Chapter (80) Arc 4
ဘယ်သူက ပိုပါးနပ်မလဲ
ထိုသူတော်စင်တစ်ပိုင်း ကျင့်ကြံသူသည် သူ့လက်ထဲ ဆေးလုံးကို ကိုင်ပြီး ပြေးထွက်သွားလေ၏။
သို့သော် ရုတ်တရက် သူ့လက်ထဲက ဆေးလုံးက လှုပ်လာတာကို ခံစားလိုက်ရပြီး အံ့အားသင့်သွားကာ ကောင်းကင်ကို မော့ကြည့်လိုက်တော့ တောက်ပတဲ့ အဖြူရောင် အလင်းတန်းတစ်ခု ကောင်းကင်ကနေ ထိုးကျလာခဲ့တော့သည်။
သူ မလှုပ်နိုင်တော့ပေ။ နောက်ဆုံး အတွေးထဲကို ရောက်လာခဲ့တဲ့ စကားလုံးကတော့ သူ လှည့်စားခံရပြန်ပြီ!
အဖြူရောင် အလင်းရောင်သည် ပြိုးပြိုးပြက်ပြက်နှင့် ကြောက်မက်ဖွယ် ကောင်းလှသည်။ အဖြူရောင် အလင်းရောင် မှိန်ဖျော့သွားပြီးနောက် လူတိုင်း ကြောက်လန့်နေသော ကလေးများကဲ့သို့ နောက်သို့ အသည်းအသန် ထွက်ပြေးကြသည်။
ဤတစ်ကြိမ်တွင် ကောင်းကင်ယံ၌ မိုးခြိမ်းသံသည် ပိုမိုပြင်းထန်လာပြီး မိုင်ဝက်အကွာအဝေးကို ဖြတ်ကျော် ဝင်ရောက်လာခဲ့သည်။ လူတစ်ယောက်အပေါ် တိုက်ရိုက် ပစ်ချလိုက်သောကြောင့် ယခင်ကလို တွင်းနက်ကြီး ဖြစ်မလာခဲ့ပေ။
အသက်ရှင်နေသေးသော သူများသည် လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အလင်းရောင်များ ပြင်းထန်စွာ တောက်ပနေ၏။ ဒီလိုလူဟာ ထူးထူးခြားခြား ဉာဏ်ရည်ဉာဏ်သွေးနဲ့ ခွန်အားတွေ ရှိပြီး သူ့ကို စော်ကားမိရင် တကယ်ပဲ ရလဒ်ကောင်းတွေ ရလာမှာ မဟုတ်ချေ။
လူတိုင်းရဲ့ နှလုံးသားတွေက လွင့်မျောနေသလိုပဲ တချို့လူတွေက အလွန်အမင်း ကြောက်လန့် တုန်လှုပ်နေကြ၏။ သူတို့ရှေ့က အခြေအနေ အောက်မှာတော့ မကြောက်တဲ့သူ ဘယ်သူမှ မရှိဘူးလေ။
လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်စွန်းက လှောင်ပြောင်သံ တစ်ခု ထွက်ပေါ်လာပြီး သူဟာ လူတိုင်းအတွက် ပို၍ပို၍ လျှို့ဝှက် ဆန်းကြယ်လာခဲ့သည်။ သူတော်စင်တစ်ပိုင်း သခင်တစ်စုပင်လျှင် မည်သူမျှ အလျင်စလို မပြေးဝံ့ချေ။
လူတိုင်းက လုရွှမ်ကို သူတော်စင်တစ်ပိုင်းကို သတ်နိုင်သူလို့ သူတော်စင်တစ်ပိုင်းနဲ့ တန်းတူပဲလို့ မှတ်ယူနေကြပြီ ဖြစ်သည်။
လူသိပ် မကျန်တော့ပါ။ အားလုံးနီးပါးက တပ်ဖွဲ့ကြီးတွေက လာတဲ့ အင်အားကြီးသူတွေသာ ကျန်ရစ်ကာ မြို့ထောင်ချီမဟာမိတ်၊ တော်ဝင်အင်ပါယာတွေက လာတဲ့ လူတွေအားလုံး သေကြေ ဒဏ်ရာရနေကြပြီ။
လုရွှမ်သည် လူအုပ်ထဲတွင် ယန်ရှီး၊ ကျိုးကျိုး၊ ထျန်ကျွင့်နမ်နှင့် စွင်းလင်တို့ကို တွေ့လိုက်ရသည်။ ထိုလူများ၏ မျက်လုံးထဲတွင်လည်း အံ့ဩ တုန်လှုပ်နေကြောင်း အလွန်ထင်ရှားလှသည်။
လုရွှမ်၏ အကြည့်ကို မြင်လိုက်ရသည်နှင့် တစ်ဖက်လူကို မကြည့်ဝံ့ဘဲ ခပ်မြန်မြန် ခေါင်းငုံ့ကြသည်။
"အားလုံးပဲ... ဒီနတ်ဘုရားအသွင်ပြောင်း ဆေးလုံးကို ငါ သန့်စင်ထားတာ... အခု ငါအဲဒါကို ပြန်ယူချင်တယ်... မင်းတို့မှာ ကန့်ကွက် ချင်တာရှိလား"
