Chapter (122) Arc 4
သားရဲဒီရေ
သူသည် ချက်ချင်းပင် အခင်းအကျင်းကို ရုတ်သိမ်းလိုက်ပြီး ဟုန်ချောင်နှင့်အတူ လူအုပ်ကြားတွင် ပေါ်လာခဲ့သည်။ သူတို့နှစ်ယောက် ပေါ်လာတာက လူအုပ်ကို ထိတ်လန့်စေကာ ချက်ချင်း ခုန်တက်လာကာ တိုက်ခိုက်တော့မယ့် ပုံစံကို ယူလိုက်သည်။
ထိုအခိုက် လုရွှမ်က
"သူတော်စင် သားရဲအုပ်ကြီး လာနေပြီ... ပြေး!"
ပြောပြီးသည်နှင့် သူသည် ဟုန်ချောင်ကို ဆွဲ၍ တောင်ပံများကို ဖြန့်ကာ အဝေးသို့ တိုက်ရိုက် ပြေးထွက်သွားလေသည်။
လုရွှမ်ဟာ ကြင်နာတတ်တဲ့သူ မဟုတ်ပေ။ လူကောင်းတွေ အားလုံးနီးပါးဟာ သူတို့ရဲ့ အသက်ကို စတေးပြီး သေဆုံးသွားကြတာချည်းပင်။
အဲဒီသူတော်စင် သားရဲအုပ်စုရဲ့ အရှိန်နဲ့ဆို မကြာမီ ရောက်လာတော့မှာကို ခံစားလိုက်ရတာကြောင့် သူ့ခွန်အားနဲ့ ဒီလူတွေနဲ့ ခွန်အားနဲ့ဆိုရင်တောင် ပြေးနိုင်မှ တော်ရာကျလိမ့်မည်။
ဒါပေမဲ့ သူတို့ စတင်ပြေးလာတာနဲ့အမျှ တစ်ဖက်လူတွေက ရုတ်တရက် ကြောင်အသွားကြသည်။
လုရွှမ်နဲ့ ဟုန်ချောင်တို့ ထွက်ပြေးသွားသော် ဒီမှာ ပုန်းအောင်းနေတဲ့ လူနှစ်ယောက်ရှိမှန်း သူတို့ဘာလို့ မသိလိုက်တာလဲ ဆိုတာကို မစဥ်းစားမိခင် လုရွှမ်ဆီက စကားကြောင့် လန့်ဖြတ်သွားရသည်။
"အစ်ကိုပိုင်... သူတို့ စကားတွေက ယုံကြည်ရမယ်လို့ ထင်လား"
"ဘာမှမဟုတ်တာထက် တစ်ခုခုကို ယုံကြည့်တာက ပိုကောင်းတယ်!"
တစ်စုံတစ်ယောက်က လှမ်းအော်လိုက်သည်။
"မှန်တယ်!" ပိုင်ကျစ်ရှန်းက
"ဒါ့အပြင် သူတို့နှစ်ယောက်က ငါတို့ဆီက ရှာတွေ့ခံလိုက်ရတာ ဒါပေမဲ့ အသည်းအသန် ထွက်ပြေးနေစရာ မလိုဘူး... ဒါကြောင့် သူတို့မဖြေရှင်းနိုင်တဲ့ ပြဿနာ တစ်ခုရှိနေတာပဲ ဖြစ်မယ်... သွားကြစို့!"
လူတိုင်း တုံ့ဆိုင်းမနေတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် အရှိန်ပြင်းပြင်းနဲ့ လုရွှမ်နဲ့ ဟုန်ချောင်တို့ရဲ့ ဦးတည်ရာဘက်ကို အမြန် ပြေးလိုက်လာကြသည်။
အချိန်အတော်ကြာအောင် ပြေးလွှားပြီးသောအခါ လူအုပ်စုသည် ၎င်းတို့နောက်မှ သူတော်စင်သားရဲများ၏ အငွေ့အသက်များကို ခံစားလာရကာသည်။
ကြီးကျယ် ခမ်းနားသော ရောင်ဝါက သူတို့အားလုံးကို ကြောက်လန့်သွားစေကာ ယွမ်ချီကိုပင် မထိန်းနိုင်တော့ဘဲ ဖြစ်လာစေ၏။ ကံကောင်းစွာပင် ဤလူများသည် အနည်းဆုံး ရွှေခန္ဓာနယ်ပယ် အဆင့်ထက် ကျော်လွန်နေသဖြင့် ၎င်းတို့နောက်ရှိ သူတော်စင် သားရဲများ၏ ရောင်ဝါကို တိုက်ရိုက် ပျက်သွားစေသည်။
သို့သော်ငြားလည်း အကွာအဝေးနှင့် အရှိန်အဟုန်သည် အဆက်မပြတ် နီးကပ်လာနေပြီး ၎င်းတို့အနောက်မှာ အအေးလှိုင်းတွေ အသည်းအသန် ပြေးလာနေသလိုပင် ခံစားနေရသည်။
"ဟမ့်... ရှေ့ကနှစ်ယောက်က ဘယ်သူတွေလဲ? သူတို့က ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲဟ?"
