ခေါက်ဆွဲဆိုင်ထဲ ရုတ်တရက်ရောက်ချလာသည့် စန်းရန်၏တည်ရှိမှုကိုပင် ထင်ယောင်ထင်မှားအဖြစ်ခံစားမိနေသေးသည့် ဤအခိုက်အတန့်တွင် ထပ်၍ဆိုလာခဲ့သောသူ့စကားများကြောင့် ဝိန်းရိဖန်၏အတွေးများသည် အသိစိတ်နှင့်ခန္ဓာကိုယ်အသားတကျမဖြစ်နိုင်အောင်ကို ဦးတည်ရာမဲ့ရွက်လွင့်သွားခဲ့တော့သည်။
ဝိန်းရိဖန်သည် အရှေ့တည့်တည့်ရပ်နေသည့်သူအား ဗလာကျင်းစွာဖြင့်စိုက်ကြည့်နေမိပြီး တစ်ညနေခင်းလုံး ရှုပ်ထွေးပွေလီနေသည့်စိတ်နေရာ၌ အခြားသောခံစားချက်များ အစားထိုးနေရာယူလာခဲ့သည်။ သူမ၏နှာခေါင်းထိပ်လေးမှာ စူးခနဲကျင်တက်လာပြီး နှုတ်ခမ်းပါးတို့က တလှုပ်လှုပ်ဖြစ်ပါသော်လည်း စကားတစ်ခွန်းမှပြောမထွက်လာနိုင်ပါတော့ပေ။
လုံးဝ မမျှော်လင့်ထားသည့် အံ့အားသင့်စေမှုတစ်ခု ၊ ဘယ်တော့အခါကမှ စိတ်မကူးရဲခဲ့ပါသည့်ဆန္ဒတစ်ခုက ကြိုတင်အသိမပေးဘဲ ရုတ်တရက်ရောက်လာခဲ့သလိုမျိုးပါပင်။ သူမအနေဖြင့် မယုံကြည်ရဲလိုက်သလို လက်လှမ်းပြီး လှမ်းယူလိုက်ဖို့ရာအတွက် သတ္တိတို့လည်းမရှိပါချေ။
လက်လှမ်းယူလိုက်သည်နှင့်တပြိုင်နက် အရှေ့တွင်ရှိနေသည့်အရာအားလုံး ပျောက်ကွယ်များမည်ကို ကြောက်လန့်နေမိသည်။
ဤအချိန်လေးတွင်း ဝိန်းရိဖန်၏အတွေးထဲ အရင်နှစ် နှစ်ကုန်ခါနီးတုန်းက 'Overtime' ဘား၌ စန်းရန်နှင့် အမှတ်မထင်တွေ့ဖြစ်ခဲ့သည့်ဖြစ်ရပ်ကို ပြန်တွေးကြည့်မိလိုက်သည်။ သူ့ဘက်က သူစိမ်းတစ်ယောက်ကို ဆက်ဆံသည့်အပြုအမူမျိုးလုပ်ပြခဲ့သည့်အပြင် ဤကာလတစ်လျှောက်လုံးတွင်လည်း သူမအပေါ်မကောင်းမကန်းဆက်ဆံခဲ့ကာ သူမဘက်က အတတ်နိုင်ဆုံးအခန့်မသင့်မဖြစ်ကြရန်ပင် လျစ်လျူရှုထားပေးခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် သူမဘက်က နားလည်ပေးနိုင်ပြီး ဤလုပ်ရပ်အားလုံးဟာ ဖြစ်သင့်ဖြစ်ထိုက်သည့်အခြေအနေတစ်ရပ်အဖြစ် ခံယူထားကာ...
အရာအားလုံးသည် သူမ၏ပြုခဲ့မိသည့်အပြုအမူကြောင့် သူမ ခံစားသင့်သည့် 'အကျိုးဆက်ရလဒ်' ကို ခံစားရခြင်းဟုမှတ်ယူထားခဲ့ခြင်းကြောင့်ပါပင်။
ဝိန်းရိဖန်ဆိုသည်မှာ စန်းရန်အပေါ် ထိခိုက်နာကျင်စေမှုများကို သယ်ဆောင်လာသည့်တစ်ယောက်။
ထို့ကြောင့် အဖိုးတန်လှသော သူ့အမှတ်တရမှတ်ဥာဏ်များထဲတွင် သူမကဲ့သို့သောလူတစ်ဦးက နေရာယူထားဖို့ရာ လုံးဝလုံးဝမထိုက်တန်ပါချေ။ သူ့အတွက် သူမဟာ အရေးမပါ အရာမရောက် မထင်မရှားလူသားတစ်ဦးပင်ဖြစ်သင့်ကာ ထိုကျန်ရစ်နေခဲ့သောအတိတ်မှခြေရာများအားလုံးကိုလည်း အခြားသောသူတစ်ယောက်ယောက်က လမ်းတစ်လျှောက်စာလုံး ဖုံးအုပ်ပေးသွားလိမ့်ဦးမည်။
သူမ၏အထင်အမြင်ထဲတွင် သူမဆိုသည့်လူတစ်ယောက်က ဤကဲ့သို့သာတည်ရှိသင့်သောသောသူ။
သို့သော် ဤအပိုင်းအခြားလေးတွင်တော့ ဝိန်းရိဖန်က အစစ်အမှန်များကို အမှန်တကယ်နားလည်လိုက်ရတော့၏။
ကြည့်ရသည်မှာ သူမထင်ထားသလိုမျိုး ဟုတ်ပုံမရ။
သူသည်လည်း မတူညီသောလူပေါင်းများစွာဖြင့် တွေ့ကြုံဆုံစည်းဝေးကွာခဲ့ခြင်းမျိုး ရှိကောင်းရှိပါလိမ့်မည်။
သူမအပေါ်ထားရှိခဲ့ဖူးသည့် သူ့ခံစားချက်များသည်လည်း မှေးမှိန်ကောင်းမှေးမှိန်သွားပါလိမ့်မည်။
သို့သော် သူဟာ တစ်ချိန်လုံး သူမကို မေ့မပစ်ခဲ့ခြင်းပါပေ။
ဤမျှကြာရှည်ခဲ့ပြီးသည့်နှစ်များအတွင်း အရာအားလုံးပြောင်းလဲနေပါသည့်တိုင်။
'ကိုယ်ကတော့ အခုချိန်ထိ မင်းတစ်ယောက်တည်းကို သဘောကျနေဆဲပါပဲ.....'
ဝိန်းရိဖန် မျက်တောင်မခတ်တမ်းဖြင့် စန်းရန်အား ငေးကြည့်နေမိ၏။
ရုတ်တရက်ဆိုသလို အလွန်တရာကိုမှမျှော်လင့်မိလိုက်သည့် ဆုတောင်းမှာ လူတစ်ယောက်၏မှတ်ဥာဏ်များကို ရုပ်ရှင်ဇာတ်ကားတစ်ခုသဖွယ် အကန့်တစ်ခုချင်းစီအဖြစ် ခွဲခြမ်းခွင့်ရလိုခြင်းပါပေ။ အကယ်၍သာဖြစ်နိုင်ခဲ့လျှင် ဤမြင်ကွင်းအကန့်လေးအား တစ်သက်စာလုံးအတွက် သိမ်းထားချင်မိသည်။
တစ်သက်စာလုံးအတွက် မမေ့ပစ်မည့် ၊ တစ်သက်စာလုံးအတွက် မမေ့ပစ်ချင်သည့်အရာတစ်ခုအဖြစ်။
အသံတစ်စက်မှထွက်မလာတော့သည့် ဝိန်းရိဖန်ကိုကြည့်ရင်း စန်းရန်က အကူအညီမဲ့နေသည့်အလား အောက်နှုတ်ခမ်းကိုတင်းတင်းစေ့မိလိုက်သည်။
"ဝေ့....စကားပြောဦးလေ"
အတွေးများဟာ သူ့စကားသံကြောင့် အနှောက်အယှက်ပြုခံလိုက်ရပြီး ဝိန်းရိဖန်တစ်ယောက် စိတ်နှင့်ကိုယ်ပြန်ကပ်သွားခဲ့သည်။ သူမ နှာတစ်ချက်ကိုအသာအယာရှုံ့လိုက်ရင်း ရိုမန့်တစ်ဆန်ဆန်တစ်ခုခုကို ပြန်တုံ့ပြန်လိုက်သင့်ကြောင်း တွေးမိလိုက်၏။ သို့သော် အခြေအနေမှာမူ အံ့သြစရာတွေချည်းဖြစ်နေသောကြောင့် ခြေလှမ်းတိုင်းကို သတိကြီးကြီးထားပြီးလှမ်းနေမိပါတော့သည်။
"တကယ်လို့ ဒီလိုစကားမျိုးပြောရတာက နင့်အတွက် ဟန်ဆောင်ပန်ဆောင်နိုင်တယ်လို့ ထင်တယ်ဆိုရင်...."
စန်းရန်ဟာ သူမအား ငုံ့ကြည့်နေဆဲ။
ဝိန်းရိဖန်က တလေးတနက်ဖြင့် စကားဆုံးအောင်ဆိုလိုက်၏။
"နောက်ဆိုရင် ငါကပဲ ပြောပါ့မယ်"
ဤစကားကိုကြားလိုက်သည့်အခါ စန်းရန်၏အမူအရာတို့ ရပ်တန့်သလိုဖြစ်သွားခဲ့၏။
ကလေးတစ်ယောက်က တန်ဖိုးကြီးလွန်းသည့်ကစားစရာကိုရထားသည့်အလား ဝိန်းရိဖန်၏နားရွက်များ တဖြည်းဖြည်းပူရဲလာကာ မည်သို့မည်ပုံတုံ့ပြန်ရမည်မှန်းပင် မသိပါတော့၏။ စကားလုံးတိုင်းကိုလည်း သတိကြီးကြီးထားမိနေ၍ ;
"ဒါပေမယ့် လောလောဆယ်တော့ ငါ ပြောရမှာနည်းနည်းခက်နေလို့"
စန်းရန်က သူမအားစိုက်ကြည့်နေရင်း နှုတ်ခမ်းပါးများက ရေးရေးလေးကော့ညွှတ်သွားခဲ့သည်။
ဤစကားအဆုံးတွင်လည်း ထပ်၍တိတ်ဆိတ်သွားကြပြန်ပါတော့၏။
ဝိန်းရိဖန် တွေးကြည့်မိလိုက်၏။ လက်ရှိအခြေအနေကိုကြည့်ရသည်မှာ သူမက စန်းရန်၏ဖွင့်ပြောထားခြင်းကို မတုံ့ပြန်ရသေး။ သူ့အား တစ်ချက်လှမ်းကြည့်လိုက်ပြီး 'ဤကိစ္စကမပြီးပြတ်သေး ၊ ဆက်သွားရဦးမည်' ဟူသောခံစားချက်အရ ;
"ဒါဆို ငါတို့က အခု...."
