Chapter (96) Arc 4
တစ်ဖက်သတ် လူသတ်ပွဲ
လုရွှမ် လက်ဝှေ့ယမ်းလိုက်ခြင်းဖြင့် ကျောင်းကျန့်သည် သူ၏ခန္ဓာကိုယ်သည် အလိုအလျောက် နောက်ပြန် ပျံ့ထွက်သွားတာကို ခံစားလိုက်ရပြီး ကြီးမားသော အခင်းအကျင်း ဖွဲ့စည်းပုံထဲသို့ ဝင်ရောက်သွားတာ တွေ့လိုက်ရသည်။
တစ်ဖန် ကြီးမားသော အခင်းအကျင်း ဖွဲ့စည်းမှု၏ အပြင်ဘက်သို့ ကြည့်လိုက်သော် လုရွှမ်သည် အခင်းအကျင်း ဖွဲ့စည်းမှု အတွင်း၌ ရှိနေပြီ ဖြစ်သည်။
သူ့စိတ်ထဲတွင် သံသယ မဝင်ဘဲကို မနေနိုင်တော့ပေ။ သခင်လေးသည် အခင်းအကျင်း၊ လက်နက်သန့်စင်မှု၊ သားရဲထိန်းကျောင်းမှုနှင့် အဂ္ဂိရတ်ပညာများကို တစ်ကိုယ်တည်းတွင် ပေါင်းစပ် တက်မြောက်ထားကြောင်း သူကြားခဲ့ပြီးပြီ။
တခြားဘာမှ မပြောဘဲ ဤအခင်းအကျင်းသည် သူ့ကို သဘောကျစေသော လုရွှမ်၏ အောင်မြင်မှုပင် ဖြစ်သည်။
ရာနှင့်ချီသော တိုက်ခိုက်မှုများသည် လှိုင်းလုံးများနှယ် အခင်းအကျင်း တည်ဆောက်မှုကို တရစပ် တိုက်ခိုက်လာခဲ့သည်။
"ကျစ်..... ဒီအခင်းအကျင်းက?"
တစ်စုံတစ်ဦးသည် နောက်ဆုံးတွင် ဖွဲ့စည်းတည်ဆောက်မှု ပြောင်းလဲသွားသည်ကို မြင်ခဲ့ရပြီး ယခင်က ၎င်းတို့ ပူးပေါင်း တိုက်ခိုက်တဲ့ အားက တဖြည်းဖြည်း ထိရောက်မှု မရှိတော့တာ တွေ့လိုက်ရသည်။
ယခု အခင်းအကျင်း၏ ကာကွယ်မှုစွမ်းရည်သည် ယခင် အခင်းအကျင်း ဖွဲ့စည်းမှုထက် ပိုမိုအားကောင်းလာခဲ့သည်။
"ကောင်လေး.... မင်းထွက်လာလေ!! အခင်းအကျင်းထဲမှာ ဘာကိစ္စ ပုန်းအောင်းနေတာလဲ?"
"ဟုတ်တယ်.... မင်းအစောက မာနကြီးနေတာ မဟုတ်ဘူးလား? လာပြီး တိုက်ခိုက်လေ!!"
"မင်းငါ့ကို လက်အောက် ငယ်သားအဖြစ် လက်ခံချင်သေးလား ဟားဟား.... ငါကတော့ သူရဲဘောကြောင်နိုင်တဲ့ သခင်မျိုး မလိုချင်ဘူးဟေ့!!"
...
အခင်းအကျင်း အပြင်ဘက်တွင် သူတော်စင်တစ်ပိုင်းများ အားလုံး မိမိတို့ အစွမ်းအစများဖြင့် တိုက်ခိုက်ခဲ့ကြရာ ၎င်းတို့အားလုံးသည် ၎င်းတို့၏ အင်အားဖြင့် ထိုအခင်းအကျင်း တည်ဆောက်မှုကို လုံးဝ မချိုးဖျက်နိုင်ကြောင်း သိရှိခဲ့ကြသည်။
အင်အားကို ဖြုန်းတီးမည့်အစား အော်ဟစ် ကျိန်ဆဲကြတော့သည်။
သူတို့သည် တူညီသော စွမ်းအားများရှိသည့် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများ ဖြစ်သော်ငြား သူတို့၏ ကိုယ်ပိုင် အရည်အသွေးများသည် လုံးဝ ကွဲပြားကြသည်။
မတူညီစွာ နားလည်နိုင်သော တောက်ကျင့်စဥ် သူတော်စင်လမ်းကြောင်း ကဲ့သို့ပင် နိယာမစွမ်းအင်များ မတူညီသော လူများက မတူညီသော စွမ်းအင်များ ရှိကြသည်။
"မင်းတို့ အရှက်မရှိကြဘူးလား? မင်းတို့က ရာနဲ့ချီတဲ့ သူတော်စင်တစ်ပိုင်း ကျင်ကြံသူတွေ... ငါတို့ သခင်လေးက တစ်ယောက်တည်း!!! ဒါကို တရားမျှတတဲ့ ပြိုင်ဆိုင်မှုလို့ ကြွေးကြော်ချင်နေ သေးတာလား? မင်းတို့ ဘယ်လောက် အရေထူလဲ ဆိုတာ ဖုံးထားလို့တောင် မရတော့ဘူး"
ကျောင်းကျန့်၏ မျက်နှာသည် ဒေါသများဖြင့် နီမြန်းနေသည်။ သူသည် ဤလူများစွာကို စော်ကားခဲ့ဖူးသည်။ သူတို့ခွန်အားက တော်တော့်ကို တော်ကြပြီး လူတစ်ဦးစီက တစ်ဦးထက် တစ်ဦး ပိုမိုက်ကြရာ ၎င်းတို့အားလုံးသည် တူညီသောအဆင့်ရှိ လူများဖြစ်ကြတာ အလွန်ရှင်းလင်းသည်။
ဤနေရာတွင် ကျောင်းသားများအား လေ့ကျင့်ရန်နှင့် အခွင့်အလမ်းများ ရရှိရန် မျှော်လင့်ထားသော ကျောင်းတော်မှလာသော ကဆရာ တချို့မှလွဲ၍ တခြားလူများသည် ဧကရာဇ်အင်ပါယာ အတွင်းရှိ လူကြိုက်မများသော အရာများဖြစ်လေ၏။
တချို့သော သူတော်စင်တစ်ပိုင်း သခင်တချို့၏ မျက်နှာသာ ပေးခြင်းကို မလိုကြရာ သြဇာအနည်းငယ်ရှိသော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က သခင်များကို သူတို့မျက်လုံးထဲ ဘယ်လိုလုပ် ထည့်ကြမလဲ။
အခု သူတော်စင်တစ်ပိုင်းတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာတာက သူတို့ကို ဒုက္ခပေးချင်နေတာ မဟုတ်ဘူးလား။
"သခင်လေး.. ဒီလူတွေက အနိုင်ကျင့် လှည့်စားလွန်းတယ်.... သူတို့နဲ့တိုက်ဖို့ ကျုပ်ကို ထွက်စေချင်လား?"
