Chapter (126) Arc 4
ဆိုင်ရှင်အမျိုးသမီး ပြန်ပေါ်လာပြီ
ငှက်၏ မျက်လုံးများသည် လှံဖြင့် အထိုးခံရပြီးနောက် ကန်းသွားကာ အမှောင်ထဲတွင် မြင်ရန် ပို၍ခက်ခဲလာ၏။ ထို့ကြောင့် အထက်သို့ အမြန်တက်သွားသည်။
စွမ်းအင်တချို့ ချည်နှောင်ထားသကဲ့သို့ ရုတ်တရက် အမြင့် ဆယ်ပေအထိ ပျံသန်းသွားပြီးနောက် ငှက်ကလေးသည် ရုတ်တရက် လေထုအလယ်တွင် လောင်ကျွမ်းသွားပြီး မီးလုံးအဖြစ်သို့ ပြောင်းလဲသွား၏။ ရုန်းကန်နေရဆဲ ဖြစ်သော်ငြား ပတ်ပတ်လည်တွင် တောက်လျှောက် တောက်လောင်နေခဲ့သည်။
ထိုမှသာလျှင် လုရွှမ်သည် ဖျက်စီးလင်းနို့သားရဲ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူတော်စင်သားရဲ မဟုတ်ရခြင်း၏ အကြောင်းရင်းမှာ ၎င်းတွင် လိမ္မာပါးနပ်သော ရောင်ဝါ မရှိသည့်အပြင် တစ်ကိုယ်လုံးတွင် သွေးဆာနေသော အနံ့အသက်သာ ရှိသောကြောင့် ဖြစ်သည်။
သူတော်စင် သားရဲများနှင့် နှိုင်းယှဉ်ပါက ပြင်းထန်သော သားရဲများသည် အသိဉာဏ်နည်းသော်လည်း ၎င်းတို့၏ ဖျက်စီးနိုင်သည့် စွမ်းအားသည် အံ့သြဖွယ် ကောင်းလှသည်။
လူသတ်သမားများနှင့် တူညီသော အဆင့်ရှိ ဖျက်စီး သားရဲများအတွက်မူ သူတော်စင် သားရဲနှစ်ကောင်ပင် ပြိုင်ဘက် မဟုတ်ပေ။
လုရွှမ် သူအလွန် ကံကောင်းကြောင်း သိသည်။ သားရဲသည် သူ့အဆင့် နိမ့်လွန်းသည်ကို သတိပြုမိသောကြောင့် ပေါ့ပေါ့ဆဆ တိုက်ခိုက်ခဲ့ရာ မျက်စိကွယ်သွားခဲ့သည်။ သို့မဟုတ်ပါက သူတော်စင် အဆင့်၆နဲ့အထက် ခွန်အားရှိသော သားရဲတစ်ကောင်သည် အလွယ်တကူ တိုက်ခိုက်ခံရမည် မဟုတ်ပေ။
မီးလုံးကြီးက တဟုန်းဟုန်း တောက်နေဆဲပင်။ ၎င်း၏အော်သံများ နားကိုအင်မတန် စူးစေလို့ ဟုန်ချောင်၏ မျက်နှာမှာ ဖျော့တော့လာခဲ့သည်။ သူမ၏ ဝိညာဉ်သည် ထိတ်လန့်လုနီးပါး ဖြစ်နေလေပြီ။
ထိုအခိုက် လုရွှမ်ရဲ့ ဝိညာဉ်စွမ်းအားများ တဟုန်ထိုး တက်လာခဲ့သည်။ စိမ်းပြာနဂါး၏ နှလုံးက ပြင်းထန်စွာ တုန်ခါနေကာ ဒီအသံက သူ့ကို လုံးဝ မခြိမ်းခြောက်နိုင်ပေ။
"သွားစို့!" လုရွှမ် အော်လိုက်သည်။
သမင်ငယ်လေးသည် စိတ်ဓာတ်ကျကာ ဟုန်ချောင်ကို သူ့ကျောပေါ်တင်၍ ရှေ့သို့ အရှိန်အဟုန်ဖြင့် အရှိန်မြှင့်လိုက်သည်။ လုရွှမ်လည်း ယင်းကို ဂရုမစိုက်နိုင်တော့ဘဲ ဆင်သံချပ် ရွှေကိုယ်ထည်ကို ထုတ်လျကိ အားအင်အပြည့်ဖြင့် ပြေးလွှားနေသည်။
ရွှေရောင် အလင်းတန်းများက တစ်ကိုယ်လုံးတွင် ထွန်းလင်းနေလေသည်။ အရင်က မီးလုံးက တခြား လူသတ်သမားတွေကို ဆွဲဆောင်နိုင်ပေမယ့် အခုတော့ အလင်းနည်းနည်း ထပ်ထည့်တာက အရေးမကြီးတော့ပေ။
အနက်ရောင်လေသည် ရုတ်တရက် ရပ်တန့်သွားသော်လည်း လုရွှမ်နှလုံးသည် အကြောင်းပြချက် မရှိဘဲ တုန်လှုပ်သွားခဲ့သည်။ သူ့စိတ်က အလွန်ဆိုးရွားသည့် အရာတစ်ခုကို ကြိုတင်သတိပေးချက် တစ်ခု ရှိနေသလို ခံစားလိုက်ရတာကြောင့် တွေးတောမနေဘဲ သမင်လေးကို အလျင်အမြန် ဆွဲခေါ်သွားခဲ့သည်။
သမင်လေးကလည်း ယခုအချိန်တွင် မရှောင်တိမ်းဘဲ လုရွှမ် အနားတွင် ပုန်းနေခဲ့သည်။
ဟုန်ချောင်လည်း သတိလစ်သွားခဲ့ပြီ ဖြစ်သော်လည်း သမင်လေးကို လက်နှစ်ဘက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားဆဲ ဖြစ်ကာ ကံကောင်းထောက်မစွာ သူ့အား မပစ်ချမိခဲ့ပေ။ သေချာပေါက် သူမ သေသွားပေလိမ့်မည်။
နောက်အခိုက်အတန့်တွင် အနက်ရောင်လေသည် မြေပြင်မှ ကောင်းကင်သို့ ထိုးတက်လာသည်။ ဤမျှပြင်းထန်သော စွမ်းအားဖြင့် လူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်နေပါပြီ။
လုရွှမ်သည် သားရဲခန်းမ၏ ကြီးမားသော သိုင်းစွမ်းအားကို အသုံးပြုထားခဲ့သည်။ လေတစ်ချက် တိုက်ခတ်လိုက်ရုံဖြင့် သူ၏ခန္ဓာကိုယ်သည် တောင်ကဲ့သို့ မလှုပ်မယှက် ဖြစ်ပြီး နေရာတွင် ခိုင်မြဲစွာ ရပ်နေလေသည်။
