Chapter (85) Arc 4
နတ်ဆေးလုံးမြို့
မပြည့်စုံတဲ့ နိယာမစွမ်းအင်တွေရှိတဲ့ တိမ်ပင်လယ် နယ်မြေထဲမှာ သူ့မှာ အာကာသ မှော်လက်နက်တစ်ခု ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ? သူ ဒုတိယဘဝမှာ အမှန်တကယ် နေထိုင်နိုင်မယ်လို့ရော ဘယ်သူက ထင်မှာလဲ?
သူ့အတွက်ကတော့ သူတို့နဲ့ ကစားရတာ ကြက်ကလေးတွေနဲ့ ကစားနေရတာနဲ့ အတူတူပဲ။ လုရွှမ် သုံးခါလောက် ရယ်ပစ်လိုက်ချင်နေ၏။ မဟုတ်ရင် သူ့စိတ်ထဲက လန်းဆန်းမှုကို ဖော်ပြဖို့ မလုံလောက်ဘူးလေ။
အကြီးအကဲ၆က ခန်းမထဲတွင် စောင့်ဆိုင်းနေခဲ့သည်။ သူသည် သူတော်စင်တစ်ပိုင်း အဆင့်တွင် ရှိနေရဆဲဖြစ်သည်။ လုရွှမ်ရဲ့ ခွန်အားများ တစ်ဖန်ပြန်လည် တိုးတက်ကောင်းမွန်လာသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းချကာ ချီးမွမ်းလိုက်သည်။
ထို့နောက် ထျန်မိသားစုမှ တပည့်များ အားလုံးကို ပြစ်တင် ရှုတ်ချလိုက်သည်။ ထျန်မိသားစု၏ တပည့်များ အားလုံး ယခုအချိန်၌ ၎င်းတို့သည် ယခင်က မောက်မာမှု မရှိတော့ပေ။
တတိယအကြီးအကဲ ကွယ်လွန်သွားပြီးနောက် အကြီးအကဲ၆ သည် ၎င်း၏ယခင် လွယ်ကူသော သဘောထားကို ပြောင်းလဲကာ သူတို့တို့အပေါ် အလွန်တင်းကြပ်စွာ ဆက်ဆံလာခဲ့သည်။ ၎င်းတို့သည်လည်း ငတုံးများ မဟုတ်တာကြောင့် မိမိတို့ အကျိုးအတွက် ဖြစ်ကြောင်း သိကြ၏။
အကြီးအကဲ၆က လုရွှမ်ရှေ့မှာ ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ် ပြောပြပြီး လုရွှမ်ကို စိတ်ခံစားချက် အပြည့်နဲ့ ချီးကျူးလေသည်။
"မြင်းကို ဆုံးရှုံးလိုက်ရရင် ဒါက ကံကောင်းမှုတစ်ခု မဟုတ်ဘူးဆိုတာ မင်းသိပါတယ်.... ငါအရင်က နည်းနည်း နောင်တရခဲ့တယ် ဒါပေမဲ့ အခုတော့ အဲဒါကို တွေးကြည့်လိုက်တော့ ကံကောင်းခြင်း တစ်မျိုးပါပဲ"
လုရွှမ်က ကြောက်ရွံ့သော အကြည့်ဖြင့် ပြောလိုက်သည်။
"ကျွန်တော် ပြီးရင် ဒီလောက် အစွမ်းထက်တဲ့ အဂ္ဂိရတ်ဆရာတစ်ယောက် ရှိနေမယ်လို့ မထင်ထားဘူး... အကြီးအကဲ၆ ခင်ဗျား ချဲ့ကားပြီးတော့များ ပြောနေတာလား? သူက တကယ်ပဲ နတ်ဆေးလုံးကို သန့်စင်နိုင်ခဲ့တာလား?"
လုရွှမ်၏ ပါးစပ်ထောင့်စွန်းတွင် သာမာန်လူ ရှိသင့်သည့် ပုံစံအတိုင်း ထိုအမည်မသိ လူငယ်အား မနှစ်သက်သည့် အကြည့်မျိုး ရှိနေသည်။
"ဒီရက်ပိုင်းမှာ ငါစဉ်းစားကြည့်ပြီးပြီ.... အဲဒီအချိန်တုန်းက အဲဒီမျိုးဆက်သစ်လေးကလည်း သူနတ်ဆေးလုံးကို သန့်စင်နိုင်မယ်လို့ မမျှော်လင့်ထားဘူးတဲ့ ပုံပဲ.... တောက်နိယာမစွမ်းအင်က မြို့ထောင်ချီမဟာမိတ်မှာ ပေါ်ထွက်လာခဲ့လို့ ဖြစ်လိမ့်မယ်....တောက်ကျင့်စဥ် နိယာမစွမ်းအင် ပေါ်ထွက်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်သွားလို့ နတ်ဆေးလုံး သန့်စင်မှုက အောင်မြင်သွားတာ ဖြစ်နိုင်တယ်"
"ဒါပေမဲ့ နတ်ဆေးလုံး ဒီလောကမှာ မပေါ်လာသေးဘဲ ကောင်းကင်နဲ့မြေကြီးရဲ့ အတိဒုက္ခ မိုးကြိုးပစ်ခံရတဲ့ နတ်ဆေးလုံးက ပျောက်သွားပြီး လက်ရှိ နတ်ဆေးလုံးရေကန်ကိုပဲ ဖန်တီးနိုင်လိုက်တာတော့ နှမြောစရာပဲ.... ပြီးတော့ အဲဒီလူငယ်ရဲ့ အရည်အချင်းက ကြောက်စရာ ကောင်းလွန်းတယ် နောက်ဆုံးမှာတော့ သူ့ကိုယ်သူကြောင့်ပဲ အသက်ဆုံးရှုံးသွားတာပဲ...."
