(မိနစံ မေ့နေကြလောက်ရောပေါ့ 🙆
ဒါလေးမဖတ်ခင် အပေါ်ကအပိုင်းလေးတွေ ပြန်ဖတ်ချင်ပြန်ဖတ်လိုက်ကြပါအုံး။ )
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
< UNI >
ဒါဘယ်လိုအခြေအနေကြီးလဲ?
ဘယ်လိုဖြစ်လို့ ဒီလောက်တောင်လိမ္မာတဲ့ကလေးမှာ အမြှီးကထွက်လာရတာလဲ? ဒီအမြှီးကကော ပြန်ပျောက်သွားမှာလား?
ချိယွီတစ်ယောက် အံ့အားသင့်ကာ ကြောင်အလို့နေမိသည်။
သူ အမြှီးလေးကိုစိုက်ကြည့်ရုံသာကြည့်နေနိုင်ပြီး ထပ်မံမထိတွေ့ရဲတော့ပေ။
ချိယွီထပ်မံမထိတွေ့တော့သော်လည်း အလွန်မရင့်ကျက်သေးပုံပေါ်သော အမြှီးလေးမှာ သူ့ဟာသူခါယမ်းလို့နေကာ အပျော့ပြောင်းဆုံးအပိုင်းဖြစ်လောက်မည့်အမြှီးအဆုံးလေးက ချိယွီရဲ့လက်ချောင်းများကို ချစ်ခင်စွာဖြင့်ပွတ်သပ်ပေးလို့နေသည်။
ရှောင်ကျိုးလေးကိုကြည့်မိတော့ ကလေးက နှစ်ခြိုက်စွာအိပ်စက်လို့နေကာ နှုတ်ခမ်းလေးကကော့တက်လို့ ပါးဖောင်းဖောင်းလေးနှစ်ဖက်ဟာလဲ နီမြန်းလို့နေလေတယ်။
ရှောင်ကျိုးက သေချာပေါက် သူ့ရဲ့သွေးသားအစစ်ပါ။ ဒါနဲ့ အဲ့ဒီအမြှီးကတော့...
ချိယွီရဲ့ မျက်ခုံးတွေကအပေါ်ကိုပင့်တက်သွားပြီး သူ့ရဲ့ခေါင်းထဲမှာ အတွေးမုန်တိုင်းထန်လာခဲ့တယ်။
သူကြည့်ခဲ့ဖူးတဲ့ X-Men, Mutants, Harry Potter စတဲ့ရုပ်ရှင်တွေကြောင့် ယွီကျိုးလေးဟာ သူမသိတဲ့ကမ္ဘာတစ်ခုခုရဲ့ ကယ်တင်ရှင်ဒါမှမဟုတ် အရွေးခြယ်ခံရသူများဖြစ်နေမလားလို့ အတွေးပွားလာစေခဲ့တယ်။
အပေါ်ကရုပ်ရှင်တွေအရ သာဆိုရင်တော့ သူ့ကို အနာဂတ်မှာတစ်ယောက်ယောက်က စပရှယ်ကျောင်းတစ်ခုမှာတက်ဖို့ဖိတ်ခေါ်လာလိမ့်မယ်၊ ဗီလိန်စီကနေ အနိုင်ကျင့်ခံရမယ်၊ ပြီးရင်တော့ စွမ်းအင်တွေရလာပြီး လူအားလုံးကိုကယ်တင်နိုင်တဲ့ကယ်တင်ရှင်ကြီးဖြစ်လာမယ်ပေါ့။
နောက်ထပ် အများကြီးရှိနိုင်သေးတယ်!
အဓိကအချက်က... သူ အခုဒီအခြေအနေကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုပဲ?
