Chapter (87) Arc 4
မြို့သခင်ကျောင်းကျန့်
လုရွှမ်က တဟားဟား ရယ်လိုက်ပြီး ထျန်ကျွင့်နမ်ရဲ့ ပုခုံးကို ပြင်းပြင်းထန်ထန် ပုတ်လိုက်သည်။
"ငါတို့ အတူတူ အခက်အခဲတွေ ကြုံရလို့ ငါတစ်ယောက်တည်း ထွက်ပြေးသွားခဲ့ရင် မင်းကို ငါ့ညီနေရာမှာ ထားထားတာ ဘာထူးတော့မှာလဲ?"
ထျန်ကျွင့်နမ်မှာ စိုးရိမ်လွန်းလို့ ငိုတော့မလို ဖြစ်နေလေပြီ။
"ကျွန်တော့်ရဲ့ အစ်ကိုကြီးရယ်... အခုထိ နားမလည်သေးဘူးလား? ဖုန်းရှန် ဧကရာဇ်အင်ပါယာက သာမန် ဧကရာဇ်အင်ပါယာလေး တစ်ခု မဟုတ်ဘူး.... ကျွန်တော်တို့က အဲဒါနဲ့ သွားရောနှောဖို့ မတတ်နိုင်ဘူး အထူးသဖြင့် ဖုန်းရှန်ရဲ့ တော်ဝင်မိသားစု ဖြစ်တဲ့ ရွှီမိသားစုပဲ... ရွှီမိသားစုမှာ သူတော်စင်တစ်ပိုင်းကတင် တစ်ဝက်လောက် ရှိတယ်လို့ ပြောကြတယ်... သူတို့ကို ရန်သွားစဖို့ လုံးဝ မတတ်နိုင်ပါဘူး"
"မကြောက်ပါနဲ့.... စစ်သားတွေက ဆိုတာ ရေနဲ့ မြေကြီးလို ဖုံးအုပ်ပစ်လိုက်လို့ရတယ်!"
လုရွှမ်ကက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ထွက်သွားချင်လို့လား? တစ်ယောက်မှ ထွက်သွားဖို့ မစဥ်းစားနဲ့!"
သူတို့နောက်မှာ ကြမ်းတမ်းတဲ့ အသံတစ်ခု ထွက်ပေါ်လာကာ ထိုသူမှာ မတိုင်ခင်က သူတို့ကို ဝင်ခွင့်မပြုခဲ့တဲ့ အစောင့်ပဲ ဖြစ်လေသည်။ ဒီအချိန်မှာတော့ သူ့လက်မောင်း နှစ်ဖက်မှာ လှိုင်းလုံးကြီးတွေနဲ့ ဝိုင်းရံထားတဲ့ အစောင့် အုပ်စုငယ်လေးတွေပါ ထွက်လာကြသည်။
ထျန်ကျွင့်နမ် အရှိန်ပြင်းပြင်း ဒေါသနဲ့ သတ်ပစ်တော့မယ့် အရှိန်အဝါတွေကို ထုတ်လွှတ်လိုက်သည်။ ဒီအစောင့်အရှောက်ကြောင့် မဟုတ်ရင် ဒီကိစ္စတွေ ဘယ်လိုလုပ် ဖြစ်လာမှာလဲ။
"စိတ်မပူနဲ့ အားလုံး ငါ့လက်ထဲအပ်လိုက်"
လုရွှမ် ထျန်ကျွင့်နမ်ကို သူ့နောက်သို့ ဆွဲပို့လိုက်သည်။ ယခုအခါ ရန်သူအရေအတွက် များလာလေ အဖွဲ့၏ အင်အားသည် သာလွန်ကောင်းမွန်သည်ဟု ယူဆရပြီး အဆိုးဆုံးမှာလည်း ပြီးပြည့်စုံသွားလေပြီ။
အမှန်တကယ် တိုက်ပွဲဖြစ်လာခဲ့လျှင်ပင် သူကတော့ မကြောက်ပေ။ တစ်ဖက်လူတွေကသာ ဒုက္ခရောက်သွားလိမ့်မည်။
အစောင့်ကို ကြည့်ရင်း လုရွှမ်ရဲ့အသံက အင်မတန် တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့သည်။
"ငါက မြို့ထောင်ချီမဟာမိတ် အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင်.. ငါ့တာဝန်က မြို့ထောင်ချီမဟာမိတ်မှာ ရှိတဲ့ အငြင်းပွားမှုတွေ အားလုံးကို ပြေလည်အောင် ဖြေရှင်းဖို့ပဲ....ဒီမြို့က မြို့ထောင်ချီမဟာမိတ်ရဲ့ မြေပေါ်မှာ တည်ထားတာ... ငါ့နယ်မြေဆိုလည်း ဟုတ်တယ်"
ဒေါသမရှိ၊ ဘုန်းအာနုဘော် မရှိသော်လည်း အကျယ်တဝင့်အားဖြင့် လူတို့အား လျှော့တွက်မဝံ့မရဲသည့် ခံစားချက်ကို ပေးနေသည်။
