ပြန်လည်မွေးဖွားလာသောဧကရာဇ် (b...

By hinnthawethadar

34.6K 3.7K 36

Arc 3 chapter (160) ရဲ့ အဆက်ပါ Arc 3 chapter (160) ရဲ႕ အဆက္ပါ More

Arc 3🗡161🗡တံဆိပ်ခတ် ကောင်းကင် သားရဲလေးကောင်
Arc 3🗡162🗡လုရွှမ်ပါးစပ်ဖွင့်ပြီ
Arc 3🗡163🗡အဂ္ဂိရတ်သန့်စင်ခြင်း (ပထမပိုင်း)
Arc 3🗡164🗡အဂ္ဂိရတ်သန့်စင်ခြင်း (ဒုတိယပိုင်း)
Arc 3🗡165🗡ရှေးဟောင်းမြို့ထဲဝင်ပြီ
Arc 3🗡166🗡ရတနာမှန်သမျှ ငါ့လက်ထဲမှာ စုစည်းစေ (ပထမပိုင်း)
Arc 3🗡167🗡ရတနာမှန်သမျှငါ့လက်ထဲသိမ်းစေ (ဒုတိယပိုင်း)
Arc 3🗡168🗡ရှောင်းချင်ထျန်း မျက်နှာပျက်သွားပြီ
Arc 3🗡169🗡လုရွှမ် ပျောက်သွားပြီ (ပထမပိုင်း)
Arc 3🗡170🗡လုရွှမ် ပျောက်သွားပြီ (ဒုတိယပိုင်း)
Arc 3🗡171🗡ရတနာထွက်လာပြီ (ပထမပိုင်း)
Arc 3🗡172🗡ရတနာထွက်လာပြီ (ဒုတိယပိုင်း)
Arc 3🗡173🗡နတ်ဘုရားလက်ဝါး
Arc 3🗡174🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ပထမပိုင်း)
Arc 3🗡175🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ဒုတိယပိုင်း)
Arc 3🗡176🗡ရှန့်ခုန်းမြေပုံ
Arc 3🗡177🗡ဝူအဆင့်၁၀ (ပထမပိုင်း)
Arc 3🗡178🗡ဝူအဆင့်၁၀ (ဒုတိယပိုင်း)
Arc 3🗡179🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်
Arc 3🗡180🗡စောင့်ဆိုင်းခြင်း (ပထမပိုင်း)
Arc 3🗡181🗡စောင့်ဆိုင်းခြင်း (ဒုတိယပိုင်း)
Arc 3🗡182🗡အဆိပ်ခတ်ထားတာလား?
Arc 3🗡183🗡ဧရာမအလှည့်အပြောင်း (ပထမပိုင်း)
Arc 3🗡184🗡ဧရာမအလှည့်အပြောင်း (ဒုတိယပိုင်း)
Arc 3🗡185🗡ရှေးဟောင်းသစ်ရွက်စိမ်း
Arc 3🗡186🗡အရွက်စိမ်းသစ်ပင်ရဲ့ နှလုံးသား
Arc 3🗡187🗡သန့်စင်ခြင်း
Arc 3🗡188🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ပထမပိုင်း)
Arc 3🗡189🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ဒုတိယပိုင်း)
Arc 3🗡190🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (တတိယပိုင်း)
Arc 3🗡191🗡ယင်းယန်အမိန့်
Arc 3🗡192🗡တကယ်ပဲ အရမ်းရက်စက်တာလား?
Arc 3🗡193🗡ယင်းယန်ရေကန်ထဲဝင်ခြင်း
Arc 3🗡194🗡 ဧရိယာ၃
Arc 3🗡195🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင်၄ ကျိုချင်းနယ်ပယ်
Arc 3🗡196🗡ငါလည်း သူ့ကို သတ်ချင်တယ်!
Arc 3🗡197🗡အားကြီးသော တောင်​ဖောက်နဂါး (ပထမပိုင်း)
Arc 3🗡198🗡အားကြီးသောတောင်ဖောက်နဂါး (ဒုတိယပိုင်း)
Arc 3🗡199🗡အားကြီးသောတောင်ဖောက်နဂါး (တတိယပိုင်း)
Arc 3🗡200🗡အားလုံးကို သတ်ပစ်လိုက်တာ!
Arc 3🗡201🗡စိတ်စွမ်းအား ၁၅
Arc 3🗡202🗡 ကျောင်းအုပ်ကြီးကိုကန်ကျောက်ခြင်း
Arc 3🗡203🗡အိုးယန်ရွှမ်းကို သတ်လိုက်
Arc 3🗡204🗡စစ်သေနာပတိဟူရှောက်ကို သတ်ပစ်ပြီ
Arc 3🗡205🗡မင်းသမီးလော့ရုံရဲ့ ခန့်မှန်းချက်
Arc 3🗡206🗡ကျန်းရှောက်ချန်ပြန်လာပြီ
Arc 3🗡207🗡အဆင့်၉ အခင်းအကျင်း တံဆိပ်ပြား
Arc 3🗡208🗡ရှောင်းမိသားစုကလူများ
Arc 3🗡209🗡ဟန်ရောင်ရဲ့ဆရာ
Arc 3🗡210🗡စိန်ခေါ်စာ
Arc 3🗡211🗡ပေရွှီး တော်ဝင်အင်ပါယာရဲ့ သခင် ပြောင်းလဲချိန်ရောက်ပြီ
Arc 3🗡212🗡ဝှက်ဖဲကဘာလဲ?
Arc 3🗡213🗡ပြိုင်ပွဲစင်မြင့်
Arc 3🗡214🗡လှောင်အိမ် စွမ်းအင်လမ်းကြောင်း
Arc 3🗡215🗡တောင့်တင်းမှုမှ ပျော့ပျောင်းမှုသို့
Arc 3🗡216🗡အဆင့်၅ကို ထိုးဖောက်ခြင်း (ပထမပိုင်း)
Arc 3🗡217🗡အဆင့်၅ကို ထိုးဖောက်ခြင်း (ဒုတိယပိုင်း)
Arc 3🗡218🗡အဆင့်၅ကို ထိုးဖောက်ခြင်း (တတိယပိုင်း)
Arc 3🗡219🗡စိတ်စွမ်းအား ၁၆
Arc 3🗡220🗡အရှက်မရှိကြသူများ
Arc 3🗡221🗡ကာကွယ်မှု အခင်းအကျင်းကြီး
Arc 3🗡222🗡ထပ်ခါထပ်ခါ သတ်ပြီ
Arc 3🗡223🗡ပျံသန်းသွားခြင်း
Arc 3🗡224🗡ဘိုးဘေးများကိုအံ့သြစေသူ
Arc 3🗡225🗡ရတနာအခန်း
Arc 3🗡226🗡နဂါးရုပ်တု
Arc 3🗡227🗡စစ်သူရဲများ
Arc 3🗡228🗡ကျောင်းအုပ်အသစ်
Arc 3🗡229🗡ထွက်ခွာရန်ပြင်ဆင်ခြင်း
Arc 3🗡230🗡တိမ်တိုက်ငှက်
Arc 4🗡1🗡တြိဂံဧရိယာ
Arc 4🗡2🗡မှော်တစ်ထောင်စံအိမ်
Arc 4🗡3🗡ဓားအပိုင်းအစ
Arc 4🗡4🗡ရှီးမန်ကျွင့်
Arc 4🗡5🗡သတ်ဖြတ်ပြီ
Arc 4🗡6🗡အရိပ်လူသတ်ခန်းမ
Arc 4🗡7🗡တံခါးဝကို ရောက်ရှိခြင်း
Arc 4🗡8🗡အစိမ်းရောင်ဓားအလင်း
Arc 4🗡9🗡ဝိညာဥ်အစားအစာ
Arc 4🗡10🗡ခူးရုန်မြက်
Arc 4🗡11🗡သန့်စင်ဖို့စတင်ခြင်း
Arc 4🗡12🗡ထွက်ခွာခြင်း
Arc 4🗡13🗡လမ်းညွှန်တံဆိပ်ပြား
Arc 4🗡14🗡ထိုက်ကျိရဲ့ရှေ့ပြေးပုံစံ
Arc 4🗡15🗡သတ်ဖြတ်လေပြီ
Arc 4🗡16🗡တော်ဝင်အင်ပါယာရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်
Arc 4🗡17🗡ပြေးပြီ
Arc 4🗡18🗡စိတ်စွမ်းအား ထိုးဖောက်သွားပြီ