လုရွှမ်လည်း အထပ်ထပ် အခါခါ ခေါင်းညိတ်ပြပြီး လေးလေးနက်နက် သဘောတူလိုက်သည်။ ထို့နောက် အခြားသူများကလည်း လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက် လုပ်ဆောင်ကြသည်။
သူ့သားအကြောင်း ခဏလောက် ပြောပြီးတဲ့ နောက် အကြီးအကဲ၆လည်း ထွက်သွားလေ၏။ တတိယ အကြီးအကဲ သေဆုံးသွားရခြင်းသည် သူ့အတွက် ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။
အချိန်သည် နှစ်လသာ ရှိသေးသော်လည်း သူသည် အသက်နှစ်ဆယ်ကျော် အိုသွားပုံရသည်။
"ငါနတ်ဆေးလုံးရေကန်ကို သွားချင်တယ် ဘယ်သူ စိတ်ဝင်စားလဲ?"
အကြီးအကဲ၆ ထွက်သွားတာကို မြင်တော့ လုရွှမ်လည်း စကားပြန်စလိုက်သည်။ ထိုအခါ လူတိုင်းက သဘောတူကြပြီး ထျန်မိသားစု လူငယ်များရဲ့ မျှော်လင့်ချက် မျက်လုံးတွေကိုတောင် မြင်နေရလေသည်။
မိန်းကလေးများသည် ဤနေရာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရလို့ ငြီးငွေ့လာခဲ့ကြပြီး ဖြစ်ရာ ခွန်အားကြီးသော လူတစ်စုသည် နတ်ဆေးလုံးရေကန်သို့ အတူတကွ ထွက်ခွာလာခဲ့ကြသည်။
လုရွှမ်သည် လူတိုင်းကို တစ်ချက် အကဲခတ်၍ လွန်ခဲ့သည့် နှစ်လတွင် လူတိုင်း အချိန်မဖြုန်းခဲ့တာကို ခန့်မှန်းမိ၏။ ထျန်ကျွင့်နမ်မှာ သူ့ကိုယ်သူ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ အဆင့် ၉ အထိ လေ့ကျင့်နိုင်ခဲ့ကာ ပြီးပြည့်စုံသော ကာလပင် ရောက်တော့မည် ဖြစ်သည်။
သူတော်စင်လမ်းစဥ် တောက် နိယာမစွမ်းအင်ရဲ့ ခြေရာတွေဟာ သူ့မျက်လုံးတွေထဲ စီးဆင်းနေပြီး ဂုဏ်သိက္ခာရှိတဲ့ ပုံသဏ္ဌာန်နဲ့ တောက်နိယာမကို တဖြည်းဖြည်းနဲ့ အပေါ်ယံ နားလည်မှုတွေပင် ရနေပြီ။ အချိန်ကြာလာတာနဲ့အမျှ အနာဂတ်ကျင့်စဉ် လမ်းကြောင်းကို ရှာတွေ့ဖို့ဆိုတာ မခက်ခဲတော့ပေ။
မော့ကောင်းရွှမ်းမှာ အသက်ကြီးပေမယ့် သူသည် သေမျိုးအသွင်ပြောင်းခြင်ူယး နယ်ပယ်တွင် ရှိနေဆဲ ဖြစ်သည်။ သို့သော် သူသည် အလုပ်ကြိုးစားပြီး သစ္စာရှိသဖြင့် လုရွှမ် ၎င်းကို သူ့နှလုံးသားထဲတွင် မှတ်ထားပါပြီ။
သူ၏ အသိပညာနှင့် အတွေ့အကြုံအရ လူတစ်ဦးအတွက် သူတော်စင်တစ်ပိုင်း ဖြစ်လာရန်မှာ လွယ်ကူနေသေးသည်။
မုယန်ဖုန်းကတော့ ပါရမီရှင် တစ်ဦးဖြစ်ခဲ့သည့် နာမည်နှင့် ထိုက်တန်ပါသည်။ သူပေးသော ဆေးလုံးများဖြင့် ခွန်အားသည် တစ်ဖန် တိုးလာကာ အဆင့်များစွာကို ဖြတ်ကျော်သွားလို ယခု သူ့တွင် အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံမှု အခြေခံကိုပင် ရရှိနေပြီ ဖြစ်သည်။
သို့သော် ဝင်ရောက်မှုမှာ အနည်းငယ်မြန်ပြီး အခြေခံအုတ်မြစ်ကို ကောင်းစွာ မတည်ဆောက်နိုင်ခဲ့ပေ။ လုရွှမ်သည်လည်း ၎င်းကို စွဲစွဲမြဲမြဲ မှတ်ထားပြီး နောက်ပိုင်းတွင် သူ၏ ကျင့်ကြံမှုကို အားကောင်းစေရန်အတွက် တချို့သော ဆေးလုံးများကို သန့်စင်ပေးရလေသည်။
ဟန်ရောင် နှင့် လျောင်ချင်းတို့သည် အတော်ပင် ညံ့ဖျင်းကြပြီး ၎င်းတို့တွင် တည်ငြိမ်စွာ တိုးတက်လာသည်ဟု ယူဆနိုင်သည့် အဆင့်၅သာ ရှိသည်။