အနက်ရောင်လေတွေ ဘယ်လောက်ပဲ တိုက်ခတ်နေပါစေ သူက မလှုပ်မယှက် ရှိနေဆဲပင်။
ဒြပ်စင်ငါးပါးသမင်လေးရဲ့ ခန္ဓာကိုယ်ကို အနက်ရောင်လေများက သယ်ဆောင်သွားချင်နေရာ ၎င်းသည် လုရွှမ်၏ ဘောင်းဘီကို သွားများဖြင့် တင်းတင်းကျပ်ကျပ် ကိုက်ထားလေ၏။
အရပ်ရပ်မှ ပြင်းထန်သော လင်းနို့သားရဲများ ဝန်းရံလာသည်။ လှံရှည်သည် နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှား၍ အဆက်မပြတ် ဝိုင်းအုံနေသော သားရဲများကို တိုက်ခိုက်နေ၏။ ခဏအကြာတွင် လှံရှည်မှာ သူ့လက်မှ လွတ်သွားခဲ့သည်။
နောက်ဆုံးတွင် ၎င်းသည် သူတော်စင်တစ်ပိုင့း တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်ရှိ လက်နက်တစ်ခုသာ ဖြစ်သည်။ ၎င်းသည် လင်းနို့သားရဲများ၏ မျက်လုံးများကို ဓားမထိုးနိုင်တော့ဘဲ အနည်းငယ် တိုက်ခိုက်ပြီးနောက် တဖြည်းဖြည်း ပျက်စီးလာခဲ့သည်။
လုရွှမ် ကျိန်ဆဲလိုက်ရင်း သူ့လက်များကို ပွတ်သပ်လိုက်ပြီး ဖီးနစ်မီးတောက်များကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို ချက်ချင်း လင်းထိန်သွားသည်။ လေထုအလယ်မှ သုံးမီတာအရွယ်ရှိ လင်းနို့တွေဟာ အတောင်ပံဖြန့်ပြီး သူ့ကို စိုက်ကြည့်နေကြ၏။
၎င်းသည် ညဥ့်နက်လင်းနို့ သားရဲများ ဖြစ်သည်။
မထင်မှတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်က မျိုးသုဉ်းသွားကြောင်း ကြေညာခဲ့သော ဤသတ္တဝါမျိုးသည် ကြီးမားသော ရန်ဖက်တစ်ခုအဖြစ် သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်တာကို တွေ့လိုက်ရသည်။
ဖီးနစ်မီးသည် ပြင်းထန်စွာ တောက်လောင်ကာ ညဥ့်နက်ဖျက်စီးလင်းနို့ သားရဲများကို ဖိနှိအ်လိုက်သည်။ လုရွှမ်ကို အံ့အားသင့်သွားစေသော အရာမှာ ညဥ့်နက် ဖျက်စီးလင်းနို့များသည် ၎င်း၏ အတောင်ပံများကို ဖြန့်၍ လေပြင်းများ တိုက်ခတ်လာစေကာ ဖီးနစ်မီးတောက်ကို တားဆီးလိုက်နိုင်၏။
ယင်းကြောင့် လုရွှမ်သည် ခဏမျှ စိတ်ရှုပ်သွားကာ ဖီးနစ်မီးတောက်များကို အမြန် ပြန်ရုတ်သိမ်းလိုက်သည်။ အနက်ရောင်လေဟု ခေါ်သည့် အရာမှာ ဤညဥ့်နက်ဖျက်စီး လင်းနို့သားရဲများမှ တွန်းပို့နေသလားဟု စိတ်ထဲတွင် တွေးလိုက်မိသည်။
"ဒြပ်စင်ငါးပါး သမင်... မင်းနားရွက်ကို ပိတ်ထား!!"
လုရွှမ် အော်ပြောပြီးတာနဲ့ တစ်ပြိုင်နက် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် နဂါးကြီး ဟိန်စဟောက်သံကို ထုတ်လွှတ်လိုက်တော့သည်။
လုရွှမ်လည်း တခြား ရွေးချယ်စရာ မရှိတော့ပေ။ ခွန်အား မလုံလောက်တာကြောင့် အမျိုးမျိုးသော သူ့ခွန်အားကို လုံးဝမပြသနိုင်လို့ ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့အား အနိုင်ယူနိုင်မည် မဟုတ်ပေ။
အနက်ရောင်လေကလည်း သူ့စိတ်ဝိညာဥ် စွမ်းအားကို ထိန်းချုပ်ထားလို့ ပိုလို့တောင် အသုံးမဝင်တော့ချေ။
ကျောက်စိမ်းပြားကိုလည်း အသုံးမပြုနိုင်တာကြောင့် လုရွှမ်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဝိညာဥ်သားရဲ၏ သဘာဝစွမ်းအင်ကို အသုံးပြု၍ ပြင်းထန်သော လင်းနို့သားရဲကို နှိမ်နင်းရန် ဖြစ်သည်။
နဂါး၏ ဟောက်သံသည် ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။ လုရွှမ်၏ မျက်လုံးများသည် ပြင်းထန်သော ညဥ့်နက်ဖျက်စီး လင်းနို့သားရဲများကို စိုက်ကြည့်နေကြသည်။
သေချာသည်မှာ ထိုသားရဲများသည် ခဏမျှ အေးခဲသွားပြီး အထိတ်တလန့်ဖြင့် ဆယ်ပေအမြင့် အရပ်ရပ်သို့ ပြေးထွက်သွားကြသည်။ ထိုအခိုက် အချိန်ကိုက်စွမ်းအင်က ပေါ်လာပြီး ချက်ချင်းပင် မီးလုံးအဖြစ် လောင်ကျွမ်းသွားကြသည်။
အခုမထွက်ရင် ဘယ်အချိန်အထိ စောင့်နေရမှာလဲ?
