စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

Von BlackLily_WhiteLily

58.1K 6.1K 215

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... Mehr

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
🔊🔊🔊 Telegram PG လေးစပါပြီ
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12

Chapter 9.1

612 73 0
Von BlackLily_WhiteLily

အခန်း ၉ ကောက်ကျစ်သော သူပုန်များ (အပိုင်း ၁)

အနောက်မြောက်မှ နယ်စပ်မြို့နှင့် မြို့တော်ကြား အကွာအဝေးက အမှန်တကယ်ပင် ဝေးကွာလှသည်။ စစ်တပ်က အလျန်အမြန်ချီတက်နေကြသော်လည်း အချိန်ဆယ့်တစ်ရက်ခန့်ကြာခဲ့သည်။ ကုယွင်က စုရန်၊ ဟန်ရှုနှင့် အခြားသူများကဲ့သို့ မြင်းစီးပြီး ဆယ်ရက်ကျော်ကြာအောင် ခရီးနှင်ခဲ့ကာ ညဘက်တွင်လည်း ပေါ့ပေါ့ပါးပါး တည်ဆောက်ထားသော ယာယီတဲငယ်လေးထဲတွင် အိပ်စက်အနားယူပြီး ရိက္ခာခြောက်ကိုသာ စားခဲ့သည်။ အစမှ အဆုံးတိုင် သူမက တကြိမ်မှ မညည်းညူသည့်မပြင် အရင်ကထက်ပင် ပိုပြီး တက်ကြွနေပုံရသည်။

လွန်ခဲ့သည့် ဆယ်ရက်အတွင်း သူမ၏ စွမ်းဆောင်မှုက စစ်တပ်ရှိ စစ်သည်အားလုံး၏ လေးစားမှုကို ရရှိခဲ့ရုံသာမက လို့မူဟိုင်၏အသိအမှတ်ပြုမှုကိုလည်း ရရှိခဲ့သည်။ ချင်းမိသားစုက ဟောင်ယွဲ့တွင် ချမ်းသာသောမိသားစုတစ်ခုဟု သတ်မှတ်ခံရသော်လည်း သူတို့မိသားစုမှ သမီးများ၏ ကြီးပြင်းလာမှုက နူးညံ့သိမ်မွေ့ခြင်းမရှိသလို အလွန်အကျွံ အလိုလိုက် ပြုစုခံထားရပုံလည်း မပေါ်ပေ။ စုလင်းက သူမကို ချစ်မိသွားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

အနောက်မြောက်ဘက်သို့ ဝင်ရောက်လာချိန်မှစ၍ တောင်များနှင့် လယ်ကွင်းများက ချုံပုတ်များ၊ ချောက်များနှင့်ပြည့်နှက်နေပြီး နေရာတိုင်းတွင် ချောင်းများနှင့် မြစ်များကို မြင်တွေ့နိုင်သည်။ လေထု၏ စိုထိုင်းဆက သိသိသာသာ မြင့်မားလာပြီး အထူးသဖြင့် ယခု နွေရာသီရောက်နေပြီဖြစ်သည့်အတွက် ပူပြင်းသောလေကို သည်းမခံနိုင်တော့ပေ။

အဓိကလမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် ချုံပုတ်များ ထူထပ်နေပြီး တစ်ချက်မှ ကြည့်လိုက်လျှင် အစွန်းကိုတောင် မမြင်ရပေ။ အနောက်ဘက်တွင် နေက တဖြည်းဖြည်း ဝင်လာပြီး နာရီဝက်မပြည့်မီတွင် လုံးဝမှောင်သွားပေလိမ့်မည်။

ဟန်ရှုက မြေမျက်နှာသွင်ပြင်မြေပုံကို ပိတ်လိုက်ပြီး စုရန်ကို လှမ်းပြောလိုက်သည်။ "နောက်ထပ်မိုင်ခြောက်ဆယ်ဆိုရင် ပေ့ချန်ပဲ"

သူတို့ အမြန်ချီတက်မယ်ဆိုရင် ဒီနေ့ည ပေ့ချန်ကို ရောက်နိုင်ရမယ်။

စုရန်က သူ့မြင်းကို ရုတ်တရက် ရပ်လိုက်ပြီး "လို့စစ်သူကြီး... ဒီကနေ ပေ့ချန်အထိ မြေပြင်အနေအထားက ဘယ်လိုလဲ?"

လို့မူဟိုင်က ခေါင်းညိတ်လိုက်ပြီး "အင်း၊ ရှေ့မှာ ရှည်လျားတဲ့ ချိုင့်တစ်ခုရှိတယ်။ အဲ့ဒိချိုင့်ကို ဖြတ်ပြီးရင် ပေ့ချန်ကို ဆယ်မိုင်လောက် လမ်းလျှောက်ရမယ်"

စုရန်က မျက်မှောင်ကြုတ်နေကာ ခဏလောက်စဉ်းစားနေပြီးမှ "နောက်ကျနေပြီ၊ ဒီနေ့တော့ ဒီမှာ စခန်းချရအောင်"ဟု အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ဟန်ရှုက အံ့သြသွားသည်။ ဤအရှိန်ဖြင့် ခရီးနှင်လျှင် သူတို့ နှစ်နာရီအတွင်း ပေ့ချန်သို့ ရောက်ရှိနိုင်သည်။ စုရန်က ဘာကြောင့် ဒီနေရာမှာ စခန်းချချင်နေတာလဲ! သူက စိတ်ထဲမှာ သံသယတွေရှိပေမယ့် အခုအချိန်မှာ စုရန်က စစ်သေနာပတိဖြစ်နေပြီ၊ တခြားလူတိုင်းက သူ့အမိန့်ကို နာခံရမည်ဖြစ်သည်။