ကျောင်းကျန့်က အော်ဟစ်လိုက်သည်။ အပြင်က လူတွေက အရမ်းညစ်ပတ်ပြီး ပိုလို့တောင် ရက်စက်ကြ၏။ သူ့သခင်လေးကို သေလောက်အောင် အရှက်ရစေလို့ ကျောင်းကျန့် ချက်ချင်း သတ်ပစ်ချင်လာသည်။
လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး
"ငါကိုယ်တိုင်လုပ်မယ်!"
ကျောင်းကျန့်မှာ သူ့တံတွေးကို ပါးစပ်ထဲ မျိုချလိုက်ပြီး
"သခင်လေး.... သခင်လေး ကိုယ်တိုင် ထွက်ပြီး ရာနဲ့ချီတဲ့ သူတော်စင် တစ်ပိုင်းတွေကို ကိုယ်တိုင် တိုက်ချင်တာလား?"
"မှန်တယ်!! ဒီလူတွေက ကြည့်တော့သာ အားကောင်းပုံရတာ.... ဒါပေမဲ့ သူတို့က ကြက်တွေ ခွေးတွေထက် ဘာမှ မပိုဘူး....အစကတော့ ဒီကို လာတဲ့လူတွေထဲမှာ အရည်အချင်းရှိတဲ့ လူတွေ ပိုမယ်ထင်တာ... ဒါပေမဲ့ ကြည့်ရတာ ငါမှားသွားပုံရတယ်.... ဒီလူတွေ အဆုံးသတ်သင့်ပြီ"
ကျောင်းကျန့်မှာ အဖန်ဖန် ခေါင်းညိတ်ရင်း လုရွှမ်က ဦးဆောင်နေသဖြင့် သဘောမတူဘဲ မနေရဲတော့ပေ။
လုရွှမ် အခင်းအကျင်းထဲမှ ပြေးထွက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် ချိုင့်ဝှမ်းထဲတွင် ရလာသော အခင်းအကျင်း တံဆိပ်ပြားများ အားလုံးကို ပစ်ချလိုက်သည်။
အချိန်အတော် ကြာလို့ သူတို့က သက်တမ်းရင့်နေပေမယ့် တစ်ပိုင်းတစ်စအတွက် အသုံးဝင်နေဆဲ ဖြစ်သည်။ ဒီသူတော်စင်တစ်ပိုင်းတွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အားကောင်းသူများသည်လည်း ၎င်းတို့၏ ထိရောက်မှုကို ဆုံးရှုံးစေနိုင်သည်။
ဤနေရာတွင် အမှိုက်များကို ရှင်းလင်းရန်အတွက် သင့်တော်လေသည်။
"အားလုံး သတိထား... ဒီကောင်လေးက အခင်းအကျင်း ပညာရှင်ပဲ လုံးဝ မ..."
စကားသံ မဆုံးခင်မှာ စကားပြောသူသည် ပုံရိပ်ယောင် အခင်းအကျင်းထဲ ဆွဲသွင်းခံလိုက်ရတာကို တွေ့လိုက်ရလေသည်။ ဓားနဲ့ထိုးလိုက် အော်ဟစ်လိုက်ဖြင့် နောက်ဆုံးတွင် သေဆုံးသွားခဲ့သည်။
နတ်ဆေးလုံးမြို့ အတွင်းရှိ လူတိုင်းသည် အခင်းအကျင်း အပြင်ဘက်ရှိ ကမ္ဘာကြီးကို ကြည့်နေကြသည်။ ရာနှင့်ချီသော သူတော်စင်တစ်ပိုင်းများ လာရောက် တိုက်ခိုက်ကြသည်ကို သိလိုက်ရသောအခါတွင် အားလုံး ထိတ်လန့်သွားကြသည်။
ဒါက မြို့ကိုသတ်တဲ့ စည်းချက်လား?