လုရွှမ် အသံလွင့်လိုက်သည်။ သူ့အသံက ကျယ်လောင်ပြီး အာရုံစူးစိုက်မှုရှိတဲ့ သတ္တဝါအားလုံးကို ငုံ့ကြည့်လိုက်ရင်း ရောက်လာတဲ့ လူတွေကို လုံးဝ ဂရုမစိုက်သည့်ပုံပင်။
ခဏကြာတဲ့အထိ ဘယ်သူကမှ စကားမပြောလာကြပေ။
လုရွှမ် မနှေးမမြန်သော အရှိန်ဖြင့် တိမ်မြုပ်နေသော နေရာကို တဖြည်းဖြည်း ချဉ်းကပ်လာသည်။ ယခုအခိုက်အတန့်တွင် ဤနေရာ၌ ရေအိုင်တစ်ခု ဖြစ်ပေါ်လာပြီး မြေအောက်ရေများ တက်လာပြီး ဝိညာဉ်စွမ်းအင် လှိုင်းလုံးများပါ လျှံထွက်ကာ တဒုန်းဒုန်း ခုန်နေသည်။
မကြာသေးမီက ဤနေရာသည် မြုံနေသော တောင်တစ်လုံး ဖြစ်ခဲ့သော်လည်း ယခုအခါ ၎င်းသည် ရေကန်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ အင်ပါယာအတွင်းရှိ အချို့သော အင်အားစုများထက်တွင်ပင် ဤနေရာသည် သန့်စင်ပြီး ကြွယ်ဝသည်ဟု ထင်ထင်ရှားရှား ခံစားနိုင်မည် ဖြစ်သည်။
အချိန်တိုအတွင်း ဤနေရာသည် လေ့ကျင့်ရာ နေရာတစ်ခု ဖြစ်လာနိုင်သလို ဤနေရာကို သိမ်းပိုက်ပြီး ဂိုဏ်းထူထောင်မည့် သခင်အချို့လည်း ရှိကောင်းရှိလာလိမ့်မည်ဟု စိတ်ကူးကြည့်ရုံဖြင့် သိနိုင်သည်။
"ခဏ!"
နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် နားမလည်နိုင်စွာ အော်ဟစ်လိုက်သည်။ တချို့လူများက သက်ပြင်းချမိသလို တချို့ကလည်း စိတ်ထဲ ထင့်သွားကြသည်။
လုရွှမ် သူ့ခေါင်းကို လှည့်လိုက်သော အခါတွင် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးကို တွေ့ရလေ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် တောက်ကျင့်စဥ် အငွေ့အသက် မရှိဘဲ ထူးထူးခြားခြား ခံ့ညားသော ပုံစံရှိသူ ဖြစ်သည်။ သူသည် ဧကရာဇ်အင်ပါယာ မိသားစုတစ်စုမှ လူဖြစ်နိုင်သည်။
"ညီလေး... မင်း ဒီဆေးလုံးကို သန့်စင်ခဲ့တယ်လို့ ပြောခဲ့တာလား?"
"ဒါပေါ့!"
လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်လိုက်ကာ လက်သီးများကို ဆုပ်လိုက်ပြီး
"ဟဲရှို့အင်ပါယာရဲ့ တော်ဝင်မိသားစုက ဖြစ်တဲ့ ကျန်းထုံက ဒီကညီလေးကို ဟဲရှို့ ဧကရာဇ်အင်ပါယာကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်... မင်းလိုအပ်သမျှ ပစ္စည်းတွေကို ပေးလို့ရတယ်... ဒါကြောင့် ကျုပ်တို့အတွက် ဆေးလုံးသန့်စင်တဲ့ နေရာမှာ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်"
အနီးနားရှိလူများ အံ့အားသင့်သွား၏။ လုရွှမ်ကို ဆေးလုံးသန့်စင်ဖို့ ဖိတ်ကြားခံရမယ်လို့ မမျှော်လင့်ထားခဲ့ကြပေ။ ဒါပေမဲ့ မကြာခင်မှာ လူတိုင်းကလည်း တုံ့ပြန်ကြတော့၏။
ဟုတ်ပါတယ် ဒီညီငယ်က ဒီဆေးကို သန့်စင်နိုင်တဲ့အတွက် ဒုတိယအကြိမ် နဲ့ တတိယ အကြိမ်ကိုလည်း သဘာဝကျကျ သန့်စင်ပေးနိုင်မှာပဲ။ ဒါဆို ဒီဆေးကို လုယူပြီး အချင်းချင်း သတ်ဖို့ မလိုအပ်တော့ဘူး။
"မိတ်ဆွေလေး... ကျုပ်က တုံးထျန်းဧကရာဇ် အင်ပါယာ ကျန်းမိသားစု..."
"ပိုင်လီ ဧကရာဇ်အင်ပါယာ..."
...
