Chapter (69) Arc 4
အခင်းအကျင်းထဲ ပိတ်မိနေပြီ
လုရွှမ် အသာပဲ ပြုံးလိုက်သည်။ ဒီလူမှာ ကိုယ်ခံပညာနဲ့ စိတ်ဝိညာဉ်စွမ်းအား နှစ်ခုလုံးကို လေ့ကျင့်ထားတာကို သူမြင်ပြီးပြီ။ အဆင့်နိမ့် ဧကရာဇ်အင်ပါယာများတွင်ပင် ၎င်းတို့အား ဝိညာဉ်စွမ်းအား ၁၆ ခန့်ရှိသော ပါရမီရှင်များဟု သတ်မှတ်ကြပြီး အင်ပါယာအတွက်လည်း ဂုဏ်ယူစရာ ဖြစ်သည်။
ဒါပေမဲ့ ဒီကျွမ်းကျင်မှုလေးတွေနဲ့ သူ့ရှေ့မှာ ရိုရိုသေသေ ပြုမူရင်တော့ လွှတ်ထားပေးနိုင်ပေမယ့် မဟုတ်ဘူးဆိုရင်တော့ သူ့လက်ထဲမှာ မသေနိုင်ဘူးလို့ အာမ မခံနိုင်တော့ဘူး။
"သေလူရဲ့ နာမည်ကို ငါသိဖို့ မလိုဘူး"
"မင်း?"
မျက်နှာဖြူ ပညာရှင်၏ မျက်နှာသည် အလွန်အမင်း ရုပ်ဆိုးသွားပြီး ဒေါသတကြီး ပြန်ပြုံးပြလိုက်ကာ
"ကောင်းပြီ ကောင်းပြီ... ဒီသခင်လေးက မင်းတို့လို ရေတွင်းအောက်ခြေက ဖားတွေရဲ့ မောက်မာမှုကို မြင်ဖူးပြီးသား.... ဟမ့် ကောင်လေး... ခဏနေလို့ အပြင်ထွက်ရင် မင်းဒီလိုမောက်မာနေတာတွေ ရှိသေးမယ်လို့ မျှော်လင့်တယ်"
လုရွှမ်က သူ့ကို ဂရုမစိုက်ပါဘူး။ သူတို့ကို ခေါ်လာတဲ့လူတွေက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ သေချာသိပြီးသားလေ။ မဟုတ်ရင် သူတို့က ရှေးဟောင်း အခင်းအကျင်းပုံစံနဲ့ ဒီမပြည့်စုံတဲ့ နေရာကို ဝိုင်းထားမှာ မဟုတ်ဘူး။
အပြင်ထွက်မယ်? ဟားဟား ဒီကိုရောက်လာမှတော့ အပြင်ထွက်ဖို့ စဥ်းတောင် မစဉ်းစားနဲ့။
ဒါဟာ ပထမဆုံး အရောင်းအဝယ် ဖြစ်ပြီး လုရွှမ် လိုင်းထောင်ချီနဲ့ ချန်းဝမ်စစ်ကို ရလာခဲ့သည်။ လုရွှမ် ရဲ့ စိတ်ဝင်စားမှုက ရုတ်တရက် တိုးလာပြီး ရောင်းဝယ်ဖောက်ကားခြင်းရဲ့ အခြားအကျိုးအမြတ်များကို စောင့်မျှော်နေတော့သည်။
သူ ရှန့်ခုန်းရှေးဟောင်းမြို့ စံအိမ်ကြီးမှ ဝိညာဉ်ကျောက်တုံးများစွာကို ရရှိခဲ့လို့ ယခုအချိန်တွင် ရောင်းဝယ် ဖောက်ကားရန်အတွက် အသုံးပြုနိုင်ခဲ့သည်။ ပစ္စည်းကောင်းလေး တစ်ခုခုကိုတွေ့တိုင်း သူဝယ်သွားမှာ ဖြစ်သည်။
မကြာမီ လုရွှမ်သည် ကုန်သွယ်ခန်းမ တစ်ခုလုံးတွင် အကျော်ကြားဆုံး ဖြစ်လာခဲ့သည်။
လူများစွာက လုရွှမ်အနားသို့ ပြေးလာကြပြီး ရတနာမျိုးစုံကို ပြသကြသည်။ လုရွှမ်၏ အမြင်အာရုံသည် အလွန်မြင့်မားလို့ ပစ္စည်းကောင်း များစွာကို ရရှိနေသည်။
အပေးအယူများစွာ ပြုလုပ်ပြီးနောက် လုရွှမ်မျက်နှာလည်း ပွင့်လန်းလာခဲ့သည်။ ဧကရာဇ်အင်ပါယာ၏ ကျယ်ပြောလှသော နယ်မြေနှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ သဘာဝပစ္စည်းများနှင့် မြေကြီး ရတနာများသည် ထိုနေရာထက် အဆပေါင်းများစွာ နည်းပါးပြီး ကြွယ်ဝသော အထူးပစ္စည်း အနည်းငယ်သာ ရှိသည်။
သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ရှိ အမျိုးသမီး ကျင့်ကြံသူ တစ်ဦးလက်မှ လုရွှမ် သည် ဖီးနစ်တို့နေထိုင်သည့် သဖန်းပင်တစ်ပင်အတွက် ဝိညာဉ်ကျောက်တုံး ၂ထောင် ကို လဲလှယ်ခဲ့ပြီး ဝိညာဉ်ကျောက် ၁သောင်း နှင့် ဒြပ်စင်ငါးခု ရှိသော ကျောက်စိမ်းတစ်ပိုင်းကို ဝယ်ယူခဲ့သည်။
...
