Chapter (63) Arc 4
ထျန်အိမ်ကလူတွေလာပြီ
မော့ကောင်းရွှမ်း အရှက်ကွဲသလို ခံစားလိုက်ရကာ ခေါင်းယမ်းလိုက်သည်။ လုရွှမ်က အရိပ်လူသတ်ခန်းမကို သူ့လက်ထဲအပ်ပြီး အချက်အလက် အမျိုးမျိုးကို မေးမြန်းဖို့ တောင်းဆိုခဲ့ပေမယ့် သူ့ဘက်မှာတော့ ဘာမှ ရှာမတွေ့ခဲ့ဘူးလေ။
လုရွှမ်က နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်သည်။ လျှို့ဝှက်ချက်လို့ ခေါ်ရတဲ့ အကြောင်းရင်းက သဘာဝကျကျ တခြားလူတွေ မသိနိုင်တဲ့ အရာကို ဖုံးကွယ်ထားကြတာပဲ မဟုတ်လား။
ထိုအချိန်၌ အဝေးမှ ရယ်မောသံကြီး ထွက်ပေါ်လာခဲ့သည်။ ထိုရယ်သံသည် အလွန် ကြီးကျယ်ခမ်းနားပြီး ခွန်အားကြီးပုံ ပေါ်ကာ သားရဲခန်းမကိုပါ တုန်လှုပ်သွားစေကာ ဝိညာဥ်သားရဲ များစွာကိုပင် အော်ဟစ် ညည်းတွားစေလေသည်။
ဘယ်သူလဲ?
လုရွှမ် လေထဲ၌ ပျံတက်သွားပြီး တစ်ချက် ကြည့်လိုက်သည်။
အဘိုးအိုများစွာ၏ ဦးဆောင်မှုအောက်တွင် ပျံဝဲလာသော လူငယ်တစ်စုသာ ဖြစ်သည်။ အဝေးမှနေ၍ သက်ရှိသတ္တဝါ အားလုံးကို ငုံ့ကြည့်နေသော အရိပ်အယောင်ကိုပင် ခံစားရနိုင်သည်။
အဘိုးကြီး ရောက်လာတာတော့ လေးစားတဲ့ အကြည့်နဲ့ အရှေ့ဘက်မှာ ရပ်နေတဲ့ သူကတော့ ဟယ်ချောင်ပဲ ဖြစ်သည်။
လူငယ်များသည် တူညီသော အဝတ်အစားများ ဝတ်ဆင်ထားကြပြီး အမျိုးမျိုးသော ဝိညာဥ်သားရဲများ အပေါ်မှာ စီးနင်းလျက် လူအိုများနောက်သို့ လိုက်သွားကာ လမ်းတစ်လျှောက်လုံး လွင့်မျောသွားကြသည်။
ဟယ်ချောင်သည် လုရွှမ်ကို မြင်တော့ အဝေးမှ လှမ်းနှုတ်ဆက်ပြီး လူအုပ်စုကို သားရဲခန်းမဆောင်ကြီးထဲသို့ ခေါ်ဆောင်သွားလေသည်။
ထိုအချိန်တွင် ထျန်ကျွင့်နမ်တစ်ယောက် ပြေးချလာ၏။ သူ၏ထွားကျိုင်းသော မျက်နှာသည် ငြူစူခြင်း အပြည့်ဖြင့်။ လုရွှမ်ကို မြင်တာနဲ့ ကျယ်လောင်စွာ ရယ်မောကာ
"သူဌေး... နောက်ဆုံးတော့ သူဌေး ဒီကိုရောက်လာပြီပေါ့... သူဌေးက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ပဲဗျာ.... လူတစ်ယောက်တည်းက အင်အားကြီး လေးခုကို အနိုင်ယူသွားခဲ့တယ်.... ဒီညီလေးရဲ့ ကြည်ညိုလေးစားမှု မတိုးဘဲကို မနေနိုင်တော့ဘူး ဒီညီလေးရဲ့ ပွေ့ဖက်မှုကို လက်ခံပေးပါဦး…"
သူသည် အရှိန်ဖြင့် ပြေးသွားကာ သူ့လက်နှစ်ဖက်ကို ဖွင့်၍ လုရွှမ်ကို ခုန်အုပ်တော့မယ့် အခိုက်အတန့်မှာပဲ လုရွှမ်က သူ့ကို လေထဲသို့ ကန်သွင်းလိုက်ပြီး ပြုံးပြုံးလေးဖြင့်
"ဖက်တီးစုတ်... ဒီကို မလာနဲ့ မင်းလည်း ဧကရာဇ်အင်ပါယာက လာတာပဲ.... ဒီရက်ပိုင်း ဒီလူတွေ ဒီမှာ အဆက်မပြတ် ဝင်လာနေတာ ဘာကိစ္စရှိလို့လဲ?"
ဖက်တီးကတော့ သူ့မျက်နှာကို ပြုံးပြပြီး ပြန်ပြေးလာပြန်၏။
"အစ်ကိုကြီး... ကျွန်တော် အစ်ကိုကြီးနဲ့ စကားပြောဖို့ စိတ်ကူးထားပြီးသား... ဒါပေမဲ့ အစ်ကိုကြီးက မိန်းမတွေကြားမှာပဲ နေနေတော့ ရှာမတွေ့ဘူး ဖြစ်နေတာလေ!"
