Chapter (128) Arc 4
ကံဆိုးမှု
လုရွှမ် သူ့တံတွေးကို ပြန်သီးပြီး အကြိမ်ကြိမ် ချောင်းဆိုးနေရတော့သည်။
"ဟေ့ အစ်ကိုလုရွှမ်... အဲဒါက ဘာဖြစ်တာလဲ? ပျော်နေရင်တောင် အဲ့လောက် သတိထား နေစရာမလိုဘူးလေ"
လုရွှမ် အသက်ပြင်းပြင်း ရှူပြီး လျန့်ဟုန်ချောင်ကို အမြန် တွန်းထုတ်လိုက်သည်။
"မလိုဘူး... လုံးဝ မလိုဘူး ငါမင်းဦးလေးကို ကယ်တင်နိုင်တယ်.... ဒါပေမဲ့ မင်းဦးလေးကို ကယ်တင်ပြီးရင် ငါတို့ တစ်ယောက်နဲ့ တစ်ယောက်ကြားက ကျေးဇူးကြွေးကို ဖျက်လိုက်မယ်.... မင်းငါကို ကယ်ခဲ့တဲ့အတွက် ငါပြန်ဆပ်တာလို့ သဘောထားလိုက်... ဒီကိစ္စကို ထပ်မပြောတော့ဘူး အဆင်ပြေလား?"
လျန့်ဟုန်ချောင်သည် အလွန် ရက်စက်တတ်သော်လည်း သူမသည် ငတုံးမဟုတ်လို့ လျန့်ထျန်းရှန်းကို စိုက်ကြည့်လိုက်ပြီးနောက်
"နင်က ငါ့ကို မကြိုက်တာလား?"
"ပြောစရာ မလိုဘူးထင်တယ်!"
လျန့်ဟုန်ချောင် အံသြသွား၏။ ထိုအခါ လျန့်ထျန်းရှန်းက ဝင်ပြောလာသည်။
"မင်း ဟုန်ချောင်ကို မကြိုက်ရင်တောင် ဒီလောက် အရှက်မဲ့နေစရာ မလိုပါဘူး.... ဘာလဲ ငါတို့ လျန့်မိသားစုက မင်းအတွက် မလုံလောက်လို့လား?"
လုရွှမ် သက်ပြင်းချလိုက်ပြီး
"ကျုပ် သူမကို မကြိုက်ပါဘူး.... ကျွန်တော့်အမြင်အရတော့ သူက ကျုပ်ညီမငယ် တစ်ယောက်လိုပဲ.... ဟုတ်တယ် သူ့က စိတ်အနှောက်အယှက် ဖြစ်စေတယ်... ရိုင်းစိုင်းတဲ့စိတ်နဲ့ ဒေါသတွေပဲ ထွက်နေတာ တွေ့တယ် ဒါပေမဲ့ ဟုန်ချောင်.. ဒီလမ်းတစ်လျှောက် ငါမင်းကို ပစ်ထားခဲ့တာမျိုး ရှိလား?"
"နောက်ထပ် ဘယ်လောက်ပဲ အန္တရာယ်ရှိပါစေ မင်းရှေ့မှာ ငါရပ်နေမယ်... ဒီသမင်ကိုလည်း ငါမင်းနဲ့ လုနေမှာ မဟုတ်ဘူး.... မင်းမှာ ချို့ယွင်းချက်တွေ အများကြီးရှိပေမဲ့ မင်းကို ငါ့ညီမလေးနဲ့ ဆက်ဆံနေပေမှာ....မင်းဘာသာ ရှုပ်နေတာပဲ မင်းခေါင်းကို ရိုက်တယ် မင်းကိုရိုက်တယ် အဲဒါကို မင်းစိတ်ထဲ တစ်မျိုးခံစားနေရတာ ဟုတ်တယ်မလား?"
လျန့်ဟုန်ချောင် ရေရွတ်လိုက်သော်လည်း ခေါင်းညိတ်ပြနေဆဲပင်။ အမှန်မှာ သူမသည် ကလေးမလေး ဖြစ်နေသေး၏။ သူမက အချစ်ဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ။
လမ်းတစ်လျှောက်တွင် လုရွှမ်၏ရုပ်သွင်သည် သူမ၏ နှလုံးသားထဲတွင် အရပ်ရှည်ပြီး ကြည့်ကောင်းတဲ့ အစ်ကိုကြီး တစ်ယောက်ပင်။ ထို့ကြောင့် သူမတွင် နားမလည်နိုင်သော အတွေးများ ရှိနေခဲ့သည်။
သူမ နှလုံးသားထဲမှာ ဘာလိုချင်မှန်းတောင် မသိသေးချေ။
"ဒါ့အပြင် ငါ့လို လူတစ်ယောက်အတွက် တခြားသူတွေ အထင်ကြီးခံရတာက သာမန်ပါပဲ... ဒါ မင်းအပြစ် မဟုတ်ဘူး ငါ့ရဲ့တည်ရှိမှုက သမင်လေးကိုတောင် သဘောကျစေတာပဲလေ မဟုတ်ဘူးလား?"