"အမ်"
"နှစ်ဦးနှစ်ဖက်မေတ္တာမျှနေတာ"
"...."
သည်စကားကိုကြားသည့်အခါ စန်းရန်က အောင့်အည်းမနေနိုင်တော့သည့်အလား ရုတ်တရက်ရယ်လာတော့၏။
ထပ်ပြီး အသက်ရှူငွေ့များမှုတ်ထုတ်နေသည့်ရယ်သံတစ်ခု။
စန်းရန်က ဘယ်အရာကိုတွေးပြီးရယ်နေမှန်း ဝိန်းရိဖန် နားမလည်။ သူမအတွက်တော့ ကိစ္စကအဆုံးမသတ်ရသေးသည်ဟုသာ ခံစားမိပြီး လမ်းကြောင်းတည့်အောင်ပြန်ဆွဲခေါ်လိုက်၏။
"အဲ့တော့....အခုချိန်ကစပြီး နင်က ငါ့ကောင်လေး?"
စန်းရန်က ရယ်နေရင်းဖြင့် ;
"ဟုတ်တယ်"
ဝိန်းရိဖန်က မျက်လုံးရှေ့၌ ရယ်နေဆဲဖြစ်သည့်ယောက်ျားလေးအား မော့ကြည့်လိုက်၏။
သူ့ညာဘက်နှုတ်ခမ်းထောင့်ရှိ ပါးချိုင့်လေးမှာ ပြုံးလိုက်သည့်အခါတိုင်းချိုင့်ဝင်သွားပြီး မျက်ခုံးနှင့်မျက်လုံးများကလည်း ဘေးဘက်သို့ကျယ်ဝန်းလာခဲ့ကာ သူ့ပုံစံမှာ အလွန်တရာကိုမှပျော်နေသည့်ပုံပင်။
ဝိန်းရိဖန်၏နှုတ်ခမ်းပါးသည်လည်း အလိုလိုကွေးညွှတ်လာခဲ့တော့သည်။
ထိုမရေမသေချာထင်ယောင်ထင်မှားဖြစ်နေသည့်ခံစားချက်လေးက ကွယ်ပျောက်မသွားသည့်အပြင် ပို၍အားကောင်းပြင်းထန်လာခဲ့သည်။ သို့သော် ထိုခံစားချက်ကြောင့်ပင် သူမကိုယ်တိုင်က အတိုင်းအဆမရှိပျော်ရွှင်နေရပါတော့၏။ တစ်ခုတည်းသောမျှော်လင့်ချက်မှာ ဤခံစားချက်တစ်ခုလေးသာဖြစ်တည်နေလျှင်တောင် သူမ ဖြစ်စေချင်သည့်ထင်ယောင်ထင်မှားခံစားချက်ဟာ ယခုလိုလေးသာဆက်ဖြစ်တည်နေပြီး မည်သည့်အပြောင်းအလဲမျိုးမှ မကြုံဆုံချင်တော့ခြင်းပါပေ။
ရုတ်တရက်ပြောင်းလဲသွားသည့် ဖြစ်တည်မှုနေရာအရ ဝိန်းရိဖန်က စန်းရန်နှင့် အထိုက်အလျောက်နေသားကျအောင် ဘယ်လိုဘယ်ပုံနေရမည်မှန်း မသိ ၊ စကားလည်း တစ်ခွန်းမဆိုတော့သလို ၊ လက်မအနည်းငယ်လေးသာအကွာအဝေးခြားသည့် သူ့မျက်နှာအား စိုက်ကြည့်နေကာ မျက်ရစ်နားမှ ခပ်ဖျော့ဖျော့နတ်ဆိုးမှဲ့နက်လေးကိုပင် ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ဝိန်းရိဖန် ထပ်ပြီးစိတ်လွတ်ချင်ပြန်လာတော့၏။
နေမထိထိုင်မသာဖြစ်နေသည့်ခံစားချက်ကြောင့်လားမသိ ၊ ဆက်စပ်၍တွေးလိုက်မိသည်မှာ ဤမိုးသည်းနေသည့်ညတွင် ရုပ်ဖျက်ထားသည့်မိစ္ဆာတစ်ကောင်က သူ အဖြစ်ဟန်ဆောင်ပြီး လူကို စိတ်ရှုပ်ထွေးအောင်ပြုစားနေခြင်းများလား။
နောက်တစ်စက္ကန့်တွင်။
စန်းရန်က ခပ်ဖြေးဖြေးချင်းသာရယ်နေပြီးနောက် စကားဆိုလာခဲ့၏။ အထက်စီးဆန်သည့်အသံမှာလည်း မပါမဖြစ်။
"ဒီလောက်ထိတောင် ပျော်သွားတယ်ပေါ့"
ဝိန်းရိဖန် ;
"အမ်"
"အို့.....ဟုတ်လည်းဟုတ်တာပဲလေ"
စန်းရန်က ဝိန်းရိဖန်၏ကွေးညွှတ်နေသည့်နှုတ်ခမ်းထောင့်တစ်နေရာကိုကြည့်ပြီး ;
"ကိုယ့်လိုမျိုး နာမည်ကြီးအထင်ကရယောက်ျားကိုရလိုက်တာက တကယ်ကိုလည်း ရှစ်နှစ်ဆယ်နှစ်လောက်ပျော်နေသင့်တာ"
"...."
စန်းရန်က စာနာနားလည်သည့်ပုံစံမျိုးဖြင့် ;
"အင်းပါ....မင်း ဆက်ပြီးပျော်ပါ...."
ဝိန်းရိဖန် အောက်နှုတ်ခမ်းကိုတင်းနေအောင်စေ့လိုက်ရင်း ခုဏလေးက အတွေးများအားလုံးကို ပြန်သိမ်းပစ်လိုက်တော့သည်။
မိစ္ဆာတစ်ကောင်က ဘယ်လိုနည်းနဲ့မှ အခုလိုမျိုး အရှက်မရှိမျက်နှာပြောင်နေမှာမဟုတ်ဘူး!
ပေယွီမြို့၏အပူချိန်သည် နန်းဝူမြို့ထက် အနည်းငယ်လျော့လေ့ရှိသည့်အပြင် အခုတလော၌ မိုးမကြာခဏရွာသေးသည်။ လက်ရှိအချိန်တွင်လည်း လေပြင်းများတိုက်နေသောကြောင့် ညရှစ်နာရီမထိုးသေးပါသည့်တိုင် လမ်းပေါ်ရှိဆိုင်များအားလုံးနီးပါး ပိတ်ကုန်ကြပြီး အစားအသောက်ဆိုင်တစ်ချို့သာ ကျန်နေတော့သည်။
နှစ်ယောက်သားက အရှေ့သို့ဆက်လျှောက်လာကြသည်။
ဝိန်းရိဖန်က စကားဦးစ၍မေးလိုက်၏။
"နင် ဟိုတယ်ငှားပြီးပြီလား"
စန်းရန် ;
"မငှားရသေးဘူး"
ဝိန်းရိဖန်က သူ့အား လှမ်းကြည့်လိုက်ရင်း ချက်ချင်းဆိုသလိုလည်း သူ့ပုခုံးပေါ်၌ မိုးရေစက်များတင်နေသည်ကို သတိထားမိလိုက်သည်။ သူ့လေကာအင်္ကျီမှာ ရေစိုခံအမျိုးအစားဖြစ်သည့်အတွက် အထဲသို့ဖောက်မဝင်ဘဲ တစ်စက်စက်ဖြင့်အင်္ကျီပေါ်မှ စီးကျနေလေသည်။ ဝိန်းရိဖန် လက်မြှောက်လိုက်ပြီး အင်္ကျီပေါ်မှ မိုးရေစက်များကိုခါချပေးလိုက်၏။
"ညစာရော စားပြီးပြီလား"
"မစားရသေးဘူး"
စကားပြောနေရင်း စန်းရန်က သူမ၏လှုပ်လှုပ်ရှားရှားလုပ်နေသည့်လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်၏။
"ဘာတွေလျှောက်လုပ်နေတာလဲ ၊ မအေးဘူးလား"
"ထီးကို နည်းနည်းရွှေ့လိုက်ဦး ၊ ကြည့်.....နင့်အင်္ကျီတွေစိုကုန်ပြီ"
"ဝိန်းရွှမ်းကျန့်"
စန်းရန်က ခပ်နွေးနွေးလက်ချောင်းများဖြင့် သူမ၏မိုးရေစိုသွားခဲ့သည့်လက်တစ်ဖက်အား ဖွဖွလေးသုတ်ပေးပြီး ချက်ချင်းလည်းပြန်လွှတ်ပေးလိုက်၍ ;
"အခြားတစ်ယောက်က ဝန်ဆောင်မှုပေးနေတာကို သဘောတကျလက်ခံနေတဲ့အချိန်မှာ အဲ့လောက်ကြီးထိ စကားမများရဘူးလေ....နားလည်လား"
"...."