မုယန်ဖုန်း နှင့် လျောက်ချင်းတို့သည် လုရွှမ်အပေါ့ လေးနက်သော စိတ်ထားရှိပြီး ဟန်ရောင် နှင့် မော့ကောင်းရွှမ်းတို့လို လူအိုကြီးများက ပို၍ပင် လေးနက်ကြသည်။
ထျန်ကျွင့်နမ်နဲ့ လုရွှမ်တို့ကြားက လေသံကို နားထောင်ရင်း သူတို့အားလုံး ခဏတာ ထိတ်လန့်သွားကြသည်။
"စကားကို သေချာပြော!! မင်းထပ်ပြီး ပေါက်ကရ စကားတွေ ပြောနေမယ်ဆိုရင် ငါမင်းကို မိန်းမအုပ်စုထဲကို ရိုက်ထည့်ပစ်လိုက်မယ်"
သို့သော် ထျန်ကျွင့်နမ်ရဲ့ မျက်လုံးတွေက တောက်ပလာပြီး
"ဒါက အကြံကောင်းပဲ ဟဲဟဲ အများကြီး မတောင်းဆိုပါဘူး.... ဆေးဥယျာဥ်ထဲက သခင်မစွင်းလင်တို့ ရှိတဲ့နေရာဆိုရင် ရပြီ"
အခု မုယန်ဖုန်းနဲ့ တခြားသူတွေမှာ ဖက်တီးတစ်ယောက် ဒီလိုစကားမျိုး ပြောထွက်လာရဲတာကို တကယ် အံ့သြသွားမိသည်။ လုရွှမ်ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့။
"စီးပွားရေးကိစ္စ စလိုက်ကြရအောင်... ကျွန်တော် သိပ်မကြာခင်ကမှ မိသားစုဆီက သတင်း တစ်ခုလည်း ရထားတယ်။ ကျွန်တော့်မိသားစုက လူတစ်စု လာမယ်တဲ့....ကျွန်တော့် သူတို့နဲ့ ပူးပေါင်းခိုင်းတာ... ဘယ်လို အခွင့်အလမ်းတွေ ရလာမလဲဆိုလားပဲ... တကယ်လို့ အခွင့်အလမ်းကို ရလာခဲ့ရင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ဖြတ်ကျော်ပြီး သူတော်စင်တစ်ပိုင်း ဖြစ်သွားနိုင်တယ်... ပြီးတော့ သူတော်စင်နယ်ပယ်ရဲ့ တောက်ဓမ္မကျင့်ကြံမှု လမ်းစဥ်ကိုတောင် ရှာတွေ့နိုင်တယ်တဲ့"
ထျန်ကျွင့်နမ်က သူ့လက်တွေကို ဖြန့်ပြီး
"ဒါပေမဲ့ အခွင့်အရေးက ဘာလဲဆိုတာ ကျွန်တော့်ကို မပြောခဲ့ဘူး... ကျွန်တော့်ရဲ့ အစွမ်းအစက အားနည်းနေတယ် ထင်လို့ သူတို့ရဲ့ အခွင့်အရေးကို လုယူမှာ ကြောက်နေတာ ဖြစ်မယ်... ဟမ့် ဖက်တီးဆိုတဲ့ လူက လုယက်ရင်တောင် ဘာပဲဖြစ်ဖြစ် သူ့မိသားစုထဲကပဲမလား? တခြားသူတွေ လာလုယက်ရင်မှ ရှက်စရာကြီးကို"
သူပြောသည့်အတိုင်း ထျန်ကျွင့်နမ်က သူသည် ဧကရာဇ်အင်ပါယာမှ ဆင်းသက်လာသော်လည်း အင်ပါယာရှိ သူ့မိသားစု၏ အင်အားမှာ အတော်လေး အားနည်းနေကြောင်း ရှင်းပြလာသည်။ ထျန်ကျွင့်နမ် ဆိုတာကလည်း မိသားစု၏ တစ်ဖက်သတ် အကိုင်းအခက်လေးမျှသာ ဖြစ်ပြီး မည်သည့်အခါမှ သူ့အား အသုံးပြုခြင်း မရှိပေ။
သူလည်း စိတ်မကောင်း ဖြစ်မိလို့ ဒီကိုရောက်လာပြီး သူ့အတွက် ကမ္ဘာတစ်ခု ဖန်တီးချင်ခဲ့တာပဲ ဖြစ်လေသည်။
လုရွှမ် ခက်ခက်ခဲခဲ တွေးနေမိပေမယ့် ခေါင်းခါနေမိတုန်းပဲ။ ဒီနေရာက ဝေးလွန်းတယ်။ သူနောက်ဆုံးအကြိမ် အဖြစ် အခွင့်အလမ်း တစ်ခု ရခဲ့တာက အဆင့်နိမ့် ဧကရာဇ်အင်ပါယာလေး တစ်ခုမှာပဲ။ ဒီလိုနေရာငယ်လေးမှာ ဘာဖြစ်မယ် ဆိုတာကို သူတကယ် မစဥ်းစားတတ်တော့ပေ။
"ဟမ့်.... မြန်မြန် လာရောက်လာတာပဲ အစ်ကိုကြီး ကျွန်တော် အရင်သွားတော့မယ်... ကျွန်တော့်ဝမ်းကွဲတွေကို သွားတွေ့ရဦးမယ်"
ထျန်ကျွင့်နမ်မှာ သူ့ရင်ခွင်ထဲက တံဆိပ်ပြား ထုတ်လိုက်ပြီး မကျေမနပ်နဲ့ ပြောလိုက်သည်။
၎င်းသည် ထျန်မိသားစု၏ လက္ခဏာ အမှတ်အသား ဖြစ်ပြီး အတိုင်းအတာ တစ်ခုအတွင်းတွင် မိသားစု၏ အဖွဲ့ဝင် ဖြစ်တည်မှုကိုလည်း ခံစားနိုင်သည်။
"ငါတို့ မင်းနဲ့လိုက်ခဲ့မယ်"
