🖤Until the End of Time 🖤

By suekhatpann

344K 12.8K 574

ငါကကတိပေးရတာကိုမကြိုက်ဘူး တာရာ ကတိပေးပြီး မဖြစ်မနေတည်ရတာမျိုးကို မုန်းတယ် ဒါပေမဲ့မင်းကိုငါ့အသက်ထက်ဆုံးတိုင်တဲ... More

Part- 1 🔞
Part-2
Part-3
Part-4
Part-5 🔞
Part-6 🔞
Part-7
Part-8
Part-9
Part-10
Part-11 🔞
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21 🔞
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part- 34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64 🔞
Part-65 🔞
Part-66
Part-67
Part-69 🔞
Part-70 🔞
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88
Part-89

Part-68

1.6K 84 1
By suekhatpann

Unicode
🖤Until the End of Time🖤
(အသက်ထက်ဆုံးတိုင်.....)

အပိုင်း(၆၈)

"ဝါး.. သင်္ဘောကြီးကလှလိုက်တာ"

အလှသင်္ဘောကြီးကိုကြည့်ပြီး တာရာမှာပျော်လွန်းသဖြင့် ခုန်ဆွခုန်ဆွနှင့်ကို ဖြစ်နေတော့သည်။ တာရာ့ကိုကြည့်ပြီး မှိုင်း၊ ကောင်းမာန်၊ ဟေဒီတို့ကလည်း ပြုံးနေမိသည်။

ဒီနေ့က သူတို့တွေအပျော်ခရီးထွက်လာသည့်နေ့ပင်။ တာရာစာမေးပွဲဖြေပြီးတော့ မှိုင်းကအပျော်ခရီးတစ်ခုစီစဉ်ပေးဖို့တွေးခဲ့သည်။ ပြန်စဉ်းစားကြည့်လျှင် သူတို့လေးယောက်လုံးစုစည်းပြီး အပျော်ခရီးထွက်တာမျိုးမရှိပါ။ ထို့ကြောင့် အမှတ်တရအနေနှင့် ခရီးတစ်ခုအတူထွက်နိုင်ဖို့စဉ်းစားခဲ့သည်။

ဖြစ်ချင်တော့ သူ့မိတ်ဆွေကုမ္မဏီတစ်ခုက သီတင်းကျွတ်ကာလ၌ ကမ်းရိုးတန်းတစ်လျှောက် ဇိမ်ခံသင်္ဘောနှင့် ပတ်လည်ဖို့ခရီးစဉ်ကို ကြော်ငြာလိုက်တော့ သူjoinဖို့စိတ်ဝင်စားသွားသည်။ ဇိမ်ခံသင်္ဘောကြီးနှင့် သုံးလေးရက်လည်ပတ်မည့်ခရီးဖြစ်၍ ကုန်ကျစရိတ်က သူဌေးတွေသာ တတ်နိုင်သောကုန်ကျစရိတ်မျိုးဖြစ်နေတော့ Luxuryဆန်ဆန်အရသာမျိုး ခံစားနိုင်သည်။ လူရည်သန့်ပြီး အာရုံနှောက်စရာလည်းမရှိတော့  ဒီခရီးစဉ်ကို joinဖို့ဆုံးဖြတ်လိုက်သည်။ ကောင်းမာန်နှင့်ဟေဒီကိုလည်း အလုပ်တွေဖြတ်ထားဖို့ အစောပိုင်းကတည်းက သတိပေးထားခဲ့သည်။ အခုတော့သူတို့လေးယောက် အပျော်ခရီးတစ်ခုကို အတူထွက်နိုင်ပြီဖြစ်သည်။

"သဘောကျလား ဘေဘီ"

ပျော်နေသည့်တာရာ့ကိုမှိုင်းကမေးလိုက်တော့ တာရာကပါးလေးတွေဖောင်းအစ်သွားသည်အထိ အားပါးတရပြုံးလိုက်ပြီး

"ပျော်တာပေါ့ သင်္ဘောကြီးကတအားမိုက်တာပဲ တာရာတို့သူဋ္ဌေးလို ဇိမ်ခံပြီး ခရီးထွက်ရမှာပေါ့နော်"

"ဒါပေါ့ ဘေဘီရဲ့"

"တိုက်တန်းနစ်လိုမျိုးလား"

"အင်း...ဒါပေမဲ့ကိုယ်တို့ကပျော်စရာခရီးပဲ ဖြစ်မှာပါ ဝမ်းနည်းစရာတွေမပါစေရဘူး"

"ဟီး.. ကြိုက်လိုက်တာ"

တာရာမှာ လူနည်းစုသာလိုက်ပါစီးနင်းနိုင်သော အပျော်ဇိမ်ခံသင်္ဘောကြီးကိုကြည့်ပြီး သဘောကျမဆုံးတော့ပေ။ မှိုင်း၏လက်မောင်းကိုလည်း တွဲခိုထားရင်း

"မှိုင်းကိုချစ်လိုက်တာ တအားပဲ ကမ္ဘာပေါ်မှာအချစ်ဆုံး စကြာဝဋ္ဌာကြီးတစ်ခုလုံးမှာ မှိုင်းသာကိုးကွယ်ရာ အစစ်အမှန်"

"အဟမ်း"

"ဒီကလေးမ အပိုတွေတအားပြောနော်"

ကောင်းမာန်က ချောင်းဟန့်လိုက်သလို ဟေဒီကလည်းမျက်စောင်းထိုးလိုက်သည်။ တာရာကတော့ မှိုင်းအားကိုးနှင့် နှစ်ယောက်လုံးကို လျှာထုတ်ပြောင်ပြတော့သည်။ မည်သို့ပင်ဖြစ်စေ သူတို့၏အပျော်ခရီးက စတင်သက်ဝင်လာခဲ့ပါသည်။

တာရာမသိသည်က သင်္ဘောပေါ်တွင် သူမအတွက် ကြီးမားသောSurpriseကြီးတစ်ခု ဆီးကြိုနေမည်ဆိုတာ........။
..................... .......................... ........................

"ဒီညလှလှလေး အလှပြင်ထားနော် ညကျpartyပွဲမှာလူများလိမ့်မယ်"

မမဟေဒီကမှာထားတော့ ဂါဝန်တစ်ထည်ပြီး တစ်ထည်ထုတ်စမ်းဝတ်ကြည့်ရာကနေ နောက်ဆုံးအဖြူရောင်လေးကိုပဲ ဝတ်ဖို့ဆုံးဖြတ်လိုက်သည်။ မမဟေဒီကလည်း အဖြူရောင်လေးဝတ်မည်ဆိုတော့ ဆင်တူလေးပေါ့လေ။ မိတ်ကပ်ကိုတော့ ကိုယ့်ဘာသာပြင်လျှင် နတ်ကတော်ဖြစ်သွားနိုင်၍ မမဟေဒီကိုသာအကူအညီတောင်းထားရသည်။

တာရာတို့က ဇိမ်ခံသင်္ဘောကြီး၏ စျေးအကြီးဆုံးFamilyခန်းယူထားသည်။ အခန်းနှစ်ခန်းပါပြီး ဧည့်ခန်းငယ်လေးလည်းရှိသည်။ တာရာနှင့်မမဟေဒီကတစ်ခန်းယူပြီး မှိုင်းနှင့်ကောင်းမာန်ကတစ်ခန်းယူသည်။ အခန်းထဲတွင် မှိုင်းနှင့်ကောင်းမာန်ကိုမတွေ့ရသဖြင့်

"မှိုင်းတို့ရော မမ"

"မသိဘူးပဲ ကိစ္စရှိလို့အပြင်သွားတယ်ထင်တယ်"

မမဟေဒီကထိုမျှသာပြောသည်။ သူမတို့ကိုပြောထားသည့်Dinnerနှင့်Party ချိန်ရောက်ဖို့က အချိန်လိုသေးသော်လည်း နှစ်ယောက်လုံးကမပြောမဆိုနှင့် ပျောက်နေသည့်အတွက်ကို တာရာကမကျေနပ်ချင်ပါ။

"နှစ်ယောက်သားပျောက်နေတာကြာပြီ ဘာတွေလုပ်နေလဲမသိဘူး ဟွန့်"

"ကိစ္စတစ်ခုခုရှိလို့နေမှာပါ"

"နည်းနည်းပါးပါးတော့ ပြောသွားသင့်တယ် မဟုတ်လား"

"ကဲပါ.. မိတ်ကပ်လိမ်းရအောင် အဆင်သင့် ပြင်ဆင်ထားကြတာပေါ့"