Arc 4🗡19🗡စက္ကန့်အပိုင်းအတွင်းသတ်ခြင်း
Arc 4🗡20🗡မြို့ကိုပြန်ခြင်း
Arc 4🗡21🗡ဖောက်ခွဲသတ်ဖြတ်ခြင်း အခင်းအကျင်း
Arc 4🗡22🗡စိတ်ဝိညာဥ်ဆေး
Arc 4🗡23🗡စုပေါင်းအောင်မြင်မှု
Arc 4🗡24🗡ယွမ်စံအိမ်၏စံအိမ်သခင်
Arc 4🗡25🗡လက်ဝါးတစ်ချက်တည်း
Arc 4🗡26🗡စစ်မှန်တဲ့ နဂါးနှလုံး
Arc 4🗡27🗡ယွမ်စံအိမ်အား ညအချိန်တွင် ဝင်ရောက်စီးနင်းခြင်း
Arc 4🗡28🗡နဂါးဦးခေါင်း ရေကန်
Arc 4🗡29🗡နဂါးသွေးသံ
Arc 4🗡30🗡အရှိန်တင်မယ်
Arc 4🗡31🗡လူသတ်သမားကို ဆွဲဆောင်ခြင်း
Arc 4🗡32🗡ကျွန်ဈေးကွက်
Arc 4🗡33🗡ပြိုကျသွားပြီ
Arc 4🗡34🗡အဆိပ်မိခြင်း
Arc 4🗡35🗡ခရမ်းရောင်မီးခို အဆိပ်
Arc 4🗡36🗡သွေးကြောများ တိုးမြှင့်လာပြီ
Arc 4🗡37🗡တတိယနန်းတော်ပင်လယ်
Arc 4🗡38🗡နှစ်လ
Arc 4🗡39🗡 မျှော်စင်ကိုးထပ်
Arc 4🗡40🗡နောက်ထပ်နှစ်လုံးလောက်
Arc 4🗡41🗡သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆
Arc 4🗡42🗡သူတော်စင်တစ်ပိုင်း
Arc 4🗡43🗡ချိလော့တောင်
Arc 4🗡44🗡ချိုင့်ဝှမ်းအတွင်းသို့
Arc 4🗡45🗡ချိုင့်ဝှမ်းထဲကတိုက်ပွဲ
Arc 4🗡46🗡စစ်ကူတွေ ရောက်လာပြီ
Arc 4🗡47🗡ရန်သူတစ်သိန်းကိုအနိုင်ယူခြင်း ဒဏ္ဍာရီ
Arc 4🗡48🗡အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ခေါင်းဆောင်ကို သတ်လိုက်ပြီ
Arc 4🗡49🗡ဆေးဥယျာဉ်
Arc 4🗡50🗡ပန်းနီမိန်းကလေး
Arc 4🗡51🗡ဝိညာဥ်ချီပေါင်းစည်းမှု
Arc 4🗡52🗡မိမိဘာသာသေလမ်းရှာခြင်း
Arc 4🗡53🗡ဖရိုဖရဲဖြစ်လာပြီ
Arc 4🗡54🗡ကောင်းကင်ကံကြမ္မာဓမ္မခန္ဓာကိုယ်
Arc 4🗡55🗡မ​ရှိတော့ဘူး
Arc 4🗡56🗡အခွင့်အလမ်း
Arc 4🗡57🗡လူအုပ်ကြီးရှေ့မှာ
Arc 4🗡58🗡သွေးပိုးကောင်
Arc 4🗡59🗡လက်တစ်ဖက်တည်းနဲ့ ရှင်းထုတ်ခြင်း
Arc 4🗡61🗡မြန့်ရှန်ပန်း
Arc 4🗡62🗡လူထောင်ပေါင်းများစွာ စုဝေးကြရာ
Arc 4🗡63🗡ထျန်အိမ်ကလူတွေလာပြီ
Arc 4🗡64🗡မောက်မာသော ထျန်မိသားစု
Arc 4🗡65🗡လက်ဝါးစွမ်းအင်
Arc 4🗡66🗡ဆရာတူဦးလေးလို့ခေါ်
Arc 4🗡67🗡 လူလိမ်
Arc 4🗡68🗡မျက်နှာဖြူ ပညာရှင်
Arc 4🗡69🗡အခင်းအကျင်းထဲ ပိတ်မိနေပြီ
Arc 4🗡70🗡စီစဉ်ရခြင်းအကြောင်းရင်း
Arc 4🗡71🗡 နိယာမနတ်သူငယ်
Arc 4🗡72🗡ယွမ်စံအိမ်နဲ့ဆက်ဆံရေး
Arc 4🗡73🗡ထူးဆန်းသောအဘွားကြီး
Arc 4🗡74🗡တောက်ပနေသောတိမ်တိုက်
Arc 4🗡75🗡အင်အားစုများ၏ ရုန်းရင်ဆန်ခတ်မှုများ
Arc 4🗡76🗡မိုးကြိုးလျှပ်စီးကြောင်း
Arc 4🗡77🗡နိယာမစွမ်းအင် ရလာတဲ့ ခန္ဓာကိုယ်
Arc 4🗡78🗡မိမိကိုယ်ကို နှိပ်စက်ခြင်း
Arc 4🗡79🗡လိမ်လည်လှည့်စားမှု
Arc 4🗡80🗡ဘယ်သူက ပိုပါးနပ်မလဲ
Arc 4🗡81🗡အသက်ရှင်ရာလမ်း
Arc 4🗡82🗡 ထွက်ခွာခြင်းနှင့် နေရစ်ခြင်း
Arc 4🗡83🗡အားလုံးသေကုန်ပြီ
Arc 4🗡84🗡လုရွှမ် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ
Arc 4🗡85🗡နတ်ဆေးလုံးမြို့
Arc 4🗡86🗡ဖုန်ရှန်ဧကရာဇ် အင်ပါယာက မင်းသားငယ်
Arc 4🗡87🗡မြို့သခင်ကျောင်းကျန့်
Arc 4🗡88🗡မြို့သခင်ရဲ့သရုပ်ဆောင်မှု
Arc 4🗡89🗡ရွှီချင့်ရဲ့သူတော်စင်တစ်ပိုင်း အသွင်အပြင်
Arc 4🗡90🗡လုရွှမ်ရဲ့ကျိန်ဆိုချက်
Arc 4🗡91🗡အံ့ဖွယ်လူသား
Arc 4🗡92🗡ကျောင်းကျန့် လက်နက်ချလိုက်ပြီ
Arc 4🗡93🗡ယဲ့ကူ
Arc 4🗡94🗡အသက်ရှင်လျက်သေရခြင်း
Arc 4🗡95🗡ဆွဲဆောင်ခြင်း
Arc 4🗡96🗡တစ်ဖက်သတ် လူသတ်ပွဲ
Arc 4🗡97🗡ပွေရှုပ်တဲ့ မြို့သခင်
Arc 4🗡98🗡တစ်ယောက်သေ တစ်ယောက်လက်ခံ
Arc 4🗡99🗡တစ်နှစ်
Arc 4🗡100🗡ကျောင်းတော်ကြီးလေးခု
Arc 4🗡101🗡နဂါးဝိညာဉ်မြက်
Arc 4🗡102🗡ကြောက်စရာကောင်းသောလူ
Arc 4🗡103🗡စုပ်ယူပြီးပြီ
Arc 4🗡104🗡လက်ဝါးတစ်ချက်၏စွမ်းအား
Arc 4🗡105🗡သူတော်စင်ဝိညာဥ်မြက်ကို ကုသမယ်
Arc 4🗡106🗡ယွိလင်းလုံ
Arc 4🗡107🗡လေပြင်းလက်ဝါး
Arc 4🗡108🗡လူသတ်ဓားရဲ့အစွမ်း
Arc 4🗡109🗡သတ်လိုက်
Arc 4🗡110🗡အခင်းအကျင်းထဲကျ​ရောက်ခြင်း
Arc 4🗡111🗡​သာလွန်သောဖြစ်တည်မှု
Arc 4🗡112🗡ခိုးဝင်တိုက်ခိုက်မှု
Arc 4🗡113🗡သူတော်စင်တစ်ပိုင်းသို့ ရောက်ရှိခြင်း
Arc 4🗡114🗡ခေါ်ယူခြင်း
Arc 4🗡115🗡ရှန်းလင်တည်းခိုခန်း
Arc 4🗡116🗡အနီရောင်ဝတ်စုံနဲ့ မိန်းကလေး
Arc 4🗡117🗡ပိုင်ရှင်အမျိုးသမီး
Arc 4🗡118🗡ပိုက်ဆံဆုံးရှုံးရပြီ
Arc 4🗡119🗡လွမ့်ထျန်းသစ်တော
Arc 4🗡120🗡အသက်သခင် ကျေးဇူးရှင်
Arc 4🗡121🗡သားရဲကင်ရနံ့
Arc 4🗡122🗡သားရဲဒီရေ
Arc 4🗡123🗡လျှိုဝှက်မှော်အခင်းအကျင်း
Arc 4🗡124🗡ဒြပ်စင်ငါးခုသမင်
Arc 4🗡125🗡အနက်ရောင်လမ်းကျဉ်း
Arc 4🗡126🗡ဆိုင်ရှင်အမျိုးသမီး ပြန်ပေါ်လာပြီ
Arc 4🗡127🗡အဒေါ်နဲ့တူမ
Arc 4🗡128🗡ကံဆိုးမှု
Arc 4🗡129🗡နဂါးအရိုးကြီး
Arc 4🗡130🗡ကြီးနိုင်ငယ်ညှင်း