မိန်းကလေးများစွာ၏ ခွန်အားသည်လည်း အဆင့်တစ်ဆင့် တိုးလာကာ ချန်စစ်ယန်သည် ကျင့်ကြံမှုတွင် အလျင်မြန်ဆုံး ဖြစ်ပြီး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ကျင့်ကြံမှုအခြေခံလည်း ရှိနေပြီ။
ဒုတိယအနေနဲ့ မော့ချုံဟာ အဆင့်၆ကို ရောက်နေပါပြီ။ လော့ရုံ၊ လင်ရှောင်းရှောင်းနဲ့ ဟန်ရွှယ် တို့ဟာ အဆင့်၅ကို ရောက်နေကြပြီး လင်ရှောင်းရှောင်းရဲ့ စိတ်ဝိညာဉ် စွမ်းအားက သိသိသာသာ တိုးတက်လာလို့ သူမမှာ ၁၀ကို ရောက်နေပြီ။
ဒီစံနှုန်းက နည်းနည်း နှေးနေသေး၏။
"မင်းတို့ရဲ့အရှိန်က အရမ်းနှေးနေတယ်.... နောက်မှ မင်းတို့အတွက် ဆေးတချို့ ပြင်ပေးရမလား"
လုရွှမ်က ပြောလိုက်သည်။
ကောင်မလေးများနှင့် လျောက်ချင်းရဲ့ မျက်နှာမှာ အနည်းငယ် နီရဲသွားသည်။ လုရွှမ်၏ အကန့်အသတ်မရှိ ဆေးလုံးများ ပံ့ပိုးပေးမှုကြောင့် ၎င်းတို့၏ ကျင့်ကြံမှုမှာ တဖြည်းဖြည်း တိုးတက်လာခဲ့ရသည်။
မိန်းကလေးများက ပိုပို၍ စိုးရိမ်လာကြသည်။
အစမှအဆုံးထိ လုရွှမ်က သူတို့ကို ဘယ်တော့မှ မလိုက်ခဲ့ဘူးဆိုတာ ကောင်းကောင်း သိပါ၏။ ဒါသူမတို့ရဲ့ စိတ်ကူးယဉ် ဆန်မှုတွေပါပဲ။ ဒါပေမဲ့ အနာဂတ်မှာ ကွာဟချက်က ပိုကြီးလာမယ်ဆိုရင် သူမတို့ကိုယ်တိုင် ဆက်တွဲသွားဖို့ ရှက်လွန်းလို့ ပုန်းနေရလိမ့်မည်။
ဟန်ရောင်က တိုးတိုးလေး သက်ပြင်းချလိုက်သည်။ ဟန်ရွှယ် နဲ့ တခြားသူတွေ တွေးနေတာကို သူသိတာပေါ့။ သခင်လေး သေချာပေါက် သူရဲကောင်းဘွဲ့ အပ်နှင်းထိုက်တဲ့ လူကောင်းတစ်ယောက် ဖြစ်ပေမယ့် သူမတို့နဲ့ မထိုက်တန်ပါဘူး။
ယခု ကွာဟချက်သည် သေးငယ်နေသေးသော်လည်း အနာဂတ်တွင် ကွာဟချက်သည် ပို၍ပို၍ ကြီးမားလာကာ စိတ်ပျက် အားငယ်သွားနိုင်ပြီး အနာဂတ်တွင် မျှော်လင့်ချက်များ ရှိလာမည် မဟုတ်ပေ။
အကြိမ်ပေါင်းများစွာ တွေးတောပြီး တစ်စုံတစ်ခုကို ပြောချင်ပေမယ့် နောက်ဆုံးမှာတော့ ဒီအစီအစဉ်ကို စွန့်လွှတ်မလား ဆိုတာက သူမတို့ရဲ့ စိတ်ဆန္ဒအပေါ်မှာ မူတည်နေလေ၏။
လူများသောကြောင့် သူတို့သည် ဝိညာဥ်သားရဲတစ်ကောင်ကို ငှားကာ တစ်လခွဲကြာ ပျံသန်းခဲ့ကြပြီး နောက်ဆုံးတွင် နတ်ဆေးလုံးရေကန်သို့ ရောက်လာခဲ့သည်။
ဤနေရာသည် တောကန္တာရကြီးလို ဖြစ်နေဆဲ ဖြစ်သော်လည်း နတ်ဆေးလုံးရေကန်ကို ဝန်းရံရန်အတွက် မြို့တစ်မြို့ကို တည်ဆောက်ထားပြီးပြီ ဖြစ်သည်။ ထျန်ကျွင့်နမ်သည် လုရွှမ် ဒီနေရာရဲ့ အခြေအနေကို နားမလည်ကြောင်းသိ၍ ဝိညာဉ်သားရဲပေါ်တွင် ရှင်းပြခဲ့သည်။
"အစ်ကိုကြီး... အခု ဒီနေရာက သူတော်စင်ဌာန ဖြစ်နေပြီ... ဒါပေမဲ့ တောက်ကျင့်စဥ် နိယာမစွမ်းအင်ကို နားလည်ဖို့ နတ်ဆေးလုံးရေကန် ဘက်ကို သွားချင်ရင်တော့ နတ်ဆေးလုံးမြို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်"
ထျန်ကျွင့်နမ်သည် ယခင်က ဤနေရာတွင်ရှိခဲ့ပြီး လမ်းကို ရင်းနှီးသူ ဖြစ်သည်။ သူသည် လူစုကို မြို့တံခါးဆီသို့ ပို့ဆောင်ရင်း တံဆိပ်ပြား သင်္ကေတကို ဝှေ့ယမ်းပြကာ မြို့တံခါးသို့ ဝင်တော့မှာ ဖြစ်သည်။