ယာယီစခန်းကို ကောင်းစွာ အခြေချပြီးချိန်တွင် ကောင်းကင်က လုံးဝမည်းမှောင်သွားပြီ ဖြစ်သည်။ ပင်မတဲတွင် စုရန်၊ ဟန်ရှုနှင့် လို့မူဟိုင်တို့က စားပွဲကြီးတစ်လုံးတွင် ထိုင်နေကြပြီး ကုယွင်က လက်ထဲတွင် အဖြူရောင် အထည်တစ်စကို ကိုင်ထားပြီး အေးစက်နေသော နှင်းဖြူရောင် ဓားရှည်ကို ညင်သာစွာ ပွတ်တိုင်နေသည်။ သူမ မျက်လုံးတွေက သူတို့ကို မကြည့်သလို သူမ နားရွက်ကလည်း လှုပ်ရှားမှု မရှိပါဘူး။ ဒါပေမယ့် သူမက သူတို့ပြောသမျှ စကားတွေကို နားထောင်နေခဲ့သည်။

"လို့စစ်သူကြီးမင်းက အနောက်မြောက်ဘက်မှာ အကြာဆုံး တပ်စွဲထားပြီး သူပုန်တွေကို နှစ်နဲ့ချီပြီး ဆက်ဆံခဲ့ရတယ်။ အရင်ဆုံး ပေ့ချန်နဲ့ သူပုန်တွေရဲ့ အခြေအနေကို ပြောပြပါဦး"

"အင်း" လို့မူဟိုင်က ခေါင်းညိတ်ပြီး လေးလေးနက်နက် ပြောပြလာသည်။ "နှောင်းဧကရာဇ်မင်းက ဒီနယ်မြေကို မသိမ်းပိုက်ခင်က ပေ့ချန်နဲ့ အနီးနားက နယ်တွေ အကုန်လုံးနီးပါးက တောရိုင်းနယ်မြေတွေဖြစ်ခဲ့ဖူးတယ်။ သူတို့တွေက ယုံမုမျိုးနွယ်စုရဲ့ အုပ်ချုပ်မှုအောက်မှာပဲ အမြဲရှိခဲ့ကြတယ်၊ သူတို့အတွက်က မျိုးနွယ်စုခေါင်းဆောင်က သူတို့ရဲ့သခင်ပဲ။ နောက်ပိုင်း နှောင်းဧကရာဇ်မင်းက ချုံယွဲ့နဲ့ အိမ်နီးနားချင်းတိုင်းပြည်ရဲ့အစပ်မှာရှိတဲ့ ဒီလင်နယ်မြေကို ချုံယွဲ့ထဲကို ပေါင်းထည့်ချင်ခဲ့တယ်။ နှစ်နှစ်လောက်တိုက်ပွဲတွေဖြစ်နေခဲ့ပြီး နောက်ဆုံးတော့ ဒီနယ်တဝိုက်က နေရာအများစုကို သိမ်းပိုက်နိုင်ခဲ့တယ်၊ ယုံမုမျိုးနွယ်စုရဲ့အကြီးအကဲက လက်နက်မချဘဲ ဒေသခံတွေနဲ့အတူ တောရဲ့အနက်ဘက်ကို ပြန်ဆုတ်ခွာသွားတယ်။ အရင်တုန်းက နှောင်းဧကရာဇ်က သူတို့အားလုံးကို တရှိန်ထိုးဖမ်းဆီးနိုင်ဖို့ စစ်သည် နှစ်သောင်း စေလွှတ်ခဲ့တယ်၊ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး၊ ယုံမုလူမျိုးတွေက နယ်စပ်နေရာကို လုယူထားပြီး ရံဖန်ရံခါ ပုန်ကန်ဖို့ ထွက်လာတက်ကြတယ်၊ အဲ့တာကြောင့် တော်ဝင်ရုံးတော်က ပေ့ချန်မှာ မြို့စောင့်တပ်တစ်တပ် တည်ထောင်ထားခဲ့ပြီး စစ်သူကြီးတစ်ဦးကို စောင့်ကြပ်ဖို့ တာဝန် ပေးထားခဲ့တယ်"

ဟန်ရှု က "ဒီနှစ်တွေအတွင်းမှာ ဝိုင်းဝန်း နှိမ်နှင်းရေး လှုပ်ရှားမှုတွေ မလုပ်ဖူးဘူးလား?"

လို့မူဟိုင်၏မျက်နှာက မည်းမှောင်သွားပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ "ငါက သူတို့ကို မနှိမ်နှင်းချင်တာ မဟုတ်ဘူး၊ ဒါက... ငါ... ဘာမှ မလုပ်နိုင်ဘူး"

ဘာမှမလုပ်နိုင်ဘူးလား? သူ သိသလောက်တော့ ကျန်းရှီစစ်သူကြီးက စစ်သည်သုံးသောင်းကို အမိန့်ပေးနိုင်တယ်လေ။ အဲ့လူတွေက သူပုန်ဖြစ်သွားတဲ့ သူခိုး၊ဓားပြတချို့ပဲ မဟုတ်ဘူးလား?? သူတို့က ကျန်းရှီစစ်သူကြီးကို အာဏာမဲ့စေခဲ့တာလား???

