Chapter (71) Arc 4
နိယာမနတ်သူငယ်
"သူမ.... သူမက နိယာမနတ်သူငယ်လား"
ရုတ်တရက် အဘိုးအို တစ်ယောက်၏ အသံသည် ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူ့အသံက သစ်သားတုံးကြီး သေရာကနေ ပြန်ရှင်လာသလိုပဲ အလွန်အမင်း အံ့သြ ထိတ်လန့်နေလေသည်။
အဘိုးအိုမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ပြီးပြည့်စုံသော ကျင့်ကြံမှုအခြေခံ ရှိသော်လည်း သူ့ခန္ဓာကိုယ်တွင် သူတော်စဥ်လမ်းစဥ် နှင့် ဓမ္မအခြေခံ သဘောတရားများ မပါရှိပါ။ သူသည် မှုန်ဝါးဝါး၊ နှင်းဖြူရောင် ဆံပင်များ၊ စူးရှသော မျက်လုံးများနှင့် ဖော်ပြ၍မရသော ထိတ်လန့်စရာများကို ကြုံတွေ့နေရသလိုပင်။
"အဘိုးအိုခွေမုမလား??"
အဘိုးအိုကို မှတ်မိသွားတဲ့ လူတစ်ယောက်က အဘိုးအိုရဲ့ နာမည်ကို လှမ်းအော်လိုက်သည်။
အဘိုးအိုသည် ကလေးမလေး၏ ရှေ့သို့ အပြေးအလွှား ပြေးသွားသော်လည်း ကလေးမလေးသည် ခံနိုင်ရည်အား အနည်းငယ်မျှပင် မရှိသဖြင့် ထိတ်လန့်စွာ မျက်လုံးများ မှိတ်ထားလိုက်သည်။ အဘိုးအိုက လက်ဖဝါးကို ဆန့်တန်းကာ ကလေးမလေးအား ဖမ်းကိုင်လိုက်သည်။
သို့သော် အဖိုးအိုရဲ့ လက်က လမ်းတစ်ဝက်မှာတင် လုရွှမ်ဆီက ဆုပ်ကိုင်ခံလိုက်ပြီး
"မင်းဘာလုပ်ချင်နေတာလဲ?"
အဘိုးအိုသည် သူ့နောက်ကျောကို လက်ပြန်ရိုက်ပစ် ချင်သော်လည်း တစ်ဖက်လူက လုရွှမ် ဖြစ်နေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့အခါ သူ့လက်ဖဝါးကို လျင်မြန်စွာ ရုတ်သိမ်းလိုက်တော့သည်။
"မိတ်ဆွေလေး... နားလည်မှု လွဲနေပါပြီ ကျုပ်ကသူ့ကို နာကျင်အောင်လုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး.... သူ့လက်ဖဝါးကို တစ်ချက်လောက် ကြည့်ချင်ရုံပါ"
"လက်ဝါး??"
လုရွှမ်ရဲ့ စွမ်းအားကို မြင်ပြီးနောက် အဖိုးအို ခွေမုသည် သူကလုရွှမ်ရဲ့ ပြိုင်ဘက် မဟုတ်ကြောင်း ကောင်းစွာသိခဲ့သည်။ ထို့ကြောင့် မြန်မြန် ရှင်းပြလေသည်။
"ဒီကမိတ်ဆွေလေးက နိယာမနတ်သူငယ်ရဲ့ ဒဏ္ဍာရီကို တစ်ခါမှ မကြားဖူးဘူး ထင်တယ်"
အဖိုးအိုသည် အမှန်တရားကို မပြောဘဲ မနေဝံ့သောကြောင့် ထိုအကြောင်းကို အမြန်ပြောလိုက်သည်။
"နိယာမနတ်သူငယ် ဆိုတာ တကယ်တော့ ကောင်းကင်နဲ့ အနီးစပ်ဆုံး မွေးဖွားလာတဲ့ ကလေးတချို့ပါ... တောက်ဓမ္မ ကျင့်စဥ်စွမ်းအင်တွေက သူတို့ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်း မွေးဖွားလာတာ... အဲဒီကလေးတွေက အရမ်း ထက်မြက်ပြီး ကျင့်ကြံမှုမှာလည်း ထိပ်တန်း ပါရမီရှင်တွေ"
"သူတို့အားလုံးက သဘာဝအတိုင်း တောက်လမ်းစဥ်နဲ့ မွေးဖွားလာကြတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပေမယ့် တကယ်တော့ နတ်သူငယ်လေးရဲ့ အခြေအနေတွေက အရမ်း ကြမ်းတမ်းတယ်.... ကျင့်ကြံမှု မကောင်းတဲ့ ဇနီးမောင်နှံတွေက နိယာမနတ်သူငယ်ကို မွေးဖွားနိုင်ပေမယ့် ကျင့်ကြံမှု အားကောင်းတဲ့ မိဘတွေကနေ မွေးဖွားလာခဲ့ရင်တော့ တောက်ကျင့်စဥ် စွမ်းအင်ရဲ့ အကျိုးသက်ရောက်မှုက မိဘတွေကို သတ်ပစ်နိုင်တာမို့လို့ သူတို့ မိဘမဲ့တွေ ဖြစ်သွားကြတယ်"