"အခု နတ်ဆေးလုံးမြို့ရဲ့ အထက် ကောင်းကင်ယံကို တားမြစ်ထားတဲ့ အခင်းအကျင်း ပုံစံတွေ အများကြီးရှိတယ်.... ဒါကြောင့် မြို့တံခါးကနေပဲ ဝင်လို့ရတယ် ဝင်ချင်ရင် ဖြတ်သန်းခွင့်တံဆိပ်ပြား ဝယ်ရမယ်... တံဆိပ်ပြားက ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ ဆယ်ရက်ပဲ နေနိုင်တယ်။ အချိန်ကုန်သွားရင် ပြန်ဝယ်ရမှာပေါ့"
"ဒါပေမဲ့ ကျွန်တော်တို့ ထျန်မိသားစုက နတ်ဆေးလုံးမြို့ကို တည်ထောင်တုန်းက ပါဝင်ခဲ့တာ ဆိုတော့ သူတို့က ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် သွားလာနိုင်အောင် ဒီမြို့တည်ဆောက်ရေး သင်္ကေတကို ပေးခဲ့တာ"
ထျန်ကျွင့်နမ်က သူ့အသံကို ကျေနပ်အားရစွာဖြင့် အော်လိုက်သည်။ မြို့တံခါးစောင့်သူက အဆင့်၉ ကျင့်ကြံသူဖြစ်ကာ လုရွှမ်နှင့် သူ့အဖွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး တံဆိပ်ပြားကို ထျန်ကျွင့်နမ်ထံ ပြန်ပေးလိုက်သော်လည်း တားဆီးထားသော အခင်းအကျင်းကို မဖွင့်ပေးခဲ့ပေ။
"မင်းတို့လူတွေက အများကြီးပဲ ပြီးတော့ သူတို့ရဲ့ ခွန်အားက အားနည်းလွန်းတယ်.... အခု နတ်ဆေးလုံးမြို့ရဲ့ အကြီးအကဲတွေက စည်းကမ်း အသစ် ထုတ်ထားတယ်.... မြို့တည်ဆောက်ရေး သင်္ကေတတစ်ခုက အများဆုံး သုံးယောက်ပဲ ဝင်ခိုင်းပြီး ကန့်သတ်ချက်လည်း ရှိတယ်... ဆယ်ရက် အချိန်အတွက် အခကြေးငွေလည်း ရှိတယ်... အချိန်ပြည့်သွားရင်တော့ ပြန်ထွက်ရမယ်"
ထျန်ကျွင့်နမ် အံ့အားသင့်သွားပြီး
"ဒီစည်းကမ်းက ဘယ်တုန်းက ထုတ်လိုက်တာလဲ? ငါက ဘာလို့ မသိရတာလဲ?"
မခံနိုင်တော့ဘဲ အော်မေးလိုက်သည်။ သူ့မျက်နှာက နီမြန်းပြီး ဒေါသမထွက်ဘဲ မနေနိုင်အောင်ပဲ။ နောက်ဆုံးတော့ သူဌေးရှေ့မှာ အစွမ်းထက်တဲ့ လူလို့ ဟန်ဆောင်ခဲ့ပေမယ့် လူမြင်ကွင်းမှာ ပါးရိုက်ခံခဲ့ရတယ်။ အနာဂတ်မှာ ဘယ်လိုမျက်နှာမျိုးနဲ့ ရင်ဆိုင်ရတော့မလဲ။
"ဘယ်တုန်းကလဲ ဟုတ်လား? ဒီနေ့ပဲကွ!!"
မာနကြီးသော အသံတစ်ခု ထွက်ပေါ်လာပြီး လူငယ်တစ်ဦးသည် နူးညံ့သိမ်မွေ့သော အလှလေး သုံးယောက်နှင့်အတူ လမ်းလျှောက်လာရင်း ထျန်ကျွင့်နမ်ကို အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ဟန်ရွှယ် နှင့် အလှလေးများကို တွေ့သောအခါ သူ့ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကာ အနီးဆုံး ဟန်ရွှယ်၏ ပါးပြင်ကို လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်သည်။
"မိန်းကလေးက တော်ဝင်အင်ပါယာက လာတာလား? အရမ်းလှတာပဲ.. ကိုကိုလို့ ခေါ်ပါဦး နားထောင်ကြည့်ရအောင်!"
Chapter (85) Arc 4
နတ္ေဆးလုံးၿမိဳ႕
မျပည့္စုံတဲ့ နိယာမစြမ္းအင္ေတြရွိတဲ့ တိမ္ပင္လယ္ နယ္ေျမထဲမွာ သူ႕မွာ အာကာသ ေမွာ္လက္နက္တစ္ခု ရွိမယ္လို႔ ဘယ္သူက ထင္မွာလဲ? သူ ဒုတိယဘဝမွာ အမွန္တကယ္ ေနထိုင္နိုင္မယ္လို႔ေရာ ဘယ္သူက ထင္မွာလဲ?
