(Unicode)
Chanbaek လေးရဲ့ရက်(၁၀၀)ပြည့်ပြီးကတည်းက Baekhyun စာပြန်သင်နေသည်မှာ တစ်ပတ်ခန့်လောက်ရှိနေပြီဖြစ်သည်။
အောက်ထပ်ကဧည့်ခန်းဟာ မနက်၉နာရီကနေ နေ့လယ်နှစ်နာရီအထိက Baekhyun ရဲ့စာသင်ခန်းပင်။
"အခု xရဲ့တန်ဖိုးကို ဆရာတို့ရှာကြမယ်၊ ပုံသေနည်းအရင်ရေးလိုက်"
"ဟုတ်ကဲ့"
မှတ်မိနေတဲ့ပုံသေနည်းကို စာမျက်နှာပေါ်မှာ Baekhyun သွက်သွက်လေးချရေးလိုက်သည်။
"yတန်ဖိုးကို ဆရာတို့သိတယ်၊ ပုံသေနည်းကိုသုံးပြီးတော့..."
"အဲ..ခစ်ခစ်"
"ဟင်.."
စာသင်နေရင်း ကလေးရဲ့အသံတစ်စွန်းတစ်စကြားလိုက်တာနဲ့ Baekhyun ရဲ့ခေါင်းဟာထောင်ခနဲ။မျက်လုံးအကြည့်တွေကလည်း ကလေးရှိနိုင်မယ့်နေရာကို မျှော်ကြည့်နေသည်။
ဒီအခြေအနေက စာသင်ပေးတဲ့ဘာသာရပ်ဆရာတိုင်းကြုံနေကြဖို့ အထွေအထူးမလုပ်ဘဲ ဆရာကစာသင်တာကို ခဏရပ်ပေးထားပါသည်။Baekhyun ဟာသူ့သားလေးနှင့်ပတ်သတ်ရင် အတော်လေးစိတ်ခံစားချက်ပြင်းတာမို့ အကုန်လုံးကနားလည်ပေးထားသည်။စာသင်ရတဲ့အချိန် ငါးနာရီအတွင်းမှာ ဒေါ်လေးမီက Chanbaek လေးကိုချီပြီး မကြာခဏဆိုသလိုလည်း Baekhyun ထံလာပြရပါသေးသည်။
Baekhyun ရဲ့စိတ်တွေစာထဲပြန်ရောက်ပြီဆိုမှပဲ ဆရာလည်း စာဆက်သင်ဖို့ပြင်ရသည်။
မနက်ပိုင်း စာသင်ချိန်လေးချိန်ပြီးသွားတော့ တစ်နာရီခန့်ထမင်းစားနားပါသည်။
ထမင်းစားခန်းထဲ Baekhyun ဝင်သွားတော့ ဖွားဖွားနှင့်ဒေါ်လေးမီတို့က ထမင်းဝိုင်းပြင်ထားပြီး အဆင်သင့်စောင့်နေကြသည်။
တစ်နေ့တာလုံးအတွက် အိမ်မှာ Baekhyun တို့သားအဖရယ် ဖွားဖွားရယ် ဒေါ်လေးမီရယ်သာရှိပြီး ကျန်တဲ့လူတွေက အလုပ်ကိုယ်စီသွားကြပါသည်။Park family ကဆေးရုံအလုပ်ကိုယ်စီသွားကြပြီး Baekhyun ရဲ့အဒေါ်ဖြစ်သူကတော့ စားသောက်ဆိုင်တစ်ခုမှာ လက်ထောက်စားဖိုမှူးအဖြစ်အလုပ်ဝင်နေပါသည်။
ဖွားဖွားတို့ကိုပြုံးပြရင်း Baekhyun ခုံမှာဝင်ထိုင်လိုက်သည်။
"သားသားအိပ်သွားတာ ကြာပြီလား ဖွားဖွား၊ နို့တောင်မတိုက်လိုက်ရဘူး"
သားဖြစ်သူအိပ်နေတဲ့အခန်းထဲကိုဝင်ကြည့်ပြီးမှသာ Baekhyun ထမင်းစားခန်းဆီလာတာဖြစ်သည်။
"အမလေး ဖွားမြစ်က ဗိုက်ဆာရင်ငြိမ်နေတတ်တာမဟုတ်ဘူး၊ ဖြည့်စွက်စာကျွေးပြီးမှ အိပ်သွားတာပါကွယ်၊ ဖွားမြေးလေးနို့တွေတင်းနေလို့လား"
"ဟို...နည်းနည်းပါ ဖွားဖွား"
"နိုးလာမှ နို့ဆာနေရင် အချိန်ခဏပေးပြီးတိုက်လိုက်ပေါ့၊ ကဲ ဖွားတို့ထမင်းစားကြရအောင်"
"ဟုတ်ကဲ့၊ ဒေါ်လေးမီရော"
"စားပါ့မယ်ကွယ်"
ထမင်းဝိုင်းမှာ လူသုံးယောက်တည်းသာရှိပေမယ့်လည်း တစ်ယောက်တည်းစားရတာမဟုတ်တာမို့ Barkhyun ထမင်းစားမြိန်ပါသည်။ဒီအချိန်ဆို ဦးလည်း နေ့လယ်စာစားနေလောက်ရောပေါ့။
လူကြီးနှစ်ယောက်နှင့်အတူ နေ့လယ်စာကိုတိတ်တဆိတ်စားပြီးသွားတော့ စာသင်ချိန်ပြန်မစခင် သားလေးအိပ်နေတဲ့အခန်းထဲကို Baekhyun နောက်တစ်ကြိမ်ထပ်သွားကြည့်သည်။
"နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်နေတာပါလား"
ပုခတ်ထဲမှာ ပိုးလို့ပက်လက်လေးလန်ပြီး အိပ်မောကျနေတဲ့သားသားကိုကြည့်ရင်း Baekhyun မှာချစ်မဝနိုင်ပါ။ပါးဖောင်းဖောင်းကိုအသာဖျစ်ညှစ်ရင်း အတင်းဖက်နမ်းချင်တဲ့စိတ်ကိုထိန်းထားရသည်။
"သားသား အိပ်ပုတ်လေး..."
ဆရာရောက်လာချိန်နီးပြီမို့ Baekhyun အခန်းထဲကနေ ပြန်ထွက်လာခဲ့လိုက်သည်။
အခန်းရှေ့ရောက်တော့ ဖွားဖွားနှင့်ဆုံသည်။ဖွားဖွားက သူ့မြစ်အိပ်နေတာကို ဆွယ်တာထိုးရင်းထိုင်စောင့်ပေးဖို့အတွက် အကုန်ပြင်ဆင်လာပါသည်။
"သားသားနိုးလို့ ဂျီနေရင် သားကိုလှမ်းခေါ်လိုက်နော် ဖွားဖွား"
"အေးပါကွယ်၊ သွားသွား တော်ကြာနေ ဆရာလာတော့မှာ"
"ဟုတ်ကဲ့"
Baekhyun ဧည့်ခန်းထဲကိုပြန်ထွက်လာရင်း စာပြန်နွှေးနေတုန်းမှာပင် စာသင်မည့်ဆရာကရောက်လာလေပြီ။
ဘာသာရပ်ဆရာက ငယ်ရွယ်ပြီး တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပေမယ့်လည်း စာအသင်အပြကောင်းသူဖြစ်သည်။Baekhyun ကိုစာသင်ပေးတဲ့ဆရာတွေထဲမှာ ထိုဆရာကအငယ်ဆုံးဖြစ်သည်။
"မနေ့က သင်လိုက်တဲ့စာတွေပြန်ကြည့်လား Baekhyun"
"ကြည့်တယ် ဆရာ"
"ဘာနားမလည်တာရှိလဲ၊ ကိုယ်အခုပြန်ရှင်းပြပေးမယ်"
"နားမလည်တာမရှိပါဘူးဗျ"
ညပိုင်း Baekhyun စာပြန်လုပ်တဲ့အချိန် ဦးကဘေးနားကနေ နားမလည်တာတွေရှိရင် ရှင်းပြပေးနေကြမို့ နှစ်ခေါက်သင်ရသလိုမျိုး အကုန်လုံးရှင်းလင်းပါသည်။
"ကောင်းပါပြီ၊ ဒါဆို အခန်းသစ်တက်ကြတာပေါ့"
"ဟုတ်ကဲ့"
:
စာငုံ့ရေးနေတဲ့အချိန် တစ်ယောက်ယောက်ကကြည့်နေသလိုမျိုးခံစားရတာမို့ Baekhyun မျက်လုံးလှန်ကြည့်လိုက်တော့ မျက်တောင်တဖြတ်ဖြတ်ခတ်နေတဲ့ ဆရာ့ကိုသာတွေ့ရသည်။Baekhyun လည်းကိုယ့်စာကိုယ်သာ ပြန်ငုံ့ရေးနေလိုက်သည်။
ငါးမိနစ်လောက်အကြာမှာတော့ ရေးနေတဲ့ပုစ္ဆာပြီးသွားလေပြီ။
"ပြီးသွားပြီ ဆရာ"
"အင်း၊ စစ်ကြည့်ရအောင်"
Baekhyun ရေးထားတဲ့စာအုပ်ကိုယူပြီး ဆရာကအမှတ်ခြစ်ပေးနေသည်။
အနားရတာမို့ ဒေါ်လေးမီလာချပေးထားတဲ့ အအေးနှစ်ခွက်ထဲကတစ်ခွက်ကိုယူပြီး Baekhyun တစ်ငုံမော့သောက်လိုက်သည်။အအေးခွက်ပြန်ချရင်း ဆရာ့ထံအကြည့်ရောက်ချိန်မှာ ဆရာက Baekhyun ကိုကြည့်နေတာမို့ ရင်ထိတ်သွားရသည်။စာတွေမှားများနေတာလား။
"ဘယ်နားမှားလို့လဲ ဆရာ"
"မမှားပါဘူး၊ ဒါနဲ့ Chanbaek လေးအသံမကြားပါလား၊ အိပ်နေတာလား"
"ဟုတ်တယ်ဗျ"
"အဟွန်း! အိပ်ပုတ်လေးက အအိပ်မက်တာပဲ"
Baekhyun ပြုံးလိုက်ရင်း
"အအိပ်နဲ့အစားက သားသားအမက်ဆုံးပါပဲ ဆရာရယ်"
ဆရာကသဘောကျဟန်ဖြင့် ခေါင်းတညိမ့်ညိမ့်လုပ်ရင်းရယ်သည်။သားလေးကို ဝိုင်းချစ်ပေးကြရင်ပဲ Baekhyun ကအလိုလိုပျော်နေတာပါ။သားသားက အချစ်တွေအများကြီးနှင့်ထိုက်တန်သည့်ကလေးလေး။
"တစ်ဦးတည်းသောသားလေးမို့ ဒေါက်တာ Park ကတော့ သူ့သားကိုတုန်နေအောင်ချစ်မှာပဲ"
"ဟုတ်တယ်ဗျ၊ ဦးက သားသားမျက်နှာကိုတစ်ချက်အညှိုးမခံဘူးရယ်၊ သူနဲ့အတူရှိနေရင် ငိုသံသဲ့သဲ့တောင်မထွက်စေရဘူး၊ သားသားကလည်း သူ့ဖေကြီးကိုအရမ်းချစ်၊ နောက်ကျောလေးမြင်နေရရင်တောင် တခစ်ခစ်ရယ်ပြီးပျော်နေတတ်တာဗျ"
ဦးနှင့်သားအကြောင်းပြောနေရတာမို့ Baekhyun ရဲ့မျက်နှာမှာပီတိအပြုံးတွေ ဝေဆာနေခဲ့သည်။
"ဒေါက်တာ Park ကအရမ်းကံကောင်းပါတယ်၊ Baekhyun တို့သားအဖကိုပိုင်ဆိုင်ခွင့်ရထားလို့လေ"
Baekhyun ပြုံးပြုံးလေးဖြင့်ခေါင်းခါလိုက်ပြီး
"မဟုတ်ဘူး ဆရာ၊ ဦးနဲ့သက်ဆိုင်ခွင့်ရထားတဲ့ ကျွန်တော်တို့သားအဖကသာ ကံကောင်းတာပါ၊ ဦးက ကျွန်တော်တို့သားအဖနှစ်ယောက်အတွက် တကယ်ကိုမရှိမဖြစ်ပါပဲ"
ဆရာက Baekhyun ကိုမျက်နှာအသာလွှဲသွားသည်။
"ကဲ ခဏလည်းနားပြီးပြီဆိုတော့ ဆက်သင်ကြတာပေါ့"
"ဟုတ်ကဲ့ ဆရာ"
နှစ်ယောက်သား စာဆက်သင်ဖို့ပြင်လိုက်ကြချိန်မှာပဲ
"မြေးရေ! ဖွားမြေးရေ! Baekhyun ရေလာပါဦး! ဒီမှာ မြစ်လေးတက်နေလို့! လာကြပါဦး!"