လုရွှမ် သမင်ငယ်လေးဆီသို့ လျှောက်သွားကာ သူ့လက်ကို ဆန့်တန်းကာ သေချာစွာပင် ပွတ်သပ်ပေးလိုက်သည်။ သမင်ငယ်လေးသည် သူ့လျှာကို ထုတ်ကာ နှစ်ကြိမ် လျှက်၍ အော်ဟစ်ကာ ပျော်ရွှင်နေပုံရသည်။
"ဟမ့် တွန့်တိုတဲ့လူကြီး.... နင်ဘာလို့ အမြီးကြီးနဲ့ ဝံပုလွေလို ဟန်ဆောင်နေတာလဲ? ဟမ့် ငါ့အစ်ကိုနဲ့ ဦးလေး နှစ်ယောက်စလုံးက သူတော်စင်တွေ... နင်က သူတော်စင်တစ်ပိုင်း ပထမအဆင့်ပဲ ရှိသေးတာ... ငါလည်း အဲ့လောက်ကတော့ မကြိုက်ပါဘူး.... အနည်းဆုံး မင်းကို ငါလည်း ကယ်ခဲ့တာပဲလေ အနည်းဆုံး ငါ့ဦးလေးကိုတော့ ကယ်ရမယ် မဟုတ်လား?"
နောက်တစ်ခါ လုပ်ပြန်ပြီ!
လုရွှမ် ရိုင်းစိုင်းသော စကားများကို နားထောင်နေဖို့ စိတ်မ၀င်စားတော့တာကြောင့် ထိုလူရှေ့သို့ လျှောက်သွားခဲ့သည်။ တစ်ဖက်လူ၏ ယွမ်ချီမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော်လည်း အသက်ရှင်နေသေး၏။
လုရွှမ် တစ်ဖက်လူသည် သူတော်စင်ထက် သာလွန်တဲ့ အဆင့်မှာ ရှိနေခဲ့တာကို သိမြင်နိုင်သည်။ သို့မဟုတ်ပါက ယခုထိ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
"အိုး! ဖီးနစ်နတ်ရွှေသံကြိုး?"
ထိုလူကို ချိတ်ပိတ်ထားသော သံကြိုးကို ကြည့်လိုက်ရာ လုရွှမ်မှာ ရယ်ရမလိုငိုရမလို ဖြစ်သွားရှာသည်။
ဤအရာသည် ဒဏ္ဍာရီလာ နတ်ရွှေများ ဖြစ်သည်။ သူ ကောင်းကင်ဧကရာဇ်လို ဖြစ်တည်မှုမျိုး ဖြစ်ခဲ့စဥ် ဤရွှေမျိုးအား ရှာဖွေပြီး ကောင်းကင်ဧကရာဇ် ရှေးဟောင်းပစ္စည်းကို ပြန်လည်ပြုပြင်ရန် စိတ်ကူးထားသော်လည်း အဆုံးတွင် မရနိုင်ခဲ့ပေ။
ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။
လျန့်ထျန်းရှန်းက အမြန်လျှောက်လာပြီး ရှင်းပြလေ၏။
"ဟုတ်တယ်... စိမ်းပြာနဂါး တစ်ကောင်ကို အဲဒီထဲမှာ ချိတ်ပိတ်ထားတာကို တွေ့လိုက်ရတယ်... စိမ်းပြာနဂါး (ချင်းလုံ)ရဲ့ အသံက ကျွန်မတို့ကို ကယ်တင်ဖို့ တောင်းဆိုခဲ့ပြီး သူရဲ့ ညွှန်ကြားချက်အတိုင်း ကူညီဖို့ ကြိုးစားခဲ့တယ်... သူက ရုန်းရင်းဆန်ခတ်တွေ လုပ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ? လွတ်တာနဲ့ ချက်ချင်း ထွက်ပြေးသွားတာ.. လွတ်နေတဲ့ သံကြိုးနဲ့ ချည်နှောင် ခံရတော့မယ်ဆိုတာ သိလိုက်ရတော့ ကျွန်မ ခင်ပွန်းသည်က ကျွန်မကို တွန်းထုတ်လိုက်ပြီး အခုလို ဖြစ်သွားခဲ့တာ"
"စိမ်းပြာနဂါး?"