သူ႕အတြက္ကေတာ့ သူတို႔နဲ႕ ကစားရတာ ၾကက္ကေလးေတြနဲ႕ ကစားေနရတာနဲ႕ အတူတူပဲ။ လု႐ႊမ္ သုံးခါေလာက္ ရယ္ပစ္လိုက္ခ်င္ေန၏။ မဟုတ္ရင္ သူ႕စိတ္ထဲက လန္းဆန္းမႈကို ေဖာ္ျပဖို႔ မလုံေလာက္ဘူးေလ။
အႀကီးအကဲ၆က ခန္းမထဲတြင္ ေစာင့္ဆိုင္းေနခဲ့သည္။ သူသည္ သူေတာ္စင္တစ္ပိုင္း အဆင့္တြင္ ရွိေနရဆဲျဖစ္သည္။ လု႐ႊမ္ရဲ႕ ခြန္အားမ်ား တစ္ဖန္ျပန္လည္ တိုးတက္ေကာင္းမြန္လာသည္ကို ျမင္လိုက္ရသျဖင့္ သက္ျပင္းခ်ကာ ခ်ီးမြမ္းလိုက္သည္။
ထို႔ေနာက္ ထ်န္မိသားစုမွ တပည့္မ်ား အားလုံးကို ျပစ္တင္ ရႈတ္ခ်လိဳက္သည္။ ထ်န္မိသားစု၏ တပည့္မ်ား အားလုံး ယခုအခ်ိန္၌ ၎တို႔သည္ ယခင္က ေမာက္မာမႈ မရွိေတာ့ေပ။
တတိယအႀကီးအကဲ ကြယ္လြန္သြားၿပီးေနာက္ အႀကီးအကဲ၆ သည္ ၎၏ယခင္ လြယ္ကူေသာ သေဘာထားကို ေျပာင္းလဲကာ သူတို႔တို႔အေပၚ အလြန္တင္းၾကပ္စြာ ဆက္ဆံလာခဲ့သည္။ ၎တို႔သည္လည္း ငတုံးမ်ား မဟုတ္တာေၾကာင့္ မိမိတို႔ အက်ိဳးအတြက္ ျဖစ္ေၾကာင္း သိၾက၏။
အႀကီးအကဲ၆က လု႐ႊမ္ေရွ႕မွာ ျဖစ္ပ်က္ခဲ့တာေတြကို အေသးစိတ္ ေျပာျပၿပီး လု႐ႊမ္ကို စိတ္ခံစားခ်က္ အျပည့္နဲ႕ ခ်ီးက်ဴးေလသည္။
"ျမင္းကို ဆုံးရႈံးလိုက္ရရင္ ဒါက ကံေကာင္းမႈတစ္ခု မဟုတ္ဘူးဆိုတာ မင္းသိပါတယ္.... ငါအရင္က နည္းနည္း ေနာင္တရခဲ့တယ္ ဒါေပမဲ့ အခုေတာ့ အဲဒါကို ေတြးၾကည့္လိုက္ေတာ့ ကံေကာင္းျခင္း တစ္မ်ိဳးပါပဲ"
လု႐ႊမ္က ေၾကာက္႐ြံ႕ေသာ အၾကည့္ျဖင့္ ေျပာလိုက္သည္။
"ကြၽန္ေတာ္ ၿပီးရင္ ဒီေလာက္ အစြမ္းထက္တဲ့ အဂၢိရတ္ဆရာတစ္ေယာက္ ရွိေနမယ္လို႔ မထင္ထားဘူး... အႀကီးအကဲ၆ ခင္ဗ်ား ခ်ဲ့ကားၿပီးေတာ့မ်ား ေျပာေနတာလား? သူက တကယ္ပဲ နတ္ေဆးလုံးကို သန့္စင္နိုင္ခဲ့တာလား?"
လု႐ႊမ္၏ ပါးစပ္ေထာင့္စြန္းတြင္ သာမာန္လူ ရွိသင့္သည့္ ပုံစံအတိုင္း ထိုအမည္မသိ လူငယ္အား မႏွစ္သက္သည့္ အၾကည့္မ်ိဳး ရွိေနသည္။
"ဒီရက္ပိုင္းမွာ ငါစဥ္းစားၾကည့္ၿပီးၿပီ.... အဲဒီအခ်ိန္တုန္းက အဲဒီမ်ိဳးဆက္သစ္ေလးကလည္း သူနတ္ေဆးလုံးကို သန့္စင္နိုင္မယ္လို႔ မေမွ်ာ္လင့္ထားဘူးတဲ့ ပုံပဲ.... ေတာက္နိယာမစြမ္းအင္က ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာ ေပၚထြက္လာခဲ့လို႔ ျဖစ္လိမ့္မယ္....ေတာက္က်င့္စဥ္ နိယာမစြမ္းအင္ ေပၚထြက္လာတဲ့ အခ်ိန္နဲ႕ တိုက္ဆိုင္သြားလို႔ နတ္ေဆးလုံး သန့္စင္မႈက ေအာင္ျမင္သြားတာ ျဖစ္နိုင္တယ္"
"ဒါေပမဲ့ နတ္ေဆးလုံး ဒီေလာကမွာ မေပၚလာေသးဘဲ ေကာင္းကင္နဲ႕ေျမႀကီးရဲ႕ အတိဒုကၡ မိုးႀကိဳးပစ္ခံရတဲ့ နတ္ေဆးလုံးက ေပ်ာက္သြားၿပီး လက္ရွိ နတ္ေဆးလုံးေရကန္ကိုပဲ ဖန္တီးနိုင္လိုက္တာေတာ့ ႏွေျမာစရာပဲ.... ၿပီးေတာ့ အဲဒီလူငယ္ရဲ႕ အရည္အခ်င္းက ေၾကာက္စရာ ေကာင္းလြန္းတယ္ ေနာက္ဆုံးမွာေတာ့ သူ႕ကိုယ္သူေၾကာင့္ပဲ အသက္ဆုံးရႈံးသြားတာပဲ...."
လု႐ႊမ္လည္း အထပ္ထပ္ အခါခါ ေခါင္းညိတ္ျပၿပီး ေလးေလးနက္နက္ သေဘာတူလိုက္သည္။ ထို႔ေနာက္ အျခားသူမ်ားကလည္း လုပ္သင့္လုပ္ထိုက္သည္မ်ားကို ဆက္လက္ လုပ္ေဆာင္ၾကသည္။
သူ႕သားအေၾကာင္း ခဏေလာက္ ေျပာၿပီးတဲ့ ေနာက္ အႀကီးအကဲ၆လည္း ထြက္သြားေလ၏။ တတိယ အႀကီးအကဲ ေသဆုံးသြားရျခင္းသည္ သူ႕အတြက္ ႀကီးစြာေသာ ထိုးႏွက္ခ်က္တစ္ခု ျဖစ္ခဲ့သည္။
အခ်ိန္သည္ ႏွစ္လသာ ရွိေသးေသာ္လည္း သူသည္ အသက္ႏွစ္ဆယ္ေက်ာ္ အိုသြားပုံရသည္။
"ငါနတ္ေဆးလုံးေရကန္ကို သြားခ်င္တယ္ ဘယ္သူ စိတ္ဝင္စားလဲ?"