လုရွှမ် ကလေးမလေးကို တစ်ဖန် ပြန်ကြည့်လိုက်သည်။ သူ့ကံကြမ္မာသည် ဤမျှလောက် သနားစရာ ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားချေ။
ကလေးမလေးသည် အဘိုးအို၏ စကားကိုလည်း ကြားခဲ့ရပြီး သူမဟာ မိဘကို သတ်မိကြောင်းကို ပထမဆုံးအကြိမ် သိလိုက်ရတဲ့အခါ မျက်ရည်စီးကြောင်းများ ချက်ချင်း စီးကျလာတော့သည်။
"ဒါပေမဲ့ ဒီနတ်သူငယ်တွေက အဂ္ဂိရတ်ပညာအတွက် အကောင်းဆုံး ပစ္စည်းပဲ.... သူ့ကို ဆေးရည်အဖြစ် သန့်စင်ပေးနိုင်ပါတယ်။ သန့်စင်ပြီးတာနဲ့ အနည်းဆုံးတော့ သူတော်စင်နယ်ပယ် ဆေးရည်ရဲ့ ပထမတန်း ဖြစ်လာမှာ... သူတော်စင်တစ်ပိုင်းက လူဆိုရင် သူတော်စင် ဖြစ်လာဖို့ အကောင်းဆုံး အထောက်အပံ့ပဲ"
"နတ်သူငယ်လေးရဲ့ အရည်အချင်းကို သူမရဲ့ လက်ဖဝါးပုံကို ကြည့်ပြီး အကဲဖြတ်လို့ ရတယ်... စက်ဝိုင်းတွေများလေ နတ်သူငယ်ရဲ့ အရည်အသွေးက မြင့်မားလေပဲ.... ဒဏ္ဍာရီထဲမှာ အဆင့်၉ အမြင့်ဆုံးအဆင့်မှာ ရှိတဲ့ နတ်သူငယ်လေး တစ်ယောက် ရှိခဲ့တယ်လို့ ကောလဟာလတွေ ထွက်ခဲ့ဖူးတယ်... သနားစရာပါပဲ အဲဒီတုန်းက ဘိုးဘေးတွေက ဖမ်းမမိခဲ့တော့ နတ်သူငယ်လေး ကိုယ်တိုင်ပဲ သူတော်စင် ဖြစ်သွားတယ်... နှမြောစရာပဲ...ဟူး.."
အဘိုးအို၏ စကားအတိုင်း လူတိုင်းသည်လည်း သက်ပြင်းချလိုက်သည်။ သူတော်စင် ဖြစ်လိုခြင်းမှာ ကျင့်ကြံသူတိုင်း၏ အကြီးမားဆုံး ဆန္ဒဖြစ်သည်။
တခဏအတွင်းမှာပဲ အားလုံးက ပူနွေး တောက်လောင်နေတဲ့ မျက်လုံးတွေနဲ့ ကလေးမလေးကို ကြည့်လိုက်ကြသည်။
အပြင်မှလူများက သူမကို ဖမ်းဆီးဖို့ အခင်းအကျင်းကြီး တည်ထောင်ခဲ့တာ အံ့သြစရာတော့ မဟုတ်ပေ။ ၎င်းသည် အမှန်တကယ်ပင် ထူးထူးခြားခြား တန်ဖိုးရှိလွန်းလှသည် မဟုတ်ပါလား။
"တကယ်တော့ ရှေးဟောင်း စာအုပ်တွေထဲမှာ မှတ်တမ်းတွေ ရှိတယ်... ရဖို့က အရမ်းခက်ခဲသလို အရှင်လတ်လတ် မျိုချလိုက်ရင်တောင် သူတော်စင်တစ်ပိုင်း ဖြစ်ဖို့ လုံလောက်နေတာ သူတော်စင် ဖြစ်ဖို့တော့ တကယ်ကို ကြီးကျယ်တဲ့ မျှော်လင့်ချက် တစ်ခုပဲ"
လုရွှမ်က ကြားဖြတ်၍ မေးလိုက်သည်။
"မင်း ဘာလို့ပြောပြတာလဲ?"
ထိုအခါ အဘိုးအိုက သက်ပြင်းချရင်း
“ကျုပ်ရဲ့ လက်ရှိ အခြေအနေအရ သူတော်စင် ဆေးလုံးကို မျိုချရင်တောင် အသုံးမဝင်တော့ပါဘူး.... ဒီကနေ ထွက်သွားပြီး မွေးရပ်မြေကို ပြန်ချင်တယ်.... မသေရင်တော့ တခြားနေရာတွေကို လှည့်ပတ်ရဦးမှာလေ.. ဒီလောက်ပါပဲ"
"တကယ်တော့ မင်းက ဒီလူတွေ အချင်းချင်း ငြင်းခုံလာအောင် ရှင်းရှင်းလင်းလင်း သွေးထိုးနေတာပဲ.... ငါ့အထင်တော့ မင်းကသာ အဆိုးဆုံးလူပဲ...မင်းဘာသာ သေချင်ရင်လည်း တခြားသူတွေကို ဆွဲထည့်ဖို့ မစဥ်းစားနဲ့လေ!"