အစောင့်က အမှတ်တမဲ့ နောက်ပြန်ဆုတ်သွားမိ၏။ သူ့လက်ရှိ အနေအထားအရ ရန်သူကို ပေါ့ပေါ့တန်တန် ကျောခိုင်းလိုက်ရင် မျက်နှာပျက်စရာ ဖြစ်သွားသလို ခံစားရတာကြောင့် ထပ်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"ကောင်လေး နောက်ဆုတ်လိုက်... ဒီမြေက မြို့ထောင်ချီမဟာမိတ်ရဲ့ မြေပေါ်မှာဆိုတာ မှန်ပေမယ့် မြို့ထောင်ချီမဟာမိတ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး"
လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
"အခုမဟုတ်ပေမယ့် အနာဂတ်မှာ ဟုတ်လာနိုင်တယ်"
စကားလုံးများသည် လျှို့ဝှက် ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေပုံရပြီး လူတိုင်း၏ နားထဲတွင် နားမလည် နိုင်လောက်အောင် ခံစားခဲ့ရသော်လည်း ဤလူသည် လိမ်လည်နေပုံ မပေါ်ကြောင်း စိတ်နှလုံးထဲမှ ခံစားနေရသည်။
လူအုပ်ကြီးသည် အရာအားလုံးကို ဆွေးနွေးစပြုလာပြီး ခဏအကြာတွင် လုရွှမ်၏ ဝိသေသလက္ခဏာကို တစ်ယောက်ပြီး တစ်ယောက် ထုတ်ဖော်ပြသခဲ့ပြီး သူလုပ်ဆောင်ခဲ့သည့် အရာများကိုပါ တူးဖော်လာကြတော့သည်။
"လတ်စသတ်တော့ ပါရမီရှင်တစ်ယောက်ကိုး.... ကောင်းကင်ရဲ့ အမြင့်နဲ့ မြေကြီးရဲ့ အတိမ်အနက်ကို မသိတာ သနားစရာပဲ.... လက်ရှိ မြို့ထောင်ချီမဟာမိတ် အဖွဲ့က အရင်တုန်းကလို ဖြစ်နေတုန်းပဲလို့ ထင်နေတာလား?"
"ဟမ့်.... မြို့ထောင်ချီမဟာမိတ်ရဲ့ စံအိမ်သခင်တောင် ကွယ်လွန်သွားပြီ... အခုဒီနေရာက ဧကရာဇ်အင်ပါယာ လက်အောက်က သေးငယ်တဲ့ နေရာလေးပဲ... သေမျိုးအသွင်ပြောင်းခြင်း၏ယ နယ်ပယ်ပဲရှိတဲ့ မျိုးဆက်လေးက မောက်မောက်မာမာနဲ့ ထွက်လာဖို့ သတ္တိရှိနေတယ်ပေါ့လေ"
"ဟီးဟီး ဒီလူ ဘယ်လောက်တောင် ရှက်စရာကောင်းတာတွေ လုပ်နေလဲ ဆိုတာကို စောင့်မျှော်ကြည့်ရအောင်"
"ရှက်စရာ ကောင်းတာလား? ဟမ့် ငါကတော့ သူရှက်လွန်းလို့ အသက်ပါ ပျောက်သွားမှာ ကြောက်ရတယ်"
လုရွှမ်သည် လူတိုင်း၏ ဆွေးနွေးမှုကို နားထောင်ပြီး ထိတ်လန့်မှုမရှိဘဲ သူရှိနေသည့်နေရာတွင် ရပ်နေခဲ့သည်။ လုရွှမ်မှာ ငြိမ်သက်နေသော်လည်း ကျန်လူများမှာ မငြိမ်သက်နိုင်ပေ။
ပတ်ဝန်းကျင်က လူတွေရဲ့ စကားကို ပိုနားထောင်လေ စိုးရိမ်လာရလေပဲ။ အဲဒီလူတွေက သူတို့ကို လက်တစ်ချောင်းတည်းနဲ့ သတ်ပစ်နိုင်တယ်လေ။
"ကောင်လေး မင်းက လုရွှမ် ဟုတ်တယ်မလား? မင်းမှာ သတ္တိရှိသားပဲ ဖုန်းရှန်ဧကရာဇ် အင်ပါယာက မင်းသားငယ်လေးကိုတောင် သတ်ဝံ့တယ်... နတ်ဆေးလုံးမြို့က ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်ခွင့် မရှိဘူးဆိုတာ မင်းမသိဘူးလား? လာ ငါနဲ့သာ လိုက်ခဲ့လိုက်တော့"
ပထမဆုံး ထွက်လာသူမှာ အစောင့်တပ်မှူး၏ ဝတ်စုံ ဝတ်ထားသော အမျိုးသားတစ်ဦး ဖြစ်ပြီး လုရွှမ်ရဲ့ပခုံးကို လက်ကြီးဖြင့် ဆုပ်ကိုင်ထားလိုက်သည်။
လုရွှမ် သူ့ပခုံးကို ကိုင်ထားသူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းက မြို့ထောင်ချီ မဟာမိတ်ကလူ မဟုတ်ဘူးမလား?"