လူတစ်ယောက်က ထပြောလိုက်သည်။
လုရွှမ်ကို မကြာခင်မှာပဲ အမီလိုက်နိုင်လိမ့်မယ်လို့ သူတို့ထင်ခဲ့ကြသည်။ လုရွှမ်ဟာ သူတော်စင်တစ်ပိုင်း အဆင့်၁သာ ရှိကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပေမယ့် အချိန်အတော်ကြာ လိုက်ဖမ်းပြီး နောက်မှာတော့ အရိပ်နှစ်ခုကို မတွေ့ခဲ့ရတော့ချေ။
"အဲဒီမိန်းမက ကောင်လေးကို ကူညီပေးတာ မဟုတ်ဘူး... ကောင်လေးက အဲဒီမိန်းမကို ကူညီပေးနေတာပဲ!!"
"သူ့နောက်ကျော အတောင်ပံတွေကို တွေ့လား?"
"မတွေ့လိုက်ဘူး"
သူတို့က ခေါင်းကို အထပ်ထပ် ခါယမ်းပြသည်။
ပိုင်ကျစ်ရှန်းရဲ့ နှလုံးသားက ပူလောင်နေပြီ။ ဒါဟာ မြင့်မြတ်တဲ့ ထူးဆန်း ရတနာဖြစ်ရမယ် ဆိုတာ ခန့်မှန်းမိထားပြီ။ ဒီထူးဆန်းတဲ့ ရတနာကြောင့် ဒီကောင်လေး အဆင့်၁ လေးနဲ့ ဒီကို လာရဲတာပဲ ဖြစ်မည်။
သူရလိုက်တာနဲ့ ၎င်းသည် သူတော်စင် သားရဲကို ရရှိခြင်းထက် များစွာ အားကောင်းလာမည်ဖြစ်သည်။
"အားလုံး မြန်မြန်လိုက်ကြ!"
...
သူတို့နောက်က လူအုပ်ကြီးက သူတို့နောက်ကို လိုက်လာနေတာကို သိလိုက်ရတော့ လုရွှမ် မျက်မှောင်ကြုတ်လိုက်ပြီး အရှိန်ပြင်းပြင်းနဲ့ ချက်ချင်း ပျောက်ကွယ်သွား၏။
သူတို့ နှစ်ယောက်ရဲ့ အရှိန်ကို သိလိုက်ရတော့ ဟုန်ချောင်တစ်ယောက် အလွန် အံ့သြသွားလေသည်။ ဒီအရှိန်က သူ့ထက် နှစ်ဆပိုမြန်ပြီး ဒီကောင်လေးက သူ့အစွမ်းအစကို နက်နက်နဲနဲ ဖုံးကွယ်ထားတာပဲ ဖြစ်ပေ၏။
"သားရဲဒီရေ ကွဲသွားပြီ!"
စိတ်ဝိညာဉ် စွမ်းအားများ တောက်လျှောက် တက်လာပြီး နောက်ဆုံးတွင် လုရွှမ် နောက်ဆုံးတော့ တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။
တကယ်တော့ သစ်ပင်တက်နေရင် သားရဲဒီရေကို ရှောင်နိုင်ပေမယ့် လုရွှအ်ကတော့ ဒီသစ်ပင်တွေဟာ ရေတွင်းထဲက လ၊ ရေထဲက ပန်းပွင့်တွေလိုပဲ ဆိုတာ ရိပ်မိထားသည်။ သစ်ပင်တွေက ကျောက်ဆောင်တွေကို မတက်နိုင်သလိုပင်။
သစ်ပင် တစ်ပင်ဟာ တောင်တက်ဖို့ ရည်ရွယ်ချက် ဘယ်လောက်ပဲ ရှိနေပါစေ ခက်ခက်ခဲခဲ တက်ရင်တောင် အောင်မြင်နိုင်ချေ မရှိချေ။
နောက်ထပ် ဆယ်ရက်လောက် ပျံသန်းပြီးနောက်မှာ သူတော်စင် သားရဲတွေ သူ့နောက်ကို အဆက်မပြတ် လိုက်လာနေသေးတာကို လုရွှမ် ခံစားမိနေရဆဲ ဖြစ်ရာ လုရွှမ် ရိုးရိုးရှင်းရှင်းပဲ ရပ်တန့်လိုက်သည်။ သူသာ ဒီအတိုင်း ပုန်းနေမယ်ဆိုရင် ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။
"ဘာလို့ ရပ်လိုက်တာလဲ?"