ဝိန်းရိဖန်က လေထုထဲ၌သာရပ်တန့်နေဆဲဖြစ်သည့် သူမ၏လက်ကို ပြန်ကြည့်မိလိုက်ပြီး စက္ကန့်ပိုင်းကြာပြီးနောက်တွင်တော့ ဖြည်းဖြည်းချင်းပြန်သိမ်းယူလိုက်သည်။ သူ ထိတွေ့သွားခဲ့သည်နေရာမှာ အချိန်တစ်ခဏလေးသာဖြစ်ပါသော်လည်း လက်ရှိထိတိုင် ပူနွေးနေဆဲ။
မိုးရေစက်တို့၏အအေးဓါတ်များကိုပင် လုံးဝပယ်ပျောက်သွားစေခဲ့သည်။
ဘာကြောင့်မှန်းမသိ ၊ ဝိန်းရိဖန်က လက်နှစ်ဖက်အား အိတ်ကပ်ထဲပြန်ထည့်မိလိုက်တော့သည်။
နှစ်ယောက်သားက လမ်းတစ်လျှောက်လုံးတွင်လည်း များများစားစား စကားမပြောဖြစ်ကြဘဲ အချိန်တော်တော်များများမှာ တိတ်ဆိတ်နေသည်ချည်းသာ။ သို့သော် တိတ်ဆိတ်နေမှုထဲတွင် မရေရာမသေချာသည့်ငြိတွယ်ခြင်းတစ်ခုက သူတို့နှစ်ယောက်အား ချည်နှောင်ထွေးဖက်ပေးနေလျက်ဖြင့်။
သစ်သီးများရောင်းသည့်စျေးဆိုင်တန်းသို့အရောက်တွင် ဝိန်းရိဖန်က ရုတ်တရက်ရပ်လိုက်၏။
စန်းရန်က သူမအား လှည့်ကြည့်လာခဲ့သည်။
"ဘာဖြစ်တာလဲ"
ဝိန်းရိဖန် ;
"ဝယ်စရာရှိလို့"
စန်းရန်က ဘာဝယ်မည့်အကြောင်း တစ်ခွန်းတစ်လေမမေးဘဲ ထို့အစား ပျင်းတိပျင်းရွဲဖြင့် ;
"အင်း....သွားယူလေ"
ဝိန်းရိဖန်က အထဲဝင်လာပြီး ပန်းသီးနှစ်လုံးကိုသာ ယူလိုက်၏။ထို့နောက် ငွေရှင်းကောင်တာနားသို့လာပြီး ငွေရှင်းတော့မည့်အခိုက်တွင် စန်းရန်က ဖုန်းဖြင့် QR code မှတဆင့် Scan ဖတ်ပြီးပေးချေလိုက်သည်။
ပိုင်ရှင်က ပန်းသီးကိုအိတ်ဖြင့်ထုတ်ပိုးပြီး သူတို့ထံ လှမ်းပေးလာကာ စန်းရန်က လှမ်းယူပြီး အလျင်းသင့်သလို စကားဆိုလိုက်သည်။
"ပန်းသီးစားချင်လို့လား"
ဝိန်းရိဖန်က ပန်းသီးကို လက်ညှိုးပြပြီးနောက် သူ့ထံသို့ ပြန်ညွှန်ပြကာ ;
"နင့်ကို အစစ်ပေးမယ်လို့ ပြောထားတယ်လေ"
"...."
စန်းရန်က 'အို့' ဟု အသံတစ်ချက်ပြုလိုက်၏။
သစ်သီးစျေးဆိုင်တန်းမှထွက်လာပြီး ဝိန်းရိဖန်က အနီးအနားမှဆိုင်တစ်ခုတွင် စန်းရန်အတွက် ညစာဝင်ဝယ်လိုက်သည်။
လမ်းလျှောက်နေကြရင်း မသိလိုက်ပါဘဲနှင့် နှစ်ယောက်သားက ဝိန်းရိဖန်တည်းနေသည့်ဟိုတယ်ရှေ့သို့ ရောက်လာခဲ့သည်။ အရှေ့ကောင်တာဆီသို့ လျှောက်လာရင်း ဝိန်းရိဖန် စကားဆိုလာခဲ့သည်။
"ဒါဆို နင် ဒီနေ့ည ဒီဟိုတယ်မှာပဲတည်းလိုက်တော့လေ ၊ မနက်ဖြန်ကျမှ ငါတို့ကားနဲ့အတူတူ နန်းဝူကိုပြန်မလား"
စန်းရန် ;
"ရတယ်"
ဝိန်းရိဖန်က အရှေ့ကောင်တာ၌ စန်းရန်၏မှတ်ပုံတင်ကိုသုံးပြီး သူမနှင့် တစ်လွှာတည်းကျသည့်အခန်းတစ်ခန်း ယူလိုက်သည်။ ထိုအချိန်လေးအတွင်း သူ့မှတ်ပုံတင်အားလှမ်းကြည့်နေလိုက်ကာ ဓါတ်ပုံထဲတွင် သူဟာ လက်ရှိအချိန်လောက် မရင့်ကျက်သေးသည့်ပုံစံ ၊ မျက်ခုံးကိုမသိမသာပင့်ထားပြီး အရိုးများထဲမှကိုစိမ့်ထွက်နေသည့် မထီမဲ့မြင်ပြုတတ်သောအငွေ့အသက်များကိုလည်း လုံးဝမဖုံးကွယ်ထားပေ။
မှတ်ပုံတင်ထဲမှ ဓါတ်ပုံကိုကြည့်ရသည်မှာ တက္ကသိုလ်ကျောင်းသားအရွယ်၌ရိုက်ထားသည့်ပုံပင် ဖြစ်လိမ့်မည်။
သူမ မနေနိုင်အောင် ခဏခဏလှမ်းကြည့်နေမိလိုက်သည်။
စန်းရန်က လှမ်းကြည့်နေ၍ ;
"ဘာလုပ်နေတာလဲ"
ဝိန်းရိဖန်က ရှင်းပြမည်ဟုစဥ်းစားမိလိုက်သော်လည်း......
တစ်ချက်အကြည့်တွင် အချိန်ကာလအရ ပိုပြီးမထီမဲ့မြင်ပြုတတ်လာသည့်သူ့မျက်နှာနှင့် တည့်တည့်တိုးကာ ပြောချင်သည့်စကားလုံးများကို ပြန်မျိုချပစ်လိုက်၏။
"ဘာမှမလုပ်ပါဘူး"
အရှေ့ကောင်တာမှ လိုအပ်သည့်လုပ်ငန်းစဥ်များဆောင်ရွက်ပြီးချိန်တွင် စန်းရန်က အခန်းကဒ်နှင့်မှတ်ပုံတင်အားယူကာ နှစ်ဦးသား ဓါတ်လှေကားဆီသို့လျှောက်လာခဲ့သည်။ သူဟာ အခန်းကဒ်အား အိတ်ကပ်ထဲထည့်လိုက်ပြီး မှတ်ပုံတင်အား သူမထံသို့ သဘာဝကျကျလှမ်းပေးလိုက်သည်။
ဝိန်းရိဖန်က လှမ်းယူလိုက်သော်လည်း တစ်ဖက်လူက မည်သည့်အတွက်ကြောင့် ပေးသည်ကိုတော့မသိ။
"ဘာဖြစ်လို့လဲ"
စန်းရန်က ခပ်နှေးနှေးဖြင့် ;
"ကြည့်ချင်နေရင် ကြည့်"
"...."
စန်းရန်က ယခုလိုမျိုးလုပ်လာလိမ့်မည်ဟု မထင်မှတ်ထားမိသည့်အတွက် ဝိန်းရိဖန် ရုတ်တရက်ကြောင်အမ်းသွားရ၏။ နောက်တွင်တော့ ဓါတ်လှေကားစောင့်နေရင်း ခေါင်းငုံ့သွားပြီး မှတ်ပုံတင်ပေါ်မှ စန်းရန်အားတစ်လှည့် ၊ ခေါင်းပြန်မော့လာပြီး သူမ၏ဘေး၌ရပ်နေသည့် စန်းရန်ကိုတစ်လှည့် ကြည့်နေလေတော့သည်။
စန်းရန်က သူမဘက်သို့လှည့်မနေတော့ဘဲ ဓါတ်လှေကားနံပါတ်ကိုသာ စူးစိုက်ကြည့်နေ၏။
ဝိန်းရိဖန်သည် အကြည့်များပြန်သိမ်းရင်း ခပ်ရေးရေးလေးလည်း ပြုံးနေမိလိုက်တော့၏။
နှစ်ဦးသား တတိယအလွှာဆီသို့။
ဝိန်းရိဖန်က နံရံ၌ကပ်ထားသည့် နံပါတ်ပြားများကို အသေအချာလိုက်ကြည့်ပြီးမှ နေရာတစ်ခုဆီသို့ ညွှန်ပြလိုက်၏။
"နင့်အခန်းက ဟိုဘက်မှာဖြစ်လောက်တယ်"
စန်းရန် ;
"ကိုယ့်အစား လိုက်ရှာပေးလေ"
"အင်း"
အခန်းတံခါးဝထိ ခေါ်လာပေးပြီးနောက် ဝိန်းရိဖန်က ဝင်သင့်မဝင်သင့်ကို တွေဝေနေသဖြင့် ;
"ဒါဆို ငါ့အခန်းကို ပြန်နှင့်ပြီနော်"
စန်းရန် တစ်ဖက်လှည့်ကြည့်လာ၏။
"အလုပ်လုပ်စရာရှိသေးလို့လား"
ဝိန်းရိဖန် ; "မရှိပါဘူး"
စန်းရန် ; "အခြားကိစ္စရော ရှိလို့လား"
ဝိန်းရိဖန် ; "မရှိဘူး"
"ဒါဆို အခန်းပြန်ပြီး ဘာသွားလုပ်မလို့လဲ"
စန်းရန်က အိတ်ကပ်ထဲမှ အခန်းကဒ်ကိုထုတ်လာပြီး ဝိန်းရိဖန်လက်ထဲသို့ ထည့်ပေးလိုက်၍ ;
"ကိုယ့်ဘာသာကိုယ်ဝင်သွား"
"...."
ဝိန်းရိဖန်က ကဒ်ကိုယူပြီး တံခါးဖွင့်လိုက်သည်။ အခန်းထဲသို့ဝင်လာပြီး အိပ်ရာဘေးမှ ထိုင်ခုံပေါ်၌ထိုင်လိုက်၍ စိတ်ထဲ၌လည်း မနေသာမထိုင်သာသဖြင့် ခပ်တိုးတိုးစကားဆိုလိုက်၏။
"ငါတို့နှစ်ယောက်က ခုဏလေးကမှ ဆက်ဆံရေးအခြေအနေပြောင်းထားတာလေ ၊ ဒီအတိုင်းကြီး နင့်သီးသန့်နေရာမျိုးကို ငါက တိုက်ရိုက်လိုက်ဝင်လာလို့ရှိရင် နင် အဆင်မပြေဖြစ်မှာစိုးလို့"
စန်းရန်က လက်ထဲမှပစ္စည်းများအား စားပွဲခုံပေါ်သို့တင်လိုက်၏။
"စကားပြောနေတဲ့ပုံစံကတော့ မသိရင် လူကြီးလူကောင်းအတိုင်းပဲနော်"
"...."