"ဟင်! သားသား!"
ဖွားဖွားရဲ့အော်ခေါ်သံကြောင့် လက်ထဲကစာအုပ်တွေကိုပစ်ချပြီး ဘယ်လိုပင် ဧည့်ခန်းထဲကပြေးထွက်သွားမိမှန်း Baekhyun မသိတော့ပါ။ဆရာကလည်း Baekhyun ရဲ့အနောက်ကနေအလျင်စလိုပြေးလိုက်လာသည်။
"ဖွားဖွား!"
အခန်းထဲကိုရောက်တော့ ဖွားဖွားက သားလေးပုခတ်အနားမှာရပ်နေပြီး စိုးရိမ်တကြီးဖြင့်ငုံ့ကြည့်နေပါသည်။ဖွားဖွားက ခါးကုန်းလို့မရတာမို့ သားလေးကိုချီလို့မရဘဲ တုန်တုန်ယင်ယင်ဖြစ်နေသည်။
"သားသားဘာဖြစ်တာလဲ! ဘာဖြစ်လို့လဲ ဖွား!"
ပုခတ်အနားကို အမြန်သွားပြီး ပုခတ်ထဲကသားလေးကို Baekhyun ပွေ့ချီလိုက်တော့ လက်ထဲရောက်လာတဲ့သားလေးရဲ့တစ်ကိုယ်လုံးကတုန်ယင်နေပါသည်။
"မြစ်လေးကတက်နေတာ! ဆေးရုံကိုအမြန်သွားရမယ်! အမလေး လုပ်ကြပါဦး!"
"ကလေးကမျက်ဖြူလန်နေပြီ! ဆေးရုံအမြန်သွားမယ်! ကိုယ့်မှာကားပါတယ်! လာ လာ!"
"သားသား..သားသား"
"အဖွားတို့ LOEY ဆေးရုံကိုလှမ်းအကြောင်းကြားထားလိုက်၊ ကျွန်တော်တို့အဲ့ကိုပဲသွားမှာ၊ ရောက်တာနဲ့တန်းကုလို့ရအောင်၊ လာ Baekhyun"
"အေးပါကွယ် အေးပါ၊ ဂရုစိုက်ကြပါဦး၊ အမလေး ငါ့မြစ်လေး!"
Baekhyun ဘာစကားမှမဆိုနိုင်ဘဲ သားကိုပွေ့ချီလျှက်သားနဲ့ပဲ ဆရာဆွဲခေါ်ရာနောက်ကိုပါသွားခဲ့သည်။
ကားပေါ်တက်ပြီးမောင်းထွက်သွားသည်အထိ Baekhyun စိတ်နဲ့ကိုယ်နဲ့မကပ်သေးဘဲ မျက်ဝန်းအကြည့်တွေကအစကြောင်တောင်တောင်ဖြစ်နေခဲ့သည်။လက်ထဲပွေ့ထားတဲ့သူ့သားလေးကို တစ်ချက်မှငုံ့မကြည့်ပေမယ့်လည်း အပွန်းအပဲ့မခံနိုင်တဲ့ကြွေရုပ်လေးအလား တယုတယဖြင့်ပွေ့ပိုက်ထားပါသည်။
ဆရာဖြစ်သူက ကားမောင်းနေရင်းမှ ဘေးနားကို စိုးရိမ်တကြီးဖြင့်လှည့်လှည့်ကြည့်နေသည်။Chanbaek လေးကမျက်ဖြူလန်နေပြီး Baekhyun ကကြောင်စီစီမျက်ဝန်းတွေဖြင့်နှုတ်ခမ်းတွေတဆတ်ဆတ်တုန်နေတာမို့ ကားကိုသာအရှိန်ပိုမြှင့်လိုက်ပါတော့သည်။
:
ဆရာမောင်းလာတဲ့ကား ဆေးရုံရှေ့ရပ်သွားတာနဲ့ အဆင်သင့်စောင့်နေကြတဲ့ ဆရာဝန်တွေနှင့် ခုတင်တွန်းလှဲကိုတွေ့လိုက်ရသည်။ကားရပ်လာတော့ စောင့်နေတဲ့လူတွေအကုန် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
"ဆေးရုံရောက်ပြီ Baekhyun!"
ဆရာကပဲ အပြေးအလွှားဆင်းပြီး Baekhyun ထိုင်နေတဲ့ဘက်တံခါးကို သွားဖွင့်ပေးလိုက်သည်။ထိုအခါမှ ခပ်သွက်သွက်လေးဆင်းလာတဲ့ Baekhyun။
"ဦး! ဦးရော! သားသားဘာဖြစ်တာလဲမသိဘူး..ကယ်ပါဦး!"
"ကလေးကိုတွန်းလှည်းပေါ်တင်လိုက် မြန်မြန်!"
Baekhyun ရဲ့လက်ထဲကသားလေးကို ဆရာဝန်တစ်ယောက်ကချီယူပြီးတွန်းလှဲပေါ်ပက်လက်အနေအထားတင်လိုက်သည်။
"ဒေါ်ဒေါ်ပတ်..."
"အင်း Hyunee ဘာမှမစိုးရိမ်နဲ့နော် ကောင်းသွားမှာ"
"လမ်းဖယ်ထား၊ ကလေးအထူးကုဆောင်ကိုသွားမယ်"
"ဖေဖေပတ်.."
"ဘာမှမဖြစ်ဘူး Baekhyun ၊ အဖေတို့ရှိတယ်"
"အမေတို့ရှိတယ်နော်၊ မြေးလေးဘာမှမဖြစ်ဘူး ဘာမှစိတ်မပူနဲ့"
မေမေပတ်က Baekhyun ရဲ့လက်မောင်းကိုတွဲကူလျှောက်ပြီး နှစ်သိမ့်စကားပြောလာသည်။အနားမှာမိသားစုဝင်တွေအကုန်ရှိနေပါသော်လည်း ဦးရဲ့အရိပ်အယောင်ကိုတော့ဖြင့် Baekhyun မတွေ့မိပါ။
ပတ်ဝန်းကျင်အား ကြောင်စီစီလျှောက်ကြည့်ရင်းနဲ့ပဲ ယိုင်နဲ့နဲ့ခြေလှမ်းတွေနှင့်အတူ သားလေးရဲ့တွန်းလှဲအနောက်ကနေ Baekhyun ထပ်ကြပ်မကွာပြေးလိုက်နေမိပါသည်။
ကလေးအထူးကုဆောင်ကိုရောက်တော့ သားလေးကိုအခန်းတစ်ခုတည်းခေါ်သွားတဲ့အချိန် Baekhyun ကတော့အပြင်မှာရပ်ကျန်နေခဲ့ရသည်။
ဆေးရုံအုပ်ကြီးကတော့ သူ့မြေးပါသွားတဲ့အခန်းထဲကို လိုက်ဝင်သွားပေမယ့် အဖွားဖြစ်သူရယ် အဒေါ်ရယ်ကတော့ Baekhyun နှင့်အတူအပြင်မှာသာကျန်နေခဲ့ပါသည်။ထို့အပြင် ဆရာကလည်း အခုအချိန်ထိ Baekhyun ရဲ့အနားမှာရှိနေသေးသည်။
"လာ ဒီမှာထိုင်စောင့်ကြရအောင်"
မေမေပတ်က Baekhyun ရဲ့လက်မောင်းကိုတွဲကူပြီး လူနာစောင့်ခုံတန်းမှာထိုင်စေလိုက်သည်။တွေတွေကြီးဖြစ်နေတဲ့ Baekhyun ရဲ့ပုံစံကစိတ်နှင့်ကိုယ်မကပ်တာသိသာပါသည်။
"ဆေးရုံရောက်လာပြီမို့ အဆင်ပြေသွားမှာပါ၊ အရမ်းစိတ်မပူနဲ့တော့နော် Hyunee"
"ဟုတ်တယ်၊ ဒေါ်ဒေါ်ပတ်တို့ ဆေးရုံကဆရာဝန်တွေက အရမ်းတော်တာ၊ တူလေးဘာမှမဖြစ်ဘူး၊ သက်သာသွားမှာ"
Baekhyun ကိုအားပေးစကားပြောနေတဲ့ မေမေပတ်နှင့် ဒေါ်ဒေါ်ပတ်တို့ဟာ ကိုယ်တိုင်ကတော့ ထိုင်ရမလိုထရမလိုဖြစ်နေကြသည်။
"ဦး..."
"ဟင်..."