လုရွှမ် ဒီလောက်များတဲ့ အရာတွေကို ဒီနေရာမှာ စုဆောင်းမိလိမ့်မယ်လို့ မမျှော်လင့်ထားဘဲ ဒီငွေပေးငွေယူ အမျိုးအစားအပေါ် သူစိတ်ဝင်စားမှုက အလွန်တိုးလာခဲ့သည်။
ဤမြို့ထောင်ချီမဟာမိတ်တွင် စွန့်စားခန်းတစ်ခု ကြုံတွေ့ရမည် ဟူသော သတင်းသည် အတက်အကျ ပျံ့နှံ့နေပြီဖြစ်သည်။ လူတိုင်းသည် ၎င်းတို့၏ ကျင့်ကြံမှုကို မြှင့်တင်ရန် ကြိုးစားကြပြီး နောက်ဆက်တွဲ ပြိုင်ပွဲအတွက် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ရန် မျှော်လင့်နေကြသည်။
ထို့ကြောင့် အတိတ်က မြတ်နိုးခဲ့သော ကောင်းမှု မှန်သမျှကို မလိုအပ်တော့ဘဲ ဆေးလုံး၊ လက်နက်နှင့် ခွန်အားကို မြှင်တင်ပေးနိုင်သော အခြားအရာများနှင့် လဲလှယ်ရန် မျှော်လင့်လျက် ယခုအချိန်တွင် စိတ်အားထက်သန်နေကြ၏။
"ဟေး ဘာလို့အပြင်ထွက်လို့ မရတော့တာလဲ?"
လူတစ်ယောက်က သူလိုချင်တာကို ရခဲ့ပြီးနောက် သူ့ခွန်အားကို ပြန်လည်လေ့ကျင့်ဖို့ ပြန်သွားချင်ခဲ့သည်။ သူလမ်းတစ်ဝက်လောက်ကနေ ထွက်သွားပေမယ့် အချိန်အတော်ကြာအောင် သွားပြီး ရုတ်တရက် သူဒီကိုပဲ ပြန်ရောက်လာတာ တွေ့လိုက်ရတော့သည်။
"စက်ဆုပ်ဖို့ ကောင်းလိုက်တာ!! တစ်ယောက်ယောက်က အခင်းအကျင်း တစ်ခုကို ဖွင့်ပြီး လူတိုင်းကို ပိတ်မိအောင်လုပ်ပြီး လုပ်ကြံချင်နေတာ ဖြစ်မယ်"
ခန်းမကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လူတော်တော် များများကလည်း ဘာဖြစ်နေမှန်းကို မသိပေမယ့် အဆောက်အအုံထဲမှာ ပိတ်မိနေမှန်း သိလိုက်ရတော့ တစ်ယောက်ပြီးတစ်ယောက် ကျယ်လောင်စွာ ကျိန်ဆဲကြတော့သည်။
တချို့သော သူတို့သည် မယုံကြည်နိုင်ဘဲ ထွက်ပေါက်ဆီသို့ အပြေးအလွှား သွားကြပေမယ့် ခဏကြာတော့ မူလနေရာကိုပဲ ပြန်ရောက်လာခဲ့တာကို သိရှိရပြီးနောက် တချို့လူများသည် ဒေါသတကြီးဖြင့် ပတ်ဝန်းကျင်ကို တိုက်ရိုက်တိုက်ခိုက်ကြသည်။
အဓိပ္ပါယ်ငါးပါးကို ပေါင်းစပ်၍ လည်းကောင်း၊ တခြား လက်နက်များဖြင့် လည်ကောင်း ပေါက်ကွဲမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့သော်လည်း ဖုန်မှုန့်များနှင့် မီးခိုးများသာ ထွက်ပေါ်လာ၍ အရာအားလုံးသည် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
"လေလံဆွဲသူတွေကို ရှာကြည့်.... အဲဒါ သူတို့လက်ချက်ပဲ ဖြစ်မယ်!"
တစ်စုံတစ်ဦးမှ အကြံပြုလိုက်ရာ ချက်ချင်း ဆိုသလိုပင် တစ်စုံတစ်ဦးမှ လေလံဆွဖ့သူ အများအပြားကို ဖမ်းဆီးလာခဲ့သည်။
ဒီလူတွေရဲ့ ခွန်အားက ဆိုးရွားလှ၏။ အနည်းဆုံးတော့ သူတို့ဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ပထမအဆင့်သာ ဖြစ်လို့ ရိုက်နှက်ခံရပြီး လူအုပ်အလယ်မှာ ပစ်ချခံလိုက်ရတော့သည်။
"ပြော.... ထွက်ပေါက် ဘယ်မှာလဲ?"