Arc 4🗡60🗡ထူးဆန်းတဲ့ ရတနာရဲ့ အငွေ့အသက်

181 18 0
By hinnthawethadar

Chapter (60) Arc 4
ထူးဆန်းတဲ့ ရတနာရဲ့ အငွေ့အသက်

ဟိုအရင်တုန်းကတော့ သူတို့ဟာ တခြားလူတွေကို ဘောင်မဝင်တဲ့ လူတွေလို့ မှတ်ယူခဲ့ကြပေမယ့် အခုချိန်မှာတော့ သူတို့ကိုယ်တိုင်ကသာ ဘောင်မဝင်တဲ့ အမြောက်စာများသာ ဖြစ်ကြောင်း သိလိုက်ရလေပြီ။

လုရွှမ်ကတော့ အံ့သြမှု သိပ်မရှိပုံဖြင့် လှည့်ကြည့်လိုက်သည်။

သူ့မျက်လုံးတွေကို အဂ္ဂိရတ်ပညာရှင် အဖွဲ့တွေဆီကို ရွှေ့လိုက်၏။ ယခုအချိန်တွင် အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ လူတိုင်း၏ မျက်နှာများမှာ စိတ်ဓာတ်ကျနေမှုများ​ဖြင့် ပြည့်​နေပါပြီ။ သူတို့ရဲ့ စိတ်ပျက်အားငယ်နေတဲ့ မျက်လုံးတွေက လုရွှမ် အဂ္ဂိရတ်ပညာရှင် အဖွဲ့ကို နောက်တစ်ကြိမ် ဖြိုချတော့မယ့် အတိုင်းပင်။

အင်အားကြီးမားသော အဂ္ဂိရတ်ပညာရှင် အဖွဲ့၏ ခေါင်းဆောင်သည် ပြေးထွက်လာပြီး အသတ်ခံခဲ့ရသလို လျှိုဝှက်ထားတဲ့ အကြီးအကဲကြီး လေးဦးကလည်း သူ့နဲ့ တွေ့ဆုံပြီးနောက် အသတ်ခံခဲ့ရသည်။

ယခု နောက်ဆုံးတွင် ဧကရာဇ်အင်ပါယာ၏ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ သခင်တစ်ဦးကို စေလွှတ်လိုက်ပြန်သော်လည်း အဆုံးတွင် သူ့လက်ချက်ဖြင့် လွင့်ထွက်သွားခဲ့​ပြန်သည်။

ချွေး​အေးတွေက မိုးရွာသလို ပြန့်ကျဲနေပြီး အဂ္ဂိရတ် ဆေးဆရာတွေ အားလုံး ရင်တွေတုန်ရင်း အမြင်တွေပါ ဝေဝါးလာကြသည်။ လုရွှမ်ရဲ့ မျက်လုံးတွေကို ဘယ်သူကမှ စေ့စေ့ မကြည့်ရဲကြတော့ပါ။

သူ့ပုံစံက ကြည့်လိုက်ရင် ဒီလောက် ထက်မြက်တဲ့ပုံ မပေါ်ပေမယ့် သူတကယ် လူသတ်လိုတဲ့ အချိန်ရောက်ရင်တော့ ထူးထူးခြားခြား အရှိန်အဟုန်တွေနဲ့ ပြည့်နေတတ်လေတယ်။

လုရွှမ် သူ့ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ အဂ္ဂိရတ်ပညာရှင် အဖွဲ့ဆီက သူ့အကြည့်တွေကို ကောင်းကင်သူတော်စင် လျိုမိသားစုဆီကို တစ်ချက် ရွေ့ကြည့်လိုက်သည်။

ဒီမိသားစုကို သူမနှစ်သက်တာက အဂ္ဂိရတ်ပညာရှင် အဖွဲ့ထက်တော့ ညံ့မည် မဟုတ်ပေ။

"လုရွှမ်.... မာန သိပ်ကြီးမနေနဲ့.... မင်းကိုယ်မင်း ဟုတ်လှချည်ရဲ့လို့ မထင်နဲ့!! လူတွေရဲ့အထက်မှာ ကျော်လွန်တဲ့ လူတွေ ရှိသလို ကောင်းကင်ထက်မှာလဘ်း ကောင်းကင် တစ်ခုရှိတယ် ဆိုတာ မင်းထားသိရမယ်!!"

ထိုအခိုက်တွင် သစ်ရွက်စိမ်း၏ သစ်သားနှလုံးသားက အလွန်မြန်သော အရှိန်ဖြင့် တဖျတ်ဖျတ် ပျောက်ကွယ်သွားပြီး သူပြန်ပေါ်လာတဲ့ အခါမှာတော့ အစောက စကားပြောခဲ့တဲ့ သူရဲ့ဦးခေါင်းကို ဖောက်ခွဲပစ်ပြီးလေပြီ။

"လူတွေရဲ့ အထက်မှာ ကျော်လွန်တဲ့ လူတွေရှိသလို ကောင်းကင်ထက်မှာ ကောင်းကင်တစ်ခု ရှိတယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ အဲဒါက မင်းနဲ့က ဝေးလုနီးပါးပဲ!"

ထိတ်လန့် တုန်လှုပ်သွားတဲ့ လျိုမိသားစုရဲ့ နောက်ပိုင်း မျိုးဆက် လူငယ်တို့ရဲ့ မျက်နှာများမှာ ဖြူဖျော့သွားကာ လူကြီးများရဲ့ ပါးစပ်ထောင့်များလည်း တုန်လှုပ်သွားကြသည်။ ဒီနေ့ခေတ်အကြောင်း ပြောရရင် လျိုမိသားစုဟာ လုရွှမ်ဆီကနေ အဆိုးဆုံး အသတ်ခံခဲ့ရသာ ဖြစ်ချေသည်။

ရှေးဦးစွာ အဆင့်မြင့် အကြီးအကဲတွေ၊ နောက်ပြီး ဒီနေရာက အကြီးအကဲတွေ၊ နောက်ပြီး မြို့ထောင်ချီမဟာမိတ်မှာ ရှိတဲ့ လျိုမိသားစုရဲ့ ကျွန်စစ်တပ် စတာတွေကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်သည်။

ဒါက တော်ဝင်အင်ပါယာတွေကို ထိတ်​လန့်​တုန်​လှုပ်​ သွား​စေ​သည်​။ တော်ဝင်အင်ပါယာ ပထမ​နေရာက မိသားစု​ရဲ့ အ​ခြေ​အနေ​မှာ အနည်းငယ်​ မလုံခြုံ​တော့ရာ အချိန်​တိုင်း​ကို ဖိနှိပ်​ခံ​ထား​ရ​သော တော်​ဝင်​မိသားစု​ပင်​လျှင် ရွှေ့​ပြောင်း​ရန် အနည်းငယ်​အသင့်​ ရှိ​နေ​ကြလေပြီ။