ဟုန်ချောင်သည် သူတို့နောက်ကွယ်ရှိ သူတော်စင်သားရဲ၏ အရိပ်အယောင်ကို ခံစားနေရတာကြောင့် ကြောက်ရွံ့ထိတ်လန့်ကာ လွတ်မြောက်ရန်သာ စဉ်းစားနေခဲ့သည်။
"ငါမသိတဲ့ အကြောင်းပြချက် ရှိနေလို့သာ မဟုတ်ရင် ငါ့အရှိန်နဲ့ဆို အမီလိုက်ဖို့ မဖြစ်နိုင်ဘူး"
ဟုန်ချောင်မှာ မကောင်းတဲ့ကောင်လို့ ပြောချင်ပေမယ့် လုရွှမ်က အဲဒီလိုပြောဖို့ ခွန်အားရှိနေတယ်လို့ သူမ ခံစားနေရသည်။ လုရွှမ်ဆီ ကြည်လင်ပြတ်သားပြီး အလွန်လှပတဲ့ အတောင်ပံတွေကို မြင်လိုက်ရလေသည်။
သိပ်သည်းတဲ့ သူတော်စင် စွမ်းအားတွေက သူ့အတောင်တွေပေါ်မှာ ယှက်သန်းနေသည်။ အရှိန်က မြန်လွန်း၍ သာမန် သူတော်စင် သားရဲများနှင့် နှိုင်းယှဉ်ပါက နှေးနေမည် မဟုတ်ချေ။
ဒီလိုနည်းနဲ့ ခွန်အားကို သုံးစွဲနေတာက အလွန်ကြောက်စရာ ကောင်းလှသည်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီလူယုတ်မာရဲ့ ခံနိုင်ရည်က အရမ်းပြင်းထန်တာကြောင့် သူမကို အရမ်းသဘောကျစေသည်။
တုန်လှုပ်နေသော ယွမ်ချီအား သူတော်စင် စွမ်းအားဖြင့် ရောနှောလျှင် သူမသည် သူတော်စင် စွမ်းအား၏ ၃၀% သာ ပြောင်းလဲသွားသော်လည်း ဤလူယုတ်မာ၏ ခန္ဓာကိုယ်တွင်မူ ယွမ်ချီစွမ်းအားက အနည်းဆုံး ၅၀%အထိကို သူတော်စင် စွမ်းအားအဖြစ် ပြောင်းလဲသွားတာကို ခံစားနေမိသည်။
ဒါက အံ့ဖွယ် အခိုက်အတန့် တစ်ခုပင်။
ထို့အပြင် သူ၏ ယွမ်ချီစွမ်းအားတွင် နားမလည်နိုင်သော စွမ်းအားတစ်ခု ရှိနေသည်။ ၎င်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင် သို့မဟုတ် နားမလည်နိုင်အောင် ဖြစ်စေသော်ငြား အလွန်အားကောင်းသည်ဟု ခံစားရပြီး သူမ၏ ပင်ကိုယ်စွမ်းအားထက်ပင် ပိုမြင့်မားလေသည်။
သူမဘေး ဒီလိုအစွမ်းထက်တဲ့လူ ရှိနေတာက ငယ်ငယ်က သူမအမေ ပွေ့ဖက်ထားသလိုမျိုး နွေးထွေးတဲ့ ခံစားမှုကိုလည်း ပေးစွမ်းနိုင်ခဲ့ပြီး ထိုအနွေးဓာတ်ကိုပင် လွမ်းဆွတ်လာစေခဲ့သည်။ နည်းနည်းတော့ ရှက်သွားပေမယ့် ပိုလို့တောင် ဒေါသထွက်လာသေး၏။
အဲဒီစွမ်းအား ရှိနေတော့ရော ဘာဖြစ်လဲ? သူတို့အခု ဒုက္ခရောက်နေပြီ မဟုတ်ဘူးလား?
အဆင်မပြေသလို ခံစားရသဖြင့် ဟုန်ချောင် လုရွှမ်ကိုကြည့်ကာ ဆိုလိုက်သည်။
"ဟမ့်... နင်မသိတဲ့ ပြဿနာတွေမှ အများကြီးပဲ... တစ်ခုခုမှားနေပြီလို့ နင်ထင်နေတာက နင့်ကိုယ်နင် သိပ်အထင်ကြီးနေတာ မဟုတ်လား?"
"ဒါဆို မင်းဆက်ပြီး ပျံသွားလိုက်လေ ငါမင်းကို ထပ်မသယ်သွားတော့ဘူး"
"ဟမ့်... ငါပြောနေတာက ဒီအတိုင်း စကားအဖြစ်လေ... ငါနင့်အသက်ကို ကယ်ခဲ့တာ.... နင်ငါ့ကို ပြန်မဆပ်သင့်ဘူးလား??"
နောက်တစ်ခါ လုပ်ပြန်ပြီ!