"ဦးရောဟင် မေမေပတ်"
Baekhyun ရဲ့မေးသံလေးက ခပ်တိုးတိုး။
"Chanyeol ကခွဲခန်းဝင်နေတယ် Hyunee၊ အိမ်ကလူတွေဖုန်းဆက်လှမ်းအကြောင်းကြားကြတုန်းက Chanyeol ကခွဲခန်းထဲဝင်ပြီးနေပြီလေ၊ အခုကိစ္စသူမသိသေးဘူး၊ ခွဲစိတ်ခန်းထဲကထွက်ရင်တော့ ချက်ချင်းသိပြီးရောက်လာမှာပါ"
မေမေပတ်ကိုမေးလိုက်ပေမယ့် ပြန်ဖြေလာသူက ဒေါ်ဒေါ်ပတ်။Baekhyun ရဲ့ပုခုံးကိုလည်း အားပေးသလိုဖျစ်ညှစ်ထားသေးသည်။Baekhyun ရဲ့မျက်ဝန်းအစုံဟာ ရဲစွေးနေပြီး မျက်ရည်စတွေရစ်သိုင်းနေပေမယ့်လည်း မျက်ရည်တစ်စက်မှကျမလာခဲ့ပါ။အချင်းချင်းခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်ကလေးနှစ်ဖက်ကိုကြည့်ခြင်းအားဖြင့် စိတ်အရမ်းတင်းထားမှန်းသိသာပါသည်။
:
အချိန်အားဖြင့် မိနစ်နှစ်ဆယ်လောက်ကုန်သွားပြီဖြစ်သည်။Chanbaek လေးရှိနေတဲ့အခန်းထဲကို သူနာပြုတွေဝင်လိုက်ထွက်လိုက်လုပ်နေကြတာကလွဲ တခြားဘာအကြောင်းအရာမှတော့ ထူးခြားမလာသေးပါ။
"သမီးဝင်ကြည့်လိုက်ရင်ကောင်းမလား အမေ"
"အင်း ဝင်ကြည့်ပါဦးသမီးရယ်၊ သမီးအဖေကလည်း ဘာမှအကျိုးအကြောင်းထွက်မပြောဘူး"
"ဟုတ်ကဲ့"
ဒေါ်ဒေါ်ပတ်က အခန်းထဲကို ခပ်သွက်သွက်ဝင်သွားတာမို့ Baekhyun ထိုင်နေရာမှထရပ်လိုက်မိသည်။သို့သော် ခြေထောက်တစ်စုံလုံးအားနည်းပြီး ယိုင်နဲ့သွားတာသာအဖက်တင်ပါသည်။
"သတိထား Baekhyun"
"Hyunee ရရဲ့လား၊ ထိုင်နေ ထိုင်နေ၊ စိတ်ကိုလျော့ထားပါကွယ်"
ဆရာက Baekhyun ရဲ့ပုခုံးကိုထိန်းဖက်ထားပြီး ထိုင်ခုံမှာထိုင်စေတဲ့အချိန်
ဒေါက်! ဒေါက်! ဒေါက်!
လျှောက်လမ်းထက်မှာ ဒေါက်ပါတဲ့ဖိနပ်သံရဲ့ပြေးလွှားမှုက ကြီးစိုးသွားခဲ့ပြီး
"ကောင်လေး!"
စိုးရိမ်တကြီးခေါ်သံက ထွက်ပေါ်လာလေတော့ အသံလာရာဆီကို Baekhyun ရဲ့ခြေထောက်တွေဦးတည်လျှက်သားဖြစ်သွားသည်။
"ဦး...."
Baekhyun ရဲ့ခေါ်သံဟာ အတုန်တုန်အယင်ယင်။
ဂျူတီကုတ်ပင်မဝတ်ထားတဲ့ ဦးက ခေါင်းတဆတ်ဆတ်ညိတ်ပြပြီး Baekhyun ရဲ့အနားကိုလွှားခနဲရောက်လာခဲ့ပါသည်။
စက္ကန့်ပိုင်းအတွင်းမှာ Baekhyun ရောက်ရှိသွားတဲ့နေရာက နွေးထွေးပြီးတော့လုံခြုံမှုအပြည့်ဖြစ်နေတာမို့ Baekhyun ရဲ့မျက်လုံးတွေပူနွေးသွားပြီး ပါးပြင်နှစ်ဖက်လုံးစိုရွှဲသွားရပါတော့သည်။
"ဦး!"
"ကိုယ်ရှိတယ်၊ ကိုယ်ရှိတယ်နော်"
ဦးရဲ့ရင်ဘက်ကအင်္ကျီစကိုဆုပ်ကိုင်ရင်း ရင်ခွင်ကျယ်ကြီးထဲ Baekhyun ထပ်ခါထပ်ခါတိုးဝင်မိသည်။ရင်ထဲပူလောင်လွန်းနေတာမို့ အေးချမ်းမှုပေးနိုင်တဲ့နေရာကို Baekhyun မက်မောမိတာပါ။
"ဦး! သားလေးလေ...သားသားက! သားသားကလေ...အင့်! ကျွန်...ကျွန်တော်..."
"သားလေးဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး၊ ကိုယ်ရှိတယ်နော်၊ ကိုယ်တစ်ယောက်လုံးရှိတယ်၊ အဆင်ပြေမှာ၊ အားလုံးအဆင်ပြေသွားမှာ၊ ကောင်လေးစိတ်ပူနေတာတွေ ဘာမှဖြစ်လာမှာမဟုတ်ဘူး"
"သားသား...ကျွန်တော့်ရဲ့သားလေး တုန်နေ...တာ အင့်! မျက်လုံး..မျက်လုံးကလည်း! ဦးရေ ကျွန်တော်တို့သားလေးကလေ...အဟွတ်! သားလေးက..."
"ကိုယ်သိပြီ၊ ကိုယ်သိပြီ ကောင်လေး၊ ဘာမှမဖြစ်ဘူး၊ တကယ်ဘာမှမဖြစ်ဘူး၊ ကိုယ့်ကိုယုံနော်၊ ကိုယ့်ကိုယုံပါ ကောင်လေး၊ ကိုယ်တို့သားလေးဘာမှမဖြစ်ဘူး"
"ယုံတယ် အင့်! ယုံတယ်၊ ယုံပါတယ်ဗျာ"
ထိုသို့ဖြင့် သူ့အတွက်လုံခြုံနွေးထွေးမှုအပြည့်ပေးနိုင်တဲ့ရင်ခွင်ကျယ်ကြီးမှာ Baekhyun အချိန်တစ်ခုထိ မျက်နှာအပ်လို့ စိတ်အေးချမ်းမှုကို ဖြည်းဖြည်းချင်းရယူခဲ့ရပါသည်။
:
"ဆေးရုံကိုအချိန်မှီရောက်လာပါတယ်၊ အတွင်းတက်မဟုတ်တာ ကံကောင်းတယ်ပြောရမယ်၊ အခု လုံးဝစိတ်ချရတဲ့အခြေအနေကိုရောက်သွားပါပြီ"
အထူးကုဆရာဝန်ရဲ့စကားအဆုံး အကုန်လုံး သက်ပြင်းကိုယ်စီချလိုက်မိကြပါသည်။
"ငါ့မြေးကို အထူးခန်းမှာ သုံးရက်လောက်ထားပြီး စောင့်ကြည့်မယ်၊ အခြေအနေအကုန် ပုံမှန်ပြန်ဖြစ်မှ အိမ်ပြန်ခေါ်တာပေါ့"
ဆေးရုံအုပ်ကြီးကပြောပြောဆိုဆိုဖြင့် ခုတင်ပေါ်က မြေးဖြစ်သူကိုတစ်ချက်ကြည့်ပြီးမှ အခန်းထဲကထွက်သွားသည်။
"သားတို့နှစ်ယောက် အိမ်ခဏပြန်ရင်ပြန်လိုက်ပါလား၊ ယူစရာရှိတာယူပြီးမှ ညနေပြန်လာခဲ့ကြလေ၊ သုံးရက်လုံးဆေးရုံမှာပဲနေကြတော့မှာမလား"
"ဟုတ်ကဲ့၊ ခဏတော့ပြန်လိုက်မယ် အမေ၊ ကိုယ်တို့ခဏတော့ပြန်ကြမယ်နော် ကောင်လေး"
Baekhyun ရဲ့အကြည့်တွေအကုန်လုံးက ခုတင်ပေါ်မှာ ဆေးပိုက်တန်းလန်းဖြင့်ငြိမ်သက်နေတဲ့ သားဖြစ်သူဆီကိုသာ အလုံးစုံရောက်နေသည်။
"ကျွန်တော်...သားသားကို..ခဏလောက်..ကြည့်ပါရစေဦးနော်..ဦး"
"လာ ဒီနားမှာထိုင်၊ သားကအကုန်အဆင်ပြေသွားပြီ၊ ဘာမှ စိတ်မပူနဲ့တော့နော်"
"ဟုတ်ကဲ့..."
ခုတင်ဘေးကခုံပေါ်မှာ ခပ်ငြိမ်ငြိမ်ထိုင်ပြီး သားဖြစ်သူကို မျက်စိဒေါက်ထောက်ကြည့်နေတဲ့ Baekhyun ကြောင့် Chanyeol ရော မေမေပတ်ပါ သက်ပြင်းအသာချမိကြပါသည်။
"သား Yeollie၊ ခဏ လိုက်ခဲ့"
"ဟုတ်ကဲ့...အမေ"
သားအဖနှစ်ယောက်ကို တစ်ချက်ကြည့်ပြီးမှသာ အမေခေါ်ရာနောက် Chanyeol လိုက်သွားလိုက်သည်။
:
အခန်းပြင်ရောက်တော့ အစ်နှင့်အတူ ကောင်လေးရဲ့ဆရာကိုပါ တွေ့လိုက်ရသည်။
"နင်တို့အိမ်ပြန်ကြဦးမှာလား၊ တူလေးကိုငါနဲ့အမေစောင့်ပေးထားမယ်"
"အင်း အစ်မ"
"ဆရာရော ပြန်တော့မယ်ဆို ကျွန်မလိုက်ပို့မယ်နော်"
အစ်မရဲ့ဘေးနားမှာရပ်နေတဲ့ဆရာ့ကို Chanyeol ပြုံးပြလိုက်ပြီး
"ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆရာ"
"မဟုတ်တာ ဒေါက်တာ Park၊ ပြောစရာလူတွေမှမဟုတ်တာပဲ၊ ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး၊ မနက်ဖြန်ကျ ကလေးအခြေအနေလေးတစ်ခေါက်လာကြည့်ပါဦးမယ်"
"ကောင်းပါပြီဗျာ"
"ဆေးရုံအုပ်ကတော်လည်း ကျွန်တော့်ကိုခွင့်ပြုပါဦး"
"ကောင်းပါပြီကွယ်"
ဆရာက Chanyeol တို့တွေကိုနှုတ်ဆက်ပြီးမှ အစ်မနှင့်အတူ ထွက်သွားပါသည်။
"ကျွန်တော့်ကို ဘာပြောမလို့လဲ အမေ"
နှစ်ယောက်တည်းရှိတော့မှ Chanyeol အမေ့ကိုစကားစလိုက်တော့ အမေကခုံမှာထိုင်လိုက်တာမို့ Chanyeol လည်းဝင်ထိုင်လိုက်သည်။
"Hyuneeလေးအကြောင်းပါကွယ်"
"ပြောပါ အမေ"
"ဒီနေ့ မြေးလေးဆေးရုံရောက်လာတဲ့အချိန် Hyuneeလေးကစိတ်နဲ့ကိုယ်နဲ့လုံးဝမကပ်တာကွယ်၊ ပြာယာခတ်မနေပေမယ့် လုံးဝကိုငြိမ်ကျနေပြီး မျက်လုံးတွေဂနာမငြိမ်ကိုဖြစ်နေတာ"
".............."