လျန့်ဟုန်ချောင် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ တကယ်တော့ သူ ဖီးနစ်နတ်ရွှေသံကြိုးပေါ်က ချင်းလုံရဲ့ အရိပ်အာဝါသကို ခံစားခဲ့ရသော်လည်း ချင်းလုံရဲ့ ရောင်ဝါက အလွန်အားနည်းလှသည်။ ၎င်းသည် ချင်းလုံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လိမ့်မည်။
ထို့အပြင် နတ်ရွှေသံရဲ့ အခြေအနေရ ဤနယ်ပယ်၏ နိယာမများသည် ပြီးပြည့်စုံခြင်း မရှိချေ။ ဒီကမ္ဘာကြီးကို ဖြည့်ပေးနေသည့် ဝိညာဥ်ချီများသည် အနိမ့်ဆုံး အဆင့်တွင် ရှိနေဆဲဖြစ်သောကြောင့် စိမ်းပြာနဂါး ဒီနေရာမှာ ရှိနေတာကမှ ထူးဆန်းနေလိမ့်မည်။
အောက်ကမ္ဘာကို ကျလာတဲ့ ချင်းလုံနဂါးအချို့ရဲ့ အခင်းအကျင်း အစိတ်အပိုင်း တချို့မဟုတ်ပါက နောက်ဆုံးတွင် ဝိညာဥ်သားရဲများတွင် ဝိညာဉ်စွမ်းအင်များ ရှိလို့ ၎င်းတို့၏ ဝိညာဉ်များသည် မသေမျိုး စိမ်းပြာနဂါးများ အဖြစ်သို့ ပြောင်းလဲသွားကြလိမ့်မည်။
ထို့အပြင် လျန့်ထျန်းရှန်က ပြတ်ပြတ်သားသား ပြောနေသော်လည်း စကားလုံးတွေထဲ၌ လှည့်စားစးမှု တစ်စုံတစ်ရာ ရှိမရှိ မသေချာလို့ လုရွှမ် ၎င်းကို မယုံပေ။ ဒါပေမဲ့ သူညွှန်ပြဖို့ မလိုပါဘူး။ သူ့စိတ်ထဲက တချို့အရာတွေက သိထားရတာပဲ ကောင်းပါ၏။ ထုတ်ပြောဖို့က သိပ်မဖြစ်နိုင်ပေ။
အကြောင်းပြချက် မရှိဘဲ လုရွှမ် ရယ်လိုက်မိသည်။ ဒီခရီးက ဒီကောင်မလေးကို ကူညီဖို့ တကယ် လာခဲ့တာများလားတောင် မသိတော့ချေ။
စိမ်းပြာနဂါး၏ နှလုံး၊ ဖီးနစ်အမွေးများနှင့်အတူ လျန့်ထျန်းရှန်၏ ခင်ပွန်းကို ကယ်ဆယ်ရန် အနည်းငယ် အားထုတ်ရပေမည်။ သို့သော် သူ့ကို ကယ်နိုင်သေးသည်။
လျန့်ဟုန်ချောင်မှာ စိတ်လိုလက်ရ စိုက်ကြည့်ရင်း တစ်ဖက်က နားမလည် နိုင်လောက်အောင် တိတ်ဆိတ်နေတာ မြင်လိုက်ရတော့ သူမက မျက်လုံးကြီးတွေကို ကျယ်ကျယ် ဖွင့်လိုက်ကာ
"နင် မကူညီချင်ဘူးလား နင့်အသက်ကို ငါ ကယ်ခဲ့တာနော်!"
လျန့်ထျန်းရှန်လည်း ကူကယ်ရာမဲ့ ရယ်မော၍ တူမလေး၏ ခေါင်းကို ပွတ်သပ်ရင်း နှလုံးသားထဲတွင် ရယ်မောနေမိသည်။ လုရွှမ် မခံနိုင်တာ အံ့သြစရာတော့ မဟုတ်ပေ။
လုရွှမ် မျက်နှာလည်း ရုတ်တရက် မည်းမှောင်သွားကာ လူကို ကယ်တင်ဖို့ အလျင်အမြန် ထွက်သွားတော့သည်။
"မင်းတို့ နောက်ဆုတ်နေ!"
လုရွှမ် လက်နှစ်ဘက်စလုံးဖြင့် သံဆွဲကြိုးတွေကို ကိုင်ထားပြီး ဖီးနစ်ကောင်းကင် မီးတောက်၊ စိမ်းပြာနဂါးရဲ့ နှလုံးခုန်သံနဲ့ သန့်ရှင်းတဲ့ စွမ်းအားလှိုင်းတွေ လျှံထွက်လာခဲ့သည်။
သံကြိုးသည် အသက်ရှိနေသကဲ့သို့ ၎င်းသည် ရုတ်တရက် တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ ခုန်ထွက်သွားပြီးနောက် လုရွှမ် ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားတော့သည်။
"အစ်ကိုရန်!"
လျန့်ထျန်းရှန် အံ့အားသင့်စွာ အော်လိုက်ပြီး ခင်ပွန်းဖြစ်သူကို အမြန်ပြေး ထူလိုက်သည်။ သူမ၏ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာကာ ခင်ပွန်းဖြစ်သူကို ဘေးတစ်ဖက်မှာ ချထားလိုက်သည်။
"ဒေါ်လေး အစ်ကိုလုရွှမ်ကို မြန်မြန် ကယ်ပါဦး.... သူ့ကို သံကြိုးတွေက ချုပ်ထားပြီ!"
လျန့်ဟုန်ချောင်က ငိုယိုရင်း အော်ဟစ်လိုက်၏။
လျန့်ထျန်းရှန် နောက်ပြန် လှည့်ကြည့်သော် နှစ်ဘက်စလုံးတွင် ဖီးနစ်နတ်ရွှေသံကြိုးမှ သံကြိုးများ ပေါက်ထွက်လာကာ လုရွှမ်၏ စွမ်းအင်အလွှာကို အလွှာလိုက် ဖောက်ဝင်နေ၏။
သံကြိုးတွေကိုလည်း အတားအဆီးတွင် သော့ခတ်ထားသော အရာတစ်ခုအဖြစ် ဖြည်းညှင်းစွာ ရစ်ပတ်နေတာကို တွေ့လိုက်ရသည်။
ရုတ်တရက် ဖဲနီတစ်စသည် သံကြိုးတွေကြားက လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်ရာ လျန့်ထျန်းရှန်လည်း အပြေးအလွှား လာကူ၏။ လျန့်ဟုန်ချောင် အမြန် ဆွဲထုတ်လိုက်သော်လည်း သံကြိုး၏ ခိုင်ခံ့မှုကို လုံးဝ မဟန့်တားနိုင်ပေ။
"ဖြတ်!"
