Chapter (118) Arc 4
ပိုက်ဆံဆုံးရှုံးရပြီ
ဟော့လန်ဖုန်း ညီအကို ရှစ်ယောက်ရဲ့ မျက်လုံးတွေဟာ ဝိညာဉ်ကျောက်တုံး တစ်သောင်းပါတဲ့ ကတ်ကိုကြည့်ကာ မီးလောင်တော့မလို ဖြစ်သွားသည်။
ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ ပဲ ရှိတဲ့လူက ဘာဖြစ်လို့ သခင်တစ်ယောက်လို ဟိတ်ကြီးဟန်ကြီး လုပ်နေတာလဲ?
သူတို့ညီအစ်ကို ၇ယောက် ၈ယောက် ပေါင်းရင်တောင် စုစုပေါင်း ဝိညာဥ်ကျောက်တုံး ၁သိန်းသာ ရှိကာ လျော်ကြေးပေးဖို့ ၂၀၀၀၀က လိုနေသေး၏။
"စရန်ငွေကို ပြန်အမ်းပေးနိုင်မလား? ကျွန်မ ငှားထားတာ ငါးရက်စာ ရှိတယ်"
ဟုန်ချောင် အခုအချိန်မှာ ရိုးရိုးသားသား ပြောနေခြင်းသာ ဖြစ်သည်။ တစ်ဖက်လူရဲ့ ကျင့်ကြံမှုဟာ သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသော ကာလဟု သူမထင်မိ၏။ သူမလို ကျင့်ကြံသူတစ်ယောက်က ဒီလိုသေးငယ်တဲ့ အရပ်ကလေးမှာ ဘာကြောင့် တည်းခိုခန်း လာဖွင့်ထားလဲ ကောင်းကင်ကသာ သိလိမ့်မည်။
"ကျွန်တော် ပြန်မအမ်းနိုင်ဘူး.... ရက်အနည်းငယ် ငှားထားတယ် ဆိုရင်တောင် အဲဒါက ရက်အနည်းငယ်ပဲ ရှိသေးတာလေ"
စားပွဲထိုးက သူ့ပါးပြင်ပေါ်က ဒဏ်ရာကို ထိပြီး အလွန်မာနကြီးစွာ အော်ဟစ်လိုက်သည်။ အရင်က မောက်မာနေခဲ့တာ မဟုတ်ဘူးလား။ အခု သူ့အတွက် အကြွေးပြန်တောင်းရမယ့် အချိန်ပဲ။
ထိုအခါ စားပွဲထိုးက ချောင်းဆိုးပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"သခင်မလေး... လူတစ်ယောက်မှာ အသား ၂၀ကျင်လောက်ရှိတယ်... အဲ့လောက်ဆို ဝိညာဥ်ကျောက်တုံး ၂၀၀၀၀ ရပါတယ်"
ဒါကိုကြားတော့ ဟော့လန်ဖုန်း ညီအကို ရှစ်ယောက်နဲ့ ဟုန်ချောင်တို့ရဲ့ မျက်နှာတွေဟာ သိသိသာသာ ပြောင်းလဲသွားသည်။ ပြဇာတ်ကို ကြည့်နေတဲ့ ပိုင်ရှင်သခင်မကတော့ သူတို့ရဲ့ အသက် ဒါမှမဟုတ် သေဆုံးမှုကို ဂရုမစိုက်သလို ရယ်မောလိုက်သည်။
"ခဏလေး.... သူက ကျွန်မယောက်ျား သူ့မှာ ပိုက်ဆံရှိတယ်"
ဟုန်ချောင် ရုတ်တရက် အော်ပြီး လုရွှမ်ကို လက်ညှိုး ထိုးပြလိုက်သည်။
လုရွှမ်မှာ လက်ဖက်ရည် သောက်နေတာကြောင့် သူ့လက်ဖက်ရည်တွေကို ထွေးထုတ်လုနီးပါး ဖြစ်သွား၏။ စောစောတုန်းက သူက ဒီအတိုင်း ဝင်ကူပြောပေးရုံပဲလေ။
"ဟုတ်တယ်....သူဌေး သူ့ဇနီးကို ကောင်းကောင်း မဆုံးမတဲ့အတွက် နောက်ဆက်တွဲ အငြင်းပွားမှုတွေ ဖြစ်လာခဲ့တာ.... သူလည်း ပေးသင့်တယ်"
ဟုန်ချောင်မှ ပြောပြပြီးနောက် ဟော့လန်ဖုန်း ညီအစ်ကို ရှစ်ယောက်စလုံး တုံ့ပြန်လာကြပြီး လုရွှမ်အား ဒေါသမျက်လုံးဖြင့် စိုက်ကြည့်နေကြသည်။ ခန်းမအတွင်းရှိ လူတိုင်းကလည်း တစ်ချက်ကြည့်လိုက်ကြသည်။
လုရွှမ် နှင့် ဟုန်ချောင်တို့ကြားက ဆက်ဆံရေး အကြောင်းကို လူအများစုက သိကြသော်လည်း ဟာသတွေ ကြည့်နေရသလို တစ်ယောက်မှ ဝင်မထောက်ကြပေ။
လုရွှမ် သူမ၏ လိမ္မာပါးနပ်မှုကို ဂုဏ်ယူနေသကဲ့သို့ မာနကြီးသော မျက်နှာဖြင့် မျက်တောင်ခတ်နေသော ဟုန်ချောင်ကို ကြည့်လိုက်သည်။
ပိုင်ရှင်သူဌေးမက တစ်ချက် ကြည့်လာကာ
"ဟုတ်လား?"
သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသော ကာလ။ ဤခွန်အားသည် ဒီကလူတိုင်းကို လက်တစ်ချက်ဝေ့ကာ ပြဿနာမရှိဘဲ ဖယ်ထုတ်ပစ်နိုင်သည်။ လုရွှမ် သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။
ငွေဖြုန်းတီးခြင်းဟု မှတ်ယူနိုင်သော်လည်း ဘေးဥပဒ်ကို ရှောင်ရှားနိုင်သည်။ ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ သည် သူ့အတွက် အနည်းငယ်မျှ မဟုတ်ပေ။
အရင်က ဝိညာဉ်ကျောက်တုံးတွေ ရဖို့ကို သိပ်ပြီး မစဉ်းစားခဲ့ပေမယ့် အများစုကို ကျင့်ကြံတဲ့နေရာမှာ သုံးပြီး ကျန်တာတွေကို နတ်ဆေးလုံးမြို့က လူတွေဆီ ထားခဲ့တာကြောင့် သူ့မှာ များများစားစား မပါတော့ပေ။
သူ့အမြင်အရတော့ အနာဂတ်မှာ အနည်းဆုံး အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံးတွေ လိုအပ်မှာ ဖြစ်ပြီး ဒီအဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေကို သဘာဝအတိုင်း မလိုအပ်တော့ပါ။
သို့သော် ဤကဲ့သို့သော ဝိညာဉ်ကျောက်တုံး ၂သောင်းကို လွှတ်ပေးလိုက်ရုံဖြင့် ဤမိန်းကလေးကို သက်သာစေမှာ ဖြစ်သဖြင့် လုရွှမ် ဟုန်ချောငဘက်သို့ လျှောက်သွားခဲ့သည်။ ရုတ်တရက် သူသည် ဟုန်ချောင်ရဲ့ ရင်ဘတ်ကို ရိုက်ချလိုက်ရာ စူးရှသော အသံတစ်ခုထွက် ပေါ်ထွက်လာခဲ့သည်။
ဟုန်ချောင်၏ မျက်နှာသည် ရှက်ရွံ့ဒေါသများဖြင့် နီမြန်းနေသော်လည်း သူမနားထဲတွင် ရုတ်တရက် လုရွှမ် အသံက ထွက်လာခဲ့သည်။
"ပိုက်ဆံရှိတာနဲ့ တစ်ယောက်ယောက်ကို ရိုက်ချင်တိုင်း ရိုက်လို့ရရောလား?!"
ဟုန်ချောင်၏ မြှောက်ထားသော လက်သည် မလှုပ်ဝံ့ဘဲ ရပ်သွားကာ လုရွှမ်အား ဒေါသတကြီး စိုက်ကြည့်နေသည်။
ဖြောင်း!
နောက်ထပ် ရိုက်သံတစ်ချက် ထပ်မံ ထွက်ပေါ်လာ၏။
"ဟေ..ဒါ ဝိညာဥ်ကျောက်တုံး ၂သောင်းပဲ.... နှစ်ကြိမ် ရိုက်လိုက်တဲ့ လျော်ကြေး"
လုရွှမ်က ရယ်မောပြီး ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ ကို ထုတ်ယူလိုက်သည်။ စားပွဲထိုးက ဂုဏ်ယူစွာ ကောက်ယူပြီး ထွက်သွားခဲ့သည်။ ပိုင်ရှင်ဖြစ်သူကလည်း ချက်ချင်းပြုံးကာ
"နောက်ဆို လိမ်လိမ်မာမာ နေကြ... ဆူဆူညံညံတွေ မလုပ်ကြနဲ့!"
လေတစ်ချက် ဝေ့ဝဲတိုက်ခတ်လာပြီး ဆိုင်ရှင် အမျိုးသမီး ပျောက်ကွယ်သွားသည်။
ယခင်က တည်းခိုခန်း တစ်ခုလုံးကို ဖုံးလွှမ်းနေသော ဖိအားများ ပျောက်ကွယ်သွားသည်။ လုရွှမ် လက်ဖက်ရည် တစ်ခွက်ကို ငှဲ့ကာ ဆက်သောက်နေ၏။ တကယ်ကို အရသာရှိလှလေသည်။
ဟုန်ချောင်၏ မျက်လုံးများသည် တည်းခိုခန်းအား မီးလောင် တိုက်သွင်းတော့မည့်နှယ် နီရဲလျက် လုရွှမ်အား ဒေါသတကြီး စိုက်ကြည့်ကာ
"ယောက်ျားဆိုရင် အပြင် ထွက်လာခဲ့!!"
ပြောပြီးနောက် တည်းခိုခန်းထဲက အရင် ထွက်သွားခဲ့သည်။ လုရွှမ် ပခုံးတွန့်ပြလိုက်ပြီး
"ဟုတ်ပါတယ် ငါက ယောက်ျားပဲ"
သူက ခြေလှမ်းတစ်လှမ်းနဲ့ တည်းခိုခန်းထဲက ထွက်သွားပြီး ရုတ်တရက် နောက်ပြန် ဆုတ်သွားခဲ့သည်။
"ငါထွက်လာတယ်.... အခု ငါပြန်ဝင်လာပြီ မင်းက ငါ့ကိုရိုက်ချင်တယ်ပေါ့... မိုက်မဲတဲ့ မိန်းမပဲ!"
ဟုန်ချောင်က ပါးစပ်လေးကို ဖွင့်ဟလိုက်ပြီး လုရွှမ် ဒေါသတကြီး အော်ဟစ်ပစ်ချင် သော်လည်း စကားမပြောနိုင်ဘဲ ဆွံ့အသွားရာ အားလုံးက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
"ရှင် တစ်သက်လုံး ဘယ်တော့မှ အပြင်မထွက်ဖို့ မကြိုးစားမိစေနဲ့!!"