စုရန်က ဆက်မေးလိုက်သည်။ "ဘာကြောင့်လဲ??"

လို့မူဟိုင်က "သူတို့ထဲက အများစုက တောထဲမှာ ပုန်းနေတတ်တယ်။ ငါ သူတို့ကို နှိမ်နှင်းဖို့ တောထဲကို သုံးခါလောက် လူတွေ လွှတ်ဖူးတယ်။ သူတို့ကို ချေမှုန်းဖို့ မအောင်မြင်ခဲ့ရုံသာမကဘဲ ငါတို့ရဲ့ စစ်သည်တွေလည်း အသေအပျောက် များခဲ့တယ်။ နောက်ဆုံး အားကိုးရာအနေနဲ့ ငါ လုပ်နိုင်တာက တောစပ်ကို တပ်တွေ စေလွှတ်ထားပြီး သူတို့ အစုအဝေးနဲ့ ထွက်လာတဲ့အခါ သုံးမိုင်အကွာကနေ ဝိုင်းရံထားရတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူတို့ ကုန်စည်တွေကို လုယူဖို့ ထွက်လာတဲ့ အကြိမ်အရေအတွက်က လျော့နည်းလာတာကို တွေ့ရှိခဲ့ရတယ်၊ သူတို့ ပေါ်လာတဲ့ အချိန်တိုင်း လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေ ပိုကောင်းလာတာကြောင့် ငါ အလျင်လိုစလိုနဲ့ မြို့တော်ကို သတင်းပို့လိုက်တာ"

ဒါက တောအုပ်တစ်ခုကလွဲပြီး ဘာမှ မဟုတ်ဘူးလေ! ဟန်ရှုက လုံးဝလက်မခံနိုင်ဘဲ ဒေါသတကြီးဖြင့် "သူတို့က အဲဒီတောထဲမှာ နေတယ်ဆိုရင်တောင် သူတို့ရဲ့နေ့စဉ်လိုအပ်ချက်တွေအတွက် ရိက္ခာတွေ အမြဲလိုနေလိမ့်မယ်။ ထွက်ပေါက်ကို ပိတ်ဆို့ပြီး အတွင်းထဲကို ဝိုင်းထားလို့ရတယ်"

"ငါ စမ်းကြည့်ပြီးပြီ၊ ဒါပေမယ့် ကံမကောင်းတာက သစ်တောက အရမ်းကြီးတဲ့အတွက် အကုန်လုံးကို ဝိုင်းထားလို့ မရဘူး။ သူတို့ရဲ့အဝင်အထွက် လမ်းကြောင်းကို မသိရဘူး"

သူတို့က သစ်တောက နားမလည်နိုင်သလို သိလည်း မသိပါဘူး၊ ပြီးတော့ ဒီလောက်ကြီးတဲ့ သစ်တောကြီးကို ဘယ်လို ဝိုင်းထားနိုင်မှာလဲ??

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကုယွင်က ရုတ်တရက် မေးလိုက်သည်။ "ရှင့်မှာ ဒီသစ်တောရဲ့ မြေပြင်မြေပုံရှိလား"

လို့မူဟိုင်က ကုယွင်ကို ငုံ့ကြည့်လိုက်ရာ အေးစက်ပြီး ကြည်လင်နေသော မျက်လုံးများက သူ့ကို စူးစူးစိုက်စိုက်ကြည့်နေတာကို ရင်ဆိုင်လိုက်ရပြီး နောက်ဆုံးတွင် လို့မူဟိုင်က သက်ပြင်းချကာ "မရှိဘူး၊ ပြောရမှာ ရှက်ပေမယ့် သူခိုးတွေက ဘယ်လောက်ရှိမှန်းတောင် မသိဘူး။ သူတို့က တောထဲမှာ ပုန်းနေကြတယ်၊ သူတို့က ဘယ်တော့မှ အင်အားအပြည့်နဲ့ ထွက်မလာဘူး။ ခန့်မှန်းရသလောက်တော့ အရေအတွက်က တစ်သောင်းထက် မနည်းဘူး"

လို့မူဟိုင်က ရန်သူဘက်တွင် တပ်ဖွဲ့ဝင်မည်မျှရှိသည်ကိုပင် မသိနိုင်ခဲ့ပေ။ အစတုန်းကတော့ သူတို့က သူခိုးငယ်လေးတွေချည်းပဲလို့ သူ ထင်ခဲ့ပြီး လက်ရွေးစင်စစ်သည် သုံးသောင်းက လုံလောက်တာထက် ပိုနေပြီဟု သူ သတ်မှတ်ခဲ့သည်။ ဒါပေမယ့် အခုတော့ ပြသနာက ထင်ထားတာထက် ပိုခက်ခဲနေပုံရသည်။

စုရန်က "သူတို့ရဲ့ခေါင်းဆောင်က ဘယ်သူလဲ"

ဒါလောက်တော့ ခင်ဗျား သိနိုင်မယ် မလား??

