ใ€Žomegaแ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธโ€Œแ€”แ€ฑแ€ฌแ€€แ€บแ€€แ€ญแ€ฏแ€šแ€บแ€แ€”แ€บแ€›...

ุจูˆุงุณุทุฉ hanakim_32398

454K 59.8K 2.5K

๐˜ผ๐™จ๐™จ๐™ค๐™˜๐™ž๐™–๐™ฉ๐™š๐™™ ๐™‰๐™–๐™ข๐™š๐™จ : ็ฉฟๆˆOmegaๅŽๅ‘็Žฐ่‡ชๅทฑๆ€€ๅญ•ไบ† ๐˜ผ๐™ช๐™ฉ๐™๐™ค๐™ง(๐™จ): ้žๆœŸ่€Œ็„ถ ๐™๐™ฎ๐™ฅ๐™š: ๐™’๐™š๐™— ๐™‰๐™ค๐™ซ๐™š๐™ก(๐˜พ๐™‰) ๐™‚... ุงู„ู…ุฒูŠุฏ

Description ๐Ÿผ
Part - 1 (Z+U)
Part - 2 (Z+U)
Part - 3 (Z+U)
Part - 4 (Z+U)
Part - 5 (Z+U)
Part - 6 (Z+U)
Part - 7 (Z+U)
Part - 8 (Z+U)
Part - 9 (Z+U)
Part - 10 (Z+U)
Part - 11 (Z+U)
Part - 11 . 2 (Z+U)
Part - 12 (Z+U)
part - 13 (Z+U)
Part - 14 (Z+U)
Part - 15 (Z+U)
April Fool แ€กแ€™แ€พแ€แ€บแ€แ€›๐ŸŽ€
Part - 16 (Z+U)
Part - 17 (Z+U)
Part - 18 (Z+U)
Part - 19.1 (Z+U)
Part - 19.2 (Z+U)
Part - 20.1 (Z+U)
Part - 20.2 (Z+U)
Part - 21.1(Z+U)
Part - 21.2 ( Z+U)
Part - 22.1 (Z+U)
Part - 22.2 (Z+U)
Part - 23 (Z+U)
Part - 24 (Z+U)
Part - 25 (Z+U)
Part - 26 (Z+U)
Part - 27 (Z+U)
Part - 28 (Z+U)
Part - 29 (Z+U)
Part - 30 (Z+U)
Part - 31 (Z+U)
Part - 32 (Z+U)
Part - 33 (Z+U)
Part - 34 (Z+U)
Part - 35 (Z+U)
Part - 36 (Z+U)
Part - 37 (Z+U)
Part - 38 (Z+U)
Part - 39 (Z+U)
Part - 40 (Z+U)
Part - 41 (Z+U)
Part - 42 (Z+U)
Part 43 (Z+U)
Part - 44 (Z+U)
Part - 45 (Z+U)
Part - 46 (Z+U)
๐ŸŽ‰
Part - 47 (I'm back y'all)
Part-47
Paid GP ๐ŸŽ€
Part-48
Part-49
Part - 51

Part-50

1.3K 109 3
ุจูˆุงุณุทุฉ hanakim_32398

< 50 > [UNI]




"အန်ကယ် စုန်း?"

ချိဟန် အခန်းထဲကထွက်လာတာနဲ့ လူတစ်ယောက်နဲ့တိုက်မိတော့တာပဲ။ အစက သူအော်ငေါက်လိုက်ချင်တာပေမယ့်၊အရှေ့ကလူကိုမြင်တော့ ချက်ချင်းတ‌ရိုတသေဖြစ်သွားရတယ်။ "အန်ကယ်!ဒီကိုဘယ်လိုရောက်နေတာလဲ?"

သူ့ရှေ့ကလူမှာ သူ့အဖေရဲ့ဘယ်လက်ရုံးညာလက်ရုံးတွေထဲက တစ်ယောက်ဖြစ်ကာ ချိဟန်ငယ်ငယ်လေးကတည်းက ထိုသူ့လက်ထဲကြီးပြင်းလာခဲ့ရတာဖြစ်သည်။

ချိယွမ်ရှန်းပြီးရင် သူအကြောက်ရဆုံးသောလူပေါ့။

"ရှုကျုံးဘယ်မလဲ?" လူကြီးရဲ့အသံကမထူးမခြားနားဖြစ်ကာ သူ့ရဲ့မေးစေ့မှ မုတ်ဆိတ်များကအဆင်တန်ဆာ တစ်ခုသဖွယ်တည်ရှိနေသည်။

"သူအထဲမှာပါ"

ချိဟန်က ညွှန်ပြကာ : "ဒါပေမယ့်ဟို- သူ..."

သူ့စကားမဆုံးခင်က လူကြီးကသူ့လက်ကိုမြှောက်ပြီးတံခါးကိုဖွင့်လိုက်တယ်။ "ငါကြည့်ကြည့်မယ်"

သူတံခါးကိုဖွင့်ဖွင့်ခြင်းပဲ ဆေးအနံ့ခပ်သင်းသင်းကလေထဲပျံ့နှံ့လာခဲ့တယ်။

လူကြီးက မျက်ခုံးပင့်ကာ ခြေနှစ်လှမ်းတိုးသွားခဲ့သည်။ အထဲကလူကိုမြင်လိုက်ရချိန်မှာတော့ မနေနိုင်ပဲသူ့နှုတ်ခမ်းတွေကွေးညွတ်သွားခဲ့တယ်။ "မစ္စတာ ရှုကတကယ် စိတ်ဓာတ်ကြံ့ခိုင်တာပဲ။ဒဏ်ရာရထားတာတောင် အလှအပကိုခံစားနိုင်တုန်းပဲနော်"

မျက်နှာကျက်မှ ကြမ်းပြင်ထိရှည်လျားတဲ့ ပြတင်းဘေးမှာရပ်နေရင်း ရှုကျုံးကခေါင်းလှည့်ကာ အပြုံးနဲ့ ဆိုလာတယ်။ "မစ္စတာ စုန်းပဲ"

သူက ချိဟန်ကိုထပ်ကြည့်လာကာ : "မင်းအပြင်မှာ လုပ်စရာရှိတာလုပ်နေလိုက်၊ကိုယ် မစ္စတာစုန်းနဲ့စကားပြောလိုက်အုံးမယ်"

ချိဟန်တစ်ယောက်နှင်ထုတ်ခံလိုက်ရပြီး၊ အခန်းထဲမှာ အယ်လ်ဖာနှစ်ယောက် တစ်စားပွဲတည်းမှာထိုင်နေကြတယ်။

စုန်းမင်က ပေါ့ပေါ့ပါးပါးပဲရှုကျုံးစီ cigarette ကမ်းပေးလာတယ်။ တစ်ဖက်လူဒဏ်ရာရထားတာကို လုံးဝလျစ်လျူရှုထားလျက်ပေါ့။ လက်ဆန့်ပြီးစီးကရက်ကို မီးညှိပြီးနောက် မီးခြစ်မှ မီးတောက်သည် ရှုကျုံးရဲ့ မျက်လုံးထဲမှာ ရောင်ပြန်ဟပ်နေခဲ့သည်။

ရှုကျုံးက ခပ်တိုးတိုးချောင်းဆိုးလိုက်ပြီး cigaretteကိုမီးညှိလိုက်ကာ "ဒီမှာ ဘယ်နှစ်ယောက်ရှိနေပြီလဲ"

မျက်လုံးများကို မှိတ်ထားပြီး ခေါင်းကို မြှောက်ကာ မီးခိုးကွင်းများကို မှုတ်ထုတ်လိုက်တယ်။

မြူခိုးများက အထက်သို့ ပျံတက်သွားပြီး နီကိုတင်းရနံ့က နှာသီးဖျားအထိ ပြည့်နှက်သွားခဲ့သည်။

"အယောက်သုံးဆယ်"

ရှုကျုံး က ခေါင်းညိတ်လိုက်ပြီး "ဒီကိစ္စအတွက်တော့ ကျွန်တော့်ကိုအားကိုးလို့ရပါတယ်"

စုန်းမင်ကတစ်ဖက်လှည့်သွားကာ : "အာဖရိကက ကိစ္စအတွက်ကရော?"

ဒါကိုကြားတော့ ရှုကျုံးကပြုံးရုံသာပြုံးလာခဲ့တယ်။

စုန်းမင် : "ဒါကအန္တရာယ်များလွန်းတယ်"

"ကိစ္စမရှိပါဘူး၊ ဒီလိုနေ့မျိုး တစ်နေ့နေ့တော့ရောက်လာမှာပဲဟာ"

ရှုကျုံးက မျက်လွှာချကာ ၊သူ့မျက်လုံးထဲမှာ နူးညံ့ညင်သာသော အမူအရာ တစွန်းတစရှိလို့နေသည်။"ပြီးတော့၊သူ ကျွန်တော့်ကို သံသယဝင်ရင်တောင် ဘာလုပ်နိုင်မှာမို့လို့လဲ?"

ဒါက ဒေါပွပြီးသူ့ကို စောင့်ကြည့်ဖို့တစ်စုံတစ်ယောက် ကိုလွှတ်လိုက်ပြီး သူ့ကို အကျယ်ချုပ်ချုပ်ထားသလိုမျိုးပါပဲ။

သူ့အတွက်တော့ ပစ်ဒဏ်ကြောင့်နှစ်​ရက်​ပဲ နာကျင်​ခဲ့ရတယ်​၊နောက်ပိုင်းမှာတော့-

ရှုကျုံးကပြာခွက်ကို စုန်းမင်ရှေ့တွန်းပို့ပေးလိုက်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တိတ်တဆိတ် ပြုံးလိုက်ကြတယ်။

-ဘယ်သူက သူ့ကိုစောင့်ကြည့်မှာတဲ့လဲ?