လုရွှမ် ဝိညာဥ်ကျောက်တုံး ကတ်ပြားတစ်ချပ်ကို ပေါ့ပေါ့တန်တန် ပစ်ပေးလိုက်ပြီး
"စားပွဲထိုး... ဒီမှာ သန့်ရှင်းတဲ့ သားရဲအသားတချို့ ချပေး!!"
ဟုန်ချောင်မှာ သူမခန္ဓာကိုယ်ပေါ်တွင် ပိုက်ဆံ မရှိသောကြောင့် တံတွေးကိုသာ မျိုချလိုက်ရသည်။ သန့်ရှင်းတဲ့ သူတော်စင်သားရဲ၏ အသားကို ဝယ်စားဖို့ ဘယ်လိုလုပ် တတ်နိုင်တော့မှာလဲ။
ကံကောင်းထောက်မစွာ သူမ ခွန်အားက သူတော်စင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူမ မစားလိုလျှင် ကိစ္စမရှိသော်လည်း လုရွှမ် ပြင်းပြင်းထန်ထန် စားသောက်နေပုံကို မြင်လိုက်ရသဖြင့် သူမ၏ နှလုံးသားသည် ဒေါသများဖြင့် ပြည့်နှက်လာခဲ့သည်။
လုရွှမ် ဟုန်ချောင်ကို တစ်ချက် ကြည့်လိုက်သည်။ ဒီအမျိုးသမီးက စိတ်မနှံ့ဘူးပဲ။ ဒီနေရာက သူ့အိမ်လို့ ထင်နေတာလား။ လူတိုင်းက သနားတတ်တဲ့ လူတွေ မဟုတ်ဘူးလေ။
လွန်ခဲ့သည့် ငါးရက်တွင် လုရွှမ်သည် တည်းခိုခန်း၏ အခင်းအကျင်း ဖွဲ့စည်းပုံကို တိတ်တဆိတ် သေချာ လေ့လာခဲ့ရင်း သဘောကျလာခဲ့သည်။ ဒီအခင်းအကျင်းက သူ့အတွက် တွေးခေါ်မှု အသစ်ကို ဖွင့်ပေးနိုင်ခဲ့သည်။
ကျီးကန်းကသူ့ကို ရေတွင်းအောက်ခြေက ဖားတစ်ကောင်သာသာ ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ လုရွှမ်သည် တိမ်ပင်လယ် နယ်မြေထဲက အရာတွေကလွဲလို့ တခြားဆန်းသစ်တဲ့ ပုံစံတွေကို မလေ့လာခဲ့ပေ။
ဒါပေမဲ့ ဝေးလံခေါင်သီတဲ့ ဒီလိုနေရာလေး တစ်ခုမှာ ဒီလို အခင်းအကျင်း ဖွဲ့စည်းထားတာကို မြင်ခွင့်ရဖို့ သူ မမျှော်လင့်ထားခဲ့ဘူး။ သူ့အရင်က ထင်မြင် ယူဆချက်တွေကို တွေးရင်း လုရွှမ် အနည်းငယ် ရှက်သွားခဲ့သည်။
ထိုလူသုံးယောက် မကြာသေးမီက လူများစွာရောက်လာသည်ဟု ဆိုကြသော်လည်း ဤငါးရက် အတွင်းတွင်ပင် လူအများအပြား ရောက်ရှိလာသေးသည်။
အခုတော့ ဆိုင်ရှင်အမျိုးသမီး ရှိနေတာကြောင့် ဘယ်သူကမှ အတင့်ရဲစွာ မနေရဲဘဲ အခန်းမရှိတဲ့ အခါ လူတိုင်းက တံ ခါးအပြင်ဘက်မှာ တဲတွေ ဆောက်ကြလေသည်။
တစ်ညတည်းအတွက် ဝိညာဥ်ကျောက်တုံး ငါးထောင်ကို မည်သူမျှ မထုတ်ချင်ကြပေ။
ခြောက်ရက်မြောက်သောနေ့ နံနက်စောစောတွင်။
နံနက်စောစော၌ လူများစွာတို့သည် တည်းခိုခန်းရှေ့၌ စုဝေးကြပြီး ဆိုင်ပိုင်ရှင် အမျိုးသမီးသည် ငှက်ကြီးတစ်ကောင်ကို စီး၍ တံခါးအပြင်ဘက်၌ စောင့်ဆိုင်းနေ၏။
"အမဲလိုက်တဲ့နေ့က ဒီနှစ်တစ်ခါ ပြောင်းပြန်ပြီ.... ဒီအချိန်မှာ မင်းတို့အားလုံး ဒီကိုရောက်လာကြပြီဆိုတော့ စည်းကမ်းတွေကို သဘာဝကျကျ သိကြမှာပါ... ဒီအဘွားကြီးက အခုမင်းတို့ကို တောင်ပေါ်ခေါ်သွားပေးမယ်.... မင်းတို့ အသက်အန္တရာယ်နဲ့ သေတာရှင်တာ ကိုယ်နဲ့ပဲ သက်ဆိုင်တယ်... သူတော်စင်သားရဲ ဖမ်းမိသည်ဖြစ်စေ မဖမ်းမိသည်ဖြစ်စေ တစ်လပြည့်တာနဲ့ ပြန်ထွက်လာရမယ့်.... မဟုတ်ရင် သေလမ်းပဲ ရှိလိမ့်မယ်..."