လုရွှမ် ဒီလို အယုတ်မာဆုံး လူတွေကို မြင်ဖူးတာ ကြာပါပြီ။ သူ့ကို လှည့်စားနိုင်မယ်တဲ့လား။ လုရွှမ် ဓားကို လက်ပြန် ဝေ့ယမ်းလိုက်တာနဲ့ အဘိုးအိုရဲ့ လည်ပင်းမှာ ဓားရာတစ်ချက် ရရှိသွားတော့သည်။
လုရွှမ်၏ လူသတ်ဓား ထွက်လာသည်နှင့်တပြိုင်နက် ဓားဖြင့် အခုတ်ခံရမည်ကို စိုးရိမ်သဖြင့် အနီးနားတွင် စုဝေးနေသော လူများက အော်ဟစ်ပြီး အမြန် နောက်ဆုတ်သွားကြသည်။
"သူမကလူ... ဆေးမဟုတ်ဘူး... သူမကို အဂ္ဂိရတ် သန့်စင်ဖို့ စဥ်းစားနေတဲ့ အတွေးတွေကို စွန့်လွှတ်ဖို့ လူတိုင်းကို အကြံပေးလိုက်မယ်"
လုရွှမ် သူ့လက်ထဲက ဓားကို တစ်ချက် ဝေ့ယမ်းရင်း ဆိုလိုက်သည်။
သူ့ကိုယ်သူ လူကောင်းတစ်ယောက်လို့ မပြောပါဘူး။ သူ့အရင်ဘဝကပဲ ဖြစ်ဖြစ် ဒီဘဝမှာပဲဖြစ်ဖြစ် လူပေါင်းများစွာကို သတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဂ္ဂိရတ်ပညာနဲ့ ဆေးပညာကြောင့် ကလေးမလေးကို ခေါင်းဖြတ် သတ်လိုက်ရမယ့် အလုပ်မျိုးတော့ မလုပ်နိုင်သေးဘူး။
"ဟမ့်... နားထောင်ရတာတော့ ကောင်းသာပဲ... မင်းက သူမကို မင်းကိုယ်တိုင် ပိုင်ဆိုင်ချင်နေတာ မဟုတ်လား!"
အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ စကားပြောလာသူက လူအုပ်ထဲမှာ ပုန်းအောင်းနေပြီး သူ့ခေါင်းကို ဖုံးကာ အမြီးကိုပဲ ပြသထားလေသည်။
လူအုပ်ထဲမှာ လူတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ လုရွှမ်ဘက်မှာတော့ သူတစ်ယောက်တည်းပဲ။ ရန်သူ့အင်အားက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ လူတစ်ယောက် ဆိုမှတော့ ဘာကို ကြောက်နေရမှာလဲ။
သူတို့ဒီကို လာတာကလည်း သူတော်စင်တစ်ပိုင်း ဒါမှမဟုတ်ရင် သူတော်စင်ဖြစ်ဖို့ ဒီအခွင့်အရေးကြီးကို လိုချင်ကြလို့ပဲ မဟုတ်ဘူးလား။
မဟုတ်ရင် ဧကရာဇ်အင်ပါယာကနေ၊ တော်ဝင်အင်ပါယာ ကနေ၊ ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသတွေကနေ ဘာကြောင့် ဒီကိုလာတာလဲ? အခွင့်အရေးက မျက်စိရှေ့ ရောက်နေပြီ။
အခုမတိုက်ရင် ဘယ်အချိန်အထိ စောင့်နေရမှာလဲ??
လုရွှမ် လူအုပ်ကြီးကို တစ်ချက် ငဲ့ကြည့်လိုက်သည်။ အများစုမှာ လောဘကြီးကြသော်လည်း လူအရေအတွက် အလွန်နည်းလှသည်။
"အဟက်...."
လုရွှမ် အကြာကြီး ငြိမ်သက်နေပြီးမှ မနေနိုင်ဘဲ ရယ်မောလိုက်တဲ့အခါ အားလုံး အံ့သြသွားကြသည်။
"လုချင်း... မင်း လိမ်လိမ်မာမာနဲ့ ရှိတဲ့လမ်းကနေ ထွက်သွားရင် ပိုကောင်းမယ်... မဟုတ်ရင် ငါတို့ မင်းကို အရင်သတ်ရလိမ့်မယ်"
ဝမ်ချောင်က ရုတ်တရက် အော်လိုက်သော်ငြား သူ့အသံမှာ ကြောက်ရွံ့မှု အရိပ်အယောင်နဲ့ ပတ်ဝန်းကျင်က လူတွေကို ဘယ်ညာ စိုက်ကြည့်နေလိုက်သည်။ ပြီးမှသာ သူ့ စိတ်ဓာတ်တွေ တစ်ဖန် တိုးလားခဲ့၏။
လုရွှမ် သူ့အပြုံးကို ရုတ်သိမ်းလိုက်ပြီး လူအုပ်ကို ကြည့်၍ အေးစက်စက် အသံနဲ့ ဆိုလိုက်လေသည်။
"ကောင်းလိုက်တာ.... မင်း အရမ်းကြီး စိုးနေတာပဲ ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်... ချက်ချင်း ပြန်ဆုတ်ပြီး သူမကို တိုက်ခိုက်ဖို့ ကြိုးစားနေတာကို စွန့်လွှတ်လိုက်... မဟုတ်ရင်တော့ မင်းတို့အားလုံးအတွက် သေလမ်းပဲ ရှိလိမ့်မယ်!!"
ဒီလူက အနည်းစုလောက်သာ ရှိသလို သူတို့ရဲ့အင်အားက အရမ်းအကန့်အသတ် ရှိလေသည်။ အားကြီးသူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ဖြစ်ပြီး အားနည်းတဲ့သူတွေကတော့ အဆင့်၇ မှာသာ ရှိလို့ သိပ်အသုံးမကျပေ။
"ကလေးမလေးကို သတ်လို့ မရဘူး!"
လူအုပ်ထဲက တစ်ယောက်က အော်ပြီး မတ်တပ်ထရပ်လိုက်၏။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ ကျင့်ကြံမှု နိမ့်ကျသော အမျိုးသမီး တစ်ဦးဖြစ်သည်။ သူမ မတ်တတ် ထရပ်လိုက်တာနဲ့ တခြား အမျိုးသား တစ်ဦးကလည်း နောက်မှ လိုက်လာခဲ့သည်။
"ဘာလို့ထွက်လာတာလဲ..."