လူတစ်စုက သူတို့ရဲ့ အထောက်အထားတွေကို ကျယ်လောင်စွာ ထုတ်ဖော်ပြီး လုရွှမ်ကို သူတို့ရဲ့ မိသားစုဆီ လာလည်ဖို့ ဖိတ်ခေါ်လိုက်ပါတော့သည်။
ထိုအခိုက် အေးစက်စက် နှာမှုတ်သံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အသံက သိပ်မကျယ်ပေမယ့် လူတိုင်းရဲ့ နားထဲကို ပဲ့တင်ထပ်သွားရာ ခဏအတွင်း လူတိုင်းရဲ့ အာရုံစိုက်မှုကို ရရှိသွား၏။
လုရွှမ် မျက်မှောင်ကြုတ်ကာ ဦးလှည့်ကြည့်လိုက်သည်။ တစ်ဖက်လူသည် သားရဲခန်းမမှ ဖြစ်ဟန်တူသည်။ သူ သားရဲခန်းမကို ရောက်ခဲ့စဥ်က ဟယ်ချောင်တစ်ယောက် ထိုလူတစ်စုကို တလေးတစား ဖိတ်ခေါ်ထားတာကို တွေ့လိုက်ရသည်လေ။
ထိုလူသည် သူတို့ထဲမှ တစ်ယောက် ဖြစ်သည်။
သားရဲခန်းမသည် ကြီးမားသော ဂိုဏ်းခြောက်ခုအနက်မှ သားရဲတစ်သောင်းဂိုဏ်း၏ ဆင့်ကဲ အကိုင်းအခတ် ဖြစ်ခဲ့ဖူးပြီး ၎င်း၏စွမ်းအားသည် အမှန်တကယ်ပင် ထူးထူးခြားခြား ဖြစ်သည်။
ဤအဘိုးကြီး၏ ခွန်အားသည် သူတော်စင်တစ်ပိုင်းများကြားတွင် တန်ခိုးအရှိဆုံးဟု ယူဆနိုင်၏။
"ဒီအဘိုးကြီးကို ယွီခွမ်းလို့ ခေါ်ပါတယ်... ကျုပ် အဂ္ဂိရတ်ပညာ အကြောင်းကို နည်းနည်းတော့ သိတယ်... ဒီလိုနတ်ဆေးလုံး မွေးဖွားလာတဲ့အခါ ကောင်းကင်နဲ့ မြေကြီးက တုံ့ပြန်လာလိမ့်မယ်... ဒါပေမဲ့ နတ်ဆေးလုံးကို သန့်စင်ဖို့ လွယ်နေရင် ဘယ်လိုလုပ် ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမစွမ်းအင်တွေ တရစပ် ကျလာပါ့မလဲ?"
"ဘယ်လိုလဲဆိုတော့ ကောင်းကင်နဲ့ မြေကြီးကို တုံ့ပြန်စေတဲ့ နတ်ဆေးလုံး ပေါ်ထွက်လာဖို့ ဆိုတာ မလွယ်ဘူးလေ... ညီလေးကို မေးပါရစေ ဒီလိုဆေးလုံးသာ ဒုတိယအကြိမ် ပေါ်လာနိုင်ခဲ့ရင် လောကကြီးကို ရယ်စရာ ဖြစ်မသွားဘူးလား?"
"ကောင်လေး.... ငါပြောတာမှန်လား မသိဘူး??"
ယွီခွမ်းက အော်လိုက်ပြီး သူ့အသံက နိမ့်ပြီး အေးစက်နေတော့ လူတွေကို အလိုအလျောက် တုန်လှုပ်လာစေ၏။
"ဟားဟား... လူကြီးက တကယ်ကို အမြော်အမြင် ရှိတာပဲ.... ဟုတ်တယ် ဒီလိုနတ်ဆေးလုံးက တစ်မျိုးပဲ ရှိတယ်"
လုရွှမ်က ရယ်လျက် ဆိုလိုက်၏။
လုရွှမ် ဝန်ခံလိုက်ကို ကြားတော့ တခဏအတွင်းမှာပင် လူတိုင်း၏ မျက်လုံးများသည် ဒေါသမီးတောက်ကြီးများ အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် လုရွှမ်သည် သူတို့၏ပြက်လုံးများကို ရှင်းရှင်းလင်းလင်း ကြည့်ကာ ပစ္စည်းများယူရန် စောင့်ဆိုင်းပြီးနောက် လျှပ်တစ်ပြက် ထွက်ပြေးသွားတော့မှာ ဖြစ်လေသည်။
"လူတိုင်း စိတ်ဝင်စားရင် မိုးကြိုး အရေအတွက်က ၂၆ ကြိမ်မြောက် ရှိသွားပြီဆိုတာ တွေ့မှာပါ.... မိုးခြိမ်းသံ တစ်ချက်မှာ မိုးကြိုး ၉ချက်တိတိ ပစ်တယ်... ငါမှန်းတာသာ မှန်မယ်ဆိုရင် နောက်ဆုံး တစ်ချက် ကျန်သေးတယ် ဟုတ်တယ်မလား?"
အားလုံးက အံ့အားသင့်သွားကာ လုရွှမ်ကို ချက်ချင်း သတ်ပစ်ချင်စိတ်များ ပေါ်လာကြသည်။
လုရွှမ် မှော်ဆေးလုံးကို ယူဖို့ လက်ဟန်ခြေဟန်နဲ့ လုပ်လိုက်ရုံနဲ့ သူက သူတို့ကို ထပ်ပြီး ကြံစည်နေမှန်း သိသာထင်ရှား၏။ ယွီခွမ်းရဲ့ အကြံပြုချက်ကြောင့်သာ မဟုတ်ရင် သူတို့ရဲ့ အသက်ကို ပေးဆပ်လိုက်ရပြီပေါ့။
"ယုတ်မာတဲ့ကောင် မင်းသေလိုက်တော့!!"