လျန့်ထျန်းရှတ် ကျယ်လောင်စွာ အော်လိုက်ပြီး အလင်းလှိုင်းလုံး ဓားကြီးကို သံကြိုးအား ပြင်းပြင်းထန်ထန် ခုတ်ချပစ်လိုက်သော်လည်း ဓားကြီးမှာ ချက်ချင်း နှစ်ပိုင်းပြတ်သွားသည်။
မီးပွားများ လွင့်ထွက်သွားစဥ် လျန့်ထျန်းရှန်လည်း သွေးများအန်၍ နောက်ပြန် လွင့်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
"ဒေါ်လေး.... လုရွှမ်!"
လျန့်ထျန်းရှန်ကို ကြည့်ရင်း လျန့်ဟုန်ချောင်သည် အနီရောင်ပိုးကို ကိုင်ထားရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သေးသော်လည်း အဒေါ်၏ ပံ့ပိုးကူညီမှု မရှိဘဲ သူမအင်အားမှာလည်း သက်ရောက်မှု မရှိသလောက်ပင်။
သံကြိုးက လုရွှမ်ကို အတားအဆီးထဲသို့ ဆွဲသွင်းလိုက်ရာ စူးရှသော အလင်းရောင် တစ်ချက် လင်းလက်သွားပြီး သံကြိုးနှင့်အတူ လုရွှမ်ပါ ပျောက်ကွယ်သွားတော့သည်။ လျန့်ဟုန်ချောင်လည်း အော်ဟစ်ရင်း မြေပြင်ပေါ် လဲကျသွားသည်။
ဝုန်း!
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး တောင်နံရံ နှစ်ဖက်စလုံးသည် ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ ဒြပ်စင်ငါးပါး သမင်က အော်ဟစ်ပြီး လျန့်ဟုန်ချောင်ရဲ့ အင်္ကျီစကို ပြင်းပြင်းထန်ထန် ဆွဲကိုက်လိုက်သည်။
တကယ်တော့ ချောမွတ်တဲ့ တောင်နံရံမှာ အက်ကွဲကြောင်းများ ရုတ်တရက် ထွက်ပေါ်လာကာ တသိမ့်သိမ့် တုန်နေ၏။ ကောင်းကင်ကို မော့ကြည့်လိုက်သော် ကောင်းကင်ကြီး တစ်ခွင်လုံး တောက်ပလာပြီး ထိုအလင်းရောင်ကြောင့် ကျောက်တုံးကြီးများ လျင်မြန်စွာ ပြိုကျလာခဲ့သည်။
"ဒေါ်လေး ဦးလေး.... သွားရအောင်!"
လျန့်ဟုန်ချောင် ကြောက်လန့်လာပြီး သူမအဒေါ်ကို ဆွဲခေါ်ဖို့ ကြိုးစားပေမယ့် တစ်ဖက်က မလှုပ်ချေ။
သူမသည် အဒေါ်နှင့် ဦးလေးတို့၏ ပတ်ပတ်လည်တွင် အနီရောင်ပိုးနီဖြင့် အမြန်ထုပ်ပိုးပြီး သူမနောက်ကျောပေါ် တင်ကာ သမင်ကို လှမ်းဆွဲထားလိုက်သည်။
"သွားရအောင်!"
ဒြပ်စင်ငါးခုရှိသော သမင်သည် ကောင်းကင်သို့ပျံတက်ကာ ကျောက်တုံးများကို ကျွမ်းကျင်စွာ ရှောင်တိမ်း၍ ကောင်းကင်ထက်သို့ ပျံသန်းသွားခဲ့သည်။
Chapter (128) Arc 4
ကံဆိုးမႈ
လု႐ႊမ္ သူ႕တံေတြးကို ျပန္သီးၿပီး အႀကိမ္ႀကိမ္ ေခ်ာင္းဆိုးေနရေတာ့သည္။
"ေဟ့ အစ္ကိုလု႐ႊမ္... အဲဒါက ဘာျဖစ္တာလဲ? ေပ်ာ္ေနရင္ေတာင္ အဲ့ေလာက္ သတိထား ေနစရာမလိုဘူးေလ"
လု႐ႊမ္ အသက္ျပင္းျပင္း ရႉၿပီး လ်န့္ဟုန္ေခ်ာင္ကို အျမန္ တြန္းထုတ္လိုက္သည္။
"မလိုဘူး... လုံးဝ မလိုဘူး ငါမင္းဦးေလးကို ကယ္တင္နိုင္တယ္.... ဒါေပမဲ့ မင္းဦးေလးကို ကယ္တင္ၿပီးရင္ ငါတို႔ တစ္ေယာက္နဲ႕ တစ္ေယာက္ၾကားက ေက်းဇူးေႂကြးကို ဖ်က္လိုက္မယ္.... မင္းငါကို ကယ္ခဲ့တဲ့အတြက္ ငါျပန္ဆပ္တာလို႔ သေဘာထားလိုက္... ဒီကိစၥကို ထပ္မေျပာေတာ့ဘူး အဆင္ေျပလား?"
လ်န့္ဟုန္ေခ်ာင္သည္ အလြန္ ရက္စက္တတ္ေသာ္လည္း သူမသည္ ငတုံးမဟုတ္လို႔ လ်န့္ထ်န္းရွန္းကို စိုက္ၾကည့္လိုက္ၿပီးေနာက္
"နင္က ငါ့ကို မႀကိဳက္တာလား?"