ချိယွီလဲတွေးမတတ်တော့တာကြောင့် ဖုန်းကိုဖွင့်ကာ စတင်ရှာဖွေလိုက်တယ်။
သူလက်ရှိရောက်နေတဲ့ ကမ္ဘာနဲ့ မူလကမ္ဘာမှာသိပ်ကွဲပြားလှသည်တော့မဟုတ်။ ABOလိင်ကွဲပြားမှုမှလွဲ၍ အားလုံးမူလကမ္ဘာနှင့်ဆင်တူသာဖြစ်သည်။ ထို့အတူ မော်ဒန်ကမ္ဘာဖြစ်သည့်အလျောက် သရဲတွေ ၊ monsterတွေ demonတွေနဲ့ heroတွေဆိုကလဲ ရုပ်ရှင်ကားတွေထဲမှာသာတည်ရှိပြီး လက်တွေ့ဘဝတွင်မရှိပေ။
ထို့ကြောင့် ရှောင်ကျိုးလေးရဲ့အခြေအနေဟာ အလွန်ကိုထူးခြားပြီး တခြားသူများသိသွားစေလို့မဖြစ်ပေ။
ထိုသို့သော သဘာဝလွန်ဖြစ်ရပ်ဟာ သူ့ကလေးစီမှာလာဖြစ်နေတာကြောင့်ဖြစ်မည် ၊ ချိယွီမှာ ကြောက်ရွံ့သွားသည်ထက် ရှောင်ကျိုးလေးအား စိုးရိမ်ကာ ပူပန်လာမိသည်။
ချိယွီက ကိုယ်ကိုကိုင်းလိုက်ကာ ရှောင်ကျိုးလေးကိုပွေ့ချီလို့ ကျောလေးအားညှင်သာစွာပွတ်သပ်ပေးလိုက်သည်။
"ကလေးလေး ၊ အမြှီးလေးပြန်သိမ်းလိုက်ပါအုံး
ပြန်သိမ်းလို့ရလား? ဟမ်?"
ကလေးပေါက်စလေးမှာ မျက်မှောင်ကြုံ့လို့ မပျော်မရွှင်ညီးညူကာ တစ်ဖက်သို့လှည့်လို့တစ်ဖန်အိပ်ပျော်သွားခဲ့ပြန်သည်။
ချိယွီက စိုးရိမ်ပူပန်နေပေမယ့် ရှောင်ကျိုးလေးဟာ ငယ်သေးတာကြောင့် သူ့ခံစားချက်ကိုရိုးရှင်စွာပဲနားမလည်ပေ။ထို့ကြောင့် သူကထိုအကြောင်းတွေးကြည့်ပြီး အိတ်ထဲကနေဒိုင်ဗာအသစ်တစ်ခုယူကာ ကလေးလေးကိုဝတ်ပေးရင်း အမြှီးလေးကိုလဲဒိုက်ဗာထဲထည့်ပြီး ဘောင်းဘီထပ်ဝတ်ပေးလိုက်တယ်။အစမှာ နဲနဲတော့ဖောင်းနေပေမယ့် ကလေးလေးသာသူ့လက်ထဲမှာဆိုရင် သာမန်လူတွေသတိမပြုနိုင်တော့ပေ။
ပြဿနာကိုဖြေရှင်းပြီးနောက် စိတ်သက်သာရာရသွားခဲ့ပေမယ့် ရှောင်ကျိူးလေးက သက်သောင့်သက်သာမဖြစ်စွာ နိုးထလာခဲ့တယ်။
ကလေးက သူ့ရဲ့လက်ပုတိုလေးများကိုဆန့်ထုတ်လို့ သူ့နောက်ကျောကိုထိဖို့ကြိုးပမ်းလို့နေတယ်။သူ့အမြှီးလေးကို အဝတ်တွေနဲ့ရစ်ပတ်ထားသလိုဖြစ်နမှတော့ ဘယ်လိုလုပ်သက်သောင့်သက်သာဖြစ်မလဲလေ? သို့သော် သူ့မှာလက်ပုတိုလေးတွေပဲပိုင်ဆိုင်ထားတာကြောင့် သူနောက်ကျောကိုလှမ်းမထိနိုင်ဖြစ်ကာ စတင်ငိုကြွေးတော့တယ်။
ချိယွီက သူ့ကိုပွေ့ချီတော့ ကလေးလေးကချိယွီရဲ့ကော်လာကိုကိုင်ကာ ပါးစပ်လေးကဟစိဟစိဖြင့် မျက်လုံးဝိုင်းဝိုင်းကြီးကြီးလေးများကလဲ မျက်ရည်ဥများအပြည့်ဖြစ်နေသည်။
"ဟေး အမြှီးလေးကိုသိမ်းထားလို့ငိုနေတာပေါ့လေ?"
ချိယွီရှောင်ကျိုးလေးရဲ့ကျောကို ထပ်မံပွတ်သပ်ပေးကာ ချော့မြူရပြန်တယ်။
"ရှိတယ်ရှိတယ် မားမားသိမ်းပေးထားတယ်လေ"
ထိုအချိန်မှာပဲ အပြင်မှတစ်စုံတစ်ယောက်ကတံခါးကို နှစ်ကြိမ်ခေါက်လာခဲ့သည်။
တံခါးလက်ကိုင်ကလှုပ်ခတ်သွားကာ အပြင်မှလူကဝင်လာတော့မည်ပုံပင်။
ချိယွီကအလန့်တကြားအော်ပြောလိုက်တယ်။ "မဝင်လာနဲ့အုံး!"