ထိုလူက ကျယ်လောင်စွာ ရယ်မောလိုက်ကာ ပါးစပ်ထောင့်များကို အထင်အမြင် သေးစွာ ကွေးညွတ်ပြလိုက်သည်။
"ငါက ပိုင်ဖုန်းဧကရာဇ်အင်ပါယာက လာတာ.. မင်းတို့လို ဖားငယ်လေးတွေက ဘယ်လိုလုပ် သိမှာလဲ? ဒါက ငါတို့ရဲ့နယ်မြေပဲ.... ကောင်းပြီး မင်းရဲ့ ကျင့်ကြံမှုကို အရင် ဖျက်စီးလိုက်ရအောင်"
လုရွှမ် သူ့ပခုံးကို လှုပ်လိုက်တာနဲ့ ထိုလူရဲ့လက်မှ လွတ်ထွက်သွားသည်။
"မင်းသတ္တိ သိပ်ရှိနေရင် အသတ်ခံရလိမ့်မယ်"
လုရွှမ် လက်ဖဝါးများ အလွန်မြန်ဆန်စွာ လှုပ်ရှားလိုက်တဲ့အခါ ချက်ချင်းပင် ထိုသူ့လည်ပင်းပေါ် ရောက်ရှိသွား၏။ အားအနည်းငယ် သုံးကာ နှိပ်လိုက်သည်နှင့် ထိုတပ်မှူး၏ လည်ပင်းမှာ ကျိုးသွားတော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အခြားအစောင့်များသည် လျင်မြန်စွာ လူစုခွဲလိုက်ကြပြီး ၎င်းတို့ရှေ့က လူသတ်သမားကို ထိတ်လန့်စွာ ကြည့်နေကြသည်။ သူတို့ခေါင်းဆောင်သည် တောက်ကျင့်ကြံမှု လမ်းစဥ်ကို နားလည်ထားသူဖြစ်ပြီး သာမန် မဟုတ်ဘဲ ၎င်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အခြားသူများထက် များစွာသာလွန်၏။
တကယ့်တိုက်ပွဲ အတွင်းမှာတော့ သူတော်စင်တစ်ပိုင်းရဲ့ ခွန်အားအပြည့်နဲ့ ထိုးနှက်ချက်တောင် ခံနိုင်ခဲ့တာကို လူငယ်လေး တစ်ယောက်ဆီက အသတ်ခံလိုက်ရတယ်တဲ့လေ။
ထိုအခိုက်တွင် ပြင်းထန်သော အရှိန်အဟုန် တစ်ခု ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ကောင်းကင်မှ ပြုတ်ကျပြီး မြေပြင်ကိုပင် တသိမ့်သိမ့် တုန်လှုပ်သွားစေသော သူတော်စင်တစ်ပိုင်းပဲ ဖြစ်သည်။
ထိုလူ၏ ပုံသဏ္ဌာန်ကို မြင်လိုက်ရတော့ အားလုံးက ပိုကြောက်လာကြသည်။ ၎င်းသည် အရပ်နှစ်မီတာထက်မပိုသော ထွားကျိုင်းသောအသွင်အပြင်ဖြင့် သူ့ရှေ့တွင် ရပ်လိုက်သောအခါ တောင်ကုန်းပေါ်တွင် ရပ်နေသကဲ့သို့ ဖြစ်နေသည်။
သူထုတ်လွှတ်နေတဲ့ အရှိန်အဝါက လူတွေကို ဒူးထောက် လက်မြှောက်ချင်စိတ်များပင် ဖြစ်ပေါ်လာစေ၏။
ဝုန်း!
ကျယ်လောင်သော အသံတစ်ချက်နဲ့ အတူ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတွေ တစ်ယောက်ပြီး တစ်ယောက် အလိုအလျောက် ဒူးထောက် ထိုင်လိုက်ဂကာ မတ်တပ်ရပ်နေသူများပင် ဒူးတွေတုန်ကာ ရုန်းကန်နေရသည်။
လုရွှမ် ခပ်အေးအေးပဲ လှောင်ရယ်လိုက်သည်။ ဒီလူရဲ့အားက အရမ်းကြီးပြီး ထူထဲနေတာပဲ။ စိတ်စွမ်းအားကို လေ့ကျင့် မွေးမြူထားမယ်လို့ သူ မမျှော်လင့်ထားဘူး။ သူ့ကို ပေါ်လာကတည်းက သူ့အစွမ်းအစကို မြင်လိုက်ပြီးသား။
ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့ကို မဆင်မခြင် ဆက်ဆံရင်တော့ သည်းခံနေမှာ မဟုတ်ဘူးလေ။
သူ့အတွက်ကတော့ ဒီဖိအားလေးတွေက သူ့မျက်နှာကို မှုတ်ထုတ်တဲ့ လေပြေလေလိုပဲ။ သို့သော် ထျန်ကျွင့်နမ်နဲ့ တခြားသူတွေက သည်းမခံနိုင်တော့ပေ။ အထူးသဖြင့် လျောက်ချင်း၊ ဟန်ရွှယ်နဲ့ တခြားသူတွေက ပိုလို့တောင် ရှက်စရာကောင်းနေကြသည်။
လုရွှမ်၏ လက်လှိုင်းလုံးနှင့်အတူ ဝိညာဉ်စွမ်းအားလှိုင်းများ ပြန့်ကျဲသွားပြီး သူတော်စင်တစ်ပိုင်း၏ ဖိအားကို တွန်းလှန်လိုက်ရာ ထျန်ကျွင့်နမ်နှင့် အခြားသူများ သက်ပြင်းချကာ စိတ့သက်သာရာ ရသွားကြသည်။
မဟုတ်ပါက နောက်ပိုင်းတွင် ထိန်းထားနိုင်မည် မဟုတ်ပေ။
သူတော်စင်တစ်ပိုင်းက ဟေးခနဲ အသံထွက်လာပြီး သေသွားတဲ့ တပ်မှူးကို ကြည့်လိုက်ပြီးနောက် လုရွှမ်ကို မျက်လုံးတွေ ပြူးကြည့်လိုက်၏။
"မင်း ငါ့တပ်မှူးကို သတ်လိုက်တာလား?"
"ဒါက လက်ထောက်မြို့သခင် ကျောင်းကျန့်ပဲ"
တစ်စုံတစ်ယောက်က လှမ်းအော်လာသည်။
"မြို့သခင်... အဲဒါသူပဲ!! လုရွှမ်!"