ဒီအချိန်မှာ ရောက်လာတဲ့လူက သိပ်မရှိတော့ ခွန်အားကလည်း သိပ်မပြင်းထန်​လေဘူး။ နောက်ဆုံးတော့ တိုင်းနိုင်ငံတစ်ခုရဲ့ တန်ခိုးအကြီးဆုံး ပုဂ္ဂိုလ်က သူတော်စင်တစ်ပိုင်း လမ်းပေါ်မှာပဲ ရှိသေးတယ်လေ။

သူတောင်စင်တစ်ပိုင်းကို အပြည့်အဝ လျှောက်လှမ်းနေသူတွေက ဧကရာဇ် အင်ပါယာတစ်ခုက ဆင်းသက်လာကြသူများပင်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ မျိုးဆက်ကလေး တစ်ဦးဆီကနေ လျိုမိသားစု တစ်ခုလုံးကို အမှန်တကယ် ဖျက်ဆီးပစ်​ခြင်း ခံလိုက်ရသည်။ ၎င်းတို့အတွက် ပြီးပြည့်စုံသော ဟာသတစ်ခု ဖြစ်နေလေပြီ။

နောက်ပိုင်း အတည်ပြုခဲ့သော်ငြားလည်း လျိုမိသားစုမှ လူတိုင်းသည် လုရွှမ်၏ ခွန်အားနှင့် ပတ်သက်၍ ကွဲပြားသော သဘောထားအမြင်များ ရှိကြသေးသည်။ လုရွှမ်ရဲ့ နောက်ကွယ်တွင် ကူညီမည့်သူ ရှိနေသည်ဟု တချို့က သံသယရှိကြပြီး တချို့ကလည်း သူ့တွင် အထူးရတနာများရှိသည်ဟု သံသယ ရှိကြသည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် လျိုမိသားစုမှ လူများသည် အဂ္ဂိရတ်ပညာရှင် အဖွဲ့နှင့် ပေါင်းစည်းပြီး ဝမ်မိသားစုနှင့် ဟန်မိသားစုအား လက်ဆောင်ကြီးတစ်ခု ပေးအပ်ကာ လုရွှမ်ကို သတ်ရန် စုရုံးခဲ့သည်။

ယခု လုရွှမ်နှင့် ရုတ်တရက် ရင်ဆိုင်လိုက်သောအခါ လျိုမိသားစုမှ အဖွဲ့ဝင် အများအပြားသည် သူတို့မှားကြောင်း သိသွားကြပြီး လူသတ်နတ်ဘုရားကို အမှန်တကယ် စော်ကားမိခဲ့ကြောင်း နားလည်လိုက်ကြသည်။

သူ၏ စစ်မှန်သော ခွန်အားသည် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇သာ ရှိသော်လည်း သူတော်စင် လမ်းတစ်ဝက်တွင် စတင် လျှောက်လှမ်းခဲ့သော သခင်များကိုပင် အသေသတ်နိုင်ခဲ့သည်။ သူ့မျက်လုံးထဲမှာ ၎င်းတို့သည် လုံးဝ လူရွှင်တော်များသာ ဖြစ်​လေသည်။

ဝမ်မိသားစုနှင့် ဟန်မိသားစုတို့သည် ယခုအချိန်တွင် လျိုမိသားစုဝင်များကို တစ်ချက်သာ ကြည့်လိုက်သည်။

"အခင်းအကျင်း အစီအရင် တည်စေ!"

လျိုမိသားစု၏ လက်ရှိဘဏ္ဍာထိန်း လျိုကျန့်က ဒေါသတကြီး ဟစ်အော်လိုက်သည်။

ဒီလိုမျိုး ဆက်စောင့်နေရင် လူတိုင်းရဲ့စိတ်တွေ ကမောက်ကမ ဖြစ်ကုန်မှာကို သူကောင်းကောင်း သိပါသည်။ ဝမ်မိသားစုနဲ့ ဟန်မိသားစုကပါ လက်နက်ချသွားရင် သူတို့ကရော သေဖို့စောင့်​နေတာထက် ဘာမှ မပို​တော့ဘူး​လေ။

ဘာမှ မလုပ်ဘဲ သေခြင်းတရားကို စောင့်နေရတာထက် ​​ပြင်းပြင်းထန်ထန် တိုက်ခိုက် ပစ်လိုက်တာက ပိုကောင်းတယ် မဟုတ်လား။

လျိုမိသားစုမှ အဖွဲ့ဝင် ကိုးဦးသည် အခင်းအကျင်း တံဆိပ်ပြားများကို တစ်ခုပြီးတစ်ခု အမြန် ပစ်ထုတ်လိုက်ကြသည်။

အခင်းအကျင်း အသွင်အပြင်သည် ရိုးရှင်းပြီး ဆန်းပြားမှု မရှိသော်ငြား အရိုင်းဆန်သော လေထုနှင့် ပြည့်နှက်နေပြီး လေထဲတွင် ပျံဝဲ​​နေကာ လျိုမိသားစုမှ အဖွဲ့ဝင်များစွာကို ချက်ချင်း ထုပ်ပိုး ကာကွယ်ထားလိုက်သည်။

မီးခိုးငွေ့လို နွယ်ပင်များက ကောင်းကင်ကို တခဏချင်း မှိန်သွားအောင် ဖုံးအုပ်သွား၏။ မော့ကြည့်လိုက်တော့ ကောင်းကင်၌ သွေးနီရောင် တိမ်တိုက်များက နေရောင်ကို တဖြည်းဖြည်း ဖုံးလွှမ်းသွားတာ တွေ့ရလေသည်။

ဒါက ဘယ်လို အခင်းအကျင်းမျိုးလဲ?

ယန်ရှီးနဲ့ တခြားသူတွေ ကမန်းကတန်း ပြန်ဆုတ်သွားကြသည်။ ကျိုးကျိုးမှာ ကူညီချင်ပေမယ့် သူမမှာ ကြံ့ခိုင်မှု မရှိဘူး ဆိုတာကိုလည်း သိထားတာကြောင့် ဖြည်းညင်းစွာပဲ ပြန်ဆုတ်သွားရလေသည်။

ဝမ်မိသားစုနှင့် ဟန်မိသားစုဝင် အားလုံး အံ့အားသင့် သွားကြသည်။ လျိုမိသားစုသည် ထောင်ပေါင်းများစွာသော တော်ဝင်အင်ပါယာများ အကြားတွင် ဘေးချင်းကပ်ကာ ရပ်တည်နိုင်ခဲ့သည်။ 

သူတို့လည်း လျိုမိသားစု၏ နည်းလမ်းများကို သဘာဝကျကျ မေးမြန်းခဲ့ကြ​သေးသည်။ ၎င်းသည် နေကိုးစင်းသွေးအခင်းအကျင်း ဖြစ်တဲ့ အဆုံးစွန် လူသတ်သမား အစီအရင်သာ ဖြစ်သည်။

လူကိုးဦးဖြင့် ဖွဲ့စည်းထားသောကြောင့် ဖွဲ့စည်းတည်ထောင်သူ အားကောင်းလေ အခင်းအကျင်းက အားကောင်းလေ ဖြစ်သော်လည်း တိုက်ခိုက်မှု အောင်မြင်စေ ရှုံးနိမ့်စေ အခင်းအကျင်း တည်ထောင်သူကတော့ အခင်းအကျင်းကို ဖြိုခွင်းပြီးနောက် အသေခံရမည်မှာ သေချာပါ၏။

ကိုးဆိုသည်မှာ အပြင်းထန်ဆုံး နံပါတ်ဖြစ်ပြီး ကောင်းကင်ကို ဖုံးလွှမ်း၍ နေကို ပိတ်ဆို့ကာ တောက်ကျင့်ကြံမှု စွမ်းအင်များကို စွန့်လွှတ်ကာ ဝိညာဉ်စွမ်းအင်များကို ဖယ်ရှားပေးနိုင်လို့ ခွန်အားက နှစ်ဆပိုများ​လေသည်။

လုရွှမ်၏ မျက်လုံးများ ကြည်လင်ပြတ်သား လာသည်။ တော်ဝင်အင်ပါယာက မိသားစုတစ်ခုမှာ ဒီလို အခင်းအကျင်း နည်းလမ်းမျိုး ရှိမယ်လို့ သူ မမျှော်လင့်ထားသော်လည်း အခင်းအကျင်း ဖွဲ့စည်းထားပုံ နည်းလမ်းကို သူ့ရှုထောင့်မှ ကြည့်လျှင် ဟာကွက်များ ပြည့်နှက်နေပါ၏။