"ဒါပေမယ့်နော် လုံးဝမငိုဘူး၊ စိတ်ကိုအရမ်းတင်းထားတဲ့ပုံလေး၊ အမေထင်တာတော့လေ အဲ့ဒီအချိန် သားကရှိမနေတော့ ကလေးအတွက် အဖေတစ်ယောက်ဖြစ်တဲ့သူကပြိုလဲနေလို့မဖြစ်ဘူးဆိုတဲ့စိတ်လေးနဲ့ တင်းထားတာပဲဖြစ်ရမယ်"
".............."
"သားကိုမြင်မှပဲ ဖက်ပြီးတော့ရှိုက်ကြီးတငင်ငိုတာကိုသာကြည့်တော့လေ၊ သားက Hyuneeရဲ့စိတ်ထဲမှာ သူတို့သားအဖေနှစ်ယောက်အတွက် တကယ့်ကိုမဟာတံတိုင်းကြီးပဲဆိုတာကို အမေဒီနေ့ပိုပြီးနားလည်သွားခဲ့ရပါတယ်ကွယ်"
သူ့ရင်ခွင်ထဲမှာ ချောင်းတွေဆိုးသည်အထိ ရှိုက်ကြီးတငင်ငိုနေသူလေးကို ပြန်မြင်ယောင်မိတော့ Chanyeol ရဲ့ရင်ဘက်ကြီးတစ်ခုလုံး ထပ်မံ၍တင်းကြပ်သွားရပါသည်။ကောင်လေးက သားလေးရဲ့အခြေအနေကိုလည်း ငိုနေလျှက်နဲ့ပြောပြသေးတာမလား။
"အမေ့သား Yeollie"
"ဟုတ်ကဲ့ အမေ"
"သားရဲ့မိသားစုလေးကို အမြဲတမ်း ချစ်ခြင်းမေတ္တာတွေ နွေးထွေးလုံခြုံမှုတွေ အပြည့်အဝပေးနော်၊ အမေ့သားလုပ်နိုင်တယ်ဆိုတာကို အမေယုံတယ်"
အမေ့ရဲ့လက်ဖဝါးတစ်ဖက်ကို Chanyeol တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ခေါင်းတဆတ်ဆတ်ညိမ့်ပြလိုက်ရင်း
"ကျွန်တော့် ဘဝတစ်လျှောက်လုံးလုပ်နိုင်တယ်အမေ၊ သေချာပေါက်လုပ်နိုင်တာပေါ့ဗျာ"
.................................................................................
Chanyeol ရေချိုးခန်းထဲကထွက်လာတော့ ဗီရိုထဲကအဝတ်အစားအနည်းငယ်ထုတ်ပြီး အိတ်ထဲထည့်နေတဲ့ ကောင်လေးကိုတွေ့လိုက်ရသည်။လုပ်ကိုင်နေပုံလေးက လှုပ်လီလှုပ်လဲ့မို့ အတွေးတခြားအလုပ်တခြားဖြစ်နေတာ သိသာပါသည်။
"ဦးဝတ်ဖို့ထုတ်ပေးထားတယ်ဗျ"
"ကောင်လေးလည်း ရေသွားချိုးတော့လေ"
"ဟုတ်ကဲ့"
ဗီရိုထဲက သဘတ်တစ်ထည်ယူပြီး ရေချိုးခန်းထဲဝင်သွားတဲ့ ကောင်လေးကိုကြည့်ရင်း Chanyeol သက်ပြင်းအသာချမိပါသည်။
ကောင်လေးကငါးမိနစ်တောင်မကြာဘဲ ရေချိုးခန်းထဲကပြန်ထွက်လာသည်။ဘယ်လောက်တောင် ဆေးရုံပြန်သွားချင်နေလဲမသိပါ။
စတိုင်ပန်ဘောင်းဘီရဲ့ခါးပတ်ကိုပတ်ပြီးသွားတာနဲ့ ရေသုတ်နေတဲ့ကောင်လေးကို ခါးကနေဆွဲဖက်ပြီး ခုတင်စောင်းမှာ Chanyeol ထိုင်ချလိုက်တော့ ကောင်လေးက သူ့ပေါင်ပေါ်အလိုလျောက်ထိုင်ကျလာသည်။
"ဦး..."
"ကလေးတွေဆိုတာ ဒီလိုပဲ၊ ငယ်ရွယ်စဉ်မှာ ဆေးရုံဆေးခန်းသွားရတဲ့ကိစ္စ တစ်ခုမဟုတ်တစ်ခုတော့ကြုံတတ်ကြတယ်၊ အခု ကိုယ်တို့သားလေးလည်းအဲ့လိုပဲပေါ့၊ ဒါပေမယ့် အကုန်ပြန်ပြီးတော့ အဆင်ပြေသွားပြီလေ၊ ဟုတ်တယ်မလား"
ကောင်လေးက Chanyeol ကိုမျက်လုံးလေးပင့်ပြီးမော့ကြည့်လာတာမို့ ပြုံးပြလိုက်ပြီး
"ကိုယ်တို့သားလေးမှာ ဘာစိုးရိမ်စရာမှမရှိတော့ဘူး၊ ကိုယ်ရှိတယ်၊ ကောင်လေးတို့သားအဖနှစ်ယောက်အတွက် ကိုယ်အမြဲတမ်းရှိနေမှာမို့ ဘာကိစ္စကိုမှအရမ်းကြီး စိုးရိမ်မကြီးနဲ့နော်၊ စိုးရိမ်ပူပန်စရာကိစ္စတွေအကုန်လုံးကို ကိုယ်ဖြေရှင်းမှာမို့ ကောင်လေးက စိတ်ချမ်းချမ်းသာသာနဲ့ပဲနေ၊ ဟုတ်ပြီလား"
ထိုအခါ ခေါင်းလေးခါပြရင်း Chanyeol ရဲ့ရင်ခွင်ထဲကိုကောင်လေးကခေါင်းတိုးဝင်ပြီး ခါးကိုလည်းသိုင်းဖက်လာသည်။
"ဘာလို့ခေါင်းခါတာလဲ ပြောပါဦးဗျာ"
"အတူတူ...အတူတူဖြေရှင်းမှာ၊ ဦးတစ်ယောက်တည်းကို အပူတွေမပေးရက်ပါဘူး ကျွန်တော်က၊ ကျွန်တော်လည်း ဟို..အတူတူမျှဝေခံစားပေးမှာပါ"
Chanyeol အပြုံးကြီးကြီးပြုံးရင်း ရင်ခွင်ထဲကအသည်းအသက်လေးကို နင့်နင့်နဲနဲတိုးဖက်လိုက်သည်။
"ဟားး ကောင်းလိုက်တာကွာ၊ ဒီလို အလိမ္မာတုံးလေးကို ယောက်ျားတော်ထားရတာ ကိုယ်တော့အရမ်းကံကောင်းတာပဲ"
"ကျွန်တော်က လိမ္မာတယ်ပေါ့"
"သေချာပေါက်ပေါ့၊ ကိုယ်သိသလောက်တော့ ကိုယ့်ယောက်ျားထက်လိမ္မာတဲ့လူမရှိတော့ဘူး၊ Baekhyunee လေးအလိမ္မာဆုံးပဲ"
"အဟင်း! ဦးကတော့လေ.."
Chanyeol ကိုမနိုင်တဲ့ပုံစံဖြင့် ရယ်သံလေးစွတ်ပြီးပြောလာတဲ့ စကားလေးကြားမှပဲ အသက်ဖြောင့်ဖြောင့်ရှူနိုင်ပါတော့သည်။
အချိန်တွေကြာလာတာနှင့်အမျှ ကောင်လေးက Chanyeol ရဲ့အသက်ရှူသံတွေအထိပါ စိုးမိုးထားပါရောလား....။
"ရွှတ်! ဒီနေ့အတွက် ကိုယ့်ယောက်ျားလေးပင်ပန်းသွားခဲ့ပြီ"
ငယ်ထိပ်လေးကို ရွှတ်ခနဲနမ်းလိုက်တော့ ကောင်လေးဆီကနေ သက်ပြင်းချသံသဲ့သဲ့လေးထွက်လာခဲ့သည်။
"ဒီနေ့ အကောင်းဆုံးလုပ်နိုင်ခဲ့တာမို့ ဆုချမယ်၊ ခေါင်းမော့ပါဦး"
"ဗျာ.."
"ခေါင်းလေးမော့ပါဦး၊ နမ်းချင်လို့"
"အာ...ဦးကလည်း.."
ဦးကလည်းသာဆိုတယ် ခေါင်းလေးကဖြည်းဖြည်းချင်းမော့လာပြီး Chanyeol ကိုအသေအချာမော့ကြည့်လာသည်။
လက်တစ်ဖက်က ခါးသိမ်သိမ်ကိုပွေ့ဖက်ပြီး ကျန်လက်ဖဝါးတစ်ဖက်က ပါးဖောင်းဖောင်းလေးတစ်ဖက်ကိုအုပ်မိုးပင့်မရင်း ပြုံးတုံ့တုံ့လုပ်နေတဲ့ နှုတ်ခမ်းပါးလေးကို Chanyeol တရှိုက်မက်မက်နမ်းရှိုက်လိုက်ပါတော့သည်။
ကိုယ့်ရင်တွေလည်းပူလောင်သွားခဲ့တာမို့ အနမ်းချိုချိုတွေကနေတစ်ဆင့် အားအင်တွေပြန်ယူပါရစေဦး ကောင်လေးရယ်...။
.................................................................................
(ဆက်ရန်)
(၃.၃.၂၀၂၄)
လွမ်းနေကြလား🥰🫶🏻
(Zawgyi)
Chanbaek ေလးရဲ့ရက္(၁၀၀)ျပည့္ၿပီးကတည္းက Baekhyun စာျပန္သင္ေနသည္မွာ တစ္ပတ္ခန့္ေလာက္ရွိေနၿပီျဖစ္သည္။
ေအာက္ထပ္ကဧည့္ခန္းဟာ မနက္၉နာရီကေန ေန႔လယ္ႏွစ္နာရီအထိက Baekhyun ရဲ့စာသင္ခန္းပင္။
"အခု xရဲ့တန္ဖိုးကို ဆရာတို႔ရွာၾကမယ္၊ ပုံေသနည္းအရင္ေရးလိုက္"
"ဟုတ္ကဲ့"
မွတ္မိေနတဲ့ပုံေသနည္းကို စာမ်က္ႏွာေပၚမွာ Baekhyun သြက္သြက္ေလးခ်ေရးလိုက္သည္။
"yတန္ဖိုးကို ဆရာတို႔သိတယ္၊ ပုံေသနည္းကိုသုံးၿပီးေတာ့..."
"အဲ..ခစ္ခစ္"
"ဟင္.."
