖြစ်နေပြီး သူမအား လှမ်းကြည့်နေလေသည်။
လူနှစ်ယောက်၏အကြည့်များဟာ ဆုံစည်းသွားကြလျက်သား။
ဝိန်းရိဖန်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း တစ်ဖက်သို့လှည့်ကာ အတန်းထဲမှထွက်လာခဲ့သည်။ ကျန်ဝိန်ဟုန်ပေးလိုက်သည့် ခွင့်ပေးသည့်စာကိုကိုင်ကာ ကျောင်းဂိတ်ပေါက်ဝဆီသို့အမြန်လျှောက်ထွက်လာခဲ့ရင်း စိတ်ထဲတွင်လည်း ကျန်ဝိန်ဟုန်ပြောသည့်စကားများဖြင့်သာ ပြည့်နေခဲ့သည်။
သမီးဖေဖေရဲ့ အခြေအနေက သိပ်မကောင်းဘူး....
အခြေအနေ.....
သိပ်မကောင်းဘူး....
သည်စကားက ဘယ်လိုအဓိပ္ပါယ်များလဲ....
သူမ၏ဖေဖေက အဘယ်ကြောင့် အခြေအနေမကောင်းရသနည်း။
သူမ၏ဖေဖေက အကောင်းကြီးရှိနေလျက်သားနဲ့။
ခွင့်ပေးသည့်စာကို ဂိတ်အစောင့်အားပြပြီးနောက် ဝိန်းရိဖန် ကျောင်းထဲမှထွက်လာလိုက်ကာ လွယ်အိတ်ထဲမှဖုန်းကိုထုတ်လိုက်၏။ စက်ဖွင့်ပြီး အခြေအနေကိုအတည်ပြုချင်သည့်အတွက် ကျောက်ယွမ့်တုံထံ ချက်ချင်းဖုန်းခေါ်ဆိုလိုက်သည်။
တစ်ဖက်မှ ဖုန်းဖြေဆိုလာခဲ့သည်။
ကျောက်ယွမ့်တုံ၏အသံတို့မှာ ရှိုက်သံများကပ်ပါလာခဲ့ပြီး ငိုနေမှန်းသိသာလှသည်။
"အားကျန့်..."
ဤအခိုက်အတန့်တွင်တော့။
ကျန်ဝိန်ဟုန်ပြောခဲ့သည့်စကားများကို ဝိန်းရိဖန် အသေအချာယုံကြည်လိုက်ရပါတော့၏။ နှုတ်ခမ်းပါးက လှုပ်ခတ်မိသော်ငြား လည်ချောင်းဝထဲ၌တစ်စုံတစ်ရာ တစ်ဆို့နေသည့်အတိုင်း ဘာမှပြောမထွက်လာတော့သလို ကျောက်ယွမ့်တုံပြောမည့်စကားများကိုလည်း နားမထောင်ချင်ပါတော့ပေ။
"မေမေ ဘကြီးကိုလာကြိုခိုင်းထားတယ် ၊ ဒါပေမယ့် သူ လာကြိုဖို့က နည်းနည်းကြာဦးမှာ ၊ သမီး မြို့ဆေးရုံကို တက္ကစီစီးလာလိုက်နော် ၊ သမီးရဲ့ဒေါ်လေး အောက်မှစောင့်နေလိမ့်မယ်"
ဝိန်းရိဖန် ခပ်တိုးတိုးလေးသာ ပြန်ဖြေနိုင်ခဲ့၏။
"ဟုတ်"
ဝိန်းရိဖန်က ဖုန်းချပြီးသည်နှင့် ကျောင်းဘေးနားရှိ မှတ်တိုင်ဆီသို့လျှောက်လာခဲ့လိုက်သည်။
နန်းဝူ အမှတ်(၁)အထက်တန်းကျောင်းသည် စိတ်ငြိမ်သောပညာရေးကို အလေးပေးသည့်ကျောင်းဖြစ်ကာ ပထဝီဝင်မြေအနေအထားအရ လူခြေတိတ်သည့်နေရာမျိုးတွင်ရှိ၍ သွားရေးလာရေးအတွက် အတော်အသင့်အခက်အခဲရှိသည်။ မိနစ်ပိုင်းကြာကြာစောင့်နေပါသည့်တိုင် ဖြတ်သွားဖြတ်လာ တက္ကစီတစ်စီးမျှပင် မတွေ့သေး။
ကံကောင်းစွာဖြင့် ဘတ်စ်ကားတစ်စင်းရောက်လာခဲ့ကာ ဝိန်းရိဖန်က ထပ်စောင့်မနေတော့ဘဲ ဘတ်စ်ကားပေါ်တက်လာခဲ့သည်။
ဤအချိန်တွင် ကားပေါ်၌ ယာဥ်မောင်းဆရာနှင့် သူမကလွဲ၍ အခြားမည်သူမှမရှိ။ ဝိန်းရိဖန်က နောက်တန်းရှိထိုင်ခုံများဆီသို့လျှောက်လာခဲ့ပြီး စိတ်ထဲတွင်တော့ အခွံချည်းသပ်သပ်ဗလာကျင်းနေခဲ့ကာ လောကကမ္ဘာကြီး ပြိုလဲကျနေသည့်အတိုင်းပင်။
ကားစတင်ထွက်သွားပြီး...
စက္ကန့်ပိုင်းမျှပင်မကြာသေးခင် ရုတ်ချည်း ဆောင့်ရပ်သွားခဲ့ပြန်သည်။
ဝိန်းရိဖန်က နေရာ၌ထိုင်နှင့်ပြီးဖြစ်ကာ ရပ်လိုက်သည့်အရှိန်ကြောင့် ခန္ဓာကိုယ်က အရှေ့သို့ယိုင်ထိုးသွားခဲ့ရသည်။ မော့ကြည့်လိုက်လျှင် ဘတ်စ်ကားအရှေ့တံခါးပွင့်သွားပြီး ကောင်လေးတစ်ယောက် ဘတ်စ်ကားပေါ်တက်လာခဲ့ကာ ယာဥ်မောင်းဆရာအားကျေးဇူးတင်ပြီးနောက် သူမရှိရာဆီသို့ အမောတကောဖြင့်လျှောက်လာခဲ့သည်။
ဝိန်းရိဖန်က တည်တည်ငြိမ်ငြိမ်ဖြင့် ;
"နင် ဘာလို့ထွက်လာတာလဲ"
"ရုတ်တရက် အတန်းမတက်ချင်တော့လို့"
စန်းရန်က သူမ၏ဘေး၌ဝင်ထိုင်လိုက်ပြီး ;
"အတန်းလစ်ရတဲ့အရသာကို တစ်ခါလောက်စမ်းကြည့်မလို့"
တကယ်၍ ပုံမှန်အခြေအနေသာဆိုလျှင် ဝိန်းရိဖန်က သူ့စကားများနောက်လိုက်ပြီး အလိုက်အထိုက်သုံးလေးခွန်း ပြန်ပြောမိပါလိမ့်မည်။ သို့သော် အခုအချိန်တွင်တော့ စနောက်ချင်သည့်စိတ်မျိုး လုံးဝမရှိသဖြင့် ပြုံးရုံသာပြုံးပြပြီး မျက်လွှာကိုအောက်စိုက်ထားလိုက်သည်။
ထူးဆန်းလွန်းခဲ့သည်မှာ သူ ရောက်လာသည့်အချိန်တွင်မှ မျက်ရည်က ဝဲလာခဲ့ခြင်းပင်။
စက္ကန့်ပိုင်းမျှကြာပြီးသွားနောက်တွင်။
စန်းရန်က ခပ်တိုးဖျဖျလေးမေးလာခဲ့၏။
"ဘာဖြစ်နေတာလဲ"
"...."
ဝိန်းရိဖန်က သူ့အားနောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး ခေါင်းရမ်းပြလိုက်ချင်ပါသည့်တိုင် သည်တစ်ကြိမ်တွင် မျက်ရည်စက်များက ထိန်းမထားနိုင်တော့ဘဲ စီးကျလာခဲ့ပါတော့သည်။
တစ်ပေါက်ချင်း တစ်ပေါက်ချင်း စီးကျနေခဲ့သည်မှာ ပြင်းပြင်းထန်ထန်။
ဝိန်းရိဖန်သည် ရှက်လာမိသဖြင့်လည်း တစ်ဖက်သို့ချက်ချင်းလှည့်ပစ်လိုက်ကာ မျက်ရည်ကိုမရမကထိန်းနေသည့်အတွက် ခန္ဓာကိုယ်လေးမှာ စတင်ပြီးတသိမ့်သိမ့်တုန်ယင်လာခဲ့တော့၏။ သူမအတွက် ဤလမ်းတစ်လျှောက်ဟာ သိပ်ကိုနှေးကွေးရှည်ကြာလွန်းပြီး အဆုံးသတ်တစ်နေရာမှာ တစ်သက်တာလုံးအဖို့ မရှိလာစေရန်လည်း မျှော်လင့်မိနေပါသေးသည်။
ကျောပေးထားသည့်အတွက် စန်းရန်၏အမူအရာတို့ကို သူမ မမြင်ရပါပေ။
ခံစားနေမိသည့် တစ်ခုတည်းသောခံစားချက်မှာ
သူမ၏ တည်ရှိသမျှသောကမ္ဘာကြီးမှာ ဤတဒင်္ဂအတွင်း ပျက်စီးပြိုပျက်သွားခဲ့ပြီဟူ၍ပင်။
သို့သော် နောက်တင်္ဒဂလေးတွင်တော့။
ဝိန်းရိဖန်၏အသက်ရှူငွေ့များထဲတွင် ဆယ်ကျော်သက်ကောင်လေး၏ခန္ဓာကိုယ်ထက်မှ စန္ဒကူးရနံ့များ ရောပါလာပါတော့၏။ သူမ၏ခန္ဓာကိုယ်လေး တင်းခနဲဖြစ်သွားရင်း မျက်တောင်များလည်း မသိမသာတုန်ယင်သွားခဲ့ကာ သူမ၏မြင်ကွင်းအားလုံးသည် ကောင်လေး၏အဖြူနှင့်အပြာရောင်စပ်ထားသည့်ကျောင်းယူနီဖောင်းဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး မျက်ဝန်းထဲရှိမျက်ရည်များသည်တော့ အသံတိတ်စီးကျလျက်ရှိနေတော့၏။
အပေါ်ထပ်အင်္ကျီ၏အခြားတစ်ဖက်ရှိ.....
စန်းရန်၏အသံကိုတော့ ဝိန်းရိဖန် ကြားလိုက်ရ၏။
တိုးဖျငြင်သာလွန်းသည့်အသံတို့မှာ မကြားရနိုင်လုနီးနီး ၊ ထိုထဲတွင် နှစ်သိမ့်ပေးလိုသည့်အငွေ့အသက်လေးများလည်း ရှိနေခဲ့ပါသေးသည်။
"ဒီလိုဆိုရင် ငါ မမြင်ရတော့ဘူးနော်"
------
ထိုနေ့က အလွန်တရာကိုမှအေးစိမ့်နေသည့်နေ့တစ်နေ့ ၊ ကောင်းကင်ကြီးတစ်ခုလုံး သုန်မှုန်နေပြီး တိမ်လုံးကြီးများအပြည့်ဖုံးအုပ်နေခဲ့ကာ နောက်အချိန်ပိုင်းအတွင်း တိမ်လိပ်ကြီးများက ကမ္ဘာမြေကြီးပေါ်သို့ ကျရောက်လာသောမည့်သဖွယ်။ နေ့လည်ခင်းဖြစ်နေပါသည့်တိုင် နေရောင်ဟူ၍ တစိုးတစိမျှမရှိ။
သူမက ပြတင်းပေါက်အပြင်ဘက်ကိုသာကြည့်နေမိပြီး ခန္ဓာကိုယ်လေးသည်တော့ ဆယ်ကျော်သက်ကောင်လေး၏အင်္ကျီပေါ်၌ ပါလာခဲ့သောကိုယ်နွေးငွေ့များဖြင့် ထွေးပိုက်ခံထားရသည်။
ထိုအရာလေးမှာ ထိုအချိန်တုန်းက ဝိန်းရိဖန် ခံစားမိခဲ့သည့်တစ်ခုတည်းသောခံစားချက်ပင်။
ဝိန်းရိဖန်က မူလအနေအထားအတိုင်း မလှုပ်မယှက်ရှိနေခဲ့ကာ အချိန်အတော်ကြာသွားပြီးမှ လက်ကိုမြှောက်လာပြီး အပေါ်ထပ်အင်္ကျီ၏ထောင့်လေးကိုဆွဲထားမိလိုက်သည်။ ဖြေးဖြေးလေးဆွဲထားသည့်ခွန်အားနှင့်အတူ ကျောပြင်တစ်လျှောက်ကလည်း အရှေ့သို့ကိုင်းကျလာခဲ့၏။
ရှိသမျှသောအောင့်အည်းသည်းခံထားမှုများက ဤလှုပ်ရှားမှုလေးတစ်ခုနှင့်အတူ လွင့်စင်ကွယ်ပျောက်သွားခဲ့တော့ကာ မျက်ရည်စက်များက တစ်စစနှင့်အဆုံးမရှိစီးကျလာပြီး ရှိုက်ငိုသံများသည်လည်း ထိန်းမရနိုင်တော့အောင် လည်ချောင်းဝထဲမှထွက်ပေါ်လာတော့သည်။
ဘေးနားရှိ စန်းရန်မှာတော့ တိတ်ဆိတ်ပေးနေခဲ့ပြီး စကားတစ်ခွန်းမဆို ၊ အသံတစ်ချက်မထွက်။
အသံတိတ်အဖော်ပြုပေးနေခဲ့ခြင်းဖြင့်သာ သူမ၏ဘေးနားတွင် သူရှိနေကြောင်း ဖော်ပြနေခဲ့သည်။
မှတ်တိုင်သို့ရောက်ခါနီးတွင်တော့ ဝိန်းရိဖန်က စိတ်ကိုခက်ခက်ခဲခဲထိန်းသွားနိုင်ခဲ့၏။ ငိုခဲလွန်းသည့်အတွက်ကြောင့် နည်းနည်းလေးငိုမိရုံဖြင့် သူမ၏မျက်လုံးများဟာ နာကျင်နေသယောင်ယောင်။ သူမ၏အင်္ကျီလက်ဖြင့် မျက်ရည်ကိုပွတ်သုတ်လိုက်ပြီး စန်းရန်၏အင်္ကျီကိုလျှောချကာ ဘေးသို့လှည့်ကြည့်လိုက်၏။
သူမ၏လှုပ်ရှားလာမှုကို သတိထားမိသည့်စန်းရန်ကလည်း လှည့်ကြည့်လာခဲ့သည်။
နှစ်ယောက်သားမှာ အကြည့်ချင်းဆုံနေကြလျက်။
ဝိန်းရိဖန်က အသံတိတ်အကြည့်လွှဲလိုက်ပြီး ဆံပင်ကိုရှေ့ချကာ မြင်ကွင်းကိုကာပစ်လိုက်၏။
ထပ်၍ တိတ်ဆိတ်နေမှုကြီးတစ်ခု။
မှတ်တိုင်ရောက်သည့်အကြောင်း အသိပေးလာသည့်အခါမှသာ ဝိန်းရိဖန် မတ်တပ်ထရပ်လိုက်သည်။
အပြင်ဘက်ခုံ၌ထိုင်နေသည့်စန်းရန်က လမ်းဖယ်ပေးလာပြီး သူမအား အရှေ့မှ သွားစေလိုက်၏။ မည်သည့်စကားမျိုးဆိုရမည်မှန်းလည်း မသိသဖြင့်လည်း အနောက်ကနေသာလိုက်လာပြီး အရင်ကထက်ပို၍တိတ်ဆိတ်ပေးနေခဲ့သည်။
ကားပေါ်မှဆင်းလာပြီးနောက်တွင် အအေးဒဏ်ကို တဖန်ပြန်ခံစားလိုက်ရရင်း အနောက်ဘက်သို့လှည့်ကြည့်လိုက်၏။ စန်းရန် အအေးမိသွားမည်ကိုစိုးရိမ်သဖြင့် ဝိန်းရိဖန်က အပေါ်ထပ်အင်္ကျီကိုပြန်ပေးရင်း နှာခေါင်းသံပါသည့်စကားသံတို့ဖြင့် ;
"အရမ်းအေးတယ် ၊ နင် ပြန်ဝတ်ထားလိုက်"
စန်းရန်က လှမ်းယူလိုက်၍ ;
"အင်း"
သူမအတွက်ကြောင့်ဖြင့် သူ ပြေးလိုက်လာမှန်းသိနေသောကြောင့် ဝိန်းရိဖန် ထပ်၍စကားဆိုလိုက်သည်။
"နင် ကျောင်းကိုပြန်သွားတော့ ၊ အတန်းချိန်မပျက်နဲ့ ၊ ဆရာမ စိတ်ဆိုးပြီး နင့်မိဘတွေကို ထပ်ခေါ်လိမ့်မယ် ၊ ဒီနားမှာ တက္ကစီလည်း ရှာလို့ရနေပြီ ၊ ပြီးတော့ ငါ့မေမေကလည်း ငါ့ကိုလာခေါ်ပေးမှာ"
စန်းရန်က သုံးလေးစက္ကန့်မျှတိတ်နေပြီးမှ ;
"ကောင်းပြီ"
တစ်ခဏကြာတွင်။
ဝိန်းရိဖန်က သူ့အား မော့ကြည့်လိုက်ပြီး တလေးတနက်ဖြင့် ;
"ကျေးဇူးတင်ပါတယ်"
နင် လိုက်လာပြီး ငါ့ကို ရပ်တည်နိုင်မယ့်ခွန်အားတွေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...