လုရွှမ်သည် ထျန်ကျွင့်နမ်၏ စိတ်ပျက်အားငယ်နေသော မျက်နှာကို ကြည့်လိုက်သည်။ မကျေနပ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားနေရသော်လည်း လျစ်လျူရှုဟန်ဆောင်နေ၏။ လုရွှမ်လည်း ထျန်ကျွင့်နမ်ရဲ့ အခြေအနေက သူပြောတာထက် ပိုဆိုးနိုင်တာကို ခန့်မှန်းမိလိုက်သည်။
ဒီလိုအမူအရာမျိုးကို သူအများကြီး မြင်ဖူးပြီးသားလေ။ တစ်ချိန်က လူတစ်ဦးအတွက် အသက်ကို ကယ်တင်ခဲ့ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ဆန့်ကျင်ဘက် ဖြစ်လာအောင် ကြံစည်သွားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
လုရွှမ်သည် မူလက သူဒီအကြောင်း တွေးမိရင် ဒေါသထွက်မယ်လို့ ထင်ခဲ့သော်လည်း ယခုအချိန်တွင် တည်ငြိမ်နေမည်ဟု မမျှော်လင့်ခဲ့ပေ။ သူ့နှလုံးသားထဲက အပြုံးတစ်ခုနဲ့အတူ သူ့စိတ်အခြေအနေ အများကြီး တိုးတက်လာခဲ့တယ် လို့တောင် ခံစားမိလာသည်။
မိတ်ဆွေက မိတ်ဆွေပဲ။ ရန်သူဖြစ်နေရင်တော့ သတ်ပစ်ရမှာပဲ။ ဒီတစ်ကြိမ် ပြန်လည်မွေးဖွားခြင်းဟာ ကလဲ့စားချေဖို့ပဲ မဟုတ်ပါလား။
ထျန်ကျွင့်နမ်ရဲ့ မျက်နှာမှာ အံ့သြမှုတွေ ပြည့်နှက်နေပြီး နောက်တော့ သူ အနည်းငယ် ရှက်သွားတော့သည်။
"မလိုအပ်ပါဘူး ဒါက ..."
လုရွှမ်က သူ့ကို ပုခုံးပေါ် လက်တင်လိုက်ပြီး
"မင်းဘာလုပ်နေတာလဲ? မင်းငါ့ကို အကိုကြီးလို့ အမြဲခေါ်တာလေ.... အစ်ကိုကြီး တစ်ယောက်အနေနဲ့ ငါ့ညီလေး ဒုက္ခရောက်နေတာကို ငါမမြင်ချင်ဘူး.... ကောင်းပါပြီ သူတို့အားလုံးက ယောက်ျားကြီးတွေပဲ ရှက်ကြောက် မနေနဲ့ လမ်းပြ!!"
ထျန်ကျွင့်နမ် ခေါင်းညိတ်လိုက်သည်။ သူက အရင် လမ်းလျှောက်သွားပြီး သားရဲခန်းမထဲက ထွက်၍ မဟာမိတ်ရဲ့ အပြင်ဘက်ကို လျှောက်သွားလိုက်၏။
ဤအခိုက်အတန့်တွင် တြိဂံဧရိယာ၏ အစွန်းတွင် တစ်ဒါဇင်ကျော်ရှိသော လူတစ်စုသည် အဆောက်အအုံ တစ်ခုပေါ်တွင် ဂုဏ်ယူစွာ ရပ်နေကာ ဖြတ်သွားသော လူအုပ်ကြီးကို ငုံ့ကြည့်နေကြသည်။
ဒီလူအုပ်စုကို အဘိုးကြီး နှစ်ယောက်က ဦးဆောင်ပြီး သူတို့ရဲ့ ခွန်အားတွေက မထင်မရှားဖြင့် သဲသဲကွဲကွဲ မမြင်နိုင်ပေမယ့် ဖျတ်ခနဲ ပေါ်လာတဲ့ ဖိအားတွေက လမ်းသွားလမ်းလာတွေကို ချဉ်းကပ်ဖို့ မဝံ့မရဲ ဖြစ်စေသည်။
လူငယ်နှင့် မိန်းကလေးများ၏ မျက်နှာများမှာ အလွန်စိမ်းသက် နေသော်လည်း ၎င်းတို့၏ အားသာချက်များမှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ကိုးအဆင့်တွင် ရှိပြီး တချို့မှာ သူတော်စင် တောက်ဓမ္မကျင့်ကြံမှု လမ်းစဥ်၏ အခြေခံ လမ်းကြောင်းပေါ်ကို ရောက်နေကြပြီ။
တချို့ကလည်း သူတော်စင်တစ်ပိုင်း လမ်းပေါ်တွင် လျှောက်လှမ်းနေကြပြီ ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
ခေါင်းဆောင် အဘိုးကြီးက လုရွှမ်နှင့် သူ့အဖွဲ့ရှိရာ အကွာအဝေးကို လှမ်းကြည့်လိုက်သည်။
"ဟမ့်... ဒီနောက်မျိုးဆက်လေးက ဖြည်းဖြည်းချင်း ရောက်လာတာပဲ.... တကယ်ကို လွှတ်ထားလို့တော့ မရဘူး... စည်းကမ်းရှိဖို့ လိုတယ် နည်းနည်းတော့ သင်ပြပေးမှရမယ်"
"ဟားဟား... တတိယအကြီးအကဲ ဆင်ဆင်ခြင်ခြင် လုပ်ပါဦး... ဒီလိုနေရာမှာ နိမ့်ကျတဲ့ပုံစံကို ထိန်းထားရင် ပိုကောင်းပါတယ်"
အခြားအဘိုးအိုက ဘာမှ မထူးခြားသလို ပြောလာသည်။
"ဒီနေရာရဲ့ တရားဥပဒေဆိုင်ရာ စည်းမျဉ်းတွေက မထင်မရှားနဲ့ တကယ့်ကို ကျားတွေရှိတဲ့ နေရာတစ်ခုပဲ.... ပြီးတော့ နဂါးတွေပါ ဝှက်ထားသေးတယ်"
"အစ်ကို၆ မင်းတကယ် ပြောတာလား?"