စာသင္ေနရင္း ကေလးရဲ့အသံတစ္စြန္းတစ္စၾကားလိုက္တာနဲ႔ Baekhyun ရဲ့ေခါင္းဟာေထာင္ခနဲ။မ်က္လုံးအၾကည့္ေတြကလည္း ကေလးရွိနိုင္မယ့္ေနရာကို ေမၽွာ္ၾကည့္ေနသည္။
ဒီအေျခအေနက စာသင္ေပးတဲ့ဘာသာရပ္ဆရာတိုင္းၾကဳံေနၾကဖို႔ အေထြအထူးမလုပ္ဘဲ ဆရာကစာသင္တာကို ခဏရပ္ေပးထားပါသည္။Baekhyun ဟာသူ႔သားေလးႏွင့္ပတ္သတ္ရင္ အေတာ္ေလးစိတ္ခံစားခ်က္ျပင္းတာမို႔ အကုန္လုံးကနားလည္ေပးထားသည္။စာသင္ရတဲ့အခ်ိန္ ငါးနာရီအတြင္းမွာ ေဒၚေလးမီက Chanbaek ေလးကိုခ်ီၿပီး မၾကာခဏဆိုသလိုလည္း Baekhyun ထံလာျပရပါေသးသည္။
Baekhyun ရဲ့စိတ္ေတြစာထဲျပန္ေရာက္ၿပီဆိုမွပဲ ဆရာလည္း စာဆက္သင္ဖို႔ျပင္ရသည္။
မနက္ပိုင္း စာသင္ခ်ိန္ေလးခ်ိန္ၿပီးသြားေတာ့ တစ္နာရီခန့္ထမင္းစားနားပါသည္။
ထမင္းစားခန္းထဲ Baekhyun ဝင္သြားေတာ့ ဖြားဖြားႏွင့္ေဒၚေလးမီတို႔က ထမင္းဝိုင္းျပင္ထားၿပီး အဆင္သင့္ေစာင့္ေနၾကသည္။
တစ္ေန႔တာလုံးအတြက္ အိမ္မွာ Baekhyun တို႔သားအဖရယ္ ဖြားဖြားရယ္ ေဒၚေလးမီရယ္သာရွိၿပီး က်န္တဲ့လူေတြက အလုပ္ကိုယ္စီသြားၾကပါသည္။Park family ကေဆး႐ုံအလုပ္ကိုယ္စီသြားၾကၿပီး Baekhyun ရဲ့အေဒၚျဖစ္သူကေတာ့ စားေသာက္ဆိုင္တစ္ခုမွာ လက္ေထာက္စားဖိုမွူးအျဖစ္အလုပ္ဝင္ေနပါသည္။
ဖြားဖြားတို႔ကိုျပဳံးျပရင္း Baekhyun ခုံမွာဝင္ထိုင္လိုက္သည္။
"သားသားအိပ္သြားတာ ၾကာၿပီလား ဖြားဖြား၊ နို႔ေတာင္မတိုက္လိုက္ရဘူး"
သားျဖစ္သူအိပ္ေနတဲ့အခန္းထဲကိုဝင္ၾကည့္ၿပီးမွသာ Baekhyun ထမင္းစားခန္းဆီလာတာျဖစ္သည္။
"အမေလး ဖြားျမစ္က ဗိုက္ဆာရင္ၿငိမ္ေနတတ္တာမဟုတ္ဘူး၊ ျဖည့္စြက္စာေကၽြးၿပီးမွ အိပ္သြားတာပါကြယ္၊ ဖြားေျမးေလးနို႔ေတြတင္းေနလို႔လား"
"ဟို...နည္းနည္းပါ ဖြားဖြား"
"နိုးလာမွ နို႔ဆာေနရင္ အခ်ိန္ခဏေပးၿပီးတိုက္လိုက္ေပါ့၊ ကဲ ဖြားတို႔ထမင္းစားၾကရေအာင္"
"ဟုတ္ကဲ့၊ ေဒၚေလးမီေရာ"
"စားပါ့မယ္ကြယ္"
ထမင္းဝိုင္းမွာ လူသုံးေယာက္တည္းသာရွိေပမယ့္လည္း တစ္ေယာက္တည္းစားရတာမဟုတ္တာမို႔ Barkhyun ထမင္းစားၿမိန္ပါသည္။ဒီအခ်ိန္ဆို ဦးလည္း ေန႔လယ္စာစားေနေလာက္ေရာေပါ့။
လူႀကီးႏွစ္ေယာက္ႏွင့္အတူ ေန႔လယ္စာကိုတိတ္တဆိတ္စားၿပီးသြားေတာ့ စာသင္ခ်ိန္ျပန္မစခင္ သားေလးအိပ္ေနတဲ့အခန္းထဲကို Baekhyun ေနာက္တစ္ႀကိမ္ထပ္သြားၾကည့္သည္။
"ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို အိပ္ေနတာပါလား"
ပုခတ္ထဲမွာ ပိုးလို႔ပက္လက္ေလးလန္ၿပီး အိပ္ေမာက်ေနတဲ့သားသားကိုၾကည့္ရင္း Baekhyun မွာခ်စ္မဝနိုင္ပါ။ပါးေဖာင္းေဖာင္းကိုအသာဖ်စ္ညႇစ္ရင္း အတင္းဖက္နမ္းခ်င္တဲ့စိတ္ကိုထိန္းထားရသည္။
"သားသား အိပ္ပုတ္ေလး..."
ဆရာေရာက္လာခ်ိန္နီးၿပီမို႔ Baekhyun အခန္းထဲကေန ျပန္ထြက္လာခဲ့လိုက္သည္။
အခန္းေရွ႕ေရာက္ေတာ့ ဖြားဖြားႏွင့္ဆုံသည္။ဖြားဖြားက သူ႔ျမစ္အိပ္ေနတာကို ဆြယ္တာထိုးရင္းထိုင္ေစာင့္ေပးဖို႔အတြက္ အကုန္ျပင္ဆင္လာပါသည္။
"သားသားနိုးလို႔ ဂ်ီေနရင္ သားကိုလွမ္းေခၚလိုက္ေနာ္ ဖြားဖြား"
"ေအးပါကြယ္၊ သြားသြား ေတာ္ၾကာေန ဆရာလာေတာ့မွာ"
"ဟုတ္ကဲ့"
Baekhyun ဧည့္ခန္းထဲကိုျပန္ထြက္လာရင္း စာျပန္ေႏႊးေနတုန္းမွာပင္ စာသင္မည့္ဆရာကေရာက္လာေလၿပီ။
ဘာသာရပ္ဆရာက ငယ္ရြယ္ၿပီး တကၠသိုလ္ေနာက္ဆုံးႏွစ္ေက်ာင္းသားျဖစ္ေပမယ့္လည္း စာအသင္အျပေကာင္းသူျဖစ္သည္။Baekhyun ကိုစာသင္ေပးတဲ့ဆရာေတြထဲမွာ ထိုဆရာကအငယ္ဆုံးျဖစ္သည္။
"မေန႔က သင္လိုက္တဲ့စာေတြျပန္ၾကည့္လား Baekhyun"
"ၾကည့္တယ္ ဆရာ"
"ဘာနားမလည္တာရွိလဲ၊ ကိုယ္အခုျပန္ရွင္းျပေပးမယ္"
"နားမလည္တာမရွိပါဘူးဗ်"
ညပိုင္း Baekhyun စာျပန္လုပ္တဲ့အခ်ိန္ ဦးကေဘးနားကေန နားမလည္တာေတြရွိရင္ ရွင္းျပေပးေနၾကမို႔ ႏွစ္ေခါက္သင္ရသလိုမ်ိဳး အကုန္လုံးရွင္းလင္းပါသည္။
"ေကာင္းပါၿပီ၊ ဒါဆို အခန္းသစ္တက္ၾကတာေပါ့"
"ဟုတ္ကဲ့"
:
စာငုံ႔ေရးေနတဲ့အခ်ိန္ တစ္ေယာက္ေယာက္ကၾကည့္ေနသလိုမ်ိဳးခံစားရတာမို႔ Baekhyun မ်က္လုံးလွန္ၾကည့္လိုက္ေတာ့ မ်က္ေတာင္တျဖတ္ျဖတ္ခတ္ေနတဲ့ ဆရာ့ကိုသာေတြ႕ရသည္။Baekhyun လည္းကိုယ့္စာကိုယ္သာ ျပန္ငုံ႔ေရးေနလိုက္သည္။
ငါးမိနစ္ေလာက္အၾကာမွာေတာ့ ေရးေနတဲ့ပုစၧာၿပီးသြားေလၿပီ။
"ၿပီးသြားၿပီ ဆရာ"
"အင္း၊ စစ္ၾကည့္ရေအာင္"
Baekhyun ေရးထားတဲ့စာအုပ္ကိုယူၿပီး ဆရာကအမွတ္ျခစ္ေပးေနသည္။
အနားရတာမို႔ ေဒၚေလးမီလာခ်ေပးထားတဲ့ အေအးႏွစ္ခြက္ထဲကတစ္ခြက္ကိုယူၿပီး Baekhyun တစ္ငုံေမာ့ေသာက္လိုက္သည္။အေအးခြက္ျပန္ခ်ရင္း ဆရာ့ထံအၾကည့္ေရာက္ခ်ိန္မွာ ဆရာက Baekhyun ကိုၾကည့္ေနတာမို႔ ရင္ထိတ္သြားရသည္။စာေတြမွားမ်ားေနတာလား။
"ဘယ္နားမွားလို႔လဲ ဆရာ"
"မမွားပါဘူး၊ ဒါနဲ႔ Chanbaek ေလးအသံမၾကားပါလား၊ အိပ္ေနတာလား"
"ဟုတ္တယ္ဗ်"
"အဟြန္း! အိပ္ပုတ္ေလးက အအိပ္မက္တာပဲ"
Baekhyun ျပဳံးလိုက္ရင္း
"အအိပ္နဲ႔အစားက သားသားအမက္ဆုံးပါပဲ ဆရာရယ္"
ဆရာကသေဘာက်ဟန္ျဖင့္ ေခါင္းတညိမ့္ညိမ့္လုပ္ရင္းရယ္သည္။သားေလးကို ဝိုင္းခ်စ္ေပးၾကရင္ပဲ Baekhyun ကအလိုလိုေပ်ာ္ေနတာပါ။သားသားက အခ်စ္ေတြအမ်ားႀကီးႏွင့္ထိုက္တန္သည့္ကေလးေလး။
"တစ္ဦးတည္းေသာသားေလးမို႔ ေဒါက္တာ Park ကေတာ့ သူ႔သားကိုတုန္ေနေအာင္ခ်စ္မွာပဲ"
"ဟုတ္တယ္ဗ်၊ ဦးက သားသားမ်က္ႏွာကိုတစ္ခ်က္အညႇိုးမခံဘူးရယ္၊ သူနဲ႔အတူရွိေနရင္ ငိုသံသဲ့သဲ့ေတာင္မထြက္ေစရဘူး၊ သားသားကလည္း သူ႔ေဖႀကီးကိုအရမ္းခ်စ္၊ ေနာက္ေက်ာေလးျမင္ေနရရင္ေတာင္ တခစ္ခစ္ရယ္ၿပီးေပ်ာ္ေနတတ္တာဗ်"
ဦးႏွင့္သားအေၾကာင္းေျပာေနရတာမို႔ Baekhyun ရဲ့မ်က္ႏွာမွာပီတိအျပဳံးေတြ ေဝဆာေနခဲ့သည္။
"ေဒါက္တာ Park ကအရမ္းကံေကာင္းပါတယ္၊ Baekhyun တို႔သားအဖကိုပိုင္ဆိုင္ခြင့္ရထားလို႔ေလ"
Baekhyun ျပဳံးျပဳံးေလးျဖင့္ေခါင္းခါလိုက္ၿပီး
"မဟုတ္ဘူး ဆရာ၊ ဦးနဲ႔သက္ဆိုင္ခြင့္ရထားတဲ့ ကၽြန္ေတာ္တို႔သားအဖကသာ ကံေကာင္းတာပါ၊ ဦးက ကၽြန္ေတာ္တို႔သားအဖႏွစ္ေယာက္အတြက္ တကယ္ကိုမရွိမျဖစ္ပါပဲ"
ဆရာက Baekhyun ကိုမ်က္ႏွာအသာလႊဲသြားသည္။
"ကဲ ခဏလည္းနားၿပီးၿပီဆိုေတာ့ ဆက္သင္ၾကတာေပါ့"
"ဟုတ္ကဲ့ ဆရာ"
ႏွစ္ေယာက္သား စာဆက္သင္ဖို႔ျပင္လိုက္ၾကခ်ိန္မွာပဲ
"ေျမးေရ! ဖြားေျမးေရ! Baekhyun ေရလာပါဦး! ဒီမွာ ျမစ္ေလးတက္ေနလို႔! လာၾကပါဦး!"
