Chapter (90) Arc 4
လုရွှမ်ရဲ့ကျိန်ဆိုချက်
ရွှီချင့် ထိတ်လန့်သွားပြီး လုရွှမ်၏ အလွန် သတိထားမိသော မျက်လုံးများက လူသေကို ကြည့်နေသလိုမျိုး သူ့ကို ကြည့်နေ၏။ ရွှီချင့်ရဲ့ နှလုံးသား တုန်လှုပ်သွားကာ အလိုလို နောက်ပြန်ဆုတ်သွားမိသည်။
ထိတ်လန့် တုန်လှုပ်နေသော လှိုင်းလုံးများက နှလုံးသားထဲတွင် လှိုင်းထလာရင်း ဒီရေ အတက်အကျလိုမျိုး သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားစေသည်။
"မကောင်းတော့ဘူး.... ဒါက စိတ်ဝိညာဉ်သခင်ရဲ့ စိတ်ဝိညာဉ်ရေး တိုက်ခိုက်မှုပဲ"
ပြီးနောက် ဘယ်လိုပဲဖြစ်ဖြစ် သူသည် သူတော်စင်တစ်ပိုင်း ဖြစ်သဖြင့် ရွှီချင့် လျင်မြန်စွာ တုံ့ပြန်လာခဲ့သည်။
သူသည် သူ့လျှာကို ပြင်းပြင်းထန်ထန် ကိုက်လိုက်ရာ နာကျင်မှုက ချက်ချင်းပင် သူ့စိတ်ကို ပြန်သတိရလာသော်လည်း လုရွှမ်သည် ရှေ့သို့ ဖျတ်ကနဲ ပြေးလာကာ သူ့လက်ထဲတွင် ဓားတစ်ချောင်းကို ဝှေ့ယမ်း၍ ရင်ဘတ်ဆီသို့ ဓားဖြင့်ထိုးလိုက်သည်ကို မြင်လိုက်ရလေသည်။
"အား......."
ရုတ်တရက် အော်ဟစ်သံနှင့်အတူ ရွှီချင့်၏ ခွန်အားများ တိုးလာကာ သူ့ရင်ဘတ်ရှေ့တွင် ရောယှက်နေသော အသွင်အပြင်များက ပြင်းထန်သော ရေလှိုင်းများနှယ် ထွက်ပေါ်လာပြီး အသံလှိုင်းများသည် သူ့ဆီ ပြေးလာနေသော လုရွှမ်ဆီသို့ ရိုက်ခတ်သွားသည်။
သူသည် သူ၏ကိုယ်ပိုင် တိုက်ခိုက်မှုကို အလွန်ယုံကြည်မှု ရှိသည်။ အသံလှိုင်း သိုင်းစွမ်းရည်ကို သူလေ့လာလေ သူတော်စင်တစ်ပိုင်း မှန်သမျှက လျှော့တွက်လို့ မရနိုင်လေ ဖြစ်တာကို တွေ့ခဲ့ရသည်။
အစွမ်းထက်ဆုံး နိယာမစွမ်းအင်တွေ ရှိနိုင်ပေမယ့် အားနည်းတဲ့ နိယာမစွမ်းအင် လုံးဝမရှိချေ။ အဲဒါတွေကို ဘယ်လိုသုံးရမှန်း မသိတဲ့လူတွေပဲ ရှိပါသည်။ သူ့ရဲ့စွမ်းအင် လှိုင်းလုံးကြီးသည် ရန်သူ နီးကပ်လာသောအခါ တစ်ဖက်လူကို ဖျက်စီးပစ် ဖြစ်သည်။
သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်လာတဲ့ အသံနဲ့အတူ တစ်ဖက်လူကို လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားစေကာ အနည်းငယ် တုန်ရီသွားစေသည်။
ရွှီချင့် တဟားဟား အော်ရယ်လိုက်သည်။ သူက ဝိညာဉ်သခင် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ သူ့ကိုသတ်လို့ မရဘူးလေ။
ရုတ်တရက် သူ့တစ်ကိုယ်လုံး နာကျင်သွားပြီး ငုံ့ကြည့်လိုက်တော့ သူ့ရင်ဘတ်ထဲကို ဖောက်ထွက်သွားတဲ့ ဓားရှည်ကြီးကို တွေ့လိုက်ရလေသည်။ သံသယစိတ်ဖြင့် ပြန်ကြည့်သော်လည်း ကောင်းကင်နှင့်မြေကြီး ကြားရှိ လုရွှမ်၏ ရုပ်သွင်ကို မမြင်ရဘဲ ဓားရှည်တစ်ချောင်းသည် သူ့ခန္ဓာကိုယ်ကို အနောက်မှ ထိုးဖောက်သွားခဲ့သည်။
ဘာတွေဖြစ်ကုန်တာလဲ?
