မာမီနဲ့ စကားတွေအကြာကြီးပြောပြီးနောက် အိမ်တော်ကိုသာ ပြန်လာလိုက်သည်။ မာမီစီက ပြန်လာမှ အနည်းငယ်နေသာ ထိုင်သာရှိလာတဲ့ ခန္ဓာကိုယ်ကြောင့် အနောင် ပြုံးလိုက်သည်။
*ကလေးလေးက သူ့မာမီရဲ့ အနံ့ကို သဘောကြပုံဘဲ*
သူ၏အပြုံးလေးနဲ့အတူ မျက်ရည်စက်က လေးကလည်း ကျဆင်းသွားရှာသည်။ ပြည့်စုံကတော့ နောက်ကြည့်မှန်မှတစ်ဆင့် မြင်နေရသော အနောင့်ရဲ့ ပုံစံကြောင့်စိတ်မကောင်း ဖြစ်မိသည်။ ဒါပေမယ့် ဘာမှမလုပ်ပေးနိုင်ချေ။
သူ့တို့ပြန်လာချိန်က မှောင်ရီပျိုးစအချိန်မလို့ အိမ်တော်ရောက်တော့ လူစုံနေကြချေပြီ။
"ပြန်လာပါပြီ"
သူလည်းအသံပြုပြီးတာနဲ့ အိမ်ထဲဝင်လာလိုက်သည်။ ဧည့်ခန်းထဲမှာ ဖိုးနွယ်နဲ့ ဖိုးဖိုးတို့အပြင် မာမီရဲ့ အဖေနဲ့ ဉီးထွဋ်တို့ပါ ရောက်နေကြသည်။
သူလည်း ဝင်ထိုင်လိုက်ပြီးမကြာ ဖိုးဖိုးစီမှ စကားစလာသည်။
"ဒီက မြေးလေးက Darkအစား Black Dragonကို ထိန်းထားချင်တယ်လို့ Godက ပြောတယ်။ မြေး သေချာစဉ်းစားပီးပီလား ဒီလောကက ဝင်လို့လွယ်ကူပေမယ့် ပြန်ထွက်ဖို့ လုံးဝမလွယ်ကူဘူး"
"ကျနော် သေချာစဉ်းစားပြီးပါပြီ ဖိုးဖိုး။ ကျနော် မာမီနေရာမှာ ယာယီထိန်းထားပေးချင်ပါတယ်။ အကယ်လို့ မာမီပြန်နိုးထလာခဲ့လို့ရင်လည်း တစ်ထောင့်တစ်နေရာကနေ ကျနော် ကူညီပေးချင်ပါတယ်။ ကျနော်နဲ့ ကိုကြီးနဲ့လည်း ညှိနှိုင်းပြီးသားပါ။ ကျနော့်ကိုယ်ဝန် ၅လကေျာ်တာနဲ့ အိမ်ကနေဘဲ စီမံပါ့မယ်။ ဒါ့အပြင် ကျနော် ကတိပေးပါတယ်။ ဖိုးဖိုးတို့ ကိုကြီးတို့ လုံးဝစိတ်မပြတ်စေရပါဘူး။ အစွမ်းကုန် ကြိုးစားပါ့မယ်"
အနောင်စကားဆုံးတော့ ဖိုးဖိုးက သဘောတကြ ပြုံးသည်။
"ဟုတ်ပီ။ ဒါဆို သဘောတူညီကြောင်း Black Dragonရဲ့ ယာယီLeaderအဖြစ် အုပ်ချုပ်မယ်ဆိုတဲ့အကြောင်း စာချုပ်မှာ လက်မှတ်ထိုးပေး မြေး"
အနောင် မိမိရှေ့ရောက်လာသော စာချုပ်ကိုကြည့်လိုက်ပြီး မဆိုင်းမတွဘဲ လက်မှတ်ထိုးလိုက်သည်။
"မြေး ဒါက Darkရဲ့ဒယ်ဒီ အံ့ဘုန်းမာန်တဲ့။ မြေးသိလောက်တယ်မလား"
"ဟုတ် ကျနော် မနက်တုန်းက ခဏတွေ့လိုက်ရတယ်"
"ဒါဆို အန်ကယ်နဲ့ စကားခဏပြောရအောင်"
ပြောလာသူကတော့ အံ့ဘုန်းမာန်ပင်။ မိမိအရှေ့က သမီးကြီးရဲ့ Mateဆိုတဲ့ကောင်လေးကိုကြည့်ပြီး အားနာစိတ်တွေက တဖွားဖွား။ ထို့အပြင် သီးသန့်စကားပြောချင်တာကြောင့် အခုလိုတောင်းဆိုချင်းဖြစ်သည်။