ထိုလူများသည် နှာခေါင်းပွန်းပဲ့၊ မျက်နှာများ ရောင်ရမ်းသည်အထိ ရိုက်နှက်ခံခဲ့ရပြီး ၎င်းတို့၏ အဝတ်အစားများသည် သွေးများနီရဲနေသော်လည်း မျက်နှာများမှာ အပြစ်ကင်းစင်ကာ မျက်လုံးများမှာလည်း မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
၎င်းတို့သည် ငတုံးများ မဟုတ်ကြတာကြောင့် ယခုလို စွန့်ပစ်ခံထားရကြောင်း သဘာဝကျကျ နားလည်လာကြပြီ ဖြစ်သည်။ သူတို့သည် ငါးဖမ်းရန် ငါးစာများသာ ဖြစ်ချေ၏။
"ခင်ဗျားတို့ မှားနေပြီ... ဟုတ်တယ် ဒါက ကျုပ်တို့စီစဉ်တဲ့ လေလံပွဲပဲ ဒါပေမဲ့အခုက ဘာဖြစ်နေတာလဲ မသိဘူး! ကျုပ်တို့က ခင်ဗျားကို လုပ်ကြံချင်နေတာလို့ ပြောရအောင် ကျုပ်တို့က လုယက်ဖို့ ကြံစည်ထားရင် ဘာဖြစ်လို့ အခုအချိန်ထိ ဒီမှာရှိနေမှာလဲ?"
မြေပြင်ပေါ်တွင် ဝပ်တွားနေသော လူခြောက်ဦးသည် ထက်ဝက်နီးပါး အရိုက်ခံထားရပြီး စကားပြောလာသူ တဦးမှာ ယခင်က နတ်ဘုရားလို ရုပ်အဆင်းသဏ္ဌာန်ရှိသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။
အခုအချိန်မှာတော့ ယခင်လို မဟုတ်တော့ပေ။
"မင်းတို့မဟုတ်ရင် ဘယ်သူလဲ?"
လူတစ်ယောက်က မေးလိုက်သည်။
အဘိုးကြီးက သွေးတွေ ရွှဲရွှဲနဲ့ ခေါင်းခါရမ်းရင်း
“ကျုပ်တို့လည်း မသိပါဘူး! ဒီလို ကုန်စည်ပြပွဲကို ကျင်းပဖို့ ကြိုးစားတာ ဒါပထမဆုံး အကြိမ်ပဲ... ပြီးတော့ လူတိုင်းမှာ ရတနာတွေ အများကြီး ပါလာမယ်ဆိုတာ ကျုပ်တို့လည်း မသိခဲ့ကြဘူးလေ....အခုလို ဖြစ်လာတော့ တစ်ယောက်ယောက်က မျက်စိကျသွားပြီး အခင်းအကျင်းကို ဖွင့်ချလိုက်တာလည်း ဖြစ်နိုင်တာပဲ"
ဒီအကြောင်းပြချက်က တော်တော် ဖြစ်နိုင်ချေရှိပြီး လူတော်တော်များများက အနီးနားက လူတွေဟာ လျှို့ဝှက်ကြံစည်မှု နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်မှာကို စိုးရွံ့လာကြသည်။
လုရွှမ် စကားမပြောဘဲ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေပြီး လူတချို့ကလည်း သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေကြောင်းကိုလည်း တွေ့ရှိခဲ့သည်။
"လုချင်းက လူတိုင်းကို လျှို့ဝှက် ကြံစည်နေတဲ့လူတွေထဲက တစ်ယောက်လို့ ကျုပ်ကတော့ သံသယဝင်တယ်!"
ရုတ်တရက် အသံတစ်သံ ထွက်လာခဲ့သည်။ ထိုလူက မျက်နှာဖြူ ပညာရှင်ဖြစ်ပြီး လုချင်းလို့ နာမည်ပေးခံထားရတဲ့ လုရွှမ်ကို ညွှန်ပြလိုက်သည်။
မျက်နှာဖြူ ပညာရှင်က ဆို၏။
“စဉ်းစားကြည့်... ဧကရာဇ် တော်ဝင်မိသားစုကနေ ဆင်းသက်လာတဲ့ သခင်တစ်ဦး ဖြစ်တဲ့ ကျုပ်တောင် ဒီလောက်များတဲ့ ဝိညာဥ်ကျောက်တုံး ကတ်တွေမရှိဘူး... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ပဲ ရှိတဲ့ တော်ဝင်အင်ပါယာက လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ ဝိညာဥ်ကျောက်တုံးတွေ ရှိနေရတာလဲ?"
"ကျုပ်အမြင်အရတော့ သူက ကြံရာပါ တစ်ယောက်ဆိုတာ ထင်ရှားတယ်... ဒီမှာ ရတနာတွေ အများကြီး ရှိနေတာကို မြင်တော့ လူတိုင်းကို ဖမ်းဖို့ သူ့ရဲ့ အဖော်တွေနဲ့ စီစဥ်ခဲ့တာပဲ"
မျက်နှာဖြူ ပညာရှင်က ဤသို့ပြောပြီးနောက် အားလုံးက လုရွှမ်ကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။
လုရွှမ် သူ့လက်ကို နောက်ပြန် ရိုက်ပစ်လိုက်ရာ ပြတ်သားသော အသံထွက်ပေါ်လာပြီး မျက်နှာဖြူ ပညာရှင်က အံ့အားသင့်စွာဖြင့် သူ့ပါးကို ဖုံးအုပ်လိုက်သည်။
"မင်းက ငါ့ကို ရိုက်ရဲတယ်??"
ဖြောင်း!