ကျောင်းကျန့် သူ့ကို ထိတ်လန့်စွာ စိုက်ကြည့်လိုက်သလို အောက်နားက လူတွေအားလုံးလည်း အံ့သြသွားသည်။
ရွှီချင့် မသိခဲ့တာက ကျောင်းကျန့်ရဲ့ မျက်လုံးထဲမှာ လုရွှမ်ဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး ဘယ်လိုပဲ ရှာဖွေနေပါစေ ရှာမတွေ့ဘူး ဖြစ်နေခြင်းပင်။
ရွှီချင့်ဟာ လေဟာနယ် ကွက်လပ်ကို တစ်ယောက်တည်း တိုက်ခိုက်နေတာကိုသာ မြင်နေရပြီး ရွှီချင့်တစ်ယောက် သူ့ကိုယ်သူ စကားပြောနေသလိုပင်။
နောက်ဆုံး သူ့ရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်ထားတဲ့ ဓားရှည်တစ်ချောင်းကို တွေ့လိုက်ရပြီး တစ်ဖက်လူက ရွှီချင့်ကို ကြိတ်ကြိတ်တိုး ဆင်နွှဲနေတာကို တွေ့လိုက်ရတော့သည်။
"လျှို့ဝှက်မှော်အခင်းအကျင်း ပုံစံ! သူက ရွှီချင့်ကို အစောကတည်းက အခင်းအကျင်းထဲကို ဆွဲသွင်းသွားခဲ့တာပဲ"
ကျောင်းကျန့်က သူတော်စင်တစ်ပိုင်းမို့လို့ သူ မြန်မြန်ဆန်ဆန် တုံ့ပြန်လာပြီး ထမအော်ဘဲကို မနေနိုင်ခဲ့ပေ။
သူတော်စင်တစ်ပိုင်းကို အောင်မြင်ပါက မူလစွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအား နှစ်ခုစလုံးသည် အလွန် တိုးများလာကြသည်။ မူလစွမ်းအားသည် သူတော်စင်စွမ်းအား အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားကာ စိတ်ဝိညာဉ်စွမ်းအားကို မမွေးမြူထားသော်လည်း ထိုးဖောက် ဝင်ရောက်မှုများ ရှိနေဆဲဖြစ်ပြီး အနိမ့်ဆုံးမှာ ၁၈ ဖြစ်သည်။
"ဒါဆို လုရွှမ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ဘယ်လောက်တောင် ပြင်းထန်နေတာလဲ? လူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် အတင်းဆွဲထုတ်ဖို့ ဝိညာဉ်စွမ်းအား အတိုင်းအတာက အနည်းဆုံး ၀.၂ တိုးလာရမယ်.... ဆိုတော့ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ၂၁ လား? ဒါမှမဟုတ် ၂၂...?"
ကွက်လပ်တွင် လုရွှမ် ပေါ်လာပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သောအခါ ရွှီချင့်၏ အလောင်းတွင် ကပ်နေသော ဓားရှည်သည် ပျံထွက်သွားပြီးနောက် အလောင်းသည် အသွေးအသား အစုအဝေးအဖြစ် ပေါက်ကွဲသွားလေသည်။
လုရွှမ်၏ ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်သွားပြီး နဖူးမှ ချွေးများ စီးကျလာသည်ကိုတော့ မည်သူမျှ မမြင်လိုက်ပေ။
အမှန်တော့ သူသည် သူတော်စင်တစ်ပိုင်းကို အခင်းအကျင်း လှည့်ဖြားမှုထဲသို့ အတင်းဆွဲသွင်းရန် သုံးစွဲထားသော ဝိညာဉ်စွမ်းအားသည် သူ့စိတ်ကူးထားတာထက် များစွာ ကျော်လွန်သွားခဲ့သည်။
ကံကောင်းစွာပင် ရွှီချင့်၏ စိတ်ဝိညာဉ်စွမ်းအားသည် သာမန်သာ မဟုတ်ပါက သူ့ကိုယ်သူ အရူးလုပ်မိသွားမှာ ဖြစ်သည်။
ကျောင်းကျန့်၏ ခန့်မှန်းချက်က မှန်ပေသည်။ နတ်ဘုရားအသွင်ပြောင်းဆေးကို ခန္ဓာကိုယ် လုံးလုံးလျားလျား စုပ်ယူပြီးနောက် ခန္ဓာကိုယ်ထဲရှိ နိယာမစွမ်းအင် လမ်းကြောင်း အပိုင်းအစများကို အပြည့်အဝ ဖြည့်စွက်ထားပြီးပြီ။
ထို့အပြင် နတ်ဆေးလုံးသည် မိုးကြိုးဒဏ်ကြောင့် ၎င်း၏ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများ ထက်ဝက်ကျော် ရှိနေခဲ့သည်။
လုရွှမ်သည် သူတော်စင်တစ်ပိုင်းသို့ အတင်းအကျပ် ခုန်ကျော်ရန် မရွေးချယ်ခဲ့ပေ။ နောက်ဆုံးတွင် သူသည် သူ၏ကိုယ်ပိုင် ပေါင်းစပ်ဖွဲ့စည်းမှု လမ်းကြောင်းကို မရွေးချယ်ရသေးလို့ သူ၏စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန်အတွက် နတ်ဆေးလုံး၏ အကျိုးသက်ရောက်မှုကို အသုံးပြုထားခြင်း ဖြစ်လေသည်။
စိတ်ဝိညာဉ်စွမ်းအားက သိသိသာသာ တိုးလာပြီ။ ယေဘူယျအားဖြင့် စိတ်ဝိညာဉ် စွမ်းအား၏ သူတော်စင်တစ်ပိုင်းနှင့် နှိုင်းယှဉ်ပါက ၂၂ သို့ တက်လာခဲ့ပြီး ၂.၀ မှ စတင်သည့် ပျမ်းမျှ စိတ်ဝိညာဉ်စွမ်းအား တစ်ပိုင်းထက် ခြေလှမ်းများစွာ မြင့်မားလေသည်။
အောက်မှာရှိတဲ့ လူတိုင်းဟာ အလွန်အမင်း ထိတ်လန့်အံအားသင့်နေကြသည်။ တစ်ဖက်လူက သူတော်စင်တစ်ပိုင်း။ လူ့ဘ၀မှာ လူတော်တော်များများရဲ့ အကြီးမားဆုံး အိပ်မက်က သူတော်စင်တစ်ပိုင်း ဖြစ်လာဖို့ပဲ။
တကယ်ပဲ သူ့ဆီကနေ ဒီလိုမျိုး အသတ်ခံလိုက်ရတယ်တဲ့လား?
လုရွှမ်ကို ကြည့်နေသော လူများစွာ၏ မျက်လုံးများသည် တစ်ဖန် ပြောင်းလဲသွားပြန်သည်။ ယခင်က မထီမဲ့မြင်ပြုခြင်းနှင့် လှောင်ပြောင်နေခြင်းတို့ မရှိတော့ဘဲ မနာလိုမှု၊ လေးစားမှုနှင့် ကိုးကွယ်လိုမှု အကြည့်များသာ ဖြစ်လာကြသည်။
"ဒါ မြို့ထောင်ချီမဟာမိတ်ရဲ့ အရိပ်လူသတ်ခန်းမလား? ဒီလို ခန်းမသခင်က သူ့အစွမ်းအစနဲ့ဆို သူတော်စင်တစ်ပိုင်း ဖြစ်လာဖို့ မခက်တော့ဘူးမလား?"
