ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

Bởi KimHsuYoon99

115K 13.8K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... Xem Thêm

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 59

861 115 0
Bởi KimHsuYoon99

Unicode

နောက်သုံးရက်တွင်။

ကုမျန် မိတ်ကပ်ပညာရှင်တစ်ယောက်နဲ့ အဝတ်လဲခန်းထဲမှာရှိနေတုန်း ရှောင်ကျူးက အပြင်ဘက်ကနေ သေတ္တာတစ်ခုကို လျို့၀ှက်ဆန်းကြယ်စွာ ရရှိလာခဲ့တယ်။

သူမက “မျန်းမျန်၊ ကြည့်ဦး”

ကုမျန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "ဘာကြီးလဲ"

ရှောင်ကျူးက သူမရဲ့မျက်လုံးတွေ မမြင်နိုင်လောက်အောင်ထိ ပြုံးလိုက်တယ်။ သူမက သူမရဲ့ကိုယ်ပိုင်သံစဉ် "ဒန်ဒန်း ဒန်ဒန်း" ကို ပြုလုပ်လိုက်ပြီးနောက် သေတ္တာကို ဖြည်းညှင်းစွာ ဖွင့်ပြလိုက်တယ်။

အဝတ်လဲခန်းအထက်မှ မီးပန်းဆိုင်းကြီးက တောက်ပနေပေမယ့်လည်း ယင်းရဲ့ တောက်ပတဲ့အလင်းရောင်က သေတ္တာမှထုတ်လွှတ်လာတဲ့ အလင်းရောင်ရဲ့ ဆယ်ပုံတစ်ပုံအောက်သာရှိတယ်။

မိတ်ကပ်ပညာရှင်က အံ့အားတသင့်နဲ့ မပြောပဲမနေနိုင်တော့ဘူး။"အရမ်းလှတာပဲ!"

သေတ္တာထဲမှာထည့်ထားတဲ့ လည်ဆွဲက တန်ဖိုးကြီးတဲ့အသွင်အပြင်နဲ့ အနှိုင်းမဲ့လှပနေခဲ့တယ်။ အဝတ်လဲခန်းထဲက လူတိုင်းက အဲ့ဒါကြောင့် ဆွဲဆောင်ခံလိုက်ရပြီး မျက်စိကန်းသွားလုမတတ်ပင်။

စိန်လည်ဆွဲရဲ့အလယ်မှာ ထင်းခနဲမြင်သာစေတဲ့ ကြီးမားတဲ့ပန်းရောင်စိန်တစ်လုံးရှိပြီး တစ်ဖက်တစ်ချက်မှာတော့ ပန်းရောင်စိန်အသေး ၁၀၈ လုံးရှိတယ်။ ၎င်းက အရင်လေလံပွဲတွေမှာ အကြိမ်ကြိမ် စံချိန်တင်ခဲ့တဲ့ ပန်းရောင်စိန်ပဲ။ ဒီပန်းရောင်စိန်က ပန်းရောင်စိန်တွေကြားမှာ အကောင်းဆုံးဖြစ်တယ်။ ကြည်လင်ပြတ်သားပြီး အပြစ်အနာအဆာမရှိပေ။ ဖြတ်ထားတဲ့ပုံစံက အတော်လှတယ်။ အဖိုးမဖြတ်နိုင်ဘူး။

တကယ်တော့ ရှောင်ကျူးက လော့ကျစ်ယွီဆီကနေ ဒါကိုယူလာပြီးနောက် ပထမဆုံးဖွင့်လိုက်တာဖြစ်လို့ သေတ္တာထဲကလည်ဆွဲကို သူမမြင်တဲ့အခါ တခဏလောက် မှင်သက်သွားခဲ့တယ်။ ခဏအကြာမှာ သူမက စိတ်လှုပ်ရှားစွာနဲ့ "မျန်းမျန် ဒီလည်ဆွဲက တကယ်လှတယ်၊ နင်နဲ့ လိုက်ဖက်တယ်"

ကုမျန်က မျက်မှောင်ကြုတ်လိုက်တယ်။ သူမက အရင်က ကမ္ဘာကြီးကို မမြင်ဖူးပေမယ့်လည်း အခြေခံဗဟုသုတ ရှိပါသေးတယ်။ သူမရဲ့ရှေ့ကလည်ဆွဲက စုတ်ပဲ့တဲ့အရာမဟုတ်မှန်း အသိသာကြီးပင်။