အနည်းဆုံးတော့ ဒီခရီးတစ်ထောက်က ငါ ထင်ထားသလောက် မခက်ခဲမှန်းခံစားမိလိုက်ပါတယ်..
ဘတ်စ်ကားက မြို့ဆေးရုံထိတိုက်ရိုက်မရောက်သဖြင့် ဝိန်းရိဖန်က ဤမှတ်တိုင်၌အရင်ဆင်းပြီး တက္ကစီဖြင့် တက်သွားရမည်ဖြစ်သည်။
ဖြတ်သွားဖြတ်လာ တက္ကစီတစ်စီးရောက်လာသည့်အချိန်တွင်တော့ စန်းရန်က အသံတစ်ချက်မထွက်ပါဘဲ ဝိန်းရိဖန်အား လှမ်းတားလိုက်ပါတော့၏။ နောက်တွင် သူက ခေါင်းသဲ့သဲ့စောင်းလာပြီး အနည်းငယ်လေးလံနေသည့်အသံတို့ဖြင့် စကားဆိုလာခဲ့သည်။
"ဝိန်းရွှမ်းကျန့် ၊ မင်း ဘာတွေဖြစ်နေမှန်း ငါ မသိဘူး"
အဲ့အတွက်ကြောင့် သူ ဘာပြောရမယ်မှန်းလည်း မသိဘူး.....
စကားပြောမှားသွားမည်ကိုကြောက်မိသလို ၊ သူမ၏ဒဏ်ရာကို ထပ်ထိုးဆွမိမည်ကိုလည်းကြောက်မိကာ နှစ်သိမ့်ပေးလိုက်သည့်အရာတိုင်းက ဆန့်ကျင်ဘက်ဖြစ်နေမည်ကိုလည်းကြောက်ရွံ့မိသည်။
ထို့ကြောင့် ဘာမှမပြောခြင်းက ပိုကောင်းမွန်ပါလိမ့်မည်။
"ငါက သိပ်ပြီးစကားပြောတတ်တဲ့လူ မဟုတ်လို့"
စန်းရန်က ခန္ဓာကိုယ်အား ကိုင်းချလိုက်ကာ ဝိန်းရိဖန်၏မျက်ဝန်းများကို စိုက်ကြည့်၍ ;
"ဒါပေမယ့် ဘာတွေပဲဖြစ်နေပါစေ.....ငါ မင်းကို အမြဲတမ်းအဖော်လုပ်ပေးနေမယ်"
ထိုဆယ်ကျော်သက်ဖြတ်လတ်ငယ်ရွယ်လွန်းသည့်အရွယ်တွင်။
အများစုမှာ စိတ်အားထက်သန်နေတုန်းခဏ ပြောခဲ့ဖူးသည့်စကားများသာဖြစ်ကာ အလေးအနက်တွေးထားခြင်းလည်းမရှိသလို ပြောခဲ့ဖူးသည့်စကားအတိုင်း အမှန်တကယ် လက်တွေ့လုပ်ပေးနိုင်ခြင်းရှိမရှိကိုလည်း တွေးချင်မှတွေးကြည့်ကြပါလိမ့်မည်။ အသက်အရွယ်ရလာသည်နှင့်အမျှ ပြောခဲ့ဖူးသည့်စကားများကို မေ့ကောင်းမေ့သွားနိုင်သေးသလို သို့မှမဟုတ် လက်တွေ့မဆန်သည့်အတိတ်တစ်ခုအဖြစ် မှတ်ကောင်းမှတ်ထားကြနိုင်ပါသေးသည်။
ထိုအချိန်တုန်းက ဝိန်းရိဖန်သည်ပင် စန်းရန်က နှစ်သိမ့်ပေးရုံသပ်သပ်ပြောခဲ့သည်ဟုသာ မှတ်ယူခဲ့ဖူးသည်။
စိတ်သက်သာရာရသွားစေမယ့် စကားတစ်ခွန်းကို စကားအဖြစ်ပြောလိုက်ရုံလေး။
သို့သော် အချိန်တွေအကြာကြီး ကြာပြီးသည့်အခါတွင်မှ ဝိန်းရိဖန် သိခွင့်ရခဲ့သည်မှာ....
လက်စသတ်တော့ သူမထင်နေခဲ့သလိုမျိုးမဟုတ်....
စန်းရန်က ပေးထားသည့်ကတိကို အမြဲတမ်းအတွက်တည်ပြီး.....
သူ့ပါးစပ်က ပြောထွက်ထားသည့်စကားတစ်ခွန်းဖြစ်နေခဲ့လျှင်.....
မည်သည့်အတားအဆီးမျိုးဖြစ်နေပါစေ ၊ မည်မျှထိခက်ခဲနေပါစေ ၊ သူသည် အမှန်တကယ်ဖြစ်လာအောင် အကောင်းဆုံးကြိုးစား၍ လုပ်ပေးမည်သာ။
ဝိန်းရိဖန်က အတွေးများကို ဖြည်းဖြည်းချင်းပြန်ရုတ်သိမ်းလိုက်တော့၏။ ပန်းသီးတစ်ကိုက်,ထပ်ကိုက်လိုက်ပြီး စန်းရန်အား လှမ်းကြည့်လိုက်သည်။ သူမ၏စကားလုံးများကို နားထောင်လိုက်ရသည့်သူက မျက်လွှာကိုအောက်စိုက်ထားပြီး သူမ၏ရှုထောင့်မှလှမ်းကြည့်လျှင် မီးရောင်၏အရိပ်ကျနေမှုကြောင့် သူ့အမူအရာ ခပ်မှောင်မှောင်။
ပြင်းထန်လေးလံသည့်စကားခေါင်းစဥ်ကြောင့် စိတ်ညစ်သွားမည်ကိုစိုးရိမ်သည့်အတွက်လည်း ဝိန်းရိဖန်က ထပ်ပေါင်း၍စကားဆိုလိုက်၏။
"ဟိုးအရင်တုန်းက ကိစ္စတွေပါ"
စန်းရန်က ထိုအခါတွင်မှ အသိစိတ်ပြန်ကပ်သွားသည့်အလား သူမဘက်သို့လှည့်ကြည့်လာခဲ့၏။
ဝိန်းရိဖန် ;
"ဘာဖြစ်သွားတာလဲ"
"ဘာမှမဖြစ်ပါဘူး"
ကံကောင်းသွားတယ်လို့ ခံစားမိလိုက်ရုံပါ.....
အဲ့အချိန်တုန်းက အတန်းလစ်ပြေးဖို့ကို ရွေးချယ်ခဲ့မိတဲ့အတွက်.....
စန်းရန်က တဖန်မျက်လွှာကိုအောက်စိုက်ကြည့်ရင်း ;
"ဒါဆို မင်းက မင်းအမေနဲ့အတူ ပထွေးရှိတဲ့အိမ်ကို ပြောင်းသွားခဲ့ရတာလား"
"အင်း....ဒါပေမယ့် နောက်တော့ အဆက်အဆံလုပ်ရတာ သိပ်အဆင်မပြေတော့တာမလို့"
ဝိန်းရိဖန်က အကြောင်းအရာများစွာကို ကျော်ချပစ်လိုက်ပြီး အကြမ်းဖျင်းသာဆိုလိုက်၏။
"ငါ့ဘွားဘွားရှိတဲ့ဆီကို ပြောင်းနေဖြစ်သွားတယ်"
"မင်းအပေါ်ကို ကောင်းပေးရဲ့လား"
"အာ"
"မင်းရဲ့အဘွားက.."
စန်းရန်က နောက်တစ်ကြိမ်ထပ်၍ ;
"မင်းအပေါ်ကို ကောင်းပေးရဲ့လား"
ဝိန်းရိဖန် တစ်ခဏမျှကြောင်အသွားမိသော်လည်း ပြုံးပြလိုက်၏။
"အရမ်းကောင်းပါတယ် ၊ ဘွားဘွားက ငါ့ဖေဖေကို အရမ်းချစ်တာမလို့ ငါ့အပေါ်ကိုလည်း အရမ်းအလိုလိုက်ပေးတယ်"
သူမ စကားဆိုပြီးနောက်တွင်တော့ သူမကို လှမ်းကြည့်နေခဲ့သည့်စန်းရန်မှာ အနည်းငယ်စိတ်သက်သာရာရသွားသည့်ဟန်ဖြင့် ;
"မင်းရဲ့ ဟိုညီမကရော ဘယ်လိုဖြစ်တာလဲ"
"အမ်"
"တစ်ချက်ကြည့်ရုံနဲ့...."
စန်းရန်က စုတ်တစ်ချက်သပ်လိုက်၍ ;
"မင်းနဲ့ အရမ်းရင်းနှီးသလိုလုပ်နေတဲ့တစ်ယောက်"
"မဟုတ်ပါဘူး ၊ သူ့အဖေအလိုလိုက်တာခံထားရလို့ သူ့အကျင့်က အဲ့လိုမျိုးဖြစ်နေရုံပါ"
စန်းရန်ပြောချင်နေသည်မှာ ကျိန့်ခယ်ကျားက သူမအား ဖျော်ရည်ပုလင်းကို မမေးမမြန်းဘဲပေးလာသည့်ကိစ္စဖြစ်မည်မှန်း ဝိန်းရိဖန် ခံစားမိနေသဖြင့်လည်း ရှင်းပြလိုက်၏။
"သူက အဲ့လိုပုံစံမျိုးနဲ့ကျင့်သားရနေပြီ ၊ သုံးသမျှပစ္စည်းတွေဆိုတာလည်း အကောင်းဆုံးတွေချည်း ၊ ဘယ်တော့မှ ဖြစ်သလိုမလုပ်ဘူး ၊ မကြိုက်တဲ့ပစ္စည်းတွေဆိုရင်လည်း အခြားတစ်ယောက်ယောက်ကို ဖြေရှင်းခိုင်းတာမျိုး ၊ငယ်ငယ်ကတည်းက အချစ်ခံရပြီး ကြီးလာတဲ့ကလေးမလေးလိုမျိုးပေါ့"
ဝိန်းရိဖန်က နားလည်ပေးနိုင်သည့်အတွက် တည်တည်ငြိမ်ငြိမ်ဖြင့်သာဆက်၍ စကားဆိုလိုက်သည်။
"သူ့အဖေက သူ့ကိုအရမ်းအလိုလိုက်ထားတာ ၊ ပြီးတော့ ငါက သူ့ထက် နှစ်နည်းနည်းလည်းအသက်ကြီးတော့ များသောအားဖြင့် ညီမလေးကိုဦးစားပေးရတယ်လေ"
"ညီမလေးကို ဦးစားပေးရမယ်....."
စန်းရန်က ရယ်လိုက်၏။
"ဘယ်နေရာကနေရောက်လာတဲ့ စည်းမျဥ်းမလို့လဲ"
"...."
ဤစကားကြောင့် ဝိန်းရိဖန်၏စိတ်ထဲ စန်းကျစ်အပေါ် ဆက်ဆံတတ်သည့်ပုံစံများကို ပြန်မြင်ယောင်ရမိတော့၏။
သူမ၏တုံ့ပြန်မှုကို မစောင့်သည့် စန်းရန်က ရုတ်တရက် အနောက်သို့မှီလိုက်ပြီး လူတစ်ယောက်လုံးက ဆိုဖာပေါ်မှီချလိုက်၏။ ဤသို့မှီချနေသည့်အချိန်နှင့်တစ်ချိန်တည်းဆိုသလို သူက ဝိန်းရိဖန်အား လက်မောင်းမှတဆင့်ဆွဲကိုင်ပြီး သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။
ဝိန်းရိဖန် မထင်မှတ်ထားစွာဖြင့် သူ့ခန္ဓာကိုယ်ပေါ်သို့လှဲကျသွားခဲ့၏။
ထို့နောက်တွင် သူ့ခွန်အားအလုံးစုံဖြင့် သူမ၏ခါးအနောက်ဘက်တစ်လျှောက်ကို မ,ချီကာ လူတစ်ယောက်လုံးအား သူ့ခန္ဓာကိုယ်ပေါ်သို့ ပွေ့တင်လိုက်တော့၏။ ထိုလှုပ်ရှားမှုအပြီးတွင် မည်သည့်အပိုအပြုအမူမျိုးမှမရှိ ၊ သူမအား တိတ်တိတ်ဆိတ်ဆိတ်လေးပွေ့ဖက်ထားရုံ။
ဤအနေအထားက မရေမရာလည်းဖြစ်ရသလို တရင်းတနှီးလည်းရှိလွန်းလှ၏။
သူ့အနားသို့ နီးနီးကပ်ကပ်တိုးကပ်နေရခြင်းကြောင့် ဝိန်းရိဖန်သည် အနည်းနှင့်အများ စိတ်လှုပ်ရှားရကာ ခေါင်းငုံ့ကြည့်လိုက်၏။
"ဘာဖြစ်တာလဲ"
စန်းရန်က အရမ်းကိုမှတည့်တိုးဆန်ဆန်ဖြင့် ;
"ဖက်ထားမလို့"
"...."
"မင်းစားထားသမျှတွေကဘယ်ရောက်သွားတာလဲ ပြောပါဦး ၊ မင်းရဲ့အရိုးတွေနဲ့ထိုးနေတာ ကိုယ် အရမ်းနာတာပဲ"
စန်းရန်က ဝိန်းရိဖန်၏လက်မောင်းသားကိုညှစ်ကြည့်ပြီး ;
"ဘယ်အချိန်ကျမှ ဝိတ်တက်လာမှာလဲ"
ဝိန်းရိဖန် ;
"ငါ့သူငယ်ချင်းပြောတာတော့ ငါ ဝလာတယ်တဲ့"
စန်းရန်က မျက်ခုံးပင့်ပြလာပြီး
"ဘယ်သူလဲ ၊ ဘယ်သူက မင်းကို ညာပြောနေတာလဲ"
ဝိန်းရိဖန် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပါသော်ငြား မနေနိုင်အောင်ပြုံးလိုက်မိတော့၏။
"နင် မကောင်းတာတစ်ခုခုကြံစည်ချင်နေတာမလား"
သူမကို ဝိတ်တက်လာစေချင်တယ်.....
အခြားသူက သူမကို ဝလာတယ်လို့ပြောတော့ ၊ သူက ထပ်ပြီး အခြားသူကို မကောင်းမြင်ပြန်တယ်....