"ဟုတ် ရပါတယ်"
ချက်ချင်း မငြင်းပယ်ဘဲ လက်ခံလာတဲ့ကောင်လေးကြောင့် အံ့ဘုန်းမာန် အနည်းငယ် ပျော်သွားမိသည်။ လူအားလုံးနီးပါးက သူခွင့်တောင်းတိုင်း အမြဲတွေဝေသလိုမျိုးနဲ့ ငြင်းပယ်တဲ့လူတွေကြည့်မလို့ သူ့အတွက်တော့ ထိုအရာကအစ ပျော်စေသည်။
သူလဲ ကောင်လေးအားခေါ်ပြီး ထမင်းစားခန်းဘက်ကို သွားလိုက်သည်။ မင်းနွယ်ကတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်း ဖင်တကြွကြွ။ သည်းမခံနိုင်တော့တဲ့ ဖိုးဖိုးကတော့ မင်းနွယ်က ဟောက်တော့သည်။
"ဟေ့ရောင်။ မင်းငြိမ်ငြိမ်နေစမ်း ဘယ်လိုဖြစ်နေတာလဲ"
"ဟာ ဖိုးဖိုးအသာနေစမ်းပါ။ ဉီးထွဋ် အဲ့လူက ယုံလို့ရလို့လား။ အနောင်က ကိုယ်ဝန်နဲ့နော် ဉီးထွဋ်"
သူ့အားအရေးမလုပ်ဘဲ ထွဋ်ရဲရင့်ကိုသာ မေးချင်ရာမေး ပြောချင်ရာပြောသွားတဲ့ မင်းနွယ်ကြောင့် ဖိုးဖိုးမျက်နှာကြီး မဲမှောင်သွားရသည်။
"စိတ်မပူပါနဲ့ မင်းနွယ်ရယ်။ သူ့တကယ် နောင်တရနေရှာပါပြီ။ အခုဟာကလည်း ကလျာနဲ့ပတ်သက်တာလေးရော သူ့အမှားသူဝန်ခံဖို့ သွားတာပါကွာ မင်းလည်း သူ့ကိုခွင့်လွှတ်ပေးစေချင်တာတော့ အမှန်ဘဲ"
အသံအေးအေးလေးနဲ့ ရှင်းပြလာတဲ့ ထွဋ်ရဲရင့် စကားအဆုံး မင်းနွယ် ခေါင်းငိုက်ကြသွားသည်။
"ကျနော်တို့ လွယ်လွယ်နဲ့ပဖျောက်ဖို့ ဘယ်နည်းမှ အလုပ်မဖြစ်ဘူး ဉီးထွဋ်။ ကျနော်တို့ရခဲ့တဲ့ ဒဏ်ရာတွေက ဟိုး အနက်ရှိုင်းဆုံးအထိရှိနေတာ။ ကျနော်တို့၃ယောက်ကို နယ်ရုပ်လိုကစားခဲ့ကြတဲ့ ဉီးထွဋ်နဲ့ အဲ့လူကိုလည်း ဒေါသထွက်မိတယ်။ ကိုယ်ထိလက်ရောက်မရှိတဲ့အတွက်တော့ ဘာမှမပြောတော့ဘူး။ ဒါပေမယ့် အဲ့လူကို ခွင့်လွှတ်ဖို့ ကျနော်တို့တွေ တော်တော်ကြိုးစားရလိမ့်မယ် ဉီးထွဋ်"
"ဟုတ်တယ် ဉီးထွဋ်။ ဖူးလည်း ကိုကို့စကားကို ထောက်ခံတယ်။ လွယ်လွယ်နဲ့တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဖူးက ဒဏ်ရာသိပ်မရှိခဲ့ပေမယ့် ကိုကိုနဲ့မမကတော့ အပြင်းထန်ဆုံးဒဏ်ရာတွေကိုရခဲ့တာ။ ဉီးထွဋ်နားလည်လိမ့်မယ့်လို့လည်း မျှော်လင့်မိတယ်"
"ဉီး နားလည်ပါတယ် ကလေးတို့ရယ်"
*အတတ်နိုင်ဆုံးတော့ ငါနားချခဲ့ပြီ အံ့ဘုန်းမာန်။ ကျန်တာကတော့ မင်းကြိုးစားရမှာဘဲ*
....................