ဒေါသထွက်နေသော ကျိန်စာများနှင့် အော်ဟစ်သံများက လုရွှမ်ဆီသို့ ပျံ့နှံ့သွားသည်။ လုရွှမ်ရဲ့ အလိမ်အညာ နည်းလမ်းကြောင့်သာ မဟုတ်ပါက လူတိုင်းကို အပိုင်းပိုင်း ဖြတ်ပြီးနေလောက်ပြီ။
"လူတိုင်း မလောကြပါနဲ့... နောက်ဆုံး မိုးကြိုးပစ်ချက် ရှိပါသေးတယ်.... နောက်ဆုံး မိုးကြိုးပစ်ချက်ကို သူ့ကိုပဲ ဖြတ်ကျော်ခိုင်းကြစို့... ပြီးရင်တော့ ကျုပ်တို့ရဲ့ အစွမ်းအစနဲ့ ဒီနတ်ဆေးလုံးကို ဘယ်လို ရယူမလဲ ဆက်ဆွေးနွေးကြမယ်"
လူများစွာက ကျယ်လောင်စွာ လက်ခုပ်တီးပြီး လုရွှမ်ကို ဝိုင်းရံကာ သူ့ကို တင်ပြခိုင်းသည်။
ထိုအခါ လုရွှမ်လည်း သားရဲခန်းမထဲက လူအုပ်စုကို ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"အံ့သြစရာပဲ အံ့သြစရာပဲ... သားရဲခန်းမက တကယ်ကို အစွမ်းထက်ပါတယ် ငါသေသွားပြီးရင် မင်းတို့ရဲ့ သားရဲခန်းမကပဲ အခွင့်ကောင်း ယူသွားမှာကို ကြောက်ရတယ်"
"ငါ အကြိမ်ကြိမ် ကြံစည်ချင်ခဲ့ပါတယ်... မင်းတစ်ယောက်ထဲ ခွန်အားတွေ မဆုံးရှုံးခဲ့ရဘဲ တခြားသူတွေရဲ့ ခွန်အားတွေ အများကြီး လျော့သွားအောင် စောင့်ပြီးမှ ငါ့ရဲ့ တွက်ချက်မှုတွေကို ဖော်ထုတ်ပြခဲ့တာ.... တခြားသူတွေက နတ်ဘုရားဆေးကို လိုချင်ရင်တောင် ကျေးဇူးတင်ရမှာပဲ.... ခွန်အားတွေနဲ့ တွက်ကြည့်ရင် မင်းမှာငါတို့ကို ပြန်တိုက်ခိုက်နိုင်တဲ့ စွမ်းအားမျိုး မရှိဘူးလေ"
"ဟားဟားဟား!!" လုရွှမ် သူ့လက်ဖဝါးဖြင့် ပြင်းပြင်းထန်ထန် လက်ခုပ် တီးလိုက်ပြီး
"တွက်ချက်သွားတာ အရမ်းကောင်းတယ်.... အားလုံးကို ရှင်းရှင်းလင်းလင်း တွက်ချက်နိုင်တာပဲ.... မင်းနဲ့ ယှဉ်လိုက်ရင် ကိုယ့်ကိုကိုယ့် တကယ့်ကို အရေးမပါတော့သလို ခံစားရတယ်... ရှက်လိုက်တာ!"
ထိုအခါ ယွီခွမ်းကလည်း တဟားဟား ရယ်ရင်း
"ကောင်လေး မင်းအခု ဒီကလူတွေနဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်နေပြီ... မင်းရဲ့မဖြစ်မနေ တိုက်ပွဲဝင်ရမယ့် ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး.... ဟုတ်တယ် ငါက မှော်ဆေးလုံးကို လိုချင်တယ် ဒါပေမဲ့ မင်းကို ရက်ရောတဲ့ လျော်ကြေးပေးမှာပါ မင်းဘယ်လိုထင်လဲ?"
"ဟုတ်တယ်... ပြောတာက ကျိုးကြောင်း ဆီလျော်တယ်.... မင်းရဲ့ဆေးလုံးကို မယူရဘူး ဆိုရင်တောင် မင်းလို လူယုတ်မာကို ငါသတ်ပစ်မယ်.... မင်းကြောင့် ငါ့မိသားစုထဲမှာ တစ်ယောက်ပဲ ကျန်တော့တယ်.... မင်းကို လွှတ်ပေးနိုင်မယ်လို့ ထင်နေလား?"
Chapter (80) Arc 4
ဘယ္သူက ပိုပါးနပ္မလဲ
ထိုသူေတာ္စင္တစ္ပိုင္း က်င့္ႀကံသူသည္ သူ႕လက္ထဲ ေဆးလုံးကို ကိုင္ၿပီး ေျပးထြက္သြားေလ၏။
သို႔ေသာ္ ႐ုတ္တရက္ သူ႕လက္ထဲက ေဆးလုံးက လႈပ္လာတာကို ခံစားလိုက္ရၿပီး အံ့အားသင့္သြားကာ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ေတာ့ ေတာက္ပတဲ့ အျဖဴေရာင္ အလင္းတန္းတစ္ခု ေကာင္းကင္ကေန ထိုးက်လာခဲ့ေတာ့သည္။
သူ မလႈပ္နိုင္ေတာ့ေပ။ ေနာက္ဆုံး အေတြးထဲကို ေရာက္လာခဲ့တဲ့ စကားလုံးကေတာ့ သူ လွည့္စားခံရျပန္ၿပီ!