"သမင်လေး.... သွားတော့!"
အရှေ့က ဘယ်လောက်ပဲ အန္တရာယ်ရှိပါစေ ဒီအချိန်မှာ သူ ဂရုမစိုက်နိုင်တော့ပေ။ လုရွှမ် သမင်လေးကို လက်တစ်ဖက်က ဆွဲ၍ ဖီးနစ်ရဲ့ အတောင်ပံတွေက သူ့နောက်မှာ ပေါ်လာစေသည်။ နဂါးဟိန်းသံကို ပါးစပ်ထဲမှ ဟိန်းဟောက်ပြီး လျှပ်စီးကဲ့သို့ ရှေ့သို့ ပြေးဝင်သွားသည်။
ညဥ့်နက်ဖျက်စီး လင်းနို့သားရဲများ၏ အနီးနားတွင် နဂါးဟိန်းသံများ ဆက်တိုက် ရောယှက်နေသည်။
လုရွှမ် သူ့ခေါင်းကို နောက်ပြန် မလှည့်ရဲတော့တော့။ တစ်ရာထက်မနည်း လင်းနို့သားရဲများ သူ့နောက်သို့ လိုက်လာနေကြောင်း ဝိညာဉ်စွမ်းအားဖြင့် ခံစားသိရှိလိုက်သည်။ ခဏရပ်လိုက်သည်နှင့် သူတို့ရဲ့ ခန္ဓာကိုယ်များ အပိုင်းပိုင်း ပြတ်တောက်သွားမှာ ဖြစ်သည်။
ဤလမ်းသည် အန္တရာယ်အနည်းဆုံး လမ်းဖြစ်သည်။ တခြားလမ်း ဖြစ်မည်ဆိုလျှင် အသက်မရှင်နိုင်သော သေလမ်းဟု တွေးကြည့်ရန်မှာ သူ့အတွက် အမှန်တကယ်ပင် မခက်ခဲလှပေ။
လုရွှမ် သူဘယ်လောက်ကြာကြာ ပျံသန်းနေမိမှန်း မသိပေမယ့် စိမ်းပြာနဂါးရဲ့ နှလုံးခုန်သံဟာ သူ့လည်ချောင်းထဲက ခုန်ထွက်လုမတတ် အလွန်မြန်နေတာကိုတော့ ခံစားနေရသည်။ နောက်ဆုံးတွင် သူ့နောက်မှ ဖိအားများ လျော့ပါးလာပြီး လုရွှမ် လေထုထဲမှ တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူပြန်ကြည့်လိုက်တော့ လင်းနို့တွေက အနက်ရောင်လေ တိုက်ခတ်မှုနဲ့အတူ ပျောက်ကွယ်သွားခဲ့သည်။ အရှေ့တွင် အလင်းအနည်းငယ် ပေါ်လာပြီး နောက်ဆုံး ထွက်ပေါက်ကို ရောက်သွားခဲ့ပုံ ရလေ၏။
သမင်ငယ်လေးက အော်ဟစ်လိုက်သော် ဟုန်ချောင်လည်း နိုးလာပြီး
“ဟေး ငါဘယ်လိုလုပ် လွတ်သွားတာလဲ?”
"ကပ်သီးလေး!"
လုရွှမ် သက်ပြင်းချလိုက်ပြီး အလင်းရောင်ဆီသို့ လျှောက်သွားလိုက်သည်။ ရုတ်တရက် သူတို့နှစ်ယောက် ရှေ့မှာ ရုပ်ပုံတစ်ခု ပေါ်လာပြီး ထိုသူမှာ တည်းခိုခန်းပိုင်ရှင် အမျိုးသမီး ဖြစ်လေသည်။ တစ်ဖက်ကမ်း ကမ်းပါးရှေ့တွင် လူတစ်ဦးကို သံကြိုးများဖြင့် ချည်နှောင်ထားကာ ချောက်နံရံဘက်သို့ ဖြတ်ကူးလာခဲ့သည်။
ထိုလူမှာ အလွန်ပိန်လှီကာ ခြောက်သွေ့နေသော်လည်း အသက်ရှင်နေသည့် အငွေ့အသက် အနည်းငယ် ရှိသေးသည်။ သို့သော် အချိန်မရွေး ငြိမ်းသွားတော့မယ့် ဖယောင်းတိုင်ကဲ့သို့ ဖြစ်နေသည်။
တည်းခိုခန်းပိုင်ရှင် အမျိုးသမီး ဖြစ်သူက ထိုသူ့အား ဆေးဖက်ဝင် အရည်များကို အဆက်မပြတ် တိုက်ကျွေးနေပြီး အလွန် အဖိုးတန်ကြောင်း သိသာစေသော ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များက လျှံထွက်နေသည်။
အမျိုးသမီးဖြစ်သူသည် လွမ့်ထျန်း သစ်တောထဲသို့ မဝင်သေးခင်အထိ သူမ ဤဆေးဖက်ဝင် ပစ္စည်းများကို စုဆောင်းထားခဲ့တာ သိသာထင်ရှားသည်။
"အိုး... မင်းတို့ကိုး?? မင်းတို့ အသက်ရှင်နေသေးသားပဲ ...ဒီကိုတောင် လာနိုင်သေးတာလား?"