"ဟုတ်တယ်... အရိပ်လူသတ်ခန်းမက မြို့ထောင်ချီမဟာမိတ်ရဲ့ အရာအားလုံးကို တာဝန်ယူပြီး ငါတို့လည်း အရိပ်လူသတ်ခန်းမရဲ့ အဖွဲ့ဝင် ဖြစ်လာတာနဲ့ တောက်ကျင့်စဥ် နိယာမစွမ်းအင်ကို ခံစားဖို့ နတ်ဆေးလုံးရေကန်ကို လွတ်လွတ်လပ်လပ် လာနိုင်မှာ မဟုတ်ဘူးလား?"
တစ်ယောက်ကနေ နှစ်ယောက် သုံးယောက်ကစလို့ စကားသံတွေ ထွက်ပေါ်လာကြသည်။ အထူးသဖြင့် တော်ဝင်အင်ပါယာမှ လူတချို့ရဲ့ မျက်လုံးတွေ တောက်လောင်ပြီး စိတ်တွေ ကြွလာကာ အရိပ်လူသတ်ခန်းမ အဖွဲ့ထဲကို ဝင်သွားကြသည်။
လုရွှမ် အသက်ပြင်းပြင်း ရှူပြီး ကျောင်းကျန့်ကို ကြည့်လိုက်သည်။ ကျောင်းကျန့်၏ ခန္ဓာကိုယ် တုန်လှုပ်သွားကာ လုရွှမ်ကို သတိတကြီးဖြင့် စိုက်ကြည့်နေသည်။
"ညီလေးလု... မင်းငါ့နဲ့ တစ်ပွဲလောက် တိုက်ချင်သေးတာလား?"
သူက ပုဆိန်ကြီးကို ထုတ်ပြီး သူ့ပုခုံးပေါ် တင်လိုက်သည်။ ပုဆိန်ရဲ့ အလင်းရောင်က လုရွှမ်ဖက်ကို မျက်နှာမူလျက် တောက်ပနေကာ တောက်ကျင့်စဥ် နိယာမစွမ်းအင်၏ အသွင်အပြင်တွေ ရောယှက်နေ၏။
ရှင်းရှင်းပြောရရင် ဒါဟာ တရားဝင်လက်နက် တစ်ခုပင်။ ရွှီချင့်နဲ့ ယှဉ်ရင် ကျောင်းကျန့်ရဲ့ အင်အားက သိသိသာသာ မြင့်မားလေသည်။
ကျောင်းကျန့်ရဲ့ လုရွှမ်ကို ခေါ်ဝေါ်လိုက်တဲ့ နာမည်ကို ကြားကြသည်။ မျိုးဆက်လေး၊ ကောင်လေးကနေ အခုတော့ ညီလေးလုအထိ ဖြစ်သွားခဲ့ပြီ။ သူသည် လုရွှမ်ရဲ့ ခွန်အားကို စဉ်ဆက်မပြတ် အသိအမှတ် ပြုခဲ့သည်။
လူတိုင်းကလည်း ရင်ခုန်နေကြပြီး တစ်နေ့မှာ သူတို့လည်း ရွှီချင့်လို နေ့ရက်မျိုး ရှိလာမှာကိုလည်း စိတ်ပူနေကြသည်။
သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်က မိမိနဲ့တန်းတူထား၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေး ပြောဆိုခြင်းအတွက် ဂုဏ်သိက္ခာရှိမှုနှင့် ဂုဏ်ယူစရာပင် ဖြစ်လေသည်။
"အဟဲ... ဟုတ်ပါတယ် ကျုပ်အစ်ကိုကျောင်းကို ကျုပ်တို့ရဲ့ အရိပ်လူသတ်ခန်းမမှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်... အစ်ကိုကျောင်းက ဘယ်လို သဘောရလဲ မသိဘူး?"
လုရွှမ်က ပြုံးလျက် ဆိုလိုက်သည်။
ကျောင်းကျန့်က ရယ်ပြီး
"မင်းရဲ့ အရိပ်လူသတ်ခန်းမထဲ ဝင်လိုက်တာနဲ့ ငါ့ရဲ့ မြို့သခင်နေရာ ပျောက်သွားမှာ ကြောက်ရတယ်"
"ဒါပေါ့ မင်း အရိပ်လူသတ်ခန်းမမှာ ပါဝင်မယ်ဆိုရင် မင်းက လက်ထောက် ခန်းမသခင် ဖြစ်လာမယ်.... ငါ့လက်အောက်ခံ ဖြစ်မယ် ဒါမှမဟုတ် မင်းဆန္ဒရှိရင် ငါ့နောက်လိုက်လည်း ဖြစ်လာနိုင်တယ်"
"ဟာဟားဟား"
ကျောင်းကျန့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့အပြုံးကို ထိန်းထားပေမယ့် သူ့မျက်နှာမှာ ဒေါသတွေ ပြည့်နှက်နေ၏။ သူတော်စင်တစ်ပိုင်းကို သူ့နောက်လိုက် ဖြစ်ခိုင်းနေတယ်ပေါ့လေ။ ဒီကလေးက ဘယ်လိုတောင် တွေးရဲတာလဲ။
သူ မသိသောအရာမှာ ယခုအချိန်တွင် ပိုက်ဆံများစွာဖြင့် မြင်းရိုးကို မဝယ်နိုင်ပေ။ ကျောင်းကျန့် သည် လက်ထောက် ခန်းမသခင် ဖြစ်လာနိုင်မည် မဟုတ်ဟု လုရွှမ် တွေးဝံ့နေခြင်း ဖြစ်သည်။
"မင်းက ငါ့ကို လှုပ်ရှားဖို့ နှိုးဆော်နေတာလား?"