အားလုံး တညီတညွတ်တည်း သဘောတူကြပြီး ပိုင်ရှင် အမျိုးသမီးသည် ငှက်ကြီးကို လက်ဖြင့်ပုတ်ကာ ဝေးကွာသော တောင်တန်းများဆီသို့ ဦးတည်ကာ ပျံတက်သွားသည်။
တခြားလူများလည်း သူတော်စင် သားရဲများကို စီးနင်းလျက် အတူလိုက်သွားကြသည်။
ထိုနေရာကို လွမ့်ထျန်းတောဟု ခေါ်၏။ စားပွဲထိုးက လွမ့်ထျန်းတောက ဘယ်လောက်ကြီးလဲ မသိပေမယ့် အဲဒီထဲမှာ ပုန်းနေတဲ့ သူတော်စင် သားရဲတွေ အများကြီး ရှိတယ်လို့ ပြောဖူးသည်။
ဤအချိန်တွင် နှစ်စဉ်နှစ်တိုင်း လွမ့်ထျန်းတော၏ ရှုပ်ထွေးသော စွမ်းအင်အကျိုး သက်ရောက်မှုများသည် အားပျော့သွားကာ လူအများ ဝင်ထွက်နိုင်မည် ဖြစ်သည်။
နောက်တလ အကြာမှာတော့ လွမ့်ထျန်းတောဟာ သူတော်စင် အကောင်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့စည်း တစ်ခုလို ဖြစ်သွားပြီး အဲဒီထဲမှာ ပိတ်မိနေတဲ့ ဘယ်သူမဆို ရုန်းမထွက်နိုင်တော့ပေ။
လူဟောင်းတချို့ထံမှ လုရွှမ် သတင်းတချို့ ကြားခဲ့ရသည်။ ဆိုင်ရှင်အမျိုးသမီး နှစ်သက်သောလူသည် ထိုလွမ့်ထျန်း တောအုပ်ထဲတွင် ပိတ်မိနေပုံရသည်။ ထို့ကြောင့် သူမသည် ဤမျှမြင့်မားသော ကျင့်ကြံမှုမျိုးဖြင့် ဒီလိုနေရာလေးမှာ နေ၍ သူ့ယောက်ျားကို ကယ်တင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ဒါပေမဲ့ အစစ်အမှန် ဟုတ်မဟုတ်ကို စိစစ်ဖို့ မဖြစ်နိုင်ဘူးလို့ လူကြီးတချို့ရဲ့ ပြောစကားအရလည်း ကြားရသေးသည်။ ပိုင်ရှင် အမျိုးသမီးဟာ ဒီမှာ သောင်တင်နေတာ နှစ်ပေါင်းတစ်ရာနီးပါး ရှိနေလို့ပဲ ဖြစ်၏။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူတွေ မေ့လျော့နေခဲ့တာ ကြာပါပြီ။
လုရွှမ်မှာ သားရဲ မရှိပေ။ ဒါကြောင့် သူ့အတောင်ပံတွေကို နောက်ကျောမှာ ဖြန့်လျက် လူအုပ်ကြီး နောက်ကို လိုက်သွားခဲ့သည်။ သူ့ဘေးမှာတော့ ဟုန်ချောင်က ဝိညာဥ်ငှက်တစ်ကောင်ကို စီးလျက်နေ၏။
ထိုဝိညာဥ်ငှက်မှာ သက်တမ်း ရင့်နေချေပြီ။
လူတစ်ယောက်နဲ့ ငှက်တစ်ကောင်က သူ့နောက်က အနီးကပ် လိုက်လာခဲ့သည်။ အချိန်ကြာလာတော့ ဝိညာဥ်ငှက်က သိသိသာသာ အားနည်းသွား၏။
ဒါက ဟုန်ချောင်တစ်ယောက် သူရဲ့ စီးတော်ကို သူတော်စင်သားရဲအဖြစ် ပြောင်းချင်ရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်လို့ လုရွှမ် ခန့်မှန်းမိလိုက်သည်။
Chapter (118) Arc 4
ပိုက္ဆံဆုံးရႈံးရၿပီ
ေဟာ့လန္ဖုန္း ညီအကို ရွစ္ေယာက္ရဲ႕ မ်က္လုံးေတြဟာ ဝိညာဥ္ေက်ာက္တုံး တစ္ေသာင္းပါတဲ့ ကတ္ကိုၾကည့္ကာ မီးေလာင္ေတာ့မလို ျဖစ္သြားသည္။
ဝိညာဥ္ေက်ာက္တုံး ၁၀၀၀၀ ပဲ ရွိတဲ့လူက ဘာျဖစ္လို႔ သခင္တစ္ေယာက္လို ဟိတ္ႀကီးဟန္ႀကီး လုပ္ေနတာလဲ?