"ဟင္! သားသား!"
ဖြားဖြားရဲ့ေအာ္ေခၚသံေၾကာင့္ လက္ထဲကစာအုပ္ေတြကိုပစ္ခ်ၿပီး ဘယ္လိုပင္ ဧည့္ခန္းထဲကေျပးထြက္သြားမိမွန္း Baekhyun မသိေတာ့ပါ။ဆရာကလည္း Baekhyun ရဲ့အေနာက္ကေနအလ်င္စလိုေျပးလိုက္လာသည္။
"ဖြားဖြား!"
အခန္းထဲကိုေရာက္ေတာ့ ဖြားဖြားက သားေလးပုခတ္အနားမွာရပ္ေနၿပီး စိုးရိမ္တႀကီးျဖင့္ငုံ႔ၾကည့္ေနပါသည္။ဖြားဖြားက ခါးကုန္းလို႔မရတာမို႔ သားေလးကိုခ်ီလို႔မရဘဲ တုန္တုန္ယင္ယင္ျဖစ္ေနသည္။
"သားသားဘာျဖစ္တာလဲ! ဘာျဖစ္လို႔လဲ ဖြား!"
ပုခတ္အနားကို အျမန္သြားၿပီး ပုခတ္ထဲကသားေလးကို Baekhyun ေပြ႕ခ်ီလိုက္ေတာ့ လက္ထဲေရာက္လာတဲ့သားေလးရဲ့တစ္ကိုယ္လုံးကတုန္ယင္ေနပါသည္။
"ျမစ္ေလးကတက္ေနတာ! ေဆး႐ုံကိုအျမန္သြားရမယ္! အမေလး လုပ္ၾကပါဦး!"
"ကေလးကမ်က္ျဖဴလန္ေနၿပီ! ေဆး႐ုံအျမန္သြားမယ္! ကိုယ့္မွာကားပါတယ္! လာ လာ!"
"သားသား..သားသား"
"အဖြားတို႔ LOEY ေဆး႐ုံကိုလွမ္းအေၾကာင္းၾကားထားလိုက္၊ ကၽြန္ေတာ္တို႔အဲ့ကိုပဲသြားမွာ၊ ေရာက္တာနဲ႔တန္းကုလို႔ရေအာင္၊ လာ Baekhyun"
"ေအးပါကြယ္ ေအးပါ၊ ဂ႐ုစိုက္ၾကပါဦး၊ အမေလး ငါ့ျမစ္ေလး!"
Baekhyun ဘာစကားမွမဆိုနိုင္ဘဲ သားကိုေပြ႕ခ်ီလၽွက္သားနဲ႔ပဲ ဆရာဆြဲေခၚရာေနာက္ကိုပါသြားခဲ့သည္။
ကားေပၚတက္ၿပီးေမာင္းထြက္သြားသည္အထိ Baekhyun စိတ္နဲ႔ကိုယ္နဲ႔မကပ္ေသးဘဲ မ်က္ဝန္းအၾကည့္ေတြကအစေၾကာင္ေတာင္ေတာင္ျဖစ္ေနခဲ့သည္။လက္ထဲေပြ႕ထားတဲ့သူ႔သားေလးကို တစ္ခ်က္မွငုံ႔မၾကည့္ေပမယ့္လည္း အပြန္းအပဲ့မခံနိုင္တဲ့ေႂကြ႐ုပ္ေလးအလား တယုတယျဖင့္ေပြ႕ပိုက္ထားပါသည္။
ဆရာျဖစ္သူက ကားေမာင္းေနရင္းမွ ေဘးနားကို စိုးရိမ္တႀကီးျဖင့္လွည့္လွည့္ၾကည့္ေနသည္။Chanbaek ေလးကမ်က္ျဖဴလန္ေနၿပီး Baekhyun ကေၾကာင္စီစီမ်က္ဝန္းေတြျဖင့္ႏွုတ္ခမ္းေတြတဆတ္ဆတ္တုန္ေနတာမို႔ ကားကိုသာအရွိန္ပိုျမႇင့္လိုက္ပါေတာ့သည္။
:
ဆရာေမာင္းလာတဲ့ကား ေဆး႐ုံေရွ႕ရပ္သြားတာနဲ႔ အဆင္သင့္ေစာင့္ေနၾကတဲ့ ဆရာဝန္ေတြႏွင့္ ခုတင္တြန္းလွဲကိုေတြ႕လိုက္ရသည္။ကားရပ္လာေတာ့ ေစာင့္ေနတဲ့လူေတြအကုန္ လွုပ္လွုပ္ရွားရွားျဖစ္သြားၾကသည္။
"ေဆး႐ုံေရာက္ၿပီ Baekhyun!"
ဆရာကပဲ အေျပးအလႊားဆင္းၿပီး Baekhyun ထိုင္ေနတဲ့ဘက္တံခါးကို သြားဖြင့္ေပးလိုက္သည္။ထိုအခါမွ ခပ္သြက္သြက္ေလးဆင္းလာတဲ့ Baekhyun။
"ဦး! ဦးေရာ! သားသားဘာျဖစ္တာလဲမသိဘူး..ကယ္ပါဦး!"
"ကေလးကိုတြန္းလွည္းေပၚတင္လိုက္ ျမန္ျမန္!"
Baekhyun ရဲ့လက္ထဲကသားေလးကို ဆရာဝန္တစ္ေယာက္ကခ်ီယူၿပီးတြန္းလွဲေပၚပက္လက္အေနအထားတင္လိုက္သည္။
"ေဒၚေဒၚပတ္..."
"အင္း Hyunee ဘာမွမစိုးရိမ္နဲ႔ေနာ္ ေကာင္းသြားမွာ"
"လမ္းဖယ္ထား၊ ကေလးအထူးကုေဆာင္ကိုသြားမယ္"
"ေဖေဖပတ္.."
"ဘာမွမျဖစ္ဘူး Baekhyun ၊ အေဖတို႔ရွိတယ္"
"အေမတို႔ရွိတယ္ေနာ္၊ ေျမးေလးဘာမွမျဖစ္ဘူး ဘာမွစိတ္မပူနဲ႔"
ေမေမပတ္က Baekhyun ရဲ့လက္ေမာင္းကိုတြဲကူေလၽွာက္ၿပီး ႏွစ္သိမ့္စကားေျပာလာသည္။အနားမွာမိသားစုဝင္ေတြအကုန္ရွိေနပါေသာ္လည္း ဦးရဲ့အရိပ္အေယာင္ကိုေတာ့ျဖင့္ Baekhyun မေတြ႕မိပါ။
ပတ္ဝန္းက်င္အား ေၾကာင္စီစီေလၽွာက္ၾကည့္ရင္းနဲ႔ပဲ ယိုင္နဲ႔နဲ႔ေျခလွမ္းေတြႏွင့္အတူ သားေလးရဲ့တြန္းလွဲအေနာက္ကေန Baekhyun ထပ္ၾကပ္မကြာေျပးလိုက္ေနမိပါသည္။
ကေလးအထူးကုေဆာင္ကိုေရာက္ေတာ့ သားေလးကိုအခန္းတစ္ခုတည္းေခၚသြားတဲ့အခ်ိန္ Baekhyun ကေတာ့အျပင္မွာရပ္က်န္ေနခဲ့ရသည္။
ေဆး႐ုံအုပ္ႀကီးကေတာ့ သူ႔ေျမးပါသြားတဲ့အခန္းထဲကို လိုက္ဝင္သြားေပမယ့္ အဖြားျဖစ္သူရယ္ အေဒၚရယ္ကေတာ့ Baekhyun ႏွင့္အတူအျပင္မွာသာက်န္ေနခဲ့ပါသည္။ထို႔အျပင္ ဆရာကလည္း အခုအခ်ိန္ထိ Baekhyun ရဲ့အနားမွာရွိေနေသးသည္။
"လာ ဒီမွာထိုင္ေစာင့္ၾကရေအာင္"
ေမေမပတ္က Baekhyun ရဲ့လက္ေမာင္းကိုတြဲကူၿပီး လူနာေစာင့္ခုံတန္းမွာထိုင္ေစလိုက္သည္။ေတြေတြႀကီးျဖစ္ေနတဲ့ Baekhyun ရဲ့ပုံစံကစိတ္ႏွင့္ကိုယ္မကပ္တာသိသာပါသည္။
"ေဆး႐ုံေရာက္လာၿပီမို႔ အဆင္ေျပသြားမွာပါ၊ အရမ္းစိတ္မပူနဲ႔ေတာ့ေနာ္ Hyunee"
"ဟုတ္တယ္၊ ေဒၚေဒၚပတ္တို႔ ေဆး႐ုံကဆရာဝန္ေတြက အရမ္းေတာ္တာ၊ တူေလးဘာမွမျဖစ္ဘူး၊ သက္သာသြားမွာ"
Baekhyun ကိုအားေပးစကားေျပာေနတဲ့ ေမေမပတ္ႏွင့္ ေဒၚေဒၚပတ္တို႔ဟာ ကိုယ္တိုင္ကေတာ့ ထိုင္ရမလိုထရမလိုျဖစ္ေနၾကသည္။
"ဦး..."
"ဟင္..."