အမျိုးသမီးက အလွန်အံ့သြသွားသည်။ သူမ မျက်လုံးများသည် ဒြပ်စင်ငါးပါး သမင်ငယ်ပေါ် ကျရောက်သွားစဥ် မျက်လုံးများက ချက်ချင်း တောက်ပလာကာ ဒြပ်စင်ငါးပါးသမင်ဆီသို့ လက်ဆန့်လိုက်သည်။
ရုတ်တရက် လက်ဖဝါး တစ်ဖက်က သူမလက်ကို လှမ်းကိုင်လိုက်သည်။ ထိတွေ့လိုက်သည်နှင့် သူမ နောက်ပြန် ပျံထွက်သွား၏။ သူမ လက်ချောင်းများမှာလည်း နောက်ပြန်ဆုတ်သွားကာ တစ်ဆက်တည်း အံ့သြသွားသည်။
"ကောင်းကင်မီးလား? ထူးဆန်းတဲ့ ရတနာတစ်ခု?"
အမျိုးသမီးကို ဆန့်ကျင်ခဲ့သူမှာ သဘာဝကျကျ လုရွှမ်ပဲ ဖြစ်သည်။ သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသော ကာလမှ စွမ်းအားသည် အမှန်တကယ်ပင် ပြင်းထန်လွန်းလှသည်။
လုရွှမ်၏ ဆင်သံချပ်ရွှေကိုယ်ထည်သည် ခွန်အားအပြည့်ဖြင့် လည်ပတ်နေပြီး နဂါးဆင်ရွှေလက်ဝါးကို အစောက လက်ဝါးချက်ထဲတွင် ပေါင်းထည့်ထားသည်။ ထို့ကြောင့်သာ သူ့လက်တစ်ဖက်တည်းဖြင့် အမျိုးသမီး၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။
လုရွှမ် သွေးများ ထွေးထုတ်လိုက်စဥ် ဟုန်ချောင်က ဒြပ်စင်ငါးပါး သမင်ရှေ့မှာ ပိတ်ဆို့ထားလိုက်သည်။
"ကောင်လေး... ဒီခရီးစဉ်ထဲက လူစုထဲမှာ မင်းက ပုန်းအောင်းနေတာပဲ.... မင်းက အံ့သြစရာ ကောင်းတာပဲ မင်းက သူတော်စင်တစ်ပိုင်း အဆင့်၁ကလေးပဲ ရှိတာတောင် မင်းမှာ ထူးခြားတဲ့ နည်းလမ်းတွေ ရှိနေတာပဲ... မင်း ငါ့ရဲ့ ထိုးနှက်ချက်ကို တွန်းလှန်နိုင်တယ် ဆိုတော့ မင်းသေရင်တောင် ဂုဏ်ယူရမှာပါ"
သူ့ပါးစပ်မှ သွေးများကို သုတ်ရင်း လုရွှမ် ယ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး
"ငါ မသေချင်ပေမယ့် သူမသေလို့ မဖြစ်တော့တာတော့ သနားစရာပဲ!"
သူ့လက်ဖဝါးကို ဖြန့်ကြည့်လိုက်တော့ နံစော်နေတဲ့ အဖုတစ်ခု ပေါ်လာခဲ့လေသည်။
Chapter (126) Arc 4
ဆိုင္ရွင္အမ်ိဳးသမီး ျပန္ေပၚလာၿပီ
ငွက္၏ မ်က္လုံးမ်ားသည္ လွံျဖင့္ အထိုးခံရၿပီးေနာက္ ကန္းသြားကာ အေမွာင္ထဲတြင္ ျမင္ရန္ ပို၍ခက္ခဲလာ၏။ ထို႔ေၾကာင့္ အထက္သို႔ အျမန္တက္သြားသည္။
စြမ္းအင္တခ်ိဳ႕ ခ်ည္ႏွောင္ထားသကဲ့သို႔ ႐ုတ္တရက္ အျမင့္ ဆယ္ေပအထိ ပ်ံသန္းသြားၿပီးေနာက္ ငွက္ကေလးသည္ ႐ုတ္တရက္ ေလထုအလယ္တြင္ ေလာင္ကြၽမ္းသြားၿပီး မီးလုံးအျဖစ္သို႔ ေျပာင္းလဲသြား၏။ ႐ုန္းကန္ေနရဆဲ ျဖစ္ေသာ္ျငား ပတ္ပတ္လည္တြင္ ေတာက္ေလွ်ာက္ ေတာက္ေလာင္ေနခဲ့သည္။