လုရွှမ်သူ့ကို ထပ်ပြီး ရိုက်ပစ်လိုက်ပြန်သည်။
"မင်းစကားကို ကောင်းကောင်း ပြောရင် မင်းကိုဘယ်သူမှ ငတုံးလို မဆက်ဆံဘူး"
လူတိုင်း အံ့အားသင့်သွားကြသည်။ မျက်နှာဖြူ ပညာရှင်နှင့် မုတ်ဆိတ်မွေး ယောက်ျားတို့ကြားက အငြင်းပွားမှုကို လူတိုင်း မြင်တွေ့ခဲ့ရသည်။ မျက်နှာဖြူ ပညာရှင်သည် တော်ဝင်မိသားစု၏ သခင်လေး ဖြစ်တာကို မည်သူမှ မသိကြသော်လည်း လုရွှမ်လို စိတ်ဆန္ဒအလျောက်တော့ ဘာမဆို မလုပ်ဝံ့ပေ။
သူ့နောက်ကွယ်မှာ အင်အားတစ်ခု၊ ဝှက်ဖဲ တစ်ခု ဒါမှမဟုတ် အမှောင်ထဲမှာ လက်တုံ့ပြန်မယ့်သူ ရှိနေလား ဘယ်သူမှ မသိနိုင်ဘူးလေ။
လုရွှမ်ကို တစ်ယောက်ပြီး တစ်ယောက် ကြည့်လာသော မျက်လုံးများသည် ပို၍ ထူးဆန်းလာသည်။
ဒီအခင်းအကျင်းဟာ အစောကတည်းက ရှိနေခဲ့ပြီးသားပင်။ ဒီအတိုင်း အထဲမှာ ပိတ်မိနေဖို့က လုံးဝ မဖြစ်နိုင်ပေ။ အခင်းအကျင်းကို ဖွင့်လိုက်သူဟာ ရောက်လာသူတွေ အချင်းချင်း သတ်ဖြတ်ကြဖို့ မျှော်လင့်နေပုံရသည်။
လူသေတာများလေ ရတနာတွေကို ရိတ်သိမ်းပြီး ဆုလာလ်တွေ ခံစားရလေပဲလေ။
"လူတိုင်း တွေ့တယ်မလား? သူက ကြံရာပါပဲဆိုတာ သိသာနေပြီ ကျုပ်က သူ့လုပ်ကြံမှုကို ဖော်ထုတ်လိုက်လို့ သူက သတ်ပစ်ချင်နေတာ"
လုရွှမ်ဆီက နှစ်ကြိမ်ဆက်တိုက် ပါးရိုက်ခံရပြီးနောက် မျက်နှာဖြူ ပညာရှင်က ထိတ်လန့်သွားပြီး လုရွှမ်အစွမ်းအစကို ပထမဆုံးအကြိမ် သိလိုက်သည်။
လူများစွာက သူသည် မိသားစုတစ်ခု၏ သခင်လေးမျှသာဟု ထင်မြင်ကြသော်လည်း သူ၏ စွမ်းအားသည် အခြားသူများ၏ စိတ်ကူးထက် များစွာ ဝေးကွာကြောင်းကို မည်သူမျှ မသိကြပေ။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က အရေးအကြီးဆုံး ပုဂ္ဂိုလ်များပင်လျှင် သူ့မျက်လုံးထဲတွင် လုံးဝမရှိခဲ့။
သူ၏ခွန်အားနှင့် မိသားစုရှိ အကြီးအကဲများက ပေးအပ်ထားသော လက်နက်များဖြင့် ရတနာများကို ရိတ်သိမ်းခြင်းသည် ဂျုံရိတ်ခြင်း ကဲ့သို့ပင် လွယ်ကူလိမ့်မည်။
သို့သော် လူအုပ်ကြားတွင် ခန့်မှန်းရခက်သူ လူတစ်ဦးတည်းသာ ရှိကာ ထိုသူမှာ လုရွှမ်ပဲ ဖြစ်၏။ သူက အခင်းအကျင်းထဲမှာ ရှိနေတာတောင် ဘာကိုမှ ကြောက်လန့်နေပုံ မပေါ်ချေ။
Chapter (69) Arc 4
အခင္းအက်င္းထဲ ပိတ္မိေနၿပီ
လု႐ႊမ္ အသာပဲ ၿပဳံးလိုက္သည္။ ဒီလူမွာ ကိုယ္ခံပညာနဲ႕ စိတ္ဝိညာဥ္စြမ္းအား ႏွစ္ခုလုံးကို ေလ့က်င့္ထားတာကို သူျမင္ၿပီးၿပီ။ အဆင့္နိမ့္ ဧကရာဇ္အင္ပါယာမ်ားတြင္ပင္ ၎တို႔အား ဝိညာဥ္စြမ္းအား ၁၆ ခန႔္ရွိေသာ ပါရမီရွင္မ်ားဟု သတ္မွတ္ၾကၿပီး အင္ပါယာအတြက္လည္း ဂုဏ္ယူစရာ ျဖစ္သည္။
ဒါေပမဲ့ ဒီကြၽမ္းက်င္မႈေလးေတြနဲ႕ သူ႕ေရွ႕မွာ ရိုရိုေသေသ ျပဳမူရင္ေတာ့ လႊတ္ထားေပးနိုင္ေပမယ့္ မဟုတ္ဘူးဆိုရင္ေတာ့ သူ႕လက္ထဲမွာ မေသနိုင္ဘူးလို႔ အာမ မခံနိုင္ေတာ့ဘူး။
"ေသလူရဲ႕ နာမည္ကို ငါသိဖို႔ မလိုဘူး"
"မင္း?"