အျဖဴေရာင္ အလင္းေရာင္သည္ ၿပိဳးၿပိဳးျပက္ျပက္ႏွင့္ ေၾကာက္မက္ဖြယ္ ေကာင္းလွသည္။ အျဖဴေရာင္ အလင္းေရာင္ မွိန္ေဖ်ာ့သြားၿပီးေနာက္ လူတိုင္း ေၾကာက္လန႔္ေနေသာ ကေလးမ်ားကဲ့သို႔ ေနာက္သို႔ အသည္းအသန္ ထြက္ေျပးၾကသည္။
ဤတစ္ႀကိမ္တြင္ ေကာင္းကင္ယံ၌ မိုးၿခိမ္းသံသည္ ပိုမိုျပင္းထန္လာၿပီး မိုင္ဝက္အကြာအေဝးကို ျဖတ္ေက်ာ္ ဝင္ေရာက္လာခဲ့သည္။ လူတစ္ေယာက္အေပၚ တိုက္ရိုက္ ပစ္ခ်လိဳက္ေသာေၾကာင့္ ယခင္ကလို တြင္းနက္ႀကီး ျဖစ္မလာခဲ့ေပ။
အသက္ရွင္ေနေသးေသာ သူမ်ားသည္ လု႐ႊမ္ကို ထိတ္လန႔္စြာ ၾကည့္ေနၾကၿပီး သူတို႔၏ မ်က္လုံးမ်ားထဲတြင္ ေၾကာက္႐ြံ႕မႈ အလင္းေရာင္မ်ား ျပင္းထန္စြာ ေတာက္ပေန၏။ ဒီလိုလူဟာ ထူးထူးျခားျခား ဉာဏ္ရည္ဉာဏ္ေသြးနဲ႕ ခြန္အားေတြ ရွိၿပီး သူ႕ကို ေစာ္ကားမိရင္ တကယ္ပဲ ရလဒ္ေကာင္းေတြ ရလာမွာ မဟုတ္ေခ်။
လူတိုင္းရဲ႕ ႏွလုံးသားေတြက လြင့္ေမ်ာေနသလိုပဲ တခ်ိဳ႕လူေတြက အလြန္အမင္း ေၾကာက္လန႔္ တုန္လႈပ္ေနၾက၏။ သူတို႔ေရွ႕က အေျခအေန ေအာက္မွာေတာ့ မေၾကာက္တဲ့သူ ဘယ္သူမွ မရွိဘူးေလ။
လု႐ႊမ္ရဲ႕ ႏႈတ္ခမ္းေထာင့္စြန္းက ေလွာင္ေျပာင္သံ တစ္ခု ထြက္ေပၚလာၿပီး သူဟာ လူတိုင္းအတြက္ ပို၍ပို၍ လွ်ို႔ဝွက္ ဆန္းၾကယ္လာခဲ့သည္။ သူေတာ္စင္တစ္ပိုင္း သခင္တစ္စုပင္လွ်င္ မည္သူမွ် အလ်င္စလို မေျပးဝံ့ေခ်။
လူတိုင္းက လု႐ႊမ္ကို သူေတာ္စင္တစ္ပိုင္းကို သတ္နိုင္သူလို႔ သူေတာ္စင္တစ္ပိုင္းနဲ႕ တန္းတူပဲလို႔ မွတ္ယူေနၾကၿပီ ျဖစ္သည္။
လူသိပ္ မက်န္ေတာ့ပါ။ အားလုံးနီးပါးက တပ္ဖြဲ႕ႀကီးေတြက လာတဲ့ အင္အားႀကီးသူေတြသာ က်န္ရစ္ကာ ၿမိဳ႕ေထာင္ခ်ီမဟာမိတ္၊ ေတာ္ဝင္အင္ပါယာေတြက လာတဲ့ လူေတြအားလုံး ေသေၾက ဒဏ္ရာရေနၾကၿပီ။
လု႐ႊမ္သည္ လူအုပ္ထဲတြင္ ယန္ရွီး၊ က်ိဳးက်ိဳး၊ ထ်န္ကြၽင့္နမ္ႏွင့္ စြင္းလင္တို႔ကို ေတြ႕လိုက္ရသည္။ ထိုလူမ်ား၏ မ်က္လုံးထဲတြင္လည္း အံ့ဩ တုန္လႈပ္ေနေၾကာင္း အလြန္ထင္ရွားလွသည္။
လု႐ႊမ္၏ အၾကည့္ကို ျမင္လိုက္ရသည္ႏွင့္ တစ္ဖက္လူကို မၾကည့္ဝံ့ဘဲ ခပ္ျမန္ျမန္ ေခါင္းငုံ႕ၾကသည္။
"အားလုံးပဲ... ဒီနတ္ဘုရားအသြင္ေျပာင္း ေဆးလုံးကို ငါ သန႔္စင္ထားတာ... အခု ငါအဲဒါကို ျပန္ယူခ်င္တယ္... မင္းတို႔မွာ ကန႔္ကြက္ ခ်င္တာရွိလား"
လု႐ႊမ္ အသံလြင့္လိုက္သည္။ သူ႕အသံက က်ယ္ေလာင္ၿပီး အာ႐ုံစူးစိုက္မႈရွိတဲ့ သတၱဝါအားလုံးကို ငုံ႕ၾကည့္လိုက္ရင္း ေရာက္လာတဲ့ လူေတြကို လုံးဝ ဂ႐ုမစိုက္သည့္ပုံပင္။
ခဏၾကာတဲ့အထိ ဘယ္သူကမွ စကားမေျပာလာၾကေပ။
လု႐ႊမ္ မႏွေးမျမန္ေသာ အရွိန္ျဖင့္ တိမ္ျမဳပ္ေနေသာ ေနရာကို တျဖည္းျဖည္း ခ်ဥ္းကပ္လာသည္။ ယခုအခိုက္အတန႔္တြင္ ဤေနရာ၌ ေရအိုင္တစ္ခု ျဖစ္ေပၚလာၿပီး ေျမေအာက္ေရမ်ား တက္လာၿပီး ဝိညာဥ္စြမ္းအင္ လွိုင္းလုံးမ်ားပါ လွ်ံထြက္ကာ တဒုန္းဒုန္း ခုန္ေနသည္။
မၾကာေသးမီက ဤေနရာသည္ ၿမဳံေနေသာ ေတာင္တစ္လုံး ျဖစ္ခဲ့ေသာ္လည္း ယခုအခါ ၎သည္ ေရကန္တစ္ခု အျဖစ္သို႔ ေျပာင္းလဲသြားကာ အင္ပါယာအတြင္းရွိ အခ်ိဳ႕ေသာ အင္အားစုမ်ားထက္တြင္ပင္ ဤေနရာသည္ သန႔္စင္ၿပီး ႂကြယ္ဝသည္ဟု ထင္ထင္ရွားရွား ခံစားနိုင္မည္ ျဖစ္သည္။
အခ်ိန္တိုအတြင္း ဤေနရာသည္ ေလ့က်င့္ရာ ေနရာတစ္ခု ျဖစ္လာနိုင္သလို ဤေနရာကို သိမ္းပိုက္ၿပီး ဂိုဏ္းထူေထာင္မည့္ သခင္အခ်ိဳ႕လည္း ရွိေကာင္းရွိလာလိမ့္မည္ဟု စိတ္ကူးၾကည့္႐ုံျဖင့္ သိနိုင္သည္။
"ခဏ!"