အဖိုးတန်တဲ့အရာတွေက လူတွေကို ကြွယ်ဝချမ်းသာတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာဖြစ်တယ်။ ဒီလည်ဆွဲက တန်ဖိုးကြီးပေမယ့်လည်း အပေါစားလိုမဖြစ်နေဘူး။ ကြည့်လိုက်ရုံနဲ့ လူကို မြင့်မြတ်တဲ့ခံစားချက်ရစေတယ်။ ခန်ယန်ယန်ကို သူမငှားပေးလိုက်တဲ့ လည်ဆွဲက ဘယ်လောက်ဈေးကြီးမှန်း သူမ မသိဘူး။

ဒါပေမယ့် ဒီလိုပရီမီယံပန်းရောင်စိန်ရဲ့တန်ဖိုးကတော့ အနည်းဆုံး ဂဏန်းကိုးလုံးပဲဖြစ်ရမယ်။ သူမအတွက် အရမ်းစျေးကြီးပြီး ဝတ်ဖို့မသင့်တော်ဘူး။ ပြီးတော့ သူမက ကော်ဇောနီပေါ်မှာ မင်းသမီးတွေနဲ့အတူ ရေပန်းစားမှုကို ဖမ်းဆုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒါကြောင့် ဒီလည်ဆွဲကို ၀တ်ဆင်တာက တကယ့်ကို လူပုံအလယ် ထင်ပေါ်စေလိမ့်မယ်လေ။

"ဒီလည်ဆွဲက ဘယ်ကရလာတာလဲ"

သူမရဲ့လက်ရှိအခြေအနေအရ ဒီအဆင့်လောက်ရှိတဲ့လည်ဆွဲကို ရှောင်ကျူးငှားလို့ မရလောက်ဘူး။  တကယ်တော့ တရုတ်မှာ ဒီလိုလည်ဆွဲတွေကို ထောက်ပံ့ပေးနိုင်တဲ့ လက်ဝတ်ရတနာဆိုင်တွေ မရှိသလောက်ပဲ။ တစ်နည်းဆိုရရင် လည်ဆွဲက brandပိုင်ရှင်မဟုတ်ဘဲ လူတစ်ဦးကနေ လာတာဖြစ်နိုင်တယ်။

ရှောင်ကျူးက သူမရဲ့ နှုတ်ခမ်းတွေကိုစေ့လိုက်ရင်း ချီတုံချတုံနဲ့ "အင်းပါ"လို့ပြောလိုက်တယ်။ သူမ အမှန်အတိုင်းပြောရမလား၊မပြောရဘူးလားဆိုတာ မသိတော့ဘူး။

"ဒီလည်ဆွဲကိုယူပြီး ပြန်ပေးလိုက်"

ကုမျန်က မိတ်ကပ်လိမ်းပြီးသွားတယ်။ သူမက ထရပ်လိုက်ပြီး အပြင်ကို တိုက်ရိုက်ထွက်သွားလိုက်တော့တယ်။

ရှောင်ကျုးက သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး အလျင်စလို အော်ဟစ်လိုက်တယ်။"ဟေး မျန်းမျန်!"

မိတ်ကပ်ပညာရှင်က ထိုလည်ဆွဲကို အားကျစွာကြည့်ကာ "ဒီလည်ဆွဲက ဘယ်လောက်တန်လဲ"

ရှောင်ကျူးက သူမကို လျစ်လျူရှုပြီး သေတ္တာကိုပိတ်လိုက်ပြီးနောက် ၎င်းကို သူမရဲ့ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပြီး ကုမျန်နောက်ကို အမြန်ပြေးလိုက်သွားခဲ့တယ်။

ကုမျန်အတွက် လော့ချယ်ပေးလာတဲ့လည်ဆွဲက ကော်ဇောနီပေါ်မှာ ၀တ်ဆင်ဖို့ လုံလုံလောက်လောက်ကောင်းမွန်ပြီး အရမ်းဈေးကြီးလောက်မှာမဟုတ်ဘူးလို့ သူမ မူလက ထင်ခဲ့မိတယ်။ အဆုံးမှာ ဒီလောက်တန်ဖိုးကြီးနေမယ်လို့တော့ သူမ မမျှော်လင့်မိခဲ့ပေ။ သူမက အာလူးပူပူကို ကိုင်ထားရသလိုမျိုး သေတ္တာကို လက်ထဲကိုင်ထားမိတယ်။