အႀကီးအကဲ၆ ထြက္သြားတာကို ျမင္ေတာ့ လု႐ႊမ္လည္း စကားျပန္စလိုက္သည္။ ထိုအခါ လူတိုင္းက သေဘာတူၾကၿပီး ထ်န္မိသားစု လူငယ္မ်ားရဲ႕ ေမွ်ာ္လင့္ခ်က္ မ်က္လုံးေတြကိုေတာင္ ျမင္ေနရေလသည္။
မိန္းကေလးမ်ားသည္ ဤေနရာတြင္ အခ်ိန္အေတာ္ၾကာ ေနထိုင္ခဲ့ရလို႔ ၿငီးေငြ႕လာခဲ့ၾကၿပီး ျဖစ္ရာ ခြန္အားႀကီးေသာ လူတစ္စုသည္ နတ္ေဆးလုံးေရကန္သို႔ အတူတကြ ထြက္ခြာလာခဲ့ၾကသည္။
လု႐ႊမ္သည္ လူတိုင္းကို တစ္ခ်က္ အကဲခတ္၍ လြန္ခဲ့သည့္ ႏွစ္လတြင္ လူတိုင္း အခ်ိန္မျဖဳန္းခဲ့တာကို ခန့္မွန္းမိ၏။ ထ်န္ကြၽင့္နမ္မွာ သူ႕ကိုယ္သူ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္၏ အဆင့္ ၉ အထိ ေလ့က်င့္နိုင္ခဲ့ကာ ၿပီးျပည့္စုံေသာ ကာလပင္ ေရာက္ေတာ့မည္ ျဖစ္သည္။
သူေတာ္စင္လမ္းစဥ္ ေတာက္ နိယာမစြမ္းအင္ရဲ႕ ေျခရာေတြဟာ သူ႕မ်က္လုံးေတြထဲ စီးဆင္းေနၿပီး ဂုဏ္သိကၡာရွိတဲ့ ပုံသဏၭာန္နဲ႕ ေတာက္နိယာမကို တျဖည္းျဖည္းနဲ႕ အေပၚယံ နားလည္မႈေတြပင္ ရေနၿပီ။ အခ်ိန္ၾကာလာတာနဲ႕အမွ် အနာဂတ္က်င့္စဥ္ လမ္းေၾကာင္းကို ရွာေတြ႕ဖို႔ဆိုတာ မခက္ခဲေတာ့ေပ။
ေမာ့ေကာင္း႐ႊမ္းမွာ အသက္ႀကီးေပမယ့္ သူသည္ သေမျိုးအသွင်ပြောင်းခြင်ူယး နယ္ပယ္တြင္ ရွိေနဆဲ ျဖစ္သည္။ သို႔ေသာ္ သူသည္ အလုပ္ႀကိဳးစားၿပီး သစၥာရွိသျဖင့္ လု႐ႊမ္ ၎ကို သူ႕ႏွလုံးသားထဲတြင္ မွတ္ထားပါၿပီ။
သူ၏ အသိပညာႏွင့္ အေတြ႕အႀကဳံအရ လူတစ္ဦးအတြက္ သူေတာ္စင္တစ္ပိုင္း ျဖစ္လာရန္မွာ လြယ္ကူေနေသးသည္။
မုယန္ဖုန္းကေတာ့ ပါရမီရွင္ တစ္ဦးျဖစ္ခဲ့သည့္ နာမည္ႏွင့္ ထိုက္တန္ပါသည္။ သူေပးေသာ ေဆးလုံးမ်ားျဖင့္ ခြန္အားသည္ တစ္ဖန္ တိုးလာကာ အဆင့္မ်ားစြာကို ျဖတ္ေက်ာ္သြားလို ယခု သူ႕တြင္ အသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၉ က်င့္ႀကံမႈ အေျခခံကိုပင္ ရရွိေနၿပီ ျဖစ္သည္။
သို႔ေသာ္ ဝင္ေရာက္မႈမွာ အနည္းငယ္ျမန္ၿပီး အေျခခံအုတ္ျမစ္ကို ေကာင္းစြာ မတည္ေဆာက္နိုင္ခဲ့ေပ။ လု႐ႊမ္သည္လည္း ၎ကို စြဲစြဲၿမဲၿမဲ မွတ္ထားၿပီး ေနာက္ပိုင္းတြင္ သူ၏ က်င့္ႀကံမႈကို အားေကာင္းေစရန္အတြက္ တခ်ိဳ႕ေသာ ေဆးလုံးမ်ားကို သန့္စင္ေပးရေလသည္။
ဟန္ေရာင္ ႏွင့္ ေလ်ာင္ခ်င္းတို႔သည္ အေတာ္ပင္ ညံ့ဖ်င္းၾကၿပီး ၎တို႔တြင္ တည္ၿငိမ္စြာ တိုးတက္လာသည္ဟု ယူဆနိုင္သည့္ အဆင့္၅သာ ရွိသည္။
မိန္းကေလးမ်ားစြာ၏ ခြန္အားသည္လည္း အဆင့္တစ္ဆင့္ တိုးလာကာ ခ်န္စစ္ယန္သည္ က်င့္ႀကံမႈတြင္ အလ်င္ျမန္ဆုံး ျဖစ္ၿပီး အသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၇ က်င့္ႀကံမႈအေျခခံလည္း ရွိေနၿပီ။