တတိယအကြီးအကဲက အံ့သြစွာ အော်လိုက်လေ၏။
အကြီးအကဲ၆က လေးနက်စွာ ခေါင်းညိတ်ပြရင်း။
"တရားဥပဒေမူတွေက အမှောင်ထဲမှာ ဆိုပေမယ့် အထဲမှာ ခပ်ကြီးကြီး အရာတွေ ရှိတတ်တယ်... မီးတောင်တွေတောင် အချိန်အကြာကြီး ဖိနှိပ်ခံရပြီး နောက်ဆုံးမှာ ပေါက်ကွဲသွားတာပဲမလား? ပေါက်ကွဲလာတာနဲ့ ထွက်လာမယ့် အခွင့်အရေးက ရာစုနှစ် တစ်ခုစာလောက်တောင် ရှိနိုင်တယ်"
လူငယ်များစွာသည် အကြီးအကဲတို့ကြားက စကားကိုကြားပြီး နှစ်ယောက်လုံး ရွှင်လန်းနေကြောင်း ရိပ်မိကြသည်။
ဒီတစ်ကြိမ်မှာတော့ အဖွဲ့ကို တန်ခိုးကြီးဆုံး တတိယအကြီးအကဲနဲ့ မိသားစုထဲမှာ လျှို့ဝှက်ဆန်းကြယ်ဆုံး အကြီးအကဲ၆က ဦးဆောင်လာခဲ့၏။
သူတို့အားလုံးက ဒီနေရာကိုလာဖို့ ရွေးချယ်ခံရတဲ့ အရည်အချင်း ရှိသူတွေပဲ ဖြစ်လို့ ထုံးစံအတိုင်း ဒီအခွင့်အရေးက ဘယ်လိုမျိုးလဲဆိုတာ သူတို့သိပါသည်။
တစ်ယောက်ပြီး တစ်ယောက် အဆင်သင့် ပြင်ဆင်ပြီး အခွင့်အရေးက သူတို့အတွက်ပဲလို့ တိတ်တဆိတ် စိတ်ထဲ ထည့်ထားကြတော့သည်။
တော်ဝင်အင်ပါယာ တစ်ခုနှင့် ဧကရာဇ်အင်ပါယာကြားက ခြားနားချက်မှာ အမြင့်ဆုံး တိုက်ခိုက်ရေး စွမ်းအားသည် သူတော်စင်တစ်ပိုင်းနှင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်းကာလသာ ဖြစ်သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်။ သူတော်စင်တစ်ပိုင်းက သူတော်စင် တစ်ပိုင်းပင်။ သူတော်စင် ဖြစ်လာခြင်းမှာ ငါးကြင်းတစ်ကောင်က နဂါးတံခါးကို ခုန်ကျော်ရသလို အခက်အခဲက အရမ်းကြီးတဲ့အတွက် သူတော်စင်တစ်ပိုင်းက သူတော်စင် နယ်ပယ်ထက်တောင် ပိုများကြလေ၏။
ကောင်းကင်နှင့် မြေကြီးနှင့်တို့၏ တောက်ဓမ္မကျင့်ကြံမှု အကာအရံနှင့် သဘာဝတရားတို့ကို နားလည်နိုင်မှသာလျှင် သူတော်စင် တစ်ပိုင်း၏ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်မည် ဖြစ်သည်။
သို့သော် သူတော်စင် တစ်ပိုင်း၏ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်တာက စစ်မှန်တဲ့ သူတော်စင်တစ်ပိုင်း ဖြစ်လာမည်ဟု မဆိုလိုချေ။
Chapter (63) Arc 4
ထ်န္အိမ္ကလူေတြလာၿပီ
ေမာ့ေကာင္း႐ႊမ္း အရွက္ကြဲသလို ခံစားလိုက္ရကာ ေခါင္းယမ္းလိုက္သည္။ လု႐ႊမ္က အရိပ္လူသတ္ခန္းမကို သူ႕လက္ထဲအပ္ၿပီး အခ်က္အလက္ အမ်ိဳးမ်ိဳးကို ေမးျမန္းဖို႔ ေတာင္းဆိုခဲ့ေပမယ့္ သူ႕ဘက္မွာေတာ့ ဘာမွ ရွာမေတြ႕ခဲ့ဘူးေလ။
လု႐ႊမ္က ႏွစ္သိမ့္စကား အနည္းငယ္ ေျပာလိုက္သည္။ လွ်ို႔ဝွက္ခ်က္လို႔ ေခၚရတဲ့ အေၾကာင္းရင္းက သဘာဝက်က် တျခားလူေတြ မသိနိုင္တဲ့ အရာကို ဖုံးကြယ္ထားၾကတာပဲ မဟုတ္လား။
ထိုအခ်ိန္၌ အေဝးမွ ရယ္ေမာသံႀကီး ထြက္ေပၚလာခဲ့သည္။ ထိုရယ္သံသည္ အလြန္ ႀကီးက်ယ္ခမ္းနားၿပီး ခြန္အားႀကီးပုံ ေပၚကာ သားရဲခန္းမကိုပါ တုန္လႈပ္သြားေစကာ ဝိညာဥ္သားရဲ မ်ားစြာကိုပင္ ေအာ္ဟစ္ ညည္းတြားေစေလသည္။
ဘယ္သူလဲ?