ကျောင်းကျန့်က ပြင်းပြင်းထန်ထန် ဟစ်အော်လိုက်ပြီး သူ့အသံက မိုးခြိမ်းသံလို ဟိန်းထွက်လာ၏။
"မင်းက ငါ့တပ်မှူးကို သတ်လိုက်တာ ငါ့ကို အလေးအနက် မထားဘူးလို့ ဆိုလိုတာပေါ့!! ကောင်လေး မင်းဆရာက ဘယ်သူလဲ?? သူ့နာမည်ကို ထုတ်ပြောလိုက်စမ်း... ငါ့အသိလား ကြည့်ကြည့်ရအောင် မဟုတ်ရင်တော့ မင်းမှတ်သွားတဲ့အထိ ရိုက်ပစ်မယ်!"
လုရွှမ်ကို ပထမဆုံးအကြိမ် တွေ့ပြီးနောက် ကျောင်းကျန့်၏ နှလုံးသားသည် မလှုပ်ရှားနိုင်တော့ဘဲ ဤလူငယ်လေးသည် အံ့သြစရာ ကောင်းလောက်အောင် ရီဝေဝေဝါးနေသည့် ခံစားချက်ကိုပင် ပေးစွမ်းနိုင်ခဲ့သည်။
သူသည် သူတော်စင်တစ်ပိုင်း၏ ကျင့်ကြံမှုအခြေခံသို့ မရောက်သေးသလို ထင်ရသော်လည်း သူ၏ ရောင်ဝါသည် အမှန်တကယ်ပင် အန္တရာယ်ကို ခံစားရစေသည်။
"ငါ့ဆရာက ဘယ်သူလဲ? ဟားဟား မင်းမေးဖို့ မထိုက်တန်ဘူး"
လုရွှမ်က ပေါ့ပေါ့လေးပဲ ပြောလိုက်သည်။
သူ့ဆရာ? ဤဘဝ၌ဖြစ်စေ၊ ယခင်ဘဝ၌ပင် ဖြစ်စေ သူ့တွင် ဆရာမရှိ၍ တောက်လျှောက် မိမိဘာသာ ကြိုးစားအားထုတ်ခဲ့တာ ဖြစ်သည်။
ကျောင်းကျန့်က နွားမျက်လုံးတွေလို စိုက်ကြည့်ရင်း
"ကောင်လေး... မင်းက ဒီလောက် အရည်အချင်း ရှိလို့လား? ငါမေးဖို့တောင် မထိုက်တန်ဘူးပေါ့... သူက သူတော်စင်လား? ဒါမှမဟုတ် သူတော်စင်ကြီးလား?"
လုရွှမ်က စကားမပြောဘဲ ကျောင်းကျန့်ကို ဂုဏ်ယူဝံ့ကြွားစွာ ကြည့်နေသည်။
ကျောင်းကျန့် အံ့ဩသွားပြီး သူ့စိတ်ထဲ သံသယဝင်လာမိသည်။ အခြားသူများက သူ့ကို မဆင်မခြင်လူဟု ခေါ်ကြသော်လည်း သူသည် မဆင်မခြင် သန်မာပါက အားကြီးသူနှင့် တွေ့သောအခါ မည်သို့မည်ပုံ သေဆုံးရမည်ကိုပင် မသိလိုက်နိုင်ကြောင်း သူကိုယ်တိုင်သာ ကောင်းစွာ သိလေသည်။
လုရွှမ်၏ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးကဲသော နောက်ခံကို သတိပြုမိလိုက်ရာ ကျောင်းကျန့်သည် ချက်ချင်းပင် သူ့စိတ်ထဲ တွင်တွင်ကျယ်ကျယ် ဝင်မစွက်ဖက်ချင်တော့ပေ။
မည်သို့ပင် ဖြစ်စေကာမူ ၎င်းသည် သေဆုံးသွားသူ မဟုတ်ပေ။ အကယ်၍ သူ့ဖက်က လူတစ်ယောက် သေဆုံးသွားပါက ကလဲ့စားချေရန် လာမည့်သူများ ရှိပေလိမ့်မည်။
Chapter (87) Arc 4
ၿမိဳ႕သခင္ေက်ာင္းက်န့္
လု႐ႊမ္က တဟားဟား ရယ္လိုက္ၿပီး ထ်န္ကြၽင့္နမ္ရဲ႕ ပုခုံးကို ျပင္းျပင္းထန္ထန္ ပုတ္လိုက္သည္။
"ငါတို႔ အတူတူ အခက္အခဲေတြ ႀကဳံရလို႔ ငါတစ္ေယာက္တည္း ထြက္ေျပးသြားခဲ့ရင္ မင္းကို ငါ့ညီေနရာမွာ ထားထားတာ ဘာထူးေတာ့မွာလဲ?"
ထ်န္ကြၽင့္နမ္မွာ စိုးရိမ္လြန္းလို႔ ငိုေတာ့မလို ျဖစ္ေနေလၿပီ။
"ကြၽန္ေတာ့္ရဲ႕ အစ္ကိုႀကီးရယ္... အခုထိ နားမလည္ေသးဘူးလား? ဖုန္းရွန္ ဧကရာဇ္အင္ပါယာက သာမန္ ဧကရာဇ္အင္ပါယာေလး တစ္ခု မဟုတ္ဘူး.... ကြၽန္ေတာ္တို႔က အဲဒါနဲ႕ သြားေရာႏွောဖို႔ မတတ္နိုင္ဘူး အထူးသျဖင့္ ဖုန္းရွန္ရဲ႕ ေတာ္ဝင္မိသားစု ျဖစ္တဲ့ ႐ႊီမိသားစုပဲ... ႐ႊီမိသားစုမွာ သူေတာ္စင္တစ္ပိုင္းကတင္ တစ္ဝက္ေလာက္ ရွိတယ္လို႔ ေျပာၾကတယ္... သူတို႔ကို ရန္သြားစဖို႔ လုံးဝ မတတ္နိုင္ပါဘူး"
"မေၾကာက္ပါနဲ႕.... စစ္သားေတြက ဆိုတာ ေရနဲ႕ ေျမႀကီးလို ဖုံးအုပ္ပစ္လိုက္လို႔ရတယ္!"