စန်းရန်က သူမအား လှမ်းကြည့်နေရင်း ပြုံးပြလာခဲ့၏။
"မင်း ဘာလို့ လူကို လာပြီးထိပါးတိုက်ခိုက်နေရတာလဲ"
ဧည့်ခန်းမှာ တိတ်ဆိတ်နေခြင်းမျိုးမဟုတ်။ နှစ်ယောက်သား၏စကားသံများအပြင် တီဗွီမှထွက်နေသည့်အသံများလည်းရှိနေသေးသည်။သို့သော် သည်းထိုရင်ဖိုဇာတ်ကားထံမှစိတ်ခြောက်ခြားစရာတီးလုံးများအား မည်သူကမှ အာရုံမစိုက်နိုင်ကြချေ။
အချိန်တစ်ခုစာကြာသွားပြီးသည့်အခါ စန်းရန်က လက်မြှောက်ကာ ဝိန်းရိဖန်၏မျက်ဝန်းထောင့်ကို ထိတွေ့လိုက်ရင်း ရုတ်တရက်ခေါ်လာခဲ့၏။
"ဝိန်းရွှမ်းကျန့်"
"အမ်"
"မင်းညီမပြောတဲ့ အဲ့ဒီအရေးမပါတဲ့စကားတွေ အဲ့ဒီသောက်ရူးလိုလိုအဆင့်အတန်းခွဲတာမျိုးတွေကို ကိုယ်ရှိတဲ့နေရာဆီ မယူလာခဲ့နဲ့ ကြားလား"
စန်းရန်က မနှေးမမြန်ဖြင့်ဆက်၍ ;
"ကိုယ့် ဒီအိမ်ထဲကပစ္စည်းတွေအားလုံး ပြီးစလွယ်လျှောက်ဝယ်ထားတယ်လို့များ မင်း ထင်ထားတာလား"
ဝိန်းရိဖန်မှာ နှုတ်ခမ်းပါးကတလှုပ်လှုပ်။
"အားလုံးက မင်းအတွက် ရွေးဝယ်ပေးထားတာတွေချည်းပဲ ၊ ဒါပေမယ့် မင်း မကြိုက်ဘူးဆိုရင် ဒီအတိုင်း အဲ့နေရာမှာပဲထားထားလိုက်"
စန်းရန်၏စကားသံတို့က တည်ငြိမ်နေပါသော်လည်း စိတ်မကြည်မလင်ဖြစ်နေသည့်အငွေ့အသက်တို့ ရောပါနေပါသေးသည်။
"ပြီးတော့....မင်းညီမရဲ့ ဘာ အဲ့ဒီအကျင့်ရှိတယ်ဆိုတာလိုမျိုး..."
"...."
"မင်းရဲ့ချစ်သူကောင်လေးရွေးထားသလို အဲ့ဒီလိုအမြင်မျိုး...."
စန်းရန်က သူမကိုစိုက်ကြည့်နေရင်း ရုတ်တရက် သူမ၏နှုတ်ခမ်းထောင့်အားနမ်းရှိုက်လိုက်ပြီးနောက် လုံးဝကိုမထီမဲ့မြင်ပြုသည့်ပုံစံမျိုးဖြင့် ;
"မင်း ဘယ်အရာမဆို အကောင်းဆုံးဆိုတာတွေချည်းပဲသုံးရမယ် နားလည်လား"
-------
ရုပ်ရှင်ဇာတ်လမ်းကြည့်ပြီးနောက် အိမ်ခန်းဆီသို့ ပြန်လာခဲ့၏။
ရုပ်ရှင်မှာ ကြည့်လာခဲ့ပါသော်ငြား ဇာတ်လမ်းထဲမှဇာတ်ကွက်တစ်ခုလေးပင် မမှတ်မိပါချေ။ ရုတ်တရက်ဆန်ဆန်တွေးလိုက်မိသည်မှာလည်း သူမသည် စန်းရန်နှင့်အတူ လုံးဝ ရုပ်ရှင်မကြည့်သင့်ကြောင်းကိုပင်။
သူရှိသရွေ့..
သူမ၏အာရုံအလုံးစုံက သူ့အပေါ်တွင်သာရောက်နေပြီး ရုပ်ရှင်ဇာတ်လမ်းကိုအာရုံစိုက်နိုင်အောင်ကြိုးစားရသည့်ပုံမှန်ကိစ္စလေးမှာ ရာစုနှစ်ကြာအောင်မဖြေရှင်းသေးသည့်ပြဿနာကြီးလိုပင်ဖြစ်သွားခဲ့၏။
အကြိမ်တိုင်း ယခုလိုမျိုးချည်းသာ။
ဝိန်းရိဖန်က နှုတ်ခမ်းကိုစေ့ထားမိရင်း သူမ၏ခန္ဓာကိုယ်ထက်တွင် စက္ကန့်ပိုင်းကြာကြာလေးသာဖက်ထားခဲ့သည့်အချိန်လေးတုန်းက ကျန်နေခဲ့သည့်စန်းရန်၏အငွေ့အသက်များအား ယခုထက်ထိတိုင်ခံစားမိနေရဆဲ။ စန်းရန်၏ခန္ဓာကိုယ်ပေါ်ထိုင်နေသည့် သူမ၏ပုံစံအားပြန်မြင်ယောင်မိကာ မျက်နှာတစ်လျှောက်ပူပြင်းလာရပြန်ပါတော့၏။
စိတ်တည်ငြိမ်သွားစေရန်အလို့ငှာ ရေချိုးရန် ဆုံးဖြတ်လိုက်သည်။
ရေချိုးခန်းထဲဝင်လာပြီး ရေပန်းအောက်ရောက်သည့်အခါ ဝိန်းရိဖန်၏အတွေးများသည် တဖြည်းဖြည်းချင်း ဗလာကျင်းလာခဲ့ရင်း နောက်ဆုံးတွင် ကျိန့်ခယ်ကျားပို့လာသည့် မက်ဆေ့များသာ ကျန်နေခဲ့တော့သည်။
ဤအခိုက်အတန့်တွင် သူမ စကားလုံးတစ်လုံးတည်းကိုသာ မှတ်မိလျက်။
ကျိန်ခယ်ကျား မကျေမနပ်ပြောဆိုသွားသည့် 'သူတို့' ဆိုသည့်စကားလုံးပင်။
ထို့ကြောင့် ဆိုလိုသည်မှာ ဤတစ်ကြိမ်တွင် အရင်အကြိမ်များကဲ့သို့ 'ချယ်ယန့်ချင်' တစ်ယောက်တည်းလာခြင်းမဟုတ်။ 'စုလျန့်ရှန်' သို့မဟုတ် 'ဝိန်းမင်' တို့ ပါလာနိုင်ပြီး....ဝိန်းရိဖန်၏အတွေးထဲတွင် ပေယွီဆေးရုံ၌ တွေ့မြင်ခဲ့သည့် အသတ်လတ်ပိုင်းအရွယ်ယောက်ျားကြီးတစ်ဦးကို မြင်ယောင်လာတော့၏။
'ချယ်ရှင့်ဒယ်'..
ချယ်ယန့်ချင်၏ မောင်လေး။
သူနှင့်အတူလာခြင်းလည်း ဖြစ်နိုင်သေးသည်။
ဝိန်းရိဖန်အနေဖြင့် သည်ကိစ္စများကို ဂရုမစိုက်ပါတော့သည့်တိုင် ဤလူများနှင့်ပတ်သတ်၍တွေးမိလိုက်တိုင်း သူမ၏စိတ်အခြေအနေတို့မှာ တစ်မျိုးမဟုတ် တစ်မျိုးထိခိုက်ရစမြဲ။ သို့သော် ထိုကိစ္စများအား ဤတစ်ကြိမ်တွေးမိသည့်အခါတွင်တော့ ထူးဆန်းလွန်းစွာဖြင့် ငြိမ်သက်နေသည့်စိတ်ကိုသာ ခံစားမိနေခဲ့သည်။
အကယ်၍ အနှောင့်အယှက်ဖြစ်ရလျှင်တောင် အဝေးကြီးမှလှမ်းမြင်နေရသည့် ကြယ်တစ်ပွင့်စာသာ ရှိပါလိမ့်မည်။
သေးငယ်လွန်း၍ လျစ်လျူရှူထား၍ရသည်အထိ။
ရှိရှိသမျှသောစိတ်ခံစားချက်များဟာ အခြားသူတစ်ယောက်မှ ပိုင်စိုးပိုင်နင်းဖြင့်အရာအားလုံးလွှမ်းမိုးထားခဲ့လေရာ အခြားအရာများအတွက် နေရာအလွတ်ပင် မရှိပါတော့ပေ။
ဝိန်းရိဖန်က သူမ၏နှုတ်ခမ်းထောင့်လေးအား ထိတွေ့ကြည့်မိလိုက်၏။
ကြည့်ရသည်မှာ သူ ရှိနေသရွေ့.....
ထိုမကောင်းသည့်ခံစားချက်များဟာ အစအန အရိပ်အယောင်ပင်ရှာမတွေ့တော့လောက်အောင် ပျောက်ချင်းမလှပျောက်သွားနိုင်ပေတော့မည်။
**************
~~Zawgyi~~
အိမ္ျပန္ေရာက္လာသည့္အခ်ိန္တြင္ေတာ့ ၁၁နာရီထိုးလုၿပီျဖစ္သည္။
ဝိန္းရိဖန္မွာ မနက္ျဖန္ အလုပ္သြားရဦးမည္ျဖစ္သည့္အတြက္ စန္းရန္က ဧည့္ခန္းထဲ၌အခ်ိန္ဆြဲၿပီးမေနခိုင္းဘဲ ေစာေစာသြားအိပ္ရန္ ေျပာဆိုေနပါေတာ့သည္။ ဝိန္းရိဖန္သည္လည္း သူ႕အား ေစာေစာအိပ္ရန္ တဖန္ျပန္ေျပာၿပီးေနာက္တြင္ အိပ္ခန္းထဲသို႔ကိုယ္စီဝင္လာၾကေတာ့၏။
အိပ္ရာမဝင္မီ ကိုယ္လက္ေဆးေၾကာသန့္စင္လိုက္၏။
ဝိန္းရိဖန္က အိပ္ရာထဲဝင္ၿပီးသည္ႏွင့္ ေခါင္းအုံးကိုဖက္ထားလိုက္ကာ အခ်ိန္ကိုက္ဆိုသလို အိပ္ရာေခါင္းရင္း၌တင္ထားသည့္ဖုန္းမွာ အသံတစ္ခ်က္တုန္ခါသြားခဲ့သည္။
ဖုန္းလွမ္းယူၿပီး မ်က္ႏွာျပင္ကိုဖြင့္ၾကည့္လိုက္သည္။
စန္းရန္ထံမွ မက္ေဆ့။
စန္းရန္ ; [ (/ဓါတ္ပုံ) ]
စန္းရန္ ; [ ၾကည့္ၿပီးရင္အိပ္ေတာ့ ]
သူ ပို႔လာသည့္ဓါတ္ပုံမွာ ႏွစ္ေယာက္သား ခ်ားရဟတ္ေပၚ၌ရိုက္ထားသည့္ပုံျဖစ္သည္။
ဓါတ္ပုံထဲရွိ သူမဟာ ႏႈတ္ခမ္းစြန္းေလးမ်ားေကြး႐ုံသက္သက္ ေရးေရးေလးၿပဳံးထားသည္။ ေဘးနားမွ စန္းရန္သည္ ေပါ့ေပါ့ပါးပါးအမူအရာမ်ိဳးျဖင့္ ၿပဳံး႐ုံတမယ္ ႏႈတ္ခမ္းေကြးထားပါသည့္တိုင္ အရမ္းမိုက္ေနသည့္ပုံစံမ်ိဳးေပၚေနဆဲပါပင္။ သူတို႔ႏွစ္ဦး၏ စိတ္ေနသေဘာထားအရ ျဖစ္တည္လာသည့္အမူအက်င့္တို႔မွာ လုံးဝ ထပ္တူမက် မလိုက္ဖက္ပါသည့္တိုင္ ပုံမွန္မ်ိဳးမဟုတ္စြာျဖင့္ စည္းခ်က္ဝါးခ်က္ညီညီ ပလဲပႏွံသင့္ေနသည္။
ဝိန္းရိဖန္က ဓါတ္ပုံက အခ်ိန္ၾကာၾကာစိုက္ၾကည့္ေနၿပီးေနာက္တြင္ေတာ့ သိမ္းယူလိုက္ၿပီး Lock Screen ေပၚ၌ Wallpaper အျဖစ္တင္ထားလိုက္သည္။ သူမ၏ဖုန္းကိုခ် ၊ ပက္လက္အိပ္လိုက္ကာ မည္းေမွာင္ေနသည့္ေလထုႀကီးကိုၾကည့္ရင္း ႏႈတ္ခမ္းပါးအား ႐ုတ္တရက္ ထိေတြ႕ၾကည့္လိုက္၏။
ခ်ားရဟတ္ေပၚမွ အနမ္းဟာ ေနာက္တစ္ႀကိမ္ ျပန္ၿပီးျမင္ေယာင္လာမိေတာ့သည္။
ျငင္ျငင္သာသာ အထိအေတြ႕ေလးတစ္ခုျဖစ္ပါသည့္တိုင္ စန္းရန္၏အသက္ရႉေငြ႕မ်ားအား ယခုအခ်ိန္ထိ ခံစားမိေနဆဲပင္။
ဝိန္းရိဖန္၏မ်က္ႏွာတစ္ေလွ်ာက္ တဖန္ပူႏြေးလာရျပန္ကာ ေအးစိမ့္ေနသည့္ရာသီဥတုႀကီးထဲ ဤအခန္းထဲေနရသည္မွာ အနည္းငယ္ပူအိုက္လာသေယာင္ေယာင္။ အေတြးမ်ားထဲတြင္ စန္းရန္တစ္ေယာက္တည္းျဖင့္ျပည့္ေနေတာ့ကာ ကိုယ့္ကိုယ္ကိုယ္ေလွာင္ရယ္မိရင္း စိတ္ထဲ၌လည္း ဤသို႔ဤႏွယ္ေတြးလိုက္မိေသး၏။
တစ္ေန႕မွာ သည္လိုလူတစ္ေယာက္ကေတာ့ မင္းဘဝထဲမွာ ေပၚလာပါလိမ့္မယ္....
အဲ့သည္လူက မင္းကို ဘယ္လိုခံစားမိေစမွာလဲဆိုေတာ့......
လက္စသတ္ေတာ့ အသက္ျပည့္ၿပီးအ႐ြယ္တစ္ခုေရာက္ၿပီးရင့္က်က္ေနတဲ့လူတစ္ေယာက္ကလည္း ပုံျပင္ယုံတမ္းစကားေတြကို ယုံၾကည္သြားနိုင္ေသးတယ္လို႔ေပါ့.....