ဤအခင်းအကျင်းအား ဖြတ်ကျော်လိုပါက အင်အားသုံး၍ပင် ဖြိုခွင်းပစ်နိုင်သည်။ နောက်ဆုံးမှာတော့ အခင်းအကျင်း တည်ထောင်ထားသူတွေရဲ့ စွမ်းအားက အလွန် နည်းပါးလွန်းလို့ပင်။

ဒီလိုပုံစံနဲ့ နေကိုးစင်း သွေးအခင်းအကျင်းဟာ သူတော်စင်တစ်ပိုင်းက လူတွေအပေါ် အနည်းငယ်တောင် အဟန့်အတား ရှိမည် မဟုတ်ပေ။

လုရွှမ် စိတ်ဝိညာဉ်စွမ်းအားများ တဟုန်ထိုး တက်လာ၏။ ဝိညာဥ်စွမ်းအင် သုံးနိုင်မှုကို အခင်းအကျင်းက ဖုံးလွှမ်းထားသော်လည်း သူလုံးဝ ဂရုမစိုက်ပေ။ နဂါးနှလုံး၏ နှလုံးခုန်သံနှင့်အတူ တစ်ချက် ခုန်လိုက်သည်။

ဝိညာဥ်စွမ်းအင်ထက် များစွာပို၍ မြင့်မားသော အပြာရောင်နဂါး အသွင်ပြောင်းခြင်း၏ အဆုံးမရှိသော စွမ်းအားနှင့် ဖြစ်သည်။

လူပေါင်း များစွာဖြင့် ဖွဲ့စည်းထားသော အခင်းအကျင်း တံဆိပ်ပြားသည် နေမင်းကြီးသည် ရုတ်တရက် အလွန် ပူပြင်းလာစေပြီး ကောင်းကင်တွင် သွေးတိမ်တိုက်များကို ဖောက်ထွင်း ဝင်ရောက်ကာ တောက်ပနေလေစေသည်။

အော်ဟစ်အော်သံများ ထွက်ပေါ်လာပြီးနောက် အခင်းအကျင်းလည်း ပျက်စီးသွားသလို လူကိုးဦး၏ အလောင်းများလည်း လွင့်စင်ထွက်သွားကာ အရိုးစုအဖြစ် ပြောင်းလဲသွားခဲ့သည်။

"ဒါက အရမ်း အားနည်းလွန်းတယ်!"

လုရွှမ်က ဆို၏။

"ငါ့ရဲ့ အခင်းအကျင်းကို တစ်ချက် ကြည့်လိုက်!"

လုရွှမ် အော်ပြောပြီးတာနဲ့ လျိုမိသားစုဝင်တို့ အထက်တွင် ကောင်းကင်ကိုပင် ဖုံးအုပ်ထားနိုင်တဲ့ အခင်းအကျင်း တစ်ခုကို ဖန်တီးလိုက်တော့သည်။ အခင်းအကျင်းထဲမှ အလင်းတန်းများ ဖျတ်ခနဲ ထိုးဆင်းလာကာ လျိုမိသားစုကို အလင်းထဲတွင် ချုပ်နှောင်ထားလိုက်သည်။

"လှည့်စေ လှည့်စေ လှည့်စေ!"

လုရွှမ် သုံးကြိမ်ဆက်တိုက် ပြောပြီးနောက် အလင်းရောင်က ဖျတ်ခနဲ တောက်လာပြီး လျိုမိသားစုထဲက လူအားလုံးဟာ ကမ္ဘာတစ်ခုလုံး ဇောက်ထိုး ဖြစ်သွားသလို ခံစားလိုက်ရတော့သည်။ သူတို့ မတ်တပ်ရပ်နိုင်တဲ့ နေရာတိုင်းဟာ တရွေ့ရွေ့နဲ့ လှည့်ပတ်နေ၏။

သူတို့ ခန္ဓာကိုယ်များဟာ ယခုအချိန်တွင် အသေကောင်များကဲ့သို့ ပျော့ဖတ်နေလေပြီ။ နောက်ထပ် လေတစ်ချက် ဝေ့ဝဲတိုက်ခတ်ပြီးတဲ့အခါ လျိုမိသားစုမှ လူတစ်ယောက်မှ လှုပ်ရှားမှုမရှိတော့ဘဲ အလင်းတန်းများ ပြန့်ကျဲသွားပြီး အသွေးအသား အပိုင်းအစများသာ ကျန်ရစ်ခဲ့တော့သည်။

ရုတ်တရက် လုံးဝ တိတ်ဆိတ်သွားလေ၏။

ဝမ်မိသားစုနှင့် ဟန်မိသားစုတို့မှာ နတ်ဆိုးတစ်ကောင်ကို ကြည့်နေရသလို လုရွှမ်ကို ကြည့်ကာ ခြေထောက်များပါ တုန်ရီလာကြသည်။

နောက်ဆုံးတော့ လူတစ်ယောက် ရုတ်တရက် ခုန်ချပြီး ထွက်ပြေးသွားသည်။ ပထမတစ်ယောက် ပြီးတော့ နောက်တစ်ယောက်။ ဟန်မိသားစုက လူတွေ အရင်ဆုံး လှုပ်ရှားကြပြီး နောက်တော့ ဝမ်မိသားစု၊ နောက်ဆုံးတွင် အဂ္ဂိရတ်ပညာရှင် အဖွဲ့က လူတွေပါ တိတ်တိတ်ဆိတ်ဆိတ် ထွက်ပြေးကြတော့၏။

လုရွှမ် သူတို့နောက်ကို လိုက်မသွားခဲ့ပါဘူး။ သူက ကောင်းကင်ကို မော့ကြည့်ပြီး အသံနက်ကြီးနဲ့ ပြောလိုက်ပါ၏။

"မင်းကြည့်နေတာ ကြာပြီ.... ပေါ်လာသင့်ပြီ ထင်တယ်"

ယန်ရှီးတို့ လူရှစ်ယောက်သည် လုရွှမ် စိုက်ကြည့်နေသည့် ဦးတည်ရာဘက်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ လုရွှမ်ရဲ့ ပုံစံက တမင်ဟန်လုပ်နေတာတော့ မဟုတ်ပေ။ အမှောင်ထဲတွင် ပုန်းအောင်းနေသော လူတစ်ယောက်ကို အမှန်တကယ် တွေ့လိုက်ရခြင်းပင်။

လုရွှမ်၏ အမူအရာမှာ တင်းမာနေ၏။ အစောက သူ ဒီလူရှိနေတာကို မခံစားမိခဲ့ချေ။ ကျောက်စိမ်းပြားထဲရှိ ရွှေကျီးကန်းက သူ့ကို ပြောပြခဲ့လို့သာ။

ရွှေကျီးကန်းသည်ပင် တိတ်တဆိတ် အသံလွှင့်ကာ ကျောက်စိမ်းပြားထဲမှ ပြေးထွက်မလာခဲ့ဘူး။

"ဒီလူက ယွမ်စံအိမ်ထဲက ထူးဆန်းတဲ့ ရတနာတွေရဲ့ အငွေ့အသက်ကို ခံစားမိသွားတာ ဖြစ်နိုင်မလား?"