ထိုအော်သံကအပြင်ကလူကို မဝင်လာအောင်တားလိုက်နိုင်ပေမယ့် ရှောင်ကျိုးလေးကိုလဲထိတ်လန့်သွားစေခဲ့တယ်။
ကလေးလေး ခန္ဓာကိုယ်လေးကတုန်ရီလာကာ သူ့မားမားကို ဗလာသပ်စွာကြည့်လာတယ်။
ချိယွီက ကလေးလေးကျောကိုထပ်မံပွတ်သပ်ကာ ချော့မြူရင်းပြောလိုက်တယ်။ "အဆင်ပြေပါတယ်၊ မားမားကမင်းကိုအော်တာမဟုတ်ရပါဘူး မငိုနဲ့နော်"
သို့သော် ချိယွီဘယ်လောက်ချော့ချော့အသုံးမဝင်ပေ။ကလေးလေးမှာ မသက်မသာဖြစ်ကာ ထိတ်လန့်နေသည်။ မြူခိုးငွေ့လေးတွေ ကလေးလေးမျက်လုံးမှာရစ်သိုင်းလာခဲ့တယ်။ မျက်တောင်တစ်ချက်ခက်ရုံနဲ့ မျက်ရည်တွေအိုင်ထွန်းသလို လှိမ့်စင်းလာခဲ့တယ်။ သူက အံကြိတ်လို့ ဝမ်းပမ်းတနည်းနဲ့ စွပ်စွဲခံရသလို သည်းကြီးမည်းကြီးငိုကာ ခေါင်းလေးကိုလဲချိယွီရဲ့ရင်ဘတ်မှာမြုပ်ထားခဲ့တယ်။
"ချိယွီ ဘာဖြစ်နေတာလဲ? ကိုယ်ကလေးငိုသံကြားလို့ လာကြည့်တာ" တံခါးအပြင်မှာ ဟယ်ကျိုးကပြောလာသည်။
ချိယွီက ချော့မရတဲ့ကလေးကို ဆက်မချော့တော့ပဲ ကလေးအားစောင်ပါးလေးဖြင့်ချုံပေးကာ သူ့နှာဖူးပေါ်က ချွေးများအားသုတ်လိုက်တယ်။ အမြှီးလေးမမြင်ရတာသေချာပြီဆိုမှ အသက်ခပ်ပြင်းပြင်းချလို့ တံခါးသွားဖွင့်ပေးလိုက်တယ်။
တံခါးအပြင်မှာတော့ ဟယ်ကျိုးက လက်တစ်ဖက်က နို့ဘူး၊ လက်တစ်ဖက်က ဖက်ထုပ်ပန်းကန်ဖြင့်ရပ်နေခဲ့တယ်။
သူက ငိုနေတဲ့ရှောင်ကျိုးလေးကိုတစ်လှည့် ချိယွီကိုတစ်ပြန်ကြည့်ရင်းမေးလာခဲ့တယ်။"ကလေးက ဘာဖြစ်လို့အဲ့လောက်ငိုနေတာလဲ?"
ချိယွီက ပြုံးကာ : "ဒီတိုင်းနေ့လည်နေ့ခင်းတရေးတမောအိပ်ရာကနိုးလာတော့ စိတ်ဆိုးပြီးထငိုတာဖြစ်မှာပေါ့"
ဟယ်ကျိုးက ချိယွီအပြောကိုခေါင်းငြိမ့်ကာ ချိယွီလက်မောင်းထဲက ကလေးလေးရှေ့ လက်ထဲကနို့ဘူးလေးကို ခါယမ်းရင်း : "လိမ္မာတယ် ဒါသားအတွက်လေ ၊ မငိုရဘူးနော်"
ဘယ်လိုပဲဖြစ်ဖြစ် အကောင်ပေါက်လေးကတော့ ဟယ်ကျိုးကိုတစ်ချက်သာကြည့်လာကာ ဆက်လက်၍ငိုကြွေးနေတော့တယ်။ သူက ဆက်တိုက် မသက်မသာဖြစ်စွာလှုပ်ရှားလို့နေတယ်။ ကလေးလေးက ချိယွီရဲ့လက်မောင်းထဲမှာကိုယ်လေးကိုကြုံ့လို့ငိုကြွေးနေတာကြောင့် ဟယ်ကျိုးတောင်ထူးဆန်းမှုကို ခံစားလို့ရနေတယ်။
ချိယွီမရှိတုန်းကတောင် ကလေးလေးမှာငိုတာရှားကာ ၊ ဒီတစ်ကြိမ်လိုတခါမဆူညံဘူးပေ။
"ကလေးကဘာဖြစ်နေတာလဲ? သူဖျားနေတာလား?"