ထိုမွသာလွ်င္ လု႐ႊမ္သည္ ဖ်က္စီးလင္းနို႔သားရဲ ျဖစ္ေၾကာင္း ရွင္းရွင္းလင္းလင္း သိလိုက္ရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ၎မွာ သူေတာ္စင္သားရဲ မဟုတ္ရျခင္း၏ အေၾကာင္းရင္းမွာ ၎တြင္ လိမၼာပါးနပ္ေသာ ေရာင္ဝါ မရွိသည့္အျပင္ တစ္ကိုယ္လုံးတြင္ ေသြးဆာေနေသာ အနံ႕အသက္သာ ရွိေသာေၾကာင့္ ျဖစ္သည္။
သူေတာ္စင္ သားရဲမ်ားႏွင့္ ႏွိုင္းယွဥ္ပါက ျပင္းထန္ေသာ သားရဲမ်ားသည္ အသိဉာဏ္နည္းေသာ္လည္း ၎တို႔၏ ဖ်က္စီးနိုင္သည့္ စြမ္းအားသည္ အံ့ၾသဖြယ္ ေကာင္းလွသည္။
လူသတ္သမားမ်ားႏွင့္ တူညီေသာ အဆင့္ရွိ ဖ်က္စီး သားရဲမ်ားအတြက္မူ သူေတာ္စင္ သားရဲႏွစ္ေကာင္ပင္ ၿပိဳင္ဘက္ မဟုတ္ေပ။
လု႐ႊမ္ သူအလြန္ ကံေကာင္းေၾကာင္း သိသည္။ သားရဲသည္ သူ႕အဆင့္ နိမ့္လြန္းသည္ကို သတိျပဳမိေသာေၾကာင့္ ေပါ့ေပါ့ဆဆ တိုက္ခိုက္ခဲ့ရာ မ်က္စိကြယ္သြားခဲ့သည္။ သို႔မဟုတ္ပါက သူေတာ္စင္ အဆင့္၆နဲ႕အထက္ ခြန္အားရွိေသာ သားရဲတစ္ေကာင္သည္ အလြယ္တကူ တိုက္ခိုက္ခံရမည္ မဟုတ္ေပ။
မီးလုံးႀကီးက တဟုန္းဟုန္း ေတာက္ေနဆဲပင္။ ၎၏ေအာ္သံမ်ား နားကိုအင္မတန္ စူးေစလို႔ ဟုန္ေခ်ာင္၏ မ်က္ႏွာမွာ ေဖ်ာ့ေတာ့လာခဲ့သည္။ သူမ၏ ဝိညာဥ္သည္ ထိတ္လန႔္လုနီးပါး ျဖစ္ေနေလၿပီ။
ထိုအခိုက္ လု႐ႊမ္ရဲ႕ ဝိညာဥ္စြမ္းအားမ်ား တဟုန္ထိုး တက္လာခဲ့သည္။ စိမ္းျပာနဂါး၏ ႏွလုံးက ျပင္းထန္စြာ တုန္ခါေနကာ ဒီအသံက သူ႕ကို လုံးဝ မၿခိမ္းေျခာက္နိုင္ေပ။
"သြားစို႔!" လု႐ႊမ္ ေအာ္လိုက္သည္။
သမင္ငယ္ေလးသည္ စိတ္ဓာတ္က်ကာ ဟုန္ေခ်ာင္ကို သူ႕ေက်ာေပၚတင္၍ ေရွ႕သို႔ အရွိန္အဟုန္ျဖင့္ အရွိန္ျမႇင့္လိုက္သည္။ လု႐ႊမ္လည္း ယင္းကို ဂ႐ုမစိုက္နိုင္ေတာ့ဘဲ ဆင္သံခ်ပ္ ေ႐ႊကိုယ္ထည္ကို ထုတ္လ်ကိ အားအင္အျပည့္ျဖင့္ ေျပးလႊားေနသည္။
ေ႐ႊေရာင္ အလင္းတန္းမ်ားက တစ္ကိုယ္လုံးတြင္ ထြန္းလင္းေနေလသည္။ အရင္က မီးလုံးက တျခား လူသတ္သမားေတြကို ဆြဲေဆာင္နိုင္ေပမယ့္ အခုေတာ့ အလင္းနည္းနည္း ထပ္ထည့္တာက အေရးမႀကီးေတာ့ေပ။
အနက္ေရာင္ေလသည္ ႐ုတ္တရက္ ရပ္တန႔္သြားေသာ္လည္း လု႐ႊမ္ႏွလုံးသည္ အေၾကာင္းျပခ်က္ မရွိဘဲ တုန္လႈပ္သြားခဲ့သည္။ သူ႕စိတ္က အလြန္ဆိုး႐ြားသည့္ အရာတစ္ခုကို ႀကိဳတင္သတိေပးခ်က္ တစ္ခု ရွိေနသလို ခံစားလိုက္ရတာေၾကာင့္ ေတြးေတာမေနဘဲ သမင္ေလးကို အလ်င္အျမန္ ဆြဲေခၚသြားခဲ့သည္။
သမင္ေလးကလည္း ယခုအခ်ိန္တြင္ မေရွာင္တိမ္းဘဲ လု႐ႊမ္ အနားတြင္ ပုန္းေနခဲ့သည္။
ဟုန္ေခ်ာင္လည္း သတိလစ္သြားခဲ့ၿပီ ျဖစ္ေသာ္လည္း သမင္ေလးကို လက္ႏွစ္ဘက္ျဖင့္ တင္းတင္းၾကပ္ၾကပ္ ဖက္ထားဆဲ ျဖစ္ကာ ကံေကာင္းေထာက္မစြာ သူ႕အား မပစ္ခ်မိခဲ့ေပ။ ေသခ်ာေပါက္ သူမ ေသသြားေပလိမ့္မည္။