သို့သော် မကြာမီတွင် အခင်းအကျင်း အသစ်ဖွဲ့စည်းမှုဖြင့် တိုက်ခိုက်မှု အားလုံးကို ပိတ်ဆို့ထားသည်ကို လူတိုင်း တွေ့ရှိခဲ့ကြသည်။
တိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုကို ကြည့်လိုက်လျှင် ခြိမ်းခြောက်မှု ကြီးကြီးမားမား မရှိဟု ထင်ရသည်။ အခင်းအကျင်းက ယုံကြည်မှု ရှိစွာဖြင့် ဆက်တိုက်ဆိုသလို အောင်ပွဲခံခြင်းဖြင့် ထိန်းသိမ်းထားလေသည်။
အခင်းအကျင်း ဖွဲ့စည်းခြင်းရဲ့ စွမ်းအားကို မြင်တော့ လုရွှမ်အပေါ် မြို့ထဲက လူတွေရဲ့ ယုံကြည်မှုက နည်းနည်းတော့ တိုးလာခဲ့သည်။
လုရွှမ် အခင်းအကျင်းထဲက ထွက်၍ ရာနှင့်ချီသော သူတော်စင်တစ်ပိုင်းများကို တစ်ဦးတည်း ယှဉ်ပြိုင် တိုက်ခိုက်နေတာကို မြင်လိုက်ရသည်။ ထိုသူရဲကောင်း စိတ်ဓာတ်သည် လူတိုင်း၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားပြီး ရှက်ရွံ့မှုနှင့် လေးစားမှုများ အစားထိုးလာခဲ့သည်။
အားလုံးက သူတို့လုပ်တော့မည့် အရာအားလုံးကို မေ့ပစ်လိုက်ကြသလို မုရုန်ထျန်းကျောင်းကလည်း အခင်းအကျင်း၏ အပြင်ဘက် ကမ္ဘာကို စိုက်ကြည့်ရင်း လုရွှမ်၏ အောင်ပွဲ ပြန်လည်ရယူခြင်းကို စောင့်မျှော်နေပါသည်။
အခင်းအကျင်း ဖွဲ့စည်းမှု အပြင်ဘက်တွင်တော့ အခြားကမ္ဘာ တစ်ခုသို့ ပြောင်းလဲသွားသကဲ့သို့ ရှုပ်ထွေးသော စွမ်းအင်များစွာဖြင့် ရောယှက်နေသည်။
လုရွှမ်ရဲ့ အခင်းအကျင်းတွေက လုပ်ကြံသတ်ဖြတ်ခြင်း မဟုတ်ဘဲ ဤလူများ၏ အရည်အချင်းနှင့် စရိုက်ကို စမ်းသပ်ရန် စီစဥ်ထားသော လှည့်ကွက်များသာ ဖြစ်လေ၏။
၎င်းတို့အားလုံးသည် ပျံသန်းကောင်းကင်နယ်ပယ်၏ ပထမအဆင့်ထက် မပိုသော သူတော်စင်တစ်ပိုင်းများ ဖြစ်ကြပြီး ၎င်းတို့အားလုံးသည် ဧကရာဇ်အင်ပါယာ အတွင်းရှိအောက်ခြေ ဖြစ်တည်မှုများ ဖြစ်သည်။
ဤနေရာကို လာရခြင်းမှာ အခွင့်အလမ်း ဟူသည့် အရာကြောင့် ဖြစ်နိုင်သည်။ အန္တရာယ်များသော်လည်း ၎င်းတို့၏ တိုးတက်မှုက ၎င်းတို့ကိုယ်တိုင်၏ လက်ထဲတွင် ရှိနေသည်လေ။
လုရွှမ် စိတ်ပျက် အားငယ်သွားတဲ့ အရာမှာ အမှိုက်များက အမှိုက်များသာ ဖြစ်နေခြင်းပင်။ တစ်နာရီ ကြာပြီးနောက် အခင်းအကျင်း အလင်းရောင်များ ပျောက်ကွယ်သွားတဲ့အခါ လူခြောက်ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။
ရာနှင့်ချီသော သူတော်စင်တစ်ပိုင်းများထဲမှ ခြောက်ယောက်သာ လွတ်မြောက်လာခဲ့သည်။
လုရွှမ် လေထုအလယ်၌ ပြန်ပေါ်လာသောအခါ နတ်ဆေးလုံးမြို့ တစ်ခုလုံးသည် ၎င်းတို့၏ လွတ်လပ်မှုကို ထုတ်ဖော်ပြသသည့် အသံများကို တစ်ညီတစ်ညွတ်တည်း ဟစ်ကြွေးလိုက်ကြလေ၏။
လူခြောက်ယောက်သည် အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး ထိတ်လန့်နေဆဲပင်။ အတိတ်မှာ လုပ်ခဲ့တဲ့ အမှားတွေက တစ်ခုပြီးတစ်ခု ကြုံတွေ့နေရသလိုမျိုး တုန်ရီနေကြသည်။
အသတ်ခံရသူတို့သည် အကြိမ်ကြိမ် ပြန်လည် မွေးဖွားလာကြပြီး အကြိမ်ကြိမ်လည်း အသတ်ခံနေရသည်။ ဒါက သူတို့ရဲ့ စိတ်အခြေအနေကို အဖန်ဖန် ပြတ်တောက်စေခဲ့သည်။
အခင်းအကျင်း လှည့်ဖြားမှုထဲတွင် သူတို့သည် လုရွှမ်နှင့် နတ်ဆေးလုံးမြို့ကို မေ့သွားသလို အရာအားလုံးကို မေ့သွားကြပြီး ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝဖြင့် အသက်ရှင်ရခြင်းကိုသာ တောင်းတလာမိကြ၏။
လုရွှမ်၏ မျက်လုံးထဲရှိ သွေးများသည် သေခြင်းတရားကဲ့သို့ အေးစက်နေခဲ့သည်။ ဒါက ကျီးကန်သ သူ့ကို ပြောပြဖူးတဲ့ အခင်းအကျင်း တံဆိပ်ပြားရဲ့ ဆင့်ကဲဖြစ်စဉ် နည်းလမ်းတစ်ခု ဖြစ်ကာ ဒီအတွက် စိတ်ဝိညာဉ်စွမ်းအားကို ကြီးကြီးမားမား သုံးစွဲထားရသည်။
ဓားတစ်ချောင်းတည်းဖြင့် အားလုံး၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သူ ဖြစ်သည်။
"မင်းတို့ လက်မြှောက်ချင်လား?"