လု႐ႊမ္ကက ေပါ့ေပါ့ပါးပါး ၿပဳံးလိုက္သည္။
"ထြက္သြားခ်င္လို႔လား? တစ္ေယာက္မွ ထြက္သြားဖို႔ မစဥ္းစားနဲ႕!"
သူတို႔ေနာက္မွာ ၾကမ္းတမ္းတဲ့ အသံတစ္ခု ထြက္ေပၚလာကာ ထိုသူမွာ မတိုင္ခင္က သူတို႔ကို ဝင္ခြင့္မျပဳခဲ့တဲ့ အေစာင့္ပဲ ျဖစ္ေလသည္။ ဒီအခ်ိန္မွာေတာ့ သူ႕လက္ေမာင္း ႏွစ္ဖက္မွာ လွိုင္းလုံးႀကီးေတြနဲ႕ ဝိုင္းရံထားတဲ့ အေစာင့္ အုပ္စုငယ္ေလးေတြပါ ထြက္လာၾကသည္။
ထ်န္ကြၽင့္နမ္ အရွိန္ျပင္းျပင္း ေဒါသနဲ႕ သတ္ပစ္ေတာ့မယ့္ အရွိန္အဝါေတြကို ထုတ္လႊတ္လိုက္သည္။ ဒီအေစာင့္အေရွာက္ေၾကာင့္ မဟုတ္ရင္ ဒီကိစၥေတြ ဘယ္လိုလုပ္ ျဖစ္လာမွာလဲ။
"စိတ္မပူနဲ႕ အားလုံး ငါ့လက္ထဲအပ္လိုက္"
လု႐ႊမ္ ထ်န္ကြၽင့္နမ္ကို သူ႕ေနာက္သို႔ ဆြဲပို႔လိုက္သည္။ ယခုအခါ ရန္သူအေရအတြက္ မ်ားလာေလ အဖြဲ႕၏ အင္အားသည္ သာလြန္ေကာင္းမြန္သည္ဟု ယူဆရၿပီး အဆိုးဆုံးမွာလည္း ၿပီးျပည့္စုံသြားေလၿပီ။
အမွန္တကယ္ တိုက္ပြဲျဖစ္လာခဲ့လွ်င္ပင္ သူကေတာ့ မေၾကာက္ေပ။ တစ္ဖက္လူေတြကသာ ဒုကၡေရာက္သြားလိမ့္မည္။
အေစာင့္ကို ၾကည့္ရင္း လု႐ႊမ္ရဲ႕အသံက အင္မတန္ တည္ၿငိမ္စြာ ထြက္ေပၚလာခဲ့သည္။
"ငါက ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ အရိပ္လူသတ္ခန္းမရဲ႕ ခန္းမသခင္.. ငါ့တာဝန္က ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာ ရွိတဲ့ အျငင္းပြားမႈေတြ အားလုံးကို ေျပလည္ေအာင္ ေျဖရွင္းဖို႔ပဲ....ဒီၿမိဳ႕က ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ရဲ႕ ေျမေပၚမွာ တည္ထားတာ... ငါ့နယ္ေျမဆိုလည္း ဟုတ္တယ္"
ေဒါသမရွိ၊ ဘုန္းအာႏုေဘာ္ မရွိေသာ္လည္း အက်ယ္တဝင့္အားျဖင့္ လူတို႔အား ေလွ်ာ့တြက္မဝံ့မရဲသည့္ ခံစားခ်က္ကို ေပးေနသည္။
အေစာင့္က အမွတ္တမဲ့ ေနာက္ျပန္ဆုတ္သြားမိ၏။ သူ႕လက္ရွိ အေနအထားအရ ရန္သူကို ေပါ့ေပါ့တန္တန္ ေက်ာခိုင္းလိုက္ရင္ မ်က္ႏွာပ်က္စရာ ျဖစ္သြားသလို ခံစားရတာေၾကာင့္ ထပ္ၿပီး က်ယ္ေလာင္စြာ ေအာ္လိုက္သည္။
"ေကာင္ေလး ေနာက္ဆုတ္လိုက္... ဒီေျမက ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ရဲ႕ ေျမေပၚမွာဆိုတာ မွန္ေပမယ့္ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ မရွိပါဘူး"
လု႐ႊမ္က ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးလိုက္ၿပီး
"အခုမဟုတ္ေပမယ့္ အနာဂတ္မွာ ဟုတ္လာနိုင္တယ္"
စကားလုံးမ်ားသည္ လွ်ို႔ဝွက္ ဆန္းၾကယ္မႈမ်ားႏွင့္ ျပည့္ႏွက္ေနပုံရၿပီး လူတိုင္း၏ နားထဲတြင္ နားမလည္ နိုင္ေလာက္ေအာင္ ခံစားခဲ့ရေသာ္လည္း ဤလူသည္ လိမ္လည္ေနပုံ မေပၚေၾကာင္း စိတ္ႏွလုံးထဲမွ ခံစားေနရသည္။
လူအုပ္ႀကီးသည္ အရာအားလုံးကို ေဆြးႏြေးစျပဳလာၿပီး ခဏအၾကာတြင္ လု႐ႊမ္၏ ဝိေသသလကၡဏာကို တစ္ေယာက္ၿပီး တစ္ေယာက္ ထုတ္ေဖာ္ျပသခဲ့ၿပီး သူလုပ္ေဆာင္ခဲ့သည့္ အရာမ်ားကိုပါ တူးေဖာ္လာၾကေတာ့သည္။
"လတ္စသတ္ေတာ့ ပါရမီရွင္တစ္ေယာက္ကိုး.... ေကာင္းကင္ရဲ႕ အျမင့္နဲ႕ ေျမႀကီးရဲ႕ အတိမ္အနက္ကို မသိတာ သနားစရာပဲ.... လက္ရွိ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ အဖြဲ႕က အရင္တုန္းကလို ျဖစ္ေနတုန္းပဲလို႔ ထင္ေနတာလား?"