ထိုစကားကို ကြားရချိန်တွင် လို့မူဟိုင်က အနည်းငယ် စိတ်ဆိုးသွားပုံရပြီး "မုစန်း၊ သူက သေဆုံးသွားတဲ့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သားပဲ၊ ပြီးတော့ သူ့ရဲ့နည်းလမ်းတွေက သူ့အဖေထက် ပိုအစွမ်းထက်တယ်။ ငါ ဘာမှ မတက်နိုင်ခဲ့တာ စိတ်မကောင်းစရာပဲ၊ ငါမှာ သူ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ အခွင့်အရေး မရှိခဲ့ဘူး၊ သူ့ရဲ့ ညာလက်ရုံးလူနှစ်ယောက်ဖြစ်တဲ့ ဝူကျိ နဲ့ ရန်ကော်ကတောင် ငါ့အတွက် အရမ်းစိုးရိမ်စရာ ဖြစ်နေတယ်"

သူ့လက်အောက်ငယ်သားတွေကတောင် ကျန်းရှီစစ်သူကြီးကို စိတ်ဆင်းရဲအောင် လုပ်ထားပြီးသားလား??? ဟန်ရှုက အေးစက်စွာ အော်ဟစ်လှောင်ပြောင်လိုက်သည်။ "သူတို့က မင်းပြောသလို တကယ် အစွမ်းထက်နေတာလား?? ငါ မယုံဘူး!"

လို့မူဟိုင်က ဒုက္ခရောက်နေပြီး ဘာမှ ပြန်မပြောနိုင်ပေ။ အစတုန်းကတော့ သူလည်း လုံးဝ မယုံခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကူကယ်ရာမဲ့ ဖြစ်ခဲ့ရဝာာပါပဲ။

ဟန်ရှုက တိုက်ပွဲထဲသို့ ချက်ချင်းဝင်ရန် မစောင့်နိုင်တော့တာကို မြင်လိုက်ရတာကြောင့် ကုယွင်က ရယ်မောလိုက်ပြီး "ဟန်ရှု၊ လို့စစ်သူကြီး ပြောတာကို နားမလည်ဘူးလား?? မင်းက အခုအချိန်မှာ သဲကန္တာရတွေ ကျယ်ပြောလှတဲ့ မြေပြန့်တွေမှာရှိနေရင်၊ မင်းရဲ့ မှတ်တမ်းတင်ထားတဲ့ ရေရှည်အောင်မြင်မှုနဲ့ စုမိသားစုစစ်တပ်ရဲ့ ရဲစွမ်းသတ္တိကို ဘယ်ရန်သူကမှ လျစ်လျူမရှုနိုင်ဘူးဆိုတာကို ငါ လုံးဝယုံကြည်တယ်။ ဒါပေမယ့် ဒီအချိန်က မတူဘူး၊ အခုကွဲပြားနေတာက ကြောက်စရာအကောင်းဆုံးရန်သူက ဓားပြတွေ မဟုတ်ဘူး၊ မင်း ရင်ဆိုင်ရမှာက လျှို့ဝှက်ဆန်းကြယ်ပြီး ကြီးမားကျယ်ပြန့်တဲ့ မိုးသစ်တောကြီးပဲ!"

အချိန်၊ ရာသီဥတုနှင့် မြေပြင်အနေအထားက လူများ၏ စွမ်းဆောင်ရည်ကို ကွာခြားစေနိုင်ပြီး သူတို့နှစ်ယောက်စလုံးအတွက် ဒီတိုက်ပွဲက အနိုင်ယူဖို့ ခက်ခဲနေမှာကို သူမ ကြောက်နေမိသည်။

လို့မူဟိုင်က ကုယွင်ကို ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေသည်။ သူ စကားအနည်းငယ်ပြောခဲ့ရုံဖြင့် သူမက သူတို့၏ တကယ့်ရန်သူဖြစ်သော မိုးသစ်တောကို မြင်နိုင်နေပြီ ဖြစ်သည်။ သူအတွက်ကတော့ အနောက်မြောက်ဘက်ရှိ မငြိမ်မသက်မှုများကို နှစ်နှစ်ကြာ ချေမှုန်းပြီးမှသာ ထိုအရာကို နက်နက်ရှိုင်းရှိုင်း နားလည်လာနိုင်ခြင်းပင်။ ဒီမိန်းခလေးက မြင်နေရသလောက် မရိုးရှင်းပါဘူး။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️


အခန္း ၉ ေကာက္က်စ္ေသာ သူပုန္မ်ား (အပိုင္း ၁)

အေနာက္ေျမာက္မွ နယ္စပ္ၿမိဳ႕ႏွင့္ ၿမိဳ႕ေတာ္ၾကား အကြာအေဝးက အမွန္တကယ္ပင္ ေဝးကြာလွသည္။ စစ္တပ္က အလ်န္အျမန္ခ်ီတက္ေနၾကေသာ္လည္း အခ်ိန္ဆယ့္တစ္ရက္ခန႔္ၾကာခဲ့သည္။ ကုယြင္က စုရန္၊ ဟန္ရႈႏွင့္ အျခားသူမ်ားကဲ့သို႔ ျမင္းစီးၿပီး ဆယ္ရက္ေက်ာ္ၾကာေအာင္ ခရီးႏွင္ခဲ့ကာ ညဘက္တြင္လည္း ေပါ့ေပါ့ပါးပါး တည္ေဆာက္ထားေသာ ယာယီတဲငယ္ေလးထဲတြင္ အိပ္စက္အနားယူၿပီး ရိကၡာေျခာက္ကိုသာ စားခဲ့သည္။ အစမွ အဆုံးတိုင္ သူမက တႀကိမ္မွ မညည္းညဴသည့္မျပင္ အရင္ကထက္ပင္ ပိုၿပီး တက္ႂကြေနပုံရသည္။