မမဟေဒီစကားကြောင့် တာရာလည်းဘာမှမပြောဘဲ မိတ်ကပ်လိမ်းဖို့သာပြင်ဆင်လိုက်၏။ မိတ်ကပ်လိမ်းခြယ်ပြီးတော့ ခုနရွေးထားသည့်အဖြူရောင်ကိုယ်ကျပ်dressလေးကို ဝတ်လိုက်ပြီး ဖန်ဒေါက်မနိမ့်မမြင့်လေးစီးလိုက်သည်။

"မမရဲ့ ကလေးလေးက လှလိုက်တာ"

ပါးပါးလှပ်လှပ်လေးနှင့် ချစ်စဖွယ်ကောင်းနေသောတာရာ့ကိုကြည့်ပြီး ဟေဒီကသဘောကျစွာဆိုလိုက်တော့ တာရာကလည်းအစ်မဖြစ်သူကိုကြည့်ရင်း

"မမဟေဒီက ပိုလှတယ်"

"နေပါ မှိုင်းကြားရင် မမအသတ်ခံနေရဦးမယ်"

"တကယ်​ပြောတာ မမလောက်ဘယ်သူမှ မလှတော့ဘူးသိလား"

တာရာကကိုယ့်အစ်မမို့မြှောက်ပင့်ပြောနေခြင်းမဟုတ်ပါ။ မမဟေဒီကတကယ်လှပါသည်။ အရပ်မြင့်မြင့်၊ ကိုယ်လုံးကိုယ်ပေါက်လှလှနှင့် အညိုရောင်ဆံနွယ်တွေခါးထိရှည်သော မမဟေဒီ၏အလှကို ဘယ်သူကလွန်ဆန်နိုင်မည်လဲ။ တာရာနှင်းမြူက ဖြူလှပ်လှပ်နှင့် တိမ်စိုင်မင်းသမီးလေးလို ပေါ့ပါးလှပ်လွင့်စွာ လှပချစ်စဖွယ်ကောင်းနေသည်ဆိုလျှင် ဟေသုမဒီကတော့ ကောင်းကင်ဘုံ၏အဖြူရောင်ဘုရင်မတစ်ပါးလို ကျော့ရှင်းကာ စွဲမက်ဖွယ်အတိ ဖြစ်နေမည်။

အားလုံးပြင်ဆင်ပြီးသည်အထိတိုင် မှိုင်းတို့ကိုမတွေ့သေးတော့ တာရာမျက်မှောင်ကျုံ့လိုက်ပြီး

"မှိုင်းတို့ဘယ်ပျောက်နေပါလိမ့် အခုထိလည်း မတွေ့ဘူး"

"သူတို့partyမှာပဲစောင့်နေမယ်တဲ့ မမကိုပြောသွားတယ်"

"ဟင်.. ဘယ်တုန်းကပြောသွားတာလဲ"

ဟေဒီကအဖြေတစ်ခုကိုအသဲအသန်စဉ်းစားနေပြီးမှ

"ညီမလေးအဝတ်အစားလဲနေတဲ့အချိန်လာသွားတာ မမပြောဖို့မေ့နေလို့"

"ဪ"

တာရာကဘာမှဆက်မပြောတော့ပါ။ မှိုင်းထိပ်ထားစံလေးက တစ်ညနေခင်းလုံး သူ့မှိုင်းကိုမတွေ့ရတော့ မျက်နှာလေးမကောင်းရှာပေ။

ဟေဒီက နာရီတစ်ချက်ကြည့်လိုက်သည်။ သတ်မှတ်ထားသည့်အချိန်ရောက်လာတော့

"လာ.. မမတို့ပါတီပွဲသွားရအောင် အချိန်တန်ပြီ"

"ဟုတ်"

တာရာနှင့်မမဟေဒီလည်းအပြင်ဘက်ထွက်လာခဲ့လိုက်သည်။ Partyက သင်္ဘောကုန်းပတ်တွင် ပြုလုပ်မည်ဟု သိရသည်။ နေဝင်ဆည်းဆာ၏အလှကိုခံစားရင်း ပြုလုပ်ကျင်းပမည့်ပါတီက တကယ်ကို ပျော်စရာကောင်းလောက်၏။

ကြည့်လေ.. ပုစွန်ဆီရောင်ညဆည်းဆာအောက်က ပင်လယ်က ဘယ်လောက်တောင် လှပနေရက်နိုင်သလဲ။ ငြိမ့်ငြိမ့်လေးလှုပ်ခတ်နေသည့် လှိုင်းလေးတွေ၊ ခပ်ပြေပြေတိုက်သွားသည့်လေနုလေးတွေကအစ မက်မောစရာကောင်းလှ၏။ တာရာ ပင်လယ်ပြင်ကြီးကို ချစ်လိုက်တာ။

"ဟင်"

ပင်လယ်ဘက်ကိုငေးရင်း လျှောက်လာသည့်တာရာသည်သင်္ဘောကုန်းပတ်၌မြင်လိုက်ရသောမြင်ကွင်းကြောင့် အံ့ဩမှင်သက်သွားသည်မှာ နှုတ်ခမ်းဖူးဖူးလေးပင် ဖွင့်ဟလသည်အထိပင်။

ပါတီပွဲရှိသည်ဆိုတော့ တာရာကဒီအတိုင်း လူတွေစည်စည်ကားကားနှင့် dinnerစားပွဲလေးတစ်ခုလောက်သာတွေးထားသည်။ ဆန်းဆန်းပြားပြားဘာညာဆိုလည်း တီးဝိုင်းတစ်ခုနှင့် ကခုန်မြူးထူးနေတာလောက်ပဲပေါ့။

အခုတော့ကြည့်ပါလေ... ။ ကုန်းပတ်တွင် ပြင်ဆင်ထားသည်က ဘယ်လောက်အံ့ဩသင့်ဖွယ်ရာကောင်းလိုက်သည်လဲ။

အဖြူရောင်စားပွဲတို့ကာစီစီရီရီနှင့်ရှိနေပြီး သင်္ဘောကုန်းပတ်တစ်လျှောက်တွင်လည်း အဖြူရောင်ဇာလိုက်ကာစများနှင့် နှင်းဆီပန်းဖြူတို့ကို  တန်ဆာဆင်ထားသည်မှာ ရင်သပ်ရှူမောရလောက်အောင် လှလွန်း၏။ လေအလွင့်မှာလိုက်ကာစဖြူဖြူတို့ တလွင့်လွင့်ရှိနေပြီး နှင်းဆီရနံ့တို့ သင်းခနဲ့ရှိသွားခြင်းမှာ ဘယ်လောက်ကဗျာဆန်လိုက်လေခြင်းလဲ။

ထိုမှတင်မကသေးပါ။ လျှောက်လမ်းတစ်လျှောက်၌ နှင်းဆီနီတို့ကိုလှလှပပဖြန့်ကျဲထားပြီး အလှဖယောင်းတိုင်တို့ကိုလည်း ထွန်းညှိထားသေးသည်။ စားပွဲခုံများ၏ထိပ်တွင်တော့ အသဲပုံဖော်ထားသည့်စတိတ်စင်သေးသေးလေးရှိနေပြီး ထိုနေရာ၌ နှင်းဆီပန်းအနီ၊ အဖြူ၊ Ledအလှဖယောင်းတိုင်၊ ရေမွှေးပုလင်းတို့ကို လှလှပပစီထားသည်မှာ တကယ်ကိုခမ်းနားလှသည်။ အနီရင့်ရင့် ပူစီဘောင်းတို့ တလွင့်လွင့်ပျံဝဲနေပုံမှာလည်း နန်းဆန်လွန်းလှ၏။

တာရာသည်မြင်သမျှတို့ကို တမေ့တမောပင် ငေးမောကြည့်နေရင်းမှ

"မမ ဒါကဘာလဲဟင် ဘယ်သူ့မင်္ဂလာဆောင်ရှိလို့လဲ"

သူမအမေးကိုဟေဒီက မဖြေပါ။ နူးနူးညံ့ညံ့လေးသာပြုံးရင်း

"မမမှိုင်းတို့ကို လိုက်ရှာလိုက်ဦးမယ် တာရာဒီမှာခဏစောင့်ပေးနော်"

"ရှင်.."