"ဟမ့္.... ၿမိဳ႕ေထာင္ခ်ီမဟာမိတ္ရဲ႕ စံအိမ္သခင္ေတာင္ ကြယ္လြန္သြားၿပီ... အခုဒီေနရာက ဧကရာဇ္အင္ပါယာ လက္ေအာက္က ေသးငယ္တဲ့ ေနရာေလးပဲ... ေသမ်ိဳးအသြင္ေျပာင္းျခင္း၏ယ နယ္ပယ္ပဲရွိတဲ့ မ်ိဳးဆက္ေလးက ေမာက္ေမာက္မာမာနဲ႕ ထြက္လာဖို႔ သတၱိရွိေနတယ္ေပါ့ေလ"
"ဟီးဟီး ဒီလူ ဘယ္ေလာက္ေတာင္ ရွက္စရာေကာင္းတာေတြ လုပ္ေနလဲ ဆိုတာကို ေစာင့္ေမွ်ာ္ၾကည့္ရေအာင္"
"ရွက္စရာ ေကာင္းတာလား? ဟမ့္ ငါကေတာ့ သူရွက္လြန္းလို႔ အသက္ပါ ေပ်ာက္သြားမွာ ေၾကာက္ရတယ္"
လု႐ႊမ္သည္ လူတိုင္း၏ ေဆြးႏြေးမႈကို နားေထာင္ၿပီး ထိတ္လန႔္မႈမရွိဘဲ သူရွိေနသည့္ေနရာတြင္ ရပ္ေနခဲ့သည္။ လု႐ႊမ္မွာ ၿငိမ္သက္ေနေသာ္လည္း က်န္လူမ်ားမွာ မၿငိမ္သက္နိုင္ေပ။
ပတ္ဝန္းက်င္က လူေတြရဲ႕ စကားကို ပိုနားေထာင္ေလ စိုးရိမ္လာရေလပဲ။ အဲဒီလူေတြက သူတို႔ကို လက္တစ္ေခ်ာင္းတည္းနဲ႕ သတ္ပစ္နိုင္တယ္ေလ။
"ေကာင္ေလး မင္းက လု႐ႊမ္ ဟုတ္တယ္မလား? မင္းမွာ သတၱိရွိသားပဲ ဖုန္းရွန္ဧကရာဇ္ အင္ပါယာက မင္းသားငယ္ေလးကိုေတာင္ သတ္ဝံ့တယ္... နတ္ေဆးလုံးၿမိဳ႕က ခြင့္ျပဳခ်က္မရွိဘဲ တိုက္ခိုက္ခြင့္ မရွိဘူးဆိုတာ မင္းမသိဘူးလား? လာ ငါနဲ႕သာ လိုက္ခဲ့လိုက္ေတာ့"
ပထမဆုံး ထြက္လာသူမွာ အေစာင့္တပ္မႉး၏ ဝတ္စုံ ဝတ္ထားေသာ အမ်ိဳးသားတစ္ဦး ျဖစ္ၿပီး လု႐ႊမ္ရဲ႕ပခုံးကို လက္ႀကီးျဖင့္ ဆုပ္ကိုင္ထားလိုက္သည္။
လု႐ႊမ္ သူ႕ပခုံးကို ကိုင္ထားသူ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီး
"မင္းက ၿမိဳ႕ေထာင္ခ်ီ မဟာမိတ္ကလူ မဟုတ္ဘူးမလား?"
