မင်းနွယ် ကားကိုအရှိန်မြန်မြန်ဖြင့် မောင်းပြီး Companyကို ရောက်ချလာသည်။ မင်းနွယ်ရဲ့ ပုံစံထူးကြောင့် ဝန်ထမ်းလေးတွေဟာ ကြည့်နေကြသည်။ ပုံစံထူးက တခြားမဟုတ်။ မင်းနွယ်ပုံစံမှာ ငိုထားသည်ကြောင့် မျက်လုံးများဟာ ရဲနေပြီး မို့အစ်နေသည်။ ဒါ့အပြင် ပွရောင်းရောင်း ဆံပင်တွေကိုလည်း မပြင်မိဘဲ ဒီအတိုင်းဝင်လာသည်မှာ ကပိုကရို နိုင်လှသည်။ သို့ပေမယ့် ထိုပုံစံဟာ ဆွဲဆောင်မှုတစ်မျိုးဖြစ်နေပြန်သည်။
မင်းနွယ် ကလျာရုံးခန်းဘက်ကို အပြေးသွားလိုက်မိသည်။
"ဒုန်း!"
"အမလေး! "
တံခါးကို အားနှင့်ဆွဲဖွင့်လိုက်သည်ကြောင့် တံခါးဟာ အရှိန်မထိန်းနိုင်ဘဲ နံရံနှင့်တိုက်ကာ ဒုန်းကနဲ မြည်ဟည်းသွားသည်။ တံခါးကြောင့် မင်းခခမျာ 'အမလေး'တမိသည် အထိပင်။
မင်းနွယ် ဝင်လာတော့ ၃ယောက်လုံး ကြောင်သွားရသည်။ တခြားမဟုတ်။ မင်းနွယ်ရဲ့ပုံစံကြောင့်ပင်။
"Bossဘယ်လိုဖြစ်လာတာလဲ"
ပြည့်စုံ၏ အမေးကို မင်းနွယ်မဖြေနိုင်ဘဲ ဆိုဖာပေါ်ဝင်ထိုင်ကာ အမောဖြေနေမိသည်။ သူတို့၃ယောက်လည်း မင်းနွယ်ကြည့်လိုက် တစ်ယောက်နဲ့တစ်ယောက် ပြန်ကြည့်လိုက်နှင့် ဘာစကားမှ မပြောမိ။ လောလောဆယ် အမောစို့နေတာကြောင့် မင်းနွယ်လည်း မပြောနိုင်သေး။
"ရေ ရေယူပေး အုံး"
အားယူပြီး ပြောလိုက်တော့ မင်းခက ချက်ချင်းထကာ ရေသွားယူပေးသည်။ ထို့နောက် မင်းနွယ်အားပေးလိုက်သည်။ ရေရသည်နှင့် တကျိုက်ထဲနှင့် မော့သောက်လိုက်သည်။
"ဟားးးးးး"
"ရလား လိုသေးလား"
အနောင်ကလေးကပါ ဝင်ပြောလာသည်။ မင်းနွယ် ခေါင်းကိုရမ်းပြလိုက်ပြီး စကားလိုက်သည်။
"ရတယ်။ ဆောရီး နောက်ကျသွားလို့"
အမှန်တကယ်လည်း သူနောက်ကျသွားသည်။ ထို့ကြောင့် သူတို့အား တောင်းပန်စကားအရင်ဆိုလိုက်သည်။
"မဟုတ်တာ တောင်းပန်စရာမလိုပါဘူး"
အနောင်လေးက ပြုံးစစဖြင့် ပြောလာသည်။
"ကဲ bossလဲရောက်ပြီဆိုတော့ သွားကြရအောင်"
မင်းနွယ် ခေါင်းငြိမ့်ပြလိုက်သည်။ထိုစဉ် မင်းခကတားသည်။
"နေအုံး။ ကိုကို အခုခများရဲ့ပုံစံကိုသိလား"
ရုတ်တရက် ပြောလာသည့် မင်းခစကားကြောင့် မင်းနွယ် ခေါင်းစောင်းကြည့်လိုက်သည်။
"ဘာကိုလဲ ခလေး"
မင်းခဘာမှပြန်မပြောဘဲ သူ့ရဲ့အိတ်ဆောင် မှန်လေးကို မင်းနွယ်လည်းပေးလိုက်သည်။ မင်းနွယ်လည်း မှန်ကိုယူပြီး ကြည့်လိုက်သည်။
"ဟာ ဘာကြီးလဲဟ"