လြန္ခဲ့သည့္ ဆယ္ရက္အတြင္း သူမ၏ စြမ္းေဆာင္မႈက စစ္တပ္ရွိ စစ္သည္အားလုံး၏ ေလးစားမႈကို ရရွိခဲ့႐ုံသာမက လို႔မူဟိုင္၏အသိအမွတ္ျပဳမႈကိုလည္း ရရွိခဲ့သည္။ ခ်င္းမိသားစုက ေဟာင္ယြဲ႕တြင္ ခ်မ္းသာေသာမိသားစုတစ္ခုဟု သတ္မွတ္ခံရေသာ္လည္း သူတို႔မိသားစုမွ သမီးမ်ား၏ ႀကီးျပင္းလာမႈက ႏူးညံ့သိမ္ေမြ႕ျခင္းမရွိသလို အလြန္အကြၽံ အလိုလိုက္ ျပဳစုခံထားရပုံလည္း မေပၚေပ။ စုလင္းက သူမကို ခ်စ္မိသြားသည္မွာ အံ့ၾသစရာ မဟုတ္ေတာ့ေပ။

အေနာက္ေျမာက္ဘက္သို႔ ဝင္ေရာက္လာခ်ိန္မွစ၍ ေတာင္မ်ားႏွင့္ လယ္ကြင္းမ်ားက ခ်ဳံပုတ္မ်ား၊ ေခ်ာက္မ်ားႏွင့္ျပည့္ႏွက္ေနၿပီး ေနရာတိုင္းတြင္ ေခ်ာင္းမ်ားႏွင့္ ျမစ္မ်ားကို ျမင္ေတြ႕ႏိုင္သည္။ ေလထု၏ စိုထိုင္းဆက သိသိသာသာ ျမင့္မားလာၿပီး အထူးသျဖင့္ ယခု ေႏြရာသီေရာက္ေနၿပီျဖစ္သည့္အတြက္ ပူျပင္းေသာေလကို သည္းမခံႏိုင္ေတာ့ေပ။

အဓိကလမ္းမႀကီး၏ တစ္ဖက္တစ္ခ်က္စီတြင္ ခ်ဳံပုတ္မ်ား ထူထပ္ေနၿပီး တစ္ခ်က္မွ ၾကည့္လိုက္လွ်င္ အစြန္းကိုေတာင္ မျမင္ရေပ။ အေနာက္ဘက္တြင္ ေနက တျဖည္းျဖည္း ဝင္လာၿပီး နာရီဝက္မျပည့္မီတြင္ လုံးဝေမွာင္သြားေပလိမ့္မည္။

ဟန္ရႈက ေျမမ်က္ႏွာသြင္ျပင္ေျမပုံကို ပိတ္လိုက္ၿပီး စုရန္ကို လွမ္းေျပာလိုက္သည္။ "ေနာက္ထပ္မိုင္ေျခာက္ဆယ္ဆိုရင္ ေပ့ခ်န္ပဲ"

သူတို႔ အျမန္ခ်ီတက္မယ္ဆိုရင္ ဒီေန႔ည ေပ့ခ်န္ကို ေရာက္ႏိုင္ရမယ္။

စုရန္က သူ႔ျမင္းကို ႐ုတ္တရက္ ရပ္လိုက္ၿပီး "လို႔စစ္သူႀကီး... ဒီကေန ေပ့ခ်န္အထိ ေျမျပင္အေနအထားက ဘယ္လိုလဲ?"

လို႔မူဟိုင္က ေခါင္းညိတ္လိုက္ၿပီး "အင္း၊ ေရွ႕မွာ ရွည္လ်ားတဲ့ ခ်ိဳင့္တစ္ခုရွိတယ္။ အဲ့ဒိခ်ိဳင့္ကို ျဖတ္ၿပီးရင္ ေပ့ခ်န္ကို ဆယ္မိုင္ေလာက္ လမ္းေလွ်ာက္ရမယ္"

စုရန္က မ်က္ေမွာင္ၾကဳတ္ေနကာ ခဏေလာက္စဥ္းစားေနၿပီးမွ "ေနာက္က်ေနၿပီ၊ ဒီေန႔ေတာ့ ဒီမွာ စခန္းခ်ရေအာင္"ဟု အမိန႔္ေပးလိုက္သည္။

"ဟုတ္ကဲ့"

ဟန္ရႈက အံ့ၾသသြားသည္။ ဤအရွိန္ျဖင့္ ခရီးႏွင္လွ်င္ သူတို႔ ႏွစ္နာရီအတြင္း ေပ့ခ်န္သို႔ ေရာက္ရွိႏိုင္သည္။ စုရန္က ဘာေၾကာင့္ ဒီေနရာမွာ စခန္းခ်ခ်င္ေနတာလဲ! သူက စိတ္ထဲမွာ သံသယေတြရွိေပမယ့္ အခုအခ်ိန္မွာ စုရန္က စစ္ေသနာပတိျဖစ္ေနၿပီ၊ တျခားလူတိုင္းက သူ႔အမိန႔္ကို နာခံရမည္ျဖစ္သည္။