သူတို႔ညီအစ္ကို ၇ယောက် ၈ေယာက္ ေပါင္းရင္ေတာင္ စုစုေပါင္း ဝိညာဥ္ေက်ာက္တုံး ၁သိန္းသာ ရွိကာ ေလ်ာ္ေၾကးေပးဖို႔ ၂၀၀၀၀က လိုေနေသး၏။
"စရန္ေငြကို ျပန္အမ္းေပးနိုင္မလား? ကြၽန္မ ငွားထားတာ ငါးရက္စာ ရွိတယ္"
ဟုန္ေခ်ာင္ အခုအခ်ိန္မွာ ရိုးရိုးသားသား ေျပာေနျခင္းသာ ျဖစ္သည္။ တစ္ဖက္လူရဲ႕ က်င့္ႀကံမႈဟာ သူေတာ္စင္တစ္ပိုင္း ၿပီးျပည့္စုံေသာ ကာလဟု သူမထင္မိ၏။ သူမလို က်င့္ႀကံသူတစ္ေယာက္က ဒီလိုေသးငယ္တဲ့ အရပ္ကေလးမွာ ဘာေၾကာင့္ တည္းခိုခန္း လာဖြင့္ထားလဲ ေကာင္းကင္ကသာ သိလိမ့္မည္။
"ကြၽန္ေတာ္ ျပန္မအမ္းနိုင္ဘူး.... ရက္အနည္းငယ္ ငွားထားတယ္ ဆိုရင္ေတာင္ အဲဒါက ရက္အနည္းငယ္ပဲ ရွိေသးတာေလ"
စားပြဲထိုးက သူ႕ပါးျပင္ေပၚက ဒဏ္ရာကို ထိၿပီး အလြန္မာနႀကီးစြာ ေအာ္ဟစ္လိုက္သည္။ အရင္က ေမာက္မာေနခဲ့တာ မဟုတ္ဘူးလား။ အခု သူ႕အတြက္ အေႂကြးျပန္ေတာင္းရမယ့္ အခ်ိန္ပဲ။
ထိုအခါ စားပြဲထိုးက ေခ်ာင္းဆိုးၿပီး က်ယ္ေလာင္စြာ ေအာ္လိုက္သည္။
"သခင္မေလး... လူတစ္ေယာက္မွာ အသား ၂၀က်င္ေလာက္ရွိတယ္... အဲ့ေလာက္ဆို ဝိညာဥ္ေက်ာက္တုံး ၂၀၀၀၀ ရပါတယ္"
ဒါကိုၾကားေတာ့ ေဟာ့လန္ဖုန္း ညီအကို ရွစ္ေယာက္နဲ႕ ဟုန္ေခ်ာင္တို႔ရဲ႕ မ်က္ႏွာေတြဟာ သိသိသာသာ ေျပာင္းလဲသြားသည္။ ျပဇာတ္ကို ၾကည့္ေနတဲ့ ပိုင္ရွင္သခင္မကေတာ့ သူတို႔ရဲ႕ အသက္ ဒါမွမဟုတ္ ေသဆုံးမႈကို ဂ႐ုမစိုက္သလို ရယ္ေမာလိုက္သည္။
"ခဏေလး.... သူက ကြၽန္မေယာက္်ား သူ႕မွာ ပိုက္ဆံရွိတယ္"
ဟုန္ေခ်ာင္ ႐ုတ္တရက္ ေအာ္ၿပီး လု႐ႊမ္ကို လက္ညွိုး ထိုးျပလိုက္သည္။
လု႐ႊမ္မွာ လက္ဖက္ရည္ ေသာက္ေနတာေၾကာင့္ သူ႕လက္ဖက္ရည္ေတြကို ေထြးထုတ္လုနီးပါး ျဖစ္သြား၏။ ေစာေစာတုန္းက သူက ဒီအတိုင္း ဝင္ကူေျပာေပး႐ုံပဲေလ။
"ဟုတ္တယ္....သူေဌး သူ႕ဇနီးကို ေကာင္းေကာင္း မဆုံးမတဲ့အတြက္ ေနာက္ဆက္တြဲ အျငင္းပြားမႈေတြ ျဖစ္လာခဲ့တာ.... သူလည္း ေပးသင့္တယ္"
ဟုန္ေခ်ာင္မွ ေျပာျပၿပီးေနာက္ ေဟာ့လန္ဖုန္း ညီအစ္ကို ရွစ္ေယာက္စလုံး တုံ႕ျပန္လာၾကၿပီး လု႐ႊမ္အား ေဒါသမ်က္လုံးျဖင့္ စိုက္ၾကည့္ေနၾကသည္။ ခန္းမအတြင္းရွိ လူတိုင္းကလည္း တစ္ခ်က္ၾကည့္လိုက္ၾကသည္။
လု႐ႊမ္ ႏွင့္ ဟုန္ေခ်ာင္တို႔ၾကားက ဆက္ဆံေရး အေၾကာင္းကို လူအမ်ားစုက သိၾကေသာ္လည္း ဟာသေတြ ၾကည့္ေနရသလို တစ္ေယာက္မွ ဝင္မေထာက္ၾကေပ။
လု႐ႊမ္ သူမ၏ လိမၼာပါးနပ္မႈကို ဂုဏ္ယူေနသကဲ့သို႔ မာနႀကီးေသာ မ်က္ႏွာျဖင့္ မ်က္ေတာင္ခတ္ေနေသာ ဟုန္ေခ်ာင္ကို ၾကည့္လိုက္သည္။
ပိုင္ရွင္သူေဌးမက တစ္ခ်က္ ၾကည့္လာကာ
"ဟုတ္လား?"