------
ဤအခ်ိန္ကာလမ်ားအတြင္း ဌာနရွိအလုပ္မ်ားမွာ ထပ္၍မ်ားျပားလာပါေသးသည္။
ႏွစ္ပတ္တိတိအလုပ္ဆင္းၿပီးေနာက္တြင္မွ ဝိန္းရိဖန္တစ္ေယာက္ အားလပ္ရက္ရခဲ့သည္။ ထိုေန႕က သာမန္႐ုံးတက္႐ုံးဆင္းေန႕တစ္ေန႕ျဖစ္ေနသျဖင့္ စန္းရန္က အလုပ္သြားရၿပီး ၊ အလုပ္နားရက္ရထားသည့္သူမကသာ လုပ္စရာအလုပ္မရွိ ၊ တစ္ေန႕လုံး အိမ္ထဲ၌သာ ေနေနေလသည္။
ဝိန္းရိဖန္က အစားပင္မစားေတာ့ဘဲ တစ္ခဏေနလွ်င္ အိပ္လိုက္ ၊ အိပ္ၿပီးလွ်င္ ဖုန္းကစားလိုက္ ၊ ဖုန္းကစားၿပီးလွ်င္ ျပန္အိပ္လိုက္ျဖင့္ တစ္ေန႕လုံး အိပ္ရာထဲမွမထေခ်။ စန္းရန္ အလုပ္ဆင္းခါနီး အခ်ိန္မွသာ အိပ္ရာထဲမွကုန္း႐ုန္းထၿပီး မီးဖိုေခ်ာင္ဝင္၍ ညစာျပင္လိုက္၏။
ေရခဲေသတၱာထဲတြင္ လတ္လတ္ဆတ္ဆတ္သားငါးသီးႏွံမ်ားကမနည္း။ အိပ္ရာထဲမွထလာၿပီးေနာက္တြင္ေတာ့ ဝိန္းရိဖန္က ပ်င္းရိမေနေတာ့ဘဲ ဟင္းသုံးခြက္ႏွင့္စြပ္ျပဳတ္တစ္မ်ိဳးကို ေအးေအးလူလူခ်က္ျပဳတ္ေနလိုက္၏။
ေနာက္ဆုံးဟင္းတစ္ခြက္ကို ခ်က္ျပဳတ္ၿပီး စားပြဲေပၚတင္လိုက္သည့္အခ်ိန္တြင္ေတာ့ အခ်ိန္ကိုက္ဆိုသလို တံခါးဖြင့္သံအား ၾကားလိုက္ရ၏။
စန္းရန္က ကားေသာ့ကိုေဘးဘက္၌ခ်ိတ္ေနရင္း သူမရွိသည့္ဘက္သို႔ လွမ္းၾကည့္လိုက္၏။ ခ်က္ခ်င္းဆိုသလိုအၾကည့္မ်ားက ေအာက္ေလ်ာ့လာၿပီး ထမင္းစားပြဲဆီသို႔ ထပ္၍လွမ္းၾကည့္လာခဲ့သည္။ မ်က္ခုံးမ်ား ခပ္ေရးေရးပင့္ျမႇောက္ျပလာရင္း အိမ္ေနရင္းဖိနပ္အပါးကိုလဲစီးကာ အေရွ႕သို႔ေလွ်ာက္လာခဲ့၏။
ႏွစ္ဦးသားက အရင္ကတည္းက ယခုလိုအတိုင္းပင္ျဖစ္သည္။
အိမ္ခန္းမွ်ေနၾကသည့္ အရင္အခ်ိန္မ်ားတုန္းကအတိုင္း အားလပ္သည့္သူကသာခ်က္ျပဳတ္ၿပီး မည္သူ႕အလွည့္ဟူ၍ မသတ္မွတ္ထားေပ။ ဝိန္းရိဖန္သည္ ယခင္က တစ္ေယာက္တည္းေနထိုင္သည့္သူမ်ိဳးျဖစ္သည့္အတြက္ တစ္ကိုယ္တည္းစာ ခ်က္ျပဳတ္ရမည္ကိုပ်င္းရိပါေသာ္ျငား တစ္စုံတစ္ေယာက္က သူမႏွင့္အတူ အေဖာ္ျပဳစားေပးမည္ဆိုလွ်င္ေတာ့ အားတက္တေရာခ်က္ျပဳတ္မည္ပင္။
စန္းရန္က ကုတ္အကၤ်ီကိုခြၽတ္လိုက္ရင္း အလ်င္းသင့္သလို သူမ၏ဆံပင္ကိုလည္း ဆြဲဖြသြားေသး၏။
ဝိန္းရိဖန္၏ဆံပင္တို႔က စန္းရန္ေၾကာင့္ ပြေယာင္းခတ္ကုန္ေသာ္လည္း အထူးတလည္ျပန္ျပင္ေနျခင္းမရွိ။ သူမကိုယ္တိုင္အတြက္ စြပ္ျပဳတ္တစ္ပန္းကန္ ခူးခပ္လိုက္ၿပီး တစ္ငုံခ်င္းစီေသာက္ေနရင္းျဖင့္ ;
"ဒီေန႕ ပင္ပန္းလာလား"
"ဒီလိုပါပဲ"
စန္းရန္က သူမ၏ေဘးနားတြင္ဝင္ထိုင္လိုက္၍ ;
"ဘာလို႔လဲ"
"ဒါဆို ခဏေနက်ရင္ ငါတို႔ ႐ုပ္ရွင္ၾကည့္ရေအာင္ ၊ အိမ္မွာပဲေလ ၊ ငါ့သူငယ္ခ်င္းတစ္ေယာက္ ငါ့ကို သည္းထိတ္ရင္ဖိုကားတစ္ကားၫႊန္းေပးထားတာ ၊ ၾကည့္လို႔ေကာင္းမယ့္ပုံပဲ"
စန္းရန္က မ်က္လုံးပင့္ၾကည့္လာကာ ဝိန္းရိဖန္၏မ်က္လုံးေအာက္မွ အညိုေရာင္အကြင္းရာမ်ားကိုစိုက္ၾကည့္၍
"အိပ္ခ်င္ေနတယ္ဆိုရင္ ေစာေစာနား"
အခ်ိန္ကို တစ္ခ်က္ထပ္ၾကည့္လိုက္ရင္း ;
"ဒီေန႕မၾကည့္ရလည္း ဘာမွမျဖစ္ပါဘူး"
ဝိန္းရိဖန္က ေမာ့ၾကည့္လာခဲ့၏။
စန္းရန္ ;
"ကိုယ္က ဘယ္ေန႕ျဖစ္ျဖစ္ မင္းကိုအေဖာ္လုပ္ၿပီးၾကည့္ေပးနိုင္တယ္"
"ငါ မအိပ္ခ်င္ပါဘူး ၊ တစ္ေန႕လုံးအိပ္ထားတာ"
ဝိန္းရိဖန္က ခပ္ႏြေးႏြေးစြပ္ျပဳတ္ရည္အားကုန္ေအာင္ ေသာက္လိုက္ၿပီးေနာက္ စန္းရန္ဘက္သို႔လွည့္၍ စကားဆို၏။
"ဒါဆို ခဏေနၾကည့္မယ္မလား ၊ ေနာက္ရက္က်မွ ငါ့သူငယ္ခ်င္းကို ထပ္ၿပီးဇာတ္ကားေတြထပ္ၫႊန္းခိုင္းလိုက္မယ္"
"အမ္"
ဝိန္းရိဖန္ ;
"ေနာက္တစ္ခါ ထပ္ၾကည့္ဖို႔"
စန္းရန္က သူမအား တည့္တည့္စူးစိုက္ၾကည့္လာၿပီး ႐ုတ္တရက္ အသံထြက္ေအာင္ရယ္လိုက္ပါေတာ့၏။ သူ႕စကားသံတို႔ထဲတြင္ စေနာက္လိုသည့္အေငြ႕အသက္မ်ားပါဝင္လာၿပီး ;
"ဝိန္း႐ႊမ္းက်န့္ ၊ မင္းရဲ႕အဓိကဦးတည္ခ်က္က ႐ုပ္ရွင္ၾကည့္ဖို႔လား ၊ ကိုယ္လား"
ဝိန္းရိဖန္က တဖန္ျပန္ၾကည့္ေနရင္း ;
"နင္"
"...."
စန္းရန္၏အမူအရာတို႔မွာ မသိမသာေလးတုံ႕ခနဲ ျဖစ္သြားခဲ့၏။
ေခါင္းငုံ႕သြားၿပီး ထမင္းဆက္စားေနသည့္ဝိန္းရိဖန္ထံမွ အသံတိုးတိုးေလးတစ္ခု ထပ္၍ထြက္လာခဲ့သည္။
"နင္နဲ႕အတူတူ ၾကည့္ခ်င္လို႔"
ညစာစားၿပီးေနာက္တြင္ ဝိန္းရိဖန္က ဧည့္ခန္းထဲအရင္ထြက္လာၿပီး ရီမုခလုတ္ကိုယူ ၊ ဖုကြၽမ့္ ၫႊန္းထားေပးသည့္ဇာတ္လမ္းကို ရွာၾကည့္လိုက္၏။ အင္တာနက္ခ်ိတ္ထားသည့္တီဗြီအတြင္းရွိ ေဆာ့ဝဲလ္ေပါင္းမ်ားစြာ ေမႊႏွောက္ၿပီးကာမွ ခက္ခက္ခဲခဲ ရွာေတြ႕လိုက္ျခင္းျဖစ္ကာ ၊ သူမ ရွာေတြ႕ၿပီး သိပ္မၾကာခင္ပင္ စန္းရန္က စားပြဲရွင္းၿပီးထြက္လာခဲ့သည္။
သူက ဝိန္းရိဖန္၏ေဘး၌ တိုက္ရိုက္ဝင္ထိုင္လိုက္၏။
ဝိန္းရိဖန္က ေကာ္ဖီစားပြဲေပၚတင္ထားသည့္ေရခြက္ထဲမွေရတစ္ငုံလည္းေသာက္ရင္း တစ္ဖက္ကလည္း ဇာတ္လမ္းကိုစဖြင့္လိုက္သည္။
ေၾကာ္ျငာမ်ားလႊင့္ေနသည္မွာ တစ္ခဏ။
ဝိန္းရိဖန္က ေဘးနားတြင္ခ်ထားသည့္ဖုန္းအား လွမ္းယူဖြင့္ၾကည့္လိုက္ရာ မဖတ္ရေသးေသာမက္ေဆ့မ်ားစြာကို ေတြ႕လိုက္ရသျဖင့္ အလ်င္းသင့္သလိုဖတ္ၾကည့္ေနရင္း က်ိန့္ခယ္က်ား၏မက္ေဆ့ေဘာက္ကို ႏွိပ္ၾကည့္မိလိုက္သည္။
မက္ေဆ့ေပါင္းမ်ားစြာက တၿပိဳင္တည္းတက္လာခဲ့၏။
[ ငါေတာ့ စိတ္ပ်က္တယ္ ]
[ နင့္အေဖဘက္ကအမ်ိဳးေတြက အရမ္းအရွက္မဲ့လြန္းတယ္ေနာ္ ]
[ သူတို႔ ငါ့အိမ္ေပၚတက္ေနေနတာ တစ္ပတ္ေတာင္ရွိၿပီ! အခုထိ မသြားေသးဘူး! ! ! ဘယ္အခ်ိန္ထိေနဖို႔မ်ား စဥ္းစားေနၾကတာလဲ? ]
[ ဘယ္လိုပဲ အမ်ိဳးေတာ္ၾကည့္ၾကည့္ နင္နဲ႕က ပိုၿပီးေသြးခ်င္းနီးတာမလား ၊ နင္ အဲ့လူေတြကို ျမန္ျမန္လာေခၚသြားေပးလို႔မရဘူးလား? ]
[ နင့္ရဲ႕အဲ့ဒီေဒၚေလးဆိုတဲ့တစ္ေယာက္ကလည္း ေမေမ့ဆီကိုလာၿပီး အၿမဲတမ္းပိုက္ဆံေတာင္းေနတယ္ (smile emoji) ]
[ သူ႕သား မဂၤလာခါနီး အိမ္ဝယ္ခ်င္တဲ့ကိစၥက ငါတို႔နဲ႕ဘာဆိုင္လို႔လဲ? ]
"...."
တစ္ဖက္လူထံမွ မက္ေဆ့မ်ားဟာ သစ္႐ြက္မ်ားတျဖဳတ္ျဖဳတ္ေႂကြေနသည့္အလား တစ္ခုၿပီးတစ္ခု အဆက္မျပတ္ေပ။
ဝိန္းရိဖန္ တစ္ခဏၾကာၾကာစိုက္ၾကည့္ေနမိၿပီး နဂိုမူလရွိေနသည့္စိတ္ၾကည္လင္မႈမ်ားက ႐ုတ္ခ်ည္း ကြယ္ေပ်ာက္သြားေလေတာ့၏။ ဤအခ်ိန္တြင္ စန္းရန္က သူမ၏အာ႐ုံအား ဝင္ႏွောက္ယွက္လာ၏။
"ဘယ္သူနဲ႕စကားေတြေျပာေနတာလဲ"
သူမက ဖုန္းကိုပိတ္ၿပီး ေခါင္းေမာ့ၾကည့္လိုက္၏။
"ကိုယ္နဲ႕အတူတူ ႐ုပ္ရွင္ၾကည့္ခ်င္တယ္ဆိုရင္လည္း နည္းနည္းပါးပါး အာ႐ုံစိုက္ေပးလို႔...."
စန္းရန္က ေအးေအးလူလူျဖင့္ဆက္၍ ;
"ရမလား?"
ဖုန္းတုန္ခါသံမွာ ရပ္မသြားေသး။
ဝိန္းရိဖန္က စိတ္ခံစားခ်က္မ်ားကိုထိန္းၿပီး လက္ထဲမွဖုန္းကိုင္ဆုတ္ကိုင္ထားပစ္လိုက္၏။
"သိပါၿပီ ၊ ငါ ဖုန္းကို မၾကည့္ေတာ့ဘူး"
စန္းရန္က ေရးေရးေလးၿပဳံးျပ၍ ;
"ဘာျဖစ္လို႔ ႐ုတ္တရက္ ဒီမ်က္ႏွာအမူအရာမ်ိဳး ျဖစ္သြားရတာလဲ"
"မျဖစ္ပါဘူး"
ဝိန္းရိဖန္က ျပန္ၿပဳံးျပလိုက္ရင္း ;
"႐ုပ္ရွင္ၾကည့္မယ္ေလ"
သူမဘက္မွ ဘာမွထုတ္မေျပာလာခ်င္မွန္း နားလည္မိလိုက္သျဖင့္ စန္းရန္က လွမ္းၾကည့္ေန႐ုံကလြဲ ထပ္မေမးေတာ့၏။
ဇာတ္လမ္းမွာ စတင္ေနၿပီ။
စန္းရန္က ေရခဲေသတၱာထဲမွ သစ္သီးအား ထသြားယူသည့္တစ္ခဏတြင္ ဝိန္းရိဖန္သည္ ေနာက္ထပ္တစ္ႀကိမ္ဖုန္းဖြင့္ၾကည့္လိုက္၏။
က်ိန့္ခယ္က်ားပို႔ထားသည့္မက္ေဆ့မ်ားမွာ စာတန္းရွည္ႀကီးနီးပါးပင္ရွိၿပီး အားလုံးမွာ စိတ္ပ်က္သည့္အေၾကာင္းေျပာထားသည့္စကားမ်ားသာျဖစ္သည္။ အဆိုးျမင္ဝါဒီစာလုံးမ်ားအၿပီး ေအာက္ဆုံးတြင္ ဝါက်တစ္ေၾကာင္းက ထင္သာျမင္သာျဖင့္ရွိေန၏။
[ ေမေမက ငါကေနတဆင့္ နင့္ကိုေမးခိုင္းလိုက္တယ္ ၊ ဒီႏွစ္ ႏွစ္သစ္ကူးကို အိမ္ျပန္လာမွာလားတဲ့ ]
ဝိန္းရိဖန္က အေပၚဘက္မွစာမ်ားကို ဆြဲမၾကည့္။
က်ိန့္ခယ္က်ားအား Wechat add ၿပီးေနာက္တြင္ တစ္ဖက္လူက ဘာမွမ်ားမ်ားစားစားမဆိုလာသျဖင့္ ဝိန္းရိဖန္လည္း အႏွောက္အယွက္ကင္းကင္းေနေနရကာ အေကာင့္ဖ်က္ပစ္ဖို႔ရာ ေမ့သြားခဲ့မိသည္။ လက္ရွိအခ်ိန္တြင္ စာျပန္ဖို႔ကို စဥ္းပင္မစဥ္းစားဘဲ တစ္ဖက္လူအား Blacklist ထဲခ်က္ခ်င္းထည့္ပစ္လိုက္သည္။
စန္းရန္က အခုေလးတင္ေရေဆးလာသည့္ပန္းသီးတစ္လုံးအား သူမ၏လက္ထဲသို႔ထည့္ေပးလာခဲ့ရင္း ဘာကိုေတြးထားမိထားမွန္းမသိ စကားတစ္ခြန္းအားလွ်ပ္တျပက္ေမးလာခဲ့သည္။
"မင္း ဘယ္ေန႕က်ရင္ ပိတ္ရက္ရမွာလဲ"
ဝိန္းရိဖန္ ; "အမ္"
စန္းရန္ ; "ႏွစ္သစ္ကူးအတြက္"
ဝိန္းရိဖန္ ;
"ႏွစ္သစ္ကူးၿပီး တစ္ရက္ေန႕ကေန သုံးရက္ေန႕အထိ ၊ တကယ္လို႔ အေရးေပၚကိစၥမ်ိဳးရွိလာရင္ေတာ့ အခ်ိန္ပိုဆင္းရမွာ"
"အိမ္ျပန္မွာလား"
ဝိန္းရိဖန္ တစ္ခဏတိတိ တိတ္သြားခဲ့ၿပီးမွ ;
"မျပန္ျဖစ္ေလာက္ဘူး ထင္တာပဲ"
"အို႔...ဒါဆို ကိုယ္တြက္ၾကည့္လိုက္ဦးမယ္"
"ဘာတြက္ၾကည့္မွာလဲ"
"ဘာတြက္ၾကည့္မွာလဲဆိုေတာ့...."