လု႐ႊမ္ ေလထဲ၌ ပ်ံတက္သြားၿပီး တစ္ခ်က္ ၾကည့္လိုက္သည္။
အဘိုးအိုမ်ားစြာ၏ ဦးေဆာင္မႈေအာက္တြင္ ပ်ံဝဲလာေသာ လူငယ္တစ္စုသာ ျဖစ္သည္။ အေဝးမွေန၍ သက္ရွိသတၱဝါ အားလုံးကို ငုံ႕ၾကည့္ေနေသာ အရိပ္အေယာင္ကိုပင္ ခံစားရနိုင္သည္။
အဘိုးႀကီး ေရာက္လာတာေတာ့ ေလးစားတဲ့ အၾကည့္နဲ႕ အေရွ႕ဘက္မွာ ရပ္ေနတဲ့ သူကေတာ့ ဟယ္ေခ်ာင္ပဲ ျဖစ္သည္။
လူငယ္မ်ားသည္ တူညီေသာ အဝတ္အစားမ်ား ဝတ္ဆင္ထားၾကၿပီး အမ်ိဳးမ်ိဳးေသာ ဝိညာဥ္သားရဲမ်ား အေပၚမွာ စီးနင္းလ်က္ လူအိုမ်ားေနာက္သို႔ လိုက္သြားကာ လမ္းတစ္ေလွ်ာက္လုံး လြင့္ေမ်ာသြားၾကသည္။
ဟယ္ေခ်ာင္သည္ လု႐ႊမ္ကို ျမင္ေတာ့ အေဝးမွ လွမ္းႏႈတ္ဆက္ၿပီး လူအုပ္စုကို သားရဲခန္းမေဆာင္ႀကီးထဲသို႔ ေခၚေဆာင္သြားေလသည္။
ထိုအခ်ိန္တြင္ ထ်န္ကြၽင့္နမ္တစ္ေယာက္ ေျပးခ်လာ၏။ သူ၏ထြားက်ိဳင္းေသာ မ်က္ႏွာသည္ ျငဴစူျခင္း အျပည့္ျဖင့္။ လု႐ႊမ္ကို ျမင္တာနဲ႕ က်ယ္ေလာင္စြာ ရယ္ေမာကာ
"သူေဌး... ေနာက္ဆုံးေတာ့ သူေဌး ဒီကိုေရာက္လာၿပီေပါ့... သူေဌးက ကြၽန္ေတာ့္ရဲ႕ စံျပပုဂၢိုလ္ပဲဗ်ာ.... လူတစ္ေယာက္တည္းက အင္အားႀကီး ေလးခုကို အနိုင္ယူသြားခဲ့တယ္.... ဒီညီေလးရဲ႕ ၾကည္ညိုေလးစားမႈ မတိုးဘဲကို မေနနိုင္ေတာ့ဘူး ဒီညီေလးရဲ႕ ေပြ႕ဖက္မႈကို လက္ခံေပးပါဦး"
သူသည္ အရွိန္ျဖင့္ ေျပးသြားကာ သူ႕လက္ႏွစ္ဖက္ကို ဖြင့္၍ လု႐ႊမ္ကို ခုန္အုပ္ေတာ့မယ့္ အခိုက္အတန႔္မွာပဲ လု႐ႊမ္က သူ႕ကို ေလထဲသို႔ ကန္သြင္းလိုက္ၿပီး ၿပဳံးၿပဳံးေလးျဖင့္
"ဖက္တီးစုတ္... ဒီကို မလာနဲ႕ မင္းလည္း ဧကရာဇ္အင္ပါယာက လာတာပဲ.... ဒီရက္ပိုင္း ဒီလူေတြ ဒီမွာ အဆက္မျပတ္ ဝင္လာေနတာ ဘာကိစၥရွိလို႔လဲ?"
ဖက္တီးကေတာ့ သူ႕မ်က္ႏွာကို ၿပဳံးျပၿပီး ျပန္ေျပးလာျပန္၏။
"အစ္ကိုႀကီး... ကြၽန္ေတာ္ အစ္ကိုႀကီးနဲ႕ စကားေျပာဖို႔ စိတ္ကူးထားၿပီးသား... ဒါေပမဲ့ အစ္ကိုႀကီးက မိန္းမေတြၾကားမွာပဲ ေနေနေတာ့ ရွာမေတြ႕ဘူး ျဖစ္ေနတာေလ!"