Chapter (60) Arc 4
ထူးဆန္းတဲ့ ရတနာရဲ႕ အေငြ႕အသက္

ဟိုအရင္တုန္းကေတာ့ သူတို႔ဟာ တျခားလူေတြကို ေဘာင္မဝင္တဲ့ လူေတြလို႔ မွတ္ယူခဲ့ၾကေပမယ့္ အခုခ်ိန္မွာေတာ့ သူတို႔ကိုယ္တိုင္ကသာ ေဘာင္မဝင္တဲ့ အေျမာက္စာမ်ားသာ ျဖစ္ေၾကာင္း သိလိုက္ရေလၿပီ။

လု႐ႊမ္ကေတာ့ အံ့ၾသမႈ သိပ္မရွိပုံျဖင့္ လွည့္ၾကည့္လိုက္သည္။

သူ႕မ်က္လုံးေတြကို အဂၢိရတ္ပညာရွင္ အဖြဲ႕ေတြဆီကို ေ႐ႊ႕လိုက္၏။ ယခုအခ်ိန္တြင္ အဂၢိရတ္ပညာရွင္ အဖြဲ႕မွ လူတိုင္း၏ မ်က္ႏွာမ်ားမွာ စိတ္ဓာတ္က်ေနမႈမ်ားျဖင့္ ျပည့္ေနပါၿပီ။ သူတို႔ရဲ႕ စိတ္ပ်က္အားငယ္ေနတဲ့ မ်က္လုံးေတြက လု႐ႊမ္ အဂၢိရတ္ပညာရွင္ အဖြဲ႕ကို ေနာက္တစ္ႀကိမ္ ၿဖိဳခ်ေတာ့မယ့္ အတိုင္းပင္။

အင္အားႀကီးမားေသာ အဂၢိရတ္ပညာရွင္ အဖြဲ႕၏ ေခါင္းေဆာင္သည္ ေျပးထြက္လာၿပီး အသတ္ခံခဲ့ရသလို လွ်ိုဝွက္ထားတဲ့ အႀကီးအကဲႀကီး ေလးဦးကလည္း သူ႕နဲ႕ ေတြ႕ဆုံၿပီးေနာက္ အသတ္ခံခဲ့ရသည္။

ယခု ေနာက္ဆုံးတြင္ ဧကရာဇ္အင္ပါယာ၏ အဂၢိရတ္ပညာရွင္ အဖြဲ႕မွ သခင္တစ္ဦးကို ေစလႊတ္လိုက္ျပန္ေသာ္လည္း အဆုံးတြင္ သူ႕လက္ခ်က္ျဖင့္ လြင့္ထြက္သြားခဲ့ျပန္သည္။

ေခြၽးေအးေတြက မိုး႐ြာသလို ျပန႔္က်ဲေနၿပီး အဂၢိရတ္ ေဆးဆရာေတြ အားလုံး ရင္ေတြတုန္ရင္း အျမင္ေတြပါ ေဝဝါးလာၾကသည္။ လု႐ႊမ္ရဲ႕ မ်က္လုံးေတြကို ဘယ္သူကမွ ေစ့ေစ့ မၾကည့္ရဲၾကေတာ့ပါ။

သူ႕ပုံစံက ၾကည့္လိုက္ရင္ ဒီေလာက္ ထက္ျမက္တဲ့ပုံ မေပၚေပမယ့္ သူတကယ္ လူသတ္လိုတဲ့ အခ်ိန္ေရာက္ရင္ေတာ့ ထူးထူးျခားျခား အရွိန္အဟုန္ေတြနဲ႕ ျပည့္ေနတတ္ေလတယ္။

လု႐ႊမ္ သူ႕ေခါင္းကို အနည္းငယ္ ခါယမ္းလိုက္သည္။ အဂၢိရတ္ပညာရွင္ အဖြဲ႕ဆီက သူ႕အၾကည့္ေတြကို ေကာင္းကင္သူေတာ္စင္ လ်ိဳမိသားစုဆီကို တစ္ခ်က္ ေ႐ြ႕ၾကည့္လိုက္သည္။

ဒီမိသားစုကို သူမႏွစ္သက္တာက အဂၢိရတ္ပညာရွင္ အဖြဲ႕ထက္ေတာ့ ညံ့မည္ မဟုတ္ေပ။

"လု႐ႊမ္.... မာန သိပ္ႀကီးမေနနဲ႕.... မင္းကိုယ္မင္း ဟုတ္လွခ်ည္ရဲ႕လို႔ မထင္နဲ႕!! လူေတြရဲ႕အထက္မွာ ေက်ာ္လြန္တဲ့ လူေတြ ရွိသလို ေကာင္းကင္ထက္မွာလဘ္း ေကာင္းကင္ တစ္ခုရွိတယ္ ဆိုတာ မင္းထားသိရမယ္!!"

ထိုအခိုက္တြင္ သစ္႐ြက္စိမ္း၏ သစ္သားႏွလုံးသားက အလြန္ျမန္ေသာ အရွိန္ျဖင့္ တဖ်တ္ဖ်တ္ ေပ်ာက္ကြယ္သြားၿပီး သူျပန္ေပၚလာတဲ့ အခါမွာေတာ့ အေစာက စကားေျပာခဲ့တဲ့ သူရဲ႕ဦးေခါင္းကို ေဖာက္ခြဲပစ္ၿပီးေလၿပီ။

"လူေတြရဲ႕ အထက္မွာ ေက်ာ္လြန္တဲ့ လူေတြရွိသလို ေကာင္းကင္ထက္မွာ ေကာင္းကင္တစ္ခု ရွိတယ္ဆိုတာ ငါသိပါတယ္... ဒါေပမဲ့ အဲဒါက မင္းနဲ႕က ေဝးလုနီးပါးပဲ!"

ထိတ္လန႔္ တုန္လႈပ္သြားတဲ့ လ်ိဳမိသားစုရဲ႕ ေနာက္ပိုင္း မ်ိဳးဆက္ လူငယ္တို႔ရဲ႕ မ်က္ႏွာမ်ားမွာ ျဖဴေဖ်ာ့သြားကာ လူႀကီးမ်ားရဲ႕ ပါးစပ္ေထာင့္မ်ားလည္း တုန္လႈပ္သြားၾကသည္။ ဒီေန႕ေခတ္အေၾကာင္း ေျပာရရင္ လ်ိဳမိသားစုဟာ လု႐ႊမ္ဆီကေန အဆိုးဆုံး အသတ္ခံခဲ့ရသာ ျဖစ္ေခ်သည္။

ေရွးဦးစြာ အဆင့္ျမင့္ အႀကီးအကဲေတြ၊ ေနာက္ၿပီး ဒီေနရာက အႀကီးအကဲေတြ၊ ေနာက္ၿပီး ၿမိဳ႕ေထာင္ခ်ီမဟာမိတ္မွာ ရွိတဲ့ လ်ိဳမိသားစုရဲ႕ ကြၽန္စစ္တပ္ စတာေတြကို လုံးလုံးလ်ားလ်ား ဖ်က္ဆီးပစ္လိုက္သည္။

ဒါက ေတာ္ဝင္အင္ပါယာေတြကို ထိတ္လန႔္တုန္လႈပ္ သြားေစသည္။ ေတာ္ဝင္အင္ပါယာ ပထမေနရာက မိသားစုရဲ႕ အေျခအေနမွာ အနည္းငယ္ မလုံၿခဳံေတာ့ရာ အခ်ိန္တိုင္းကို ဖိႏွိပ္ခံထားရေသာ ေတာ္ဝင္မိသားစုပင္လွ်င္ ေ႐ႊ႕ေျပာင္းရန္ အနည္းငယ္အသင့္ ရွိေနၾကေလၿပီ။

ဒီအခ်ိန္မွာ ေရာက္လာတဲ့လူက သိပ္မရွိေတာ့ ခြန္အားကလည္း သိပ္မျပင္းထန္ေလဘူး။ ေနာက္ဆုံးေတာ့ တိုင္းနိုင္ငံတစ္ခုရဲ႕ တန္ခိုးအႀကီးဆုံး ပုဂၢိုလ္က သူေတာ္စင္တစ္ပိုင္း လမ္းေပၚမွာပဲ ရွိေသးတယ္ေလ။

သူေတာင္စင္တစ္ပိုင္းကို အျပည့္အဝ ေလွ်ာက္လွမ္းေနသူေတြက ဧကရာဇ္ အင္ပါယာတစ္ခုက ဆင္းသက္လာၾကသူမ်ားပင္။

ေသမ်ိဳးအသြင္ေျပာင္းျခင္းနယ္ပယ္ အဆင့္၇ မ်ိဳးဆက္ကေလး တစ္ဦးဆီကေန လ်ိဳမိသားစု တစ္ခုလုံးကို အမွန္တကယ္ ဖ်က္ဆီးပစ္ျခင္း ခံလိုက္ရသည္။ ၎တို႔အတြက္ ၿပီးျပည့္စုံေသာ ဟာသတစ္ခု ျဖစ္ေနေလၿပီ။