သူတို့၃ယောက်ကတော့ တခွီးခွီးနှင့်ကြိတ်ကီနေမိသည်။ မင်းနွယ်ကတော့ မိမိပုံမိမိပြန်ကြည့်ပြီး ရှက်စိတ်တွေတဖွားဖွား ပေါ်လာသည်။ အဲ့တာကြောင့် သူCompanyထဲ ဝင်လာတုန်းက ဝန်းထမ်းတွေ ကွက်ကြည့်ကွက်ကြည့်လုပ်နေတာဘဲ။
မင်းနွယ် ကိုယ်ကိုကိုယ် ပြန်ပြင်ဆင်လိုက်ပြီး မှန်ထဲပြန်ကြည့်လိုက်မိသည်။
"အင်း တော်သေးတာပေါ့ သွားမယ်"
ထို့နောက် ပြည့်စုံက ဉီးဆောင်ကာ အစည်းအဝေးခန်းဘက်ကို ဉီးတည်ပြီးသွားလိုက်သည်။ လမ်းတစ်လျှောက် ဝန်ထမ်းလေးတွေဟာ ခေါင်းငုံ့ပြီး အရိုအသေပေးကြသည်။ မင်းခနဲ့ အနောင်ကတော့ အနောက်ကနေ ကြိတ်ရယ်ရင်း လိုက်လာသည်။
ထို့နောက် ပြည့်စုံက အခန်းတစ်ခုရှေ့ရောက်တော့ရပ်လိုက်သည်။ ထိုအခန်းရှေ့ရောက်သည်နှင့် မင်းနွယ်၊ မင်းခ၊ ပြည့်စုံတို့ရဲ့မျက်နှာဟာ စောနက မတူဘဲ ရုပ်တည်ကြီးတွေဖြစ်သွားကြသည်။ အနောင်ကတော့ အူလည်လည်လေး ကြည့်ရင်းနှင့်သာ လိုက်သွားလိုက်သည်။
သူတို့ အခန်းထဲရောက်တော့ အားလုံးက အရိုအသေပေးကြသည်။ မင်းနွယ်က ထိပ်ဆုံး၌ ထိုင်ပြီး မင်းနွယ်ဘေးတစ်ဖက်စီ မင်းခနဲ့ အနောင်က ထိုင်ကြသည်။ ပြည့်စုံက မင်းနွယ်ရဲ့ဘေးတွင် မက်တပ်ရပ်နေသည်။ အားလုံးလဲ စိတ်ဝင်စားမှုအပြည့် ဖြစ်နေကြသည်။
"အားလုံးဘဲ အရေးကြီးသတိပေးစရာရှိလို့ အခုလိုအစည်းအဝေး ခေါ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဉက္ကဌက အရေးကြီးတဲ့ကိစ္စကြောင့် ပြည်ပကိုသွားတယ်။ ပြန်လာမယ့်အချိန်အတိအကျ မသိသေးဘူး"
ပြည့်စုံပြောပြီးသည်နှင့် အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားသည်။
"အဲ့တာတွေထားပါ။ သူမရှိချိန် Companyကို ဘယ်သူက ဉီးဆောင်မှာလဲ"
ရှယ်ရာရှင်တစ်ဉီးက ပြောလာသည်ကြောင့် မင်းနွယ် ပြုံးရိပ်သန်းသွားသည်။ ထိုအခါ ချက်ချင်း မင်းနွယ်ပြန်ဖြေလိုက်သည်။
"အဲ့အတွက် စိတ်မပူပါနဲ့။ ဟောဒီက ကောင်လေးက ကျနော့်ညီမအစား ဉီးဆောင်ပါလိမ့်မယ်"
မင်းနွယ်ပြောသံအဆုံး အားလုံး အပ်ကျသံကြားရအောင် တိတ်ဆိတ်သွားတော့သည်။ ရှယ်ရာရှင်တချို့က ခေါင်းချင်းဆိုင်ကာ တီးတိုးပြောနေကြသည်။ ထိုအထဲမှ တစ်ယောက်က
"သူက ဘယ်သူမလို့ ဉီးစီးခိုင်းနေတာလဲ? တကယ်လို့ သူသာ ဘာမှမသိရင် ကျနော်တို့ ပိုက်ဆံတွေ အကုန်ရေဆုန်မြောရမှာ"
ထိုလူအပြောအဆုံး မင်းနွယ်မျက်ခုံးများ တိထုမတက်တွန့်ချိုးသွားရသည်။
"ဆိုလိုချင်တာက ခများသဘောမတူဘူးဆိုတဲ့ သဘောလား!?"