လုရွှမ် စကားမပြောနိုင်တော့ပေ။ ဒီကလေးမလေးက သူ့ဆန္ဒကို မလိုက်နာတော့တာနဲ့ ဒီစကားလုံးတွေပဲ ထွက်လာပြန်ပြီ။
"ထပ်ပျံသန်းကြည့်ရအောင်"
လုရွှမ်က ဆို၏။ သူအနည်းငယ် အံ့အားသင့်သွားသည်။ သူ သူတော်စင်သားရဲတွေရဲ့ အရှိန်အဝါတွေကို ခံစားနိုင်သလို သူ့ရှေ့မှ လူအနည်းငယ်လည်း ခံစားမိနိုင်သည်။
နောက်ဆုံးတော့ အဲဒီလူတွေမှာ တချို့က သန်မာပြီး တချို့က အားနည်းကြသည်။ သူတို့ အသက်ရှင်နေသေးတာ ထူးဆန်းနေ၏။ အနည်းဆုံး သူတို့ထဲက အားနည်းလွန်းတဲ့ တချို့က သေသွားသင့်တာ မဟုတ်ဘူးလား။
ဟုန်ချောင် ဒေါသတကြီး ခြေစောင့်မိတော့သည်။ လုရွှမ်ရဲ့ နောက်ကျောကနေ အတောင်ပံတွေ ထွက်လာတာကို မြင်တော့ မာနကြီးတဲ့ အမူအရာနဲ့ သူ့လက်ကို အမြန်ဆွဲကိုင်လိုက်၏။
လုရွှမ် စကားမပြောဘဲ သူ့အတောင်ပံတွေကို နောက်ကနေ ဖယ်လိုက်ပြီး သူတို့နှစ်ယောက်ကို နောက်တစ်ကြိမ် ဖုံးကွယ်ဖို့ ပုံစံတစ်ခုကို ဖန်တီးလိုက်တော့သည်။
"ခဏစောင့်... သူတို့ဒီကို လာနေပြီ!"
လုရွှမ် မျှော်မှန်းထားသည့်အတိုင်း လူအနည်းငယ်သည် သူတို့ရဲ့ တည်ရှိမှုကို လုံးဝဂရုမစိုက်ဘဲ ခေါင်းပေါ်မှ လျင်မြန်စွာ ပျံသန်းသွားကြသည်။ နောက်မှ သူတော်စင်သားရဲများ၏ တန်ခိုးသည် လှိုင်းတစ်ခုထက် မြင့်သော လှိုင်းလုံးကြီးကဲ့သို့ ဖြစ်၍ စိတ်ကို တုန်လှုပ်လုနီးပါး ဖြစ်ကုန်၏။
"နင်မှားပြီး တွက်ချက်မိနေတာတော့ မဟုတ်ဘူးမလား?"
ဟုန်ချောင် အော်ဟစ်လိုက်သည်။
ဤအခိုက်အတန့်တွင် သူတော်စင်၏ စွမ်းအားသည် ကြွလာသကဲ့သို့ပင် သားရဲဒီရေ၏ စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပေပြီ။ ကြီးကျယ် ခမ်းနားသော အရှိန်အဟုန်ဖြင့် ဖိနှိပ်ခံခဲ့ရပြီး အသက်ရှုကျပ်လာခဲ့သည်။
လုရွှမ် သွားများကို အံကြိတ်ကာ တန်ခိုးအပြင်းထန်ဆုံး ရှိရာ ရှေ့ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာက ငြိမ်သက်နေသော်လည်း သူ့စိတ်နှလုံးမှာလည်း မကျေမနပ် ဖြစ်နေပြီ။ အမှန်တကယ် အမှားရှိခဲ့ပါက သေဆုံးနိုင်ခြေ ၉၉% နီးပါး မြင့်မားလှသည်။
"လာနေပြီ! "
စွမ်းအားက အထွတ်အထိပ် ရောက်နေပြီလို့ ခံစားလိုက်ရတော့ လုရွှမ် မထိန်းနိုင်တော့ဘဲ အော်လိုက်စဥ် ဟုန်ချောင်လည်း သူမမျက်လုံးတွေကို မှိတ်လိုက်ပြီး
"သေရတော့မယ်!"
ဝုန်း!
ပြင်းထန်သော အလင်းတန်းများ သူတို့အား လွှမ်းခြုံသွားသည်။ လုရွှမ် ပြူးကျယ်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သော်ငြား သူတော်စင်သားရဲ တစ်ကောင်ကိုမျှ မမြင်ရပေ။
Chapter (122) Arc 4
သားရဲဒီေရ
သူသည္ ခ်က္ခ်င္းပင္ အခင္းအက်င္းကို ႐ုတ္သိမ္းလိုက္ၿပီး ဟုန္ေခ်ာင္ႏွင့္အတူ လူအုပ္ၾကားတြင္ ေပၚလာခဲ့သည္။ သူတို႔ႏွစ္ေယာက္ ေပၚလာတာက လူအုပ္ကို ထိတ္လန႔္ေစကာ ခ်က္ခ်င္း ခုန္တက္လာကာ တိုက္ခိုက္ေတာ့မယ့္ ပုံစံကို ယူလိုက္သည္။
ထိုအခိုက္ လု႐ႊမ္က
"သူေတာ္စင္ သားရဲအုပ္ႀကီး လာေနၿပီ... ေျပး!"