ေနာက္ပိုင္း အတည္ျပဳခဲ့ေသာ္ျငားလည္း လ်ိဳမိသားစုမွ လူတိုင္းသည္ လု႐ႊမ္၏ ခြန္အားႏွင့္ ပတ္သက္၍ ကြဲျပားေသာ သေဘာထားအျမင္မ်ား ရွိၾကေသးသည္။ လု႐ႊမ္ရဲ႕ ေနာက္ကြယ္တြင္ ကူညီမည့္သူ ရွိေနသည္ဟု တခ်ိဳ႕က သံသယရွိၾကၿပီး တခ်ိဳ႕ကလည္း သူ႕တြင္ အထူးရတနာမ်ားရွိသည္ဟု သံသယ ရွိၾကသည္။

ထို႔ေၾကာင့္ ယခုတစ္ႀကိမ္တြင္ လ်ိဳမိသားစုမွ လူမ်ားသည္ အဂၢိရတ္ပညာရွင္ အဖြဲ႕ႏွင့္ ေပါင္းစည္းၿပီး ဝမ္မိသားစုႏွင့္ ဟန္မိသားစုအား လက္ေဆာင္ႀကီးတစ္ခု ေပးအပ္ကာ လု႐ႊမ္ကို သတ္ရန္ စု႐ုံးခဲ့သည္။

ယခု လု႐ႊမ္ႏွင့္ ႐ုတ္တရက္ ရင္ဆိုင္လိုက္ေသာအခါ လ်ိဳမိသားစုမွ အဖြဲ႕ဝင္ အမ်ားအျပားသည္ သူတို႔မွားေၾကာင္း သိသြားၾကၿပီး လူသတ္နတ္ဘုရားကို အမွန္တကယ္ ေစာ္ကားမိခဲ့ေၾကာင္း နားလည္လိုက္ၾကသည္။

သူ၏ စစ္မွန္ေသာ ခြန္အားသည္ ေသမ်ိဳး အသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၇သာ ရွိေသာ္လည္း သူေတာ္စင္ လမ္းတစ္ဝက္တြင္ စတင္ ေလွ်ာက္လွမ္းခဲ့ေသာ သခင္မ်ားကိုပင္ အေသသတ္နိုင္ခဲ့သည္။ သူ႕မ်က္လုံးထဲမွာ ၎တို႔သည္ လုံးဝ လူ႐ႊင္ေတာ္မ်ားသာ ျဖစ္ေလသည္။

ဝမ္မိသားစုႏွင့္ ဟန္မိသားစုတို႔သည္ ယခုအခ်ိန္တြင္ လ်ိဳမိသားစုဝင္မ်ားကို တစ္ခ်က္သာ ၾကည့္လိုက္သည္။

"အခင္းအက်င္း အစီအရင္ တည္ေစ!"

လ်ိဳမိသားစု၏ လက္ရွိဘ႑ာထိန္း လ်ိဳက်န့္က ေဒါသတႀကီး ဟစ္ေအာ္လိုက္သည္။

ဒီလိုမ်ိဳး ဆက္ေစာင့္ေနရင္ လူတိုင္းရဲ႕စိတ္ေတြ ကေမာက္ကမ ျဖစ္ကုန္မွာကို သူေကာင္းေကာင္း သိပါသည္။ ဝမ္မိသားစုနဲ႕ ဟန္မိသားစုကပါ လက္နက္ခ်သြားရင္ သူတို႔ကေရာ ေသဖို႔ေစာင့္ေနတာထက္ ဘာမွ မပိုေတာ့ဘူးေလ။

ဘာမွ မလုပ္ဘဲ ေသျခင္းတရားကို ေစာင့္ေနရတာထက္ ျပင္းျပင္းထန္ထန္ တိုက္ခိုက္ ပစ္လိုက္တာက ပိုေကာင္းတယ္ မဟုတ္လား။

လ်ိဳမိသားစုမွ အဖြဲ႕ဝင္ ကိုးဦးသည္ အခင္းအက်င္း တံဆိပ္ျပားမ်ားကို တစ္ခုၿပီးတစ္ခု အျမန္ ပစ္ထုတ္လိုက္ၾကသည္။

အခင္းအက်င္း အသြင္အျပင္သည္ ရိုးရွင္းၿပီး ဆန္းျပားမႈ မရွိေသာ္ျငား အရိုင္းဆန္ေသာ ေလထုႏွင့္ ျပည့္ႏွက္ေနၿပီး ေလထဲတြင္ ပ်ံဝဲေနကာ လ်ိဳမိသားစုမွ အဖြဲ႕ဝင္မ်ားစြာကို ခ်က္ခ်င္း ထုပ္ပိုး ကာကြယ္ထားလိုက္သည္။

မီးခိုးေငြ႕လို ႏြယ္ပင္မ်ားက ေကာင္းကင္ကို တခဏခ်င္း မွိန္သြားေအာင္ ဖုံးအုပ္သြား၏။ ေမာ့ၾကည့္လိုက္ေတာ့ ေကာင္းကင္၌ ေသြးနီေရာင္ တိမ္တိုက္မ်ားက ေနေရာင္ကို တျဖည္းျဖည္း ဖုံးလႊမ္းသြားတာ ေတြ႕ရေလသည္။

ဒါက ဘယ္လို အခင္းအက်င္းမ်ိဳးလဲ?

ယန္ရွီးနဲ႕ တျခားသူေတြ ကမန္းကတန္း ျပန္ဆုတ္သြားၾကသည္။ က်ိဳးက်ိဳးမွာ ကူညီခ်င္ေပမယ့္ သူမမွာ ႀကံ့ခိုင္မႈ မရွိဘူး ဆိုတာကိုလည္း သိထားတာေၾကာင့္ ျဖည္းညင္းစြာပဲ ျပန္ဆုတ္သြားရေလသည္။

ဝမ္မိသားစုႏွင့္ ဟန္မိသားစုဝင္ အားလုံး အံ့အားသင့္ သြားၾကသည္။ လ်ိဳမိသားစုသည္ ေထာင္ေပါင္းမ်ားစြာေသာ ေတာ္ဝင္အင္ပါယာမ်ား အၾကားတြင္ ေဘးခ်င္းကပ္ကာ ရပ္တည္နိုင္ခဲ့သည္။ 

သူတို႔လည္း လ်ိဳမိသားစု၏ နည္းလမ္းမ်ားကို သဘာဝက်က် ေမးျမန္းခဲ့ၾကေသးသည္။ ၎သည္ ေနကိုးစင္းေသြးအခင္းအက်င္း ျဖစ္တဲ့ အဆုံးစြန္ လူသတ္သမား အစီအရင္သာ ျဖစ္သည္။

လူကိုးဦးျဖင့္ ဖြဲ႕စည္းထားေသာေၾကာင့္ ဖြဲ႕စည္းတည္ေထာင္သူ အားေကာင္းေလ အခင္းအက်င္းက အားေကာင္းေလ ျဖစ္ေသာ္လည္း တိုက္ခိုက္မႈ ေအာင္ျမင္ေစ ရႈံးနိမ့္ေစ အခင္းအက်င္း တည္ေထာင္သူကေတာ့ အခင္းအက်င္းကို ၿဖိဳခြင္းၿပီးေနာက္ အေသခံရမည္မွာ ေသခ်ာပါ၏။

ကိုးဆိုသည္မွာ အျပင္းထန္ဆုံး နံပါတ္ျဖစ္ၿပီး ေကာင္းကင္ကို ဖုံးလႊမ္း၍ ေနကို ပိတ္ဆို႔ကာ ေတာက္က်င့္ႀကံမႈ စြမ္းအင္မ်ားကို စြန႔္လႊတ္ကာ ဝိညာဥ္စြမ္းအင္မ်ားကို ဖယ္ရွားေပးနိုင္လို႔ ခြန္အားက ႏွစ္ဆပိုမ်ားေလသည္။

လု႐ႊမ္၏ မ်က္လုံးမ်ား ၾကည္လင္ျပတ္သား လာသည္။ ေတာ္ဝင္အင္ပါယာက မိသားစုတစ္ခုမွာ ဒီလို အခင္းအက်င္း နည္းလမ္းမ်ိဳး ရွိမယ္လို႔ သူ မေမွ်ာ္လင့္ထားေသာ္လည္း အခင္းအက်င္း ဖြဲ႕စည္းထားပုံ နည္းလမ္းကို သူ႕ရႈေထာင့္မွ ၾကည့္လွ်င္ ဟာကြက္မ်ား ျပည့္ႏွက္ေနပါ၏။