မုယန္ဖုန္း ႏွင့္ ေလ်ာက္ခ်င္းတို႔သည္ လု႐ႊမ္အေပါ့ ေလးနက္ေသာ စိတ္ထားရွိၿပီး ဟန္ေရာင္ ႏွင့္ ေမာ့ေကာင္း႐ႊမ္းတို႔လို လူအိုႀကီးမ်ားက ပို၍ပင္ ေလးနက္ၾကသည္။
ထ်န္ကြၽင့္နမ္နဲ႕ လု႐ႊမ္တို႔ၾကားက ေလသံကို နားေထာင္ရင္း သူတို႔အားလုံး ခဏတာ ထိတ္လန႔္သြားၾကသည္။
"စကားကို ေသခ်ာေျပာ!! မင္းထပ္ၿပီး ေပါက္ကရ စကားေတြ ေျပာေနမယ္ဆိုရင္ ငါမင္းကို မိန္းမအုပ္စုထဲကို ရိုက္ထည့္ပစ္လိုက္မယ္"
သို႔ေသာ္ ထ်န္ကြၽင့္နမ္ရဲ႕ မ်က္လုံးေတြက ေတာက္ပလာၿပီး
"ဒါက အႀကံေကာင္းပဲ ဟဲဟဲ အမ်ားႀကီး မေတာင္းဆိုပါဘူး.... ေဆးဥယ်ာဥ္ထဲက သခင္မစြင္းလင္တို႔ ရွိတဲ့ေနရာဆိုရင္ ရၿပီ"
အခု မုယန္ဖုန္းနဲ႕ တျခားသူေတြမွာ ဖက္တီးတစ္ေယာက္ ဒီလိုစကားမ်ိဳး ေျပာထြက္လာရဲတာကို တကယ္ အံ့ၾသသြားမိသည္။ လု႐ႊမ္ကို ဒီလိုစကားမ်ိဳး ေျပာရဲတယ္ေပါ့။
"စီးပြားေရးကိစၥ စလိုက္ၾကရေအာင္... ကြၽန္ေတာ္ သိပ္မၾကာခင္ကမွ မိသားစုဆီက သတင္း တစ္ခုလည္း ရထားတယ္။ ကြၽန္ေတာ့္မိသားစုက လူတစ္စု လာမယ္တဲ့....ကြၽန္ေတာ့္ သူတို႔နဲ႕ ပူးေပါင္းခိုင္းတာ... ဘယ္လို အခြင့္အလမ္းေတြ ရလာမလဲဆိုလားပဲ... တကယ္လို႔ အခြင့္အလမ္းကို ရလာခဲ့ရင္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ကို ျဖတ္ေက်ာ္ၿပီး သူေတာ္စင္တစ္ပိုင္း ျဖစ္သြားနိုင္တယ္... ၿပီးေတာ့ သူေတာ္စင္နယ္ပယ္ရဲ႕ ေတာက္ဓမၼက်င့္ႀကံမႈ လမ္းစဥ္ကိုေတာင္ ရွာေတြ႕နိုင္တယ္တဲ့"
ထ်န္ကြၽင့္နမ္က သူ႕လက္ေတြကို ျဖန႔္ၿပီး
"ဒါေပမဲ့ အခြင့္အေရးက ဘာလဲဆိုတာ ကြၽန္ေတာ့္ကို မေျပာခဲ့ဘူး... ကြၽန္ေတာ့္ရဲ႕ အစြမ္းအစက အားနည္းေနတယ္ ထင္လို႔ သူတို႔ရဲ႕ အခြင့္အေရးကို လုယူမွာ ေၾကာက္ေနတာ ျဖစ္မယ္... ဟမ့္ ဖက္တီးဆိုတဲ့ လူက လုယက္ရင္ေတာင္ ဘာပဲျဖစ္ျဖစ္ သူ႕မိသားစုထဲကပဲမလား? တျခားသူေတြ လာလုယက္ရင္မွ ရွက္စရာႀကီးကို"
သူေျပာသည့္အတိုင္း ထ်န္ကြၽင့္နမ္က သူသည္ ဧကရာဇ္အင္ပါယာမွ ဆင္းသက္လာေသာ္လည္း အင္ပါယာရွိ သူ႕မိသားစု၏ အင္အားမွာ အေတာ္ေလး အားနည္းေနေၾကာင္း ရွင္းျပလာသည္။ ထ်န္ကြၽင့္နမ္ ဆိုတာကလည္း မိသားစု၏ တစ္ဖက္သတ္ အကိုင္းအခက္ေလးမွ်သာ ျဖစ္ၿပီး မည္သည့္အခါမွ သူ႕အား အသုံးျပဳျခင္း မရွိေပ။
သူလည္း စိတ္မေကာင္း ျဖစ္မိလို႔ ဒီကိုေရာက္လာၿပီး သူ႕အတြက္ ကမၻာတစ္ခု ဖန္တီးခ်င္ခဲ့တာပဲ ျဖစ္ေလသည္။
လု႐ႊမ္ ခက္ခက္ခဲခဲ ေတြးေနမိေပမယ့္ ေခါင္းခါေနမိတုန္းပဲ။ ဒီေနရာက ေဝးလြန္းတယ္။ သူေနာက္ဆုံးအႀကိမ္ အျဖစ္ အခြင့္အလမ္း တစ္ခု ရခဲ့တာက အဆင့္နိမ့္ ဧကရာဇ္အင္ပါယာေလး တစ္ခုမွာပဲ။ ဒီလိုေနရာငယ္ေလးမွာ ဘာျဖစ္မယ္ ဆိုတာကို သူတကယ္ မစဥ္းစားတတ္ေတာ့ေပ။
"ဟမ့္.... ျမန္ျမန္ လာေရာက္လာတာပဲ အစ္ကိုႀကီး ကြၽန္ေတာ္ အရင္သြားေတာ့မယ္... ကြၽန္ေတာ့္ဝမ္းကြဲေတြကို သြားေတြ႕ရဦးမယ္"
ထ်န္ကြၽင့္နမ္မွာ သူ႕ရင္ခြင္ထဲက တံဆိပ္ျပား ထုတ္လိုက္ၿပီး မေက်မနပ္နဲ႕ ေျပာလိုက္သည္။
၎သည္ ထ်န္မိသားစု၏ လကၡဏာ အမွတ္အသား ျဖစ္ၿပီး အတိုင္းအတာ တစ္ခုအတြင္းတြင္ မိသားစု၏ အဖြဲ႕ဝင္ ျဖစ္တည္မႈကိုလည္း ခံစားနိုင္သည္။
"ငါတို႔ မင္းနဲ႕လိုက္ခဲ့မယ္"