ယာယီစခန္းကို ေကာင္းစြာ အေျခခ်ၿပီးခ်ိန္တြင္ ေကာင္းကင္က လုံးဝမည္းေမွာင္သြားၿပီ ျဖစ္သည္။ ပင္မတဲတြင္ စုရန္၊ ဟန္ရႈႏွင့္ လို႔မူဟိုင္တို႔က စားပြဲႀကီးတစ္လုံးတြင္ ထိုင္ေနၾကၿပီး ကုယြင္က လက္ထဲတြင္ အျဖဴေရာင္ အထည္တစ္စကို ကိုင္ထားၿပီး ေအးစက္ေနေသာ ႏွင္းျဖဴေရာင္ ဓားရွည္ကို ညင္သာစြာ ပြတ္တိုင္ေနသည္။ သူမ မ်က္လုံးေတြက သူတို႔ကို မၾကည့္သလို သူမ နား႐ြက္ကလည္း လႈပ္ရွားမႈ မရွိပါဘူး။ ဒါေပမယ့္ သူမက သူတို႔ေျပာသမွ် စကားေတြကို နားေထာင္ေနခဲ့သည္။

"လို႔စစ္သူႀကီးမင္းက အေနာက္ေျမာက္ဘက္မွာ အၾကာဆုံး တပ္စြဲထားၿပီး သူပုန္ေတြကို ႏွစ္နဲ႔ခ်ီၿပီး ဆက္ဆံခဲ့ရတယ္။ အရင္ဆုံး ေပ့ခ်န္နဲ႔ သူပုန္ေတြရဲ႕ အေျခအေနကို ေျပာျပပါဦး"

"အင္း" လို႔မူဟိုင္က ေခါင္းညိတ္ၿပီး ေလးေလးနက္နက္ ေျပာျပလာသည္။ "ေႏွာင္းဧကရာဇ္မင္းက ဒီနယ္ေျမကို မသိမ္းပိုက္ခင္က ေပ့ခ်န္နဲ႔ အနီးနားက နယ္ေတြ အကုန္လုံးနီးပါးက ေတာ႐ိုင္းနယ္ေျမေတြျဖစ္ခဲ့ဖူးတယ္။ သူတို႔ေတြက ယုံမုမ်ိဳးႏြယ္စုရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာပဲ အၿမဲရွိခဲ့ၾကတယ္၊ သူတို႔အတြက္က မ်ိဳးႏြယ္စုေခါင္းေဆာင္က သူတို႔ရဲ႕သခင္ပဲ။ ေနာက္ပိုင္း ေႏွာင္းဧကရာဇ္မင္းက ခ်ဳံယြဲ႕နဲ႔ အိမ္နီးနားခ်င္းတိုင္းျပည္ရဲ႕အစပ္မွာရွိတဲ့ ဒီလင္နယ္ေျမကို ခ်ဳံယြဲ႕ထဲကို ေပါင္းထည့္ခ်င္ခဲ့တယ္။ ႏွစ္ႏွစ္ေလာက္တိုက္ပြဲေတြျဖစ္ေနခဲ့ၿပီး ေနာက္ဆုံးေတာ့ ဒီနယ္တဝိုက္က ေနရာအမ်ားစုကို သိမ္းပိုက္ႏိုင္ခဲ့တယ္၊ ယုံမုမ်ိဳးႏြယ္စုရဲ႕အႀကီးအကဲက လက္နက္မခ်ဘဲ ေဒသခံေတြနဲ႔အတူ ေတာရဲ႕အနက္ဘက္ကို ျပန္ဆုတ္ခြာသြားတယ္။ အရင္တုန္းက ေႏွာင္းဧကရာဇ္က သူတို႔အားလုံးကို တရွိန္ထိုးဖမ္းဆီးႏိုင္ဖို႔ စစ္သည္ ႏွစ္ေသာင္း ေစလႊတ္ခဲ့တယ္၊ ဒါေပမယ့္ မေအာင္ျမင္ခဲ့ဘူး၊ ယုံမုလူမ်ိဳးေတြက နယ္စပ္ေနရာကို လုယူထားၿပီး ရံဖန္ရံခါ ပုန္ကန္ဖို႔ ထြက္လာတက္ၾကတယ္၊ အဲ့တာေၾကာင့္ ေတာ္ဝင္႐ုံးေတာ္က ေပ့ခ်န္မွာ ၿမိဳ႕ေစာင့္တပ္တစ္တပ္ တည္ေထာင္ထားခဲ့ၿပီး စစ္သူႀကီးတစ္ဦးကို ေစာင့္ၾကပ္ဖို႔ တာဝန္ ေပးထားခဲ့တယ္"

ဟန္ရႈ က "ဒီႏွစ္ေတြအတြင္းမွာ ဝိုင္းဝန္း ႏွိမ္ႏွင္းေရး လႈပ္ရွားမႈေတြ မလုပ္ဖူးဘူးလား?"

လို႔မူဟိုင္၏မ်က္ႏွာက မည္းေမွာင္သြားၿပီး သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ "ငါက သူတို႔ကို မႏွိမ္ႏွင္းခ်င္တာ မဟုတ္ဘူး၊ ဒါက... ငါ... ဘာမွ မလုပ္ႏိုင္ဘူး"

ဘာမွမလုပ္ႏိုင္ဘူးလား? သူ သိသေလာက္ေတာ့ က်န္းရွီစစ္သူႀကီးက စစ္သည္သုံးေသာင္းကို အမိန႔္ေပးႏိုင္တယ္ေလ။ အဲ့လူေတြက သူပုန္ျဖစ္သြားတဲ့ သူခိုး၊ဓားျပတခ်ိဳ႕ပဲ မဟုတ္ဘူးလား?? သူတို႔က က်န္းရွီစစ္သူႀကီးကို အာဏာမဲ့ေစခဲ့တာလား???

စုရန္က ဆက္ေမးလိုက္သည္။ "ဘာေၾကာင့္လဲ??"