ကံကောင်းထောက်မစွာနဲ့ လော့ကျစ်ယွီက အောက်ထပ်မှာရှိနေဆဲဖြစ်တာကြောင့် သူမက ဒီ*အာလူးပူပူကို ချက်ချင်းပြန်ပေးလို့ရတယ်။(ပြဿနာဖြစ်စေနိုင်တဲ့အရာ)

ကုမျန်ကားပေါ်ရောက်သွားတော့ သူမရဲ့လည်ပင်းက ပြောင်ရှင်းနေပြီး သူမနဲ့တွဲဖက်ဖို့. အဆင်တန်ဆာမရှိတာတောင် သူမက လှပနေဆဲပင်။

လော့ချယ်က သူမရဲ့လည်ပင်းကို ဘေးကနေကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို တည်တည်ငြိမ်ငြိမ်နဲ့လွှဲလိုက်တယ်။

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ China Acting Award မှာ သူမတို့က အဖွဲ့တစ်ဖွဲ့အနေနဲ့ တက်ရောက်ကြမှာဖြစ်တယ်။ "Ask the Immortal" ရဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ ကုမျန်နဲ့လော့ချယ်တို့က သဘာဝကျကျပင် ကားတစ်စီးတည်းမှာ စီးခဲ့ကြတယ်။

ကော်ဇောနီရဲ့အပြင်ကို ကားရောက်တာနဲ့ သတင်းထောက်တွေ ဝိုင်းလာပြီး ဖလက်ရှ်မီးတွေက မကြာခဏ လင်းနေတော့တယ်။

လော့ချယ်က ကားထဲက အရင်ထွက်လိုက်တယ်။ ကုမျန်က သူမရဲ့စကတ်စကို မ,လိုက်တယ်။ သူမကားပေါ်မှ ဆင်းခါနီးမှာ လက်တစ်ဖက်က သူမဆီ ဆန့်တန်းလာခဲ့တယ်။

သူမချက်ချင်း နားလည်သွားတယ်။ ဒီဖြူဖွေးသွယ်လျတတဲ့လက်က တယောတီးတတ်ရုံသာမက ဂေါက်လည်းရိုက်တတ်ပြီး ကြိုးဝိုင်းတွေမှာပါ တိုက်ခိုက်နိုင်ကြောင်း ကုမျန်သိထားတယ်။

သူမက တော်ရုံနဲ့မတုံ့ပြန်လာတော့ ထိုလက်က သူမရဲ့လက်ကိုဆွဲကာ ကားထဲကထွက်လာဖို့ လက်ဦးမှုယူလိုက်တယ်။

ကားထဲက ဆင်းလာပြီးတာနဲ့ ဖလက်ရှ်မီးတွေ ပိုပြီး ထပ်ကာထပ်ကာလင်းလာတော့တယ်။

ကုမျန်က ဖလက်ရှ်မီးကြောင့် မသိစိတ်ကနေ မျက်လုံးမှိတ်လိုက်မိပြီး မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ သူမရှေ့ကလူရဲ့လက်ကို ဆုပ်ကိုင်ထားပြီးဖြစ်တယ်။

ကုမျန်က လက်ကိုပြန်မဆွဲယူလိုက်ဘူး။ အမျိုးသား ကြယ်ပွင့်တွေရဲ့ လက်ကိုကိုင်ပြီး ပွဲထဲ ဝင်ရောက်လာကြတဲ့ အမျိုးသားနဲ့အမျိုးသမီး ကြယ်ပွင့် အများအပြားရှိတယ်လေ။

သတင်းထောက်‌တွေ  သူမတို့ကို ဝိုင်းရံကာ ဓာတ်ပုံတွေရိုက်ယူကြပြီးနောက် ကုမျန်က မရပ်ဘဲ လော့ချယ်ရဲ့ခြေလှမ်းတွေနောက်လိုက်ကာ ကော်ဇောနီပေါ် အချိန်တိုအတွင်း လျှောက်သွားခဲ့တယ်။

