Chapter (102) Arc 4
ကြောက်စရာကောင်းသောလူ
သို့သော်လည်း ဈေးဆိုင်ပိုင်ရှင်သည် ဆိတ်ဆိတ်နေကာ ဈေးမလုံလောက်ဟု ထင်နေပုံဖြင့် လုံးဝ စကားမဆိုလာချေ။ ဈေးတက်နေဆဲဟု ထင်ကာ ဈေးတင် တောင်းချင်နေသော သူတော်စင်တစ်ပိုင်းတို့ကိုပင် သိပ်လှည့်မကြည့်ချင်ပေ။
ဆိုင်ပိုင်ရှင်က ရုတ်တရက် ချောင်းဆိုးပြီး နောက်ဆုံးတော့ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့မျက်လုံးအထဲမှာ လျှပ်စီးတစ်ချက် လက်သွားပြီး သူ့ရှေ့မှာ စုဝေးနေတဲ့ သူတော်စင်တစ်ပိုင်း အုပ်စုကို ကြည့်လိုက်သည်။
အပြာရောင် ဝတ်ထားသော သူတော်စင်တစ်ပိုင်း လူတစ်ယောက်သည် စိတ်လှုပ်ရှားသွားပြီး
"အကြီးအကဲ... ဒါက ဝိညာဥ်ကျောက်တုံး ဆယ်သန်းပါ..."
ဈေးဆိုင်ပိုင်ရှင်က
“မင်းရဲ့ကမ်းလှမ်းချက်ကို သဘောတူမယ်လို့ ငါမပြောခဲ့ဘူး.... ဝိညာဥ်ကျောက်တုံး ၁၀ သန်းက အရမ်းမြင့်နေပြီလို့ မင်းထင်နေတာလား?”
လူတိုင်း အံ့ဩသွားကြသည်။ ဒီဈေးက မမြင့်သေးဘူးလား? မမြင့်ဘူး ဆိုရင် စောစောက ပြောသင့်တယ်လေ။
ဈေးဆိုင်ပိုင်ရှင်က သက်ပြင်းချကာ သူတော်စင် ဝိညာဉ်မြက်ပင်ကို သူ့လက်ဖဝါးဖြင့် ညင်သာစွာ ပွတ်သပ်ပေးနေပုံကို သူ့ကလေးကို ပွတ်သပ်နေသလို ဂရုတစိုက် ရှိလှသည်။
"ဒါတွေက သူတော်စင် ဝိညာဉ်မြက်တွေဆိုတာ အမှန်ပဲ ဆိုပေမယ့် သူတော်စင်နယ်ပယ်က ဝိညာဥ်မြက်ပင်တွေက ပျက်စီးသွားကြပြီ... သူတို့မှာ သူတော်စင် ဝိညာဉ်မြက်ရဲ့ ဆေးဖက်ဝင် အာနိသင်တွေ မရှိတော့ဘူး... ဒီအဘိုးကြီး ဒီဝိညာဉ်မြက်တွေကို ထုတ်လာတာက သူတို့ ဘာဖြစ်သွားလဲ ဆိုတာကို မေးဖို့ပဲ!"
သူက ဆက်၍
"မင်းတို့လူတွေက သူတော်စင် ဝိညာဉ်မြက်ကို မြင်ပေမယ့် ဝံပုလွေတွေ ခွေးတွေလိုပဲ ဘာမှကို နားမလည်ကြဘူး ဆိုတာ တစ်ချက်လောက် ကြည့်ရုံနဲ့ကို ပြောနိုင်တယ်.... သွား သွား... အကုန် ဟိုဘက်သွားကြ!"
အချိန်အတော် ကြာအောင် ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် ဆိုင်ပိုင်ရှင်က လုံးဝ ထုတ်မရောင်းခဲ့ချေ။ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများသည် သွားများကို ကိုက်ခဲသော်လည်း ရွေးချယ်စရာ မရှိတာကြောင့် လှည့်ထွက်သွားဖို့ ပြင်လိုက်ကြချိန်။
“ဒါပေမယ့်…”
ဆိုင်ရှင်က ရုတ်တရက် ထပ်ပြောလိုက်တော့ အားလုံးလှည့်ကြည့်လိုက်ကြသည်။
"ဒီသူတော်စင် ဝိညာဉ်မြက်ပင်တွေရဲ့ ဖြစ်ပျက်ခဲ့တာကို ပြောပြနိုင်ရင် အောင်မြင်စွာ ပြန်စိုက်နိုင်ရင် အဲဒီထဲက တချို့ကို ငါရောင်းပေးနိုင်မယ်"
ဆိုင်ပိုင်ရှင်၏ စကားသည် ဤသူတော်စင်တစ်ပိုင်း၏ စိတ်ခံစားမှုကို နှိုးဆွပေးကာ တစ်ယောက်ပြီး တစ်ယောက် ပြန်လာကြသည်။ ဈေးဆိုင်ပိုင်ရှင်၏ အချက်ပြမှုကြောင့် ဝိညာဥ်မြက်ပင်ကို ကောက်ယူပြီး စစ်ဆေးခဲ့သော်လည်း အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် မည်သူမျှ သဲလွန်စ မရရှိခဲ့ပေ။
လုရွှမ်လည်း စိတ်လှုပ်ရှားနေခဲ့သည်။ ဤသူတော်စင် ဝိညာဉ်မြက်ပင်များ ဘာဖြစ်သွားသည်ကို သူသိသည်။
"ကောင်လေး မင်းရဲ့ အံ့သြစရာကောင်းတဲ့ အသွင်အပြင်ကို ငါမြင်ရတယ်... မင်းဒီဆေးပင်တွေ အကြောင်း ပြောကြည့်ချင်လား?"