လုရွှမ်က သူ့ခေါင်းကို ခါလိုက်သည်။ လူဆိုတာ သူတို့မျက်စိရှေ့က ရာထူး အထောက်အထားကို အမြဲတမ်း မစွန့်လွှတ်နိုင်တော့ဘဲ လေလွှင့်ချင်နေသည်ဟု ခံစားမိသည်။
"မင်း အခုဒီအဆင့်မှာ အနှစ်တစ်ရာကျော် လေ့ကျင့်ပြီးပြီ မဟုတ်လား? မင်းရဲ့ အစွမ်းက သူတော်စင်တစ်ပိုင်းရဲ့ ပထမအဆင့်မှာ ရှိနေတုန်းပဲ.... အဟဲ မင်း ဒုတိယအဆင့်၊ တတိယအဆင့်ကို ဘယ်အချိန် ရောက်နိုင်လဲ ဒါမှမဟုတ် သူတော်စင် ဖြစ်ဖို့တောင် သေချာရဲ့လား ဆိုတာ မင်းရဲ့စွမ်းအားကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မေးကြည့်လိုက်ပါ"
"မင်းရဲ့ နောက်လိုက် လုပ်လိုက်တာက ငါကအဲဒီအဆင့်ကို ရောက်သွားမှာလား??"
ကျောင်းကျန့်က ရယ်မောလိုက်သည်။ လုရွှမ်က ပြုံးပြီး မာနကြီးတဲ့ အသံနဲ့ ပြန်ဖြေလာ၏။
"မှန်တယ်!"
သူက ခေါင်းကို လှည့်ပြီး အောက်ခြေက လူတွေကို ကြည့်လိုက်တော့ သူတို့ရဲ့ ဆွေးနွေးမှုတွေ အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
"ဘယ်သူပဲဖြစ်ဖြစ် မင်းတို့ အရိပ်သတ်ခန်းမထဲဝင်ချင်သရွေ့ သစ္စာရှိရမယ်.... သေးငယ်တဲ့ နယ်ပယ်ဖြစ်ရင်တောင် အနည်းဆုံး သူတော်စင်တစ်ပိုင်း ဖြစ်လာအောင် ငါလုပ်ပေးနိုင်မယ်လို့ စိတ်နှလုံးနဲ့ ကတိပြုတယ်..... ပါရမီပြည့်ရင် သူတော်စင်ဆိုတာ အကန့်အသတ် မရှိဘူး... အရည်အချင်းရှိရင် သူတော်စင်နယ်ပယ်ကြီးကိုတောင် မျှော်လင့်ထားနိုင်တယ်"
လုရွှမ်၏ အသံသည် ကောင်းကင်မှလာသော မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ အောက်ဖက်ရှိ လူများအားလုံး သွေးဆူသံများ ကြားလာရ၍ ဤသည်မှာ စိတ်နှလုံးအကြွင်းမဲ့ ကျိန်ဆိုခြင်းဖြစ်ပြီး ၎င်းသည် အတုအယောင် မဖြစ်နိုင်ပေ။
ဆိုလိုသည်မှာ ၎င်းတို့သည် အရိပ်လူသတ်ခန်းမတွင် ပါဝင်နေသမျှ ကာလပတ်လုံး အနည်းဆုံး အနာဂတ်မှာ သူတော်စင်တစ်ပိုင်း ဖြစ်ပေလိမ့်မည်။
သူတော်စင်တစ်ပိုင်းလေ!
ကျောင်းကျန့်၏ စိတ်သည် ထိုလူများနှင့် ထပ်တူထပ်မျှ တုန်လှုပ်သွားပြီး လုရွှမ်အား မယုံကြည်နိုင်စွာ ကြည့်ကာ အသံမှာလည်း တုန်တုန်ယင်ယင်ဖြင့်။
“သူတော်စင်.... ဘယ်သူက နတ်သူတော်စင်နယ်ပယ်ထက် မြင့်နိုင်မှာလဲ?”
"အဲဒါကို စဉ်းစားဖို့ မင်းကိုငါ အချိန်တစ်ရက် ပေးမယ်.... သေသေချာချာ စဉ်းစားပါ အချိန်လွန်တဲ့အထိ မစောင့်နဲ့!"
Chapter (90) Arc 4
လု႐ႊမ္ရဲ႕က်ိန္ဆိုခ်က္
႐ႊီခ်င့္ ထိတ္လန႔္သြားၿပီး လု႐ႊမ္၏ အလြန္ သတိထားမိေသာ မ်က္လုံးမ်ားက လူေသကို ၾကည့္ေနသလိုမ်ိဳး သူ႕ကို ၾကည့္ေန၏။ ႐ႊီခ်င့္ရဲ႕ ႏွလုံးသား တုန္လႈပ္သြားကာ အလိုလို ေနာက္ျပန္ဆုတ္သြားမိသည္။
ထိတ္လန႔္ တုန္လႈပ္ေနေသာ လွိုင္းလုံးမ်ားက ႏွလုံးသားထဲတြင္ လွိုင္းထလာရင္း ဒီေရ အတက္အက်လိဳမ်ိဳး သူ႕တစ္ကိုယ္လုံး တုန္လႈပ္သြားေစသည္။
"မေကာင္းေတာ့ဘူး.... ဒါက စိတ္ဝိညာဥ္သခင္ရဲ႕ စိတ္ဝိညာဥ္ေရး တိုက္ခိုက္မႈပဲ"
ၿပီးေနာက္ ဘယ္လိုပဲျဖစ္ျဖစ္ သူသည္ သူေတာ္စင္တစ္ပိုင္း ျဖစ္သျဖင့္ ႐ႊီခ်င့္ လ်င္ျမန္စြာ တုံ႕ျပန္လာခဲ့သည္။
သူသည္ သူ႕လွ်ာကို ျပင္းျပင္းထန္ထန္ ကိုက္လိုက္ရာ နာက်င္မႈက ခ်က္ခ်င္းပင္ သူ႕စိတ္ကို ျပန္သတိရလာေသာ္လည္း လု႐ႊမ္သည္ ေရွ႕သို႔ ဖ်တ္ကနဲ ေျပးလာကာ သူ႕လက္ထဲတြင္ ဓားတစ္ေခ်ာင္းကို ေဝွ႕ယမ္း၍ ရင္ဘတ္ဆီသို႔ ဓားျဖင့္ထိုးလိုက္သည္ကို ျမင္လိုက္ရေလသည္။
"အား......."