ပြီးတော့ ဘယ်သူကမှသူ့လိုလူကို မလှည့်စားနိုင်ဘူး။

"ကိုယ့်သေတွင်း ကိုယ်တူးနေမှတော့လဲ..."

ရှုကျုံးရဲ့ မျက်လုံးများကအနည်းငယ် မှိန်‌ဖျော့သွားကာ cigaretteထိပ်မှ တောက်ပနေသော မီးပွားများကို ဖျတ်ခနဲ ငုံ့ကြည့်လိုက်တယ်။စူးရှမှုက သူ့ရဲ့ပြီးပြည့်စုံလှတဲ့မျက်ဝန်းကအကြည့်ကနေ ဖုံးကွယ်ထား၍ မရနိုင်ပေ ။"ငါ သူ့ကိုကူညီ ပေးရတော့မှာပေါ့"

(*သေတွင်းကူတူးပေးမယ်ပြောတာ)

---

ချိယွီက ရှောင်ကျိုးလေးရှေ့ တင်ပျဉ်ခွေထိုင်ကာ၊နှစ်ယောက်သားသည် တွဲလောင်းကျနေသော အမြီးလေးကို ကြည့်နေကြသည်။

ချိယွီပြောလိုက်တယ်။ "အမြီးကိုပြန်သိမ်းစမ်း"

"Shoo~~~"

"အမြီးကိုပြန်သိမ်းလို့!"

ရှောင်ကျိုးလေးက ခေါင်းခါလာပြီး "Shoo~~!"

"ဟုတ်တယ်! အဲ့လိုလေး အဲ့လိုလေး! မားမားကိုကြည့်၊မားမားစီကကြည့်ပြီးသင်ယူ!"

ချိယွီက ရုတ်တရက်သူ့လက်နှစ်ဖက်ကိုအုပ်လိုက်ကာ : "ဒီလို လေးကွေးပြီး သိမ်းမယ်"

"ပြန်ထုတ်မယ်!"

(*အမြှီးလေးကို လေ့ကျင့်ပေးနေတာ)

ရှောင်ကျိုးလေးကလဲ မားမားစီကသင်ယူထားသလို သူ့ရဲ့လက်လေးနှစ်ဖက်ကိုစုလိုက်တယ်။ လုပ်ပြီးတာနဲ့ ကလေးလေးကသူ့ဘာသာသူစိတ်လှုပ်ရှားလို့နေတယ်။မျက်လုံးလေးတွေက ကွေးညွှတ်သွားကာ သွားတန်းလေးတွေ ပေါ်တဲ့ထိပြုံးရယ်လာတယ်။

ကလေးလေးကရယ်နေပေမယ့် ၊ ချိယွီကတော့ သက်ပြင်းချလိုက်မိတယ်။

အမြှီးကဘယ်တော့မှ ပျောက်ကွယ်သွားမှာလဲ? ပိတ်ရက်တွေကအဆင်ပြေတယ်။ အိမ်တွင်းပုန်းပြီးအပြင်မထွက်ပဲနေလို့ရတယ်။ ပိတ်ရက်ကုန်သွားတဲ့ချိန်ကျ ဘယ်လိုလုပ်ကြမတုန်း? သူနဲ့ဟယ်ကျိုးက ကျောင်းစီပြန်မှာဆိုတော့ ရှောင်ကျိုးလေးကကော?

ဒီအချိန်မှာပဲ ဖုန်းကထမြည်လာတာကြောင့်၊ချိယွီကောက်ကိုင်လိုက်တယ်။ သူ့လေသံက အနည်းငယ် ခပ်ဆပ်ဆပ်ဖြစ်လို့နေတယ် : "ဟေး?"

"ချိယွီ၊ငါပါ"

အဲ့ဒါရှီးယွီရှင်းပဲ။
ချိယွီထိုင်ချလိုက်ကာ သူ့လေသံကအနည်းငယ်ပေါ့ပါးသွားတယ်။ "မင်းမနေ့က SAဖွင့်ပွဲသွားသေးလား? ငါမင်းကိုမြင်လိုက်သလိုပဲမို့လေ"

"အင်းငါသွားတယ်၊ ငါလဲမင်းကိုတွေ့ပါတယ်" ရှီးယွင်းရှင်းဝန်ခံလာတယ်။

သူသည် အလွန်တိတ်ဆိတ်သော နေရာတစ်ခုတွင် ရှိနေပုံရပြီး ၊သူ့အသံမှာလဲထူးထူးခြားခြား ရှင်းလင်းပြတ်သားနေကာ သူ့ရဲ့ဝင်သက်ထွက်သက်များကိုပင် ကြားရနိုင်သည်။

ချိယွီက ခဏလောက်စဉ်းစားလိုက်ပြီး : " ဒါနဲ့ ဘာပြောစရာရှိလို့လဲ?"

"မင်းအပြင်ထွက်လာဖို့အဆင်ပြေမလား? တစ်နေရာရာမှာတွေ့ကြရအောင်"

ချိယွီက ကလေးလေးကိုတစ်ချက်ကြည့်လိုက်ပြီး ပွေ့ဖက်ကာ ဖုန်းစီပြန်ပြောလိုက်တယ်။ "ငါတို့ဖုန်းကနေပဲ ပြောလို့မရဘူးလား?"

တစ်ဖက်မှ အသက်ရှုသံခပ်လေးလေးကိုကြားနေရသည်။ "ငါ..ငါမင်းကိုပြောစရာရှိတယ်
ပြီးတော့အဲ့ဒါက ရှောင်ကျိုးလေးနဲ့ပတ်သက်နေတယ်
ပြီးတော့ တခြားဟာတွေလဲပါတယ်"

ချိယွီက မျက်ခုံးပင့်ကာ : "ဘာတွေပါတာလဲ?"

"ငါတောင်းပန်ပါတယ်" တစ်ဖက်မှရုတ်ချည်း တောင်းပန်စကားဆိုလာခဲ့သည်။

"အသေးစိတ်ကိုနေ့လည်မှာ ပြောကြရအောင်။ မင်းအချိန်ကိုသတ်မှတ်လိုက်ပါ
အပြင်မှာတွေ့ကြ‌ရအောင်"

ချိယွီ : "???"

သူဖုန်းကို တစ်ချက်ငုံ့ကြည့်ကာ IDကိုကြည့်လိုက်သည်။ နံပါတ်ကလဲ သေချာပေါက်ရှီးယွီရှင်းနံပါတ်ပါ။ဒီလေသံက ဘာလို့သူ ပွဲဖိတ်ခံရသလိုခံစားနေရတာလဲ။

"မင်းနားထောင်နေလား?"

ချိယွီ: "နားထောင်နေပါတယ်
ငါမင်းနဲ့စကားပြောဖို့ လာတွေ့ရမယ်လို့ဆိုလိုတာလား"

"မှန်တယ်"

"ဒါဆိုခဏစောင့်၊ငါပြန်ခေါ်လိုက်မယ်"

ဖုန်းချပြီးနောက် သူ့လက်မောင်းထဲက ရှောင်ကျိုးလေးကိုငုံ့ကြည့်လိုက်တယ်။

သူ့လက်ကို ဆန့်တန်းကာ ခေါင်းလေးကိုဖွပေးလိုက်တော့ အနက်ရောင်ဆံပင်လေးတွေဟာ ရှုပ်ပွသွားခဲ့တယ်- "မင်း နဂါးမဖြစ်နိုင်ဘူးမလားဟင်? မင်းက နဂါးလားလို့? မင်းမှာ လျှို့ဝှက်ချက်တွေသိပ်များလိုက်တာကွာ

လူတိုင်းက မင်းအကြောင်းသိချင်နေကြတယ်
လူတိုင်းက မင်းကိုရှာချင်ကြတယ်"

"ဘယ်သူက ကလေးကိုထပ်ပြီးရှာချင်ပြန်ပြီလဲ?"

ဟယ်ကျိုးကလက်ထဲမှာ ပစ္စည်း တစ်ခုနဲ့အတူတံခါးတွင်းဝင်လာခဲ့တယ်။

ချိယွီ : "ဘာကြီးလဲ?'

"ပရိုမုန်း purifier"

(* purifier : လေသန့်စင်စက်တစ်မျိုးပါ။
Pheromone purifierဆိုတော့ ပရိုမုန်း သန့်စင်စက်ပေါ့)

ချိယွီရဲ့နားရွက်တွေ ချက်ချင်း ပူလာခဲ့တယ်။ "...အိုး"

လေထုဟာလဲ နားမလည်နိုင်စွာထူထပ်လာခဲ့တယ်။

ချိယွီက သူ့နှာခေါင်းထိပ်ကိုထိလိုက်ကာ ၊ ရှောင်ကျိုးလေးရဲ့အမြှီးနဲ့ကစားရန်လက်ဆန့်လိုက်တယ်။

ဟယ်ကျိုးက ချိယွီကိုတည်ငြိမ်စွာကြည့်လာကာ : "ခုနကမင်းပြောတာကလေးကိုဘယ်သူက ရှာနေတာလဲ?"

"ရှီးယွီရှင်းပါ။ သူကငါနဲ့တွေ့ချင်တယ်ပြောလို့
ကလေးနဲ့လဲပတ်သက်နေတယ်ဆိုလို့"

"မင်းလက်ခံလိုက်တာလား?"

ချိယွီကခေါင်းယမ်းကာ : "ဟင့်အင်း
သူ့ လေသံကထူးဆန်းနေပြီး စိတ်လှုပ်ရှားစိုးရိမ်နေသလိုပဲ
ပြီးတော့လဲ ငါ့ကိုသူတောင်းပန်လာတယ်

မင်းကောဘယ်လိုထင်လဲ ငါသွားသင့်လား?"