ဟယ်ကျိုးကပြောရင်း လေအေးပေးစက်ကိုတစ်ချက်ကြည့်ကာ : "၂၇ဒီဂရီမှာဒီလောက်အေးမနေသင့်ဘူး။ ဘာလို့ ကလေးကိုစောင်တွေပတ်ပေးထားတာလဲ ပူနေမှာပေါ့"
ချိယွီက သူ့ခေါင်းကြီးလာသလိုခံစားလိုက်ရကာ နှစ်ခါရယ်မောလိုက်ပြီး : "ငါက ကလေးအအေးမိမှာစိုးလို့ပါ" ထိုသို့ပြောပြီး မျက်နှာလွှဲကာ သူ့ကိုယ်ပေါ်ကဂျက်ကတ်ကိုချွတ်လိုက်ပြီး သူ့လက်တွေနဲ့ရှောင်ကျိုးလေးကိုရစ်ပတ်ဖက်တွယ်ကာ ရင်ဘတ်ပေါ်မှီတင်ထားလိုက်တယ်။
သူ့လက်မောင်းကနေ တစ်ခုခုဖုထွက်နေတာခံစားရတုန်းပဲ။ အမြှီးကပြန်မဝင်တော့တာလား?
"Oooohhh နို့သောက်ရအောင်လေ" ချိယွီထပ်မံချော့မော့လိုက်တယ်။
ဟယ်ကျိုးရဲ့မျက်ခုံးများကတော့ တွန့်ချိုးနေကာ : "ကလေးကထူးဆန်းနေတယ်၊ကိုယ် ဆရာဝန်ခေါ်ပြီး အဖျားစစ်ခိုင်းလိုက်မယ်"
ချိယွီကလျင်မြန်စွာငြင်းဆိုကာ : "မလိုပါဘူးမလိုပါဘူး! ၊ သူမကြာခင်နေပြန်ကောင်းသွားမှာပါ"
ထိုသို့ပြောပြီးနောက် ချိယွီကရှောင်ကျိုးလေးမျက်နှာကို မွှေးကြူလိုက်ကာ ကလေးအားချီလို့အခန်းတွင်း ရှေ့နောက်လျှောက်နေလိုက်တယ်။
ကလေးလေးက သူ့မားမားပူပန်မှုအားခံစားမိ၍ထင်တယ်၊ ကလေးလေးရဲ့ငိုသံကတဖြည်းဖြည်း တိုးတိတ်လာခဲ့တယ်။
ရှောင်ကျိုးလေးက ချိယွီရဲ့ရင်ဘတ်တွင်းမြှပ်ထားခဲ့တဲ့သူ့ရဲ့ခေါင်းလေးကိုမော့ကာ ချိယွီကို နာခံစွာမော့ကြည့်နေပေမယ့် နှုတ်သီးလေးကဆူထွက်နေဆဲဖြစ်ကာ သူ့မားမားကို စိတ်ဆိုးနေတုန်းပဲ။
ချိယွီ စိတ်သက်သာရာရသွားခဲ့တယ်။
ရှောင်ကျိုးလေးကို ချီလျက် tatamiဖျားပေါ်မှာထိုင်ချကာ တည်ငြိမ်ပုံဖမ်းလို့ ဟယ်ကျိုးအားမေးလာခဲ့တယ်။ "ဒါနဲ့ဟယ်ကျောင်းကိုခုနကဘာသွားပြောတာလဲ? ဘာလို့အဲ့လောက်တောင်ကြာနေတာလဲ?"
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(မိနစံ ေမ့ေနၾကေလာက္ေရာေပါ့
ဒါေလးမဖတ္ခင္ အေပၚကအပိုင္းေလးေတြ ျပန္ဖတ္ခ်င္ျပန္ဖတ္လိုက္ၾကပါအုံး။ )
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
< ZAW >
ဒါဘယ္လိုအေျခအေနႀကီးလဲ?
ဘယ္လိုျဖစ္လို႔ ဒီေလာက္ေတာင္လိမၼာတဲ့ကေလးမွာ အၿမႇီးကထြက္လာရတာလဲ? ဒီအၿမႇီးကေကာ ျပန္ေပ်ာက္သြားမွာလား?