ဆိုင်ပိုင်ရှင်က ရုတ်တရက် လှည့်ပြောလိုက်သည်။
လုရွှမ်၏ နှလုံးသားသည် ထိတ်လန့်တုန်လှုပ်သွားသည်။ ဤဆိုင်ပိုင်ရှင်၏ ခွန်အားသည် အမှန်တကယ်ပင် ကြီးမားလှသည်။ စိတ်ဝိညာဉ် စွမ်းအားကလည်း သူ့ထက် မနည်းပုံပေါ်၏။ သူသည် တခဏမျှ စိတ်လှုပ်ရှားသွားလေသည်။
"ဒီကအဘိုးကြီး..."
"အတင့်ရဲလိုက်တာ!"
လုရွှမ် စကားမဆုံးခင်မှာ သူတော်စင်တစ်ပိုင်း လူတစ်ယောက်က ဟောက်လိုက်လေသည်။
လုရွှမ် ဒီနေရာမှာ ရပ်နေတာကို သူမြင်နေခဲ့တာ ကြာပြီ။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ပဲ ရှိတဲ့ အငယ်တန်းလေးက ဒီသူတော်စင်နယ်ပယ်က ဝိညာဉ်မြက်ပင်ကို လိုချင်တပ်မက်စွာ တောင့်တဝံ့သူပင်။ ဈေးဆိုင်ပိုင်ရှင်ရဲ့ အကျင့်စာရိတ္တကြောင့်သာ မဟုတ်ရင် ဒီလူမိုက်ကလေးကို ရိုက်နှက်ပြီးလောက်ပြီ။
ဒီအချိန်မှာ မထင်မှတ်ဘဲ ပြောရရင်တော့ သူက အကြီးအကဲလို့တောင် မခေါ်ဘဲ အဘိုးကြီးလို့ ခေါ်လိုက်သည်။ သူက မျိုးဆက်တူ သူငယ်ချင်းတွေကို ခေါ်ဝေါ်နေတဲ့ လေသံမှာ ရှိနေတဲ့ သူတို့ကိုပါ ဂရုမစိုက်တာ သိသာလေ၏။
သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများက ဆိုင်ရှင်အား အကြီးအကဲဟု လေးလေးစားစား ခေါ်နေစဥ် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လုရွှမ်ကတော့ အဘိုးကြီးဟု ခေါ်ခဲ့သည်။
ဒါက သူတို့လို သူတော်စင်တစ်ပိုင်း ကျင့်ကြံသူတွေကို သောက်ဂရုမစိုက်တဲ့ သဘောလား?
"ဟမ့်...."
လုရွှမ် အေးစက်တဲ့ အသံတစ်သံကို ထုတ်လွှတ်လိုက်ပြီး ရေခဲချွန်တွေလို မျက်လုံးတွေနဲ့ တစ်ဖက်လူကို ပြန်စိုက်ကြည့်လိုက်သည်။ ထိုသူသည် သူတော်စင်တစ်ပိုင်း ပထမအဆင့်က လူသာဖြစ်လို့ သူ့မျက်လုံးထဲ လုံးဝ မထည့်ထားချင်ပေ။
"ဘာလဲ မင်းက မာန်တက်ချင်နေသေးတာလား?"
ထိုလူက အော်ပြောပြီး ဆိုင်ပိုင်ရှင်ကို တစ်ချက် လှည့်ကြည့်လိုက်ရင်း ယုံကြည်မှု အပြည့်နဲ့
"ကောင်လေး မင်း အခု နာခံနေသင့်ပြီ..."
လုရွှမ် လက်ဝါးတစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။
ဘာကောင်လဲ? ဒီသူတော်စင်နယ်ပယ်က ဝိညာဉ်မြက်ရဲ့ အခြေအနေကို ဖော်ထုတ်နိုင်သူဟာ သဘာဝအတိုင်း ဝယ်နိုင်တယ်လို့ ဈေးဆိုင်ပိုင်ရှင်က ပြောထားပြီးသား မဟုတ်ဘူးလား?