ဟယ်ကျိုးကခေါင်းငြိမ့်ပြလာကာ : "သွားလေ၊ ကိုယ်ပါလိုက်ခဲ့မယ်"

ဟယ်ကျိုးခုထိ ရှုကျုံးကိုရှီးယွီရှင်း ဆွဲခေါ်သွားခဲ့တာကိုမှတ်မိနေသေးသည်။

ရှီးယွီရှင်း တစ်ခုခုကိုနက်နက်နဲနဲဖုံးကွယ်ထားလောက်မည်။ ချိ မိသားစုနဲ့ပတ်သက်ပြီးရှာဖွေခဲ့သော်လည်း၊ ရှီးယွီရှင်းနဲ့ပတ်သက်ပြီး ဆက်ဆက်မှုကိုရှာမတွေ့ခဲ့ပေ။ ဒီလူက နက်နက်နဲနဲဖုံးကွယ်ထားလို့ပဲလား...ဒါမှမဟုတ် တစ်ယောက်ယောက်ကပဲ သူ့တည်ရှိမှုနဲ့ပတ်သက်တာတွေအကုန် တားမြစ်ဖုံးကွယ်ထားပေးလို့ပဲလား?

နောက်ကွယ်ကလူက ရှုကျုံးဖြစ်နိုင်သည်။

"သူမင်းကို ဘာပြောချင်နေလဲဆိုတာ ကိုယ်လဲသိချင်မိတယ်" ဟယ်ကျိုးကပြောလာတယ်။

"အဲ့ဒါဆိုရှောင်ကျိုးလေး‌ကကော?"

"ကိုယ်ကလေးနဲ့ကားထဲစောင့်နေမယ် ၊ မင်းသွားတွေ့လိုက်"

အစီအစဉ်ရေးဆွဲပြီးနောက်၊ ချိယွီက ရှီးယွီရှင်းကိုကော်ဖီဆိုင်တွင်တွေ့ရန် ဆက်သွယ်ခဲ့သည်။

နေ့လည်မှာ ချိယွီကအရင်ရောက်လာခဲ့တယ်။

2 နာရီကွက်တိမှာ ရှီးယွီရှင်းပေါ်လာခဲ့တယ်။

ချိယွီက ပြတင်းပေါက်နေရာမှာထိုင်လိုက်သည်။

တစ်ယောက်ယောက်က သူတို့ကို မြင်သွားမှာကိုလဲ စိတ်မပူသလို၊ ဒါမှမဟုတ် တခြားသူတွေက သူတို့ရဲ့ စကားဝိုင်းကိုကြားသွားမှာကိုလဲ သူ စိတ်မပူခဲ့ပါဘူး။ဘာလို့ဆို ဟယ်ကျိုးကတစ်ဆိုင်လုံးကို ငှားခဲ့တာကြောင့် ကော်ဖီဆိုင်တစ်ခုလုံးမှာ သူတို့နှစ်ယောက်သာ ရှိသည်။
(*ဘောစိ)

သူတို့မတွေ့ကြတဲ့ အတောအတွင်း ရှီးယွီရှင်းမှာအတော်လေး အိုစာသွားသည်။

Maskကိုချွတ်လိုက်တော့ သူ့ရဲ့ဖြူဖတ်ဖြူရော်မျက်နှာက ပေါ်လာကာ : "စောင့်ရတာ ကြာသွားလား?"

ချိယွီကပြောလာတယ်။ "ငါလဲခုတင်ရောက်တာပါ
ဒါနဲ့မင်း..အဆင်ပြေရဲ့လား?"

ရှီးယွီရှင်းက ခေါင်းငြိမ့်ပြလာတယ်။ "ငါအဆင်ပြေပါတယ်"

ပြီးနောက်၊သူ့ရဲ့အိတ်ကပ်ထဲက တစ်စုံတစ်ခုကိုထုတ်ကာ ချိယွီရှေ့တွန်းပို့ပေးလာတယ်။ "ရော့မင်းအတွက်"

ချိယွီခေါင်းငုံ့ကြည့်လိုက်တော့ သေးငယ်တဲ့ USBလေးကိုတွေ့လိုက်ရတယ်။

သူကောက်ယူပြီးမေးလိုက်တယ်။ "အထဲမှာဘာပါလို့လဲ?"

"ယူထားလိုက်။မင်းဘာသာ ကိုယ်တိုင်ကြည့်လိုက်ပါ"

ရှီးယွီရှင်း သူ့အိတ်ထဲကနေအမဲရောင် boxလေးကိုထပ်ထုတ်လာကာ : "ဒါရောပဲ ယူထားလိုက်"

ချိယွီ စိတ်ရှုပ်ထွေးလာရသည်။"ငါတို့တွေ့နေပြီပဲဟာ မင်းပါးစပ်ကနေပြောလိုက်လို့မရဘူးလား?"

ရှီးယွီရှင်းက နှုတ်ခမ်းကိုက်ရင်း ခေါင်းငုံသွားကာ : "ငါတောင်းပန်ပါတယ်

"တဆိတ်လောက်, ဘာအတွက်တောင်းပန်နေတာလဲ?"

ချိယွီက ရှီးယွီရှင်းကိုတည့်တည့်ကြည့်ကာ သူ့မျက်လုံးကနေတစ်ခုခုသိရဖို့ ကြိုးစားနေသည်။
သို့သော် ထိုသူက ဆက်တိုက်ခေါင်းငုံ့လျက်နေနေတာကြောင့် သူ့မျက်လုံးအကြည့်တွေကိုဖမ်းလို့မရဖြစ်နေသည်။

ရှီးယွင်းရှင်းက ချိယွီကိုတစ်ချက်သာကြည့်လာကာ အကြည့်လွှဲသွားပြီး သက်ပြင်းချလျက် : "အနာဂတ်မှာ ရှောင်ကျိုးလေးစီမူမမှန်တာတွေဖြစ်လာနိုင်တယ်"

ချိယွီနှလုံးသားက တုန်လှုပ်သွားခဲ့ပေမယ့်၊ သူ့ရဲ့အမူအယာကတော့ တည်ငြိမ်နေဆဲဖြစ်ကာ : "ဘယ်လိုမူမမှန်မှုတွေလဲ?"

"ငါပေးတာကို ကြည့်ပြီးရင် မင်းနားလည်လာပါလိမ့်မယ်"

ရှီးယွီရှင်းက ‌ထပ်မံခေါင်းငုံ့သွားကာ : "ချိယွမ်ရှန်းက ကလေးလေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားနေတာလဲငါသိပါတယ်။ ငါ...တောင်းပန်ပါတယ်"

ချိယွီ‌ဒေါသထွက်လာသည်။
" ီးမို့တောင်းပန်နေတာလား !! ဘာလို့တောင်းပန်နေတာလဲ ဒီတိုင်းပြောလိုက်လို့မရဘူးလား?

ဖုန်းနဲ့တုန်းကလဲ ဖုန်းထဲမှာမို့ငါ့ကိုမပြောပြခဲ့ဘူး။ အခုငါလာတွေ့တော့လဲ ဒီပစ္စည်း တွေပဲထုတ်ပေးလာတယ်? အစကတည်းက ပစ္စည်းပေးချင်ရုံပဲဆို ငါ့စီဒီတိုင်းလှမ်းပို့လိုက်ပါလား အခုငါဒီရောက်နေပြီ အကုန်ရှင်းသွားအာင်ပြောဖို့ ဘာတွေအဲ့လောက်ခက်ခဲနေတာလဲ?"

ရှီးယွီရှင်းထပ်မံတိတ်ဆိတ်သွားခဲ့ပြန်သည်။

သူအချိန်ကြာကြီး မလှုပ်မယှက်နှင့်ထိုင်နေကာ လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားပြီး ခဏအကြာမှာပြန်ဖြေလျှော့လိုက်တယ်။ သူ့ရဲ့လည်ချောင်းကလှုပ်ရှားသွားပြီး ခပ်ဖျော့ဖျာ့အသံပေါ်ထွက်လာခဲ့တယ်။ "ငါမင်းကိုလိမ်နေခဲ့တာပါ....ချိယွီငါလိမ်ခဲ့မိတယ်!

အိမ်ပြောင်းသွားတာလဲမဟုတ်သလို ငါ့မိဘတွေကွာရှင်းတာလဲမဟုတ်ပါဘူး။

ငါ့မှာမိဘမရှိဘူး။ ငါငယ်ငယ်ကတည်းက အဒေါ် ပျိုးထောင်တာခံလာရတာ။ ငါ့အ‌ဒေါ်က ချိမိသားစုရဲ့အစေခံပါ...

ဒီတော့ ငါမင်းနဲ့အတူတူကြီးပြင်းလာခဲ့ပြီး ငါတို့နှစ်ယောက်ကသူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတယ်။

ဒါပေမယ့်...ငါသစ္စာဖောက်ခဲ့မိပါတယ် "

ရှီးယွီရှင်းကရုတ်တရက်ခေါင်းမော့လာပြီး သူ့ရဲ့ပြူးကျယ်နေတဲ့မျက်ဝန်းများက နီရဲနေခဲ့တယ်။

ထို့နောက် သူက အသက်ပြင်းပြင်းရှူကာ အံကြိတ်လို့သူ့‌အသံကအနည်းငယ်တုန်လှုပ်နေခဲ့သည်။ "ငါကချိယွမ်ရှန်းရဲ့ခွေးပဲ!"