ေျပာၿပီးသည္ႏွင့္ သူသည္ ဟုန္ေခ်ာင္ကို ဆြဲ၍ ေတာင္ပံမ်ားကို ျဖန႔္ကာ အေဝးသို႔ တိုက္ရိုက္ ေျပးထြက္သြားေလသည္။
လု႐ႊမ္ဟာ ၾကင္နာတတ္တဲ့သူ မဟုတ္ေပ။ လူေကာင္းေတြ အားလုံးနီးပါးဟာ သူတို႔ရဲ႕ အသက္ကို စေတးၿပီး ေသဆုံးသြားၾကတာခ်ည္းပင္။
အဲဒီသူေတာ္စင္ သားရဲအုပ္စုရဲ႕ အရွိန္နဲ႕ဆို မၾကာမီ ေရာက္လာေတာ့မွာကို ခံစားလိုက္ရတာေၾကာင့္ သူ႕ခြန္အားနဲ႕ ဒီလူေတြနဲ႕ ခြန္အားနဲ႕ဆိုရင္ေတာင္ ေျပးနိုင္မွ ေတာ္ရာက်လိမ့္မည္။
ဒါေပမဲ့ သူတို႔ စတင္ေျပးလာတာနဲ႕အမွ် တစ္ဖက္လူေတြက ႐ုတ္တရက္ ေၾကာင္အသြားၾကသည္။
လု႐ႊမ္နဲ႕ ဟုန္ေခ်ာင္တို႔ ထြက္ေျပးသြားေသာ္ ဒီမွာ ပုန္းေအာင္းေနတဲ့ လူႏွစ္ေယာက္ရွိမွန္း သူတို႔ဘာလို႔ မသိလိုက္တာလဲ ဆိုတာကို မစဥ္းစားမိခင္ လု႐ႊမ္ဆီက စကားေၾကာင့္ လန႔္ျဖတ္သြားရသည္။
"အစ္ကိုပိုင္... သူတို႔ စကားေတြက ယုံၾကည္ရမယ္လို႔ ထင္လား"
"ဘာမွမဟုတ္တာထက္ တစ္ခုခုကို ယုံၾကည့္တာက ပိုေကာင္းတယ္!"
တစ္စုံတစ္ေယာက္က လွမ္းေအာ္လိုက္သည္။
"မွန္တယ္!" ပိုင္က်စ္ရွန္းက
"ဒါ့အျပင္ သူတို႔ႏွစ္ေယာက္က ငါတို႔ဆီက ရွာေတြ႕ခံလိုက္ရတာ ဒါေပမဲ့ အသည္းအသန္ ထြက္ေျပးေနစရာ မလိုဘူး... ဒါေၾကာင့္ သူတို႔မေျဖရွင္းနိုင္တဲ့ ျပႆနာ တစ္ခုရွိေနတာပဲ ျဖစ္မယ္... သြားၾကစို႔!"
လူတိုင္း တုံ႕ဆိုင္းမေနေတာ့ဘဲ တစ္ေယာက္ၿပီးတစ္ေယာက္ အရွိန္ျပင္းျပင္းနဲ႕ လု႐ႊမ္နဲ႕ ဟုန္ေခ်ာင္တို႔ရဲ႕ ဦးတည္ရာဘက္ကို အျမန္ ေျပးလိုက္လာၾကသည္။
အခ်ိန္အေတာ္ၾကာေအာင္ ေျပးလႊားၿပီးေသာအခါ လူအုပ္စုသည္ ၎တို႔ေနာက္မွ သူေတာ္စင္သားရဲမ်ား၏ အေငြ႕အသက္မ်ားကို ခံစားလာရကာသည္။
ႀကီးက်ယ္ ခမ္းနားေသာ ေရာင္ဝါက သူတို႔အားလုံးကို ေၾကာက္လန႔္သြားေစကာ ယြမ္ခ်ီကိုပင္ မထိန္းနိုင္ေတာ့ဘဲ ျဖစ္လာေစ၏။ ကံေကာင္းစြာပင္ ဤလူမ်ားသည္ အနည္းဆုံး ေ႐ႊခႏၶာနယ္ပယ္ အဆင့္ထက္ ေက်ာ္လြန္ေနသျဖင့္ ၎တို႔ေနာက္ရွိ သူေတာ္စင္ သားရဲမ်ား၏ ေရာင္ဝါကို တိုက္ရိုက္ ပ်က္သြားေစသည္။
သို႔ေသာ္ျငားလည္း အကြာအေဝးႏွင့္ အရွိန္အဟုန္သည္ အဆက္မျပတ္ နီးကပ္လာေနၿပီး ၎တို႔အေနာက္မွာ အေအးလွိုင္းေတြ အသည္းအသန္ ေျပးလာေနသလိုပင္ ခံစားေနရသည္။
"ဟမ့္... ေရွ႕ကႏွစ္ေယာက္က ဘယ္သူေတြလဲ? သူတို႔က ဘယ္လိုလုပ္ ဒီေလာက္ေတာင္ ျမန္ေနရတာလဲဟ?"
လူတစ္ေယာက္က ထေျပာလိုက္သည္။
လု႐ႊမ္ကို မၾကာခင္မွာပဲ အမီလိုက္နိုင္လိမ့္မယ္လို႔ သူတို႔ထင္ခဲ့ၾကသည္။ လု႐ႊမ္ဟာ သူေတာ္စင္တစ္ပိုင္း အဆင့္၁သာ ရွိေၾကာင္း လူတိုင္း ရွင္းရွင္းလင္းလင္း ျမင္နိုင္ေပမယ့္ အခ်ိန္အေတာ္ၾကာ လိုက္ဖမ္းၿပီး ေနာက္မွာေတာ့ အရိပ္ႏွစ္ခုကို မေတြ႕ခဲ့ရေတာ့ေခ်။
"အဲဒီမိန္းမက ေကာင္ေလးကို ကူညီေပးတာ မဟုတ္ဘူး... ေကာင္ေလးက အဲဒီမိန္းမကို ကူညီေပးေနတာပဲ!!"