မင်းနွယ်ရဲ့ အံ့ကြိတ်ကာပြောလိုက်တော့ ထိုလူ အနည်းငယ် တွန့်သွားသည်။
"ကျ ကျနော်ဆိုလိုတာက"
*ဒုန်း!*
"ဘာမှထပ်မပြောနဲ့ ခများတို့တွေ သဘောမတူလည်း မတက်နိုင်ဘူး။ တခါတည်း မိတ်ဆက်ပေးလိုက်မယ်။ သူက အံ့ကလျာနွယ်ရဲ့ Mateဘဲ"
အခန်းထဲလူတွေအကုန် အံ့သြသွားရသည်။
ထိုပုံစံကိုကြည့်ပြီး မင်းနွယ် မဲ့ပြုံးပြုံးလိုက်သည်။
"ခများတို့ လွန်ဆန်ချင်လည်း သဘောဘဲ။ ကျုပ့်ညီမ ပြန်လာရင်တော့ ခများတို့ဘဝ မတွေးရဲစရာတွေဖြစ်ကုန်မှာ"
မင်းနွယ်အပြောသည်လဲ မှန်လှသည်။ သူတို့ငြင်းဆန်မိလို့ကတော့ အကုန် ကိုယ့်သေတွင်းတူးသလို ဖြစ်မှာအမှန်။ ထို့ကြောင့် အကုန်လုံး ခေါင်းငုံ့ကာ ငြိမ်နေယုံမှအပ မလုပ်နိုင်တော့ချေ။
ထိုနောက် အနောင်က မက်တပ်ရပ်ကာ သူ့ကိုယ်သူ မိတ်ဆက်သည်။
"မဂ်လာပါ။ ကျနော်က ရှိုင်းရင့်နောင်ပါ။ အခုကစပြီး ဒီက လူကြီးမင်းတို့ စိတ်မပျက်အောင် ကြိုးစားမှာမလို့ စိတ်မပူပါနဲ့"
အနောင်မိတ်ဆက်ပြီးသည်နှင့် ပြန်ထိုင်လိုက်သည်။ မင်းခဟာ အနောင်ရဲ့ ပုံစံကိုကြည့်ပြီး သဘောကြနေမိသည်။ ထိုကလေးက သူပြောထားတာကို တသွေမတိမ်းလိုက်လုပ်တာဘဲ။
*အနောင် အကိုတစ်ခုမှာထားမယ်။ ဘယ်သူနဲ့ စကားပြော ဆက်ဆံနေပါစေ။ အနောင်ရဲ့ မျက်နှာကို တည်တည်တင်းတင်းထား။ ဘယ်သူ့ကိုမှ အပြုံးအရယ်သိပ်မလုပ်နဲ့ ကြားလား
သူတို့တွေ ကိုယ့်ကိုအမြဲရှိန်နေအောင် နေရမယ်*
ထိုစကားကို ကလေးပေါက်က သေချာမှတ်ထားသည်။ စကားပြောနေစဉ်တစ်လျှောက် လုံးဝဖော်ရွေနေပုံမပြ။ မျက်နှာကို တည်တင်းထားသည်မှာ လူကိုအတော်ရှိန်စေသည်။
"ကဲ ကျနော်တို့အစည်းအဝေး ခေါ်ရခြင်းက ဒီကိစ္စကြောင့်ဘဲ ဖြစ်တယ်။ နောက်နေ့ကစပြီး ရှိုင်းရင့်နောင်က ဆက်လက်အုပ်ချုပ်လိမ့်မယ်"
ထို့နောက် အစည်းအဝေးပြီးသည်နှင့် အားလုံးကထွက်သွားပေမယ့် သူတို့၄ယောက်ကတော့ နေခဲ့သည်။ မင်းခနဲ့ပြည့်စုံကတော့ ပုံမှန်ဖြစ်နေပေမယ့် အနောင်နဲ့ မင်းနွယ်ကတော့ မျက်ဝန်းများဟာ မှိုင်းညှို့နေသည်။ ဒါကို သတိထားမိသည့် မင်းခက
"ဒါဆို အောင်ပွဲခံတဲ့အနေနဲ့ အပြင်လေးဘာလေး သွားကြမလား"