---

ကားထဲက သီချင်းကို ပိတ်လိုက်ပြီး ချိယွီငြိမ်သက်စွာဘေးခုံတွင် ဝင်ထိုင်လိုက်သည်။

အနောက်ခုံမှာတော့ ပင်ပန်းစွာအိပ်မောကျနေတဲ့ ရှောင်ကျိုးလေးရှိနေသည်။ သူက baby safety basketထဲမှာ အိပ်မောကျနေသည်။ဤပုံရိပ်လေးမှာ အလွန်အသက်ဝင်ကာ သူ့ရဲ့အမြီးလေးကဖြည်းညှင်းစွာ ယိမ်းနွဲ့နေပုံရသည်။

ဟယ်ကျိုးက ကားမောင်းနေတာဖြစ်ပြီး သူတို့ထဲကတစ်ယောက်မှ စကားစပြောမလာကြပေ။

သူ့လက်ထဲက ဓါတ်ပုံတွေကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လှန်ပြီးခဲ့ပြီးဖြစ်ကာ၊ အစကတည်းက အံ့သြမှင်သက်နေခဲ့ရာက ချိယွီ သူ့ခံစားချက်တွေကို ဘယ်လိုဖော်ပြရမှန်းတောင်မသိတော့ဘူး။

သူ့ရဲ့ ကမ္ဘာကြီးအပေါ်မြင်တဲ့အမြင်တွေလဲ ပြိုကွဲသွားခဲ့ရတယ် ။

သူသည် ငယ်ငယ်ကတည်းက ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်ခဲ့ရသည်။ သူ့မှာ သူ့အဖေရဲ့ ချစ်ခြင်းမေတ္တာနဲ့ သူ့အမေရဲ့ ချစ်ခြင်းမေတ္တာတွေ ရှိတယ်။ မိသားစုက ချမ်းသာသလို သူ့အနေနဲ့ မည်သည့်အရာကိုမျှချို့တဲ့မနေပဲ၊ သူငယ်ချင်းဖွဲ့ရတာကိုခင်တွယ်တဲ့ ကောင်လေးဖြစ်ခဲ့သည်။

ဒီအသက်အရွယ်တွေမှာ သူတို့အတွက် ခေါင်းအကိုက်ဆုံးက စာမေးပွဲဖြစ်ပြီး သူတို့ အကြောက်ဆုံးအရာနဲ့အရှက်ဆုံးအရာဟာ မိဘအခေါ်ခံရတာပါပဲ။

အကျပ်ကိုင်ကာအခန်းဖော်တစ်ဦးထံမှ လှည့်ဖြားခြင်းမျိုး တစ်ခါမှမရှိဖူးဘဲ ‌နောက်ကျောဓားထိုးခံရဖူးတာလဲမရှိပေ။

ပူးပေါင်းကြံစည်မှုနှင့် လှည့်ကွက်များ မရှိသလိုသူတို့ အများစုမှာ ရန်ဖြစ်ကြ၊ပြတ်စဲကြပြီး သူငယ်ချင်း အသိုင်းအဝိုင်းကြားတွင် ဆူညံစွာ ရှုပ်ထွေးတာလောက်ပင်။

ဒါတွေက အသေးအမွှားလေးတွေပါ။

ထို့ကြောင့်၊ သူ့မျက်လုံးများဖြင့် ပုံထဲကရှောင်ကျိုးလေးရဲ့ အမြီးလိုအမြှီးရှည်ကြီးကို မြင်လိုက်ရပြီး ဓာတ်ပုံထဲတွင် ခြေသည်းများ၊ အစွယ်များနှင့် သားရဲအမြီးများပါသည့် လူများစွာကိုလဲမြင်တွေ့ခဲ့ရသည်။

အဲ့ဒါအပြင်...

ဖခင်ဖြစ်သူကိုယ်တိုင်ကလဲ လူသားစမ်းသပ်မှုကို သူ့သားအရင်းပေါ်‌တွင်စမ်းသပ်ခဲ့တယ်။

သူငယ်ချင်းကောင်းဟု ခေါ်သည့်သူမှာလည်း အတုအယောင်ဖြစ်ကာ မူလပိုင်ရှင်ရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန်နဲ့ သူငယ်ချင်း အမည်ကို အသုံးပြုကာ သူ့ရဲ့ခန္ဓာကိုယ်နှင့် ပတ်သက်သည့် အချက်အလက် အမျိုးမျိုးကို ချိယွမ်ရှန်းစီ သို့ စဉ်ဆက်မပြတ် သတင်းပို့ရန် အတုယောင်သူငယ်ချင်းဆက်ဆံရေးကို အသုံးပြုနေခဲ့သည်။

ရှောင်ကျိုးလေး မွေးဖွားလာသောအခါတွင် အစီရင်ခံစာတွင် သဘာဝကျကျပဲ နောက်ထပ်လူတစ်ယောက်စောင့်ကြည့်ရန်တိုးလာခဲ့ သည်။

ပြီးတော့ထပ်ရှိသေးတယ်-

"မင်းစဉ်းစားကြည့်! သူဘာလို့ဒါတွေကို ငါ့ကိုရုတ်တရက်ပြောပြလာလဲဆိုတာ?"

ဟယ်ကျိုးကမဖြေနိုင်ခင်မှာပဲ ချိယွီရဲ့နှုတ်ခမ်း တွေတင်းတင်းစေ့သွားခဲ့တယ်။

ဟယ်ကျိုး : "မင်းနဲ့ကိုယ် အတူရှိနေတယ်ဆိုတာ သူသိပြီး မင်းနဲ့ ကိုယ့်ရဲ့ဆက်ဆံရေးကို အသုံးချချင်နေတာလား? ဒါမှမဟုတ် မင်းအဖေ-မဟုတ်သေးဘူး ကိုယ်တင်မကပဲ ပြဿနာက နည်းနည်းပိုကြီးသွားနိုင်တယ်ထင်တယ်-"

ချိယွီ: "ရုတ်တရက် တိုက်တိုက်ဆိုင်ဆိုင်ရှာတွေ့သွားတာမျိုးလား?"

ချိယွီက ရွဲ့စောင်းစွာ ပြုံးလိုက်ပြီး "ငါတော့မထင်ဘူး"

ဟယ်ကျိုးက "ထားလိုက်ပါ..သူ့ကို ရှုကျုံးဘာသာကြည့်ရှင်းပါလိမ့်မယ်..."

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

Paidမှာ main story ပြီးလို့ Extraရောက်နေပါပြီနော် 🎀

-----------------------------------------------------------------

< 50 > [ZAW]




"အန္ကယ္ စုန္း?"

ခ်ိဟန္ အခန္းထဲကထြက္လာတာနဲ႔ လူတစ္ေယာက္နဲ႔တိုက္မိေတာ့တာပဲ။ အစက သူေအာ္ေငါက္လိုက္ခ်င္တာေပမယ့္၊အေ႐ွ႕ကလူကိုျမင္ေတာ့ ခ်က္ခ်င္းတ‌႐ိုတေသျဖစ္သြားရတယ္။ "အန္ကယ္!ဒီကိုဘယ္လိုေရာက္ေနတာလဲ?"

သူ႕ေ႐ွ႕ကလူမွာ သူ႕အေဖရဲ႕ဘယ္လက္႐ုံးညာလက္႐ုံးေတြထဲက တစ္ေယာက္ျဖစ္ကာ ခ်ိဟန္ငယ္ငယ္ေလးကတည္းက ထိုသူ႕လက္ထဲႀကီးျပင္းလာခဲ့ရတာျဖစ္သည္။

ခ်ိယြမ္႐ွန္းၿပီးရင္ သူအေၾကာက္ရဆုံးေသာလူေပါ့။

"႐ႈက်ံဳးဘယ္မလဲ?" လူႀကီးရဲ႕အသံကမထူးမျခားနားျဖစ္ကာ သူ႕ရဲ႕ေမးေစ့မွ မုတ္ဆိတ္မ်ားကအဆင္တန္ဆာ တစ္ခုသဖြယ္တည္႐ွိေနသည္။

"သူအထဲမွာပါ"

ခ်ိဟန္က ၫႊန္ျပကာ : "ဒါေပမယ့္ဟို- သူ..."

သူ႕စကားမဆုံးခင္က လူႀကီးကသူ႕လက္ကိုေျမႇာက္ၿပီးတံခါးကိုဖြင့္လိုက္တယ္။ "ငါၾကည့္ၾကည့္မယ္"

သူတံခါးကိုဖြင့္ဖြင့္ျခင္းပဲ ေဆးအနံ႔ခပ္သင္းသင္းကေလထဲပ်ံ႕ႏွံ႔လာခဲ့တယ္။

လူႀကီးက မ်က္ခုံးပင့္ကာ ေျခႏွစ္လွမ္းတိုးသြားခဲ့သည္။ အထဲကလူကိုျမင္လိုက္ရခ်ိန္မွာေတာ့ မေနႏိုင္ပဲသူ႕ႏႈတ္ခမ္းေတြေကြးၫြတ္သြားခဲ့တယ္။ "မစၥတာ ႐ႈကတကယ္ စိတ္ဓာတ္ၾကံ့ခိုင္တာပဲ။ဒဏ္ရာရထားတာေတာင္ အလွအပကိုခံစားႏိုင္တုန္းပဲေနာ္"

မ်က္ႏွာက်က္မွ ၾကမ္းျပင္ထိ႐ွည္လ်ားတဲ့ ျပတင္းေဘးမွာရပ္ေနရင္း ႐ႈက်ံဳးကေခါင္းလွည့္ကာ အျပဳံးနဲ႔ ဆိုလာတယ္။ "မစၥတာ စုန္းပဲ"