လို႔မူဟိုင္က "သူတို႔ထဲက အမ်ားစုက ေတာထဲမွာ ပုန္းေနတတ္တယ္။ ငါ သူတို႔ကို ႏွိမ္ႏွင္းဖို႔ ေတာထဲကို သုံးခါေလာက္ လူေတြ လႊတ္ဖူးတယ္။ သူတို႔ကို ေခ်မႈန္းဖို႔ မေအာင္ျမင္ခဲ့႐ုံသာမကဘဲ ငါတို႔ရဲ႕ စစ္သည္ေတြလည္း အေသအေပ်ာက္ မ်ားခဲ့တယ္။ ေနာက္ဆုံး အားကိုးရာအေနနဲ႔ ငါ လုပ္ႏိုင္တာက ေတာစပ္ကို တပ္ေတြ ေစလႊတ္ထားၿပီး သူတို႔ အစုအေဝးနဲ႔ ထြက္လာတဲ့အခါ သုံးမိုင္အကြာကေန ဝိုင္းရံထားရတယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္အတြင္းမွာ သူတို႔ ကုန္စည္ေတြကို လုယူဖို႔ ထြက္လာတဲ့ အႀကိမ္အေရအတြက္က ေလ်ာ့နည္းလာတာကို ေတြ႕ရွိခဲ့ရတယ္၊ သူတို႔ ေပၚလာတဲ့ အခ်ိန္တိုင္း လက္နက္နဲ႔ စစ္ဘက္ဆိုင္ရာ အေထာက္အပံ့ေတြ ပိုေကာင္းလာတာေၾကာင့္ ငါ အလ်င္လိုစလိုနဲ႔ ၿမိဳ႕ေတာ္ကို သတင္းပို႔လိုက္တာ"

ဒါက ေတာအုပ္တစ္ခုကလြဲၿပီး ဘာမွ မဟုတ္ဘူးေလ! ဟန္ရႈက လုံးဝလက္မခံႏိုင္ဘဲ ေဒါသတႀကီးျဖင့္ "သူတို႔က အဲဒီေတာထဲမွာ ေနတယ္ဆိုရင္ေတာင္ သူတို႔ရဲ႕ေန႔စဥ္လိုအပ္ခ်က္ေတြအတြက္ ရိကၡာေတြ အၿမဲလိုေနလိမ့္မယ္။ ထြက္ေပါက္ကို ပိတ္ဆို႔ၿပီး အတြင္းထဲကို ဝိုင္းထားလို႔ရတယ္"

"ငါ စမ္းၾကည့္ၿပီးၿပီ၊ ဒါေပမယ့္ ကံမေကာင္းတာက သစ္ေတာက အရမ္းႀကီးတဲ့အတြက္ အကုန္လုံးကို ဝိုင္းထားလို႔ မရဘူး။ သူတို႔ရဲ႕အဝင္အထြက္ လမ္းေၾကာင္းကို မသိရဘူး"

သူတို႔က သစ္ေတာက နားမလည္ႏိုင္သလို သိလည္း မသိပါဘူး၊ ၿပီးေတာ့ ဒီေလာက္ႀကီးတဲ့ သစ္ေတာႀကီးကို ဘယ္လို ဝိုင္းထားႏိုင္မွာလဲ??

တစ္ခ်ိန္လုံး တိတ္ဆိတ္ေနခဲ့ေသာ ကုယြင္က ႐ုတ္တရက္ ေမးလိုက္သည္။ "ရွင့္မွာ ဒီသစ္ေတာရဲ႕ ေျမျပင္ေျမပုံရွိလား"

လို႔မူဟိုင္က ကုယြင္ကို ငုံ႔ၾကည့္လိုက္ရာ ေအးစက္ၿပီး ၾကည္လင္ေနေသာ မ်က္လုံးမ်ားက သူ႔ကို စူးစူးစိုက္စိုက္ၾကည့္ေနတာကို ရင္ဆိုင္လိုက္ရၿပီး ေနာက္ဆုံးတြင္ လို႔မူဟိုင္က သက္ျပင္းခ်ကာ "မရွိဘူး၊ ေျပာရမွာ ရွက္ေပမယ့္ သူခိုးေတြက ဘယ္ေလာက္ရွိမွန္းေတာင္ မသိဘူး။ သူတို႔က ေတာထဲမွာ ပုန္းေနၾကတယ္၊ သူတို႔က ဘယ္ေတာ့မွ အင္အားအျပည့္နဲ႔ ထြက္မလာဘူး။ ခန႔္မွန္းရသေလာက္ေတာ့ အေရအတြက္က တစ္ေသာင္းထက္ မနည္းဘူး"

လို႔မူဟိုင္က ရန္သူဘက္တြင္ တပ္ဖြဲ႕ဝင္မည္မွ်ရွိသည္ကိုပင္ မသိႏိုင္ခဲ့ေပ။ အစတုန္းကေတာ့ သူတို႔က သူခိုးငယ္ေလးေတြခ်ည္းပဲလို႔ သူ ထင္ခဲ့ၿပီး လက္ေ႐ြးစင္စစ္သည္ သုံးေသာင္းက လုံေလာက္တာထက္ ပိုေနၿပီဟု သူ သတ္မွတ္ခဲ့သည္။ ဒါေပမယ့္ အခုေတာ့ ျပသနာက ထင္ထားတာထက္ ပိုခက္ခဲေနပုံရသည္။

စုရန္က "သူတို႔ရဲ႕ေခါင္းေဆာင္က ဘယ္သူလဲ"

ဒါေလာက္ေတာ့ ခင္ဗ်ား သိႏိုင္မယ္ မလား??