လုရွှမ်က အသက်ပြင်းပြင်းရှူရင်း ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးများ လွင့်စင်သွားသည်။ ထို့နောက် သူ့လက်ထဲက ဓားရှည်သည် အသက်ရှင်ကျန်ရစ်သူ ခြောက်ဦးကို ထိုးညွှန်လိုက်သည်။
ဤလူခြောက်ယောက်မှာ နမော်နမဲ့ နိုင်သော်လည်း ပင်ကိုယ်စွမ်းရည်သည် အလွန် ကောင်းမွန်ကာ ကောင်းကောင်း လေ့ကျင့် ပြုစုပျိုးထောင်နိုင်သည်။
သူတို့အထဲမှာ ကျောင်းကျန့်ရဲ့ သူငယ်ချင်း ယဲ့ကူလည်း ပါ၀င်၏။ အခုအချိန်မှာတော့ သူ့ခန္ဓာကိုယ်ဟာ မရေရာတဲ့ အခြေအနေမှာ ရှိနေပြီး သူ့မျက်လုံးတွေက သွေးတွေကြောင့် နီရဲနေကာ ဒူးထောက် ထိုင်ချလိုက်တော့သည်။
"သခင်လေးကို ဂါဝရပြုပါတယ်"
ကျောင်းကျန့်ဆီက စကားကို လက်ခံရရှိပြီးနောက် လုရွှမ်ရဲ့ စွမ်းရည်ကိုလည်း သူမြင်လိုက်ပြီ။ အတွေးတစ်ချက်တည်းဖြင့် မုရုန်ထျန်းကျောင်းသည် တောက်ပသော အနာဂတ်တစ်ခု ရရှိသွားပြီဖြစ်ကြောင်း သိသာ၏။
ထို့နောက်တွင် တခြားသူများ သေဆုံးသွားခဲ့ပုံကို ကြည့်ပြီး သူသည် ငတုံး မဟုတ်သောကြောင့် ဘာကို ရွေးချယ်ရမည်ကို သဘာဝကျကျ သိလေသည်။
"ကောင်းပြီ.... မင်းတို့အားလုံး မြို့ထဲကိုသွား.... လန်းဆန်းအောင် တစ်ခုခုလေ့လာဖို့ နတ်ဆေးလုံးရေကန်ကို သွားပြီးတော့ ပြန်လာခဲ့"
လုရွှမ် ဆိုတာ ကြောင်သူတော် မဟုတ်ချေ။ ဤလူများသည် နောင်တွင် ဤနေရာတွင်နေမည့် သူ၏အဖွဲ့၀င်များ ဖြစ်သည့်အတွက် နှစ်သိမ့်စကားကောင်းကောင်းဖြင့် သူတို့ကို နတ်ဆေးလုံးမြို့ထဲသို့ ပို့လိုက်သည်။
နတ်ဆေးလုံးမြို့ အပြင်ဘက်တွင် သူတော်စင်တစ်ပိုင်းများ ခေါ်ဆောင်လာသော တပည့်များစွာသည် မြေပြင်ပေါ်ရှိ အလောင်းများကို ထုံကျဉ်စွာ ကြည့်ကာ မည်သူမည်ဝါဖြစ်ကြောင်း မပြောနိုင်တော့ပေ။
မြို့တော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပေမယ့် သန့်ရှင်းစွာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ပေသည်။
လုရွှမ် သူတို့ ထွက်သွားတာကို မတားခဲ့ချေ။ ဒီလူတွေကနေတစ်ဆင့် သတင်းဖြန့်ပြီး သခင်တစ်ယောက် ရောက်လာတာကို စောင့်လိုက်ရုံပဲလေ။
Chapter (96) Arc 4
တစ္ဖက္သတ္ လူသတ္ပြဲ
လု႐ႊမ္ လက္ေဝွ႕ယမ္းလိုက္ျခင္းျဖင့္ ေက်ာင္းက်န့္သည္ သူ၏ခႏၶာကိုယ္သည္ အလိုအေလ်ာက္ ေနာက္ျပန္ ပ်ံ့ထြက္သြားတာကို ခံစားလိုက္ရၿပီး ႀကီးမားေသာ အခင္းအက်င္း ဖြဲ႕စည္းပုံထဲသို႔ ဝင္ေရာက္သြားတာ ေတြ႕လိုက္ရသည္။
တစ္ဖန္ ႀကီးမားေသာ အခင္းအက်င္း ဖြဲ႕စည္းမႈ၏ အျပင္ဘက္သို႔ ၾကည့္လိုက္ေသာ္ လု႐ႊမ္သည္ အခင္းအက်င္း ဖြဲ႕စည္းမႈ အတြင္း၌ ရွိေနၿပီ ျဖစ္သည္။
သူ႕စိတ္ထဲတြင္ သံသယ မဝင္ဘဲကို မေနနိုင္ေတာ့ေပ။ သခင္ေလးသည္ အခင္းအက်င္း၊ လက္နက္သန႔္စင္မႈ၊ သားရဲထိန္းေက်ာင္းမႈႏွင့္ အဂၢိရတ္ပညာမ်ားကို တစ္ကိုယ္တည္းတြင္ ေပါင္းစပ္ တက္ေျမာက္ထားေၾကာင္း သူၾကားခဲ့ၿပီးၿပီ။
တျခားဘာမွ မေျပာဘဲ ဤအခင္းအက်င္းသည္ သူ႕ကို သေဘာက်ေစေသာ လု႐ႊမ္၏ ေအာင္ျမင္မႈပင္ ျဖစ္သည္။
ရာႏွင့္ခ်ီေသာ တိုက္ခိုက္မႈမ်ားသည္ လွိုင္းလုံးမ်ားႏွယ္ အခင္းအက်င္း တည္ေဆာက္မႈကို တရစပ္ တိုက္ခိုက္လာခဲ့သည္။
"က်စ္..... ဒီအခင္းအက်င္းက?"