"ကျနော့်ကို ဘာများပြောချင်လို့လည်း မသိဘူး"
မိမိကိုယ်ခေါ်လာပြီး နာရီဝက်နီးပါးလောက် ဘာမှမပြောဘဲ ထိုင်နေတဲ့ မာမီရဲ့ အဖေကြောင့် အနည်းငယ် အနေကြပ်နေသည်။
"အရင်ဆုံး တောင်းပန်စကားပြောရပါစေ"
"ဗျာ?"
ရုတ်တရက်ကြီး ခေါင်းငိုက်ကြသွားကာ မျက်ရည်များသီနေကာ အက်ကွဲနေသော အသံဖြင့်ပြောလာသည့် မာမီရဲ့အဖေကြောင့် အနောင်ဘာလုပ်ရမလဲမသိ။
"တကယ်တောင်းပန်ပါတယ် သား။ သမီးနွယ် အခုလိုဖြစ်တာ အန်ကယ့်ပရောဂ မကင်းပါဘူး။ ဒါ့အပြင် သားကို ဒုက္ခရောက်သလို ဖြစ်အောင်လုပ်မိ။ တကယ် တကယ်တောင်းပန်ပါတယ်။ အန်ကယ် မိန်းမက လောဘတွေတက်ပြီး အခုလိုလုပ်လိုက်တာပါ။ သူ့ကို ခွင့်လွှတ်ပေးဖို့ အန်ကယ်မတောင်းဆိုဘူး။ သူ့ကို သူ့ကံကစီမံဆိုတာ အန်ကယ်သိပါတယ်။ ဒါပေမယ့် သားဗိုက်ထဲက ကလေးကိုတော့ အန်ကယ် အန်ကယ်ထောက်ပံ့ပါရစေ။ သမီးနွယ်ရဲ့ မျိုးဆက်လေးကို အန်ကယ်ကာကွယ်ပါရစေ။ အန်ကယ် အန်ကယ် ဒူးထောက်ပြီးကိုတောင်း တောင်းပန်ပါ့မယ်"
မိမိရှေ့ဒူးထောက်ကာ လက်အုပ်ချီပြီး တောင်းဆိုလာတဲ့ အန်ကယ့်ကြောင့် အနောင် သနားမိသည်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်သည် ဖြစ်တာကြောင့် စိတ်ဆက်ပြီး ဝမ်းနည်းစိတ်ကလည်း လှိုက်တက်လာသည်။
"မ မဟုတ်တာ။ တောင်းပန်စရာမလိုပါဘူး။ အန်ကယ့်အထောက်အပံ့လည်း မယူပါရစေနဲ့။ ဒီအတိုင်းဘဲ စောင့်ရှောက်ပေးပါ။ အခု အန်ကယ်သိလား။ အန်ကယ်တောင်းပန်ရမယ့်သူ မှားနေတယ်ဆိုတာ။ တကယ်ဆို ကျနော့်ကိုမတောင်းပန်ရဘူး။ မာမီနဲ့ ကိုကြီးခွင့်လွှတ်အောင်သာ အန်ကယ် တောင်းပန်ရမှာ။ အခု အန်ကယ်ဒီလိုတောင်းပန်နေလဲ ကျနော့်ရဲ့ မာမီက နိုးမလာဘူးလေဗျာ။ ဒါပေမယ့် ကျနော်ခွင့်လွှတ်ပါတယ်။ တောင်းပန်စရာမလိုပါဘူး ဖေဖေ"
အနောင်၏ ဖေဖေ ဟုသော အခေါ်အဝေါ်ကြောင့် အံ့ဘုန်းမာန် ပျော်ရွှင်မှုတွေ လှိုက်တက်လာရသည်။
"ကျေးဇူးပါ သားရယ်။ အဖေလေ သားနဲ့သမီးတို့ ခွင့်လွှတ်တဲ့အထိ တောင်းပန်မှာပါ။ အခုကစပြီး ဖခင်ကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားမှာပါ"
"ဟုတ်ကဲ့ပါ ဖေဖေ"
"အဖေမင်းကို ဖက်လို့ရမလား"
"ရပါတယ်ဗျာ"
အနောင်အပြုံးလေးဖြင့် တုန့်ပြန်တော့ ဖေဖေကမျက်ရည်များဖြင့် ပြုံးကာ သူ့အားဖက်လာသည်။ အနောင်လဲ ဖေဖေရဲ့ ကျောပြင်လေးကို ပွတ်ပေးကာ နှစ်သိမ့်ပေးနေလိုက်သည်။
................