"ဦးေရာဟင္ ေမေမပတ္"
Baekhyun ရဲ့ေမးသံေလးက ခပ္တိုးတိုး။
"Chanyeol ကခြဲခန္းဝင္ေနတယ္ Hyunee၊ အိမ္ကလူေတြဖုန္းဆက္လွမ္းအေၾကာင္းၾကားၾကတုန္းက Chanyeol ကခြဲခန္းထဲဝင္ၿပီးေနၿပီေလ၊ အခုကိစၥသူမသိေသးဘူး၊ ခြဲစိတ္ခန္းထဲကထြက္ရင္ေတာ့ ခ်က္ခ်င္းသိၿပီးေရာက္လာမွာပါ"
ေမေမပတ္ကိုေမးလိုက္ေပမယ့္ ျပန္ေျဖလာသူက ေဒၚေဒၚပတ္။Baekhyun ရဲ့ပုခုံးကိုလည္း အားေပးသလိုဖ်စ္ညႇစ္ထားေသးသည္။Baekhyun ရဲ့မ်က္ဝန္းအစုံဟာ ရဲေစြးေနၿပီး မ်က္ရည္စေတြရစ္သိုင္းေနေပမယ့္လည္း မ်က္ရည္တစ္စက္မွက်မလာခဲ့ပါ။အခ်င္းခ်င္းခပ္တင္းတင္းဆုပ္ကိုင္ထားတဲ့ လက္ကေလးႏွစ္ဖက္ကိုၾကည့္ျခင္းအားျဖင့္ စိတ္အရမ္းတင္းထားမွန္းသိသာပါသည္။
:
အခ်ိန္အားျဖင့္ မိနစ္ႏွစ္ဆယ္ေလာက္ကုန္သြားၿပီျဖစ္သည္။Chanbaek ေလးရွိေနတဲ့အခန္းထဲကို သူနာျပဳေတြဝင္လိုက္ထြက္လိုက္လုပ္ေနၾကတာကလြဲ တျခားဘာအေၾကာင္းအရာမွေတာ့ ထူးျခားမလာေသးပါ။
"သမီးဝင္ၾကည့္လိုက္ရင္ေကာင္းမလား အေမ"
"အင္း ဝင္ၾကည့္ပါဦးသမီးရယ္၊ သမီးအေဖကလည္း ဘာမွအက်ိဳးအေၾကာင္းထြက္မေျပာဘူး"
"ဟုတ္ကဲ့"
ေဒၚေဒၚပတ္က အခန္းထဲကို ခပ္သြက္သြက္ဝင္သြားတာမို႔ Baekhyun ထိုင္ေနရာမွထရပ္လိုက္မိသည္။သို႔ေသာ္ ေျခေထာက္တစ္စုံလုံးအားနည္းၿပီး ယိုင္နဲ႔သြားတာသာအဖက္တင္ပါသည္။
"သတိထား Baekhyun"
"Hyunee ရရဲ့လား၊ ထိုင္ေန ထိုင္ေန၊ စိတ္ကိုေလ်ာ့ထားပါကြယ္"
ဆရာက Baekhyun ရဲ့ပုခုံးကိုထိန္းဖက္ထားၿပီး ထိုင္ခုံမွာထိုင္ေစတဲ့အခ်ိန္
ေဒါက္! ေဒါက္! ေဒါက္!
ေလၽွာက္လမ္းထက္မွာ ေဒါက္ပါတဲ့ဖိနပ္သံရဲ့ေျပးလႊားမွုက ႀကီးစိုးသြားခဲ့ၿပီး
"ေကာင္ေလး!"
စိုးရိမ္တႀကီးေခၚသံက ထြက္ေပၚလာေလေတာ့ အသံလာရာဆီကို Baekhyun ရဲ့ေျခေထာက္ေတြဦးတည္လၽွက္သားျဖစ္သြားသည္။
"ဦး...."
Baekhyun ရဲ့ေခၚသံဟာ အတုန္တုန္အယင္ယင္။
ဂ်ဴတီကုတ္ပင္မဝတ္ထားတဲ့ ဦးက ေခါင္းတဆတ္ဆတ္ညိတ္ျပၿပီး Baekhyun ရဲ့အနားကိုလႊားခနဲေရာက္လာခဲ့ပါသည္။
စကၠန့္ပိုင္းအတြင္းမွာ Baekhyun ေရာက္ရွိသြားတဲ့ေနရာက ေႏြးေထြးၿပီးေတာ့လုံျခဳံမွုအျပည့္ျဖစ္ေနတာမို႔ Baekhyun ရဲ့မ်က္လုံးေတြပူေႏြးသြားၿပီး ပါးျပင္ႏွစ္ဖက္လုံးစိုရႊဲသြားရပါေတာ့သည္။
"ဦး!"
"ကိုယ္ရွိတယ္၊ ကိုယ္ရွိတယ္ေနာ္"
ဦးရဲ့ရင္ဘက္ကအကၤ်ီစကိုဆုပ္ကိုင္ရင္း ရင္ခြင္က်ယ္ႀကီးထဲ Baekhyun ထပ္ခါထပ္ခါတိုးဝင္မိသည္။ရင္ထဲပူေလာင္လြန္းေနတာမို႔ ေအးခ်မ္းမွုေပးနိုင္တဲ့ေနရာကို Baekhyun မက္ေမာမိတာပါ။
"ဦး! သားေလးေလ...သားသားက! သားသားကေလ...အင့္! ကၽြန္...ကၽြန္ေတာ္..."
"သားေလးဘာမွမျဖစ္ဘူး၊ ဘာမွမျဖစ္ဘူး၊ ကိုယ္ရွိတယ္ေနာ္၊ ကိုယ္တစ္ေယာက္လုံးရွိတယ္၊ အဆင္ေျပမွာ၊ အားလုံးအဆင္ေျပသြားမွာ၊ ေကာင္ေလးစိတ္ပူေနတာေတြ ဘာမွျဖစ္လာမွာမဟုတ္ဘူး"
"သားသား...ကၽြန္ေတာ့္ရဲ့သားေလး တုန္ေန...တာ အင့္! မ်က္လုံး..မ်က္လုံးကလည္း! ဦးေရ ကၽြန္ေတာ္တို႔သားေလးကေလ...အဟြတ္! သားေလးက..."
"ကိုယ္သိၿပီ၊ ကိုယ္သိၿပီ ေကာင္ေလး၊ ဘာမွမျဖစ္ဘူး၊ တကယ္ဘာမွမျဖစ္ဘူး၊ ကိုယ့္ကိုယုံေနာ္၊ ကိုယ့္ကိုယုံပါ ေကာင္ေလး၊ ကိုယ္တို႔သားေလးဘာမွမျဖစ္ဘူး"
"ယုံတယ္ အင့္! ယုံတယ္၊ ယုံပါတယ္ဗ်ာ"
ထိုသို႔ျဖင့္ သူ႔အတြက္လုံျခဳံေႏြးေထြးမွုအျပည့္ေပးနိုင္တဲ့ရင္ခြင္က်ယ္ႀကီးမွာ Baekhyun အခ်ိန္တစ္ခုထိ မ်က္ႏွာအပ္လို႔ စိတ္ေအးခ်မ္းမွုကို ျဖည္းျဖည္းခ်င္းရယူခဲ့ရပါသည္။
:
"ေဆး႐ုံကိုအခ်ိန္မွီေရာက္လာပါတယ္၊ အတြင္းတက္မဟုတ္တာ ကံေကာင္းတယ္ေျပာရမယ္၊ အခု လုံးဝစိတ္ခ်ရတဲ့အေျခအေနကိုေရာက္သြားပါၿပီ"
အထူးကုဆရာဝန္ရဲ့စကားအဆုံး အကုန္လုံး သက္ျပင္းကိုယ္စီခ်လိုက္မိၾကပါသည္။
"ငါ့ေျမးကို အထူးခန္းမွာ သုံးရက္ေလာက္ထားၿပီး ေစာင့္ၾကည့္မယ္၊ အေျခအေနအကုန္ ပုံမွန္ျပန္ျဖစ္မွ အိမ္ျပန္ေခၚတာေပါ့"
ေဆး႐ုံအုပ္ႀကီးကေျပာေျပာဆိုဆိုျဖင့္ ခုတင္ေပၚက ေျမးျဖစ္သူကိုတစ္ခ်က္ၾကည့္ၿပီးမွ အခန္းထဲကထြက္သြားသည္။
"သားတို႔ႏွစ္ေယာက္ အိမ္ခဏျပန္ရင္ျပန္လိုက္ပါလား၊ ယူစရာရွိတာယူၿပီးမွ ညေနျပန္လာခဲ့ၾကေလ၊ သုံးရက္လုံးေဆး႐ုံမွာပဲေနၾကေတာ့မွာမလား"
"ဟုတ္ကဲ့၊ ခဏေတာ့ျပန္လိုက္မယ္ အေမ၊ ကိုယ္တို႔ခဏေတာ့ျပန္ၾကမယ္ေနာ္ ေကာင္ေလး"
Baekhyun ရဲ့အၾကည့္ေတြအကုန္လုံးက ခုတင္ေပၚမွာ ေဆးပိုက္တန္းလန္းျဖင့္ၿငိမ္သက္ေနတဲ့ သားျဖစ္သူဆီကိုသာ အလုံးစုံေရာက္ေနသည္။
"ကၽြန္ေတာ္...သားသားကို..ခဏေလာက္..ၾကည့္ပါရေစဦးေနာ္..ဦး"
"လာ ဒီနားမွာထိုင္၊ သားကအကုန္အဆင္ေျပသြားၿပီ၊ ဘာမွ စိတ္မပူနဲ႔ေတာ့ေနာ္"
"ဟုတ္ကဲ့..."
ခုတင္ေဘးကခုံေပၚမွာ ခပ္ၿငိမ္ၿငိမ္ထိုင္ၿပီး သားျဖစ္သူကို မ်က္စိေဒါက္ေထာက္ၾကည့္ေနတဲ့ Baekhyun ေၾကာင့္ Chanyeol ေရာ ေမေမပတ္ပါ သက္ျပင္းအသာခ်မိၾကပါသည္။
"သား Yeollie၊ ခဏ လိုက္ခဲ့"
"ဟုတ္ကဲ့...အေမ"
သားအဖႏွစ္ေယာက္ကို တစ္ခ်က္ၾကည့္ၿပီးမွသာ အေမေခၚရာေနာက္ Chanyeol လိုက္သြားလိုက္သည္။
:
အခန္းျပင္ေရာက္ေတာ့ အစ္ႏွင့္အတူ ေကာင္ေလးရဲ့ဆရာကိုပါ ေတြ႕လိုက္ရသည္။
"နင္တို႔အိမ္ျပန္ၾကဦးမွာလား၊ တူေလးကိုငါနဲ႔အေမေစာင့္ေပးထားမယ္"
"အင္း အစ္မ"
"ဆရာေရာ ျပန္ေတာ့မယ္ဆို ကၽြန္မလိုက္ပို႔မယ္ေနာ္"
အစ္မရဲ့ေဘးနားမွာရပ္ေနတဲ့ဆရာ့ကို Chanyeol ျပဳံးျပလိုက္ၿပီး
"ဒီေန႔အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဆရာ"
"မဟုတ္တာ ေဒါက္တာ Park၊ ေျပာစရာလူေတြမွမဟုတ္တာပဲ၊ ဒါဆို ကၽြန္ေတာ့္ကိုခြင့္ျပဳပါဦး၊ မနက္ျဖန္က် ကေလးအေျခအေနေလးတစ္ေခါက္လာၾကည့္ပါဦးမယ္"
"ေကာင္းပါၿပီဗ်ာ"
"ေဆး႐ုံအုပ္ကေတာ္လည္း ကၽြန္ေတာ့္ကိုခြင့္ျပဳပါဦး"
"ေကာင္းပါၿပီကြယ္"
ဆရာက Chanyeol တို႔ေတြကိုႏွုတ္ဆက္ၿပီးမွ အစ္မႏွင့္အတူ ထြက္သြားပါသည္။
"ကၽြန္ေတာ့္ကို ဘာေျပာမလို႔လဲ အေမ"
ႏွစ္ေယာက္တည္းရွိေတာ့မွ Chanyeol အေမ့ကိုစကားစလိုက္ေတာ့ အေမကခုံမွာထိုင္လိုက္တာမို႔ Chanyeol လည္းဝင္ထိုင္လိုက္သည္။
"Hyuneeေလးအေၾကာင္းပါကြယ္"
"ေျပာပါ အေမ"
"ဒီေန႔ ေျမးေလးေဆး႐ုံေရာက္လာတဲ့အခ်ိန္ Hyuneeေလးကစိတ္နဲ႔ကိုယ္နဲ႔လုံးဝမကပ္တာကြယ္၊ ျပာယာခတ္မေနေပမယ့္ လုံးဝကိုၿငိမ္က်ေနၿပီး မ်က္လုံးေတြဂနာမၿငိမ္ကိုျဖစ္ေနတာ"
".............."