တစ္စုံတစ္ဦးသည္ ေနာက္ဆုံးတြင္ ဖြဲ႕စည္းတည္ေဆာက္မႈ ေျပာင္းလဲသြားသည္ကို ျမင္ခဲ့ရၿပီး ယခင္က ၎တို႔ ပူးေပါင္း တိုက္ခိုက္တဲ့ အားက တျဖည္းျဖည္း ထိေရာက္မႈ မရွိေတာ့တာ ေတြ႕လိုက္ရသည္။
ယခု အခင္းအက်င္း၏ ကာကြယ္မႈစြမ္းရည္သည္ ယခင္ အခင္းအက်င္း ဖြဲ႕စည္းမႈထက္ ပိုမိုအားေကာင္းလာခဲ့သည္။
"ေကာင္ေလး.... မင္းထြက္လာေလ!! အခင္းအက်င္းထဲမွာ ဘာကိစၥ ပုန္းေအာင္းေနတာလဲ?"
"ဟုတ္တယ္.... မင္းအေစာက မာနႀကီးေနတာ မဟုတ္ဘူးလား? လာၿပီး တိုက္ခိုက္ေလ!!"
"မင္းငါ့ကို လက္ေအာက္ ငယ္သားအျဖစ္ လက္ခံခ်င္ေသးလား ဟားဟား.... ငါကေတာ့ သူရဲေဘာေၾကာင္နိုင္တဲ့ သခင္မ်ိဳး မလိုခ်င္ဘူးေဟ့!!"
...
အခင္းအက်င္း အျပင္ဘက္တြင္ သူေတာ္စင္တစ္ပိုင္းမ်ား အားလုံး မိမိတို႔ အစြမ္းအစမ်ားျဖင့္ တိုက္ခိုက္ခဲ့ၾကရာ ၎တို႔အားလုံးသည္ ၎တို႔၏ အင္အားျဖင့္ ထိုအခင္းအက်င္း တည္ေဆာက္မႈကို လုံးဝ မခ်ိဳးဖ်က္နိုင္ေၾကာင္း သိရွိခဲ့ၾကသည္။
အင္အားကို ျဖဳန္းတီးမည့္အစား ေအာ္ဟစ္ က်ိန္ဆဲၾကေတာ့သည္။
သူတို႔သည္ တူညီေသာ စြမ္းအားမ်ားရွိသည့္ သူေတာ္စင္တစ္ပိုင္း က်င့္ႀကံသူမ်ား ျဖစ္ေသာ္ျငား သူတို႔၏ ကိုယ္ပိုင္ အရည္အေသြးမ်ားသည္ လုံးဝ ကြဲျပားၾကသည္။
မတူညီစြာ နားလည္နိုင္ေသာ ေတာက္က်င့္စဥ္ သူေတာ္စင္လမ္းေၾကာင္း ကဲ့သို႔ပင္ နိယာမစြမ္းအင္မ်ား မတူညီေသာ လူမ်ားက မတူညီေသာ စြမ္းအင္မ်ား ရွိၾကသည္။
"မင္းတို႔ အရွက္မရွိၾကဘူးလား? မင္းတို႔က ရာနဲ႕ခ်ီတဲ့ သူေတာ္စင္တစ္ပိုင္း က်င္ႀကံသူေတြ... ငါတို႔ သခင္ေလးက တစ္ေယာက္တည္း!!! ဒါကို တရားမွ်တတဲ့ ၿပိဳင္ဆိုင္မႈလို႔ ေႂကြးေၾကာ္ခ်င္ေန ေသးတာလား? မင္းတို႔ ဘယ္ေလာက္ အေရထူလဲ ဆိုတာ ဖုံးထားလို႔ေတာင္ မရေတာ့ဘူး"
ေက်ာင္းက်န့္၏ မ်က္ႏွာသည္ ေဒါသမ်ားျဖင့္ နီျမန္းေနသည္။ သူသည္ ဤလူမ်ားစြာကို ေစာ္ကားခဲ့ဖူးသည္။ သူတို႔ခြန္အားက ေတာ္ေတာ့္ကို ေတာ္ၾကၿပီး လူတစ္ဦးစီက တစ္ဦးထက္ တစ္ဦး ပိုမိုက္ၾကရာ ၎တို႔အားလုံးသည္ တူညီေသာအဆင့္ရွိ လူမ်ားျဖစ္ၾကတာ အလြန္ရွင္းလင္းသည္။
ဤေနရာတြင္ ေက်ာင္းသားမ်ားအား ေလ့က်င့္ရန္ႏွင့္ အခြင့္အလမ္းမ်ား ရရွိရန္ ေမွ်ာ္လင့္ထားေသာ ေက်ာင္းေတာ္မွလာေသာ ကဆရာ တခ်ိဳ႕မွလြဲ၍ တျခားလူမ်ားသည္ ဧကရာဇ္အင္ပါယာ အတြင္းရွိ လူႀကိဳက္မမ်ားေသာ အရာမ်ားျဖစ္ေလ၏။
တခ်ိဳ႕ေသာ သူေတာ္စင္တစ္ပိုင္း သခင္တခ်ိဳ႕၏ မ်က္ႏွာသာ ေပးျခင္းကို မလိုၾကရာ ၾသဇာအနည္းငယ္ရွိေသာ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္က သခင္မ်ားကို သူတို႔မ်က္လုံးထဲ ဘယ္လိုလုပ္ ထည့္ၾကမလဲ။
အခု သူေတာ္စင္တစ္ပိုင္းေတြ တစ္ေယာက္ၿပီး တစ္ေယာက္ ထြက္လာတာက သူတို႔ကို ဒုကၡေပးခ်င္ေနတာ မဟုတ္ဘူးလား။
"သခင္ေလး.. ဒီလူေတြက အနိုင္က်င့္ လွည့္စားလြန္းတယ္.... သူတို႔နဲ႕တိုက္ဖို႔ က်ဳပ္ကို ထြက္ေစခ်င္လား?"