"သူ႕ေနာက္ေက်ာ အေတာင္ပံေတြကို ေတြ႕လား?"
"မေတြ႕လိုက္ဘူး"
သူတို႔က ေခါင္းကို အထပ္ထပ္ ခါယမ္းျပသည္။
ပိုင္က်စ္ရွန္းရဲ႕ ႏွလုံးသားက ပူေလာင္ေနၿပီ။ ဒါဟာ ျမင့္ျမတ္တဲ့ ထူးဆန္း ရတနာျဖစ္ရမယ္ ဆိုတာ ခန့္မွန္းမိထားၿပီ။ ဒီထူးဆန္းတဲ့ ရတနာေၾကာင့္ ဒီေကာင္ေလး အဆင့္၁ ေလးနဲ႕ ဒီကို လာရဲတာပဲ ျဖစ္မည္။
သူရလိုက္တာနဲ႕ ၎သည္ သူေတာ္စင္ သားရဲကို ရရွိျခင္းထက္ မ်ားစြာ အားေကာင္းလာမည္ျဖစ္သည္။
"အားလုံး ျမန္ျမန္လိုက္ၾက!"
...
သူတို႔ေနာက္က လူအုပ္ႀကီးက သူတို႔ေနာက္ကို လိုက္လာေနတာကို သိလိုက္ရေတာ့ လု႐ႊမ္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး အရွိန္ျပင္းျပင္းနဲ႕ ခ်က္ခ်င္း ေပ်ာက္ကြယ္သြား၏။
သူတို႔ ႏွစ္ေယာက္ရဲ႕ အရွိန္ကို သိလိုက္ရေတာ့ ဟုန္ေခ်ာင္တစ္ေယာက္ အလြန္ အံ့ၾသသြားေလသည္။ ဒီအရွိန္က သူ႕ထက္ ႏွစ္ဆပိုျမန္ၿပီး ဒီေကာင္ေလးက သူ႕အစြမ္းအစကို နက္နက္နဲနဲ ဖုံးကြယ္ထားတာပဲ ျဖစ္ေပ၏။
"သားရဲဒီေရ ကြဲသြားၿပီ!"
စိတ္ဝိညာဥ္ စြမ္းအားမ်ား ေတာက္ေလွ်ာက္ တက္လာၿပီး ေနာက္ဆုံးတြင္ လု႐ႊမ္ ေနာက္ဆုံးေတာ့ တစ္စုံတစ္ခုကို နားလည္သြားခဲ့သည္။
တကယ္ေတာ့ သစ္ပင္တက္ေနရင္ သားရဲဒီေရကို ေရွာင္နိုင္ေပမယ့္ လု႐ႊအ္ကေတာ့ ဒီသစ္ပင္ေတြဟာ ေရတြင္းထဲက လ၊ ေရထဲက ပန္းပြင့္ေတြလိုပဲ ဆိုတာ ရိပ္မိထားသည္။ သစ္ပင္ေတြက ေက်ာက္ေဆာင္ေတြကို မတက္နိုင္သလိုပင္။
သစ္ပင္ တစ္ပင္ဟာ ေတာင္တက္ဖို႔ ရည္႐ြယ္ခ်က္ ဘယ္ေလာက္ပဲ ရွိေနပါေစ ခက္ခက္ခဲခဲ တက္ရင္ေတာင္ ေအာင္ျမင္နိုင္ေခ် မရွိေခ်။
ေနာက္ထပ္ ဆယ္ရက္ေလာက္ ပ်ံသန္းၿပီးေနာက္မွာ သူေတာ္စင္ သားရဲေတြ သူ႕ေနာက္ကို အဆက္မျပတ္ လိုက္လာေနေသးတာကို လု႐ႊမ္ ခံစားမိေနရဆဲ ျဖစ္ရာ လု႐ႊမ္ ရိုးရိုးရွင္းရွင္းပဲ ရပ္တန႔္လိုက္သည္။ သူသာ ဒီအတိုင္း ပုန္းေနမယ္ဆိုရင္ ဘာမွ လုပ္နိုင္ေတာ့မွာ မဟုတ္ဘူး။
"ဘာလို႔ ရပ္လိုက္တာလဲ?"