ေနာက္ဆုံးတြင္ တစ္စုံတစ္ေယာက္သည္ နားမလည္နိုင္စြာ ေအာ္ဟစ္လိုက္သည္။ တခ်ိဳ႕လူမ်ားက သက္ျပင္းခ်မိသလို တခ်ိဳ႕ကလည္း စိတ္ထဲ ထင့္သြားၾကသည္။
လု႐ႊမ္ သူ႕ေခါင္းကို လွည့္လိုက္ေသာ အခါတြင္ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသား တစ္ဦးကို ေတြ႕ရေလ၏။ သူ႕ခႏၶာကိုယ္ေပၚတြင္ ေတာက္က်င့္စဥ္ အေငြ႕အသက္ မရွိဘဲ ထူးထူးျခားျခား ခံ့ညားေသာ ပုံစံရွိသူ ျဖစ္သည္။ သူသည္ ဧကရာဇ္အင္ပါယာ မိသားစုတစ္စုမွ လူျဖစ္နိုင္သည္။
"ညီေလး... မင္း ဒီေဆးလုံးကို သန႔္စင္ခဲ့တယ္လို႔ ေျပာခဲ့တာလား?"
"ဒါေပါ့!"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက ရယ္လိုက္ကာ လက္သီးမ်ားကို ဆုပ္လိုက္ၿပီး
"ဟဲရွို႔အင္ပါယာရဲ႕ ေတာ္ဝင္မိသားစုက ျဖစ္တဲ့ က်န္းထုံက ဒီကညီေလးကို ဟဲရွို႔ ဧကရာဇ္အင္ပါယာကို လာလည္ဖို႔ ဖိတ္ေခၚပါတယ္... မင္းလိုအပ္သမွ် ပစၥည္းေတြကို ေပးလို႔ရတယ္... ဒါေၾကာင့္ က်ဳပ္တို႔အတြက္ ေဆးလုံးသန့္စင္တဲ့ ေနရာမွာ ကူညီေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္"
အနီးနားရွိလူမ်ား အံ့အားသင့္သြား၏။ လု႐ႊမ္ကို ေဆးလုံးသန့္စင္ဖို႔ ဖိတ္ၾကားခံရမယ္လို႔ မေမွ်ာ္လင့္ထားခဲ့ၾကေပ။ ဒါေပမဲ့ မၾကာခင္မွာ လူတိုင္းကလည္း တုံ႕ျပန္ၾကေတာ့၏။
ဟုတ္ပါတယ္ ဒီညီငယ္က ဒီေဆးကို သန့္စင္နိုင္တဲ့အတြက္ ဒုတိယအႀကိမ္ နဲ႕ တတိယ အႀကိမ္ကိုလည္း သဘာဝက်က် သန႔္စင္ေပးနိုင္မွာပဲ။ ဒါဆို ဒီေဆးကို လုယူၿပီး အခ်င္းခ်င္း သတ္ဖို႔ မလိုအပ္ေတာ့ဘူး။
"မိတ္ေဆြေလး... က်ဳပ္က တုံးထ်န္းဧကရာဇ္ အင္ပါယာ က်န္းမိသားစု..."
"ပိုင္လီ ဧကရာဇ္အင္ပါယာ..."
...