အချို့အနုပညာရှင်တွေက ကော်ဇောနီပေါ်မှာ   အချိန်ကြာကြာနေလိုကြပြီး ရှုထောင့်ပေါင်းစုံကနေ သူတို့ရဲ့လှပတဲ့ဓာတ်ပုံတွေကို သုံးရာခြောက်ဆယ်ဒီဂရီနဲ့ သတင်းထောက်တွေအား ရိုက်ယူခွင့်ပေးကာ screen timeကို တိုးမြင့်စေတယ်။ ဒါပေမယ့် ကုမျန်နဲ့ လော့ချယ်ကတော့ အဲဒီလိုမလုပ်ခဲ့ဘူး။ ကုမျန်က သူမ ရေပန်စားစား၊မစားစား ဂရုမစိုက်ဘဲ လော့ချယ်ကလည်း အရမ်းနာမည်ကြီးတာကြောင့် အဲ့လိုလုပ်ဖို့မလိုအပ်ပေ။

လက်မှတ်ရေးထိုးပြီးနောက်၊ စီစဉ်တင်ဆက်သူတွေ မေးခွန်းမေးရတဲ့အပိုင်း ရှိခဲ့တယ်။

တင်ဆက်သူရီကာက ပြုံးပြီး "အာ Ask the Immortals ရဲ့ ခေါင်းဆောင်သရုပ်ဆောင်နှစ်ယောက်ကို တွေ့ရတာ တကယ့်ကိုစိတ်လှုပ်ရှားစရာပါပဲ"




Zawgyi

ေနာက္သုံးရက္တြင္။

ကုမ်န္ မိတ္ကပ္ပညာရွင္တစ္ေယာက္နဲ႕ အဝတ္လဲခန္းထဲမွာရွိေနတုန္း ေရွာင္က်ဴးက အျပင္ဘက္ကေန ေသတၱာတစ္ခုကို လ်ိဳ႕၀ွက္ဆန္းၾကယ္စြာ ရရွိလာခဲ့တယ္။

သူမက “မ်န္းမ်န္၊ ၾကည့္ဦး”

ကုမ်န္က သူမကို တစ္ခ်က္ၾကည့္လိုက္ၿပီး "ဘာႀကီးလဲ"

ေရွာင္က်ဴးက သူမရဲ႕မ်က္လုံးေတြ မျမင္နိုင္ေလာက္ေအာင္ထိ ၿပဳံးလိုက္တယ္။ သူမက သူမရဲ႕ကိုယ္ပိုင္သံစဥ္ "ဒန္ဒန္း ဒန္ဒန္း" ကို ျပဳလုပ္လိုက္ၿပီးေနာက္ ေသတၱာကို ျဖည္းညွင္းစြာ ဖြင့္ျပလိုက္တယ္။

အဝတ္လဲခန္းအထက္မွ မီးပန္းဆိုင္းႀကီးက ေတာက္ပေနေပမယ့္လည္း ယင္းရဲ႕ ေတာက္ပတဲ့အလင္းေရာင္က ေသတၱာမွထုတ္လႊတ္လာတဲ့ အလင္းေရာင္ရဲ႕ ဆယ္ပုံတစ္ပုံေအာက္သာရွိတယ္။

မိတ္ကပ္ပညာရွင္က အံ့အားတသင့္နဲ႕ မေျပာပဲမေနနိုင္ေတာ့ဘူး။"အရမ္းလွတာပဲ!"

ေသတၱာထဲမွာထည့္ထားတဲ့ လည္ဆြဲက တန္ဖိုးႀကီးတဲ့အသြင္အျပင္နဲ႕ အႏွိုင္းမဲ့လွပေနခဲ့တယ္။ အဝတ္လဲခန္းထဲက လူတိုင္းက အဲ့ဒါေၾကာင့္ ဆြဲေဆာင္ခံလိုက္ရၿပီး မ်က္စိကန္းသြားလုမတတ္ပင္။

စိန္လည္ဆြဲရဲ႕အလယ္မွာ ထင္းခနဲျမင္သာေစတဲ့ ႀကီးမားတဲ့ပန္းေရာင္စိန္တစ္လုံးရွိၿပီး တစ္ဖက္တစ္ခ်က္မွာေတာ့ ပန္းေရာင္စိန္အေသး ၁၀၈ လုံးရွိတယ္။ ၎က အရင္ေလလံပြဲေတြမွာ အႀကိမ္ႀကိမ္ စံခ်ိန္တင္ခဲ့တဲ့ ပန္းေရာင္စိန္ပဲ။ ဒီပန္းေရာင္စိန္က ပန္းေရာင္စိန္ေတြၾကားမွာ အေကာင္းဆုံးျဖစ္တယ္။ ၾကည္လင္ျပတ္သားၿပီး အျပစ္အနာအဆာမရွိေပ။ ျဖတ္ထားတဲ့ပုံစံက အေတာ္လွတယ္။ အဖိုးမျဖတ္နိုင္ဘူး။