သူက ခ်ိဟန္ကိုထပ္ၾကည့္လာကာ : "မင္းအျပင္မွာ လုပ္စရာ႐ွိတာလုပ္ေနလိုက္၊ကိုယ္ မစၥတာစုန္းနဲ႔စကားေျပာလိုက္အုံးမယ္"

ခ်ိဟန္တစ္ေယာက္ႏွင္ထုတ္ခံလိုက္ရၿပီး၊ အခန္းထဲမွာ အယ္လ္ဖာႏွစ္ေယာက္ တစ္စားပြဲတည္းမွာထိုင္ေနၾကတယ္။

စုန္းမင္က ေပါ့ေပါ့ပါးပါးပဲ႐ႈက်ံဳးစီ cigarette ကမ္းေပးလာတယ္။ တစ္ဖက္လူဒဏ္ရာရထားတာကို လုံးဝလ်စ္လ်ဴ႐ႈထားလ်က္ေပါ့။ လက္ဆန္႔ၿပီးစီးကရက္ကို မီးညႇိၿပီးေနာက္ မီးျခစ္မွ မီးေတာက္သည္ ႐ႈက်ံဳးရဲ႕ မ်က္လုံးထဲမွာ ေရာင္ျပန္ဟပ္ေနခဲ့သည္။

႐ႈက်ံဳးက ခပ္တိုးတိုးေခ်ာင္းဆိုးလိုက္ၿပီး cigaretteကိုမီးညႇိလိုက္ကာ "ဒီမွာ ဘယ္ႏွစ္ေယာက္႐ွိေနၿပီလဲ"

မ်က္လုံးမ်ားကို မွိတ္ထားၿပီး ေခါင္းကို ေျမႇာက္ကာ မီးခိုးကြင္းမ်ားကို မႈတ္ထုတ္လိုက္တယ္။

ျမဴခိုးမ်ားက အထက္သို႔ ပ်ံတက္သြားၿပီး နီကိုတင္းရနံ႔က ႏွာသီးဖ်ားအထိ ျပည့္ႏွက္သြားခဲ့သည္။

"အေယာက္သုံးဆယ္"

႐ႈက်ံဳး က ေခါင္းညိတ္လိုက္ၿပီး "ဒီကိစၥအတြက္ေတာ့ ကြၽန္ေတာ့္ကိုအားကိုးလို႔ရပါတယ္"

စုန္းမင္ကတစ္ဖက္လွည့္သြားကာ : "အာဖရိကက ကိစၥအတြက္ကေရာ?"

ဒါကိုၾကားေတာ့ ႐ႈက်ံဳးကျပဳံး႐ုံသာျပဳံးလာခဲ့တယ္။

စုန္းမင္ : "ဒါကအႏၲရာယ္မ်ားလြန္းတယ္"

"ကိစၥမ႐ွိပါဘူး၊ ဒီလိုေန႔မ်ိဳး တစ္ေန႔ေန႔ေတာ့ေရာက္လာမွာပဲဟာ"

႐ႈက်ံဳးက မ်က္လႊာခ်ကာ ၊သူ႕မ်က္လုံးထဲမွာ ႏူးညံ့ညင္သာေသာ အမူအရာ တစြန္းတစ႐ွိလို႔ေနသည္။"ၿပီးေတာ့၊သူ ကြၽန္ေတာ့္ကို သံသယဝင္ရင္ေတာင္ ဘာလုပ္ႏိုင္မွာမို႔လို႔လဲ?"

ဒါက ေဒါပြၿပီးသူ႕ကို ေစာင့္ၾကည့္ဖို႔တစ္စုံတစ္ေယာက္ ကိုလႊတ္လိုက္ၿပီး သူ႕ကို အက်ယ္ခ်ဳပ္ခ်ဳပ္ထားသလိုမ်ိဳးပါပဲ။

သူ႕အတြက္ေတာ့ ပစ္ဒဏ္ေၾကာင့္ႏွစ္​ရက္​ပဲ နာက်င္​ခဲ့ရတယ္​၊ေနာက္ပိုင္းမွာေတာ့-

႐ႈက်ံဳးကျပာခြက္ကို စုန္းမင္ေ႐ွ႕တြန္းပို႔ေပးလိုက္သည္။ ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ တိတ္တဆိတ္ ျပဳံးလိုက္ၾကတယ္။

-ဘယ္သူက သူ႕ကိုေစာင့္ၾကည့္မွာတဲ့လဲ?

ၿပီးေတာ့ ဘယ္သူကမွသူ႕လိုလူကို မလွည့္စားႏိုင္ဘူး။

"ကိုယ့္ေသတြင္း ကိုယ္တူးေနမွေတာ့လဲ..."

႐ႈက်ံဳးရဲ႕ မ်က္လုံးမ်ားကအနည္းငယ္ မွိန္‌ေဖ်ာ့သြားကာ cigaretteထိပ္မွ ေတာက္ပေနေသာ မီးပြားမ်ားကို ဖ်တ္ခနဲ ငုံ႔ၾကည့္လိုက္တယ္။စူး႐ွမႈက သူ႕ရဲ႕ၿပီးျပည့္စုံလွတဲ့မ်က္ဝန္းကအၾကည့္ကေန ဖုံးကြယ္ထား၍ မရႏိုင္ေပ ။"ငါ သူ႕ကိုကူညီ ေပးရေတာ့မွာေပါ့"

(*ေသတြင္းကူတူးေပးမယ္ေျပာတာ)

---

ခ်ိယြီက ေ႐ွာင္က်ိဳးေလးေ႐ွ႕ တင္ပ်ဥ္ေခြထိုင္ကာ၊ႏွစ္ေယာက္သားသည္ တြဲေလာင္းက်ေနေသာ အၿမီးေလးကို ၾကည့္ေနၾကသည္။

ခ်ိယြီေျပာလိုက္တယ္။ "အၿမီးကိုျပန္သိမ္းစမ္း"

"Shoo~~~"

"အၿမီးကိုျပန္သိမ္းလို႔!"

ေ႐ွာင္က်ိဳးေလးက ေခါင္းခါလာၿပီး "Shoo~~!"

"ဟုတ္တယ္! အဲ့လိုေလး အဲ့လိုေလး! မားမားကိုၾကည့္၊မားမားစီကၾကည့္ၿပီးသင္ယူ!"

ခ်ိယြီက ႐ုတ္တရက္သူ႕လက္ႏွစ္ဖက္ကိုအုပ္လိုက္ကာ : "ဒီလို ေလးေကြးၿပီး သိမ္းမယ္"

"ျပန္ထုတ္မယ္!"

(*အၿမႇီးေလးကို ေလ့က်င့္ေပးေနတာ)

ေ႐ွာင္က်ိဳးေလးကလဲ မားမားစီကသင္ယူထားသလို သူ႕ရဲ႕လက္ေလးႏွစ္ဖက္ကိုစုလိုက္တယ္။ လုပ္ၿပီးတာနဲ႔ ကေလးေလးကသူ႕ဘာသာသူစိတ္လႈပ္႐ွားလို႔ေနတယ္။မ်က္လုံးေလးေတြက ေကြးၫႊတ္သြားကာ သြားတန္းေလးေတြ ေပၚတဲ့ထိျပဳံးရယ္လာတယ္။

ကေလးေလးကရယ္ေနေပမယ့္ ၊ ခ်ိယြီကေတာ့ သက္ျပင္းခ်လိုက္မိတယ္။

အၿမႇီးကဘယ္ေတာ့မွ ေပ်ာက္ကြယ္သြားမွာလဲ? ပိတ္ရက္ေတြကအဆင္ေျပတယ္။ အိမ္တြင္းပုန္းၿပီးအျပင္မထြက္ပဲေနလို႔ရတယ္။ ပိတ္ရက္ကုန္သြားတဲ့ခ်ိန္က် ဘယ္လိုလုပ္ၾကမတုန္း? သူနဲ႔ဟယ္က်ိဳးက ေက်ာင္းစီျပန္မွာဆိုေတာ့ ေ႐ွာင္က်ိဳးေလးကေကာ?

ဒီအခ်ိန္မွာပဲ ဖုန္းကထျမည္လာတာေၾကာင့္၊ခ်ိယြီေကာက္ကိုင္လိုက္တယ္။ သူ႕ေလသံက အနည္းငယ္ ခပ္ဆပ္ဆပ္ျဖစ္လို႔ေနတယ္ : "ေဟး?"

"ခ်ိယြီ၊ငါပါ"

အဲ့ဒါ႐ွီးယြီ႐ွင္းပဲ။
ခ်ိယြီထိုင္ခ်လိုက္ကာ သူ႕ေလသံကအနည္းငယ္ေပါ့ပါးသြားတယ္။ "မင္းမေန႔က SAဖြင့္ပြဲသြားေသးလား? ငါမင္းကိုျမင္လိုက္သလိုပဲမို႔ေလ"

"အင္းငါသြားတယ္၊ ငါလဲမင္းကိုေတြ႕ပါတယ္" ႐ွီးယြင္း႐ွင္းဝန္ခံလာတယ္။

သူသည္ အလြန္တိတ္ဆိတ္ေသာ ေနရာတစ္ခုတြင္ ႐ွိေနပုံရၿပီး ၊သူ႕အသံမွာလဲထူးထူးျခားျခား ႐ွင္းလင္းျပတ္သားေနကာ သူ႕ရဲ႕ဝင္သက္ထြက္သက္မ်ားကိုပင္ ၾကားရႏိုင္သည္။

ခ်ိယြီက ခဏေလာက္စဥ္းစားလိုက္ၿပီး : " ဒါနဲ႔ ဘာေျပာစရာ႐ွိလို႔လဲ?"