ဈေးဆိုင်ပိုင်ရှင်က တိတ်တိတ်ဆိတ်ဆိတ် မတ်တပ်ရပ်နေတာနဲ့ တခြားသူရဲ့ မျက်နှာသာရရေးအတွက် သူ့ကိုလာပြီး အနိုင်ကျင့်ချင်သေးတာလား? တကယ်ကို အသုံးမကျချက်ပဲ။
ထိုသူတော်စင်တစ်ပိုင်းကလည်း လုရွှမ် လှုပ်ရှားလာလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် သူလုံးဝ ဂရုမစိုက်ထားမိဘူး။ ဒီအငယ်တန်းလေးက သူ့အပေါ် ဒီလိုမျိုး ကျူးလွန်ရဲတာကို သူလုံးဝ ခွင့်မလွှတ်နိုင်ပေ။
သူသည် လက်ဖဝါးကို မြှောက်ကာ လုရွှမ်၏ လက်မောင်းကို ဖမ်းဆုပ် ရိုက်ချိုးရန် ကြိုးစားလိုက်သည်။
သို့သော် လုရွှမ်လက်မောင်းကို တစ်ချက် ရိုက်မိလိုက်တာနဲ့ ထိုလူမှာ သူ့လက်ဖဝါးက ကျောက်တုံးကို ပြေးရိုက်မိသလို တိုက်ရိုက် ကျိုးသွားတာကြောင့် ကျယ်လောင်သော အသံကို ထုတ်လွှတ်လိုက်ရတော့သည်။
ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ထွက်ပေါ်လာပြီး ထိုလူသည် တုံ့ပြန်ရန် အချိန်မရှိလိုက်ဘဲ သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ဆွဲတင်ခံလိုက်ရကာ သူ့ခန္ဓာကိုယ်လည်း ဇောက်ထိုး လွင့်ကျသွားခဲ့သည်။
အနီးနားရှိ လူတိုင်း တုန်လှုပ် အံ့အားသင့်သွားကာ လုရွှမ်ကို အထိတ်တလန့်ဖြင့် ကြည့်နေကြလေ၏။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က တစ်ဦးက သူတော်စင် တစ်ပိုင်းကို လွင့်ထွက်သွားအောင် ရိုက်ထုတ်နိုင်လိုက်တာက သူတို့ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများကို ပိုလို့တောင် အံ့သြသွားစေခဲ့သည်။
သူတို့သည် ဝိညာဉ်စွမ်းအား သို့မဟုတ် တခြားနည်းလမ်းများကို မခံစားမိကြဘဲ ရုပ်ခန္ဓာ၏ စွမ်းအားကို ရိုးရှင်းစွာ အားကိုးခဲ့ကြောင်း သတိထားမိလေသည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ကျင့်ကြံသူလေးက ဘယ်အချိန်ကများ ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားကို ပိုင်ဆိုင်သွားကြတာလဲ။
"မင်းက ဘယ်သူလဲ?"
တိုက်ခိုက်ခံခဲ့ရသော လူသည် မယုံကြည်နိုင်စွာနဲ့ သူ့ပါးကို လက်နဲ့အုပ်ပြီး ပြန်ပြေးလာခဲ့သည်။ လုရွှမ်ကို အပေါ်အောက် ငုံ့ကြည့်ရင်း အရိုက်ခံရမှာကို ကြောက်နေရှာလေသည်။
ဒါဟာ ထူးဆန်းတဲ့ ခံစားချက်တစ်ခုပဲ။ သူရိုက်ထုတ် ခံရတာကြောင့် အရှက်ရသွားသလို ခံစားခဲ့ရပေမယ့် အကြောင်းတစ်ခုခုကြောင့် လုရွှမ်ရဲ့ စူးစူးစိုက်စိုက် ကြည့်ခြင်းကို ခံရတော့ သူ့ရင်ထဲမှာ အမုန်းတရားတွေ ထပ်မံ မခံစားနိုင်တော့ဘဲ ခုခံဖို့ စိတ်ကူးကိုတောင် ချက်ချင်း ဖယ်ထုတ်ပစ်လိုက်ရ၏။
ပတ်ဝန်းကျင်က လူတော်တော် များများက တုန်လှုပ် ချောက်ချားနေကြပြီး သူတော်စင်တစ်ပိုင်း လူတစ်ယောက်တောင် အခုလို တိုက်ခိုက်ခံရတာကြောင့် ပြန်မတိုက်ဝံ့ကြပေ။
လွန်ခဲ့သည့် နှစ်တွင် လုရွှမ်၏ ဂုဏ်သတင်းသည် တဖြည်းဖြည်း ကြီးထွားလာပြီး သူတော်စင် တစ်ပိုင်းတို့သည် ချုပ်နှောင်ရခြင်း အကြောင်းရင်းကို တဖြည်းဖြည်း နားလည်လာကြသည်။
လွန်ခဲ့သော တစ်နှစ်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ကျင့်ကြံသူံသည် သူတော်စင်တစ်ပိုင်းကို စော်ကားဝံ့ပါက သူတော်စင်တစ်ပိုင်းတွေဆီက ရက်ရက်စက်စက် ဟိုးရှေးရှေးတုန်းကပင် သူတော်စင်ကို အသတ်ခံရလိမ့်မည်။
လုရွှမ်သည် သူ၏စိတ်ဝိညာဉ် စွမ်းအားသည် အရည်အသွေးပိုင်းအရ အမှန်တကယ် တိုးတက်လာကြောင်း သူ့စိတ်ထဲတွင် သိထားသည်။ ယခင်က ၎င်းသည် သန့်စင်သော ဝိညာဉ် အတိုင်းအတာ၏ တိုးတက်မှု တစ်ခုမျှသာ ဖြစ်သော်လည်း ယခုအခါတွင် ဝိညာဉ်အပိုတစ်ခု ရှိလာသလို အရှိန်အဟုန်ကို ရရှိလာခဲ့သည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် နတ်ဆိုးတစ်ကောင် ချဥ်းကပ်လာသလို စိတ်စွမ်းအား အတိုင်းအတာ ရှိသူသည် သူ့အကြည့်ကို ခံနိုင်ရည်ရှိရန်ပင် ခွန်အား မရှိနိုင်ပေ။
"ဆိုင်ရှင်က အသက်ကြီးနေပြီ... သူ့ကို အဘိုးကြီးလို့ ခေါ်တာ ဘာမှားလို့လဲ? ဟုတ်တယ်မလား?"