သူေတာ္စင္တစ္ပိုင္း အဆင့္၉ ၿပီးျပည့္စုံေသာ ကာလ။ ဤခြန္အားသည္ ဒီကလူတိုင္းကို လက္တစ္ခ်က္ေဝ့ကာ ျပႆနာမရွိဘဲ ဖယ္ထုတ္ပစ္နိုင္သည္။ လု႐ႊမ္ သူ႕ႏွလုံးသားထဲတြင္ တိတ္တဆိတ္ က်ိန္ဆဲလိုက္မိသည္။
ေငြျဖဳန္းတီးျခင္းဟု မွတ္ယူနိုင္ေသာ္လည္း ေဘးဥပဒ္ကို ေရွာင္ရွားနိုင္သည္။ ဝိညာဥ္ေက်ာက္တုံး ၂၀၀၀၀ သည္ သူ႕အတြက္ အနည္းငယ္မွ် မဟုတ္ေပ။
အရင္က ဝိညာဥ္ေက်ာက္တုံးေတြ ရဖို႔ကို သိပ္ၿပီး မစဥ္းစားခဲ့ေပမယ့္ အမ်ားစုကို က်င့္ႀကံတဲ့ေနရာမွာ သုံးၿပီး က်န္တာေတြကို နတ္ေဆးလုံးၿမိဳ႕က လူေတြဆီ ထားခဲ့တာေၾကာင့္ သူ႕မွာ မ်ားမ်ားစားစား မပါေတာ့ေပ။
သူ႕အျမင္အရေတာ့ အနာဂတ္မွာ အနည္းဆုံး အလယ္အလတ္တန္းစား ဝိညာဥ္ေက်ာက္တုံးေတြ လိုအပ္မွာ ျဖစ္ၿပီး ဒီအဆင့္နိမ့္ ဝိညာဥ္ေက်ာက္တုံးေတြကို သဘာဝအတိုင္း မလိုအပ္ေတာ့ပါ။
သို႔ေသာ္ ဤကဲ့သို႔ေသာ ဝိညာဥ္ေက်ာက္တုံး ၂ေသာင္းကို လႊတ္ေပးလိုက္႐ုံျဖင့္ ဤမိန္းကေလးကို သက္သာေစမွာ ျဖစ္သျဖင့္ လု႐ႊမ္ ဟုန္ေခ်ာငဘက္သို႔ ေလွ်ာက္သြားခဲ့သည္။ ႐ုတ္တရက္ သူသည္ ဟုန္ေခ်ာင္ရဲ႕ ရင္ဘတ္ကို ရိုက္ခ်လိဳက္ရာ စူးရွေသာ အသံတစ္ခုထြက္ ေပၚထြက္လာခဲ့သည္။
ဟုန္ေခ်ာင္၏ မ်က္ႏွာသည္ ရွက္႐ြံ႕ေဒါသမ်ားျဖင့္ နီျမန္းေနေသာ္လည္း သူမနားထဲတြင္ ႐ုတ္တရက္ လု႐ႊမ္ အသံက ထြက္လာခဲ့သည္။
"ပိုက္ဆံရွိတာနဲ႕ တစ္ေယာက္ေယာက္ကို ရိုက္ခ်င္တိုင္း ရိုက္လို႔ရေရာလား?!"
ဟုန္ေခ်ာင္၏ ျမႇောက္ထားေသာ လက္သည္ မလႈပ္ဝံ့ဘဲ ရပ္သြားကာ လု႐ႊမ္အား ေဒါသတႀကီး စိုက္ၾကည့္ေနသည္။
ေျဖာင္း!
ေနာက္ထပ္ ရိုက္သံတစ္ခ်က္ ထပ္မံ ထြက္ေပၚလာ၏။
"ေဟ..ဒါ ဝိညာဥ္ေက်ာက္တုံး ၂ေသာင္းပဲ.... ႏွစ္ႀကိမ္ ရိုက္လိုက္တဲ့ ေလ်ာ္ေၾကး"
လု႐ႊမ္က ရယ္ေမာၿပီး ဝိညာဥ္ေက်ာက္တုံး ၂၀၀၀၀ ကို ထုတ္ယူလိုက္သည္။ စားပြဲထိုးက ဂုဏ္ယူစြာ ေကာက္ယူၿပီး ထြက္သြားခဲ့သည္။ ပိုင္ရွင္ျဖစ္သူကလည္း ခ်က္ခ်င္းၿပဳံးကာ
"ေနာက္ဆို လိမ္လိမ္မာမာ ေနၾက... ဆူဆူညံညံေတြ မလုပ္ၾကနဲ႕!"
ေလတစ္ခ်က္ ေဝ့ဝဲတိုက္ခတ္လာၿပီး ဆိုင္ရွင္ အမ်ိဳးသမီး ေပ်ာက္ကြယ္သြားသည္။
ယခင္က တည္းခိုခန္း တစ္ခုလုံးကို ဖုံးလႊမ္းေနေသာ ဖိအားမ်ား ေပ်ာက္ကြယ္သြားသည္။ လု႐ႊမ္ လက္ဖက္ရည္ တစ္ခြက္ကို ငွဲ႕ကာ ဆက္ေသာက္ေန၏။ တကယ္ကို အရသာရွိလွေလသည္။
ဟုန္ေခ်ာင္၏ မ်က္လုံးမ်ားသည္ တည္းခိုခန္းအား မီးေလာင္ တိုက္သြင္းေတာ့မည့္ႏွယ္ နီရဲလ်က္ လု႐ႊမ္အား ေဒါသတႀကီး စိုက္ၾကည့္ကာ
"ေယာက္်ားဆိုရင္ အျပင္ ထြက္လာခဲ့!!"
ေျပာၿပီးေနာက္ တည္းခိုခန္းထဲက အရင္ ထြက္သြားခဲ့သည္။ လု႐ႊမ္ ပခုံးတြန႔္ျပလိုက္ၿပီး
"ဟုတ္ပါတယ္ ငါက ေယာက္်ားပဲ"
သူက ေျခလွမ္းတစ္လွမ္းနဲ႕ တည္းခိုခန္းထဲက ထြက္သြားၿပီး ႐ုတ္တရက္ ေနာက္ျပန္ ဆုတ္သြားခဲ့သည္။
"ငါထြက္လာတယ္.... အခု ငါျပန္ဝင္လာၿပီ မင္းက ငါ့ကိုရိုက္ခ်င္တယ္ေပါ့... မိုက္မဲတဲ့ မိန္းမပဲ!"
ဟုန္ေခ်ာင္က ပါးစပ္ေလးကို ဖြင့္ဟလိုက္ၿပီး လု႐ႊမ္ ေဒါသတႀကီး ေအာ္ဟစ္ပစ္ခ်င္ ေသာ္လည္း စကားမေျပာနိုင္ဘဲ ဆြံ႕အသြားရာ အားလုံးက က်ယ္ေလာင္စြာ ရယ္ေမာလိုက္ၾကသည္။
"ရွင္ တစ္သက္လုံး ဘယ္ေတာ့မွ အျပင္မထြက္ဖို႔ မႀကိဳးစားမိေစနဲ႕!!"