စန္းရန္က ေခါင္းေစာင္းကာ အသာအယာလွမ္းၾကည့္လာခဲ့၍ ;
"ဘယ္အခ်ိန္ မင္းဆီျပန္လာရမလဲဆိုတာ"
ဤစကားတစ္ခြန္းက ဝိန္းရိဖန္အား အရင္ႏွစ္ ႏွစ္သစ္ကူးအခ်ိန္တြင္ စန္းရန္က သူ႕ေဆြမ်ိဳးမ်ား အိမ္သို႔အလည္လာသည့္အေၾကာင္းျပခ်က္ျဖင့္ ႏွစ္သစ္ကူးကာလတစ္ခုလုံး အိမ္ျပန္မအိပ္သည့္ကိစၥကို ျပန္အမွတ္ရေစမိလိုက္သည္။ သူမ၏ႏႈတ္ခမ္းပါးက လႈပ္ခတ္သြားေသာ္လည္း ေျပာစရာစကားကိုရွာမေတြ႕ ၊ အေတာ္ေလးၾကာသြားၿပီးခါမွ ;
"ငါ့မွာ ပြဲေတာ္ကိုျဖတ္သန္းခ်င္တာေတြဘာေတြ မရွိပါဘူး ၊ နင္ မိသားစုေတြနဲ႕ပဲ အတူတူေနေနလို႔ရတယ္"
"ေဆြမ်ိဳးေတြဆီ ပတ္ၿပီးလည္ရမွာ ပင္ပန္းလြန္းလို႔"
စန္းရန္က ၿပဳံးလိုက္ရင္း စကားဆက္ဆိုလာခဲ့သည္။
"မင္းအျမင္မွာ ကိုယ္ကေရာ ပြဲေတာ္လုပ္ၿပီးျဖတ္သန္းေနရမွာကို ႀကိဳက္တဲ့သူနဲ႕တူလို႔လား"
ဝိန္းရိဖန္က ဘာစကားမ်ိဳးဆိုရမည္မွန္း မသိေတာ့သျဖင့္ ပန္းသီးတစ္ကိုက္,ကိုက္လိုက္ၿပီး ဇာတ္လမ္းသာ ဆက္ၾကည့္ေနလိုက္၏။
စိတ္အာ႐ုံမွာေတာ့ ဇာတ္လမ္းေပၚ၌ လုံးဝမရွိပါေပ။
က်ိန့္ခယ္က်ားပို႔လာသည့္ မက္ေဆ့မ်ားကို ေတြးၾကည့္ေနသည့္အခ်ိန္ စန္းရန္က ထပ္၍ သူမ၏စိတ္အေျခအေနကို ခံစားမိပုံရသည့္အရိပ္အေျခမ်ိဳးတို႔ ႀကဳံႀကိဳက္သြားရသည့္အခါ ဝိန္းရိဖန္အေနျဖင့္ သူမ၏လက္ရွိစိတ္ခံစားခ်က္ကို ေဖာ္ျပနိုင္စြမ္းပင္ မတတ္နိုင္ပါေတာ့၏။
ထိုမေကာင္းသည့္စိတ္ခံစားခ်က္ေနရာတြင္ တစ္ခုခုက အစားထိုးဝင္ေရာက္လာသလိုမ်ိဳးပင္။
ဆိုး႐ြာသည္လည္းမဆိုနိုင္။
အနည္းငယ္ ပိတ္ေလွာင္မြန္းၾကပ္သြားသလိုမ်ိဳး ခံစားလိုက္ရ႐ုံ။
တစ္စိတ္တစ္ပိုင္းမွာ အိမ္တြင္းေရး ထိုအစုတ္အျပတ္ကိစၥမ်ားေၾကာင့္.....
အမ်ားဆုံးမွာေတာ့ စန္းရန္ေၾကာင့္ ၊ သူ႕ဘက္မွ သူမအေပၚ ဆက္ဆံေပးေနသည့္ပုံစံေၾကာင့္ပင္။
ႏွစ္သစ္ကူးတြင္အိမ္မျပန္ေတာ့မည့္အေၾကာင္းကိုသိသြားေသာ္ျငား စန္းရန္က အေၾကာင္းျပခ်က္ကိုမသိရွိထားနိုင္သလို ေမးျမန္းျခင္းလည္းမျပဳ။ သူ ေမးလိုက္သည့္ေမးခြန္းတစ္ခုက သူမအတြက္အခက္အခဲျဖစ္ေစမည္ကို စိုးရိမ္ျခင္းေၾကာင့္ျဖစ္နိုင္ၿပီး ၊ ထို႔ေၾကာင့္လည္း တျခားနည္းလမ္းျဖင့္ သူမအား အေဖာ္လာလုပ္ေပးမည္ဟု တိုက္ရိုက္ဆိုလိုက္ျခင္းပင္။
သို႔ေသာ္လည္း သူမကိုယ္တိုင္သည္က ထိုကိစၥမ်ားအားေျပာျပဖို႔ရာ အၿမဲတမ္းေရွာင္ဖယ္ေနမည့္သူ။
ယခုလိုအေျခအေနမ်ိဳးႏွင့္ႀကဳံလာတိုင္း တုံ႕ျပန္လိုက္မည့္ တစ္ခုတည္းေသာနည္းလမ္းမွာ ေရွာင္ေျပးျခင္းပင္ျဖစ္ၿပီး လုံးဝလုံးဝ ထုတ္ဟလာမည္မ်ိဳးမဟုတ္။
သူ႕ဘက္မွ သိခ်င္ေနသည့္တိုင္ သူမဘက္က မေျပာျပခ်င္။
ထိုအခါ သူ႕ဘက္မွ မသိခ်င္သလိုမ်ိဳးသာ ဟန္ေဆာင္ေနေလေတာ့၏။
ဝိန္းရိဖန္က စိတ္ကိုျပင္ဆင္ ၊ ဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္တြင္ေတာ့ ႐ုတ္တရက္လွမ္းေခၚလိုက္သည္။
"စန္းရန္"
စန္းရန္၏အၾကည့္မ်ားက တီဗြီေပၚ၌ေရာက္ေနၿပီး အလ်င္းသင့္သလိုျပန္ေျဖလာ၏။
"ဟမ္"
"ခုဏတုန္းက ငါ့ကို မက္ေဆ့ပို႔လာတာ က်ိန့္ခယ္က်ား"
ဝိန္းရိဖန္သည္လည္း တီဗြီကိုသာၾကည့္ေနျခင္းျဖစ္ၿပီး ပုံမွန္သာစကားဆိုေန၏။
"သူေျပာတာ....ငါ့အေမက ငါ့ကို ဒီႏွစ္,ႏွစ္သစ္ကူးအိမ္ျပန္လာမွာလားလို႔ ေမးခိုင္းလိုက္လို႔တဲ့"
"...."
"ဒါေပမယ့္ ငါနဲ႕ ငါ့ပေထြးရဲ႕ဆက္ဆံေရးက အရမ္းအဆင္ေျပေနတာမ်ိဳး မဟုတ္ဘူး"
ဝိန္းရိဖန္က တစ္ခဏမွ်ရပ္လိုက္ၿပီးမွ ဆက္၍ ;
"ငါ့ေဖေဖ ဆုံးၿပီးသိပ္မၾကာခင္မွာပဲ ငါ့အေမ ေနာက္အိမ္ေထာင္ျပဳသြားတာေလ"
စန္းရန္က သူမအား ခ်က္ခ်င္းလွည့္ၾကည့္လာၿပီး သူ႕မ်က္ႏွာေပၚမွ စေနာက္ေနျခင္းမ်ားဟာလည္း လြင့္ပ်ယ္ေပ်ာက္ကြယ္သြားခဲ့၏။
"ဘယ္အခ်ိန္တုန္းကကိစၥလဲ"
ဝိန္းရိဖန္က စကၠန့္ပိုင္းၾကာေအာင္ တိတ္ဆိတ္ေနခဲ့ေသးသည္။
"အထက္တန္းပထမႏွစ္ရဲ႕ ေနာက္စာသင္ႏွစ္ဝက္"
"...."
"ဟုတ္တယ္...."
ဝိန္းရိဖန္၏စကားသံတို႔မွာ ေျပာထြက္ရခက္ေနသည့္အလား
"ငါ အတန္းတက္ေနရင္း တစ္ဝက္တစ္ပ်က္....ဆရာမက အျပင္ထြက္လာဖို႔ ေခၚလိုက္တဲ့အခ်ိန္တုန္းက..."
အတိတ္မွ မွတ္ဥာဏ္မ်ားဟာ ႐ုတ္ခ်ည္းျပန္ေပၚလာခဲ့ၿပီး ဒုတိယႏွစ္ စာသင္ႏွစ္ဝက္၏ တစ္ေန႕ေသာေန႕လည္ခင္းအခ်ိန္ဆီသို႔။
ထိုေန႕ဟာ အလြန္ကိုမွေအးစိမ့္ေနသည့္ေဆာင္းရာသီႀကီးထဲမွ ေန႕တစ္ေန႕မွန္း ဝိန္းရိဖန္ မွတ္မိေနပါေသးသည္။
စာသင္ခန္းထဲရွိျပတင္းေပါက္မ်ားကို အလုံပိတ္ထားၿပီး ေလဝင္ေလထြက္မရွိပါသည့္တိုင္ ေနရာတိုင္းက ေလေအးမ်ား တစိမ့္စိမ့္တိုးဝင္ေနခဲ့သည္။ သူမ၏လက္ေခ်ာင္းမ်ားဟာ ေအးခဲလြန္းေနခဲ့သျဖင့္ ေရးမိထားသည့္စာလုံးမ်ားပင္ အရင္ကႏွင့္မတူ။
သခၤ်ာဆရာ၏ခ်ဲ့ကားလြန္းသည့္စကားမ်ားကို နားေထာင္ရင္း အနည္းငယ္အိပ္ငိုက္လာေတာ့၏။
ဤအခ်ိန္တြင္ အတန္းပိုင္ဆရာမ'က်န္ဝိန္ဟုန္'က ႐ုတ္တရက္ တံခါးေရွ႕တြင္ေပၚလာခဲ့သည္။ လက္ထဲတြင္ဖုန္းကိုကိုင္ထားရင္း အမူအရာတို႔က ေလာေလာျပာျပာျဖင့္ စာသင္ခ်ိန္အား အႏွောက္အယွက္ျပဳလာခဲ့၏။
"ေတာင္းပန္ပါတယ္ေနာ္ ၊ ခ်န္ေလာင္ရွစ္"
သခၤ်ာဆရာ ;
"ဘာျဖစ္လို႔လဲ"
"ကိစၥေလးရွိလို႔ပါ"
က်န္ဝိန္ဟုန္က ဝိန္းရိဖန္အား လွမ္းၾကည့္လာ၍ ;
"ရိဖန္ ၊ သမီး ခဏထြက္လာခဲ့ဦး"
ဘာေၾကာင့္မွန္းမသိ က်န္ဝိန္ဟုန္၏ပုံစံကိုၾကည့္ရင္း ဝိန္းရိဖန္၏စိတ္ထဲ မေကာင္းသည့္ခံစားခ်က္မ်ား ျဖစ္တည္လာမိေတာ့သည္။ ကိစၥႀကီးႀကီးမားမားမျဖစ္လာခင္ အထက္ေကာင္းကင္နတ္မင္းႀကီးက သနားစာနာမႈကိုျပသည့္အေနျဖင့္ ခံစားရမႈဒဏ္ အနည္းငယ္ေပါ့ေလ်ာ့သြားေအာင္လုပ္ေပးေနသလိုပါပင္။
သို႔သည္တိုင္ သူမက ေသးေသးမႊားမႊားကိစၥေလးအျဖစ္သာ ထင္မွတ္ထားၿပီး အမ်ားဆုံး စည္းကမ္းထိန္းသိမ္းဖို႔ရာသင္ခန္းစာေပးခံရ ၊ အုပ္ထိန္းသူေခၚခံရေလာက္သည္အထိသာ ေမွ်ာ္လင့္ထား၏။ ေနာက္ဆက္တြဲမွာေတာ့ ထိုအသက္အ႐ြယ္ေလးတြင္ ႀကဳံေတြ႕ရေလ့ရွိသည့္ 'ကိစၥႀကီးမ်ား' ဟူ၍။
ေဘးပတ္ပတ္လည္မွအတန္းေဖာ္မ်ားက သူမအား ခ်က္ခ်င္းဝိုင္းၾကည့္လာခဲ့ၾကသည္။
စာေရးခုံေပၚ၌ လွဲေနသည့္စန္းရန္သည္ပင္ ခပ္မတ္မတ္ေလး ျဖစ္လာခဲ့၏။
ဝိန္းရိဖန္ ခ်က္ခ်င္းနိုးသြားခဲ့ၿပီး ေၾကာင္အမ္းအမ္းျဖင့္ လက္ထဲမွေဘာပင္ကိုခ်လိဳက္ကာ က်န္ဝိန္ဟုန္ဆီသို႔ ေလွ်ာက္လာသည္။
က်န္ဝိန္ဟုန္က သူမအား ေဘးတစ္ဖက္သို႔ဆြဲေခၚၿပီး စကားဆိုလာခဲ့၏။
သူမ ထိတ္လန့္သြားမည္ကိုစိုးရိမ္သည့္အလား က်န္ဝိန္ဟုန္၏အသံမွာ ပုံမွန္ထက္ပင္ ျငင္သာေနခဲ့ၿပီး သနားစာနာသည့္အရိပ္အေယာင္မ်ားမွာ စကားလုံးတို႔ထဲ၌ သိသိသာသာ။
"သမီးရဲ႕ပစၥည္းေတြကို သိမ္းလာခဲ့ေနာ္ ၊ သမီးေမေမက အခုေလးပဲ ေလာင္ရွစ္ဆီဖုန္းဆက္လာတယ္ ၊ အခုခ်က္ခ်င္း သမီးကို လာႀကိဳမယ္တဲ့"
"...."
ဝိန္းရိဖန္က ေၾကာင္အမ္းေနရင္း ;
"ဘာလို႔လဲ"
"သမီးေဖေဖ..."
က်န္ဝိန္ဟုန္က ေျပာထြက္ဖို႔ရာ ခက္ခဲလြန္းေနသည့္ဟန္ျဖင့္ ;
"အေျခအေန သိပ္မေကာင္းဘူး"
ထိုအခိုက္အတန့္တြင္ ဝိန္းရိဖန္ ခံစားေနမိခဲ့သည္မွာ အိပ္မက္မက္ေနသည္ဟူ၍ပင္။
ထိုစကားမ်ားအတြက္ ႀကိဳတင္အသိေပးထားျခင္းမရွိသည့္ ဦးႏွောက္တစ္ခုလုံးဟာလည္း ဗလာက်င္းလ်က္။ စိတ္ကူးယဥ္မႈတစ္ခုဟုသာ ထင္ေနမိၿပီး ထူးဆန္းလြန္းသည့္စကားလုံးမ်ားကို ၾကားလိုက္မိ႐ုံသက္သက္။ သို႔သည့္တိုင္ သူမထပ္၍လည္း အတည္ျပဳမေမးျမန္းရဲေတာ့သလို ခႏၶာကိုယ္တစ္ခုလုံးက တုန္ယင္ေနၿပီျဖစ္ေၾကာင္းကိုေတာ့ ရွင္းရွင္းလင္းလင္းခံစားမိေနခဲ့သည္။
ဝိန္းရိဖန္သည္ မည္သည့္အမူအရာမ်ိဳးမွရွိမေနေသာမ်က္ႏွာျဖင့္ အတန္းထဲျပန္ဝင္လာခဲ့သည္။
သူမ၏ေနရာ၌ မတ္တပ္ရပ္ ၊ စာသင္ခုံထဲမွ ေက်ာင္းလြယ္အိတ္ကို ဆြဲထုတ္လိုက္ကာ....