"ဟမ့်... တကယ်သာ တိုက်ရင် နင် အသက်ရှင်နေသေးမယ်လို့ ထင်လား? သေရင်တောင် အနည်းဆုံးတော့ ဂုဏ်သိက္ခာရှိစွာနဲ့ပဲ သေမယ်!!"
အမျိုးသမီးက အော်ဟစ်ကာ လုရွှမ်ထံသို့ လျှောက်သွားကာ ဦးညွတ်နှုတ်ဆက်လိုက်သည်။ ထို့နောက် ကလေးမလေးအား ညင်သာစွာ ဖမ်းကိုင်ကာ မျက်ရည်များကို သုတ်ပေးရင်း တိုးတိုးလေး ပြောလိုက်၏။
"စိတ်မပူပါနဲ့ ညီမလေး မမတို့က ကာကွယ်ပေးမှာပါ"
အမျိုးသားကလည်း သူ့မျက်နှာပေါ်တွင် ခါးသက်စွာ ပြုံးပြကာ ရောက်လာခဲ့သည်။
"အစ်ကိုကြီးလု.... ကျွန်တော့် နာမည်က ကျန်းလုံပါ....ဒါက ကျွန်တော့်ရဲ့ ဆရာတူအမ ဟဲဖုန်း... ကျွန်တော်တို့က မသန်မာသေးဘူး... အစ်ကိုနဲ့အတူ တိုက်ဖို့ အရည်အချင်း မရှိပေမယ့်..."
လုရွှမ် ကျန်းလုံကို ခေါင်းညိတ်ပြလိုက်ပြီး
"ညီလေးကျန်းနဲ့ အတူတူ တိုက်ရတာ ဂုဏ်ယူစရာပါပဲ!"
ကျန်းလုံ မျက်နှာက နီမြန်းလာပြီး ပြင်းထန်သော အရှိန်အဟုန် တစ်ခုဖြင့် ဓားကို ဆွဲထုတ်ကာ လုရွှမ် အနားတွင် ရပ်လိုက်သည်။
"ဘယ်သူလာဦးမလဲ?"
လုရွှမ် လူတိုင်းဘက်ကို ကြည့်၍ မေးလိုက်သည်။ သို့သော် ဘယ်သူကမှ စကားမပြောသလို ဘယ်သူမှလည်း မထွက်ရဲကြချေ။
ထိုအခါ ဝမ်ရှောင်က
"အားလုံး.... ဒီကြောင်သူတော် လူကြမ်းကို အတူတူ ဖျက်ဆီးကြရအောင်"
နောက်အခိုက်အတန့်မှာ ကျင့်စဥ် အင်အားများ တစ်ခုပြီးတစ်ခု ပေါက်ကွဲ ထွက်လာပြီး လက်နက်များ ဆွဲထုတ်သံများ ညံလာတော့သည်။ အမှောင်ထုကြီးက လုရွှမ်နှင့် အခြားလူများဆီသို့ တဖြည်းဖြည်း ချဥ်းကပ်လာခဲ့၏။
လုရွှမ် ခေါင်းကို တိတ်တိတ်လေး ခါယမ်းလိုက်ပေသည်။ ထို့နောက် အခင်းအကျင်း တံဆိပ်ပြားများကို ဆက်တိုက် ပစ်ထုတ်ရင်း ကျန်းလုံနဲ့ ဟဲဖုံးကို လက်တစ်ဖက်က ထိန်း၍ ကလေးမလေးကို တစ်ဖက်က ပွေ့လျက် တုန်လှုပ်နေသော အသွင်အပြင် တစ်ခုထဲ ပြေးဝင်သွား၏။
အလင်း တဖျပ်ဖျပ် တောက်သွားပြီးနောက် လေးယောက်စလုံး အဆောက်အဦထဲက ဘေးကင်းစွာ ထွက်သွားကြလေသည်။
Chapter (71) Arc 4
နိယာမနတ္သူငယ္
"သူမ.... သူမက နိယာမနတ္သူငယ္လား"
႐ုတ္တရက္ အဘိုးအို တစ္ေယာက္၏ အသံသည္ ျပင္းထန္စြာ ထြက္ေပၚလာသည္။ သူ႕အသံက သစ္သားတုံးႀကီး ေသရာကေန ျပန္ရွင္လာသလိုပဲ အလြန္အမင္း အံ့ၾသ ထိတ္လန့္ေနေလသည္။
အဘိုးအိုမွာ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ ၿပီးျပည့္စုံေသာ က်င့္ႀကံမႈအေျခခံ ရွိေသာ္လည္း သူ႕ခႏၶာကိုယ္တြင္ သူေတာ္စဥ္လမ္းစဥ္ ႏွင့္ ဓမၼအေျခခံ သေဘာတရားမ်ား မပါရွိပါ။ သူသည္ မႈန္ဝါးဝါး၊ ႏွင္းျဖဴေရာင္ ဆံပင္မ်ား၊ စူးရွေသာ မ်က္လုံးမ်ားႏွင့္ ေဖာ္ျပ၍မရေသာ ထိတ္လန႔္စရာမ်ားကို ႀကဳံေတြ႕ေနရသလိုပင္။
"အဘိုးအိုေခြမုမလား??"