တကယ္ေတာ့ ေရွာင္က်ဴးက ေလာ့က်စ္ယြီဆီကေန ဒါကိုယူလာၿပီးေနာက္ ပထမဆုံးဖြင့္လိုက္တာျဖစ္လို႔ ေသတၱာထဲကလည္ဆြဲကို သူမျမင္တဲ့အခါ တခဏေလာက္ မွင္သက္သြားခဲ့တယ္။ ခဏအၾကာမွာ သူမက စိတ္လႈပ္ရွားစြာနဲ႕ "မ်န္းမ်န္ ဒီလည္ဆြဲက တကယ္လွတယ္၊ နင္နဲ႕ လိုက္ဖက္တယ္"

ကုမ်န္က မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ သူမက အရင္က ကမၻာႀကီးကို မျမင္ဖူးေပမယ့္လည္း အေျခခံဗဟုသုတ ရွိပါေသးတယ္။ သူမရဲ႕ေရွ႕ကလည္ဆြဲက စုတ္ပဲ့တဲ့အရာမဟုတ္မွန္း အသိသာႀကီးပင္။

အဖိုးတန္တဲ့အရာေတြက လူေတြကို ႂကြယ္ဝခ်မ္းသာတယ္ဆိုတဲ့ ခံစားခ်က္ကို ေပးစြမ္းနိုင္မွာျဖစ္တယ္။ ဒီလည္ဆြဲက တန္ဖိုးႀကီးေပမယ့္လည္း အေပါစားလိုမျဖစ္ေနဘူး။ ၾကည့္လိုက္႐ုံနဲ႕ လူကို ျမင့္ျမတ္တဲ့ခံစားခ်က္ရေစတယ္။ ခန္ယန္ယန္ကို သူမငွားေပးလိုက္တဲ့ လည္ဆြဲက ဘယ္ေလာက္ေဈးႀကီးမွန္း သူမ မသိဘူး။

ဒါေပမယ့္ ဒီလိုပရီမီယံပန္းေရာင္စိန္ရဲ႕တန္ဖိုးကေတာ့ အနည္းဆုံး ဂဏန္းကိုးလုံးပဲျဖစ္ရမယ္။ သူမအတြက္ အရမ္းေစ်းႀကီးၿပီး ဝတ္ဖို႔မသင့္ေတာ္ဘူး။ ၿပီးေတာ့ သူမက ေကာ္ေဇာနီေပၚမွာ မင္းသမီးေတြနဲ႕အတူ ေရပန္းစားမႈကို ဖမ္းဆုပ္ဖို႔ ရည္႐ြယ္ခ်က္မရွိဘူး။ ဒါေၾကာင့္ ဒီလည္ဆြဲကို ၀တ္ဆင္တာက တကယ့္ကို လူပုံအလယ္ ထင္ေပၚေစလိမ့္မယ္ေလ။

"ဒီလည္ဆြဲက ဘယ္ကရလာတာလဲ"

သူမရဲ႕လက္ရွိအေျခအေနအရ ဒီအဆင့္ေလာက္ရွိတဲ့လည္ဆြဲကို ေရွာင္က်ဴးငွားလို႔ မရေလာက္ဘူး။  တကယ္ေတာ့ တ႐ုတ္မွာ ဒီလိုလည္ဆြဲေတြကို ေထာက္ပံ့ေပးနိုင္တဲ့ လက္ဝတ္ရတနာဆိုင္ေတြ မရွိသေလာက္ပဲ။ တစ္နည္းဆိုရရင္ လည္ဆြဲက brandပိုင္ရွင္မဟုတ္ဘဲ လူတစ္ဦးကေန လာတာျဖစ္နိုင္တယ္။

ေရွာင္က်ဴးက သူမရဲ႕ ႏႈတ္ခမ္းေတြကိုေစ့လိုက္ရင္း ခ်ီတုံခ်တဳံနဲ႕ "အင္းပါ"လို႔ေျပာလိုက္တယ္။ သူမ အမွန္အတိုင္းေျပာရမလား၊မေျပာရဘူးလားဆိုတာ မသိေတာ့ဘူး။

"ဒီလည္ဆြဲကိုယူၿပီး ျပန္ေပးလိုက္"

ကုမ်န္က မိတ္ကပ္လိမ္းၿပီးသြားတယ္။ သူမက ထရပ္လိုက္ၿပီး အျပင္ကို တိုက္ရိုက္ထြက္သြားလိုက္ေတာ့တယ္။

ေရွာင္က်ဳးက သူမရဲ႕ ေအာက္ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး အလ်င္စလို ေအာ္ဟစ္လိုက္တယ္။"ေဟး မ်န္းမ်န္!"