မ်က္ႏွာျဖဴ ပညာရွင္၏ မ်က္ႏွာသည္ အလြန္အမင္း ႐ုပ္ဆိုးသြားၿပီး ေဒါသတႀကီး ျပန္ၿပဳံးျပလိုက္ကာ
"ေကာင္းၿပီ ေကာင္းၿပီ... ဒီသခင္ေလးက မင္းတို႔လို ေရတြင္းေအာက္ေျခက ဖားေတြရဲ႕ ေမာက္မာမႈကို ျမင္ဖူးၿပီးသား.... ဟမ့္ ေကာင္ေလး... ခဏေနလို႔ အျပင္ထြက္ရင္ မင္းဒီလိုေမာက္မာေနတာေတြ ရွိေသးမယ္လို႔ ေမွ်ာ္လင့္တယ္"
လု႐ႊမ္က သူ႕ကို ဂ႐ုမစိုက္ပါဘူး။ သူတို႔ကို ေခၚလာတဲ့လူေတြက မေကာင္းတဲ့ ရည္႐ြယ္ခ်က္ေတြ ရွိတယ္ဆိုတာ ေသခ်ာသိၿပီးသားေလ။ မဟုတ္ရင္ သူတို႔က ေရွးေဟာင္း အခင္းအက်င္းပုံစံနဲ႕ ဒီမျပည့္စုံတဲ့ ေနရာကို ဝိုင္းထားမွာ မဟုတ္ဘူး။
အျပင္ထြက္မယ္? ဟားဟား ဒီကိုေရာက္လာမွေတာ့ အျပင္ထြက္ဖို႔ စဥ္းေတာင္ မစဥ္းစားနဲ႕။
ဒါဟာ ပထမဆုံး အေရာင္းအဝယ္ ျဖစ္ၿပီး လု႐ႊမ္ လိုင္းေထာင္ခ်ီနဲ႕ ခ်န္းဝမ္စစ္ကို ရလာခဲ့သည္။ လု႐ႊမ္ ရဲ႕ စိတ္ဝင္စားမႈက ႐ုတ္တရက္ တိုးလာၿပီး ေရာင္းဝယ္ေဖာက္ကားျခင္းရဲ႕ အျခားအက်ိဳးအျမတ္မ်ားကို ေစာင့္ေမွ်ာ္ေနေတာ့သည္။
သူ ရွန့္ခုန္းေရွးေဟာင္းၿမိဳ႕ စံအိမ္ႀကီးမွ ဝိညာဥ္ေက်ာက္တုံးမ်ားစြာကို ရရွိခဲ့လို႔ ယခုအခ်ိန္တြင္ ေရာင္းဝယ္ ေဖာက္ကားရန္အတြက္ အသုံးျပဳနိုင္ခဲ့သည္။ ပစၥည္းေကာင္းေလး တစ္ခုခုကိုေတြ႕တိုင္း သူဝယ္သြားမွာ ျဖစ္သည္။
မၾကာမီ လု႐ႊမ္သည္ ကုန္သြယ္ခန္းမ တစ္ခုလုံးတြင္ အေက်ာ္ၾကားဆုံး ျဖစ္လာခဲ့သည္။
လူမ်ားစြာက လု႐ႊမ္အနားသို႔ ေျပးလာၾကၿပီး ရတနာမ်ိဳးစုံကို ျပသၾကသည္။ လု႐ႊမ္၏ အျမင္အာ႐ုံသည္ အလြန္ျမင့္မားလို႔ ပစၥည္းေကာင္း မ်ားစြာကို ရရွိေနသည္။
အေပးအယူမ်ားစြာ ျပဳလုပ္ၿပီးေနာက္ လု႐ႊမ္မ်က္ႏွာလည္း ပြင့္လန္းလာခဲ့သည္။ ဧကရာဇ္အင္ပါယာ၏ က်ယ္ေျပာလွေသာ နယ္ေျမႏွင့္ ႏွိုင္းယွဥ္ပါက ဤေနရာရွိ သဘာဝပစၥည္းမ်ားႏွင့္ ေျမႀကီး ရတနာမ်ားသည္ ထိုေနရာထက္ အဆေပါင္းမ်ားစြာ နည္းပါးၿပီး ႂကြယ္ဝေသာ အထူးပစၥည္း အနည္းငယ္သာ ရွိသည္။
ေသမ်ိဳး အသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၆ရွိ အမ်ိဳးသမီး က်င့္ႀကံသူ တစ္ဦးလက္မွ လု႐ႊမ္ သည္ ဖီးနစ္တို႔ေနထိုင္သည့္ သဖန္းပင္တစ္ပင္အတြက္ ဝိညာဥ္ေက်ာက္တုံး ၂ေထာင္ ကို လဲလွယ္ခဲ့ၿပီး ဝိညာဥ္ေက်ာက္ ၁ေသာင္း ႏွင့္ ျဒပ္စင္ငါးခု ရွိေသာ ေက်ာက္စိမ္းတစ္ပိုင္းကို ဝယ္ယူခဲ့သည္။
...