"မင္းအျပင္ထြက္လာဖို႔အဆင္ေျပမလား? တစ္ေနရာရာမွာေတြ႕ၾကရေအာင္"

ခ်ိယြီက ကေလးေလးကိုတစ္ခ်က္ၾကည့္လိုက္ၿပီး ေပြ႕ဖက္ကာ ဖုန္းစီျပန္ေျပာလိုက္တယ္။ "ငါတို႔ဖုန္းကေနပဲ ေျပာလို႔မရဘူးလား?"

တစ္ဖက္မွ အသက္႐ႈသံခပ္ေလးေလးကိုၾကားေနရသည္။ "ငါ..ငါမင္းကိုေျပာစရာ႐ွိတယ္
ၿပီးေတာ့အဲ့ဒါက ေ႐ွာင္က်ိဳးေလးနဲ႔ပတ္သက္ေနတယ္
ၿပီးေတာ့ တျခားဟာေတြလဲပါတယ္"

ခ်ိယြီက မ်က္ခုံးပင့္ကာ : "ဘာေတြပါတာလဲ?"

"ငါေတာင္းပန္ပါတယ္" တစ္ဖက္မွ႐ုတ္ခ်ည္း ေတာင္းပန္စကားဆိုလာခဲ့သည္။

"အေသးစိတ္ကိုေန႔လည္မွာ ေျပာၾကရေအာင္။ မင္းအခ်ိန္ကိုသတ္မွတ္လိုက္ပါ
အျပင္မွာေတြ႕ၾက‌ရေအာင္"

ခ်ိယြီ : "???"

သူဖုန္းကို တစ္ခ်က္ငုံ႔ၾကည့္ကာ IDကိုၾကည့္လိုက္သည္။ နံပါတ္ကလဲ ေသခ်ာေပါက္႐ွီးယြီ႐ွင္းနံပါတ္ပါ။ဒီေလသံက ဘာလို႔သူ ပြဲဖိတ္ခံရသလိုခံစားေနရတာလဲ။

"မင္းနားေထာင္ေနလား?"

ခ်ိယြီ: "နားေထာင္ေနပါတယ္
ငါမင္းနဲ႔စကားေျပာဖို႔ လာေတြ႕ရမယ္လို႔ဆိုလိုတာလား"

"မွန္တယ္"

"ဒါဆိုခဏေစာင့္၊ငါျပန္ေခၚလိုက္မယ္"

ဖုန္းခ်ၿပီးေနာက္ သူ႕လက္ေမာင္းထဲက ေ႐ွာင္က်ိဳးေလးကိုငုံ႔ၾကည့္လိုက္တယ္။

သူ႕လက္ကို ဆန္႔တန္းကာ ေခါင္းေလးကိုဖြေပးလိုက္ေတာ့ အနက္ေရာင္ဆံပင္ေလးေတြဟာ ႐ႈပ္ပြသြားခဲ့တယ္- "မင္း နဂါးမျဖစ္ႏိုင္ဘူးမလားဟင္? မင္းက နဂါးလားလို႔? မင္းမွာ လွ်ိဳ႕ဝွက္ခ်က္ေတြသိပ္မ်ားလိုက္တာကြာ

လူတိုင္းက မင္းအေၾကာင္းသိခ်င္ေနၾကတယ္
လူတိုင္းက မင္းကို႐ွာခ်င္ၾကတယ္"

"ဘယ္သူက ကေလးကိုထပ္ၿပီး႐ွာခ်င္ျပန္ၿပီလဲ?"

ဟယ္က်ိဳးကလက္ထဲမွာ ပစၥည္း တစ္ခုနဲ႔အတူတံခါးတြင္းဝင္လာခဲ့တယ္။

ခ်ိယြီ : "ဘာႀကီးလဲ?'

"ပ႐ိုမုန္း purifier"

(* purifier : ေလသန္႔စင္စက္တစ္မ်ိဳးပါ။
Pheromone purifierဆိုေတာ့ ပ႐ိုမုန္း သန္႔စင္စက္ေပါ့)

ခ်ိယြီရဲ႕နား႐ြက္ေတြ ခ်က္ခ်င္း ပူလာခဲ့တယ္။ "...အိုး"

ေလထုဟာလဲ နားမလည္ႏိုင္စြာထူထပ္လာခဲ့တယ္။

ခ်ိယြီက သူ႕ႏွာေခါင္းထိပ္ကိုထိလိုက္ကာ ၊ ေ႐ွာင္က်ိဳးေလးရဲ႕အၿမႇီးနဲ႔ကစားရန္လက္ဆန္႔လိုက္တယ္။

ဟယ္က်ိဳးက ခ်ိယြီကိုတည္ၿငိမ္စြာၾကည့္လာကာ : "ခုနကမင္းေျပာတာကေလးကိုဘယ္သူက ႐ွာေနတာလဲ?"

"႐ွီးယြီ႐ွင္းပါ။ သူကငါနဲ႔ေတြ႕ခ်င္တယ္ေျပာလို႔
ကေလးနဲ႔လဲပတ္သက္ေနတယ္ဆိုလို႔"

"မင္းလက္ခံလိုက္တာလား?"

ခ်ိယြီကေခါင္းယမ္းကာ : "ဟင့္အင္း
သူ႕ ေလသံကထူးဆန္းေနၿပီး စိတ္လႈပ္႐ွားစိုးရိမ္ေနသလိုပဲ
ၿပီးေတာ့လဲ ငါ့ကိုသူေတာင္းပန္လာတယ္

မင္းေကာဘယ္လိုထင္လဲ ငါသြားသင့္လား?"

ဟယ္က်ိဳးကေခါင္းၿငိမ့္ျပလာကာ : "သြားေလ၊ ကိုယ္ပါလိုက္ခဲ့မယ္"

ဟယ္က်ိဳးခုထိ ႐ႈက်ံဳးကို႐ွီးယြီ႐ွင္း ဆြဲေခၚသြားခဲ့တာကိုမွတ္မိေနေသးသည္။

႐ွီးယြီ႐ွင္း တစ္ခုခုကိုနက္နက္နဲနဲဖုံးကြယ္ထားေလာက္မည္။ ခ်ိ မိသားစုနဲ႔ပတ္သက္ၿပီး႐ွာေဖြခဲ့ေသာ္လည္း၊ ႐ွီးယြီ႐ွင္းနဲ႔ပတ္သက္ၿပီး ဆက္ဆက္မႈကို႐ွာမေတြ႕ခဲ့ေပ။ ဒီလူက နက္နက္နဲနဲဖုံးကြယ္ထားလို႔ပဲလား...ဒါမွမဟုတ္ တစ္ေယာက္ေယာက္ကပဲ သူ႕တည္႐ွိမႈနဲ႔ပတ္သက္တာေတြအကုန္ တားျမစ္ဖုံးကြယ္ထားေပးလို႔ပဲလား?

ေနာက္ကြယ္ကလူက ႐ႈက်ံဳးျဖစ္ႏိုင္သည္။

"သူမင္းကို ဘာေျပာခ်င္ေနလဲဆိုတာ ကိုယ္လဲသိခ်င္မိတယ္" ဟယ္က်ိဳးကေျပာလာတယ္။

"အဲ့ဒါဆိုေ႐ွာင္က်ိဳးေလး‌ကေကာ?"

"ကိုယ္ကေလးနဲ႔ကားထဲေစာင့္ေနမယ္ ၊ မင္းသြားေတြ႕လိုက္"

အစီအစဥ္ေရးဆြဲၿပီးေနာက္၊ ခ်ိယြီက ႐ွီးယြီ႐ွင္းကိုေကာ္ဖီဆိုင္တြင္ေတြ႕ရန္ ဆက္သြယ္ခဲ့သည္။

ေန႔လည္မွာ ခ်ိယြီကအရင္ေရာက္လာခဲ့တယ္။

2 နာရီကြက္တိမွာ ႐ွီးယြီ႐ွင္းေပၚလာခဲ့တယ္။

ခ်ိယြီက ျပတင္းေပါက္ေနရာမွာထိုင္လိုက္သည္။

တစ္ေယာက္ေယာက္က သူတို႔ကို ျမင္သြားမွာကိုလဲ စိတ္မပူသလို၊ ဒါမွမဟုတ္ တျခားသူေတြက သူတို႔ရဲ႕ စကားဝိုင္းကိုၾကားသြားမွာကိုလဲ သူ စိတ္မပူခဲ့ပါဘူး။ဘာလို႔ဆို ဟယ္က်ိဳးကတစ္ဆိုင္လုံးကို ငွားခဲ့တာေၾကာင့္ ေကာ္ဖီဆိုင္တစ္ခုလုံးမွာ သူတို႔ႏွစ္ေယာက္သာ ႐ွိသည္။
(*ေဘာစိ)

သူတို႔မေတြ႕ၾကတဲ့ အေတာအတြင္း ႐ွီးယြီ႐ွင္းမွာအေတာ္ေလး အိုစာသြားသည္။

Maskကိုခြၽတ္လိုက္ေတာ့ သူ႕ရဲ႕ျဖဴဖတ္ျဖဴေရာ္မ်က္ႏွာက ေပၚလာကာ : "ေစာင့္ရတာ ၾကာသြားလား?"

ခ်ိယြီကေျပာလာတယ္။ "ငါလဲခုတင္ေရာက္တာပါ
ဒါနဲ႔မင္း..အဆင္ေျပရဲ႕လား?"