မိတ္ကပ္ပညာရွင္က ထိုလည္ဆြဲကို အားက်စြာၾကည့္ကာ "ဒီလည္ဆြဲက ဘယ္ေလာက္တန္လဲ"

ေရွာင္က်ဴးက သူမကို လ်စ္လ်ဴရႈၿပီး ေသတၱာကိုပိတ္လိုက္ၿပီးေနာက္ ၎ကို သူမရဲ႕ရင္ခြင္ထဲမွာ တင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္ၿပီး ကုမ်န္ေနာက္ကို အျမန္ေျပးလိုက္သြားခဲ့တယ္။

ကုမ်န္အတြက္ ေလာ့ခ်ယ္ေပးလာတဲ့လည္ဆြဲက ေကာ္ေဇာနီေပၚမွာ ၀တ္ဆင္ဖို႔ လုံလုံေလာက္ေလာက္ေကာင္းမြန္ၿပီး အရမ္းေဈးႀကီးေလာက္မွာမဟုတ္ဘူးလို႔ သူမ မူလက ထင္ခဲ့မိတယ္။ အဆုံးမွာ ဒီေလာက္တန္ဖိုးႀကီးေနမယ္လို႔ေတာ့ သူမ မေမွ်ာ္လင့္မိခဲ့ေပ။ သူမက အာလူးပူပူကို ကိုင္ထားရသလိုမ်ိဳး ေသတၱာကို လက္ထဲကိုင္ထားမိတယ္။

ကံေကာင္းေထာက္မစြာနဲ႕ ေလာ့က်စ္ယြီက ေအာက္ထပ္မွာရွိေနဆဲျဖစ္တာေၾကာင့္ သူမက ဒီ*အာလူးပူပူကို ခ်က္ခ်င္းျပန္ေပးလို႔ရတယ္။(ျပႆနာျဖစ္ေစနိုင္တဲ့အရာ)

ကုမ်န္ကားေပၚေရာက္သြားေတာ့ သူမရဲ႕လည္ပင္းက ေျပာင္ရွင္းေနၿပီး သူမနဲ႕တြဲဖက္ဖို႔. အဆင္တန္ဆာမရွိတာေတာင္ သူမက လွပေနဆဲပင္။

ေလာ့ခ်ယ္က သူမရဲ႕လည္ပင္းကို ေဘးကေနၾကည့္လိုက္ၿပီးေနာက္ သူ႕အၾကည့္ကို တည္တည္ၿငိမ္ၿငိမ္နဲ႕လႊဲလိုက္တယ္။

ႏွစ္စဥ္က်င္းပၿမဲျဖစ္တဲ့ China Acting Award မွာ သူမတို႔က အဖြဲ႕တစ္ဖြဲ႕အေနနဲ႕ တက္ေရာက္ၾကမွာျဖစ္တယ္။ "Ask the Immortal" ရဲ႕ အဓိကသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ ကုမ်န္နဲ႕ေလာ့ခ်ယ္တို႔က သဘာဝက်က်ပင္ ကားတစ္စီးတည္းမွာ စီးခဲ့ၾကတယ္။

ေကာ္ေဇာနီရဲ႕အျပင္ကို ကားေရာက္တာနဲ႕ သတင္းေထာက္ေတြ ဝိုင္းလာၿပီး ဖလက္ရွ္မီးေတြက မၾကာခဏ လင္းေနေတာ့တယ္။

ေလာ့ခ်ယ္က ကားထဲက အရင္ထြက္လိုက္တယ္။ ကုမ်န္က သူမရဲ႕စကတ္စကို မ,လိုက္တယ္။ သူမကားေပၚမွ ဆင္းခါနီးမွာ လက္တစ္ဖက္က သူမဆီ ဆန႔္တန္းလာခဲ့တယ္။