အသံတစ္ခ်က္ျမည္သြားၿပီး....
အတြင္းထဲမွ ပစၥည္းမ်ားသည္ သူမ ဆြဲထုတ္လိုက္သည့္အရွိန္ေၾကာင့္ ၾကမ္းျပင္ေပၚျပဳတ္က်ကဳန္ပါေတာ့သည္။
သခၤ်ာဆရာက စကားေျပာေနသည္ကိုရပ္ကာ မ်က္ေမွာင္က်ဳံ႕လ်က္ျဖင့္ ;
"ဘာျဖစ္တာလဲ"
ဝိန္းရိဖန္ အသိစိတ္ကပ္သြားသည့္အလား ႐ုတ္ခ်ည္းလွည့္ၾကည့္မိလိုက္၏။
"ဘာမွမျဖစ္ပါဘူး ၊ ေတာင္းပန္ပါတယ္ ေလာင္ရွစ္"
စကားဆိုၿပီးသည္ႏွင့္ ဝိန္းရိဖန္က ၾကမ္းျပင္ေပၚက်သြားသည့္ပစၥည္းမ်ားကို ေျဖးေျဖးခ်င္းေကာက္ယူလိုက္ကာ ေဘးနားတြင္ထိုင္ၾကသည့္အတန္းေဖာ္မ်ားကလည္း ကူေကာက္ေပးလာၾကသျဖင့္ ေက်းဇူးတင္စကားကိုခပ္တိုးတိုးေလးေျပာလိုက္ၿပီး မတ္တပ္ထရပ္လိုက္သည္။
လြယ္အိတ္လြယ္ၿပီး ထြက္လာခါနီးတြင္။
သူမ စန္းရန္ရွိသည့္ဘက္သို႔ အလိုလိုလွမ္းၾကည့္မိလိုက္သည္။
သူက ေနရာ၌သာထိုင္ေနဆဲျဖစ္ၿပီး သူ႕အမူအရာမွာ တမ်ိဳးတမည္မရွင္းမလင္းျဖစ္ေနၿပီး သူမအား လွမ္းၾကည့္ေနေလသည္။
လူႏွစ္ေယာက္၏အၾကည့္မ်ားဟာ ဆုံစည္းသြားၾကလ်က္သား။
ဝိန္းရိဖန္သည္ ႏႈတ္ခမ္းကိုတင္းတင္းေစ့ထားရင္း တစ္ဖက္သို႔လွည့္ကာ အတန္းထဲမွထြက္လာခဲ့သည္။ က်န္ဝိန္ဟုန္ေပးလိုက္သည့္ ခြင့္ေပးသည့္စာကိုကိုင္ကာ ေက်ာင္းဂိတ္ေပါက္ဝဆီသို႔အျမန္ေလွ်ာက္ထြက္လာခဲ့ရင္း စိတ္ထဲတြင္လည္း က်န္ဝိန္ဟုန္ေျပာသည့္စကားမ်ားျဖင့္သာ ျပည့္ေနခဲ့သည္။
သမီးေဖေဖရဲ႕ အေျခအေနက သိပ္မေကာင္းဘူး....
အေျခအေန.....
သိပ္မေကာင္းဘူး....
သည္စကားက ဘယ်လိုအဓိပ္ပါယ်များလဲ....
သူမ၏ေဖေဖက အဘယ္ေၾကာင့္ အေျခအေနမေကာင္းရသနည္း။
သူမ၏ေဖေဖက အေကာင္းႀကီးရွိေနလ်က္သားနဲ႕။
ခြင့္ေပးသည့္စာကို ဂိတ္အေစာင့္အားျပၿပီးေနာက္ ဝိန္းရိဖန္ ေက်ာင္းထဲမွထြက္လာလိုက္ကာ လြယ္အိတ္ထဲမွဖုန္းကိုထုတ္လိုက္၏။ စက္ဖြင့္ၿပီး အေျခအေနကိုအတည္ျပဳခ်င္သည့္အတြက္ ေက်ာက္ယြမ့္တုံထံ ခ်က္ခ်င္းဖုန္းေခၚဆိုလိုက္သည္။
တစ္ဖက္မွ ဖုန္းေျဖဆိုလာခဲ့သည္။
ေက်ာက္ယြမ့္တုံ၏အသံတို႔မွာ ရွိုက္သံမ်ားကပ္ပါလာခဲ့ၿပီး ငိုေနမွန္းသိသာလွသည္။
"အားက်န့္..."
ဤအခိုက္အတန့္တြင္ေတာ့။
က်န္ဝိန္ဟုန္ေျပာခဲ့သည့္စကားမ်ားကို ဝိန္းရိဖန္ အေသအခ်ာယုံၾကည္လိုက္ရပါေတာ့၏။ ႏႈတ္ခမ္းပါးက လႈပ္ခတ္မိေသာ္ျငား လည္ေခ်ာင္းဝထဲ၌တစ္စုံတစ္ရာ တစ္ဆို႔ေနသည့္အတိုင္း ဘာမွေျပာမထြက္လာေတာ့သလို ေက်ာက္ယြမ့္တုံေျပာမည့္စကားမ်ားကိုလည္း နားမေထာင္ခ်င္ပါေတာ့ေပ။
"ေမေမ ဘႀကီးကိုလာႀကိဳခိုင္းထားတယ္ ၊ ဒါေပမယ့္ သူ လာႀကိဳဖို႔က နည္းနည္းၾကာဦးမွာ ၊ သမီး ၿမိဳ႕ေဆး႐ုံကို တကၠစီစီးလာလိုက္ေနာ္ ၊ သမီးရဲ႕ေဒၚေလး ေအာက္မွေစာင့္ေနလိမ့္မယ္"
ဝိန္းရိဖန္ ခပ္တိုးတိုးေလးသာ ျပန္ေျဖနိုင္ခဲ့၏။
"ဟုတ္"
ဝိန္းရိဖန္က ဖုန္းခ်ၿပီးသည္ႏွင့္ ေက်ာင္းေဘးနားရွိ မွတ္တိုင္ဆီသို႔ေလွ်ာက္လာခဲ့လိုက္သည္။
နန္းဝူ အမွတ္(၁)အထက္တန္းေက်ာင္းသည္ စိတ္ၿငိမ္ေသာပညာေရးကို အေလးေပးသည့္ေက်ာင္းျဖစ္ကာ ပထဝီဝင္ေျမအေနအထားအရ လူေျခတိတ္သည့္ေနရာမ်ိဳးတြင္ရွိ၍ သြားေရးလာေရးအတြက္ အေတာ္အသင့္အခက္အခဲရွိသည္။ မိနစ္ပိုင္းၾကာၾကာေစာင့္ေနပါသည့္တိုင္ ျဖတ္သြားျဖတ္လာ တကၠစီတစ္စီးမွ်ပင္ မေတြ႕ေသး။
ကံေကာင္းစြာျဖင့္ ဘတ္စ္ကားတစ္စင္းေရာက္လာခဲ့ကာ ဝိန္းရိဖန္က ထပ္ေစာင့္မေနေတာ့ဘဲ ဘတ္စ္ကားေပၚတက္လာခဲ့သည္။
ဤအခ်ိန္တြင္ ကားေပၚ၌ ယာဥ္ေမာင္းဆရာႏွင့္ သူမကလြဲ၍ အျခားမည္သူမွမရွိ။ ဝိန္းရိဖန္က ေနာက္တန္းရွိထိုင္ခုံမ်ားဆီသို႔ေလွ်ာက္လာခဲ့ၿပီး စိတ္ထဲတြင္ေတာ့ အခြံခ်ည္းသပ္သပ္ဗလာက်င္းေနခဲ့ကာ ေလာကကမၻာႀကီး ၿပိဳလဲက်ေနသည့္အတိုင္းပင္။
ကားစတင္ထြက္သြားၿပီး...
စကၠန့္ပိုင္းမွ်ပင္မၾကာေသးခင္ ႐ုတ္ခ်ည္း ေဆာင့္ရပ္သြားခဲ့ျပန္သည္။
ဝိန္းရိဖန္က ေနရာ၌ထိုင္ႏွင့္ၿပီးျဖစ္ကာ ရပ္လိုက္သည့္အရွိန္ေၾကာင့္ ခႏၶာကိုယ္က အေရွ႕သို႔ယိုင္ထိုးသြားခဲ့ရသည္။ ေမာ့ၾကည့္လိုက္လွ်င္ ဘတ္စ္ကားအေရွ႕တံခါးပြင့္သြားၿပီး ေကာင္ေလးတစ္ေယာက္ ဘတ္စ္ကားေပၚတက္လာခဲ့ကာ ယာဥ္ေမာင္းဆရာအားေက်းဇူးတင္ၿပီးေနာက္ သူမရွိရာဆီသို႔ အေမာတေကာျဖင့္ေလွ်ာက္လာခဲ့သည္။
ဝိန္းရိဖန္က တည္တည္ၿငိမ္ၿငိမ္ျဖင့္ ;
"နင္ ဘာလို႔ထြက္လာတာလဲ"
"႐ုတ္တရက္ အတန္းမတက္ခ်င္ေတာ့လို႔"
စန္းရန္က သူမ၏ေဘး၌ဝင္ထိုင္လိုက္ၿပီး ;
"အတန္းလစ္ရတဲ့အရသာကို တစ္ခါေလာက္စမ္းၾကည့္မလို႔"
တကယ္၍ ပုံမွန္အေျခအေနသာဆိုလွ်င္ ဝိန္းရိဖန္က သူ႕စကားမ်ားေနာက္လိုက္ၿပီး အလိုက္အထိုက္သုံးေလးခြန္း ျပန္ေျပာမိပါလိမ့္မည္။ သို႔ေသာ္ အခုအခ်ိန္တြင္ေတာ့ စေနာက္ခ်င္သည့္စိတ္မ်ိဳး လုံးဝမရွိသျဖင့္ ၿပဳံး႐ုံသာၿပဳံးျပၿပီး မ်က္လႊာကိုေအာက္စိုက္ထားလိုက္သည္။
ထူးဆန္းလြန္းခဲ့သည္မွာ သူ ေရာက္လာသည့္အခ်ိန္တြင္မွ မ်က္ရည္က ဝဲလာခဲ့ျခင္းပင္။
စကၠန့္ပိုင္းမွ်ၾကာၿပီးသြားေနာက္တြင္။
စန္းရန္က ခပ္တိုးဖ်ဖ်ေလးေမးလာခဲ့၏။
"ဘာျဖစ္ေနတာလဲ"
"...."
ဝိန္းရိဖန္က သူ႕အားေနာက္တစ္ႀကိမ္ ထပ္ၾကည့္လိုက္ၿပီး ေခါင္းရမ္းျပလိုက္ခ်င္ပါသည့္တိုင္ သည္တစ္ႀကိမ္တြင္ မ်က္ရည္စက္မ်ားက ထိန္းမထားနိုင္ေတာ့ဘဲ စီးက်လာခဲ့ပါေတာ့သည္။
တစ္ေပါက္ခ်င္း တစ္ေပါက္ခ်င္း စီးက်ေနခဲ့သည္မွာ ျပင္းျပင္းထန္ထန္။
ဝိန္းရိဖန္သည္ ရွက္လာမိသျဖင့္လည္း တစ္ဖက္သို႔ခ်က္ခ်င္းလွည့္ပစ္လိုက္ကာ မ်က္ရည္ကိုမရမကထိန္းေနသည့္အတြက္ ခႏၶာကိုယ္ေလးမွာ စတင္ၿပီးတသိမ့္သိမ့္တုန္ယင္လာခဲ့ေတာ့၏။ သူမအတြက္ ဤလမ္းတစ္ေလွ်ာက္ဟာ သိပ္ကိုႏွေးေကြးရွည္ၾကာလြန္းၿပီး အဆုံးသတ္တစ္ေနရာမွာ တစ္သက္တာလုံးအဖို႔ မရွိလာေစရန္လည္း ေမွ်ာ္လင့္မိေနပါေသးသည္။
ေက်ာေပးထားသည့္အတြက္ စန္းရန္၏အမူအရာတို႔ကို သူမ မျမင္ရပါေပ။
ခံစားေနမိသည့္ တစ္ခုတည္းေသာခံစားခ်က္မွာ
သူမ၏ တည္ရွိသမွ်ေသာကမၻာႀကီးမွာ ဤတဒဂၤအတြင္း ပ်က္စီးၿပိဳပ်က္သြားခဲ့ၿပီဟူ၍ပင္။
သို႔ေသာ္ ေနာက္တဒၤဂေလးတြင္ေတာ့။
ဝိန္းရိဖန္၏အသက္ရႉေငြ႕မ်ားထဲတြင္ ဆယ္ေက်ာ္သက္ေကာင္ေလး၏ခႏၶာကိုယ္ထက္မွ စႏၵကူးရနံ႕မ်ား ေရာပါလာပါေတာ့၏။ သူမ၏ခႏၶာကိုယ္ေလး တင္းခနဲျဖစ္သြားရင္း မ်က္ေတာင္မ်ားလည္း မသိမသာတုန္ယင္သြားခဲ့ကာ သူမ၏ျမင္ကြင္းအားလုံးသည္ ေကာင္ေလး၏အျဖဴႏွင့္အျပာေရာင္စပ္ထားသည့္ေက်ာင္းယူနီေဖာင္းျဖင့္ ဖုံးလႊမ္းသြားခဲ့ၿပီး မ်က္ဝန္းထဲရွိမ်က္ရည္မ်ားသည္ေတာ့ အသံတိတ္စီးက်လ်က္ရွိေနေတာ့၏။
အေပၚထပ္အကၤ်ီ၏အျခားတစ္ဖက္ရွိ.....