Next Day🕊
သာယာသော ငှက်တွန်သံလေးတွေနဲ့အတူ နေရောင်နွေးနွေးက ကမ္ဘာမြေကြီးအား ဖြန့်နေလျက်။ အနောင်လည်း နှိုးစက်က အသံကြောင့် မျက်နှာသစ်ပြီး ကိုယ်လက်သန့်စင်ကာ အက်ျီလဲပြီး အောက်ထပ်ဆင်းလာလိုက်သည်။
အောက်ထပ်မှာကတော့ ဖိုးဖိုး၊ ဖိုးနွယ်၊ ကိုကြီး၊ မင်းခ တို့က သူ့အားစောင့်နေလေရဲ့
"အနောင်လဲ လာပီဆိုတော့ ကျနော်တို့ သွားတော့မယ်။ မနက်စားလည်း ပီးမှ စားတော့မယ်။ ရော့ အနောင် ဒါကိုဆောင်ထား"
မင်းနွယ်က ပြောပြောဆိုဆို စားပွဲပေါ်က pistolတစ်လက်ကို အနောင့်အား ပေးလိုက်သည်။ အနောင်လဲ ယူလိုက်ပြီး အတွင်းအိတ်ကပ်ထဲ ထည့်ထားလိုက်သည်။
"ဒါဆို ဂရုစိုက်ကြပါ။ အနောင်လေးလဲ အဆင်ပြေပါစေကွယ်"
"ကျေးဇူးပါ ဖိုးနွယ်"
သူတို့လဲ နှုတ်ဆက်ပြီး ဂိုဏ်းရဲ့အခြေစိုက်စခန်းနေရာကို ထွက်လာကြသည်။
..................
ဒဏ္ဍာရီအိမ်တော်ကြီးဟာ အရင်ကထက်ပိုပြီး တိတ်ဆိတ်ကာအေးစက်နေသည်။ အိမ်ရှင်တွေမရှိလို့တော့မဟုတ်။ အိမ်ရှင်တွေက ထမင်းစားခန်း၌ မနက်စာအား တိတ်ဆိတ်စွာ စားနေကြပြီး ဇွန်းခွက်သံတို့မှလွဲ၍ မည်သည့်အသံမှ မကြားရ။
အံ့ရှင်းသန့် မိမိအမေ၏လုပ်ရပ်ကို ပြန်ပြန်တွေးမိတိုင်း မိမိအရှေ့က ဒယ်ဒီကို အားနာရသည်။ ထို့ကြောင့် မနေ့တစ်နေ့လုံး ဒယ်ဒီကိုစကားမပြောမိ။ ဒယ်ဒီကိုယ်တိုင်ကလည်း အိမ်မှာမနေဘဲ မဟူရာအိမ်တော်မှာ ကိစ္စများဖြေရှင်းနေရသည်။
ညလည်း အတော်နက်မှပြန်လာပြီး ပြန်လာတော့လည်း အခန်းထဲသာ တန်းဝင်သွားသည်မလို့ ဘာမစကားမှ မပြောလိုက်ရ။
*ဒူ ဒူ*
တိတ်ဆိတ်နေသော ထမင်းဝိုင်းအား ဖုန်းမြည်သံက ဖြိုခွင်းလိုက်သည်။ အံ့ဘုန်းမာန် ဖုန်းcontactကို တစ်ချက်ကြည့်လိုက်တော့ *ထွဋ်*ဆိုသော nameလေးကြောင့် ပြုံးလိုက်သည်။ ရှင်းသန့်လည်း ဒယ်ဒီအပြုံးကြောင့် ဖုန်းခေါ်သူက ဘယ်သူလဲ သိချင်သွားရသည်။ အံ့ဘုန်းမာန် ဖုန်းကိုင်လိုက်ပြီး