ေက်ာင္းက်န့္က ေအာ္ဟစ္လိုက္သည္။ အျပင္က လူေတြက အရမ္းညစ္ပတ္ၿပီး ပိုလို႔ေတာင္ ရက္စက္ၾက၏။ သူ႕သခင္ေလးကို ေသေလာက္ေအာင္ အရွက္ရေစလို႔ ေက်ာင္းက်န့္ ခ်က္ခ်င္း သတ္ပစ္ခ်င္လာသည္။
လု႐ႊမ္က သူ႕လက္ကို ေဝွ႕ယမ္းလိုက္ၿပီး
"ငါကိုယ္တိုင္လုပ္မယ္!"
ေက်ာင္းက်န့္မွာ သူ႕တံေတြးကို ပါးစပ္ထဲ မ်ိဳခ်လိဳက္ၿပီး
"သခင္ေလး.... သခင္ေလး ကိုယ္တိုင္ ထြက္ၿပီး ရာနဲ႕ခ်ီတဲ့ သူေတာ္စင္ တစ္ပိုင္းေတြကို ကိုယ္တိုင္ တိုက္ခ်င္တာလား?"
"မွန္တယ္!! ဒီလူေတြက ၾကည့္ေတာ့သာ အားေကာင္းပုံရတာ.... ဒါေပမဲ့ သူတို႔က ၾကက္ေတြ ေခြးေတြထက္ ဘာမွ မပိုဘူး....အစကေတာ့ ဒီကို လာတဲ့လူေတြထဲမွာ အရည္အခ်င္းရွိတဲ့ လူေတြ ပိုမယ္ထင္တာ... ဒါေပမဲ့ ၾကည့္ရတာ ငါမွားသြားပုံရတယ္.... ဒီလူေတြ အဆုံးသတ္သင့္ၿပီ"
ေက်ာင္းက်န့္မွာ အဖန္ဖန္ ေခါင္းညိတ္ရင္း လု႐ႊမ္က ဦးေဆာင္ေနသျဖင့္ သေဘာမတူဘဲ မေနရဲေတာ့ေပ။
လု႐ႊမ္ အခင္းအက်င္းထဲမွ ေျပးထြက္လာခဲ့သည္။ ဤတစ္ႀကိမ္တြင္ သူသည္ ခ်ိဳင့္ဝွမ္းထဲတြင္ ရလာေသာ အခင္းအက်င္း တံဆိပ္ျပားမ်ား အားလုံးကို ပစ္ခ်လိဳက္သည္။
အခ်ိန္အေတာ္ ၾကာလို႔ သူတို႔က သက္တမ္းရင့္ေနေပမယ့္ တစ္ပိုင္းတစ္စအတြက္ အသုံးဝင္ေနဆဲ ျဖစ္သည္။ ဒီသူေတာ္စင္တစ္ပိုင္းေတြ ဘယ္ေလာက္ပဲ အစြမ္းထက္ေနပါေစ အားေကာင္းသူမ်ားသည္လည္း ၎တို႔၏ ထိေရာက္မႈကို ဆုံးရႈံးေစနိုင္သည္။
ဤေနရာတြင္ အမွိုက္မ်ားကို ရွင္းလင္းရန္အတြက္ သင့္ေတာ္ေလသည္။
"အားလုံး သတိထား... ဒီေကာင္ေလးက အခင္းအက်င္း ပညာရွင္ပဲ လုံးဝ မ..."
စကားသံ မဆုံးခင္မွာ စကားေျပာသူသည္ ပုံရိပ္ေယာင္ အခင္းအက်င္းထဲ ဆြဲသြင္းခံလိုက္ရတာကို ေတြ႕လိုက္ရေလသည္။ ဓားနဲ႕ထိုးလိုက္ ေအာ္ဟစ္လိုက္ျဖင့္ ေနာက္ဆုံးတြင္ ေသဆုံးသြားခဲ့သည္။
နတ္ေဆးလုံးၿမိဳ႕ အတြင္းရွိ လူတိုင္းသည္ အခင္းအက်င္း အျပင္ဘက္ရွိ ကမၻာႀကီးကို ၾကည့္ေနၾကသည္။ ရာႏွင့္ခ်ီေသာ သူေတာ္စင္တစ္ပိုင္းမ်ား လာေရာက္ တိုက္ခိုက္ၾကသည္ကို သိလိုက္ရေသာအခါတြင္ အားလုံး ထိတ္လန႔္သြားၾကသည္။
ဒါက ၿမိဳ႕ကိုသတ္တဲ့ စည္းခ်က္လား?