ခ်ိယြီတစ္ေယာက္ အံ့အားသင့္ကာ ေၾကာင္အလို႔ေနမိသည္။
သူ အၿမႇီးေလးကိုစိုက္ၾကည့္႐ုံသာၾကည့္ေနႏိုင္ၿပီး ထပ္မံမထိေတြ႕ရဲေတာ့ေပ။
ခ်ိယြီထပ္မံမထိေတြ႕ေတာ့ေသာ္လည္း အလြန္မရင့္က်က္ေသးပုံေပၚေသာ အၿမႇီးေလးမွာ သူ႕ဟာသူခါယမ္းလို႔ေနကာ အေပ်ာ့ေျပာင္းဆုံးအပိုင္းျဖစ္ေလာက္မည့္အၿမႇီးအဆုံးေလးက ခ်ိယြီရဲ႕လက္ေခ်ာင္းမ်ားကို ခ်စ္ခင္စြာျဖင့္ပြတ္သပ္ေပးလို႔ေနသည္။
ေ႐ွာင္က်ိဳးေလးကိုၾကည့္မိေတာ့ ကေလးက ႏွစ္ၿခိဳက္စြာအိပ္စက္လို႔ေနကာ ႏႈတ္ခမ္းေလးကေကာ့တက္လို႔ ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္ဟာလဲ နီျမန္းလို႔ေနေလတယ္။
ေ႐ွာင္က်ိဳးက ေသခ်ာေပါက္ သူ႕ရဲ႕ေသြးသားအစစ္ပါ။ ဒါနဲ႔ အဲ့ဒီအၿမႇီးကေတာ့...
ခ်ိယြီရဲ႕ မ်က္ခုံးေတြကအေပၚကိုပင့္တက္သြားၿပီး သူ႕ရဲ႕ေခါင္းထဲမွာ အေတြးမုန္တိုင္းထန္လာခဲ့တယ္။
သူၾကည့္ခဲ့ဖူးတဲ့ X-Men, Mutants, Harry Potter စတဲ့႐ုပ္႐ွင္ေတြေၾကာင့္ ယြီက်ိဳးေလးဟာ သူမသိတဲ့ကမ႓ာတစ္ခုခုရဲ႕ ကယ္တင္႐ွင္ဒါမွမဟုတ္ အေ႐ြးျခယ္ခံရသူမ်ားျဖစ္ေနမလားလို႔ အေတြးပြားလာေစခဲ့တယ္။
အေပၚက႐ုပ္႐ွင္ေတြအရ သာဆိုရင္ေတာ့ သူ႕ကို အနာဂတ္မွာတစ္ေယာက္ေယာက္က စပ႐ွယ္ေက်ာင္းတစ္ခုမွာတက္ဖို႔ဖိတ္ေခၚလာလိမ့္မယ္၊ ဗီလိန္စီကေန အႏိုင္က်င့္ခံရမယ္၊ ၿပီးရင္ေတာ့ စြမ္းအင္ေတြရလာၿပီး လူအားလုံးကိုကယ္တင္ႏိုင္တဲ့ကယ္တင္႐ွင္ႀကီးျဖစ္လာမယ္ေပါ့။
ေနာက္ထပ္ အမ်ားႀကီး႐ွိႏိုင္ေသးတယ္!
အဓိကအခ်က္က... သူ အခုဒီအေျခအေနကိုဘယ္လိုကိုင္တြယ္ရမလဲဆိုတာကိုပဲ?
ခ်ိယြီလဲေတြးမတတ္ေတာ့တာေၾကာင့္ ဖုန္းကိုဖြင့္ကာ စတင္႐ွာေဖြလိုက္တယ္။
သူလက္႐ွိေရာက္ေနတဲ့ ကမ႓ာနဲ႔ မူလကမ႓ာမွာသိပ္ကြဲျပားလွသည္ေတာ့မဟုတ္။ ABOလိင္ကြဲျပားမႈမွလြဲ၍ အားလုံးမူလကမ႓ာႏွင့္ဆင္တူသာျဖစ္သည္။ ထို႔အတူ ေမာ္ဒန္ကမ႓ာျဖစ္သည့္အေလ်ာက္ သရဲေတြ ၊ monsterေတြ demonေတြနဲ႔ heroေတြဆိုကလဲ ႐ုပ္႐ွင္ကားေတြထဲမွာသာတည္႐ွိၿပီး လက္ေတြ႕ဘဝတြင္မ႐ွိေပ။
ထို႔ေၾကာင့္ ေ႐ွာင္က်ိဳးေလးရဲ႕အေျခအေနဟာ အလြန္ကိုထူးျခားၿပီး တျခားသူမ်ားသိသြားေစလို႔မျဖစ္ေပ။
ထိုသို႔ေသာ သဘာဝလြန္ျဖစ္ရပ္ဟာ သူ႕ကေလးစီမွာလာျဖစ္ေနတာေၾကာင့္ျဖစ္မည္ ၊ ခ်ိယြီမွာ ေၾကာက္႐ြံ႕သြားသည္ထက္ ေ႐ွာင္က်ိဳးေလးအား စိုးရိမ္ကာ ပူပန္လာမိသည္။
ခ်ိယြီက ကိုယ္ကိုကိုင္းလိုက္ကာ ေ႐ွာင္က်ိဳးေလးကိုေပြ႕ခ်ီလို႔ ေက်ာေလးအားညႇင္သာစြာပြတ္သပ္ေပးလိုက္သည္။
"ကေလးေလး ၊ အၿမႇီးေလးျပန္သိမ္းလိုက္ပါအုံး
ျပန္သိမ္းလို႔ရလား? ဟမ္?"