"ဟလို ထွဋ်"
ရှင်းသန့် မျက်ဝန်းလေးများ ပြူးကျယ်သွားခဲ့သည်။ ဒယ်ဒီက ဘယ်သူကိုမှ အဲ့လောက်နူးနူးညံ့ညံ့မခေါ်ဘူးချေ။ ဒါ့အပြင် အသံကလည်း ပျားရည်လောင်းထားသကဲ့သို့ အလွန်ကို ချိုမြနေပြီး မျက်ဝန်းတွေက ချစ်ရည်ရွှန်းလဲ့နေသည်။ ထို့ကြောင့် အသာလေးတိတ်နေကာ ဒယ်ဒီ ဖုန်းပြောနေတာကို ကြားရအောင် အာရုံစိုက်နေလိုက်သည်။ ထို့အတူ အိမ်စေမလေးတွေကလည်း သူတို့သခင်ကြီးရဲ့ အမူအရာဆန်းတွေကြောင့် ငြိမ်နေကြသည်။
"အံ့ဘုန်းမာန် မင်းဘာလုပ်နေတာလဲ📱"
"ကိုယ် မနက်စာ စားနေတာ"
"ငါလာခဲ့မလို့ ရမလား📱"
"ရတာပေါ့ ကိုယ့်အိမ်ကို တံခါးမရှိ ဓားမရှိ လာလို့ရတယ်။ ဒါ့အပြင် ကိုယ့်နှလုံးသားထဲက အိမ်လေးထဲပါ လာခဲ့ပါ့လား"
"ဖူး!!!! အဟွတ်! အဟွတ်!"
ရှင်းသန့်ခမျာ သူ့ဒယ်ဒီစကားကြောင့် သောက်နေသော ရေပါပြန်ထွက်ပြီး သီးကုန်တော့သည်။ အိမ်စေမလေးတွေလည်း မျက်လုံးလေးတွေပြူးကာ ထွက်ပြေးကြတော့သည်။ သူတို့ဘယ်လောက် ဖြစ်ပျက်နေပါစေ အံ့ဘုန်းမာန်က ဂရုမစိုက်။
"မင်း!! ဒါ ဒါဘဲ📱"
"ဟာ ထွဋ် ထွဋ်!!!"
ချက်ချင်း ဖုန်းကိုချပြေးသွားသော ထွဋ်ကြောင့် အံ့ဘုန်းမာန် ရယ်လိုက်သည်။ ထွဋ်ကို အခုလို ရိသဲ့သဲ့တွေပြောနေလို့ ခများတို့ အတွေးတစ်ခု ဝင်နေကြပီဟုတ်?
ဟုတ်ပါတယ် ခများတို့တွေးနေတဲ့အတိုင်း အံ့ဘုန်းမာန်က ထွဋ်ကို လိုက်ပိုးနေတာပါ။ ဘယ်နေ့ကလည်းဆိုရင်တော့ မနေ့ကဘဲ။ စဉ်းစားခွင့်ပေးအုံးဆိုပြီး ထွက်ထွက်ပြေးနေတဲ့ ထွဋ်ကို အဖြေပြန်ရပီးလို့ကတော့ ဟင်းဟင်း.....
အဲ့တာက အံ့ဘုန်းမာန်ရဲ့ ခပ်ကြောင်ကြောင် အတွေးတွေပါ။
ရှင်းသန့်လေးခမျာတော့ ဇွန်းကြီးကိုက်ရက်နဲ့ ကျက်သေသေနဲ့လေရဲ့။ အံ့ဘုန်းမာန်လည်း သူ့အား စိုက်ကြည့်နေမှန်း ခံစားရလိုက်လို့ ကြည့်လိုက်တော့ ဇွန်းကြီးကိုက်ပြီး သူ့ကိုစိုက်ကြည့်နေသော သားငယ်။
"သားငယ်....သား....ရှင်းသန့်!!"