ေနာက္အခိုက္အတန႔္တြင္ အနက္ေရာင္ေလသည္ ေျမျပင္မွ ေကာင္းကင္သို႔ ထိုးတက္လာသည္။ ဤမွ်ျပင္းထန္ေသာ စြမ္းအားျဖင့္ လူ၏ခႏၶာကိုယ္ႏွင့္ စိတ္ဝိညာဥ္ကို ဖ်က္ဆီးပစ္လုနီးပါး ျဖစ္ေနပါၿပီ။
လု႐ႊမ္သည္ သားရဲခန္းမ၏ ႀကီးမားေသာ သိုင္းစြမ္းအားကို အသုံးျပဳထားခဲ့သည္။ ေလတစ္ခ်က္ တိုက္ခတ္လိုက္႐ုံျဖင့္ သူ၏ခႏၶာကိုယ္သည္ ေတာင္ကဲ့သို႔ မလႈပ္မယွက္ ျဖစ္ၿပီး ေနရာတြင္ ခိုင္ၿမဲစြာ ရပ္ေနေလသည္။
အနက္ေရာင္ေလေတြ ဘယ္ေလာက္ပဲ တိုက္ခတ္ေနပါေစ သူက မလႈပ္မယွက္ ရွိေနဆဲပင္။
ျဒပ္စင္ငါးပါးသမင္ေလးရဲ႕ ခႏၶာကိုယ္ကို အနက္ေရာင္ေလမ်ားက သယ္ေဆာင္သြားခ်င္ေနရာ ၎သည္ လု႐ႊမ္၏ ေဘာင္းဘီကို သြားမ်ားျဖင့္ တင္းတင္းက်ပ္က်ပ္ ကိုက္ထားေလ၏။
အရပ္ရပ္မွ ျပင္းထန္ေသာ လင္းနို႔သားရဲမ်ား ဝန္းရံလာသည္။ လွံရွည္သည္ နဂါးတစ္ေကာင္ကဲ့သို႔ လႈပ္ရွား၍ အဆက္မျပတ္ ဝိုင္းအုံေနေသာ သားရဲမ်ားကို တိုက္ခိုက္ေန၏။ ခဏအၾကာတြင္ လွံရွည္မွာ သူ႕လက္မွ လြတ္သြားခဲ့သည္။
ေနာက္ဆုံးတြင္ ၎သည္ သူေတာ္စင္တစ္ပိုင့း တတိယအဆင့္ သို႔မဟုတ္ စတုတၳအဆင့္ရွိ လက္နက္တစ္ခုသာ ျဖစ္သည္။ ၎သည္ လင္းနို႔သားရဲမ်ား၏ မ်က္လုံးမ်ားကို ဓားမထိုးနိုင္ေတာ့ဘဲ အနည္းငယ္ တိုက္ခိုက္ၿပီးေနာက္ တျဖည္းျဖည္း ပ်က္စီးလာခဲ့သည္။
လု႐ႊမ္ က်ိန္ဆဲလိုက္ရင္း သူ႕လက္မ်ားကို ပြတ္သပ္လိုက္ၿပီး ဖီးနစ္မီးေတာက္မ်ားကို ထုတ္လႊတ္ကာ ပတ္ဝန္းက်င္ကို ခ်က္ခ်င္း လင္းထိန္သြားသည္။ ေလထုအလယ္မွ သုံးမီတာအ႐ြယ္ရွိ လင္းနို႔ေတြဟာ အေတာင္ပံျဖန႔္ၿပီး သူ႕ကို စိုက္ၾကည့္ေနၾက၏။
၎သည္ ညဥ့္နက္လင္းနို႔ သားရဲမ်ား ျဖစ္သည္။
မထင္မွတ္ဘဲ လြန္ခဲ့ေသာ ႏွစ္ေပါင္း သုံးရာခန႔္က မ်ိဳးသုဥ္းသြားေၾကာင္း ေၾကညာခဲ့ေသာ ဤသတၱဝါမ်ိဳးသည္ ႀကီးမားေသာ ရန္ဖက္တစ္ခုအျဖစ္ သက္ရွိထင္ရွား ရွိေနဆဲ ျဖစ္တာကို ေတြ႕လိုက္ရသည္။
ဖီးနစ္မီးသည္ ျပင္းထန္စြာ ေတာက္ေလာင္ကာ ညဥ့္နက္ဖ်က္စီးလင္းနို႔ သားရဲမ်ားကို ဖိႏွိအ္လိုက္သည္။ လု႐ႊမ္ကို အံ့အားသင့္သြားေစေသာ အရာမွာ ညဥ့္နက္ ဖ်က္စီးလင္းနို႔မ်ားသည္ ၎၏ အေတာင္ပံမ်ားကို ျဖန႔္၍ ေလျပင္းမ်ား တိုက္ခတ္လာေစကာ ဖီးနစ္မီးေတာက္ကို တားဆီးလိုက္နိုင္၏။
ယင္းေၾကာင့္ လု႐ႊမ္သည္ ခဏမွ် စိတ္ရႈပ္သြားကာ ဖီးနစ္မီးေတာက္မ်ားကို အျမန္ ျပန္႐ုတ္သိမ္းလိုက္သည္။ အနက္ေရာင္ေလဟု ေခၚသည့္ အရာမွာ ဤညဥ့္နက္ဖ်က္စီး လင္းနို႔သားရဲမ်ားမွ တြန္းပို႔ေနသလားဟု စိတ္ထဲတြင္ ေတြးလိုက္မိသည္။
"ျဒပ္စင္ငါးပါး သမင္... မင္းနား႐ြက္ကို ပိတ္ထား!!"