"ေျပာစရာ မလိုဘူးထင္တယ္!"
လ်န့္ဟုန္ေခ်ာင္ အံၾသသြား၏။ ထိုအခါ လ်န့္ထ်န္းရွန္းက ဝင္ေျပာလာသည္။
"မင္း ဟုန္ေခ်ာင္ကို မႀကိဳက္ရင္ေတာင္ ဒီေလာက္ အရွက္မဲ့ေနစရာ မလိုပါဘူး.... ဘာလဲ ငါတို႔ လ်န့္မိသားစုက မင္းအတြက္ မလုံေလာက္လို႔လား?"
လု႐ႊမ္ သက္ျပင္းခ်လိဳက္ၿပီး
"က်ဳပ္ သူမကို မႀကိဳက္ပါဘူး.... ကြၽန္ေတာ့္အျမင္အရေတာ့ သူက က်ဳပ္ညီမငယ္ တစ္ေယာက္လိုပဲ.... ဟုတ္တယ္ သူ႕က စိတ္အႏွောက္အယွက္ ျဖစ္ေစတယ္... ရိုင္းစိုင္းတဲ့စိတ္နဲ႕ ေဒါသေတြပဲ ထြက္ေနတာ ေတြ႕တယ္ ဒါေပမဲ့ ဟုန္ေခ်ာင္.. ဒီလမ္းတစ္ေလွ်ာက္ ငါမင္းကို ပစ္ထားခဲ့တာမ်ိဳး ရွိလား?"
"ေနာက္ထပ္ ဘယ္ေလာက္ပဲ အႏၱရာယ္ရွိပါေစ မင္းေရွ႕မွာ ငါရပ္ေနမယ္... ဒီသမင္ကိုလည္း ငါမင္းနဲ႕ လုေနမွာ မဟုတ္ဘူး.... မင္းမွာ ခ်ိဳ႕ယြင္းခ်က္ေတြ အမ်ားႀကီးရွိေပမဲ့ မင္းကို ငါ့ညီမေလးနဲ႕ ဆက္ဆံေနေပမွာ....မင္းဘာသာ ရႈပ္ေနတာပဲ မင္းေခါင္းကို ရိုက္တယ္ မင္းကိုရိုက္တယ္ အဲဒါကို မင္းစိတ္ထဲ တစ္မ်ိဳးခံစားေနရတာ ဟုတ္တယ္မလား?"
လ်န့္ဟုန္ေခ်ာင္ ေရ႐ြတ္လိုက္ေသာ္လည္း ေခါင္းညိတ္ျပေနဆဲပင္။ အမွန္မွာ သူမသည္ ကေလးမေလး ျဖစ္ေနေသး၏။ သူမက အခ်စ္ဆိုတာကို ဘယ္လိုလုပ္ သိနိုင္မွာလဲ။
လမ္းတစ္ေလွ်ာက္တြင္ လု႐ႊမ္၏႐ုပ္သြင္သည္ သူမ၏ ႏွလုံးသားထဲတြင္ အရပ္ရွည္ၿပီး ၾကည့္ေကာင္းတဲ့ အစ္ကိုႀကီး တစ္ေယာက္ပင္။ ထို႔ေၾကာင့္ သူမတြင္ နားမလည္နိုင္ေသာ အေတြးမ်ား ရွိေနခဲ့သည္။
သူမ ႏွလုံးသားထဲမွာ ဘာလိုခ်င္မွန္းေတာင္ မသိေသးေခ်။
"ဒါ့အျပင္ ငါ့လို လူတစ္ေယာက္အတြက္ တျခားသူေတြ အထင္ႀကီးခံရတာက သာမန္ပါပဲ... ဒါ မင္းအျပစ္ မဟုတ္ဘူး ငါ့ရဲ႕တည္ရွိမႈက သမင္ေလးကိုေတာင္ သေဘာက်ေစတာပဲေလ မဟုတ္ဘူးလား?"
လု႐ႊမ္ သမင္ငယ္ေလးဆီသို႔ ေလွ်ာက္သြားကာ သူ႕လက္ကို ဆန႔္တန္းကာ ေသခ်ာစြာပင္ ပြတ္သပ္ေပးလိုက္သည္။ သမင္ငယ္ေလးသည္ သူ႕လွ်ာကို ထုတ္ကာ ႏွစ္ႀကိမ္ လွ်က္၍ ေအာ္ဟစ္ကာ ေပ်ာ္႐ႊင္ေနပုံရသည္။
"ဟမ့္ တြန့္တိုတဲ့လူႀကီး.... နင္ဘာလို႔ အၿမီးႀကီးနဲ႕ ဝံပုေလြလို ဟန္ေဆာင္ေနတာလဲ? ဟမ့္ ငါ့အစ္ကိုနဲ႕ ဦးေလး ႏွစ္ေယာက္စလုံးက သူေတာ္စင္ေတြ... နင္က သူေတာ္စင္တစ္ပိုင္း ပထမအဆင့္ပဲ ရွိေသးတာ... ငါလည္း အဲ့ေလာက္ကေတာ့ မႀကိဳက္ပါဘူး.... အနည္းဆုံး မင္းကို ငါလည္း ကယ္ခဲ့တာပဲေလ အနည္းဆုံး ငါ့ဦးေလးကိုေတာ့ ကယ္ရမယ္ မဟုတ္လား?"
ေနာက္တစ္ခါ လုပ္ျပန္ၿပီ!