လု႐ႊမ္ ဒီေလာက္မ်ားတဲ့ အရာေတြကို ဒီေနရာမွာ စုေဆာင္းမိလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားဘဲ ဒီေငြေပးေငြယူ အမ်ိဳးအစားအေပၚ သူစိတ္ဝင္စားမႈက အလြန္တိုးလာခဲ့သည္။
ဤၿမိဳ႕ေထာင္ခ်ီမဟာမိတ္တြင္ စြန႔္စားခန္းတစ္ခု ႀကဳံေတြ႕ရမည္ ဟူေသာ သတင္းသည္ အတက္အက် ပ်ံ့ႏွံ႕ေနၿပီျဖစ္သည္။ လူတိုင္းသည္ ၎တို႔၏ က်င့္ႀကံမႈကို ျမႇင့္တင္ရန္ ႀကိဳးစားၾကၿပီး ေနာက္ဆက္တြဲ ၿပိဳင္ပြဲအတြက္ အခြင့္အေရးကို ဖမ္းဆုပ္နိုင္ရန္ ေမွ်ာ္လင့္ေနၾကသည္။
ထို႔ေၾကာင့္ အတိတ္က ျမတ္နိုးခဲ့ေသာ ေကာင္းမႈ မွန္သမွ်ကို မလိုအပ္ေတာ့ဘဲ ေဆးလုံး၊ လက္နက္ႏွင့္ ခြန္အားကို ျမႇင္တင္ေပးနိုင္ေသာ အျခားအရာမ်ားႏွင့္ လဲလွယ္ရန္ ေမွ်ာ္လင့္လ်က္ ယခုအခ်ိန္တြင္ စိတ္အားထက္သန္ေနၾက၏။
"ေဟး ဘာလို႔အျပင္ထြက္လို႔ မရေတာ့တာလဲ?"
လူတစ္ေယာက္က သူလိုခ်င္တာကို ရခဲ့ၿပီးေနာက္ သူ႕ခြန္အားကို ျပန္လည္ေလ့က်င့္ဖို႔ ျပန္သြားခ်င္ခဲ့သည္။ သူလမ္းတစ္ဝက္ေလာက္ကေန ထြက္သြားေပမယ့္ အခ်ိန္အေတာ္ၾကာေအာင္ သြားၿပီး ႐ုတ္တရက္ သူဒီကိုပဲ ျပန္ေရာက္လာတာ ေတြ႕လိုက္ရေတာ့သည္။
"စက္ဆုပ္ဖို႔ ေကာင္းလိုက္တာ!! တစ္ေယာက္ေယာက္က အခင္းအက်င္း တစ္ခုကို ဖြင့္ၿပီး လူတိုင္းကို ပိတ္မိေအာင္လုပ္ၿပီး လုပ္ႀကံခ်င္ေနတာ ျဖစ္မယ္"
ခန္းမႀကီးတစ္ခုလုံး ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားသည္။ လူေတာ္ေတာ္ မ်ားမ်ားကလည္း ဘာျဖစ္ေနမွန္းကို မသိေပမယ့္ အေဆာက္အအုံထဲမွာ ပိတ္မိေနမွန္း သိလိုက္ရေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ က်ယ္ေလာင္စြာ က်ိန္ဆဲၾကေတာ့သည္။
တခ်ိဳ႕ေသာ သူတို႔သည္ မယုံၾကည္နိုင္ဘဲ ထြက္ေပါက္ဆီသို႔ အေျပးအလႊား သြားၾကေပမယ့္ ခဏၾကာေတာ့ မူလေနရာကိုပဲ ျပန္ေရာက္လာခဲ့တာကို သိရွိရၿပီးေနာက္ တခ်ိဳ႕လူမ်ားသည္ ေဒါသတႀကီးျဖင့္ ပတ္ဝန္းက်င္ကို တိုက္ရိုက္တိုက္ခိုက္ၾကသည္။
အဓိပ္ပါယ်ငါးပါးကို ေပါင္းစပ္၍ လည္းေကာင္း၊ တျခား လက္နက္မ်ားျဖင့္ လည္ေကာင္း ေပါက္ကြဲမႈမ်ား တစ္ခုၿပီးတစ္ခု ျဖစ္ပြားခဲ့ေသာ္လည္း ဖုန္မႈန႔္မ်ားႏွင့္ မီးခိုးမ်ားသာ ထြက္ေပၚလာ၍ အရာအားလုံးသည္ မူလအေျခအေနသို႔ ျပန္လည္ ေရာက္ရွိသြားခဲ့သည္။
"ေလလံဆြဲသူေတြကို ရွာၾကည့္.... အဲဒါ သူတို႔လက္ခ်က္ပဲ ျဖစ္မယ္!"
တစ္စုံတစ္ဦးမွ အႀကံျပဳလိုက္ရာ ခ်က္ခ်င္း ဆိုသလိုပင္ တစ္စုံတစ္ဦးမွ ေလလံဆြဖ့သူ အမ်ားအျပားကို ဖမ္းဆီးလာခဲ့သည္။
ဒီလူေတြရဲ႕ ခြန္အားက ဆိုး႐ြားလွ၏။ အနည္းဆုံးေတာ့ သူတို႔ဟာ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ ပထမအဆင့္သာ ျဖစ္လို႔ ရိုက္ႏွက္ခံရၿပီး လူအုပ္အလယ္မွာ ပစ္ခ်ခံလိုက္ရေတာ့သည္။
"ေျပာ.... ထြက္ေပါက္ ဘယ္မွာလဲ?"