လုရွှမ် ထိုကျင့်ကြံသူကို လုံးဝဂရုမစိုက်ဘဲ အဘိုးကြီးကိုသာ လှည့်မေးလိုက်သည်။
ထိုသူမှာ လုရွှမ်ကို လက်စားချေဖို့ နေနေသာသာ ခံနိုင်ရည် မရှိတာကြောင့် လူအုပ်ကြီးရဲ့ မြင်ကွင်းထဲကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားခဲ့ရလေသည်။
"ဟားဟား ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒီကသူငယ်ချင်းလေးက မိတ်ဆွေလေးလုရွှမ် ဖြစ်မယ် ဟုတ်တယ်မလား?"
ဆိုင်ပိုင်ရှင်က ပြုံးပြုံးလေး ပြောလိုက်သည်။
လုရွှမ်လည်း သူ့မျက်နှာပေါ်က ရုပ်ဖျက်ထားတာတွေကို ဖယ်ရှား၍ သူ၏ ဇာတိရုပ်ကို ဖော်ထုတ်လိုက်သည်။ ယခုတော့ ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိတော့ပေ။ ဆိုင်ရှင်သည် အလွန်တန်ခိုးကြီးလှရာ မျက်စိစုံမှိတ်ပြီး ဖုံးကွယ်ထားလျှင် သူ့ကို စော်ကားရာ ရောက်သွားလိမ့်မည်။
နောက်ပြီး သဘောတူညီချက်ကို လက်လွှတ် မခံချင်ဘူးလေ။ နဂါးဝိညာဥ်မြက်ပင်ကို ရယူဖို့ သူရည်ရွယ်ထားပြီးသား ဖြစ်နေပြီ။
လုရွှမ်ရဲ့ မျက်နှာအစစ်ကို မြင်လိုက်ရတော့ လူတွေက တစ်ယောက်ပြီး တစ်ယောက် အထိတ်တလန့် အသံများ ထွက်ပေါ်လာကြသည်။ လုရွှမ် အကြောင်းကို ဒီလူတွေလည်း သိနေကြပြီလေ။
ဒဏ္ဍာရီထဲမှာတော့ သူ့ရဲ့ အံ့သြဖွယ် ဝိညာဉ်စွမ်းအားအကြောင်း၊ သူရဲ့ စိတ်ဝိညာဉ် စွမ်းအားက သူတော်စင်တစ်ပိုင်းကို သတ်လိုက်တာ မဟုတ်လား။
သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများအားလုံး ခြေလှမ်း အနည်းငယ် တိတ်တဆိတ် ဆုတ်၍ ကျောခိုင်းလိုက်ကြသည်။ ဤလူသည် သူတော်စင်တစ်ပိုင်းများကို သတ်ဖြတ်ရန် အမှန်တကယ် စွဲလမ်းနေသူ မဟုတ်ပါလော။
လူ အများအပြားသည် သွေးထွက်သံယို မုန်တိုင်းမှ ထွက်လာခဲ့ဖူး ကြသော်လည်း ခေါင်းဖြတ်ခံရသော သူတော်စင် တစ်ပိုင်း အရေအတွက်မှာ လုရွှမ်တစ်ယောက်တည်း အင်အားလောက်ပင် မများပေ။
ဒီလိုလူက အရမ်းကြောက်ဖို့ ကောင်းလွန်းလှပေသည်။
.
Chapter (102) Arc 4
ေၾကာက္စရာေကာင္းေသာလူ
သို႔ေသာ္လည္း ေဈးဆိုင္ပိုင္ရွင္သည္ ဆိတ္ဆိတ္ေနကာ ေဈးမလုံေလာက္ဟု ထင္ေနပုံျဖင့္ လုံးဝ စကားမဆိုလာေခ်။ ေဈးတက္ေနဆဲဟု ထင္ကာ ေဈးတင္ ေတာင္းခ်င္ေနေသာ သူေတာ္စင္တစ္ပိုင္းတို႔ကိုပင္ သိပ္လွည့္မၾကည့္ခ်င္ေပ။
ဆိုင္ပိုင္ရွင္က ႐ုတ္တရက္ ေခ်ာင္းဆိုးၿပီး ေနာက္ဆုံးေတာ့ မ်က္လုံးကို ဖြင့္ၾကည့္လိုက္သည္။ သူ႕မ်က္လုံးအထဲမွာ လွ်ပ္စီးတစ္ခ်က္ လက္သြားၿပီး သူ႕ေရွ႕မွာ စုေဝးေနတဲ့ သူေတာ္စင္တစ္ပိုင္း အုပ္စုကို ၾကည့္လိုက္သည္။
အျပာေရာင္ ဝတ္ထားေသာ သူေတာ္စင္တစ္ပိုင္း လူတစ္ေယာက္သည္ စိတ္လႈပ္ရွားသြားၿပီး
"အႀကီးအကဲ... ဒါက ဝိညာဥ္ေက်ာက္တုံး ဆယ္သန္းပါ..."