ထိုလူက က်ယ္ေလာင္စြာ ရယ္ေမာလိုက္ကာ ပါးစပ္ေထာင့္မ်ားကို အထင္အျမင္ ေသးစြာ ေကြးၫြတ္ျပလိုက္သည္။
"ငါက ပိုင္ဖုန္းဧကရာဇ္အင္ပါယာက လာတာ.. မင္းတို႔လို ဖားငယ္ေလးေတြက ဘယ္လိုလုပ္ သိမွာလဲ? ဒါက ငါတို႔ရဲ႕နယ္ေျမပဲ.... ေကာင္းၿပီး မင္းရဲ႕ က်င့္ႀကံမႈကို အရင္ ဖ်က္စီးလိုက္ရေအာင္"
လု႐ႊမ္ သူ႕ပခုံးကို လႈပ္လိုက္တာနဲ႕ ထိုလူရဲ႕လက္မွ လြတ္ထြက္သြားသည္။
"မင္းသတၱိ သိပ္ရွိေနရင္ အသတ္ခံရလိမ့္မယ္"
လု႐ႊမ္ လက္ဖဝါးမ်ား အလြန္ျမန္ဆန္စြာ လႈပ္ရွားလိုက္တဲ့အခါ ခ်က္ခ်င္းပင္ ထိုသူ႕လည္ပင္းေပၚ ေရာက္ရွိသြား၏။ အားအနည္းငယ္ သုံးကာ ႏွိပ္လိုက္သည္ႏွင့္ ထိုတပ္မႉး၏ လည္ပင္းမွာ က်ိဳးသြားေတာ့သည္။
က်ယ္ေလာင္ေသာ ေပါက္ကြဲသံတစ္ခု ထြက္ေပၚလာၿပီး အျခားအေစာင့္မ်ားသည္ လ်င္ျမန္စြာ လူစုခြဲလိုက္ၾကၿပီး ၎တို႔ေရွ႕က လူသတ္သမားကို ထိတ္လန႔္စြာ ၾကည့္ေနၾကသည္။ သူတို႔ေခါင္းေဆာင္သည္ ေတာက္က်င့္ႀကံမႈ လမ္းစဥ္ကို နားလည္ထားသူျဖစ္ၿပီး သာမန္ မဟုတ္ဘဲ ၎၏ ခႏၶာကိုယ္ႀကံ့ခိုင္မႈသည္ အျခားသူမ်ားထက္ မ်ားစြာသာလြန္၏။
တကယ့္တိုက္ပြဲ အတြင္းမွာေတာ့ သူေတာ္စင္တစ္ပိုင္းရဲ႕ ခြန္အားအျပည့္နဲ႕ ထိုးႏွက္ခ်က္ေတာင္ ခံနိုင္ခဲ့တာကို လူငယ္ေလး တစ္ေယာက္ဆီက အသတ္ခံလိုက္ရတယ္တဲ့ေလ။
ထိုအခိုက္တြင္ ျပင္းထန္ေသာ အရွိန္အဟုန္ တစ္ခု ေရာက္ရွိလာခဲ့သည္။ ၎မွာ ေကာင္းကင္မွ ျပဳတ္က်ၿပီး ေျမျပင္ကိုပင္ တသိမ့္သိမ့္ တုန္လႈပ္သြားေစေသာ သူေတာ္စင္တစ္ပိုင္းပဲ ျဖစ္သည္။
ထိုလူ၏ ပုံသဏၭာန္ကို ျမင္လိုက္ရေတာ့ အားလုံးက ပိုေၾကာက္လာၾကသည္။ ၎သည္ အရပ္ႏွစ္မီတာထက္မပိုေသာ ထြားက်ိဳင္းေသာအသြင္အျပင္ျဖင့္ သူ႕ေရွ႕တြင္ ရပ္လိုက္ေသာအခါ ေတာင္ကုန္းေပၚတြင္ ရပ္ေနသကဲ့သို႔ ျဖစ္ေနသည္။
သူထုတ္လႊတ္ေနတဲ့ အရွိန္အဝါက လူေတြကို ဒူးေထာက္ လက္ျမႇောက္ခ်င္စိတ္မ်ားပင္ ျဖစ္ေပၚလာေစ၏။
ဝုန္း!
က်ယ္ေလာင္ေသာ အသံတစ္ခ်က္နဲ႕ အတူ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္က လူေတြ တစ္ေယာက္ၿပီး တစ္ေယာက္ အလိုအေလ်ာက္ ဒူးေထာက္ ထိုင္လိုက္ဂကာ မတ္တပ္ရပ္ေနသူမ်ားပင္ ဒူးေတြတုန္ကာ ႐ုန္းကန္ေနရသည္။
လု႐ႊမ္ ခပ္ေအးေအးပဲ ေလွာင္ရယ္လိုက္သည္။ ဒီလူရဲ႕အားက အရမ္းႀကီးၿပီး ထူထဲေနတာပဲ။ စိတ္စြမ္းအားကို ေလ့က်င့္ ေမြးျမဴထားမယ္လို႔ သူ မေမွ်ာ္လင့္ထားဘူး။ သူ႕ကို ေပၚလာကတည္းက သူ႕အစြမ္းအစကို ျမင္လိုက္ၿပီးသား။
ဒါေပမဲ့ တစ္စုံတစ္ေယာက္က သူ႕ကို မဆင္မျခင္ ဆက္ဆံရင္ေတာ့ သည္းခံေနမွာ မဟုတ္ဘူးေလ။
သူ႕အတြက္ကေတာ့ ဒီဖိအားေလးေတြက သူ႕မ်က္ႏွာကို မႈတ္ထုတ္တဲ့ ေလေျပေလလိုပဲ။ သို႔ေသာ္ ထ်န္ကြၽင့္နမ္နဲ႕ တျခားသူေတြက သည္းမခံနိုင္ေတာ့ေပ။ အထူးသျဖင့္ ေလ်ာက္ခ်င္း၊ ဟန္႐ႊယ္နဲ႕ တျခားသူေတြက ပိုလို႔ေတာင္ ရွက္စရာေကာင္းေနၾကသည္။
လု႐ႊမ္၏ လက္လွိုင္းလုံးႏွင့္အတူ ဝိညာဥ္စြမ္းအားလွိုင္းမ်ား ျပန႔္က်ဲသြားၿပီး သူေတာ္စင္တစ္ပိုင္း၏ ဖိအားကို တြန္းလွန္လိုက္ရာ ထ်န္ကြၽင့္နမ္ႏွင့္ အျခားသူမ်ား သက္ျပင္းခ်ကာ စိတ့သက္သာရာ ရသြားၾကသည္။
မဟုတ္ပါက ေနာက္ပိုင္းတြင္ ထိန္းထားနိုင္မည္ မဟုတ္ေပ။
သူေတာ္စင္တစ္ပိုင္းက ေဟးခနဲ အသံထြက္လာၿပီး ေသသြားတဲ့ တပ္မႉးကို ၾကည့္လိုက္ၿပီးေနာက္ လု႐ႊမ္ကို မ်က္လုံးေတြ ျပဴးၾကည့္လိုက္၏။
"မင္း ငါ့တပ္မႉးကို သတ္လိုက္တာလား?"