မမဟေဒီကသူမကိုတစ်နေရာတွင်ထိုင်ခိုင်ပြီး ထွက်သွားတော့ တာရာ့မှာအူကြောင်ကြောင်နှင့် ကျန်ခဲ့ရသည်။ ပါတီပွဲရှိသည်ဟုသာဆို၏။ လူတစ်ယောက်မှကိုလည်းမတွေ့ရသဖြင့် တာရာအနည်းငယ်စိတ်ရှုပ်ထွေးသွားကာ ဇဝေဇဝါဖြစ်လာ၏။ နေဝင်သွားပြီဖြစ်သဖြင့် ဆည်းဆာချိန်ကိုကြည့်ပြီး ကျင်းပမည့်ပါတီမဟုတ်တော့ဘူးထင်သည်။ မီးတွေကို ထွန်းညှိထားသည်မှာ လှလွန်းသည့်တိုင် အခုထက်ထိ ဘယ်သူ့ကိုမှမတွေ့ရသေးတော့ စိတ်ထဲတစ်မျိုးဖြစ်သွားရသည်။

သို့သော်လည်း ဤနေရာတွင် ပြင်ဆင်ထားသည့် အပြင်အဆင်တွေက တအားခမ်းနားပြီးလှလွန်းနေပြန်တော့ တာရာဘာမှစဉ်းစားမနေတော့ဘဲ ထိုင်နေရာမှပင် ထလိုက်ကာ ဟိုဟိုဒီဒီလျှောက်သွားမိရင်းနှင့် မြင်မြင်ရာကို တမေ့တမောပင်လိုက်ကြည့်နေမိသည်။

"လှလိုက်တာ..."

နှုတ်မှလည်းသဘောတကျပင် ရေရွတ်မိ၏။ ထိုအခိုက်၌

"ဖျပ်"

"ဟင်"

မီးကရုတ်တရက်ပြတ်သွားသဖြင့် တာရာလန့်သွားသည်။ နေဝင်ပြီးလို့ မှောင်စပျိုးချိန်၌ သင်္ဘောကုန်းပတ်ပေါ်၌ သူမတစ်ယောက်တည်းရှိနေသည်မဟုတ်လား။ သို့သော် မကြာလိုက်ပါ။

"🎼🎶🎵🎼"

ငြိမ့်ညောင်းလှသောသံစဉ်တစ်ခုက လွင့်ပျံလာသဖြင့် တာရာအံ့ဩသင့်သွားရ၏။ ဘာများလဲဆိုသည့်အတွေးဖြင့် ဟိုဟိုဒီဒီလိုက်ငေးနေစဉ်

"🎶 တင်း......"

ဂစ်တာသံတိုးဖျော့ဖျော့လေးထွက်လာသည်။ ထို့အတူ မီးကလည်းဖျပ်ခနဲ့ပြန်လင်းလာ၏။ တာရာလည်းနောက်ကိုလှည့်ကြည့်လိုက်တော့..

"အို"

ခုနစတိတ်စင်သေးသေးလေးပေါ်တွင်ရှိနေသူကတော့ မှိုင်းပင်။ ဘယ်ချိန်ကတည်းက ရောက်နေမှန်းမသိသော်လည်း အဖြူရောင်အနောက်တိုင်းဝတ်စုံနှင့် မှိုင်းကသိပ်ခန့်ညားပြီး ကြည့်ကောင်းလွန်းလှ၏။ ရင်ဘတ်တွင် တွယ်ချိတ်ထားသော နှင်းဆီနီတို့ကပဲ အမြင်ဆန်းသွားစေသည်လား။ မှိုင်းတကယ်ကိုချောမွေ့နိုင်လွန်းလှပါသည်။ ထို့အတူ မှိုင်းလက်ထဲတွင်ရှိနေသည်က အနက်ရောင်ဂစ်တာလေးတစ်လက်။

မှိုင်းသည်သိပ်ကိုနူးညံ့သည့်အပြုံးတွေနှင့် သူမကိုစိုက်ကြည့်နေ၏။ တာရာအံ့ဩမှင်သက်စွာငေးကြည့်နေစဉ်မှာပင် မှိုင်း၏လက်ချောင်းသွယ်သွယ်တို့က ဂစ်တာပေါ်တွင် လှုပ်ခတ်ကစားလာပြီးနောက် အင်မတန်လှပသည့် English သီချင်းတစ်ပုဒ်ကို သီဆိုလာတော့သည်။

🎶Uhh-uhh-uhh, ohh-yeah, hmmm

A hundred and five is the number that comes to my head

When I think of all the years I wanna be with you

Wake up every morning with you in my bed
That's precisely what I plan to do

And you know one of these days, when I get my money right

Buy you everything and show you all the finer things in life

Will forever be enough, so there ain't no need to rush

But one day, I won't be able to ask you loud enough

I'll say, will you marry me?
I swear that I will mean it
I'll say, will you marry me?

Singing, uh-oh-oh, uh-oh-oh
Uh-oh-oh, oh-yeah 🎼🎶

How many girls in the world can make me feel like this?

🎶Baby, I don't ever plan to find out
The more I look, the more I find the reasons why

You're the love of my life
You know one of these days, when I get my money right....

Buy you everything and show you all the finer things in life
Will forever be enough, so there ain't no need to rush...

But one day, I won't be able to ask you loud enough....

I'll say, will you marry me?
I swear that I will mean it
I'll say, will you marry me? 🎶🎵🎼

ကောင်းမွန်လှသည့် English accent နှင့် ပြောက်မြောက်လှသော မှိုင်း၏သီဆိုမှုအောက်မှာ တာရာ၏စိတ်ဝိညာဉ်ဟာ လွင့်မျောသွားသကဲ့သို့ပင် ခံစားလိုက်ရ၏။

တကယ်ပါ.. သိပ်ချောမောလွန်းသည် အဆိုပါလူသားဟာ လှပသည့်သီချင်းတစ်ပုဒ်ကို ကျွမ်းကျင်ပိုင်နိုင်စွာသီဆိုနေခြင်းကာ ဘယ်လောက်မက်မောဖွယ်ကောင်းသည့် လှပခြင်းတွေလဲ။

မှိုင်းသီဆိုနေသောသီချင်းကို တာရာကောင်းကောင်းသိပါသည်။ သူမကြိုက်လွန်းသဖြင့် မကြာခဏနားထောင်တတ်တော့ သိနေ၏။ Jason Derulo၏ Marry Meဟူသော သီချင်းကောင်းပဲဖြစ်သည်။

သီချင်းအဆုံးမှာတော့ မှိုင်းကထရပ်လိုက်၏။ ဂစ်တာကိုလည်းချလိုက်ပြီးနောက် သူမရှိရာသို့လျှောက်လှမ်းလာနေသည်။ တာရာမှိုင်းကို ကြောင်ငေးပြီး ကြည့်နေဆဲပင်။

"တာရာ"

မှိုင်းသူမနှင့်မျက်နှာချင်းဆိုင်တွင် ရပ်တန့်လိုက်ပြီး နူးညံ့ကြင်နာစွာခေါ်လိုက်၏။ ပြီးနောက်

"ဟင်"

ရုတ်တရက်သူမရှေ့ဒူးထောက်ချလာသဖြင့် တာရာအံ့ဩမှင်သက်သွားရတော့သည်။ ဘာလုပ်ရမှန်းမသိအောင်လည်း ထူပူသွားရ၏။ သို့သော် မှိုင်းကကြည်လင်တောက်ပသောအပြုံးတွေနှင့်

"ကိုယ်မင်းနဲ့လက်ထပ်ချင်နေပြီဘေဘီ.. ဒါကြောင့်ကိုယ့်ကိုလက်ထပ်ခွင့်ပြုပါ"

ဟုဆိုလျက်သူမရှေ့သို့ယူဆောင်လာသည်ကတော့ အင်မတန်လှပသောလက်ထပ်လက်စွပ်လေးတစ်ကွင်း။

တစ်ပြိုင်နက်မှာပင် ခုနမှိုင်းသီချင်းဆိုခဲ့သော နှင်းဆီပန်း၊ ဖယောင်းတိုင်၊ အလှရေမွှေးဗူးများရှိနေသည့်စတိတ်စင်အပေါ်တွင် စာတန်းလေးတစ်ခုကပေါ်လာခဲ့သည်။

"Will you marry me " တဲ့။

စက္ကန့်ပိုင်းအတွင်း အသက်ရှူရပ်တန့်သွားခဲ့ပြီလား။ တလှပ်လှပ်ခုန်သွားသည့်ရင်ခုန်သံနှင့် တာရာဟာ ကျောက်ရုပ်လိုဖြစ်နေမိ၏။

"ကိုယ့်ကိုလက်ထပ်ခွင့်ပြုမယ်မဟုတ်လား"

".............."