"ဟမ် ဗျ ဗျာ ဒယ်ဒီ"
အသံမြင့်ခေါ်လိုက်မှ အသိဝင်လာပြီး တဗျာဗျာလုပ်နေသော သားငယ်ကြောင့် အံ့ဘုန်းမာန် နားမလည်ဖြစ်နေတော့သည်။ ဘာတွေများ ကြည့်ပြီးကြောင်နေလဲ မသိဘူး
"ဘာလို့ ဇွန်းကြီးကိုက်ပြီး ဒယ်ဒီ့ကို စိုက်ကြည့်နေတာလဲ"
"မ မဟုတ်ပါဘူး။ အရသာကောင်းလို့ ပါးစပ်ထဲ ငုံကြည့်တာ"
မယုံပေမယ့် မျက်ခုံးတစ်ချက်ဝင့်ကာ ကြည့်ယုံကလွဲ ဘာမှထပ်မပြောတော့ဘဲ ဆက်စားနေလိုက်သည်။ ခဏနေ ထွဋ်လေးလာမှာဆိုတော့ မြန်မြန် အဆင်သင့်ဖြစ်နေမှာဖြစ်မှာ။ ဒါ့ကြောင့် မနက်စာကို မြန်မြန်ဆန်ဆန် စားပြီး အိပ်ခန်းထဲဝင်ကာ အက်ျီလဲပြီး ထွဋ် အလာကိုစောင့်နေလိုက်သည်။
အံ့ရှင်းသန့်ခမျာလည်း ဖြစ်သွားသောအရာများကို မျက်လုံးလေးပြူးပြီး လိုက်ကြည့်နေရုံမှအပ ဘာမှမလုပ်လိုက်ရ။ သူလည်း ဘာမှဆက်မစဉ်းစားနေတော့ဘဲ ကိုယ့်ဘာသာ မနက်စာစားပြီး သွားစရာရှိတာကို သွားဖို့ပြင်လိုက်သည်။
....................
အနက်ရောင် ကားတစ်စီးက ဖုန်တွေအများအပြားပြန့်နေသော နေရာကို အရှိန်အမြန်ဖြင့် မောင်းနှင်လာနေသည်။ တံတိုင်းအကြီးကြီးတွေ ကာရံထားသော နေရာကိုရောက်တော့ အချက်ပြ စနစ်တွေက ထွက်လာပြီး ကားကိုစစ်ဆေးကြသည်။
နောက်တော့ စစ်ဆေးရေးကိရိယာများက ပြန်ဝင်သွားပြီး သံတံခါးကြီးက ပွင့်လာသည်။ သူတို့အထဲရောက်တော့ black dragon အဖွဲ့သားတွေအကုန်ရောက်နေပြီး ဝင်လာသည့် ကားအနက်ရောင်အား ခေါင်းငုံ့ကာ အရိုသေပြုကြသည်။
"ကြိုဆိုပါတယ် Leader!!!"
သူတို့အသံတွေဟာ ထိုပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ မင်းနွယ် ကားထဲကထွက်လာပြီး အဖွဲ့သားတွေ အားလုံးအရှေ့ကို သွားလိုက်သည်။ အနောင်နဲ့ မင်းခလည်း မင်းနွယ်နောက်က လိုက်ကြသည်။
"အားလုံး!! နားထောင်!"