ထိုလူမ်ားသည္ ႏွာေခါင္းပြန္းပဲ့၊ မ်က္ႏွာမ်ား ေရာင္ရမ္းသည္အထိ ရိုက္ႏွက္ခံခဲ့ရၿပီး ၎တို႔၏ အဝတ္အစားမ်ားသည္ ေသြးမ်ားနီရဲေနေသာ္လည္း မ်က္ႏွာမ်ားမွာ အျပစ္ကင္းစင္ကာ မ်က္လုံးမ်ားမွာလည္း မုန္းတီးမႈမ်ားျဖင့္ ျပည့္ႏွက္ေနသည္။
၎တို႔သည္ ငတုံးမ်ား မဟုတ္ၾကတာေၾကာင့္ ယခုလို စြန႔္ပစ္ခံထားရေၾကာင္း သဘာဝက်က် နားလည္လာၾကၿပီ ျဖစ္သည္။ သူတို႔သည္ ငါးဖမ္းရန္ ငါးစာမ်ားသာ ျဖစ္ေခ်၏။
"ခင္ဗ်ားတို႔ မွားေနၿပီ... ဟုတ္တယ္ ဒါက က်ဳပ္တို႔စီစဥ္တဲ့ ေလလံပြဲပဲ ဒါေပမဲ့အခုက ဘာျဖစ္ေနတာလဲ မသိဘူး! က်ဳပ္တို႔က ခင္ဗ်ားကို လုပ္ႀကံခ်င္ေနတာလို႔ ေျပာရေအာင္ က်ဳပ္တို႔က လုယက္ဖို႔ ႀကံစည္ထားရင္ ဘာျဖစ္လို႔ အခုအခ်ိန္ထိ ဒီမွာရွိေနမွာလဲ?"
ေျမျပင္ေပၚတြင္ ဝပ္တြားေနေသာ လူေျခာက္ဦးသည္ ထက္ဝက္နီးပါး အရိုက္ခံထားရၿပီး စကားေျပာလာသူ တဦးမွာ ယခင္က နတ္ဘုရားလို ႐ုပ္အဆင္းသဏၭာန္ရွိသည့္ အဘိုးအိုတစ္ဦး ျဖစ္သည္။
အခုအခ်ိန္မွာေတာ့ ယခင္လို မဟုတ္ေတာ့ေပ။
"မင္းတို႔မဟုတ္ရင္ ဘယ္သူလဲ?"
လူတစ္ေယာက္က ေမးလိုက္သည္။
အဘိုးႀကီးက ေသြးေတြ ႐ႊဲ႐ႊဲနဲ႕ ေခါင္းခါရမ္းရင္း
က်ဳပ္တို႔လည္း မသိပါဘူး! ဒီလို ကုန္စည္ျပပြဲကို က်င္းပဖို႔ ႀကိဳးစားတာ ဒါပထမဆုံး အႀကိမ္ပဲ... ၿပီးေတာ့ လူတိုင္းမွာ ရတနာေတြ အမ်ားႀကီး ပါလာမယ္ဆိုတာ က်ဳပ္တို႔လည္း မသိခဲ့ၾကဘူးေလ....အခုလို ျဖစ္လာေတာ့ တစ္ေယာက္ေယာက္က မ်က္စိက်သြားၿပီး အခင္းအက်င္းကို ဖြင့္ခ်လိဳက္တာလည္း ျဖစ္နိုင္တာပဲ"
ဒီအေၾကာင္းျပခ်က္က ေတာ္ေတာ္ ျဖစ္နိုင္ေခ်ရွိၿပီး လူေတာ္ေတာ္မ်ားမ်ားက အနီးနားက လူေတြဟာ လွ်ို႔ဝွက္ႀကံစည္မႈ ေနာက္ကြယ္က ႀကိဳးကိုင္သူ ျဖစ္မွာကို စိုး႐ြံ႕လာၾကသည္။
လု႐ႊမ္ စကားမေျပာဘဲ အရာအားလုံးကို တိတ္တဆိတ္ ေစာင့္ၾကည့္ေနၿပီး လူတခ်ိဳ႕ကလည္း သူ႕ကို တိတ္တဆိတ္ ေစာင့္ၾကည့္ေနေၾကာင္းကိုလည္း ေတြ႕ရွိခဲ့သည္။
"လုခ်င္းက လူတိုင္းကို လွ်ို႔ဝွက္ ႀကံစည္ေနတဲ့လူေတြထဲက တစ္ေယာက္လို႔ က်ဳပ္ကေတာ့ သံသယဝင္တယ္!"
႐ုတ္တရက္ အသံတစ္သံ ထြက္လာခဲ့သည္။ ထိုလူက မ်က္ႏွာျဖဴ ပညာရွင္ျဖစ္ၿပီး လုခ်င္းလို႔ နာမည္ေပးခံထားရတဲ့ လု႐ႊမ္ကို ၫႊန္ျပလိုက္သည္။
မ်က္ႏွာျဖဴ ပညာရွင္က ဆို၏။
စဥ္းစားၾကည့္... ဧကရာဇ္ ေတာ္ဝင္မိသားစုကေန ဆင္းသက္လာတဲ့ သခင္တစ္ဦး ျဖစ္တဲ့ က်ဳပ္ေတာင္ ဒီေလာက္မ်ားတဲ့ ဝိညာဥ္ေက်ာက္တုံး ကတ္ေတြမရွိဘူး... ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၇ပဲ ရွိတဲ့ ေတာ္ဝင္အင္ပါယာက လူတစ္ေယာက္က ဘယ္လိုလုပ္ၿပီး ဒီေလာက္မ်ားတဲ့ ဝိညာဥ္ေက်ာက္တုံးေတြ ရွိေနရတာလဲ?"