လု႐ႊမ္သည္ ထ်န္ကြၽင့္နမ္၏ စိတ္ပ်က္အားငယ္ေနေသာ မ်က္ႏွာကို ၾကည့္လိုက္သည္။ မေက်နပ္ေၾကာင္း ရွင္းရွင္းလင္းလင္း ခံစားေနရေသာ္လည္း လ်စ္လ်ဴရႈဟန္ေဆာင္ေန၏။ လု႐ႊမ္လည္း ထ်န္ကြၽင့္နမ္ရဲ႕ အေျခအေနက သူေျပာတာထက္ ပိုဆိုးနိုင္တာကို ခန့္မွန္းမိလိုက္သည္။
ဒီလိုအမူအရာမ်ိဳးကို သူအမ်ားႀကီး ျမင္ဖူးၿပီးသားေလ။ တစ္ခ်ိန္က လူတစ္ဦးအတြက္ အသက္ကို ကယ္တင္ခဲ့ေပမယ့္ တစ္ေယာက္နဲ႕ တစ္ေယာက္ ဆန႔္က်င္ဘက္ ျဖစ္လာေအာင္ ႀကံစည္သြားမယ္လို႔ မေမွ်ာ္လင့္ထားခဲ့ဘူး။
လု႐ႊမ္သည္ မူလက သူဒီအေၾကာင္း ေတြးမိရင္ ေဒါသထြက္မယ္လို႔ ထင္ခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ တည္ၿငိမ္ေနမည္ဟု မေမွ်ာ္လင့္ခဲ့ေပ။ သူ႕ႏွလုံးသားထဲက အၿပဳံးတစ္ခုနဲ႕အတူ သူ႕စိတ္အေျခအေန အမ်ားႀကီး တိုးတက္လာခဲ့တယ္ လို႔ေတာင္ ခံစားမိလာသည္။
မိတ္ေဆြက မိတ္ေဆြပဲ။ ရန္သူျဖစ္ေနရင္ေတာ့ သတ္ပစ္ရမွာပဲ။ ဒီတစ္ႀကိမ္ ျပန္လည္ေမြးဖြားျခင္းဟာ ကလဲ့စားေခ်ဖိဳ႕ပဲ မဟုတ္ပါလား။
ထ်န္ကြၽင့္နမ္ရဲ႕ မ်က္ႏွာမွာ အံ့ၾသမႈေတြ ျပည့္ႏွက္ေနၿပီး ေနာက္ေတာ့ သူ အနည္းငယ္ ရွက္သြားေတာ့သည္။
"မလိုအပ္ပါဘူး ဒါက ..."
လု႐ႊမ္က သူ႕ကို ပုခုံးေပၚ လက္တင္လိုက္ၿပီး
"မင္းဘာလုပ္ေနတာလဲ? မင္းငါ့ကို အကိုႀကီးလို႔ အၿမဲေခၚတာေလ.... အစ္ကိုႀကီး တစ္ေယာက္အေနနဲ႕ ငါ့ညီေလး ဒုကၡေရာက္ေနတာကို ငါမျမင္ခ်င္ဘူး.... ေကာင္းပါၿပီ သူတို႔အားလုံးက ေယာက္်ားႀကီးေတြပဲ ရွက္ေၾကာက္ မေနနဲ႕ လမ္းျပ!!"
ထ်န္ကြၽင့္နမ္ ေခါင္းညိတ္လိုက္သည္။ သူက အရင္ လမ္းေလွ်ာက္သြားၿပီး သားရဲခန္းမထဲက ထြက္၍ မဟာမိတ္ရဲ႕ အျပင္ဘက္ကို ေလွ်ာက္သြားလိုက္၏။
ဤအခိုက္အတန႔္တြင္ ႀတိဂံဧရိယာ၏ အစြန္းတြင္ တစ္ဒါဇင္ေက်ာ္ရွိေသာ လူတစ္စုသည္ အေဆာက္အအုံ တစ္ခုေပၚတြင္ ဂုဏ္ယူစြာ ရပ္ေနကာ ျဖတ္သြားေသာ လူအုပ္ႀကီးကို ငုံ႕ၾကည့္ေနၾကသည္။
ဒီလူအုပ္စုကို အဘိုးႀကီး ႏွစ္ေယာက္က ဦးေဆာင္ၿပီး သူတို႔ရဲ႕ ခြန္အားေတြက မထင္မရွားျဖင့္ သဲသဲကြဲကြဲ မျမင္နိုင္ေပမယ့္ ဖ်တ္ခနဲ ေပၚလာတဲ့ ဖိအားေတြက လမ္းသြားလမ္းလာေတြကို ခ်ဥ္းကပ္ဖို႔ မဝံ့မရဲ ျဖစ္ေစသည္။
လူငယ္ႏွင့္ မိန္းကေလးမ်ား၏ မ်က္ႏွာမ်ားမွာ အလြန္စိမ္းသက္ ေနေသာ္လည္း ၎တို႔၏ အားသာခ်က္မ်ားမွာ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ ကိုးအဆင့္တြင္ ရွိၿပီး တခ်ိဳ႕မွာ သူေတာ္စင္ ေတာက္ဓမၼက်င့္ႀကံမႈ လမ္းစဥ္၏ အေျခခံ လမ္းေၾကာင္းေပၚကို ေရာက္ေနၾကၿပီ။
တခ်ိဳ႕ကလည္း သူေတာ္စင္တစ္ပိုင္း လမ္းေပၚတြင္ ေလွ်ာက္လွမ္းေနၾကၿပီ ျဖစ္ေၾကာင္း သိသာထင္ရွားလွေပသည္။
ေခါင္းေဆာင္ အဘိုးႀကီးက လု႐ႊမ္ႏွင့္ သူ႕အဖြဲ႕ရွိရာ အကြာအေဝးကို လွမ္းၾကည့္လိုက္သည္။
"ဟမ့္... ဒီေနာက္မ်ိဳးဆက္ေလးက ျဖည္းျဖည္းခ်င္း ေရာက္လာတာပဲ.... တကယ္ကို လႊတ္ထားလို႔ေတာ့ မရဘူး... စည္းကမ္းရွိဖို႔ လိုတယ္ နည္းနည္းေတာ့ သင္ျပေပးမွရမယ္"
"ဟားဟား... တတိယအႀကီးအကဲ ဆင္ဆင္ျခင္ျခင္ လုပ္ပါဦး... ဒီလိုေနရာမွာ နိမ့္က်တဲ့ပုံစံကို ထိန္းထားရင္ ပိုေကာင္းပါတယ္"
အျခားအဘိုးအိုက ဘာမွ မထူးျခားသလို ေျပာလာသည္။
"ဒီေနရာရဲ႕ တရားဥပေဒဆိုင္ရာ စည္းမ်ဥ္းေတြက မထင္မရွားနဲ႕ တကယ့္ကို က်ားေတြရွိတဲ့ ေနရာတစ္ခုပဲ.... ၿပီးေတာ့ နဂါးေတြပါ ဝွက္ထားေသးတယ္"
"အစ္ကို၆ မင္းတကယ္ ေျပာတာလား?"