မင်းနွယ်အသိပေးချက်အဆုံး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်မှာ အပ်ကျသံ ကြားရလောက်သည့်အထိပင်။
"အခုတလော မင်းတို့ရဲ့ Leader Darkပျောက်နေတာ သတိထားမိလောက်ရောပေါ့"
ထိုစကားကြားသည်နှင့် အောက်က လူအုပ်ကြီးစီက ခေါင်းကို တဆက်ဆက်ငြိမ့်ပြသည်။ Leader Darkက Black Dragonဂိုဏ်းကို အလွန်ချစ်သည်။ နေ့တိုင်းမဟုတ်တောင် ဂိုဏ်းကို တစ်ရက်ချာ နှစ်ရက်ချာ အမြဲပြီး အဖွဲ့သားတွေနဲ့အတူ trainingဆင်းနေကျ။ ဘယ်လောက်ဘဲ အေးစပ်စက်နိုင်ပြီး ရက်စက်တယ်ပြောပြော Leader Darkက သူတို့ကိုဆို အမြဲနွေးနွေးထွေးထွေး ဆက်ဆံရှာသည်။ အခုတော့ ဂိုဏ်းကိုမလာတာ ရက်အနည်းငယ်ကြာနေပြီဖြစ်သလို ဂိုဏ်းသားတိုင်းကလည်း သူ့ကို လွမ်းကြသည်။
Leader Dark နဲ့ Leader God နှစ်ယောက်ယှဉ်ရင်တောင် Leader Darkကို ဂိုဏ်းသားတွေက ပိုခင်မင်ကြသည်။
"တကယ်တော့ မင်းတို့Leaderက accidentတစ်ခုကြောင့် ဆေးရုံတင်နေရတယ်။ အဲ့ကြောင့် ဒီကိုမလာဖြစ်တာ"
"ဟာ....ဘယ်လိုဖြစ်လို့"
"ငါတို့ Leaderကို လုပ်ကြံရဲတဲ့ကောင်က နည်းတဲ့သတ္တိမဟုတ်ဘူး"
"ဘာဘဲပြောပြော ငါတို့Leaderအတွက် လုံးဝမကျေနပ်ဘူး"
စတဲ့ စကားသံတွေ အလျှိုလျှို ထွက်လာကြသည်။ Companyဘက်မှာကြ ကလျာ ခရီးသွားတယ်လို့သာ သတင်းလွှင့်ထားရသည်။ မလွှင့်လို့လည်းမဖြစ်။ အချိန်ကြာလာတာနဲ့ သတိထားမိလာကြပြီး နေရာလုလာကြလိမ့်မည်။ ထိုအခါ Companyအတွက်လည်းမကောင်းသလို ကလျာအတွက်လည်း အဆင်မပြေ။
ဂိုဏ်းမှာကတော့ မဖုံးကွယ်ဘဲ အကုန်လုံးအမှန်တိုင်းသာ ဖွင့်ပြောလိုက်သည်။ ဒါက ဂိုဏ်းအတွက် တွန်းအားတစ်ခုလို ဖြစ်စေပြီး ဂိုဏ်းသားတွေအတွက်လည်း သူတို့Leaderအတွက် လက်စားချေချင်စိတ် ပိုများအောင်လို့ပင်။ အခုတောင် လုပ်ကြံသူကိုကြိမ်းနေတာကိုဘဲကြည့်။ အံ့တွေကြိတ်ကြ လက်သီးတွေ စုပ်ကာ ဒေါသတွေထွက်နေကြသည်။ ထိုစဉ် ဂိုဏ်းသားတစ်ယောက်မှ
"Leader ဒါဆို Leader Darkအစား အခြားလူတစ်ယောက်တော့ လိုအပ်လိမ့်မယ့်ဗျ။ အဲ့တာ..."
"အဲ့အတွက် စိတ်မပူပါနဲ့။ ဟောဒီက ကောင်လေးက ဆက်ပြီးစီမံလိမ့်မယ်"
အနောင်ကို ပြောတော့ ဂိုဏ်းသားလေးတွေခမျာ ကလည်ကလည်ဖြစ်သွားရသည်။ သူတို့ခမျာ ထိုဖွေးဖွေးအုအုကောင်လေးကို တစ်ခါမှ မမြင်ဘူးသည့်ဉစ္စာကို။ ဒါ့အပြင် သူတို့နဲ့ယှဉ်လိုက်ရင် ဆီနဲ့အီးလိုဘဲ။