အဘိုးအိုကို မွတ္မိသြားတဲ့ လူတစ္ေယာက္က အဘိုးအိုရဲ႕ နာမည္ကို လွမ္းေအာ္လိုက္သည္။
အဘိုးအိုသည္ ကေလးမေလး၏ ေရွ႕သို႔ အေျပးအလႊား ေျပးသြားေသာ္လည္း ကေလးမေလးသည္ ခံနိုင္ရည္အား အနည္းငယ္မွ်ပင္ မရွိသျဖင့္ ထိတ္လန႔္စြာ မ်က္လုံးမ်ား မွိတ္ထားလိုက္သည္။ အဘိုးအိုက လက္ဖဝါးကို ဆန႔္တန္းကာ ကေလးမေလးအား ဖမ္းကိုင္လိုက္သည္။
သို႔ေသာ္ အဖိုးအိုရဲ႕ လက္က လမ္းတစ္ဝက္မွာတင္ လု႐ႊမ္ဆီက ဆုပ္ကိုင္ခံလိုက္ၿပီး
"မင္းဘာလုပ္ခ်င္ေနတာလဲ?"
အဘိုးအိုသည္ သူ႕ေနာက္ေက်ာကို လက္ျပန္ရိုက္ပစ္ ခ်င္ေသာ္လည္း တစ္ဖက္လူက လု႐ႊမ္ ျဖစ္ေနတာကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရတဲ့အခါ သူ႕လက္ဖဝါးကို လ်င္ျမန္စြာ ႐ုတ္သိမ္းလိုက္ေတာ့သည္။
"မိတ္ေဆြေလး... နားလည္မႈ လြဲေနပါၿပီ က်ဳပ္ကသူ႕ကို နာက်င္ေအာင္လုပ္ဖို႔ ရည္႐ြယ္တာ မဟုတ္ပါဘူး.... သူ႕လက္ဖဝါးကို တစ္ခ်က္ေလာက္ ၾကည့္ခ်င္႐ုံပါ"
"လက္ဝါး??"
လု႐ႊမ္ရဲ႕ စြမ္းအားကို ျမင္ၿပီးေနာက္ အဖိုးအို ေခြမုသည္ သူကလု႐ႊမ္ရဲ႕ ၿပိဳင္ဘက္ မဟုတ္ေၾကာင္း ေကာင္းစြာသိခဲ့သည္။ ထို႔ေၾကာင့္ ျမန္ျမန္ ရွင္းျပေလသည္။
"ဒီကမိတ္ေဆြေလးက နိယာမနတ္သူငယ္ရဲ႕ ဒ႑ာရီကို တစ္ခါမွ မၾကားဖူးဘူး ထင္တယ္"
အဖိုးအိုသည္ အမွန္တရားကို မေျပာဘဲ မေနဝံ့ေသာေၾကာင့္ ထိုအေၾကာင္းကို အျမန္ေျပာလိုက္သည္။
"နိယာမနတ္သူငယ္ ဆိုတာ တကယ္ေတာ့ ေကာင္းကင္နဲ႕ အနီးစပ္ဆုံး ေမြးဖြားလာတဲ့ ကေလးတခ်ိဳ႕ပါ... ေတာက္ဓမၼ က်င့္စဥ္စြမ္းအင္ေတြက သူတို႔ခႏၶာကိုယ္ထဲမွာ သဘာဝအတိုင္း ေမြးဖြားလာတာ... အဲဒီကေလးေတြက အရမ္း ထက္ျမက္ၿပီး က်င့္ႀကံမႈမွာလည္း ထိပ္တန္း ပါရမီရွင္ေတြ"
"သူတို႔အားလုံးက သဘာဝအတိုင္း ေတာက္လမ္းစဥ္နဲ႕ ေမြးဖြားလာၾကတယ္လို႔ ေကာလဟာလေတြ ထြက္ေပၚေနေပမယ့္ တကယ္ေတာ့ နတ္သူငယ္ေလးရဲ႕ အေျခအေနေတြက အရမ္း ၾကမ္းတမ္းတယ္.... က်င့္ႀကံမႈ မေကာင္းတဲ့ ဇနီးေမာင္ႏွံေတြက နိယာမနတ္သူငယ္ကို ေမြးဖြားနိုင္ေပမယ့္ က်င့္ႀကံမႈ အားေကာင္းတဲ့ မိဘေတြကေန ေမြးဖြားလာခဲ့ရင္ေတာ့ ေတာက္က်င့္စဥ္ စြမ္းအင္ရဲ႕ အက်ိဳးသက္ေရာက္မႈက မိဘေတြကို သတ္ပစ္နိုင္တာမို႔လို႔ သူတို႔ မိဘမဲ့ေတြ ျဖစ္သြားၾကတယ္"
လု႐ႊမ္ ကေလးမေလးကို တစ္ဖန္ ျပန္ၾကည့္လိုက္သည္။ သူ႕ကံၾကမၼာသည္ ဤမွ်ေလာက္ သနားစရာ ေကာင္းလိမ့္မည္ဟု မေမွ်ာ္လင့္ထားေခ်။