လု႐ႊမ္ ရိုင္းစိုင္းေသာ စကားမ်ားကို နားေထာင္ေနဖို႔ စိတ္မ၀င္စားေတာ့တာေၾကာင့္ ထိုလူေရွ႕သို႔ ေလွ်ာက္သြားခဲ့သည္။ တစ္ဖက္လူ၏ ယြမ္ခ်ီမွာ ေပ်ာက္ကြယ္လုနီးပါး ျဖစ္ေနေသာ္လည္း အသက္ရွင္ေနေသး၏။
လု႐ႊမ္ တစ္ဖက္လူသည္ သူေတာ္စင္ထက္ သာလြန္တဲ့ အဆင့္မွာ ရွိေနခဲ့တာကို သိျမင္နိုင္သည္။ သို႔မဟုတ္ပါက ယခုထိ အသက္ရွင္နိုင္လိမ့္မည္ မဟုတ္ေပ။
"အိုး! ဖီးနစ္နတ္ေ႐ႊသံႀကိဳး?"
ထိုလူကို ခ်ိတ္ပိတ္ထားေသာ သံႀကိဳးကို ၾကည့္လိုက္ရာ လု႐ႊမ္မွာ ရယ္ရမလိုငိုရမလို ျဖစ္သြားရွာသည္။
ဤအရာသည္ ဒ႑ာရီလာ နတ္ေ႐ႊမ်ား ျဖစ္သည္။ သူ ေကာင္းကင္ဧကရာဇ္လို ျဖစ္တည္မႈမ်ိဳး ျဖစ္ခဲ့စဥ္ ဤေ႐ႊမ်ိဳးအား ရွာေဖြၿပီး ေကာင္းကင္ဧကရာဇ္ ေရွးေဟာင္းပစၥည္းကို ျပန္လည္ျပဳျပင္ရန္ စိတ္ကူးထားေသာ္လည္း အဆုံးတြင္ မရနိုင္ခဲ့ေပ။
ဒီေနရာမွာ ေတြ႕ရလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့ေခ်။
လ်န့္ထ်န္းရွန္းက အျမန္ေလွ်ာက္လာၿပီး ရွင္းျပေလ၏။
"ဟုတ္တယ္... စိမ္းျပာနဂါး တစ္ေကာင္ကို အဲဒီထဲမွာ ခ်ိတ္ပိတ္ထားတာကို ေတြ႕လိုက္ရတယ္... စိမ္းျပာနဂါး (ခ်င္းလုံ)ရဲ႕ အသံက ကြၽန္မတို႔ကို ကယ္တင္ဖို႔ ေတာင္းဆိုခဲ့ၿပီး သူရဲ႕ ၫႊန္ၾကားခ်က္အတိုင္း ကူညီဖို႔ ႀကိဳးစားခဲ့တယ္... သူက ႐ုန္းရင္းဆန္ခတ္ေတြ လုပ္လာလိမ့္မယ္လို႔ ဘယ္သူက ထင္မွာလဲ? လြတ္တာနဲ႕ ခ်က္ခ်င္း ထြက္ေျပးသြားတာ.. လြတ္ေနတဲ့ သံႀကိဳးနဲ႕ ခ်ည္ႏွောင္ ခံရေတာ့မယ္ဆိုတာ သိလိုက္ရေတာ့ ကြၽန္မ ခင္ပြန္းသည္က ကြၽန္မကို တြန္းထုတ္လိုက္ၿပီး အခုလို ျဖစ္သြားခဲ့တာ"
"စိမ္းျပာနဂါး?"
လ်န့္ဟုန္ေခ်ာင္ မယုံၾကည္နိုင္စြာ ေအာ္ဟစ္လိုက္သည္။
လု႐ႊမ္ တိတ္တဆိတ္ ေခါင္းညိတ္ျပလိုက္သည္။ တကယ္ေတာ့ သူ ဖီးနစ္နတ္ေ႐ႊသံႀကိဳးေပၚက ခ်င္းလုံရဲ႕ အရိပ္အာဝါသကို ခံစားခဲ့ရေသာ္လည္း ခ်င္းလုံရဲ႕ ေရာင္ဝါက အလြန္အားနည္းလွသည္။ ၎သည္ ခ်င္းလုံ၏ အစိတ္အပိုင္းတစ္ခု ျဖစ္လိမ့္မည္။
ထို႔အျပင္ နတ္ေ႐ႊသံရဲ႕ အေျခအေနရ ဤနယ္ပယ္၏ နိယာမမ်ားသည္ ၿပီးျပည့္စုံျခင္း မရွိေခ်။ ဒီကမၻာႀကီးကို ျဖည့္ေပးေနသည့္ ဝိညာဥ္ခ်ီမ်ားသည္ အနိမ့္ဆုံး အဆင့္တြင္ ရွိေနဆဲျဖစ္ေသာေၾကာင့္ စိမ္းျပာနဂါး ဒီေနရာမွာ ရွိေနတာကမွ ထူးဆန္းေနလိမ့္မည္။