႐ုတ္တရက္ ေအာ္ဟစ္သံႏွင့္အတူ ႐ႊီခ်င့္၏ ခြန္အားမ်ား တိုးလာကာ သူ႕ရင္ဘတ္ေရွ႕တြင္ ေရာယွက္ေနေသာ အသြင္အျပင္မ်ားက ျပင္းထန္ေသာ ေရလွိုင္းမ်ားႏွယ္ ထြက္ေပၚလာၿပီး အသံလွိုင္းမ်ားသည္ သူ႕ဆီ ေျပးလာေနေသာ လု႐ႊမ္ဆီသို႔ ရိုက္ခတ္သြားသည္။
သူသည္ သူ၏ကိုယ္ပိုင္ တိုက္ခိုက္မႈကို အလြန္ယုံၾကည္မႈ ရွိသည္။ အသံလွိုင္း သိုင္းစြမ္းရည္ကို သူေလ့လာေလ သူေတာ္စင္တစ္ပိုင္း မွန္သမွ်က ေလွ်ာ့တြက္လို႔ မရနိုင္ေလ ျဖစ္တာကို ေတြ႕ခဲ့ရသည္။
အစြမ္းထက္ဆုံး နိယာမစြမ္းအင္ေတြ ရွိနိုင္ေပမယ့္ အားနည္းတဲ့ နိယာမစြမ္းအင္ လုံးဝမရွိေခ်။ အဲဒါေတြကို ဘယ္လိုသုံးရမွန္း မသိတဲ့လူေတြပဲ ရွိပါသည္။ သူ႕ရဲ႕စြမ္းအင္ လွိုင္းလုံးႀကီးသည္ ရန္သူ နီးကပ္လာေသာအခါ တစ္ဖက္လူကို ဖ်က္စီးပစ္ ျဖစ္သည္။
သူ႕ခႏၶာကိုယ္က ေပါက္ကြဲထြက္လာတဲ့ အသံနဲ႕အတူ တစ္ဖက္လူကို လမ္းတစ္ဝက္မွာတင္ ရပ္တန့္သြားေစကာ အနည္းငယ္ တုန္ရီသြားေစသည္။
႐ႊီခ်င့္ တဟားဟား ေအာ္ရယ္လိုက္သည္။ သူက ဝိညာဥ္သခင္ ျဖစ္ေနေတာ့ေရာ ဘာျဖစ္လဲ။ သူ႕ကိုသတ္လို႔ မရဘူးေလ။
႐ုတ္တရက္ သူ႕တစ္ကိုယ္လုံး နာက်င္သြားၿပီး ငုံ႕ၾကည့္လိုက္ေတာ့ သူ႕ရင္ဘတ္ထဲကို ေဖာက္ထြက္သြားတဲ့ ဓားရွည္ႀကီးကို ေတြ႕လိုက္ရေလသည္။ သံသယစိတ္ျဖင့္ ျပန္ၾကည့္ေသာ္လည္း ေကာင္းကင္ႏွင့္ေျမႀကီး ၾကားရွိ လု႐ႊမ္၏ ႐ုပ္သြင္ကို မျမင္ရဘဲ ဓားရွည္တစ္ေခ်ာင္းသည္ သူ႕ခႏၶာကိုယ္ကို အေနာက္မွ ထိုးေဖာက္သြားခဲ့သည္။
ဘာေတြျဖစ္ကုန္တာလဲ?
ေက်ာင္းက်န့္ သူ႕ကို ထိတ္လန႔္စြာ စိုက္ၾကည့္လိုက္သလို ေအာက္နားက လူေတြအားလုံးလည္း အံ့ၾသသြားသည္။
႐ႊီခ်င့္ မသိခဲ့တာက ေက်ာင္းက်န့္ရဲ႕ မ်က္လုံးထဲမွာ လု႐ႊမ္ဟာ ခ်က္ခ်င္းဆိုသလို ေပ်ာက္ကြယ္သြားၿပီး ဘယ္လိုပဲ ရွာေဖြေနပါေစ ရွာမေတြ႕ဘူး ျဖစ္ေနျခင္းပင္။
႐ႊီခ်င့္ဟာ ေလဟာနယ္ ကြက္လပ္ကို တစ္ေယာက္တည္း တိုက္ခိုက္ေနတာကိုသာ ျမင္ေနရၿပီး ႐ႊီခ်င့္တစ္ေယာက္ သူ႕ကိုယ္သူ စကားေျပာေနသလိုပင္။
ေနာက္ဆုံး သူ႕ရဲ႕ ခႏၶာကိုယ္ကို ထိုးေဖာက္ထားတဲ့ ဓားရွည္တစ္ေခ်ာင္းကို ေတြ႕လိုက္ရၿပီး တစ္ဖက္လူက ႐ႊီခ်င့္ကို ႀကိတ္ႀကိတ္တိုး ဆင္ႏႊဲေနတာကို ေတြ႕လိုက္ရေတာ့သည္။
"လွ်ို႔ဝွက္ေမွာ္အခင္းအက်င္း ပုံစံ! သူက ႐ႊီခ်င့္ကို အေစာကတည္းက အခင္းအက်င္းထဲကို ဆြဲသြင္းသြားခဲ့တာပဲ"
ေက်ာင္းက်န့္က သူေတာ္စင္တစ္ပိုင္းမို႔လို႔ သူ ျမန္ျမန္ဆန္ဆန္ တုံ႕ျပန္လာၿပီး ထမေအာ္ဘဲကို မေနနိုင္ခဲ့ေပ။
သူေတာ္စင္တစ္ပိုင္းကို ေအာင္ျမင္ပါက မူလစြမ္းအားႏွင့္ စိတ္ဝိညာဥ္စြမ္းအား ႏွစ္ခုစလုံးသည္ အလြန္ တိုးမ်ားလာၾကသည္။ မူလစြမ္းအားသည္ သူေတာ္စင္စြမ္းအား အျဖစ္ တျဖည္းျဖည္း ေျပာင္းလဲသြားကာ စိတ္ဝိညာဥ္စြမ္းအားကို မေမြးျမဴထားေသာ္လည္း ထိုးေဖာက္ ဝင္ေရာက္မႈမ်ား ရွိေနဆဲျဖစ္ၿပီး အနိမ့္ဆုံးမွာ ၁၈ ျဖစ္သည္။
"ဒါဆို လု႐ႊမ္ရဲ႕ စိတ္ဝိညာဥ္စြမ္းအားက ဘယ္ေလာက္ေတာင္ ျပင္းထန္ေနတာလဲ? လူေတြကို ထင္ေယာင္ထင္မွားျဖစ္ေအာင္ အတင္းဆြဲထုတ္ဖို႔ ဝိညာဥ္စြမ္းအား အတိုင္းအတာက အနည္းဆုံး ၀.၂ တိုးလာရမယ္.... ဆိုေတာ့ သူ႕ရဲ႕ စိတ္ဝိညာဥ္စြမ္းအားက ၂၁ လား? ဒါမွမဟုတ္ ၂၂...?"