ေဈးဆိုင္ပိုင္ရွင္က
မင္းရဲ႕ကမ္းလွမ္းခ်က္ကို သေဘာတူမယ္လို႔ ငါမေျပာခဲ့ဘူး.... ဝိညာဥ္ေက်ာက္တုံး ၁၀ သန္းက အရမ္းျမင့္ေနၿပီလို႔ မင္းထင္ေနတာလား?
လူတိုင္း အံ့ဩသြားၾကသည္။ ဒီေဈးက မျမင့္ေသးဘူးလား? မျမင့္ဘူး ဆိုရင္ ေစာေစာက ေျပာသင့္တယ္ေလ။
ေဈးဆိုင္ပိုင္ရွင္က သက္ျပင္းခ်ကာ သူေတာ္စင္ ဝိညာဥ္ျမက္ပင္ကို သူ႕လက္ဖဝါးျဖင့္ ညင္သာစြာ ပြတ္သပ္ေပးေနပုံကို သူ႕ကေလးကို ပြတ္သပ္ေနသလို ဂ႐ုတစိုက္ ရွိလွသည္။
"ဒါေတြက သူေတာ္စင္ ဝိညာဥ္ျမက္ေတြဆိုတာ အမွန္ပဲ ဆိုေပမယ့္ သူေတာ္စင္နယ္ပယ္က ဝိညာဥ္ျမက္ပင္ေတြက ပ်က္စီးသြားၾကၿပီ... သူတို႔မွာ သူေတာ္စင္ ဝိညာဥ္ျမက္ရဲ႕ ေဆးဖက္ဝင္ အာနိသင္ေတြ မရွိေတာ့ဘူး... ဒီအဘိုးႀကီး ဒီဝိညာဥ္ျမက္ေတြကို ထုတ္လာတာက သူတို႔ ဘာျဖစ္သြားလဲ ဆိုတာကို ေမးဖို႔ပဲ!"
သူက ဆက္၍
"မင္းတို႔လူေတြက သူေတာ္စင္ ဝိညာဥ္ျမက္ကို ျမင္ေပမယ့္ ဝံပုေလြေတြ ေခြးေတြလိုပဲ ဘာမွကို နားမလည္ၾကဘူး ဆိုတာ တစ္ခ်က္ေလာက္ ၾကည့္႐ုံနဲ႕ကို ေျပာနိုင္တယ္.... သြား သြား... အကုန္ ဟိုဘက္သြားၾက!"
အခ်ိန္အေတာ္ ၾကာေအာင္ ႐ုန္းရင္းဆန္ခတ္ ျဖစ္ၿပီးေနာက္ ဆိုင္ပိုင္ရွင္က လုံးဝ ထုတ္မေရာင္းခဲ့ေခ်။ သူေတာ္စင္တစ္ပိုင္း က်င့္ႀကံသူမ်ားသည္ သြားမ်ားကို ကိုက္ခဲေသာ္လည္း ေ႐ြးခ်ယ္စရာ မရွိတာေၾကာင့္ လွည့္ထြက္သြားဖို႔ ျပင္လိုက္ၾကခ်ိန္။
ဒါေပမယ့္
ဆိုင္ရွင္က ႐ုတ္တရက္ ထပ္ေျပာလိုက္ေတာ့ အားလုံးလွည့္ၾကည့္လိုက္ၾကသည္။
"ဒီသူေတာ္စင္ ဝိညာဥ္ျမက္ပင္ေတြရဲ႕ ျဖစ္ပ်က္ခဲ့တာကို ေျပာျပနိုင္ရင္ ေအာင္ျမင္စြာ ျပန္စိုက္နိုင္ရင္ အဲဒီထဲက တခ်ိဳ႕ကို ငါေရာင္းေပးနိုင္မယ္"
ဆိုင္ပိုင္ရွင္၏ စကားသည္ ဤသူေတာ္စင္တစ္ပိုင္း၏ စိတ္ခံစားမႈကို ႏွိုးဆြေပးကာ တစ္ေယာက္ၿပီး တစ္ေယာက္ ျပန္လာၾကသည္။ ေဈးဆိုင္ပိုင္ရွင္၏ အခ်က္ျပမႈေၾကာင့္ ဝိညာဥ္ျမက္ပင္ကို ေကာက္ယူၿပီး စစ္ေဆးခဲ့ေသာ္လည္း အခ်ိန္အေတာ္ၾကာေအာင္ ရွာေဖြၿပီးေနာက္ မည္သူမွ် သဲလြန္စ မရရွိခဲ့ေပ။
လု႐ႊမ္လည္း စိတ္လႈပ္ရွားေနခဲ့သည္။ ဤသူေတာ္စင္ ဝိညာဥ္ျမက္ပင္မ်ား ဘာျဖစ္သြားသည္ကို သူသိသည္။
"ေကာင္ေလး မင္းရဲ႕ အံ့ၾသစရာေကာင္းတဲ့ အသြင္အျပင္ကို ငါျမင္ရတယ္... မင္းဒီေဆးပင္ေတြ အေၾကာင္း ေျပာၾကည့္ခ်င္လား?"