ေအာက္ကမၻာကို က်လာတဲ့ ခ်င္းလုံနဂါးအခ်ိဳ႕ရဲ႕ အခင္းအက်င္း အစိတ္အပိုင္း တခ်ိဳ႕မဟုတ္ပါက ေနာက္ဆုံးတြင္ ဝိညာဥ္သားရဲမ်ားတြင္ ဝိညာဥ္စြမ္းအင္မ်ား ရွိလို႔ ၎တို႔၏ ဝိညာဥ္မ်ားသည္ မေသမ်ိဳး စိမ္းျပာနဂါးမ်ား အျဖစ္သို႔ ေျပာင္းလဲသြားၾကလိမ့္မည္။
ထို႔အျပင္ လ်န့္ထ်န္းရွန္က ျပတ္ျပတ္သားသား ေျပာေနေသာ္လည္း စကားလုံးေတြထဲ၌ လွည့္စားစးမႈ တစ္စုံတစ္ရာ ရွိမရွိ မေသခ်ာလို႔ လု႐ႊမ္ ၎ကို မယုံေပ။ ဒါေပမဲ့ သူၫႊန္ျပဖို႔ မလိုပါဘူး။ သူ႕စိတ္ထဲက တခ်ိဳ႕အရာေတြက သိထားရတာပဲ ေကာင္းပါ၏။ ထုတ္ေျပာဖို႔က သိပ္မျဖစ္နိုင္ေပ။
အေၾကာင္းျပခ်က္ မရွိဘဲ လု႐ႊမ္ ရယ္လိုက္မိသည္။ ဒီခရီးက ဒီေကာင္မေလးကို ကူညီဖို႔ တကယ္ လာခဲ့တာမ်ားလားေတာင္ မသိေတာ့ေခ်။
စိမ္းျပာနဂါး၏ ႏွလုံး၊ ဖီးနစ္အေမြးမ်ားႏွင့္အတူ လ်န့္ထ်န္းရွန္၏ ခင္ပြန္းကို ကယ္ဆယ္ရန္ အနည္းငယ္ အားထုတ္ရေပမည္။ သို႔ေသာ္ သူ႕ကို ကယ္နိုင္ေသးသည္။
လ်န့္ဟုန္ေခ်ာင္မွာ စိတ္လိုလက္ရ စိုက္ၾကည့္ရင္း တစ္ဖက္က နားမလည္ နိုင္ေလာက္ေအာင္ တိတ္ဆိတ္ေနတာ ျမင္လိုက္ရေတာ့ သူမက မ်က္လုံးႀကီးေတြကို က်ယ္က်ယ္ ဖြင့္လိုက္ကာ
"နင္ မကူညီခ်င္ဘူးလား နင့္အသက္ကို ငါ ကယ္ခဲ့တာေနာ္!"
လ်န့္ထ်န္းရွန္လည္း ကူကယ္ရာမဲ့ ရယ္ေမာ၍ တူမေလး၏ ေခါင္းကို ပြတ္သပ္ရင္း ႏွလုံးသားထဲတြင္ ရယ္ေမာေနမိသည္။ လု႐ႊမ္ မခံနိုင္တာ အံ့ၾသစရာေတာ့ မဟုတ္ေပ။
လု႐ႊမ္ မ်က္ႏွာလည္း ႐ုတ္တရက္ မည္းေမွာင္သြားကာ လူကို ကယ္တင္ဖို႔ အလ်င္အျမန္ ထြက္သြားေတာ့သည္။
"မင္းတို႔ ေနာက္ဆုတ္ေန!"
လု႐ႊမ္ လက္ႏွစ္ဘက္စလုံးျဖင့္ သံဆြဲႀကိဳးေတြကို ကိုင္ထားၿပီး ဖီးနစ္ေကာင္းကင္ မီးေတာက္၊ စိမ္းျပာနဂါးရဲ႕ ႏွလုံးခုန္သံနဲ႕ သန႔္ရွင္းတဲ့ စြမ္းအားလွိုင္းေတြ လွ်ံထြက္လာခဲ့သည္။
သံႀကိဳးသည္ အသက္ရွိေနသကဲ့သို႔ ၎သည္ ႐ုတ္တရက္ တစ္ဖက္လူ၏ ခႏၶာကိုယ္မွ ခုန္ထြက္သြားၿပီးေနာက္ လု႐ႊမ္ ခႏၶာကိုယ္ထဲသို႔ ေျပးဝင္သြားေတာ့သည္။
"အစ္ကိုရန္!"
လ်န့္ထ်န္းရွန္ အံ့အားသင့္စြာ ေအာ္လိုက္ၿပီး ခင္ပြန္းျဖစ္သူကို အျမန္ေျပး ထူလိုက္သည္။ သူမ၏ မ်က္လုံးမ်ားထဲမွ မ်က္ရည္မ်ား စီးက်လာကာ ခင္ပြန္းျဖစ္သူကို ေဘးတစ္ဖက္မွာ ခ်ထားလိုက္သည္။
"ေဒၚေလး အစ္ကိုလု႐ႊမ္ကို ျမန္ျမန္ ကယ္ပါဦး.... သူ႕ကို သံႀကိဳးေတြက ခ်ဳပ္ထားၿပီ!"