ကြက္လပ္တြင္ လု႐ႊမ္ ေပၚလာၿပီး သူ႕လက္ကို ဆန႔္ထုတ္လိုက္ေသာအခါ ႐ႊီခ်င့္၏ အေလာင္းတြင္ ကပ္ေနေသာ ဓားရွည္သည္ ပ်ံထြက္သြားၿပီးေနာက္ အေလာင္းသည္ အေသြးအသား အစုအေဝးအျဖစ္ ေပါက္ကြဲသြားေလသည္။
လု႐ႊမ္၏ ခႏၶာကိုယ္ အနည္းငယ္ တုန္လႈပ္သြားၿပီး နဖူးမွ ေခြၽးမ်ား စီးက်လာသည္ကိုေတာ့ မည္သူမွ် မျမင္လိုက္ေပ။
အမွန္ေတာ့ သူသည္ သူေတာ္စင္တစ္ပိုင္းကို အခင္းအက်င္း လွည့္ျဖားမႈထဲသို႔ အတင္းဆြဲသြင္းရန္ သုံးစြဲထားေသာ ဝိညာဥ္စြမ္းအားသည္ သူ႕စိတ္ကူးထားတာထက္ မ်ားစြာ ေက်ာ္လြန္သြားခဲ့သည္။
ကံေကာင္းစြာပင္ ႐ႊီခ်င့္၏ စိတ္ဝိညာဥ္စြမ္းအားသည္ သာမန္သာ မဟုတ္ပါက သူ႕ကိုယ္သူ အ႐ူးလုပ္မိသြားမွာ ျဖစ္သည္။
ေက်ာင္းက်န့္၏ ခန႔္မွန္းခ်က္က မွန္ေပသည္။ နတ္ဘုရားအသြင္ေျပာင္းေဆးကို ခႏၶာကိုယ္ လုံးလုံးလ်ားလ်ား စုပ္ယူၿပီးေနာက္ ခႏၶာကိုယ္ထဲရွိ နိယာမစြမ္းအင္ လမ္းေၾကာင္း အပိုင္းအစမ်ားကို အျပည့္အဝ ျဖည့္စြက္ထားၿပီးၿပီ။
ထို႔အျပင္ နတ္ေဆးလုံးသည္ မိုးႀကိဳးဒဏ္ေၾကာင့္ ၎၏ ေဆးဘက္ဆိုင္ရာ ဂုဏ္သတၱိမ်ား ထက္ဝက္ေက်ာ္ ရွိေနခဲ့သည္။
လု႐ႊမ္သည္ သူေတာ္စင္တစ္ပိုင္းသို႔ အတင္းအက်ပ္ ခုန္ေက်ာ္ရန္ မေ႐ြးခ်ယ္ခဲ့ေပ။ ေနာက္ဆုံးတြင္ သူသည္ သူ၏ကိုယ္ပိုင္ ေပါင္းစပ္ဖြဲ႕စည္းမႈ လမ္းေၾကာင္းကို မေ႐ြးခ်ယ္ရေသးလို႔ သူ၏စိတ္ဝိညာဥ္စြမ္းအားကို ျမႇင့္တင္ရန္အတြက္ နတ္ေဆးလုံး၏ အက်ိဳးသက္ေရာက္မႈကို အသုံးျပဳထားျခင္း ျဖစ္ေလသည္။
စိတ္ဝိညာဥ္စြမ္းအားက သိသိသာသာ တိုးလာၿပီ။ ေယဘူယ်အားျဖင့္ စိတ္ဝိညာဥ္ စြမ္းအား၏ သူေတာ္စင္တစ္ပိုင္းႏွင့္ ႏွိုင္းယွဥ္ပါက ၂၂ သို႔ တက္လာခဲ့ၿပီး ၂.၀ မွ စတင္သည့္ ပ်မ္းမွ် စိတ္ဝိညာဥ္စြမ္းအား တစ္ပိုင္းထက္ ေျခလွမ္းမ်ားစြာ ျမင့္မားေလသည္။
ေအာက္မွာရွိတဲ့ လူတိုင္းဟာ အလြန္အမင္း ထိတ္လန့္အံအားသင့္ေနၾကသည္။ တစ္ဖက္လူက သူေတာ္စင္တစ္ပိုင္း။ လူ႕ဘ၀မွာ လူေတာ္ေတာ္မ်ားမ်ားရဲ႕ အႀကီးမားဆုံး အိပ္မက္က သူေတာ္စင္တစ္ပိုင္း ျဖစ္လာဖို႔ပဲ။
တကယ္ပဲ သူ႕ဆီကေန ဒီလိုမ်ိဳး အသတ္ခံလိုက္ရတယ္တဲ့လား?