"ဒါက လက္ေထာက္ၿမိဳ႕သခင္ ေက်ာင္းက်န့္ပဲ"
တစ္စုံတစ္ေယာက္က လွမ္းေအာ္လာသည္။
"ၿမိဳ႕သခင္... အဲဒါသူပဲ!! လု႐ႊမ္!"
ေက်ာင္းက်န့္က ျပင္းျပင္းထန္ထန္ ဟစ္ေအာ္လိုက္ၿပီး သူ႕အသံက မိုးၿခိမ္းသံလို ဟိန္းထြက္လာ၏။
"မင္းက ငါ့တပ္မႉးကို သတ္လိုက္တာ ငါ့ကို အေလးအနက္ မထားဘူးလို႔ ဆိုလိုတာေပါ့!! ေကာင္ေလး မင္းဆရာက ဘယ္သူလဲ?? သူ႕နာမည္ကို ထုတ္ေျပာလိုက္စမ္း... ငါ့အသိလား ၾကည့္ၾကည့္ရေအာင္ မဟုတ္ရင္ေတာ့ မင္းမွတ္သြားတဲ့အထိ ရိုက္ပစ္မယ္!"
လု႐ႊမ္ကို ပထမဆုံးအႀကိမ္ ေတြ႕ၿပီးေနာက္ ေက်ာင္းက်န့္၏ ႏွလုံးသားသည္ မလႈပ္ရွားနိုင္ေတာ့ဘဲ ဤလူငယ္ေလးသည္ အံ့ၾသစရာ ေကာင္းေလာက္ေအာင္ ရီေဝေဝဝါးေနသည့္ ခံစားခ်က္ကိုပင္ ေပးစြမ္းနိုင္ခဲ့သည္။
သူသည္ သူေတာ္စင္တစ္ပိုင္း၏ က်င့္ႀကံမႈအေျခခံသို႔ မေရာက္ေသးသလို ထင္ရေသာ္လည္း သူ၏ ေရာင္ဝါသည္ အမွန္တကယ္ပင္ အႏၱရာယ္ကို ခံစားရေစသည္။
"ငါ့ဆရာက ဘယ္သူလဲ? ဟားဟား မင္းေမးဖို႔ မထိုက္တန္ဘူး"
လု႐ႊမ္က ေပါ့ေပါ့ေလးပဲ ေျပာလိုက္သည္။
သူ႕ဆရာ? ဤဘဝ၌ျဖစ္ေစ၊ ယခင္ဘဝ၌ပင္ ျဖစ္ေစ သူ႕တြင္ ဆရာမရွိ၍ ေတာက္ေလွ်ာက္ မိမိဘာသာ ႀကိဳးစားအားထုတ္ခဲ့တာ ျဖစ္သည္။
ေက်ာင္းက်န့္က ႏြားမ်က္လုံးေတြလို စိုက္ၾကည့္ရင္း
"ေကာင္ေလး... မင္းက ဒီေလာက္ အရည္အခ်င္း ရွိလို႔လား? ငါေမးဖို႔ေတာင္ မထိုက္တန္ဘူးေပါ့... သူက သူေတာ္စင္လား? ဒါမွမဟုတ္ သူေတာ္စင္ႀကီးလား?"
လု႐ႊမ္က စကားမေျပာဘဲ ေက်ာင္းက်န့္ကို ဂုဏ္ယူဝံ့ႂကြားစြာ ၾကည့္ေနသည္။
ေက်ာင္းက်န့္ အံ့ဩသြားၿပီး သူ႕စိတ္ထဲ သံသယဝင္လာမိသည္။ အျခားသူမ်ားက သူ႕ကို မဆင္မျခင္လူဟု ေခၚၾကေသာ္လည္း သူသည္ မဆင္မျခင္ သန္မာပါက အားႀကီးသူႏွင့္ ေတြ႕ေသာအခါ မည္သို႔မည္ပုံ ေသဆုံးရမည္ကိုပင္ မသိလိုက္နိုင္ေၾကာင္း သူကိုယ္တိုင္သာ ေကာင္းစြာ သိေလသည္။
လု႐ႊမ္၏ လွ်ို႔ဝွက္ဆန္းၾကယ္ၿပီး ထူးကဲေသာ ေနာက္ခံကို သတိျပဳမိလိုက္ရာ ေက်ာင္းက်န့္သည္ ခ်က္ခ်င္းပင္ သူ႕စိတ္ထဲ တြင္တြင္က်ယ္က်ယ္ ဝင္မစြက္ဖက္ခ်င္ေတာ့ေပ။
မည္သို႔ပင္ ျဖစ္ေစကာမူ ၎သည္ ေသဆုံးသြားသူ မဟုတ္ေပ။ အကယ္၍ သူ႕ဖက္က လူတစ္ေယာက္ ေသဆုံးသြားပါက ကလဲ့စားေခ်ရန္ လာမည့္သူမ်ား ရွိေပလိမ့္မည္။