သို႔ေသာ္ မၾကာမီတြင္ အခင္းအက်င္း အသစ္ဖြဲ႕စည္းမႈျဖင့္ တိုက္ခိုက္မႈ အားလုံးကို ပိတ္ဆို႔ထားသည္ကို လူတိုင္း ေတြ႕ရွိခဲ့ၾကသည္။
တိုက္ခိုက္မႈ၏ အက်ိဳးသက္ေရာက္မႈကို ၾကည့္လိုက္လွ်င္ ၿခိမ္းေျခာက္မႈ ႀကီးႀကီးမားမား မရွိဟု ထင္ရသည္။ အခင္းအက်င္းက ယုံၾကည္မႈ ရွိစြာျဖင့္ ဆက္တိုက္ဆိုသလို ေအာင္ပြဲခံျခင္းျဖင့္ ထိန္းသိမ္းထားေလသည္။
အခင္းအက်င္း ဖြဲ႕စည္းျခင္းရဲ႕ စြမ္းအားကို ျမင္ေတာ့ လု႐ႊမ္အေပၚ ၿမိဳ႕ထဲက လူေတြရဲ႕ ယုံၾကည္မႈက နည္းနည္းေတာ့ တိုးလာခဲ့သည္။
လု႐ႊမ္ အခင္းအက်င္းထဲက ထြက္၍ ရာႏွင့္ခ်ီေသာ သူေတာ္စင္တစ္ပိုင္းမ်ားကို တစ္ဦးတည္း ယွဥ္ၿပိဳင္ တိုက္ခိုက္ေနတာကို ျမင္လိုက္ရသည္။ ထိုသူရဲေကာင္း စိတ္ဓာတ္သည္ လူတိုင္း၏ ႏွလုံးသားထဲတြင္ နက္နက္ရွိုင္းရွိုင္း ထြင္းထုထားၿပီး ရွက္႐ြံ႕မႈႏွင့္ ေလးစားမႈမ်ား အစားထိုးလာခဲ့သည္။
အားလုံးက သူတို႔လုပ္ေတာ့မည့္ အရာအားလုံးကို ေမ့ပစ္လိုက္ၾကသလို မု႐ုန္ထ်န္းေက်ာင္းကလည္း အခင္းအက်င္း၏ အျပင္ဘက္ ကမၻာကို စိုက္ၾကည့္ရင္း လု႐ႊမ္၏ ေအာင္ပြဲ ျပန္လည္ရယူျခင္းကို ေစာင့္ေမွ်ာ္ေနပါသည္။
အခင္းအက်င္း ဖြဲ႕စည္းမႈ အျပင္ဘက္တြင္ေတာ့ အျခားကမၻာ တစ္ခုသို႔ ေျပာင္းလဲသြားသကဲ့သို႔ ရႈပ္ေထြးေသာ စြမ္းအင္မ်ားစြာျဖင့္ ေရာယွက္ေနသည္။
လု႐ႊမ္ရဲ႕ အခင္းအက်င္းေတြက လုပ္ႀကံသတ္ျဖတ္ျခင္း မဟုတ္ဘဲ ဤလူမ်ား၏ အရည္အခ်င္းႏွင့္ စရိုက္ကို စမ္းသပ္ရန္ စီစဥ္ထားေသာ လွည့္ကြက္မ်ားသာ ျဖစ္ေလ၏။
၎တို႔အားလုံးသည္ ပ်ံသန္းေကာင္းကင္နယ္ပယ္၏ ပထမအဆင့္ထက္ မပိုေသာ သူေတာ္စင္တစ္ပိုင္းမ်ား ျဖစ္ၾကၿပီး ၎တို႔အားလုံးသည္ ဧကရာဇ္အင္ပါယာ အတြင္းရွိေအာက္ေျခ ျဖစ္တည္မႈမ်ား ျဖစ္သည္။
ဤေနရာကို လာရျခင္းမွာ အခြင့္အလမ္း ဟူသည့္ အရာေၾကာင့္ ျဖစ္နိုင္သည္။ အႏၱရာယ္မ်ားေသာ္လည္း ၎တို႔၏ တိုးတက္မႈက ၎တို႔ကိုယ္တိုင္၏ လက္ထဲတြင္ ရွိေနသည္ေလ။
လု႐ႊမ္ စိတ္ပ်က္ အားငယ္သြားတဲ့ အရာမွာ အမွိုက္မ်ားက အမွိုက္မ်ားသာ ျဖစ္ေနျခင္းပင္။ တစ္နာရီ ၾကာၿပီးေနာက္ အခင္းအက်င္း အလင္းေရာင္မ်ား ေပ်ာက္ကြယ္သြားတဲ့အခါ လူေျခာက္ေယာက္သာ အသက္ရွင္ က်န္ရစ္ခဲ့သည္။
ရာႏွင့္ခ်ီေသာ သူေတာ္စင္တစ္ပိုင္းမ်ားထဲမွ ေျခာက္ေယာက္သာ လြတ္ေျမာက္လာခဲ့သည္။
လု႐ႊမ္ ေလထုအလယ္၌ ျပန္ေပၚလာေသာအခါ နတ္ေဆးလုံးၿမိဳ႕ တစ္ခုလုံးသည္ ၎တို႔၏ လြတ္လပ္မႈကို ထုတ္ေဖာ္ျပသသည့္ အသံမ်ားကို တစ္ညီတစ္ၫြတ္တည္း ဟစ္ေႂကြးလိုက္ၾကေလ၏။
လူေျခာက္ေယာက္သည္ အနည္းငယ္ စိတ္ရႈပ္ေထြးေနၿပီး ထိတ္လန႔္ေနဆဲပင္။ အတိတ္မွာ လုပ္ခဲ့တဲ့ အမွားေတြက တစ္ခုၿပီးတစ္ခု ႀကဳံေတြ႕ေနရသလိုမ်ိဳး တုန္ရီေနၾကသည္။
အသတ္ခံရသူတို႔သည္ အႀကိမ္ႀကိမ္ ျပန္လည္ ေမြးဖြားလာၾကၿပီး အႀကိမ္ႀကိမ္လည္း အသတ္ခံေနရသည္။ ဒါက သူတို႔ရဲ႕ စိတ္အေျခအေနကို အဖန္ဖန္ ျပတ္ေတာက္ေစခဲ့သည္။
အခင္းအက်င္း လွည့္ျဖားမႈထဲတြင္ သူတို႔သည္ လု႐ႊမ္ႏွင့္ နတ္ေဆးလုံးၿမိဳ႕ကို ေမ့သြားသလို အရာအားလုံးကို ေမ့သြားၾကၿပီး ၎တို႔သည္ ၎တို႔၏ ကိုယ္ပိုင္ဘဝျဖင့္ အသက္ရွင္ရျခင္းကိုသာ ေတာင္းတလာမိၾက၏။
လု႐ႊမ္၏ မ်က္လုံးထဲရွိ ေသြးမ်ားသည္ ေသျခင္းတရားကဲ့သို႔ ေအးစက္ေနခဲ့သည္။ ဒါက က်ီးကန္သ သူ႕ကို ေျပာျပဖူးတဲ့ အခင္းအက်င္း တံဆိပ္ျပားရဲ႕ ဆင့္ကဲျဖစ္စဥ္ နည္းလမ္းတစ္ခု ျဖစ္ကာ ဒီအတြက္ စိတ္ဝိညာဥ္စြမ္းအားကို ႀကီးႀကီးမားမား သုံးစြဲထားရသည္။
ဓားတစ္ေခ်ာင္းတည္းျဖင့္ အားလုံး၏ စိတ္ႏွလုံးကို တုန္လႈပ္ေစခဲ့သူ ျဖစ္သည္။
"မင္းတို႔ လက္ျမႇောက္ခ်င္လား?"