စန္းရန္၏အသံကိုေတာ့ ဝိန္းရိဖန္ ၾကားလိုက္ရ၏။
တိုးဖ်ျငင္သာလြန္းသည့္အသံတို႔မွာ မၾကားရနိုင္လုနီးနီး ၊ ထိုထဲတြင္ ႏွစ္သိမ့္ေပးလိုသည့္အေငြ႕အသက္ေလးမ်ားလည္း ရွိေနခဲ့ပါေသးသည္။
"ဒီလိုဆိုရင္ ငါ မျမင္ရေတာ့ဘူးေနာ္"
------
ထိုေန႕က အလြန္တရာကိုမွေအးစိမ့္ေနသည့္ေန႕တစ္ေန႕ ၊ ေကာင္းကင္ႀကီးတစ္ခုလုံး သုန္မႈန္ေနၿပီး တိမ္လုံးႀကီးမ်ားအျပည့္ဖုံးအုပ္ေနခဲ့ကာ ေနာက္အခ်ိန္ပိုင္းအတြင္း တိမ္လိပ္ႀကီးမ်ားက ကမၻာေျမႀကီးေပၚသို႔ က်ေရာက္လာေသာမည့္သဖြယ္။ ေန႕လည္ခင္းျဖစ္ေနပါသည့္တိုင္ ေနေရာင္ဟူ၍ တစိုးတစိမွ်မရွိ။
သူမက ျပတင္းေပါက္အျပင္ဘက္ကိုသာၾကည့္ေနမိၿပီး ခႏၶာကိုယ္ေလးသည္ေတာ့ ဆယ္ေက်ာ္သက္ေကာင္ေလး၏အကၤ်ီေပၚ၌ ပါလာခဲ့ေသာကိုယ္ႏြေးေငြ႕မ်ားျဖင့္ ေထြးပိုက္ခံထားရသည္။
ထိုအရာေလးမွာ ထိုအခ်ိန္တုန္းက ဝိန္းရိဖန္ ခံစားမိခဲ့သည့္တစ္ခုတည္းေသာခံစားခ်က္ပင္။
ဝိန္းရိဖန္က မူလအေနအထားအတိုင္း မလႈပ္မယွက္ရွိေနခဲ့ကာ အခ်ိန္အေတာ္ၾကာသြားၿပီးမွ လက္ကိုျမႇောက္လာၿပီး အေပၚထပ္အကၤ်ီ၏ေထာင့္ေလးကိုဆြဲထားမိလိုက္သည္။ ေျဖးေျဖးေလးဆြဲထားသည့္ခြန္အားႏွင့္အတူ ေက်ာျပင္တစ္ေလွ်ာက္ကလည္း အေရွ႕သို႔ကိုင္းက်လာခဲ့၏။
ရွိသမွ်ေသာေအာင့္အည္းသည္းခံထားမႈမ်ားက ဤလႈပ္ရွားမႈေလးတစ္ခုႏွင့္အတူ လြင့္စင္ကြယ္ေပ်ာက္သြားခဲ့ေတာ့ကာ မ်က္ရည္စက္မ်ားက တစ္စစႏွင့္အဆုံးမရွိစီးက်လာၿပီး ရွိုက္ငိုသံမ်ားသည္လည္း ထိန္းမရနိုင္ေတာ့ေအာင္ လည္ေခ်ာင္းဝထဲမွထြက္ေပၚလာေတာ့သည္။
ေဘးနားရွိ စန္းရန္မွာေတာ့ တိတ္ဆိတ္ေပးေနခဲ့ၿပီး စကားတစ္ခြန္းမဆို ၊ အသံတစ္ခ်က္မထြက္။
အသံတိတ္အေဖာ္ျပဳေပးေနခဲ့ျခင္းျဖင့္သာ သူမ၏ေဘးနားတြင္ သူရွိေနေၾကာင္း ေဖာ္ျပေနခဲ့သည္။
မွတ္တိုင္သို႔ေရာက္ခါနီးတြင္ေတာ့ ဝိန္းရိဖန္က စိတ္ကိုခက္ခက္ခဲခဲထိန္းသြားနိုင္ခဲ့၏။ ငိုခဲလြန္းသည့္အတြက္ေၾကာင့္ နည္းနည္းေလးငိုမိ႐ုံျဖင့္ သူမ၏မ်က္လုံးမ်ားဟာ နာက်င္ေနသေယာင္ေယာင္။ သူမ၏အကၤ်ီလက္ျဖင့္ မ်က္ရည္ကိုပြတ္သုတ္လိုက္ၿပီး စန္းရန္၏အကၤ်ီကိုေလွ်ာခ်ကာ ေဘးသို႔လွည့္ၾကည့္လိုက္၏။
သူမ၏လႈပ္ရွားလာမႈကို သတိထားမိသည့္စန္းရန္ကလည္း လွည့္ၾကည့္လာခဲ့သည္။
ႏွစ္ေယာက္သားမွာ အၾကည့္ခ်င္းဆုံေနၾကလ်က္။
ဝိန္းရိဖန္က အသံတိတ္အၾကည့္လႊဲလိုက္ၿပီး ဆံပင္ကိုေရွ႕ခ်ကာ ျမင္ကြင္းကိုကာပစ္လိုက္၏။
ထပ္၍ တိတ္ဆိတ္ေနမႈႀကီးတစ္ခု။
မွတ္တိုင္ေရာက္သည့္အေၾကာင္း အသိေပးလာသည့္အခါမွသာ ဝိန္းရိဖန္ မတ္တပ္ထရပ္လိုက္သည္။
အျပင္ဘက္ခုံ၌ထိုင္ေနသည့္စန္းရန္က လမ္းဖယ္ေပးလာၿပီး သူမအား အေရွ႕မွ သြားေစလိုက္၏။ မည္သည့္စကားမ်ိဳးဆိုရမည္မွန္းလည္း မသိသျဖင့္လည္း အေနာက္ကေနသာလိုက္လာၿပီး အရင္ကထက္ပို၍တိတ္ဆိတ္ေပးေနခဲ့သည္။
ကားေပၚမွဆင္းလာၿပီးေနာက္တြင္ အေအးဒဏ္ကို တဖန္ျပန္ခံစားလိုက္ရရင္း အေနာက္ဘက္သို႔လွည့္ၾကည့္လိုက္၏။ စန္းရန္ အေအးမိသြားမည္ကိုစိုးရိမ္သျဖင့္ ဝိန္းရိဖန္က အေပၚထပ္အကၤ်ီကိုျပန္ေပးရင္း ႏွာေခါင္းသံပါသည့္စကားသံတို႔ျဖင့္ ;
"အရမ္းေအးတယ္ ၊ နင္ ျပန္ဝတ္ထားလိုက္"
စန္းရန္က လွမ္းယူလိုက္၍ ;
"အင္း"
သူမအတြက္ေၾကာင့္ျဖင့္ သူ ေျပးလိုက္လာမွန္းသိေနေသာေၾကာင့္ ဝိန္းရိဖန္ ထပ္၍စကားဆိုလိုက္သည္။
"နင္ ေက်ာင္းကိုျပန္သြားေတာ့ ၊ အတန္းခ်ိန္မပ်က္နဲ႕ ၊ ဆရာမ စိတ္ဆိုးၿပီး နင့္မိဘေတြကို ထပ္ေခၚလိမ့္မယ္ ၊ ဒီနားမွာ တကၠစီလည္း ရွာလို႔ရေနၿပီ ၊ ၿပီးေတာ့ ငါ့ေမေမကလည္း ငါ့ကိုလာေခၚေပးမွာ"
စန္းရန္က သုံးေလးစကၠန့္မွ်တိတ္ေနၿပီးမွ ;
"ေကာင္းၿပီ"
တစ္ခဏၾကာတြင္။
ဝိန္းရိဖန္က သူ႕အား ေမာ့ၾကည့္လိုက္ၿပီး တေလးတနက္ျဖင့္ ;
"ေက်းဇူးတင္ပါတယ္"
နင္ လိုက္လာၿပီး ငါ့ကို ရပ္တည္နိုင္မယ့္ခြန္အားေတြေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္...
အနည္းဆုံးေတာ့ ဒီခရီးတစ္ေထာက္က ငါ ထင္ထားသေလာက္ မခက္ခဲမွန္းခံစားမိလိုက္ပါတယ္..
ဘတ္စ္ကားက ၿမိဳ႕ေဆး႐ုံထိတိုက္ရိုက္မေရာက္သျဖင့္ ဝိန္းရိဖန္က ဤမွတ္တိုင္၌အရင္ဆင္းၿပီး တကၠစီျဖင့္ တက္သြားရမည္ျဖစ္သည္။
ျဖတ္သြားျဖတ္လာ တကၠစီတစ္စီးေရာက္လာသည့္အခ်ိန္တြင္ေတာ့ စန္းရန္က အသံတစ္ခ်က္မထြက္ပါဘဲ ဝိန္းရိဖန္အား လွမ္းတားလိုက္ပါေတာ့၏။ ေနာက္တြင္ သူက ေခါင္းသဲ့သဲ့ေစာင္းလာၿပီး အနည္းငယ္ေလးလံေနသည့္အသံတို႔ျဖင့္ စကားဆိုလာခဲ့သည္။
"ဝိန္း႐ႊမ္းက်န့္ ၊ မင္း ဘာေတြျဖစ္ေနမွန္း ငါ မသိဘူး"
အဲ့အတြက္ေၾကာင့္ သူ ဘာေျပာရမယ္မွန္းလည္း မသိဘူး.....
စကားေျပာမွားသြားမည္ကိုေၾကာက္မိသလို ၊ သူမ၏ဒဏ္ရာကို ထပ္ထိုးဆြမိမည္ကိုလည္းေၾကာက္မိကာ ႏွစ္သိမ့္ေပးလိုက္သည့္အရာတိုင္းက ဆန့္က်င္ဘက္ျဖစ္ေနမည္ကိုလည္းေၾကာက္႐ြံ႕မိသည္။
ထို႔ေၾကာင့္ ဘာမွမေျပာျခင္းက ပိုေကာင္းမြန္ပါလိမ့္မည္။
"ငါက သိပ္ၿပီးစကားေျပာတတ္တဲ့လူ မဟုတ္လို႔"
စန္းရန္က ခႏၶာကိုယ္အား ကိုင္းခ်လိဳက္ကာ ဝိန္းရိဖန္၏မ်က္ဝန္းမ်ားကို စိုက္ၾကည့္၍ ;
"ဒါေပမယ့္ ဘာေတြပဲျဖစ္ေနပါေစ.....ငါ မင္းကို အၿမဲတမ္းအေဖာ္လုပ္ေပးေနမယ္"
ထိုဆယ္ေက်ာ္သက္ျဖတ္လတ္ငယ္႐ြယ္လြန္းသည့္အ႐ြယ္တြင္။
အမ်ားစုမွာ စိတ္အားထက္သန္ေနတုန္းခဏ ေျပာခဲ့ဖူးသည့္စကားမ်ားသာျဖစ္ကာ အေလးအနက္ေတြးထားျခင္းလည္းမရွိသလို ေျပာခဲ့ဖူးသည့္စကားအတိုင္း အမွန္တကယ္ လက္ေတြ႕လုပ္ေပးနိုင္ျခင္းရွိမရွိကိုလည္း ေတြးခ်င္မွေတြးၾကည့္ၾကပါလိမ့္မည္။ အသက္အ႐ြယ္ရလာသည္ႏွင့္အမွ် ေျပာခဲ့ဖူးသည့္စကားမ်ားကို ေမ့ေကာင္းေမ့သြားနိုင္ေသးသလို သို႔မွမဟုတ္ လက္ေတြ႕မဆန္သည့္အတိတ္တစ္ခုအျဖစ္ မွတ္ေကာင္းမွတ္ထားၾကနိုင္ပါေသးသည္။
ထိုအခ်ိန္တုန္းက ဝိန္းရိဖန္သည္ပင္ စန္းရန္က ႏွစ္သိမ့္ေပး႐ုံသပ္သပ္ေျပာခဲ့သည္ဟုသာ မွတ္ယူခဲ့ဖူးသည္။
စိတ္သက္သာရာရသြားေစမယ့္ စကားတစ္ခြန္းကို စကားအျဖစ္ေျပာလိုက္႐ုံေလး။
သို႔ေသာ္ အခ်ိန္ေတြအၾကာႀကီး ၾကာၿပီးသည့္အခါတြင္မွ ဝိန္းရိဖန္ သိခြင့္ရခဲ့သည္မွာ....
လက္စသတ္ေတာ့ သူမထင္ေနခဲ့သလိုမ်ိဳးမဟုတ္....
စန္းရန္က ေပးထားသည့္ကတိကို အၿမဲတမ္းအတြက္တည္ၿပီး.....
သူ႕ပါးစပ္က ေျပာထြက္ထားသည့္စကားတစ္ခြန္းျဖစ္ေနခဲ့လွ်င္.....
မည္သည့္အတားအဆီးမ်ိဳးျဖစ္ေနပါေစ ၊ မည္မွ်ထိခက္ခဲေနပါေစ ၊ သူသည္ အမွန္တကယ္ျဖစ္လာေအာင္ အေကာင္းဆုံးႀကိဳးစား၍ လုပ္ေပးမည္သာ။
ဝိန္းရိဖန္က အေတြးမ်ားကို ျဖည္းျဖည္းခ်င္းျပန္႐ုတ္သိမ္းလိုက္ေတာ့၏။ ပန္းသီးတစ္ကိုက္,ထပ္ကိုက္လိုက္ၿပီး စန္းရန္အား လွမ္းၾကည့္လိုက္သည္။ သူမ၏စကားလုံးမ်ားကို နားေထာင္လိုက္ရသည့္သူက မ်က္လႊာကိုေအာက္စိုက္ထားၿပီး သူမ၏ရႈေထာင့္မွလွမ္းၾကည့္လွ်င္ မီးေရာင္၏အရိပ္က်ေနမႈေၾကာင့္ သူ႕အမူအရာ ခပ္ေမွာင္ေမွာင္။
ျပင္းထန္ေလးလံသည့္စကားေခါင္းစဥ္ေၾကာင့္ စိတ္ညစ္သြားမည္ကိုစိုးရိမ္သည့္အတြက္လည္း ဝိန္းရိဖန္က ထပ္ေပါင္း၍စကားဆိုလိုက္၏။
"ဟိုးအရင္တုန္းက ကိစၥေတြပါ"
စန္းရန္က ထိုအခါတြင္မွ အသိစိတ္ျပန္ကပ္သြားသည့္အလား သူမဘက္သို႔လွည့္ၾကည့္လာခဲ့၏။
ဝိန္းရိဖန္ ;
"ဘာျဖစ္သြားတာလဲ"
"ဘာမွမျဖစ္ပါဘူး"
ကံေကာင္းသြားတယ္လို႔ ခံစားမိလိုက္႐ုံပါ.....
အဲ့အခ်ိန္တုန္းက အတန္းလစ္ေျပးဖို႔ကို ေ႐ြးခ်ယ္ခဲ့မိတဲ့အတြက္.....
စန္းရန္က တဖန္မ်က္လႊာကိုေအာက္စိုက္ၾကည့္ရင္း ;
"ဒါဆို မင္းက မင္းအေမနဲ႕အတူ ပေထြးရွိတဲ့အိမ္ကို ေျပာင္းသြားခဲ့ရတာလား"
"အင္း....ဒါေပမယ့္ ေနာက္ေတာ့ အဆက္အဆံလုပ္ရတာ သိပ္အဆင္မေျပေတာ့တာမလို႔"
ဝိန္းရိဖန္က အေၾကာင္းအရာမ်ားစြာကို ေက်ာ္ခ်ပစ္လိုက္ၿပီး အၾကမ္းဖ်င္းသာဆိုလိုက္၏။
"ငါ့ဘြားဘြားရွိတဲ့ဆီကို ေျပာင္းေနျဖစ္သြားတယ္"
"မင္းအေပၚကို ေကာင္းေပးရဲ႕လား"
"အာ"
"မင္းရဲ႕အဘြားက.."
စန္းရန္က ေနာက္တစ္ႀကိမ္ထပ္၍ ;
"မင္းအေပၚကို ေကာင္းေပးရဲ႕လား"
ဝိန္းရိဖန္ တစ္ခဏမွ်ေၾကာင္အသြားမိေသာ္လည္း ၿပဳံးျပလိုက္၏။
"အရမ္းေကာင္းပါတယ္ ၊ ဘြားဘြားက ငါ့ေဖေဖကို အရမ္းခ်စ္တာမလို႔ ငါ့အေပၚကိုလည္း အရမ္းအလိုလိုက္ေပးတယ္"
သူမ စကားဆိုၿပီးေနာက္တြင္ေတာ့ သူမကို လွမ္းၾကည့္ေနခဲ့သည့္စန္းရန္မွာ အနည္းငယ္စိတ္သက္သာရာရသြားသည့္ဟန္ျဖင့္ ;
"မင္းရဲ႕ ဟိုညီမကေရာ ဘယ္လိုျဖစ္တာလဲ"
"အမ္"
"တစ္ခ်က္ၾကည့္႐ုံနဲ႕...."