"ဒါေပမယ့္ေနာ္ လုံးဝမငိုဘူး၊ စိတ္ကိုအရမ္းတင္းထားတဲ့ပုံေလး၊ အေမထင္တာေတာ့ေလ အဲ့ဒီအခ်ိန္ သားကရွိမေနေတာ့ ကေလးအတြက္ အေဖတစ္ေယာက္ျဖစ္တဲ့သူကၿပိဳလဲေနလို႔မျဖစ္ဘူးဆိုတဲ့စိတ္ေလးနဲ႔ တင္းထားတာပဲျဖစ္ရမယ္"
".............."
"သားကိုျမင္မွပဲ ဖက္ၿပီးေတာ့ရွိုက္ႀကီးတငင္ငိုတာကိုသာၾကည့္ေတာ့ေလ၊ သားက Hyuneeရဲ့စိတ္ထဲမွာ သူတို႔သားအေဖႏွစ္ေယာက္အတြက္ တကယ့္ကိုမဟာတံတိုင္းႀကီးပဲဆိုတာကို အေမဒီေန႔ပိုၿပီးနားလည္သြားခဲ့ရပါတယ္ကြယ္"
သူ႔ရင္ခြင္ထဲမွာ ေခ်ာင္းေတြဆိုးသည္အထိ ရွိုက္ႀကီးတငင္ငိုေနသူေလးကို ျပန္ျမင္ေယာင္မိေတာ့ Chanyeol ရဲ့ရင္ဘက္ႀကီးတစ္ခုလုံး ထပ္မံ၍တင္းၾကပ္သြားရပါသည္။ေကာင္ေလးက သားေလးရဲ့အေျခအေနကိုလည္း ငိုေနလၽွက္နဲ႔ေျပာျပေသးတာမလား။
"အေမ့သား Yeollie"
"ဟုတ္ကဲ့ အေမ"
"သားရဲ့မိသားစုေလးကို အျမဲတမ္း ခ်စ္ျခင္းေမတၱာေတြ ေႏြးေထြးလုံျခဳံမွုေတြ အျပည့္အဝေပးေနာ္၊ အေမ့သားလုပ္နိုင္တယ္ဆိုတာကို အေမယုံတယ္"
အေမ့ရဲ့လက္ဖဝါးတစ္ဖက္ကို Chanyeol တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ၿပီး ေခါင္းတဆတ္ဆတ္ညိမ့္ျပလိုက္ရင္း
"ကၽြန္ေတာ့္ ဘဝတစ္ေလၽွာက္လုံးလုပ္နိုင္တယ္အေမ၊ ေသခ်ာေပါက္လုပ္နိုင္တာေပါ့ဗ်ာ"
.................................................................................
Chanyeol ေရခ်ိဳးခန္းထဲကထြက္လာေတာ့ ဗီရိုထဲကအဝတ္အစားအနည္းငယ္ထုတ္ၿပီး အိတ္ထဲထည့္ေနတဲ့ ေကာင္ေလးကိုေတြ႕လိုက္ရသည္။လုပ္ကိုင္ေနပုံေလးက လွုပ္လီလွုပ္လဲ့မို႔ အေတြးတျခားအလုပ္တျခားျဖစ္ေနတာ သိသာပါသည္။
"ဦးဝတ္ဖို႔ထုတ္ေပးထားတယ္ဗ်"
"ေကာင္ေလးလည္း ေရသြားခ်ိဳးေတာ့ေလ"
"ဟုတ္ကဲ့"
ဗီရိုထဲက သဘတ္တစ္ထည္ယူၿပီး ေရခ်ိဳးခန္းထဲဝင္သြားတဲ့ ေကာင္ေလးကိုၾကည့္ရင္း Chanyeol သက္ျပင္းအသာခ်မိပါသည္။
ေကာင္ေလးကငါးမိနစ္ေတာင္မၾကာဘဲ ေရခ်ိဳးခန္းထဲကျပန္ထြက္လာသည္။ဘယ္ေလာက္ေတာင္ ေဆး႐ုံျပန္သြားခ်င္ေနလဲမသိပါ။
စတိုင္ပန္ေဘာင္းဘီရဲ့ခါးပတ္ကိုပတ္ၿပီးသြားတာနဲ႔ ေရသုတ္ေနတဲ့ေကာင္ေလးကို ခါးကေနဆြဲဖက္ၿပီး ခုတင္ေစာင္းမွာ Chanyeol ထိုင္ခ်လိုက္ေတာ့ ေကာင္ေလးက သူ႔ေပါင္ေပၚအလိုေလ်ာက္ထိုင္က်လာသည္။
"ဦး..."
"ကေလးေတြဆိုတာ ဒီလိုပဲ၊ ငယ္ရြယ္စဥ္မွာ ေဆး႐ုံေဆးခန္းသြားရတဲ့ကိစၥ တစ္ခုမဟုတ္တစ္ခုေတာ့ၾကဳံတတ္ၾကတယ္၊ အခု ကိုယ္တို႔သားေလးလည္းအဲ့လိုပဲေပါ့၊ ဒါေပမယ့္ အကုန္ျပန္ၿပီးေတာ့ အဆင္ေျပသြားၿပီေလ၊ ဟုတ္တယ္မလား"
ေကာင္ေလးက Chanyeol ကိုမ်က္လုံးေလးပင့္ၿပီးေမာ့ၾကည့္လာတာမို႔ ျပဳံးျပလိုက္ၿပီး
"ကိုယ္တို႔သားေလးမွာ ဘာစိုးရိမ္စရာမွမရွိေတာ့ဘူး၊ ကိုယ္ရွိတယ္၊ ေကာင္ေလးတို႔သားအဖႏွစ္ေယာက္အတြက္ ကိုယ္အျမဲတမ္းရွိေနမွာမို႔ ဘာကိစၥကိုမွအရမ္းႀကီး စိုးရိမ္မႀကီးနဲ႔ေနာ္၊ စိုးရိမ္ပူပန္စရာကိစၥေတြအကုန္လုံးကို ကိုယ္ေျဖရွင္းမွာမို႔ ေကာင္ေလးက စိတ္ခ်မ္းခ်မ္းသာသာနဲ႔ပဲေန၊ ဟုတ္ၿပီလား"
ထိုအခါ ေခါင္းေလးခါျပရင္း Chanyeol ရဲ့ရင္ခြင္ထဲကိုေကာင္ေလးကေခါင္းတိုးဝင္ၿပီး ခါးကိုလည္းသိုင္းဖက္လာသည္။
"ဘာလို႔ေခါင္းခါတာလဲ ေျပာပါဦးဗ်ာ"
"အတူတူ...အတူတူေျဖရွင္းမွာ၊ ဦးတစ္ေယာက္တည္းကို အပူေတြမေပးရက္ပါဘူး ကၽြန္ေတာ္က၊ ကၽြန္ေတာ္လည္း ဟို..အတူတူမၽွေဝခံစားေပးမွာပါ"
Chanyeol အျပဳံးႀကီးႀကီးျပဳံးရင္း ရင္ခြင္ထဲကအသည္းအသက္ေလးကို နင့္နင့္နဲနဲတိုးဖက္လိုက္သည္။
"ဟားး ေကာင္းလိုက္တာကြာ၊ ဒီလို အလိမၼာတုံးေလးကို ေယာက္်ားေတာ္ထားရတာ ကိုယ္ေတာ့အရမ္းကံေကာင္းတာပဲ"
"ကၽြန္ေတာ္က လိမၼာတယ္ေပါ့"
"ေသခ်ာေပါက္ေပါ့၊ ကိုယ္သိသေလာက္ေတာ့ ကိုယ့္ေယာက္်ားထက္လိမၼာတဲ့လူမရွိေတာ့ဘူး၊ Baekhyunee ေလးအလိမၼာဆုံးပဲ"
"အဟင္း! ဦးကေတာ့ေလ.."
Chanyeol ကိုမနိုင္တဲ့ပုံစံျဖင့္ ရယ္သံေလးစြတ္ၿပီးေျပာလာတဲ့ စကားေလးၾကားမွပဲ အသက္ေျဖာင့္ေျဖာင့္ရွူနိုင္ပါေတာ့သည္။
အခ်ိန္ေတြၾကာလာတာႏွင့္အမၽွ ေကာင္ေလးက Chanyeol ရဲ့အသက္ရွူသံေတြအထိပါ စိုးမိုးထားပါေရာလား....။
"ရႊတ္! ဒီေန႔အတြက္ ကိုယ့္ေယာက္်ားေလးပင္ပန္းသြားခဲ့ၿပီ"
ငယ္ထိပ္ေလးကို ရႊတ္ခနဲနမ္းလိုက္ေတာ့ ေကာင္ေလးဆီကေန သက္ျပင္းခ်သံသဲ့သဲ့ေလးထြက္လာခဲ့သည္။
"ဒီေန႔ အေကာင္းဆုံးလုပ္နိုင္ခဲ့တာမို႔ ဆုခ်မယ္၊ ေခါင္းေမာ့ပါဦး"
"ဗ်ာ.."
"ေခါင္းေလးေမာ့ပါဦး၊ နမ္းခ်င္လို႔"
"အာ...ဦးကလည္း.."
ဦးကလည္းသာဆိုတယ္ ေခါင္းေလးကျဖည္းျဖည္းခ်င္းေမာ့လာၿပီး Chanyeol ကိုအေသအခ်ာေမာ့ၾကည့္လာသည္။
လက္တစ္ဖက္က ခါးသိမ္သိမ္ကိုေပြ႕ဖက္ၿပီး က်န္လက္ဖဝါးတစ္ဖက္က ပါးေဖာင္းေဖာင္းေလးတစ္ဖက္ကိုအုပ္မိုးပင့္မရင္း ျပဳံးတုံ႔တုံ႔လုပ္ေနတဲ့ ႏွုတ္ခမ္းပါးေလးကို Chanyeol တရွိုက္မက္မက္နမ္းရွိုက္လိုက္ပါေတာ့သည္။
ကိုယ့္ရင္ေတြလည္းပူေလာင္သြားခဲ့တာမို႔ အနမ္းခ်ိဳခ်ိဳေတြကေနတစ္ဆင့္ အားအင္ေတြျပန္ယူပါရေစဦး ေကာင္ေလးရယ္...။
.................................................................................
(ဆက္ရန္)
(၃.၃၂၀၂၄)