ကေလးမေလးသည္ အဘိုးအို၏ စကားကိုလည္း ၾကားခဲ့ရၿပီး သူမဟာ မိဘကို သတ္မိေၾကာင္းကို ပထမဆုံးအႀကိမ္ သိလိုက္ရတဲ့အခါ မ်က္ရည္စီးေၾကာင္းမ်ား ခ်က္ခ်င္း စီးက်လာေတာ့သည္။
"ဒါေပမဲ့ ဒီနတ္သူငယ္ေတြက အဂၢိရတ္ပညာအတြက္ အေကာင္းဆုံး ပစၥည္းပဲ.... သူ႕ကို ေဆးရည္အျဖစ္ သန႔္စင္ေပးနိုင္ပါတယ္။ သန႔္စင္ၿပီးတာနဲ႕ အနည္းဆုံးေတာ့ သူေတာ္စင္နယ္ပယ္ ေဆးရည္ရဲ႕ ပထမတန္း ျဖစ္လာမွာ... သူေတာ္စင္တစ္ပိုင္းက လူဆိုရင္ သူေတာ္စင္ ျဖစ္လာဖို႔ အေကာင္းဆုံး အေထာက္အပံ့ပဲ"
"နတ္သူငယ္ေလးရဲ႕ အရည္အခ်င္းကို သူမရဲ႕ လက္ဖဝါးပုံကို ၾကည့္ၿပီး အကဲျဖတ္လို႔ ရတယ္... စက္ဝိုင္းေတြမ်ားေလ နတ္သူငယ္ရဲ႕ အရည္အေသြးက ျမင့္မားေလပဲ.... ဒ႑ာရီထဲမွာ အဆင့္၉ အျမင့္ဆုံးအဆင့္မွာ ရွိတဲ့ နတ္သူငယ္ေလး တစ္ေယာက္ ရွိခဲ့တယ္လို႔ ေကာလဟာလေတြ ထြက္ခဲ့ဖူးတယ္... သနားစရာပါပဲ အဲဒီတုန္းက ဘိုးေဘးေတြက ဖမ္းမမိခဲ့ေတာ့ နတ္သူငယ္ေလး ကိုယ္တိုင္ပဲ သူေတာ္စင္ ျဖစ္သြားတယ္... ႏွေျမာစရာပဲ...ဟူး.."
အဘိုးအို၏ စကားအတိုင္း လူတိုင္းသည္လည္း သက္ျပင္းခ်လိဳက္သည္။ သူေတာ္စင္ ျဖစ္လိုျခင္းမွာ က်င့္ႀကံသူတိုင္း၏ အႀကီးမားဆုံး ဆႏၵျဖစ္သည္။
တခဏအတြင္းမွာပဲ အားလုံးက ပူႏြေး ေတာက္ေလာင္ေနတဲ့ မ်က္လုံးေတြနဲ႕ ကေလးမေလးကို ၾကည့္လိုက္ၾကသည္။
အျပင္မွလူမ်ားက သူမကို ဖမ္းဆီးဖို႔ အခင္းအက်င္းႀကီး တည္ေထာင္ခဲ့တာ အံ့ၾသစရာေတာ့ မဟုတ္ေပ။ ၎သည္ အမွန္တကယ္ပင္ ထူးထူးျခားျခား တန္ဖိုးရွိလြန္းလွသည္ မဟုတ္ပါလား။
"တကယ္ေတာ့ ေရွးေဟာင္း စာအုပ္ေတြထဲမွာ မွတ္တမ္းေတြ ရွိတယ္... ရဖို႔က အရမ္းခက္ခဲသလို အရွင္လတ္လတ္ မ်ိဳခ်လိဳက္ရင္ေတာင္ သူေတာ္စင္တစ္ပိုင္း ျဖစ္ဖို႔ လုံေလာက္ေနတာ သူေတာ္စင္ ျဖစ္ဖို႔ေတာ့ တကယ္ကို ႀကီးက်ယ္တဲ့ ေမွ်ာ္လင့္ခ်က္ တစ္ခုပဲ"
လု႐ႊမ္က ၾကားျဖတ္၍ ေမးလိုက္သည္။
"မင္း ဘာလို႔ေျပာျပတာလဲ?"
ထိုအခါ အဘိုးအိုက သက္ျပင္းခ်ရင္း
က်ဳပ္ရဲ႕ လက္ရွိ အေျခအေနအရ သူေတာ္စင္ ေဆးလုံးကို မ်ိဳခ်ရင္ေတာင္ အသုံးမဝင္ေတာ့ပါဘူး.... ဒီကေန ထြက္သြားၿပီး ေမြးရပ္ေျမကို ျပန္ခ်င္တယ္.... မေသရင္ေတာ့ တျခားေနရာေတြကို လွည့္ပတ္ရဦးမွာေလ.. ဒီေလာက္ပါပဲ"
"တကယ္ေတာ့ မင္းက ဒီလူေတြ အခ်င္းခ်င္း ျငင္းခုံလာေအာင္ ရွင္းရွင္းလင္းလင္း ေသြးထိုးေနတာပဲ.... ငါ့အထင္ေတာ့ မင္းကသာ အဆိုးဆုံးလူပဲ...မင္းဘာသာ ေသခ်င္ရင္လည္း တျခားသူေတြကို ဆြဲထည့္ဖို႔ မစဥ္းစားနဲ႕ေလ!"