တတိယအႀကီးအကဲက အံ့ၾသစြာ ေအာ္လိုက္ေလ၏။
အႀကီးအကဲ၆က ေလးနက္စြာ ေခါင္းညိတ္ျပရင္း။
"တရားဥပေဒမူေတြက အေမွာင္ထဲမွာ ဆိုေပမယ့္ အထဲမွာ ခပ္ႀကီးႀကီး အရာေတြ ရွိတတ္တယ္... မီးေတာင္ေတြေတာင္ အခ်ိန္အၾကာႀကီး ဖိႏွိပ္ခံရၿပီး ေနာက္ဆုံးမွာ ေပါက္ကြဲသြားတာပဲမလား? ေပါက္ကြဲလာတာနဲ႕ ထြက္လာမယ့္ အခြင့္အေရးက ရာစုႏွစ္ တစ္ခုစာေလာက္ေတာင္ ရွိနိုင္တယ္"
လူငယ္မ်ားစြာသည္ အႀကီးအကဲတို႔ၾကားက စကားကိုၾကားၿပီး ႏွစ္ေယာက္လုံး ႐ႊင္လန္းေနေၾကာင္း ရိပ္မိၾကသည္။
ဒီတစ္ႀကိမ္မွာေတာ့ အဖြဲ႕ကို တန္ခိုးႀကီးဆုံး တတိယအႀကီးအကဲနဲ႕ မိသားစုထဲမွာ လွ်ို႔ဝွက္ဆန္းၾကယ္ဆုံး အႀကီးအကဲ၆က ဦးေဆာင္လာခဲ့၏။
သူတို႔အားလုံးက ဒီေနရာကိုလာဖို႔ ေ႐ြးခ်ယ္ခံရတဲ့ အရည္အခ်င္း ရွိသူေတြပဲ ျဖစ္လို႔ ထုံးစံအတိုင္း ဒီအခြင့္အေရးက ဘယ္လိုမ်ိဳးလဲဆိုတာ သူတို႔သိပါသည္။
တစ္ေယာက္ၿပီး တစ္ေယာက္ အဆင္သင့္ ျပင္ဆင္ၿပီး အခြင့္အေရးက သူတို႔အတြက္ပဲလို႔ တိတ္တဆိတ္ စိတ္ထဲ ထည့္ထားၾကေတာ့သည္။
ေတာ္ဝင္အင္ပါယာ တစ္ခုႏွင့္ ဧကရာဇ္အင္ပါယာၾကားက ျခားနားခ်က္မွာ အျမင့္ဆုံး တိုက္ခိုက္ေရး စြမ္းအားသည္ သူေတာ္စင္တစ္ပိုင္းႏွင့္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ ၿပီးျပည့္စုံျခင္းကာလသာ ျဖစ္သည္။
ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္က ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္။ သူေတာ္စင္တစ္ပိုင္းက သူေတာ္စင္ တစ္ပိုင္းပင္။ သူေတာ္စင္ ျဖစ္လာျခင္းမွာ ငါးၾကင္းတစ္ေကာင္က နဂါးတံခါးကို ခုန္ေက်ာ္ရသလို အခက္အခဲက အရမ္းႀကီးတဲ့အတြက္ သူေတာ္စင္တစ္ပိုင္းက သူေတာ္စင္ နယ္ပယ္ထက္ေတာင္ ပိုမ်ားၾကေလ၏။
ေကာင္းကင္ႏွင့္ ေျမႀကီးႏွင့္တို႔၏ ေတာက္ဓမၼက်င့္ႀကံမႈ အကာအရံႏွင့္ သဘာဝတရားတို႔ကို နားလည္နိုင္မွသာလွ်င္ သူေတာ္စင္ တစ္ပိုင္း၏ လမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းနိုင္မည္ ျဖစ္သည္။
သို႔ေသာ္ သူေတာ္စင္ တစ္ပိုင္း၏ လမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းနိုင္တာက စစ္မွန္တဲ့ သူေတာ္စင္တစ္ပိုင္း ျဖစ္လာမည္ဟု မဆိုလိုေခ်။