လု႐ႊမ္ ေအာ္ေျပာၿပီးတာနဲ႕ တစ္ၿပိဳင္နက္ အသက္ျပင္းျပင္း ရႉရွိုက္လိုက္ၿပီးေနာက္ နဂါးႀကီး ဟိန္စေဟာက္သံကို ထုတ္လႊတ္လိုက္ေတာ့သည္။
လု႐ႊမ္လည္း တျခား ေ႐ြးခ်ယ္စရာ မရွိေတာ့ေပ။ ခြန္အား မလုံေလာက္တာေၾကာင့္ အမ်ိဳးမ်ိဳးေသာ သူ႕ခြန္အားကို လုံးဝမျပသနိုင္လို႔ ၿပီးျပည့္စုံစြာ လုပ္ေဆာင္နိုင္ေသာ္လည္း ၎တို႔အား အနိုင္ယူနိုင္မည္ မဟုတ္ေပ။
အနက္ေရာင္ေလကလည္း သူ႕စိတ္ဝိညာဥ္ စြမ္းအားကို ထိန္းခ်ဳပ္ထားလို႔ ပိုလို႔ေတာင္ အသုံးမဝင္ေတာ့ေခ်။
ေက်ာက္စိမ္းျပားကိုလည္း အသုံးမျပဳနိုင္တာေၾကာင့္ လု႐ႊမ္အတြက္ တစ္ခုတည္းေသာ နည္းလမ္းမွာ ဝိညာဥ္သားရဲ၏ သဘာဝစြမ္းအင္ကို အသုံးျပဳ၍ ျပင္းထန္ေသာ လင္းနို႔သားရဲကို ႏွိမ္နင္းရန္ ျဖစ္သည္။
နဂါး၏ ေဟာက္သံသည္ ေကာင္းကင္ႏွင့္ေျမျပင္ကိုပင္ တုန္လႈပ္သြားေစခဲ့သည္။ လု႐ႊမ္၏ မ်က္လုံးမ်ားသည္ ျပင္းထန္ေသာ ညဥ့္နက္ဖ်က္စီး လင္းနို႔သားရဲမ်ားကို စိုက္ၾကည့္ေနၾကသည္။
ေသခ်ာသည္မွာ ထိုသားရဲမ်ားသည္ ခဏမွ် ေအးခဲသြားၿပီး အထိတ္တလန႔္ျဖင့္ ဆယ္ေပအျမင့္ အရပ္ရပ္သို႔ ေျပးထြက္သြားၾကသည္။ ထိုအခိုက္ အခ်ိန္ကိုက္စြမ္းအင္က ေပၚလာၿပီး ခ်က္ခ်င္းပင္ မီးလုံးအျဖစ္ ေလာင္ကြၽမ္းသြားၾကသည္။
အခုမထြက္ရင္ ဘယ္အခ်ိန္အထိ ေစာင့္ေနရမွာလဲ?
"သမင္ေလး.... သြားေတာ့!"
အေရွ႕က ဘယ္ေလာက္ပဲ အႏၱရာယ္ရွိပါေစ ဒီအခ်ိန္မွာ သူ ဂ႐ုမစိုက္နိုင္ေတာ့ေပ။ လု႐ႊမ္ သမင္ေလးကို လက္တစ္ဖက္က ဆြဲ၍ ဖီးနစ္ရဲ႕ အေတာင္ပံေတြက သူ႕ေနာက္မွာ ေပၚလာေစသည္။ နဂါးဟိန္းသံကို ပါးစပ္ထဲမွ ဟိန္းေဟာက္ၿပီး လွ်ပ္စီးကဲ့သို႔ ေရွ႕သို႔ ေျပးဝင္သြားသည္။
ညဥ့္နက္ဖ်က္စီး လင္းနို႔သားရဲမ်ား၏ အနီးနားတြင္ နဂါးဟိန္းသံမ်ား ဆက္တိုက္ ေရာယွက္ေနသည္။
လု႐ႊမ္ သူ႕ေခါင္းကို ေနာက္ျပန္ မလွည့္ရဲေတာ့ေတာ့။ တစ္ရာထက္မနည္း လင္းနို႔သားရဲမ်ား သူ႕ေနာက္သို႔ လိုက္လာေနေၾကာင္း ဝိညာဥ္စြမ္းအားျဖင့္ ခံစားသိရွိလိုက္သည္။ ခဏရပ္လိုက္သည္ႏွင့္ သူတို႔ရဲ႕ ခႏၶာကိုယ္မ်ား အပိုင္းပိုင္း ျပတ္ေတာက္သြားမွာ ျဖစ္သည္။
ဤလမ္းသည္ အႏၱရာယ္အနည္းဆုံး လမ္းျဖစ္သည္။ တျခားလမ္း ျဖစ္မည္ဆိုလွ်င္ အသက္မရွင္နိုင္ေသာ ေသလမ္းဟု ေတြးၾကည့္ရန္မွာ သူ႕အတြက္ အမွန္တကယ္ပင္ မခက္ခဲလွေပ။
လု႐ႊမ္ သူဘယ္ေလာက္ၾကာၾကာ ပ်ံသန္းေနမိမွန္း မသိေပမယ့္ စိမ္းျပာနဂါးရဲ႕ ႏွလုံးခုန္သံဟာ သူ႕လည္ေခ်ာင္းထဲက ခုန္ထြက္လုမတတ္ အလြန္ျမန္ေနတာကိုေတာ့ ခံစားေနရသည္။ ေနာက္ဆုံးတြင္ သူ႕ေနာက္မွ ဖိအားမ်ား ေလ်ာ့ပါးလာၿပီး လု႐ႊမ္ ေလထုထဲမွ တုန္လႈပ္သြားၿပီး ေျမျပင္ေပၚသို႔ လဲက်သြားသည္။
သူျပန္ၾကည့္လိုက္ေတာ့ လင္းနို႔ေတြက အနက္ေရာင္ေလ တိုက္ခတ္မႈနဲ႕အတူ ေပ်ာက္ကြယ္သြားခဲ့သည္။ အေရွ႕တြင္ အလင္းအနည္းငယ္ ေပၚလာၿပီး ေနာက္ဆုံး ထြက္ေပါက္ကို ေရာက္သြားခဲ့ပုံ ရေလ၏။
သမင္ငယ္ေလးက ေအာ္ဟစ္လိုက္ေသာ္ ဟုန္ေခ်ာင္လည္း နိုးလာၿပီး
ေဟး ငါဘယ္လိုလုပ္ လြတ္သြားတာလဲ?
"ကပ္သီးေလး!"