"ဘယ်သူကများ သိနိုင်ပါ့မလဲ...."
စန်းရန်က တဖန်လှည့်ကြည့်လာပြီး စကားသံက ရွှတ်နောက်နောက်ဖြင့်. ;
"မင်းက ကိုယ့်တစ်ကိုယ်လုံးကို ပွတ်သပ်ထိတွေ့ပြီးသားဆိုတာ"
"...."
ဝိန်းရိဖန်က ကိုယ့်ကိုကိုယ်အတွက်ခုခံကာကွယ်လိုက်ချင်သော်လည်း သူပြောသည့်စကားမှာ အမှန်တရားဖြစ်နေပြန်သည်။ ထို့ကြောင့် ပြန်မငြင်းတော့ဘဲနှင့် ;
"နင် အရင်ဆုံးညစာစားလိုက်ပါလား ၊ အရမ်းနောက်ကျနေပြီ"
စန်းရန် ;
"မင်းရော စားပြီးပြီလား"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြရင်း ;
"ခေါက်ဆွဲစားထားတယ်"
စကားပြောနေရင်းဖြင့် စန်းရန်က ဝိန်းရိဖန်၏အနားသို့ ပြန်လျှောက်လာကာ တစ်ခဏကြာကြာကြည့်နေ၏။ နောက်တွင် ရုတ်တရက် မျက်မှောင်ကျုံ့လိုက်၍ ;
"မင်းရဲ့ဒီအလုပ်က ဘာတွေများလုပ်နေရတာလဲ"
ဝိန်းရိဖန် ;
"အာ...."
"နည်းနည်းပါးပါးလေးရော ကျိုးကြောင်းဆီလျော်သေးရဲ့လား ၊ ကိုယ်ကတော့ အချိန်တွေအများကြီးအကုန်ခံပြီး မင်းကို မနည်းပြည့်အောင်လုပ်ပေးထားတာ ၊ အခုလိုလဝက်လောက်ခရီးထွက်လိုက်တာနဲ့ပဲ အသားတွေပျောက်သွားအောင်လုပ်ပစ်လိုက်တာလား"
ဝိန်းရိဖန်က တစ်ခုခုပြောတော့မည့်အခိုက်တွင်။
စန်းရန်က တစ်စုံတစ်ရာကိုထပ်ပြီး သတိထားမိသွားသည့်အလား သူမ၏ဘေး၌ ချက်ချင်းဝင်ထိုင်လိုက်ကာ နားရွက်နောက်မှဆံပင်များကို အနောက်သို့ပို့လိုက်၏။ သူ့အပြုအမူတို့မှာ ငြင်ငြင်သာသာပင်ဖြစ်ပြီး သူမနှင့်ထိတွေ့လိုက်ခြင်းမရှိ။
သို့သော် ဤအကွာအဝေးကြောင့် ဝိန်းရိဖန် ကြောင်အမ်းသွားရင်း
"ဘာဖြစ်လို့လဲ"
စန်းရန်က နားရွက်အနောက်ဘက်မှ ဒဏ်ရာကိုတွေ့သွားခြင်းဖြစ်ပြီး နှုတ်ခမ်းထက်ရှိ ခပ်ရေးရေးအကွေးသဏ္ဍာန်မှာ ဖြည်းဖြည်းချင်း မှေးမှိန်လာခဲ့သည်။
"ဘာဖြစ်ထားတာလဲ"
"အမ်"
စန်းရန်က လက်ချောင်းထိပ်များဖြင့် ဒဏ်ရာအား မနေနိုင်အောင်ထိကြည့်လိုက်၍ ;
"ဘယ်လိုထိခိုက်မိထားတာလဲ"
ဤစကားကိုကြားသည့်အခါတွင်မှ ဝိန်းရိဖန်သည် အခင်းဖြစ်ပွားရာနေရာ၌ ဒဏ်ရာသေးသေးလေးရခဲ့သည့်အကြောင်း ပြန်အမှတ်ရလိုက်သည်။ ဒဏ်ရာမှ ရက်ကြာနေပြီဖြစ်သည့်အတွက် အနာဖေးပင်ပြန်တက်နေပြီဖြစ်ကာ နာလည်းမနာတော့သဖြင့် မေ့နေခြင်းလည်းဖြစ်သည်။
ဝိန်းရိဖန်က သူ့အထိအတွေ့များကြောင့် စိတ်လှုပ်ရှားလာရပြီး ;
"ကျောက်ခဲအချွန်နဲ့ခြစ်မိထားတာ ၊ ဒဏ်ရာက မပြင်းပါဘူး"
စန်းရန်က ထပ်မထိတော့ဘဲ ဒဏ်ရာကိုသာ ကြည့်နေ၏။
"ဒီအတိုင်း ခြစ်မိရုံလေးပဲ ၊ တခြားဘာမှမဖြစ်ဘူး"
ဝိန်းရိဖန်က သဘာဝကျကျဖြင့် စကားလမ်းကြောင်းလွှဲလိုက်၍ ;
"ဒါနဲ့....နင် ဘယ်လိုဖြစ်ပြီး ပေယွီကို ရောက်လာတာလဲ ၊ ငါ မနက်ဖြန်ဆို ပြန်လာတော့မှာလို့ ပြောထားတယ်လေ ၊ နင့်အတွက် ကိတ်မုန့်တောင် မှာထားပေးတာကို"
စန်းရန်က လက်ကိုအောက်ချလိုက်ပြီး
"ကိုယ်က လက်ဆောင်ယူဖို့လာခဲ့တာ"
ဝိန်းရိဖန် ;
"ဒါပေမယ့်....ငါ နင့်ကိုပေးဖို့ပြင်ထားတဲ့လက်ဆောင်က အိမ်မှာ"
စန်းရန်က 'အို့' ဆိုသည့်အသံတစ်ခုကို သံရှည်ဆွဲနေသည့်အချိန်။
ဝိန်းရိဖန်က ဆက်၍ ;
"အိမ်ပြန်ရောက်မှပဲ ပေးတော့မယ်"
"အင်း"
စန်းရန်က သူမ၏နှုတ်ခမ်းကို စိုက်ကြည့်နေရင်း ရုတ်တရက်စကားဆိုလိုက်သည်။
"ကိုယ့်ကို ဖုန်းလေးယူပေးပါဦး"
ဝိန်းရိဖန်က လှမ်းကြည့်လိုက်သော်လည်း စားပွဲပေါ်၌ ဖုန်းကိုမတွေ့ ၊ တစ်ဖက်သို့ပြန်လှည့်ပြီး ထိုနေရာ၌ ဖုန်းမရှိကြောင်း ပြောပြမည်အပြု ၊ မည်သည့်စကားမျှပင်မဆိုလိုက်ရသေးခင် သူမနှင့် မလှမ်းမကမ်းလေးတွင်ထိုင်နေသည့်စန်းရန်က ရုတ်ချည်း အရှေ့သို့တိုးကပ်လာသည်ကိုသာ မြင်လိုက်ရတော့၏။
မူလအနေအထားဆီသို့ ပြန်အရောက်တွင်။
အရှိန်ထိန်းဖို့ပင် မမှီတော့ဘဲ သူမ၏နှုတ်ခမ်းက သူ့နှုတ်ခမ်းထောင့်အား ဖြတ်ခနဲပွတ်ဆွဲသွားလေတော့သည်။
ဝိန်းရိဖန် ရပ်တန့်သွားမိကာ...
စန်းရန်သည်လည်း သူ့အရင်နေရာသို့ ပြန်ရောက်သွားပြီဖြစ်သည်။ သူမ၏ သတိမထားမိလိုက်ဘဲဖြစ်သွားသည့်အမူအရာကို သူက မမှင်မသွေလှမ်းကြည့်နေပြီး နှစ်စက္ကန့်အကြာတွင် ခပ်ရေးရေးပြုံးပြလာကာ တိုးဖျဖျလေသံတစ်ခုဖြင့်
"ကျေးဇူး"
"...."
"အခု လက်ခံရရှိသွားပြီ"
*****************
~~Zawgyi~~
ေခါက္ဆြဲဆိုင္ထဲ ႐ုတ္တရက္ေရာက္ခ်လာသည့္ စန္းရန္၏တည္ရွိမႈကိုပင္ ထင္ေယာင္ထင္မွားအျဖစ္ခံစားမိေနေသးသည့္ ဤအခိုက္အတန့္တြင္ ထပ္၍ဆိုလာခဲ့ေသာသူ႕စကားမ်ားေၾကာင့္ ဝိန္းရိဖန္၏အေတြးမ်ားသည္ အသိစိတ္ႏွင့္ခႏၶာကိုယ္အသားတက်မျဖစ္နိုင္ေအာင္ကို ဦးတည္ရာမဲ့႐ြက္လြင့္သြားခဲ့ေတာ့သည္။
ဝိန္းရိဖန္သည္ အေရွ႕တည့္တည့္ရပ္ေနသည့္သူအား ဗလာက်င္းစြာျဖင့္စိုက္ၾကည့္ေနမိၿပီး တစ္ညေနခင္းလုံး ရႈပ္ေထြးေပြလီေနသည့္စိတ္ေနရာ၌ အျခားေသာခံစားခ်က္မ်ား အစားထိုးေနရာယူလာခဲ့သည္။ သူမ၏ႏွာေခါင္းထိပ္ေလးမွာ စူးခနဲက်င္တက္လာၿပီး ႏႈတ္ခမ္းပါးတို႔က တလႈပ္လႈပ္ျဖစ္ပါေသာ္လည္း စကားတစ္ခြန္းမွေျပာမထြက္လာနိုင္ပါေတာ့ေပ။
လုံးဝ မေမွ်ာ္လင့္ထားသည့္ အံ့အားသင့္ေစမႈတစ္ခု ၊ ဘယ္ေတာ့အခါကမွ စိတ္မကူးရဲခဲ့ပါသည့္ဆႏၵတစ္ခုက ႀကိဳတင္အသိမေပးဘဲ ႐ုတ္တရက္ေရာက္လာခဲ့သလိုမ်ိဳးပါပင္။ သူမအေနျဖင့္ မယုံၾကည္ရဲလိုက္သလို လက္လွမ္းၿပီး လွမ္းယူလိုက္ဖို႔ရာအတြက္ သတၱိတို႔လည္းမရွိပါေခ်။
လက္လွမ္းယူလိုက္သည္ႏွင့္တၿပိဳင္နက္ အေရွ႕တြင္ရွိေနသည့္အရာအားလုံး ေပ်ာက္ကြယ္မ်ားမည္ကို ေၾကာက္လန့္ေနမိသည္။
ဤအခ်ိန္ေလးတြင္း ဝိန္းရိဖန္၏အေတြးထဲ အရင္ႏွစ္ ႏွစ္ကုန္ခါနီးတုန္းက 'Overtime' ဘား၌ စန္းရန္ႏွင့္ အမွတ္မထင္ေတြ႕ျဖစ္ခဲ့သည့္ျဖစ္ရပ္ကို ျပန္ေတြးၾကည့္မိလိုက္သည္။ သူ႕ဘက္က သူစိမ္းတစ္ေယာက္ကို ဆက္ဆံသည့္အျပဳအမူမ်ိဳးလုပ္ျပခဲ့သည့္အျပင္ ဤကာလတစ္ေလွ်ာက္လုံးတြင္လည္း သူမအေပၚမေကာင္းမကန္းဆက္ဆံခဲ့ကာ သူမဘက္က အတတ္နိုင္ဆုံးအခန့္မသင့္မျဖစ္ၾကရန္ပင္ လ်စ္လ်ဴရႈထားေပးခဲ့ရသည္။
အဘယ္ေၾကာင့္ဆိုေသာ္ သူမဘက္က နားလည္ေပးနိုင္ၿပီး ဤလုပ္ရပ္အားလုံးဟာ ျဖစ္သင့္ျဖစ္ထိုက္သည့္အေျခအေနတစ္ရပ္အျဖစ္ ခံယူထားကာ...