ဟိုက ဖွေးအုနေတာ ကြွေရုပ်ကလေးအတိုင်းဘဲ။ ဒါ့အပြင် ခန္ဓာကိုယ်လေးဟာလည်း ပိန်ပိန်ပါးပါးလေး လေလာရင် လွင့်သွားရမှာကို စိုးရိမ်ရသည်။ သူတို့ကြတော့ အသားအရေက မွဲခြောက်ခြောက်နဲ့ တချို့ကြတော့ ကပ္ပလီတွေ အဖေခေါ်ရမည့်ရုပ်တွေ။ ခန္ဓာကိုယ်တွေလည်း ဂေါဇီလာနီးနီးကြီးတဲ့ကောင်တွေ ကြည့်ဘဲ။ ဒါ့အပြင် Black Dragonမှာက Male Alpha, Female Alphaတွေကြည့်ဘဲ။ ထိုကောင်လေးကြည့်ရုံနဲ့ Omegaမှန်း တန်းသိသည်။ ဘယ်လိုစိတ်ကူးနဲ့များ Leader Godက ဒီကောင်လေးကို ကိုယ်စားဝင်စေချင်လဲမသိ
ဂိုဏ်းသားတွေအကုန် ခေါင်းကုတ်ကုတ် ဖင်ကုတ်ကုတ်နဲ့ စကားများနေတာကြည့်ပြီး မင်းနွယ်ပြုံးလိုက်သည်။ သိတာပေါ့ Omegaဖြစ်နေတာမလို့ သဘောမတူချင်မှန်း
"သူက ဘယ်သူမလို့လဲ Leader"
အဖွဲ့ထဲက မိန်းကလေးတစ်ဉီးက မေးလာသည်။ မင်းနွယ် ကြိုတွက်ထားပြီးသားမလို့ တွေဝေချင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
"သူက မင်းတို့ Leader Darkရဲ့ Mateဘဲ။ အမ် ဒါ့အပြင် သူ့မှာ Darkရဲ့ ကိုယ်ပွားလေးပါရှိနေတယ်"
မင်းနွယ်ရဲ့ စကားအဆုံး အားလုံး ကျောက်ရုပ်ဖြစ်ကုန်ရသည်။ အထူးသဖြင့် T5အဖွဲ့ဝင်တွေပင်။ သူတို့ Bossဘယ်အချိန်တုန်းကများ Mateရသွားလဲ မသိလိုက်။ သူများတွေနဲ့ မတူစွာ T5အဖွဲ့ရဲ့ အငယ်ဆုံးလေး No.2ကတော့ မျက်လုံးလေးတွေ ဘလင်းဘလင်းထနေလေရဲ့။ မကြာပါ အနောင်နားကို ပြေးကပ်ကာ
"အကို...အကိုက Bossရဲ့ကောင်လေးလား။ ချစ်စရာလေးဗျာ။ ဟီး ကျနော်က No.2ပါ။ နာမည်ကတော့ ဟိန်းသစ္စာလို့ ခေါ်ပါတယ်ဗျ။ ကျနော်နဲ့ သူငယ်ချင်း လုပ်ရအောင်နော်"
အနောင်ရဲ့ လက်မောင်းလေးကိုဆွဲကာ ကလေးတစ်ယောက် ပူဆာသလို ပူဆာနေတဲ့ No.2ကြောင့် အကုန်လုံး ခေါင်းခါမိသည်။ အငယ်ဆုံးဖြစ်တာကြောင့် အတော်ကို ကလေးဆန်သည်။
အနောင်လည်း မိမိအရှေ့က ကောင်လေးကြောင့် နည်းနည်းတော့ ပြုံးရိပ်သန်းသွားရသည်။ အရပ်က မိမိထက် မဆိုသလောက်လေးဘဲ ရှည်ပြီး အသားကဖြူဖြူဖွေးဖွေးနှင့် အလွန်ကိုချစ်စရာကောင်းလှသည်။
"No.2 ပြန်လာခဲ့!.."
No.4က အသံခပ်ကြိတ်ကြိတ်နဲ့ခေါ်လိုက်တော့ No.2ရဲ့ နှုတ်ခမ်းလေးတွေ ဆူလာသည်။
"ဟွန့်...မင်းကလဲကွာ...ငါက ဒီကအကိုလေးနဲ့ ခင်ချင်လို့ကို"
နှုတ်ခမ်းလေးတထော်ထော်နဲ့ ဆူပုတ်စွာ ပြောလာတဲ့ No.2ကြောင့် အနောင်ပြုံးလိုက်သည်။ ထိုအတူပင် No.2ကို ပြုံးပြီးကြည့်နေတဲ့လူတစ်ယောက်လည်း ရှိနေလေရဲ့
................
TBC
A/N: wifiကအခုမှရလို့ တင်ရတယ်😖 wallထဲမှာတင်ထားတဲ့ Mineဆိုတဲ့ Ficလေးလည်း အားပေးပါအုံးလို့🤧 Voteလေးတွေလည်း မဆခဲ့ကြပါ😗 ဒါနဲ့ မျှော်နေကြရဲ့လား😞
#Royal