ကေလးေပါက္စေလးမွာ မ်က္ေမွာင္ၾကဳံ႕လို႔ မေပ်ာ္မ႐ႊင္ညီးညဴကာ တစ္ဖက္သို႔လွည့္လို႔တစ္ဖန္အိပ္ေပ်ာ္သြားခဲ့ျပန္သည္။
ခ်ိယြီက စိုးရိမ္ပူပန္ေနေပမယ့္ ေ႐ွာင္က်ိဳးေလးဟာ ငယ္ေသးတာေၾကာင့္ သူ႕ခံစားခ်က္ကို႐ိုး႐ွင္စြာပဲနားမလည္ေပ။ထို႔ေၾကာင့္ သူကထိုအေၾကာင္းေတြးၾကည့္ၿပီး အိတ္ထဲကေနဒိုင္ဗာအသစ္တစ္ခုယူကာ ကေလးေလးကိုဝတ္ေပးရင္း အၿမႇီးေလးကိုလဲဒိုက္ဗာထဲထည့္ၿပီး ေဘာင္းဘီထပ္ဝတ္ေပးလိုက္တယ္။အစမွာ နဲနဲေတာ့ေဖာင္းေနေပမယ့္ ကေလးေလးသာသူ႕လက္ထဲမွာဆိုရင္ သာမန္လူေတြသတိမျပဳႏိုင္ေတာ့ေပ။
ျပႆနာကိုေျဖ႐ွင္းၿပီးေနာက္ စိတ္သက္သာရာရသြားခဲ့ေပမယ့္ ေ႐ွာင္က်ိဴးေလးက သက္ေသာင့္သက္သာမျဖစ္စြာ ႏိုးထလာခဲ့တယ္။
ကေလးက သူ႕ရဲ႕လက္ပုတိုေလးမ်ားကိုဆန္႔ထုတ္လို႔ သူ႕ေနာက္ေက်ာကိုထိဖို႔ႀကိဳးပမ္းလို႔ေနတယ္။သူ႕အၿမႇီးေလးကို အဝတ္ေတြနဲ႔ရစ္ပတ္ထားသလိုျဖစ္နမွေတာ့ ဘယ္လိုလုပ္သက္ေသာင့္သက္သာျဖစ္မလဲေလ? သို႔ေသာ္ သူ႕မွာလက္ပုတိုေလးေတြပဲပိုင္ဆိုင္ထားတာေၾကာင့္ သူေနာက္ေက်ာကိုလွမ္းမထိႏိုင္ျဖစ္ကာ စတင္ငိုေႂကြးေတာ့တယ္။
ခ်ိယြီက သူ႕ကိုေပြ႕ခ်ီေတာ့ ကေလးေလးကခ်ိယြီရဲ႕ေကာ္လာကိုကိုင္ကာ ပါးစပ္ေလးကဟစိဟစိျဖင့္ မ်က္လုံးဝိုင္းဝိုင္းႀကီးႀကီးေလးမ်ားကလဲ မ်က္ရည္ဥမ်ားအျပည့္ျဖစ္ေနသည္။
"ေဟး အၿမႇီးေလးကိုသိမ္းထားလို႔ငိုေနတာေပါ့ေလ?"
ခ်ိယြီေ႐ွာင္က်ိဳးေလးရဲ႕ေက်ာကို ထပ္မံပြတ္သပ္ေပးကာ ေခ်ာ့ျမဴရျပန္တယ္။
"႐ွိတယ္႐ွိတယ္ မားမားသိမ္းေပးထားတယ္ေလ"
ထိုအခ်ိန္မွာပဲ အျပင္မွတစ္စုံတစ္ေယာက္ကတံခါးကို ႏွစ္ႀကိမ္ေခါက္လာခဲ့သည္။
တံခါးလက္ကိုင္ကလႈပ္ခတ္သြားကာ အျပင္မွလူကဝင္လာေတာ့မည္ပုံပင္။
ခ်ိယြီကအလန္႔တၾကားေအာ္ေျပာလိုက္တယ္။ "မဝင္လာနဲ႔အုံး!"