အရာအားလုံးသည္ သူမ၏ျပဳခဲ့မိသည့္အျပဳအမူေၾကာင့္ သူမ ခံစားသင့္သည့္ 'အက်ိဳးဆက္ရလဒ္' ကို ခံစားရျခင္းဟုမွတ္ယူထားခဲ့ျခင္းေၾကာင့္ပါပင္။
ဝိန္းရိဖန္ဆိုသည္မွာ စန္းရန္အေပၚ ထိခိုက္နာက်င္ေစမႈမ်ားကို သယ္ေဆာင္လာသည့္တစ္ေယာက္။
ထို႔ေၾကာင့္ အဖိုးတန္လွေသာ သူ႕အမွတ္တရမွတ္ဥာဏ္မ်ားထဲတြင္ သူမကဲ့သို႔ေသာလူတစ္ဦးက ေနရာယူထားဖို႔ရာ လုံးဝလုံးဝမထိုက္တန္ပါေခ်။ သူ႕အတြက္ သူမဟာ အေရးမပါ အရာမေရာက္ မထင္မရွားလူသားတစ္ဦးပင္ျဖစ္သင့္ကာ ထိုက်န္ရစ္ေနခဲ့ေသာအတိတ္မွေျခရာမ်ားအားလုံးကိုလည္း အျခားေသာသူတစ္ေယာက္ေယာက္က လမ္းတစ္ေလွ်ာက္စာလုံး ဖုံးအုပ္ေပးသြားလိမ့္ဦးမည္။
သူမ၏အထင္အျမင္ထဲတြင္ သူမဆိုသည့္လူတစ္ေယာက္က ဤကဲ့သို႔သာတည္ရွိသင့္ေသာေသာသူ။
သို႔ေသာ္ ဤအပိုင္းအျခားေလးတြင္ေတာ့ ဝိန္းရိဖန္က အစစ္အမွန္မ်ားကို အမွန္တကယ္နားလည္လိုက္ရေတာ့၏။
ၾကည့္ရသည္မွာ သူမထင္ထားသလိုမ်ိဳး ဟုတ္ပုံမရ။
သူသည္လည္း မတူညီေသာလူေပါင္းမ်ားစြာျဖင့္ ေတြ႕ႀကဳံဆုံစည္းေဝးကြာခဲ့ျခင္းမ်ိဳး ရွိေကာင္းရွိပါလိမ့္မည္။
သူမအေပၚထားရွိခဲ့ဖူးသည့္ သူ႕ခံစားခ်က္မ်ားသည္လည္း ေမွးမွိန္ေကာင္းေမွးမွိန္သြားပါလိမ့္မည္။
သို႔ေသာ္ သူဟာ တစ္ခ်ိန္လုံး သူမကို ေမ့မပစ္ခဲ့ျခင္းပါေပ။
ဤမွ်ၾကာရွည္ခဲ့ၿပီးသည့္ႏွစ္မ်ားအတြင္း အရာအားလုံးေျပာင္းလဲေနပါသည့္တိုင္။
'ကိုယ္ကေတာ့ အခုခ်ိန္ထိ မင္းတစ္ေယာက္တည္းကို သေဘာက်ေနဆဲပါပဲ.....'
ဝိန္းရိဖန္ မ်က္ေတာင္မခတ္တမ္းျဖင့္ စန္းရန္အား ေငးၾကည့္ေနမိ၏။
႐ုတ္တရက္ဆိုသလို အလြန္တရာကိုမွေမွ်ာ္လင့္မိလိုက္သည့္ ဆုေတာင္းမွာ လူတစ္ေယာက္၏မွတ္ဥာဏ္မ်ားကို ႐ုပ္ရွင္ဇာတ္ကားတစ္ခုသဖြယ္ အကန့္တစ္ခုခ်င္းစီအျဖစ္ ခြဲျခမ္းခြင့္ရလိုျခင္းပါေပ။ အကယ္၍သာျဖစ္နိုင္ခဲ့လွ်င္ ဤျမင္ကြင္းအကန့္ေလးအား တစ္သက္စာလုံးအတြက္ သိမ္းထားခ်င္မိသည္။
တစ္သက္စာလုံးအတြက္ မေမ့ပစ္မည့္ ၊ တစ္သက္စာလုံးအတြက္ မေမ့ပစ္ခ်င္သည့္အရာတစ္ခုအျဖစ္။
အသံတစ္စက္မွထြက္မလာေတာ့သည့္ ဝိန္းရိဖန္ကိုၾကည့္ရင္း စန္းရန္က အကူအညီမဲ့ေနသည့္အလား ေအာက္ႏႈတ္ခမ္းကိုတင္းတင္းေစ့မိလိုက္သည္။
"ေဝ့....စကားေျပာဦးေလ"
အေတြးမ်ားဟာ သူ႕စကားသံေၾကာင့္ အႏွောက္အယွက္ျပဳခံလိုက္ရၿပီး ဝိန္းရိဖန္တစ္ေယာက္ စိတ္ႏွင့္ကိုယ္ျပန္ကပ္သြားခဲ့သည္။ သူမ ႏွာတစ္ခ်က္ကိုအသာအယာရႈံ႕လိုက္ရင္း ရိုမန့္တစ္ဆန္ဆန္တစ္ခုခုကို ျပန္တုံ႕ျပန္လိုက္သင့္ေၾကာင္း ေတြးမိလိုက္၏။ သို႔ေသာ္ အေျခအေနမွာမူ အံ့ၾသစရာေတြခ်ည္းျဖစ္ေနေသာေၾကာင့္ ေျခလွမ္းတိုင္းကို သတိႀကီးႀကီးထားၿပီးလွမ္းေနမိပါေတာ့သည္။
"တကယ္လို႔ ဒီလိုစကားမ်ိဳးေျပာရတာက နင့္အတြက္ ဟန္ေဆာင္ပန္ေဆာင္နိုင္တယ္လို႔ ထင္တယ္ဆိုရင္...."
စန္းရန္ဟာ သူမအား ငုံ႕ၾကည့္ေနဆဲ။
ဝိန္းရိဖန္က တေလးတနက္ျဖင့္ စကားဆုံးေအာင္ဆိုလိုက္၏။
"ေနာက္ဆိုရင္ ငါကပဲ ေျပာပါ့မယ္"
ဤစကားကိုၾကားလိုက္သည့္အခါ စန္းရန္၏အမူအရာတို႔ ရပ္တန့္သလိုျဖစ္သြားခဲ့၏။
ကေလးတစ္ေယာက္က တန္ဖိုးႀကီးလြန္းသည့္ကစားစရာကိုရထားသည့္အလား ဝိန္းရိဖန္၏နား႐ြက္မ်ား တျဖည္းျဖည္းပူရဲလာကာ မည္သို႔မည္ပုံတုံ႕ျပန္ရမည္မွန္းပင္ မသိပါေတာ့၏။ စကားလုံးတိုင္းကိုလည္း သတိႀကီးႀကီးထားမိေန၍ ;
"ဒါေပမယ့္ ေလာေလာဆယ္ေတာ့ ငါ ေျပာရမွာနည္းနည္းခက္ေနလို႔"
စန္းရန္က သူမအားစိုက္ၾကည့္ေနရင္း ႏႈတ္ခမ္းပါးမ်ားက ေရးေရးေလးေကာ့ၫႊတ္သြားခဲ့သည္။
ဤစကားအဆုံးတြင္လည္း ထပ္၍တိတ္ဆိတ္သြားၾကျပန္ပါေတာ့၏။
ဝိန္းရိဖန္ ေတြးၾကည့္မိလိုက္၏။ လက္ရွိအေျခအေနကိုၾကည့္ရသည္မွာ သူမက စန္းရန္၏ဖြင့္ေျပာထားျခင္းကို မတုံ႕ျပန္ရေသး။ သူ႕အား တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး 'ဤကိစၥကမၿပီးျပတ္ေသး ၊ ဆက္သြားရဦးမည္' ဟူေသာခံစားခ်က္အရ ;
"ဒါဆို ငါတို႔က အခု...."
"အမ္"
"ႏွစ္ဦးႏွစ္ဖက္ေမတၱာမွ်ေနတာ"
"...."