တာရာဘာပြောရမှန်းမသိပါ။ တကယ်တော့ ဘာမှမပြောနိုင်အောင် ခံစားချက်တွေက ရင်ထဲဆို့နင့်လှိုက်တက်လာတော့၏။

ဘယ်လိုမှထင်မှတ်မထားခဲ့သည့်မှိုင်း၏လက်ထပ်ခွင့်ပန်ခြင်းက တာရာ့ကိုရူးသွပ်လုမတတ်ပင် ဖြစ်သွားစေခဲ့ပါသည်။ မယုံကြည်နိုင်လွန်းသည့်စိတ်တွေ၊ ဝမ်းသာဝမ်းနည်းခံစားချက်တွေနှင့် မျက်ရည်တွေကရစ်ဝဲပြီး ပြိုဆင်းလာရ၏။ ရင်လှိုက်ဖိုမောသွားသည့်ခံစားချက်တွေကြောင့်လည်း နှုတ်ခမ်းတို့ကတုန်ယင်လျက် ဘာစကားမှမဆိုနိုင်ဘဲ မျက်ရည်တွေသာ ကျနေမိသည်။

ခမ်းနားကြီးကျယ်ပြီး လှပလွန်းသည့် ဤလက်ထပ်ခွင့်ပန်ခြင်းကာ  သူမကို တဒင်္ဂလေးမှင်သက်မေ့မျောသွားစေခဲ့ပါသည်။

တကယ်ပါ.. မှိုင်းဒီလိုလက်ထပ်ခွင့်တောင်းလာလိမ့်မည်ဟု တာရာဘယ်လိုမှတွေးမထင်ထားခဲ့ပါ။ တစ်ချိန်လုံး သူမကပဲလက်ထပ်ဖို့ပူဆာပြီး မှိုင်းကအမြဲဖျောင်းဖျခဲ့ရသည်မဟုတ်လား။

အခုတော့ တာရာခမျာ တကယ်ကိုSurpriseဖြစ်သွားခဲ့ရရှာပါသည်။ ကြည်နူးဝမ်းသာလွန်း၍ ကျလာသည့်မျက်ရည်စတွေတွဲခိုနေသောမျက်ဝန်းတွေနှင့် မှိုင်းကိုငေးကြည့်နေခဲ့မိ၏။

"တာရာ.. ဘေဘီ ကိုယ်နဲ့လက်ထပ်ဖို့ သဘောတူလား"

မှိုင်းထပ်မေးလာတော့မှ တာရာအသိဝင်လာ၏။ စကားမပြောနိုင်အောင် ခံစားချက်တွေဆို့နင့်နေသည့်တိုင် မှိုင်းအကြာကြီး ဒူးထောက်ထားသည်ကို မကြည့်ရက်သဖြင့် အားယူလိုက်ပြီးနောက်

"ဟုတ်ကဲ့"

"ဘေဘီရယ် ချစ်လိုက်တာ"

မှိုင်းမျက်နှာမှအပြုံးပန်းတွေဝေသွား၏။ သူမလက်သူကြွယ်တွင် လက်ထပ်လက်စွပ်လေးကိုစွပ်ပေးပြီးနောက် မျက်ရည်စတွေကိုသုတ်ပေးလိုက်၏။ ပြီးနောက်တွင်တော့ သူမနှုတ်ခမ်းဖူးဖူးလေးကို မြတ်နိုးစွာပင် တရှိုက်မတ်မတ်နမ်းလာခဲ့သည်။

ထိုအခိုက်မှာပင်...

"🎼🎶🎶🎶🎼🎶"

သံစဉ်တွေနှင့်အတူ လွင့်ပျံလာသည်ကတော့ ကမ္ဘာကျော်အဆိုတော် Ed Sheeran ၏ Classical သီချင်းဖြစ်သော "Perfect"....

🎶🎼🎈I found a love, for me
Darling, just dive right in and follow my lead

Well, I found a girl, beautiful and sweet
Oh, I never knew you were the someone waiting for me

'Cause we were just kids when we fell in love Not knowing what it was
I will not give you up this time
But darling, just kiss me slow
Your heart is all I own

And in your eyes, you're holding mine
Baby, I'm dancing in the dark
With you between my arms
Barefoot on the grass

Listening to our favourite song
When you said you looked a mess
I whispered underneath my breath
But you heard it
Darling, you look perfect tonight🎼🎶🎈

လှပပြည့်စုံသည့်သီချင်းသံနှင့်အတူ သူမကိုပွေ့ဖက်ထားရင်း နမ်းရှိုက်နေသည့်မှိုင်း၏အနမ်းတွေကလည်း နက်ရှိုင်းပြီးလှပနေခဲ့၏။

"ဖြောင်း.... ဖြောင်း... ဖြောင်း"

လက်ခုပ်သံနှင့်အတူ ထွက်လာကြသည်ကတော့ ကောင်းမာန်၊ ဟေသုမဒီနှင့် အခြားသော ဧည့်သည်တော်တွေ။

ကြည့်စမ်း.. အားလုံးကတာရာ့ကို မပြောဘဲ တိတ်တိတ်လေးကြံစည်နေခဲ့ကြသည်ပဲ။ ဒါကြောင့်မှိုင်းတို့နှစ်ယောက်ကာ တစ်ညနေလုံးပျောက်နေသည်ကို။

မည်သို့ပင်ဖြစ်စေ တကယ်ကိုSurpriseဖြစ်ခဲ့ရပြီး ဝမ်းသာကြည်နူးရလွန်းသဖြင့် တာရာ့ခမျာအခုထက်ထိတိုင် မျက်ရည်မစဲနိုင်ရှာတော့ပါ။

"Congratulationsပါမှိုင်း"

"Congratulations မှိုင်းနဲ့တာရာလေးရေ.. "

ကောင်းမာန်နှင့်ဟေဒီကဂုဏ်ပြုစကားဆိုရင်း သူမကိုလာဖက်ပေးသည်။ တာရာ့မှာထိန်းချုပ်ထားသမျှ မတင်းခံနိုင်တော့ဘဲ အစ်မဖြစ်သူဟေဒီ့ကိုဖက်ရင်း တအိအိနှင့်ပင်ငိုနေရှာသည်။  ဒါဟာမိန်းကလေးတစ်ယောက်၏အလှပဆုံးနှင့်ကြည်နူးရဆုံးသော အချိန်တွေထဲကတစ်ခုပဲမဟုတ်လား။

ဘယ်လိုနေနေအချိန်မရွေးလက်ထပ်ဖို့ အသင့်ဖြစ်နေသူမှန်း သေချာသိနေသည့်တိုင် မှိုင်းဟာသူမကိုတန်ဖိုးထားပြီး အခမ်းနားဆုံးနှင့် အလှပဆုံးလက်ထပ်ခွင့်တောင်းခဲ့သည်။ တာရာမှမရူးလျှင် ဘယ်သူရူးရတော့မည်လဲ။ ဝမ်းသာကြည်နူးရလွန်းသဖြင့် ငိုချင်းချလိုက်မိခြင်းသာ။

ရောက်ရှိနေသည့်ဧည့်သည်အားလုံးကလည်း ဤမြင်ကွင်းကို ကြည်နူးစွာပင်ကြည့်နေကြတော့၏။

ဤသည်ကာ ယခုညနေခင်း၏အလှပဆုံးသော အလှတရားတစ်ခုပင်ဖြစ်လေသည်။

ဆက်ရန်
ဆူးခတ်ပန်း

(မှိုင်းဂစ်တာနှင့်ဆိုပြခဲ့သော Jason Derulo၏ Marry Me သီချင်းနားထောင်ရန်Link- https://youtu.be/zRCsZ5a3aCM?si=yQvxf33AoIHSHdlL)

(Ed Sheeran၏ Perfect သီချင်းနားထောင်းရန် Link https://youtu.be/2Vv-BfVoq4g?si=BhZXq7ggdW73eoX3)

Zawgyi

🖤Until the End of Time🖤
(အသက္ထက္ဆုံးတိုင္.....)

အပိုင္း(၆၈)

"ဝါး.. သေဘၤာႀကီးကလွလိုက္တာ"

အလွသေဘၤာႀကီးကိုၾကည့္ၿပီး တာရာမွာေပ်ာ္လြန္းသျဖင့္ ခုန္ဆြခုန္ဆြႏွင့္ကို ျဖစ္ေနေတာ့သည္။ တာရာ့ကိုၾကည့္ၿပီး မႈိင္း၊ ေကာင္းမာန္၊ ေဟဒီတို႔ကလည္း ၿပဳံးေနမိသည္။

ဒီေန႔က သူတို႔ေတြအေပ်ာ္ခရီးထြက္လာသည့္ေန႔ပင္။ တာရာစာေမးပြဲေျဖၿပီးေတာ့ မႈိင္းကအေပ်ာ္ခရီးတစ္ခုစီစဥ္ေပးဖို႔ေတြးခဲ့သည္။ ျပန္စဥ္းစားၾကည့္လွ်င္ သူတို႔ေလးေယာက္လုံးစုစည္းၿပီး အေပ်ာ္ခရီးထြက္တာမ်ိဳးမရွိပါ။ ထို႔ေၾကာင့္ အမွတ္တရအေနႏွင့္ ခရီးတစ္ခုအတူထြက္ႏိုင္ဖို႔စဥ္းစားခဲ့သည္။