လူတစ္စုက သူတို႔ရဲ႕ အေထာက္အထားေတြကို က်ယ္ေလာင္စြာ ထုတ္ေဖာ္ၿပီး လု႐ႊမ္ကို သူတို႔ရဲ႕ မိသားစုဆီ လာလည္ဖို႔ ဖိတ္ေခၚလိုက္ပါေတာ့သည္။
ထိုအခိုက္ ေအးစက္စက္ ႏွာမႈတ္သံတစ္သံက ႐ုတ္တရက္ ထြက္ေပၚလာခဲ့သည္။ အသံက သိပ္မက်ယ္ေပမယ့္ လူတိုင္းရဲ႕ နားထဲကို ပဲ့တင္ထပ္သြားရာ ခဏအတြင္း လူတိုင္းရဲ႕ အာ႐ုံစိုက္မႈကို ရရွိသြား၏။
လု႐ႊမ္ မ်က္ေမွာင္ၾကဳတ္ကာ ဦးလွည့္ၾကည့္လိုက္သည္။ တစ္ဖက္လူသည္ သားရဲခန္းမမွ ျဖစ္ဟန္တူသည္။ သူ သားရဲခန္းမကို ေရာက္ခဲ့စဥ္က ဟယ္ေခ်ာင္တစ္ေယာက္ ထိုလူတစ္စုကို တေလးတစား ဖိတ္ေခၚထားတာကို ေတြ႕လိုက္ရသည္ေလ။
ထိုလူသည္ သူတို႔ထဲမွ တစ္ေယာက္ ျဖစ္သည္။
သားရဲခန္းမသည္ ႀကီးမားေသာ ဂိုဏ္းေျခာက္ခုအနက္မွ သားရဲတစ္ေသာင္းဂိုဏ္း၏ ဆင့္ကဲ အကိုင္းအခတ္ ျဖစ္ခဲ့ဖူးၿပီး ၎၏စြမ္းအားသည္ အမွန္တကယ္ပင္ ထူးထူးျခားျခား ျဖစ္သည္။
ဤအဘိုးႀကီး၏ ခြန္အားသည္ သူေတာ္စင္တစ္ပိုင္းမ်ားၾကားတြင္ တန္ခိုးအရွိဆုံးဟု ယူဆနိုင္၏။
"ဒီအဘိုးႀကီးကို ယြီခြမ္းလို႔ ေခၚပါတယ္... က်ဳပ္ အဂၢိရတ္ပညာ အေၾကာင္းကို နည္းနည္းေတာ့ သိတယ္... ဒီလိုနတ္ေဆးလုံး ေမြးဖြားလာတဲ့အခါ ေကာင္းကင္နဲ႕ ေျမႀကီးက တုံ႕ျပန္လာလိမ့္မယ္... ဒါေပမဲ့ နတ္ေဆးလုံးကို သန့္စင္ဖို႔ လြယ္ေနရင္ ဘယ္လိုလုပ္ ေကာင္းကင္နဲ႕ ေျမႀကီးရဲ႕ နိယာမစြမ္းအင္ေတြ တရစပ္ က်လာပါ့မလဲ?"
"ဘယ္လိုလဲဆိုေတာ့ ေကာင္းကင္နဲ႕ ေျမႀကီးကို တုံ႕ျပန္ေစတဲ့ နတ္ေဆးလုံး ေပၚထြက္လာဖို႔ ဆိုတာ မလြယ္ဘူးေလ... ညီေလးကို ေမးပါရေစ ဒီလိုေဆးလုံးသာ ဒုတိယအႀကိမ္ ေပၚလာနိုင္ခဲ့ရင္ ေလာကႀကီးကို ရယ္စရာ ျဖစ္မသြားဘူးလား?"
"ေကာင္ေလး.... ငါေျပာတာမွန္လား မသိဘူး??"
ယြီခြမ္းက ေအာ္လိုက္ၿပီး သူ႕အသံက နိမ့္ၿပီး ေအးစက္ေနေတာ့ လူေတြကို အလိုအေလ်ာက္ တုန္လႈပ္လာေစ၏။
"ဟားဟား... လူႀကီးက တကယ္ကို အေျမာ္အျမင္ ရွိတာပဲ.... ဟုတ္တယ္ ဒီလိုနတ္ေဆးလုံးက တစ္မ်ိဳးပဲ ရွိတယ္"
လု႐ႊမ္က ရယ္လ်က္ ဆိုလိုက္၏။
လု႐ႊမ္ ဝန္ခံလိုက္ကို ၾကားေတာ့ တခဏအတြင္းမွာပင္ လူတိုင္း၏ မ်က္လုံးမ်ားသည္ ေဒါသမီးေတာက္ႀကီးမ်ား အျဖစ္ ေျပာင္းလဲသြားခဲ့သည္။ ထို႔ေနာက္ လု႐ႊမ္သည္ သူတို႔၏ျပက္လုံးမ်ားကို ရွင္းရွင္းလင္းလင္း ၾကည့္ကာ ပစၥည္းမ်ားယူရန္ ေစာင့္ဆိုင္းၿပီးေနာက္ လွ်ပ္တစ္ျပက္ ထြက္ေျပးသြားေတာ့မွာ ျဖစ္ေလသည္။
"လူတိုင္း စိတ္ဝင္စားရင္ မိုးႀကိဳး အေရအတြက္က ၂၆ ႀကိမ္ေျမာက္ ရွိသြားၿပီဆိုတာ ေတြ႕မွာပါ.... မိုးၿခိမ္းသံ တစ္ခ်က္မွာ မိုးႀကိဳး ၉ခ်က္တိတိ ပစ္တယ္... ငါမွန္းတာသာ မွန္မယ္ဆိုရင္ ေနာက္ဆုံး တစ္ခ်က္ က်န္ေသးတယ္ ဟုတ္တယ္မလား?"
အားလုံးက အံ့အားသင့္သြားကာ လု႐ႊမ္ကို ခ်က္ခ်င္း သတ္ပစ္ခ်င္စိတ္မ်ား ေပၚလာၾကသည္။
လု႐ႊမ္ ေမွာ္ေဆးလုံးကို ယူဖို႔ လက္ဟန္ေျခဟန္နဲ႕ လုပ္လိုက္႐ုံနဲ႕ သူက သူတို႔ကို ထပ္ၿပီး ႀကံစည္ေနမွန္း သိသာထင္ရွား၏။ ယြီခြမ္းရဲ႕ အႀကံျပဳခ်က္ေၾကာင့္သာ မဟုတ္ရင္ သူတို႔ရဲ႕ အသက္ကို ေပးဆပ္လိုက္ရၿပီေပါ့။
"ယုတ္မာတဲ့ေကာင္ မင္းေသလိုက္ေတာ့!!"