ဒုတိယအေနနဲ႕ ေမာ့ခ်ဳံဟာ အဆင့္၆ကို ေရာက္ေနပါၿပီ။ ေလာ့႐ုံ၊ လင္ေရွာင္းေရွာင္းနဲ႕ ဟန္႐ႊယ္ တို႔ဟာ အဆင့္၅ကို ေရာက္ေနၾကၿပီး လင္ေရွာင္းေရွာင္းရဲ႕ စိတ္ဝိညာဥ္ စြမ္းအားက သိသိသာသာ တိုးတက္လာလို႔ သူမမွာ ၁၀ကို ေရာက္ေနၿပီ။
ဒီစံႏႈန္းက နည္းနည္း ႏွေးေနေသး၏။
"မင္းတို႔ရဲ႕အရွိန္က အရမ္းႏွေးေနတယ္.... ေနာက္မွ မင္းတို႔အတြက္ ေဆးတခ်ိဳ႕ ျပင္ေပးရမလား"
လု႐ႊမ္က ေျပာလိုက္သည္။
ေကာင္မေလးမ်ားႏွင့္ ေလ်ာက္ခ်င္းရဲ႕ မ်က္ႏွာမွာ အနည္းငယ္ နီရဲသြားသည္။ လု႐ႊမ္၏ အကန႔္အသတ္မရွိ ေဆးလုံးမ်ား ပံ့ပိုးေပးမႈေၾကာင့္ ၎တို႔၏ က်င့္ႀကံမႈမွာ တျဖည္းျဖည္း တိုးတက္လာခဲ့ရသည္။
မိန္းကေလးမ်ားက ပိုပို၍ စိုးရိမ္လာၾကသည္။
အစမွအဆုံးထိ လု႐ႊမ္က သူတို႔ကို ဘယ္ေတာ့မွ မလိုက္ခဲ့ဘူးဆိုတာ ေကာင္းေကာင္း သိပါ၏။ ဒါသူမတို႔ရဲ႕ စိတ္ကူးယဥ္ ဆန္မႈေတြပါပဲ။ ဒါေပမဲ့ အနာဂတ္မွာ ကြာဟခ်က္က ပိုႀကီးလာမယ္ဆိုရင္ သူမတို႔ကိုယ္တိုင္ ဆက္တြဲသြားဖို႔ ရွက္လြန္းလို႔ ပုန္းေနရလိမ့္မည္။
ဟန္ေရာင္က တိုးတိုးေလး သက္ျပင္းခ်လိဳက္သည္။ ဟန္႐ႊယ္ နဲ႕ တျခားသူေတြ ေတြးေနတာကို သူသိတာေပါ့။ သခင္ေလး ေသခ်ာေပါက္ သူရဲေကာင္းဘြဲ႕ အပ္ႏွင္းထိုက္တဲ့ လူေကာင္းတစ္ေယာက္ ျဖစ္ေပမယ့္ သူမတို႔နဲ႕ မထိုက္တန္ပါဘူး။
ယခု ကြာဟခ်က္သည္ ေသးငယ္ေနေသးေသာ္လည္း အနာဂတ္တြင္ ကြာဟခ်က္သည္ ပို၍ပို၍ ႀကီးမားလာကာ စိတ္ပ်က္ အားငယ္သြားနိုင္ၿပီး အနာဂတ္တြင္ ေမွ်ာ္လင့္ခ်က္မ်ား ရွိလာမည္ မဟုတ္ေပ။
အႀကိမ္ေပါင္းမ်ားစြာ ေတြးေတာၿပီး တစ္စုံတစ္ခုကို ေျပာခ်င္ေပမယ့္ ေနာက္ဆုံးမွာေတာ့ ဒီအစီအစဥ္ကို စြန႔္လႊတ္မလား ဆိုတာက သူမတို႔ရဲ႕ စိတ္ဆႏၵအေပၚမွာ မူတည္ေနေလ၏။
လူမ်ားေသာေၾကာင့္ သူတို႔သည္ ဝိညာဥ္သားရဲတစ္ေကာင္ကို ငွားကာ တစ္လခြဲၾကာ ပ်ံသန္းခဲ့ၾကၿပီး ေနာက္ဆုံးတြင္ နတ္ေဆးလုံးေရကန္သို႔ ေရာက္လာခဲ့သည္။
ဤေနရာသည္ ေတာကႏၱာရႀကီးလို ျဖစ္ေနဆဲ ျဖစ္ေသာ္လည္း နတ္ေဆးလုံးေရကန္ကို ဝန္းရံရန္အတြက္ ၿမိဳ႕တစ္ၿမိဳ႕ကို တည္ေဆာက္ထားၿပီးၿပီ ျဖစ္သည္။ ထ်န္ကြၽင့္နမ္သည္ လု႐ႊမ္ ဒီေနရာရဲ႕ အေျခအေနကို နားမလည္ေၾကာင္းသိ၍ ဝိညာဥ္သားရဲေပၚတြင္ ရွင္းျပခဲ့သည္။
"အစ္ကိုႀကီး... အခု ဒီေနရာက သူေတာ္စင္ဌာန ျဖစ္ေနၿပီ... ဒါေပမဲ့ ေတာက္က်င့္စဥ္ နိယာမစြမ္းအင္ကို နားလည္ဖို႔ နတ္ေဆးလုံးေရကန္ ဘက္ကို သြားခ်င္ရင္ေတာ့ နတ္ေဆးလုံးၿမိဳ႕ရဲ႕ စည္းမ်ဥ္းေတြကို လိုက္နာရမယ္"