ျဖစ္ခ်င္ေတာ့ သူ႔မိတ္ေဆြကုမၼဏီတစ္ခုက သီတင္းကြၽတ္ကာလ၌ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ဇိမ္ခံသေဘၤာႏွင့္ ပတ္လည္ဖို႔ခရီးစဥ္ကို ေၾကာ္ျငာလိုက္ေတာ့ သူjoinဖို႔စိတ္ဝင္စားသြားသည္။ ဇိမ္ခံသေဘၤာႀကီးႏွင့္ သုံးေလးရက္လည္ပတ္မည့္ခရီးျဖစ္၍ ကုန္က်စရိတ္က သူေဌးေတြသာ တတ္ႏိုင္ေသာကုန္က်စရိတ္မ်ိဳးျဖစ္ေနေတာ့ Luxuryဆန္ဆန္အရသာမ်ိဳး ခံစားႏိုင္သည္။ လူရည္သန္႔ၿပီး အာ႐ုံေႏွာက္စရာလည္းမရွိေတာ့  ဒီခရီးစဥ္ကို joinဖို႔ဆုံးျဖတ္လိုက္သည္။ ေကာင္းမာန္ႏွင့္ေဟဒီကိုလည္း အလုပ္ေတြျဖတ္ထားဖို႔ အေစာပိုင္းကတည္းက သတိေပးထားခဲ့သည္။ အခုေတာ့သူတို႔ေလးေယာက္ အေပ်ာ္ခရီးတစ္ခုကို အတူထြက္ႏိုင္ၿပီျဖစ္သည္။

"သေဘာက်လား ေဘဘီ"

ေပ်ာ္ေနသည့္တာရာ့ကိုမႈိင္းကေမးလိုက္ေတာ့ တာရာကပါးေလးေတြေဖာင္းအစ္သြားသည္အထိ အားပါးတရၿပဳံးလိုက္ၿပီး

"ေပ်ာ္တာေပါ့ သေဘၤာႀကီးကတအားမိုက္တာပဲ တာရာတို႔သူေ႒းလို ဇိမ္ခံၿပီး ခရီးထြက္ရမွာေပါ့ေနာ္"

"ဒါေပါ့ ေဘဘီရဲ႕"

"တိုက္တန္းနစ္လိုမ်ိဳးလား"

"အင္း...ဒါေပမဲ့ကိုယ္တို႔ကေပ်ာ္စရာခရီးပဲ ျဖစ္မွာပါ ဝမ္းနည္းစရာေတြမပါေစရဘူး"

"ဟီး.. ႀကိဳက္လိုက္တာ"

တာရာမွာ လူနည္းစုသာလိုက္ပါစီးနင္းႏိုင္ေသာ အေပ်ာ္ဇိမ္ခံသေဘၤာႀကီးကိုၾကည့္ၿပီး သေဘာက်မဆုံးေတာ့ေပ။ မႈိင္း၏လက္ေမာင္းကိုလည္း တြဲခိုထားရင္း

"မႈိင္းကိုခ်စ္လိုက္တာ တအားပဲ ကမာၻေပၚမွာအခ်စ္ဆုံး စၾကာဝ႒ာႀကီးတစ္ခုလုံးမွာ မႈိင္းသာကိုးကြယ္ရာ အစစ္အမွန္"

"အဟမ္း"

"ဒီကေလးမ အပိုေတြတအားေျပာေနာ္"

ေကာင္းမာန္က ေခ်ာင္းဟန္႔လိုက္သလို ေဟဒီကလည္းမ်က္ေစာင္းထိုးလိုက္သည္။ တာရာကေတာ့ မႈိင္းအားကိုးႏွင့္ ႏွစ္ေယာက္လုံးကို လွ်ာထုတ္ေျပာင္ျပေတာ့သည္။ မည္သို႔ပင္ျဖစ္ေစ သူတို႔၏အေပ်ာ္ခရီးက စတင္သက္ဝင္လာခဲ့ပါသည္။

တာရာမသိသည္က သေဘၤာေပၚတြင္ သူမအတြက္ ႀကီးမားေသာSurpriseႀကီးတစ္ခု ဆီးႀကိဳေနမည္ဆိုတာ........။
..................... .......................... ........................

"ဒီညလွလွေလး အလွျပင္ထားေနာ္ ညက်partyပြဲမွာလူမ်ားလိမ့္မယ္"

မမေဟဒီကမွာထားေတာ့ ဂါဝန္တစ္ထည္ၿပီး တစ္ထည္ထုတ္စမ္းဝတ္ၾကည့္ရာကေန ေနာက္ဆုံးအျဖဴေရာင္ေလးကိုပဲ ဝတ္ဖို႔ဆုံးျဖတ္လိုက္သည္။ မမေဟဒီကလည္း အျဖဴေရာင္ေလးဝတ္မည္ဆိုေတာ့ ဆင္တူေလးေပါ့ေလ။ မိတ္ကပ္ကိုေတာ့ ကိုယ့္ဘာသာျပင္လွ်င္ နတ္ကေတာ္ျဖစ္သြားႏိုင္၍ မမေဟဒီကိုသာအကူအညီေတာင္းထားရသည္။

တာရာတို႔က ဇိမ္ခံသေဘၤာႀကီး၏ ေစ်းအႀကီးဆုံးFamilyခန္းယူထားသည္။ အခန္းႏွစ္ခန္းပါၿပီး ဧည့္ခန္းငယ္ေလးလည္းရွိသည္။ တာရာႏွင့္မမေဟဒီကတစ္ခန္းယူၿပီး မႈိင္းႏွင့္ေကာင္းမာန္ကတစ္ခန္းယူသည္။ အခန္းထဲတြင္ မႈိင္းႏွင့္ေကာင္းမာန္ကိုမေတြ႕ရသျဖင့္

"မႈိင္းတို႔ေရာ မမ"

"မသိဘူးပဲ ကိစၥရွိလို႔အျပင္သြားတယ္ထင္တယ္"

မမေဟဒီကထိုမွ်သာေျပာသည္။ သူမတို႔ကိုေျပာထားသည့္Dinnerႏွင့္Party ခ်ိန္ေရာက္ဖို႔က အခ်ိန္လိုေသးေသာ္လည္း ႏွစ္ေယာက္လုံးကမေျပာမဆိုႏွင့္ ေပ်ာက္ေနသည့္အတြက္ကို တာရာကမေက်နပ္ခ်င္ပါ။

"ႏွစ္ေယာက္သားေပ်ာက္ေနတာၾကာၿပီ ဘာေတြလုပ္ေနလဲမသိဘူး ဟြန္႔"

"ကိစၥတစ္ခုခုရွိလို႔ေနမွာပါ"

"နည္းနည္းပါးပါးေတာ့ ေျပာသြားသင့္တယ္ မဟုတ္လား"

"ကဲပါ.. မိတ္ကပ္လိမ္းရေအာင္ အဆင္သင့္ ျပင္ဆင္ထားၾကတာေပါ့"

မမေဟဒီစကားေၾကာင့္ တာရာလည္းဘာမွမေျပာဘဲ မိတ္ကပ္လိမ္းဖို႔သာျပင္ဆင္လိုက္၏။ မိတ္ကပ္လိမ္းျခယ္ၿပီးေတာ့ ခုနေ႐ြးထားသည့္အျဖဴေရာင္ကိုယ္က်ပ္dressေလးကို ဝတ္လိုက္ၿပီး ဖန္ေဒါက္မနိမ့္မျမင့္ေလးစီးလိုက္သည္။

"မမရဲ႕ ကေလးေလးက လွလိုက္တာ"

ပါးပါးလွပ္လွပ္ေလးႏွင့္ ခ်စ္စဖြယ္ေကာင္းေနေသာတာရာ့ကိုၾကည့္ၿပီး ေဟဒီကသေဘာက်စြာဆိုလိုက္ေတာ့ တာရာကလည္းအစ္မျဖစ္သူကိုၾကည့္ရင္း

"မမေဟဒီက ပိုလွတယ္"

"ေနပါ မႈိင္းၾကားရင္ မမအသတ္ခံေနရဦးမယ္"

"တကယ္​ေျပာတာ မမေလာက္ဘယ္သူမွ မလွေတာ့ဘူးသိလား"

တာရာကကိုယ့္အစ္မမို႔ေျမႇာက္ပင့္ေျပာေနျခင္းမဟုတ္ပါ။ မမေဟဒီကတကယ္လွပါသည္။ အရပ္ျမင့္ျမင့္၊ ကိုယ္လုံးကိုယ္ေပါက္လွလွႏွင့္ အညိဳေရာင္ဆံႏြယ္ေတြခါးထိရွည္ေသာ မမေဟဒီ၏အလွကို ဘယ္သူကလြန္ဆန္ႏိုင္မည္လဲ။ တာရာႏွင္းျမဴက ျဖဴလွပ္လွပ္ႏွင့္ တိမ္စိုင္မင္းသမီးေလးလို ေပါ့ပါးလွပ္လြင့္စြာ လွပခ်စ္စဖြယ္ေကာင္းေနသည္ဆိုလွ်င္ ေဟသုမဒီကေတာ့ ေကာင္းကင္ဘုံ၏အျဖဴေရာင္ဘုရင္မတစ္ပါးလို ေက်ာ့ရွင္းကာ စြဲမက္ဖြယ္အတိ ျဖစ္ေနမည္။