လု႐ႊမ္ကို ၾကည့္ေနေသာ လူမ်ားစြာ၏ မ်က္လုံးမ်ားသည္ တစ္ဖန္ ေျပာင္းလဲသြားျပန္သည္။ ယခင္က မထီမဲ့ျမင္ျပဳျခင္းႏွင့္ ေလွာင္ေျပာင္ေနျခင္းတို႔ မရွိေတာ့ဘဲ မနာလိုမႈ၊ ေလးစားမႈႏွင့္ ကိုးကြယ္လိုမႈ အၾကည့္မ်ားသာ ျဖစ္လာၾကသည္။
"ဒါ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ရဲ႕ အရိပ္လူသတ္ခန္းမလား? ဒီလို ခန္းမသခင္က သူ႕အစြမ္းအစနဲ႕ဆို သူေတာ္စင္တစ္ပိုင္း ျဖစ္လာဖို႔ မခက္ေတာ့ဘူးမလား?"
"ဟုတ္တယ္... အရိပ္လူသတ္ခန္းမက ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ရဲ႕ အရာအားလုံးကို တာဝန္ယူၿပီး ငါတို႔လည္း အရိပ္လူသတ္ခန္းမရဲ႕ အဖြဲ႕ဝင္ ျဖစ္လာတာနဲ႕ ေတာက္က်င့္စဥ္ နိယာမစြမ္းအင္ကို ခံစားဖို႔ နတ္ေဆးလုံးေရကန္ကို လြတ္လြတ္လပ္လပ္ လာနိုင္မွာ မဟုတ္ဘူးလား?"
တစ္ေယာက္ကေန ႏွစ္ေယာက္ သုံးေယာက္ကစလို႔ စကားသံေတြ ထြက္ေပၚလာၾကသည္။ အထူးသျဖင့္ ေတာ္ဝင္အင္ပါယာမွ လူတခ်ိဳ႕ရဲ႕ မ်က္လုံးေတြ ေတာက္ေလာင္ၿပီး စိတ္ေတြ ႂကြလာကာ အရိပ္လူသတ္ခန္းမ အဖြဲ႕ထဲကို ဝင္သြားၾကသည္။
လု႐ႊမ္ အသက္ျပင္းျပင္း ရႉၿပီး ေက်ာင္းက်န့္ကို ၾကည့္လိုက္သည္။ ေက်ာင္းက်န့္၏ ခႏၶာကိုယ္ တုန္လႈပ္သြားကာ လု႐ႊမ္ကို သတိတႀကီးျဖင့္ စိုက္ၾကည့္ေနသည္။
"ညီေလးလု... မင္းငါ့နဲ႕ တစ္ပြဲေလာက္ တိုက္ခ်င္ေသးတာလား?"
သူက ပုဆိန္ႀကီးကို ထုတ္ၿပီး သူ႕ပုခုံးေပၚ တင္လိုက္သည္။ ပုဆိန္ရဲ႕ အလင္းေရာင္က လု႐ႊမ္ဖက္ကို မ်က္ႏွာမူလ်က္ ေတာက္ပေနကာ ေတာက္က်င့္စဥ္ နိယာမစြမ္းအင္၏ အသြင္အျပင္ေတြ ေရာယွက္ေန၏။
ရွင္းရွင္းေျပာရရင္ ဒါဟာ တရားဝင္လက္နက္ တစ္ခုပင္။ ႐ႊီခ်င့္နဲ႕ ယွဥ္ရင္ ေက်ာင္းက်န့္ရဲ႕ အင္အားက သိသိသာသာ ျမင့္မားေလသည္။
ေက်ာင္းက်န့္ရဲ႕ လု႐ႊမ္ကို ေခၚေဝၚလိုက္တဲ့ နာမည္ကို ၾကားၾကသည္။ မ်ိဳးဆက္ေလး၊ ေကာင္ေလးကေန အခုေတာ့ ညီေလးလုအထိ ျဖစ္သြားခဲ့ၿပီ။ သူသည္ လု႐ႊမ္ရဲ႕ ခြန္အားကို စဥ္ဆက္မျပတ္ အသိအမွတ္ ျပဳခဲ့သည္။
လူတိုင္းကလည္း ရင္ခုန္ေနၾကၿပီး တစ္ေန႕မွာ သူတို႔လည္း ႐ႊီခ်င့္လို ေန႕ရက္မ်ိဳး ရွိလာမွာကိုလည္း စိတ္ပူေနၾကသည္။
သူေတာ္စင္တစ္ပိုင္း က်င့္ႀကံသူ တစ္ေယာက္က မိမိနဲ႕တန္းတူထား၍ ခင္မင္ရင္းႏွီးစြာ ေဆြးႏြေး ေျပာဆိုျခင္းအတြက္ ဂုဏ္သိကၡာရွိမႈႏွင့္ ဂုဏ္ယူစရာပင္ ျဖစ္ေလသည္။
"အဟဲ... ဟုတ္ပါတယ္ က်ဳပ္အစ္ကိုေက်ာင္းကို က်ဳပ္တို႔ရဲ႕ အရိပ္လူသတ္ခန္းမမွာ ပါဝင္ဖို႔ ဖိတ္ေခၚခ်င္ပါတယ္... အစ္ကိုေက်ာင္းက ဘယ္လို သေဘာရလဲ မသိဘူး?"
လု႐ႊမ္က ၿပဳံးလ်က္ ဆိုလိုက္သည္။
ေက်ာင္းက်န့္က ရယ္ၿပီး
"မင္းရဲ႕ အရိပ္လူသတ္ခန္းမထဲ ဝင္လိုက္တာနဲ႕ ငါ့ရဲ႕ ၿမိဳ႕သခင္ေနရာ ေပ်ာက္သြားမွာ ေၾကာက္ရတယ္"
"ဒါေပါ့ မင္း အရိပ္လူသတ္ခန္းမမွာ ပါဝင္မယ္ဆိုရင္ မင္းက လက္ေထာက္ ခန္းမသခင္ ျဖစ္လာမယ္.... ငါ့လက္ေအာက္ခံ ျဖစ္မယ္ ဒါမွမဟုတ္ မင္းဆႏၵရွိရင္ ငါ့ေနာက္လိုက္လည္း ျဖစ္လာနိုင္တယ္"
"ဟာဟားဟား"
ေက်ာင္းက်န့္ က်ယ္ေလာင္စြာ ရယ္ေမာလိုက္သည္။ သူ႕အၿပဳံးကို ထိန္းထားေပမယ့္ သူ႕မ်က္ႏွာမွာ ေဒါသေတြ ျပည့္ႏွက္ေန၏။ သူေတာ္စင္တစ္ပိုင္းကို သူ႕ေနာက္လိုက္ ျဖစ္ခိုင္းေနတယ္ေပါ့ေလ။ ဒီကေလးက ဘယ္လိုေတာင္ ေတြးရဲတာလဲ။
သူ မသိေသာအရာမွာ ယခုအခ်ိန္တြင္ ပိုက္ဆံမ်ားစြာျဖင့္ ျမင္းရိုးကို မဝယ္နိုင္ေပ။ ေက်ာင္းက်န့္ သည္ လက္ေထာက္ ခန္းမသခင္ ျဖစ္လာနိုင္မည္ မဟုတ္ဟု လု႐ႊမ္ ေတြးဝံ့ေနျခင္း ျဖစ္သည္။
"မင္းက ငါ့ကို လႈပ္ရွားဖို႔ ႏွိုးေဆာ္ေနတာလား?"