ထိုေအာ္သံကအျပင္ကလူကို မဝင္လာေအာင္တားလိုက္ႏိုင္ေပမယ့္ ေ႐ွာင္က်ိဳးေလးကိုလဲထိတ္လန္႔သြားေစခဲ့တယ္။
ကေလးေလး ခႏၶာကိုယ္ေလးကတုန္ရီလာကာ သူ႕မားမားကို ဗလာသပ္စြာၾကည့္လာတယ္။
ခ်ိယြီက ကေလးေလးေက်ာကိုထပ္မံပြတ္သပ္ကာ ေခ်ာ့ျမဴရင္းေျပာလိုက္တယ္။ "အဆင္ေျပပါတယ္၊ မားမားကမင္းကိုေအာ္တာမဟုတ္ရပါဘူး မငိုနဲ႔ေနာ္"
သို႔ေသာ္ ခ်ိယြီဘယ္ေလာက္ေခ်ာ့ေခ်ာ့အသုံးမဝင္ေပ။ကေလးေလးမွာ မသက္မသာျဖစ္ကာ ထိတ္လန္႔ေနသည္။ ျမဴခိုးေငြ႕ေလးေတြ ကေလးေလးမ်က္လုံးမွာရစ္သိုင္းလာခဲ့တယ္။ မ်က္ေတာင္တစ္ခ်က္ခက္႐ုံနဲ႔ မ်က္ရည္ေတြအိုင္ထြန္းသလို လွိမ့္စင္းလာခဲ့တယ္။ သူက အံႀကိတ္လို႔ ဝမ္းပမ္းတနည္းနဲ႔ စြပ္စြဲခံရသလို သည္းႀကီးမည္းႀကီးငိုကာ ေခါင္းေလးကိုလဲခ်ိယြီရဲ႕ရင္ဘတ္မွာျမဳပ္ထားခဲ့တယ္။
"ခ်ိယြီ ဘာျဖစ္ေနတာလဲ? ကိုယ္ကေလးငိုသံၾကားလို႔ လာၾကည့္တာ" တံခါးအျပင္မွာ ဟယ္က်ိဳးကေျပာလာသည္။
ခ်ိယြီက ေခ်ာ့မရတဲ့ကေလးကို ဆက္မေခ်ာ့ေတာ့ပဲ ကေလးအားေစာင္ပါးေလးျဖင့္ခ်ံဳေပးကာ သူ႕ႏွာဖူးေပၚက ေခြၽးမ်ားအားသုတ္လိုက္တယ္။ အၿမႇီးေလးမျမင္ရတာေသခ်ာၿပီဆိုမွ အသက္ခပ္ျပင္းျပင္းခ်လို႔ တံခါးသြားဖြင့္ေပးလိုက္တယ္။
တံခါးအျပင္မွာေတာ့ ဟယ္က်ိဳးက လက္တစ္ဖက္က ႏို႔ဘူး၊ လက္တစ္ဖက္က ဖက္ထုပ္ပန္းကန္ျဖင့္ရပ္ေနခဲ့တယ္။
သူက ငိုေနတဲ့ေ႐ွာင္က်ိဳးေလးကိုတစ္လွည့္ ခ်ိယြီကိုတစ္ျပန္ၾကည့္ရင္းေမးလာခဲ့တယ္။"ကေလးက ဘာျဖစ္လို႔အဲ့ေလာက္ငိုေနတာလဲ?"
ခ်ိယြီက ျပဳံးကာ : "ဒီတိုင္းေန႔လည္ေန႔ခင္းတေရးတေမာအိပ္ရာကႏိုးလာေတာ့ စိတ္ဆိုးၿပီးထငိုတာျဖစ္မွာေပါ့"
ဟယ္က်ိဳးက ခ်ိယြီအေျပာကိုေခါင္းၿငိမ့္ကာ ခ်ိယြီလက္ေမာင္းထဲက ကေလးေလးေ႐ွ႕ လက္ထဲကႏို႔ဘူးေလးကို ခါယမ္းရင္း : "လိမၼာတယ္ ဒါသားအတြက္ေလ ၊ မငိုရဘူးေနာ္"
ဘယ္လိုပဲျဖစ္ျဖစ္ အေကာင္ေပါက္ေလးကေတာ့ ဟယ္က်ိဳးကိုတစ္ခ်က္သာၾကည့္လာကာ ဆက္လက္၍ငိုေႂကြးေနေတာ့တယ္။ သူက ဆက္တိုက္ မသက္မသာျဖစ္စြာလႈပ္႐ွားလို႔ေနတယ္။ ကေလးေလးက ခ်ိယြီရဲ႕လက္ေမာင္းထဲမွာကိုယ္ေလးကိုၾကဳံ႕လို႔ငိုေႂကြးေနတာေၾကာင့္ ဟယ္က်ိဳးေတာင္ထူးဆန္းမႈကို ခံစားလို႔ရေနတယ္။
ခ်ိယြီမ႐ွိတုန္းကေတာင္ ကေလးေလးမွာငိုတာ႐ွားကာ ၊ ဒီတစ္ႀကိမ္လိုတခါမဆူညံဘူးေပ။
"ကေလးကဘာျဖစ္ေနတာလဲ? သူဖ်ားေနတာလား?"