"အမ် မဆိုးဘူးဘဲ။ ဖူးတို့ကိုပါ ခေါ်လိုက်လေ။ ဘယ်လိုလဲ Boss"
"မင်းတို့သွားရင်သွားလေ။ ကိုယ်မလိုက်တော့ဘူး။ မအားလို့။ အခုလဲ သွားစရာရှိသေးလို့ အရင်သွားနှင့်ပြီ"
မင်းနွယ် ထိုမျှသာပြောပြီး ထွက်လာလိုက်သည်။
ပြည့်စုံနှင့် မင်းခကတော့ နားမလည်မှုများစွာနှင့် ကျန်နေခဲ့သည်။ မင်းခလည်း မင်းနွယ်ထွက်သွားသည်နှင့် မင်းနွယ်နောက် ပြေးလိုက်သွားတော့သည်။
"မပြည့် ကျန်တာတွေကို ညမှရှင်းရအောင်။ အခု မာမီစီသွားချင်လို့"
"ကိုယ်လိုက်ပို့ပေးမယ်"
အနောင် မပြည့်ရဲ့ စကားကိုလက်ခံလိုက်ပြီး သူတို့လည်း ထိုအခန်းထဲမှ ထွက်လာလိုက်သည်။ ထို့နောက် မာမီရှိသည့်နေရာကို မောင်းနှင်လာလိုက်သည်။
မာမီအခုလိုဖြစ်နေတာကို နေသားကျဖို့ မလွယ်ကူလှ။ အဆိုးဆုံးကတော့ မိမိဗိုက်ထဲ၌ သန္ဓေတည်နေသော ကလေးလေးကြောင့်ပင်။ ဗိုက်ဟာ ၁လ ကျော်ကျော်သာ ရှိသေးပေမယ့် နေရထိုင်ရတာ သိပ်အဆင်မပြေလှ။ မနက်ကလဲ မနက်စာ ဘာမှမစားလိုက်ရ။ စားလို့လည်း ပြန်အန်ထွက်နေသည်ကြောင့်ပင်။
သူအတွေးနယ်လွန်နေတုန်း ကားဟာ ဆေးရုံစီကို ရောက်နေပြီ။ မပြည့်က ကားတံခါးကိုဖွင့်ပေးသည်။
ထို့နောက် မာမီရှိသည့် အခန်းကိုသွားလိုက်သည်။ အခန်းရှေ့ရောက်သည်နှင့် ရင်ထဲက တင်းကြပ်မှုဟာ ပိုမိုကြီးစိုးလာသည်။ သို့သော်လည်း ထိုစိတ်ကိုချိုးနှိမ်ကာ စိတ်တင်းပြီး အခန်းထဲဝင်လိုက်သည်။
အခန်းထဲ ဆေးနံ့တွေဟာ ဆေးရုံသဘာဝအတိုင်း ပျံ့နှံ့နေပြီး နှလုံးခုံးစက်ရဲ့ အသံကလွဲ မည်သည့်အသံမှ မကြားရ။
ကုတင်ထက်၌ မာမီဟာ ဆေးပိုက်များစွာဖြင့် လဲလျောင်းနေစဲ
"ကျနော်လာတယ် မာမီ"
အနောင် အသံပြုကာ မာမီဘေးကို ကပ်သွားလိုက်သည်။ ထို့နောက် ဘေးကခုံလေးမှာ ထိုင်ကာ မာမီလက်ကလေးကိုယူပြီး နမ်းရှိုက်လိုက်ချိန် မာမီရဲ့ လက်စီက ခရမ်းရောင်သစ်ခွ အနံ့သင်းသင်းလေးကို အနောင်ရလိုက်သည်။
"မာမီရဲ့ ကိုယ်သင်းနံ့ကို ကျနော်ကြိုက်လိုက်တာ"
မာမီ လက်ကလေးအား ပါးပြင်ပေါ်ကပ်လိုက်ပြီး အနောင်စကားဆိုလိုက်သည်။ ပြည့်စုံကတော့ အခန်းထဲက ထွက်သွားပြီး အပြင်ခုံမှာဘဲ အနောင့်ကို စောင့်နေလိုက်သည်။