အားလုံးျပင္ဆင္ၿပီးသည္အထိတိုင္ မႈိင္းတို႔ကိုမေတြ႕ေသးေတာ့ တာရာမ်က္ေမွာင္က်ဳံ႕လိုက္ၿပီး

"မႈိင္းတို႔ဘယ္ေပ်ာက္ေနပါလိမ့္ အခုထိလည္း မေတြ႕ဘူး"

"သူတို႔partyမွာပဲေစာင့္ေနမယ္တဲ့ မမကိုေျပာသြားတယ္"

"ဟင္.. ဘယ္တုန္းကေျပာသြားတာလဲ"

ေဟဒီကအေျဖတစ္ခုကိုအသဲအသန္စဥ္းစားေနၿပီးမွ

"ညီမေလးအဝတ္အစားလဲေနတဲ့အခ်ိန္လာသြားတာ မမေျပာဖို႔ေမ့ေနလို႔"

"ဪ"

တာရာကဘာမွဆက္မေျပာေတာ့ပါ။ မႈိင္းထိပ္ထားစံေလးက တစ္ညေနခင္းလုံး သူ႔မႈိင္းကိုမေတြ႕ရေတာ့ မ်က္ႏွာေလးမေကာင္းရွာေပ။

ေဟဒီက နာရီတစ္ခ်က္ၾကည့္လိုက္သည္။ သတ္မွတ္ထားသည့္အခ်ိန္ေရာက္လာေတာ့

"လာ.. မမတို႔ပါတီပြဲသြားရေအာင္ အခ်ိန္တန္ၿပီ"

"ဟုတ္"

တာရာႏွင့္မမေဟဒီလည္းအျပင္ဘက္ထြက္လာခဲ့လိုက္သည္။ Partyက သေဘၤာကုန္းပတ္တြင္ ျပဳလုပ္မည္ဟု သိရသည္။ ေနဝင္ဆည္းဆာ၏အလွကိုခံစားရင္း ျပဳလုပ္က်င္းပမည့္ပါတီက တကယ္ကို ေပ်ာ္စရာေကာင္းေလာက္၏။

ၾကည့္ေလ.. ပုစြန္ဆီေရာင္ညဆည္းဆာေအာက္က ပင္လယ္က ဘယ္ေလာက္ေတာင္ လွပေနရက္ႏိုင္သလဲ။ ၿငိမ့္ၿငိမ့္ေလးလႈပ္ခတ္ေနသည့္ လႈိင္းေလးေတြ၊ ခပ္ေျပေျပတိုက္သြားသည့္ေလႏုေလးေတြကအစ မက္ေမာစရာေကာင္းလွ၏။ တာရာ ပင္လယ္ျပင္ႀကီးကို ခ်စ္လိုက္တာ။

"ဟင္"

ပင္လယ္ဘက္ကိုေငးရင္း ေလွ်ာက္လာသည့္တာရာသည္သေဘၤာကုန္းပတ္၌ျမင္လိုက္ရေသာျမင္ကြင္းေၾကာင့္ အံ့ဩမွင္သက္သြားသည္မွာ ႏႈတ္ခမ္းဖူးဖူးေလးပင္ ဖြင့္ဟလသည္အထိပင္။

ပါတီပြဲရွိသည္ဆိုေတာ့ တာရာကဒီအတိုင္း လူေတြစည္စည္ကားကားႏွင့္ dinnerစားပြဲေလးတစ္ခုေလာက္သာေတြးထားသည္။ ဆန္းဆန္းျပားျပားဘာညာဆိုလည္း တီးဝိုင္းတစ္ခုႏွင့္ ကခုန္ျမဴးထူးေနတာေလာက္ပဲေပါ့။

အခုေတာ့ၾကည့္ပါေလ... ။ ကုန္းပတ္တြင္ ျပင္ဆင္ထားသည္က ဘယ္ေလာက္အံ့ဩသင့္ဖြယ္ရာေကာင္းလိုက္သည္လဲ။

အျဖဴေရာင္စားပြဲတို႔ကာစီစီရီရီႏွင့္ရွိေနၿပီး သေဘၤာကုန္းပတ္တစ္ေလွ်ာက္တြင္လည္း အျဖဴေရာင္ဇာလိုက္ကာစမ်ားႏွင့္ ႏွင္းဆီပန္းျဖဴတို႔ကို  တန္ဆာဆင္ထားသည္မွာ ရင္သပ္ရႉေမာရေလာက္ေအာင္ လွလြန္း၏။ ေလအလြင့္မွာလိုက္ကာစျဖဴျဖဴတို႔ တလြင့္လြင့္ရွိေနၿပီး ႏွင္းဆီရနံ႔တို႔ သင္းခနဲ႔ရွိသြားျခင္းမွာ ဘယ္ေလာက္ကဗ်ာဆန္လိုက္ေလျခင္းလဲ။

ထိုမွတင္မကေသးပါ။ ေလွ်ာက္လမ္းတစ္ေလွ်ာက္၌ ႏွင္းဆီနီတို႔ကိုလွလွပပျဖန္႔က်ဲထားၿပီး အလွဖေယာင္းတိုင္တို႔ကိုလည္း ထြန္းညႇိထားေသးသည္။ စားပြဲခုံမ်ား၏ထိပ္တြင္ေတာ့ အသဲပုံေဖာ္ထားသည့္စတိတ္စင္ေသးေသးေလးရွိေနၿပီး ထိုေနရာ၌ ႏွင္းဆီပန္းအနီ၊ အျဖဴ၊ Ledအလွဖေယာင္းတိုင္၊ ေရေမႊးပုလင္းတို႔ကို လွလွပပစီထားသည္မွာ တကယ္ကိုခမ္းနားလွသည္။ အနီရင့္ရင့္ ပူစီေဘာင္းတို႔ တလြင့္လြင့္ပ်ံဝဲေနပုံမွာလည္း နန္းဆန္လြန္းလွ၏။

တာရာသည္ျမင္သမွ်တို႔ကို တေမ့တေမာပင္ ေငးေမာၾကည့္ေနရင္းမွ

"မမ ဒါကဘာလဲဟင္ ဘယ္သူ႔မဂၤလာေဆာင္ရွိလို႔လဲ"

သူမအေမးကိုေဟဒီက မေျဖပါ။ ႏူးႏူးညံ့ညံ့ေလးသာၿပဳံးရင္း

"မမမႈိင္းတို႔ကို လိုက္ရွာလိုက္ဦးမယ္ တာရာဒီမွာခဏေစာင့္ေပးေနာ္"

"ရွင္.."

မမေဟဒီကသူမကိုတစ္ေနရာတြင္ထိုင္ခိုင္ၿပီး ထြက္သြားေတာ့ တာရာ့မွာအူေၾကာင္ေၾကာင္ႏွင့္ က်န္ခဲ့ရသည္။ ပါတီပြဲရွိသည္ဟုသာဆို၏။ လူတစ္ေယာက္မွကိုလည္းမေတြ႕ရသျဖင့္ တာရာအနည္းငယ္စိတ္ရႈပ္ေထြးသြားကာ ဇေဝဇဝါျဖစ္လာ၏။ ေနဝင္သြားၿပီျဖစ္သျဖင့္ ဆည္းဆာခ်ိန္ကိုၾကည့္ၿပီး က်င္းပမည့္ပါတီမဟုတ္ေတာ့ဘူးထင္သည္။ မီးေတြကို ထြန္းညႇိထားသည္မွာ လွလြန္းသည့္တိုင္ အခုထက္ထိ ဘယ္သူ႔ကိုမွမေတြ႕ရေသးေတာ့ စိတ္ထဲတစ္မ်ိဳးျဖစ္သြားရသည္။

သို႔ေသာ္လည္း ဤေနရာတြင္ ျပင္ဆင္ထားသည့္ အျပင္အဆင္ေတြက တအားခမ္းနားၿပီးလွလြန္းေနျပန္ေတာ့ တာရာဘာမွစဥ္းစားမေနေတာ့ဘဲ ထိုင္ေနရာမွပင္ ထလိုက္ကာ ဟိုဟိုဒီဒီေလွ်ာက္သြားမိရင္းႏွင့္ ျမင္ျမင္ရာကို တေမ့တေမာပင္လိုက္ၾကည့္ေနမိသည္။

"လွလိုက္တာ..."