ဟယ္က်ိဳးကေျပာရင္း ေလေအးေပးစက္ကိုတစ္ခ်က္ၾကည့္ကာ : "၂၇ဒီဂရီမွာဒီေလာက္ေအးမေနသင့္ဘူး။ ဘာလို႔ ကေလးကိုေစာင္ေတြပတ္ေပးထားတာလဲ ပူေနမွာေပါ့"
ခ်ိယြီက သူ႕ေခါင္းႀကီးလာသလိုခံစားလိုက္ရကာ ႏွစ္ခါရယ္ေမာလိုက္ၿပီး : "ငါက ကေလးအေအးမိမွာစိုးလို႔ပါ" ထိုသို႔ေျပာၿပီး မ်က္ႏွာလႊဲကာ သူ႕ကိုယ္ေပၚကဂ်က္ကတ္ကိုခြၽတ္လိုက္ၿပီး သူ႕လက္ေတြနဲ႔ေ႐ွာင္က်ိဳးေလးကိုရစ္ပတ္ဖက္တြယ္ကာ ရင္ဘတ္ေပၚမွီတင္ထားလိုက္တယ္။
သူ႕လက္ေမာင္းကေန တစ္ခုခုဖုထြက္ေနတာခံစားရတုန္းပဲ။ အၿမႇီးကျပန္မဝင္ေတာ့တာလား?
"Oooohhh ႏို႔ေသာက္ရေအာင္ေလ" ခ်ိယြီထပ္မံေခ်ာ့ေမာ့လိုက္တယ္။
ဟယ္က်ိဳးရဲ႕မ်က္ခုံးမ်ားကေတာ့ တြန္႔ခ်ိဳးေနကာ : "ကေလးကထူးဆန္းေနတယ္၊ကိုယ္ ဆရာဝန္ေခၚၿပီး အဖ်ားစစ္ခိုင္းလိုက္မယ္"
ခ်ိယြီကလ်င္ျမန္စြာျငင္းဆိုကာ : "မလိုပါဘူးမလိုပါဘူး! ၊ သူမၾကာခင္ေနျပန္ေကာင္းသြားမွာပါ"
ထိုသို႔ေျပာၿပီးေနာက္ ခ်ိယြီကေ႐ွာင္က်ိဳးေလးမ်က္ႏွာကို ေမႊးၾကဴလိုက္ကာ ကေလးအားခ်ီလို႔အခန္းတြင္း ေ႐ွ႕ေနာက္ေလွ်ာက္ေနလိုက္တယ္။
ကေလးေလးက သူ႕မားမားပူပန္မႈအားခံစားမိ၍ထင္တယ္၊ ကေလးေလးရဲ႕ငိုသံကတျဖည္းျဖည္း တိုးတိတ္လာခဲ့တယ္။
ေ႐ွာင္က်ိဳးေလးက ခ်ိယြီရဲ႕ရင္ဘတ္တြင္းျမႇပ္ထားခဲ့တဲ့သူ႕ရဲ႕ေခါင္းေလးကိုေမာ့ကာ ခ်ိယြီကို နာခံစြာေမာ့ၾကည့္ေနေပမယ့္ ႏႈတ္သီးေလးကဆူထြက္ေနဆဲျဖစ္ကာ သူ႕မားမားကို စိတ္ဆိုးေနတုန္းပဲ။
ခ်ိယြီ စိတ္သက္သာရာရသြားခဲ့တယ္။
ေ႐ွာင္က်ိဳးေလးကို ခ်ီလ်က္ tatamiဖ်ားေပၚမွာထိုင္ခ်ကာ တည္ၿငိမ္ပုံဖမ္းလို႔ ဟယ္က်ိဳးအားေမးလာခဲ့တယ္။ "ဒါနဲ႔ဟယ္ေက်ာင္းကိုခုနကဘာသြားေျပာတာလဲ? ဘာလို႔အဲ့ေလာက္ေတာင္ၾကာေနတာလဲ?"
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°