စန္းရန္က စုတ္တစ္ခ်က္သပ္လိုက္၍ ;
"မင္းနဲ႕ အရမ္းရင္းႏွီးသလိုလုပ္ေနတဲ့တစ္ေယာက္"
"မဟုတ္ပါဘူး ၊ သူ႕အေဖအလိုလိုက္တာခံထားရလို႔ သူ႕အက်င့္က အဲ့လိုမ်ိဳးျဖစ္ေန႐ုံပါ"
စန္းရန္ေျပာခ်င္ေနသည္မွာ က်ိန့္ခယ္က်ားက သူမအား ေဖ်ာ္ရည္ပုလင္းကို မေမးမျမန္းဘဲေပးလာသည့္ကိစၥျဖစ္မည္မွန္း ဝိန္းရိဖန္ ခံစားမိေနသျဖင့္လည္း ရွင္းျပလိုက္၏။
"သူက အဲ့လိုပုံစံမ်ိဳးနဲ႕က်င့္သားရေနၿပီ ၊ သုံးသမွ်ပစၥည္းေတြဆိုတာလည္း အေကာင္းဆုံးေတြခ်ည္း ၊ ဘယ္ေတာ့မွ ျဖစ္သလိုမလုပ္ဘူး ၊ မႀကိဳက္တဲ့ပစၥည္းေတြဆိုရင္လည္း အျခားတစ္ေယာက္ေယာက္ကို ေျဖရွင္းခိုင္းတာမ်ိဳး ၊ငယ္ငယ္ကတည္းက အခ်စ္ခံရၿပီး ႀကီးလာတဲ့ကေလးမေလးလိုမ်ိဳးေပါ့"
ဝိန္းရိဖန္က နားလည္ေပးနိုင္သည့္အတြက္ တည္တည္ၿငိမ္ၿငိမ္ျဖင့္သာဆက္၍ စကားဆိုလိုက္သည္။
"သူ႕အေဖက သူ႕ကိုအရမ္းအလိုလိုက္ထားတာ ၊ ၿပီးေတာ့ ငါက သူ႕ထက္ ႏွစ္နည္းနည္းလည္းအသက္ႀကီးေတာ့ မ်ားေသာအားျဖင့္ ညီမေလးကိုဦးစားေပးရတယ္ေလ"
"ညီမေလးကို ဦးစားေပးရမယ္....."
စန္းရန္က ရယ္လိုက္၏။
"ဘယ္ေနရာကေနေရာက္လာတဲ့ စည္းမ်ဥ္းမလို႔လဲ"
"...."
ဤစကားေၾကာင့္ ဝိန္းရိဖန္၏စိတ္ထဲ စန္းက်စ္အေပၚ ဆက္ဆံတတ္သည့္ပုံစံမ်ားကို ျပန္ျမင္ေယာင္ရမိေတာ့၏။
သူမ၏တုံ႕ျပန္မႈကို မေစာင့္သည့္ စန္းရန္က ႐ုတ္တရက္ အေနာက္သို႔မွီလိုက္ၿပီး လူတစ္ေယာက္လုံးက ဆိုဖာေပၚမွီခ်လိဳက္၏။ ဤသို႔မွီခ်ေနသည့္အခ်ိန္ႏွင့္တစ္ခ်ိန္တည္းဆိုသလို သူက ဝိန္းရိဖန္အား လက္ေမာင္းမွတဆင့္ဆြဲကိုင္ၿပီး သူ႕ရင္ခြင္ထဲ ဆြဲထည့္လိုက္သည္။
ဝိန္းရိဖန္ မထင္မွတ္ထားစြာျဖင့္ သူ႕ခႏၶာကိုယ္ေပၚသို႔လွဲက်သြားခဲ့၏။
ထို႔ေနာက္တြင္ သူ႕ခြန္အားအလုံးစုံျဖင့္ သူမ၏ခါးအေနာက္ဘက္တစ္ေလွ်ာက္ကို မ,ခ်ီကာ လူတစ္ေယာက္လုံးအား သူ႕ခႏၶာကိုယ္ေပၚသို႔ ေပြ႕တင္လိုက္ေတာ့၏။ ထိုလႈပ္ရွားမႈအၿပီးတြင္ မည္သည့္အပိုအျပဳအမူမ်ိဳးမွမရွိ ၊ သူမအား တိတ္တိတ္ဆိတ္ဆိတ္ေလးေပြ႕ဖက္ထား႐ုံ။
ဤအေနအထားက မေရမရာလည္းျဖစ္ရသလို တရင္းတႏွီးလည္းရွိလြန္းလွ၏။
သူ႕အနားသို႔ နီးနီးကပ္ကပ္တိုးကပ္ေနရျခင္းေၾကာင့္ ဝိန္းရိဖန္သည္ အနည္းႏွင့္အမ်ား စိတ္လႈပ္ရွားရကာ ေခါင္းငုံ႕ၾကည့္လိုက္၏။
"ဘာျဖစ္တာလဲ"
စန္းရန္က အရမ္းကိုမွတည့္တိုးဆန္ဆန္ျဖင့္ ;
"ဖက္ထားမလို႔"
"...."
"မင္းစားထားသမွ်ေတြကဘယ္ေရာက္သြားတာလဲ ေျပာပါဦး ၊ မင္းရဲ႕အရိုးေတြနဲ႕ထိုးေနတာ ကိုယ္ အရမ္းနာတာပဲ"
စန္းရန္က ဝိန္းရိဖန္၏လက္ေမာင္းသားကိုညွစ္ၾကည့္ၿပီး ;
"ဘယ္အခ်ိန္က်မွ ဝိတ္တက္လာမွာလဲ"
ဝိန္းရိဖန္ ;
"ငါ့သူငယ္ခ်င္းေျပာတာေတာ့ ငါ ဝလာတယ္တဲ့"
စန္းရန္က မ်က္ခုံးပင့္ျပလာၿပီး
"ဘယ္သူလဲ ၊ ဘယ္သူက မင္းကို ညာေျပာေနတာလဲ"
ဝိန္းရိဖန္ ႏႈတ္ခမ္းကိုတင္းတင္းေစ့ထားပါေသာ္ျငား မေနနိုင္ေအာင္ၿပဳံးလိုက္မိေတာ့၏။
"နင္ မေကာင္းတာတစ္ခုခုႀကံစည္ခ်င္ေနတာမလား"
သူမကို ဝိတ္တက္လာေစခ်င္တယ္.....
အျခားသူက သူမကို ဝလာတယ္လို႔ေျပာေတာ့ ၊ သူက ထပ္ၿပီး အျခားသူကို မေကာင္းျမင္ျပန္တယ္....
စန္းရန္က သူမအား လွမ္းၾကည့္ေနရင္း ၿပဳံးျပလာခဲ့၏။
"မင္း ဘာလို႔ လူကို လာၿပီးထိပါးတိုက္ခိုက္ေနရတာလဲ"
ဧည့္ခန္းမွာ တိတ္ဆိတ္ေနျခင္းမ်ိဳးမဟုတ္။ ႏွစ္ေယာက္သား၏စကားသံမ်ားအျပင္ တီဗြီမွထြက္ေနသည့္အသံမ်ားလည္းရွိေနေသးသည္။သို႔ေသာ္ သည္းထိုရင္ဖိုဇာတ္ကားထံမွစိတ္ေျခာက္ျခားစရာတီးလုံးမ်ားအား မည္သူကမွ အာ႐ုံမစိုက္နိုင္ၾကေခ်။
အခ်ိန္တစ္ခုစာၾကာသြားၿပီးသည့္အခါ စန္းရန္က လက္ျမႇောက္ကာ ဝိန္းရိဖန္၏မ်က္ဝန္းေထာင့္ကို ထိေတြ႕လိုက္ရင္း ႐ုတ္တရက္ေခၚလာခဲ့၏။
"ဝိန္း႐ႊမ္းက်န့္"
"အမ္"
"မင္းညီမေျပာတဲ့ အဲ့ဒီအေရးမပါတဲ့စကားေတြ အဲ့ဒီေသာက္႐ူးလိုလိုအဆင့္အတန္းခြဲတာမ်ိဳးေတြကို ကိုယ္ရွိတဲ့ေနရာဆီ မယူလာခဲ့နဲ႕ ၾကားလား"
စန္းရန္က မႏွေးမျမန္ျဖင့္ဆက္၍ ;
"ကိုယ့္ ဒီအိမ္ထဲကပစၥည္းေတြအားလုံး ၿပီးစလြယ္ေလွ်ာက္ဝယ္ထားတယ္လို႔မ်ား မင္း ထင္ထားတာလား"
ဝိန္းရိဖန္မွာ ႏႈတ္ခမ္းပါးကတလႈပ္လႈပ္။
"အားလုံးက မင္းအတြက္ ေ႐ြးဝယ္ေပးထားတာေတြခ်ည္းပဲ ၊ ဒါေပမယ့္ မင္း မႀကိဳက္ဘူးဆိုရင္ ဒီအတိုင္း အဲ့ေနရာမွာပဲထားထားလိုက္"
စန္းရန္၏စကားသံတို႔က တည္ၿငိမ္ေနပါေသာ္လည္း စိတ္မၾကည္မလင္ျဖစ္ေနသည့္အေငြ႕အသက္တို႔ ေရာပါေနပါေသးသည္။
"ၿပီးေတာ့....မင္းညီမရဲ႕ ဘာ အဲ့ဒီအက်င့္ရွိတယ္ဆိုတာလိုမ်ိဳး..."
"...."
"မင္းရဲ႕ခ်စ္သူေကာင္ေလးေ႐ြးထားသလို အဲ့ဒီလိုအျမင္မ်ိဳး...."
စန္းရန္က သူမကိုစိုက္ၾကည့္ေနရင္း ႐ုတ္တရက္ သူမ၏ႏႈတ္ခမ္းေထာင့္အားနမ္းရွိုက္လိုက္ၿပီးေနာက္ လုံးဝကိုမထီမဲ့ျမင္ျပဳသည့္ပုံစံမ်ိဳးျဖင့္ ;
"မင္း ဘယ္အရာမဆို အေကာင္းဆုံးဆိုတာေတြခ်ည္းပဲသုံးရမယ္ နားလည္လား"
-------
႐ုပ္ရွင္ဇာတ္လမ္းၾကည့္ၿပီးေနာက္ အိမ္ခန္းဆီသို႔ ျပန္လာခဲ့၏။
႐ုပ္ရွင္မွာ ၾကည့္လာခဲ့ပါေသာ္ျငား ဇာတ္လမ္းထဲမွဇာတ္ကြက္တစ္ခုေလးပင္ မမွတ္မိပါေခ်။ ႐ုတ္တရက္ဆန္ဆန္ေတြးလိုက္မိသည္မွာလည္း သူမသည္ စန္းရန္ႏွင့္အတူ လုံးဝ ႐ုပ္ရွင္မၾကည့္သင့္ေၾကာင္းကိုပင္။
သူရွိသေ႐ြ႕..
သူမ၏အာ႐ုံအလုံးစုံက သူ႕အေပၚတြင္သာေရာက္ေနၿပီး ႐ုပ္ရွင္ဇာတ္လမ္းကိုအာ႐ုံစိုက္နိုင္ေအာင္ႀကိဳးစားရသည့္ပုံမွန္ကိစၥေလးမွာ ရာစုႏွစ္ၾကာေအာင္မေျဖရွင္းေသးသည့္ျပႆနာႀကီးလိုပင္ျဖစ္သြားခဲ့၏။
အႀကိမ္တိုင္း ယခုလိုမ်ိဳးခ်ည္းသာ။
ဝိန္းရိဖန္က ႏႈတ္ခမ္းကိုေစ့ထားမိရင္း သူမ၏ခႏၶာကိုယ္ထက္တြင္ စကၠန့္ပိုင္းၾကာၾကာေလးသာဖက္ထားခဲ့သည့္အခ်ိန္ေလးတုန္းက က်န္ေနခဲ့သည့္စန္းရန္၏အေငြ႕အသက္မ်ားအား ယခုထက္ထိတိုင္ခံစားမိေနရဆဲ။ စန္းရန္၏ခႏၶာကိုယ္ေပၚထိုင္ေနသည့္ သူမ၏ပုံစံအားျပန္ျမင္ေယာင္မိကာ မ်က္ႏွာတစ္ေလွ်ာက္ပူျပင္းလာရျပန္ပါေတာ့၏။
စိတ္တည္ၿငိမ္သြားေစရန္အလို႔ငွာ ေရခ်ိဳးရန္ ဆုံးျဖတ္လိုက္သည္။
ေရခ်ိဳးခန္းထဲဝင္လာၿပီး ေရပန္းေအာက္ေရာက္သည့္အခါ ဝိန္းရိဖန္၏အေတြးမ်ားသည္ တျဖည္းျဖည္းခ်င္း ဗလာက်င္းလာခဲ့ရင္း ေနာက္ဆုံးတြင္ က်ိန့္ခယ္က်ားပို႔လာသည့္ မက္ေဆ့မ်ားသာ က်န္ေနခဲ့ေတာ့သည္။
ဤအခိုက္အတန့္တြင္ သူမ စကားလုံးတစ္လုံးတည္းကိုသာ မွတ္မိလ်က္။
က်ိန္ခယ္က်ား မေက်မနပ္ေျပာဆိုသြားသည့္ 'သူတို႔' ဆိုသည့္စကားလုံးပင္။
ထို႔ေၾကာင့္ ဆိုလိုသည္မွာ ဤတစ္ႀကိမ္တြင္ အရင္အႀကိမ္မ်ားကဲ့သို႔ 'ခ်ယ္ယန့္ခ်င္' တစ္ေယာက္တည္းလာျခင္းမဟုတ္။ 'စုလ်န့္ရွန္' သို႔မဟုတ္ 'ဝိန္းမင္' တို႔ ပါလာနိုင္ၿပီး....ဝိန္းရိဖန္၏အေတြးထဲတြင္ ေပယြီေဆး႐ုံ၌ ေတြ႕ျမင္ခဲ့သည့္ အသတ္လတ္ပိုင္းအ႐ြယ္ေယာက္်ားႀကီးတစ္ဦးကို ျမင္ေယာင္လာေတာ့၏။
'ခ်ယ္ရွင့္ဒယ္'..
ခ်ယ္ယန့္ခ်င္၏ ေမာင္ေလး။
သူႏွင့္အတူလာျခင္းလည္း ျဖစ္နိုင္ေသးသည္။
ဝိန္းရိဖန္အေနျဖင့္ သည္ကိစၥမ်ားကို ဂ႐ုမစိုက္ပါေတာ့သည့္တိုင္ ဤလူမ်ားႏွင့္ပတ္သတ္၍ေတြးမိလိုက္တိုင္း သူမ၏စိတ္အေျခအေနတို႔မွာ တစ္မ်ိဳးမဟုတ္ တစ္မ်ိဳးထိခိုက္ရစၿမဲ။ သို႔ေသာ္ ထိုကိစၥမ်ားအား ဤတစ္ႀကိမ္ေတြးမိသည့္အခါတြင္ေတာ့ ထူးဆန္းလြန္းစြာျဖင့္ ၿငိမ္သက္ေနသည့္စိတ္ကိုသာ ခံစားမိေနခဲ့သည္။
အကယ္၍ အႏွောင့္အယွက္ျဖစ္ရလွ်င္ေတာင္ အေဝးႀကီးမွလွမ္းျမင္ေနရသည့္ ၾကယ္တစ္ပြင့္စာသာ ရွိပါလိမ့္မည္။
ေသးငယ္လြန္း၍ လ်စ္လ်ဴရႉထား၍ရသည္အထိ။
ရွိရွိသမွ်ေသာစိတ္ခံစားခ်က္မ်ားဟာ အျခားသူတစ္ေယာက္မွ ပိုင္စိုးပိုင္နင္းျဖင့္အရာအားလုံးလႊမ္းမိုးထားခဲ့ေလရာ အျခားအရာမ်ားအတြက္ ေနရာအလြတ္ပင္ မရွိပါေတာ့ေပ။
ဝိန္းရိဖန္က သူမ၏ႏႈတ္ခမ္းေထာင့္ေလးအား ထိေတြ႕ၾကည့္မိလိုက္၏။
ၾကည့္ရသည္မွာ သူ ရွိေနသေ႐ြ႕.....
ထိုမေကာင္းသည့္ခံစားခ်က္မ်ားဟာ အစအန အရိပ္အေယာင္ပင္ရွာမေတြ႕ေတာ့ေလာက္ေအာင္ ေပ်ာက္ခ်င္းမလွေပ်ာက္သြားနိုင္ေပေတာ့မည္။
**************