လု႐ႊမ္ သက္ျပင္းခ်လိဳက္ၿပီး အလင္းေရာင္ဆီသို႔ ေလွ်ာက္သြားလိုက္သည္။ ႐ုတ္တရက္ သူတို႔ႏွစ္ေယာက္ ေရွ႕မွာ ႐ုပ္ပုံတစ္ခု ေပၚလာၿပီး ထိုသူမွာ တည္းခိုခန္းပိုင္ရွင္ အမ်ိဳးသမီး ျဖစ္ေလသည္။ တစ္ဖက္ကမ္း ကမ္းပါးေရွ႕တြင္ လူတစ္ဦးကို သံႀကိဳးမ်ားျဖင့္ ခ်ည္ႏွောင္ထားကာ ေခ်ာက္နံရံဘက္သို႔ ျဖတ္ကူးလာခဲ့သည္။
ထိုလူမွာ အလြန္ပိန္လွီကာ ေျခာက္ေသြ႕ေနေသာ္လည္း အသက္ရွင္ေနသည့္ အေငြ႕အသက္ အနည္းငယ္ ရွိေသးသည္။ သို႔ေသာ္ အခ်ိန္မေ႐ြး ၿငိမ္းသြားေတာ့မယ့္ ဖေယာင္းတိုင္ကဲ့သို႔ ျဖစ္ေနသည္။
တည္းခိုခန္းပိုင္ရွင္ အမ်ိဳးသမီး ျဖစ္သူက ထိုသူ႕အား ေဆးဖက္ဝင္ အရည္မ်ားကို အဆက္မျပတ္ တိုက္ေကြၽးေနၿပီး အလြန္ အဖိုးတန္ေၾကာင္း သိသာေစေသာ ႂကြယ္ဝေသာ ဝိညာဥ္စြမ္းအင္မ်ားက လွ်ံထြက္ေနသည္။
အမ်ိဳးသမီးျဖစ္သူသည္ လြမ့္ထ်န္း သစ္ေတာထဲသို႔ မဝင္ေသးခင္အထိ သူမ ဤေဆးဖက္ဝင္ ပစၥည္းမ်ားကို စုေဆာင္းထားခဲ့တာ သိသာထင္ရွားသည္။
"အိုး... မင္းတို႔ကိုး?? မင္းတို႔ အသက္ရွင္ေနေသးသားပဲ ...ဒီကိုေတာင္ လာနိုင္ေသးတာလား?"
အမ်ိဳးသမီးက အလြန္အံ့ၾသသြားသည္။ သူမ မ်က္လုံးမ်ားသည္ ျဒပ္စင္ငါးပါး သမင္ငယ္ေပၚ က်ေရာက္သြားစဥ္ မ်က္လုံးမ်ားက ခ်က္ခ်င္း ေတာက္ပလာကာ ျဒပ္စင္ငါးပါးသမင္ဆီသို႔ လက္ဆန့္လိုက္သည္။
႐ုတ္တရက္ လက္ဖဝါး တစ္ဖက္က သူမလက္ကို လွမ္းကိုင္လိုက္သည္။ ထိေတြ႕လိုက္သည္ႏွင့္ သူမ ေနာက္ျပန္ ပ်ံထြက္သြား၏။ သူမ လက္ေခ်ာင္းမ်ားမွာလည္း ေနာက္ျပန္ဆုတ္သြားကာ တစ္ဆက္တည္း အံ့ၾသသြားသည္။
"ေကာင္းကင္မီးလား? ထူးဆန္းတဲ့ ရတနာတစ္ခု?"
အမ်ိဳးသမီးကို ဆန႔္က်င္ခဲ့သူမွာ သဘာဝက်က် လု႐ႊမ္ပဲ ျဖစ္သည္။ သူေတာ္စင္တစ္ပိုင္း ၿပီးျပည့္စုံေသာ ကာလမွ စြမ္းအားသည္ အမွန္တကယ္ပင္ ျပင္းထန္လြန္းလွသည္။
လု႐ႊမ္၏ ဆင္သံခ်ပ္ေ႐ႊကိုယ္ထည္သည္ ခြန္အားအျပည့္ျဖင့္ လည္ပတ္ေနၿပီး နဂါးဆင္ေ႐ႊလက္ဝါးကို အေစာက လက္ဝါးခ်က္ထဲတြင္ ေပါင္းထည့္ထားသည္။ ထို႔ေၾကာင့္သာ သူ႕လက္တစ္ဖက္တည္းျဖင့္ အမ်ိဳးသမီး၏ တိုက္ခိုက္မႈကို တားဆီးနိုင္ခဲ့သည္။
လု႐ႊမ္ ေသြးမ်ား ေထြးထုတ္လိုက္စဥ္ ဟုန္ေခ်ာင္က ျဒပ္စင္ငါးပါး သမင္ေရွ႕မွာ ပိတ္ဆို႔ထားလိုက္သည္။
"ေကာင္ေလး... ဒီခရီးစဥ္ထဲက လူစုထဲမွာ မင္းက ပုန္းေအာင္းေနတာပဲ.... မင္းက အံ့ၾသစရာ ေကာင္းတာပဲ မင္းက သူေတာ္စင္တစ္ပိုင္း အဆင့္၁ကေလးပဲ ရွိတာေတာင္ မင္းမွာ ထူးျခားတဲ့ နည္းလမ္းေတြ ရွိေနတာပဲ... မင္း ငါ့ရဲ႕ ထိုးႏွက္ခ်က္ကို တြန္းလွန္နိုင္တယ္ ဆိုေတာ့ မင္းေသရင္ေတာင္ ဂုဏ္ယူရမွာပါ"
သူ႕ပါးစပ္မွ ေသြးမ်ားကို သုတ္ရင္း လု႐ႊမ္ ယ ေပါ့ေပါ့ပါးပါး ၿပဳံးလိုက္ၿပီး
"ငါ မေသခ်င္ေပမယ့္ သူမေသလို႔ မျဖစ္ေတာ့တာေတာ့ သနားစရာပဲ!"
သူ႕လက္ဖဝါးကို ျဖန႔္ၾကည့္လိုက္ေတာ့ နံေစာ္ေနတဲ့ အဖုတစ္ခု ေပၚလာခဲ့ေလသည္။