လု႐ႊမ္က အသက္ျပင္းျပင္းရႉရင္း ခႏၶာကိုယ္က အနည္းငယ္ တုန္ခါသြားကာ သူ႕ခႏၶာကိုယ္ေပၚရွိ ေသြးမ်ား လြင့္စင္သြားသည္။ ထို႔ေနာက္ သူ႕လက္ထဲက ဓားရွည္သည္ အသက္ရွင္က်န္ရစ္သူ ေျခာက္ဦးကို ထိုးၫႊန္လိုက္သည္။
ဤလူေျခာက္ေယာက္မွာ နေမာ္နမဲ့ နိုင္ေသာ္လည္း ပင္ကိုယ္စြမ္းရည္သည္ အလြန္ ေကာင္းမြန္ကာ ေကာင္းေကာင္း ေလ့က်င့္ ျပဳစုပ်ိဳးေထာင္နိုင္သည္။
သူတို႔အထဲမွာ ေက်ာင္းက်န့္ရဲ႕ သူငယ္ခ်င္း ယဲ့ကူလည္း ပါ၀င္၏။ အခုအခ်ိန္မွာေတာ့ သူ႕ခႏၶာကိုယ္ဟာ မေရရာတဲ့ အေျခအေနမွာ ရွိေနၿပီး သူ႕မ်က္လုံးေတြက ေသြးေတြေၾကာင့္ နီရဲေနကာ ဒူးေထာက္ ထိုင္ခ်လိဳက္ေတာ့သည္။
"သခင္ေလးကို ဂါဝရျပဳပါတယ္"
ေက်ာင္းက်န့္ဆီက စကားကို လက္ခံရရွိၿပီးေနာက္ လု႐ႊမ္ရဲ႕ စြမ္းရည္ကိုလည္း သူျမင္လိုက္ၿပီ။ အေတြးတစ္ခ်က္တည္းျဖင့္ မု႐ုန္ထ်န္းေက်ာင္းသည္ ေတာက္ပေသာ အနာဂတ္တစ္ခု ရရွိသြားၿပီျဖစ္ေၾကာင္း သိသာ၏။
ထို႔ေနာက္တြင္ တျခားသူမ်ား ေသဆုံးသြားခဲ့ပုံကို ၾကည့္ၿပီး သူသည္ ငတုံး မဟုတ္ေသာေၾကာင့္ ဘာကို ေ႐ြးခ်ယ္ရမည္ကို သဘာဝက်က် သိေလသည္။
"ေကာင္းၿပီ.... မင္းတို႔အားလုံး ၿမိဳ႕ထဲကိုသြား.... လန္းဆန္းေအာင္ တစ္ခုခုေလ့လာဖို႔ နတ္ေဆးလုံးေရကန္ကို သြားၿပီးေတာ့ ျပန္လာခဲ့"
လု႐ႊမ္ ဆိုတာ ေၾကာင္သူေတာ္ မဟုတ္ေခ်။ ဤလူမ်ားသည္ ေနာင္တြင္ ဤေနရာတြင္ေနမည့္ သူ၏အဖြဲ႕၀င္မ်ား ျဖစ္သည့္အတြက္ ႏွစ္သိမ့္စကားေကာင္းေကာင္းျဖင့္ သူတို႔ကို နတ္ေဆးလုံးၿမိဳ႕ထဲသို႔ ပို႔လိုက္သည္။
နတ္ေဆးလုံးၿမိဳ႕ အျပင္ဘက္တြင္ သူေတာ္စင္တစ္ပိုင္းမ်ား ေခၚေဆာင္လာေသာ တပည့္မ်ားစြာသည္ ေျမျပင္ေပၚရွိ အေလာင္းမ်ားကို ထုံက်ဥ္စြာ ၾကည့္ကာ မည္သူမည္ဝါျဖစ္ေၾကာင္း မေျပာနိုင္ေတာ့ေပ။
ၿမိဳ႕ေတာ္ကို အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္ခဲ့ေပမယ့္ သန႔္ရွင္းစြာ သတ္ျဖတ္ခံခဲ့ရျခင္း ျဖစ္ေပသည္။
လု႐ႊမ္ သူတို႔ ထြက္သြားတာကို မတားခဲ့ေခ်။ ဒီလူေတြကေနတစ္ဆင့္ သတင္းျဖန႔္ၿပီး သခင္တစ္ေယာက္ ေရာက္လာတာကို ေစာင့္လိုက္႐ုံပဲေလ။