ဤအခင္းအက်င္းအား ျဖတ္ေက်ာ္လိုပါက အင္အားသုံး၍ပင္ ၿဖိဳခြင္းပစ္နိုင္သည္။ ေနာက္ဆုံးမွာေတာ့ အခင္းအက်င္း တည္ေထာင္ထားသူေတြရဲ႕ စြမ္းအားက အလြန္ နည္းပါးလြန္းလို႔ပင္။

ဒီလိုပုံစံနဲ႕ ေနကိုးစင္း ေသြးအခင္းအက်င္းဟာ သူေတာ္စင္တစ္ပိုင္းက လူေတြအေပၚ အနည္းငယ္ေတာင္ အဟန့္အတား ရွိမည္ မဟုတ္ေပ။

လု႐ႊမ္ စိတ္ဝိညာဥ္စြမ္းအားမ်ား တဟုန္ထိုး တက္လာ၏။ ဝိညာဥ္စြမ္းအင္ သုံးနိုင္မႈကို အခင္းအက်င္းက ဖုံးလႊမ္းထားေသာ္လည္း သူလုံးဝ ဂ႐ုမစိုက္ေပ။ နဂါးႏွလုံး၏ ႏွလုံးခုန္သံႏွင့္အတူ တစ္ခ်က္ ခုန္လိုက္သည္။

ဝိညာဥ္စြမ္းအင္ထက္ မ်ားစြာပို၍ ျမင့္မားေသာ အျပာေရာင္နဂါး အသြင္ေျပာင္းျခင္း၏ အဆုံးမရွိေသာ စြမ္းအားႏွင့္ ျဖစ္သည္။

လူေပါင္း မ်ားစြာျဖင့္ ဖြဲ႕စည္းထားေသာ အခင္းအက်င္း တံဆိပ္ျပားသည္ ေနမင္းႀကီးသည္ ႐ုတ္တရက္ အလြန္ ပူျပင္းလာေစၿပီး ေကာင္းကင္တြင္ ေသြးတိမ္တိုက္မ်ားကို ေဖာက္ထြင္း ဝင္ေရာက္ကာ ေတာက္ပေနေလေစသည္။

ေအာ္ဟစ္ေအာ္သံမ်ား ထြက္ေပၚလာၿပီးေနာက္ အခင္းအက်င္းလည္း ပ်က္စီးသြားသလို လူကိုးဦး၏ အေလာင္းမ်ားလည္း လြင့္စင္ထြက္သြားကာ အရိုးစုအျဖစ္ ေျပာင္းလဲသြားခဲ့သည္။

"ဒါက အရမ္း အားနည္းလြန္းတယ္!"

လု႐ႊမ္က ဆို၏။

"ငါ့ရဲ႕ အခင္းအက်င္းကို တစ္ခ်က္ ၾကည့္လိုက္!"

လု႐ႊမ္ ေအာ္ေျပာၿပီးတာနဲ႕ လ်ိဳမိသားစုဝင္တို႔ အထက္တြင္ ေကာင္းကင္ကိုပင္ ဖုံးအုပ္ထားနိုင္တဲ့ အခင္းအက်င္း တစ္ခုကို ဖန္တီးလိုက္ေတာ့သည္။ အခင္းအက်င္းထဲမွ အလင္းတန္းမ်ား ဖ်တ္ခနဲ ထိုးဆင္းလာကာ လ်ိဳမိသားစုကို အလင္းထဲတြင္ ခ်ဳပ္ႏွောင္ထားလိုက္သည္။

"လွည့္ေစ လွည့္ေစ လွည့္ေစ!"

လု႐ႊမ္ သုံးႀကိမ္ဆက္တိုက္ ေျပာၿပီးေနာက္ အလင္းေရာင္က ဖ်တ္ခနဲ ေတာက္လာၿပီး လ်ိဳမိသားစုထဲက လူအားလုံးဟာ ကမၻာတစ္ခုလုံး ေဇာက္ထိုး ျဖစ္သြားသလို ခံစားလိုက္ရေတာ့သည္။ သူတို႔ မတ္တပ္ရပ္နိုင္တဲ့ ေနရာတိုင္းဟာ တေ႐ြ႕ေ႐ြ႕နဲ႕ လွည့္ပတ္ေန၏။

သူတို႔ ခႏၶာကိုယ္မ်ားဟာ ယခုအခ်ိန္တြင္ အေသေကာင္မ်ားကဲ့သို႔ ေပ်ာ့ဖတ္ေနေလၿပီ။ ေနာက္ထပ္ ေလတစ္ခ်က္ ေဝ့ဝဲတိုက္ခတ္ၿပီးတဲ့အခါ လ်ိဳမိသားစုမွ လူတစ္ေယာက္မွ လႈပ္ရွားမႈမရွိေတာ့ဘဲ အလင္းတန္းမ်ား ျပန႔္က်ဲသြားၿပီး အေသြးအသား အပိုင္းအစမ်ားသာ က်န္ရစ္ခဲ့ေတာ့သည္။

႐ုတ္တရက္ လုံးဝ တိတ္ဆိတ္သြားေလ၏။

ဝမ္မိသားစုႏွင့္ ဟန္မိသားစုတို႔မွာ နတ္ဆိုးတစ္ေကာင္ကို ၾကည့္ေနရသလို လု႐ႊမ္ကို ၾကည့္ကာ ေျခေထာက္မ်ားပါ တုန္ရီလာၾကသည္။

ေနာက္ဆုံးေတာ့ လူတစ္ေယာက္ ႐ုတ္တရက္ ခုန္ခ်ၿပီး ထြက္ေျပးသြားသည္။ ပထမတစ္ေယာက္ ၿပီးေတာ့ ေနာက္တစ္ေယာက္။ ဟန္မိသားစုက လူေတြ အရင္ဆုံး လႈပ္ရွားၾကၿပီး ေနာက္ေတာ့ ဝမ္မိသားစု၊ ေနာက္ဆုံးတြင္ အဂၢိရတ္ပညာရွင္ အဖြဲ႕က လူေတြပါ တိတ္တိတ္ဆိတ္ဆိတ္ ထြက္ေျပးၾကေတာ့၏။

လု႐ႊမ္ သူတို႔ေနာက္ကို လိုက္မသြားခဲ့ပါဘူး။ သူက ေကာင္းကင္ကို ေမာ့ၾကည့္ၿပီး အသံနက္ႀကီးနဲ႕ ေျပာလိုက္ပါ၏။

"မင္းၾကည့္ေနတာ ၾကာၿပီ.... ေပၚလာသင့္ၿပီ ထင္တယ္"

ယန္ရွီးတို႔ လူရွစ္ေယာက္သည္ လု႐ႊမ္ စိုက္ၾကည့္ေနသည့္ ဦးတည္ရာဘက္ကို အံ့အားသင့္စြာ ၾကည့္လိုက္ၾကသည္။ လု႐ႊမ္ရဲ႕ ပုံစံက တမင္ဟန္လုပ္ေနတာေတာ့ မဟုတ္ေပ။ အေမွာင္ထဲတြင္ ပုန္းေအာင္းေနေသာ လူတစ္ေယာက္ကို အမွန္တကယ္ ေတြ႕လိုက္ရျခင္းပင္။

လု႐ႊမ္၏ အမူအရာမွာ တင္းမာေန၏။ အေစာက သူ ဒီလူရွိေနတာကို မခံစားမိခဲ့ေခ်။ ေက်ာက္စိမ္းျပားထဲရွိ ေ႐ႊက်ီးကန္းက သူ႕ကို ေျပာျပခဲ့လို႔သာ။

ေ႐ႊက်ီးကန္းသည္ပင္ တိတ္တဆိတ္ အသံလႊင့္ကာ ေက်ာက္စိမ္းျပားထဲမွ ေျပးထြက္မလာခဲ့ဘူး။

"ဒီလူက ယြမ္စံအိမ္ထဲက ထူးဆန္းတဲ့ ရတနာေတြရဲ႕ အေငြ႕အသက္ကို ခံစားမိသြားတာ ျဖစ္နိုင္မလား?"

Continue Reading

You'll Also Like

57.1K 1.7K 17
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
106K 4.1K 42
(This is not machine translated!) (Starts from chapter 241.) A guy in his late twenties one day wakes up in someone else's body and realises he's gon...
45.9K 4.6K 96
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
79K 6.8K 45
What if Arnav gets a chance to rectify all his mistakes? What if he gets a chance to avoid such situations? What if he gets to know Khushi is his wou...