သူမခ်က္ခ်င္း နားလည္သြားတယ္။ ဒီျဖဴေဖြးသြယ္လ်တတဲ့လက္က တေယာတီးတတ္႐ုံသာမက ေဂါက္လည္းရိုက္တတ္ၿပီး ႀကိဳးဝိုင္းေတြမွာပါ တိုက္ခိုက္နိုင္ေၾကာင္း ကုမ်န္သိထားတယ္။

သူမက ေတာ္႐ုံနဲ႕မတုံ႕ျပန္လာေတာ့ ထိုလက္က သူမရဲ႕လက္ကိုဆြဲကာ ကားထဲကထြက္လာဖို႔ လက္ဦးမႈယူလိုက္တယ္။

ကားထဲက ဆင္းလာၿပီးတာနဲ႕ ဖလက္ရွ္မီးေတြ ပိုၿပီး ထပ္ကာထပ္ကာလင္းလာေတာ့တယ္။

ကုမ်န္က ဖလက္ရွ္မီးေၾကာင့္ မသိစိတ္ကေန မ်က္လုံးမွိတ္လိုက္မိၿပီး မ်က္လုံးျပန္ဖြင့္လိုက္တဲ့အခါ သူမေရွ႕ကလူရဲ႕လက္ကို ဆုပ္ကိုင္ထားၿပီးျဖစ္တယ္။

ကုမ်န္က လက္ကိုျပန္မဆြဲယူလိုက္ဘူး။ အမ်ိဳးသား ၾကယ္ပြင့္ေတြရဲ႕ လက္ကိုကိုင္ၿပီး ပြဲထဲ ဝင္ေရာက္လာၾကတဲ့ အမ်ိဳးသားနဲ႕အမ်ိဳးသမီး ၾကယ္ပြင့္ အမ်ားအျပားရွိတယ္ေလ။

သတင္းေထာက္‌ေတြ  သူမတို႔ကို ဝိုင္းရံကာ ဓာတ္ပုံေတြရိုက္ယူၾကၿပီးေနာက္ ကုမ်န္က မရပ္ဘဲ ေလာ့ခ်ယ္ရဲ႕ေျခလွမ္းေတြေနာက္လိုက္ကာ ေကာ္ေဇာနီေပၚ အခ်ိန္တိုအတြင္း ေလွ်ာက္သြားခဲ့တယ္။

အခ်ိဳ႕အႏုပညာရွင္ေတြက ေကာ္ေဇာနီေပၚမွာ   အခ်ိန္ၾကာၾကာေနလိုၾကၿပီး ရႈေထာင့္ေပါင္းစုံကေန သူတို႔ရဲ႕လွပတဲ့ဓာတ္ပုံေတြကို သုံးရာေျခာက္ဆယ္ဒီဂရီနဲ႕ သတင္းေထာက္ေတြအား ရိုက္ယူခြင့္ေပးကာ screen timeကို တိုးျမင့္ေစတယ္။ ဒါေပမယ့္ ကုမ်န္နဲ႕ ေလာ့ခ်ယ္ကေတာ့ အဲဒီလိုမလုပ္ခဲ့ဘူး။ ကုမ်န္က သူမ ေရပန္စားစား၊မစားစား ဂ႐ုမစိုက္ဘဲ ေလာ့ခ်ယ္ကလည္း အရမ္းနာမည္ႀကီးတာေၾကာင့္ အဲ့လိုလုပ္ဖို႔မလိုအပ္ေပ။

လက္မွတ္ေရးထိုးၿပီးေနာက္၊ စီစဥ္တင္ဆက္သူေတြ ေမးခြန္းေမးရတဲ့အပိုင္း ရွိခဲ့တယ္။

တင္ဆက္သူရီကာက ၿပဳံးၿပီး "အာ Ask the Immortals ရဲ႕ ေခါင္းေဆာင္သ႐ုပ္ေဆာင္ႏွစ္ေယာက္ကို ေတြ႕ရတာ တကယ့္ကိုစိတ္လႈပ္ရွားစရာပါပဲ"

Đọc tiếp

Bạn Cũng Sẽ Thích

518K 34.7K 31
story description>>>>> start-5/10/2021 end-1/1/2022
257K 15.1K 40
My priority /property/privacy
319K 45.1K 84
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao Jiao Struggled Every Day [JJSED] Author...