ဆိုင္ပိုင္ရွင္က ႐ုတ္တရက္ လွည့္ေျပာလိုက္သည္။
လု႐ႊမ္၏ ႏွလုံးသားသည္ ထိတ္လန႔္တုန္လႈပ္သြားသည္။ ဤဆိုင္ပိုင္ရွင္၏ ခြန္အားသည္ အမွန္တကယ္ပင္ ႀကီးမားလွသည္။ စိတ္ဝိညာဥ္ စြမ္းအားကလည္း သူ႕ထက္ မနည္းပုံေပၚ၏။ သူသည္ တခဏမွ် စိတ္လႈပ္ရွားသြားေလသည္။
"ဒီကအဘိုးႀကီး..."
"အတင့္ရဲလိုက္တာ!"
လု႐ႊမ္ စကားမဆုံးခင္မွာ သူေတာ္စင္တစ္ပိုင္း လူတစ္ေယာက္က ေဟာက္လိုက္ေလသည္။
လု႐ႊမ္ ဒီေနရာမွာ ရပ္ေနတာကို သူျမင္ေနခဲ့တာ ၾကာၿပီ။ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ပဲ ရွိတဲ့ အငယ္တန္းေလးက ဒီသူေတာ္စင္နယ္ပယ္က ဝိညာဥ္ျမက္ပင္ကို လိုခ်င္တပ္မက္စြာ ေတာင့္တဝံ့သူပင္။ ေဈးဆိုင္ပိုင္ရွင္ရဲ႕ အက်င့္စာရိတၱေၾကာင့္သာ မဟုတ္ရင္ ဒီလူမိုက္ကေလးကို ရိုက္ႏွက္ၿပီးေလာက္ၿပီ။
ဒီအခ်ိန္မွာ မထင္မွတ္ဘဲ ေျပာရရင္ေတာ့ သူက အႀကီးအကဲလို႔ေတာင္ မေခၚဘဲ အဘိုးႀကီးလို႔ ေခၚလိုက္သည္။ သူက မ်ိဳးဆက္တူ သူငယ္ခ်င္းေတြကို ေခၚေဝၚေနတဲ့ ေလသံမွာ ရွိေနတဲ့ သူတို႔ကိုပါ ဂ႐ုမစိုက္တာ သိသာေလ၏။
သူေတာ္စင္တစ္ပိုင္း က်င့္ႀကံသူမ်ားက ဆိုင္ရွင္အား အႀကီးအကဲဟု ေလးေလးစားစား ေခၚေနစဥ္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္က လု႐ႊမ္ကေတာ့ အဘိုးႀကီးဟု ေခၚခဲ့သည္။
ဒါက သူတို႔လို သူေတာ္စင္တစ္ပိုင္း က်င့္ႀကံသူေတြကို ေသာက္ဂ႐ုမစိုက္တဲ့ သေဘာလား?
"ဟမ့္...."
လု႐ႊမ္ ေအးစက္တဲ့ အသံတစ္သံကို ထုတ္လႊတ္လိုက္ၿပီး ေရခဲခြၽန္ေတြလို မ်က္လုံးေတြနဲ႕ တစ္ဖက္လူကို ျပန္စိုက္ၾကည့္လိုက္သည္။ ထိုသူသည္ သူေတာ္စင္တစ္ပိုင္း ပထမအဆင့္က လူသာျဖစ္လို႔ သူ႕မ်က္လုံးထဲ လုံးဝ မထည့္ထားခ်င္ေပ။
"ဘာလဲ မင္းက မာန္တက္ခ်င္ေနေသးတာလား?"
ထိုလူက ေအာ္ေျပာၿပီး ဆိုင္ပိုင္ရွင္ကို တစ္ခ်က္ လွည့္ၾကည့္လိုက္ရင္း ယုံၾကည္မႈ အျပည့္နဲ႕
"ေကာင္ေလး မင္း အခု နာခံေနသင့္ၿပီ..."
လု႐ႊမ္ လက္ဝါးတစ္ဖက္ကို ေဝ့ယမ္းလိုက္သည္။
ဘာေကာင္လဲ? ဒီသူေတာ္စင္နယ္ပယ္က ဝိညာဥ္ျမက္ရဲ႕ အေျခအေနကို ေဖာ္ထုတ္နိုင္သူဟာ သဘာဝအတိုင္း ဝယ္နိုင္တယ္လို႔ ေဈးဆိုင္ပိုင္ရွင္က ေျပာထားၿပီးသား မဟုတ္ဘူးလား?