သည္စကားကိုၾကားသည့္အခါ စန္းရန္က ေအာင့္အည္းမေနနိုင္ေတာ့သည့္အလား ႐ုတ္တရက္ရယ္လာေတာ့၏။
ထပ္ၿပီး အသက္ရႉေငြ႕မ်ားမႈတ္ထုတ္ေနသည့္ရယ္သံတစ္ခု။
စန္းရန္က ဘယ္အရာကိုေတြးၿပီးရယ္ေနမွန္း ဝိန္းရိဖန္ နားမလည္။ သူမအတြက္ေတာ့ ကိစၥကအဆုံးမသတ္ရေသးသည္ဟုသာ ခံစားမိၿပီး လမ္းေၾကာင္းတည့္ေအာင္ျပန္ဆြဲေခၚလိုက္၏။
"အဲ့ေတာ့....အခုခ်ိန္ကစၿပီး နင္က ငါ့ေကာင္ေလး?"
စန္းရန္က ရယ္ေနရင္းျဖင့္ ;
"ဟုတ္တယ္"
ဝိန္းရိဖန္က မ်က္လုံးေရွ႕၌ ရယ္ေနဆဲျဖစ္သည့္ေယာက္်ားေလးအား ေမာ့ၾကည့္လိုက္၏။
သူ႕ညာဘက္ႏႈတ္ခမ္းေထာင့္ရွိ ပါးခ်ိဳင့္ေလးမွာ ၿပဳံးလိုက္သည့္အခါတိုင္းခ်ိဳင့္ဝင္သြားၿပီး မ်က္ခုံးႏွင့္မ်က္လုံးမ်ားကလည္း ေဘးဘက္သို႔က်ယ္ဝန္းလာခဲ့ကာ သူ႕ပုံစံမွာ အလြန္တရာကိုမွေပ်ာ္ေနသည့္ပုံပင္။
ဝိန္းရိဖန္၏ႏႈတ္ခမ္းပါးသည္လည္း အလိုလိုေကြးၫႊတ္လာခဲ့ေတာ့သည္။
ထိုမေရမေသခ်ာထင္ေယာင္ထင္မွားျဖစ္ေနသည့္ခံစားခ်က္ေလးက ကြယ္ေပ်ာက္မသြားသည့္အျပင္ ပို၍အားေကာင္းျပင္းထန္လာခဲ့သည္။ သို႔ေသာ္ ထိုခံစားခ်က္ေၾကာင့္ပင္ သူမကိုယ္တိုင္က အတိုင္းအဆမရွိေပ်ာ္႐ႊင္ေနရပါေတာ့၏။ တစ္ခုတည္းေသာေမွ်ာ္လင့္ခ်က္မွာ ဤခံစားခ်က္တစ္ခုေလးသာျဖစ္တည္ေနလွ်င္ေတာင္ သူမ ျဖစ္ေစခ်င္သည့္ထင္ေယာင္ထင္မွားခံစားခ်က္ဟာ ယခုလိုေလးသာဆက္ျဖစ္တည္ေနၿပီး မည္သည့္အေျပာင္းအလဲမ်ိဳးမွ မႀကဳံဆုံခ်င္ေတာ့ျခင္းပါေပ။
႐ုတ္တရက္ေျပာင္းလဲသြားသည့္ ျဖစ္တည္မႈေနရာအရ ဝိန္းရိဖန္က စန္းရန္ႏွင့္ အထိုက္အေလ်ာက္ေနသားက်ေအာင္ ဘယ္လိုဘယ္ပုံေနရမည္မွန္း မသိ ၊ စကားလည္း တစ္ခြန္းမဆိုေတာ့သလို ၊ လက္မအနည္းငယ္ေလးသာအကြာအေဝးျခားသည့္ သူ႕မ်က္ႏွာအား စိုက္ၾကည့္ေနကာ မ်က္ရစ္နားမွ ခပ္ေဖ်ာ့ေဖ်ာ့နတ္ဆိုးမွဲ႕နက္ေလးကိုပင္ ရွင္းရွင္းလင္းလင္းျမင္ေနရသည္။
ဝိန္းရိဖန္ ထပ္ၿပီးစိတ္လြတ္ခ်င္ျပန္လာေတာ့၏။
ေနမထိထိုင္မသာျဖစ္ေနသည့္ခံစားခ်က္ေၾကာင့္လားမသိ ၊ ဆက္စပ္၍ေတြးလိုက္မိသည္မွာ ဤမိုးသည္းေနသည့္ညတြင္ ႐ုပ္ဖ်က္ထားသည့္မိစ္ဆာတစ္ေကာင္က သူ အျဖစ္ဟန္ေဆာင္ၿပီး လူကို စိတ္ရႈပ္ေထြးေအာင္ျပဳစားေနျခင္းမ်ားလား။
ေနာက္တစ္စကၠန့္တြင္။
စန္းရန္က ခပ္ေျဖးေျဖးခ်င္းသာရယ္ေနၿပီးေနာက္ စကားဆိုလာခဲ့၏။ အထက္စီးဆန္သည့္အသံမွာလည္း မပါမျဖစ္။
"ဒီေလာက္ထိေတာင္ ေပ်ာ္သြားတယ္ေပါ့"
ဝိန္းရိဖန္ ;
"အမ္"
"အို႔.....ဟုတ္လည္းဟုတ္တာပဲေလ"
စန္းရန္က ဝိန္းရိဖန္၏ေကြးၫႊတ္ေနသည့္ႏႈတ္ခမ္းေထာင့္တစ္ေနရာကိုၾကည့္ၿပီး ;
"ကိုယ့္လိုမ်ိဳး နာမည္ႀကီးအထင္ကရေယာက္်ားကိုရလိုက္တာက တကယ္ကိုလည္း ရွစ္ႏွစ္ဆယ္ႏွစ္ေလာက္ေပ်ာ္ေနသင့္တာ"
"...."
စန္းရန္က စာနာနားလည္သည့္ပုံစံမ်ိဳးျဖင့္ ;
"အင္းပါ....မင္း ဆက္ၿပီးေပ်ာ္ပါ...."
ဝိန္းရိဖန္ ေအာက္ႏႈတ္ခမ္းကိုတင္းေနေအာင္ေစ့လိုက္ရင္း ခုဏေလးက အေတြးမ်ားအားလုံးကို ျပန္သိမ္းပစ္လိုက္ေတာ့သည္။
မိစ္ဆာတစ္ေကာင္က ဘယ္လိုနည္းနဲ႕မွ အခုလိုမ်ိဳး အရွက္မရွိမ်က္ႏွာေျပာင္ေနမွာမဟုတ္ဘူး!
ေပယြီၿမိဳ႕၏အပူခ်ိန္သည္ နန္းဝူၿမိဳ႕ထက္ အနည္းငယ္ေလ်ာ့ေလ့ရွိသည့္အျပင္ အခုတေလာ၌ မိုးမၾကာခဏ႐ြာေသးသည္။ လက္ရွိအခ်ိန္တြင္လည္း ေလျပင္းမ်ားတိုက္ေနေသာေၾကာင့္ ညရွစ္နာရီမထိုးေသးပါသည့္တိုင္ လမ္းေပၚရွိဆိုင္မ်ားအားလုံးနီးပါး ပိတ္ကုန္ၾကၿပီး အစားအေသာက္ဆိုင္တစ္ခ်ိဳ႕သာ က်န္ေနေတာ့သည္။
ႏွစ္ေယာက္သားက အေရွ႕သို႔ဆက္ေလွ်ာက္လာၾကသည္။
ဝိန္းရိဖန္က စကားဦးစ၍ေမးလိုက္၏။
"နင္ ဟိုတယ္ငွားၿပီးၿပီလား"
စန္းရန္ ;
"မငွားရေသးဘူး"
ဝိန္းရိဖန္က သူ႕အား လွမ္းၾကည့္လိုက္ရင္း ခ်က္ခ်င္းဆိုသလိုလည္း သူ႕ပုခုံးေပၚ၌ မိုးေရစက္မ်ားတင္ေနသည္ကို သတိထားမိလိုက္သည္။ သူ႕ေလကာအကၤ်ီမွာ ေရစိုခံအမ်ိဳးအစားျဖစ္သည့္အတြက္ အထဲသို႔ေဖာက္မဝင္ဘဲ တစ္စက္စက္ျဖင့္အကၤ်ီေပၚမွ စီးက်ေနေလသည္။ ဝိန္းရိဖန္ လက္ျမႇောက္လိုက္ၿပီး အကၤ်ီေပၚမွ မိုးေရစက္မ်ားကိုခါခ်ေပးလိုက္၏။
"ညစာေရာ စားၿပီးၿပီလား"
"မစားရေသးဘူး"
စကားေျပာေနရင္း စန္းရန္က သူမ၏လႈပ္လႈပ္ရွားရွားလုပ္ေနသည့္လက္ေကာက္ဝတ္ကို ဖမ္းဆြဲလိုက္၏။
"ဘာေတြေလွ်ာက္လုပ္ေနတာလဲ ၊ မေအးဘူးလား"
"ထီးကို နည္းနည္းေ႐ႊ႕လိုက္ဦး ၊ ၾကည့္.....နင့္အကၤ်ီေတြစိုကုန္ၿပီ"
"ဝိန္း႐ႊမ္းက်န့္"
စန္းရန္က ခပ္ႏြေးႏြေးလက္ေခ်ာင္းမ်ားျဖင့္ သူမ၏မိုးေရစိုသြားခဲ့သည့္လက္တစ္ဖက္အား ဖြဖြေလးသုတ္ေပးၿပီး ခ်က္ခ်င္းလည္းျပန္လႊတ္ေပးလိုက္၍ ;
"အျခားတစ္ေယာက္က ဝန္ေဆာင္မႈေပးေနတာကို သေဘာတက်လက္ခံေနတဲ့အခ်ိန္မွာ အဲ့ေလာက္ႀကီးထိ စကားမမ်ားရဘူးေလ....နားလည္လား"
"...."