႐ွီးယြီ႐ွင္းက ေခါင္းၿငိမ့္ျပလာတယ္။ "ငါအဆင္ေျပပါတယ္"

ၿပီးေနာက္၊သူ႕ရဲ႕အိတ္ကပ္ထဲက တစ္စုံတစ္ခုကိုထုတ္ကာ ခ်ိယြီေ႐ွ႕တြန္းပို႔ေပးလာတယ္။ "ေရာ့မင္းအတြက္"

ခ်ိယြီေခါင္းငုံ႔ၾကည့္လိုက္ေတာ့ ေသးငယ္တဲ့ USBေလးကိုေတြ႕လိုက္ရတယ္။

သူေကာက္ယူၿပီးေမးလိုက္တယ္။ "အထဲမွာဘာပါလို႔လဲ?"

"ယူထားလိုက္။မင္းဘာသာ ကိုယ္တိုင္ၾကည့္လိုက္ပါ"

႐ွီးယြီ႐ွင္း သူ႕အိတ္ထဲကေနအမဲေရာင္ boxေလးကိုထပ္ထုတ္လာကာ : "ဒါေရာပဲ ယူထားလိုက္"

ခ်ိယြီ စိတ္႐ႈပ္ေထြးလာရသည္။"ငါတို႔ေတြ႕ေနၿပီပဲဟာ မင္းပါးစပ္ကေနေျပာလိုက္လို႔မရဘူးလား?"

႐ွီးယြီ႐ွင္းက ႏႈတ္ခမ္းကိုက္ရင္း ေခါင္းငုံသြားကာ : "ငါေတာင္းပန္ပါတယ္

"တဆိတ္ေလာက္, ဘာအတြက္ေတာင္းပန္ေနတာလဲ?"

ခ်ိယြီက ႐ွီးယြီ႐ွင္းကိုတည့္တည့္ၾကည့္ကာ သူ႕မ်က္လုံးကေနတစ္ခုခုသိရဖို႔ ႀကိဳးစားေနသည္။
သို႔ေသာ္ ထိုသူက ဆက္တိုက္ေခါင္းငုံ႔လ်က္ေနေနတာေၾကာင့္ သူ႕မ်က္လုံးအၾကည့္ေတြကိုဖမ္းလို႔မရျဖစ္ေနသည္။

႐ွီးယြင္း႐ွင္းက ခ်ိယြီကိုတစ္ခ်က္သာၾကည့္လာကာ အၾကည့္လႊဲသြားၿပီး သက္ျပင္းခ်လ်က္ : "အနာဂတ္မွာ ေ႐ွာင္က်ိဳးေလးစီမူမမွန္တာေတြျဖစ္လာႏိုင္တယ္"

ခ်ိယြီႏွလုံးသားက တုန္လႈပ္သြားခဲ့ေပမယ့္၊ သူ႕ရဲ႕အမူအယာကေတာ့ တည္ၿငိမ္ေနဆဲျဖစ္ကာ : "ဘယ္လိုမူမမွန္မႈေတြလဲ?"

"ငါေပးတာကို ၾကည့္ၿပီးရင္ မင္းနားလည္လာပါလိမ့္မယ္"

႐ွီးယြီ႐ွင္းက ‌ထပ္မံေခါင္းငုံ႔သြားကာ : "ခ်ိယြမ္႐ွန္းက ကေလးေလးနဲ႔ပတ္သက္ၿပီး စိတ္ဝင္စားေနတာလဲငါသိပါတယ္။ ငါ...ေတာင္းပန္ပါတယ္"

ခ်ိယြီ‌ေဒါသထြက္လာသည္။
" ီးမို႔ေတာင္းပန္ေနတာလား !! ဘာလို႔ေတာင္းပန္ေနတာလဲ ဒီတိုင္းေျပာလိုက္လို႔မရဘူးလား?

ဖုန္းနဲ႔တုန္းကလဲ ဖုန္းထဲမွာမို႔ငါ့ကိုမေျပာျပခဲ့ဘူး။ အခုငါလာေတြ႕ေတာ့လဲ ဒီပစၥည္း ေတြပဲထုတ္ေပးလာတယ္? အစကတည္းက ပစၥည္းေပးခ်င္႐ုံပဲဆို ငါ့စီဒီတိုင္းလွမ္းပို႔လိုက္ပါလား အခုငါဒီေရာက္ေနၿပီ အကုန္႐ွင္းသြားအာင္ေျပာဖို႔ ဘာေတြအဲ့ေလာက္ခက္ခဲေနတာလဲ?"

႐ွီးယြီ႐ွင္းထပ္မံတိတ္ဆိတ္သြားခဲ့ျပန္သည္။

သူအခ်ိန္ၾကာႀကီး မလႈပ္မယွက္ႏွင့္ထိုင္ေနကာ လက္ႏွစ္ဖက္ကိုတင္းတင္းဆုပ္ထားၿပီး ခဏအၾကာမွာျပန္ေျဖေလွ်ာ့လိုက္တယ္။ သူ႕ရဲ႕လည္ေခ်ာင္းကလႈပ္႐ွားသြားၿပီး ခပ္ေဖ်ာ့ဖ်ာ့အသံေပၚထြက္လာခဲ့တယ္။ "ငါမင္းကိုလိမ္ေနခဲ့တာပါ....ခ်ိယြီငါလိမ္ခဲ့မိတယ္!

အိမ္ေျပာင္းသြားတာလဲမဟုတ္သလို ငါ့မိဘေတြကြာ႐ွင္းတာလဲမဟုတ္ပါဘူး။

ငါ့မွာမိဘမ႐ွိဘူး။ ငါငယ္ငယ္ကတည္းက အေဒၚ ပ်ိဳးေထာင္တာခံလာရတာ။ ငါ့အ‌ေဒၚက ခ်ိမိသားစုရဲ႕အေစခံပါ...

ဒီေတာ့ ငါမင္းနဲ႔အတူတူႀကီးျပင္းလာခဲ့ၿပီး ငါတို႔ႏွစ္ေယာက္ကသူငယ္ခ်င္းေကာင္းေတြျဖစ္ခဲ့ၾကတယ္။

ဒါေပမယ့္...ငါသစၥာေဖာက္ခဲ့မိပါတယ္ "

႐ွီးယြီ႐ွင္းက႐ုတ္တရက္ေခါင္းေမာ့လာၿပီး သူ႕ရဲ႕ျပဴးက်ယ္ေနတဲ့မ်က္ဝန္းမ်ားက နီရဲေနခဲ့တယ္။

ထို႔ေနာက္ သူက အသက္ျပင္းျပင္း႐ွဴကာ အံႀကိတ္လို႔သူ႕‌အသံကအနည္းငယ္တုန္လႈပ္ေနခဲ့သည္။ "ငါကခ်ိယြမ္႐ွန္းရဲ႕ေခြးပဲ!"

---

ကားထဲက သီခ်င္းကို ပိတ္လိုက္ၿပီး ခ်ိယြီၿငိမ္သက္စြာေဘးခုံတြင္ ဝင္ထိုင္လိုက္သည္။

အေနာက္ခုံမွာေတာ့ ပင္ပန္းစြာအိပ္ေမာက်ေနတဲ့ ေ႐ွာင္က်ိဳးေလး႐ွိေနသည္။ သူက baby safety basketထဲမွာ အိပ္ေမာက်ေနသည္။ဤပုံရိပ္ေလးမွာ အလြန္အသက္ဝင္ကာ သူ႕ရဲ႕အၿမီးေလးကျဖည္းညႇင္းစြာ ယိမ္းႏြဲ႕ေနပုံရသည္။

ဟယ္က်ိဳးက ကားေမာင္းေနတာျဖစ္ၿပီး သူတို႔ထဲကတစ္ေယာက္မွ စကားစေျပာမလာၾကေပ။

သူ႕လက္ထဲက ဓါတ္ပုံေတြကို အႀကိမ္ေပါင္း မေရမတြက္ႏိုင္ေအာင္ လွန္ၿပီးခဲ့ၿပီးျဖစ္ကာ၊ အစကတည္းက အံ့ၾသမွင္သက္ေနခဲ့ရာက ခ်ိယြီ သူ႕ခံစားခ်က္ေတြကို ဘယ္လိုေဖာ္ျပရမွန္းေတာင္မသိေတာ့ဘူး။

သူ႕ရဲ႕ ကမ႓ာႀကီးအေပၚျမင္တဲ့အျမင္ေတြလဲ ၿပိဳကြဲသြားခဲ့ရတယ္ ။

သူသည္ ငယ္ငယ္ကတည္းက ပတ္ဝန္းက်င္ေကာင္းတြင္ ေနထိုင္ခဲ့ရသည္။ သူ႕မွာ သူ႕အေဖရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ သူ႕အေမရဲ႕ ခ်စ္ျခင္းေမတၱာေတြ ႐ွိတယ္။ မိသားစုက ခ်မ္းသာသလို သူ႕အေနနဲ႔ မည္သည့္အရာကိုမွ်ခ်ိဳ႕တဲ့မေနပဲ၊ သူငယ္ခ်င္းဖြဲ႕ရတာကိုခင္တြယ္တဲ့ ေကာင္ေလးျဖစ္ခဲ့သည္။

ဒီအသက္အ႐ြယ္ေတြမွာ သူတို႔အတြက္ ေခါင္းအကိုက္ဆုံးက စာေမးပြဲျဖစ္ၿပီး သူတို႔ အေၾကာက္ဆုံးအရာနဲ႔အ႐ွက္ဆုံးအရာဟာ မိဘအေခၚခံရတာပါပဲ။

အက်ပ္ကိုင္ကာအခန္းေဖာ္တစ္ဦးထံမွ လွည့္ျဖားျခင္းမ်ိဳး တစ္ခါမွမ႐ွိဖူးဘဲ ‌ေနာက္ေက်ာဓားထိုးခံရဖူးတာလဲမ႐ွိေပ။

ပူးေပါင္းၾကံစည္မႈႏွင့္ လွည့္ကြက္မ်ား မ႐ွိသလိုသူတို႔ အမ်ားစုမွာ ရန္ျဖစ္ၾက၊ျပတ္စဲၾကၿပီး သူငယ္ခ်င္း အသိုင္းအဝိုင္းၾကားတြင္ ဆူညံစြာ ႐ႈပ္ေထြးတာေလာက္ပင္။

ဒါေတြက အေသးအမႊားေလးေတြပါ။

ထို႔ေၾကာင့္၊ သူ႕မ်က္လုံးမ်ားျဖင့္ ပုံထဲကေ႐ွာင္က်ိဳးေလးရဲ႕ အၿမီးလိုအၿမႇီး႐ွည္ႀကီးကို ျမင္လိုက္ရၿပီး ဓာတ္ပုံထဲတြင္ ေျခသည္းမ်ား၊ အစြယ္မ်ားႏွင့္ သားရဲအၿမီးမ်ားပါသည့္ လူမ်ားစြာကိုလဲျမင္ေတြ႕ခဲ့ရသည္။

အဲ့ဒါအျပင္...