အနောင်လဲ လွတ်လွတ်လပ်လပ် စကားပြောနိုင်အောင်လို့ပေါ့။
"မာမီ သိလား။ ဒီနေ့ ကျနော်ကုမ္ပဏီစဝင်တဲ့နေ့လေ။ ပြီးတော့ ဂိုဏ်းထဲစဝင်တဲ့နေ့ဘဲ။ ကိုကြီးတို့က အားလုံးကူညီပေးတယ်။ မာမီစိတ်ချပါ။ ကျနော်အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးမယ်။ မာမီနိုးလာတဲ့အချိန်ထိ ကျနော်စောင့်နေမယ်သိလား။ မာမီမြန်မြန် နိုးလာရမယ်နော်"
ထိုသို့ပြောပြီး စုပ်ကိုင်ထားသော မာမီရဲ့လက်ကလေးကို အနမ်းဖွဖွပေးလိုက်သည်။ သူနဲ့ဆို စကားတွေရွှန်းဝေနေအောင် ပြောတဲ့ မာမီကိုအနောင်လွမ်းပါသည်။ ၂ရက်သာရှိသေးပေမယ့် သူ့အတွက်တော့ ၂နှစ်အတိုင်းဘဲ။ မာမီမရှိရင် အနောင့်ဘဝက ဗလာသက်သက်သာ။
အချိန်ကြာသည်အထိ မာမီရဲ့ ဘေးနားထိုင်ကာ စကားတွေဖောင်ဖွဲ့ပြီး ပြောနေလိုက်သည်။
.................
"အာ့ ဖြေးဖြေး ထွဋ်"
"အာ ဆောရီး"
အံ့ဘုန်းမာန် နာကျင်မှုကိုလျစ်လျူရှုရန် တစ်ဖက်ကို မျက်နှာလွှဲလိုက်သည်။ ထွဋ်ရဲရင့်ကတော့ အံ့ဘုန်းမာန်၏ ဒဏ်ရာအား ဆေးထည့်ပေးနေမိသည်။ မနေ့က ငိုယိုကာဖုန်းဆက်လာသည့် အံ့ဘုန်းမာန်ကြောင့် ထွဋ်ရဲရင့်ကြောင်သွားသည်။
နောက်မှသိရသည်က ဒီကစားပွဲက အဆုံးသတ်သွားပြီဆိုတဲ့အကြောင်းပင်။ ဒါ့အပြင် နွယ်ငယ်က အက်စီးဒင့်ဖြစ်ကာ ကိုမာဝင်သွားသည်ဆိုတာကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်။ ကိုယ့်ကိုကိုယ် နောင်တရမဆုံးဖြစ်ကာ ငိုနေသော အံ့ဘုန်းမာန်ကြောင့်ထွဋ်ရဲရင့် ခရီးကနေပြန်လာခဲ့ရသည်။
ခရီးက ရောက်ရောက်ခြင်း အိမ်မပြန်နိုင်ဘဲ အံ့ဘုန်းမာန် အိမ်သာအရင်သွားရသည်။ ဟိုရောက်တော့ မူမမှန်သည့် အနေအထားကြောင့် အိမ်ထိန်းအား မေးမြန်းကာ အံ့ဘုန်းမာန် အခန်းစီကိုတက်လာလိုက်သည်။
အခန်းအား တံခါးမခေါက်ဘဲ တန်းဝင်လိုက်တော့ မြင်လိုက်ရသည့်မြင်ကွင်းက သူ့အားထိတ်လန့်သွားစေခဲ့သည်။ အံ့ဘုန်းမာန်ဟာ ကိုယ့်နားထင်ကို သေနတ်နှင့်ပြစ်ဖို့ချိန်ရွယ်နေတာကြောင့်ပင်။ ထို့ကြောင့် လက်ထဲက သေနတ်အား အမြန်ဆွဲယူကာ နှစ်သိမ့်ပေးမှ ပြန်ငြိမ်သွားခဲ့သည်။