ေဈးဆိုင္ပိုင္ရွင္က တိတ္တိတ္ဆိတ္ဆိတ္ မတ္တပ္ရပ္ေနတာနဲ႕ တျခားသူရဲ႕ မ်က္ႏွာသာရေရးအတြက္ သူ႕ကိုလာၿပီး အနိုင္က်င့္ခ်င္ေသးတာလား? တကယ္ကို အသုံးမက်ခ်က္ပဲ။
ထိုသူေတာ္စင္တစ္ပိုင္းကလည္း လု႐ႊမ္ လႈပ္ရွားလာလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားတာေၾကာင့္ သူလုံးဝ ဂ႐ုမစိုက္ထားမိဘူး။ ဒီအငယ္တန္းေလးက သူ႕အေပၚ ဒီလိုမ်ိဳး က်ဴးလြန္ရဲတာကို သူလုံးဝ ခြင့္မလႊတ္နိုင္ေပ။
သူသည္ လက္ဖဝါးကို ျမႇောက္ကာ လု႐ႊမ္၏ လက္ေမာင္းကို ဖမ္းဆုပ္ ရိုက္ခ်ိဳးရန္ ႀကိဳးစားလိုက္သည္။
သို႔ေသာ္ လု႐ႊမ္လက္ေမာင္းကို တစ္ခ်က္ ရိုက္မိလိုက္တာနဲ႕ ထိုလူမွာ သူ႕လက္ဖဝါးက ေက်ာက္တုံးကို ေျပးရိုက္မိသလို တိုက္ရိုက္ က်ိဳးသြားတာေၾကာင့္ က်ယ္ေလာင္ေသာ အသံကို ထုတ္လႊတ္လိုက္ရေတာ့သည္။
ျပင္းထန္ေသာ ထိုးႏွက္ခ်က္တစ္ခု ထြက္ေပၚလာၿပီး ထိုလူသည္ တုံ႕ျပန္ရန္ အခ်ိန္မရွိလိုက္ဘဲ သူ႕မ်က္ႏွာကို ျပင္းျပင္းထန္ထန္ ဆြဲတင္ခံလိုက္ရကာ သူ႕ခႏၶာကိုယ္လည္း ေဇာက္ထိုး လြင့္က်သြားခဲ့သည္။
အနီးနားရွိ လူတိုင္း တုန္လႈပ္ အံ့အားသင့္သြားကာ လု႐ႊမ္ကို အထိတ္တလန့္ျဖင့္ ၾကည့္ေနၾကေလ၏။
ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္က တစ္ဦးက သူေတာ္စင္ တစ္ပိုင္းကို လြင့္ထြက္သြားေအာင္ ရိုက္ထုတ္နိုင္လိုက္တာက သူတို႔ သူေတာ္စင္တစ္ပိုင္း က်င့္ႀကံသူမ်ားကို ပိုလို႔ေတာင္ အံ့ၾသသြားေစခဲ့သည္။
သူတို႔သည္ ဝိညာဥ္စြမ္းအား သို႔မဟုတ္ တျခားနည္းလမ္းမ်ားကို မခံစားမိၾကဘဲ ႐ုပ္ခႏၶာ၏ စြမ္းအားကို ရိုးရွင္းစြာ အားကိုးခဲ့ေၾကာင္း သတိထားမိေလသည္။ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ က်င့္ႀကံသူေလးက ဘယ္အခ်ိန္ကမ်ား ဒီေလာက္ ရက္စက္ၾကမ္းၾကဳတ္တဲ့ စြမ္းအားကို ပိုင္ဆိုင္သြားၾကတာလဲ။
"မင္းက ဘယ္သူလဲ?"
တိုက္ခိုက္ခံခဲ့ရေသာ လူသည္ မယုံၾကည္နိုင္စြာနဲ႕ သူ႕ပါးကို လက္နဲ႕အုပ္ၿပီး ျပန္ေျပးလာခဲ့သည္။ လု႐ႊမ္ကို အေပၚေအာက္ ငုံ႕ၾကည့္ရင္း အရိုက္ခံရမွာကို ေၾကာက္ေနရွာေလသည္။
ဒါဟာ ထူးဆန္းတဲ့ ခံစားခ်က္တစ္ခုပဲ။ သူရိုက္ထုတ္ ခံရတာေၾကာင့္ အရွက္ရသြားသလို ခံစားခဲ့ရေပမယ့္ အေၾကာင္းတစ္ခုခုေၾကာင့္ လု႐ႊမ္ရဲ႕ စူးစူးစိုက္စိုက္ ၾကည့္ျခင္းကို ခံရေတာ့ သူ႕ရင္ထဲမွာ အမုန္းတရားေတြ ထပ္မံ မခံစားနိုင္ေတာ့ဘဲ ခုခံဖို႔ စိတ္ကူးကိုေတာင္ ခ်က္ခ်င္း ဖယ္ထုတ္ပစ္လိုက္ရ၏။
ပတ္ဝန္းက်င္က လူေတာ္ေတာ္ မ်ားမ်ားက တုန္လႈပ္ ေခ်ာက္ခ်ားေနၾကၿပီး သူေတာ္စင္တစ္ပိုင္း လူတစ္ေယာက္ေတာင္ အခုလို တိုက္ခိုက္ခံရတာေၾကာင့္ ျပန္မတိုက္ဝံ့ၾကေပ။
လြန္ခဲ့သည့္ ႏွစ္တြင္ လု႐ႊမ္၏ ဂုဏ္သတင္းသည္ တျဖည္းျဖည္း ႀကီးထြားလာၿပီး သူေတာ္စင္ တစ္ပိုင္းတို႔သည္ ခ်ဳပ္ႏွောင္ရျခင္း အေၾကာင္းရင္းကို တျဖည္းျဖည္း နားလည္လာၾကသည္။
လြန္ခဲ့ေသာ တစ္ႏွစ္က ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ က်င့္ႀကံသူံသည္ သူေတာ္စင္တစ္ပိုင္းကို ေစာ္ကားဝံ့ပါက သူေတာ္စင္တစ္ပိုင္းေတြဆီက ရက္ရက္စက္စက္ ဟိုးေရွးေရွးတုန္းကပင္ သူေတာ္စင္ကို အသတ္ခံရလိမ့္မည္။
လု႐ႊမ္သည္ သူ၏စိတ္ဝိညာဥ္ စြမ္းအားသည္ အရည္အေသြးပိုင္းအရ အမွန္တကယ္ တိုးတက္လာေၾကာင္း သူ႕စိတ္ထဲတြင္ သိထားသည္။ ယခင္က ၎သည္ သန႔္စင္ေသာ ဝိညာဥ္ အတိုင္းအတာ၏ တိုးတက္မႈ တစ္ခုမွ်သာ ျဖစ္ေသာ္လည္း ယခုအခါတြင္ ဝိညာဥ္အပိုတစ္ခု ရွိလာသလို အရွိန္အဟုန္ကို ရရွိလာခဲ့သည္။
တစ္ခ်က္ ၾကည့္လိုက္႐ုံျဖင့္ နတ္ဆိုးတစ္ေကာင္ ခ်ဥ္းကပ္လာသလို စိတ္စြမ္းအား အတိုင္းအတာ ရွိသူသည္ သူ႕အၾကည့္ကို ခံနိုင္ရည္ရွိရန္ပင္ ခြန္အား မရွိနိုင္ေပ။
"ဆိုင္ရွင္က အသက္ႀကီးေနၿပီ... သူ႕ကို အဘိုးႀကီးလို႔ ေခၚတာ ဘာမွားလို႔လဲ? ဟုတ္တယ္မလား?"