ႏႈတ္မွလည္းသေဘာတက်ပင္ ေရ႐ြတ္မိ၏။ ထိုအခိုက္၌

"ဖ်ပ္"

"ဟင္"

မီးက႐ုတ္တရက္ျပတ္သြားသျဖင့္ တာရာလန္႔သြားသည္။ ေနဝင္ၿပီးလို႔ ေမွာင္စပ်ိဳးခ်ိန္၌ သေဘၤာကုန္းပတ္ေပၚ၌ သူမတစ္ေယာက္တည္းရွိေနသည္မဟုတ္လား။ သို႔ေသာ္ မၾကာလိုက္ပါ။

"🎼🎶🎵🎼"

ၿငိမ့္ေညာင္းလွေသာသံစဥ္တစ္ခုက လြင့္ပ်ံလာသျဖင့္ တာရာအံ့ဩသင့္သြားရ၏။ ဘာမ်ားလဲဆိုသည့္အေတြးျဖင့္ ဟိုဟိုဒီဒီလိုက္ေငးေနစဥ္

"🎶 တင္း......"

ဂစ္တာသံတိုးေဖ်ာ့ေဖ်ာ့ေလးထြက္လာသည္။ ထို႔အတူ မီးကလည္းဖ်ပ္ခနဲ႔ျပန္လင္းလာ၏။ တာရာလည္းေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့..

"အို"

ခုနစတိတ္စင္ေသးေသးေလးေပၚတြင္ရွိေနသူကေတာ့ မႈိင္းပင္။ ဘယ္ခ်ိန္ကတည္းက ေရာက္ေနမွန္းမသိေသာ္လည္း အျဖဴေရာင္အေနာက္တိုင္းဝတ္စုံႏွင့္ မႈိင္းကသိပ္ခန္႔ညားၿပီး ၾကည့္ေကာင္းလြန္းလွ၏။ ရင္ဘတ္တြင္ တြယ္ခ်ိတ္ထားေသာ ႏွင္းဆီနီတို႔ကပဲ အျမင္ဆန္းသြားေစသည္လား။ မႈိင္းတကယ္ကိုေခ်ာေမြ႕ႏိုင္လြန္းလွပါသည္။ ထို႔အတူ မႈိင္းလက္ထဲတြင္ရွိေနသည္က အနက္ေရာင္ဂစ္တာေလးတစ္လက္။

မႈိင္းသည္သိပ္ကိုႏူးညံ့သည့္အၿပဳံးေတြႏွင့္ သူမကိုစိုက္ၾကည့္ေန၏။ တာရာအံ့ဩမွင္သက္စြာေငးၾကည့္ေနစဥ္မွာပင္ မႈိင္း၏လက္ေခ်ာင္းသြယ္သြယ္တို႔က ဂစ္တာေပၚတြင္ လႈပ္ခတ္ကစားလာၿပီးေနာက္ အင္မတန္လွပသည့္ English သီခ်င္းတစ္ပုဒ္ကို သီဆိုလာေတာ့သည္။

🎶Uhh-uhh-uhh, ohh-yeah, hmmm

A hundred and five is the number that comes to my head

When I think of all the years I wanna be with you

Wake up every morning with you in my bed
That's precisely what I plan to do

And you know one of these days, when I get my money right

Buy you everything and show you all the finer things in life

Will forever be enough, so there ain't no need to rush

But one day, I won't be able to ask you loud enough

I'll say, will you marry me?
I swear that I will mean it
I'll say, will you marry me?

Singing, uh-oh-oh, uh-oh-oh
Uh-oh-oh, oh-yeah 🎼🎶

How many girls in the world can make me feel like this?

🎶Baby, I don't ever plan to find out
The more I look, the more I find the reasons why

You're the love of my life
You know one of these days, when I get my money right....

Buy you everything and show you all the finer things in life
Will forever be enough, so there ain't no need to rush...

But one day, I won't be able to ask you loud enough....

I'll say, will you marry me?
I swear that I will mean it
I'll say, will you marry me? 🎶🎵🎼

ေကာင္းမြန္လွသည့္ English accent ႏွင့္ ေျပာက္ေျမာက္လွေသာ မႈိင္း၏သီဆိုမႈေအာက္မွာ တာရာ၏စိတ္ဝိညာဥ္ဟာ လြင့္ေမ်ာသြားသကဲ့သို႔ပင္ ခံစားလိုက္ရ၏။

တကယ္ပါ.. သိပ္ေခ်ာေမာလြန္းသည္ အဆိုပါလူသားဟာ လွပသည့္သီခ်င္းတစ္ပုဒ္ကို ကြၽမ္းက်င္ပိုင္ႏိုင္စြာသီဆိုေနျခင္းကာ ဘယ္ေလာက္မက္ေမာဖြယ္ေကာင္းသည့္ လွပျခင္းေတြလဲ။

မႈိင္းသီဆိုေနေသာသီခ်င္းကို တာရာေကာင္းေကာင္းသိပါသည္။ သူမႀကိဳက္လြန္းသျဖင့္ မၾကာခဏနားေထာင္တတ္ေတာ့ သိေန၏။ Jason Derulo၏ Marry Meဟူေသာ သီခ်င္းေကာင္းပဲျဖစ္သည္။

သီခ်င္းအဆုံးမွာေတာ့ မႈိင္းကထရပ္လိုက္၏။ ဂစ္တာကိုလည္းခ်လိုက္ၿပီးေနာက္ သူမရွိရာသို႔ေလွ်ာက္လွမ္းလာေနသည္။ တာရာမႈိင္းကို ေၾကာင္ေငးၿပီး ၾကည့္ေနဆဲပင္။

"တာရာ"

မႈိင္းသူမႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ရပ္တန္႔လိုက္ၿပီး ႏူးညံ့ၾကင္နာစြာေခၚလိုက္၏။ ၿပီးေနာက္

"ဟင္"

႐ုတ္တရက္သူမေရွ႕ဒူးေထာက္ခ်လာသျဖင့္ တာရာအံ့ဩမွင္သက္သြားရေတာ့သည္။ ဘာလုပ္ရမွန္းမသိေအာင္လည္း ထူပူသြားရ၏။ သို႔ေသာ္ မႈိင္းကၾကည္လင္ေတာက္ပေသာအၿပဳံးေတြႏွင့္

"ကိုယ္မင္းနဲ႔လက္ထပ္ခ်င္ေနၿပီေဘဘီ.. ဒါေၾကာင့္ကိုယ့္ကိုလက္ထပ္ခြင့္ျပဳပါ"

ဟုဆိုလ်က္သူမေရွ႕သို႔ယူေဆာင္လာသည္ကေတာ့ အင္မတန္လွပေသာလက္ထပ္လက္စြပ္ေလးတစ္ကြင္း။

တစ္ၿပိဳင္နက္မွာပင္ ခုနမႈိင္းသီခ်င္းဆိုခဲ့ေသာ ႏွင္းဆီပန္း၊ ဖေယာင္းတိုင္၊ အလွေရေမႊးဗူးမ်ားရွိေနသည့္စတိတ္စင္အေပၚတြင္ စာတန္းေလးတစ္ခုကေပၚလာခဲ့သည္။

"Will you marry me " တဲ့။

စကၠန္႔ပိုင္းအတြင္း အသက္ရႉရပ္တန္႔သြားခဲ့ၿပီလား။ တလွပ္လွပ္ခုန္သြားသည့္ရင္ခုန္သံႏွင့္ တာရာဟာ ေက်ာက္႐ုပ္လိုျဖစ္ေနမိ၏။

"ကိုယ့္ကိုလက္ထပ္ခြင့္ျပဳမယ္မဟုတ္လား"

".............."