လု႐ႊမ္ ဝိညာဥ္ေက်ာက္တုံး ကတ္ျပားတစ္ခ်ပ္ကို ေပါ့ေပါ့တန္တန္ ပစ္ေပးလိုက္ၿပီး
"စားပြဲထိုး... ဒီမွာ သန႔္ရွင္းတဲ့ သားရဲအသားတခ်ိဳ႕ ခ်ေပး!!"
ဟုန္ေခ်ာင္မွာ သူမခႏၶာကိုယ္ေပၚတြင္ ပိုက္ဆံ မရွိေသာေၾကာင့္ တံေတြးကိုသာ မ်ိဳခ်လိဳက္ရသည္။ သန႔္ရွင္းတဲ့ သူေတာ္စင္သားရဲ၏ အသားကို ဝယ္စားဖို႔ ဘယ္လိုလုပ္ တတ္နိုင္ေတာ့မွာလဲ။
ကံေကာင္းေထာက္မစြာ သူမ ခြန္အားက သူေတာ္စင္တစ္ပိုင္း အဆင့္သို႔ ေရာက္ရွိေနၿပီ ျဖစ္ေသာေၾကာင့္ သူမ မစားလိုလွ်င္ ကိစၥမရွိေသာ္လည္း လု႐ႊမ္ ျပင္းျပင္းထန္ထန္ စားေသာက္ေနပုံကို ျမင္လိုက္ရသျဖင့္ သူမ၏ ႏွလုံးသားသည္ ေဒါသမ်ားျဖင့္ ျပည့္ႏွက္လာခဲ့သည္။
လု႐ႊမ္ ဟုန္ေခ်ာင္ကို တစ္ခ်က္ ၾကည့္လိုက္သည္။ ဒီအမ်ိဳးသမီးက စိတ္မႏွံ႕ဘူးပဲ။ ဒီေနရာက သူ႕အိမ္လို႔ ထင္ေနတာလား။ လူတိုင္းက သနားတတ္တဲ့ လူေတြ မဟုတ္ဘူးေလ။
လြန္ခဲ့သည့္ ငါးရက္တြင္ လု႐ႊမ္သည္ တည္းခိုခန္း၏ အခင္းအက်င္း ဖြဲ႕စည္းပုံကို တိတ္တဆိတ္ ေသခ်ာ ေလ့လာခဲ့ရင္း သေဘာက်လာခဲ့သည္။ ဒီအခင္းအက်င္းက သူ႕အတြက္ ေတြးေခၚမႈ အသစ္ကို ဖြင့္ေပးနိုင္ခဲ့သည္။
က်ီးကန္းကသူ႕ကို ေရတြင္းေအာက္ေျခက ဖားတစ္ေကာင္သာသာ ျဖစ္ေၾကာင္း ေျပာခဲ့ဖူးသည္။ လု႐ႊမ္သည္ တိမ္ပင္လယ္ နယ္ေျမထဲက အရာေတြကလြဲလို႔ တျခားဆန္းသစ္တဲ့ ပုံစံေတြကို မေလ့လာခဲ့ေပ။
ဒါေပမဲ့ ေဝးလံေခါင္သီတဲ့ ဒီလိုေနရာေလး တစ္ခုမွာ ဒီလို အခင္းအက်င္း ဖြဲ႕စည္းထားတာကို ျမင္ခြင့္ရဖို႔ သူ မေမွ်ာ္လင့္ထားခဲ့ဘူး။ သူ႕အရင္က ထင္ျမင္ ယူဆခ်က္ေတြကို ေတြးရင္း လု႐ႊမ္ အနည္းငယ္ ရွက္သြားခဲ့သည္။
ထိုလူသုံးေယာက္ မၾကာေသးမီက လူမ်ားစြာေရာက္လာသည္ဟု ဆိုၾကေသာ္လည္း ဤငါးရက္ အတြင္းတြင္ပင္ လူအမ်ားအျပား ေရာက္ရွိလာေသးသည္။
အခုေတာ့ ဆိုင္ရွင္အမ်ိဳးသမီး ရွိေနတာေၾကာင့္ ဘယ္သူကမွ အတင့္ရဲစြာ မေနရဲဘဲ အခန္းမရွိတဲ့ အခါ လူတိုင္းက တံ ခါးအျပင္ဘက္မွာ တဲေတြ ေဆာက္ၾကေလသည္။
တစ္ညတည္းအတြက္ ဝိညာဥ္ေက်ာက္တုံး ငါးေထာင္ကို မည္သူမွ် မထုတ္ခ်င္ၾကေပ။
ေျခာက္ရက္ေျမာက္ေသာေန႕ နံနက္ေစာေစာတြင္။
နံနက္ေစာေစာ၌ လူမ်ားစြာတို႔သည္ တည္းခိုခန္းေရွ႕၌ စုေဝးၾကၿပီး ဆိုင္ပိုင္ရွင္ အမ်ိဳးသမီးသည္ ငွက္ႀကီးတစ္ေကာင္ကို စီး၍ တံခါးအျပင္ဘက္၌ ေစာင့္ဆိုင္းေန၏။
"အမဲလိုက္တဲ့ေန႕က ဒီႏွစ္တစ္ခါ ေျပာင္းျပန္ၿပီ.... ဒီအခ်ိန္မွာ မင္းတို႔အားလုံး ဒီကိုေရာက္လာၾကၿပီဆိုေတာ့ စည္းကမ္းေတြကို သဘာဝက်က် သိၾကမွာပါ... ဒီအဘြားႀကီးက အခုမင္းတို႔ကို ေတာင္ေပၚေခၚသြားေပးမယ္.... မင္းတို႔ အသက္အႏၱရာယ္နဲ႕ ေသတာရွင္တာ ကိုယ္နဲ႕ပဲ သက္ဆိုင္တယ္... သူေတာ္စင္သားရဲ ဖမ္းမိသည္ျဖစ္ေစ မဖမ္းမိသည္ျဖစ္ေစ တစ္လျပည့္တာနဲ႕ ျပန္ထြက္လာရမယ့္.... မဟုတ္ရင္ ေသလမ္းပဲ ရွိလိမ့္မယ္..."