ဟုန္ေခ်ာင္သည္ သူတို႔ေနာက္ကြယ္ရွိ သူေတာ္စင္သားရဲ၏ အရိပ္အေယာင္ကို ခံစားေနရတာေၾကာင့္ ေၾကာက္႐ြံ႕ထိတ္လန႔္ကာ လြတ္ေျမာက္ရန္သာ စဥ္းစားေနခဲ့သည္။
"ငါမသိတဲ့ အေၾကာင္းျပခ်က္ ရွိေနလို႔သာ မဟုတ္ရင္ ငါ့အရွိန္နဲ႕ဆို အမီလိုက္ဖို႔ မျဖစ္နိုင္ဘူး"
ဟုန္ေခ်ာင္မွာ မေကာင္းတဲ့ေကာင္လို႔ ေျပာခ်င္ေပမယ့္ လု႐ႊမ္က အဲဒီလိုေျပာဖို႔ ခြန္အားရွိေနတယ္လို႔ သူမ ခံစားေနရသည္။ လု႐ႊမ္ဆီ ၾကည္လင္ျပတ္သားၿပီး အလြန္လွပတဲ့ အေတာင္ပံေတြကို ျမင္လိုက္ရေလသည္။
သိပ္သည္းတဲ့ သူေတာ္စင္ စြမ္းအားေတြက သူ႕အေတာင္ေတြေပၚမွာ ယွက္သန္းေနသည္။ အရွိန္က ျမန္လြန္း၍ သာမန္ သူေတာ္စင္ သားရဲမ်ားႏွင့္ ႏွိုင္းယွဥ္ပါက ႏွေးေနမည္ မဟုတ္ေခ်။
ဒီလိုနည္းနဲ႕ ခြန္အားကို သုံးစြဲေနတာက အလြန္ေၾကာက္စရာ ေကာင္းလွသည္။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ဒီလူယုတ္မာရဲ႕ ခံနိုင္ရည္က အရမ္းျပင္းထန္တာေၾကာင့္ သူမကို အရမ္းသေဘာက်ေစသည္။
တုန္လႈပ္ေနေသာ ယြမ္ခ်ီအား သူေတာ္စင္ စြမ္းအားျဖင့္ ေရာႏွောလွ်င္ သူမသည္ သူေတာ္စင္ စြမ္းအား၏ ၃၀% သာ ေျပာင္းလဲသြားေသာ္လည္း ဤလူယုတ္မာ၏ ခႏၶာကိုယ္တြင္မူ ယြမ္ခ်ီစြမ္းအားက အနည္းဆုံး ၅၀%အထိကို သူေတာ္စင္ စြမ္းအားအျဖစ္ ေျပာင္းလဲသြားတာကို ခံစားေနမိသည္။
ဒါက အံ့ဖြယ္ အခိုက္အတန႔္ တစ္ခုပင္။
ထို႔အျပင္ သူ၏ ယြမ္ခ်ီစြမ္းအားတြင္ နားမလည္နိုင္ေသာ စြမ္းအားတစ္ခု ရွိေနသည္။ ၎ကို ရွင္းရွင္းလင္းလင္း မျမင္နိုင္ သို႔မဟုတ္ နားမလည္နိုင္ေအာင္ ျဖစ္ေစေသာ္ျငား အလြန္အားေကာင္းသည္ဟု ခံစားရၿပီး သူမ၏ ပင္ကိုယ္စြမ္းအားထက္ပင္ ပိုျမင့္မားေလသည္။
သူမေဘး ဒီလိုအစြမ္းထက္တဲ့လူ ရွိေနတာက ငယ္ငယ္က သူမအေမ ေပြ႕ဖက္ထားသလိုမ်ိဳး ႏြေးေထြးတဲ့ ခံစားမႈကိုလည္း ေပးစြမ္းနိုင္ခဲ့ၿပီး ထိုအႏြေးဓာတ္ကိုပင္ လြမ္းဆြတ္လာေစခဲ့သည္။ နည္းနည္းေတာ့ ရွက္သြားေပမယ့္ ပိုလို႔ေတာင္ ေဒါသထြက္လာေသး၏။
အဲဒီစြမ္းအား ရွိေနေတာ့ေရာ ဘာျဖစ္လဲ? သူတို႔အခု ဒုကၡေရာက္ေနၿပီ မဟုတ္ဘူးလား?
အဆင္မေျပသလို ခံစားရသျဖင့္ ဟုန္ေခ်ာင္ လု႐ႊမ္ကိုၾကည့္ကာ ဆိုလိုက္သည္။
"ဟမ့္... နင္မသိတဲ့ ျပႆနာေတြမွ အမ်ားႀကီးပဲ... တစ္ခုခုမွားေနၿပီလို႔ နင္ထင္ေနတာက နင့္ကိုယ္နင္ သိပ္အထင္ႀကီးေနတာ မဟုတ္လား?"
"ဒါဆို မင္းဆက္ၿပီး ပ်ံသြားလိုက္ေလ ငါမင္းကို ထပ္မသယ္သြားေတာ့ဘူး"
"ဟမ့္... ငါေျပာေနတာက ဒီအတိုင္း စကားအျဖစ္ေလ... ငါနင့္အသက္ကို ကယ္ခဲ့တာ.... နင္ငါ့ကို ျပန္မဆပ္သင့္ဘူးလား??"
ေနာက္တစ္ခါ လုပ္ျပန္ၿပီ!