လု႐ႊမ္ ဒီလို အယုတ္မာဆုံး လူေတြကို ျမင္ဖူးတာ ၾကာပါၿပီ။ သူ႕ကို လွည့္စားနိုင္မယ္တဲ့လား။ လု႐ႊမ္ ဓားကို လက္ျပန္ ေဝ့ယမ္းလိုက္တာနဲ႕ အဘိုးအိုရဲ႕ လည္ပင္းမွာ ဓားရာတစ္ခ်က္ ရရွိသြားေတာ့သည္။
လု႐ႊမ္၏ လူသတ္ဓား ထြက္လာသည္ႏွင့္တၿပိဳင္နက္ ဓားျဖင့္ အခုတ္ခံရမည္ကို စိုးရိမ္သျဖင့္ အနီးနားတြင္ စုေဝးေနေသာ လူမ်ားက ေအာ္ဟစ္ၿပီး အျမန္ ေနာက္ဆုတ္သြားၾကသည္။
"သူမကလူ... ေဆးမဟုတ္ဘူး... သူမကို အဂၢိရတ္ သန့္စင္ဖို႔ စဥ္းစားေနတဲ့ အေတြးေတြကို စြန႔္လႊတ္ဖို႔ လူတိုင္းကို အႀကံေပးလိုက္မယ္"
လု႐ႊမ္ သူ႕လက္ထဲက ဓားကို တစ္ခ်က္ ေဝ့ယမ္းရင္း ဆိုလိုက္သည္။
သူ႕ကိုယ္သူ လူေကာင္းတစ္ေယာက္လို႔ မေျပာပါဘူး။ သူ႕အရင္ဘဝကပဲ ျဖစ္ျဖစ္ ဒီဘဝမွာပဲျဖစ္ျဖစ္ လူေပါင္းမ်ားစြာကို သတ္ခဲ့ဖူးတယ္။ ဒါေပမဲ့ အဂၢိရတ္ပညာနဲ႕ ေဆးပညာေၾကာင့္ ကေလးမေလးကို ေခါင္းျဖတ္ သတ္လိုက္ရမယ့္ အလုပ္မ်ိဳးေတာ့ မလုပ္နိုင္ေသးဘူး။
"ဟမ့္... နားေထာင္ရတာေတာ့ ေကာင္းသာပဲ... မင္းက သူမကို မင္းကိုယ္တိုင္ ပိုင္ဆိုင္ခ်င္ေနတာ မဟုတ္လား!"
အသံတစ္ခုက က်ယ္ေလာင္စြာ ထြက္ေပၚလာ၏။ စကားေျပာလာသူက လူအုပ္ထဲမွာ ပုန္းေအာင္းေနၿပီး သူ႕ေခါင္းကို ဖုံးကာ အၿမီးကိုပဲ ျပသထားေလသည္။
လူအုပ္ထဲမွာ လူေတြ အမ်ားႀကီး ရွိတယ္။ ဒါေပမဲ့ လု႐ႊမ္ဘက္မွာေတာ့ သူတစ္ေယာက္တည္းပဲ။ ရန္သူ႕အင္အားက ဘယ္ေလာက္ပဲ ျပင္းထန္ေနပါေစ လူတစ္ေယာက္ ဆိုမွေတာ့ ဘာကို ေၾကာက္ေနရမွာလဲ။
သူတို႔ဒီကို လာတာကလည္း သူေတာ္စင္တစ္ပိုင္း ဒါမွမဟုတ္ရင္ သူေတာ္စင္ျဖစ္ဖို႔ ဒီအခြင့္အေရးႀကီးကို လိုခ်င္ၾကလို႔ပဲ မဟုတ္ဘူးလား။
မဟုတ္ရင္ ဧကရာဇ္အင္ပါယာကေန၊ ေတာ္ဝင္အင္ပါယာ ကေန၊ ေဝးလံေခါင္သီတဲ့ ေတာင္တန္းေဒသေတြကေန ဘာေၾကာင့္ ဒီကိုလာတာလဲ? အခြင့္အေရးက မ်က္စိေရွ႕ ေရာက္ေနၿပီ။
အခုမတိုက္ရင္ ဘယ္အခ်ိန္အထိ ေစာင့္ေနရမွာလဲ??
လု႐ႊမ္ လူအုပ္ႀကီးကို တစ္ခ်က္ ငဲ့ၾကည့္လိုက္သည္။ အမ်ားစုမွာ ေလာဘႀကီးၾကေသာ္လည္း လူအေရအတြက္ အလြန္နည္းလွသည္။
"အဟက္...."
လု႐ႊမ္ အၾကာႀကီး ၿငိမ္သက္ေနၿပီးမွ မေနနိုင္ဘဲ ရယ္ေမာလိုက္တဲ့အခါ အားလုံး အံ့ၾသသြားၾကသည္။
"လုခ်င္း... မင္း လိမ္လိမ္မာမာနဲ႕ ရွိတဲ့လမ္းကေန ထြက္သြားရင္ ပိုေကာင္းမယ္... မဟုတ္ရင္ ငါတို႔ မင္းကို အရင္သတ္ရလိမ့္မယ္"
ဝမ္ေခ်ာင္က ႐ုတ္တရက္ ေအာ္လိုက္ေသာ္ျငား သူ႕အသံမွာ ေၾကာက္႐ြံ႕မႈ အရိပ္အေယာင္နဲ႕ ပတ္ဝန္းက်င္က လူေတြကို ဘယ္ညာ စိုက္ၾကည့္ေနလိုက္သည္။ ၿပီးမွသာ သူ႕ စိတ္ဓာတ္ေတြ တစ္ဖန္ တိုးလားခဲ့၏။
လု႐ႊမ္ သူ႕အၿပဳံးကို ႐ုတ္သိမ္းလိုက္ၿပီး လူအုပ္ကို ၾကည့္၍ ေအးစက္စက္ အသံနဲ႕ ဆိုလိုက္ေလသည္။
"ေကာင္းလိုက္တာ.... မင္း အရမ္းႀကီး စိုးေနတာပဲ ငါ မင္းတို႔ကို အခြင့္အေရးတစ္ခု ေပးမယ္... ခ်က္ခ်င္း ျပန္ဆုတ္ၿပီး သူမကို တိုက္ခိုက္ဖို႔ ႀကိဳးစားေနတာကို စြန႔္လႊတ္လိုက္... မဟုတ္ရင္ေတာ့ မင္းတို႔အားလုံးအတြက္ ေသလမ္းပဲ ရွိလိမ့္မယ္!!"