လ်န့္ဟုန္ေခ်ာင္က ငိုယိုရင္း ေအာ္ဟစ္လိုက္၏။
လ်န့္ထ်န္းရွန္ ေနာက္ျပန္ လွည့္ၾကည့္ေသာ္ ႏွစ္ဘက္စလုံးတြင္ ဖီးနစ္နတ္ေ႐ႊသံႀကိဳးမွ သံႀကိဳးမ်ား ေပါက္ထြက္လာကာ လု႐ႊမ္၏ စြမ္းအင္အလႊာကို အလႊာလိုက္ ေဖာက္ဝင္ေန၏။
သံႀကိဳးေတြကိုလည္း အတားအဆီးတြင္ ေသာ့ခတ္ထားေသာ အရာတစ္ခုအျဖစ္ ျဖည္းညွင္းစြာ ရစ္ပတ္ေနတာကို ေတြ႕လိုက္ရသည္။
႐ုတ္တရက္ ဖဲနီတစ္စသည္ သံႀကိဳးေတြၾကားက လု႐ႊမ္ရဲ႕ ခႏၶာကိုယ္ကို ခက္ခက္ခဲခဲ ဆြဲထုတ္လိုက္ရာ လ်န့္ထ်န္းရွန္လည္း အေျပးအလႊား လာကူ၏။ လ်န့္ဟုန္ေခ်ာင္ အျမန္ ဆြဲထုတ္လိုက္ေသာ္လည္း သံႀကိဳး၏ ခိုင္ခံ့မႈကို လုံးဝ မဟန့္တားနိုင္ေပ။
"ျဖတ္!"
လ်န့္ထ်န္းရွတ္ က်ယ္ေလာင္စြာ ေအာ္လိုက္ၿပီး အလင္းလွိုင္းလုံး ဓားႀကီးကို သံႀကိဳးအား ျပင္းျပင္းထန္ထန္ ခုတ္ခ်ပစ္လိုက္ေသာ္လည္း ဓားႀကီးမွာ ခ်က္ခ်င္း ႏွစ္ပိုင္းျပတ္သြားသည္။
မီးပြားမ်ား လြင့္ထြက္သြားစဥ္ လ်န့္ထ်န္းရွန္လည္း ေသြးမ်ားအန္၍ ေနာက္ျပန္ လြင့္သြားကာ ေျမျပင္ေပၚသို႔ လဲက်သြားေလသည္။
"ေဒၚေလး.... လု႐ႊမ္!"
လ်န့္ထ်န္းရွန္ကို ၾကည့္ရင္း လ်န့္ဟုန္ေခ်ာင္သည္ အနီေရာင္ပိုးကို ကိုင္ထားရန္ အတတ္နိုင္ဆုံး ႀကိဳးစားခဲ့ေသးေသာ္လည္း အေဒၚ၏ ပံ့ပိုးကူညီမႈ မရွိဘဲ သူမအင္အားမွာလည္း သက္ေရာက္မႈ မရွိသေလာက္ပင္။
သံႀကိဳးက လု႐ႊမ္ကို အတားအဆီးထဲသို႔ ဆြဲသြင္းလိုက္ရာ စူးရွေသာ အလင္းေရာင္ တစ္ခ်က္ လင္းလက္သြားၿပီး သံႀကိဳးႏွင့္အတူ လု႐ႊမ္ပါ ေပ်ာက္ကြယ္သြားေတာ့သည္။ လ်န့္ဟုန္ေခ်ာင္လည္း ေအာ္ဟစ္ရင္း ေျမျပင္ေပၚ လဲက်သြားသည္။
ဝုန္း!
က်ယ္ေလာင္ေသာ အသံတစ္ခု ထြက္ေပၚလာၿပီး ေတာင္နံရံ ႏွစ္ဖက္စလုံးသည္ ျပင္းထန္စြာ တုန္ခါလာခဲ့သည္။ ျဒပ္စင္ငါးပါး သမင္က ေအာ္ဟစ္ၿပီး လ်န့္ဟုန္ေခ်ာင္ရဲ႕ အကၤ်ီစကို ျပင္းျပင္းထန္ထန္ ဆြဲကိုက္လိုက္သည္။
တကယ္ေတာ့ ေခ်ာမြတ္တဲ့ ေတာင္နံရံမွာ အက္ကြဲေၾကာင္းမ်ား ႐ုတ္တရက္ ထြက္ေပၚလာကာ တသိမ့္သိမ့္ တုန္ေန၏။ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ေသာ္ ေကာင္းကင္ႀကီး တစ္ခြင္လုံး ေတာက္ပလာၿပီး ထိုအလင္းေရာင္ေၾကာင့္ ေက်ာက္တုံးႀကီးမ်ား လ်င္ျမန္စြာ ၿပိဳက်လာခဲ့သည္။
"ေဒၚေလး ဦးေလး.... သြားရေအာင္!"
လ်န့္ဟုန္ေခ်ာင္ ေၾကာက္လန႔္လာၿပီး သူမအေဒၚကို ဆြဲေခၚဖို႔ ႀကိဳးစားေပမယ့္ တစ္ဖက္က မလႈပ္ေခ်။
သူမသည္ အေဒၚႏွင့္ ဦးေလးတို႔၏ ပတ္ပတ္လည္တြင္ အနီေရာင္ပိုးနီျဖင့္ အျမန္ထုပ္ပိုးၿပီး သူမေနာက္ေက်ာေပၚ တင္ကာ သမင္ကို လွမ္းဆြဲထားလိုက္သည္။
"သြားရေအာင္!"
ျဒပ္စင္ငါးခုရွိေသာ သမင္သည္ ေကာင္းကင္သို႔ပ်ံတက္ကာ ေက်ာက္တုံးမ်ားကို ကြၽမ္းက်င္စြာ ေရွာင္တိမ္း၍ ေကာင္းကင္ထက္သို႔ ပ်ံသန္းသြားခဲ့သည္။