အားလုံး တညီတၫြတ္တည္း သေဘာတူၾကၿပီး ပိုင္ရွင္ အမ်ိဳးသမီးသည္ ငွက္ႀကီးကို လက္ျဖင့္ပုတ္ကာ ေဝးကြာေသာ ေတာင္တန္းမ်ားဆီသို႔ ဦးတည္ကာ ပ်ံတက္သြားသည္။
တျခားလူမ်ားလည္း သူေတာ္စင္ သားရဲမ်ားကို စီးနင္းလ်က္ အတူလိုက္သြားၾကသည္။
ထိုေနရာကို လြမ့္ထ်န္းေတာဟု ေခၚ၏။ စားပြဲထိုးက လြမ့္ထ်န္းေတာက ဘယ္ေလာက္ႀကီးလဲ မသိေပမယ့္ အဲဒီထဲမွာ ပုန္းေနတဲ့ သူေတာ္စင္ သားရဲေတြ အမ်ားႀကီး ရွိတယ္လို႔ ေျပာဖူးသည္။
ဤအခ်ိန္တြင္ ႏွစ္စဥ္ႏွစ္တိုင္း လြမ့္ထ်န္းေတာ၏ ရႈပ္ေထြးေသာ စြမ္းအင္အက်ိဳး သက္ေရာက္မႈမ်ားသည္ အားေပ်ာ့သြားကာ လူအမ်ား ဝင္ထြက္နိုင္မည္ ျဖစ္သည္။
ေနာက္တလ အၾကာမွာေတာ့ လြမ့္ထ်န္းေတာဟာ သူေတာ္စင္ အေကာင္ႀကီးေတြနဲ႕ ဖြဲ႕စည္းထားတဲ့ အဖြဲ႕စည္း တစ္ခုလို ျဖစ္သြားၿပီး အဲဒီထဲမွာ ပိတ္မိေနတဲ့ ဘယ္သူမဆို ႐ုန္းမထြက္နိုင္ေတာ့ေပ။
လူေဟာင္းတခ်ိဳ႕ထံမွ လု႐ႊမ္ သတင္းတခ်ိဳ႕ ၾကားခဲ့ရသည္။ ဆိုင္ရွင္အမ်ိဳးသမီး ႏွစ္သက္ေသာလူသည္ ထိုလြမ့္ထ်န္း ေတာအုပ္ထဲတြင္ ပိတ္မိေနပုံရသည္။ ထို႔ေၾကာင့္ သူမသည္ ဤမွ်ျမင့္မားေသာ က်င့္ႀကံမႈမ်ိဳးျဖင့္ ဒီလိုေနရာေလးမွာ ေန၍ သူ႕ေယာက္်ားကို ကယ္တင္ရန္ ႀကိဳးစားေနျခင္း ျဖစ္သည္။
ဒါေပမဲ့ အစစ္အမွန္ ဟုတ္မဟုတ္ကို စိစစ္ဖို႔ မျဖစ္နိုင္ဘူးလို႔ လူႀကီးတခ်ိဳ႕ရဲ႕ ေျပာစကားအရလည္း ၾကားရေသးသည္။ ပိုင္ရွင္ အမ်ိဳးသမီးဟာ ဒီမွာ ေသာင္တင္ေနတာ ႏွစ္ေပါင္းတစ္ရာနီးပါး ရွိေနလို႔ပဲ ျဖစ္၏။
မွန္သည္ျဖစ္ေစ မွားသည္ျဖစ္ေစ လူေတြ ေမ့ေလ်ာ့ေနခဲ့တာ ၾကာပါၿပီ။
လု႐ႊမ္မွာ သားရဲ မရွိေပ။ ဒါေၾကာင့္ သူ႕အေတာင္ပံေတြကို ေနာက္ေက်ာမွာ ျဖန့္လ်က္ လူအုပ္ႀကီး ေနာက္ကို လိုက္သြားခဲ့သည္။ သူ႕ေဘးမွာေတာ့ ဟုန္ေခ်ာင္က ဝိညာဥ္ငွက္တစ္ေကာင္ကို စီးလ်က္ေန၏။
ထိုဝိညာဥ္ငွက္မွာ သက္တမ္း ရင့္ေနေခ်ၿပီ။
လူတစ္ေယာက္နဲ႕ ငွက္တစ္ေကာင္က သူ႕ေနာက္က အနီးကပ္ လိုက္လာခဲ့သည္။ အခ်ိန္ၾကာလာေတာ့ ဝိညာဥ္ငွက္က သိသိသာသာ အားနည္းသြား၏။
ဒါက ဟုန္ေခ်ာင္တစ္ေယာက္ သူရဲ႕ စီးေတာ္ကို သူေတာ္စင္သားရဲအျဖစ္ ေျပာင္းခ်င္ရတဲ့ အေၾကာင္းရင္း ျဖစ္နိုင္တယ္လို႔ လု႐ႊမ္ ခန့္မွန္းမိလိုက္သည္။