"က်ဳပ္အျမင္အရေတာ့ သူက ႀကံရာပါ တစ္ေယာက္ဆိုတာ ထင္ရွားတယ္... ဒီမွာ ရတနာေတြ အမ်ားႀကီး ရွိေနတာကို ျမင္ေတာ့ လူတိုင္းကို ဖမ္းဖို႔ သူ႕ရဲ႕ အေဖာ္ေတြနဲ႕ စီစဥ္ခဲ့တာပဲ"
မ်က္ႏွာျဖဴ ပညာရွင္က ဤသို႔ေျပာၿပီးေနာက္ အားလုံးက လု႐ႊမ္ကို တညီတၫြတ္တည္း ၾကည့္လိုက္ၾကသည္။
လု႐ႊမ္ သူ႕လက္ကို ေနာက္ျပန္ ရိုက္ပစ္လိုက္ရာ ျပတ္သားေသာ အသံထြက္ေပၚလာၿပီး မ်က္ႏွာျဖဴ ပညာရွင္က အံ့အားသင့္စြာျဖင့္ သူ႕ပါးကို ဖုံးအုပ္လိုက္သည္။
"မင္းက ငါ့ကို ရိုက္ရဲတယ္??"
ေျဖာင္း!
လု႐ႊမ္သူ႕ကို ထပ္ၿပီး ရိုက္ပစ္လိုက္ျပန္သည္။
"မင္းစကားကို ေကာင္းေကာင္း ေျပာရင္ မင္းကိုဘယ္သူမွ ငတုံးလို မဆက္ဆံဘူး"
လူတိုင္း အံ့အားသင့္သြားၾကသည္။ မ်က္ႏွာျဖဴ ပညာရွင္ႏွင့္ မုတ္ဆိတ္ေမြး ေယာက္်ားတို႔ၾကားက အျငင္းပြားမႈကို လူတိုင္း ျမင္ေတြ႕ခဲ့ရသည္။ မ်က္ႏွာျဖဴ ပညာရွင္သည္ ေတာ္ဝင္မိသားစု၏ သခင္ေလး ျဖစ္တာကို မည္သူမွ မသိၾကေသာ္လည္း လု႐ႊမ္လို စိတ္ဆႏၵအေလ်ာက္ေတာ့ ဘာမဆို မလုပ္ဝံ့ေပ။
သူ႕ေနာက္ကြယ္မွာ အင္အားတစ္ခု၊ ဝွက္ဖဲ တစ္ခု ဒါမွမဟုတ္ အေမွာင္ထဲမွာ လက္တုံ႕ျပန္မယ့္သူ ရွိေနလား ဘယ္သူမွ မသိနိုင္ဘူးေလ။
လု႐ႊမ္ကို တစ္ေယာက္ၿပီး တစ္ေယာက္ ၾကည့္လာေသာ မ်က္လုံးမ်ားသည္ ပို၍ ထူးဆန္းလာသည္။
ဒီအခင္းအက်င္းဟာ အေစာကတည္းက ရွိေနခဲ့ၿပီးသားပင္။ ဒီအတိုင္း အထဲမွာ ပိတ္မိေနဖို႔က လုံးဝ မျဖစ္နိုင္ေပ။ အခင္းအက်င္းကို ဖြင့္လိုက္သူဟာ ေရာက္လာသူေတြ အခ်င္းခ်င္း သတ္ျဖတ္ၾကဖို႔ ေမွ်ာ္လင့္ေနပုံရသည္။
လူေသတာမ်ားေလ ရတနာေတြကို ရိတ္သိမ္းၿပီး ဆုလာလ္ေတြ ခံစားရေလပဲေလ။
"လူတိုင္း ေတြ႕တယ္မလား? သူက ႀကံရာပါပဲဆိုတာ သိသာေနၿပီ က်ဳပ္က သူ႕လုပ္ႀကံမႈကို ေဖာ္ထုတ္လိုက္လို႔ သူက သတ္ပစ္ခ်င္ေနတာ"
လု႐ႊမ္ဆီက ႏွစ္ႀကိမ္ဆက္တိုက္ ပါးရိုက္ခံရၿပီးေနာက္ မ်က္ႏွာျဖဴ ပညာရွင္က ထိတ္လန႔္သြားၿပီး လု႐ႊမ္အစြမ္းအစကို ပထမဆုံးအႀကိမ္ သိလိုက္သည္။
လူမ်ားစြာက သူသည္ မိသားစုတစ္ခု၏ သခင္ေလးမွ်သာဟု ထင္ျမင္ၾကေသာ္လည္း သူ၏ စြမ္းအားသည္ အျခားသူမ်ား၏ စိတ္ကူးထက္ မ်ားစြာ ေဝးကြာေၾကာင္းကို မည္သူမွ် မသိၾကေပ။ ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္က အေရးအႀကီးဆုံး ပုဂၢိုလ္မ်ားပင္လွ်င္ သူ႕မ်က္လုံးထဲတြင္ လုံးဝမရွိခဲ့။
သူ၏ခြန္အားႏွင့္ မိသားစုရွိ အႀကီးအကဲမ်ားက ေပးအပ္ထားေသာ လက္နက္မ်ားျဖင့္ ရတနာမ်ားကို ရိတ္သိမ္းျခင္းသည္ ဂ်ဳံရိတ္ျခင္း ကဲ့သို႔ပင္ လြယ္ကူလိမ့္မည္။
သို႔ေသာ္ လူအုပ္ၾကားတြင္ ခန့္မွန္းရခက္သူ လူတစ္ဦးတည္းသာ ရွိကာ ထိုသူမွာ လု႐ႊမ္ပဲ ျဖစ္၏။ သူက အခင္းအက်င္းထဲမွာ ရွိေနတာေတာင္ ဘာကိုမွ ေၾကာက္လန့္ေနပုံ မေပၚေခ်။