လု႐ႊမ္ စကားမေျပာနိုင္ေတာ့ေပ။ ဒီကေလးမေလးက သူ႕ဆႏၵကို မလိုက္နာေတာ့တာနဲ႕ ဒီစကားလုံးေတြပဲ ထြက္လာျပန္ၿပီ။
"ထပ္ပ်ံသန္းၾကည့္ရေအာင္"
လု႐ႊမ္က ဆို၏။ သူအနည္းငယ္ အံ့အားသင့္သြားသည္။ သူ သူေတာ္စင္သားရဲေတြရဲ႕ အရွိန္အဝါေတြကို ခံစားနိုင္သလို သူ႕ေရွ႕မွ လူအနည္းငယ္လည္း ခံစားမိနိုင္သည္။
ေနာက္ဆုံးေတာ့ အဲဒီလူေတြမွာ တခ်ိဳ႕က သန္မာၿပီး တခ်ိဳ႕က အားနည္းၾကသည္။ သူတို႔ အသက္ရွင္ေနေသးတာ ထူးဆန္းေန၏။ အနည္းဆုံး သူတို႔ထဲက အားနည္းလြန္းတဲ့ တခ်ိဳ႕က ေသသြားသင့္တာ မဟုတ္ဘူးလား။
ဟုန္ေခ်ာင္ ေဒါသတႀကီး ေျခေစာင့္မိေတာ့သည္။ လု႐ႊမ္ရဲ႕ ေနာက္ေက်ာကေန အေတာင္ပံေတြ ထြက္လာတာကို ျမင္ေတာ့ မာနႀကီးတဲ့ အမူအရာနဲ႕ သူ႕လက္ကို အျမန္ဆြဲကိုင္လိုက္၏။
လု႐ႊမ္ စကားမေျပာဘဲ သူ႕အေတာင္ပံေတြကို ေနာက္ကေန ဖယ္လိုက္ၿပီး သူတို႔ႏွစ္ေယာက္ကို ေနာက္တစ္ႀကိမ္ ဖုံးကြယ္ဖို႔ ပုံစံတစ္ခုကို ဖန္တီးလိုက္ေတာ့သည္။
"ခဏေစာင့္... သူတို႔ဒီကို လာေနၿပီ!"
လု႐ႊမ္ ေမွ်ာ္မွန္းထားသည့္အတိုင္း လူအနည္းငယ္သည္ သူတို႔ရဲ႕ တည္ရွိမႈကို လုံးဝဂ႐ုမစိုက္ဘဲ ေခါင္းေပၚမွ လ်င္ျမန္စြာ ပ်ံသန္းသြားၾကသည္။ ေနာက္မွ သူေတာ္စင္သားရဲမ်ား၏ တန္ခိုးသည္ လွိုင္းတစ္ခုထက္ ျမင့္ေသာ လွိုင္းလုံးႀကီးကဲ့သို႔ ျဖစ္၍ စိတ္ကို တုန္လႈပ္လုနီးပါး ျဖစ္ကုန္၏။
"နင္မွားၿပီး တြက္ခ်က္မိေနတာေတာ့ မဟုတ္ဘူးမလား?"
ဟုန္ေခ်ာင္ ေအာ္ဟစ္လိုက္သည္။
ဤအခိုက္အတန႔္တြင္ သူေတာ္စင္၏ စြမ္းအားသည္ ႂကြလာသကဲ့သို႔ပင္ သားရဲဒီေရ၏ စြမ္းအားသည္ အထြတ္အထိပ္သို႔ ေရာက္ရွိသြားေပၿပီ။ ႀကီးက်ယ္ ခမ္းနားေသာ အရွိန္အဟုန္ျဖင့္ ဖိႏွိပ္ခံခဲ့ရၿပီး အသက္ရႈက်ပ္လာခဲ့သည္။
လု႐ႊမ္ သြားမ်ားကို အံႀကိတ္ကာ တန္ခိုးအျပင္းထန္ဆုံး ရွိရာ ေရွ႕ကို စိုက္ၾကည့္လိုက္သည္။ သူ႕မ်က္ႏွာက ၿငိမ္သက္ေနေသာ္လည္း သူ႕စိတ္ႏွလုံးမွာလည္း မေက်မနပ္ ျဖစ္ေနၿပီ။ အမွန္တကယ္ အမွားရွိခဲ့ပါက ေသဆုံးနိုင္ေျခ ၉၉% နီးပါး ျမင့္မားလွသည္။
"လာေနၿပီ! "
စြမ္းအားက အထြတ္အထိပ္ ေရာက္ေနၿပီလို႔ ခံစားလိုက္ရေတာ့ လု႐ႊမ္ မထိန္းနိုင္ေတာ့ဘဲ ေအာ္လိုက္စဥ္ ဟုန္ေခ်ာင္လည္း သူမမ်က္လုံးေတြကို မွိတ္လိုက္ၿပီး
"ေသရေတာ့မယ္!"
ဝုန္း!
ျပင္းထန္ေသာ အလင္းတန္းမ်ား သူတို႔အား လႊမ္းၿခဳံသြားသည္။ လု႐ႊမ္ ျပဴးက်ယ္ေသာ မ်က္လုံးမ်ားျဖင့္ စူးစိုက္ၾကည့္လိုက္ေသာ္ျငား သူေတာ္စင္သားရဲ တစ္ေကာင္ကိုမွ် မျမင္ရေပ။