လု႐ႊမ္ ထိုက်င့္ႀကံသူကို လုံးဝဂ႐ုမစိုက္ဘဲ အဘိုးႀကီးကိုသာ လွည့္ေမးလိုက္သည္။
ထိုသူမွာ လု႐ႊမ္ကို လက္စားေခ်ဖိဳ႕ ေနေနသာသာ ခံနိုင္ရည္ မရွိတာေၾကာင့္ လူအုပ္ႀကီးရဲ႕ ျမင္ကြင္းထဲကေန စိတ္ပ်က္လက္ပ်က္နဲ႕ ထြက္သြားခဲ့ရေလသည္။
"ဟားဟား ငါ့ခန႔္မွန္းခ်က္သာ မွန္မယ္ဆိုရင္ ဒီကသူငယ္ခ်င္းေလးက မိတ္ေဆြေလးလု႐ႊမ္ ျဖစ္မယ္ ဟုတ္တယ္မလား?"
ဆိုင္ပိုင္ရွင္က ၿပဳံးၿပဳံးေလး ေျပာလိုက္သည္။
လု႐ႊမ္လည္း သူ႕မ်က္ႏွာေပၚက ႐ုပ္ဖ်က္ထားတာေတြကို ဖယ္ရွား၍ သူ၏ ဇာတိ႐ုပ္ကို ေဖာ္ထုတ္လိုက္သည္။ ယခုေတာ့ ဖုံးကြယ္ရန္ ရည္႐ြယ္ခ်က္ မရွိေတာ့ေပ။ ဆိုင္ရွင္သည္ အလြန္တန္ခိုးႀကီးလွရာ မ်က္စိစုံမွိတ္ၿပီး ဖုံးကြယ္ထားလွ်င္ သူ႕ကို ေစာ္ကားရာ ေရာက္သြားလိမ့္မည္။
ေနာက္ၿပီး သေဘာတူညီခ်က္ကို လက္လႊတ္ မခံခ်င္ဘူးေလ။ နဂါးဝိညာဥ္ျမက္ပင္ကို ရယူဖို႔ သူရည္႐ြယ္ထားၿပီးသား ျဖစ္ေနၿပီ။
လု႐ႊမ္ရဲ႕ မ်က္ႏွာအစစ္ကို ျမင္လိုက္ရေတာ့ လူေတြက တစ္ေယာက္ၿပီး တစ္ေယာက္ အထိတ္တလန့္ အသံမ်ား ထြက္ေပၚလာၾကသည္။ လု႐ႊမ္ အေၾကာင္းကို ဒီလူေတြလည္း သိေနၾကၿပီေလ။
ဒ႑ာရီထဲမွာေတာ့ သူ႕ရဲ႕ အံ့ၾသဖြယ္ ဝိညာဥ္စြမ္းအားအေၾကာင္း၊ သူရဲ႕ စိတ္ဝိညာဥ္ စြမ္းအားက သူေတာ္စင္တစ္ပိုင္းကို သတ္လိုက္တာ မဟုတ္လား။
သူေတာ္စင္တစ္ပိုင္း က်င့္ႀကံသူမ်ားအားလုံး ေျခလွမ္း အနည္းငယ္ တိတ္တဆိတ္ ဆုတ္၍ ေက်ာခိုင္းလိုက္ၾကသည္။ ဤလူသည္ သူေတာ္စင္တစ္ပိုင္းမ်ားကို သတ္ျဖတ္ရန္ အမွန္တကယ္ စြဲလမ္းေနသူ မဟုတ္ပါေလာ။
လူ အမ်ားအျပားသည္ ေသြးထြက္သံယို မုန္တိုင္းမွ ထြက္လာခဲ့ဖူး ၾကေသာ္လည္း ေခါင္းျဖတ္ခံရေသာ သူေတာ္စင္ တစ္ပိုင္း အေရအတြက္မွာ လု႐ႊမ္တစ္ေယာက္တည္း အင္အားေလာက္ပင္ မမ်ားေပ။
ဒီလိုလူက အရမ္းေၾကာက္ဖို႔ ေကာင္းလြန္းလွေပသည္။