ဝိန္းရိဖန္က ေလထုထဲ၌သာရပ္တန့္ေနဆဲျဖစ္သည့္ သူမ၏လက္ကို ျပန္ၾကည့္မိလိုက္ၿပီး စကၠန့္ပိုင္းၾကာၿပီးေနာက္တြင္ေတာ့ ျဖည္းျဖည္းခ်င္းျပန္သိမ္းယူလိုက္သည္။ သူ ထိေတြ႕သြားခဲ့သည္ေနရာမွာ အခ်ိန္တစ္ခဏေလးသာျဖစ္ပါေသာ္လည္း လက္ရွိထိတိုင္ ပူႏြေးေနဆဲ။
မိုးေရစက္တို႔၏အေအးဓါတ္မ်ားကိုပင္ လုံးဝပယ္ေပ်ာက္သြားေစခဲ့သည္။
ဘာေၾကာင့္မွန္းမသိ ၊ ဝိန္းရိဖန္က လက္ႏွစ္ဖက္အား အိတ္ကပ္ထဲျပန္ထည့္မိလိုက္ေတာ့သည္။
ႏွစ္ေယာက္သားက လမ္းတစ္ေလွ်ာက္လုံးတြင္လည္း မ်ားမ်ားစားစား စကားမေျပာျဖစ္ၾကဘဲ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ တိတ္ဆိတ္ေနသည္ခ်ည္းသာ။ သို႔ေသာ္ တိတ္ဆိတ္ေနမႈထဲတြင္ မေရရာမေသခ်ာသည့္ၿငိတြယ္ျခင္းတစ္ခုက သူတို႔ႏွစ္ေယာက္အား ခ်ည္ႏွောင္ေထြးဖက္ေပးေနလ်က္ျဖင့္။
သစ္သီးမ်ားေရာင္းသည့္ေစ်းဆိုင္တန္းသို႔အေရာက္တြင္ ဝိန္းရိဖန္က ႐ုတ္တရက္ရပ္လိုက္၏။
စန္းရန္က သူမအား လွည့္ၾကည့္လာခဲ့သည္။
"ဘာျဖစ္တာလဲ"
ဝိန္းရိဖန္ ;
"ဝယ္စရာရွိလို႔"
စန္းရန္က ဘာဝယ္မည့္အေၾကာင္း တစ္ခြန္းတစ္ေလမေမးဘဲ ထို႔အစား ပ်င္းတိပ်င္း႐ြဲျဖင့္ ;
"အင္း....သြားယူေလ"
ဝိန္းရိဖန္က အထဲဝင္လာၿပီး ပန္းသီးႏွစ္လုံးကိုသာ ယူလိုက္၏။ထို႔ေနာက္ ေငြရွင္းေကာင္တာနားသို႔လာၿပီး ေငြရွင္းေတာ့မည့္အခိုက္တြင္ စန္းရန္က ဖုန္းျဖင့္ QR code မွတဆင့္ Scan ဖတ္ၿပီးေပးေခ်လိဳက္သည္။
ပိုင္ရွင္က ပန္းသီးကိုအိတ္ျဖင့္ထုတ္ပိုးၿပီး သူတို႔ထံ လွမ္းေပးလာကာ စန္းရန္က လွမ္းယူၿပီး အလ်င္းသင့္သလို စကားဆိုလိုက္သည္။
"ပန္းသီးစားခ်င္လို႔လား"
ဝိန္းရိဖန္က ပန္းသီးကို လက္ညွိုးျပၿပီးေနာက္ သူ႕ထံသို႔ ျပန္ၫႊန္ျပကာ ;
"နင့္ကို အစစ္ေပးမယ္လို႔ ေျပာထားတယ္ေလ"
"...."
စန္းရန္က 'အို႔' ဟု အသံတစ္ခ်က္ျပဳလိုက္၏။
သစ္သီးေစ်းဆိုင္တန္းမွထြက္လာၿပီး ဝိန္းရိဖန္က အနီးအနားမွဆိုင္တစ္ခုတြင္ စန္းရန္အတြက္ ညစာဝင္ဝယ္လိုက္သည္။
လမ္းေလွ်ာက္ေနၾကရင္း မသိလိုက္ပါဘဲႏွင့္ ႏွစ္ေယာက္သားက ဝိန္းရိဖန္တည္းေနသည့္ဟိုတယ္ေရွ႕သို႔ ေရာက္လာခဲ့သည္။ အေရွ႕ေကာင္တာဆီသို႔ ေလွ်ာက္လာရင္း ဝိန္းရိဖန္ စကားဆိုလာခဲ့သည္။
"ဒါဆို နင္ ဒီေန႕ည ဒီဟိုတယ္မွာပဲတည္းလိုက္ေတာ့ေလ ၊ မနက္ျဖန္က်မွ ငါတို႔ကားနဲ႕အတူတူ နန္းဝူကိုျပန္မလား"
စန္းရန္ ;
"ရတယ္"
ဝိန္းရိဖန္က အေရွ႕ေကာင္တာ၌ စန္းရန္၏မွတ္ပုံတင္ကိုသုံးၿပီး သူမႏွင့္ တစ္လႊာတည္းက်သည့္အခန္းတစ္ခန္း ယူလိုက္သည္။ ထိုအခ်ိန္ေလးအတြင္း သူ႕မွတ္ပုံတင္အားလွမ္းၾကည့္ေနလိုက္ကာ ဓါတ္ပုံထဲတြင္ သူဟာ လက္ရွိအခ်ိန္ေလာက္ မရင့္က်က္ေသးသည့္ပုံစံ ၊ မ်က္ခုံးကိုမသိမသာပင့္ထားၿပီး အရိုးမ်ားထဲမွကိုစိမ့္ထြက္ေနသည့္ မထီမဲ့ျမင္ျပဳတတ္ေသာအေငြ႕အသက္မ်ားကိုလည္း လုံးဝမဖုံးကြယ္ထားေပ။
မွတ္ပုံတင္ထဲမွ ဓါတ္ပုံကိုၾကည့္ရသည္မွာ တကၠသိုလ္ေက်ာင္းသားအ႐ြယ္၌ရိုက္ထားသည့္ပုံပင္ ျဖစ္လိမ့္မည္။
သူမ မေနနိုင္ေအာင္ ခဏခဏလွမ္းၾကည့္ေနမိလိုက္သည္။
စန္းရန္က လွမ္းၾကည့္ေန၍ ;
"ဘာလုပ္ေနတာလဲ"
ဝိန္းရိဖန္က ရွင္းျပမည္ဟုစဥ္းစားမိလိုက္ေသာ္လည္း......
တစ္ခ်က္အၾကည့္တြင္ အခ်ိန္ကာလအရ ပိုၿပီးမထီမဲ့ျမင္ျပဳတတ္လာသည့္သူ႕မ်က္ႏွာႏွင့္ တည့္တည့္တိုးကာ ေျပာခ်င္သည့္စကားလုံးမ်ားကို ျပန္မ်ိဳခ်ပစ္လိုက္၏။
"ဘာမွမလုပ္ပါဘူး"
အေရွ႕ေကာင္တာမွ လိုအပ္သည့္လုပ္ငန္းစဥ္မ်ားေဆာင္႐ြက္ၿပီးခ်ိန္တြင္ စန္းရန္က အခန္းကဒ္ႏွင့္မွတ္ပုံတင္အားယူကာ ႏွစ္ဦးသား ဓါတ္ေလွကားဆီသို႔ေလွ်ာက္လာခဲ့သည္။ သူဟာ အခန္းကဒ္အား အိတ္ကပ္ထဲထည့္လိုက္ၿပီး မွတ္ပုံတင္အား သူမထံသို႔ သဘာဝက်က်လွမ္းေပးလိုက္သည္။
ဝိန္းရိဖန္က လွမ္းယူလိုက္ေသာ္လည္း တစ္ဖက္လူက မည္သည့္အတြက္ေၾကာင့္ ေပးသည္ကိုေတာ့မသိ။
"ဘာျဖစ္လို႔လဲ"
စန္းရန္က ခပ္ႏွေးႏွေးျဖင့္ ;
"ၾကည့္ခ်င္ေနရင္ ၾကည့္"
"...."
စန္းရန္က ယခုလိုမ်ိဳးလုပ္လာလိမ့္မည္ဟု မထင္မွတ္ထားမိသည့္အတြက္ ဝိန္းရိဖန္ ႐ုတ္တရက္ေၾကာင္အမ္းသြားရ၏။ ေနာက္တြင္ေတာ့ ဓါတ္ေလွကားေစာင့္ေနရင္း ေခါင္းငုံ႕သြားၿပီး မွတ္ပုံတင္ေပၚမွ စန္းရန္အားတစ္လွည့္ ၊ ေခါင္းျပန္ေမာ့လာၿပီး သူမ၏ေဘး၌ရပ္ေနသည့္ စန္းရန္ကိုတစ္လွည့္ ၾကည့္ေနေလေတာ့သည္။
စန္းရန္က သူမဘက္သို႔လွည့္မေနေတာ့ဘဲ ဓါတ္ေလွကားနံပါတ္ကိုသာ စူးစိုက္ၾကည့္ေန၏။
ဝိန္းရိဖန္သည္ အၾကည့္မ်ားျပန္သိမ္းရင္း ခပ္ေရးေရးေလးလည္း ၿပဳံးေနမိလိုက္ေတာ့၏။
ႏွစ္ဦးသား တတိယအလႊာဆီသို႔။
ဝိန္းရိဖန္က နံရံ၌ကပ္ထားသည့္ နံပါတ္ျပားမ်ားကို အေသအခ်ာလိုက္ၾကည့္ၿပီးမွ ေနရာတစ္ခုဆီသို႔ ၫႊန္ျပလိုက္၏။
"နင့္အခန္းက ဟိုဘက္မွာျဖစ္ေလာက္တယ္"
စန္းရန္ ;
"ကိုယ့္အစား လိုက္ရွာေပးေလ"
"အင္း"
အခန္းတံခါးဝထိ ေခၚလာေပးၿပီးေနာက္ ဝိန္းရိဖန္က ဝင္သင့္မဝင္သင့္ကို ေတြေဝေနသျဖင့္ ;
"ဒါဆို ငါ့အခန္းကို ျပန္ႏွင့္ၿပီေနာ္"
စန္းရန္ တစ္ဖက္လွည့္ၾကည့္လာ၏။
"အလုပ္လုပ္စရာရွိေသးလို႔လား"
ဝိန္းရိဖန္ ; "မရွိပါဘူး"
စန္းရန္ ; "အျခားကိစၥေရာ ရွိလို႔လား"
ဝိန္းရိဖန္ ; "မရွိဘူး"
"ဒါဆို အခန္းျပန္ၿပီး ဘာသြားလုပ္မလို႔လဲ"
စန္းရန္က အိတ္ကပ္ထဲမွ အခန္းကဒ္ကိုထုတ္လာၿပီး ဝိန္းရိဖန္လက္ထဲသို႔ ထည့္ေပးလိုက္၍ ;
"ကိုယ့္ဘာသာကိုယ္ဝင္သြား"
"...."