ေဒါသထြက္ေနေသာ က်ိန္စာမ်ားႏွင့္ ေအာ္ဟစ္သံမ်ားက လု႐ႊမ္ဆီသို႔ ပ်ံ့ႏွံ႕သြားသည္။ လု႐ႊမ္ရဲ႕ အလိမ္အညာ နည္းလမ္းေၾကာင့္သာ မဟုတ္ပါက လူတိုင္းကို အပိုင္းပိုင္း ျဖတ္ၿပီးေနေလာက္ၿပီ။
"လူတိုင္း မေလာၾကပါနဲ႕... ေနာက္ဆုံး မိုးႀကိဳးပစ္ခ်က္ ရွိပါေသးတယ္.... ေနာက္ဆုံး မိုးႀကိဳးပစ္ခ်က္ကို သူ႕ကိုပဲ ျဖတ္ေက်ာ္ခိုင္းၾကစို႔... ၿပီးရင္ေတာ့ က်ဳပ္တို႔ရဲ႕ အစြမ္းအစနဲ႕ ဒီနတ္ေဆးလုံးကို ဘယ္လို ရယူမလဲ ဆက္ေဆြးႏြေးၾကမယ္"
လူမ်ားစြာက က်ယ္ေလာင္စြာ လက္ခုပ္တီးၿပီး လု႐ႊမ္ကို ဝိုင္းရံကာ သူ႕ကို တင္ျပခိုင္းသည္။
ထိုအခါ လု႐ႊမ္လည္း သားရဲခန္းမထဲက လူအုပ္စုကို ၾကည့္ၿပီး က်ယ္ေလာင္စြာ ရယ္ေမာလိုက္ေလသည္။
"အံ့ၾသစရာပဲ အံ့ၾသစရာပဲ... သားရဲခန္းမက တကယ္ကို အစြမ္းထက္ပါတယ္ ငါေသသြားၿပီးရင္ မင္းတို႔ရဲ႕ သားရဲခန္းမကပဲ အခြင့္ေကာင္း ယူသြားမွာကို ေၾကာက္ရတယ္"
"ငါ အႀကိမ္ႀကိမ္ ႀကံစည္ခ်င္ခဲ့ပါတယ္... မင္းတစ္ေယာက္ထဲ ခြန္အားေတြ မဆုံးရႈံးခဲ့ရဘဲ တျခားသူေတြရဲ႕ ခြန္အားေတြ အမ်ားႀကီး ေလ်ာ့သြားေအာင္ ေစာင့္ၿပီးမွ ငါ့ရဲ႕ တြက္ခ်က္မႈေတြကို ေဖာ္ထုတ္ျပခဲ့တာ.... တျခားသူေတြက နတ္ဘုရားေဆးကို လိုခ်င္ရင္ေတာင္ ေက်းဇူးတင္ရမွာပဲ.... ခြန္အားေတြနဲ႕ တြက္ၾကည့္ရင္ မင္းမွာငါတို႔ကို ျပန္တိုက္ခိုက္နိုင္တဲ့ စြမ္းအားမ်ိဳး မရွိဘူးေလ"
"ဟားဟားဟား!!" လု႐ႊမ္ သူ႕လက္ဖဝါးျဖင့္ ျပင္းျပင္းထန္ထန္ လက္ခုပ္ တီးလိုက္ၿပီး
"တြက္ခ်က္သြားတာ အရမ္းေကာင္းတယ္.... အားလုံးကို ရွင္းရွင္းလင္းလင္း တြက္ခ်က္နိုင္တာပဲ.... မင္းနဲ႕ ယွဥ္လိုက္ရင္ ကိုယ့္ကိုကိုယ့္ တကယ့္ကို အေရးမပါေတာ့သလို ခံစားရတယ္... ရွက္လိုက္တာ!"
ထိုအခါ ယြီခြမ္းကလည္း တဟားဟား ရယ္ရင္း
"ေကာင္ေလး မင္းအခု ဒီကလူေတြနဲ႕ သေဘာထား ကြဲလြဲမႈေတြ ျဖစ္ေနၿပီ... မင္းရဲ႕မျဖစ္မေန တိုက္ပြဲဝင္ရမယ့္ ကံၾကမၼာကေန လြတ္ေျမာက္နိုင္မွာ မဟုတ္ဘူး.... ဟုတ္တယ္ ငါက ေမွာ္ေဆးလုံးကို လိုခ်င္တယ္ ဒါေပမဲ့ မင္းကို ရက္ေရာတဲ့ ေလ်ာ္ေၾကးေပးမွာပါ မင္းဘယ္လိုထင္လဲ?"
"ဟုတ္တယ္... ေျပာတာက က်ိဳးေၾကာင္း ဆီေလ်ာ္တယ္.... မင္းရဲ႕ေဆးလုံးကို မယူရဘူး ဆိုရင္ေတာင္ မင္းလို လူယုတ္မာကို ငါသတ္ပစ္မယ္.... မင္းေၾကာင့္ ငါ့မိသားစုထဲမွာ တစ္ေယာက္ပဲ က်န္ေတာ့တယ္.... မင္းကို လႊတ္ေပးနိုင္မယ္လို႔ ထင္ေနလား?"