ထိုစကားကို ၾကားရခ်ိန္တြင္ လို႔မူဟိုင္က အနည္းငယ္ စိတ္ဆိုးသြားပုံရၿပီး "မုစန္း၊ သူက ေသဆုံးသြားတဲ့ မ်ိဳးႏြယ္စုေခါင္းေဆာင္ရဲ႕ သားပဲ၊ ၿပီးေတာ့ သူ႔ရဲ႕နည္းလမ္းေတြက သူ႔အေဖထက္ ပိုအစြမ္းထက္တယ္။ ငါ ဘာမွ မတက္ႏိုင္ခဲ့တာ စိတ္မေကာင္းစရာပဲ၊ ငါမွာ သူ႔ကို ထိပ္တိုက္ရင္ဆိုင္ဖို႔ အခြင့္အေရး မရွိခဲ့ဘူး၊ သူ႔ရဲ႕ ညာလက္႐ုံးလူႏွစ္ေယာက္ျဖစ္တဲ့ ဝူက်ိ နဲ႔ ရန္ေကာ္ကေတာင္ ငါ့အတြက္ အရမ္းစိုးရိမ္စရာ ျဖစ္ေနတယ္"

သူ႔လက္ေအာက္ငယ္သားေတြကေတာင္ က်န္းရွီစစ္သူႀကီးကို စိတ္ဆင္းရဲေအာင္ လုပ္ထားၿပီးသားလား??? ဟန္ရႈက ေအးစက္စြာ ေအာ္ဟစ္ေလွာင္ေျပာင္လိုက္သည္။ "သူတို႔က မင္းေျပာသလို တကယ္ အစြမ္းထက္ေနတာလား?? ငါ မယုံဘူး!"

လို႔မူဟိုင္က ဒုကၡေရာက္ေနၿပီး ဘာမွ ျပန္မေျပာႏိုင္ေပ။ အစတုန္းကေတာ့ သူလည္း လုံးဝ မယုံခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ကူကယ္ရာမဲ့ ျဖစ္ခဲ့ရဝာာပါပဲ။

ဟန္ရႈက တိုက္ပြဲထဲသို႔ ခ်က္ခ်င္းဝင္ရန္ မေစာင့္ႏိုင္ေတာ့တာကို ျမင္လိုက္ရတာေၾကာင့္ ကုယြင္က ရယ္ေမာလိုက္ၿပီး "ဟန္ရႈ၊ လို႔စစ္သူႀကီး ေျပာတာကို နားမလည္ဘူးလား?? မင္းက အခုအခ်ိန္မွာ သဲကႏၲာရေတြ က်ယ္ေျပာလွတဲ့ ေျမျပန႔္ေတြမွာရွိေနရင္၊ မင္းရဲ႕ မွတ္တမ္းတင္ထားတဲ့ ေရရွည္ေအာင္ျမင္မႈနဲ႔ စုမိသားစုစစ္တပ္ရဲ႕ ရဲစြမ္းသတၱိကို ဘယ္ရန္သူကမွ လ်စ္လ်ဴမရႈႏိုင္ဘူးဆိုတာကို ငါ လုံးဝယုံၾကည္တယ္။ ဒါေပမယ့္ ဒီအခ်ိန္က မတူဘူး၊ အခုကြဲျပားေနတာက ေၾကာက္စရာအေကာင္းဆုံးရန္သူက ဓားျပေတြ မဟုတ္ဘူး၊ မင္း ရင္ဆိုင္ရမွာက လွ်ိဳ႕ဝွက္ဆန္းၾကယ္ၿပီး ႀကီးမားက်ယ္ျပန႔္တဲ့ မိုးသစ္ေတာႀကီးပဲ!"

အခ်ိန္၊ ရာသီဥတုႏွင့္ ေျမျပင္အေနအထားက လူမ်ား၏ စြမ္းေဆာင္ရည္ကို ကြာျခားေစႏိုင္ၿပီး သူတို႔ႏွစ္ေယာက္စလုံးအတြက္ ဒီတိုက္ပြဲက အႏိုင္ယူဖို႔ ခက္ခဲေနမွာကို သူမ ေၾကာက္ေနမိသည္။

လို႔မူဟိုင္က ကုယြင္ကို ထိတ္လန႔္စြာျဖင့္ စိုက္ၾကည့္ေနသည္။ သူ စကားအနည္းငယ္ေျပာခဲ့႐ုံျဖင့္ သူမက သူတို႔၏ တကယ့္ရန္သူျဖစ္ေသာ မိုးသစ္ေတာကို ျမင္ႏိုင္ေနၿပီ ျဖစ္သည္။ သူအတြက္ကေတာ့ အေနာက္ေျမာက္ဘက္ရွိ မၿငိမ္မသက္မႈမ်ားကို ႏွစ္ႏွစ္ၾကာ ေခ်မႈန္းၿပီးမွသာ ထိုအရာကို နက္နက္ရႈိင္းရႈိင္း နားလည္လာႏိုင္ျခင္းပင္။ ဒီမိန္းခေလးက ျမင္ေနရသေလာက္ မ႐ိုးရွင္းပါဘူး။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Weiterlesen

Das wird dir gefallen

63.1K 3.7K 90
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Ku...
118K 14.2K 94
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
233K 21.1K 73
Unicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသ...
28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.