ဝိန္းရိဖန္က ကဒ္ကိုယူၿပီး တံခါးဖြင့္လိုက္သည္။ အခန္းထဲသို႔ဝင္လာၿပီး အိပ္ရာေဘးမွ ထိုင္ခုံေပၚ၌ထိုင္လိုက္၍ စိတ္ထဲ၌လည္း မေနသာမထိုင္သာသျဖင့္ ခပ္တိုးတိုးစကားဆိုလိုက္၏။
"ငါတို႔ႏွစ္ေယာက္က ခုဏေလးကမွ ဆက္ဆံေရးအေျခအေနေျပာင္းထားတာေလ ၊ ဒီအတိုင္းႀကီး နင့္သီးသန့္ေနရာမ်ိဳးကို ငါက တိုက္ရိုက္လိုက္ဝင္လာလို႔ရွိရင္ နင္ အဆင္မေျပျဖစ္မွာစိုးလို႔"
စန္းရန္က လက္ထဲမွပစၥည္းမ်ားအား စားပြဲခုံေပၚသို႔တင္လိုက္၏။
"စကားေျပာေနတဲ့ပုံစံကေတာ့ မသိရင္ လူႀကီးလူေကာင္းအတိုင္းပဲေနာ္"
"...."
"ဘယ္သူကမ်ား သိနိုင္ပါ့မလဲ...."
စန္းရန္က တဖန္လွည့္ၾကည့္လာၿပီး စကားသံက ႐ႊတ္ေနာက္ေနာက္ျဖင့္. ;
"မင္းက ကိုယ့္တစ္ကိုယ္လုံးကို ပြတ္သပ္ထိေတြ႕ၿပီးသားဆိုတာ"
"...."
ဝိန္းရိဖန္က ကိုယ့္ကိုကိုယ္အတြက္ခုခံကာကြယ္လိုက္ခ်င္ေသာ္လည္း သူေျပာသည့္စကားမွာ အမွန္တရားျဖစ္ေနျပန္သည္။ ထို႔ေၾကာင့္ ျပန္မျငင္းေတာ့ဘဲႏွင့္ ;
"နင္ အရင္ဆုံးညစာစားလိုက္ပါလား ၊ အရမ္းေနာက္က်ေနၿပီ"
စန္းရန္ ;
"မင္းေရာ စားၿပီးၿပီလား"
ဝိန္းရိဖန္ ေခါင္းၿငိမ့္ျပရင္း ;
"ေခါက္ဆြဲစားထားတယ္"
စကားေျပာေနရင္းျဖင့္ စန္းရန္က ဝိန္းရိဖန္၏အနားသို႔ ျပန္ေလွ်ာက္လာကာ တစ္ခဏၾကာၾကာၾကည့္ေန၏။ ေနာက္တြင္ ႐ုတ္တရက္ မ်က္ေမွာင္က်ဳံ႕လိုက္၍ ;
"မင္းရဲ႕ဒီအလုပ္က ဘာေတြမ်ားလုပ္ေနရတာလဲ"
ဝိန္းရိဖန္ ;
"အာ...."
"နည္းနည္းပါးပါးေလးေရာ က်ိဳးေၾကာင္းဆီေလ်ာ္ေသးရဲ႕လား ၊ ကိုယ္ကေတာ့ အခ်ိန္ေတြအမ်ားႀကီးအကုန္ခံၿပီး မင္းကို မနည္းျပည့္ေအာင္လုပ္ေပးထားတာ ၊ အခုလိုလဝက္ေလာက္ခရီးထြက္လိုက္တာနဲ႕ပဲ အသားေတြေပ်ာက္သြားေအာင္လုပ္ပစ္လိုက္တာလား"
ဝိန္းရိဖန္က တစ္ခုခုေျပာေတာ့မည့္အခိုက္တြင္။
စန္းရန္က တစ္စုံတစ္ရာကိုထပ္ၿပီး သတိထားမိသြားသည့္အလား သူမ၏ေဘး၌ ခ်က္ခ်င္းဝင္ထိုင္လိုက္ကာ နား႐ြက္ေနာက္မွဆံပင္မ်ားကို အေနာက္သို႔ပို႔လိုက္၏။ သူ႕အျပဳအမူတို႔မွာ ျငင္ျငင္သာသာပင္ျဖစ္ၿပီး သူမႏွင့္ထိေတြ႕လိုက္ျခင္းမရွိ။
သို႔ေသာ္ ဤအကြာအေဝးေၾကာင့္ ဝိန္းရိဖန္ ေၾကာင္အမ္းသြားရင္း
"ဘာျဖစ္လို႔လဲ"
စန္းရန္က နား႐ြက္အေနာက္ဘက္မွ ဒဏ္ရာကိုေတြ႕သြားျခင္းျဖစ္ၿပီး ႏႈတ္ခမ္းထက္ရွိ ခပ္ေရးေရးအေကြးသ႑ာန္မွာ ျဖည္းျဖည္းခ်င္း ေမွးမွိန္လာခဲ့သည္။
"ဘာျဖစ္ထားတာလဲ"
"အမ္"
စန္းရန္က လက္ေခ်ာင္းထိပ္မ်ားျဖင့္ ဒဏ္ရာအား မေနနိုင္ေအာင္ထိၾကည့္လိုက္၍ ;
"ဘယ္လိုထိခိုက္မိထားတာလဲ"
ဤစကားကိုၾကားသည့္အခါတြင္မွ ဝိန္းရိဖန္သည္ အခင္းျဖစ္ပြားရာေနရာ၌ ဒဏ္ရာေသးေသးေလးရခဲ့သည့္အေၾကာင္း ျပန္အမွတ္ရလိုက္သည္။ ဒဏ္ရာမွ ရက္ၾကာေနၿပီျဖစ္သည့္အတြက္ အနာေဖးပင္ျပန္တက္ေနၿပီျဖစ္ကာ နာလည္းမနာေတာ့သျဖင့္ ေမ့ေနျခင္းလည္းျဖစ္သည္။
ဝိန္းရိဖန္က သူ႕အထိအေတြ႕မ်ားေၾကာင့္ စိတ္လႈပ္ရွားလာရၿပီး ;
"ေက်ာက္ခဲအခြၽန္နဲ႕ျခစ္မိထားတာ ၊ ဒဏ္ရာက မျပင္းပါဘူး"
စန္းရန္က ထပ္မထိေတာ့ဘဲ ဒဏ္ရာကိုသာ ၾကည့္ေန၏။
"ဒီအတိုင္း ျခစ္မိ႐ုံေလးပဲ ၊ တျခားဘာမွမျဖစ္ဘူး"
ဝိန္းရိဖန္က သဘာဝက်က်ျဖင့္ စကားလမ္းေၾကာင္းလႊဲလိုက္၍ ;
"ဒါနဲ႕....နင္ ဘယ္လိုျဖစ္ၿပီး ေပယြီကို ေရာက္လာတာလဲ ၊ ငါ မနက္ျဖန္ဆို ျပန္လာေတာ့မွာလို႔ ေျပာထားတယ္ေလ ၊ နင့္အတြက္ ကိတ္မုန့္ေတာင္ မွာထားေပးတာကို"
စန္းရန္က လက္ကိုေအာက္ခ်လိဳက္ၿပီး
"ကိုယ္က လက္ေဆာင္ယူဖို႔လာခဲ့တာ"
ဝိန္းရိဖန္ ;
"ဒါေပမယ့္....ငါ နင့္ကိုေပးဖို႔ျပင္ထားတဲ့လက္ေဆာင္က အိမ္မွာ"
စန္းရန္က 'အို႔' ဆိုသည့္အသံတစ္ခုကို သံရွည္ဆြဲေနသည့္အခ်ိန္။
ဝိန္းရိဖန္က ဆက္၍ ;
"အိမ္ျပန္ေရာက္မွပဲ ေပးေတာ့မယ္"
"အင္း"
စန္းရန္က သူမ၏ႏႈတ္ခမ္းကို စိုက္ၾကည့္ေနရင္း ႐ုတ္တရက္စကားဆိုလိုက္သည္။
"ကိုယ့္ကို ဖုန္းေလးယူေပးပါဦး"
ဝိန္းရိဖန္က လွမ္းၾကည့္လိုက္ေသာ္လည္း စားပြဲေပၚ၌ ဖုန္းကိုမေတြ႕ ၊ တစ္ဖက္သို႔ျပန္လွည့္ၿပီး ထိုေနရာ၌ ဖုန္းမရွိေၾကာင္း ေျပာျပမည္အျပဳ ၊ မည္သည့္စကားမွ်ပင္မဆိုလိုက္ရေသးခင္ သူမႏွင့္ မလွမ္းမကမ္းေလးတြင္ထိုင္ေနသည့္စန္းရန္က ႐ုတ္ခ်ည္း အေရွ႕သို႔တိုးကပ္လာသည္ကိုသာ ျမင္လိုက္ရေတာ့၏။
မူလအေနအထားဆီသို႔ ျပန္အေရာက္တြင္။
အရွိန္ထိန္းဖို႔ပင္ မမွီေတာ့ဘဲ သူမ၏ႏႈတ္ခမ္းက သူ႕ႏႈတ္ခမ္းေထာင့္အား ျဖတ္ခနဲပြတ္ဆြဲသြားေလေတာ့သည္။
ဝိန္းရိဖန္ ရပ္တန့္သြားမိကာ...
စန္းရန္သည္လည္း သူ႕အရင္ေနရာသို႔ ျပန္ေရာက္သြားၿပီျဖစ္သည္။ သူမ၏ သတိမထားမိလိုက္ဘဲျဖစ္သြားသည့္အမူအရာကို သူက မမွင္မေသြလွမ္းၾကည့္ေနၿပီး ႏွစ္စကၠန့္အၾကာတြင္ ခပ္ေရးေရးၿပဳံးျပလာကာ တိုးဖ်ဖ်ေလသံတစ္ခုျဖင့္
"ေက်းဇူး"
"...."
"အခု လက္ခံရရွိသြားၿပီ"
*****************