ထ်န္ကြၽင့္နမ္သည္ ယခင္က ဤေနရာတြင္ရွိခဲ့ၿပီး လမ္းကို ရင္းႏွီးသူ ျဖစ္သည္။ သူသည္ လူစုကို ၿမိဳ႕တံခါးဆီသို႔ ပို႔ေဆာင္ရင္း တံဆိပ္ျပား သေကၤတကို ေဝွ႕ယမ္းျပကာ ၿမိဳ႕တံခါးသို႔ ဝင္ေတာ့မွာ ျဖစ္သည္။
"အခု နတ္ေဆးလုံးၿမိဳ႕ရဲ႕ အထက္ ေကာင္းကင္ယံကို တားျမစ္ထားတဲ့ အခင္းအက်င္း ပုံစံေတြ အမ်ားႀကီးရွိတယ္.... ဒါေၾကာင့္ ၿမိဳ႕တံခါးကေနပဲ ဝင္လို႔ရတယ္ ဝင္ခ်င္ရင္ ျဖတ္သန္းခြင့္တံဆိပ္ျပား ဝယ္ရမယ္... တံဆိပ္ျပားက ဝိညာဥ္ေက်ာက္တုံး ၁၀၀၀၀ ဆယ္ရက္ပဲ ေနနိုင္တယ္။ အခ်ိန္ကုန္သြားရင္ ျပန္ဝယ္ရမွာေပါ့"
"ဒါေပမဲ့ ကြၽန္ေတာ္တို႔ ထ်န္မိသားစုက နတ္ေဆးလုံးၿမိဳ႕ကို တည္ေထာင္တုန္းက ပါဝင္ခဲ့တာ ဆိုေတာ့ သူတို႔က ကြၽန္ေတာ္တို႔ကို လြတ္လြတ္လပ္လပ္ သြားလာနိုင္ေအာင္ ဒီၿမိဳ႕တည္ေဆာက္ေရး သေကၤတကို ေပးခဲ့တာ"
ထ်န္ကြၽင့္နမ္က သူ႕အသံကို ေက်နပ္အားရစြာျဖင့္ ေအာ္လိုက္သည္။ ၿမိဳ႕တံခါးေစာင့္သူက အဆင့္၉ က်င့္ႀကံသူျဖစ္ကာ လု႐ႊမ္ႏွင့္ သူ႕အဖြဲ႕ကို တစ္ခ်က္ ၾကည့္လိုက္ၿပီး တံဆိပ္ျပားကို ထ်န္ကြၽင့္နမ္ထံ ျပန္ေပးလိုက္ေသာ္လည္း တားဆီးထားေသာ အခင္းအက်င္းကို မဖြင့္ေပးခဲ့ေပ။
"မင္းတို႔လူေတြက အမ်ားႀကီးပဲ ၿပီးေတာ့ သူတို႔ရဲ႕ ခြန္အားက အားနည္းလြန္းတယ္.... အခု နတ္ေဆးလုံးၿမိဳ႕ရဲ႕ အႀကီးအကဲေတြက စည္းကမ္း အသစ္ ထုတ္ထားတယ္.... ၿမိဳ႕တည္ေဆာက္ေရး သေကၤတတစ္ခုက အမ်ားဆုံး သုံးေယာက္ပဲ ဝင္ခိုင္းၿပီး ကန႔္သတ္ခ်က္လည္း ရွိတယ္... ဆယ္ရက္ အခ်ိန္အတြက္ အခေၾကးေငြလည္း ရွိတယ္... အခ်ိန္ျပည့္သြားရင္ေတာ့ ျပန္ထြက္ရမယ္"
ထ်န္ကြၽင့္နမ္ အံ့အားသင့္သြားၿပီး
"ဒီစည္းကမ္းက ဘယ္တုန္းက ထုတ္လိုက္တာလဲ? ငါက ဘာလို႔ မသိရတာလဲ?"
မခံနိုင္ေတာ့ဘဲ ေအာ္ေမးလိုက္သည္။ သူ႕မ်က္ႏွာက နီျမန္းၿပီး ေဒါသမထြက္ဘဲ မေနနိုင္ေအာင္ပဲ။ ေနာက္ဆုံးေတာ့ သူေဌးေရွ႕မွာ အစြမ္းထက္တဲ့ လူလို႔ ဟန္ေဆာင္ခဲ့ေပမယ့္ လူျမင္ကြင္းမွာ ပါးရိုက္ခံခဲ့ရတယ္။ အနာဂတ္မွာ ဘယ္လိုမ်က္ႏွာမ်ိဳးနဲ႕ ရင္ဆိုင္ရေတာ့မလဲ။
"ဘယ္တုန္းကလဲ ဟုတ္လား? ဒီေန႕ပဲကြ!!"
မာနႀကီးေသာ အသံတစ္ခု ထြက္ေပၚလာၿပီး လူငယ္တစ္ဦးသည္ ႏူးညံ့သိမ္ေမြ႕ေသာ အလွေလး သုံးေယာက္ႏွင့္အတူ လမ္းေလွ်ာက္လာရင္း ထ်န္ကြၽင့္နမ္ကို အထင္အျမင္ေသးသည့္ အၾကည့္ျဖင့္ ၾကည့္လိုက္သည္။
ဟန္႐ႊယ္ ႏွင့္ အလွေလးမ်ားကို ေတြ႕ေသာအခါ သူ႕ မ်က္လုံးမ်ား ခ်က္ခ်င္း ျပဴးက်ယ္သြားကာ အနီးဆုံး ဟန္႐ႊယ္၏ ပါးျပင္ကို လက္ဖဝါးျဖင့္ ဆုပ္ကိုင္လိုက္သည္။
"မိန္းကေလးက ေတာ္ဝင္အင္ပါယာက လာတာလား? အရမ္းလွတာပဲ.. ကိုကိုလို႔ ေခၚပါဦး နားေထာင္ၾကည့္ရေအာင္!"