အမှန်တကယ်ဆို သူ့သားသမီးတွေကို အံ့ဘုန်းမာန် ချစ်တယ်ဆိုတာ ထွဋ်ရဲရင့်သိသည်။ သို့ပေမယ့် အချစ်ကို ထုတ်ဖော်မပြတဲ့အပြင် ဂရုစိုက်မှုဆိုတာလဲ မပေးမိပြန်။ တကယ်ဆို အံ့ဘုန်းမာန် ထိုသို့ဖြစ်ဖို့ ရည်ရွယ်တာမဟုတ်။ ကလေးတွေကို သန်မာစေခြင်တာ။ သူတို့မရှိလဲ ကိုယ့်ကိုကိုယ် ထိန်းကြောင်းနိုင်စေချင်တာ။ ဒါပေမယ့် ထိုအရာတွေအစား အံ့ဘုန်းမာန်က ကလေးတွေ အမုန်းတွေကိုသာ ပေးမိသွားခြင်းပင်။
ပြန်တောင်းပန်ဖို့ပြင်ဆင်ချိန်ဟာ သူ့အတွက် နောက်ကျသွားခြေပြီ။ သားကြီးဖြစ်သည်ြ အံ့ထွဋ်မင်းနွယ် ကလည်း ဖခင်ဖြစ်သူအား ခွင့်မလွှတ်နိုင်။ သမီးလတ် အံ့ကလျာနွယ်ဟာလည်း ကိုမာကြောင့် ထိုအခြေအနေကို မသိနိုင်တော့ချေ။ သမီးငယ် အံ့ရွှေရည်ဖူးဟာလည်း သူ့ဘဝနှင့်သူဖြစ်နေမို့ ဒုက္ခမပေးချင်တော့ပေ။
အခွင့်အရေးနောက်တစ်ကြိမ်လိုချင်တာကတော့ မလွှဲဧကန်ပေ။ အတွေးနှင့်အတူ မျက်ရည်ပူတွေဟာ ထပ်မံကျဆင်းလာပြန်သည်။
"အံ့ဘုန်းမာန်"
သူ့အားခေါ်သံကြားမှ အံ့ဘုန်းမာန် သတိဝင်ကာ ထွဋ်ရဲရင့်ကို ကြည့်လိုက်သည်။ ထို့နောက် ထွဋ်ရဲ့ရင်လုပ်လိုက်သည့် အရာကြောင့် အံ့ဘုန်းမာန် ကမ္ဘာကြီးရပ်တန့်သွားသလို ဖြစ်သွားသည်။
"မငိုပါနဲ့ကွာ။ ကလေးတွေကို ငါနားချပေးပါ့မယ်။"
အံ့ဘုန်းမာန်ရဲ့ မျက်ရည်တွေကို ထွဋ်ရဲရင့်ကသုတ်ပေးပြီး တိုးတိတ်စွာ စကားဆိုလာသည်။
"ဒါပေမယ့် ကိုယ့်ဘက်က နောက်ကျသွားပြီလေ"
ပြောပြီးတော့ ထပ်ငိုမိပြန်သည်။ အခုတော့ သူနောင်တကောင်းကောင်းရခြေပြီ။ သားဖြစ်သူကိုယ်တောင် သားလို့လည်း ခေါ်ခွင့်မရ။ သမီးတွေကလည်း သူ့အားခါးသီးစွာ။
"ကြိုးစားကြတာပေါ့။ ငါ မင်းဘက်က ရပ်တည်ပေးမယ်"
ထွဋ်ရဲရင့်က ထိုသို့ပြောတော့ အံ့ဘုန်းမာန်ဟာ ထွဋ်ရဲရင့်အား တင်းကြပ်စွာဖက်ပြီး ငိုပြန်သည်။
"ကိုယ် ကိုယ်မှားပါတယ် ထွဋ်ရာ"
ရင်ခွင်ထဲ၌ တသိမ့်သိမ့်ငိုရှိုက်ကာ တောင်းပန်နေသော ထိုသူ့အား ထွဋ်ရဲရင့် ကျောလေးပုတ်ပြီး နှစ်သိမ့်ပေးယုံမှအပ မတက်နိုင်တော့ပေ။
.....................
TBC
A/N: တိုသွားလို့တောင်းပန်ပါတယ်ဗျ🙏
#Royal