လု႐ႊမ္က သူ႕ေခါင္းကို ခါလိုက္သည္။ လူဆိုတာ သူတို႔မ်က္စိေရွ႕က ရာထူး အေထာက္အထားကို အၿမဲတမ္း မစြန႔္လႊတ္နိုင္ေတာ့ဘဲ ေလလႊင့္ခ်င္ေနသည္ဟု ခံစားမိသည္။
"မင္း အခုဒီအဆင့္မွာ အႏွစ္တစ္ရာေက်ာ္ ေလ့က်င့္ၿပီးၿပီ မဟုတ္လား? မင္းရဲ႕ အစြမ္းက သူေတာ္စင္တစ္ပိုင္းရဲ႕ ပထမအဆင့္မွာ ရွိေနတုန္းပဲ.... အဟဲ မင္း ဒုတိယအဆင့္၊ တတိယအဆင့္ကို ဘယ္အခ်ိန္ ေရာက္နိုင္လဲ ဒါမွမဟုတ္ သူေတာ္စင္ ျဖစ္ဖို႔ေတာင္ ေသခ်ာရဲ႕လား ဆိုတာ မင္းရဲ႕စြမ္းအားကို ၾကည့္ၿပီး ကိုယ့္ကိုကိုယ္ ေမးၾကည့္လိုက္ပါ"
"မင္းရဲ႕ ေနာက္လိုက္ လုပ္လိုက္တာက ငါကအဲဒီအဆင့္ကို ေရာက္သြားမွာလား??"
ေက်ာင္းက်န့္က ရယ္ေမာလိုက္သည္။ လု႐ႊမ္က ၿပဳံးၿပီး မာနႀကီးတဲ့ အသံနဲ႕ ျပန္ေျဖလာ၏။
"မွန္တယ္!"
သူက ေခါင္းကို လွည့္ၿပီး ေအာက္ေျခက လူေတြကို ၾကည့္လိုက္ေတာ့ သူတို႔ရဲ႕ ေဆြးႏြေးမႈေတြ အားလုံးကို တစ္ခ်က္ ေဝ့ၾကည့္လိုက္သည္။
"ဘယ္သူပဲျဖစ္ျဖစ္ မင္းတို႔ အရိပ္သတ္ခန္းမထဲဝင္ခ်င္သေ႐ြ႕ သစၥာရွိရမယ္.... ေသးငယ္တဲ့ နယ္ပယ္ျဖစ္ရင္ေတာင္ အနည္းဆုံး သူေတာ္စင္တစ္ပိုင္း ျဖစ္လာေအာင္ ငါလုပ္ေပးနိုင္မယ္လို႔ စိတ္ႏွလုံးနဲ႕ ကတိျပဳတယ္..... ပါရမီျပည့္ရင္ သူေတာ္စင္ဆိုတာ အကန႔္အသတ္ မရွိဘူး... အရည္အခ်င္းရွိရင္ သူေတာ္စင္နယ္ပယ္ႀကီးကိုေတာင္ ေမွ်ာ္လင့္ထားနိုင္တယ္"
လု႐ႊမ္၏ အသံသည္ ေကာင္းကင္မွလာေသာ မိုးၿခိမ္းသံကဲ့သို႔ က်ယ္ေလာင္ၿပီး လူတိုင္း၏ နားထဲတြင္ ပဲ့တင္ထပ္ေနခဲ့သည္။ ေအာက္ဖက္ရွိ လူမ်ားအားလုံး ေသြးဆူသံမ်ား ၾကားလာရ၍ ဤသည္မွာ စိတ္ႏွလုံးအႂကြင္းမဲ့ က်ိန္ဆိုျခင္းျဖစ္ၿပီး ၎သည္ အတုအေယာင္ မျဖစ္နိုင္ေပ။
ဆိုလိုသည္မွာ ၎တို႔သည္ အရိပ္လူသတ္ခန္းမတြင္ ပါဝင္ေနသမွ် ကာလပတ္လုံး အနည္းဆုံး အနာဂတ္မွာ သူေတာ္စင္တစ္ပိုင္း ျဖစ္ေပလိမ့္မည္။
သူေတာ္စင္တစ္ပိုင္းေလ!
ေက်ာင္းက်န့္၏ စိတ္သည္ ထိုလူမ်ားႏွင့္ ထပ္တူထပ္မွ် တုန္လႈပ္သြားၿပီး လု႐ႊမ္အား မယုံၾကည္နိုင္စြာ ၾကည့္ကာ အသံမွာလည္း တုန္တုန္ယင္ယင္ျဖင့္။
သူေတာ္စင္.... ဘယ္သူက နတ္သူေတာ္စင္နယ္ပယ္ထက္ ျမင့္နိုင္မွာလဲ?
"အဲဒါကို စဥ္းစားဖို႔ မင္းကိုငါ အခ်ိန္တစ္ရက္ ေပးမယ္.... ေသေသခ်ာခ်ာ စဥ္းစားပါ အခ်ိန္လြန္တဲ့အထိ မေစာင့္နဲ႕!"