ဒီလူက အနည္းစုေလာက္သာ ရွိသလို သူတို႔ရဲ႕အင္အားက အရမ္းအကန႔္အသတ္ ရွိေလသည္။ အားႀကီးသူက ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၉ ျဖစ္ၿပီး အားနည္းတဲ့သူေတြကေတာ့ အဆင့္၇ မွာသာ ရွိလို႔ သိပ္အသုံးမက်ေပ။
"ကေလးမေလးကို သတ္လို႔ မရဘူး!"
လူအုပ္ထဲက တစ္ေယာက္က ေအာ္ၿပီး မတ္တပ္ထရပ္လိုက္၏။ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၇ က်င့္ႀကံမႈ နိမ့္က်ေသာ အမ်ိဳးသမီး တစ္ဦးျဖစ္သည္။ သူမ မတ္တတ္ ထရပ္လိုက္တာနဲ႕ တျခား အမ်ိဳးသား တစ္ဦးကလည္း ေနာက္မွ လိုက္လာခဲ့သည္။
"ဘာလို႔ထြက္လာတာလဲ..."
"ဟမ့္... တကယ္သာ တိုက္ရင္ နင္ အသက္ရွင္ေနေသးမယ္လို႔ ထင္လား? ေသရင္ေတာင္ အနည္းဆုံးေတာ့ ဂုဏ္သိကၡာရွိစြာနဲ႕ပဲ ေသမယ္!!"
အမ်ိဳးသမီးက ေအာ္ဟစ္ကာ လု႐ႊမ္ထံသို႔ ေလွ်ာက္သြားကာ ဦးၫြတ္ႏႈတ္ဆက္လိုက္သည္။ ထို႔ေနာက္ ကေလးမေလးအား ညင္သာစြာ ဖမ္းကိုင္ကာ မ်က္ရည္မ်ားကို သုတ္ေပးရင္း တိုးတိုးေလး ေျပာလိုက္၏။
"စိတ္မပူပါနဲ႕ ညီမေလး မမတို႔က ကာကြယ္ေပးမွာပါ"
အမ်ိဳးသားကလည္း သူ႕မ်က္ႏွာေပၚတြင္ ခါးသက္စြာ ၿပဳံးျပကာ ေရာက္လာခဲ့သည္။
"အစ္ကိုႀကီးလု.... ကြၽန္ေတာ့္ နာမည္က က်န္းလုံပါ....ဒါက ကြၽန္ေတာ့္ရဲ႕ ဆရာတူအမ ဟဲဖုန္း... ကြၽန္ေတာ္တို႔က မသန္မာေသးဘူး... အစ္ကိုနဲ႕အတူ တိုက္ဖို႔ အရည္အခ်င္း မရွိေပမယ့္..."
လု႐ႊမ္ က်န္းလုံကို ေခါင္းညိတ္ျပလိုက္ၿပီး
"ညီေလးက်န္းနဲ႕ အတူတူ တိုက္ရတာ ဂုဏ္ယူစရာပါပဲ!"
က်န္းလုံ မ်က္ႏွာက နီျမန္းလာၿပီး ျပင္းထန္ေသာ အရွိန္အဟုန္ တစ္ခုျဖင့္ ဓားကို ဆြဲထုတ္ကာ လု႐ႊမ္ အနားတြင္ ရပ္လိုက္သည္။
"ဘယ္သူလာဦးမလဲ?"
လု႐ႊမ္ လူတိုင္းဘက္ကို ၾကည့္၍ ေမးလိုက္သည္။ သို႔ေသာ္ ဘယ္သူကမွ စကားမေျပာသလို ဘယ္သူမွလည္း မထြက္ရဲၾကေခ်။
ထိုအခါ ဝမ္ေရွာင္က
"အားလုံး.... ဒီေၾကာင္သူေတာ္ လူၾကမ္းကို အတူတူ ဖ်က္ဆီးၾကရေအာင္"
ေနာက္အခိုက္အတန့္မွာ က်င့္စဥ္ အင္အားမ်ား တစ္ခုၿပီးတစ္ခု ေပါက္ကြဲ ထြက္လာၿပီး လက္နက္မ်ား ဆြဲထုတ္သံမ်ား ညံလာေတာ့သည္။ အေမွာင္ထုႀကီးက လု႐ႊမ္ႏွင့္ အျခားလူမ်ားဆီသို႔ တျဖည္းျဖည္း ခ်ဥ္းကပ္လာခဲ့၏။
လု႐ႊမ္ ေခါင္းကို တိတ္တိတ္ေလး ခါယမ္းလိုက္ေပသည္။ ထို႔ေနာက္ အခင္းအက်င္း တံဆိပ္ျပားမ်ားကို ဆက္တိုက္ ပစ္ထုတ္ရင္း က်န္းလုံနဲ႕ ဟဲဖုံးကို လက္တစ္ဖက္က ထိန္း၍ ကေလးမေလးကို တစ္ဖက္က ေပြ႕လ်က္ တုန္လႈပ္ေနေသာ အသြင္အျပင္ တစ္ခုထဲ ေျပးဝင္သြား၏။
အလင္း တဖ်ပ္ဖ်ပ္ ေတာက္သြားၿပီးေနာက္ ေလးေယာက္စလုံး အေဆာက္အဦထဲက ေဘးကင္းစြာ ထြက္သြားၾကေလသည္။