ဖခင္ျဖစ္သူကိုယ္တိုင္ကလဲ လူသားစမ္းသပ္မႈကို သူ႕သားအရင္းေပၚ‌တြင္စမ္းသပ္ခဲ့တယ္။

သူငယ္ခ်င္းေကာင္းဟု ေခၚသည့္သူမွာလည္း အတုအေယာင္ျဖစ္ကာ မူလပိုင္႐ွင္ရဲ႕လႈပ္႐ွားမႈတိုင္းကို ေစာင့္ၾကည့္ရန္နဲ႔ သူငယ္ခ်င္း အမည္ကို အသုံးျပဳကာ သူ႕ရဲ႕ခႏၶာကိုယ္ႏွင့္ ပတ္သက္သည့္ အခ်က္အလက္ အမ်ိဳးမ်ိဳးကို ခ်ိယြမ္႐ွန္းစီ သို႔ စဥ္ဆက္မျပတ္ သတင္းပို႔ရန္ အတုေယာင္သူငယ္ခ်င္းဆက္ဆံေရးကို အသုံးျပဳေနခဲ့သည္။

ေ႐ွာင္က်ိဳးေလး ေမြးဖြားလာေသာအခါတြင္ အစီရင္ခံစာတြင္ သဘာဝက်က်ပဲ ေနာက္ထပ္လူတစ္ေယာက္ေစာင့္ၾကည့္ရန္တိုးလာခဲ့ သည္။

ၿပီးေတာ့ထပ္႐ွိေသးတယ္-

"မင္းစဥ္းစားၾကည့္! သူဘာလို႔ဒါေတြကို ငါ့ကို႐ုတ္တရက္ေျပာျပလာလဲဆိုတာ?"

ဟယ္က်ိဳးကမေျဖႏိုင္ခင္မွာပဲ ခ်ိယြီရဲ႕ႏႈတ္ခမ္း ေတြတင္းတင္းေစ့သြားခဲ့တယ္။

ဟယ္က်ိဳး : "မင္းနဲ႔ကိုယ္ အတူ႐ွိေနတယ္ဆိုတာ သူသိၿပီး မင္းနဲ႔ ကိုယ့္ရဲ႕ဆက္ဆံေရးကို အသုံးခ်ခ်င္ေနတာလား? ဒါမွမဟုတ္ မင္းအေဖ-မဟုတ္ေသးဘူး ကိုယ္တင္မကပဲ ျပႆနာက နည္းနည္းပိုႀကီးသြားႏိုင္တယ္ထင္တယ္-"

ခ်ိယြီ: "႐ုတ္တရက္ တိုက္တိုက္ဆိုင္ဆိုင္႐ွာေတြ႕သြားတာမ်ိဳးလား?"

ခ်ိယြီက ႐ြဲ႕ေစာင္းစြာ ျပဳံးလိုက္ၿပီး "ငါေတာ့မထင္ဘူး"

ဟယ္က်ိဳးက "ထားလိုက္ပါ..သူ႕ကို ႐ႈက်ံဳးဘာသာၾကည့္႐ွင္းပါလိမ့္မယ္..."

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

Paidမွာ main story ၿပီးလို႔ Extraေရာက္ေနပါၿပီေနာ္ 🎀

-----------------------------------------------------------------

ูˆุงุตู„ ุงู„ู‚ุฑุงุกุฉ

ุณุชุนุฌุจูƒ ุฃูŠุถุงู‹

72.6K 5.2K 29
แ€’แ€ฎ story แ€ฑแ€œแ€ธแ€€ Cath แ€กแ€›แ€™แ€นแ€ธแ‚€แ€€แ€ญแ€ณแ€€แ€นแ€แ€ฒแ€ท Mo Dao Zhu Shi แ€ฑแ€œแ€ธแ€€แ€ญแ€ฏ fan ficแ€ฑแ€œแ€ธแ€ปแ€•แ€”แ€นแ€œแ€ฏแ€•แ€นแ€‘แ€ฌแ€ธแ€แ€ฌแ€•แ€ซแ‹ แ€›แ€ผแ€šแ€นแ€šแ€™แ€นแ€ฑแ€”แ€›แ€ฌแ€€แ€ญแ€ฏ transmigration แ€œแ€ฏแ€•แ€นแ€แ€ถแ€œแ€ญแ€ฏแ€€แ€นแ€›แ€แ€ฒแ€ท แ€ฑแ€€แ€ฌแ€„แ€นแ€ฑแ€œแ€ธแ€แ€…แ€นแ€ฑแ€šแ€ฌแ€€แ€นแ€กแ€ฑแ€”...
1.1M 191K 139
แ€™แ€ฐแ€›แ€„แ€บแ€ธแ€…แ€ฌแ€›แ€ฑแ€ธแ€žแ€ฐ : แ€›แ€พแ€ฎแ€›แ€พแ€”แ€บ แ€กแ€™แ€ปแ€ญแ€ฏแ€ธแ€กแ€…แ€ฌแ€ธ : school life,Romance,comedy,Yaoi แ€คแ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€Šแ€บ แ€กแ€€แ€ปแ€ญแ€ฏแ€ธแ€กแ€™แ€ผแ€แ€บแ€กแ€แ€ฝแ€€แ€บแ€™แ€Ÿแ€ฏแ€แ€บแ€•แ€ซแ‹แ€™แ€ฐแ€•แ€ญแ€ฏแ€„แ€บแ€แ€ฝแ€„แ€บแ€ทแ€กแ€ฌแ€ธแ€œแ€ฏแ€ถแ€ธแ€žแ€Šแ€บแ€™แ€ฐแ€›แ€„แ€บแ€ธแ€…แ€ฌแ€›แ€ฑแ€ธแ€žแ€ฐแ€”แ€พแ€„แ€บแ€ทแ€žแ€ฌ...
My DuDuDin โ™ก ุจูˆุงุณุทุฉ A_H_S_U

ุงู„ุนุงุทููŠุฉ

4.8M 529K 58
{Both Zg&Uni} แ€กแ€žแ€ฑแ€™แ€แ€ฝแ€ฎแ€ธแ€›แ€แ€ฑแ€ฌแ€„แ€บ แ€แ€…แ€บแ€แ€ปแ€€แ€บแ€แ€ฑแ€ฌแ€ทแ€•แ€ผแ€ฏแ€ถแ€ธแ€™แ€ญแ€–แ€ญแ€ฏแ€ท แ€กแ€ฌแ€™แ€แ€ถแ€•แ€ซแ€แ€šแ€บ ..๐Ÿ’š Start - { 11,8,2020 } End - { 25,11,2020 } แ€กแ€ฑแ€žแ€™แ€แ€ผแ€ฎแ€ธแ€›แ€ฑแ€แ€ฌแ€„แ€น แ€แ€…แ€นแ€แ€บแ€€แ€นแ€ฑแ€แ€ฌแ€ทแ€ปแ€•แ€ณแ€ถแ€ธแ€™แ€ญแ€–แ€ญแ€ฏแ‚”...
425K 16.1K 44
แ€€แ€ญแ€ฏแ€šแ€บแ€Ÿแ€ฌ แ€€แ€ผแ€ญแ€ฏแ€ธแ€แ€ญแ€ฏแ€„แ€บแ€ธแ€‘แ€ฒแ€™แ€พแ€ฌ แ€€แ€ญแ€ฏแ€šแ€บแ€ทแ€€แ€ญแ€ฏแ€…แ€ญแ€”แ€บแ€แ€ฑแ€ซแ€บแ€œแ€ฌแ€žแ€™แ€ปแ€พแ€€แ€ฑแ€ฌแ€„แ€บแ€แ€ฝแ€ฑแ€กแ€€แ€ฏแ€”แ€บ แ€‘แ€ญแ€ฏแ€ธแ€›แ€ฒแ€แ€šแ€บ แ€žแ€แ€บแ€›แ€ฒแ€แ€šแ€บ แ€€แ€ญแ€ฏแ€šแ€บแ€”แ€ญแ€ฏแ€„แ€บแ€™แ€šแ€บแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€šแ€ฏแ€ถแ€€แ€ผแ€Šแ€บแ€™แ€พแ€ฏแ€›แ€พแ€ญแ€แ€šแ€บ แ€€แ€ญแ€ฏแ€šแ€บแ€™แ€œแ€ฏแ€•แ€บแ€›แ€ฒแ€แ€ฌแ€˜แ€ฌแ€™แ€พแ€™แ€›แ€พแ€ญแ€˜แ€ฐแ€ธแ€œแ€ญแ€ฏแ€ทแ€‘แ€„...