တာရာဘာေျပာရမွန္းမသိပါ။ တကယ္ေတာ့ ဘာမွမေျပာႏိုင္ေအာင္ ခံစားခ်က္ေတြက ရင္ထဲဆို႔နင့္လႈိက္တက္လာေတာ့၏။

ဘယ္လိုမွထင္မွတ္မထားခဲ့သည့္မႈိင္း၏လက္ထပ္ခြင့္ပန္ျခင္းက တာရာ့ကို႐ူးသြပ္လုမတတ္ပင္ ျဖစ္သြားေစခဲ့ပါသည္။ မယုံၾကည္ႏိုင္လြန္းသည့္စိတ္ေတြ၊ ဝမ္းသာဝမ္းနည္းခံစားခ်က္ေတြႏွင့္ မ်က္ရည္ေတြကရစ္ဝဲၿပီး ၿပိဳဆင္းလာရ၏။ ရင္လႈိက္ဖိုေမာသြားသည့္ခံစားခ်က္ေတြေၾကာင့္လည္း ႏႈတ္ခမ္းတို႔ကတုန္ယင္လ်က္ ဘာစကားမွမဆိုႏိုင္ဘဲ မ်က္ရည္ေတြသာ က်ေနမိသည္။

ခမ္းနားႀကီးက်ယ္ၿပီး လွပလြန္းသည့္ ဤလက္ထပ္ခြင့္ပန္ျခင္းကာ  သူမကို တဒဂၤေလးမွင္သက္ေမ့ေမ်ာသြားေစခဲ့ပါသည္။

တကယ္ပါ.. မႈိင္းဒီလိုလက္ထပ္ခြင့္ေတာင္းလာလိမ့္မည္ဟု တာရာဘယ္လိုမွေတြးမထင္ထားခဲ့ပါ။ တစ္ခ်ိန္လုံး သူမကပဲလက္ထပ္ဖို႔ပူဆာၿပီး မႈိင္းကအၿမဲေဖ်ာင္းဖ်ခဲ့ရသည္မဟုတ္လား။

အခုေတာ့ တာရာခမ်ာ တကယ္ကိုSurpriseျဖစ္သြားခဲ့ရရွာပါသည္။ ၾကည္ႏူးဝမ္းသာလြန္း၍ က်လာသည့္မ်က္ရည္စေတြတြဲခိုေနေသာမ်က္ဝန္းေတြႏွင့္ မႈိင္းကိုေငးၾကည့္ေနခဲ့မိ၏။

"တာရာ.. ေဘဘီ ကိုယ္နဲ႔လက္ထပ္ဖို႔ သေဘာတူလား"

မႈိင္းထပ္ေမးလာေတာ့မွ တာရာအသိဝင္လာ၏။ စကားမေျပာႏိုင္ေအာင္ ခံစားခ်က္ေတြဆို႔နင့္ေနသည့္တိုင္ မႈိင္းအၾကာႀကီး ဒူးေထာက္ထားသည္ကို မၾကည့္ရက္သျဖင့္ အားယူလိုက္ၿပီးေနာက္

"ဟုတ္ကဲ့"

"ေဘဘီရယ္ ခ်စ္လိုက္တာ"

မႈိင္းမ်က္ႏွာမွအၿပဳံးပန္းေတြေဝသြား၏။ သူမလက္သူႂကြယ္တြင္ လက္ထပ္လက္စြပ္ေလးကိုစြပ္ေပးၿပီးေနာက္ မ်က္ရည္စေတြကိုသုတ္ေပးလိုက္၏။ ၿပီးေနာက္တြင္ေတာ့ သူမႏႈတ္ခမ္းဖူးဖူးေလးကို ျမတ္ႏိုးစြာပင္ တရႈိက္မတ္မတ္နမ္းလာခဲ့သည္။

ထိုအခိုက္မွာပင္...

"🎼🎶🎶🎶🎼🎶"

သံစဥ္ေတြႏွင့္အတူ လြင့္ပ်ံလာသည္ကေတာ့ ကမာၻေက်ာ္အဆိုေတာ္ Ed Sheeran ၏ Classical သီခ်င္းျဖစ္ေသာ "Perfect"....

🎶🎼🎈I found a love, for me
Darling, just dive right in and follow my lead

Well, I found a girl, beautiful and sweet
Oh, I never knew you were the someone waiting for me

'Cause we were just kids when we fell in love Not knowing what it was
I will not give you up this time
But darling, just kiss me slow
Your heart is all I own

And in your eyes, you're holding mine
Baby, I'm dancing in the dark
With you between my arms
Barefoot on the grass

Listening to our favourite song
When you said you looked a mess
I whispered underneath my breath
But you heard it
Darling, you look perfect tonight🎼🎶🎈

လွပျပည့္စုံသည့္သီခ်င္းသံႏွင့္အတူ သူမကိုေပြ႕ဖက္ထားရင္း နမ္းရႈိက္ေနသည့္မႈိင္း၏အနမ္းေတြကလည္း နက္ရႈိင္းၿပီးလွပေနခဲ့၏။

"ေျဖာင္း.... ေျဖာင္း... ေျဖာင္း"

လက္ခုပ္သံႏွင့္အတူ ထြက္လာၾကသည္ကေတာ့ ေကာင္းမာန္၊ ေဟသုမဒီႏွင့္ အျခားေသာ ဧည့္သည္ေတာ္ေတြ။

ၾကည့္စမ္း.. အားလုံးကတာရာ့ကို မေျပာဘဲ တိတ္တိတ္ေလးႀကံစည္ေနခဲ့ၾကသည္ပဲ။ ဒါေၾကာင့္မႈိင္းတို႔ႏွစ္ေယာက္ကာ တစ္ညေနလုံးေပ်ာက္ေနသည္ကို။

မည္သို႔ပင္ျဖစ္ေစ တကယ္ကိုSurpriseျဖစ္ခဲ့ရၿပီး ဝမ္းသာၾကည္ႏူးရလြန္းသျဖင့္ တာရာ့ခမ်ာအခုထက္ထိတိုင္ မ်က္ရည္မစဲႏိုင္ရွာေတာ့ပါ။

"Congratulationsပါမႈိင္း"

"Congratulations မႈိင္းနဲ႔တာရာေလးေရ.. "

ေကာင္းမာန္ႏွင့္ေဟဒီကဂုဏ္ျပဳစကားဆိုရင္း သူမကိုလာဖက္ေပးသည္။ တာရာ့မွာထိန္းခ်ဳပ္ထားသမွ် မတင္းခံႏိုင္ေတာ့ဘဲ အစ္မျဖစ္သူေဟဒီ့ကိုဖက္ရင္း တအိအိႏွင့္ပင္ငိုေနရွာသည္။  ဒါဟာမိန္းကေလးတစ္ေယာက္၏အလွပဆုံးႏွင့္ၾကည္ႏူးရဆုံးေသာ အခ်ိန္ေတြထဲကတစ္ခုပဲမဟုတ္လား။

ဘယ္လိုေနေနအခ်ိန္မေ႐ြးလက္ထပ္ဖို႔ အသင့္ျဖစ္ေနသူမွန္း ေသခ်ာသိေနသည့္တိုင္ မႈိင္းဟာသူမကိုတန္ဖိုးထားၿပီး အခမ္းနားဆုံးႏွင့္ အလွပဆုံးလက္ထပ္ခြင့္ေတာင္းခဲ့သည္။ တာရာမွမ႐ူးလွ်င္ ဘယ္သူ႐ူးရေတာ့မည္လဲ။ ဝမ္းသာၾကည္ႏူးရလြန္းသျဖင့္ ငိုခ်င္းခ်လိုက္မိျခင္းသာ။

ေရာက္ရွိေနသည့္ဧည့္သည္အားလုံးကလည္း ဤျမင္ကြင္းကို ၾကည္ႏူးစြာပင္ၾကည့္ေနၾကေတာ့၏။

ဤသည္ကာ ယခုညေနခင္း၏အလွပဆုံးေသာ အလွတရားတစ္ခုပင္ျဖစ္ေလသည္။

ဆက္ရန္
ဆူးခတ္ပန္း

(မႈိင္းဂစ္တာႏွင့္ဆိုျပခဲ့ေသာ Jason Derulo၏ Marry Me သီခ်င္းနားေထာင္ရန္Link- https://youtu.be/zRCsZ5a3aCM?si=yQvxf33AoIHSHdlL)

(Ed Sheeran၏ Perfect သီခ်င္းနားေထာင္းရန္ Link https://youtu.be/2Vv-BfVoq4g?si=BhZXq7ggdW73eoX3)

Continue Reading

You'll Also Like

54.2K 1.6K 13
ငါ မုန်းတယ်..မင်း...မပြုံးနဲ့...။ ~ နင်.. အပြုံးကို ငါ ..မုန်းတယ်..။ ~ အငြိုးအတေးနဲ့ အနိုင်ကျင့်တာမျိုး မလုပ်မိစေနဲ့....ရူးသွားလိမ့်မယ် ....ဆိုတဲ့ မ...
3.4K 125 5
အနာဂတ်ကိုကြိုမြင်နိုင်သော သဘာ၀လွန်စွမ်းအားရှိပေမဲ့ အနာဂတ်ရဲ့ကံကြမ္မာဆိုးတွေကိုတော့ ပြောင်းလဲလို့မရဘူး... (ကံ..ကံ၏အကျိုးပါပဲ) "လုံးလုံးရေ...မင်းကတော့...
199K 4.3K 28
"ငါမင်းကို ချစ်တယ် ဦးမောင်...... မင်းကို ချစ်ရဖို့ ငါအများကြီး စတေးဖို့ စွန့်စားဖို့လုပ်ထားတာ....မင်းငါ့ကို နာကျင်အောင် လုပ်ပြီး‌တော့မှ ကျေနပ်မှာလားဟ...
125K 4.1K 39
လူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်...